17

378 69 7
                                    

နေရောင်ခြည်ရဲ့ ထိုးဆွမှုကို Harutoတစ်ယောက် ကြာကြာ မခံနိုင်။သိပ်မကြာခင်မှာပဲ သူနိုးလာပြီဖြစ်တယ်။ဖြူလွှလွှ နို့နစ်ရောင် မျက်နှာကြပ်ကို လျစ်လျူရှုလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့... အော် သူတို့တိုက်ခန်းရဲ့ ဧည့်ခန်းထဲမှာပဲ! စိတ်ချသွားတဲ့ မျက်နှာထားနဲ့ နီညိုရောင် ဆိုဖာပေါ်ကို ပြန်အိပ်ဖို့ပြင်လိုက်တယ်။

"Jeongwooရော?"

ထပ်အိပ်ဖို့ပြင်နေတဲ့ မျက်လုံးတွေကို လက်နှစ်ဖက်နဲ့ပွတ်စွဲပြီး မျက်စောင်းထိုးက အခန်းရှိရာကို Haruto အမြန်လျှောက်သွားလိုက်တယ်။

မရှိ။တံခါးကို အားနဲ့ဆွဲဖွင့်ပြီး အခန်းထဲ ရှာကြည့်နေပေမဲ့ Jeongwooမရှိ။ဘယ်သွားနေတာလဲ? သူ့အဘိုးအိမ်များလား? Harutoက သူ့ရဲ့ကြောင်စီစီ အချိုးမကျလှတဲ့ မေးခွန်းတွေကို ခေါင်းထဲက ဖယ်ထုတ်လိုက်ပြီး ဖုန်းလိုက်ရှာဖို့လုပ်ရတော့တယ်။

မနေ့ညက သူအမူးလွန်သွားတာတော့ ဟုတ်ပါတယ်။ဒါပေမဲ့ ဘယ်သူပြန်လိုက်ပို့တာလဲအထိတော့ သူမမှတ်မိ။သေချာတာတော့ Park Jeongwooပေါ့ တိုက်ခန်းကုဒ်နံပါတ်ကို သိတာ သူနဲ့ ကိုယ်သာရှိသည်မဟုတ်လား?

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ လိုင်းမအား​သေးပါသဖြင့်...."

ခေါ်ဆိုမှုတွေ အကြိမ်ရေများလာပေမဲ့ မကိုင်သေးတာကြောင့် Harutoက သူ့ရင်ထဲပူလာတာကို စခံစားမိနေပြီဖြစ်တယ်။စိတ်ပူတာလား ရင်ပူတာလား သူမသိ။သူသိသည်က မနက်စာစားဖို့နဲ့ Jeongwooကိုရှာဖို့!တဂွီဂွီမြည်နေတဲ့ ဗိုက်ကို ဖြည့်ဖို့ Harutoက ဖုန်းဆက်ခြင်းအမှုကိုလက်လျှော့လိုက်ပြီး အိမ်နေရင်းဝတ်နဲ့ပဲ ကွန်ဒိုအောက်က convenience storeဆီသွားဖို့ပြင်လိုက်တယ်။

"ဂျလောက်!"

Harutoက တံခါးဆွဲအဖွင့်မှာပဲ တစ်ဖက်ကလည်း တံခါးကိုတွန်းလိုက်တာကြောင့် လူက အနည်းငယ်နောက်ကိုရောက်သွားသလိုလိုပင်။ကွင်းထိုးဖိနပ်ကြီးနဲ့ အစိမ်းပုတ်ရောင်hoodieကို ခေါင်းစွပ်ဝတ်ထားသော Harutoက သိပ်ကိုကြည့်ကောင်းလွန်းပါသည်။

"မင်း ဘယ်သွားနေတာတုန်း"

"ငါ ဆေးသွားဝယ်တာ နည်းနည်းဖျားချင်သလိုလိုဖြစ်နေလို့!"

𝙵.𝚁.𝙸.𝙴.𝙽.𝙳 • ʰʲʷWhere stories live. Discover now