ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.6.2

3.6K 619 74
By devil61002

စုယန္ခ်ဳးက ေသးေသးေလးသာ ျမင္ရသၫ့္ ၿခံတံခါးကို ၾကၫ့္ရင္း အနည္းငယ္စိတ္ဓာတ္က်ခ်င္သြားသည္ ။ သူသည္ ဘယ္ေလာက္ပင္ စိတ္ဓာတ္ခိုင္မွာသည္ဆိုဆို အခုမွ အသက္ႏွစ္ဆယ္အရြယ္ ေက်ာင္းသား တစ္ေယာက္သာ ရိွေသးသည္ ။ စိတ္ဓာတ္ႀကံခိုင္မႈက အကန႔္အသတ္ရိွေသးသည္ ။

သို႔တိုင္ စီရန္ယြီ၏ အသံုးေတာ္ခံ ျဖစ္ရမည္ဆိုသၫ့္ အေတြးက သူ႔အား ေျခာက္လန႔္ေနသျဖင့္ စိတ္ကို ျပန္တင္းလိုက္သည္ ။ သူက ဒီလိုနဲ႔ အရႈံးေပးတတ္သၫ့္ သူတစ္ေယာက္ မဟုတ္ေပ ။ ထိုအခ်ိန္တြင္ ၿခံတံခါးမွ ဝင္လာသၫ့္ ကားတစ္စီးကို ေတြ့လိုက္ရသည္ ။

ကားသည္ သူ႔ကို ေက်ာ္သြားၿပီးမွ ေနာက္ျပန္ဆုတ္လာကာ ေဘးနားတြင္ ရပ္တန႔္သြားခဲ့သည္ ။ ေခါင္းငံု႔ေနသၫ့္ စုယန္ခ်ဳး ပထမဆံုး ျမင္လိုက္ရသၫ့္အရာက အနက္ေရာင္သန႔္သန႔္ ရွုးဖိနပ္ပင္ .. ။

" မင္းဒဏ္ရာရထားတာဘဲ ... ကိုယ္နဲ႔ လိုက္ခဲ့ .." ႏူးညံ့သၫ့္ အသံေလးက စုယန္ခ်ဳး၏ နားထဲ စီးဝင္လာကာ ၾကည္လင္ေနသၫ့္ ေရက်သံေလးနဲ႔ တူသည္ ။

ေမာ့ၾကၫ့္လိုက္ခ်ိန္တြင္ လက္တစ္ဖက္က မ်က္မွန္ကိုအသာပင့္တင္ကာ တစ္ဖက္က သူ႔ထံသို႔ ကမ္းေပးလာသၫ့္ လူကိုေတြ့လိုက္ရသည္ ။ ထိုသူ၏ အမႈအရာက ႏူးညံ့မေနေသာ္လည္း တည္ၿငိမ္ေအးေဆးမႈကို‌ ေတြ့ေနရသည္ ။

မ်က္မွန္ရဲ့ အလင္းက တစ္ခ်က္လက္သြားကာ ျမင္လိုက္ရသၫ့္ မ်က္ဝန္းမ်ားသည္ သူေတြ့ဖူးသၫ့္ စီရန္ယြီ ရဲ့ နက္ေမွာင္သၫ့္ အၾကၫ့္မ်ားနဲ႔ မတူစြာ ေတာက္ပေနခဲ့သည္ ။တစ္ေယာက္သည္ ထိုမ်က္ဝန္းထဲတြင္ ၿငိမ္းခ်မ္းမႈ နဲ႔ လံုၿခံဳမႈကို ေတြ့ႏိုင္ေလသည္ ။

စုယန္ခ်ဳးက မထင္မွတ္ထားစြာပင္ ထိုၾကၫ့္ေကာင္းသၫ့္ မ်က္ႏွာေခ်ာေခ်ာကို ေငးေမာ မိသြားခဲ့သည္ ။ သူ႔စိတ္ထဲတြင္ ဒီလူက ဘယ္သူလဲ ဆိုသၫ့္ အေၾကာင္းကို အလြန္သိခ်င္သြားသည္ ။ အလိုအေလ်ာက္ပင္ သူက လွမ္းေနသၫ့္ လက္ကို ဆုပ္ကိုင္မိသြားသည္ ။ သူ႔အျပဳအမႈေၾကာင့္ထင္ .. ထိုသူ၏ ႏူတ္ခမ္းေတာင့္စြန္းမ်ား ခပ္ေရးေရးျမင့္တက္သြားပံုကို ျမင္လိုက္ရသည္ ။ စုယန္ခ်ဳးက မေနႏိုင္ဘဲ အသိအမွတ္ျပဳလိုက္ရသည္ ။ ' အရမ္းၾကၫ့္ေကာင္းလိုက္တာ .. '

**

စီရန္ယြီ က ဒီကမ႓ာ၏ အလုပ္လုပ္ပံုကို ၾကၫ့္ရႈေနခဲ့သည္ ။ ဇာတ္ေၾကာင္းတိုင္းက ၿပီးျပၫ့္စံုမေနဘဲ လြတ္ေနသၫ့္ တစ္ေနရာ ရိွေနမည္မွာ အမွန္ပင္ ။

" ဆရာက ဒီေန့ အေရးႀကီး case ရိွလို႔ .. ကြၽန္ေတာ့္ကို လႊတ္လိုက္တာပါ .. " ေလသံေအးေအးက စီရန္ယြီ၏ နားထဲသို႔ ဝင္လာခဲ့သည္ ။ သူက ကြန္ပ်ဳတာကို ခ်လိုက္ၿပီး ေနာက္သို႔ ခပ္ေလ်ာ့ေလ်ာ့ မွီလိုက္ကာ သူ႔ရဲ့ ရွည္လ်ားသၫ့္ ေျခေထာက္မ်ားကို ခ်ိတ္လိုက္သည္ ။

ခနအၾကာတြင္ အိမ္ေတာ္ထိန္းက လူနွစ္ေယာက္နဲ႔အတူ သူေရ႔ွသို႔ေရာက္လာသည္ ။ စီရန္ယြီက မ်က္လံုးမ်ား ေမွးက်ဉ္းသည္အထိ ၿပံဳးလိုက္ၿပီး " ဟက္.. မင္းက မလြတ္ေျမာက္ခ်င္ဘူးဘဲ .. ဒီသခင္ေလးက အခြင့္အေရး မေပးတာ မဟုတ္ဘူးေနာ္ .."

စုယန္ခ်ဳး၏ အမႈအရာက ဆိုးရြားသြားသည္ ။ သူက လက္သီးတင္းတင္းဆုပ္လိုက္ၿပီး အျပင္သို႔ ျပန္သြားရန္လွၫ့္လိုက္သည္။  သို႔ေသာ္ အားနည္းေနသၫ့္ ေျခေထာက္မ်ားက သူ႔အား ၾကမ္းျပင္ေပၚသို႔ ပံုက်သြားေစသည္ ။

" ခမ်ား!!! ဒဏ္ရာရထားတဲ့ လူတစ္ေယာက္ကို ဒီလို မဆက္ဆံသင့္ဘူး !! " လူငယ္ေလးက စီရန္ယြီအား အျပစ္တင္လိုက္ၿပီး ထူမရန္ျပင္လိုက္သည္ ။ သူ႔မ်က္ႏွာက စိုးရိမ္သၫ့္အမႈအရာ အျပၫ့္ရိွေနေသာ္လည္း မ်က္ဝန္းမ်ားက လိႈင္းဂယက္ထမႈမရိွ တည္ၿငိမ္ေနေၾကာင္းေတြ့လိုက္ရသျဖင့္ စီရန္ယြီ ၏ ႏူတ္ခမ္းမ်ား တြန႔္ေကြးသြားသည္။

အိမ္ေတာ္ထိန္းက အေျခအေနအား ဝင္ထိန္းလိုသၫ့္ဟန္ျဖင့္ " သခင္ေလး!! ဒီက လူငယ္က ေဒါက္တာက်င္း လြတ္လိုက္တဲ့ သူပါ .. နာမည္က .. အဲ .." အိမ္ေတာ္ထိန္းက နာမည္မေမးမိထားသၫ့္ သူ႔ကိုယ္သူ ပိတ္ရိုက္ခ်င္မိသြားသည္ ။

" ရြမ္းရီ!!! "

" ဟုတ္တယ္.. ေဒါက္တာရြမ္း!! ေဒါက္တာရြမ္း !!! " အိမ္ေတာ္ထိန္းက သူ႔သခင္ေလးရဲ့ မဲေမွာင္လာသၫ့္ မ်က္ႏွာအား သတိမထားဘဲ ဆက္လက္ေျပာေနခဲ့သည္ ။ စီရန္ယြီ က ကြန္ပ်ဳတာအား ဒုန္း ခနဲ ျမည္ေအာင္ ပိတ္ခ်လိုက္သည္ ။

ဝုန္း!!! အာ့ !!

ရြမ္းရီသည္ အားျပင္းျပင္းျဖင့္ဆြဲခံလိုက္ရျခင္းေၾကာင့္ စုယန္ခ်ဳးက ၾကမ္းျပင္ေပၚသို႔ တဖန္ျပန္ျပဳတ္က်သြားရသည္ ။ လူတိုင္းက သူတို႔ သခင္ေလးရဲ့ တုန႔္ျပန္မႈေၾကာင့္ ထိတ့္လန႔္သြားရသည္။

" သခင္ေလးစီ .. ဒါက ဘာသေဘာလဲ .." ရြမ္းရီက လည္ပင္းထက္သို႔ ေရာက္ေနသၫ့္ စီရန္ယြီ၏ လက္ကို မ်က္လႊာခ်ကာ ၾကၫ့္ရင္း တည္ၿငိမ္စြာ ေမးလိုက္သည္ ။ သို႔တိုင္ တစ္ဖက္လူသည္ တိတ္ဆိတ္ေနၿပီး ဘာမွ ျပန္မေျဖခဲ့ေပ..။

/ ဒင္!! scan ဖတ္ၿပီးပါၿပီ.. ရလဒ္ မရိွပါ .. ../

" အာ.. sorry လူမွားသြားလို႔ .." စီရန္ယြီက ေခါင္းအသာငဲ့ေစာင္းလ်က္ ခပ္ဖြဖြ ၿပံဳးလိုက္ကာ လက္ႏွစ္ဖက္ကို ေျမာက္လိုက္ၿပီး ေနာက္ဆုတ္သြားခဲ့သည္ ။ သူက ဒီလူဝင္လာကတည္းက သူ႔ခ်စ္သူ၏ စိတ္စြမ္းအင္ကို မခံစားရေပ ။ တူညီသၫ့္ နာမည္ကို ေျပာသၫ့္အခ်ိန္တြင္ ပထမဆံုး သူ႔အေတြးထဲဝင္လာသည္က အဓိကစနစ္ကေန သူ႔အား အေနွာက္အယွက္ေပးဖို႔ စီစဉ္ထားသၫ့္ အရာဟုသာ ..။

**
" လူနာကို ခုနကလို ရူးရူးမိုက္မိုက္ ကိစၥေတြ မလုပ္ခိုင္းပါနဲ႔ .. သူက အားနည္းေနေသးတယ္ .." ရြမ္းရီ က ဒဏ္ရာမ်ားကို ေဆးထၫ့္ကာ ပတ္တီးစည္းေပးရင္း ေျပာလိုက္သည္။ စုယန္ခ်ဳးသည္ ရြမ္းရီအား ၾကၫ့္ရင္း အားငယ္လာသည္။ သူ႔အေတြးထဲတြင္ စာနာစိတ္ကင္းမဲ့သၫ့္ စီရန္ယြီ နဲ႔ တည္ၿငိမ္ေအးေဆးသၫ့္ ေဒါက္တာရြမ္းအား ႏိႈင္းယွဉ္ေနသည္။ 

သူက ဘာေၾကာင့္ ဒီလို လူစိတ္မရိွသၫ့္လူနဲ႔ ေတြ့ခဲ့ရေလာက္ေအာင္ ဘယ္ဘဝက မေကာင္းမႈမ်ား စုပံုေနသလဲ ဟုပင္ အေတြးဝင္လာခဲ့သည္ ။ ေတြးရင္းနဲ႔ ေဒါသတမ်ိဳး ၊ ဝမ္းနည္းျခင္းကလဲ တမ်ိဳး ျဖစ္ေပၚ လာသျဖင့့့္ ေဘးတစ္ဖက္သို႔ ေစာင္းကာ နံရံကိုသာ ေတြေတြႀကီး စိုက္ၾကၫ့္ေနမိေတာ့သည္ ။

" ဟုတ္ကဲ့ .. ေဒါက္တာ .. အခုညဉ္နက္ေနၿပီကို လာေပးလို႔ ေက်း‌ဇူးတင္ပါတယ္.. အခုည ဒီမွာ တည္းသြားပါလား.." အိမ္ေတာ္ထိန္းက ေျပာလိုက္သည္ ။

ရြမ္းရီက ေခါင္းယမ္းလိုက္ကာ မူပိုင္အၿပံဳးေလးျဖင့္ ေျပာလိုက္သည္ ။ " ေတာ္ပါၿပီ.. ကြၽန္ေတာ္ .. လုပ္စရာကိစၥေလးေတြ က်န္ေနေသးလို႔ .." အခုလို အခ်ိန္ႀကီး လုပ္စရာအလုပ္ရိွသည္ဆိုသည္က အလြန္မျဖစ္ႏိုင္စရာေကာင္းေသာ္လည္း အိမ္ေတာ္ထိန္းက ဆက္မေမးေတာ့ဘဲ ေခါင္းျငိမ့္ကာသာ ေနလိုက္ေတာ့သည္။ 

" ခဏ!!! " ရြမ္းရီက သူ႔လက္ကို ရုတ္တရက္ဆြဲလာသၫ့္ စုယန္ခ်ဳးအား ေအးခ်မ္းစြာ ျပန္ၾကၫ့္လိုက္သည္ ။ စုယန္ခ်ဳးက သူ႔ကို ကယ္တင္ရန္ အကူအညီေတာင္းခ်င္ေသာ္လည္း အိမ္ေတာ္ထိန္း၏ အၾကၫ့္ေအာက္တြင္ ေခါင္းငံုသြားကာ " ေဒါက္တာ .. ေကာင္းေကာင္းျပန္ပါ .. "

ရြမ္းရီ၏ မ်က္ႏွာထက္တြင္ ေနဝန္းကဲ့သို႔ ေနြးေထြးသၫ့္ အၿပံဳးေလးေပၚလာကာ " ေကာင္းၿပီ .." ဟု ေျပာၿပီး ထြက္သြားေတာ့သည္ ။

အိမ္အေပၚထပ္တြင္ စီရန္ယြီက ထြက္သြားသၫ့္ ကားကိုၾကၫ့္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္ ။ တကယ္လို႔ သူ႔ခ်စ္သူက သူ႔အေနာက္ကို လိုက္လာခဲ့သည္ဆိုလ်ွင္ေတာင္ ပထမဆံုးဘဝက မွတ္ဉာဏ္မ်ားကို ျပန္မွတ္မိသည္က ျဖစ္ႏိုင္ပါ့မလား ..။ အလြန္ဆံုး သူက လင္းယြီ႔ဘဝတုန္းက မွတ္ဉာဏ္သာ ရိွသင့္သည္ ။

"" ေရွာင္ထ်န္း!!! ""

/ သခင္!! အမိန႔္ရိွပါ /

"" အရင္ဘဝေတြကို ျပန္စစ္ေဆးၾကၫ့္ .. တစ္ခုခု ထူးဆန္းတာ ရိွမလား ဆိုတာ ..""

/ ဟုတ္ကဲ့ / ဟု ဆိုကာ အခ်က္အလက္မ်ား ဖန္သားျပင္တြင္ လ်င္ျမန္သၫ့္ အရိွန္ျဖင့္ ေပၚလာေလသည္ ။

အတန္ၾကာၿပီးေနာက္ ေရွာင္ထ်န္းက ေျပာလာသည္ ။

/ သခင္နဲ႔ ေတြ ့ခဲ့တဲ့ .. တရားဝင္ .. ဝင္ေရာက္သူေတြက လြဲရင္ ..

1. ကုရွင္း ဆီမွာ ရိွေနတဲ့ ဝတၴုစာအုပ္ ..

2. ရိုးလ္လစ္ ကို သန႔္စင္ျခင္းေရကန္မွာ ကူညီ‌လိုက္တဲ့ စြမ္းအား
3. မုန႔္ယိရွင္း ဆီက ေဆး ..

အဲ့ဒါေတြက အဓိကစနစ္ကေန ဇာတ္လိုက္ေကာင္းခ်ီး ဆိုတဲ့ လုပ္ေဆာင္ခ်က္ကေန ခ်ေပးလိုက္တဲ့ Item ေတြ.. ဒါကလြဲရင္ ထူးျခားခ်က္မရိွပါဘူး ..

အထူးသျဖင့္ ဆရာ့ခ်စ္သူက စိတ္စြမ္းအင္ လက္မခံခင္ အကုန္လံုး ပံုမွန္ဘဲ ../

ေရွာင္ထ်န္း၏ အေၾကာင္းျပန္ခ်က္ေၾကာင့္ စီရန္ယြီက ေခါင္းတခ်က္ၿငိမ့္လိုက္ၿပီး " ရၿပီ "

ၿပီးေနာက္ သူက လက္ရိွ သူ႔စိတ္အေျခအေနကို သတိရလိုက္ကာ ၿပံဳးလိုက္မိသည္ ။ နာမည္တူေလးတစ္ခုသာ ျဖစ္ေသာ္လည္း သူ႔အား တကယ္ရႈပ္ေထြးသြားေအာင္ လုပ္ႏိုင္ေလသည္ ။ သူက လက္အား လေရာင္ျဖာက်ေနသည့္ ေနရာကို ဆန႔္ထုတ္လိုက္ၿပီး လက္ေခ်ာင္းေလးမ်ားကို လႈပ္ရွားလိုက္သည္ ။ လေရာင္‌က သူ႔လက္ကို ေဖာက္ထြက္သြားကာ ၾကမ္းျပင္သို႔သို႔ က်ဆင္းေလသည္။

ေမွာင္ရိပ္က်ေနသၫ့္ ေနရာတြင္ ရိွေနသၫ့္ သူ႔မ်က္ႏွာထက္တြင္ ေပၚလာသၫ့္ ခပ္ဖြဖြ အၿပံဳးက နတ္ဆိုးဆန္သၫ့္ ဆြဲေဆာင္မႈကို ျဖစ္ေပၚေစသည္ ။

အခ်ိဳ႕အရာမ်ားက .. ဖမ္းဆုပ္ဖို႔ ခက္ခဲလွသည္ .. သို႔ေသာ္ ပိုင္ဆိုင္လိုသၫ့္ စိတ္ကို ထိန္းခ်ဳပ္ဖို႔က ပိုခက္ခဲေလသည္...

____________________________
တကယ္လို႔ စာအုပ္ ထုတ္ျဖစ္ခဲ့ရင္ ဝယ္ၾကမွာလား 😌❤️
.
.
.
.
.
( ပိုက္ဆံ ျပတ္ေနလို႔ .. သာသာရူးေနတာပါ .. အဟုတ္မမွတ္ၾကပါနဲ႔ 🙂 )

* စိတ္ကူးယဉ္တာ အရႈံးမွ မရိွဘဲေလ ေနာ့္ ..* 🤣
_______________________________
Unicode

စုယန်ချုးက သေးသေးလေးသာ မြင်ရသည့် ခြံတံခါးကို ကြည့်ရင်း အနည်းငယ်စိတ်ဓာတ်ကျချင်သွားသည် ။ သူသည် ဘယ်လောက်ပင် စိတ်ဓာတ်ခိုင်မှာသည်ဆိုဆို အခုမှ အသက်နှစ်ဆယ်အရွယ် ကျောင်းသား တစ်ယောက်သာ ရှိသေးသည် ။ စိတ်ဓာတ်ကြံခိုင်မှုက အကန့်အသတ်ရှိသေးသည် ။

သို့တိုင် စီရန်ယွီ၏ အသုံးတော်ခံ ဖြစ်ရမည်ဆိုသည့် အတွေးက သူ့အား ခြောက်လန့်နေသဖြင့် စိတ်ကို ပြန်တင်းလိုက်သည် ။ သူက ဒီလိုနဲ့ အရှုံးပေးတတ်သည့် သူတစ်ယောက် မဟုတ်ပေ ။ ထိုအချိန်တွင် ခြံတံခါးမှ ဝင်လာသည့် ကားတစ်စီးကို တွေ့လိုက်ရသည် ။

ကားသည် သူ့ကို ကျော်သွားပြီးမှ နောက်ပြန်ဆုတ်လာကာ ဘေးနားတွင် ရပ်တန့်သွားခဲ့သည် ။ ခေါင်းငုံ့နေသည့် စုယန်ချုး ပထမဆုံး မြင်လိုက်ရသည့်အရာက အနက်ရောင်သန့်သန့် ရှုးဖိနပ်ပင် .. ။

" မင်းဒဏ်ရာရထားတာဘဲ ... ကိုယ်နဲ့ လိုက်ခဲ့ .." နူးညံ့သည့် အသံလေးက စုယန်ချုး၏ နားထဲ စီးဝင်လာကာ ကြည်လင်နေသည့် ရေကျသံလေးနဲ့ တူသည် ။

မော့ကြည့်လိုက်ချိန်တွင် လက်တစ်ဖက်က မျက်မှန်ကိုအသာပင့်တင်ကာ တစ်ဖက်က သူ့ထံသို့ ကမ်းပေးလာသည့် လူကိုတွေ့လိုက်ရသည် ။ ထိုသူ၏ အမှုအရာက နူးညံ့မနေသော်လည်း တည်ငြိမ်အေးဆေးမှုကို‌ တွေ့နေရသည် ။

မျက်မှန်ရဲ့ အလင်းက တစ်ချက်လက်သွားကာ မြင်လိုက်ရသည့် မျက်ဝန်းများသည် သူတွေ့ဖူးသည့် စီရန်ယွီ ရဲ့ နက်မှောင်သည့် အကြည့်များနဲ့ မတူစွာ တောက်ပနေခဲ့သည် ။တစ်ယောက်သည် ထိုမျက်ဝန်းထဲတွင် ငြိမ်းချမ်းမှု နဲ့ လုံခြုံမှုကို တွေ့နိုင်လေသည် ။

စုယန်ချုးက မထင်မှတ်ထားစွာပင် ထိုကြည့်ကောင်းသည့် မျက်နှာချောချောကို ငေးမော မိသွားခဲ့သည် ။ သူ့စိတ်ထဲတွင် ဒီလူက ဘယ်သူလဲ ဆိုသည့် အကြောင်းကို အလွန်သိချင်သွားသည် ။ အလိုအလျောက်ပင် သူက လှမ်းနေသည့် လက်ကို ဆုပ်ကိုင်မိသွားသည် ။ သူ့အပြုအမှုကြောင့်ထင် .. ထိုသူ၏ နူတ်ခမ်းတောင့်စွန်းများ ခပ်ရေးရေးမြင့်တက်သွားပုံကို မြင်လိုက်ရသည် ။ စုယန်ချုးက မနေနိုင်ဘဲ အသိအမှတ်ပြုလိုက်ရသည် ။ ' အရမ်းကြည့်ကောင်းလိုက်တာ .. '

**

စီရန်ယွီ က ဒီကမ်ဘာ၏ အလုပ်လုပ်ပုံကို ကြည့်ရှုနေခဲ့သည် ။ ဇာတ်ကြောင်းတိုင်းက ပြီးပြည့်စုံမနေဘဲ လွတ်နေသည့် တစ်နေရာ ရှိနေမည်မှာ အမှန်ပင် ။

" ဆရာက ဒီနေ့ အရေးကြီး case ရှိလို့ .. ကျွန်တော့်ကို လွှတ်လိုက်တာပါ .. " လေသံအေးအေးက စီရန်ယွီ၏ နားထဲသို့ ဝင်လာခဲ့သည် ။ သူက ကွန်ပျုတာကို ချလိုက်ပြီး နောက်သို့ ခပ်လျော့လျော့ မှီလိုက်ကာ သူ့ရဲ့ ရှည်လျားသည့် ခြေထောက်များကို ချိတ်လိုက်သည် ။

ခနအကြာတွင် အိမ်တော်ထိန်းက လူနှစ်ယောက်နဲ့အတူ သူရှေ့သို့ရောက်လာသည် ။ စီရန်ယွီက မျက်လုံးများ မှေးကျဉ်းသည်အထိ ပြုံးလိုက်ပြီး " ဟက်.. မင်းက မလွတ်မြောက်ချင်ဘူးဘဲ .. ဒီသခင်လေးက အခွင့်အရေး မပေးတာ မဟုတ်ဘူးနော် .."

စုယန်ချုး၏ အမှုအရာက ဆိုးရွားသွားသည် ။ သူက လက်သီးတင်းတင်းဆုပ်လိုက်ပြီး အပြင်သို့ ပြန်သွားရန်လှည့်လိုက်သည်။  သို့သော် အားနည်းနေသည့် ခြေထောက်များက သူ့အား ကြမ်းပြင်ပေါ်သို့ ပုံကျသွားစေသည် ။

" ခများ!!! ဒဏ်ရာရထားတဲ့ လူတစ်ယောက်ကို ဒီလို မဆက်ဆံသင့်ဘူး !! " လူငယ်လေးက စီရန်ယွီအား အပြစ်တင်လိုက်ပြီး ထူမရန်ပြင်လိုက်သည် ။ သူ့မျက်နှာက စိုးရိမ်သည့်အမှုအရာ အပြည့်ရှိနေသော်လည်း မျက်ဝန်းများက လှိုင်းဂယက်ထမှုမရှိ တည်ငြိမ်နေကြောင်းတွေ့လိုက်ရသဖြင့် စီရန်ယွီ ၏ နူတ်ခမ်းများ တွန့်ကွေးသွားသည်။

အိမ်တော်ထိန်းက အခြေအနေအား ဝင်ထိန်းလိုသည့်ဟန်ဖြင့် " သခင်လေး!! ဒီက လူငယ်က ဒေါက်တာကျင်း လွတ်လိုက်တဲ့ သူပါ .. နာမည်က .. အဲ .." အိမ်တော်ထိန်းက နာမည်မမေးမိထားသည့် သူ့ကိုယ်သူ ပိတ်ရိုက်ချင်မိသွားသည် ။

" ရွမ်းရီ!!! "

" ဟုတ်တယ်.. ဒေါက်တာရွမ်း!! ဒေါက်တာရွမ်း !!! " အိမ်တော်ထိန်းက သူ့သခင်လေးရဲ့ မဲမှောင်လာသည့် မျက်နှာအား သတိမထားဘဲ ဆက်လက်ပြောနေခဲ့သည် ။ စီရန်ယွီ က ကွန်ပျုတာအား ဒုန်း ခနဲ မြည်အောင် ပိတ်ချလိုက်သည် ။

ဝုန်း!!! အာ့ !!

ရွမ်းရီသည် အားပြင်းပြင်းဖြင့်ဆွဲခံလိုက်ရခြင်းကြောင့် စုယန်ချုးက ကြမ်းပြင်ပေါ်သို့ တဖန်ပြန်ပြုတ်ကျသွားရသည် ။ လူတိုင်းက သူတို့ သခင်လေးရဲ့ တုန့်ပြန်မှုကြောင့် ထိတ့်လန့်သွားရသည်။

" သခင်လေးစီ .. ဒါက ဘာသဘောလဲ .." ရွမ်းရီက လည်ပင်းထက်သို့ ရောက်နေသည့် စီရန်ယွီ၏ လက်ကို မျက်လွှာချကာ ကြည့်ရင်း တည်ငြိမ်စွာ မေးလိုက်သည် ။ သို့တိုင် တစ်ဖက်လူသည် တိတ်ဆိတ်နေပြီး ဘာမှ ပြန်မဖြေခဲ့ပေ..။

/ ဒင်!! scan ဖတ်ပြီးပါပြီ.. ရလဒ် မရှိပါ .. ../

" အာ.. sorry လူမှားသွားလို့ .." စီရန်ယွီက ခေါင်းအသာငဲ့စောင်းလျက် ခပ်ဖွဖွ ပြုံးလိုက်ကာ လက်နှစ်ဖက်ကို မြောက်လိုက်ပြီး နောက်ဆုတ်သွားခဲ့သည် ။ သူက ဒီလူဝင်လာကတည်းက သူ့ချစ်သူ၏ စိတ်စွမ်းအင်ကို မခံစားရပေ ။ တူညီသည့် နာမည်ကို ပြောသည့်အချိန်တွင် ပထမဆုံး သူ့အတွေးထဲဝင်လာသည်က အဓိကစနစ်ကနေ သူ့အား အနှောက်အယှက်ပေးဖို့ စီစဉ်ထားသည့် အရာဟုသာ ..။

**
" လူနာကို ခုနကလို ရူးရူးမိုက်မိုက် ကိစ္စတွေ မလုပ်ခိုင်းပါနဲ့ .. သူက အားနည်းနေသေးတယ် .." ရွမ်းရီ က ဒဏ်ရာများကို ဆေးထည့်ကာ ပတ်တီးစည်းပေးရင်း ပြောလိုက်သည်။ စုယန်ချုးသည် ရွမ်းရီအား ကြည့်ရင်း အားငယ်လာသည်။ သူ့အတွေးထဲတွင် စာနာစိတ်ကင်းမဲ့သည့် စီရန်ယွီ နဲ့ တည်ငြိမ်အေးဆေးသည့် ဒေါက်တာရွမ်းအား နှိုင်းယှဉ်နေသည်။ 

သူက ဘာကြောင့် ဒီလို လူစိတ်မရှိသည့်လူနဲ့ တွေ့ခဲ့ရလောက်အောင် ဘယ်ဘဝက မကောင်းမှုများ စုပုံနေသလဲ ဟုပင် အတွေးဝင်လာခဲ့သည် ။ တွေးရင်းနဲ့ ဒေါသတမျိုး ၊ ဝမ်းနည်းခြင်းကလဲ တမျိုး ဖြစ်ပေါ် လာသဖြင့့့် ဘေးတစ်ဖက်သို့ စောင်းကာ နံရံကိုသာ တွေတွေကြီး စိုက်ကြည့်နေမိတော့သည် ။

" ဟုတ်ကဲ့ .. ဒေါက်တာ .. အခုညဉ်နက်နေပြီကို လာပေးလို့ ကျေး‌ဇူးတင်ပါတယ်.. အခုည ဒီမှာ တည်းသွားပါလား.." အိမ်တော်ထိန်းက ပြောလိုက်သည် ။

ရွမ်းရီက ခေါင်းယမ်းလိုက်ကာ မူပိုင်အပြုံးလေးဖြင့် ပြောလိုက်သည် ။ " တော်ပါပြီ.. ကျွန်တော် .. လုပ်စရာကိစ္စလေးတွေ ကျန်နေသေးလို့ .." အခုလို အချိန်ကြီး လုပ်စရာအလုပ်ရှိသည်ဆိုသည်က အလွန်မဖြစ်နိုင်စရာကောင်းသော်လည်း အိမ်တော်ထိန်းက ဆက်မမေးတော့ဘဲ ခေါင်းငြိမ့်ကာသာ နေလိုက်တော့သည်။ 

" ခဏ!!! " ရွမ်းရီက သူ့လက်ကို ရုတ်တရက်ဆွဲလာသည့် စုယန်ချုးအား အေးချမ်းစွာ ပြန်ကြည့်လိုက်သည် ။ စုယန်ချုးက သူ့ကို ကယ်တင်ရန် အကူအညီတောင်းချင်သော်လည်း အိမ်တော်ထိန်း၏ အကြည့်အောက်တွင် ခေါင်းငုံသွားကာ " ဒေါက်တာ .. ကောင်းကောင်းပြန်ပါ .. "

ရွမ်းရီ၏ မျက်နှာထက်တွင် နေဝန်းကဲ့သို့ နွေးထွေးသည့် အပြုံးလေးပေါ်လာကာ " ကောင်းပြီ .." ဟု ပြောပြီး ထွက်သွားတော့သည် ။

အိမ်အပေါ်ထပ်တွင် စီရန်ယွီက ထွက်သွားသည့် ကားကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည် ။ တကယ်လို့ သူ့ချစ်သူက သူ့အနောက်ကို လိုက်လာခဲ့သည်ဆိုလျှင်တောင် ပထမဆုံးဘဝက မှတ်ဉာဏ်များကို ပြန်မှတ်မိသည်က ဖြစ်နိုင်ပါ့မလား ..။ အလွန်ဆုံး သူက လင်းယွီ့ဘဝတုန်းက မှတ်ဉာဏ်သာ ရှိသင့်သည် ။

"" ရှောင်ထျန်း!!! ""

/ သခင်!! အမိန့်ရှိပါ /

"" အရင်ဘဝတွေကို ပြန်စစ်ဆေးကြည့် .. တစ်ခုခု ထူးဆန်းတာ ရှိမလား ဆိုတာ ..""

/ ဟုတ်ကဲ့ / ဟု ဆိုကာ အချက်အလက်များ ဖန်သားပြင်တွင် လျင်မြန်သည့် အရှိန်ဖြင့် ပေါ်လာလေသည် ။

အတန်ကြာပြီးနောက် ရှောင်ထျန်းက ပြောလာသည် ။

/ သခင်နဲ့ တွေ ့ခဲ့တဲ့ .. တရားဝင် .. ဝင်ရောက်သူတွေက လွဲရင် ..

1. ကုရှင်း ဆီမှာ ရှိနေတဲ့ ဝတၴုစာအုပ် ..

2. ရိုးလ်လစ် ကို သန့်စင်ခြင်းရေကန်မှာ ကူညီ‌လိုက်တဲ့ စွမ်းအား
3. မုန့်ယိရှင်း ဆီက ဆေး ..

အဲ့ဒါတွေက အဓိကစနစ်ကနေ ဇာတ်လိုက်ကောင်းချီး ဆိုတဲ့ လုပ်ဆောင်ချက်ကနေ ချပေးလိုက်တဲ့ Item တွေ.. ဒါကလွဲရင် ထူးခြားချက်မရှိပါဘူး ..

အထူးသဖြင့် ဆရာ့ချစ်သူက စိတ်စွမ်းအင် လက်မခံခင် အကုန်လုံး ပုံမှန်ဘဲ ../

ရှောင်ထျန်း၏ အကြောင်းပြန်ချက်ကြောင့် စီရန်ယွီက ခေါင်းတချက်ငြိမ့်လိုက်ပြီး " ရပြီ "

ပြီးနောက် သူက လက်ရှိ သူ့စိတ်အခြေအနေကို သတိရလိုက်ကာ ပြုံးလိုက်မိသည် ။ နာမည်တူလေးတစ်ခုသာ ဖြစ်သော်လည်း သူ့အား တကယ်ရှုပ်ထွေးသွားအောင် လုပ်နိုင်လေသည် ။ သူက လက်အား လရောင်ဖြာကျနေသည့် နေရာကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းလေးများကို လှုပ်ရှားလိုက်သည် ။ လရောင်‌က သူ့လက်ကို ဖောက်ထွက်သွားကာ ကြမ်းပြင်သို့သို့ ကျဆင်းလေသည်။

မှောင်ရိပ်ကျနေသည့် နေရာတွင် ရှိနေသည့် သူ့မျက်နှာထက်တွင် ပေါ်လာသည့် ခပ်ဖွဖွ အပြုံးက နတ်ဆိုးဆန်သည့် ဆွဲဆောင်မှုကို ဖြစ်ပေါ်စေသည် ။

အချို့အရာများက .. ဖမ်းဆုပ်ဖို့ ခက်ခဲလှသည် .. သို့သော် ပိုင်ဆိုင်လိုသည့် စိတ်ကို ထိန်းချုပ်ဖို့က ပိုခက်ခဲလေသည်...

____________________________
တကယ်လို့ စာအုပ် ထုတ်ဖြစ်ခဲ့ရင် ဝယ်ကြမှာလား 😌❤️
.
.
.
.
.
( ပိုက်ဆံ ပြတ်နေလို့ .. သာသာရူးနေတာပါ .. အဟုတ်မမှတ်ကြပါနဲ့ 🙂 )

* စိတ်ကူးယဉ်တာ အရှုံးမှ မရှိဘဲလေ နော့် ..* 🤣
_______________________________

Continue Reading

You'll Also Like

1.1M 89.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
439K 23K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
915K 10.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...