မင်းကြိုက်သလိုချစ်
အပိုင်း(10)
ဟန်ခေ တစ်ယောက် ခပ်သွက်သွက်ပင် အိမ်မှထွက်လာခဲ့သည်။
ဒီကောင်လေးကလည်း ကြယ်စင် အိမ်ရှေ့တည့်တည့်မှစောင့်နေရသလား ခက်တော့တာပဲ
ကြယ်စင်ကမှ ငါ့ဆိုမယုံရတဲ့ကြားထဲ။
ကားကိုမှီကာ လက်ပိုက်ရပ်နေသည့် လင်းယောင်သည် သူမကိုမြင်လျှင် ပြုံးပြလျှက်
လက်ပြလေသည် ။သူမ ပြန်ပြုံးပြချင်ပေမဲ့ မြိုသိပ်ရင်း လင်းယောင် အတွက်အသားကျပြီးသား မျက်စောင်းလေးချီလိုက်သည် ။ကားတံခါးလာဖွင့်ပေးသဖြင့် သူမ ၀င်လိုက်သည်။
" မ Breakfast စားပြီးသွားပြီလား "
"ဟင့်အင်း "
"မျက်နှာကြီးက ဘာဖြစ်နေတာလဲ "
ကားမောင်းရင်း သူမ မျက်နှာကိုအတင်းလိုက်ကြည့်နေသည့်အတွက်
"ရှေ့ကိုကြည့်မောင်းပါ "
"စိတ်ပူတာလား "
"ဟင်း မင်းက စကားအကောင်းကိုပြောလို့မရတာ "
"မ ဘာလို့ အဲ့လောက်ချစ်ဖို့ကောင်းနေတာလဲ မနက်စောစောစီးစီး ဖက်နမ်းပစ်ချင်တာ "
"ဘာ?"
ကားကိုထိုးရပ်ပစ်လိုက်ပြီး သူမ ဘက်သို့ တည့်တည့်ကြီးတိုးလာသည်မို့
"ဘာ ဘာလဲ ငါ ချက်ချင်းကားပေါ်ကဆင်းမှာနော် "
"ဘယ်သူက ဘာလုပ်နေလို့လဲ "
"မင်း မင်း က ရှေ့ ရှေ့ တိုးလာတာလေ "
"ဟက် ကျွန်တော်က ခါးပတ်ပတ်မလို့လေ မ ဘာတွေတွေးနေတာလဲ"
ဟန်ခေ ရှက်သွားသည်မို့ ပါးလေးရဲ လာသည့်အချိန်မှ
"mwah!!"
သူမ အနမ်းခံရတဲ့ပါးလေးအား လက်ဖဝါးဖြင့်
ဖိကာခပ်ဟဟ ပါးစပ်လေးကအံ့သြလျှက်
"ကျွန်တော်က စကားတစ်ခုကိုတကယ်မလုပ်ပဲမပြောတတ်ဘူး "
နမ်းချင်တာလို့ပြောမှတော့နမ်းမှာပဲပေါ့နော်
ဟန်ခေ စိတ်မဆိုးပါဘူး။
မနက်ခင်းမှာ ချစ်မိသူတစ်ယောက်ရဲ့ အနမ်းက ချိုမြိန်ပါသည် ။သဘောကျသော်လည်း သူ့ကိုမသိစေချင် နောက်တစ်ကြိမ်ကားရပ်သည့်နေရာက ဆေးရုံနဲ့အနီးဆုံးက Breakfast သီးသန့်ရောင်းသည့်ဆိုင်။
"မဆင်းဘူးလား "
"ဟာ ဘာလို့ ဒီဆိုင် ရပ်တာလဲ "
"ဘာလို့လဲ ဒီကကောင်းတဲ့ဟာကို "
"ဆေးရုံနဲ့နီးလွန်းတယ် ပြီးတော့ လူတွေနဲ့ "
"ဘာဖြစ်လဲ မ ရာ လာပါ ဆင်းစမ်းပါ "
ကားတံခါးကိုအတင်းဆွဲဖွင့်သဖြင့်
သူမ ဆင်းလာရပြန်သည် ။ဆိုင်ထဲ၀င်သည့်အခါလည်း သူမ လင်းယောင်နဲ့ ယှဉ်၍မ၀င် လင်းယောင် ၀င်ပြီးမှ လိုက်၀င်လာခဲ့သည်။
ထိုင်ပြန်တော့လည်း လူတွေသိပ်မရှိတဲ့ ထောင့်သို့သွားပြန်တယ်။
လင်းယောင်က coffee နဲ့မုန့်တွေသွားယူလာပြီးမှ
"မ ဘာဖြစ်နေတာလဲ လာကတည်းက ကုတ်ကုတ် နဲ့"
"မင်းနဲ့ငါ ဒီလို ၂ယောက်အတူထိုင်နေတာကို ဆေးရုံက တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ"
"ဘာဖြစ်လဲ မြင်ပါစေပေါ့ "
"မင်းနဲ့ငါ့ကိုဘယ်လိုထင်သွားမလဲ "
"ဘယ်လိုထင်ထင်လေ သူတို့ထင်တာ ဟုတ်တယ်လို့ဖြေလိုက် "
"ဘာ?"
"အွန် မမခေ "
ဟန်ခေ ရင်ထဲမှာ ဒုန်း ကနဲပဲ
အတက်နိုင်ဆုံးပြုံးရင်း မော့ကြည့်တော့
သူမရဲ့လက်ထောက် ကောင်မလေး ယွန်း
"ယွန်း breakfast လာစားတာလား"
"ဟုတ် ဒီမှာ ယွန်း မမ အတွက်တောင် ပါဆယ်၀ယ်နေတာ"
"ဟုတ်လား အားနာလိုက်တာ ယွန်းရယ် "
ယွန်းက ခေ နဲ့မျက်နှာချင်းဆိုင်ကို လှည့်ကြည့်လိုက်ကာ အံ့သြသွားသည့်မျက်နှာထား
"ယွန်းရဲ့စေတနာကို ခေ မဖျောက်ဖျက်ပါဘူးနော် နေ့လည် ကျ ရင် ယွန်း၀ယ်ထားတဲ့မုန့်တွေစားလိုက်မယ် "
"မရဘူး နေ့လည် စာကို ကျွန်တော်နဲ့အတူ စားရမယ် "
ယွန်း တစ်ယောက် ပိုပြီးစိတ်၀င်စားလာ၏။
မမခေနဲ့ ဥက္ကဌကြီးမြေးက ဘယ်လိုဆက်ဆံရေးလဲ။
ဟန်ခေ လင်းယောင် ကို အံကြိတ်ပြရာ၌
"ဘာဖြစ်လဲ မ ရာ ပြီးတော့လည်း လိုက်ခဲ့ရတာပဲ "
ဝိုး မတဲ့လား။
"အဟင်း တောင်းပန်ပါတယ်နော် အစ်ကိုလေးရော မမခေ ရော ယွန်း ဆေးရုံကပဲစောင့်မယ်နော်"
ယွန်း ထွက်သွားရာ၌ ဟန်ခေ ထိုင်ရမလို ထရမလိုဖြစ်ကာ
"မင်း ဘယ်လိုလုပ်လိုက်တာ တမင်သက်သက်လုပ်တာမဟုတ်လား "
"ဟာဗျာ ကျွန်တော်က ဘာလုပ်လိုက်လို့လဲ ခုနက ကျွန်တော့်စကားထဲမှာ အမှားပါလို့လား "
"ပြောလေကဲလေပါလား နောက်ကလိုက်မလာနဲ့ "
ဟန်ခေ ထ၍ ထွက်သွားသည့်အခါ လင်းယောင် လိုက်သွားရန်ပြင်ဆင်ပေမဲ့
ဆေးရုံနဲ့လည်းသိပ်မဝေးချေ ။ထပ်လိုက်သွားရင် သူ့ကို တကယ် စိတ်ဆိုးသွားနိုင်သည် ။
"ယွန်း ရေ ယွန်း "
"ဟုတ် မမခေ "
"ဟိုဟာလေ အန်......ခုနကလေ...."
သူမ ဘယ်ကနေစရှင်းပြရမလဲမသိပေ။
"ဘာကိုပြောမလို့လဲ မမ "
"အန်....ခုဏက ယွန်းမြင်ခဲ့တာလေ ခေနဲ့ လင်းယောင်နဲ့ "
"ဟုတ်... ဘာဖြစ်လို့လဲ ယွန်းသဘောပေါက်ပါတယ် ဘယ်သူ့ကိုမှမပြောဘူး "
ထင်ပါတယ် အဲ့လိုတွေးနေလိမ့်မယ်လို့ ဟူး တကယ် လင်းယောင် နဲ့တော့မလွယ်ပါဘူး။
"မဟုတ်ဘူး ယွန်းရဲ့ ခေနဲ့ လင်းယောင်က ယွန်းထင်သလိုမဟုတ်ဘူး"
"ဟင်?"
"ခေရဲ့မောင်လေးနဲ့ လင်းယောင်က သူငယ်ချင်းလေ ဟင်းဟင်း အဲ့တာကြောင့် ခင်နေကြတာ "
"ဪ ယွန်းကလည်း ဘာပြောလို့လဲ မမရဲ့ "
"အန်...."
"မရှင်းပြလည်းသိပါတယ်နော် ယွန်းကနှုတ်လုံပါတယ် "
ဪ ရှင်းပြမိတဲ့ငါ့အမှားပါလား စိတ်ညစ်တော့တာပါပဲ။
"အဟင်း ဒီနေ့ရောက်မယ့် ဆရာ၀န် အငယ်လေးတွေကဘယ်နှစ်ယောက်လဲ"
"3ယောက်တည်းပါ "
"ရော့ ဒါလေး မိတ္တူသွားကူးပေးပါ့လား "
"ရပါတယ်မမ ပြီးရင် ဘယ်ကိုလာခဲ့ရမလဲ ခဏနေ သူတို့ရောက်လာတော့မှာ"
"ဟုတ်လား ဒါဆို တစ်ခါတည်း ဟိုကိုတန်းလာလိုက်တော့နော်"
*
*
*
မနက်တုန်းက တစ်ကြိမ်ပါပဲ နောက်ထပ် မ နဲ့ ထပ်မတွေ့ရသေးဘူး အဘိုးနဲ့ စီးပွားရေးပါတနာတွေလိုက်တွေ့နေရတာနဲ့ ကြာနေတာ အမှန်ပြောရရင် အခုထိတောင် နေ့လည်စာ မစားရသေးဘူး မ ကို အတူစားမယ်ပြောထားပြီး မစားဖြစ်လို့ စိတ်ထဲမှာ အင်တင်တင်ဖြစ်နေတာ
ကိုယ်တိုင် စီပွားရေးရောဆေးပညာရောသင်ယူမယ်လို့ပြောထားပြီးမှ အရင်တုန်းကလို လစ်ပြီးထွက်မပြေးချင်။
ထို့ကြောင့် ကြိတ်မှိတ်ကာ လိုက်သွားရသည် ။
ဒီနေ့ညနေပဲ လေယာဉ်နဲ့ ဘန်ကောက် သို့ သွားရပြန်တယ်အဘိုးကပြောတယ်ဒီprojectကို လင်းယောင် ကိုဆက်ပြီးအဆုံးသတ်ခိုင်းမလို့တဲ့ ဒီတော့လည်း လိုက်မသွားလို့မဖြစ်။
ဆေးရုံခွဲတစ်ခု ထပ်ဖွင့်ဖို့ ဖြစ်၍ shareထည့်မည့် အဘိုး ရဲ့ ငယ်သူငယ်ချင်းအား သွားတွေးပေးရသည်။နောက်ပိုင်းကိစ္စက လင်းယောင် တာ၀န်ယူရမှာမို့ လင်းယောင်နဲ့လည်းရင်းနှီးစေလိုသည် ။မကြာသင့်ပဲကြားသွားတာက သူတို့သူငယ်ချင်း၂ယောက်မတွေ့ရတာ ၄နှစ်နီးပါးရှိပြီမို့ ကောင်းကောင်းဧည့်ခံကျွေးမွေးကာ
ပြုစုနေခြင်းကြောင်းပင် ၃ရက်နီးပါးကြာသွား၏ ။ဒါပေမဲ့ ဒီနေညနေ ပြန်ရောက်မှာပါ ။
နေ့လည်လေယာဉ်နဲ့ပြန်လာခဲ့တော့မှာ မ ကိုတွေ့ချင်လှပြီ မ ကို အရမ်းလွမ်းနေတာ
၁နာရီလောက်ကို ဖက်ထားဦးမယ်။
စိတ်ကူးတွေနဲ့ အတူ မျက်နှာမှာလည်း ပြုံးပန်းဆင်လျှက်
"လင်းယောင် "
"ဗျာ "
အဘိုးက သူ့မျက်နှာကိုအကဲခက်တာ
"အိမ်ပြန်ရမှာကိုအဲ့လောက်ပျော်နေတာလား "
"ဟုတ်တယ် "
"စိုပြေ နဲ့တွေ့ရမှာမို့လား "
စိုပြေ? တော်တော်များများက လင်းယောင် ဆို စိုပြေ့အတွက်ပဲလာလာပြောကြတယ် အဘိုးကစ စိုပြေပဲ။
"မဟုတ်ပါဘူး "
ကွဲလွဲတဲ့အဖြေတစ်ခု ဘယ်တုန်းကမဆို စိုပြေအတွက်ဆို ဘူး စကားမခံသူက မဟုတ်ပါဘူး တဲ့ ။
"ကောင်မလေးရနေပြီဆိုရင်လည်း အဘိုးကိုအရင်ပြော "
"အဘိုးစိတ်တိုင်းကျမယ့်သူပါ "
"ဟဟ တကယ်ရနေပြီလား "
"နောက်မှပေါ့!! "
*
*
*
"မမခေ"
"မမခေ"
"မမ"
ရုံးခန်းထဲတွင် မေးထောက်ကာ အတွေးလွန်နေသည့် သူမ သည် ဘယ်လိုမှခေါ်၍မကြား။
"ဒေါက်တာမေဟန်ခေ "
"ရှင် ရှင် "
ရှေ့တည့်တည့်သွားအော်မှ အလန့်တကြား ဖြစ်သွားသည့်သူမကို ယွန်းအားတော့နာမိသည်။
"ယွန်းရယ် လန့်လိုက်တာ "
"ယွန်း မမ ကိုခေါ်နေတကြာပြီ မမ ကမကြားတာ "
"ဪ Sorry နော် ခေ အတွေးတွေလွင့်နေလို့ "
"ဟုတ်ကဲ့ပါ မမခေ ဒီနေ့မမက night dutyမရှိပဲ ၄နာရီတောင်ထိုးပြီးနေပြီမပြန်သေးလို့ "
"ဪ ဟုတ်လားခေကသတိမထားမိတာ ယွန်းပြန်နှင့်လေ "
"ဟုတ် ယွန်း ပြန်နှင့်မယ်နော် "
*
*
ဟန်ခေ လည်း သူမဆလင်းဘက်အိတ်ကိုလွယ်ကာ ထွက်လာခဲ့သည်။
သူ ဘာလို့ပျောက်နေရတာလဲ ဥက္ကဌကြီးနဲ့လိုက်သွားတာကို ငါ့ကိုတောင်ပြောမသွားဘူးလား ၄ရက်တောင်ပြည့်တော့မယ် ပြန်မလာသေးဘူး ငါ့ကိုများ မချစ်တော့လို့လား။
ကားမောင်းရင်းအတွေးတွေ ပြန့်နေပြန်သည်။
"သူ မချစ်တော့တာ တစ်မျိုးကောင်းပေမဲ့ ရင်ထဲမှာ တစ်ခုခုလိုအပ်နေသလိုပဲ သူ့ကိုမတွေ့ရတော့ လွမ်းသလိုလို ပဲ"
"ငါ တကယ်ချစ်မိပြီထင်တယ် လင်းယောင် "
သူမ ကြယ်စင်ရဲ့ဆိုင်ရှေ့တွင် ရပ်လိုက်ပြီး
တစ်လှမ်းချင်း ၀င်လာ၏။ရှေ့တည့်တည့်တွင် ထိုင်နေသောကြယ်စင်က
"လာတဲ့ပုံကိုက လွမ်းဆွတ်တမ်းတခြင်းတွေနဲ့ "
နောက်ပြောင်လေ့ရှိသော သူငယ်ချင်းကိုလည်း ရယ်မပြနိုင် ခုံတစ်ခုံတွင်၀င်ထိုင်လိုက်၏ ။
"ဟဲ့ ငါပြောနေတာကြားလား "
"ဟင် "
"ကျွတ် ကျွတ် ကျွတ် အချစ်ကျေးကျွန်မကြီးဖြစ်နေပြီလား"
"ဘာတွေပြောနေတာလဲ "
"လွန်ခဲ့တဲ့ ၃ရက်လောက်က နင့်ကို ဟိုကောင်
လေး ကားနဲ့ခေါ်သွားတာတွေ့လိုက်တယ် "
ဟုတ်သားပဲ ကြယ်စင်အိမ်ရှေ့တည့်တည့်မှာကိုး။
"အင်း "
"ဘာလဲ တွဲနေကြတာလား"
"ဘယ်သူပြောလဲ "
"မသိဘူးလေ "
"ငါ ထင်တာတော့ သူ့အပေါ်မှာ ငါ့ခံစားချက်ပိုနေပြီ"
"အင်း ဘာလုပ်မယ်စိတ်ကူးးလဲ"
"သူငါ့က်ိုလာမတွေ့တော့ဘူး"
"ဟော်တော် "
"အင်း ငါတစ်မျိုးကြီးခံစားရတယ်ဟ"
*
*
*
လင်းယောင် အိမ်ပြန်ရောက်ရောက်ချင်း ကားယူ၍ အပြင်ထွက်ခဲ့သည်။ သူဦးတည်ရာကဟန်ခေ ဆီ။ ဖုန်း၀င်လာသည့်အခါ ကိုင်ချင်စိတ်မရှိ ပေမယ့် တေဇ ဆီကမို့
"ဘာလဲ"
"မင်း ပြန်ရောက်ပြီမလား "
"အေး "
"ငါတို့ကျောင်းပြီးသွားကတည်းက မိတ်ဆုံမလုပ်ဖြစ်လို့ဆိုပြီး ဒီနေ့ညနေ၆နာရီရွေးထားတယ် "
"ဘာ?"
"ဘာဖြစ်တာလဲဟ အရင်ပွဲတွေတုန်းက မတက်တာများလို့ ဒီတစ်ခါ ငါကိုယ်တိုင်ပဲစီစဉ်ပေးလိုက်တာ"
"ဟာကွာ မင်းကလည်း ရှုပ်ရှုပ်ရှပ်ရှပ်"
"ငါတို့အတန်းတင်ကွ Section B တစ်ခန်းတင် ၂၀လောက်ပဲရှိမှာ ကြီးကြီးကျယ်ကျယ်မဟုတ်ဘူး ဆိုင်တစ်ဆိုင်မှာ စားရုံသောက်ရုံလောက်ပဲ "
"ကျစ် အေးကွာ လာရင်ပြီးရောမလား "
"အခုလာ "
"ဘာ "
"မင်း ကားတောင်မြင်နေရတယ် "
"ဟင် မင်းတို့ကရောက်နေပြီလား ဘယ်ဆိုင်တုန်း"
"ရှေ့တည့်တည့်ကြည့်ကွာ FIND ဆိုတဲ့ ဆိုင် "
လင်းယောင် ကားကို ထိုဘက်သို့ကွေ့လာခဲ့သည် ။တကယ်လည်း လူ၂၀လောက်သာရှိပြီးစိုပြေ က လင်းယောင်လာမှ တေဇ ကားပေါ်ကထွက်လာသည်။
*
*
*
"ကြယ်စင် နင်တို့ဆိုင်က ဒီနေ့လူရှင်းနေပါလား "
"အေး တစ်ဆိုင်လုံးငှားထားတာ ရှိလို့ အာ . မေ့နေတာ ဘိုကင် လုပ်ထားတာက နင့်မောင်"
"ဘာ တေဇလား"
ပြောရင်းဆိုရင်း ဆိုင်ရှေ့သို့ရောက်လာသည့် လူအုပ်စု ရှေ့ဆုံးက ၀င်လာသည့်တေဇ က
"ဟင် မစ္စဟန် "
ဟန်ခေ လည်း မတ်တပ်ထလိုက်၏ ။မစ္စဟန်ဆိုတဲ့ အသံကြားသည်နှင့် စိုပြေ့ဘေးမှ ရှေ့သို့ထွက်လာသည့် လင်းယောင်သည် ဟန်ခေ နှင့်မျက်၀န်းချင်းစုံခိုက်မှာ လွမ်းခြင်းဟူသည့်အဓိပ္ပာယ်ကိုဖော်ကျူးသော်လည်း မပြီးမြောက်ခဲ့ ။
စားပွဲခုံအရှည်ကြီးမှာ ထိုင်ကြရင်း အစားအသောက်တွေ စုံအောင်ချထား၏ ။
"တေဇ အစ်မ ကအချောပဲ "
"ဟုတ်တယ်မမ က အရမ်းလှတာပဲ "
"အစ်မ ဒီဘက်လာပါ့လား "
"ဟုတ်ပ ဒီဘက်မှာပဲထိုင်လေ"
တစ်ယောက်တစ်ပေါက်ဝိုင်းခေါ်ကြသည့်အထဲ မှာ တေဇ မပါ။လင်းယောင်က စားပွဲ၏ထောင့်တွင်ထိုင်သည်။ညာဘက်တွင် စိုပြေဖြစ်၍ စိုပြေ့ဘေးတွင် တေဇဖြစ်သည်။
အားလုံးက ခေါ်နေကြတော့လည်း ဟန်ခေ ပြန်မည်ဆုံးဖြတ်ပေမယ့် ၀င်ထိုင်လိုက်ရတောမည်။ဘယ်မှာထိုင်ရမလဲ ကြည့်နေသည့်သူမအား ခုံတစ်ခုံဆွဲကာ သူ့ဘေးနားချလိုက်သည့်လင်းယောင် ကြောင့် သူမလင်းယောင်၏ ဘယ်ဘက်တွင် ၀င်ထိုင်လိုက်သည်။
"အစ်မကဆရာ၀န်ဆို"
"ဟုတ်တယ် Lusinမှာ ခွဲစိတ်ဆရာ၀န်ပါ"
"တော်လိုက်တာ"
တော်တော်များများအာရုံက ဟန်ခေ ဆီတွင်ရှိပေမဲ့
"စိုပြေ မကြိုက်ဘူးလား"
တေဇရဲ့အာရုံကိုချုပ်ကိုင်ထားတာ စိုပြေပါ
စိုပြေဟု အသံကြားလို့ ဟန်ခေမျက်နှာချင်းဆိုင်ကိုကြည့်မိသည်။
"တေဇ ဆီက ခဏခဏကြားနေကျမို့ ကြည့်လိုက်တာ စိုပြေ ဆိုတာ တကယ်ချစ်စရာလေးပဲ"
"မမ ကပိုလှပါတယ် "
ခဏတိတ်ဆိတ်သွားချိန်၌
"လင်းယောင်ထင် ကငြိမ်လှချည်လား "
လင်းယောင် ဘေးက ဟန်ခေ့ ကို ခဏခဏကြည့်ဖြစ်သည်။သိပ်မခင်ပေမဲ့ လင်းယောင် ကိုလှမ်းပြောလိုက်တာ သူတို့section Bရဲ့အတန်းခေါင်းဆောင်ပင် ။
"ဟုတ်သားပဲ လင်းယောင်ထင် အသံကိုမထွက်ဘူး "
"အင်း ငါခရီးကခုမှပြန်ရောက်တာ ပင်ပန်းလာလို့"
"ပင်ပန်းတာတောင် မနားပဲ လာခဲ့တာဆိုတော့ လွမ်းနေတဲ့ကောင်မလေးက ငါတို့အထဲမှာရှိလို့ထင်တယ် "
သူငယ်ချင်းတွေ စနောက်သည့်အခါ စိုပြေ မပြုံးမိသလို လင်းယောင်နဲ့တေဇ လည်းအလားတူ။
"ဒါနဲ့ လင်းယောင်ထင် ကောင်မလေးမရသေးဘူးလား "
မိန်းကလေးတစ်ယောက်ရဲ့ အမေးဖြစ်သည်။
"အင်း "
ထိုအဖြေက စိုပြေရော ဟန်ခေ ကိုပါရင်ခုန်စေသည်။
"ဒါဆို ငါတို့ထဲက မိုးသစ် ကို မစဉ်းစားမိဘူးလား "
မိုးသစ် ဟူသည် လင်းယောင်ကို တိတ်တခိုးချစ်ခဲ့တာ၂နှစ်ရှိပြီဖြစ်တဲ့မိန်းကလေးတစ်ဦး
လင်းယောင်ဘာဖြေရမှန်းမသိ၍ ဘေးမှ ဘီယာခွက် ကောက်မော့သည့်အခါ သူ့ရဲ့ဘယ်ဘက်လက်ကို ဆုပ်ကိုင်ချင်းခံလိုက်ရသဖြင့်
"အဟွတ် အဟွတ် "
ရုတ်တရက်ဟန်ခေ့ ကို လှည့်ကြည့်လိုက်မိသည့်အခါ သူမက လက်ကိုပြန်ရုတ်သိမ်းရန် ကြိုးစားရာ၌ ချက်ချင်း ပြန်ဆွဲလိုက်သည့်လင်းယောင် လက်တွေကြောင့်
"အစ်.."
သူမ ရင်တေခုန်၍ ကျို့ထိုး ရသည့်အဖြစ်
သို့သော် လင်းယောင်ရဲ့ညာဘက်လက်အား ဆုပ်ကိုင်ထားသူ စိုပြေရှိသေး၏။
******************************
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(11)ဆက်ရန်
Zawgyi Version
မင်းကြိုက်သလိုချစ်
အပိုင်း(10)
"ဟင့်အင်း "
"စိတ်ပူတာလား "
"ဘာ?"
"mwah!!"
ဟန်ခေ စိတ်မဆိုးပါဘူး။
"မဆင်းဘူးလား "
"ဘာ?"
"အွန် မမခေ "
ဝိုး မတဲ့လား။
"ယွန်း ရေ ယွန်း "
"ဟုတ် မမခေ "
"ဟိုဟာလေ အန်......ခုနကလေ...."
"ဘာကိုပြောမလို့လဲ မမ "
"ဟင်?"
"အန်...."
"3ယောက်တည်းပါ "
*
*
*
"လင်းယောင် "
"ဗျာ "
"ဟုတ်တယ် "
"မဟုတ်ပါဘူး "
"ဟဟ တကယ်ရနေပြီလား "
"နောက်မှပေါ့!! "
*
*
*
"မမခေ"
"မမခေ"
"မမ"
"ဒေါက်တာမေဟန်ခေ "
"ရှင် ရှင် "
"ယွန်းရယ် လန့်လိုက်တာ "
*
*
တစ်လှမ်းချင်း ၀င်လာ၏။ရှေ့တည့်တည့်တွင် ထိုင်နေသောကြယ်စင်က
"ဟင် "
"ဘာတွေပြောနေတာလဲ "
"အင်း "
"ဘာလဲ တွဲနေကြတာလား"
"ဘယ်သူပြောလဲ "
"မသိဘူးလေ "
"သူငါ့က်ိုလာမတွေ့တော့ဘူး"
"ဟော်တော် "
*
*
*
"ဘာလဲ"
"အေး "
"ဘာ?"
"အခုလာ "
"ဘာ "
*
*
*
"ဘာ တေဇလား"
ပြောရင်းဆိုရင်း ဆိုင်ရှေ့သို့ရောက်လာသည့် လူအုပ်စု ရှေ့ဆုံးက ၀ငျလာသညျ့တဇေ က
"ဟင် မစ္စဟန် "
"တေဇ အစ်မ ကအချောပဲ "
"အစ်မ ဒီဘက်လာပါ့လား "
"အစ္မကဆရာ၀န္ဆို"
"တော်လိုက်တာ"
"စိုပြေ မကြိုက်ဘူးလား"
"မမ ကပိုလှပါတယ် "
"အင်း "
"အဟွတ် အဟွတ် "
"အစ်.."
******************************
အပိုင်း(11)ဆက်ရန်