မင်းကြိုက်သလိုချစ်
အပိုင်း(25)
"ခေသိပြီးရင် အရမ်းနာကျင်မလားလို့ အားလုံးပြောပြရင် ခေလေးခံစားရလိမ့်မယ် ကိုယ်နှုတ်ဆိတ်နေလိုက်ရမလား ဒါပေမဲ့............"
ဟန်ခေက ရင်ထဲမှာ အရမ်းပူလောင်နေပြီ
ဒီကိစ္စနဲ့ လင်းထွဋ်ဘယ်လိုပတ်သတ်နေလဲ
"ခေက လင်းယောင်နဲ့အရမ်းပျော်နေတာကို မြင်နေရတော့ ပြောပြချင်လာလို့ "
"ဟင် "
"ခေ မင်းကိုယ်မင်းတော့မှတ်မိတယ်မဟုတ်လား ကားရှေ့က ဖျက်ပြေးသွားတဲ့ ဂါ၀န်အပြာလေးနဲ့အလယ်တန်းကျောင်းသူလေးလေ "
ဟန်ခေ ခေါင်းတညိတ်ညိတ်နဲ့ မျက်ရည်ကျလာသည် ။
"ဟက် ကားထဲက လူတွေက မင်းပြောတဲ့ မင်းရဲ့ အသက်ကျေးဇူးရှင် တွေ ဘယ်သူလဲဆိုတော့....."
ဟန်ခေကို စိုက်ကြည့်လိုက်ပြီး
"ကိုယ့်ရဲ့အစ်ကို နဲ့မရီး လင်းယောင်ရဲ့အဖေ နဲ့အမေ ဆိုရင်ရော"
"ဟင် "
ဒါ ဒါ ဆို လင်းယောင် ရဲ့မိဘတွေက ငါ့ကို ကယ်ခဲ့တာပေါ့
"ဒါနဲ့ မပြီးသေးဘူးနော် ခေ လင်းယောင်က၅နှစ်သားကတည်းက မိဘမဲ့ဖြစ်တာကိုသိတယ်မဟုတ်လား ဟက် အဲ့ဒီညကပဲ မင်းကိုရှောင်ရင်း သစ်ပင်ကို၀င်တိုက်ပြီး ပွဲချင်းပြီးဆုံးသွားတာ "
ဟန်ခေ မျက်ရည်တွေပင်ပေါက်ပေါက်ကျနေပြီ
ခေါင်းတစ်ခါခါနဲ့ ရှိုက်ငိုမိ၏ ။
"ဟင့် ဟင့် "
ငါ ငါ က လင်းယောင် ရဲ့မိဘတွေကို သတ်တာပေါ့ ဟင့် ငါ ငါ့ကြောင့် သေသွားတာပေါ့ လင်းယောင် မိဘမဲ့ဖြစ်တာငါ့ကြောင့်ပေါ့
သူမ လင်းယောင်ကို အားနာ တာကလွဲ၍ ဘာမှမရှိတော့ပါ ။
"ခေ မင်းဖုန်းလာနေတယ်မဟုတ်လား "
လင်းထွဋ် လင်းယောင်ဆီကမှန်းသိလိုက်တာကြောင့် သေချာသတိပေးလိုက်သည် ။
*
*
လင်းယောင် ဟန်ခေ့ရဲ့ ရုံးခန်းနားသို့ရောက်လာခဲ့ပြီ။ သူမတစ်ယောက်တည်းထိုင်နေတာ မှတ်လို့ ဘေးမှာ ကဦးထွဋ် ပဲ
ငါ့ဖုန်းကိုဘာလို့မကိုင်တာပါလိမ့်
နားနားကပ်ထားတဲ့ ဖုန်းထဲက
"အင်း "
ဆိုတဲ့သူမအသံကြောင့် လင်းယောင် ရှေ့ဆက်မတိုးပဲ ထိုနေရာ၌သာ ရပ်နေရင်း
"ဪ မ ဘာလို့ဖုန်းမကိုင်တာလဲ ကျွန်တော်လာနေပြီ "
"အင်း လင်းယောင် မလာနဲ့တော့ ငါ Night dutyလည်းရှိတယ် အိမ်မပြန်တော့ဘူး"
"ဘာဖြစ်လို့လဲ ကျွန်တော်က ရောက်ခါနီး....."
"ဒီနေ့မလာခဲ့နဲ့ ငါ ငါ sorry မလာခဲ့ပါနဲ့ "
ဖုန်းချသွားသောကြောင့် လင်းယောင် မျက်မှောင်ကုပ်ကျသွားသည်။
ဦးထွဋ် ရှိနေတာကို ငါ့ကိုဘာလို့မလာခိုင်းတာလဲ ဒေါသဖြစ်မိတာတော့အမှန်ပဲ
လင်းယောင် လက်သီးကို ကျစ်ကျစ်ဆုတ်ပြီး ရုံးခန်းထဲ၀င်သွားချင်ပေမဲ့
မ ကတောင်းတောင်းပန်ပန်နဲ့မလာနဲ့တဲ့
ကိစ္စတစ်ခုကိုအသေချာမသိသဖြင့်
လင်းယောင် ရှေ့မတိုးသေး ပြီးတော့ ဆေးရုံမှာ မဟုတ်လား သူမသိက္ခာရော အဘိုးသိက္ခာရောရှိသေးတာပဲ သို့သော် မပြန်သေးဘဲ ရပ်ကြည့်နေမိသည် ။
*
*
"ကဲ ခေ ခေ့ရဲ့ခေါင်းထဲမှာ ဒီကိစ္စကို ထည့်ထားပေါ့ ခေနဲ့လင်းယောင် ဖြစ်သင့်လားဆိုတာ ကိုယ်တော့ပြန်ပြီ မနက်ကျတွေ့တာပေါ့ "
သူမ ခေါင်းလေးကိုဖွဖွလေးပုတ်၍ ထွက်သွား၏ ။ လင်းယောင် ဦးထွဋ် ပြန်သွားကာမှ
အနည်းငယ်စိတ်အေးရပေမဲဲ့ မ ကဘာဖြစ်နေတာလဲ ဖုန်းထပ်ဆက် ကြည့်ပြန်တော့လည်း
"မ "
"လင်းယောင် ဒီနေ့တော့ ငါ မတွေ့ချင်ဘူး မင်း အိမ်ပြန်ပါတော့ "
"မ ဘာဖြစ်နေတာလဲ ကျွန်တော့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့"
ငါ မင်းမျက်နှာကိုဘယ်လိုကြည့်ရမလဲ လင်းယောင်ရယ် ဟင့် ငါ့ကြောင့် မင်းမိဘတွေ သေရတာ ငါ့ကြောင့် ......
"ငါ စကားလည်းမပြောချင်ဘူး ခုလောလောဆယ် မင်းလာမတွေ့ပါနဲ့ ဖုန်းလည်းမဆက်နဲ့"
ဆိုကာ ဖုန်းချပစ်လိုက်၍ power offပါလုပ်ပစ်လိုက်၏ ။လင်းယောင် သက်ပြင်းချလိုက်ပြီးမနက်မှပဲ ထပ်လာတာပေါ့ သူလည်း ပင်ပန်းနေလို့ဖြစ်မှာပါ ဆေးရုံထဲမှ ပြန်ထွက်လာခဲ့ပြီးဒီလိုချိန်ဆို တေဇ ကိုသတိရမိသည် ။
Clubမှာ စိတ်ညစ်စရာတွေဖျောက်ပစ်ပြီး ၂ယောက် ကဲနေကျလေ အခုတော့ တေဇ ကနယ်ဘက်ရောက်သွားပြီ ဘယ်ချိန်မှ ပြန်လာရမယ်မသိ စိုပြေ့ကိုလွမ်းတိုင်း ကိုယ့်ဆီပဲဖုန်းလာလာဆက်တယ် ကိုယ်တိုင်လည်းသွားမတွေ့ပဲ
ဘယ်လိုကောင်လည်းမသိဘူး
အိမ်သို့သာပြန်ခဲ့ရပေမဲ့ အိပ်မပျော်သဖြင့် တစ်ညလုံး စိုပြေနဲ့ Gameဆော့နေသည် ။စိုပြေလည်း ဘာတွေညစ်နေလဲမသိဘူး ကိုယ်နဲ့ တစ်ညလုံး Game ကစားပေးနေသည်။
*
*
ဟန်ခေ တစ်ညလုံးဆေးရုံမှာပဲ ငိုရလွန်းလို့လားမသိ မျက်လုံးလေးအစ်နေသည် ။ဘယ်ချိန်ကအိပ်ပျော်သွားမှန်းမသိ စားပွဲပေါ်တွင် မှောက်အိပ်နေမိသည် ။
နာရီကြည့်လိုက်တော့ မနက်၄နာရီ ဖြစ်၍
အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်၏ ။အိမ်မှာလည်း မောင်တော် တေဇ မရှိလို့ ခြောက်ကပ်နေတာပဲ
ကိုယ့်အခန်းထဲကိုယ်သာ ၀င်လာခဲ့ပြီး
တေဇအခန်းလေးကို တစ်ချက်ကြည့်မိလိုက်သေးသည်။
သူမရှိတော့ ရင်ဖွင့်စရာလူမရှိပြန်ဘူး
အခန်းထဲရောက်တော့ လင်းယောင် ၀ယ်ပေးတဲ့ ဖိနပ်အနီလေးမြင်၍ တစ်ဖန် မျက်ရည်ကျမိပြန်သည် ။
"သူ သာသိရင် ငါ့ကိုဘယ်လောက်တောင်မုန်းသွားမလဲ တမလွန်က သူ့မိဘတွေလည်း ငါ့ကိုဘယ်လောက်မုန်းနေမလဲ ငါ့ကြောင့် သူတို့အသက်ဆုံးရပြီး အခုသူ့သားနဲ့ ပျော်ရွှင်နေတယ် ဟင့် ဟင့် ငါအတော်မကောင်းတဲ့မိန်းမပဲ "
ကိုယ့်ကိုယ်ကိုယ်အပစ်တင်မိပြန်သည် ။
၈နာရီထိုးရင် ဆေးရုံကိုပြန်သွားရမည်မို့ မျက်နှာသစ်အ၀တ်လဲရင်း power offထားတာကို ပြန်ဖွင့်ကြည့်တော့ သူ ဖုန်းခေါ်ထားတာ အခါ၅၀ကျော်တာပဲ
ငါ နင့်ကိုမရင်ဆိုင်ရဲဘူး လင်းယောင်
ပြောရင်းဆိုရင်း ဖုန်း၀င်လာတာက သူ့ဆီကယောင်မှားလို့ ကိုင်လိုက်မိတာ
"မ ကျွန်တော် လမ်းထိပ်မှာ ဆေးရုံရောက်ခဲ့တယ် မ ပြန်သွားလို့ အခုလာခေါ်တာ "
ဟန်ခေ တစ်ဖက်ဖုန်းထဲကို ရှိုက်သံမကြားစေရန်ပါးစပ်ကိုပိတ်ထား၏။
"မ ဘာဖြစ်နေတာလဲ စကားပြန်ပြောဦးလေ နေမကောင်းဘူးလား "
"မင်း မင်း ပြန်တော့ "
"ဗျာ!"
"ပြန်တော့ လာမခေါ်နဲ့ မတွေ့ချင်ဘူး"
"မ ဘာဖြစ်နေတာလဲ မနေ့ကလည်း မတွေ့ဘူး အခုလည်း မတွေ့ချင်ဘူး နဲ့ ဘာဖြစ်နေတာလဲ ကျွန်တော့်ကို ကောက်နေတာလား "
"အဓိပ္ပာယ်မရှိတာ မင်းနဲ့မတွေ့ချင်လို့ "
"ဟယ်လို ဟယ်လို မ မ "
မ ဘာဖြစ်နေတာလဲ ဒီမှာ ကျွန်တော် ရင်ပူလွန်းလို့ ရူးတော့မယ် ဆိုတာ မသိလို့လား
ဦးထွဋ် ကြောင့်လားလို့ သံသယဖြစ်မ်ိပေမဲ့
မက အဲ့လို မိန်းမ မျိုးမှမဟုတ်တာ ဒါပေမဲ့ ဘာလို့ ကျွန်တော့်ကိုရှောင်နေတာ မတွေ့ချင်တာ ဆိုတာတော့ ဘယ်လိုမှ စဉ်းစားမရဘူး ခုလောလောဆယ် ရင်တွေပူတာပဲသိတယ် မ ရာ
*
*
ဘယ်လိုပဲဖြစ်ဖြစ် မတက်နိုင်ဘူး
သူကမတွေ့ချင်ဘူးပြောလဲ ဒီမှာက သူ့မျက်နှာကို မတွေ့ရတာ၂၄နာရီပြည့်တော့မည်ဖြစ်သဖြင့် ရူးချင်နေပြီ ကားပါကင်ထဲမှာ ရပ်စောင့်နေခဲ့တာလည်းကြာနေပြီ ဘာလို့မလာသေးပါလိမ့် ဒီနေ့ဆေးရုံကိုမလာတော့တာများလား
" ဦးလေးစံလား"
မနေနိုင်သဖြင့် လှမ်းမေးရပြီ
"ဟုတ်ကဲ့ အစ်ကိုလေး "
"ဟို မေဟန်ခေ ကဒီနေ့ခွင့်ရက်ယူလို့လား"
"အဲ ဟုတ်မယ် သေချာတော့မသိဘူး ခုနက သူ့လက်ထောက် ပြောသံကြား...."
ဆုံးတောင်မဆုံးသေးဘူး ဖုန်းချသွားပြန်သည်။
ဒီမနက်တင်ပဲ မ ရဲ့အိမ်နဲ့ဆေးရုံနဲ့ ဘယ်နခေါက်ရှိပြီလဲ မတက်နိုင်ဘူး ဒီနေ့တော့ မ မျက်နှာမြင်မှဖြစ်မယ် လင်းယောင် ကားကိုအရှိန်ပြင်းစွာ မောင်းနှင်ခဲ့သည် ။
"အန်တီ ဟို ...."
"ဟော် သားလင်းယောင် ပါလား လာလေ"
တေဇလည်းရှိတာမဟုတ် မ ဆီလာတာဆိုရင် ဘယ်လိုထင်မလဲ တေဇအဖေလည်းရှိနေတော့ ထွက်လာမည့်စကားတွေတောင်ပျောက်ကုန်ပြီ
"ဟုတ် "
"အေး သား ဘာကိစ္စရှိလို့လဲ တေဇ ကနယ်ဘက်သွားတာ သိတယ်မဟုတ်လား "
"ဟုတ်ကဲ့ ဟိုလေ...."
ဘယ်ကစပြောရမှန်းမသိဘူး
"အဟင်း ဟန်ခေ့ဆီလာတာလား "
တေဇအဖေရဲ့အမေးကလင်းယောင် မျက်လုံးပင်ပြူးသွား၏ ။သိများနေတာလား
ဒေါ်ယုနန္ဒာလည်း ပြုံးတုံ့တုံ့နဲ့
"ဟုတ် ဟုတ် ..."
"သမီးက အပေါ်မှာ လင်းယောင်ရဲ့ "
အန်တီက၀င်ဖြေတော့
"အပေါ်သွားလိုက်လေ "
ဟာ အခန်းထဲထိ အရောက်ပို့တယ်ဟ
တကယ်သိပြီးသားမို့လို့လား ယောက္ခမကြီးကတော့သိပ်ကောင်းပဲ
လင်းယောင် အပေါ်တက်သွားသည့်အခါ
"ရှင် ကဘာလို့ တည့်တည့်ကြီးမေးတာလဲ"
"မင်းတောင် အပေါ်မှာဆို ဖြေသေးတာပဲ"
"လင်းယောင်အဘိုးက အသိပေးထားလို့ သိပေမဲ့ မသိသလိုနေရမယ်ဆို"
"အေးလေ သဘောတူလို့ပဲခွင့်ပြုထားတာ ဘာဖြစ်လဲ "
တကယ်တော့ ဦးမင်းထင် နဲ့ မိဘချင်းဆွေးနွေးပြီးသားပါ။အခြေအနေသေချာအောင်စောင့်ကြည့်ရုံပဲ ၂ဖက်စလုံးသဘောတူပြီးသားမိူ့ လွှတ်ပေးလိုက်၏ ။
*
*
အခန်းတံခါးသော့မခက်ထားလို့
"မ "
အမြဲဘယ်တော့မှ တံခါးမဟုတ်ပဲ၀င်တတ်တဲ့အကျင့် သူ့အသံကြားလို့ ပျော်ပေမဲ့
ဒါပျော်ရမယ့်အချိန်မှ မဟုတ်တာ
တအံတသြလှည့်ကြည့်မိသည် ။
သူက ပြုံးပြရင်း မှန်ပြတင်းနားမှာရပ်နေသည့် အနက်ရောင် ဖဲသားဂါ၀န်တိုလေးနဲ့သူမကို နောက်မှ သိုင်းဖက်လိုက်၏။ရုန်းထွက်ချင်ပေမဲ့ မရုန်းနိုင်တဲ့ ကိုယ့်စိတ်တွေကို မုန်းမိသည်။
"ဘာလို့ ရှောင်နေတာလဲ နေမကောင်းလို့လား ဒီကဖြင့် စိတ်ပူလိုက်ရတာ"
သူမပုခုံးလေးပေါ်မေးတင်ကာ ကလေးတစ်
ယောက်လို
"ကျွန်တော့်ကိုဘာလို့မတွေ့ချင်ရတာလဲ စိတ်ကောက်နေတာလားဒီမှာ ရင်ပူလွန်းလို့ ဖြေပါ မ ရာ"
သူမ နှုတ်ဆိတ်၍သာနေသဖြင့် လင်းယောင်
သူမရဲ့မေးရိုးလေးကိုလှမ်းနမ်းလိုက်၏။
ငြိမ်နေတော့လည်း သူမမျက်နှာလေးကို ဆွဲလှည့်ကာနှုတ်ခမ်းများကို ကျူးလွန်မိသွားသည် ။
ပူနွေးစိုစွတ်သွားသည့်အခါ ဟန်ခေ ရုန်းထွက်ရင်း သူ့ကိုအားကုန်တွန်းထုတ်ပစ်လိုက်၏ ။
ရုတ်တရက်ကြီး တွန်းပစ်လိုက်တော့မှ လင်းယောင် သူမကိုသေချာကြည့်မိတာ မျက်ရည်တွေနဲ့
"ဟာ မ ငိုနေတာလား"
"မင်း ဒီကို ဘယ်လိုရောက်လာတာလဲ"
"ယောက္ခမကြီး လွှတ်လိုက်တာ"
"ဘာ !!"
"နေဦး မ ဘာလို့ငိုနေတာလဲ မျက်လုံးတွေအစ်နေပြီ "
"သွား ပြန်တော့"
"မ "
"မခေါ်နဲ့ ပြန်တော့လို့"
အောက်ကမေမေတို့ကြားမှာမို့ ခပ်တိုးတိုးသာ
"မ ဘာဖြစ်နေတာလဲ ကျွန်တော်ဘာမှနားမလည်ဘူး"
"ငါ မင်းကိုမတွေ့ချင်ဘူးလို့ ပြောပြီးပြီသွား "
"အကြောင်းအရင်းပေး ဘာကြောင့်လဲ ကျွန်တော်ဘာလုပ်မိလို့လဲ"
မင်းဘာမှ မလုပ်ခဲ့ဘူး ငါလုပ်ခဲ့တာ
"ခုလောလောဆယ် ငါ့အခန်းထဲက ထွက် ငါမင်းနဲ့လည်းမတွေ့ချင်ဘူး မင်းအသံလည်းမကြားချင်ဘူး ကုန်ကုန်ပြောမယ် မင်းနဲ့ငါ ပြီးပြီ "
"အဓိပ္ပာယ်မရှိတာ ဘာတွေလျော က်ပြောနေတာလဲ ဒါက နောက်စရာမဟုတ်ဘူးနော် မ "
"ငါ့ပုံစံက နောက်တဲ့ပုံဖြစ်နေလို့လား နင့်မျက်နှာကိုမမြင်ချင်ဘူးလို့ပြောနေတယ်လေ"
"မ ကျွန်တော့် ကို ဘာဖြစ်စေချင်နေတာလဲ မ မရှိရင် ကျွန်တော် ရူးသွားနိုင်တယ် သိတယ်နော်
မမရှိရင်မဖြစ်တာလည်း မသိရက်နဲ့"
"သွားဆိုသွားလိုက်ဟာ မင်းဘက်ကဘာပဲဖြစ်ဖြစ် ငါ့ဘက်က ပြီးပြီ "
မမေးဘူးလို့ဆုံးဖြတ်ထားတယ်မဖြစ်နိုင်ဘူး မ က အဲ့လိုမိန်းမမဟုတ်ဘူးလို့ ယုံပေမဲ့ ဘာကြောင့်မှန်းမသိမေးလိုက်မိတာ ကိုယ့် နှလုံးသားကို ဓားနဲ့မွှမ်းသလိုဖြစ်သွားမယ် လို့မသိခဲ့ဘူး
"ဦးထွဋ် ကြောင့်လား"
"ထင်ချင်သလိုထင် "
ဆိုကာ အခန်းအပြင်ထိ တွန်းထုတ်ပြီး လော့ချပစ်လိုက်တာ ကို ကျွန်တော်မသိပါ။တံခါးကိုတောင်ပြန်ဖွင့်မကြည့်ခဲ့ဘူး နောက်ထပ် မ ထပ်ပြောမယ့် ခါးခါးသီးသီး စကားတွေကို ဒီကောင် ခံနိုင်ရည်မရှိတော့ဘူး ထပ်သာကြားရင် တကယ် ရူးသွားလိမ့်မယ်။
*
*
ဖြစ်ပျက်နေကျ သဘောတွေကို ရုတ်တရက်ကြီးငြင်းပယ်နေတော မင်းနားလည်ရခက်နေတယ်မဟုတ်လား
အကြောင်းအရင်းကိုသိရင် မင်းကိုယ်တိုင် ငါ့ကို ရွံမုန်းသွားမှာ လင်းယောင်ရဲ့
မင်း မုန်းတာကို ငါခံနိုင်ရည်မရှိဘူးလင်းယောင်ရယ်
ဒီတော့ ဒီမှာပဲ ရပ်တန့်ပြီး ချစ်လျှက်နဲ့မုန်းဟန်ဆောင်ကာ ငါ့ဘက်ပဲအဆုံးသတ်ခွင့်ပေးပါ။
************************************
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(26)ဆက်ရန်
Zawgyi Version
မင္းႀကိဳက္သလိုခ်စ္
အပိုင္း(25)
"ေခသိၿပီးရင္ အရမ္းနာက်င္မလားလို႔ အားလုံးေျပာျပရင္ ေခေလးခံစားရလိမ့္မယ္ ကိုယ္ႏႈတ္ဆိတ္ေနလိုက္ရမလား ဒါေပမဲ့............"
ဟန္ေခက ရင္ထဲမွာ အရမ္းပူေလာင္ေနၿပီ
ဒီကိစၥနဲ႕ လင္းထြဋ္ဘယ္လိုပတ္သတ္ေနလဲ
"ေခက လင္းေယာင္နဲ႕အရမ္းေပ်ာ္ေနတာကို ျမင္ေနရေတာ့ ေျပာျပခ်င္လာလို႔ "
"ဟင္ "
"ေခ မင္းကိုယ္မင္းေတာ့မွတ္မိတယ္မဟုတ္လား ကားေရွ႕က ဖ်က္ေျပးသြားတဲ့ ဂါ၀န္အျပာေလးနဲ႕အလယ္တန္းေက်ာင္းသူေလးေလ "
ဟန္ေခ ေခါင္းတညိတ္ညိတ္နဲ႕ မ်က္ရည္က်လာသည္ ။
"ဟက္ ကားထဲက လူေတြက မင္းေျပာတဲ့ မင္းရဲ႕ အသက္ေက်းဇူးရွင္ ေတြ ဘယ္သူလဲဆိုေတာ့....."
ဟန္ေခကို စိုက္ၾကည့္လိုက္ၿပီး
"ကိုယ့္ရဲ႕အစ္ကို နဲ႕မရီး လင္းေယာင္ရဲ႕အေဖ နဲ႕အေမ ဆိုရင္ေရာ"
"ဟင္ "
ဒါ ဒါ ဆို လင္းေယာင္ ရဲ႕မိဘေတြက ငါ့ကို ကယ္ခဲ့တာေပါ့
"ဒါနဲ႕ မၿပီးေသးဘူးေနာ္ ေခ လင္းေယာင္က၅ႏွစ္သားကတည္းက မိဘမဲ့ျဖစ္တာကိုသိတယ္မဟုတ္လား ဟက္ အဲ့ဒီညကပဲ မင္းကိုေရွာင္ရင္း သစ္ပင္ကို၀င္တိုက္ၿပီး ပြဲခ်င္းၿပီးဆုံးသြားတာ "
ဟန္ေခ မ်က္ရည္ေတြပင္ေပါက္ေပါက္က်ေနၿပီ
ေခါင္းတစ္ခါခါနဲ႕ ရွိုက္ငိုမိ၏ ။
"ဟင့္ ဟင့္ "
ငါ ငါ က လင္းေယာင္ ရဲ႕မိဘေတြကို သတ္တာေပါ့ ဟင့္ ငါ ငါ့ေၾကာင့္ ေသသြားတာေပါ့ လင္းေယာင္ မိဘမဲ့ျဖစ္တာငါ့ေၾကာင့္ေပါ့
သူမ လင္းေယာင္ကို အားနာ တာကလြဲ၍ ဘာမွမရွိေတာ့ပါ ။
"ေခ မင္းဖုန္းလာေနတယ္မဟုတ္လား "
လင္းထြဋ္ လင္းေယာင္ဆီကမွန္းသိလိုက္တာေၾကာင့္ ေသခ်ာသတိေပးလိုက္သည္ ။
*
*
လင္းေယာင္ ဟန္ေခ့ရဲ႕ ႐ုံးခန္းနားသို႔ေရာက္လာခဲ့ၿပီ။ သူမတစ္ေယာက္တည္းထိုင္ေနတာ မွတ္လို႔ ေဘးမွာ ကဦးထြဋ္ ပဲ
ငါ့ဖုန္းကိုဘာလို႔မကိုင္တာပါလိမ့္
နားနားကပ္ထားတဲ့ ဖုန္းထဲက
"အင္း "
ဆိုတဲ့သူမအသံေၾကာင့္ လင္းေယာင္ ေရွ႕ဆက္မတိုးပဲ ထိုေနရာ၌သာ ရပ္ေနရင္း
"ဪ မ ဘာလို႔ဖုန္းမကိုင္တာလဲ ကြၽန္ေတာ္လာေနၿပီ "
"အင္း လင္းေယာင္ မလာနဲ႕ေတာ့ ငါ Night dutyလည္းရွိတယ္ အိမ္မျပန္ေတာ့ဘူး"
"ဘာျဖစ္လို႔လဲ ကြၽန္ေတာ္က ေရာက္ခါနီး....."
"ဒီေန႕မလာခဲ့နဲ႕ ငါ ငါ sorry မလာခဲ့ပါနဲ႕ "
ဖုန္းခ်သြားေသာေၾကာင့္ လင္းေယာင္ မ်က္ေမွာင္ကုပ္က်သြားသည္။
ဦးထြဋ္ ရွိေနတာကို ငါ့ကိုဘာလို႔မလာခိုင္းတာလဲ ေဒါသျဖစ္မိတာေတာ့အမွန္ပဲ
လင္းေယာင္ လက္သီးကို က်စ္က်စ္ဆုတ္ၿပီး ႐ုံးခန္းထဲ၀င္သြားခ်င္ေပမဲ့
မ ကေတာင္းေတာင္းပန္ပန္နဲ႕မလာနဲ႕တဲ့
ကိစၥတစ္ခုကိုအေသခ်ာမသိသျဖင့္
လင္းေယာင္ ေရွ႕မတိုးေသး ၿပီးေတာ့ ေဆး႐ုံမွာ မဟုတ္လား သူမသိကၡာေရာ အဘိုးသိကၡာေရာရွိေသးတာပဲ သို႔ေသာ္ မျပန္ေသးဘဲ ရပ္ၾကည့္ေနမိသည္ ။
*
*
"ကဲ ေခ ေခ့ရဲ႕ေခါင္းထဲမွာ ဒီကိစၥကို ထည့္ထားေပါ့ ေခနဲ႕လင္းေယာင္ ျဖစ္သင့္လားဆိုတာ ကိုယ္ေတာ့ျပန္ၿပီ မနက္က်ေတြ႕တာေပါ့ "
သူမ ေခါင္းေလးကိုဖြဖြေလးပုတ္၍ ထြက္သြား၏ ။ လင္းေယာင္ ဦးထြဋ္ ျပန္သြားကာမွ
အနည္းငယ္စိတ္ေအးရေပမဲဲ့ မ ကဘာျဖစ္ေနတာလဲ ဖုန္းထပ္ဆက္ ၾကည့္ျပန္ေတာ့လည္း
"မ "
"လင္းေယာင္ ဒီေန႕ေတာ့ ငါ မေတြ႕ခ်င္ဘူး မင္း အိမ္ျပန္ပါေတာ့ "
"မ ဘာျဖစ္ေနတာလဲ ကြၽန္ေတာ့္ကိုစိတ္ပူေအာင္မလုပ္ပါနဲ႕"
ငါ မင္းမ်က္ႏွာကိုဘယ္လိုၾကည့္ရမလဲ လင္းေယာင္ရယ္ ဟင့္ ငါ့ေၾကာင့္ မင္းမိဘေတြ ေသရတာ ငါ့ေၾကာင့္ ......
"ငါ စကားလည္းမေျပာခ်င္ဘူး ခုေလာေလာဆယ္ မင္းလာမေတြ႕ပါနဲ႕ ဖုန္းလည္းမဆက္နဲ႕"
ဆိုကာ ဖုန္းခ်ပစ္လိုက္၍ power offပါလုပ္ပစ္လိုက္၏ ။လင္းေယာင္ သက္ျပင္းခ်လိဳက္ၿပီးမနက္မွပဲ ထပ္လာတာေပါ့ သူလည္း ပင္ပန္းေနလို႔ျဖစ္မွာပါ ေဆး႐ုံထဲမွ ျပန္ထြက္လာခဲ့ၿပီးဒီလိုခ်ိန္ဆို ေတဇ ကိုသတိရမိသည္ ။
Clubမွာ စိတ္ညစ္စရာေတြေဖ်ာက္ပစ္ၿပီး ၂ေယာက္ ကဲေနက်ေလ အခုေတာ့ ေတဇ ကနယ္ဘက္ေရာက္သြားၿပီ ဘယ္ခ်ိန္မွ ျပန္လာရမယ္မသိ စိုေျပ့ကိုလြမ္းတိုင္း ကိုယ့္ဆီပဲဖုန္းလာလာဆက္တယ္ ကိုယ္တိုင္လည္းသြားမေတြ႕ပဲ
ဘယ္လိုေကာင္လည္းမသိဘူး
အိမ္သို႔သာျပန္ခဲ့ရေပမဲ့ အိပ္မေပ်ာ္သျဖင့္ တစ္ညလုံး စိုေျပနဲ႕ Gameေဆာ့ေနသည္ ။စိုေျပလည္း ဘာေတြညစ္ေနလဲမသိဘူး ကိုယ္နဲ႕ တစ္ညလုံး Game ကစားေပးေနသည္။
*
*
ဟန္ေခ တစ္ညလုံးေဆး႐ုံမွာပဲ ငိုရလြန္းလို႔လားမသိ မ်က္လုံးေလးအစ္ေနသည္ ။ဘယ္ခ်ိန္ကအိပ္ေပ်ာ္သြားမွန္းမသိ စားပြဲေပၚတြင္ ေမွာက္အိပ္ေနမိသည္ ။
နာရီၾကည့္လိုက္ေတာ့ မနက္၄နာရီ ျဖစ္၍
အိမ္ျပန္ဖို႔ဆုံးျဖတ္လိုက္၏ ။အိမ္မွာလည္း ေမာင္ေတာ္ ေတဇ မရွိလို႔ ေျခာက္ကပ္ေနတာပဲ
ကိုယ့္အခန္းထဲကိုယ္သာ ၀င်လာခဲ့ပြီး
ေတဇအခန္းေလးကို တစ္ခ်က္ၾကည့္မိလိုက္ေသးသည္။
သူမရွိေတာ့ ရင္ဖြင့္စရာလူမရွိျပန္ဘူး
အခန္းထဲေရာက္ေတာ့ လင္းေယာင္ ၀ယ်ပေးတဲ့ ဖိနပ္အနီေလးျမင္၍ တစ္ဖန္ မ်က္ရည္က်မိျပန္သည္ ။
"သူ သာသိရင္ ငါ့ကိုဘယ္ေလာက္ေတာင္မုန္းသြားမလဲ တမလြန္က သူ႕မိဘေတြလည္း ငါ့ကိုဘယ္ေလာက္မုန္းေနမလဲ ငါ့ေၾကာင့္ သူတို႔အသက္ဆုံးရၿပီး အခုသူ႕သားနဲ႕ ေပ်ာ္႐ႊင္ေနတယ္ ဟင့္ ဟင့္ ငါအေတာ္မေကာင္းတဲ့မိန္းမပဲ "
ကိုယ့္ကိုယ္ကိုယ္အပစ္တင္မိျပန္သည္ ။
၈နာရီထိုးရင္ ေဆး႐ုံကိုျပန္သြားရမည္မို႔ မ်က္ႏွာသစ္အ၀တ္လဲရင္း power offထားတာကို ျပန္ဖြင့္ၾကည့္ေတာ့ သူ ဖုန္းေခၚထားတာ အခါ၅၀ေက်ာ္တာပဲ
ငါ နင့္ကိုမရင္ဆိုင္ရဲဘူး လင္းေယာင္
ေျပာရင္းဆိုရင္း ဖုန္း၀င္လာတာက သူ႕ဆီကေယာင္မွားလို႔ ကိုင္လိုက္မိတာ
"မ ကြၽန္ေတာ္ လမ္းထိပ္မွာ ေဆး႐ုံေရာက္ခဲ့တယ္ မ ျပန္သြားလို႔ အခုလာေခၚတာ "
ဟန္ေခ တစ္ဖက္ဖုန္းထဲကို ရွိုက္သံမၾကားေစရန္ပါးစပ္ကိုပိတ္ထား၏။
"မ ဘာျဖစ္ေနတာလဲ စကားျပန္ေျပာဦးေလ ေနမေကာင္းဘူးလား "
"မင္း မင္း ျပန္ေတာ့ "
"ဗ်ာ!"
"ျပန္ေတာ့ လာမေခၚနဲ႕ မေတြ႕ခ်င္ဘူး"
"မ ဘာျဖစ္ေနတာလဲ မေန႕ကလည္း မေတြ႕ဘူး အခုလည္း မေတြ႕ခ်င္ဘူး နဲ႕ ဘာျဖစ္ေနတာလဲ ကြၽန္ေတာ့္ကို ေကာက္ေနတာလား "
"အဓိပၸာယ္မရွိတာ မင္းနဲ႕မေတြ႕ခ်င္လို႔ "
"ဟယ္လို ဟယ္လို မ မ "
မ ဘာျဖစ္ေနတာလဲ ဒီမွာ ကြၽန္ေတာ္ ရင္ပူလြန္းလို႔ ႐ူးေတာ့မယ္ ဆိုတာ မသိလို႔လား
ဦးထြဋ္ ေၾကာင့္လားလို႔ သံသယဖြစ်မ်ိပေမဲ့
မက အဲ့လို မိန္းမ မ်ိဳးမွမဟုတ္တာ ဒါေပမဲ့ ဘာလို႔ ကြၽန္ေတာ့္ကိုေရွာင္ေနတာ မေတြ႕ခ်င္တာ ဆိုတာေတာ့ ဘယ္လိုမွ စဥ္းစားမရဘူး ခုေလာေလာဆယ္ ရင္ေတြပူတာပဲသိတယ္ မ ရာ
*
*
ဘယ္လိုပဲျဖစ္ျဖစ္ မတက္နိုင္ဘူး
သူကမေတြ႕ခ်င္ဘူးေျပာလဲ ဒီမွာက သူ႕မ်က္ႏွာကို မေတြ႕ရတာ၂၄နာရီျပည့္ေတာ့မည္ျဖစ္သျဖင့္ ႐ူးခ်င္ေနၿပီ ကားပါကင္ထဲမွာ ရပ္ေစာင့္ေနခဲ့တာလည္းၾကာေနၿပီ ဘာလို႔မလာေသးပါလိမ့္ ဒီေန႕ေဆး႐ုံကိုမလာေတာ့တာမ်ားလား
" ဦးေလးစံလား"
မေနနိုင္သျဖင့္ လွမ္းေမးရၿပီ
"ဟုတ္ကဲ့ အစ္ကိုေလး "
"ဟို ေမဟန္ေခ ကဒီေန႕ခြင့္ရက္ယူလို႔လား"
"အဲ ဟုတ္မယ္ ေသခ်ာေတာ့မသိဘူး ခုနက သူ႕လက္ေထာက္ ေျပာသံၾကား...."
ဆုံးေတာင္မဆုံးေသးဘူး ဖုန္းခ်သြားျပန္သည္။
ဒီမနက္တင္ပဲ မ ရဲ႕အိမ္နဲ႕ေဆး႐ုံနဲ႕ ဘယ္နေခါက္ရွိၿပီလဲ မတက္နိုင္ဘူး ဒီေန႕ေတာ့ မ မ်က္ႏွာျမင္မွျဖစ္မယ္ လင္းေယာင္ ကားကိုအရွိန္ျပင္းစြာ ေမာင္းႏွင္ခဲ့သည္ ။
"အန္တီ ဟို ...."
"ေဟာ္ သားလင္းေယာင္ ပါလား လာေလ"
ေတဇလည္းရွိတာမဟုတ္ မ ဆီလာတာဆိုရင္ ဘယ္လိုထင္မလဲ ေတဇအေဖလည္းရွိေနေတာ့ ထြက္လာမည့္စကားေတြေတာင္ေပ်ာက္ကုန္ၿပီ
"ဟုတ္ "
"ေအး သား ဘာကိစၥရွိလို႔လဲ ေတဇ ကနယ္ဘက္သြားတာ သိတယ္မဟုတ္လား "
"ဟုတ္ကဲ့ ဟိုေလ...."
ဘယ္ကစေျပာရမွန္းမသိဘူး
"အဟင္း ဟန္ေခ့ဆီလာတာလား "
ေတဇအေဖရဲ႕အေမးကလင္းေယာင္ မ်က္လုံးပင္ျပဴးသြား၏ ။သိမ်ားေနတာလား
ေဒၚယုနႏၵာလည္း ၿပဳံးတုံ႕တုံ႕နဲ႕
"ဟုတ္ ဟုတ္ ..."
"သမီးက အေပၚမွာ လင္းေယာင္ရဲ႕ "
အန္တီက၀င္ေျဖေတာ့
"အေပၚသြားလိုက္ေလ "
ဟာ အခန္းထဲထိ အေရာက္ပို႔တယ္ဟ
တကယ္သိၿပီးသားမို႔လို႔လား ေယာကၡမႀကီးကေတာ့သိပ္ေကာင္းပဲ
လင္းေယာင္ အေပၚတက္သြားသည့္အခါ
"ရွင္ ကဘာလို႔ တည့္တည့္ႀကီးေမးတာလဲ"
"မင္းေတာင္ အေပၚမွာဆို ေျဖေသးတာပဲ"
"လင္းေယာင္အဘိုးက အသိေပးထားလို႔ သိေပမဲ့ မသိသလိုေနရမယ္ဆို"
"ေအးေလ သေဘာတူလို႔ပဲခြင့္ျပဳထားတာ ဘာျဖစ္လဲ "
တကယ္ေတာ့ ဦးမင္းထင္ နဲ႕ မိဘခ်င္းေဆြးႏြေးၿပီးသားပါ။အေျခအေနေသခ်ာေအာင္ေစာင့္ၾကည့္႐ုံပဲ ၂ဖက္စလုံးသေဘာတူၿပီးသားမိူ႕ လႊတ္ေပးလိုက္၏ ။
*
*
အခန္းတံခါးေသာ့မခက္ထားလို႔
"မ "
အၿမဲဘယ္ေတာ့မွ တံခါးမဟုတ္ပဲ၀င္တတ္တဲ့အက်င့္ သူ႕အသံၾကားလို႔ ေပ်ာ္ေပမဲ့
ဒါေပ်ာ္ရမယ့္အခ်ိန္မွ မဟုတ္တာ
တအံတၾသလွည့္ၾကည့္မိသည္ ။
သူက ၿပဳံးျပရင္း မွန္ျပတင္းနားမွာရပ္ေနသည့္ အနက္ေရာင္ ဖဲသားဂါ၀န္တိုေလးနဲ႕သူမကို ေနာက္မွ သိုင္းဖက္လိုက္၏။႐ုန္းထြက္ခ်င္ေပမဲ့ မ႐ုန္းနိုင္တဲ့ ကိုယ့္စိတ္ေတြကို မုန္းမိသည္။
"ဘာလို႔ ေရွာင္ေနတာလဲ ေနမေကာင္းလို႔လား ဒီကျဖင့္ စိတ္ပူလိုက္ရတာ"
သူမပုခုံးေလးေပၚေမးတင္ကာ ကေလးတစ္
ေယာက္လို
"ကြၽန္ေတာ့္ကိုဘာလို႔မေတြ႕ခ်င္ရတာလဲ စိတ္ေကာက္ေနတာလားဒီမွာ ရင္ပူလြန္းလို႔ ေျဖပါ မ ရာ"
သူမ ႏႈတ္ဆိတ္၍သာေနသျဖင့္ လင္းေယာင္
သူမရဲ႕ေမးရိုးေလးကိုလွမ္းနမ္းလိုက္၏။
ၿငိမ္ေနေတာ့လည္း သူမမ်က္ႏွာေလးကို ဆြဲလွည့္ကာႏႈတ္ခမ္းမ်ားကို က်ဴးလြန္မိသြားသည္ ။
ပူႏြေးစိုစြတ္သြားသည့္အခါ ဟန္ေခ ႐ုန္းထြက္ရင္း သူ႕ကိုအားကုန္တြန္းထုတ္ပစ္လိုက္၏ ။
႐ုတ္တရက္ႀကီး တြန္းပစ္လိုက္ေတာ့မွ လင္းေယာင္ သူမကိုေသခ်ာၾကည့္မိတာ မ်က္ရည္ေတြနဲ႕
"ဟာ မ ငိုေနတာလား"
"မင္း ဒီကို ဘယ္လိုေရာက္လာတာလဲ"
"ေယာကၡမႀကီး လႊတ္လိုက္တာ"
"ဘာ !!"
"ေနဦး မ ဘာလို႔ငိုေနတာလဲ မ်က္လုံးေတြအစ္ေနၿပီ "
"သြား ျပန္ေတာ့"
"မ "
"မေခၚနဲ႕ ျပန္ေတာ့လို႔"
ေအာက္ကေမေမတို႔ၾကားမွာမို႔ ခပ္တိုးတိုးသာ
"မ ဘာျဖစ္ေနတာလဲ ကြၽန္ေတာ္ဘာမွနားမလည္ဘူး"
"ငါ မင္းကိုမေတြ႕ခ်င္ဘူးလို႔ ေျပာၿပီးၿပီသြား "
"အေၾကာင္းအရင္းေပး ဘာေၾကာင့္လဲ ကြၽန္ေတာ္ဘာလုပ္မိလို႔လဲ"
မင္းဘာမွ မလုပ္ခဲ့ဘူး ငါလုပ္ခဲ့တာ
"ခုေလာေလာဆယ္ ငါ့အခန္းထဲက ထြက္ ငါမင္းနဲ႕လည္းမေတြ႕ခ်င္ဘူး မင္းအသံလည္းမၾကားခ်င္ဘူး ကုန္ကုန္ေျပာမယ္ မင္းနဲ႕ငါ ၿပီးၿပီ "
"အဓိပၸာယ္မရွိတာ ဘာေတြေလ်ာ က္ေျပာေနတာလဲ ဒါက ေနာက္စရာမဟုတ္ဘူးေနာ္ မ "
"ငါ့ပုံစံက ေနာက္တဲ့ပုံျဖစ္ေနလို႔လား နင့္မ်က္ႏွာကိုမျမင္ခ်င္ဘူးလို႔ေျပာေနတယ္ေလ"
"မ ကြၽန္ေတာ့္ ကို ဘာျဖစ္ေစခ်င္ေနတာလဲ မ မရွိရင္ ကြၽန္ေတာ္ ႐ူးသြားနိုင္တယ္ သိတယ္ေနာ္
မမရွိရင္မျဖစ္တာလည္း မသိရက္နဲ႕"
"သြားဆိုသြားလိုက္ဟာ မင္းဘက္ကဘာပဲျဖစ္ျဖစ္ ငါ့ဘက္က ၿပီးၿပီ "
မေမးဘူးလို႔ဆုံးျဖတ္ထားတယ္မျဖစ္နိုင္ဘူး မ က အဲ့လိုမိန္းမမဟုတ္ဘူးလို႔ ယုံေပမဲ့ ဘာေၾကာင့္မွန္းမသိေမးလိုက္မိတာ ကိုယ့္ ႏွလုံးသားကို ဓားနဲ႕မႊမ္းသလိုျဖစ္သြားမယ္ လို႔မသိခဲ့ဘူး
"ဦးထြဋ္ ေၾကာင့္လား"
"ထင္ခ်င္သလိုထင္ "
ဆိုကာ အခန္းအျပင္ထိ တြန္းထုတ္ၿပီး ေလာ့ခ်ပစ္လိုက္တာ ကို ကြၽန္ေတာ္မသိပါ။တံခါးကိုေတာင္ျပန္ဖြင့္မၾကည့္ခဲ့ဘူး ေနာက္ထပ္ မ ထပ္ေျပာမယ့္ ခါးခါးသီးသီး စကားေတြကို ဒီေကာင္ ခံနိုင္ရည္မရွိေတာ့ဘူး ထပ္သာၾကားရင္ တကယ္ ႐ူးသြားလိမ့္မယ္။
*
*
ျဖစ္ပ်က္ေနက် သေဘာေတြကို ႐ုတ္တရက္ႀကီးျငင္းပယ္ေနေတာ မင္းနားလည္ရခက္ေနတယ္မဟုတ္လား
အေၾကာင္းအရင္းကိုသိရင္ မင္းကိုယ္တိုင္ ငါ့ကို ႐ြံမုန္းသြားမွာ လင္းေယာင္ရဲ႕
မင္း မုန္းတာကို ငါခံနိုင္ရည္မရွိဘူးလင္းေယာင္ရယ္
ဒီေတာ့ ဒီမွာပဲ ရပ္တန့္ၿပီး ခ်စ္လွ်က္နဲ႕မုန္းဟန္ေဆာင္ကာ ငါ့ဘက္ပဲအဆုံးသတ္ခြင့္ေပးပါ။
************************************
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း(26)ဆက္ရန္