ချစ်တာလား .. သနားတာလား ? / Is...

By Kyaw272922

121K 11.8K 1K

" ငါ့ဘာသာ ငါတောင် ဖြစ်သလို နေနေတာ ဘယ်သူ့ကိုမှလည်း ငါဂရုစိုက်ပြီး နေတာ မဟုတ်ဘူး ဒါပေမဲ့ " Jane " ဆိုတဲ့ မင်းအ... More

PART - ( 1 )
PART - ( 2 )
PART - ( 3 )
PART - ( 4 )
PART - ( 5 )
PART - ( 6 )
PART - ( 7 )
PART - ( 8 )
PART - ( 9 )
PART - ( 10 )
PART - ( 11 )
PART - ( 12 )
PART - ( 13 )
PART - ( 14 )
PART - ( 15 )
PART - ( 16 )
PART - ( 17 )
PART - ( 18 )
PART - ( 19 )
PART - ( 20 )
PART - ( 21 )
PART - ( 22 )
PART - ( 23 )
PART - ( 24 )
PART - ( 25 )
PART - ( 26 )
PART - ( 27 )
PART - ( 28 )
PART - ( 29 )
PART - ( 30 )
PART - ( 31 )
PART - ( 32 )
PART - ( 33 )
PART - ( 34 )
PART - ( 35 )
PART - ( 36 )
PART - ( 38 )
PART - ( 39 )
PART - ( 40 )
PART - ( 41 )
PART - ( 42 )
PART - ( 43 )
PART - ( 44 )
PART - ( 45 )
PART - ( 46 )
PART - ( 47 )
PART - ( 48 )
PART - ( 49 )
PART - ( 50 )
PART - ( 51 )
PART - ( 52 )
PART - ( 53 )
PART - ( 54 )
PART - ( 55 )
PART - ( 56 )
PART - ( 57 )
PART - ( 58 )
PART - ( 59 )
PART - ( 60 )
PART - ( 61 )
PART - ( 62 )
PART - ( 63 )
PART - ( 64 )
PART - ( 65 )
PART - ( 66 )
PART - ( 67 )
PART - ( 68 )
PART - ( 69 )
PART - ( 70 )
PART - ( 71 )
PART - ( 72 ) The End
Announcement🚨

PART - ( 37 )

1.4K 138 14
By Kyaw272922

Unicode

"  KJ Group ဆိုတာ ကြားဖူးနေတာ
   ကြာပေမဲ့ အခုမှပဲ သေချာမြင်ဖူးတော့
   တယ်.."

         Somi က လျှောက်လာရင်း သူ့ဘေးက
အဖော်ဖြစ်တဲ့ အမျိုးသမီးကို ပြောလိုက်သည်။

          Somi တို့ အလုပ်လုပ်တဲ့ ရုံးကနေ စာရွက်စာတမ်းတစ်ချို့ကို KJ Group ဆီ တိုက်ရိုက်သွားပို့ဖို့ အကြောင်းဖြစ်လာတော့ ရောက်လာခဲ့ခြင်းပင်။ စာရွက်စာတမ်းတွေပါတဲ့ ပါဆယ်ဘူးကို  KJ ထဲက ပို့ရမယ့် ဌာနမှာ သွားပေးခဲ့ပြီး ပြန်ဖို့ ထွက်လာခဲ့ကြသည်။

" KJ ရဲ့ အတွင်းပိုင်းက တော်တော် ခမ်းနား
  တာပဲ.. Korea မှာ No.1 ဖြစ်နေတာလည်း
  မဆန်းဘူးဟ..
  ဒီလိုနေရာမျိုးမှာ အလုပ်ရတဲ့သူတွေက
  တော့ ကံကောင်းတာပဲ.."

        Somi က သူ့အဖော်အမျိုးသမီး ပြောတဲ့စကားကို ထောက်ခံခေါင်းညိတ်ပြီး

" အေးဟာ..ငါတောင် တွေးမိသေးတယ်
   ငါ့တူမလေးလည်း တစ်ချိန်ကျရင် ဒီလို
   နေရာမှာ အလုပ်လေး ရရင် ကောင်းမယ်.."

" နင့်တူမက အခု တက္ကသိုလ်ကျောင်းသူ
   ပဲ ရှိသေးတာ မလား.."

" အင်း..ငါ့တူမက လိမ္မာ‌ပါတယ်ဟာ ...
   ငါ တစ်ယောက်တည်း အလုပ်လုပ်ပြီး
   ပင်ပန်းနေတာကို မကြည့်ရက်လို့တဲ့..
   သူလည်း အလုပ်လုပ်ချင်ပြီတဲ့..

   အခုလည်း ကျောင်းတတ်ရင်း အချိန်ပိုင်း
   အလုပ်အနေနဲ့ Cafe တစ်ခုမှာ သူဝင်လုပ်
   နေတယ်.."

" အင်း..သူကျောင်းပြီးလို့ ဘွဲ့ရပြီးရင်တော့
   အလုပ်ကောင်းကောင်းတစ်ခု ရလောက်ပါ
   တယ်..
   နင်လည်း ဒီတူမ တစ်ယောက်ရယ်
   အလုပ်လုပ်တာရယ်နဲ့ အိမ်ထောင်ပြုဖို့
   ပိုပြီး ဝေးပြီပေါ့.. Somi ရာ "

       Somi က ရယ်လိုက်ပြီး

" ငါက Jane ကို ပြုစုပျိုးထောင်ဖို့ ရွေးချယ်
   ပြီးခဲ့ကတည်းက အိမ်ထောင်ပြုဖို့
   ကို အလိုလို စွန့်လွှတ်ထားပြီးသားပါ.."

" အေးပါဟာ .."

      သူတို့ နှစ်ယောက်သား စကားပြောရင်း
လျှောက်လာခဲ့ကြသည်။

___

             Company ရှေ့ကားရပ်လိုက်တာနဲ့
အစောင့်က ကားတံခါး လာဖွင့်ပေးတာ
‌ေကြာင့် Jihyo ဆင်းလာခဲ့သည်။

ဉက္ကဌကြီးအမိန့်နဲ့ပဲ Jihyo  ကျောင်းကနေ အပြန်ဆိုရင် Company ကို လာပြီး အလုပ်နဲ့ပတ်သတ်တာ‌မှန်သမျှ သင်ယူလေ့လာမှုတွေ လုပ်‌နေရပါပြီ...
အလုပ်ရဲ့ အရာအားလုံးကို နားမလည်နိုင်သေးပေမဲ့လည်း  ကြိုးကြိုးစားစားတော့ လေ့လာနေရတာပါပဲ..

           တည်ငြိမ်ပြီး ခပ်မာမာ မျက်နှာထားနဲ့ Company ထဲကို ‌ေလျှာက်လာတဲ့ Jihyo နောက်ကနေ Teddy က ကပ်လျက်ပါလာသည်။ Company ဝန်ထမ်းများကလည်း
မမလေး ကိုမြင်တာနဲ့ အလိုလိုကို လမ်းရှင်း
ထားပေးကြသည်။

        ဒါပေမဲ့ သူ့ကို မသိမသာ ခိုးကြည့်‌ေနကြပြီး ဝန်ထမ်း‌ေတွထဲကကောင်မလေးတစ်ယောက်က ဘေးကလူကို

" အဲ့တာ ဉက္ကဌကြီးရဲ့ သမီး Kim Jihyo
   ဆိုတာလားဟင်..? "

" အင်း..ဟုတ်တယ်.."

" သူက ‌အရမ်းချောတယ်နော်
   ရုပ်ရှင်မင်းသမီးတွေလိုမျိုးပဲ လှတယ် "

" သိပ်ချောတာ မှန်ပေမဲ့ စိတ်ကတော့
   သိပ်ရှည်တဲ့ သူမျိုး မဟုတ်ဘူးနော်..
   အခု CEO မဖြစ်သေးတာတောင် ခက်ထန်
   နေတဲ့ သူ့ပုံစံကို မြင်တယ်မလား ..

   နင့်ကို သတိပေးထားရမယ်..
   ဖြစ်နိုင်သရွေ့တော့ သူ့ရှေ့ကို မရောက်
   သွားမိစေနဲ့နော်...
   ဘယ်တော့မဆို သူလာနေရင်လည်း
   လမ်းကို ကြိုတင်ဖယ်ပေးထားပေး...
   ကြားလား.."

" ဟုတ်ကဲ့..အစ်မ.."

         Somi တို့လည်း Company ဝန်ထမ်းတွေက တိတ်ဆိတ်ပြီး တစ်စုံတစ်ယောက်အတွက် လမ်းဖယ်ပေးနေတဲ့ပုံ မြင်ရတော့ စိတ်ဝင်တစားနဲ့ လိုက်ကြည့်နေမိသည်။
သူ့တူမ အရွယ်လောက်ပဲ ရှိတဲ့ကောင်မလေးတစ်ယောက်က သူ့နားက‌နေ ဖြတ်‌ေလျှာက်သွားတော့

" အာ..ငါ သူ့ကို မြင်ဖူးနေသလိုပဲ..? "

          Jihyo လျှောက်လာရင်း နောက်ကနေ
အသံတစ်သံ ကြားလိုက်ရသည်။

" ဟိုလေ..တစ်ဆိတ်လောက်.."

     Jihyo က ‌နောက်ပြန်လှည့်ကြည့်လာတော့ သူ့ကို ခေါ်တဲ့ အမျိုးသမီးကို ဝန်ထမ်းတွေကတော့ မျက်လုံး‌ေလးတွေ ပြူးလျက် ဝိုင်းကြည့်နေကြသည်။ အဲ့အမျိုးသမီးက Jihyo ဆီကို လျှောက်လာပြီး Jihyoကလည်း
အဲ့အမျိုးသမီးကို သေချာကြည့်လိုက်တော့ အံ့ဩတုန်လှုပ်သွားသည်။ စိတ်ထဲကနေ

ဟင်! ..သူက Jane ရဲ့ ဒေါ်လေး Somi မလား
ဘယ်လိုလုပ်ပြီး ဒီကို..

          ဒါပေမဲ့လည်း Jihyo က သူ့ရဲ့ ပုံစံကို
မပျက်ယွင်းအောင် ဟန်ဆောင်ရင်း Somi ကို

" ဘာကိစ္စများရှိလို့လဲ..? "

        Jihyo က ခပ်တည်တည်နဲ့ လေသံမာမာ မေးလာတော့ Somi က သေချာကြည့်ရင်း

" တူလိုက်တာ.."

Somi ရဲ့ တူလိုက်တာ ဆိုတဲ့စကားက
သူ့တူမ Jane ရဲ့ သူငယ်ချင်း Jisoo နဲ့
တူတယ် လို့ပြောချင်နေမှန်း Jihyo သိပါတယ်...
ဒါပေမဲ့လည်း Jihyo က မသိချင်ယောင်ဆောင်ပြီး Somi ကို မျက်မှောင်ကြုတ်ပြကာ

" ဘာကိုတူတာလဲ..? "

" အာ..ဟိုလေ.."

      Somi အနေနဲ့ စဉ်းစားရခက်သွားသည်။

အခု သူ့ရှေ့မှာ မြင်နေရတာက Jane တို့ရဲ့ ပျောက်သွားတယ် ဆိုတဲ့ သူငယ်ချင်း Jisoo ဆိုတဲ့ တစ်ယောက်နဲ့ လုံးဝ ရုပ်ချင်းတူနေတဲ့
သူတစ်ယောက်။

           ဘေးကလူတွေရဲ့ အသံကြောင့် အခု
သူ့ရှေ့က မိန်းကလေးက KJ ဉက္ကဌရဲ့ သမီး ဆိုတာတော့ Somi ရိပ်မိလိုက်သည်။

အမူအရာ ၊ အကြည့်တွေကအစ ကွဲပြားနေ
တဲ့အပြင်ကို KJ ဉက္ကဌသမီးကတော့ စကားပြောနိုင်နေတဲ့ သာမန်လူလို ဖြစ်နေပြီး
Jisoo ဆိုတာက စကားမပြောနိုင်ပဲ အနေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာပါပဲ ..

____

             Jihyo က Somi ကို စိတ်ပျက်သလိုအကြည့်နဲ့ ကြည့်ပြီး ပြန်လှည့်ထွက်သွားကာ

" ရှင်က ကျွန်မအချိန်တွေကို လာဖြုန်းနေ
   တာပဲ.."

       Somi က အဲ့နေရာမှာပဲ ကျန်ခဲ့ပြီး သူ့ရဲ့
အဖော်အမျိုးသမီးက

" ဟဲ့..နင်ကလည်း ဘာတွေ‌ေလျှာက်လုပ်နေ
   တာလဲ..? အဲ့တာက ဒီ KJ Group ရဲ့
   နောက်ဆက်ခံသူ Kim Jihyo ဆိုတဲ့
   သူနော်.."

" ငါ သိပါတယ် ..ဒါပေမဲ့.."

       Somi က သူ့ကို ကျောခိုင်းပြီး ထွက်သွား
တဲ့ Kim Jihyo ဆိုတဲ့ သူကို ထပ်ကြည့်‌ေနမိ
သည်။  Jihyo တို့ VIP ဓာတ်လှေကားထဲကို ဝင်သွားမှ Somi တို့လည်း ထိုနေရာက
ပြန်လှည့်ထွက်လာခဲ့သည်။

          Jihyo လည်း Teddy နဲ့အတူ VIP
ဓာတ်လှေကားထဲ ရောက်မှ ဓာတ်လှေကားနံရံကို လက်ထောက်ပြီး သက်ပြင်းချနိုင် သည်။ အခုမှ ရင်ထဲက အပူလုံးကြီးကျသွား
သလိုပါပဲ။ ဘေးကနေ Teddy က

" မမလေး.. အဆင်ပြေရဲ့လား..? "

" အင်း ..ပြေပါတယ်..
   ဒါနဲ့ ဒေါ်လေး Somi က ဘယ်လိုလုပ်ပြီး
   KJ ကို ရောက်နေရတာလဲ..? "

" သူ အလုပ်လုပ်နေတဲ့ရုံးနဲ့ ကျွန်တော်တို့
   KJ Group နဲ့က နည်းနည်းဆက်စပ်မှု
   ရှိမယ် ထင်တယ်
   ကြည့်ရတာ ဒီကို အလုပ်ကိစ္စနဲ့ ရောက်လာ
   တာ ဖြစ်လိမ့်မယ် ..မမလေး "

       Jihyo က နားထောင်ပြီး နောက်မှ

" ငါ့ကို Jisoo လို့ မသိသွားလောက်ပါဘူး
   နော်.."

        Teddy က စဉ်းစားလိုက်ဟန်နဲ့

" ကျွန်တော်ကတော့ သူ မသိလောက်ဘူး
   ထင်တယ်
   ဘာလို့ဆို အခု မမလေးနဲ့ Jisoo နဲ့က လုံးဝ
   မတူပဲ ကွဲပြားနေတာလေ
   ရုပ်ချင်းဆင်တ‌ဲ့သူအနေနဲ့ပဲ သူထင်သွား
   လိမ့်မယ် ထင်ပါတယ်.."

         Jihyo က ခေါင်းလေးညိတ်ရင်း

" အဲ့လိုဆိုရင်တော့ တော်သေးတာပေါ့..

   ဒါနဲ့ .. အစ်ကို Min Suk ကရော
   ဒီမှာပဲလား..? "

" မဟုတ်ပါဘူး..မမလေး..
   ဒီနေ့ သူ သွားစရာ နေရာ ရှိတယ်တဲ့.."

" သွားစရာ နေရာ..? "

" ဟုတ်ကဲ့.. Cafe မှာလား ဘာလားတော့
   မသိပေမဲ့ သူအဲ့မှာ ရှိနေမယ်တဲ့.."

       Jihyo က လေတစ်ချက်မှုတ်ထုတ်ရင်း

" နောက်ပြီးရင် သူ့ကို ဆက်သွယ်လိုက်ပါ
   ငါနဲ့အတူ ညစာစားရအောင် လို့.."

" ဟုတ်ကဲ့ပါ ..မမလေး.."

_
_
_

          Min Suk က Magazine စာအုပ်လေး
တစ်အုပ် ကိုင်လျက် Coffee ဆိုင်လေးတစ်ခုထဲကို တံခါးဖွင့်ပြီး ဝင်လာခဲ့သည်။ ဆိုင်ထဲ
ရောက်တာနဲ့ မျက်လုံးလေး ဝေ့ကြည့်လိုက်
တော့ စားပွဲခုံတွေ သုတ်နေတဲ့ Jane ကို တွေ့
ရသည်။ Jane သူ့ကို သတိမထားမိသေးခင်မှာပဲ ‌စားပွဲတစ်ခုမှာ နေရာယူထိုင်လိုက်သည်။ သူ့နားကို တစ်ခြား Waiter
ကောင်လေးတစ်ယောက်က ရောက်လာပြီး

" ဘာများသုံးဆောင်မလဲ ခင်ဗျာ..?"

" Black Coffee .."

" ဟုတ်ကဲ့.."

         Waiter ကောင်လေး သွားတော့မယ်
ဆိုမှ Min Suk က

" နေအုံး ..ညီလေး.."

" ဟုတ်ကဲ့..? "

" ရော့ ..ဒါလေးယူလိုက်.."

             Min Suk က Waiter ကောင်လေးလက်ထဲကို ငွေအနည်းငယ်ထည့်ပေးလိုက်
ပြီး နားအနားကို တစ်ခုခုကပ်ပြောလိုက်သည်။

" ဪ..ဟုတ်ကဲ့..ကျွန်တော် နားလည်ပါပြီ "

        
          ကောင်လေးက ‌Min Suk ပြောတာကို
နားထောင်ကာ ခေါင်းညိတ်ပြီး ပြန်ထွက်သွားသည်။ Min Suk က သူ့မှာပါလာတဲ့ Magazine စာအုပ်ကို ဖတ်ချင်ယောင်ဆောင်ရင်း Jane အလုပ်လုပ်နေတာကို
လှမ်းခိုးကြည့်နေသည်။

____

           နောက်တော့ Jane ဆီကို Waiter
ကောင်လေးက ဗန်းလေးကိုင်လျက် လျှောက်
လာခဲ့ပြီး

" ညီမ Jane .."

" ဟုတ်ကဲ့ .."

" ဟိုမှာ Magazine စာအုပ် ဖတ်နေတဲ့လူရဲ့
   ဝိုင်းကို ဒီဟာလေး သွားချပေးပါလား .."

" ဪ.. ဟုတ်.."

        Waiter ကောင်လေးက Jane ကို
Min Suk ထိုင်နေတဲ့ ဝိုင်းဆီ ရအောင်ပို့ပေး
လိုက်သည်။

____

         Jane က ဗန်းလေးနဲ့ သယ်လာခဲ့ပြီး ရောက်တော့  Magazine စာအုပ်ဖတ်နေတဲ့လူရဲ့ရှေ့ကို Black Coffee ခွက်လေး ချပေးရင်း

" မှာထားတာ ရပါပြီရှင့်.."

" ကျေးဇူးပါ..Jane .."

      Magazine စာအုပ်လေး ချပြီး ပြုံးလျက်
စကားတုံ့ပြန်လာသူကို Jane ကြည့်လိုက်
တော့

" ဟင်..ရှင်က .."

        Min Suk က Jane ကို  ပြုံးလျက်နဲ့
မျက်ခုံးလေးပင့်ကာ ကြည့်လာသည်။

" အစ်ကို Kim Min Suk ..
   ဟုတ်တယ်မလား.."

" ကျွန်တော့ကို မှတ်မိသေးတဲ့အတွက်
   ဝမ်းသာပါတယ်.. Jane.."

" မမှတ်မိပဲ နေပါ့မလား..တွေ့တာက
   ဒါနဲ့ဆို 3 ကြိမ်မြောက် ဖြစ်နေပြီလေ.."

        Jane က တစ်ချက်ပြုံးပြီး ပြောလာ
တော့ Min Suk ကလည်း ပြုံးလျက်နဲ့
ချောင်းလေးဟန့်ပြီး

" ‌ဒီနားက ဖြတ်သွားရင်း Cafe ထိုင်ချင်တာနဲ့
   ဝင်လာလိုက်တာ..
   Jane အလုပ်လုပ်နေတဲ့ဆိုင်မှန်း
   မသိလိုက်ဘူး.."

" ဪ .. ကျွန်မက ဒီမှာ အချိန်ပိုင်းဝင်လုပ်
   နေတာပါ..."

        Min Suk က ခေါင်းလေးညိတ်ကာ

" ဪ.. ဒါနဲ့.."

"ဟုတ်ကဲ့..? "

    Min Suk ပြောတာကို Jane က နားထောင်
နေသည်။

"  အဲ့တုန်းက အလျင်လိုနေတော့ သေချာ
    မမေးလိုက်မိဘူး..
    ကျွန်တော် ပေးခဲ့တဲ့ ဒေစီပန်းစည်း‌ကို
    ကြိုက်ရဲ့လားဗျာ့..? "

            Jane က မျက်ခုံးလေးပင့်လိုက်ကာ
တစ်ချက်ပြုံးပြီး

" ကျွန်မက ဒေစီပန်းကို ကြိုက်ပါတယ်.."

            Min Suk က Jane ပြန်ဖြေတာကို
သိပ်သဘောမကျလှပေမဲ့ ခေါင်းလေးညိတ်
ကာ ပြုံးလိုက်သည်။

ဒေစီပန်းကို ကြိုက်ပါတယ် တဲ့လား..
ကိုယ်ပေးတဲ့ ဒေစီပန်းလို့ ပြောရင်
ပိုပျော်မိမှာပဲ .. Jane ရယ်...

Janeရဲ့ အမူအရာ တစ်ခုချင်းစီက
ကိုယ့်အတွက်တော့ ထူးခြား‌ပါတယ်
တော်ရုံ ဘယ်မိန်းကလေးကိုမှ ရင်မခုန်ခဲ့တဲ့
ကိုယ့်နှလုံးသားက Jane ဆိုတဲ့ မိန်းက‌ေလးနဲ့ကျမှ အရည်ပျော်နေရတာ...
ဘယ်လောက်ထိ Jane ကို ချစ်မိ‌ေနပြီမှန်း ကိုယ် မသိပေမဲ့လည်း ချစ်တာကတော့ သေချာ‌ေနတာပဲမလား...

မသိရင် ကိုယ်က ဒီမိန်းကလေးကို ချစ်ရဖို့
Korea ကို တကူးတကတောင် ပြန်လာခဲ့ရ
သလိုပါပဲ...

____

          Min Suk က သူ့ရှေ့က Black Coffee
ခွက်လေးကို မွှေနေလိုက်သည်။ Jane က

" ဒါဆို သုံးဆောင်လိုက်ပါအုံးနော် .."

            Jane က Min Suk ကို ပြောပြီး
ခေါင်းလေးညွှတ်ပြကာ ထွက်သွားသည်။

____
     
       Jane ကတော့ ဆိုင်ကို နောက်ရောက်လာတဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးရင်း
အလုပ်ရှုပ်နေသည်။ Min Suk ကလည်း
Black Coffee ကို ဖြည်းဖြည်းချင်းသောက်ရင်း Jane ကိုပဲ မသိမသာ လှမ်းငေးကြည့်နေ
ခဲ့သည်။

          အဲ့နောက် Jane အလုပ်ချိန်ပြည့်သွားတော့ အဝတ်လဲခန်းထဲ ဝင်ပြီး အဝတ်လဲကာ ပြန်ဖို့ပြင်ဆင်လိုက်သည်။ Jane အဝတ်လဲခန်းထဲက မထွက်ခင် Lisa ဆီ ဖုန်းခေါ်လိုက်ပြီး တစ်ဖက်က Lisa ဖုန်းကိုင်လာတော့

" Hello .. အင်း.. Jane "

" Hello .. Lisa ရောက်ခါနီးပြီလားဟင်..? "

" ရောက်ခါနီးနေပြီ..
   Jane ဆိုင်ရှေ့ထွက်လာလိုက်နော်.."

" အင်းပါ .."

        Jane ဖုန်းချလိုက်ပြီး အဝတ်လဲခန်းထဲက ထွက်လာတော့ ဆိုင်တံခါးရှေ့မှာ ဆိုင်ကနေ ပြန်ဖို့ လုပ်နေတဲ့ Min Suk နဲ့ ထပ်တွေ့ပြန်သည်။

" ဪ..Jane ..ပြန်တော့မှာလား.."

" ဟုတ်.. ကျွန်မ အလုပ်ချိန်ပြည့်သွားပြီ
   ဆိုတော့ .."

     Min Suk က ပြုံးလိုက်ပြီး

" ကျွန်တော် လိုက်ပို့ပေးရအုံးမလား.."

         Jane က တစ်ချက်ပြုံးကာ ခေါင်းခါ
လိုက်ပြီး

" ကျေးဇူးတင်ပါတယ် .. ဒါပေမဲ့
   ကျွန်မကို လာကြိုမယ့်သူ ရှိပြီးသားပါ .."

      Min Suk က ပြုံးနေရင်း မဆိုသလောက် မျက်မှောင် ကြုတ်သွားသည်။

" လာကြိုမယ့်သူ..? "

       Jane က Min Suk ကို ကျော်ပြီး ဆိုင်ရဲ့ မှန်တံခါး အပြင်ဘက်ကို လှမ်းကြည့်ရင်း

" ဪ..ဟိုမှာ သူ ရောက်လာပြီ..
   ဒါဆို ကျွန်မကို ခွင့်ပြုပါအုံးနော်.."

        Min Suk ပြန်ပြောတာကိုတောင်
နားမထောင်တော့ပဲ ဆိုင်တံခါးကို ဆွဲဖွင့်ပြီး
ထွက်သွားတဲ့ Jane ...

____

        Lisa က ပြုံးပြီး Jane ရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးပြီး

" ဆိုင်မှာ အလုပ်လုပ်တာ အဆင်ပြေရဲ့လား"

" အင်း..ပြေပါတယ်.. Lisa ရဲ့.."

          Lisa က ချိုသာတဲ့ အပြုံးတွေနဲ့ Jane
ကို ပြုံးပြရင်း လက်ကိုတွဲကာ

" လာ..သွားရအောင်.."

         Min Suk က ဆိုင်ကနေ မထွက်သေးပဲ
အပြင်က သူတို့ နှစ်ယောက်ကို မှန်တံခါးကနေလှမ်းကြည့်နေသည်။

         Jane က သူနဲ့ ရွယ်တူလောက်ရှိတဲ့
ကောင်မလေးတစ်ယောက်ရဲ့ လက်ကို
တွဲပြီး ပျော်ပျော်ရွှင်ရွှင် စကားပြော‌ေနရင်း
ထွက်သွားသည်။

ဒီမြင်ကွင်းကို မြင်ရတဲ့ Min Suk အတွက် ခံစားချက် လုံးဝမကောင်းပါ
သူတို့ နှစ်ယောက်က ဘာတွေလဲ..
ငါ နောက်ကျသွားပြီလား ဆိုတဲ့
အသိစိတ်က Min Suk စိတ်ထဲ စတင်ကြီးစိုးလာခဲ့တယ်..

သူငယ်ချင်းတွေလို့ မြင်ပေးလို့ရပေမဲ့လည်း
လူတွေကြားက ‌ဆက်ဆံရေးတွေ ဆိုတာကလည်း တစ်နေ့နဲ့ တစ်နေ့ တူတာမှ မဟုတ်ပဲ...

_
_
_

                          ည 7 နာရီ

" တကယ်ထူးဆန်းတယ်..Jane ရဲ့.."

      ညစာစားဝိုင်းလေးမှာ စကားပြောနေကြတဲ့ Somi နဲ့ Jane ။ Jane က စားနေရင်း

" ဒေါ်လေးကလည်း...
   ဒေါ်လေး အခုပြောနေတဲ့ Kim Jihyo ဆိုတဲ့
   မိန်းကလေးက KJ Group ဆိုတဲ့ လုပ်ငန်းစု
   ရဲ့ ဆက်ခံသူ ...
   ဘဝမှာ အရာအားလုံး ပြည့်စုံနေတဲ့
   သူဌေးသမီးတစ်ယောက်...

   Jane တို့ရဲ့ ပျောက်သွားတဲ့ Jisoo ဆိုတဲ့
   သူငယ်ချင်းက သာမန်လူတန်းစား ၊
   စကားတောင် မပြောနိုင်ပဲ ချို့ယွင်းချက်
   ရှိနေတဲ့ မိန်းကလေးလေ..

    တစ်ခြားသူနဲ့ မှားတယ်ဆို ထားပါတော့
    နောက်ကြောင်းရာဇဝင် လိုက်စရာ မလို
    လောက်အောင် ရှင်းလင်းနေတဲ့ သူဌေး
    သမီးနဲ့ Jisoo ကို မှားတာကတော့..."

       Somi က Jane ပြောတာကို နားထောင်
ပြီး နှုတ်ခမ်းကြီး ဆူလာကာ

" ရုပ်ချင်းကတော့ တကယ်ဆင်နေတာကိုး.."

      Jane က သူ့ဒေါ်လေး Somi ကို ကြည့်ပြီး
လက်ကလေး အုပ်ရယ်ကာ

" မျက်မှန်ဝယ်တပ်သင့်ပြီနော်..ဒေါ်လေး..
   အသက်ကြီးလာပြီဆိုတော့ အမြင်တွေ
   ဝေဝါးလာတာ  ဖြစ်တတ်ပါတယ်..ဟီး.."

      Somi က Jane ပုခုံးကို တစ်ချက် ခပ်ဖွဖွ
လှမ်းရိုက်ပြီး မျက်စောင်းတွေ လှိမ့်ထိုးကာ

" ကောင်မစုတ်လေး..
   အဒေါ် လုပ်တဲ့သူကိုဆို ပြောဖို့ပဲ.."

_
_
_

                           ည 8 နာရီ

             Chae က သူ့အခန်းထဲက စားပွဲမှာ
ထိုင်နေရင်း စာကြည့်နေသည်။
ဖုန်းက Message ဝင်လာလို့ ယူကြည့်လိုက်တော့ Lisa ဆီက။

" Chae .. နင်ဘာလုပ်နေလဲ..? "

            Chae က Lisa ဆီက Message ကို
ဖတ်ပြီး ပြုံးလိုက်သည်။

အရင်ကဆို Lisa က အကြောင်းမရှိပဲ Chae ဆီကို စဆက်သွယ်တတ်တဲ့ သူမျိုး မဟုတ်..
အခုဆို Lisa က လုံးဝပြောင်းလဲသွားတယ်
လို့ပဲ ပြောရမလား..
ညဒီလိုအချိန်လောက်ဆို Lisa က Chae ဆီကို Message စပို့တတ်လာပါတယ်...
နင်ဘာလုပ်နေလဲ ဆိုတဲ့ Intro နဲ့ပေါ့...

Lisa က Soo ကိစ္စကြောင့် Chae တစ်ယောက်တည်း ခံစားနေရချိန်မှာအဖော်ပြုပေးခဲ့သလို အခုလည်း Chae ကို အထီးမကျန်စေချင်လို့ မရရအောင် အဖော်ပြုပေးနေမှန်း သိသာပါတယ်...
ဒီအတွက်လည်း Lisa ကို Chae  ကျေးဇူး
တင်မိပါတယ်...

____

              Chae က Lisa ဆီ Message ပြန်ပို့
လိုက်သည်။

" ငါ စာကြည့်နေတာ.."

" အင်း..ညစာရော စားပြီးပြီလား..? "

" စားလို့ ကောင်းမှ ကောင်း..
   ငါ့အမေ လက်ရာလေ.."

             Chae က ပြန်ပို့လာတော့ Lisa က
တစ်ချက်ရယ်မိသည်။ ပြီးမှ

" အင်း..စောစောလည်း အိပ်အုံး.."

" အဲ့တာက ငါ့ကို ပြောရမှာမဟုတ်ဘူး
   နင့်ကိုယ်နင် ပြန်ပြောရမှာ.."

" ဟမ်..ဘာလို့..? "

" ကောင်မလေး ရပြီးကတည်းက ညဘက်
   တွေ မအိပ်ပဲ စကားပြောကြလို့ စောစော
   အိပ်တတ်တဲ့ အကျင့်ပျက်နေတာက နင်ပဲ
   Lisa ရဲ့ .. "

         Lisa က Chae စာကို ဖတ်ပြီး ရယ်ကာ

" ဟင့်...မနာလိုနေတာလား.."

" အမယ်လေး... မနာလိုစရာလား..
   တော်ပါပြီ..ငါ စာဆက်ကြည့်တော့မယ်
   နင်လည်း နင့်ရဲ့ Jane လေးနဲ့ ချစ်ကြည်နူး
   တစ်တီတူးပြီး စကား‌ေတွသွားပြောတော့..
   သွား... "

" အေးပါဟာ..နင်ကလည်း စိတ်ချည်းပဲ..
   ဒါပဲ .. Good Night .. Chae "

" အေး.. Good Night .. Lisa .."

           Chae ဘေးကို ဖုန်းချပြီး စားပွဲခုံလေး
ပေါ် လက်လေးမေးထောက်ပြီး ပြုံးမိသည်။

Chae အတွက်တော့ အချစ်က အဖြေမရှိတဲ့
ပုစ္ဆာလို ဖြစ်ခဲ့ပေမဲ့  Lisa ကိုတော့ ဒီအချစ်နဲ့ ပတ်သတ်ပြီး အသင့်တော်ဆုံး အဖြေတစ်ခုနဲ့ကံကောင်းစေချင်ပါတယ်...

           ************************

_
_
_

Zawgyi

" KJ Group ဆိုတာ ၾကားဖူးေနတာ
ၾကာေပမဲ့ အခုမွပဲ ေသခ်ာျမင္ဖူးေတာ့
တယ္.."

    Somi က ေလွ်ာက္လာရင္း သူ႕ေဘးက
အေဖာ္ျဖစ္တဲ့ အမ်ိဳးသမီးကို ေျပာလိုက္သည္။

   Somi တို႔ အလုပ္လုပ္တဲ့ ႐ုံးကေန စာ႐ြက္စာတမ္းတစ္ခ်ိဳ႕ကို KJ Group ဆီ တိုက္ရိုက္သြားပို႔ဖို႔ အေၾကာင္းျဖစ္လာေတာ့ ေရာက္လာခဲ့ျခင္းပင္။ စာ႐ြက္စာတမ္းေတြပါတဲ့ ပါဆယ္ဘူးကို KJ ထဲက ပို႔ရမယ့္ ဌာနမွာ သြားေပးခဲ့ၿပီး ျပန္ဖို႔ ထြက္လာခဲ့ၾကသည္။

" KJ ရဲ႕ အတြင္းပိုင္းက ေတာ္ေတာ္ ခမ္းနား
တာပဲ.. Korea မွာ No.1 ျဖစ္ေနတာလည္း
မဆန္းဘူးဟ..
ဒီလိုေနရာမ်ိဳးမွာ အလုပ္ရတဲ့သူေတြက
ေတာ့ ကံေကာင္းတာပဲ.."

    Somi က သူ႕အေဖာ္အမ်ိဳးသမီး ေျပာတဲ့စကားကို ေထာက္ခံေခါင္းညိတ္ၿပီး

" ေအးဟာ..ငါေတာင္ ေတြးမိေသးတယ္
ငါ့တူမေလးလည္း တစ္ခ်ိန္က်ရင္ ဒီလို
ေနရာမွာ အလုပ္ေလး ရရင္ ေကာင္းမယ္.."

" နင့္တူမက အခု တကၠသိုလ္ေက်ာင္းသူ
ပဲ ရွိေသးတာ မလား.."

" အင္း..ငါ့တူမက လိမၼာပါတယ္ဟာ ...
ငါ တစ္ေယာက္တည္း အလုပ္လုပ္ၿပီး
ပင္ပန္းေနတာကို မၾကည့္ရက္လို႔တဲ့..
သူလည္း အလုပ္လုပ္ခ်င္ၿပီတဲ့..

အခုလည္း ေက်ာင္းတတ္ရင္း အခ်ိန္ပိုင္း
အလုပ္အေနနဲ႕ Cafe တစ္ခုမွာ သူဝင္လုပ္
   ေနတယ္.."

" အင္း..သူေက်ာင္းၿပီးလို႔ ဘြဲ႕ရၿပီးရင္ေတာ့
အလုပ္ေကာင္းေကာင္းတစ္ခု ရေလာက္ပါ
တယ္..
နင္လည္း ဒီတူမ တစ္ေယာက္ရယ္
အလုပ္လုပ္တာရယ္နဲ႕ အိမ္ေထာင္ျပဳဖို႔
ပိုၿပီး ေဝးၿပီေပါ့.. Somi ရာ "

   Somi က ရယ္လိုက္ၿပီး

" ငါက Jane ကို ျပဳစုပ်ိဳးေထာင္ဖို႔ ေ႐ြးခ်ယ္
ၿပီးခဲ့ကတည္းက အိမ္ေထာင္ျပဳဖို႔
ကို အလိုလို စြန႔္လႊတ္ထားၿပီးသားပါ.."

" ေအးပါဟာ .."

   သူတို႔ ႏွစ္ေယာက္သား စကားေျပာရင္း
ေလွ်ာက္လာခဲ့ၾကသည္။

___

      Company ေရွ႕ကားရပ္လိုက္တာနဲ႕
အေစာင့္က ကားတံခါး လာဖြင့္ေပးတာ
ေကြာင့် Jihyo ဆင္းလာခဲ့သည္။

ဉကၠဌႀကီးအမိန႔္နဲ႕ပဲ Jihyo ေက်ာင္းကေန အျပန္ဆိုရင္ Company ကို လာၿပီး အလုပ္နဲ႕ပတ္သတ္တာမွန္သမွ် သင္ယူေလ့လာမႈေတြ လုပ္ေနရပါၿပီ...
အလုပ္ရဲ႕ အရာအားလုံးကို နားမလည္နိုင္ေသးေပမဲ့လည္း ႀကိဳးႀကိဳးစားစားေတာ့ ေလ့လာေနရတာပါပဲ..

     တည္ၿငိမ္ၿပီး ခပ္မာမာ မ်က္ႏွာထားနဲ႕ Company ထဲကို ေလျှာက်လာတဲ့ Jihyo ေနာက္ကေန Teddy က ကပ္လ်က္ပါလာသည္။ Company ဝန္ထမ္းမ်ားကလည္း
မမေလး ကိုျမင္တာနဲ႕ အလိုလိုကို လမ္းရွင္း
ထားေပးၾကသည္။

        ဒါေပမဲ့ သူ႕ကို မသိမသာ ခိုးၾကည့္ေနကြပြီး ဝန္ထမ္းေတွထဲကကောင်မလေးတစ်ယောက်က ေဘးကလူကို

" အဲ့တာ ဉကၠဌႀကီးရဲ႕ သမီး Kim Jihyo
ဆိုတာလားဟင္..? "

" အင္း..ဟုတ္တယ္.."

" သူက အရမ္းေခ်ာတယ္ေနာ္
႐ုပ္ရွင္မင္းသမီးေတြလိုမ်ိဳးပဲ လွတယ္ "

" သိပ္ေခ်ာတာ မွန္ေပမဲ့ စိတ္ကေတာ့
သိပ္ရွည္တဲ့ သူမ်ိဳး မဟုတ္ဘူးေနာ္..
အခု CEO မျဖစ္ေသးတာေတာင္ ခက္ထန္
ေနတဲ့ သူ႕ပုံစံကို ျမင္တယ္မလား ..

နင့္ကို သတိေပးထားရမယ္..
ျဖစ္နိုင္သေ႐ြ႕ေတာ့ သူ႕ေရွ႕ကို မေရာက္
သြားမိေစနဲ႕ေနာ္...
ဘယ္ေတာ့မဆို သူလာေနရင္လည္း
လမ္းကို ႀကိဳတင္ဖယ္ေပးထားေပး...
ၾကားလား.."

" ဟုတ္ကဲ့..အစ္မ.."

    Somi တို႔လည္း Company ဝန္ထမ္းေတြက တိတ္ဆိတ္ၿပီး တစ္စုံတစ္ေယာက္အတြက္ လမ္းဖယ္ေပးေနတဲ့ပုံ ျမင္ရေတာ့ စိတ္ဝင္တစားနဲ႕ လိုက္ၾကည့္ေနမိသည္။
သူ႕တူမ အ႐ြယ္ေလာက္ပဲ ရွိတဲ့ေကာင္မေလးတစ္ေယာက္က သူ႕နားကေန ျဖတ္ေလျှာက်သွားတော့

" အာ..ငါ သူ႕ကို ျမင္ဖူးေနသလိုပဲ..? "

     Jihyo ေလွ်ာက္လာရင္း ေနာက္ကေန
အသံတစ္သံ ၾကားလိုက္ရသည္။

" ဟိုေလ..တစ္ဆိတ္ေလာက္.."

    Jihyo က ေနာက္ျပန္လွည့္ၾကည့္လာေတာ့ သူ႕ကို ေခၚတဲ့ အမ်ိဳးသမီးကို ဝန္ထမ္းေတြကေတာ့ မ်က္လုံးေလးတွေ ျပဴးလ်က္ ဝိုင္းၾကည့္ေနၾကသည္။ အဲ့အမ်ိဳးသမီးက Jihyo ဆီကို ေလွ်ာက္လာၿပီး Jihyoကလည္း
အဲ့အမ်ိဳးသမီးကို ေသခ်ာၾကည့္လိုက္ေတာ့ အံ့ဩတုန္လႈပ္သြားသည္။ စိတ္ထဲကေန

ဟင္! ..သူက Jane ရဲ႕ ေဒၚေလး Somi မလား
ဘယ္လိုလုပ္ၿပီး ဒီကို..

    ဒါေပမဲ့လည္း Jihyo က သူ႕ရဲ႕ ပုံစံကို
မပ်က္ယြင္းေအာင္ ဟန္ေဆာင္ရင္း Somi ကို

" ဘာကိစၥမ်ားရွိလို႔လဲ..? "

    Jihyo က ခပ္တည္တည္နဲ႕ ေလသံမာမာ ေမးလာေတာ့ Somi က ေသခ်ာၾကည့္ရင္း

" တူလိုက္တာ.."

Somi ရဲ႕ တူလိုက္တာ ဆိုတဲ့စကားက
သူ႕တူမ Jane ရဲ႕ သူငယ္ခ်င္း Jisoo နဲ႕
တူတယ္ လို႔ေျပာခ်င္ေနမွန္း Jihyo သိပါတယ္...
ဒါေပမဲ့လည္း Jihyo က မသိခ်င္ေယာင္ေဆာင္ၿပီး Somi ကို မ်က္ေမွာင္ၾကဳတ္ျပကာ

" ဘာကိုတူတာလဲ..? "

" အာ..ဟိုေလ.."

   Somi အေနနဲ႕ စဥ္းစားရခက္သြားသည္။

အခု သူ႕ေရွ႕မွာ ျမင္ေနရတာက Jane တို႔ရဲ႕ ေပ်ာက္သြားတယ္ ဆိုတဲ့ သူငယ္ခ်င္း Jisoo ဆိုတဲ့ တစ္ေယာက္နဲ႕ လုံးဝ ႐ုပ္ခ်င္းတူေနတဲ့
သူတစ္ေယာက္။

     ေဘးကလူေတြရဲ႕ အသံေၾကာင့္ အခု
သူ႕ေရွ႕က မိန္းကေလးက KJ ဉကၠဌရဲ႕ သမီး ဆိုတာေတာ့ Somi ရိပ္မိလိုက္သည္။

အမူအရာ ၊ အၾကည့္ေတြကအစ ကြဲျပားေန
တဲ့အျပင္ကို KJ ဉကၠဌသမီးကေတာ့ စကားေျပာနိုင္ေနတဲ့ သာမန္လူလို ျဖစ္ေနၿပီး
Jisoo ဆိုတာက စကားမေျပာနိုင္ပဲ အေနတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္ေနတာပါပဲ ..

____

     Jihyo က Somi ကို စိတ္ပ်က္သလိုအၾကည့္နဲ႕ ၾကည့္ၿပီး ျပန္လွည့္ထြက္သြားကာ

" ရွင္က ကြၽန္မအခ်ိန္ေတြကို လာျဖဳန္းေန
တာပဲ.."

   Somi က အဲ့ေနရာမွာပဲ က်န္ခဲ့ၿပီး သူ႕ရဲ႕
အေဖာ္အမ်ိဳးသမီးက

" ဟဲ့..နင္ကလည္း ဘာေတြေလျှာက်လုပ်နေ
တာလဲ..? အဲ့တာက ဒီ KJ Group ရဲ႕
ေနာက္ဆက္ခံသူ Kim Jihyo ဆိုတဲ့
   သူေနာ္.."

" ငါ သိပါတယ္ ..ဒါေပမဲ့.."

   Somi က သူ႕ကို ေက်ာခိုင္းၿပီး ထြက္သြား
တဲ့ Kim Jihyo ဆိုတဲ့ သူကို ထပ္ၾကည့္ေနမိ
သည္။ Jihyo တို႔ VIP ဓာတ္ေလွကားထဲကို ဝင္သြားမွ Somi တို႔လည္း ထိုေနရာက
ျပန္လွည့္ထြက္လာခဲ့သည္။

     Jihyo လည္း Teddy နဲ႕အတူ VIP
ဓာတ္ေလွကားထဲ ေရာက္မွ ဓာတ္ေလွကားနံရံကို လက္ေထာက္ၿပီး သက္ျပင္းခ်နိဳင္ သည္။ အခုမွ ရင္ထဲက အပူလုံးႀကီးက်သြား
သလိုပါပဲ။ ေဘးကေန Teddy က

" မမေလး.. အဆင္ေျပရဲ႕လား..? "

" အင္း ..ေျပပါတယ္..
ဒါနဲ႕ ေဒၚေလး Somi က ဘယ္လိုလုပ္ၿပီး
KJ ကို ေရာက္ေနရတာလဲ..? "

" သူ အလုပ္လုပ္ေနတဲ့႐ုံးနဲ႕ ကြၽန္ေတာ္တို႔
KJ Group နဲ႕က နည္းနည္းဆက္စပ္မႈ
ရွိမယ္ ထင္တယ္
ၾကည့္ရတာ ဒီကို အလုပ္ကိစၥနဲ႕ ေရာက္လာ
တာ ျဖစ္လိမ့္မယ္ ..မမေလး "

   Jihyo က နားေထာင္ၿပီး ေနာက္မွ

" ငါ့ကို Jisoo လို႔ မသိသြားေလာက္ပါဘူး
ေနာ္.."

    Teddy က စဥ္းစားလိုက္ဟန္နဲ႕

" ကြၽန္ေတာ္ကေတာ့ သူ မသိေလာက္ဘူး
ထင္တယ္
ဘာလို႔ဆို အခု မမေလးနဲ႕ Jisoo နဲ႕က လုံးဝ
မတူပဲ ကြဲျပားေနတာေလ
႐ုပ္ခ်င္းဆင္တဲ့သူအေနနဲ႕ပဲ သူထင္သြား
လိမ့္မယ္ ထင္ပါတယ္.."

    Jihyo က ေခါင္းေလးညိတ္ရင္း

" အဲ့လိုဆိုရင္ေတာ့ ေတာ္ေသးတာေပါ့..

ဒါနဲ႕ .. အစ္ကို Min Suk ကေရာ
ဒီမွာပဲလား..? "

" မဟုတ္ပါဘူး..မမေလး..
ဒီေန႕ သူ သြားစရာ ေနရာ ရွိတယ္တဲ့.."

" သြားစရာ ေနရာ..? "

" ဟုတ္ကဲ့.. Cafe မွာလား ဘာလားေတာ့
မသိေပမဲ့ သူအဲ့မွာ ရွိေနမယ္တဲ့.."

   Jihyo က ေလတစ္ခ်က္မႈတ္ထုတ္ရင္း

" ေနာက္ၿပီးရင္ သူ႕ကို ဆက္သြယ္လိုက္ပါ
ငါနဲ႕အတူ ညစာစားရေအာင္ လို႔.."

" ဟုတ္ကဲ့ပါ ..မမေလး.."

_
_
_

    Min Suk က Magazine စာအုပ္ေလး
တစ္အုပ္ ကိုင္လ်က္ Coffee ဆိုင္ေလးတစ္ခုထဲကို တံခါးဖြင့္ၿပီး ဝင္လာခဲ့သည္။ ဆိုင္ထဲ
ေရာက္တာနဲ႕ မ်က္လုံးေလး ေဝ့ၾကည့္လိုက္
ေတာ့ စားပြဲခုံေတြ သုတ္ေနတဲ့ Jane ကို ေတြ႕
ရသည္။ Jane သူ႕ကို သတိမထားမိေသးခင္မွာပဲ စားပြဲတစ္ခုမွာ ေနရာယူထိုင္လိုက္သည္။ သူ႕နားကို တစ္ျခား Waiter
ေကာင္ေလးတစ္ေယာက္က ေရာက္လာၿပီး

" ဘာမ်ားသုံးေဆာင္မလဲ ခင္ဗ်ာ..?"

" Black Coffee .."

" ဟုတ္ကဲ့.."

      Waiter ေကာင္ေလး သြားေတာ့မယ္
ဆိုမွ Min Suk က

" ေနအုံး ..ညီေလး.."

" ဟုတ္ကဲ့..? "

" ေရာ့ ..ဒါေလးယူလိုက္.."

      Min Suk က Waiter ေကာင္ေလးလက္ထဲကို ေငြအနည္းငယ္ထည့္ေပးလိုက္
ၿပီး နားအနားကို တစ္ခုခုကပ္ေျပာလိုက္သည္။

" ဪ..ဟုတ္ကဲ့..ကြၽန္ေတာ္ နားလည္ပါၿပီ "

   
     ေကာင္ေလးက Min Suk ေျပာတာကို
နားေထာင္ကာ ေခါင္းညိတ္ၿပီး ျပန္ထြက္သြားသည္။ Min Suk က သူ႕မွာပါလာတဲ့ Magazine စာအုပ္ကို ဖတ္ခ်င္ေယာင္ေဆာင္ရင္း Jane အလုပ္လုပ္ေနတာကို
လွမ္းခိုးၾကည့္ေနသည္။

____

        ေနာက္ေတာ့ Jane ဆီကို Waiter
ေကာင္ေလးက ဗန္းေလးကိုင္လ်က္ ေလွ်ာက္
လာခဲ့ၿပီး

" ညီမ Jane .."

" ဟုတ္ကဲ့ .."

" ဟိုမွာ Magazine စာအုပ္ ဖတ္ေနတဲ့လူရဲ႕
   ဝိုင္းကို ဒီဟာေလး သြားခ်ေပးပါလား .."

" ဪ.. ဟုတ္.."

    Waiter ေကာင္ေလးက Jane ကို
Min Suk ထိုင္ေနတဲ့ ဝိုင္းဆီ ရေအာင္ပို႔ေပး
လိုက္သည္။

____

        Jane က ဗန္းေလးနဲ႕ သယ္လာခဲ့ၿပီး ေရာက္ေတာ့ Magazine စာအုပ္ဖတ္ေနတဲ့လူရဲ႕ေရွ႕ကို Black Coffee ခြက္ေလး ခ်ေပးရင္း

" မွာထားတာ ရပါၿပီရွင့္.."

" ေက်းဇူးပါ..Jane .."

   Magazine စာအုပ္ေလး ခ်ၿပီး ၿပဳံးလ်က္
စကားတုံ႕ျပန္လာသူကို Jane ၾကည့္လိုက္
ေတာ့

" ဟင္..ရွင္က .."

    Min Suk က Jane ကို ၿပဳံးလ်က္နဲ႕
မ်က္ခုံးေလးပင့္ကာ ၾကည့္လာသည္။

" အစ္ကို Kim Min Suk ..
ဟုတ္တယ္မလား.."

" ကြၽန္ေတာ့ကို မွတ္မိေသးတဲ့အတြက္
ဝမ္းသာပါတယ္.. Jane.."

" မမွတ္မိပဲ ေနပါ့မလား..ေတြ႕တာက
ဒါနဲ႕ဆို 3 ႀကိမ္ေျမာက္ ျဖစ္ေနၿပီေလ.."

    Jane က တစ္ခ်က္ၿပဳံးၿပီး ေျပာလာ
ေတာ့ Min Suk ကလည္း ၿပဳံးလ်က္နဲ႕
ေခ်ာင္းေလးဟန႔္ၿပီး

" ဒီနားက ျဖတ္သြားရင္း Cafe ထိုင္ခ်င္တာနဲ႕
   ဝင္လာလိုက္တာ..
Jane အလုပ္လုပ္ေနတဲ့ဆိုင္မွန္း
မသိလိုက္ဘူး.."

" ဪ .. ကြၽန္မက ဒီမွာ အခ်ိန္ပိုင္းဝင္လုပ္
ေနတာပါ..."

    Min Suk က ေခါင္းေလးညိတ္ကာ

" ဪ.. ဒါနဲ႕.."

"ဟုတ္ကဲ့..? "

  Min Suk ေျပာတာကို Jane က နားေထာင္
ေနသည္။

" အဲ့တုန္းက အလ်င္လိုေနေတာ့ ေသခ်ာ
မေမးလိုက္မိဘူး..
ကြၽန္ေတာ္ ေပးခဲ့တဲ့ ေဒစီပန္းစည္းကို
ႀကိဳက္ရဲ႕လားဗ်ာ့..? "

      Jane က မ်က္ခုံးေလးပင့္လိုက္ကာ
တစ္ခ်က္ၿပဳံးၿပီး

" ကြၽန္မက ေဒစီပန္းကို ႀကိဳက္ပါတယ္.."

      Min Suk က Jane ျပန္ေျဖတာကို
သိပ္သေဘာမက်လွေပမဲ့ ေခါင္းေလးညိတ္
ကာ ၿပဳံးလိုက္သည္။

ေဒစီပန္းကို ႀကိဳက္ပါတယ္ တဲ့လား..
ကိုယ္ေပးတဲ့ ေဒစီပန္းလို႔ ေျပာရင္
ပိုေပ်ာ္မိမွာပဲ .. Jane ရယ္...

Janeရဲ႕ အမူအရာ တစ္ခုခ်င္းစီက
ကိုယ့္အတြက္ေတာ့ ထူးျခားပါတယ္
ေတာ္႐ုံ ဘယ္မိန္းကေလးကိုမွ ရင္မခုန္ခဲ့တဲ့
ကိုယ့္ႏွလုံးသားက Jane ဆိုတဲ့ မိန္းကေလးနဲ့ကျမှ အရည္ေပ်ာ္ေနရတာ...
ဘယ္ေလာက္ထိ Jane ကို ခ်စ္မိေနပြီမှန်း ကိုယ္ မသိေပမဲ့လည္း ခ်စ္တာကေတာ့ ေသခ်ာေနတာပဲမလား...

မသိရင္ ကိုယ္က ဒီမိန္းကေလးကို ခ်စ္ရဖို႔
Korea ကို တကူးတကေတာင္ ျပန္လာခဲ့ရ
သလိုပါပဲ...

____

     Min Suk က သူ႕ေရွ႕က Black Coffee
ခြက္ေလးကို ေမႊေနလိုက္သည္။ Jane က

" ဒါဆို သုံးေဆာင္လိုက္ပါအုံးေနာ္ .."

      Jane က Min Suk ကို ေျပာၿပီး
ေခါင္းေလးၫႊတ္ျပကာ ထြက္သြားသည္။

____
  
   Jane ကေတာ့ ဆိုင္ကို ေနာက္ေရာက္လာတဲ့ ဧည့္သည္ေတြကို ဝန္ေဆာင္မႈေပးရင္း
အလုပ္ရႈပ္ေနသည္။ Min Suk ကလည္း
Black Coffee ကို ျဖည္းျဖည္းခ်င္းေသာက္ရင္း Jane ကိုပဲ မသိမသာ လွမ္းေငးၾကည့္ေန
ခဲ့သည္။

    အဲ့ေနာက္ Jane အလုပ္ခ်ိန္ျပည့္သြားေတာ့ အဝတ္လဲခန္းထဲ ဝင္ၿပီး အဝတ္လဲကာ ျပန္ဖို႔ျပင္ဆင္လိုက္သည္။ Jane အဝတ္လဲခန္းထဲက မထြက္ခင္ Lisa ဆီ ဖုန္းေခၚလိုက္ၿပီး တစ္ဖက္က Lisa ဖုန္းကိုင္လာေတာ့

" Hello .. အင္း.. Jane "

" Hello .. Lisa ေရာက္ခါနီးၿပီလားဟင္..? "

" ေရာက္ခါနီးေနၿပီ..
Jane ဆိုင္ေရွ႕ထြက္လာလိုက္ေနာ္.."

" အင္းပါ .."

    Jane ဖုန္းခ်လိဳက္ၿပီး အဝတ္လဲခန္းထဲက ထြက္လာေတာ့ ဆိုင္တံခါးေရွ႕မွာ ဆိုင္ကေန ျပန္ဖို႔ လုပ္ေနတဲ့ Min Suk နဲ႕ ထပ္ေတြ႕ျပန္သည္။

" ဪ..Jane ..ျပန္ေတာ့မွာလား.."

" ဟုတ္.. ကြၽန္မ အလုပ္ခ်ိန္ျပည့္သြားၿပီ
ဆိုေတာ့ .."

  Min Suk က ၿပဳံးလိုက္ၿပီး

" ကြၽန္ေတာ္ လိုက္ပို႔ေပးရအုံးမလား.."

    Jane က တစ္ခ်က္ၿပဳံးကာ ေခါင္းခါ
လိုက္ၿပီး

" ေက်းဇူးတင္ပါတယ္ .. ဒါေပမဲ့
ကြၽန္မကို လာႀကိဳမယ့္သူ ရွိၿပီးသားပါ .."

   Min Suk က ၿပဳံးေနရင္း မဆိုသေလာက္ မ်က္ေမွာင္ ၾကဳတ္သြားသည္။

" လာႀကိဳမယ့္သူ..? "

   Jane က Min Suk ကို ေက်ာ္ၿပီး ဆိုင္ရဲ႕ မွန္တံခါး အျပင္ဘက္ကို လွမ္းၾကည့္ရင္း

" ဪ..ဟိုမွာ သူ ေရာက္လာၿပီ..
ဒါဆို ကြၽန္မကို ခြင့္ျပဳပါအုံးေနာ္.."

    Min Suk ျပန္ေျပာတာကိုေတာင္
နားမေထာင္ေတာ့ပဲ ဆိုင္တံခါးကို ဆြဲဖြင့္ၿပီး
ထြက္သြားတဲ့ Jane ...

____

    Lisa က ၿပဳံးၿပီး Jane ရဲ႕ ေခါင္းေလးကို ပြတ္သပ္ေပးၿပီး

" ဆိုင္မွာ အလုပ္လုပ္တာ အဆင္ေျပရဲ႕လား"

" အင္း..ေျပပါတယ္.. Lisa ရဲ႕.."

     Lisa က ခ်ိဳသာတဲ့ အၿပဳံးေတြနဲ႕ Jane
ကို ၿပဳံးျပရင္း လက္ကိုတြဲကာ

" လာ..သြားရေအာင္.."

    Min Suk က ဆိုင္ကေန မထြက္ေသးပဲ
အျပင္က သူတို႔ ႏွစ္ေယာက္ကို မွန္တံခါးကေနလွမ္းၾကည့္ေနသည္။

    Jane က သူနဲ႕ ႐ြယ္တူေလာက္ရွိတဲ့
ေကာင္မေလးတစ္ေယာက္ရဲ႕ လက္ကို
တြဲၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စကားေျပာေနရင်း
ထြက္သြားသည္။

ဒီျမင္ကြင္းကို ျမင္ရတဲ့ Min Suk အတြက္ ခံစားခ်က္ လုံးဝမေကာင္းပါ
သူတို႔ ႏွစ္ေယာက္က ဘာေတြလဲ..
ငါ ေနာက္က်သြားၿပီလား ဆိုတဲ့
အသိစိတ္က Min Suk စိတ္ထဲ စတင္ႀကီးစိုးလာခဲ့တယ္..

သူငယ္ခ်င္းေတြလို႔ ျမင္ေပးလို႔ရေပမဲ့လည္း
လူေတြၾကားက ဆက္ဆံေရးေတြ ဆိုတာကလည္း တစ္ေန႕နဲ႕ တစ္ေန႕ တူတာမွ မဟုတ္ပဲ...

_
_
_

                            ည 7 နာရီ

" တကယ္ထူးဆန္းတယ္..Jane ရဲ႕.."

   ညစာစားဝိုင္းေလးမွာ စကားေျပာေနၾကတဲ့ Somi နဲ႕ Jane ။ Jane က စားေနရင္း

" ေဒၚေလးကလည္း...
ေဒၚေလး အခုေျပာေနတဲ့ Kim Jihyo ဆိုတဲ့
မိန္းကေလးက KJ Group ဆိုတဲ့ လုပ္ငန္းစု
ရဲ႕ ဆက္ခံသူ ...
ဘဝမွာ အရာအားလုံး ျပည့္စုံေနတဲ့
သူေဌးသမီးတစ္ေယာက္...

Jane တို႔ရဲ႕ ေပ်ာက္သြားတဲ့ Jisoo ဆိုတဲ့
သူငယ္ခ်င္းက သာမန္လူတန္းစား ၊
စကားေတာင္ မေျပာနိုင္ပဲ ခ်ိဳ႕ယြင္းခ်က္
ရွိေနတဲ့ မိန္းကေလးေလ..

  တစ္ျခားသူနဲ႕ မွားတယ္ဆို ထားပါေတာ့
  ေနာက္ေၾကာင္းရာဇဝင္ လိုက္စရာ မလို
  ေလာက္ေအာင္ ရွင္းလင္းေနတဲ့ သူေဌး
  သမီးနဲ႕ Jisoo ကို မွားတာကေတာ့..."

   Somi က Jane ေျပာတာကို နားေထာင္
ၿပီး ႏႈတ္ခမ္းႀကီး ဆူလာကာ

" ႐ုပ္ခ်င္းကေတာ့ တကယ္ဆင္ေနတာကိုး.."

   Jane က သူ႕ေဒၚေလး Somi ကို ၾကည့္ၿပီး
လက္ကေလး အုပ္ရယ္ကာ

" မ်က္မွန္ဝယ္တပ္သင့္ၿပီေနာ္..ေဒၚေလး..
အသက္ႀကီးလာၿပီဆိုေတာ့ အျမင္ေတြ
ေဝဝါးလာတာ ျဖစ္တတ္ပါတယ္..ဟီး.."

   Somi က Jane ပုခုံးကို တစ္ခ်က္ ခပ္ဖြဖြ
လွမ္းရိုက္ၿပီး မ်က္ေစာင္းေတြ လွိမ့္ထိုးကာ

" ေကာင္မစုတ္ေလး..
အေဒၚ လုပ္တဲ့သူကိုဆို ေျပာဖို႔ပဲ.."

_
_
_

             ည 8 နာရီ

      Chae က သူ႕အခန္းထဲက စားပြဲမွာ
ထိုင္ေနရင္း စာၾကည့္ေနသည္။
ဖုန္းက Message ဝင္လာလို႔ ယူၾကည့္လိုက္ေတာ့ Lisa ဆီက။

" Chae .. နင္ဘာလုပ္ေနလဲ..? "

      Chae က Lisa ဆီက Message ကို
ဖတ္ၿပီး ၿပဳံးလိုက္သည္။

အရင္ကဆို Lisa က အေၾကာင္းမရွိပဲ Chae ဆီကို စဆက္သြယ္တတ္တဲ့ သူမ်ိဳး မဟုတ္..
အခုဆို Lisa က လုံးဝေျပာင္းလဲသြားတယ္
လို႔ပဲ ေျပာရမလား..
ညဒီလိုအခ်ိန္ေလာက္ဆို Lisa က Chae ဆီကို Message စပို႔တတ္လာပါတယ္...
နင္ဘာလုပ္ေနလဲ ဆိုတဲ့ Intro နဲ႕ေပါ့...

Lisa က Soo ကိစၥေၾကာင့္ Chae တစ္ေယာက္တည္း ခံစားေနရခ်ိန္မွာအေဖာ္ျပဳေပးခဲ့သလို အခုလည္း Chae ကို အထီးမက်န္ေစခ်င္လို႔ မရရေအာင္ အေဖာ္ျပဳေပးေနမွန္း သိသာပါတယ္...
ဒီအတြက္လည္း Lisa ကို Chae ေက်းဇူး
တင္မိပါတယ္...

____

       Chae က Lisa ဆီ Message ျပန္ပို႔
လိုက္သည္။

" ငါ စာၾကည့္ေနတာ.."

" အင္း..ညစာေရာ စားၿပီးၿပီလား..? "

" စားလို႔ ေကာင္းမွ ေကာင္း..
ငါ့အေမ လက္ရာေလ.."

      Chae က ျပန္ပို႔လာေတာ့ Lisa က
တစ္ခ်က္ရယ္မိသည္။ ၿပီးမွ

" အင္း..ေစာေစာလည္း အိပ္အုံး.."

" အဲ့တာက ငါ့ကို ေျပာရမွာမဟုတ္ဘူး
နင့္ကိုယ္နင္ ျပန္ေျပာရမွာ.."

" ဟမ္..ဘာလို႔..? "

" ေကာင္မေလး ရၿပီးကတည္းက ညဘက္
ေတြ မအိပ္ပဲ စကားေျပာၾကလို႔ ေစာေစာ
အိပ္တတ္တဲ့ အက်င့္ပ်က္ေနတာက နင္ပဲ
Lisa ရဲ႕ .. "

    Lisa က Chae စာကို ဖတ္ၿပီး ရယ္ကာ

" ဟင့္...မနာလိုေနတာလား.."

" အမယ္ေလး... မနာလိုစရာလား..
ေတာ္ပါၿပီ..ငါ စာဆက္ၾကည့္ေတာ့မယ္
နင္လည္း နင့္ရဲ႕ Jane ေလးနဲ႕ ခ်စ္ၾကည္ႏူး
တစ္တီတူးၿပီး စကားေတွသွားပြောတော့..
သြား... "

" ေအးပါဟာ..နင္ကလည္း စိတ္ခ်ည္းပဲ..
ဒါပဲ .. Good Night .. Chae "

" ေအး.. Good Night .. Lisa .."

     Chae ေဘးကို ဖုန္းခ်ၿပီး စားပြဲခုံေလး
ေပၚ လက္ေလးေမးေထာက္ၿပီး ၿပဳံးမိသည္။

Chae အတြက္ေတာ့ အခ်စ္က အေျဖမရွိတဲ့
ပုစ္ဆာလို ျဖစ္ခဲ့ေပမဲ့ Lisa ကိုေတာ့ ဒီအခ်စ္နဲ႕ ပတ္သတ္ၿပီး အသင့္ေတာ္ဆုံး အေျဖတစ္ခုနဲ႕ကံေကာင္းေစခ်င္ပါတယ္...

           ************************

_
_
_

Continue Reading

You'll Also Like

241K 18.2K 51
For Unicode လူတစ်​ယောက်ကို တကယ် အချစ်စစ်နဲ့သာ ချစ်ရင်... အချိန်​တွေ ဘယ်​လောက်ပဲ ​ပြောင်း​လဲပါ​စေ... အဲဒီအချစ်က မ​ပြောင်လဲဘူးလို့​တော့ ထင်တယ် ငယ်...
134K 11.3K 38
"ပြည့်စုံခြင်း" ဆိုတဲ့အရာရယ်လို့မရှိဘူးတဲ့...ခက်တာကလည်းအဲ့ဒီ "ပြည့်စုံခြင်း "ဆိုတဲ့အရာလေးကိုခုံမင်နေမိတာ~~~ "ျပည့္စံုျခင္း" ဆိုတဲ့အရာရယ္လို႔မရိွဘူးတဲ...
395K 15.2K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
141K 10.8K 24
မသိလိုက်ပေမဲ့ချစ်ခဲ့ပါတယ်