မင်းကြိုက်သလိုချစ်
အပိုင်း(20)
၁လတောင်ပြည့်လုပြီ
နင် ငါ့ကို အခုထိ မဆက်သွယ်သေးပါလား တေဇ ရယ်
ဘာကြောင့်မှန်းမသိ သူမရှိတော့ မနေတတ်သလိုခံစားနေရတယ်
ဘာကြောင့်မှန်းမသိ သူ့ကိုမျှော်နေမိတာလား
ဘာကြောင့်မှန်းမသိ သူ့ကိုများတမ်းတနေတာလား
ဘာကြောင့်မှန်းမသိ သူ့ကိုပဲချစ်နေမိသွားပြီလား လို့
မေးခွန်းတွေအကြိမ်ကြိမ်ထုတ်ခဲ့ပေမဲ့ အဖြေထွက်မလာခဲ့။ငါရူးနေပြီလားတောင်မသိဘူး ရွှန်းစိုပြေ ဆိုတာ လူတစ်ယောက်အပေါ်ကျရှုံးတတ်နေပြီလား သူကျောင်းလာမကြိုတဲ့၁ပတ်ပြီးကတည်းက သူမလည်းကျောင်းမှန်မှန်မတက်တော့ပေ ။
အမေမရှိတဲ့ရက်ဆိုအိမ်မှာပဲနေဖြစ်တယ်
တစ်ခါတစ်ရံ အမေက အရက်သောက်တာများတဲ့နေ့ဆို အိမ်မှာပဲနေတယ် အဲ့လိုရက်မျိုးဆိုမှ ကျောင်းသွားဖြစ်တယ် ဒီနေ့ အမေ အပြင်သွားလောက်တယ်လို့ စိတ်ကူးမိလို့ ကျောင်းမသွားဖြစ် ကိုယ်တိုင်လည်းနေမကောင်းပါ။
ခေါင်းနောက်နေတာကြာပြီ ညဆိုအိပ်မပျော်လို့ အမေ့ရဲ့ အိပ်ဆေးတွေခိုးခိုးသောက်နေတာ
နေ့ခင်းပိုင်းဆိုကြောင်ကြောင်ကြီးဖြစ်ဖြစ်နေပြီ
"မမလေး "
ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် စောင်ခြုံထဲကထထိုင်လိုက်၏။
"ဒေါ်ဒေါ်၀င်ခဲ့မယ်နော် "
ဒေါ်မြ ၀င်လာခဲ့သည့်အခါ
"ဘာကိစ္စရှိလို့လဲ ဒေါ်ဒေါ် "
"သမီးစိုပြေ ကျောင်းမသွားဘူးလား အောက်မှာ ကိုအေး က ကားအဆင်သင့်ဖြစ်နေပြီ "
"ဟင် စိုပြေ ဒီနေ့ ကျောင်းမသွာဘူး ဒေါ်ဒေါ် အမေမရှိဘူးမလား အိမ်မှာပဲနေမလို့ "
"မမဒါလီ အိမ်မှာရှိတယ် သမီးရဲ့ အဲ့တာကြောင့် ....."
သူတို့သားအမိအကြောင့် ကကြီးမှအ အထိ သိတာ ဒေါ်ဒေါ်မြလေ စိုပြေက မေမေ့ကိုရှောင်နေကျဆိုတော့ လာပြောပြတာ မရှောင်ရင်လည်း မရှောင်တဲ့နေ့ အမြဲ ပြဿနာဖြစ်တာပဲ
"ဟင်း... စိုပြေ က သူမရှိဘူးထင်လို့ အေးဆေးအိပ်နေတာ ကျောင်းသွားဖို့လည်းဘာမှလုပ်ရသေးတာမဟုတ်ဘူး ပြီးတော့ ခေါင်းလည်းကိုက်နေတယ် "
"ဟယ် ဟုတ်လား သမီး အဲ နေပါဦး မျက်ကွင်းတွေညိုနေပါလား သမီးအိပ်မပျော်ဘူးလားကွယ် အစားလည်းမှန်မှန်စာပါဦး ဒေါ်မြ ဟင်းကောင်းကောင်းလေးချက်ပေးမယ်လေကွယ် နော် "
ခါတိုင်းဆို မိတ်ကပ်နဲ့ဖုံးနေလို့ မမြင်ရတာပါ စိုပြေ မျက်ကွင်းတွေညိုနေတာတော်တော်ကြာပြီ
"ဟုတ် ဦးအေး ကိုပြောလိုက်ပါဦးနော် စိုပြေ ကျောင်းမသွားဘူး လို့ ကားနဲ့စောင့်နေမှာဆိုးလို့ "
"သြော် အေးအေး သမီး ဗိုက်ဆာရင် လှမ်းခေါ်လိုက်နော် ဒေါ်ဒေါ် ထမင်းအပေါ်ယူခဲ့မယ် "
"ဟုတ် စိုပြေ အိပ်လိုက်ဦးမယ် နော "
"အေးအေး သမီး "
ဒေါ်ဒေါ်မြ အခန်းတံခါးလေးပြန်ပိတ်ပေးသွားတော့ သူမ လည်း စောင်ခေါင်းမူးခြုံကာ လှဲလိုက်သည် ။
တကယ်ကိုခေါင်းထဲက ထိုးကျဉ်ကိုက်ခဲနေတာ
ဒေါ်ဒေါ်ကစိတ်ပူတတ်တယ်မခံမရက်နိုင် ကိုက်နေတာသိရင် သေချာပေါက် မေမေ့ကိုသွားပြောတော့မှာမေမေ့ကိုပြောရင်ပိုဆိုးမှာသိနေတယ်လေ သူမ ကြိတ်မှိတ်ခံစားပါသည် ။
အိပ်ဆေးတွေခဏခဏသောက်လို့ဖြစ်နိုင်မည်ထင်၏ ။နာရီ၀က်လောက်ရှိပြီ ကြိတ်ပြီး အိပ်နေတာ ဘာမှလည်းမစားထားတော့ပိုဆိုးလာ၏။အခုလောလောဆယ် ခေါင်းအရမ်းကိုက်တာကလွဲပြီး ဘာမှမသိတော့ပေ ။
အသိစိတ်ကလည်းတခြားရောက်သွားတယ်ထင်ပါရဲ့ သူမ ဘေးကဖုန်းကိုကောက်ကာ
Contact list ထိပ်ဆုံးက
" 😒Tay Za 😁"
ကို နှိပ်လိုက်မိသည် ။
သူမနေမကောင်းတိုင်း သူ့ကိုပဲ ခေါ်နေကျပင်မဟုတ်လားအမြဲတမ်းအနားရောက်လာတတ်သည့်သူမို့ခေါ်လိုက်မိတာ ငါမှားသွားလား ဖုန်းမကိုင်တာမို့ ထူးစမ်းစွာတွေးနေမိသည်။
*
*
တေဇသည် ကုမ္ပဏီကသူ့ရုံးခန်းထဲတွင်
စာရင်းတွေကြည့်ရင်း ဖုန်းသံမြည်တာမို့
Screenကို ကြည့်လိုက်ရာ
💛So Pyay🧡😍
မြင်မြင်ချင်း ပြုံးကာ ရုတ်တရက် ဖုန်းကိုကိုင်ပြီးမှ Screenကိုလက်မလေးဖြင့်ထောက်ခါနီးတွင် ပြန်ချပစ်လိုက်သည်။ချက်ချင်းပြန်တည်သွားသည့်သူ့မျက်နှာက ၀မ်းနည်းနာကျင်မှုများနှင့်။
*
*
စိုပြေ နားထဲတွင်ကြားနေရသည့်
"အားနာပါတယ်ရှင် လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ပြန်လည်မဖြေကြား နိုင်သေးပါသဖြင့်......."
ထိုအသံများကိုပင်မယုံနိုင်စွာ သူမဖုန်းခေါ်တိုင်း မကိုင်ဘူးဆိုတာ မရှိတဲ့ ဖုန်းက အခု ပြန်လည်းမဖြေကြားနိုင်ပါတဲ့နောက်မှခပ်ပြေပြေလေးပြုံးကာ သူငါ့ကိုပစ်သွားပြီပဲ ဟုသတိရလိုက်သည်။
စိုပြေသည် ဖုန်းကို ဘေးသို့ပစ်ချလိုက်ပြီး
နောက်တစ်ကြိမ်လည်းထပ်မခေါ်ပါ ။
ကိုင်မှာမှမဟုတ်တာ သိနှင့်ပြီးသားကို ထပ်ခေါ်မိရင် မိမိအပြစ်။
*
*
တေဇ အလုပ်လုပ်နေပေမဲ့ မျက်လုံးက ဖုန်းကိုရောက်ရောက်သွားသည် ။စိုပြေထပ်မခေါ်တာကိုပဲ သူကျေးဇူးတင်နေမိသည် ။
အခုတစ်ခါပဲခေါ်လိုက်တာတောင်
နေမရထိုင်မရဖြစ်နေမိရင် နောက်၀င်လာမည့် သူမရဲ့ အ၀င် Callတွေကို ခုခံနိုင်စွမ်းရှိမည်မဟုတ်။ ဖုန်းသာမကိုင်ဖြစ်ခံတာ စိတ်က သူမဆီကိုရောက်နှင့်ပြီးလေပြီ။
"သူနေမကောင်းတာလား
အန်တီဒါလီနဲ့ပြဿနာရှိလို့လား
ကျောင်းမှာများ တစ်ခုခုဖြစ်တာလား"
မေးခွန်းပေါင်းစုံတွေးကြည့်ရင်း တေဇ သည်
ဂွက်..
laptopကို အသံမြည်အောင်ပင်ပိတ်ပစ်လိုက်သည်။ မနေနိုင်သည့်အဆုံး
ချိတ်ထားသည့်ကုတ်အင်္ကျီကို ပြန်၀တ်ကာ
ထွက်လာခဲ့၏။
*
*
စိုပြေ မအိပ်နိုင်သည့်အဆုံး အပြင်ထွက်ခဲ့သည် ။၀ရန်တာတွင် လေကောင်းလေသန့်လေးရှူရင်သက်သာမလား ခေါင်းမဖြီးဖြစ်သည့်သူမရဲ့ဆံပင်တိုတွေကရှုပ်ပွနေပြီး၀ရန်တာတွင် လေစိမ်းတိုက်သည့်ကြားထဲက ည၀တ်ဂါ၀န်အဖြူပါးလေးက သူမ ကို လေများတိုးဝှေ့ကာကပ်သွားစေသည် ။သူမ ချမ်းသည်ထက်ပိုချမ်းလာသည် ။
ဘယ်သူမှဂရုမစိုက်တော့တာထက်စာရင် ဒီတိုင်းအအေးခံတာပိုကောင်းမည် ဆိုသောသူမအတွေးနဲ့စိုပြေ အနွေးထည်မ၀တ်ပဲ တမင် အအေးခံနေခြင်းပင် တိုက်ခက်နေတဲ့လေစိမ်းတွေကို ဝေ့လည်လည်မျက်ရည်တွေဖြင့် တိတ်ဆိတ်စွာခံယူနေမိသည်။
*
*
တေဇ မနေနိုင်ပဲ စိုပြေ တို့အိမ်ရှေ့နားသူမမြင်နိုင်တဲ့တစ်နေရာတွင်ကားထဲမှ ကြည့်နေမိသည် ။ဖြစ်နိုင်ရင် ခုချက်ချင်းပဲ သူမကိုနောက်မှ ပွေ့ဖက်ပေးထားလိုက်ချင်မိသည် ။
ဘယ်လောက်တောင်အေးနေလိုက်မလဲကွာ
ကြည့်ပါဦး လက်ကလေးကိုကျစ်နေအောင်ပိုက်ထားပြီး မျက်ရည်လေးဝေ့၀ဲဝဲနဲ့။
*
*
*
ဒေါ်ဒါလီ အခန်းထဲမှ ထွက်လာရင်း
Driver ကိုအေး ကိုမြင်လေ၏ ။
"ဟင် ကိုအေး စိုပြေ ကျောင်းမသွားဘူးလား "
အိမ်ရှေ့သို့ထွက်လာ၍ မေးလေရာ
"ဗျာ ဟုတ်ကဲ့ ဒေါ်မြက မသွားဘူးလိုပြောပါတယ် "
ဒေါ်မြလည်း နောက်ဖေးမှ ချက်ချင်းပြေးလာပြီး
"ဟုတ်တယ် မမကြီးရဲ့ စိုပြေလေးက ခေါင်းကိုက်နေလို့တဲ့ နေမကောင်းလည်းပြောတယ် အဲ့တာကြောင့် ကျွန်မလည်း ကျောင်းမသွားဘူးပြောလိုက်တာ "
ဒေါ်ဒါလီ ခေါင်းညိတ်ပြရင်း
"ကျွန်မ သွားကြည့်လိုက်ဦးမယ်"
"ရှင် "
ဒေါ်မြ သာအသိဆုံးမဟုတ်လား စိုပြေ မဒါလီကို မတွေ့ချင်ဘူးဆိုတာကိုလေဒေါ်ဒါလီ ကအလိုမကျသလိုကြည့်လိုက်၍
"ဘာလဲ ကျွန်မက ကျွန်မသမီးနေမကောင်းတာတောင် သွားကြည့်ပိုင်ခွင့်မရှိတော့ဘူးလား "
ဒေါ်ဒါလီ လည်း အမေတစ်ယောက်ပင်မဟုတ်လော။စိုပြေ့ကိုတကယ်စိတ်ပူမိပါသည် ။
ခုရက်ပိုင်းမှာ သမီးနေမကောင်းဘူးလို့ပဲခဏခဏကြားနေရသည်။ကျောင်းမသွားတဲ့အခုလိုရက်မှာပဲ သမီးကို ကြည့်ပေးလို့ရမည်လေ ဒေါ်ဒါလီ အိမ်ပေါ်သို့တက်လာခဲ့သည်။
လှေကားနဲ့တည့်တည့်က စိုပြေ့အခန်းကိုအရင်ဖွင့်ကြည့်ပေမယ့် မတွေ့ခဲ့ပေ။
တံခါးခေါက်လိုက်လျှင် တကယ်လို့သူမအိပ်နေသည်ရှိသော် နိုးသွားမှာစိုးရိမ်လို့ ဒီတိုင်းအသာဖွင့်ကြည့်လိုက်ခြင်းပင် မတွေ့သဖြင့် စိတ်ပူလာမိ၏ ။
ထို့နောက် ပွင့်နေတဲ့၀ရန်တာတံခါးကြောင့် ထွက်ကြည့်မိတော့ လက်ကလေးပိုက်ကာ တုန်ရီနေတဲ့သူမက အုံ့အုံ့မှိုင်းမှိုင်း ကောင်းကင်ကြီးကို ငိုင်ငိုင်ကြီးကြည့်နေသည် ။ဒေါ်ဒါလီ သူမအား လက်မောင်းမှ ဆွဲလိုက်ပြီး
"နင့်မှာ အသိစိတ်ပျောက်နေပြီလား စိုပြေ ဒီလောက် အေးနေတာကို အနွေးထည်မ၀တ်ပဲ အပြင်ထွက်ရပ်နေတာ "
စိုပြေ ဘာမှပြန်မပြောဘဲ နဂိုတိုင်းသာ
"စိုပြေ အထဲ၀င်စမ်း ရာသီဥတုက ကောင်းတာမဟုတ်ဘူး"
သူမအထဲလည်းမ၀င်လာ စကားသံလည်း မထွက်လာ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ သူမတို့၀ရန်တာကိုလှမ်းကြည့်ရင်း တေဇ မငြိမ်မသက်ဖြစ်လာသည် ။
"ရွှန်းစိုပြေ ငါပြောနေတာကြားလား အထဲ၀င်လို့ နင်ဖျားနေတာဆို"
"အမေနဲ့ဘာဆိုင်လို့လဲ "
"စိုပြေ "
"သမီးဘာသာ ဘာပဲလုပ်လုပ်ပေါ့ ဒီတိုင်းနေလို့ သေသွားလည်း အမေ ၀မ်းနည်းမှာမဟုတ်ပဲ ပစ်ထားလိုက်ပါ လူတိုင်းပစ်ထားတာပဲ "
၀မ်းမနည်းဘူးတဲ့လား နင်ကငါမွေးထားတဲ့သမီးအရင်းပါ စိုပြေ။
"နင်၀င်မှာလားမ၀င်ဘူးလားပြော "
သူမပေကပ်ရပ်နေတာမို့ ဒေါ်ဒါလီ ခပ်ကြမ်းကြမ်း အထဲဆွဲခေါ်ရာ
"လွှတ် လွှတ် "
အောက်ထပ်မှ ဒေါ်မြနဲ့ကိုအေးပါ အသံတွေကြားတာမို့ အပေါ်တက်လာ၏ ။
"ဟယ် မဒါလီ သမီးစိုပြေ ဖြေးဖြေးလုပ်ကြပါ"
စိုပြေ အတင်းရုန်းရင်း ခွေကျသွားသည့်အခါ
"သမီး သမီး စိုပြေ ထပါဦး "
ဒေါ်ဒါလီ မျက်လုံးပြူးများဖြင့် ငြိမ်ကျသွားသည်တေဇ မြင်မြင်ချင်းလင်းယောင်အား ဖုန်းခေါ်လိုက်သည်။
*
*
"မ ကလည်း မရုန်းပါနဲ့ "
"ဘာဖြစ်နေတာလဲ ဖယ်ပါဆိုနေ"
"ကျစ် ဘယ်သူမှ ကျွန်တော့်ရုံးခန်းကို ၀င်ချင်တိုင်း၀င်လို့မရဘူး ဒီဘက်လှည့်ပါ"
ကျောပေးထားသည့်သူမကို သူ့ပေါင်ပေါ်အတင်းဆွဲချနေ၏ ။
" ဒီဘက်ကိုလှည့်မလား ကျွန်တော် မရှေ့တည့်တည့်ကိုလာနမ်းရမလား"
သူမ နောက်လှည့်တော့လည်းမထူးပါဘူး
အမိအရ နှုတ်ခမ်းလေးကိုဆွဲနမ်းတာပဲ
Ring>>>>Ring >>>>
ဖုန်းသံမြည်လျှင် လင်းယောင် ထိုဖုန်းကိုရိုက်ခွဲပစ်ချင်မိသည် ။သူမက တွန်းလွှတ်ရင်း
"ဖုန်းကိုင်လိုက်ပါ မောင်ရဲ့ တေဇ ဆီကပဲ "
လင်းယောင် စူပုတ်ပုတ်ဖြင့် ကောက်ကိုင်၏။
ကောင်းနေရင် ဖျက်ပြီ ခွေးကောင် က အလိုက်ကန်းဆိုးကိုမသိတာ နောက်ဆို ဖုန်းကိုအရင်ပိတ်ထားဦးမှာ
"ဘာလဲ"
"လင်း လင်းယောင်"
အသံတုန်တုန်နဲ့မို့ လင်းယောင် စိတ်ပူသွားသည်။
"ဘာ ဖြစ်နေတာလဲ မင်းအသံက "
ကားaccidentများလား။
"မင်း စိုပြေ့အိမ်ကိုလာခဲ့ စိုပြေ နဲ့ သူအမေရန်ဖြစ်ရင်း ဘာဖြစ်ကြလဲမသိဘူး စိုပြေ မေ့လဲ သွားတယ် "
"ဟမ်!"
သူလည်းအဝေးကနေကြည့်တာမို့ ဘာမှသည်း
သည်းကွဲကွဲမမြင်ရ ။
"လုပ်ပါကွာ မြန်မြန်လာပါ "
"အေး အခုလာမယ်"
လင်းယောင် ကားသော့ကိုကောက်ကိုင်ပြီးတေရာကနေထသွားသဖြင့်
"ဘာဖြစ်လို့တဲ့လဲ မောင် "
"စိုပြေ သတိလစ်သွားတာတဲ့ "
"ဟယ် ဘာဖြစ်လို့လဲ မ လိုက်ခဲ့ရမလား "
"ရပါတယ် အေးဆေးနေခဲ့ပါ တေဇကိုသာ ဖုန်းဆက်ပြီး သူနဲ့နေပေးလိုက်"
"ဟင် တေဇ ကဘာဖြစ်လို့လဲ"
"အဲ့အကြောင်းကအရှည်ကြီး နောက်မှရှင်းပြမယ် တေဇ ကိုဖုန်းဆက်ပြီး မ ခေါ်ထားလိုက်"
"အင်းအင်း"
*
*
*
လင်းယောင်က စိုပြေတို့ခြံထဲသို့၀င်လာသည့်အခါနောက်မှကားတစ်စီးလည်းပါလာသည်။
ဒေါ်မြက နောက်ကားထဲကလူကိုကြိုသဖြင့်
ဆရာ၀န်မှန်းသိလိုက်ရ၏ ။
"အစ်ကိုလေး လင်းယောင်"
"ဟုတ် ဒေါ်ဒေါ် စိုပြေရော "
"သတိမရသေးဘူး လာ ဒေါ်ဒေါ်နဲ့လိုက်ခဲ့"
ဆရာ၀န်ရော လင်းယောင်ရော သူမအခန်းထဲသို့ လာခဲ့ကြသည်။ဒေါ်ဒါလီ က လင်းယောင်ကိုအလိုမကျသလိုကြည့်ပေသည်။ဆရာ၀န်က ဆလိုင်းချိတ်ပေးကာ
"အိပ်ဆေးတွေအများကြီးသောက်တယ်ထင်တယ် အားလည်းနည်းနေတယ်ဗျ အစားကိုဂရုစိုက်ကျွေးပြီး အိပ်ဆေးဖျက်ရမယ် "
အိပ်ဆေးစွဲတယ်? ဒေါ်ဒါလီ စွံ့အလျှက်ရှိကာ
သမီးက အဲ့လောက်တောင်ပဲလား။
"သောက်ဆေးပေးခဲ့မယ် ခဏနေရင် သတိရလာလိမ့်မယ် အထူးဂရုစိုက်ဖို့တော့လိုမယ်နော် "
ဆရာ၀န် ပြောသမျှကို ဒေါ်မြက သေချာလိုက်မှတ်သည် ။ဆရာ၀န်လည်းပြန်ရော ဒေါ်ဒါလီ မတ်တပ်ထရပ်ကာ
"မင်း ကဘာလာလုပ်တာလဲ"
"ကျွန်တော့် သူငယ်ချင်းကိုလာကြည့်တာလေ"
"ကြည့်စရာမလိုဘူး ထွက်သွား မင်းတို့ကြောင့် မင်းတို့ကြောင့် ငါ့သမီးအခုလိုဖြစ်တာ မင်းတို့ကြောင့် သူငါ့ကိုမခင်တွယ်တာ မင်းတို့ကငါ့သမီးကိုဖျက်ဆီးနေတာပဲ"
"အန်တီ မလွန်နဲ့ဗျ စိုပြေအခုလိုဖြစ်တာအန်တီကြောင့်လည်းပါတယ် အန်တီသာ သူ့ကိုယုယုယယပြုစုမယ်ဆိုရင် အခုလိုဖြစ်စရာအကြောင်းမရှိဘူး အန်တီသာ အရက်တွေမသောက်ပဲ ဖဲမရိုက်ပဲ စိုပြေအနားသာနေမယ်ဆိုရင် သူအန်တီကိုမခင်တွယ်စရာမရှိဘူး အန်တီကိုယ်တိုင်ကရော သူ့ကိုခင်တွယ်လို့လား "
လင်းယောင်အပြောမှာ တွေဝေသွားရင်
စိုပြေအခန်းထဲမှ အိပ်ဆေးဘူးကိုရှာသည် ထပ်မသောက်စေရန်ပေါ့မတွေ့တာကြောင့် ဒေါ်ဒါလီ သူ့အခန်းသူပြန်သွား၍ သူ့အိပ်ဆေးဘူးဖွင့်ကြည့်ရာ အခွံသာတွေ့ရသဖြင့် ဒါဆို ဒါဆို အခုလိုဖြစ်တာငါ့ကြောင့်ပေါ့ ငါ့ကြောင့် ငါ့ကြောင့် သမီးအခုလိုဖြစ်တာ ဒေါ်ဒါလီ ကြမ်းပြင်သို့ထိုင်ချရင်းငိုမိသည်။
*
*
နာရီ၀က်လောက်နေတော့ စိုပြေ မျက်လုံးပွင့်လာသည် ။သူမမြင်နေရတာက
"လင်းယောင်?"
လင်းယောင်က သူမအနားကပ်လာ၍
"နိုးပြီလား နင်သတိလစ်နေတာ"
"နင်က ဘယ်လိုလုပ်သိတာလဲ ဘာလို့ဒီရောက်နေတာလဲ"
"တေဇ လွှတ်လိုက်တာ"
မညာချင်၍အမှန်တိုင်းပြောလိုက်ရာ
"သူ သူပါလားဟင် "
သူမ ချက်ချင်းထ၍ ဆလိုင်းချိတ်ထားသည့်တိုင်ကိုပင် မမှုနိုင်ပဲ မှန်ပြတင်းနားသို့ပြေးသွားမိသည် ။
"ဟင် မပါဘူးလား သူရော တေဇရော"
လင်းယောင်ပြန်မဖြေသဖြင့် သူမ မျက်နှာလေး
မှုံသွားကာ ထိုင်ချလိုက်သည်။
နင်ကိုယ်တိုင်လာခဲ့ပါလားဟာ ငါ့ကိုအဝေးကမကြည့်ပါနဲ့တော့ ငါ့အနားပြန်လာပါချစ်မိတာ မချစ်မိတာ အသာထားပါ။
နှစ်တွေအများကြီး ကိုယ့်နားမှာ အမြဲရှိနေပြီးမှ ရုတ်တရက် ပျောက်သွားတာ ရင်ထဲမှာဟာ နေသည်။
မထင်ထားခဲ့ဘူး ဒီလောက်အကြာကြီးပစ်ထားနိုင်လိမ့်မယ်လို့တေဇ နင် နေနိုင်လွန်တယ်ဟာ။
*****************************
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(21)ဆက်ရန်
Zawgyi Version
မင်းကြိုက်သလိုချစ်
အပိုင်း(20)
၁လတောင်ပြည့်လုပြီ
"မမလေး "
ဒေါက် ဒေါက်
ဒေါ်မြ ၀ငျလာခဲ့သညျ့အခါ
"အေးအေး သမီး "
" 😒Tay Za 😁"
ကို နှိပ်လိုက်မိသည် ။
*
*
So Pyay😍
*
*
*
*
"သူနေမကောင်းတာလား
ဂွက်..
ထွက်လာခဲ့၏။
*
*
*
*
*
*
*
"ရှင် "
"အမေနဲ့ဘာဆိုင်လို့လဲ "
"စိုပြေ "
"လွှတ် လွှတ် "
"သမီး သမီး စိုပြေ ထပါဦး "
*
*
"မ ကလည်း မရုန်းပါနဲ့ "
Ring>>>>Ring >>>>
"ဘာလဲ"
"လင်း လင်းယောင်"
ကားaccidentများလား။
"ဟမ်!"
သည်းကွဲကွဲမမြင်ရ ။
"အေး အခုလာမယ်"
"ဟင် တေဇ ကဘာဖြစ်လို့လဲ"
"အင်းအင်း"
*
*
*
"အစ်ကိုလေး လင်းယောင်"
"မင်း ကဘာလာလုပ်တာလဲ"
*
*
"လင်းယောင်?"
"တေဇ လွှတ်လိုက်တာ"
"သူ သူပါလားဟင် "
*****************************
အပိုင်း(21)ဆက်ရန်