သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

Par OpalHawthorn28

2.3M 316K 17.8K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... Plus

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (58)

25.4K 3.4K 272
Par OpalHawthorn28

မုန့်ရန်က ကားဘေးကိုလျှောက်သွားပြီး ယွီကျွင်းချန် ကိုကြည့်လိုက်တယ်။ယွီကျွင်းချန်ရဲ့ လက်ရှိ အသည်းအသန်ဖြစ်နေပုံနဲ့ဆို မုန့်ရန် လွှတ်ခိုင်းရင်တောင် သက်တော်စောင့်တွေက လွှတ်ပေးမှာ မဟုတ်လောက်ဘူး။

"ဘာပြောချင်တာလဲ??လော်ဆန်းအကြောင်းမေးမလို့လား?"

"ငါ..ငါမင်းကိုတောင်းပန်ချင်လို့ပါ။ငါ Flower room ထဲခိုးဝင်တဲ့ ကိစ္စကိုအမှုမဖွင့်ပါနဲ့နော်။ငါ့ကိုဒီတစ်ခါလောက်လေးပဲ ကူညီပေးပါ"

မုန့်ရန်ကို စိုးရိမ်တကြီးနဲ့ ကြည့်ပြီး လော်ဆန်းအကြောင်းကို မေးလိုက်ချင်ပါတယ်။သို့သော်လည်း ဒီကိစ္စကို သူမယုံနိုင်သေးဘူး။ဒီသတင်းထွက်ပေါ်လာရတဲ့ အကြောင်းပြချက်တစ်ခုခုရှိနေလိမ့်မယ်။အခုချိန်မှာ သူ့ရဲ့ ကိုယ်ပိုင်ပြသာနာကိုဖြေရှင်းဖို့သာလျှင် အရေးကြီးဆုံးအရာဖြစ်နေတယ်။

"ငါမင်းကို ဘာမှ မကူညီနိုင်ဘူး"

မုန့်ရန်က သရော်သလိုပြုံးလိုက်ပြီး...

"တကယ်ဆို ပစ္စည်းခိုးဖို့ကြံစည်တာ မင်းနော်။ငါတို့မင်းကို ထောင်ဖမ်းထားမှမဟုတ်တာ"

"မင်းဘက်ကတောင်းဆိုလိုက်ပါ။ ငါ့ဘက်ကလိုက်လျောနိုင်သမျှအကုန် ကတိပေးပါ့မယ်"

"ငါ့မှာ ဘာလိုအပ်ချက်မှမရှိဘူး။ငါ တံခါးကိုသေချာမပိတ်ထားခဲ့တိုင်း မင်းက ဝင်ရဲတယ်ပေါ့။အဲ့တာတွေကို မင်းလွယ်လွယ်ရသွားအောင် ထားထားမယ်လို့များထင်နေတာလဲ?"

"ငါ့ကိုယ်ငါ မထိန်းလိုက်နိူင်ဘူး။ငါမှားသွားပါတယ်။တောင်းပန်ပါတယ်။မင်းပိုင်တဲ့အရာတွေကို ဘယ်တော့မှ မက်မောတော့ဘူးဆိုတာ အာမခံပါတယ်။ဒီတစ်ခေါက် ကိစ္စကိုအကူညီပေးမယ်ဆို အဲ့တာတွေမင်းမှာ ရှိနေတဲ့အကြောင်း ဘယ်သူမှ မသိစေရပါဘူး"

"အဲ့တော့ မင်းပြောလိုက်မှာကို ကြောက်နေတယ်များထင်နေတာလား??မင်းပြောလိုက်တော့ရော ဘာဖြစ်သွားမှာ မို့လို့လဲ??မင်းကိုယ်မင်း ငါ့ရဲ့အားနည်းချက်ကို ချုပ်ကိုင်ထားနိုင်ပြီထင်နေတာလား??ငါ့ကိုလာခြိမ်းခြောက်နေတာလား??"

"ငါ..ငါ မင်းကိုဘယ်တုန်းကမှ မခြိမ်းခြောက်ခဲ့ပါဘူး"

ယွီကျွင်းချန် ပြာပြာသလဲရှင်းပြနေပြီ....

"ဒီအတိုင်း...ဒီအတိုင်း မင်းငါ့ကိုကူညီပေးမယ်ဆို ကျေးဇူးပြန်ဆပ်မယ်လို့ ပြောချင်တာပါ။ငါခုနပြောခဲ့တဲ့ အာမခံချက်တွေနဲ့ ကတိတွေကို သေချာစောင့်ထိန်းပါ့မယ်။ငါ မင်းကို ခြိမ်းခြောက်နေတာမဟုတ်ရပါဘူး"

"ပြောချင်လဲ ပြောလိုက်ပေါ့..ငါဂရုမစိုက်ဘူး"

ပြောပြီးတာနဲ့ မုန့်ရန် ကားပေါ်တက်သွားလိုက်တယ်။

"မုန့်ရန်"

မုန့်ရန်ကားပေါ်တက်သွားတာကို လှမ်းတားလိုက်ချင်ပေမယ့် သက်တော်စောင့်တွေက ယွီကျွင်းချန်ကို ပိတ်ဆို့ထားတာကြောင့် ကားနားကိုလုံးဝကပ်လို့မရခဲ့ဘူး။မုန့်ရန် လိုက်ပါသွားတဲ့ ကားလေးထွက်ခွာသွားတာကို ဒီအတိုင်းကြည့်နေလိုက်ရတယ်။

ရှုမင်ဟွာနေမကောင်းဖြစ်နေပြီ...ဆယ်ပုံမှာ သုံးပုံလောက်က တကယ်နေမကောင်းတာဖြစ်ပြီး၊ခုနှစ်ပုံလောက်က ဟန်ဆောင်နေတာပါ။လော်ရှို့က သူ့လက်ထဲ ဓားတစ်ချောင်းထိုးထည့်ပြီး အသက်ကိုပါပြန်ပေးပြီး သားအမိကြားက ဆက်နွယ်မှုကို ဖြတ်တောက်ဖို့ ပြောတယ်။လော်ဆန်းက လော်ရှို့ရဲ့သားမဟုတ်ဘူး။ချန်းဖန်ဖေးက ကလဲ့စာချေချင်လို့ လော်ဆန်းကို မွေးခဲ့တယ်။သူ့သားတွေနဲ့အတူ သူ့ကိုပါ လော်ရှို့က နှင်ချနေပြီ။ထိုကဲ့သို့သော အတွဲလိုက်ရိုက်ချက်တွေကို သူ လက်ခံနိုင်ခဲ့တယ်။ဒါပေမယ့် နေမကောင်းဖြစ်နေတဲ့ အမေကို အတင်းအကြပ်နှင်မထုတ်လောက်ဘူးထင်တာကြောင့် တမင်တကာ အိပ်ရာထဲကမထဘဲ နေမကောင်းချင်ယောင်ဆောင်နေလိုက်တယ်။စကားလုံးတွေသုံးပြီး ဆက်ဆံရေးကိုဖြတ်တောက်လို့ ရမယ်တဲ့လား...

လော်ရှို့က မုန့်ရန်နဲ့ မွေးမလာသေးတဲ့သူတို့ရဲ့ရင်သွေးလေးအတွက် အနှောက်အယှက်ကင်းပြီးလုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ အတွက် ဒီလူတွေအကုန်လုံးကိုရှင်းထုတ်ဖို့ စိတ်ပိုင်းဖြတ်ပြီးနေပြီ။အကယ်၍ ရှုမင်ဟွာ တကယ်ကြီး နေမကောင်းဖြစ်ခဲ့ရင်တောင် အဓိကစံအိမ်ပေါ်မှာ လူမမာတစ်ယောက်ကို ခေါ်တင်ထားဖို့ လော်ရှို့ လုံးဝလက်သင့်ခံမှာမဟုတ်ဘူး။

လော်ရှို့ရဲ့ ညီငယ်တွေကလဲ လော်ရှို့ သူတို့ကိုမနှင်ထုတ်လောက်ပါဘူးဆိုတဲ့ မျှော်လင့်ချက်ကိုလက်ကိုင်ထားပြီး အိမ်မပြောင်းဘဲ ပေကပ်နေကြတယ်။ဒါပေမယ့် လော်ရှို့က နှစ်ရက်ဆို နှစ်ရက်ပဲအချိန်ပေးမှာဖြစ်ပြီး နှစ်ရက်ပြည့်တာနဲ့ အစောင့်တွေခေါ်ပြီး အိမ်ပေါ်ကနေ အကုန်လုံးကို ဆွဲချပစ်မှာပါ...

အိမ်ထဲကို ဝင်လာကြတဲ့ လူသန်ကြီးတွေကို မြင်တာနဲ့ လော်ရှို့ရဲ့ မရီးတွေ တူတွေ၊တူမတွေအကုန်လုံး ကြောက်လန့်တကြား အော်ဟစ်ကြတော့တာပါပဲ....

"ဘာလုပ်နေကြတာလဲ??ငါတို့ကို ထိရဲထိကြည့် ရဲစခန်းကိုဖုန်းဆက်လိုက်မယ်!!"

"ဒါ ငါ့ပစ္စည်းတွေ!!!လွှတ်ပေးစမ်း!!!အားးးးးးး"

"ဒါ ငါတို့ပိုင်တဲ့အိမ်...ဘယ်မှမသွားဘူး!!!!မပြောင်းပေးနိုင်ဘူး!!!"

တောင်စောင်းမှာရှိတဲ့ စံအိမ်သုံးလုံးဆီကနေ တူညီတဲ့ အော်သံတွေ ပြန့်လွှင့်နေခဲ့တယ်။

အိပ်ရာပေါ်မှာလှဲနေပြီး ဟန်ဆောင်ဖျားနာနေတဲ့ ရှုမင်ဟွာကို လော်ရှို့က လူလွှတ်ပြီး Wheelchairပေါ်တင်ခိုင်းလိုက်တယ်။ရှုမင်ဟွာရဲ့ ကိုယ်ပိုင် အသုံးအဆောင်တွေအကုန်လုံးကို ထုတ်ပိုးခိုင်းလိုက်ပြီး ရှုမင်ဟွာ ကို ကားတစ်စီးနဲ့ အဝေးကိုပို့ပစ်ဖို့ အမိန့်ပေးလိုက်တယ်။

Wheelchair ပေါ်မှာထိုင်နေရတဲ့ ရှုမင်ဟွာက ရင်ဘက်ကိုလက်နဲ့ဖိထားနေရတယ်။ဒေါသထွက်လွန်းလို့ အတော်လေးကို မူးဝေနေပြီ။

"ဘာပဲဖြစ်ဖြစ် နင့်ကို ငါမွေးထားခဲ့တာလေ...သားအမိဆိုတာကို တကယ်ဂရုမစိုက်တော့ဘူးလား?"

"သားအမိကြားက ဆက်နွယ်မှုမဖြတ်တောက်ခင်ကရော ကျွန်တော့်ကို သားတစ်ယောက်အဖြစ်အသိအမှတ်ပြုခဲ့ဖူးလို့လား??ကျွေးမွေးခဲ့တဲ့ ကျေးဇူးကို ငွေကြေးနဲ့ ပြန်ဆပ်လို့မရဘူးလို့ ပြောခဲ့တယ်မလား??ခင်ဗျား ဆန္ဒအတိုင်းဖြစ်စေရမယ်။အဲ့စကားကို အမြဲတမ်းအမှတ်ရနေပါစေ"

လော်ရှို့ရဲ့ ညီငယ်သုံးယောက် ပြေးလာကြတယ်။သက်တော်စောင့်တွေတားဆီးထားတာကြောင့် လော်ရှို့ကြားအောင် အော်ပြောနေကြရတယ်။

"အစ်ကိုကြီး!!!!ကျွန်တော်တို့ တကယ်ကိုဘာမှ မလုပ်ထားပါဘူး။ချန်းမိသားစုနဲ့လဲ မဆက်သွယ်ပါဘူး။အစ်ကိုကြီးထိခိုက်အောင်လဲ ဘာမှမလုပ်ခဲ့ပါဘူး!!!"

"အစ်ကိုကြီး စိတ်မြန်လက်မြန်နဲ့ ကောင်လေးတစ်ယောက်ကို လက်ထပ်လိုက်တာကိုပဲ ကျွန်တော်တို့က စိတ်ပူနေတာပါ။အစ်ကိုကြီး သူ့အတွက် အများကြီး အကုန်အကျခံပြီးတော့မှ သူ့ဘက်က ကွာရှင်းခွင့်တောင်းလာရင် အစ်ကိုကြီးရဲ့ ပိုင်ဆိုင်မှုတွေသူ့ကိုခွဲပေးနေရလိမ့်မယ်။နောက်မှ အစ်ကိုကြီးနောင်တရနေမှာစိုးလို့ အမေ့ကိုလှမ်းခေါ်လိုက်ရတာပါ။အစ်ကိုကြီးတို့ကို နှောက်ယှက်ချင်လို့မဟုတ်ပါဘူး"

[TN: ဒီနွားသုံးကောင်ကတော့လေ စကားကိုလူလိုမပြောဘူး။ခွေးစကားတွေသိပ်ပြောတာပဲ။အစ်ကို့ကိုစိတ်ပူနေတာလား သောက်ဆံကိုစိတ်ပူနေတာလား?? လော်ရှို့မို့လို့နှင်ထုတ်တာကျုပ်သာဆို အကုန်လုံးက်ိုတောင်စောင်းကနေတန်းစီပြီးတွန်းချပစ်လိုက်တယ်😤😤]

"အဲ့တော့ ငါက မင်းတို့ကိုတောင်ကျေးဇူးပြန်တင်ရဉီးမယ့်ပုံပဲ။ပြောစမ်းပါဉီး ငါရှာထားတာတွေထိုင်သုံးနေတုန်းက မင်းတို့ဘယ်လိုသဘောတူထားကျလဲ??"

"နောက်ဆို အစ်ကိုကြီးရဲ့ကိစ္စတွေမှာ ဝင်မရှုပ်တော့ပါဘူး။ကတိပေးပါတယ်။ကလေးတွေဘွဲ့ရပြီးတာနဲ့ ထွက်သွားပါ့မယ်။အခုလောလောဆယ်တော့ မထွက်သွားခိုင်းပါနဲ့ဉီး!!!အစ်ကိုကြီး! !!ကျေးဇူးပြုပြီ....!!!"

[TN:နွားပေါက်သုံးကောင် စျေးဆစ်နေပါပြီ😒😒]

"ဟုတ်တယ်!!!ကျေးဇူးပြုပြီး ကျွန်တော်
တို့ခဏလောက်နေခွင့်ပြုပါ။ လောလောဆယ်ကျွန်တော်တို့ လုံလင်းတောင်ပေါ်ကနေ ကန်ထုတ်ခံလိုက်ရရင် လူတွေအတင်းပြောကုန်ကြလိမ့်မယ်။ကျွန်တော်တို့က ဂရုမစိုက်ပေမယ့် ကလေးတွေလူကြားထဲမှာ မျက်နှာမပြရဲစရာတွေဖြစ်ကုန်လိမ့်မယ်။ကျေးဇူးပြုပြီး ခဏလောက်တော့နေခွင့်ပေးပါ။နှစ်နည်းနည်းကြာတာနဲ့ ပြောင်းပေးပါ့မယ်"

"မင်းတို့မွေးထားတဲ့ကလေးတွေရဲ့တာဝန်က မင်းတို့တာဝန်၊ငါ့တာဝန်မဟုတ်ဘူး!!!"

လော်ရှို့ အချက်ပြလိုက်တာနဲ့ သက်တော်စောင့်တွေက သူတို့တွေကို ဆွဲထုတ်သွားလိုက်ကြတယ်။

"အမေ!!!!ပြောပေးပါဉီး!!!အမေ!!"

ရှုမင်ဟွာက မုန့်ရန်ကို ကြည့်လိုက်ပြီး...

"သူ ငါတို့အကုန်လုံးကိုမောင်းထုတ်နေတာကို နင်ဒီအတိုင်းကြည့်နေတယ်ပေါ့??နောင်တစ်ချိန်မှာ နင်နဲ့ နင့်ကလေးလဲ ငါတို့လို မောင်းထုတ်ခံရမှာမကြောက်ဘူးလား?"

"အနာဂတ်မှာ ကျွန်တော်နဲ့လော်ရှို့
မှာကလေးဘယ်နှစ်ယောက်ပဲလာရှိပါစေ၊ ကျွန်တော်တို့ကသူတို့ကိုတူညီတဲ့မေတ္တာပေးမယ်၊ ဘယ်သူ့ကိုမှဘက်လိုက်မှာမဟုတ်ဘူးဆိုတာ ခင်ဗျားစိတ်ချထားလိုက်လို့ရတယ်။သူတို့လေးတွေအမှီအခိုကင်းတဲ့ကိုယ်ရည်ကိုယ်သွေးရှိလာအောင် ကျွန်တော်နဲ့ လော်ရှို့ သင်ပေးမှာပါ။သူတို့လေးတွေကို လွတ်လွတ်လပ်လပ်ရွေးချယ်ခိုင်းမယ်။ကျေးဇူးတရားဆိုတာကြီးနဲ့ ဘယ်တော့မှ ချည်နှောင်ထားမှာမဟုတ်ဘူး။ဒါက လော်ရှို့ နဲ့ ကျွန်တော် စိတ်ကူးထားတဲ့ ကလေးတွေရဲ့ ဘဝရှေ့ရေးပဲ"

ဘယ်သူ့ဆီမှာမွေးဖွားရမယ်ဆိုတာ ရွေးချယ်ခွင့်မရှိပေမယ့် ဘယ်လိုဘဝမျိုးနဲ့ ရှင်သန်နေထိုင်မယ်ဆိုတာ ကိုတော့ လူတိုင်းမှာရွေးချယ်ခွင့်ရှိပါတယ်။ကလေးတစ်ယောက် လောကထဲကို ရောက်ရှိလာခြင်းက မိဘတွေရဲ့ရွေးချယ်မှုကြောင့်သာဖြစ်ပြီး ကလေးငယ်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုမှ မဟုတ်ခဲ့တာ။အရွယ်မရောက်ခင်ကတည်းက သားသမီးတွေကို လွတ်လပ်စွာတွေးခေါ်တတ်ပြီး၊ အမှီခိုကင်းကင်းရပ်တည်နိုင်အောင် သင်ကြားပေးဖို့ မိဘတိုင်းမှာ တာဝန်ရှိတယ်။

ဘဝဟာ သာမာန်လူတွေထက်အဆပေါင်းများစွာသာလွန်ခမ်းနားနေခဲ့ရင်တောင် အမွေဆိုတာ မိဘပေးမှ ရမယ့်ပစ္စည်းဉစ္စာတွေပါပဲ။တစ်ဉီးတည်းသော သားသမီးဖြစ်နေရင်တောင်မှ
မိဘတွေဘက်ကသားသမီးတွေရဲ့ လက်ထပ်ထိမ်းမြှားခြင်းတွေ၊လွတ်လပ်ခွင့်တွေကို ထိန်းချုပ်နေစရာမလိုဘူး။

Modern ခေါတ်ကြီးမှာ နေထိုင်နေပေမယ့် ရှေးရိုးစွဲအတွေးအခေါ်တွေကို ဖက်တွယ်ထားသူတွေလဲရှိနေပါသေးတယ်။ဉပမာ အဖိုးကြီးချန်း နဲ့ ရှုမင်ဟွာ ကိုပဲကြည့်လေ...ငါနင့်ကိုမွေးထားတာ..ငါနင့်ကို ပျိုးထောင်ပေးခဲ့တာ..အဲ့​တော့ ငါခိုင်းတာပဲနင်လုပ်ရမယ်။ငါလက်ထပ်ခိုင်းတဲ့နဲ့လက်ထပ်လိုက်...ငါဘာခိုင်းခိုင်းနင် လုပ်ကိုလုပ်ရမယ်။ဒါက သားသမီးဝတ္တရားပဲ!!!

မိဘတိုင်းကသာ ဒီလိုတွေးခေါ်နေမယ်ဆိုပဒေသရာဇ်ခေါတ်မှာ နေထိုင်ရတာနဲ့ ဘာကွာတော့မလဲ?? လူ့ဘောင်အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုနဲ့ခေတ်တွေစနစ်တွေပြောင်းလဲလာဖို့ဆိုတာ
လူနေမှုအဆင့်အတန်းနဲ့ နည်းပညာတိုးတက်ရေးကိုအလေးပေးလိုက်စားနေဖို့ကြီးပဲမှ မဟုတ်တာ
အတွေးခေါ်တွေ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပါ တိုးတက်ပြောင်းလဲလာဖို့လဲ လိုအပ်နေပါသေးတယ်။

Wheelchair ပေါ်ကရှုမင်ဟွာကို ခေါ်ဆောင်သွားကြ
လေပြီ။

လော်ရှို့က မုန့်ရန်ကိုပွေ့ဖက်လိုက်ပြီး....

"အခုချိန်ကစပြီး ဒီအိမ်မှာ ကိုယ်နဲ့ မင်းနဲ့ နှစ်ယောက်ပဲရှိတော့မှာ ဘယ်သူမှ လာမနှောက်ယှက်နိူင်တော့ဘူး"

"ခင်ဗျား မေ့နေတာလား?"

မုန့်ရန်က လော်ရှို့ရဲ့ လက်ကို ဗိုက်ပေါ်တင်ပေးလိုက်ပြီး....

"ကလေးလေးလဲ ရှိသေးတယ်လေ"

"မင်းပြောသလို ကလေးတွေဘယ်နှစ်ယောက်ရှိ၊ရှိ သူတို့တွေကို အမှီခိုကင်းတဲ့ သူတွေဖြစ်အောင် သွန်သင်ပေးရမယ်။သူတို့တွေ အသက်နှစ်ဆယ်ပြည့်တာနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဘဝကိုလျှောက်လှမ်းခိုင်းလိုက်မယ်။ဒါဆို မင်းနဲ့ ကိုယ်နဲ့ နှစ်ယောက်တည်း ဒီအိမ်လေးမှာ အမြဲနေလို့ ရပြီ"

လော်ရှို့က မုန့်ရန်နဲ့ နဖူးချင်းထိပြီး ဒီစကားတွေကိုပြောနေခြင်းဖြစ်တယ်။

[TN: ဟုတ်ကဲ့ ဒီသူရဲကောင်းကြီးကလဲ နံရံကို ခေါင်းနဲ့ပြေးတိုက်ချင်စိတ်ကိုမနည်းထိန်းပြီး ဒီစာကိုရေးနေရခြင်းဖြစ်တယ်😌😌ဆရာလော်ရေ ဗိုက်က အခုမှ ငါးလပဲရှိသေးတယ် ဘယ်နှယ့်ကြောင့် အသက်နှစ်ဆယ်ပြည့်ရင် အိမ်ခွဲနေခိုင်းမယ့်အကြောင်းတွေပြောနေတာတုန်း။ကဲကဲ ဆရာလော့်ချွေးမတွေ တန်းစီထားကြတော့😂😂😂]

"ဒါဆို မြေးတွေရလာရင် ကူထိန်းပေးကြမလား??"

မုန့်ရန် အပြုံးတစ်ခုနဲ့မေးလိုက်တယ်။သားဉီးလေးမမွေးရသေးခင်ကတည်းက ကြိုတင်ပြီး စိတ်ကူးပုံဖော်ထားသမျှတိုင်းက မုန့်ရန်အတွက် လှပလွန်းတဲ့ ပျော်ရွှင်မှုတွေဖြစ်နေပြီလေ....

"ဒီအကြောင်းတွေတွေးဖို့ စောလွန်းပါသေးတယ်ကွာ။အခြေနေပေါ်မူတည်ပြီး နောက်တော့မှ
စဉ်းစားကြမယ်လေ.."

လော်ရှို့က မုန့်ရန်နားမှာ တဝဲဝဲလည်နေရင်း...

"အခုချိန်မှာ အဖြစ်သင့်ဆုံးက ကိုယ်တို့နှစ်ယောက်တည်းပဲရှိတဲ့ အချိန်တွေကို ပျော်ပျော်ကြီးအသုံးချဖို့ပဲ.."

သေးငယ်တဲ့အရာလေးတွေကနေ စတင်ဖို့ မုန့်ရန် လော်ရှို့ကို ပြောပြထားပြီးပြီ။ကလေးတွေကို ငယ်ငယ်ကတည်းက တာဝန်ယူမှု၊တာဝန်ခံမှုကို သေချာသင်ကြားပေးမယ်။အရွယ်ရောက်လာတဲ့ အခါ Company အလုပ်တွေကို လက်လွှဲယူတာပဲဖြစ်ဖြစ်၊ သူတို့စိတ်ကြိုက်ရွေးချယ်ခွင့်ပေးလိုက်မှာပါ။သူတို့တွေရဲ့ ထင်မြင်ယူဆချက်တွေကို နည်းလမ်းကျ၏၊မကျ၏ ရှင်းပြပေးမယ်၊ နောက်ဆုံးဆုံးဖြတ်ချက်ကို သူတို့ရဲ့ကိုယ်ပိုင် အတွေးအမြင်တွေနဲ့ ချမှတ်ခိုင်းမယ်။သူတို့လေးတွေရဲ့ ဆန္ဒတွေကို လေးစားပေးမယ်။

ဟန်ဆောင်ဖျားနာခဲ့တဲ့ရှုမင်ဟွာတစ်ယောက် အခုတော့ တကယ်ကို ဖျားနာနေခဲ့လေပြီ။ကျု့ယုကျယ်က ရှုမင်ဟွာကို သေချာဖြောင်းဖျပြီးနိုင်ငံခြားကိုပြန်ခေါ်သွားခဲ့တယ်။

လော်ဆန်းကတော့ သူရဲ့သောကတွေပူပန်မှုတွေကိုဖြေလျှော့ဖို့ ဝိုင်ပုလင်းတွေကြား ခေါင်းစိုက်နေခဲ့တယ်။နိုးထလာချိန်မှာ ဒီအရာတွေအကုန်လုံး အိမ်မက်တစ်ခုလိုများ လွှင့်ပါးသွားလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်း မူးရူးနေအောင် သောက်ခဲ့တယ်။မူးရူးနေတဲ့ အချိန်မှာ Gangster တစ်စုနဲ့ ပြသာနာတက်ခဲ့သေးတယ်။လော်ဆန်းကိုဘယ်သူမှန်း မသိတာကြောင့် တမင်ပြသာနာရှာနေတယ်ထင်ပြီး Gangster တွေဆွမ်းကြီးဝိုင်းလောင်းလိုက်လို့ လော်ဆန်း ဆေးရုံတက်လိုက်ရသေးတယ်။ချန်ဖန်ဖေးရောက်လာချိန်မှာ လော်ဆန်း Coma ဝင်နေခဲ့ပြီ။ယွီကျွင်းချန်းကို အသည်းအသန်ခေါ်ပြီး လော်ဆန်းကို အရင်လိုပြန်ဖြစ်အောင် ဖြောင်းဖြပေးနိုင်ရင် လော်ဆန်းနဲ့ အမြန်ဆုံးလက်ထပ်ပေးမယ့်အကြောင်း ပြောခဲ့တယ်။

လော်ဆန်းကို ဘယ်လို နှစ်သိမ့်ဖြောင်းဖြရမယ်ဆိုတာမသိတော့တဲ့ အတွက် ယွီကျွင်းချန်အတော်စိတ်ပျက်နေပြီ။လော်ဆန်းကို ဖြောင်းဖြနိုင်တဲ့သူပေါ်လာပါစေလို့ပဲ ဆုတောင်းနေရတယ်။လော်ဆန်းက လော်ရှို့ရဲ့ သားအရင်းမဟုတ်မှန်း သိခဲ့ရတုန်းက သူလဲ လော်ဆန်းနဲ့ သာတူညီမျှစွာ ထိတ်လန့်ခဲ့ရတယ်။လော်ဆန်းက လော်ရှို့နဲ့ ဘာမှ မသက်ဆိုင်တော့ဘူးဆိုတော့ လော်မိသားစုထဲကိုဝင်ပြီး မုန့်ရန်ရဲ့ရှေးဟောင်းစာအုပ်တွေကို ရယူဖို့ သူ့မှာ အခွင့်ရေးမရှိတော့ဘူးပေါ့...

ရဲစခန်းမှာတုန်းက မုန့်ရန်ရဲ့ရှေးဟောင်းစာအုပ်တွေကိုခိုးယူချင်တဲ့အကြောင်းကို မထွက်ဆိုခဲ့ဘူး။ဘာ့ကြောင့်လဲဆိုတော့ လော်ဆန်းနဲ့ လက်ထပ်ပြီးတာနဲ့ လော်မိသားစုထဲကို ဝင်ပြီး မုန့်ရန်ရဲ့စာအုပ်တွေကိုယူဖို့ သူ့မှာ အခွင့်အရေးရှိသေးတယ်လို့ မှတ်ယူထားခဲ့တာကြောင့်ဖြစ်တယ်။ဟုတ်တယ်...အခုတော့ အဲ့အိမ်မက်တွေ အစိတ်စိတ်အမွှာမွှာကွဲကြေကုန်ပြီ....ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ဒီစာအုပ်တွေမရှိရင် သူ ဘယ်တော့မှ မုန့်ရန်ကို ဖိနှိပ်ထားနိူင်မှာမဟုတ်ဘူး။

လအနည်းငယ်ကုန်လွန်သွားချိန်မှာ မုန့်ရန်ရဲ့ ဗိုက်ကလေးကလဲ ပူသထက်ပူလာနေပြီ။အမျိုးသမီးကိုယ်ဝန်ဆောင်တွေလို စူထွက်မနေပေမယ့် လုံးလုံးဝိုင်းဝိုင်းလေးဖြစ်နေသေးတယ်။

ခါးစည်းကြိုးကိုဖြေချလိုက်ပြီး ရေချိုးခန်းထဲက
မှန်ထဲမှာမြင်နေရတဲ့ သူရဲ့ ဗိုက်လေးကိုမုန့်ရန်သေချာကြည့်နေတယ်။သူ့ဝမ်းဗိုက်ထဲမှာ သက်ရှိလေးတစ်ယောက် တဖြည်းဖြည်း ကြီးထွားလာတာကို အခုထိ အံ့အားသင့်နေရတုန်းပါပဲ....

လော်ရှို့က မုန့်ရန်ကိုနောက်ကနေ ဖက်လိုက်ပြီး ဗိုက်ပူလေးကို ခပ်ဖွဖွလေး ပုတ်လိုက်တယ်။

" ခန့်မှန်းထားတာတဲ့ ရက်ရောက်ဖို့ တစ်လတောင်မလိုတော့ဘူး။ကြောက်နေလား??"

"မကြောက်ပါဘူး။ကလေးလေးရှိမှန်းစသိတဲ့နေ့ကတည်းက ကျွန်တော့်တစ်ကိုယ်လုံး သတ္တိတွေပြည့်လျှံနေတာပဲ။ဘာပဲဖြစ်ဖြစ် ကျွန်တော်ရင်ဆိုင်ရဲတယ်။အရမ်းနာကျင်မယ်ဆိုတာကျွန်တော်သိတယ်။ကျွန်တော်ရော၊ကလေးလေးရော နည်းနည်းလေးမှ မကြောက်ဘူး။ဒီကလေးလေးက ကျွန်တော့်ကို အရမ်းဂရုစိုက်တာလေ အဲ့တော့ ​ကျွန်တော့်ကို အကြာကြီးနာကျင်အောင် လုပ်မှာမဟုတ်ဘူး"

လော်ရှို့ ခေါင်းငုံ့ပြီး မုန့်ရန်ရဲ့ပါးလေးကိုနမ်းလိုက်တယ်။မုန့်ရန်က ​အမြဲတမ်းရဲရင့်ပြီးစိုးရိမ်သောကနဲ့ကြောက်ရွံ့ခြင်းမရှိနေပေမယ့် လော်ရှို့ကတော့ အလွန်တရာ စိုးရိမ်ပူပန်နေတဲ့စိတ်ကို ထိန်းမရခဲ့ဘူး။မုန့်ရန် အခုလို နာကျင်မှုမျိုးကိုခံစားရမယ်ဆို ကလေးတစ်ယောက်တည်းယူဖို့ထိ လော်ရှို့တွေးခဲ့ဖူးတယ်။ဒါပေမယ့် မုန့်ရန်က အနည်းဆုံးနှစ်ယောက်၊အများဆုံး သုံးယောက်ထိယူဖို့ပြောခဲ့ပြီးပြီ။

ညီအစ်ကိုမောင်နှမတွေရှိရတဲ့အကျိုးကျေးဇူးကို လော်ရှို့ မခံစားခဲ့ရဖူးဘူး။ဒါပေမယ့် မုန့်ရန်ကတော့ သူတို့ရဲ့ ရင်သွေးလေးတွေကို နွေးထွေးတဲ့ ညီအစ်ကိုမောင်နှမ သံယောဇဉ်တွေကို ခံစားသိမြင်စေဖို့ မျှော်လင့်ထားတယ်လေ......

Zawgyi

မုန္႔ရန္က ကားေဘးကိုေလွ်ာက္သြားၿပီး ယြီကြၽင္းခ်န္ ကိုၾကည့္လိုက္တယ္။ယြီကြၽင္းခ်န္ရဲ႕ လက္႐ွိ အသည္းအသန္ျဖစ္ေနပုံနဲ႔ဆို မုန္႔ရန္ လႊတ္ခိုင္းရင္ေတာင္ သက္ေတာ္ေစာင့္ေတြက လႊတ္ေပးမွာ မဟုတ္ေလာက္ဘူး။

"ဘာေျပာခ်င္တာလဲ??ေလာ္ဆန္းအေၾကာင္းေမးမလို႔လား?"

"ငါ..ငါမင္းကိုေတာင္းပန္ခ်င္လို႔ပါ။ငါ Flower room ထဲခိုးဝင္တဲ့ ကိစၥကိုအမႈမဖြင့္ပါနဲ႔ေနာ္။ငါ့ကိုဒီတစ္ခါေလာက္ေလးပဲ ကူညီေပးပါ"

မုန္႔ရန္ကို စိုးရိမ္တႀကီးနဲ႔ ၾကည့္ၿပီး ေလာ္ဆန္းအေၾကာင္းကို ေမးလိုက္ခ်င္ပါတယ္။သို႔ေသာ္လည္း ဒီကိစၥကို သူမယုံႏိုင္ေသးဘူး။ဒီသတင္းထြက္ေပၚလာရတဲ့ အေၾကာင္းျပခ်က္တစ္ခုခု႐ွိေနလိမ့္မယ္။အခုခ်ိန္မွာ သူ႕ရဲ႕ ကိုယ္ပိုင္ျပသာနာကိုေျဖ႐ွင္းဖို႔သာလွ်င္ အေရးႀကီးဆုံးအရာျဖစ္ေနတယ္။

"ငါမင္းကို ဘာမွ မကူညီႏိုင္ဘူး"

မုန္႔ရန္က သေရာ္သလိုျပဳံးလိုက္ၿပီး...

"တကယ္ဆို ပစၥည္းခိုးဖို႔ၾကံစည္တာ မင္းေနာ္။ငါတို႔မင္းကို ေထာင္ဖမ္းထားမွမဟုတ္တာ"

"မင္းဘက္ကေတာင္းဆိုလိုက္ပါ။ ငါ့ဘက္ကလိုက္ေလ်ာႏိုင္သမွ်အကုန္ ကတိေပးပါ့မယ္"

"ငါ့မွာ ဘာလိုအပ္ခ်က္မွမ႐ွိဘူး။ငါ တံခါးကိုေသခ်ာမပိတ္ထားခဲ့တိုင္း မင္းက ဝင္ရဲတယ္ေပါ့။အဲ့တာေတြကို မင္းလြယ္လြယ္ရသြားေအာင္ ထားထားမယ္လို႔မ်ားထင္ေနတာလဲ?"

"ငါ့ကိုယ္ငါ မထိန္းလိုက္ႏိူင္ဘူး။ငါမွားသြားပါတယ္။ေတာင္းပန္ပါတယ္။မင္းပိုင္တဲ့အရာေတြကို ဘယ္ေတာ့မွ မက္ေမာေတာ့ဘူးဆိုတာ အာမခံပါတယ္။ဒီတစ္ေခါက္ ကိစၥကိုအကူညီေပးမယ္ဆို အဲ့တာေတြမင္းမွာ ႐ွိေနတဲ့အေၾကာင္း ဘယ္သူမွ မသိေစရပါဘူး"

"အဲ့ေတာ့ မင္းေျပာလိုက္မွာကို ေၾကာက္ေနတယ္မ်ားထင္ေနတာလား??မင္းေျပာလိုက္ေတာ့ေရာ ဘာျဖစ္သြားမွာ မို႔လို႔လဲ??မင္းကိုယ္မင္း ငါ့ရဲ႕အားနည္းခ်က္ကို ခ်ဳပ္ကိုင္ထားႏိုင္ၿပီထင္ေနတာလား??ငါ့ကိုလာၿခိမ္းေျခာက္ေနတာလား??"

"ငါ..ငါ မင္းကိုဘယ္တုန္းကမွ မၿခိမ္းေျခာက္ခဲ့ပါဘူး"

ယြီကြၽင္းခ်န္ ျပာျပာသလဲ႐ွင္းျပေနၿပီ....

"ဒီအတိုင္း...ဒီအတိုင္း မင္းငါ့ကိုကူညီေပးမယ္ဆို ေက်းဇူးျပန္ဆပ္မယ္လို႔ ေျပာခ်င္တာပါ။ငါခုနေျပာခဲ့တဲ့ အာမခံခ်က္ေတြနဲ႔ ကတိေတြကို ေသခ်ာေစာင့္ထိန္းပါ့မယ္။ငါ မင္းကို ၿခိမ္းေျခာက္ေနတာမဟုတ္ရပါဘူး"

"ေျပာခ်င္လဲ ေျပာလိုက္ေပါ့..ငါဂ႐ုမစိုက္ဘူး"

ေျပာၿပီးတာနဲ႔ မုန္႔ရန္ ကားေပၚတက္သြားလိုက္တယ္။

"မုန္႔ရန္"

မုန္႔ရန္ကားေပၚတက္သြားတာကို လွမ္းတားလိုက္ခ်င္ေပမယ့္ သက္ေတာ္ေစာင့္ေတြက ယြီကြၽင္းခ်န္ကို ပိတ္ဆို႔ထားတာေၾကာင့္ ကားနားကိုလုံးဝကပ္လို႔မရခဲ့ဘူး။မုန္႔ရန္ လိုက္ပါသြားတဲ့ ကားေလးထြက္ခြာသြားတာကို ဒီအတိုင္းၾကည့္ေနလိုက္ရတယ္။

႐ႈမင္ဟြာေနမေကာင္းျဖစ္ေနၿပီ...ဆယ္ပုံမွာ သုံးပုံေလာက္က တကယ္ေနမေကာင္းတာျဖစ္ၿပီး၊ခုႏွစ္ပုံေလာက္က ဟန္ေဆာင္ေနတာပါ။ေလာ္႐ိႈ႕က သူ႕လက္ထဲ ဓားတစ္ေခ်ာင္းထိုးထည့္ၿပီး အသက္ကိုပါျပန္ေပးၿပီး သားအမိၾကားက ဆက္ႏြယ္မႈကို ျဖတ္ေတာက္ဖို႔ ေျပာတယ္။ေလာ္ဆန္းက ေလာ္႐ိႈ႕ရဲ႕သားမဟုတ္ဘူး။ခ်န္းဖန္ေဖးက ကလဲ့စာေခ်ခ်င္လို႔ ေလာ္ဆန္းကို ေမြးခဲ့တယ္။သူ႕သားေတြနဲ႔အတူ သူ႕ကိုပါ ေလာ္႐ိႈ႕က ႏွင္ခ်ေနၿပီ။ထိုကဲ့သို႔ေသာ အတြဲလိုက္႐ိုက္ခ်က္ေတြကို သူ လက္ခံႏိုင္ခဲ့တယ္။ဒါေပမယ့္ ေနမေကာင္းျဖစ္ေနတဲ့ အေမကို အတင္းအၾကပ္ႏွင္မထုတ္ေလာက္ဘူးထင္တာေၾကာင့္ တမင္တကာ အိပ္ရာထဲကမထဘဲ ေနမေကာင္းခ်င္ေယာင္ေဆာင္ေနလိုက္တယ္။စကားလုံးေတြသုံးၿပီး ဆက္ဆံေရးကိုျဖတ္ေတာက္လို႔ ရမယ္တဲ့လား...

ေလာ္႐ိႈ႕က မုန္႔ရန္နဲ႔ ေမြးမလာေသးတဲ့သူတို႔ရဲ႕ရင္ေသြးေလးအတြက္ အေႏွာက္အယွက္ကင္းၿပီးလုံျခဳံစိတ္ခ်ရတဲ့ ပတ္ဝန္းက်င္တစ္ခုကို ဖန္တီးေပးဖို႔ အတြက္ ဒီလူေတြအကုန္လုံးကို႐ွင္းထုတ္ဖို႔ စိတ္ပိုင္းျဖတ္ၿပီးေနၿပီ။အကယ္၍ ႐ႈမင္ဟြာ တကယ္ႀကီး ေနမေကာင္းျဖစ္ခဲ့ရင္ေတာင္ အဓိကစံအိမ္ေပၚမွာ လူမမာတစ္ေယာက္ကို ေခၚတင္ထားဖို႔ ေလာ္႐ိႈ႕ လုံးဝလက္သင့္ခံမွာမဟုတ္ဘူး။

ေလာ္႐ိႈ႕ရဲ႕ ညီငယ္ေတြကလဲ ေလာ္႐ိႈ႕ သူတို႔ကိုမႏွင္ထုတ္ေလာက္ပါဘူးဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကိုလက္ကိုင္ထားၿပီး အိမ္မေျပာင္းဘဲ ေပကပ္ေနၾကတယ္။ဒါေပမယ့္ ေလာ္႐ိႈ႕က ႏွစ္ရက္ဆို ႏွစ္ရက္ပဲအခ်ိန္ေပးမွာျဖစ္ၿပီး ႏွစ္ရက္ျပည့္တာနဲ႔ အေစာင့္ေတြေခၚၿပီး အိမ္ေပၚကေန အကုန္လုံးကို ဆြဲခ်ပစ္မွာပါ...

အိမ္ထဲကို ဝင္လာၾကတဲ့ လူသန္ႀကီးေတြကို ျမင္တာနဲ႔ ေလာ္႐ိႈ႕ရဲ႕ မရီးေတြ တူေတြ၊တူမေတြအကုန္လုံး ေၾကာက္လန္႔တၾကား ေအာ္ဟစ္ၾကေတာ့တာပါပဲ....

"ဘာလုပ္ေနၾကတာလဲ??ငါတို႔ကို ထိရဲထိၾကည့္ ရဲစခန္းကိုဖုန္းဆက္လိုက္မယ္!!"

"ဒါ ငါ့ပစၥည္းေတြ!!!လႊတ္ေပးစမ္း!!!အားးးးးးး"

"ဒါ ငါတို႔ပိုင္တဲ့အိမ္...ဘယ္မွမသြားဘူး!!!!မေျပာင္းေပးႏိုင္ဘူး!!!"

ေတာင္ေစာင္းမွာ႐ွိတဲ့ စံအိမ္သုံးလုံးဆီကေန တူညီတဲ့ ေအာ္သံေတြ ျပန္႔လႊင့္ေနခဲ့တယ္။

အိပ္ရာေပၚမွာလွဲေနၿပီး ဟန္ေဆာင္ဖ်ားနာေနတဲ့ ႐ႈမင္ဟြာကို ေလာ္႐ိႈ႕က လူလႊတ္ၿပီး Wheelchairေပၚတင္ခိုင္းလိုက္တယ္။႐ႈမင္ဟြာရဲ႕ ကိုယ္ပိုင္ အသုံးအေဆာင္ေတြအကုန္လုံးကို ထုတ္ပိုးခိုင္းလိုက္ၿပီး ႐ႈမင္ဟြာ ကို ကားတစ္စီးနဲ႔ အေဝးကိုပို႔ပစ္ဖို႔ အမိန္႔ေပးလိုက္တယ္။

Wheelchair ေပၚမွာထိုင္ေနရတဲ့ ႐ႈမင္ဟြာက ရင္ဘက္ကိုလက္နဲ႔ဖိထားေနရတယ္။ေဒါသထြက္လြန္းလို႔ အေတာ္ေလးကို မူးေဝေနၿပီ။

"ဘာပဲျဖစ္ျဖစ္ နင့္ကို ငါေမြးထားခဲ့တာေလ...သားအမိဆိုတာကို တကယ္ဂ႐ုမစိုက္ေတာ့ဘူးလား?"

"သားအမိၾကားက ဆက္ႏြယ္မႈမျဖတ္ေတာက္ခင္ကေရာ ကြၽန္ေတာ္႕ကို သားတစ္ေယာက္အျဖစ္အသိအမွတ္ျပဳခဲ့ဖူးလို႔လား??ေကြၽးေမြးခဲ့တဲ့ ေက်းဇူးကို ေငြေၾကးနဲ႔ ျပန္ဆပ္လို႔မရဘူးလို႔ ေျပာခဲ့တယ္မလား??ခင္ဗ်ား ဆႏၵအတိုင္းျဖစ္ေစရမယ္။အဲ့စကားကို အၿမဲတမ္းအမွတ္ရေနပါေစ"

ေလာ္႐ိႈ႕ရဲ႕ ညီငယ္သုံးေယာက္ ေျပးလာၾကတယ္။သက္ေတာ္ေစာင့္ေတြတားဆီးထားတာေၾကာင့္ ေလာ္႐ိႈ႕ၾကားေအာင္ ေအာ္ေျပာေနၾကရတယ္။

"အစ္ကိုႀကီး!!!!ကြၽန္ေတာ္တို႔ တကယ္ကိုဘာမွ မလုပ္ထားပါဘူး။ခ်န္းမိသားစုနဲ႔လဲ မဆက္သြယ္ပါဘူး။အစ္ကိုႀကီးထိခိုက္ေအာင္လဲ ဘာမွမလုပ္ခဲ့ပါဘူး!!!"

"အစ္ကိုႀကီး စိတ္ျမန္လက္ျမန္နဲ႔ ေကာင္ေလးတစ္ေယာက္ကို လက္ထပ္လိုက္တာကိုပဲ ကြၽန္ေတာ္တို႔က စိတ္ပူေနတာပါ။အစ္ကိုႀကီး သူ႕အတြက္ အမ်ားႀကီး အကုန္အက်ခံၿပီးေတာ့မွ သူ႕ဘက္က ကြာ႐ွင္းခြင့္ေတာင္းလာရင္ အစ္ကိုႀကီးရဲ႕ ပိုင္ဆိုင္မႈေတြသူ႕ကိုခြဲေပးေနရလိမ့္မယ္။ေနာက္မွ အစ္ကိုႀကီးေနာင္တရေနမွာစိုးလို႔ အေမ့ကိုလွမ္းေခၚလိုက္ရတာပါ။အစ္ကိုႀကီးတို႔ကို ေႏွာက္ယွက္ခ်င္လို႔မဟုတ္ပါဘူး"

[TN: ဒီႏြားသုံးေကာင္ကေတာ့ေလ စကားကိုလူလိုမေျပာဘူး။ေခြးစကားေတြသိပ္ေျပာတာပဲ။အစ္ကို႔ကိုစိတ္ပူေနတာလား ေသာက္ဆံကိုစိတ္ပူေနတာလား?? ေလာ္႐ိႈ႕မို႔လို႔ႏွင္ထုတ္တာက်ဳပ္သာဆို အကုန္လုံးက္ိဳေတာင္ေစာင္းကေနတန္းစီၿပီးတြန္းခ်ပစ္လိုက္တယ္😤😤]

"အဲ့ေတာ့ ငါက မင္းတို႔ကိုေတာင္ေက်းဇူးျပန္တင္ရဉီးမယ့္ပုံပဲ။ေျပာစမ္းပါဉီး ငါ႐ွာထားတာေတြထိုင္သုံးေနတုန္းက မင္းတို႔ဘယ္လိုသေဘာတူထားက်လဲ??"

"ေနာက္ဆို အစ္ကိုႀကီးရဲ႕ကိစၥေတြမွာ ဝင္မ႐ႈပ္ေတာ့ပါဘူး။ကတိေပးပါတယ္။ကေလးေတြဘြဲ႕ရၿပီးတာနဲ႔ ထြက္သြားပါ့မယ္။အခုေလာေလာဆယ္ေတာ့ မထြက္သြားခိုင္းပါနဲ႔ဉီး!!!အစ္ကိုႀကီး! !!ေက်းဇူးျပဳၿပီ....!!!"

[TN:ႏြားေပါက္သုံးေကာင္ ေစ်းဆစ္ေနပါၿပီ😒😒]

"ဟုတ္တယ္!!!ေက်းဇူးျပဳၿပီး ကြၽန္ေတာ္
တို႔ခဏေလာက္ေနခြင့္ျပဳပါ။ ေလာေလာဆယ္ကြၽန္ေတာ္တို႔ လုံလင္းေတာင္ေပၚကေန ကန္ထုတ္ခံလိုက္ရရင္ လူေတြအတင္းေျပာကုန္ၾကလိမ့္မယ္။ကြၽန္ေတာ္တို႔က ဂ႐ုမစိုက္ေပမယ့္ ကေလးေတြလူၾကားထဲမွာ မ်က္ႏွာမျပရဲစရာေတြျဖစ္ကုန္လိမ့္မယ္။ေက်းဇူးျပဳၿပီး ခဏေလာက္ေတာ့ေနခြင့္ေပးပါ။ႏွစ္နည္းနည္းၾကာတာနဲ႔ ေျပာင္းေပးပါ့မယ္"

"မင္းတို႔ေမြးထားတဲ့ကေလးေတြရဲ႕တာဝန္က မင္းတို႔တာဝန္၊ငါ့တာဝန္မဟုတ္ဘူး!!!"

ေလာ္႐ိႈ႕ အခ်က္ျပလိုက္တာနဲ႔ သက္ေတာ္ေစာင့္ေတြက သူတို႔ေတြကို ဆြဲထုတ္သြားလိုက္ၾကတယ္။

"အေမ!!!!ေျပာေပးပါဉီး!!!အေမ!!"

႐ႈမင္ဟြာက မုန္႔ရန္ကို ၾကည့္လိုက္ၿပီး...

"သူ ငါတို႔အကုန္လုံးကိုေမာင္းထုတ္ေနတာကို နင္ဒီအတိုင္းၾကည့္ေနတယ္ေပါ့??ေနာင္တစ္ခ်ိန္မွာ နင္နဲ႔ နင့္ကေလးလဲ ငါတို႔လို ေမာင္းထုတ္ခံရမွာမေၾကာက္ဘူးလား?"

"အနာဂတ္မွာ ကြၽန္ေတာ္နဲ႔ေလာ္႐ိႈ႕
မွာကေလးဘယ္ႏွစ္ေယာက္ပဲလာ႐ွိပါေစ၊ ကြၽန္ေတာ္တို႔ကသူတို႔ကိုတူညီတဲ့ေမတၱာေပးမယ္၊ ဘယ္သူ႕ကိုမွဘက္လိုက္မွာမဟုတ္ဘူးဆိုတာ ခင္ဗ်ားစိတ္ခ်ထားလိုက္လို႔ရတယ္။သူတို႔ေလးေတြအမွီအခိုကင္းတဲ့ကိုယ္ရည္ကိုယ္ေသြး႐ွိလာေအာင္ ကြၽန္ေတာ္နဲ႔ ေလာ္႐ိႈ႕ သင္ေပးမွာပါ။သူတို႔ေလးေတြကို လြတ္လြတ္လပ္လပ္ေ႐ြးခ်ယ္ခိုင္းမယ္။ေက်းဇူးတရားဆိုတာႀကီးနဲ႔ ဘယ္ေတာ့မွ ခ်ည္ေႏွာင္ထားမွာမဟုတ္ဘူး။ဒါက ေလာ္႐ိႈ႕ နဲ႔ ကြၽန္ေတာ္ စိတ္ကူးထားတဲ့ ကေလးေတြရဲ႕ ဘဝေ႐ွ႕ေရးပဲ"

ဘယ္သူ႕ဆီမွာေမြးဖြားရမယ္ဆိုတာ ေ႐ြးခ်ယ္ခြင့္မ႐ွိေပမယ့္ ဘယ္လိုဘဝမ်ိဳးနဲ႔ ႐ွင္သန္ေနထိုင္မယ္ဆိုတာ ကိုေတာ့ လူတိုင္းမွာေ႐ြးခ်ယ္ခြင့္႐ွိပါတယ္။ကေလးတစ္ေယာက္ ေလာကထဲကို ေရာက္႐ွိလာျခင္းက မိဘေတြရဲ႕ေ႐ြးခ်ယ္မႈေၾကာင့္သာျဖစ္ၿပီး ကေလးငယ္ရဲ႕ ကိုယ္ပိုင္ေ႐ြးခ်ယ္မႈမွ မဟုတ္ခဲ့တာ။အ႐ြယ္မေရာက္ခင္ကတည္းက သားသမီးေတြကို လြတ္လပ္စြာေတြးေခၚတတ္ၿပီး၊ အမွီခိုကင္းကင္းရပ္တည္ႏိုင္ေအာင္ သင္ၾကားေပးဖို႔ မိဘတိုင္းမွာ တာဝန္႐ွိတယ္။

ဘဝဟာ သာမာန္လူေတြထက္အဆေပါင္းမ်ားစြာသာလြန္ခမ္းနားေနခဲ့ရင္ေတာင္ အေမြဆိုတာ မိဘေပးမွ ရမယ့္ပစၥည္းဉစၥာေတြပါပဲ။တစ္ဉီးတည္းေသာ သားသမီးျဖစ္ေနရင္ေတာင္မွ
မိဘေတြဘက္ကသားသမီးေတြရဲ႕ လက္ထပ္ထိမ္းျမႇားျခင္းေတြ၊လြတ္လပ္ခြင့္ေတြကို ထိန္းခ်ဳပ္ေနစရာမလိုဘူး။

Modern ေခါတ္ႀကီးမွာ ေနထိုင္ေနေပမယ့္ ေ႐ွး႐ိုးစြဲအေတြးအေခၚေတြကို ဖက္တြယ္ထားသူေတြလဲ႐ွိေနပါေသးတယ္။ဉပမာ အဖိုးႀကီးခ်န္း နဲ႔ ႐ႈမင္ဟြာ ကိုပဲၾကည့္ေလ...ငါနင့္ကိုေမြးထားတာ..ငါနင့္ကို ပ်ိဳးေထာင္ေပးခဲ့တာ..အဲ့​ေတာ့ ငါခိုင္းတာပဲနင္လုပ္ရမယ္။ငါလက္ထပ္ခိုင္းတဲ့နဲ႔လက္ထပ္လိုက္...ငါဘာခိုင္းခိုင္းနင္ လုပ္ကိုလုပ္ရမယ္။ဒါက သားသမီးဝတၱရားပဲ!!!

မိဘတိုင္းကသာ ဒီလိုေတြးေခၚေနမယ္ဆိုပေဒသရာဇ္ေခါတ္မွာ ေနထိုင္ရတာနဲ႔ ဘာကြာေတာ့မလဲ?? လူ႕ေဘာင္အဖြဲ႕အစည္းဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ေခတ္ေတြစနစ္ေတြေျပာင္းလဲလာဖို႔ဆိုတာ
လူေနမႈအဆင့္အတန္းနဲ႔ နည္းပညာတိုးတက္ေရးကိုအေလးေပးလိုက္စားေနဖို႔ႀကီးပဲမွ မဟုတ္တာ
အေတြးေခၚေတြ စိတ္ဓာတ္ပိုင္းဆိုင္ရာေတြပါ တိုးတက္ေျပာင္းလဲလာဖို႔လဲ လိုအပ္ေနပါေသးတယ္။

Wheelchair ေပၚက႐ႈမင္ဟြာကို ေခၚေဆာင္သြားၾက
ေလၿပီ။

ေလာ္႐ိႈ႕က မုန္႔ရန္ကိုေပြ႕ဖက္လိုက္ၿပီး....

"အခုခ်ိန္ကစၿပီး ဒီအိမ္မွာ ကိုယ္နဲ႔ မင္းနဲ႔ ႏွစ္ေယာက္ပဲ႐ွိေတာ့မွာ ဘယ္သူမွ လာမေႏွာက္ယွက္ႏိူင္ေတာ့ဘူး"

"ခင္ဗ်ား ေမ့ေနတာလား?"

မုန္႔ရန္က ေလာ္႐ိႈ႕ရဲ႕ လက္ကို ဗိုက္ေပၚတင္ေပးလိုက္ၿပီး....

"ကေလးေလးလဲ ႐ွိေသးတယ္ေလ"

"မင္းေျပာသလို ကေလးေတြဘယ္ႏွစ္ေယာက္႐ွိ၊႐ွိ သူတို႔ေတြကို အမွီခိုကင္းတဲ့ သူေတြျဖစ္ေအာင္ သြန္သင္ေပးရမယ္။သူတို႔ေတြ အသက္ႏွစ္ဆယ္ျပည့္တာနဲ႔ သူတို႔ရဲ႕ ကိုယ္ပိုင္ဘဝကိုေလွ်ာက္လွမ္းခိုင္းလိုက္မယ္။ဒါဆို မင္းနဲ႔ ကိုယ္နဲ႔ ႏွစ္ေယာက္တည္း ဒီအိမ္ေလးမွာ အၿမဲေနလို႔ ရၿပီ"

ေလာ္႐ိႈ႕က မုန္႔ရန္နဲ႔ နဖူးခ်င္းထိၿပီး ဒီစကားေတြကိုေျပာေနျခင္းျဖစ္တယ္။

[TN: ဟုတ္ကဲ့ ဒီသူရဲေကာင္းႀကီးကလဲ နံရံကို ေခါင္းနဲ႔ေျပးတိုက္ခ်င္စိတ္ကိုမနည္းထိန္းၿပီး ဒီစာကိုေရးေနရျခင္းျဖစ္တယ္😌😌ဆရာေလာ္ေရ ဗိုက္က အခုမွ ငါးလပဲ႐ွိေသးတယ္ ဘယ္ႏွယ့္ေၾကာင့္ အသက္ႏွစ္ဆယ္ျပည့္ရင္ အိမ္ခြဲေနခိုင္းမယ့္အေၾကာင္းေတြေျပာေနတာတုန္း။ကဲကဲ ဆရာေလာ္႕ေခြၽးမေတြ တန္းစီထားၾကေတာ့😂😂😂]

"ဒါဆို ေျမးေတြရလာရင္ ကူထိန္းေပးၾကမလား??"

မုန္႔ရန္ အျပဳံးတစ္ခုနဲ႔ေမးလိုက္တယ္။သားဉီးေလးမေမြးရေသးခင္ကတည္းက ႀကိဳတင္ၿပီး စိတ္ကူးပုံေဖာ္ထားသမွ်တိုင္းက မုန္႔ရန္အတြက္ လွပလြန္းတဲ့ ေပ်ာ္႐ႊင္မႈေတြျဖစ္ေနၿပီေလ....

"ဒီအေၾကာင္းေတြေတြးဖို႔ ေစာလြန္းပါေသးတယ္ကြာ။အေျခေနေပၚမူတည္ၿပီး ေနာက္ေတာ့မွ
စဥ္းစားၾကမယ္ေလ.."

ေလာ္႐ိႈ႕က မုန္႔ရန္နားမွာ တဝဲဝဲလည္ေနရင္း...

"အခုခ်ိန္မွာ အျဖစ္သင့္ဆုံးက ကိုယ္တို႔ႏွစ္ေယာက္တည္းပဲ႐ွိတဲ့ အခ်ိန္ေတြကို ေပ်ာ္ေပ်ာ္ႀကီးအသုံးခ်ဖို႔ပဲ.."

ေသးငယ္တဲ့အရာေလးေတြကေန စတင္ဖို႔ မုန္႔ရန္ ေလာ္႐ိႈ႕ကို ေျပာျပထားၿပီးၿပီ။ကေလးေတြကို ငယ္ငယ္ကတည္းက တာဝန္ယူမႈ၊တာဝန္ခံမႈကို ေသခ်ာသင္ၾကားေပးမယ္။အ႐ြယ္ေရာက္လာတဲ့ အခါ Company အလုပ္ေတြကို လက္လႊဲယူတာပဲျဖစ္ျဖစ္၊ သူတို႔စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ေပးလိုက္မွာပါ။သူတို႔ေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို နည္းလမ္းက်၏၊မက်၏ ႐ွင္းျပေပးမယ္၊ ေနာက္ဆုံးဆုံးျဖတ္ခ်က္ကို သူတို႔ရဲ႕ကိုယ္ပိုင္ အေတြးအျမင္ေတြနဲ႔ ခ်မွတ္ခိုင္းမယ္။သူတို႔ေလးေတြရဲ႕ ဆႏၵေတြကို ေလးစားေပးမယ္။

ဟန္ေဆာင္ဖ်ားနာခဲ့တဲ့႐ႈမင္ဟြာတစ္ေယာက္ အခုေတာ့ တကယ္ကို ဖ်ားနာေနခဲ့ေလၿပီ။က်ဳ႕ယုက်ယ္က ႐ႈမင္ဟြာကို ေသခ်ာေျဖာင္းဖ်ၿပီးႏိုင္ငံျခားကိုျပန္ေခၚသြားခဲ့တယ္။

ေလာ္ဆန္းကေတာ့ သူရဲ႕ေသာကေတြပူပန္မႈေတြကိုေျဖေလွ်ာ့ဖို႔ ဝိုင္ပုလင္းေတြၾကား ေခါင္းစိုက္ေနခဲ့တယ္။ႏိုးထလာခ်ိန္မွာ ဒီအရာေတြအကုန္လုံး အိမ္မက္တစ္ခုလိုမ်ား လႊင့္ပါးသြားေလမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေန႔တိုင္း မူး႐ူးေနေအာင္ ေသာက္ခဲ့တယ္။မူး႐ူးေနတဲ့ အခ်ိန္မွာ Gangster တစ္စုနဲ႔ ျပသာနာတက္ခဲ့ေသးတယ္။ေလာ္ဆန္းကိုဘယ္သူမွန္း မသိတာေၾကာင့္ တမင္ျပသာနာ႐ွာေနတယ္ထင္ၿပီး Gangster ေတြဆြမ္းႀကီးဝိုင္းေလာင္းလိုက္လို႔ ေလာ္ဆန္း ေဆး႐ုံတက္လိုက္ရေသးတယ္။ခ်န္ဖန္ေဖးေရာက္လာခ်ိန္မွာ ေလာ္ဆန္း Coma ဝင္ေနခဲ့ၿပီ။ယြီကြၽင္းခ်န္းကို အသည္းအသန္ေခၚၿပီး ေလာ္ဆန္းကို အရင္လိုျပန္ျဖစ္ေအာင္ ေျဖာင္းျဖေပးႏိုင္ရင္ ေလာ္ဆန္းနဲ႔ အျမန္ဆုံးလက္ထပ္ေပးမယ့္အေၾကာင္း ေျပာခဲ့တယ္။

ေလာ္ဆန္းကို ဘယ္လို ႏွစ္သိမ့္ေျဖာင္းျဖရမယ္ဆိုတာမသိေတာ့တဲ့ အတြက္ ယြီကြၽင္းခ်န္အေတာ္စိတ္ပ်က္ေနၿပီ။ေလာ္ဆန္းကို ေျဖာင္းျဖႏိုင္တဲ့သူေပၚလာပါေစလို႔ပဲ ဆုေတာင္းေနရတယ္။ေလာ္ဆန္းက ေလာ္႐ိႈ႕ရဲ႕ သားအရင္းမဟုတ္မွန္း သိခဲ့ရတုန္းက သူလဲ ေလာ္ဆန္းနဲ႔ သာတူညီမွ်စြာ ထိတ္လန္႔ခဲ့ရတယ္။ေလာ္ဆန္းက ေလာ္႐ိႈ႕နဲ႔ ဘာမွ မသက္ဆိုင္ေတာ့ဘူးဆိုေတာ့ ေလာ္မိသားစုထဲကိုဝင္ၿပီး မုန္႔ရန္ရဲ႕ေ႐ွးေဟာင္းစာအုပ္ေတြကို ရယူဖို႔ သူ႕မွာ အခြင့္ေရးမ႐ွိေတာ့ဘူးေပါ့...

ရဲစခန္းမွာတုန္းက မုန္႔ရန္ရဲ႕ေ႐ွးေဟာင္းစာအုပ္ေတြကိုခိုးယူခ်င္တဲ့အေၾကာင္းကို မထြက္ဆိုခဲ့ဘူး။ဘာ့ေၾကာင့္လဲဆိုေတာ့ ေလာ္ဆန္းနဲ႔ လက္ထပ္ၿပီးတာနဲ႔ ေလာ္မိသားစုထဲကို ဝင္ၿပီး မုန္႔ရန္ရဲ႕စာအုပ္ေတြကိုယူဖို႔ သူ႕မွာ အခြင့္အေရး႐ွိေသးတယ္လို႔ မွတ္ယူထားခဲ့တာေၾကာင့္ျဖစ္တယ္။ဟုတ္တယ္...အခုေတာ့ အဲ့အိမ္မက္ေတြ အစိတ္စိတ္အမႊာမႊာကြဲေၾကကုန္ၿပီ....ဘာလုပ္ရမွန္းေတာင္မသိေတာ့ဘူး။ဒီစာအုပ္ေတြမ႐ွိရင္ သူ ဘယ္ေတာ့မွ မုန္႔ရန္ကို ဖိႏွိပ္ထားႏိူင္မွာမဟုတ္ဘူး။

လအနည္းငယ္ကုန္လြန္သြားခ်ိန္မွာ မုန္႔ရန္ရဲ႕ ဗိုက္ကေလးကလဲ ပူသထက္ပူလာေနၿပီ။အမ်ိဳးသမီးကိုယ္ဝန္ေဆာင္ေတြလို စူထြက္မေနေပမယ့္ လုံးလုံးဝိုင္းဝိုင္းေလးျဖစ္ေနေသးတယ္။

ခါးစည္းႀကိဳးကိုေျဖခ်လိုက္ၿပီး ေရခ်ိဳးခန္းထဲက
မွန္ထဲမွာျမင္ေနရတဲ့ သူရဲ႕ ဗိုက္ေလးကိုမုန္႔ရန္ေသခ်ာၾကည့္ေနတယ္။သူ႕ဝမ္းဗိုက္ထဲမွာ သက္႐ွိေလးတစ္ေယာက္ တျဖည္းျဖည္း ႀကီးထြားလာတာကို အခုထိ အံ့အားသင့္ေနရတုန္းပါပဲ....

ေလာ္႐ိႈ႕က မုန္႔ရန္ကိုေနာက္ကေန ဖက္လိုက္ၿပီး ဗိုက္ပူေလးကို ခပ္ဖြဖြေလး ပုတ္လိုက္တယ္။

" ခန္႔မွန္းထားတာတဲ့ ရက္ေရာက္ဖို႔ တစ္လေတာင္မလိုေတာ့ဘူး။ေၾကာက္ေနလား??"

"မေၾကာက္ပါဘူး။ကေလးေလး႐ွိမွန္းစသိတဲ့ေန႔ကတည္းက ကြၽန္ေတာ္႕တစ္ကိုယ္လုံး သတၱိေတြျပည့္လွ်ံေနတာပဲ။ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ရင္ဆိုင္ရဲတယ္။အရမ္းနာက်င္မယ္ဆိုတာကြၽန္ေတာ္သိတယ္။ကြၽန္ေတာ္ေရာ၊ကေလးေလးေရာ နည္းနည္းေလးမွ မေၾကာက္ဘူး။ဒီကေလးေလးက ကြၽန္ေတာ္႕ကို အရမ္းဂ႐ုစိုက္တာေလ အဲ့ေတာ့ ​ကြၽန္ေတာ္႕ကို အၾကာႀကီးနာက်င္ေအာင္ လုပ္မွာမဟုတ္ဘူး"

ေလာ္႐ိႈ႕ ေခါင္းငုံ႔ၿပီး မုန္႔ရန္ရဲ႕ပါးေလးကိုနမ္းလိုက္တယ္။မုန္႔ရန္က ​အၿမဲတမ္းရဲရင့္ၿပီးစိုးရိမ္ေသာကနဲ႔ေၾကာက္႐ြံ႕ျခင္းမ႐ွိေနေပမယ့္ ေလာ္႐ိႈ႕ကေတာ့ အလြန္တရာ စိုးရိမ္ပူပန္ေနတဲ့စိတ္ကို ထိန္းမရခဲ့ဘူး။မုန္႔ရန္ အခုလို နာက်င္မႈမ်ိဳးကိုခံစားရမယ္ဆို ကေလးတစ္ေယာက္တည္းယူဖို႔ထိ ေလာ္႐ိႈ႕ေတြးခဲ့ဖူးတယ္။ဒါေပမယ့္ မုန္႔ရန္က အနည္းဆုံးႏွစ္ေယာက္၊အမ်ားဆုံး သုံးေယာက္ထိယူဖို႔ေျပာခဲ့ၿပီးၿပီ။

ညီအစ္ကိုေမာင္ႏွမေတြ႐ွိရတဲ့အက်ိဳးေက်းဇူးကို ေလာ္႐ိႈ႕ မခံစားခဲ့ရဖူးဘူး။ဒါေပမယ့္ မုန္႔ရန္ကေတာ့ သူတို႔ရဲ႕ ရင္ေသြးေလးေတြကို ေႏြးေထြးတဲ့ ညီအစ္ကိုေမာင္ႏွမ သံေယာဇဥ္ေတြကို ခံစားသိျမင္ေစဖို႔ ေမွ်ာ္လင့္ထားတယ္ေလ......

Continuer la Lecture

Vous Aimerez Aussi

88.1K 10.2K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
28.4K 2.7K 168
The Sovereign's Ascension. On Going. ကြီးမြတ်သော သခင်။ (လင်းယွန်) ဉာဏ်လင်းထက် ?#MC က ရှယ်ကြမ်းရင် ကြိုက်တယ် ဆိုတဲ့သူတွေ အတွက် ... ?#MC က အနိမ်ခံ ဘဝကိ...
544K 75.7K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဥ္ရႈေသဆံုးခဲ့သည္။ သို႔ေသာ္ သူမ၏ကံေကာင္းမႈအနည္းငယ္ေၾကာင့္ သနားစရ...
188K 34.4K 200
sequel of Book 4 Author - Goosefive