အပိုင်း ၁၆ သိပ္ပံအကယ်ဒမီမှ ဖိတ်ကြားချက်
လီခိုင်သည် တင်ပြစရာ၇ှိသမျှကို တင်ပြပြီးသည့်တိုင် ဟော်ယွင်ချန်း၏ ရုံးခန်းထဲမှ ထွက်မသွားသေးပေ။ ဟော်ယွင်ချန်း သူ့ကို မျက်လုံးတွေ မှေးကျဉ်းကာ ကြည့်လိုက်သည်။
“ဒါက… ဆရာ မဲပေါက်တဲ့အတွက် ဂုဏ်ယူပါတယ်”
သူက မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
“ ဆရာ့ရဲ့ စားစရာ ပါဆယ်ထုပ်ကို လာပေးတော့မှာဆိုတော့ ဆရာ ကျွန်တော့်ကို နည်းနည်းများ မကျွေးချင်ဘူးလား”
ဟော်ယွင်ချန်းသည် သူ၏ လက်အောက်ငယ်သားကို ကြည့်ကာ ရက်စက်စွာ ငြင်းလိုက်သည်
“ ငါ့အမေက ငါမဲပေါက်မှန်းသိတော့ အိမ်ပြန်ယူလာဖို့ ပြောလိုက်တယ်”
“ အာ…”
တခဏလောက် ကြာသည်အထိ လီခိုင်မှာ အခြေအနေကို နားမလည်သေးပေ။သူ ချက်ချင်း အမူအယာ ပြန်ထိန်းကာ အလေးအနက် အလေးပြုရင်း ပြောသည်။
“ ကျွန်တော်နားလည်ပါပြီ မာရှယ်၊ ကျွန်တော်သွားပါတော့မယ်”
“ အင်း”
အလုပ်တွေ ပြီးသွားသည့်အခါ ဟော်ယွင်ချန်းလည်း ၇ုံးဆင်းသည်။ သူ ဂိတ်ပေါက်သို့ ရောက်သည့်အခါ မျှော်လင့်ထားသည့်အတိုင်း လုံခြုံရေး အရာ၇ှိမှ ပါဆယ်ထုပ် လာပေးသည်။
“ မာ၇ှယ် မာရှယ်ရဲ့ မုန့်ပါဆယ် ရောက်နေပါတယ်”
“ ကျေးဇူးတင်ပါတယ်”
ဟော်ယွင်ချန်းက စားစရာဟု ရေးထားသော ပါဆယ်ဘူးကို ယူလိုက်ပြီး ကားပျံထဲ၀င်လိုက်သည်။နည်းပညာမြင့် ကားပျံက မြန်ဆန်လှသဖြင့် ဆယ်မိနစ်ကျော်ခန့် ကြာပြီးနောက် ဟော်စံအိမ်သို့ ရောက်သွားသည်။
တံခါးဖွင့်ပြီးသည်နှင့် ထမင်း၏ မွှေးရနံ့ကို ရလိုက်သည်။ အနံ့တွေက ယခင်ကထက် သင်းနေသည်။ သူ့မိခင်၏ ဟင်းချက်လက်ရာက များစွာ တိုးတက်လာပုံရသည်။
“ အားချန်း သားပြန်လာပြီလား။ သားရဲ့ စွပ်ပြုတ်ကို လာပို့သွားပြီလား”
ရန်ကျင်းက အသံကြားဟန်ဖြင့်မီးဖိုခန်းထဲမှ ထွက်လာသည်။ သူမ၏ သားငယ်ကို ကြည့်သောမ ျက်၀န်းတို့က အလွန် တောက်ပနေ၏။
“ အင်း”
ဟော်ယွင်ချန်းက သူ၏ ပါဆယ်ဘူးကို ဖွင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ပုံမှန်ထက် ကြီးသော ဘူးကြီးဖြင့် အပြည့်ပါသည်။
“ ဒီဘူးက သီးသန့်များ လုပ်ထားတာလား”
လှေကားမှ ဆင်းလာသည့် ဟော်ယွင်ရီက ဟော်ယွင်ချန်း၏ လက်ထဲရှိ ဘူးကို ကြည့်ကာ မျက်ခုံးပင့်သည်။
“ ဘာလို့ မင်းရဲ့ ဘူးက သူများထက် အမြဲတမ်း ကြီးနေတာလဲ”
ဟော်ယွင်ချန်းက အကိုဖြစ်သူကို တချက် ကြည့်ကာ နှုတ်ခမ်းတွေ ကော့တက်သွားပြီးမှ ပြောသည်။
“ အခန်းမန်နေဂျာရဲ့ အဆင့်အတန်းကြောင့်လေ”
ရန်ကျင်းက မီးဖိုခန်းထဲမှ စွပ်ပြုတ်အိုးအလွတ် ယူထုတ်လာကာ အဖြူရောင် ဘူးသီးတွေနင့် အသားနှင့်အရိုးရောလျက်ပါသော စွပ်ပြုတ်ရည်ကို ထည့်သည်။ထို့နောက် ဟော်ယွင်ချန်း တစ်ခါမှ မမြင်ဖူးသော တစ်စုံတစ်ရာကို ထုတ်ပြလာသည်။
“ အားချန်း လာ၊ မင်းအစ်ကိုရဲ့ အကယ်ဒမီက အသစ် သုတေသန လုပ်ထားတဲ့ မီးဖိုချောင်သုံး ပစ္စည်းကို တစ်ချက် လာကြည့်။ မား ဒီအလိုအလျောက် ထမင်းပေါင်းအိုးကို သုံးပြီး ချက်ထားတာ။မားက တင်ဆက်သူ ချက်ပြသမျှကိုလည်း လေ့လာနေတုန်းပဲ။အရင်ဆုံး ဆန်ကို သေချာဆေးထားရတယ်။ နောက်ပြီး ဒီထဲက ထွက်လာတဲ့ ထမင်းက တအားမွှေးတာပဲ”
ယခင်ရက်တွေတွင် သူမသည် ယွမ့်ထန်း ချက်ပြသမျှကို လိုက်ချက်ကာ ကြိုးစားခဲ့သဖြင့် သူမ၏ ဟင်းချက်စွမ်းရည်က များစွာ တိုးတက်လာခဲ့ပေသည်။အနာဂတ်တွင် သူမတို့မိသားစု ထမင်းလက်စုံ စားနိုင်မည့် အခွင့်အရေးတို့ ပိုများနေမည်ဖြစ်ကြောင်း သေချာနေလေသည်။
သူမ ထမင်းကို ခူးနေချိန်တွင် ဟော်ဝေ့ရီက အိမ်ပြန်ရောက်လာသည်။
“ လောင်ဟော် လာ စားကြစို့၊ ဒီနေ့စွပ်ပြုတ်က တင်ဆက်သူကိုယ်တိုင် ချက်ထားတာ”
“ အင်း”
ဟော်ဝေ့ရီသည် ကုတ်ကို ချွတ်ပြီးသည်နှင့် ခြေလှမ်းကျဲကြီးတွေဖြင့် ထမင်းဝိုင်းနားသို့ ရောက်လာကာ ၀င်ထိုင်သည်။အားလုံး ၀င်ထိုင်ပြီးသည်နှင့် စားကြတော့သည်။
သည်နေ့ စွပ်ပြုတ်မှလွဲပြီး ဘာဟင်းမှ မပါသည့်တိုင် အလွန် စားကောင်းပေသည်။ ဘူးသီးဟာ ပါးစပ်ထဲ ရောက်သည်နှင့် ပျော်၀င်သွားပြီး အသားပါသော အရိုးဖတ်တို့ကလည်း ဝါးစားနိုင်အောင် နူးနေလေသဖြင့် အဆင်ပြေလှပေသည်။ ဟော်ယွင်၇ီသည် စွပ်ပြုတ်ထဲသို့ ထမင်းထည့်ကာ အားရပါးရ စားသည်။
အရိုးကြီးတွေဆိုလျှင် အလယ်မှ ခွဲထားသဖြင့် အထဲမှ ရိုးတွင်းခြင်ဆီကို စုပ်ယူနိုင်ပြီး အရိုးကိုက်နေရင်း လျက်လိုက်လျှင်ပင် အဆင်ပြေလေသည်။ ထိုသို့ ၇ိုးတွင်းခြင်ဆီကို စုပ်ယူခြင်းက ပြောမပြတတ်လောက်အောင် အရသာ၇ှိစေကာ မရပ်မနား စုပ်နေချင်မိစေသည်။
ဟော်ယွင်၇ီ၏ စားသောက်ပုံကို ကြည့်ပြီး ဟော်ဝေ့၇ီ မျက်မှောင် ကြုတ်သည်။
“ ပါး မြန်မြန် အရသာခံကြည့်၊ ဒီအရိုးထဲက ခြင်ဆီက အရမ်း အရသာရှိတာ”
သူက ပြောရင်းမှ နောက်အရိုးတစ်တုံးကို လှမ်းသည်။
ဟော်ယွင်၇ီ၏ အပြုအမူနှင့်စာလျှင် ဟော်ယွင်ချန်းက တိုက်ရိုက်ဆန်သည်။ သူက ဟော်ယွင်၇ီက ကောင်းကြောင်းပြောသည်နှင့် အရိုးတစ်တုံးလုံးမှ ခြင်ဆီတို့ကို တစ်ခါတည်း စုပ်ယူလေသည်။ ပါးစပ်အပြည့် ခြင်ဆီတို့ စားလိုက်ရခြင်းက စွပ်ပြုတ်ရည်သောက်ရသည်ထက် ပိုကောင်းလေသည်။သူ ကျေနပ်စွာဖြင့် လျှာဖြင့် သွားတို့ကို သပ်လိုက်သည်။
ထိုသို့ဖြင့် တစ်မိသားစုလုံး၏ စားပွဲဝိုင်းတွင် စုပ်သံတွေဖြင့်သာ ပြည့်နေတော့လေသည်။ စွပ်ပြုတ်အိုးကြီးနှင့် ထမင်းအိုးကြီးတစ်အိုးလုံးက လေးယောက်လုံး၏ ဗိုက်ထဲ ရောက်သွားသည်။
“ တော်တော်လေးကို အရသာရှိတာပဲ။ အဲ့ဒိ တင်ဆက်သူလေးရဲ့ လက်ရာကတော့ တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ စိတ်မကောင်းစရာက ကျွန်တော်တို့ ကံဆိုးနေတာပဲ။ မဟုတ်ရင် အသားနှပ်ခေါက်ဆွဲလေးနဲ့ စား၇မှာ”
ဟော်ယွင်၇ီက ကုလားထိုင်ကို မှီလိုက်ကာ ဗိုက်ကို လက်ဖြင့် ပွတ်ရင်း ပြောသည်။
“ သူ့ကို ဖိတ်ခေါ်နိုင်ပြီး ကျွန်တော်တို့ရဲ့ မိသားစု စာဖိုမှူး လာလုပ်အောင် ပြောနိုင်အောင် သိပ်ကောင်းမှာပဲ”
ဟော်ယွင်၇ီက သူ့အမေကို ကြည့်လိုက်ကာ ပြောသည်။
“ မား မားဘာလို့ သူနဲ့ မဆက်သွယ်ကြည့်တာလဲ”
“ ငါ လုပ်လို့ မရဘူး”
မတိုင်မီက စာဖိုမှူး အစည်းအရုံး၏ တောင်းဆိုမှုကြောင့် ယွမ့်ထန်းကို သူတို့ဆက်သွယ်ပေးခဲ့သည်။ ယွမ့်ထန်းခွင့်ပြုမှသာ တဖက်ကို ဆက်သွယ်နိုင်ရန် ညွှန်ပြပေးခဲ့၏။သို့သော် သူမ ကိုယ်တိုင်အတွက် ဆက်သွယ်လိုက်လျှင် ဒါက ကုမ္ပဏီ၏ စည်းကမ်းကို ဖောက်ဖျက်ရာ ရောက်သွားလေပြီ။ သူမ ထိုသို့ မလုပ်နိုင်ပါပေ။
သို့ရာတွင်ဟော်ယွင်၇ီက အပြစ်မကင်းသလို မခံစားရပေ။ သူက စိတ်ထဲမထားဘဲ သာမန်ကာလျှံကာ မေးဟန်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သို့သော် မိခင်ဖြစ်သူ၏ တုန့်ပြန်မှုကို ရပြီးနောက် မည်သူမှ သတိမထားမိအောင် ပြုံးလိုက်လေသည်။
အစည်းအရုံးကတောင် ဆက်သွယ်လို့ရရင် အကယ်ဒမီက ဘာလို့ ဆက်သွယ်လို့ မရရမှာလဲ
-----
နောက်တစ်နေ့တွင် ယွမ့်ထန်းသည် အလင်းဦးနှောက်မှ တဘိဘိ သံကြောင့် နိုးလာလေသည်။ အ၀င်ကောတစ်ခု လာနေခြင်းဖြစ်ကာ နံပါတ်ကို ကြည့်လိုက်သည့်အခိုက် တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းမှ သူ့ကို ခေါ်ဆိုဖူးသည့် ၀န်ထမ်းဆီမှ ဖြစ်ကြောင်း သိလိုက်သည်။
“ အကယ်ဒမီက ဟုတ်လား”
သူ ဖုန်းကိုင်လိုက်သည်နှင့် ထို၀န်ထမ်း ပြောလာသည်မှာ အကယ်ဒမီသိပ္ပံက သူနှင့်ဆက်သွယ်လိုသည် ဆိုသော စကားဖြစ်သည်။ ယွမ့်ထန်း ရယ်ရအခက် ငိုရအခက် ဖြစ်သွားသည်။
စာဖိုမှူး အစည်းအရုံး သူ့ကို ဆက်သွယ်တာက ထားပါတော့ အကယ်ဒမီက ဘာလို့ ဆက်သွယ်တာလဲ။
ထိုသို့တွေးမိသည့်တိုင် ယွမ့်ထန်း မငြင်းလိုက်ပေ။ သူ ပုဇွန် ဖက်ထုပ်လုပ်ချိန်က ပြဿနာ ကြုံရသည့်အခါ အကယ်ဒမီက ေ၇ှ့ထွက်ကာ ဖြေရှင်းပေးခဲ့သည်။ထို့အပြင် အင်ပါယာတွင် အကယ်ဒမီ၏ တည်၇ှိမှုဟာ အားလုံး၏ အထက်တွင်၇ိနေသည်။ အင်ပါယာရှိ လူတိုင်း၏ ကိုယ်ကျိုးအတွက် သူတို့က ဆက်တိုက် အင်တိုက်အားတိုက် လေ့လာနေကြရသည်။ သူ့တိုက်ရိုက်ထုတ်လွှင့်မှုတွင် သုံးသည့် အစားအသောက်ပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေအားလုံးဟာ အကယ်ဒမီမှ ထုတ်ပြထားတာတွေသာ ဖြစ်သည်။ ယွမ့်ထန်းကိုယ်တိုင်လည်း အကယ်ဒမိအပေါ် အမြင်ကောင်းရှိသည်။
လျှင်မြန်စွာဖြင့်ပင် မရင်းနှီးသော အ၀င်ကော တစ်ခု ၀င်လာသည်။သူ လက်ခံလိုက်သည်နှင့် တဖက်မှ ရယ်သံကို ကြားရသည်။
“ ဟယ်လို ယွမ့်ထန်း ကိုယ့်နာမည်က ဟော်ယွင်ရီပါ။ လက်၇ှိ အကယ်ဒမီရဲ့ ဥက္ကဌပေါ့”
ဥက္ကဌကိုယ်တိုင် သူ့ကို ဖုန်းဆက်လာတာလား
ယွမ့်ထန်း ဖိအားကို ခံစားလိုက်ရကာ မေးလိုက်သည်။
“ မင်္ဂလာ နံနက်ခင်းပါ။ ကျွန်တော့်ကို ဘာလို့ ဖုန်းဆက်သလဲဆိုတာကို သိလို့ရမလား”
“ မင်းလည်း သိတော့သိမှာပါ၊ ဒီလိုလေကွာ”
သူက ပြုံးရွှင်နေသည့် လေသံဖြင့် ဆက်ပြောသည်။
“ အင်ပါယာက သဘာ၀စားသောက်ကုန်တွေနဲ့ ချက်ပြုတ်ပစ္စည်းတွေကို အပူတပြင်း သုတေသန လုပ်ခိုင်းပြီး ရှာဖွေထုတ်လုပ်နေရတယ်ဆိုတာကို သိတယ် မဟုတ်လား။ အစားကောင်းတွေ ထုတ်ပေးနိုင်ဖို့ ကိုယ်တို့အနေနဲ့ လက်ရာကောင်းတဲ့ ဦးဆောင်ပေးမယ့် စာဖိုမှူးတစ်ယောက်ကိုတော့ လိုအပ်နေတာ အမှန်ပဲ။ မင်းက အလိုက်ဖက်ဆုံးတစ်ယောက်ပဲ။ ဆိုတော့ ယွမ့်ထန်း ကောင်းမွန်လွန်းလှတဲ့ လက်ရာတွေနဲ့ အောင်မြင်မှုဆီ ဦးဆောင်မပေးချင်ဘူးလား”
ယွမ့်ထန်း:”….”
ဒါက ဘာလဲ။ အလယ်တန်းဒုတိယနှစ်က ကလေးပြောတဲ့ ဒိုင်လာလော့တွေနဲ့…
တဖက်သူ၏အပြောကြောင့် သူပင် ၇ှက်သွားရသည်။
“ ကျွန်တော့်အထင် အစည်းအရုံးက ပိုပြီး လိုက်ဖက်မယ် ထင်ပါတယ်”
“ ဒါတော့ ဒါပေါ့၊ဒါပေမယ့် မင်း ငြင်းမှလေ”
ဟော်ယွင်၇ီ၏ မျက်နှာရှိ အပြုံးက ပိုကြီးသွားသည်။ သူက ခပ်မြန်မြန် ပြော၏။
“ အမှန်အတိုင်းပြောရရင်ကိုယ်က မင်းရဲ့ ပရိတ်သတ်ပါ။ ကိုယ်တင် မဟုတ်ဘူး ကိုယ်တို့ တစ်မိသားစုလုံးက မင်းရဲ့ ပရိတ်သတ်ပဲ။ မင်းက ဘယ်အရာကိုမဆို အရသာရှိအောင် ပြောင်းပေးနိုင်တဲ့သူပဲ။ မင်းရဲ့ မီးဖိုချောင်ပစ္စည်းတွေကို အသုံးပြုပုံကလည်း ဆရာကျတယ်။မင်းသာ သဘောတူမယ်ဆိုရင် ကိုယ်တို့ မင်းကို အကယ်ဒမီရဲ့ အကြံပေးအဖြစ် ခန့်ချင်ပါတယ်"
“ မင်း ကိုယ်တိုင် ရောက်လာဖို့ မလိုပါဘူး။ ဒါမှမဟုတ် ကိုယ်တိုင် သုတေသန ၀င်မလုပ်ချင်လည်း ဖြစ်တယ်။ မင်းအနေနဲ့ မင်းရဲ့ ထင်မြင်ချက်လေးတွေနဲ့ ပူးပေါင်းပေးဖို့ပဲ လိုအပ်တယ်။ မင်း စျေးကွက်ထဲက မင်း သဘောကျတဲ့ မီးဖိုချောင်သုံးပစ္စည်းဖြစ်ဖြစ် စားသောက်ကုန်ဖြစ်ဖြစ် ဘာမဆို ပြောနိုင်တယ်။ ဒါတွေက စျေးကွက်ထဲ မရောက်သေးရင်တောင် ကိုယ်တို့ကို ကူပြီး သုတေသန လုပ်ဖို့ အကြံပေးနိုင်တယ်။ ဒါက နှစ်ဖက်လုံး အကျိုးသာတဲ့ အခြေအနေလို့ မင်း မထင်ဘူးလား”
ယွမ့်ထန်းက မတုန့်ပြန်သည့်အခါ သူ၏ လေသံက ၀မ်းနည်းသံ ပေါက်သွားသည်။
“ မင်း ကိုယ့်ကို ငြင်းတော့ မငြင်းပါဘူးနော် ဟုတ်တယ် မဟုတ်လား”
ယွမ့်ထန်း တုန့်ဆိုင်းနေသည်။ သူ ထိုသို့သော တရား၀င် အဖွဲ့အစည်းကြီးတွေနှင့် မပက်သက်လိုပေ။ ဒါက သူ့ကို အနာဂတ်တွင် ဒုက္ခပေးလာနိုင်သည်ဟု သူ ထင်သည်။သူ တဖက်ကို ငြင်းလိုက်ချင်သည်၊ သို့သော် တဖက်သူက သူ့ပရိတ်သတ်ဟု ပြောထား၏။ သူဟာ ပရိတ်သတ်တွေဆိုလျှင် အလိုလိုက်တတ်သဖြင့် ခက်နေတော့သည်။
ပထမတစ်ခေါက် ကမ်းလှမ်းတာထက် ဒုတိယတစ်မျိုးက လက်ခံချင်ဖွယ်ကောင်းနေသည်။
သူ အကယ်ဒမီ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်မည်ဆိုလျှင် မည်သည့်၀န်ထုပ်၀န်ပိုးမှ သူ့ထံ မရောက်လာမည့်အပြင် အကျိုးကျေးဇူးတွေပင် ရဦးမည်ဖြစ်သည်။ သူ့ဘက်က ဘာဆိုးကျိုးမှ မရှိနိုင်ပေ။
ထို့အပြင် အကယ်ဒမီမှ ကုန်ပစ္စည်း အထောက်အပံ့တွေလည်း ရဦးမည် ဖြစ်ကာ အနာဂတ်တွင် ထွက်ပေါ်မလာနိုင်သော စားသောက်ကုန်တွေကိုပင် တောင်းဆိုနိုင်လောက်သည်။ ဥပမာအားဖြင့် ယောက်သွားဆော့စ် သို့မဟုတ် ငရုတ်နှစ်များလည်း ရလာနိုင်လောက်သည်။ထိုသို့ဆိုလျှင် သူ စားချင်သမျှကို တောင်းဆိုနိုင်ပြီဖြစ်ကာ ထမင်းပေါင်းအိုး၊ အိုဗင်၊ ခေါက်ဆွဲလုပ်စက် စသည့် စက်တွေကိုလည်း တောင်းဆိုနိုင်ပေလိမ့်မည်။
ထိုသို့တွေးကြည့်သည့်အခါ ဒါက နှစ်ဖက်လုံး အဆင်ပြေသည့် အခြေအနေဖြစ်ကြောင်း သိလိုက်သည်။ သူ တခဏခန့် တွေးပြီးနောက် လက်ခံလိုက်သည်။
“ အဆင်ပြေပါတယ်။ ဒါပေမယ့် အချိန်တစ်ခုအထိတော့ ကျွန်တော်တို့ အွန်လိုင်းကပဲ ဆက်သွယ်လို့ အဆင်ပြေပါမယ်။ ဘယ်လို သဘောရပါသလဲ”
ရုပ်၇ှင်အင်ပါယာဆိုသည့် သူ၏ နောက်ခံက မှတ်မိလွယ်စေနိုင်သေးသဖြင့် သူ သတိထားရန် လိုသည်။
“ ဒါပေါ့ အဆင်ပြေတာပေါ့”
ဟော်ယွင်ရီက အကယ်ဒမီ ရုံးခန်းထဲတွင် ထိုင်နေရာက တစ်ကိုယ်လုံးကို ဆိုဖာအနောက်သို့ ပစ်မှီထားသည်။ အရာအားလုံးက ကြံစည်ထားသည့်အတိုင်း ဖြစ်လာသည့်အတွက် သူ ကျေနပ်နေပုံရသည်။
“ ကိုယ်တို့ရဲ့ သုတေသန လုပ်တာက ပိုအဆင်ပြေပြီး သက်ရောက်မှုရှိစေဖို့အတွက် ကိုယ်တို့ တစ်စုံတစ်ခုကို စမ်းသပ်လေ့လာပြီးတာနဲ့ မင်းဆီ အရင်ပို့လိုက်မယ်။ မင်း ချက်နည်းကို သိရပြီဆိုရင် ကိုယ်တို့ကို ဝေစု နည်းနည်းပေးပေါ့ ဘယ်လိုလဲ”
ယွမ့်ထန်းသည် သူ၏ စကားတို့ကို သံသယ မ၀င်ပေ။ ထို့ကြောင့် လက်ခံလိုက်သည်။
“ ရပါတယ်”
“ ဒါဆိုရင်ကိုယ်မင်းကို အိမ်လိပ်စာ ပို့ထားပေးလိုက်မယ်”
ဟော်ယွင်၇ီ၏ မျက်နှာရှိ အပြုံးက အလွန် ကြီးလာသည်။
“ ပျော်ရွှင်ဖွယ်ရာ ပူးပေါင်းမှုပါ”
“ ပျော်ရွှင်ဖွယ်ရာ ပူးပေါင်းမှုပါ”
--------------
စာရေးသူမှာ ပြောစရာ ၇ှိပါတယ်
ပြဇာတ်ငယ်လေး
ဟော်ယွင်၇ီ( ညီကို တစ်ချက်ကြည့်ကာ ပြော): ဟေး အရူး သေချာ ကြည့်ပြီး သင်ယူ
ဟော်ယွင်ချန်း :”….”
-------
ဘာသာပြန်သူမှာ ပြောစရာ ရှိပါတယ်
ကြွေ့မွေးနေ့က ရောက်တော့မှာဆိုတော့ အဲ့နေ့မှာ လေးပိုင်း တင်ပေးမယ်နော်။
၂၂နှစ်ပြည့်မှာဆိုတော့ ၂၂ပိုင်းတင်ပေးချင်ပေမယ့် ကိစ္စတွေက များနေတာနဲ့ မရေးနိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့် ၂နဲ့၂နဲ့ပေါင်း လေး ဆိုပြီး လေးပိုင်းတင်ပေးမယ်နော်။ဟီး
ကျန်တဲ့၂ခုကတော့အဲ့နေ့ ၁ပိုင်းစီ တင်ပေးမယ်၊
ဒီနေ့ကတော့ ခေါင်းမကောင်းလို့ နားတော့မယ်
ချစ်တယ် အားလုံးပဲ မွ
အပိုင္း ၁၆ သိပၸံအကယ္ဒမီမွ ဖိတ္ၾကားခ်က္
လီခိုင္သည္ တင္ျပစရာ၇ွိသမွ်ကို တင္ျပၿပီးသည့္တိုင္ ေဟာ္ယြင္ခ်န္း၏ ႐ုံးခန္းထဲမွ ထြက္မသြားေသးေပ။ ေဟာ္ယြင္ခ်န္း သူ႕ကို မ်က္လုံးေတြ ေမွးက်ဥ္းကာ ၾကည့္လိုက္သည္။
“ဒါက… ဆရာ မဲေပါက္တဲ့အတြက္ ဂုဏ္ယူပါတယ္”
သူက ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ေျပာသည္။
“ ဆရာ့ရဲ႕ စားစရာ ပါဆယ္ထုပ္ကို လာေပးေတာ့မွာဆိုေတာ့ ဆရာ ကြၽန္ေတာ့္ကို နည္းနည္းမ်ား မေကြၽးခ်င္ဘူးလား”
ေဟာ္ယြင္ခ်န္းသည္ သူ၏ လက္ေအာက္ငယ္သားကို ၾကည့္ကာ ရက္စက္စြာ ျငင္းလိုက္သည္
“ ငါ့အေမက ငါမဲေပါက္မွန္းသိေတာ့ အိမ္ျပန္ယူလာဖို႔ ေျပာလိုက္တယ္”
“ အာ…”
တခဏေလာက္ ၾကာသည္အထိ လီခိုင္မွာ အေျခအေနကို နားမလည္ေသးေပ။သူ ခ်က္ခ်င္း အမူအယာ ျပန္ထိန္းကာ အေလးအနက္ အေလးျပဳရင္း ေျပာသည္။
“ ကြၽန္ေတာ္နားလည္ပါၿပီ မာရွယ္၊ ကြၽန္ေတာ္သြားပါေတာ့မယ္”
“ အင္း”
အလုပ္ေတြ ၿပီးသြားသည့္အခါ ေဟာ္ယြင္ခ်န္းလည္း ၇ုံးဆင္းသည္။ သူ ဂိတ္ေပါက္သို႔ ေရာက္သည့္အခါ ေမွ်ာ္လင့္ထားသည့္အတိုင္း လုံၿခဳံေရး အရာ၇ွိမွ ပါဆယ္ထုပ္ လာေပးသည္။
“ မာ၇ွယ္ မာရွယ္ရဲ႕ မုန့္ပါဆယ္ ေရာက္ေနပါတယ္”
“ ေက်းဇူးတင္ပါတယ္”
ေဟာ္ယြင္ခ်န္းက စားစရာဟု ေရးထားေသာ ပါဆယ္ဘူးကို ယူလိုက္ၿပီး ကားပ်ံထဲ၀င္လိုက္သည္။နည္းပညာျမင့္ ကားပ်ံက ျမန္ဆန္လွသျဖင့္ ဆယ္မိနစ္ေက်ာ္ခန့္ ၾကာၿပီးေနာက္ ေဟာ္စံအိမ္သို႔ ေရာက္သြားသည္။
တံခါးဖြင့္ၿပီးသည္ႏွင့္ ထမင္း၏ ေမႊးရနံ႕ကို ရလိုက္သည္။ အနံ႕ေတြက ယခင္ကထက္ သင္းေနသည္။ သူ႕မိခင္၏ ဟင္းခ်က္လက္ရာက မ်ားစြာ တိုးတက္လာပုံရသည္။
“ အားခ်န္း သားျပန္လာၿပီလား။ သားရဲ႕ စြပ္ျပဳတ္ကို လာပို႔သြားၿပီလား”
ရန္က်င္းက အသံၾကားဟန္ျဖင့္မီးဖိုခန္းထဲမွ ထြက္လာသည္။ သူမ၏ သားငယ္ကို ၾကည့္ေသာမ ်က္၀န္းတို႔က အလြန္ ေတာက္ပေန၏။
“ အင္း”
ေဟာ္ယြင္ခ်န္းက သူ၏ ပါဆယ္ဘူးကို ဖြင့္လိုက္သည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း ပုံမွန္ထက္ ႀကီးေသာ ဘူးႀကီးျဖင့္ အျပည့္ပါသည္။
“ ဒီဘူးက သီးသန့္မ်ား လုပ္ထားတာလား”
ေလွကားမွ ဆင္းလာသည့္ ေဟာ္ယြင္ရီက ေဟာ္ယြင္ခ်န္း၏ လက္ထဲရွိ ဘူးကို ၾကည့္ကာ မ်က္ခုံးပင့္သည္။
“ ဘာလို႔ မင္းရဲ႕ ဘူးက သူမ်ားထက္ အၿမဲတမ္း ႀကီးေနတာလဲ”
ေဟာ္ယြင္ခ်န္းက အကိုျဖစ္သူကို တခ်က္ ၾကည့္ကာ ႏႈတ္ခမ္းေတြ ေကာ့တက္သြားၿပီးမွ ေျပာသည္။
“ အခန္းမန္ေနဂ်ာရဲ႕ အဆင့္အတန္းေၾကာင့္ေလ”
ရန္က်င္းက မီးဖိုခန္းထဲမွ စြပ္ျပဳတ္အိုးအလြတ္ ယူထုတ္လာကာ အျဖဴေရာင္ ဘူးသီးေတြနင့္ အသားႏွင့္အရိုးေရာလ်က္ပါေသာ စြပ္ျပဳတ္ရည္ကို ထည့္သည္။ထို႔ေနာက္ ေဟာ္ယြင္ခ်န္း တစ္ခါမွ မျမင္ဖူးေသာ တစ္စုံတစ္ရာကို ထုတ္ျပလာသည္။
“ အားခ်န္း လာ၊ မင္းအစ္ကိုရဲ႕ အကယ္ဒမီက အသစ္ သုေတသန လုပ္ထားတဲ့ မီးဖိုေခ်ာင္သုံး ပစၥည္းကို တစ္ခ်က္ လာၾကည့္။ မား ဒီအလိုအေလ်ာက္ ထမင္းေပါင္းအိုးကို သုံးၿပီး ခ်က္ထားတာ။မားက တင္ဆက္သူ ခ်က္ျပသမွ်ကိုလည္း ေလ့လာေနတုန္းပဲ။အရင္ဆုံး ဆန္ကို ေသခ်ာေဆးထားရတယ္။ ေနာက္ၿပီး ဒီထဲက ထြက္လာတဲ့ ထမင္းက တအားေမႊးတာပဲ”
ယခင္ရက္ေတြတြင္ သူမသည္ ယြမ့္ထန္း ခ်က္ျပသမွ်ကို လိုက္ခ်က္ကာ ႀကိဳးစားခဲ့သျဖင့္ သူမ၏ ဟင္းခ်က္စြမ္းရည္က မ်ားစြာ တိုးတက္လာခဲ့ေပသည္။အနာဂတ္တြင္ သူမတို႔မိသားစု ထမင္းလက္စုံ စားနိုင္မည့္ အခြင့္အေရးတို႔ ပိုမ်ားေနမည္ျဖစ္ေၾကာင္း ေသခ်ာေနေလသည္။
သူမ ထမင္းကို ခူးေနခ်ိန္တြင္ ေဟာ္ေဝ့ရီက အိမ္ျပန္ေရာက္လာသည္။
“ ေလာင္ေဟာ္ လာ စားၾကစို႔၊ ဒီေန႕စြပ္ျပဳတ္က တင္ဆက္သူကိုယ္တိုင္ ခ်က္ထားတာ”
“ အင္း”
ေဟာ္ေဝ့ရီသည္ ကုတ္ကို ခြၽတ္ၿပီးသည္ႏွင့္ ေျခလွမ္းက်ဲႀကီးေတြျဖင့္ ထမင္းဝိုင္းနားသို႔ ေရာက္လာကာ ၀င္ထိုင္သည္။အားလုံး ၀င္ထိုင္ၿပီးသည္ႏွင့္ စားၾကေတာ့သည္။
သည္ေန႕ စြပ္ျပဳတ္မွလြဲၿပီး ဘာဟင္းမွ မပါသည့္တိုင္ အလြန္ စားေကာင္းေပသည္။ ဘူးသီးဟာ ပါးစပ္ထဲ ေရာက္သည္ႏွင့္ ေပ်ာ္၀င္သြားၿပီး အသားပါေသာ အရိုးဖတ္တို႔ကလည္း ဝါးစားနိုင္ေအာင္ ႏူးေနေလသျဖင့္ အဆင္ေျပလွေပသည္။ ေဟာ္ယြင္၇ီသည္ စြပ္ျပဳတ္ထဲသို႔ ထမင္းထည့္ကာ အားရပါးရ စားသည္။
အရိုးႀကီးေတြဆိုလွ်င္ အလယ္မွ ခြဲထားသျဖင့္ အထဲမွ ရိုးတြင္းျခင္ဆီကို စုပ္ယူနိုင္ၿပီး အရိုးကိုက္ေနရင္း လ်က္လိုက္လွ်င္ပင္ အဆင္ေျပေလသည္။ ထိုသို႔ ၇ိုးတြင္းျခင္ဆီကို စုပ္ယူျခင္းက ေျပာမျပတတ္ေလာက္ေအာင္ အရသာ၇ွိေစကာ မရပ္မနား စုပ္ေနခ်င္မိေစသည္။
ေဟာ္ယြင္၇ီ၏ စားေသာက္ပုံကို ၾကည့္ၿပီး ေဟာ္ေဝ့၇ီ မ်က္ေမွာင္ ၾကဳတ္သည္။
“ ပါး ျမန္ျမန္ အရသာခံၾကည့္၊ ဒီအရိုးထဲက ျခင္ဆီက အရမ္း အရသာရွိတာ”
သူက ေျပာရင္းမွ ေနာက္အရိုးတစ္တုံးကို လွမ္းသည္။
ေဟာ္ယြင္၇ီ၏ အျပဳအမူႏွင့္စာလွ်င္ ေဟာ္ယြင္ခ်န္းက တိုက္ရိုက္ဆန္သည္။ သူက ေဟာ္ယြင္၇ီက ေကာင္းေၾကာင္းေျပာသည္ႏွင့္ အရိုးတစ္တုံးလုံးမွ ျခင္ဆီတို႔ကို တစ္ခါတည္း စုပ္ယူေလသည္။ ပါးစပ္အျပည့္ ျခင္ဆီတို႔ စားလိုက္ရျခင္းက စြပ္ျပဳတ္ရည္ေသာက္ရသည္ထက္ ပိုေကာင္းေလသည္။သူ ေက်နပ္စြာျဖင့္ လွ်ာျဖင့္ သြားတို႔ကို သပ္လိုက္သည္။
ထိုသို႔ျဖင့္ တစ္မိသားစုလုံး၏ စားပြဲဝိုင္းတြင္ စုပ္သံေတြျဖင့္သာ ျပည့္ေနေတာ့ေလသည္။ စြပ္ျပဳတ္အိုးႀကီးႏွင့္ ထမင္းအိုးႀကီးတစ္အိုးလုံးက ေလးေယာက္လုံး၏ ဗိုက္ထဲ ေရာက္သြားသည္။
“ ေတာ္ေတာ္ေလးကို အရသာရွိတာပဲ။ အဲ့ဒိ တင္ဆက္သူေလးရဲ႕ လက္ရာကေတာ့ တကယ့္ကို တစ္ခုခုေတာ့ တစ္ခုခုပဲ။ စိတ္မေကာင္းစရာက ကြၽန္ေတာ္တို႔ ကံဆိုးေနတာပဲ။ မဟုတ္ရင္ အသားႏွပ္ေခါက္ဆြဲေလးနဲ႕ စား၇မွာ”
ေဟာ္ယြင္၇ီက ကုလားထိုင္ကို မွီလိုက္ကာ ဗိုက္ကို လက္ျဖင့္ ပြတ္ရင္း ေျပာသည္။
“ သူ႕ကို ဖိတ္ေခၚနိုင္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ မိသားစု စာဖိုမႉး လာလုပ္ေအာင္ ေျပာနိုင္ေအာင္ သိပ္ေကာင္းမွာပဲ”
ေဟာ္ယြင္၇ီက သူ႕အေမကို ၾကည့္လိုက္ကာ ေျပာသည္။
“ မား မားဘာလို႔ သူနဲ႕ မဆက္သြယ္ၾကည့္တာလဲ”
“ ငါ လုပ္လို႔ မရဘူး”
မတိုင္မီက စာဖိုမႉး အစည္းအ႐ုံး၏ ေတာင္းဆိုမႈေၾကာင့္ ယြမ့္ထန္းကို သူတို႔ဆက္သြယ္ေပးခဲ့သည္။ ယြမ့္ထန္းခြင့္ျပဳမွသာ တဖက္ကို ဆက္သြယ္နိုင္ရန္ ၫႊန္ျပေပးခဲ့၏။သို႔ေသာ္ သူမ ကိုယ္တိုင္အတြက္ ဆက္သြယ္လိုက္လွ်င္ ဒါက ကုမၸဏီ၏ စည္းကမ္းကို ေဖာက္ဖ်က္ရာ ေရာက္သြားေလၿပီ။ သူမ ထိုသို႔ မလုပ္နိုင္ပါေပ။
သို႔ရာတြင္ေဟာ္ယြင္၇ီက အျပစ္မကင္းသလို မခံစားရေပ။ သူက စိတ္ထဲမထားဘဲ သာမန္ကာလွ်ံကာ ေမးဟန္ျဖင့္ ေမးလိုက္ျခင္းျဖစ္သည္။ သို႔ေသာ္ မိခင္ျဖစ္သူ၏ တုန့္ျပန္မႈကို ရၿပီးေနာက္ မည္သူမွ သတိမထားမိေအာင္ ၿပဳံးလိုက္ေလသည္။
အစည္းအ႐ုံးကေတာင္ ဆက္သြယ္လို႔ရရင္ အကယ္ဒမီက ဘာလို႔ ဆက္သြယ္လို႔ မရရမွာလဲ
-----
ေနာက္တစ္ေန႕တြင္ ယြမ့္ထန္းသည္ အလင္းဦးေႏွာက္မွ တဘိဘိ သံေၾကာင့္ နိုးလာေလသည္။ အ၀င္ေကာတစ္ခု လာေနျခင္းျဖစ္ကာ နံပါတ္ကို ၾကည့္လိုက္သည့္အခိုက္ တိုက္ရိုက္ ထုတ္လႊင့္မႈ ပလက္ေဖာင္းမွ သူ႕ကို ေခၚဆိုဖူးသည့္ ၀န္ထမ္းဆီမွ ျဖစ္ေၾကာင္း သိလိုက္သည္။
“ အကယ္ဒမီက ဟုတ္လား”
သူ ဖုန္းကိုင္လိုက္သည္ႏွင့္ ထို၀န္ထမ္း ေျပာလာသည္မွာ အကယ္ဒမီသိပၸံက သူႏွင့္ဆက္သြယ္လိုသည္ ဆိုေသာ စကားျဖစ္သည္။ ယြမ့္ထန္း ရယ္ရအခက္ ငိုရအခက္ ျဖစ္သြားသည္။
စာဖိုမႉး အစည္းအ႐ုံး သူ႕ကို ဆက္သြယ္တာက ထားပါေတာ့ အကယ္ဒမီက ဘာလို႔ ဆက္သြယ္တာလဲ။
ထိုသို႔ေတြးမိသည့္တိုင္ ယြမ့္ထန္း မျငင္းလိုက္ေပ။ သူ ပုဇြန္ ဖက္ထုပ္လုပ္ခ်ိန္က ျပႆနာ ႀကဳံရသည့္အခါ အကယ္ဒမီက ေ၇ွ႕ထြက္ကာ ေျဖရွင္းေပးခဲ့သည္။ထို႔အျပင္ အင္ပါယာတြင္ အကယ္ဒမီ၏ တည္၇ွိမႈဟာ အားလုံး၏ အထက္တြင္၇ိေနသည္။ အင္ပါယာရွိ လူတိုင္း၏ ကိုယ္က်ိဳးအတြက္ သူတို႔က ဆက္တိုက္ အင္တိုက္အားတိုက္ ေလ့လာေနၾကရသည္။ သူ႕တိုက္ရိုက္ထုတ္လႊင့္မႈတြင္ သုံးသည့္ အစားအေသာက္ပစၥည္းေတြ၊ အသုံးအေဆာင္ပစၥည္းေတြအားလုံးဟာ အကယ္ဒမီမွ ထုတ္ျပထားတာေတြသာ ျဖစ္သည္။ ယြမ့္ထန္းကိုယ္တိုင္လည္း အကယ္ဒမိအေပၚ အျမင္ေကာင္းရွိသည္။
လွ်င္ျမန္စြာျဖင့္ပင္ မရင္းႏွီးေသာ အ၀င္ေကာ တစ္ခု ၀င္လာသည္။သူ လက္ခံလိုက္သည္ႏွင့္ တဖက္မွ ရယ္သံကို ၾကားရသည္။
“ ဟယ္လို ယြမ့္ထန္း ကိုယ့္နာမည္က ေဟာ္ယြင္ရီပါ။ လက္၇ွိ အကယ္ဒမီရဲ႕ ဥကၠဌေပါ့”
ဥကၠဌကိုယ္တိုင္ သူ႕ကို ဖုန္းဆက္လာတာလား
ယြမ့္ထန္း ဖိအားကို ခံစားလိုက္ရကာ ေမးလိုက္သည္။
“ မဂၤလာ နံနက္ခင္းပါ။ ကြၽန္ေတာ့္ကို ဘာလို႔ ဖုန္းဆက္သလဲဆိုတာကို သိလို႔ရမလား”
“ မင္းလည္း သိေတာ့သိမွာပါ၊ ဒီလိုေလကြာ”
သူက ၿပဳံး႐ႊင္ေနသည့္ ေလသံျဖင့္ ဆက္ေျပာသည္။
“ အင္ပါယာက သဘာ၀စားေသာက္ကုန္ေတြနဲ႕ ခ်က္ျပဳတ္ပစၥည္းေတြကို အပူတျပင္း သုေတသန လုပ္ခိုင္းၿပီး ရွာေဖြထုတ္လုပ္ေနရတယ္ဆိုတာကို သိတယ္ မဟုတ္လား။ အစားေကာင္းေတြ ထုတ္ေပးနိုင္ဖို႔ ကိုယ္တို႔အေနနဲ႕ လက္ရာေကာင္းတဲ့ ဦးေဆာင္ေပးမယ့္ စာဖိုမႉးတစ္ေယာက္ကိုေတာ့ လိုအပ္ေနတာ အမွန္ပဲ။ မင္းက အလိုက္ဖက္ဆုံးတစ္ေယာက္ပဲ။ ဆိုေတာ့ ယြမ့္ထန္း ေကာင္းမြန္လြန္းလွတဲ့ လက္ရာေတြနဲ႕ ေအာင္ျမင္မႈဆီ ဦးေဆာင္မေပးခ်င္ဘူးလား”
ယြမ့္ထန္း:”….”
ဒါက ဘာလဲ။ အလယ္တန္းဒုတိယႏွစ္က ကေလးေျပာတဲ့ ဒိုင္လာေလာ့ေတြနဲ႕…
တဖက္သူ၏အေျပာေၾကာင့္ သူပင္ ၇ွက္သြားရသည္။
“ ကြၽန္ေတာ့္အထင္ အစည္းအ႐ုံးက ပိုၿပီး လိုက္ဖက္မယ္ ထင္ပါတယ္”
“ ဒါေတာ့ ဒါေပါ့၊ဒါေပမယ့္ မင္း ျငင္းမွေလ”
ေဟာ္ယြင္၇ီ၏ မ်က္ႏွာရွိ အၿပဳံးက ပိုႀကီးသြားသည္။ သူက ခပ္ျမန္ျမန္ ေျပာ၏။
“ အမွန္အတိုင္းေျပာရရင္ကိုယ္က မင္းရဲ႕ ပရိတ္သတ္ပါ။ ကိုယ္တင္ မဟုတ္ဘူး ကိုယ္တို႔ တစ္မိသားစုလုံးက မင္းရဲ႕ ပရိတ္သတ္ပဲ။ မင္းက ဘယ္အရာကိုမဆို အရသာရွိေအာင္ ေျပာင္းေပးနိုင္တဲ့သူပဲ။ မင္းရဲ႕ မီးဖိုေခ်ာင္ပစၥည္းေတြကို အသုံးျပဳပုံကလည္း ဆရာက်တယ္။မင္းသာ သေဘာတူမယ္ဆိုရင္ ကိုယ္တို႔ မင္းကို အကယ္ဒမီရဲ႕ အႀကံေပးအျဖစ္ ခန့္ခ်င္ပါတယ္"
“ မင္း ကိုယ္တိုင္ ေရာက္လာဖို႔ မလိုပါဘူး။ ဒါမွမဟုတ္ ကိုယ္တိုင္ သုေတသန ၀င္မလုပ္ခ်င္လည္း ျဖစ္တယ္။ မင္းအေနနဲ႕ မင္းရဲ႕ ထင္ျမင္ခ်က္ေလးေတြနဲ႕ ပူးေပါင္းေပးဖို႔ပဲ လိုအပ္တယ္။ မင္း ေစ်းကြက္ထဲက မင္း သေဘာက်တဲ့ မီးဖိုေခ်ာင္သုံးပစၥည္းျဖစ္ျဖစ္ စားေသာက္ကုန္ျဖစ္ျဖစ္ ဘာမဆို ေျပာနိုင္တယ္။ ဒါေတြက ေစ်းကြက္ထဲ မေရာက္ေသးရင္ေတာင္ ကိုယ္တို႔ကို ကူၿပီး သုေတသန လုပ္ဖို႔ အႀကံေပးနိုင္တယ္။ ဒါက ႏွစ္ဖက္လုံး အက်ိဳးသာတဲ့ အေျခအေနလို႔ မင္း မထင္ဘူးလား”
ယြမ့္ထန္းက မတုန့္ျပန္သည့္အခါ သူ၏ ေလသံက ၀မ္းနည္းသံ ေပါက္သြားသည္။
“ မင္း ကိုယ့္ကို ျငင္းေတာ့ မျငင္းပါဘူးေနာ္ ဟုတ္တယ္ မဟုတ္လား”
ယြမ့္ထန္း တုန့္ဆိုင္းေနသည္။ သူ ထိုသို႔ေသာ တရား၀င္ အဖြဲ႕အစည္းႀကီးေတြႏွင့္ မပက္သက္လိုေပ။ ဒါက သူ႕ကို အနာဂတ္တြင္ ဒုကၡေပးလာနိုင္သည္ဟု သူ ထင္သည္။သူ တဖက္ကို ျငင္းလိုက္ခ်င္သည္၊ သို႔ေသာ္ တဖက္သူက သူ႕ပရိတ္သတ္ဟု ေျပာထား၏။ သူဟာ ပရိတ္သတ္ေတြဆိုလွ်င္ အလိုလိုက္တတ္သျဖင့္ ခက္ေနေတာ့သည္။
ပထမတစ္ေခါက္ ကမ္းလွမ္းတာထက္ ဒုတိယတစ္မ်ိဳးက လက္ခံခ်င္ဖြယ္ေကာင္းေနသည္။
သူ အကယ္ဒမီ၏ ကမ္းလွမ္းခ်က္ကို လက္ခံလိုက္မည္ဆိုလွ်င္ မည္သည့္၀န္ထုပ္၀န္ပိုးမွ သူ႕ထံ မေရာက္လာမည့္အျပင္ အက်ိဳးေက်းဇူးေတြပင္ ရဦးမည္ျဖစ္သည္။ သူ႕ဘက္က ဘာဆိုးက်ိဳးမွ မရွိနိုင္ေပ။
ထို႔အျပင္ အကယ္ဒမီမွ ကုန္ပစၥည္း အေထာက္အပံ့ေတြလည္း ရဦးမည္ ျဖစ္ကာ အနာဂတ္တြင္ ထြက္ေပၚမလာနိုင္ေသာ စားေသာက္ကုန္ေတြကိုပင္ ေတာင္းဆိုနိုင္ေလာက္သည္။ ဥပမာအားျဖင့္ ေယာက္သြားေဆာ့စ္ သို႔မဟုတ္ င႐ုတ္ႏွစ္မ်ားလည္း ရလာနိုင္ေလာက္သည္။ထိုသို႔ဆိုလွ်င္ သူ စားခ်င္သမွ်ကို ေတာင္းဆိုနိုင္ၿပီျဖစ္ကာ ထမင္းေပါင္းအိုး၊ အိုဗင္၊ ေခါက္ဆြဲလုပ္စက္ စသည့္ စက္ေတြကိုလည္း ေတာင္းဆိုနိုင္ေပလိမ့္မည္။
ထိုသို႔ေတြးၾကည့္သည့္အခါ ဒါက ႏွစ္ဖက္လုံး အဆင္ေျပသည့္ အေျခအေနျဖစ္ေၾကာင္း သိလိုက္သည္။ သူ တခဏခန့္ ေတြးၿပီးေနာက္ လက္ခံလိုက္သည္။
“ အဆင္ေျပပါတယ္။ ဒါေပမယ့္ အခ်ိန္တစ္ခုအထိေတာ့ ကြၽန္ေတာ္တို႔ အြန္လိုင္းကပဲ ဆက္သြယ္လို႔ အဆင္ေျပပါမယ္။ ဘယ္လို သေဘာရပါသလဲ”
႐ုပ္၇ွင္အင္ပါယာဆိုသည့္ သူ၏ ေနာက္ခံက မွတ္မိလြယ္ေစနိုင္ေသးသျဖင့္ သူ သတိထားရန္ လိုသည္။
“ ဒါေပါ့ အဆင္ေျပတာေပါ့”
ေဟာ္ယြင္ရီက အကယ္ဒမီ ႐ုံးခန္းထဲတြင္ ထိုင္ေနရာက တစ္ကိုယ္လုံးကို ဆိုဖာအေနာက္သို႔ ပစ္မွီထားသည္။ အရာအားလုံးက ႀကံစည္ထားသည့္အတိုင္း ျဖစ္လာသည့္အတြက္ သူ ေက်နပ္ေနပုံရသည္။
“ ကိုယ္တို႔ရဲ႕ သုေတသန လုပ္တာက ပိုအဆင္ေျပၿပီး သက္ေရာက္မႈရွိေစဖို႔အတြက္ ကိုယ္တို႔ တစ္စုံတစ္ခုကို စမ္းသပ္ေလ့လာၿပီးတာနဲ႕ မင္းဆီ အရင္ပို႔လိုက္မယ္။ မင္း ခ်က္နည္းကို သိရၿပီဆိုရင္ ကိုယ္တို႔ကို ေဝစု နည္းနည္းေပးေပါ့ ဘယ္လိုလဲ”
ယြမ့္ထန္းသည္ သူ၏ စကားတို႔ကို သံသယ မ၀င္ေပ။ ထို႔ေၾကာင့္ လက္ခံလိုက္သည္။
“ ရပါတယ္”
“ ဒါဆိုရင္ကိုယ္မင္းကို အိမ္လိပ္စာ ပို႔ထားေပးလိုက္မယ္”
ေဟာ္ယြင္၇ီ၏ မ်က္ႏွာရွိ အၿပဳံးက အလြန္ ႀကီးလာသည္။
“ ေပ်ာ္႐ႊင္ဖြယ္ရာ ပူးေပါင္းမႈပါ”
“ ေပ်ာ္႐ႊင္ဖြယ္ရာ ပူးေပါင္းမႈပါ”
--------------
စာေရးသူမွာ ေျပာစရာ ၇ွိပါတယ္
ျပဇာတ္ငယ္ေလး
ေဟာ္ယြင္၇ီ( ညီကို တစ္ခ်က္ၾကည့္ကာ ေျပာ): ေဟး အ႐ူး ေသခ်ာ ၾကည့္ၿပီး သင္ယူ
ေဟာ္ယြင္ခ်န္း :”….”
-------
ဘာသာျပန္သူမွာ ေျပာစရာ ရွိပါတယ္
ေႂကြ႕ေမြးေန႕က ေရာက္ေတာ့မွာဆိုေတာ့ အဲ့ေန႕မွာ ေလးပိုင္း တင္ေပးမယ္ေနာ္။
၂၂ႏွစ္ျပည့္မွာဆိုေတာ့ ၂၂ပိုင္းတင္ေပးခ်င္ေပမယ့္ ကိစၥေတြက မ်ားေနတာနဲ႕ မေရးနိုင္ဘူးျဖစ္ေနတယ္။ ဒါေၾကာင့္ ၂နဲ႕၂နဲ႕ေပါင္း ေလး ဆိုၿပီး ေလးပိုင္းတင္ေပးမယ္ေနာ္။ဟီး
က်န္တဲ့၂ခုကေတာ့အဲ့ေန႕ ၁ပိုင္းစီ တင္ေပးမယ္၊
ဒီေန႕ကေတာ့ ေခါင္းမေကာင္းလို႔ နားေတာ့မယ္
ခ်စ္တယ္ အားလုံးပဲ မြ