ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 291K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

31

10.7K 2K 70
By Melinoe_Megami

Unicode

သိပ်မကြာခင်မှာပဲ ရင်းဆုယဲ့နဲ့ ရွှယ်ယို့ရှန်းတို့နှစ်ယောက် သူတို့ရဲ့ ဦးတည်ရာဖြစ်တဲ့ စမ်းချောင်းနံဘေးကို ရောက်သွားခဲ့တယ်။ ရွှယ်ယို့ရှန်းမှာ စမ်းချောင်းထဲ အလင်းပြန်နေတဲ့ သူ့ရဲ့ပုံရိပ်ကိုကြည့်ပြီး အပျော်တွေ ပျောက်ဆုံးသွားရတယ်။

ဒါက သူ့ရဲ့ လက်ရှိပုံစံပေါ့..? နီနီရဲရဲ နှုတ်ခမ်းလေးတွေနဲ့ ဖြူဖွေးနေတဲ့ သွားတွေ.. ခြုံကြည့်လိုက်ရင် ချစ်စရာကောင်းတဲ့ ကောင်ငယ်လေးပဲ။ ခန္ဓာကိုယ်သေးကွေးပြီး ကလေးတစ်ယောက်ဖြစ်သွားမှန်း သိနေပေမယ့်လည်း ဒီလိုမျိုး အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းတဲ့ ကောင်ငယ်လေးရဲ့ ခန္ဓာကိုယ်ထဲ ဝိဉာဉ်ကူးပြောင်းလာလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး..!

သူ့ရဲ့ မူလပုံစံက ဒီလိုချစ်စရာကောင်းတဲ့ ပုံစံမျိုးမဟုတ်တော့ သူကိုယ်တိုင်တောင် ဒီမျက်နှာလေးကြည့်ပြီး ကျဆုံးသွားလုမတတ်ပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာက သူ ဒီလိုချစ်စဖွယ်ပုံစံလေးနဲ့ မနေချင်ပါဘူး။ သူဖြစ်ချင်တာက စွဲမက်ဖွယ်ကောင်းသလို သီးခြားဆန်ပြီး မြင့်မြတ်ထည်ဝါတဲ့ အရှိန်အဝါတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့မူလပုံစံပဲ..!

“ဘာဖြစ်လို့လဲ..?”

ရေထဲကပုံရိပ်ကို အသည်းအသန် စိုက်ကြည့်နေတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ပြီး ရင်းဆုယဲ့လည်း စဉ်းစားရကျပ်သွားတယ်။

“ရင်းဆုယဲ့.. ကျွန်တော် ရုတ်တရက်ကြီး ငါးကင်စားချင်လာတယ်..”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို ဒေါသတကြီး မော့ကြည့်လိုက်တယ်။ သူက မြင့်မြတ်တဲ့အရှိန်အဝါ ပျောက်သွားလို့ ဝမ်းနည်းပက်လက် ဖြစ်နေတဲ့အချိန် ရေထဲကငါးတွေက ဘာကိစ္စ  ပျော်ပျော်ပါးပါး ကူးခတ်နေကြတာတုန်း..? အခု သူ မပျော်တော့ဘူး။ အကြောင်းပြချက်မရှိ ပြဿနာရှာချင်နေပြီ..!

“မင်းစားနိုင်လို့လား..?”

အစောပိုင်း အသားကင်စားတုန်းကလို မဖြစ်ရလေအောင် ရင်းဆုယဲ့က သေသေချာချာ ထပ်မေးလိုက်တယ်။

“စားနိုင်တယ်..”

ရွှယ်ယို့ရှန်း အာမခံလိုက်ပေမယ့် သူ့နှလုံးသားထဲမှာတော့ မသေချာဘူး။ အသားကင်စားရမယ်လို့ တွေးလိုက်တာနဲ့ မော်ဒန်ခေတ်က အချိန်ကို ပြန်တွေးမိပြန်ရော။ အဲ့တုန်းကဆို အသားစားတိုင်း အော်ဂလီဆန်လာပြီး တစ်ချိန်လုံး ငြင်းပယ်နေတတ်တာ။ ဘာလို့လဲဆိုတော့ သူက သွေးထွက်သံယိုကိစ္စတွေနဲ့ ဘယ်တော့မှ အသားမကျခဲ့ဘူးလေ..!

ပြောရမယ်ဆိုရင် အသားမစားသရွေ့ အဆင်ပြေမယ်လို့ ထင်တာပါပဲ..! (ငါးက ငါး၊ အသားက အသားပါတဲ့နော်။)

သူ အရမ်းတော်တာပဲ။ တစ်ချက်လေး တွေးလိုက်ရုံနဲ့ ပြဿနာတွေအများကြီး လျော့ချလိုက်နိုင်တယ်။ ခရီးသွားတွေနဲ့ မတွေ့ရလည်း အဆင်ပြေတယ်။ အစားအစာတွေ လဲလှယ်လို့မရလည်း ကိစ္စမရှိတော့ဘူး။ ‘တခြားဟာ ရှာစားကြမယ်’ လို့ ဆင်ခြေပေးပြီး ရင်းဆုယဲ့ရဲ့ မြို့တော်ပြန်မယ့် အစီအစဉ်ကို လက်လျော့အောင် လုပ်လို့ရပြီ..!

“ကောင်းပြီ..” ရွှယ်ယို့ရှန်းရဲ့ မျက်နှာက ချက်ချင်း ပြန်လည်ရွှင်ပြလာပြီး ရင်းဆုယဲ့ကို သဘောတူလိုက်တယ်။

“ဒါဆို အတူတူ ငါးဖမ်းကြရအောင်လေ..”

စမ်းချောင်းလေးထဲ အပူအပင်ကင်းမဲ့စွာ လွတ်လွတ်လပ်လပ် ကူးခပ်နေတဲ့ ငါးတွေကိုကြည့်ရင်း ရွှယ်ယို့ရှန်းက လူယုတ်မာပြုံး ပြုံးလိုက်တယ်။

“မလိုဘူး..”

ပြောပြောဆိုဆိုနဲ့ ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို ရှုခင်းကောင်းတဲ့ မြက်ခင်းစိမ်းတစ်နေရာကို ဆွဲခေါ်သွားခဲ့တယ်။ ထို့နောက် သိုလှောင်လက်စွပ်ထဲက ထိုင်စရာအခင်းတစ်ခု ထုတ်ယူလိုက်ပြီး သစ်ပင်ကြီးတစ်ခုရဲ့ အောက်ခြေမှာ ဖြန့်ခင်းလိုက်တယ်။ ပြီးတော့မှ ရွှယ်ယို့ရှန်းကို ထိုနေရာမှာ ထိုင်စေပြီး အနားယူနေရန် လက်ဟန်ပြလိုက်တယ်။

“အို..”

ရင်းဆုယဲ့ရဲ့ အစားအသောက်အတွက် အစအဆုံး သူကိုယ်တိုင် ပြင်ဆင်ပေးချင်နေတဲ့ ‘ကိုယ်လုပ်ပေးပါရစေ’ ဆိုတဲ့ အမူအရာကို မြင်တော့ ရွှယ်ယို့ရှန်းလည်း သူ့ရဲ့ ကြင်နာမှုကို လက်ခံတဲ့အနေနဲ့ နူးညံ့စွာ ပြုံးလိုက်တယ်။ သူ့ကိုယ်သူလည်း သိပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က သေးသေးကွေးကွေးလေးဆိုတော့ သူဝိုင်းလုပ်ပေးရင်တောင် ထိထိရောက်ရောက် ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ရင်းဆုယဲ့က လုပ်ပေးချင်နေမှတော့ သူလည်း အေးဆေးထိုင်ပြီး အနားယူနေရုံပဲပေါ့။ အလုပ်ရှုပ်နေတဲ့လူကို ထိုင်ကြည့်ရတာလည်း မကောင်းတာတော့ မဟုတ်ပါဘူးလေ..!

ရွှယ်ယို့ရှန်း ထိုင်ချလိုက်တော့မှ ရင်းဆုယဲ့လည်း အင်္ကျီလက်ခေါက်တင်၊ ဖိနပ်ချွတ်၊ ဘောင်းဘီကိုလည်း ရေလွတ်အောင် လိပ်တင်လိုက်ပြီး စမ်းချောင်းရှိရာ ခြေဗလာနဲ့ တန်းတန်းမတ်မတ် လျှောက်သွားတော့တယ်။ ထို့နောက် လက်ဆန့်လိုက်ပြီး ရေထဲကငါးတွေကို လှပသေသပ်စွာ ဖမ်းဆွဲလိုက်တော့တယ်။

ကမ်းနံဘေးမှာ ထိုင်နေတဲ့ ရွှယ်ယို့ရှန်းကတော့ ရင်းဆုယဲ့ရဲ့ ငါးဖမ်းနေဟန်ကို မမှိန်မသုန် ငေးမောကြည့်နေလေတယ်။

အလေးအနက်ထားကာ အာရုံစူးစိုက်နေတဲ့ ရင်းဆုယဲ့ရဲ့ ဟန်ပန်က တကယ့်ကို ခန့်ညားလွန်းနေတယ်။ စည်းနှောင်ထားတဲ့ ရွှေရောင်ဆံနွယ်တွေရဲ့ လှုပ်ရှားလိုက်တိုင်း ယိမ်းနွဲ့နေဟန်က လှပလွန်းပြီး ငါးဖမ်းလိုက်တိုင်း ဖြာထွက်လာတဲ့ ရေစက်ရေမှုန်တွေက လေပေါ်ဝဲပျံကာ တဖျတ်ဖျတ် တောက်ပနေလေရဲ့။ ထိုအလှတရားတွေ ပေါင်းစပ်လိုက်တော့ နေမင်းအလင်းရောင်အောက်က ထိုလူသားဟာ မူးမိုက်ငေးမောဖွယ် ‘တောက်ပတဲ့ အလှတရား’ ဆိုတဲ့ဂုဏ်ပုဒ်ရဲ့ ပြယုဂ်တစ်ခုလိုပါပဲ။

“သတိထား..!”

ရွှယ်ယို့ရှန်း အငေးလွန်နေစဉ်မှာပဲ ရင်းဆုယဲ့က ရုတ်တရက် လှမ်းအော်လိုက်ပြီး စက္ကန့်ပိုင်းအတွင်း စမ်းချောင်းထဲမှ ခုန်တက်လာကာ ရွှယ်ယို့ရှန်းဆီကို အပြေးရောက်လာခဲ့တယ်။

“ဘာဖြစ်တာလဲ..?”

သူ့အရှေ့မှာ ပိတ်ရပ်ပြီး ခန္ဓာကိုယ်ကြီးနဲ့ ကာကွယ်ဖို့လုပ်နေတဲ့ ရင်းဆုယဲ့ကြောင့် ရွှယ်ယို့ရှန်းလည်း စိတ်ဖိစီးသွားရတယ်။

“တစ်ယောက်ယောက် လာနေတယ်..”

ရင်းဆုယဲ့ရဲ့ လေသံဖျော့ဖျော့က စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေပြီး အန္တရာယ်များကြောင်း ဖော်ပြနေခဲ့တယ်။

“နောက်ဆုံးတော့ လူတချို့နဲ့ တွေ့ရပြီပေါ့.. ခရီးသွားတွေနဲ့ တွေ့ဖို့ မလွယ်ကူလိုက်တာ..”

ရင်းဆုယဲ့ ကာကွယ်ပေးထားတဲ့ ကောင်လေးကတော့ ရင်းဆုယဲ့ရဲ့ မျက်နှာပေါ်က သွေးဆာပြီး ရူးသွပ်နေတဲ့ အမူအရာကို မမြင်လိုက်ရှာပေ။

…………………………………….

Zawgyi

သိပ္မၾကာခင္မွာပဲ ရင္းဆုယဲ့နဲ႔ ႐ႊယ္ယို႔ရွန္းတို႔ႏွစ္ေယာက္ သူတို႔ရဲ႕ ဦးတည္ရာျဖစ္တဲ့ စမ္းေခ်ာင္းနံေဘးကို ေရာက္သြားခဲ့တယ္။ ႐ႊယ္ယို႔ရွန္းမွာ စမ္းေခ်ာင္းထဲ အလင္းျပန္ေနတဲ့ သူ႔ရဲ႕ပုံရိပ္ကိုၾကည့္ၿပီး အေပ်ာ္ေတြ ေပ်ာက္ဆုံးသြားရတယ္။

ဒါက သူ႔ရဲ႕ လက္ရွိပုံစံေပါ့..? နီနီရဲရဲ ႏႈတ္ခမ္းေလးေတြနဲ႔ ျဖဴေဖြးေနတဲ့ သြားေတြ.. ၿခဳံၾကည့္လိုက္ရင္ ခ်စ္စရာေကာင္းတဲ့ ေကာင္ငယ္ေလးပဲ။ ခႏၶာကိုယ္ေသးေကြးၿပီး ကေလးတစ္ေယာက္ျဖစ္သြားမွန္း သိေနေပမယ့္လည္း ဒီလိုမ်ိဳး အ႐ုပ္ေလးတစ္႐ုပ္လို ခ်စ္စရာေကာင္းတဲ့ ေကာင္ငယ္ေလးရဲ႕ ခႏၶာကိုယ္ထဲ ဝိဉာဥ္ကူးေျပာင္းလာလိမ့္မယ္လို႔ လုံးဝမထင္ထားခဲ့ဘူး..!

သူ႔ရဲ႕ မူလပုံစံက ဒီလိုခ်စ္စရာေကာင္းတဲ့ ပုံစံမ်ိဳးမဟုတ္ေတာ့ သူကိုယ္တိုင္ေတာင္ ဒီမ်က္ႏွာေလးၾကည့္ၿပီး က်ဆုံးသြားလုမတတ္ပဲ။ ဒါေပမဲ့ စိတ္မေကာင္းစရာက သူ ဒီလိုခ်စ္စဖြယ္ပုံစံေလးနဲ႔ မေနခ်င္ပါဘူး။ သူျဖစ္ခ်င္တာက စြဲမက္ဖြယ္ေကာင္းသလို သီးျခားဆန္ၿပီး ျမင့္ျမတ္ထည္ဝါတဲ့ အရွိန္အဝါေတြနဲ႔ ျပည့္ႏွက္ေနတဲ့ သူ႔ရဲ႕မူလပုံစံပဲ..!

“ဘာျဖစ္လို႔လဲ..?”

ေရထဲကပုံရိပ္ကို အသည္းအသန္ စိုက္ၾကည့္ေနတဲ့ ႐ႊယ္ယို႔ရွန္းကိုၾကည့္ၿပီး ရင္းဆုယဲ့လည္း စဥ္းစားရက်ပ္သြားတယ္။

“ရင္းဆုယဲ့.. ကြၽန္ေတာ္ ႐ုတ္တရက္ႀကီး ငါးကင္စားခ်င္လာတယ္..”

႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ကို ေဒါသတႀကီး ေမာ့ၾကည့္လိုက္တယ္။ သူက ျမင့္ျမတ္တဲ့အရွိန္အဝါ ေပ်ာက္သြားလို႔ ဝမ္းနည္းပက္လက္ ျဖစ္ေနတဲ့အခ်ိန္ ေရထဲကငါးေတြက ဘာကိစၥ  ေပ်ာ္ေပ်ာ္ပါးပါး ကူးခတ္ေနၾကတာတုန္း..? အခု သူ မေပ်ာ္ေတာ့ဘူး။ အေၾကာင္းျပခ်က္မရွိ ျပႆနာရွာခ်င္ေနၿပီ..!

“မင္းစားႏိုင္လို႔လား..?”

အေစာပိုင္း အသားကင္စားတုန္းကလို မျဖစ္ရေလေအာင္ ရင္းဆုယဲ့က ေသေသခ်ာခ်ာ ထပ္ေမးလိုက္တယ္။

“စားႏိုင္တယ္..”

႐ႊယ္ယို႔ရွန္း အာမခံလိုက္ေပမယ့္ သူ႔ႏွလုံးသားထဲမွာေတာ့ မေသခ်ာဘူး။ အသားကင္စားရမယ္လို႔ ေတြးလိုက္တာနဲ႔ ေမာ္ဒန္ေခတ္က အခ်ိန္ကို ျပန္ေတြးမိျပန္ေရာ။ အဲ့တုန္းကဆို အသားစားတိုင္း ေအာ္ဂလီဆန္လာၿပီး တစ္ခ်ိန္လုံး ျငင္းပယ္ေနတတ္တာ။ ဘာလို႔လဲဆိုေတာ့ သူက ေသြးထြက္သံယိုကိစၥေတြနဲ႔ ဘယ္ေတာ့မွ အသားမက်ခဲ့ဘူးေလ..!

ေျပာရမယ္ဆိုရင္ အသားမစားသေ႐ြ႕ အဆင္ေျပမယ္လို႔ ထင္တာပါပဲ..! (ငါးက ငါး၊ အသားက အသားပါတဲ့ေနာ္။)

သူ အရမ္းေတာ္တာပဲ။ တစ္ခ်က္ေလး ေတြးလိုက္႐ုံနဲ႔ ျပႆနာေတြအမ်ားႀကီး ေလ်ာ့ခ်လိုက္ႏိုင္တယ္။ ခရီးသြားေတြနဲ႔ မေတြ႕ရလည္း အဆင္ေျပတယ္။ အစားအစာေတြ လဲလွယ္လို႔မရလည္း ကိစၥမရွိေတာ့ဘူး။ ‘တျခားဟာ ရွာစားၾကမယ္’ လို႔ ဆင္ေျခေပးၿပီး ရင္းဆုယဲ့ရဲ႕ ၿမိဳ႕ေတာ္ျပန္မယ့္ အစီအစဥ္ကို လက္ေလ်ာ့ေအာင္ လုပ္လို႔ရၿပီ..!

“ေကာင္းၿပီ..” ႐ႊယ္ယို႔ရွန္းရဲ႕ မ်က္ႏွာက ခ်က္ခ်င္း ျပန္လည္႐ႊင္ျပလာၿပီး ရင္းဆုယဲ့ကို သေဘာတူလိုက္တယ္။

“ဒါဆို အတူတူ ငါးဖမ္းၾကရေအာင္ေလ..”

စမ္းေခ်ာင္းေလးထဲ အပူအပင္ကင္းမဲ့စြာ လြတ္လြတ္လပ္လပ္ ကူးခပ္ေနတဲ့ ငါးေတြကိုၾကည့္ရင္း ႐ႊယ္ယို႔ရွန္းက လူယုတ္မာၿပဳံး ၿပဳံးလိုက္တယ္။

“မလိုဘူး..”

ေျပာေျပာဆိုဆိုနဲ႔ ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို ရႈခင္းေကာင္းတဲ့ ျမက္ခင္းစိမ္းတစ္ေနရာကို ဆြဲေခၚသြားခဲ့တယ္။ ထို႔ေနာက္ သိုေလွာင္လက္စြပ္ထဲက ထိုင္စရာအခင္းတစ္ခု ထုတ္ယူလိုက္ၿပီး သစ္ပင္ႀကီးတစ္ခုရဲ႕ ေအာက္ေျခမွာ ျဖန႔္ခင္းလိုက္တယ္။ ၿပီးေတာ့မွ ႐ႊယ္ယို႔ရွန္းကို ထိုေနရာမွာ ထိုင္ေစၿပီး အနားယူေနရန္ လက္ဟန္ျပလိုက္တယ္။

“အို..”

ရင္းဆုယဲ့ရဲ႕ အစားအေသာက္အတြက္ အစအဆုံး သူကိုယ္တိုင္ ျပင္ဆင္ေပးခ်င္ေနတဲ့ ‘ကိုယ္လုပ္ေပးပါရေစ’ ဆိုတဲ့ အမူအရာကို ျမင္ေတာ့ ႐ႊယ္ယို႔ရွန္းလည္း သူ႔ရဲ႕ ၾကင္နာမႈကို လက္ခံတဲ့အေနနဲ႔ ႏူးညံ့စြာ ၿပဳံးလိုက္တယ္။ သူ႔ကိုယ္သူလည္း သိပါတယ္။ သူ႔ရဲ႕ ခႏၶာကိုယ္က ေသးေသးေကြးေကြးေလးဆိုေတာ့ သူဝိုင္းလုပ္ေပးရင္ေတာင္ ထိထိေရာက္ေရာက္ ကူညီေပးႏိုင္မွာ မဟုတ္ဘူး။ ရင္းဆုယဲ့က လုပ္ေပးခ်င္ေနမွေတာ့ သူလည္း ေအးေဆးထိုင္ၿပီး အနားယူေန႐ုံပဲေပါ့။ အလုပ္ရႈပ္ေနတဲ့လူကို ထိုင္ၾကည့္ရတာလည္း မေကာင္းတာေတာ့ မဟုတ္ပါဘူးေလ..!

႐ႊယ္ယို႔ရွန္း ထိုင္ခ်လိုက္ေတာ့မွ ရင္းဆုယဲ့လည္း အက်ႌလက္ေခါက္တင္၊ ဖိနပ္ခြၽတ္၊ ေဘာင္းဘီကိုလည္း ေရလြတ္ေအာင္ လိပ္တင္လိုက္ၿပီး စမ္းေခ်ာင္းရွိရာ ေျခဗလာနဲ႔ တန္းတန္းမတ္မတ္ ေလွ်ာက္သြားေတာ့တယ္။ ထို႔ေနာက္ လက္ဆန႔္လိုက္ၿပီး ေရထဲကငါးေတြကို လွပေသသပ္စြာ ဖမ္းဆြဲလိုက္ေတာ့တယ္။

ကမ္းနံေဘးမွာ ထိုင္ေနတဲ့ ႐ႊယ္ယို႔ရွန္းကေတာ့ ရင္းဆုယဲ့ရဲ႕ ငါးဖမ္းေနဟန္ကို မမွိန္မသုန္ ေငးေမာၾကည့္ေနေလတယ္။

အေလးအနက္ထားကာ အာ႐ုံစူးစိုက္ေနတဲ့ ရင္းဆုယဲ့ရဲ႕ ဟန္ပန္က တကယ့္ကို ခန႔္ညားလြန္းေနတယ္။ စည္းေႏွာင္ထားတဲ့ ေ႐ႊေရာင္ဆံႏြယ္ေတြရဲ႕ လႈပ္ရွားလိုက္တိုင္း ယိမ္းႏြဲ႕ေနဟန္က လွပလြန္းၿပီး ငါးဖမ္းလိုက္တိုင္း ျဖာထြက္လာတဲ့ ေရစက္ေရမႈန္ေတြက ေလေပၚဝဲပ်ံကာ တဖ်တ္ဖ်တ္ ေတာက္ပေနေလရဲ႕။ ထိုအလွတရားေတြ ေပါင္းစပ္လိုက္ေတာ့ ေနမင္းအလင္းေရာင္ေအာက္က ထိုလူသားဟာ မူးမိုက္ေငးေမာဖြယ္ ‘ေတာက္ပတဲ့ အလွတရား’ ဆိုတဲ့ဂုဏ္ပုဒ္ရဲ႕ ျပယုဂ္တစ္ခုလိုပါပဲ။

“သတိထား..!”

႐ႊယ္ယို႔ရွန္း အေငးလြန္ေနစဥ္မွာပဲ ရင္းဆုယဲ့က ႐ုတ္တရက္ လွမ္းေအာ္လိုက္ၿပီး စကၠန႔္ပိုင္းအတြင္း စမ္းေခ်ာင္းထဲမွ ခုန္တက္လာကာ ႐ႊယ္ယို႔ရွန္းဆီကို အေျပးေရာက္လာခဲ့တယ္။

“ဘာျဖစ္တာလဲ..?”

သူ႔အေရွ႕မွာ ပိတ္ရပ္ၿပီး ခႏၶာကိုယ္ႀကီးနဲ႔ ကာကြယ္ဖို႔လုပ္ေနတဲ့ ရင္းဆုယဲ့ေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း စိတ္ဖိစီးသြားရတယ္။

“တစ္ေယာက္ေယာက္ လာေနတယ္..”

ရင္းဆုယဲ့ရဲ႕ ေလသံေဖ်ာ့ေဖ်ာ့က စိတ္လႈပ္ရွားမႈေၾကာင့္ အနည္းငယ္ တုန္ယင္ေနၿပီး အႏၲရာယ္မ်ားေၾကာင္း ေဖာ္ျပေနခဲ့တယ္။

“ေနာက္ဆုံးေတာ့ လူတခ်ိဳ႕နဲ႔ ေတြ႕ရၿပီေပါ့.. ခရီးသြားေတြနဲ႔ ေတြ႕ဖို႔ မလြယ္ကူလိုက္တာ..”

ရင္းဆုယဲ့ ကာကြယ္ေပးထားတဲ့ ေကာင္ေလးကေတာ့ ရင္းဆုယဲ့ရဲ႕ မ်က္ႏွာေပၚက ေသြးဆာၿပီး ႐ူးသြပ္ေနတဲ့ အမူအရာကို မျမင္လိုက္ရွာေပ။

…………………………………….

Continue Reading

You'll Also Like

23.5K 964 4
Growl company ရဲ႕သူေဌးျဖစ္တ့ဲ Oh Sehun နဲ႔ Growl company ကိုအလုပ္လာေလွ်ာက္တ့ဲ သာမန္မိန္းကေလးတစ္ဦးျဖစ္တ့ဲ LuHan
277K 19.7K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
70.5K 9.5K 10
ရွာသားများက မြစ်စောင့်နတ်ထံ သတို့သမီးအဖြစ် ဆက်သရန် မိန်းမပျိုတစ်ဦးကို ရွေးချယ်ထားသည်။ ထိုမိန်းမပျိုအား ကယ်တင်ရန် လျိုချီသည် မြစ်စောင့်နတ်နန်းသို့ ကိ...
675K 39.5K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...