( သူကြီးသမက် ) Completed

By GeGeDiDimimi

1.6M 125K 2.5K

( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More

ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 31 ]
[ 32 ]
[ 33 ]
[ 34 ]
[ 35 ]
[ 36 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra

[ 20 ]

35.1K 2.8K 39
By GeGeDiDimimi

[ သူကြီးသမက် ]

ရိုးတို့အိမ်ပြန်ရောက်တော့ မင်္ဂလာမဏ္ဍပ်ထဲမှာ လူပျိုတွေအပျိုအဖွဲ့တွေရောက်လာကြပြီးဖြစ်၏ အချိန်ကမနက်ခုနှစ်နာရီရှိနေပြီစားပွဲပြင်သူကပြင် အပျိုတွေကလက်ဖွဲ့တိုက်နဲ့စာရင်းမှတ်ရန်စာအုပ်ပြင်သူကပြင်သူ့နေရာကိုယ့်နေရာတာဝန်ယူမှုအပြည့်လှုပ်ရှားနေကြသည်။

" ဟေ့ သတိုးသားတို့ ဧည့်သည်တွေမများခင်ဓာတ်ပုံအရင်ရိုက်ထားကြဦး "

မြို့ကငှားထားတဲ့ဓက်ပုံဆရာကရိုးနဲ့အရိပ်ကိုမင်္ဂလာအမှတ်တရဓာတ်ပုံရိုက်ရင်းမိသားစု ဓာတ်ပုံသူငယ်ချင်းများနဲ့အတူများစွာသောဓာက်ပုံတွေရိုက်ပြီးချိန်မှာတော့ ရွာထဲကဧည့်သည်တွေက မင်္ဂလာဆောင်ကိုတစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြတော့ ရိုးနဲ့အရိပ်လည်းဓာတ်ပုံဆက်မရိုက်အားတော့ ဧည့်သည်တွေကိုဧည့်ခံရတော့သည်။

" အစ်မသန်းဌေး စားနော် "

" အရိပ်လေး ငါ့တို့နဲ့ဓာတ်ပုံရိုက်ပေးဦး အမှတ်တရသိမ်းထားချင်လို့ "

" ဟုတ်ခဏလေး ရိုးကိုပါခေါ်လိုက်ဦးမယ် "

အရိပ် အစ်မသန်းဌေးတို့ဝိုင်းကိုဧည့်ခံနေရင်းဓာတ်ပုံအတူတွဲရိုက်ချင်တယ်ဆိုလို့ ရိုးကိုရှာလိုက်တော့ အောင်သက်တို့လူပျိုအဖွဲ့နားမှာစကားရပ်ပြောနေသည်။

" ရိုး "

အရိပ်လှမ်းခေါ်ပေမဲ့ မင်္ဂလာတေးသီချင်းသံတွေနဲ့ ပွဲထဲရှိလူများစွာရဲ့အသံတွေကြောင့် ရိုးမကြားဘူးထင်၏ အရိပ်ရိုးတို့အနားလျှောက်လာခဲ့လိုက်ကာ။

" ရိုးလို့ ခေါ်မကြား အော်မကြားနဲ့ !"

ဘေးနားရောက်လာတဲ့ အရိပ်ရဲ့စူအောင့်အောင့်အပြောလေးကြောင့် ရိုးပြုံးလိုက်၍ အရိပ်ရင်ဘက်အိတ်ကပ်လေးမှာထိုးထားတဲ့သပြေညွန့်ခက်လေးစောင်းနေတာကိုသေချာပြန်ပြင်ပေးလိုက်ရင်းက အရိပ်မျက်နှာလေးကိုကြည့်ကာမေးလိုက်သည်။

" ကိုယ့်မကြားလိုက်လို့ပါ အရိပ်ကလေးလေးရဲ့ ပြော ဘာလိုလို့လဲ "

ရိုးရဲ့နူးနူးညံ့ညံ့အပြောလေးကြောင့် အရိပ်ပြုံးလိုက်၍။

" ဟိုမှာ အစ်မသန်းဌေးတို့ကဓာတ်ပုံတွဲရိုက်ချင်လို့တဲ့ "

" ဟုတ်ပါပြီဗျာ ကိုယ့်တို့အတူသွားရအောင် "

ရိုး အရိပ်လက်ကိုဆွဲခေါ်ကာ အစ်မသန်းဌေးတို့ဝိုင်းအနားလျှောက်လာခဲ့လိုက်သည်။

ထို့နောက်အမသန်းဌေးတို့နဲ့အတူဓာတ်ပုံရိုက်ပြီး ဟိုနားလျှောက်ဒီနားလျှောက်လာတဲ့ဧည့်သည်တွေဧည့်ခံရင်းနဲ့မင်္ဂလာပွဲလေးကနေ့လယ်တစ်နာရီထိုးချိန်မှာတော့ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။

" အရိပ်ညကြရင် ကိုယ့်အောင်သက်တို့နဲ့ခဏဝိုင်းပေးလိုက်ဦးမယ်နော် "

ရိုးအပြောကြောင့် လက်ဖွဲ့တိုက်တွေဖောက်စီနေတဲ့အရိပ်ကရိုးကိုစူပုပ်ပုပ်မျက်နှာထားနဲ့ကြည့်လာသည်။

" အဲလိုအကြည့်ကြီးနဲ့ကိုယ့်ကိုမကြည့်နဲလေ အရိပ်လေး လူပျိုအဖွဲ့ကိုဝိုင်းထောင်ပေးရမှာကရွာရဲ့ဓလေ့ထုံးစံပဲကို "

" သိတယ်လေ ကိုယ်တိုင်လိုလို့လား သူတို့အတွက် ခဲဖိုးပေးလိုက်ရင်ရပြီလေ "

ရွာရဲ့ဓလေ့ထုံးစံကမင်္ဂလာတစ်ခုဆောင်ရင် ညဘက်လူပျိုအဖွဲ့ပျော်ပါးဖို့ခဲဖိုးဆိုတာပေးရ၏ မပေးပါကတစ်ညလုံးအိမ်မရအောင်အိမ်ခေါင်မိုးပေါ်ခဲမိုးတဖွဲဖွဲမစဲရွာချနိုင်၏ ထိုခဲမိုးကသကြားမင်းရွာသွန်းတာတော့မဟုတ်ရွာထဲကလူပျိုအဖွဲ့အကျင့်ယုတ်တာပဲဖြစ်သည်။

အရိပ်ကရိုးကိုစူပုပ်ပုပ်နဲ့ပြောရင်းလက်ဖွဲ့ထဲက အချိုပန်းကန်လုံးပန်းကန်ပြားတိုက်တွေကိုအိမ်အတွက်မလိုအပ်သေးတာကြောင့် ဗီရိုထဲစီထည့်နေသည်။

လက်ဖွဲ့ပစ္စည်းကသိပ်တော့မများပါရွာမှာကလက်ဖွဲ့ပစ္စည်းထက်ပိုက်ဆံကိုသာဦးစားပေးလက်ဖွဲ့တတ်ကြ၏ ဒါကြောင့်လဲရွာမှာမင်္ဂလာတစ်ခုဆောင်ရင်အမြတ်မရရင်တောင် မင်္ဂလာဆောင်စရိတ်အရင်းတော့ပြန်ရတတ်ကြသည်။

" အရိပ်လို့ ကိုယ့်ကိုသွားခွင့်ပြုပေးလို့နော် ကိုယ့်မသွားရင်အဲကောင်တွေကခဲဖိုးပေးလဲကျေနပ်မှာမဟုတ်ဘူး "

ရိုး အရိပ်နံဘေးကနေအရိပ်ပခုံးလေးပေါ်ခေါင်းမှီလိုက်ပြီးခပ်ချွဲချွဲပြောလိုက်တော့ အရိပ်ကရိုးကိုခေါင်းစောင်းကြည့်လာသည်။

" ဒါဆို အရိပ်ပါလိုက်မယ် "

" မရပါဘူး "

" ဘာကိုမရတာလဲ ဒါဆိုရိုးလည်းမသွားရဘူး "

အရိပ်အပြောကြောင့် ရိုးအရိပ်မျက်နှာကိုကြည့်လိုက်တော့လုံးဝသူတစ်ယောက်တည်းသွားခွင့်ပြုပေးမယ်အခြေနေမရှိတာကြောင့် ရိုးသက်ပြင်းတိုလေးတစ်ချက်ချလိုက်မိ၏ အရိပ်လည်းယောကျ်ားလေးတစ်ယောက်မို့ လိုက်လာလဲဘာမှမသင့်တော်စရာအကြောင်းမရှိဟူ၍တွေးလိုက်ပြီးနောက်။

" ပြီးရောဗျာ ,လိုက်ခဲ့ ဒါပေမဲ့ ကိုယ့်ကိုကတိတစ်ခုပေးအဲကောင်တွေအရိပ်ကို အရက်အတင်းတိုက်ရင်းလုံးဝမသောက်ရဘူးနော် "

" အင်း , ရိုးလည်းအများကြီးမသောက်ရဘူးနော် "

" သေချာတာပေါ့ ကိုယ့်အများကြီးမသောက်ပါဘူး ဒီလိုညလေးမှာမူးအောင်သောက်ပြီးအိပ်ပစ်ဖို့ ကိုယ်မှာလုံးဝဆန္ဒမရှိဘူး "

ရိုးကဘေးမှာထိုင်နေရင်းအရိပ်ကိုရင်ခွင်ထဲဆွဲဖက်၍ပြောလာတော့ အရိပ်ရိုးရင်ဘက်ကိုလက်ညိုးနဲ့အသာထောက်ကာတွန်းလိုက်၍။

" ဒါဆိုနောက်နေ့တွေကြရင်တော့ မူးအောင်သောက်အိပ်မယ်ပေါ့ "

အရိပ်စကားကြောင့် ရိုးမျက်နှာလေးရှုံ့လိုက်၍။

" ဒါကသက်သက်မဲ့အရိပ်ကိုယ့်ကိုစွပ်စွဲတာပါနော် ကိုယ်ကအရက်မူးအောင်သောက်မအိပ်ပါဘူး  ညတိုင်းညတိုင်းဟော့ဒီကအချစ်ကလေးရဲ့အချစ်တွေကိုပဲမူးအောင်သောက်ပြီးပဲအိပ်မှာ "

ရိုးအပြောကြောင့် အရိပ်မျက်နှာမှာခုနကလိုစူပုပ်မနေတော့ပဲပြုံးရွှင်လာသည်။

" အခုအပြောလျှော့ အရိပ်ကိုဒါတွေကူဖောက်ပြီး ဗီရိုထဲထည့်ပေးဦး "

" အင်း "

ရိုးရဲ့"အင်း"ဆိုတဲ့စကားနောက်မှ အရိပ်ဘာသာပဲလုပ်လိုက်ရ၏ ရိုးကဘာတစ်ခုမှကိုလက်နဲ့ထိတောင်မကြည့်ကူဖောက်ဖို့ဆိုဝေးလေစွ အရိပ်ခါးကိုအနောက်ကနေရင်ခွင်ထဲသိုင်းဖက်၍ စကားတွေသာဘေးကနေပြောနေ၏ အရိပ်လည်းမရုန်းပဲ ရိုးရင်ခွင်ထဲမှာထိုင်နေရင်းနဲ့ပဲလက်ဖွဲဘူးတွေတစ်ခုပြီးတစ်ခုအမြန်ဖောက်နေလိုက်သည်။

" ဟင် , ဘာကြီးလဲ "

လေးဒေါင့်စက္ကူကူဖာနဲ့ထုပ်ထားတဲ့ပါဆယ်ဘူးကိုဖောက်လိုက်တော့ အထဲမှာကြက်ဥတွေကိုမကွဲအောင်စပါးခွံတွေနဲ့အသေချာစီ၍ထည့်ထားတာကဆယ်နှစ်လုံးတိတိ ဘေးမှာကအကန့်လေးဒေါင့်လေးပြန်ခွဲထား၍ ငှက်ပျောသီးဆယ်လုံးကိုလဲအသေချာစီထည့်ထားပြီးအပေါ်ကနေရာမှကြတော့ နွားနို့နဲ့ပျားရည်ကိုအသေချာလုံအောင်ရေသန့်ဘူးနဲ့ပိတ်ကာထည့်ထားပြန်၏ ပြီးတော့စာရွက်လေးတစ်ခုကပါသေးသည်။

" ဟက်  "

ရိုးက အရိပ်ကိုဖက်ထားရင်က ထိုပစ္စည်းတွေကိုတွေ့တော့ထရယ်လာ၏ အရိပ်လည်းထိုပစ္စည်းတွေကတစ်ယောက်ယောက်သူတို့နှစ်ယောက်ကိုစနောက်ထားမှန်းသိတာကြောင့် အထဲကခေါက်ထားတဲ့စာရွက်ဖြူလေးကိုဖွင့်ဖတ်ကြည့်လိုက်သည်။

💌 ဟေ့ကောင်တွေ အခုဒီစာကိုငရိုးဖတ်နေတာလား အရိပ်ဖတ်နေတာလား ဒါမှမဟုတ်နှစ်ယောက်လုံးအတူတူဖတ်နေတာလား မင်းတို့ကအပျိုလူပျိုအဖွဲ့မျှယူတာမဟုတ်ပဲ လူပျိုအဖွဲ့ထဲကပဲနှစ်ယောက်လုံးကယူသွားတော့ ငါ့တို့ကျန်ရှိနေခဲ့ကြတဲ့လူပျိုအဖွဲ့က သက်သက်လက်ဖွဲ့လိုက်တာ ဘယ်သူအောက် ဘယ်သူအပေါ်လဲငါ့တို့သေချာမသိပေမဲ့ သေချာတာကတော့ ငါ့တို့ရဲ့လက်ဖွဲ့တွေက ငရိုးစားဖို့အတွက်ပဲထင်တယ် ဟေ့ / လူပျိုအဖွဲ့ / 💌

" ဟွန်း "

အရိပ်ဆီကဟွန်းဆိုတဲ့မကျေနပ်ချက်လေးကြောင့် ရိုးအရိပ်ခါးလေးကိုအနောက်ကနေသိုင်းဖက်ထားတာကိုပိုတင်းကျပ်လိုက်ပြီး အရိပ်ပခုံးပေါ်မေးတင်၍ အရိပ်ကိုင်ထားတဲ့စာကိုပြန်ကြည့်လိုက်ပြီး နောက်တစ်ခါက်ပြန်ဖတ်ကာရယ်ရင်းနဲ့မေးလိုက်သည်။

" ဘာလို့လဲ အရိပ်ရဲ့သူ့တို့ကစတာကိုစိတ်ဆိုးသွားတာလား "

" စိတ်မဆိုးပါဘူး အဲကောင်တွေကအမြဲတမ်းအဲလိုနှောက်ယှက်တတ်တဲ့ကောင်တွေလေ သူ့တို့ကိုစိတ်ဆိုးလဲဘာထူးမှာလဲ ဟွန်း "

" ဒါဆိုအရိပ်မျက်နှာကြီးကဘာလို့ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကြီးစူနေတာလဲလို့ ကိုယ့်ရဲ့ဘဲပေါက်ကလေးလေးရဲ့ "

" သူတို့ရေးထားတာကြည့်လေ အပေါ်ကလား အောက်ကလားတဲ့ ပြီးတော့လဲသူ့တို့ဘာသာဆုံးဖြတ်သွားတယ် ဒီပစ္စည်းတွေကရိုးနဲ့ပိုသက်ဆိုင်တယ်တဲ့ !"

" ကလေးလေးက အဲဒါနဲ့ပတ်သက်ပြီး စိတ်ဆိုးသွားတယ်ပေါ့ ဟုတ်ဘူးလားလို့ သူ့တို့ပြောသလိုတကယ်လဲ ကိုယ့်နဲ့သက်ဆိုင်တာပဲကို "

" ရိုးနော် !"

အရိပ် ရိုးကိုရှက်စိတ်တိုနဲ့အော်ပစ်လိုက်ပြီးပစ္စည်းတွေကိုဖယ်ထုတ်လိုက်တော့ မနက်ကတည်းကမို့နွားနို့တွေကချဉ်ကုန်ပြီထင်သည်။

" ရိုး နွားနို့တွေကမကောင်းတော့ဘူး "

" မကောင်းရင်ပစ်လိုက်လေ "

" ဟုတ် "

နွားနို့ကိုတော့ ပစ်ရန်ဖယ်ထားလိုက်ပြီး တခြားပစ္စည်းတွေကိုတော့ သူ့နေရာသူသေချာစီထားလိုက်ပြီးနောက် အချိန်ကညနေဘက်ကိုတောင်ရောက်သွားပြီဖြစ်သည်။

ည‌ဘက်ရောက်တော့ လူပျိုအဖွဲ့ကိုအရက်ဝိုင်းပေးရန်နေရာရွေးလိုက်တော့ အားလုံးရဲ့သဘောတူညီမှုနဲ့အတူလူပျိူခေါင်းကိုစံပါတို့အိမ်ဝိုင်းမှာနေရာကျသွားသည်။

" အရိပ်မသောက်ဘူး "

ငဌေးကအရိပ်ရှေ့မှာပါခွက်ချ၍ အရက်ငှဲ့ထည့်နေတာကြောင့် ရိုးတားလိုက်သည်။

" ငရိုးရာ ဘာတွေဖြစ်ပျက်ပြနေတာလဲ ဒီလိုပျော်ပွဲရွှင်ပွဲလေးမှာသူလဲယောကျ်ားလေးတစ်ယောက်ပဲလေ တစ်ခွက်လောက်တော့ငါ့တို့နဲ့အတူသောက်သင့်တာပေါ့ "

" ဟုတ်တယ် ဟုတ်တယ် "

လူညစ်ကောင်အောင်သက်စကားကြောင့် နံဘေးနားကထိုင်နေကြတဲ့ လူပျိုတစ်သိုက်ကပါထောက်ခံလာကြတော့ ရိုးမငြင်းသာတော့၍။

"  ပြီးရောကွာ တစ်ခွက်ပဲနော် "

ရိုး အရိပ်အတွက်အရက်ကိုအနံလောက်သာငှဲ့လိုက်၍ ခွက်အပြည့်ရေတွေထည့်လိုက်တော့ လူပျိုအဖွဲ့ကရိုးကိုကြည့်လာသည်။

" ရိုးမာန်ဂုဏ်တို့ကတောလေ သူ့သာသောက်မယ် အရိပ်ကိုတော့ လုံးဝသောက်ခွင့်မပေးနိုင်တဲ့ကောင် မင်းဟာက အခုအရိပ်ကိုတိုက်ဖို့အရက်လား ရေလား "

" သူတစ်ခါမှမသောက်ဖူးတာမဟုတ်ဘူးကွ အနံလောက်သောက်ရင်တောင်မူးမှာအများကြီးမတိုက်နိုင်ဘူး "

" ဟုတ်တယ် ကျွန်တော်အများကြီးမသောက်နိုင်ဘူး ဒါလေးပဲသောက်ပေးမယ် မရစ်ကြနဲ့တော့ဗျာ "

အရိပ်ဝင်ပြောလိုက်မှ အားလုံကအရိပ်ကိုအတင်းမတိုက်တော့ပဲ ရိုးကိုတစ်ဖန်ပြန်ဦးတည်၍ တိုက်နေကြပြန်၏ လူပျိုအဖွဲ့သက်သက်သူတို့ရဲ့မင်္ဂလာဦးညကိုညစ်နေမှန်းအရိပ်သိတာကြောင့် ရိုးကိုခေါ်၍ အမြန်ပြန်လစ်ဖို့သာတွေးလိုက်သည်။

" ရိုး အရိပ်ခေါင်းတွေမူးလာပြီ "

" ဟင် ဟုတ်လား ဒါကြောင့်မတိုက်ချင်တာ တွေ့လား ငါ့အရိပ်လေးမင်းတို့ကြောင့် အခုခေါင်မူးနေပြီ "

" ဟေ့ကောင် အပိုမပြောနဲ့သူသောက်တာ အရက်မဟုတ်ဘူးရေတွေ အရက်ကအနံပဲရှိတယ် ပြန်ချင်လို့ဂွင်ဆင်နေတာ ငါ့တို့မသိဘူးမှတ်နေလား သွားသွားပြန်ကြ ငါ့တို့မနှောက်ယှက်တော့ပါဘူး ငါ့တို့သူငယ်ချင်းတွေရဲ့မင်္ဂလာဦးညလေးကို "

" ဟား ၊ ဟား ၊"

" ငါ့ယိုးသားတွေ တွေ့မယ်မင်းတို့လဲတစ်သက်လုံးလူပျိုဖြစ်မနေပါဘူး မင်းတို့မင်္ဂလာဆောင်မှ ငါ့နဲ့တွေ့မယ် "

ရိုးသူငယ်ချင်းတွေကိုစနောက်ဆဲဆို၍ အရိပ်လက်ကိုဆွဲအိမ်ကိုပြန်လာတော့ အချိန်ကညရှစ်နာရီတောင်ကျော်နေပြီဖြစ်၏ ရိုးနဲ့အရိပ်ခြေလက်ဆေးပြီးအိပ်ခန်းထဲဝင်လာခဲ့လိုက်တော့ ခါတိုင်းသူတို့အိပ်နေတဲ့အိပ်ရာခင်းအဟောင်းတွေနေရာမှာ အသစ်စက်စက်မင်္ဂလာခန်းဝင်ပစ္စည်းတွေဖြစ်တဲ့ အိပ်ရာခင်းကအစခြင်ထောင်အဆုံးအသစ်တွေပဲဖြစ်ပြီး အရီးကသူ့တို့အတွက်လက်ဖွဲ့ဆိုကာခုတင်မလိုပျဉ်ကြမ်းခင်းပေါ်ချလို့ရတဲ့ဆယ်နှစ်လက်မအမြင့်ရှိတဲ့မွေ့ရာကိုလက်ဖွဲ့ကာအကုန်လုံးကိုပြင်ဆင်ပေးထားခဲ့သည်။

အရိပ် ထိုအိပ်ရာကိုမြင်တော့ရင်ထဲလှိုက်ဖို့သွား၍ ရှက်စိတ်ကြောင့်မျက်နှာလေးကအလိုလိုချယ်ရီပန်းပွင့်လေးအသွင်ပြောင်းသွားရသည်။

" အရိပ်ကလေးလေး ဘာတွေးနေတာလဲ "

အနောက်ကနေအရိပ်ကိုပွေ့ဖက်လိုက်၍ မေးလာတဲ့ရိုးကမမူးပါဘူးဆိုပေမဲ့ သောက်ထားတဲ့အရှိန်းကြောင့် ပုံမှန်ရှိရင်စွဲထက်တော့ပိုရဲတင်းနေသလိုထင်ရသည်။

" အခုညက ကိုယ့်တို့ရဲ့တရားဝင်ညလေးလေ "

ရိုးက ထိုစကားလေးကိုခပ်တိုးတိုးပြော၍ အရိပ်ကိုမွေ့ရာခင်းပေါ်အသာတွန်းလှဲချ၍ အပေါ်ကနေအုံးမိုးလာပြီးနောက် အနမ်းတွေနဲ့အစပျိုးလာသည်။

ထို့နောက် .... နောက်တစ်ပိုင်းမှဆက်ကြတာပေါကွာ 😅

< 14 . 10 . 2020 >

[ သူႀကီးသမက္ ]

ရိုးတို႔အိမ္ျပန္ေရာက္ေတာ့ မဂၤလာမ႑ပ္ထဲမွာ လူပ်ိဳေတြအပ်ိဳအဖြဲ႕ေတြေရာက္လာၾကၿပီးျဖစ္၏ အခ်ိန္ကမနက္ခုႏွစ္နာရီရွိေနၿပီစားပြဲျပင္သူကျပင္ အပ်ိဳေတြကလက္ဖြဲ႕တိုက္နဲ႕စာရင္းမွတ္ရန္စာအုပ္ျပင္သူကျပင္သူ႕ေနရာကိုယ့္ေနရာတာဝန္ယူမႈအျပည့္လႈပ္ရွားေနၾကသည္။

" ေဟ့ သတိုးသားတို႔ ဧည့္သည္ေတြမမ်ားခင္ဓာတ္ပုံအရင္ရိုက္ထားၾကဦး "

ၿမိဳ႕ကငွားထားတဲ့ဓက္ပုံဆရာကရိုးနဲ႕အရိပ္ကိုမဂၤလာအမွတ္တရဓာတ္ပုံရိုက္ရင္းမိသားစု ဓာတ္ပုံသူငယ္ခ်င္းမ်ားနဲ႕အတူမ်ားစြာေသာဓာက္ပုံေတြရိုက္ၿပီးခ်ိန္မွာေတာ့ ႐ြာထဲကဧည့္သည္ေတြက မဂၤလာေဆာင္ကိုတစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ေရာက္လာၾကေတာ့ ရိုးနဲ႕အရိပ္လည္းဓာတ္ပုံဆက္မရိုက္အားေတာ့ ဧည့္သည္ေတြကိုဧည့္ခံရေတာ့သည္။

" အစ္မသန္းေဌး စားေနာ္ "

" အရိပ္ေလး ငါ့တို႔နဲ႕ဓာတ္ပုံရိုက္ေပးဦး အမွတ္တရသိမ္းထားခ်င္လို႔ "

" ဟုတ္ခဏေလး ရိုးကိုပါေခၚလိုက္ဦးမယ္ "

အရိပ္ အစ္မသန္းေဌးတို႔ဝိုင္းကိုဧည့္ခံေနရင္းဓာတ္ပုံအတူတြဲရိုက္ခ်င္တယ္ဆိုလို႔ ရိုးကိုရွာလိုက္ေတာ့ ေအာင္သက္တို႔လူပ်ိဳအဖြဲ႕နားမွာစကားရပ္ေျပာေနသည္။

" ရိုး "

အရိပ္လွမ္းေခၚေပမဲ့ မဂၤလာေတးသီခ်င္းသံေတြနဲ႕ ပြဲထဲရွိလူမ်ားစြာရဲ႕အသံေတြေၾကာင့္ ရိုးမၾကားဘူးထင္၏ အရိပ္ရိုးတို႔အနားေလွ်ာက္လာခဲ့လိုက္ကာ။

" ရိုးလို႔ ေခၚမၾကား ေအာ္မၾကားနဲ႕ !"

ေဘးနားေရာက္လာတဲ့ အရိပ္ရဲ႕စူေအာင့္ေအာင့္အေျပာေလးေၾကာင့္ ရိုးၿပဳံးလိုက္၍ အရိပ္ရင္ဘက္အိတ္ကပ္ေလးမွာထိုးထားတဲ့သေျပၫြန႔္ခက္ေလးေစာင္းေနတာကိုေသခ်ာျပန္ျပင္ေပးလိုက္ရင္းက အရိပ္မ်က္ႏွာေလးကိုၾကည့္ကာေမးလိုက္သည္။

" ကိုယ့္မၾကားလိုက္လို႔ပါ အရိပ္ကေလးေလးရဲ႕ ေျပာ ဘာလိုလို႔လဲ "

ရိုးရဲ႕ႏူးႏူးညံ့ညံ့အေျပာေလးေၾကာင့္ အရိပ္ၿပဳံးလိုက္၍။

" ဟိုမွာ အစ္မသန္းေဌးတို႔ကဓာတ္ပုံတြဲရိုက္ခ်င္လို႔တဲ့ "

" ဟုတ္ပါၿပီဗ်ာ ကိုယ့္တို႔အတူသြားရေအာင္ "

ရိုး အရိပ္လက္ကိုဆြဲေခၚကာ အစ္မသန္းေဌးတို႔ဝိုင္းအနားေလွ်ာက္လာခဲ့လိုက္သည္။

ထို႔ေနာက္အမသန္းေဌးတို႔နဲ႕အတူဓာတ္ပုံရိုက္ၿပီး ဟိုနားေလွ်ာက္ဒီနားေလွ်ာက္လာတဲ့ဧည့္သည္ေတြဧည့္ခံရင္းနဲ႕မဂၤလာပြဲေလးကေန႕လယ္တစ္နာရီထိုးခ်ိန္မွာေတာ့ၿပီးေျမာက္သြားခဲ့ၿပီျဖစ္သည္။

" အရိပ္ညၾကရင္ ကိုယ့္ေအာင္သက္တို႔နဲ႕ခဏဝိုင္းေပးလိုက္ဦးမယ္ေနာ္ "

ရိုးအေျပာေၾကာင့္ လက္ဖြဲ႕တိုက္ေတြေဖာက္စီေနတဲ့အရိပ္ကရိုးကိုစူပုပ္ပုပ္မ်က္ႏွာထားနဲ႕ၾကည့္လာသည္။

" အဲလိုအၾကည့္ႀကီးနဲ႕ကိုယ့္ကိုမၾကည့္နဲေလ အရိပ္ေလး လူပ်ိဳအဖြဲ႕ကိုဝိုင္းေထာင္ေပးရမွာက႐ြာရဲ႕ဓေလ့ထုံးစံပဲကို "

" သိတယ္ေလ ကိုယ္တိုင္လိုလို႔လား သူတို႔အတြက္ ခဲဖိုးေပးလိုက္ရင္ရၿပီေလ "

႐ြာရဲ႕ဓေလ့ထုံးစံကမဂၤလာတစ္ခုေဆာင္ရင္ ညဘက္လူပ်ိဳအဖြဲ႕ေပ်ာ္ပါးဖို႔ခဲဖိုးဆိုတာေပးရ၏ မေပးပါကတစ္ညလုံးအိမ္မရေအာင္အိမ္ေခါင္မိုးေပၚခဲမိုးတဖြဲဖြဲမစဲ႐ြာခ်နိဳင္၏ ထိုခဲမိုးကသၾကားမင္း႐ြာသြန္းတာေတာ့မဟုတ္႐ြာထဲကလူပ်ိဳအဖြဲ႕အက်င့္ယုတ္တာပဲျဖစ္သည္။

အရိပ္ကရိုးကိုစူပုပ္ပုပ္နဲ႕ေျပာရင္းလက္ဖြဲ႕ထဲက အခ်ိဳပန္းကန္လုံးပန္းကန္ျပားတိုက္ေတြကိုအိမ္အတြက္မလိုအပ္ေသးတာေၾကာင့္ ဗီရိုထဲစီထည့္ေနသည္။

လက္ဖြဲ႕ပစၥည္းကသိပ္ေတာ့မမ်ားပါ႐ြာမွာကလက္ဖြဲ႕ပစၥည္းထက္ပိုက္ဆံကိုသာဦးစားေပးလက္ဖြဲ႕တတ္ၾက၏ ဒါေၾကာင့္လဲ႐ြာမွာမဂၤလာတစ္ခုေဆာင္ရင္အျမတ္မရရင္ေတာင္ မဂၤလာေဆာင္စရိတ္အရင္းေတာ့ျပန္ရတတ္ၾကသည္။

" အရိပ္လို႔ ကိုယ့္ကိုသြားခြင့္ျပဳေပးလို႔ေနာ္ ကိုယ့္မသြားရင္အဲေကာင္ေတြကခဲဖိုးေပးလဲေက်နပ္မွာမဟုတ္ဘူး "

ရိုး အရိပ္နံေဘးကေနအရိပ္ပခုံးေလးေပၚေခါင္းမွီလိုက္ၿပီးခပ္ခြၽဲခြၽဲေျပာလိုက္ေတာ့ အရိပ္ကရိုးကိုေခါင္းေစာင္းၾကည့္လာသည္။

" ဒါဆို အရိပ္ပါလိုက္မယ္ "

" မရပါဘူး "

" ဘာကိုမရတာလဲ ဒါဆိုရိုးလည္းမသြားရဘူး "

အရိပ္အေျပာေၾကာင့္ ရိုးအရိပ္မ်က္ႏွာကိုၾကည့္လိုက္ေတာ့လုံးဝသူတစ္ေယာက္တည္းသြားခြင့္ျပဳေပးမယ္အေျခေနမရွိတာေၾကာင့္ ရိုးသက္ျပင္းတိုေလးတစ္ခ်က္ခ်လိဳက္မိ၏ အရိပ္လည္းေယာက်္ားေလးတစ္ေယာက္မို႔ လိုက္လာလဲဘာမွမသင့္ေတာ္စရာအေၾကာင္းမရွိဟူ၍ေတြးလိုက္ၿပီးေနာက္။

" ၿပီးေရာဗ်ာ ,လိုက္ခဲ့ ဒါေပမဲ့ ကိုယ့္ကိုကတိတစ္ခုေပးအဲေကာင္ေတြအရိပ္ကို အရက္အတင္းတိုက္ရင္းလုံးဝမေသာက္ရဘူးေနာ္ "

" အင္း , ရိုးလည္းအမ်ားႀကီးမေသာက္ရဘူးေနာ္ "

" ေသခ်ာတာေပါ့ ကိုယ့္အမ်ားႀကီးမေသာက္ပါဘူး ဒီလိုညေလးမွာမူးေအာင္ေသာက္ၿပီးအိပ္ပစ္ဖို႔ ကိုယ္မွာလုံးဝဆႏၵမရွိဘူး "

ရိုးကေဘးမွာထိုင္ေနရင္းအရိပ္ကိုရင္ခြင္ထဲဆြဲဖက္၍ေျပာလာေတာ့ အရိပ္ရိုးရင္ဘက္ကိုလက္ညိုးနဲ႕အသာေထာက္ကာတြန္းလိုက္၍။

" ဒါဆိုေနာက္ေန႕ေတြၾကရင္ေတာ့ မူးေအာင္ေသာက္အိပ္မယ္ေပါ့ "

အရိပ္စကားေၾကာင့္ ရိုးမ်က္ႏွာေလးရႈံ႕လိုက္၍။

" ဒါကသက္သက္မဲ့အရိပ္ကိုယ့္ကိုစြပ္စြဲတာပါေနာ္ ကိုယ္ကအရက္မူးေအာင္ေသာက္မအိပ္ပါဘူး  ညတိုင္းညတိုင္းေဟာ့ဒီကအခ်စ္ကေလးရဲ႕အခ်စ္ေတြကိုပဲမူးေအာင္ေသာက္ၿပီးပဲအိပ္မွာ "

ရိုးအေျပာေၾကာင့္ အရိပ္မ်က္ႏွာမွာခုနကလိုစူပုပ္မေနေတာ့ပဲၿပဳံး႐ႊင္လာသည္။

" အခုအေျပာေလွ်ာ့ အရိပ္ကိုဒါေတြကူေဖာက္ၿပီး ဗီရိုထဲထည့္ေပးဦး "

" အင္း "

ရိုးရဲ႕"အင္း"ဆိုတဲ့စကားေနာက္မွ အရိပ္ဘာသာပဲလုပ္လိုက္ရ၏ ရိုးကဘာတစ္ခုမွကိုလက္နဲ႕ထိေတာင္မၾကည့္ကူေဖာက္ဖို႔ဆိုေဝးေလစြ အရိပ္ခါးကိုအေနာက္ကေနရင္ခြင္ထဲသိုင္းဖက္၍ စကားေတြသာေဘးကေနေျပာေန၏ အရိပ္လည္းမ႐ုန္းပဲ ရိုးရင္ခြင္ထဲမွာထိုင္ေနရင္းနဲ႕ပဲလက္ဖြဲဘူးေတြတစ္ခုၿပီးတစ္ခုအျမန္ေဖာက္ေနလိုက္သည္။

" ဟင္ , ဘာႀကီးလဲ "

ေလးေဒါင့္စကၠဴကူဖာနဲ႕ထုပ္ထားတဲ့ပါဆယ္ဘူးကိုေဖာက္လိုက္ေတာ့ အထဲမွာၾကက္ဥေတြကိုမကြဲေအာင္စပါးခြံေတြနဲ႕အေသခ်ာစီ၍ထည့္ထားတာကဆယ္ႏွစ္လုံးတိတိ ေဘးမွာကအကန႔္ေလးေဒါင့္ေလးျပန္ခြဲထား၍ ငွက္ေပ်ာသီးဆယ္လုံးကိုလဲအေသခ်ာစီထည့္ထားၿပီးအေပၚကေနရာမွၾကေတာ့ ႏြားနို႔နဲ႕ပ်ားရည္ကိုအေသခ်ာလုံေအာင္ေရသန႔္ဘူးနဲ႕ပိတ္ကာထည့္ထားျပန္၏ ၿပီးေတာ့စာ႐ြက္ေလးတစ္ခုကပါေသးသည္။

" ဟက္  "

ရိုးက အရိပ္ကိုဖက္ထားရင္က ထိုပစၥည္းေတြကိုေတြ႕ေတာ့ထရယ္လာ၏ အရိပ္လည္းထိုပစၥည္းေတြကတစ္ေယာက္ေယာက္သူတို႔ႏွစ္ေယာက္ကိုစေနာက္ထားမွန္းသိတာေၾကာင့္ အထဲကေခါက္ထားတဲ့စာ႐ြက္ျဖဴေလးကိုဖြင့္ဖတ္ၾကည့္လိုက္သည္။

💌 ေဟ့ေကာင္ေတြ အခုဒီစာကိုငရိုးဖတ္ေနတာလား အရိပ္ဖတ္ေနတာလား ဒါမွမဟုတ္ႏွစ္ေယာက္လုံးအတူတူဖတ္ေနတာလား မင္းတို႔ကအပ်ိဳလူပ်ိဳအဖြဲ႕မွ်ယူတာမဟုတ္ပဲ လူပ်ိဳအဖြဲ႕ထဲကပဲႏွစ္ေယာက္လုံးကယူသြားေတာ့ ငါ့တို႔က်န္ရွိေနခဲ့ၾကတဲ့လူပ်ိဳအဖြဲ႕က သက္သက္လက္ဖြဲ႕လိုက္တာ ဘယ္သူေအာက္ ဘယ္သူအေပၚလဲငါ့တို႔ေသခ်ာမသိေပမဲ့ ေသခ်ာတာကေတာ့ ငါ့တို႔ရဲ႕လက္ဖြဲ႕ေတြက ငရိုးစားဖို႔အတြက္ပဲထင္တယ္ ေဟ့ / လူပ်ိဳအဖြဲ႕ / 💌

" ဟြန္း "

အရိပ္ဆီကဟြန္းဆိုတဲ့မေက်နပ္ခ်က္ေလးေၾကာင့္ ရိုးအရိပ္ခါးေလးကိုအေနာက္ကေနသိုင္းဖက္ထားတာကိုပိုတင္းက်ပ္လိုက္ၿပီး အရိပ္ပခုံးေပၚေမးတင္၍ အရိပ္ကိုင္ထားတဲ့စာကိုျပန္ၾကည့္လိုက္ၿပီး ေနာက္တစ္ခါက္ျပန္ဖတ္ကာရယ္ရင္းနဲ႕ေမးလိုက္သည္။

" ဘာလို႔လဲ အရိပ္ရဲ႕သူ႕တို႔ကစတာကိုစိတ္ဆိုးသြားတာလား "

" စိတ္မဆိုးပါဘူး အဲေကာင္ေတြကအၿမဲတမ္းအဲလိုေႏွာက္ယွက္တတ္တဲ့ေကာင္ေတြေလ သူ႕တို႔ကိုစိတ္ဆိုးလဲဘာထူးမွာလဲ ဟြန္း "

" ဒါဆိုအရိပ္မ်က္ႏွာႀကီးကဘာလို႔ မ်က္ေမွာင္ၾကဳတ္ၿပီး ႏႈတ္ခမ္းႀကီးစူေနတာလဲလို႔ ကိုယ့္ရဲ႕ဘဲေပါက္ကေလးေလးရဲ႕ "

" သူတို႔ေရးထားတာၾကည့္ေလ အေပၚကလား ေအာက္ကလားတဲ့ ၿပီးေတာ့လဲသူ႕တို႔ဘာသာဆုံးျဖတ္သြားတယ္ ဒီပစၥည္းေတြကရိုးနဲ႕ပိုသက္ဆိုင္တယ္တဲ့ !"

" ကေလးေလးက အဲဒါနဲ႕ပတ္သက္ၿပီး စိတ္ဆိုးသြားတယ္ေပါ့ ဟုတ္ဘူးလားလို႔ သူ႕တို႔ေျပာသလိုတကယ္လဲ ကိုယ့္နဲ႕သက္ဆိုင္တာပဲကို "

" ရိုးေနာ္ !"

အရိပ္ ရိုးကိုရွက္စိတ္တိုနဲ႕ေအာ္ပစ္လိုက္ၿပီးပစၥည္းေတြကိုဖယ္ထုတ္လိုက္ေတာ့ မနက္ကတည္းကမို႔ႏြားနို႔ေတြကခ်ဥ္ကုန္ၿပီထင္သည္။

" ရိုး ႏြားနို႔ေတြကမေကာင္းေတာ့ဘူး "

" မေကာင္းရင္ပစ္လိုက္ေလ "

" ဟုတ္ "

ႏြားနို႔ကိုေတာ့ ပစ္ရန္ဖယ္ထားလိုက္ၿပီး တျခားပစၥည္းေတြကိုေတာ့ သူ႕ေနရာသူေသခ်ာစီထားလိုက္ၿပီးေနာက္ အခ်ိန္ကညေနဘက္ကိုေတာင္ေရာက္သြားၿပီျဖစ္သည္။

ည‌ဘက္ေရာက္ေတာ့ လူပ်ိဳအဖြဲ႕ကိုအရက္ဝိုင္းေပးရန္ေနရာေ႐ြးလိုက္ေတာ့ အားလုံးရဲ႕သေဘာတူညီမႈနဲ႕အတူလူပ်ိဴေခါင္းကိုစံပါတို႔အိမ္ဝိုင္းမွာေနရာက်သြားသည္။

" အရိပ္မေသာက္ဘူး "

ငေဌးကအရိပ္ေရွ႕မွာပါခြက္ခ်၍ အရက္ငွဲ႕ထည့္ေနတာေၾကာင့္ ရိုးတားလိုက္သည္။

" ငရိုးရာ ဘာေတြျဖစ္ပ်က္ျပေနတာလဲ ဒီလိုေပ်ာ္ပြဲ႐ႊင္ပြဲေလးမွာသူလဲေယာက်္ားေလးတစ္ေယာက္ပဲေလ တစ္ခြက္ေလာက္ေတာ့ငါ့တို႔နဲ႕အတူေသာက္သင့္တာေပါ့ "

" ဟုတ္တယ္ ဟုတ္တယ္ "

လူညစ္ေကာင္ေအာင္သက္စကားေၾကာင့္ နံေဘးနားကထိုင္ေနၾကတဲ့ လူပ်ိဳတစ္သိုက္ကပါေထာက္ခံလာၾကေတာ့ ရိုးမျငင္းသာေတာ့၍။

"  ၿပီးေရာကြာ တစ္ခြက္ပဲေနာ္ "

ရိုး အရိပ္အတြက္အရက္ကိုအနံေလာက္သာငွဲ႕လိုက္၍ ခြက္အျပည့္ေရေတြထည့္လိုက္ေတာ့ လူပ်ိဳအဖြဲ႕ကရိုးကိုၾကည့္လာသည္။

" ရိုးမာန္ဂုဏ္တို႔ကေတာေလ သူ႕သာေသာက္မယ္ အရိပ္ကိုေတာ့ လုံးဝေသာက္ခြင့္မေပးနိုင္တဲ့ေကာင္ မင္းဟာက အခုအရိပ္ကိုတိုက္ဖို႔အရက္လား ေရလား "

" သူတစ္ခါမွမေသာက္ဖူးတာမဟုတ္ဘူးကြ အနံေလာက္ေသာက္ရင္ေတာင္မူးမွာအမ်ားႀကီးမတိုက္နိုင္ဘူး "

" ဟုတ္တယ္ ကြၽန္ေတာ္အမ်ားႀကီးမေသာက္နိုင္ဘူး ဒါေလးပဲေသာက္ေပးမယ္ မရစ္ၾကနဲ႕ေတာ့ဗ်ာ "

အရိပ္ဝင္ေျပာလိုက္မွ အားလုံကအရိပ္ကိုအတင္းမတိုက္ေတာ့ပဲ ရိုးကိုတစ္ဖန္ျပန္ဦးတည္၍ တိုက္ေနၾကျပန္၏ လူပ်ိဳအဖြဲ႕သက္သက္သူတို႔ရဲ႕မဂၤလာဦးညကိုညစ္ေနမွန္းအရိပ္သိတာေၾကာင့္ ရိုးကိုေခၚ၍ အျမန္ျပန္လစ္ဖို႔သာေတြးလိုက္သည္။

" ရိုး အရိပ္ေခါင္းေတြမူးလာၿပီ "

" ဟင္ ဟုတ္လား ဒါေၾကာင့္မတိုက္ခ်င္တာ ေတြ႕လား ငါ့အရိပ္ေလးမင္းတို႔ေၾကာင့္ အခုေခါင္မူးေနၿပီ "

" ေဟ့ေကာင္ အပိုမေျပာနဲ႕သူေသာက္တာ အရက္မဟုတ္ဘူးေရေတြ အရက္ကအနံပဲရွိတယ္ ျပန္ခ်င္လို႔ဂြင္ဆင္ေနတာ ငါ့တို႔မသိဘူးမွတ္ေနလား သြားသြားျပန္ၾက ငါ့တို႔မေႏွာက္ယွက္ေတာ့ပါဘူး ငါ့တို႔သူငယ္ခ်င္းေတြရဲ႕မဂၤလာဦးညေလးကို "

" ဟား ၊ ဟား ၊"

" ငါ့ယိုးသားေတြ ေတြ႕မယ္မင္းတို႔လဲတစ္သက္လုံးလူပ်ိဳျဖစ္မေနပါဘူး မင္းတို႔မဂၤလာေဆာင္မွ ငါ့နဲ႕ေတြ႕မယ္ "

ရိုးသူငယ္ခ်င္းေတြကိုစေနာက္ဆဲဆို၍ အရိပ္လက္ကိုဆြဲအိမ္ကိုျပန္လာေတာ့ အခ်ိန္ကညရွစ္နာရီေတာင္ေက်ာ္ေနၿပီျဖစ္၏ ရိုးနဲ႕အရိပ္ေျခလက္ေဆးၿပီးအိပ္ခန္းထဲဝင္လာခဲ့လိုက္ေတာ့ ခါတိုင္းသူတို႔အိပ္ေနတဲ့အိပ္ရာခင္းအေဟာင္းေတြေနရာမွာ အသစ္စက္စက္မဂၤလာခန္းဝင္ပစၥည္းေတြျဖစ္တဲ့ အိပ္ရာခင္းကအစျခင္ေထာင္အဆုံးအသစ္ေတြပဲျဖစ္ၿပီး အရီးကသူ႕တို႔အတြက္လက္ဖြဲ႕ဆိုကာခုတင္မလိုပ်ဥ္ၾကမ္းခင္းေပၚခ်လိဳ႕ရတဲ့ဆယ္ႏွစ္လက္မအျမင့္ရွိတဲ့ေမြ႕ရာကိုလက္ဖြဲ႕ကာအကုန္လုံးကိုျပင္ဆင္ေပးထားခဲ့သည္။

အရိပ္ ထိုအိပ္ရာကိုျမင္ေတာ့ရင္ထဲလွိုက္ဖို႔သြား၍ ရွက္စိတ္ေၾကာင့္မ်က္ႏွာေလးကအလိုလိုခ်ယ္ရီပန္းပြင့္ေလးအသြင္ေျပာင္းသြားရသည္။

" အရိပ္ကေလးေလး ဘာေတြးေနတာလဲ "

အေနာက္ကေနအရိပ္ကိုေပြ႕ဖက္လိုက္၍ ေမးလာတဲ့ရိုးကမမူးပါဘူးဆိုေပမဲ့ ေသာက္ထားတဲ့အရွိန္းေၾကာင့္ ပုံမွန္ရွိရင္စြဲထက္ေတာ့ပိုရဲတင္းေနသလိုထင္ရသည္။

" အခုညက ကိုယ့္တို႔ရဲ႕တရားဝင္ညေလးေလ "

ရိုးက ထိုစကားေလးကိုခပ္တိုးတိုးေျပာ၍ အရိပ္ကိုေမြ႕ရာခင္းေပၚအသာတြန္းလွဲခ်၍ အေပၚကေနအုံးမိုးလာၿပီးေနာက္ အနမ္းေတြနဲ႕အစပ်ိဳးလာသည္။

ထို႔ေနာက္ .... ေနာက္တစ္ပိုင္းမွဆက္ၾကတာေပါကြာ 😅

< 14 . 10 . 2020 >

Continue Reading

You'll Also Like

440K 21.9K 39
ခပ်အေးအေးနေတတ်တဲ့ ကောင်လေးနဲ့ ဆိုးပြီး အရွဲ့တိုက်တတ်တဲ့ ခပ်ဆိုးဆိုးကောင်လေး သူတို့နှစ်ယောက် တွေ့ဖို့ ဖန်လာသောအခါ........
1.6M 125K 41
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡
516K 95.7K 99
Non fiction BL මට පෙන්නන්න බැරි දේවල් තමයි වැඩියෙන්ම ඕනේ.
25.4K 875 25
အရာရာမှာတော်ပြီးထက်မြတ်ပေမဲ့ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ "The King"ကုမ္ပဏီရဲ့Ceo "ဝဏ္ဏမင်းမြတ်"က မိဘတွေမရှိတော့ပဲ ဘဝကိုလွတ်လပ်စွာဖြတ်သန်းပြီး ခပ်ချေ...