ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.5.15

3.7K 595 78
By devil61002

အျပင္ဘက္က အျဖစ္အပ်က္မ်ားကို သူက ဘာမွမသိရဘဲ . ေခါင္းထဲ တစ္စုတစ္ၿပံဳႀကီး ဝင္လာတဲ့ အခ်က္အလက္ကိုသာ လက္ခံေနရတယ္ ။ နာက်င္မႈနဲ႔ ေနသားက်သြားသၫ့္အခါ အရင္ကေလာက္ ျပင္းထန္သၫ့္ ေခါင္းကိုက္မႈကို မခံစားရေတာ့ေပ ။ ေနာင္တခ်ိန္ သူ႔ေခါင္းကို တူနဲ႔ လာထုရင္ေတာင္ မနာေလာက္‌ေတာ့ဘူးလို႔ ထင္ရတဲ့အထိ နာက်င္မႈနဲ႔ ေနသားက်သြားခဲ့သည္ ။

မွတ္ဉာဏ္ေတြ... မ်ားျပားလြန္းတဲ့ မွတ္ဉာဏ္ေတြကို ျမင္ေယာင္ေနရသည္ ... ေဆးရံုမွာတုန္းက ျမင္ရတဲ့ ျမင္‌ကြင္းေတြက တဖန္ျပန္ေရာက္လာသလိုပင္ .. သို႔‌ေသာ္ လက္ရိွ ျမင္ကြင္းက ပိုလို႔ အေသးစိတ္က်သည္ ..

အေတြးပံုရိပ္မ်ားက ပိုလို႔ထင္ရွားလာခဲ့ၿပီး .. ျမင္ကြင္းမ်ိဳးစံုကို ေျပာင္းလဲေနခဲ့သည္ .. သူ ျဖတ္သန္းခဲ့ရတဲ့ ဘဝႀကီး တစ္ခုလံုးကို ေနာက္ျပန္ရစ္ျပေနသလိုမ်ိဳး.. အရာအားလံုးကို ျပန္သတိရေနခဲ့ၿပီ...

ေကာင္ေလးတစ္ေယာက္... မွတ္ဉာဏ္ထဲမွာ နက္ရိႈင္းေနေအာင္ မွတ္ယူထားခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ဟာ သူ႔ရဲ့ ေန့စဉ္ဘဝတိုင္းမွာ ပါဝင္ေနခဲ့တယ္ .. ဒါေပမဲ့.. ေကာင္းတဲ့ ပံုရိပ္ေတြေတာ့ မဟုတ္ခဲ့ဘူး .. အဲ့ေကာင္ေလးရဲ့ ညိုးငယ္မႈေတြ ၊ စိတ္အားငယ္မႈေတြ ၊ ကိုယ့္ကိုယ္ကို အျပစ္တစ္ခုလို ဆက္ဆံေနတဲ့ အဲ့ဒီမ်က္ဝန္းေတြ ..

နာက်င္ရတယ္ .. အဲ့ပံုရိပ္ေတြက သူ႔ကို အသဲခိုက္မတတ္နာက်င္ေစတယ္..

" ေတာင္းပန္ပါတယ္... ကိုယ္ေတာင္းပန္ပါတယ္.."

ထိုစကားသည္ ေကာင္ေလး မၾကားႏိုင္မွန္း သိေသာ္လည္း ေျပာခ်င္ေနခဲ့သၫ့္ စကားလံုးေတြ...

' ငါ ထြက္ရမယ္.. ဒီပံုရိပ္ေယာင္ေလာကထဲကေန ငါထြက္ရမယ္..' သို႔ေသာ္ ခနအၾကာ သူ႔ရဲ့ စိတ္အားထက္သန္မႈက ေဝခြဲမရျဖစ္မႈတို႔ ေျပာင္းလဲသြားခဲ့သည္ ။ ပံုရိပ္ေယာင္ ေလာကထဲတြင္ သူခ်စ္တဲ့သူ က်န္ေနေသးသည္..။ ပံုရိပ္ေယာင္ ေလာကႀကီးတစ္ခုလံုးကို ဂိမ္းတစ္ခုလို႔ သတ္မွတ္မယ္ဆို.. သူ႔ခ်စ္သူဟာ NPC တစ္ေယာက္သာ ..

ဟားးးဟားး NPC တစ္ေယာက္.. ငါခ်စ္မိခဲ့တာ လူသားတစ္ေယာက္မဟုတ္ဘူး .. စိတ္ဝင္စားစရာေကာင္းတယ္.. စိတ္ဝင္စားစရာေကာင္းတယ္... ဟားးဟားး

အခန္းငယ္ေလးထဲ ဖြင့္လာတဲ့ မ်က္ဝန္းေတြဟာ ကန္ေရျပင္အလား စီးဆင္းမႈ မရိွ ပကတိ‌ၿငိမ္သက္ေနခဲ့သည္ ။

"" ေရွာင္ထ်န္း !!! ထြက္လာခဲ့ ""

/ မဂၤလာပါ သခင္!! .. /

"" အခ်က္အလက္ေတြ စီစစ္ ..""

ခနအၾကာတြင္ screen တစ္ခုက သူ႔အေရ႔ွတြင္ ေပၚလာခဲ့သည္ ။ ကမ႓ာအစစ္မွာ သူသတိေမ့သြားၿပီး ပံုရိပ္ေယာင္ ေလာကထဲ ဆြဲသြင္းခံခဲ့ရတဲ့ေနာက္ အျဖစ္အပ်က္မ်ားပင္ ။ သူရဲ့ တီထြင္မႈ ျဖစ္တဲ့ ပံုရိပ္ေယာင္ေလာကကို ထိန္းခ်ဳပ္ဖို႔ အဓိက ထိန္းခ်ဳပ္ခန္း ဟာ အျခားတစ္ေယာက္ရဲ့ လက္တြင္းကို က်ေရာက္ခဲ့ၿပီး လူသားေတြက သံလိုက္စက္ကြင္းနဲ႔ ေဝးရာကို ထြက္ေျပးဖို႔ ယာဉ္ပ်ံတစ္ခုကိုအသံုးျပဳခဲ့တယ္ ။

ဒါေပမဲ့..လူေတြဟာ ဆက္တိုက္ဆိုသလို ေမ့ေမ်ာၿပီး ပံုရိပ္ေယာင္ ေလာကထဲ ဆြဲသြင္းခံေနရတုန္းဘဲ ..

" အို!! ငါ ပံုစံငယ္ ေပးထားခဲ့တဲ့ တစ္ေယာက္က အယ္လ္ လား .."

အယ္လ္ဟာ အဓိက system ကို မယွဉ္ႏိုင္တဲ့ .. မဟုတ္ဘူး .. ယွဉ္ဖို႔ေတာင္မွ အေတာ္ေလး နိမ့္က်တဲ့ system တစ္ခုကို ပံုစံငယ္ ကို အသံုးျပဳျပီး ျပဳလုပ္ခဲ့ကာ အဓိက system ကို ထိုးေဖာက္ခဲ့တယ္ ။ သူ႔ရဲ့ ID အတုေတြက လူတခ်ိဳ႕ကို သတိဝင္ေအာင္ လုပ္ၿပီး ကယ္တင္ႏိုင္ခဲ့တယ္ ။ အဲ့လူေတြကဘဲ ပံုရိပ္‌‌ေယာင္ကမ႓ာေတြကို ဖ်က္ဆီးဖို႔ တာဝန္ယူရတယ္ .. ။ အဓိကစနစ္က သတိထားမိသြားတာနဲ႔ အဲ့လူေတြအတြက္ လမ္းဟာ ေသလမ္း တစ္လမ္းသာ ရိွသည္ ။

အဓိကလူျဖစ္တဲ့ သူက ID အတုကို လက္ခံရရိွခဲ့ၿပီး မႈလမွတ္ဉာဏ္ကိုေမ့သြားခဲ့ျခင္းက အယ္လ္ကို အေတာ္ေလး ဒုကၡေရာက္သြားေစခဲ့တယ္ ။ အေၾကာင္းအရင္း ႏွစ္ခ်က္ သူ႔ရဲ့ ခႏၶာကိုယ္ဟာ အယ္လ္ရဲ့ လက္ထဲမွာ မဟုတ္ဘူး .. ေနာက္ၿပီး သူ႔စိတ္စြမ္းအင္က ျမင့္လြန္းတာေၾကာင့္ ID အတုကို လက္ခံႏိုင္ဖို႔ မွတ္ဉာဏ္ကို သိမ္းဆည္းခဲ့ရတယ္ ..

သူ႔ရဲ့ မွတ္ဉာဏ္က ပံုရိပ္ေယာင္လို ျဖစ္ေနခဲ့တာ အဲ့အေၾကာင္းေၾကာင့္ပင္.. အတုႀကီးကိုးး..

အန္းဇယ္ရီက လက္ပတ္အနက္ကို ၾကၫ့္လိုက္ၿပီး အၿပံဳးမမည္သၫ့္ အၿပံဳးတစ္ခုကို ၿပံဳးလိုက္သည္ ။ အဓိက systemဟာ သူ႔ရဲ့ တီထြင္မႈ ျဖစ္တဲ့အတြက္ ခ်န္ခယ့္ကို သတ္လိုက္တဲ့ အခ်ိန္ system ဟာ သူ႔ကို မဆန့္က်င္ဘဲ လက္ပတ္တစ္ခုအျဖစ္ ထိန္းခ်ဳပ္မွုတခ်ိဳ႕ကို ရရိွခဲ့တယ္ ။ ေနာက္တစ္ႀကိမ္ OOC ျဖစ္တဲ့အႀကိမ္တုန္းက မသိစိတ္ရဲ့ အလိုေလ်ာက္ တုန႔္ျပန္မႈေၾကာင့္ အယ္လ္ရဲ့ system အစုတ္နဲ႔ သူရထားတဲ့ အဓိက system ရဲ့ အစိတ္အပိုင္းငယ္ကို ေပါင္းစည္းမိသြားခဲ့တယ္ .. ရလဒ္အေနနဲ႔

" ဒီပစၥည္းေလးရခဲ့တာေပါ့ .. အင္းးး ေတာ္ေတာ္ေလး အဆင့္နိမ့္ေနေပမဲ့ အသံုးေတာ့ ဝင္ေသးတာဘဲေလ .."

ပံုစံငယ္ဟာ အခ်က္အလက္သန္းခ်ီပါတဲ့ ပရိုဂရမ္တစ္ခုျဖစ္သည္ ။ ေျပာရရင္ ဒီပံုရိပ္ေယာင္ေလာကႀကီးတစ္ခုလံုးကို အက်ဉ္းခ်ဳပ္ထားတဲ့ အရာေလးဟုလည္း ဆိုႏိုင္သည္ ။ အယ္လ္က သူ႔ဆီကို ဘာေၾကာင့္ ေစာေစာစီးစီး ပို႔လိုက္လည္း မသိေသာ္လည္း အဓိက system က သတိထားမိသြားမွာေတာ့ ေသခ်ာသည္ ။

/ အေရးေပၚသတိေပးခ်က္!!! .. သန္မာတဲ့ ဖ်က္ဆီးေရးလိႈင္း တစ္ခု နီးကပ္လာပါတယ္ ../

" အဟားး ေတြးလို႔ေတာင္ မဆံုးေသးဘူး.. လာၿပီလား .." အန္းဇယ္ရီက ျပတင္းေပါက္မွ တဆင့္ ေကာင္းကင္သို႔ ေမာ့ၾကၫ့္လိုက္သည္ ။ ခရမ္းေရာင္ မိုးႀကိဳးလိႈင္းတစ္ခုက နဂါးတစ္ေကာင္အလား သက္ဆင္းလာေနသည္ ။

ပံုရိပ္ေယာင္ေလာကရိွ ကမ႓ာမ်ားသည္ ေခတ္အဆက္ဆက္က ယဉ္ေက်းမႈ မ်ားကို အေျခခံကာ ျပဳလုပ္ထားၿပီး AI ( Artificial Intelligence ) တစ္ခုနဲ႔ ထိန္းခ်ဳပ္ထားသည္ ။ စနစ္သည္ စည္းစနစ္တက် လွည္ပတ္ေနတာေၾကာင့္ တစ္ခုခုမွားယြင္းသြားသည္နဲ႔ ပရိုဂရမ္ တစ္ခုလံုး ၿပိဳလဲသြားမွာ ျဖစ္သည္ ။ တစ္စံုတစ္ခုကို ဗိုင္းရပ္စ္ အျဖစ္သတ္မွတ္လိုက္ကာ ဖ်က္ဆီးလိုပါက လုပ္ႏိုင္သည္မွာ မိုးႀကိဳးလုပ္ေဆာင္ခ်က္ တစ္ခုထုတ္ကာ ဖ်က္ဆီးရံုသာ ..။

ဒါေပမဲ့ .. အဲ့ဒီ မိုးႀကိဳးသြားေလးနဲ႔ ငါ့ကို သတ္ႏိုင္မယ္ ထင္ေနတာလား ..

ဂ်ိမ္း!!! ဂ်ိမ္း!!! ဂ်ိမ္း!!! ဝုန္း!!!

မိုးႀကိဳးသြားသည္ အိမ္ေတာ္အေပၚသို႔ ေရာက္သၫ့္အခ်ိန္တြင္ မရိွခဲ့ဖူးသလို ေပ်ာက္ကြယ္သြားခဲ့သည္ ။ သို႔တိုင္ မိုးႀကိဳး ဖိအားေၾကာင့္ ပတ္ဝန္းက်င္က ဖရိုဖရဲ ျဖစ္သြားခဲ့သည္ ။ မိုးႀကိဳးသြား၏ ဦးတည္ရာ ျဖစ္သၫ့္ သူ႔အခန္းဆိုပါက ေျပာစရာပင္ မလိုေတာ့ေခ်..။

အန္းဇယ္ရီက လက္ပတ္ႀကိဳး အနက္အား အသာအယာျဖဳတ္ယူလိုက္သည္ ။ သူက အားမစိုက္ဘဲ ဖိေခ်လိုက္သည္နဲ႔ လ်ွပ္စီး တစ္ခ်က္လက္သြားကာ ပ်က္စီးသြားခဲ့သည္ ။ ရွင္သန္ျခင္းအမွတ္မ်ားသည္ အသက္ရိွေနသၫ့္အလား အန္းဇယ္ရီ၏ ခႏၶာကိုယ္ အတြင္းသို႔ တိုးဝင္ေပ်ာက္ကြယ္သြားသည္ ။

ရွင္သန္ျခင္း အမွတ္မ်ားက ပံုရိပ္ေယာင္ေလာကတြင္ တကယ္အသံုးဝင္သၫ့္ အရာမ်ားပင္..

သူက ဒီရွင္သန္ျခင္းခ်ီမ်ားအတြက္ ဤအရာကို တီထြင္ခဲ့ျခင္း ျဖစ္သည္ ။ ထိုအခ်ိန္တြင္ အလင္းတစ္ခ်က္လက္သြားကာ ဖန္သားျပင္တစ္ခုေပၚလာခဲ့သည္ ။ မၾကည္မလင္နဲ႔ တဖ်က္ဖ်က္ျဖစ္ေနပံုအရ .. သူ႔ရဲ့ ေရွာင္ထ်န္းေတာ့ မဟုတ္ ..

' ေရွာင္ထ်န္းက ပိုအဆင့္ျမင့္တယ္.. အဲ့လို တဖ်တ္ဖ်တ္ျဖစ္ေနတဲ့ TV စုတ္ႀကီးလို ျဖစ္ေနမွာ မဟုတ္ဘူး '

( A/N : ေရွာင္ထ်န္းက ပံုစံငယ္ကေန ေျပာင္းသြားတဲ့ system ရဲ့ နာမည္ .. သူဟာ ပံုရိပ္ေယာင္ေလာကရဲ့ AI လိုဘဲ လုပ္ေဆာင္ႏိုင္တယ္ )

အန္းဇယ္ရီ၏ စကားေၾကာင့္ ေရွာင္ထ်န္း ထံမွ မီးရႉးမီးပန္းေဖာက္သံမ်ား ထြက္လာခဲ့သည္ ။

"" အဲ့အသံေတြ မပိတ္ရင္ .. မင္းကို ျပဳျပင္ထိန္းသိမ္းေရး စင္တာ ပို႔ပစ္မယ္ !! ""

/..../

သူက အရင္ခ်ိတ္ဆက္မႈအားလံုးကို ျဖတ္ေတာက္လိုက္သျဖင့္ တြဲဖက္ လုပ္ေဆာင္ခ်က္ေရာ ၊ ရွာေဖြသၫ့္ လုပ္ေဆာင္ခ်က္မ်ားပါ အားလံုးေပ်ာက္သြားခဲ့သည္ ။

" ေသစမ္း!! ငါ အဲ့တာေတာ့ မႀကိဳက္ဘူး "

__________________________
အရင္ arc ေတြ ေသခ်ာမမွတ္ထားရင္ေတာ့ နားလည္မွာ မဟုတ္ဘူး...😌

Feedback ေလးေတြ အတြက္ေက်းဇူးေနာ္..❤️

ဒီအပိုင္းထိ နားမလည္ေသးဘူးဆိုရင္ . ေနာက္တစ္ပိုင္းက်ရင္ ရွင္းလင္းခ်က္ ထၫ့္ေပးမယ္ .. အိုေကေနာ္..🥺❤️

_____________
Unicode

အပြင်ဘက်က အဖြစ်အပျက်များကို သူက ဘာမှမသိရဘဲ . ခေါင်းထဲ တစ်စုတစ်ပြုံကြီး ဝင်လာတဲ့ အချက်အလက်ကိုသာ လက်ခံနေရတယ် ။ နာကျင်မှုနဲ့ နေသားကျသွားသည့်အခါ အရင်ကလောက် ပြင်းထန်သည့် ခေါင်းကိုက်မှုကို မခံစားရတော့ပေ ။ နောင်တချိန် သူ့ခေါင်းကို တူနဲ့ လာထုရင်တောင် မနာလောက်‌တော့ဘူးလို့ ထင်ရတဲ့အထိ နာကျင်မှုနဲ့ နေသားကျသွားခဲ့သည် ။

မှတ်ဉာဏ်တွေ... များပြားလွန်းတဲ့ မှတ်ဉာဏ်တွေကို မြင်ယောင်နေရသည် ... ဆေးရုံမှာတုန်းက မြင်ရတဲ့ မြင်‌ကွင်းတွေက တဖန်ပြန်ရောက်လာသလိုပင် .. သို့‌သော် လက်ရှိ မြင်ကွင်းက ပိုလို့ အသေးစိတ်ကျသည် ..

အတွေးပုံရိပ်များက ပိုလို့ထင်ရှားလာခဲ့ပြီး .. မြင်ကွင်းမျိုးစုံကို ပြောင်းလဲနေခဲ့သည် .. သူ ဖြတ်သန်းခဲ့ရတဲ့ ဘဝကြီး တစ်ခုလုံးကို နောက်ပြန်ရစ်ပြနေသလိုမျိုး.. အရာအားလုံးကို ပြန်သတိရနေခဲ့ပြီ...

ကောင်လေးတစ်ယောက်... မှတ်ဉာဏ်ထဲမှာ နက်ရှိုင်းနေအောင် မှတ်ယူထားခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ နေ့စဉ်ဘဝတိုင်းမှာ ပါဝင်နေခဲ့တယ် .. ဒါပေမဲ့.. ကောင်းတဲ့ ပုံရိပ်တွေတော့ မဟုတ်ခဲ့ဘူး .. အဲ့ကောင်လေးရဲ့ ညိုးငယ်မှုတွေ ၊ စိတ်အားငယ်မှုတွေ ၊ ကိုယ့်ကိုယ်ကို အပြစ်တစ်ခုလို ဆက်ဆံနေတဲ့ အဲ့ဒီမျက်ဝန်းတွေ ..

နာကျင်ရတယ် .. အဲ့ပုံရိပ်တွေက သူ့ကို အသဲခိုက်မတတ်နာကျင်စေတယ်..

" တောင်းပန်ပါတယ်... ကိုယ်တောင်းပန်ပါတယ်.."

ထိုစကားသည် ကောင်လေး မကြားနိုင်မှန်း သိသော်လည်း ပြောချင်နေခဲ့သည့် စကားလုံးတွေ...

' ငါ ထွက်ရမယ်.. ဒီပုံရိပ်ယောင်လောကထဲကနေ ငါထွက်ရမယ်..' သို့သော် ခနအကြာ သူ့ရဲ့ စိတ်အားထက်သန်မှုက ဝေခွဲမရဖြစ်မှုတို့ ပြောင်းလဲသွားခဲ့သည် ။ ပုံရိပ်ယောင် လောကထဲတွင် သူချစ်တဲ့သူ ကျန်နေသေးသည်..။ ပုံရိပ်ယောင် လောကကြီးတစ်ခုလုံးကို ဂိမ်းတစ်ခုလို့ သတ်မှတ်မယ်ဆို.. သူ့ချစ်သူဟာ NPC တစ်ယောက်သာ ..

ဟားးးဟားး NPC တစ်ယောက်.. ငါချစ်မိခဲ့တာ လူသားတစ်ယောက်မဟုတ်ဘူး .. စိတ်ဝင်စားစရာကောင်းတယ်.. စိတ်ဝင်စားစရာကောင်းတယ်... ဟားးဟားး

အခန်းငယ်လေးထဲ ဖွင့်လာတဲ့ မျက်ဝန်းတွေဟာ ကန်ရေပြင်အလား စီးဆင်းမှု မရှိ ပကတိ‌ငြိမ်သက်နေခဲ့သည် ။

"" ရှောင်ထျန်း !!! ထွက်လာခဲ့ ""

/ မင်္ဂလာပါ သခင်!! .. /

"" အချက်အလက်တွေ စီစစ် ..""

ခနအကြာတွင် screen တစ်ခုက သူ့အရှေ့တွင် ပေါ်လာခဲ့သည် ။ ကမ်ဘာအစစ်မှာ သူသတိမေ့သွားပြီး ပုံရိပ်ယောင် လောကထဲ ဆွဲသွင်းခံခဲ့ရတဲ့နောက် အဖြစ်အပျက်များပင် ။ သူရဲ့ တီထွင်မှု ဖြစ်တဲ့ ပုံရိပ်ယောင်လောကကို ထိန်းချုပ်ဖို့ အဓိက ထိန်းချုပ်ခန်း ဟာ အခြားတစ်ယောက်ရဲ့ လက်တွင်းကို ကျရောက်ခဲ့ပြီး လူသားတွေက သံလိုက်စက်ကွင်းနဲ့ ဝေးရာကို ထွက်ပြေးဖို့ ယာဉ်ပျံတစ်ခုကိုအသုံးပြုခဲ့တယ် ။

ဒါပေမဲ့..လူတွေဟာ ဆက်တိုက်ဆိုသလို မေ့မျောပြီး ပုံရိပ်ယောင် လောကထဲ ဆွဲသွင်းခံနေရတုန်းဘဲ ..

" အို!! ငါ ပုံစံငယ် ပေးထားခဲ့တဲ့ တစ်ယောက်က အယ်လ် လား .."

အယ်လ်ဟာ အဓိက system ကို မယှဉ်နိုင်တဲ့ .. မဟုတ်ဘူး .. ယှဉ်ဖို့တောင်မှ အတော်လေး နိမ့်ကျတဲ့ system တစ်ခုကို ပုံစံငယ် ကို အသုံးပြုပြီး ပြုလုပ်ခဲ့ကာ အဓိက system ကို ထိုးဖောက်ခဲ့တယ် ။ သူ့ရဲ့ ID အတုတွေက လူတချို့ကို သတိဝင်အောင် လုပ်ပြီး ကယ်တင်နိုင်ခဲ့တယ် ။ အဲ့လူတွေကဘဲ ပုံရိပ်‌‌ယောင်ကမ်ဘာတွေကို ဖျက်ဆီးဖို့ တာဝန်ယူရတယ် .. ။ အဓိကစနစ်က သတိထားမိသွားတာနဲ့ အဲ့လူတွေအတွက် လမ်းဟာ သေလမ်း တစ်လမ်းသာ ရှိသည် ။

အဓိကလူဖြစ်တဲ့ သူက ID အတုကို လက်ခံရရှိခဲ့ပြီး မှုလမှတ်ဉာဏ်ကိုမေ့သွားခဲ့ခြင်းက အယ်လ်ကို အတော်လေး ဒုက္ခရောက်သွားစေခဲ့တယ် ။ အကြောင်းအရင်း နှစ်ချက် သူ့ရဲ့ ခန္ဓာကိုယ်ဟာ အယ်လ်ရဲ့ လက်ထဲမှာ မဟုတ်ဘူး .. နောက်ပြီး သူ့စိတ်စွမ်းအင်က မြင့်လွန်းတာကြောင့် ID အတုကို လက်ခံနိုင်ဖို့ မှတ်ဉာဏ်ကို သိမ်းဆည်းခဲ့ရတယ် ..

သူ့ရဲ့ မှတ်ဉာဏ်က ပုံရိပ်ယောင်လို ဖြစ်နေခဲ့တာ အဲ့အကြောင်းကြောင့်ပင်.. အတုကြီးကိုးး..

အန်းဇယ်ရီက လက်ပတ်အနက်ကို ကြည့်လိုက်ပြီး အပြုံးမမည်သည့် အပြုံးတစ်ခုကို ပြုံးလိုက်သည် ။ အဓိက systemဟာ သူ့ရဲ့ တီထွင်မှု ဖြစ်တဲ့အတွက် ချန်ခယ့်ကို သတ်လိုက်တဲ့ အချိန် system ဟာ သူ့ကို မဆန့်ကျင်ဘဲ လက်ပတ်တစ်ခုအဖြစ် ထိန်းချုပ်မှုတချို့ကို ရရှိခဲ့တယ် ။ နောက်တစ်ကြိမ် OOC ဖြစ်တဲ့အကြိမ်တုန်းက မသိစိတ်ရဲ့ အလိုလျောက် တုန့်ပြန်မှုကြောင့် အယ်လ်ရဲ့ system အစုတ်နဲ့ သူရထားတဲ့ အဓိက system ရဲ့ အစိတ်အပိုင်းငယ်ကို ပေါင်းစည်းမိသွားခဲ့တယ် .. ရလဒ်အနေနဲ့

" ဒီပစ္စည်းလေးရခဲ့တာပေါ့ .. အင်းးး တော်တော်လေး အဆင့်နိမ့်နေပေမဲ့ အသုံးတော့ ဝင်သေးတာဘဲလေ .."

ပုံစံငယ်ဟာ အချက်အလက်သန်းချီပါတဲ့ ပရိုဂရမ်တစ်ခုဖြစ်သည် ။ ပြောရရင် ဒီပုံရိပ်ယောင်လောကကြီးတစ်ခုလုံးကို အကျဉ်းချုပ်ထားတဲ့ အရာလေးဟုလည်း ဆိုနိုင်သည် ။ အယ်လ်က သူ့ဆီကို ဘာကြောင့် စောစောစီးစီး ပို့လိုက်လည်း မသိသော်လည်း အဓိက system က သတိထားမိသွားမှာတော့ သေချာသည် ။

/ အရေးပေါ်သတိပေးချက်!!! .. သန်မာတဲ့ ဖျက်ဆီးရေးလှိုင်း တစ်ခု နီးကပ်လာပါတယ် ../

" အဟားး တွေးလို့တောင် မဆုံးသေးဘူး.. လာပြီလား .." အန်းဇယ်ရီက ပြတင်းပေါက်မှ တဆင့် ကောင်းကင်သို့ မော့ကြည့်လိုက်သည် ။ ခရမ်းရောင် မိုးကြိုးလှိုင်းတစ်ခုက နဂါးတစ်ကောင်အလား သက်ဆင်းလာနေသည် ။

ပုံရိပ်ယောင်လောကရှိ ကမ်ဘာများသည် ခေတ်အဆက်ဆက်က ယဉ်ကျေးမှု များကို အခြေခံကာ ပြုလုပ်ထားပြီး AI ( Artificial Intelligence ) တစ်ခုနဲ့ ထိန်းချုပ်ထားသည် ။ စနစ်သည် စည်းစနစ်တကျ လှည်ပတ်နေတာကြောင့် တစ်ခုခုမှားယွင်းသွားသည်နဲ့ ပရိုဂရမ် တစ်ခုလုံး ပြိုလဲသွားမှာ ဖြစ်သည် ။ တစ်စုံတစ်ခုကို ဗိုင်းရပ်စ် အဖြစ်သတ်မှတ်လိုက်ကာ ဖျက်ဆီးလိုပါက လုပ်နိုင်သည်မှာ မိုးကြိုးလုပ်ဆောင်ချက် တစ်ခုထုတ်ကာ ဖျက်ဆီးရုံသာ ..။

ဒါပေမဲ့ .. အဲ့ဒီ မိုးကြိုးသွားလေးနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတာလား ..

ဂျိမ်း!!! ဂျိမ်း!!! ဂျိမ်း!!! ဝုန်း!!!

မိုးကြိုးသွားသည် အိမ်တော်အပေါ်သို့ ရောက်သည့်အချိန်တွင် မရှိခဲ့ဖူးသလို ပျောက်ကွယ်သွားခဲ့သည် ။ သို့တိုင် မိုးကြိုး ဖိအားကြောင့် ပတ်ဝန်းကျင်က ဖရိုဖရဲ ဖြစ်သွားခဲ့သည် ။ မိုးကြိုးသွား၏ ဦးတည်ရာ ဖြစ်သည့် သူ့အခန်းဆိုပါက ပြောစရာပင် မလိုတော့ချေ..။

အန်းဇယ်ရီက လက်ပတ်ကြိုး အနက်အား အသာအယာဖြုတ်ယူလိုက်သည် ။ သူက အားမစိုက်ဘဲ ဖိချေလိုက်သည်နဲ့ လျှပ်စီး တစ်ချက်လက်သွားကာ ပျက်စီးသွားခဲ့သည် ။ ရှင်သန်ခြင်းအမှတ်များသည် အသက်ရှိနေသည့်အလား အန်းဇယ်ရီ၏ ခန္ဓာကိုယ် အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည် ။

ရှင်သန်ခြင်း အမှတ်များက ပုံရိပ်ယောင်လောကတွင် တကယ်အသုံးဝင်သည့် အရာများပင်..

သူက ဒီရှင်သန်ခြင်းချီများအတွက် ဤအရာကို တီထွင်ခဲ့ခြင်း ဖြစ်သည် ။ ထိုအချိန်တွင် အလင်းတစ်ချက်လက်သွားကာ ဖန်သားပြင်တစ်ခုပေါ်လာခဲ့သည် ။ မကြည်မလင်နဲ့ တဖျက်ဖျက်ဖြစ်နေပုံအရ .. သူ့ရဲ့ ရှောင်ထျန်းတော့ မဟုတ် ..

' ရှောင်ထျန်းက ပိုအဆင့်မြင့်တယ်.. အဲ့လို တဖျတ်ဖျတ်ဖြစ်နေတဲ့ TV စုတ်ကြီးလို ဖြစ်နေမှာ မဟုတ်ဘူး '

( A/N : ရှောင်ထျန်းက ပုံစံငယ်ကနေ ပြောင်းသွားတဲ့ system ရဲ့ နာမည် .. သူဟာ ပုံရိပ်ယောင်လောကရဲ့ AI လိုဘဲ လုပ်ဆောင်နိုင်တယ် )

အန်းဇယ်ရီ၏ စကားကြောင့် ရှောင်ထျန်း ထံမှ မီးရှူးမီးပန်းဖောက်သံများ ထွက်လာခဲ့သည် ။

"" အဲ့အသံတွေ မပိတ်ရင် .. မင်းကို ပြုပြင်ထိန်းသိမ်းရေး စင်တာ ပို့ပစ်မယ် !! ""

/..../

သူက အရင်ချိတ်ဆက်မှုအားလုံးကို ဖြတ်တောက်လိုက်သဖြင့် တွဲဖက် လုပ်ဆောင်ချက်ရော ၊ ရှာဖွေသည့် လုပ်ဆောင်ချက်များပါ အားလုံးပျောက်သွားခဲ့သည် ။

" သေစမ်း!! ငါ အဲ့တာတော့ မကြိုက်ဘူး "

__________________________
အရင် arc တွေ သေချာမမှတ်ထားရင်တော့ နားလည်မှာ မဟုတ်ဘူး...😌

Feedback လေးတွေ အတွက်ကျေးဇူးနော်..❤️

ဒီအပိုင်းထိ နားမလည်သေးဘူးဆိုရင် . နောက်တစ်ပိုင်းကျရင် ရှင်းလင်းချက် ထည့်ပေးမယ် .. အိုကေနော်..🥺❤️
_____________

Continue Reading

You'll Also Like

254K 6.7K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
372K 36.8K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်