မင်းကြိုက်သလိုချစ်
အပိုင်း(9)
ရင်ခွင်ထဲတွင် မှီကာ မျက်ရည်တွေနဲ့သူမ အား ချော့မြှူရင်း
"စိုပြေ မငိုနဲ့လေကွာ ခဏနေရင် လင်းယောင်ရောက်လာတော့မှာပါ "
"ဟင့် ဟင့် တေဇ ငါခေါင်းမူးတယ်"
တေဇရဲ့ ခေါင်းထဲသို့ မီးခဲကြီးကျသွားသလိုပင်စိတ်ပူသွားရ၏။
"ကျစ် ငါမပြောဘူးလား နင်မနက်ကတည်းက ဘာမှမစားဘူး ဆေးလည်းမသောက်ဘူး အခု ငိုနေမှတော့ ခေါင်းမူးတော့မှာပေါ့ လာပါ ငါခွံ့ကျွေးပါမယ် စားရအောင်နော် "
မှီထားသည့်သူမခေါင်းလေးကို ဆွဲမော့ယူလိုက်သည် ။
"စားမယ်မဟုတ်လား "
"ဟင့်အင်း ငါမစားချင်ဘူး "
အခန်းပေါက်၀သို့ရောက်လာသည့် လင်း
ယောင် မျက်နှာတွင် စိုးရိမ်မှုအချို့။အိပ်ယာပေါ်တွင်ထိုင်နေတဲ့ တေဇက နောက်လှည့်ကြည့်လိုက်သည့်အခါလင်းယောင်၀င်လာခဲ့သည်။
"လင်းယောင်လာပြီ"
ချက်ချင်းမော့ကြည့်လိုက်သည့်စိုပြေက
တရှုံ့ရှုံ့ငိုရင်း
"မလာခဲ့နဲ့ ဟင့် သွား မလာနဲ့"
ခေါင်းတွေလည်းမူးပြီး နေမကောင်းတာမို့ အရင်လိုတော့ ထုရိုက်၍နှင်မထုတ်နိုင်ခဲ့ပါ။လင်းယောင်က သူတို့၂ယောက်ထိုင်နေတဲ့ အိပ်ယာဘေးက ခုံတွင်၀င်ထိုင်လိုက်ပြီး
"ကိုယ်တွေအရမ်းပူနေလား"
သူမရဲ့ နှဖူးပေါ်သို့ လင်းယောင်လက်ကလေးရောက်ရှိသည့်အခါကျလည်းသူမအနေနဲ့ ဖယ်မပစ်ရက်ပါ။
"ကိုယ်တွေတော်တော်ပူနေတာပဲ အခုထိလည်းဘာမှမစားဘူးဆို"
"အဲ့တော့ဘာဖြစ်လဲ နင်နဲ့မဆိုင်ဘူး ဟင့် ငါ့ကို ပစ်ထားတုန်းကပစ်ထားပြီး မတွေ့ချင်ဘူး သွား "
တေဇ ထိန်းထားသည့်ကြားက ရုန်းကန်နေသည့်သူမအား လင်းယောင်က
"နင်ကို ငါပစ်ထားတာမဟုတ်ပါဘူး နင်လည်းသိသားနဲ့ ငါ ငါ့အဘိုး ကိုကတိပေးထားတဲ့အတိုင်း ငါအလုပ်တွေလေ့လာနေရပြီလေ "
"ဒါပေမဲ့ ဟင့် ဒါပေမဲ့ နင် ငါ့ကိုဂရုမစိုက်တော့တာအသိအသာကြီး "
"စိုပြေရာ ကလေးလည်းမဟုတ်တော့ဘူး မဆိုးပါနဲ့တော့ကွာ ငါတို့ အလုပ်တွေတောင်၀င်နေရပြီလေကွာ အရင်ကလိုတော့ ဘယ်လွတ်လပ်တော့မလဲ"
လင်းယောင်က မျက်နှာကိုလက်ဖဝါးဖြင့်အုပ်
ပြီးပြောလိုက်တဲ့အခါ
"အခု ဟင့် အခု ငါနေမကောင်းဘူးလေ အဲ့တာတောင် နင်ငါ့ကိုမချော့ပဲ ဆူတယ်နော် တကယ် အရင်ကလင်းယောင် ပျောက်သွားပြီ အခု နင် နင်အရမ်းပြောင်းလဲသွားပြီ "
"ကဲ လင်းယောင် မင်းကလည်းကျေနပ်အောင်ချော့လိုက်ပါကွာ မင်းလည်းသိသားနဲ့ စိုပြေ အချော့ကြိုက်မှန်း "
တေဇ ၀ငျကာဖွနျဖွပေေးလရော လင်းယောင်က သူမ ရဲ့ပုခုံးကနေ ညင်သာစွာဖြင့် ခေါင်းအုံးအားမှီစေပြီး
"နင် ခေါင်းတွေမူးနေပြီမလား မနက်ကတည်းကလည်း ဘာမှမစားဘူးလို့ကြားတယ် အခုတော့ စားလိုက်ပါ တေဇ က နင့်အတွက် ဖက်ထုပ်တွေ၀ယ်လာတာ"
"လာလာ ငါခွံ့ပေးမယ်"
တေဇကတူ လေးဖြင့် ဖက်ထုပ် လေးအား ယူကာ သူမ ပါးစပ်အနား တိုးလာခဲ့လျှင်
စိုပြေ ပါးစပ်ဟပေးလိုက်၏။သူမ ယခုထိ လင်းယောင် ရဲ့အမိန့်တွေကိုမလွန်ဆန်နိုင်သေးပါ ။သူမရဲ့ မျက်ရည်တွေကိုလည်း တေဇကပဲညင်သာစွာ သုတ်ဖယ်ပေး၍
"ရော့ ဆေးလည်းသောက်လေ "
ငြင်းဖို့ကြိုးစားပေမဲ့လင်းယောင်က ခေါင်းညိတ်ပြနေသည်မို့ သူမသည် ဆေးလုံးလေးအား ပါးစပ်ထဲကောက်ထည့်လိုက်သည်။
ဆေးသောက်ပြီးလျှင်
"နင့် အမေ ဘယ်သွားလဲ"
"ဘယ်တုန်းက ငါ့ကိုပြောပြီးသွားလို့လဲ "
"အန်တီဒါလီ ကအခုထိပြန်မလာသေးဘူး လား နင်နေမကောင်းတာမသိလို့လား"
တေဇ အမေးကို သူမ မဲ့လိုက်ရင်း
"ငါနေကောင်းလားမကောင်းလား ဆိုတာ သူဘယ်တုန်းကဂရုစိုက်လို့လဲ နင်တို့နဲ့တွေ့ရင် အလကား အရမ်းခံနေရဦးမယ် သွားတော့"
"နင်အရင်အိပ်ပျော်အောင်အိပ်ပါ "
တေဇ က သူမအားစောင်ခြုံပေးလေ၏ ။
လင်းယောင် သည် သူမ အိပ်ပျော်ခါနီးတွင်
"တေဇ ငါသွားတော့မယ် အိပ်ပျော်အောင်မင်းပဲစောင့်လိုက်တော့ ငါ ဆေးရုံပြန်သွားရဦးမှာ "
"အေးပါ ငါ စိုပြေ အိပ်ပျော်မှပြန်မှာပါ "
"အင်း အန်တီဒါလီ ကိုလည်းသတိထားဦးနော် "
အိပ်မောကျနေသည့် စိုပြေကတော့ မကြားတစ်ချက်ကြားတစ်ချက် ဒါပေမဲ့ လင်းယောင် ပြန်သွားတာကိုတော့ သိပုံရ၏ ။တေဇသည် စိုပြေအား နှစ်ခြိုက်စွာအိပ်ပျော်သည်အထိစောင့်ပေးခဲ့သည် ။၁၀နာရီထိုးခါနီးပြီဖြစ်၍ သူမလည်း အိပ်ပျော်သွားလေပြီ။
"စိုပြေ နင် တစ်ခုခုဖြစ်လို့မဖြစ်ဘူး ငါ နင့်ကို ဒီထက်ပိုပြီးဂရုစိုက်မှဖြစ်မယ် ငါတို့သူငယ်ချင်း၃ယောက်မှာ မြိုသိပ်ထားတဲ့ခံစားချက်ကိုယ်စီရှိတာ ငါသိပါတယ် နင့်အတွက် လည်း ငါ့မှာခံစားချက်ရှိတာ နင်ရိပ်မိမှာပါ....."
*
*
*
လင်းယောင်တစ်ယောက် ဆေးရုံသို့ကားကိုအပြင်းမောင်းလာခဲ့ပြီး ဂျူတီရှိသည့် ဟန်ခေ ရဲ့ ရုံးခန်းထဲကို အရင်ဆုံး၀င်လာခဲ့ရာ
ဆိုဖာပေါ်ကသူမက ဖောင်တိန် လေးကိုင်ကာ ငိုက်နေလေရဲ့ ။
ဆံပင်တွေစည်းထားသည်ကလည်း ဖရိုဖရဲ ဖြစ်နေပေမဲ့ဘယ်လိုလိုကြည့်ကြည့် လှသည်။
အခန်းပေါက်၀မှ ရှုမ၀ အကြည့်ဖြင့် ကြည့်နေလေရာ သူမခေါင်းလေးစောင်းကာ ငိုက်ကျတော့မည်ဖြစ်တာကြောင့် အပြေးလေး၀င်ကာ သူမဘေး၀င်ထိုင်လိုက်ပြီး ခေါင်းလေးအား ပုခုံးပေါ်တွင် မှီစေခဲ့သည် ။ပုခုံးပေါ်မှာ အိပ်ပျော်သွားသည့် သူမ အား ငုံ့ကြည့်ရင်း
"ကျွန်တော် တကယ်ချစ်နေပြီ မ ဘက်က လက်မခံနိုင်သေးဘူးဆိုတာ သိတယ်
ဒါပေမဲ့ မတက်နိုင်ဘူး မ ရယ် သိပ်ချစ်မိသွားတော့လည်း မ ကိုရင်ခုန်အောင် ခဏခဏလုပ်ရတော့မှာပဲ "
နှဖူးလေးအား ငုံ့ နမ်းရင်း သူ့ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားလိုက်သေး၏ ။ထို့နောက် သူမခေါင်းပေါ်သို့ ပြန်မှီထားလိုက်သည်။
*
*
*
ဟန်ခေ မျက်လုံးပွင့်လာတော့ နာရီအရင်ကောက်ကြည့်မိရာ
"နှစ်နာရီ "
မနက်၂နာရီ ပင်ရောက်ပြီ သူ့ပုခုံးပေါ်ကပင် ခေါင်းမထောင်ရသေး ဘေးကိုကြည့်မိတော့
"သူ? ငါ ဒီတိုင်းအိပ်ပျော်သွားတာလား "
တစ်ဖက်က ဆိုဖာ လက်ရန်း တွင်လက်ထောက်ကာ အိပ်ပျော်နေသည့်သူ့ကို တစိမ့်စိမ့်ကြည့်ရင်းပင် နှုတ်ခမ်းများအလိုလိုပြုံးလာမိသည် ။
"အပူအပင်မရှိ အိပ်ပျော်နေလိုက်တာ အခုတထိ အိမ်မပြန်ဘူးလား ကောင်လေး ရယ် ငါ့အတွက် တစ်ညလုံးအပင်ပန်းခံစရာမလိုပါဘူး "
သူ့ကိုကြည့်ရင် မျက်လုံးများသူ့ဆီက မခွာချင်လေ ။
"တဖြည်းဖြည်း မင်း ကို ငါ ချစ်မိသွားလိမ့်မယ် ငါ့မှာလည်း ခံစားချက်တွေထိန်းချုပ်ရတာ ပင်ပန်းပါတယ်ကွာ မင်းကို ခပ်တင်းတင်းမဆက်ဆံရင် တကယ် ချစ်သွားမှာ မင်းနဲ့ငါ မဖြစ်နိုင်ဘူးလို့ထင်တယ် ဒါပေမဲ့လည်း မင်းကို မပစ်ပယ်နိုင်သေးဘူး "
ဟန်ခေ ထ လိုက်ကာ ဗီရိုထဲမှ စောင် တစ်ထည် လုပ်လာ၏ ။သူ့ကို ခြုံပေးကာ လည်ပင်အနားထိ လုံအောင် ဆွဲခြုံပေးချိန်၌ သူမရဲ့ကျောပေါ်သို့ လက်တစ်စုံရောက်လာပြီး ဆွဲချခြင်းခံလိုက်ရ၏ ။
သူမရဲ့ မျက်လုံးလေးတွေဝိုင်းသွားကာ
သူ့ပေါင်ပေါ်မှ ချက်ချင်းပြန်ထ၍ ကြိုးပမ်းပေမဲ့ အရာမရောက် အတင်းချုပ်ထား၏ ။မျက်လုံးတွေပွင့်မလာပဲ နှုတ်ခမ်းတွေပြံးလာသောကြောင့်
"ဘာလဲ မင်း အိပ်ချင်ယောင်ဆောင် နေတာလား "
"ဘာလို့အခုမှ အတင်းရုန်းနေတာလဲ ခုနကတော့ ကျွန်တော့်ကို အရည်ပျော်မတက် ထိုင်ကြည့်ပြီးတော့ "
"ဟာ?"
အောက်နှုတ်ခမ်းလေးကိုအသာဖိကိုက်ပြီး မျက်စောင်းပစ်လိုက်ကာ
ငါပြောတာတွေကြားများသွားပြီလား?
"မရုန်းပါနဲ့ အခုလိုဖက်ထားတော့မနွေးဘူးလား "
"ဖယ်ပါ ငါမချမ်းဘူး"
"မချမ်းဘူးသာပြောတာ လက်တွေက အေးနေပြီ "
"အဲ့ဒီတော့ မင်းနဲ့ဘာဆိုင်လဲ ငါ အလုပ်တွေကျန်သေးတယ် "
လွှတ်မပေးသည့် သူ့ဆီကနေ မရုန်းပဲ ၅မိနစ်မျှငြိမ်နေပြန်၏ ။
"မ "
ထိုသို့ခေါ်ပြီးရင် သူကနမ်းလေ့ရှိတယ်မဟုတ်လား အခုလည်း ရင်တွေ တဒုန်းဒုန်းခုန်နေပြီ
သူ့မျက်နှာကိုလှည့်မကြည့်ရဲပေ ။
"မလို့ "
သူမ ရဲ့ဆံပင်တွေအား ချည်ထားသည့် ကြိုးကို
ဖြည်ချလိုက်သည့်အခါမှ သူမ မျက်လုံးအဝိုင်းသား ပါးစပ်လေးအဟောင်းသား နဲ့ လှည့်လာသည့်အခါ ထို မပိတ်နိုင်တဲ့နှုတ်ခမ်းလေးအား သူကိုင်တိုင်ပိတ်ပေးလိုက်သည်။
ဒီတစ်ခါတွင် အရင်လို ခဏတာမဟုတ် သူမ အသိစိတ်၀င်လာသည့်အချိန်ထိ သူလွှတ်မပေးတာမို့ သူမနှုတ်ခမ်းတွေ အတင်းစိပိတ်ကာ
သူ့ကိုအားကုန်တွန်းဖယ်ပြီး လက်ဖမိုးလေးဖြင့် ကိုယ့်နှုတ်ခမ်းကိုပွတ်သပ်ကာ ထွက်ပြေးမည် ကြိုးစားသည့် သူမ လက်ကို ပြန်ဆွဲပြီး
"ဒါနဲ့ဆို ၃ခါရှိပြီ ကျွန်တော့်ကို ရင်မခုန်ဘူးလား "
"ဟင့်အင်း "
"မ"
"တော်တော့ လင်းယောင် ငါ စိတ်မဆိုးချင်ဘူး လွှတ်တော့ "
"မ"
ဟန်ခေ သူမရဲ့ဆလင်းဘတ်အိတ်ကိုလွယ်ကာ
ထွက်သွားလေ၏ ။
"မ "
"မလို့ "
" ကျွန်တော်ခေါ်နေတယ်လေ "
"မ "
သူမ ကားထုတ်ရန် ပြင်ဆင်ပုံထောက်ရင် အိမ်ပြန်တော့မည်ထင်ပါရဲ့ မနက်၂ခွဲလောက်သာရှိသေးသည်မို့ မိုးမလင်းသေး။
"ဒီကိုလာ "
ကားသော့ဖွင့်နေတဲ့ဟန်ခေ အား ခပ်ကြမ်းကြမ်းဆွဲခေါ်ရာ
"ဘာလုပ်တာလဲ"
"တစ်ယောက်တည်းပြန်မှာကို ဘာလို့ ဒီတိုင်းလွှတ်ရမှာလဲ "
"ငါ ကလေး မဟုတ်ဘူး မင်းထက်တောင်အသက်ကြီးတယ် ငါ့ဘာငါပြန်တတ်တယ် "
"ကျွန်တော် စိတ်မချဘူး အခုကားပေါ်တက် လိုက်ပို့မယ်"
"မလိုဘူး "
"ကျစ် CCTVထဲမှာ ဥက္ကဌကြီးရဲ့မြေးက ဆရာ၀န်မအသစ်မေဟန်ခေ ကို ဖက်နမ်းပြီး ကားပေါ် ပွေ့တင် တာ ပါသွားချင်လို့လား "
သူတို့၂ယောက်အပေါ်က cctv camera အား လင်းယောင် မျက်စပစ်ရင်းပြောလိုက်လျှင်
ဟန်ခေ သက်ပြင်းချ ကာ သူတံခါးဖွင့်ရာ ကားအထဲသို့၀င်ခဲ့ရ၏ ။လင်းယောင် ပြုံးလိုက်ကာ တစ်ဖက်မှ ကားမောင်းသူနေရာအားယူလိုက်ပြီးသူမစိတ်ဆိုးမှာကိုလည်းစိတ်ပူသည် ။
သို့ပေမဲ့ စကားတွေလည်းပြောချင်သည် ။
အထူးသဖြင့် ကျွန်တော့်ကို ရင်ခုန်လား ?
အဲ့ဒီမေးခွန်းရဲ့အဖြေကို သိပ်သိချင်လွန်းသည်။မျက်နှာမကောင်းတဲ့သူမ ကို မကြာခဏလှည့်ကြည့်ရင်းသာ သူမအိမ်ထိမောင်းပို့ခဲ့၏။
"ရပ် ရပ် တော့ "
ဘာမှမပြောပဲဆက်မောင်းတဲ့သူ့ကို
"ရပ်လို့ပြောနေတယ်လေ "
"ဘာဖြစ်လို့လဲ မှောင်နေတာကို လမ်းထိပ်တင်ဆင်းမလို့လား မ အိမ်ရောက်လည်း တေဇ ရှိချင်မှရှိမှာ ရှိလည်း အိပ်ပျော်နေလောက်ပြီ"
"ဟင် တေဇ ကဘာဖြစ်လို့ မရှိရမှာလဲ"
"စိုပြေ နေမကောင်းလို့"
"စိုပြေ? "
သူမကြားဖူးသလိုတော့ရှိသည် ။
"နောက်တော့မှ တေဇကို မေးကြည့်တော့"
အိမ်ပေါက်၀တည့်တည့်အား ရပ်ပေးသည့်အခါ
သူမ ချက်ချင်းဆင်း၍ထွက်သွားလေသည် ။
မင်း ဆေးရုံတုန်းက ကမန်းကတန်း ပြေးသွားတာ သူနေမကောင်းလို့လား ?မမြင်ဖူးသေးပေမဲ့ သံယောဇဉ်ဘယ်လောက်ရှိကြောင်း ခံမှန်းနိုင်၏။သူမသည် အိမ်အပေါ်တက်လာတော့ တေဇ အခန်းတံခါးဖွင့်ကြည့်လျှင်
"တကယ်မရှိဘူးပဲ"
"ကောင်မလေးအပေါ်မှာ ၂ယောက်စလုံး သံယောဇဉ်ရှိပုံရတယ် တော်တော်ရင်းနှီးမှာပဲ"
မနက်၈နာရီလောက်ဆို သူမ ဆေးရုံပြန်သွားရမည်မဟုတ်လား ၃နာရီလောက်တော့အိပ်ချိန်ရှိပါသေးတယ် သူမ နာရီနှိုးစက်ချကာ အိပ်လေ၏ ။
*
*
*
မနက်၆နာရီတွင် သူမ နိုးသည့်အချိန်မှ
အပြင်ကတံခါးဖွင့်သံကြားသဖြင့် သူမအခန်းထဲမှထွက်လာသည့်အခါတေဇ သူ့အခန်းသူ၀င်ရန် တံခါးဖွင့်နေသည် ။
"ဟင် တေဇ အခုမှပြန်လာတာလား "
"အင်း လင်းယောင် လိုက်ပို့တာ "
"ဟင် လင်းယောင်?"
သူမ ထိုနာမည်ကိုကြားရုံဖြင့်ပင် ရင်ခုန် မိနေပါပြီ
"အင်း ဘာဖြစ်တာလဲ "
"ဟင့်အင်း "
"အိပ်ချင်နေပြီ ခုထိမအိပ်ရသေးဘူး တစ်ရေးမှ"
"အေးအေး အိပ်လေ "
တေဇ အခန်းထဲ၀င်သွားသည်နှင့် သူမ ၀ရံတာသို့ပွေးလေ၏ ။သူများရှိနေမလားပေါ့ ။
မတွေ့တာကြောင့် ဟန်ခေ ဆေးရုံသွားဖို့ပြင်ဆင်ရန် အခန်းထဲပြန်၀င်လာခဲ့ရာ ဖုန်းမြည်သဖြင့် Screen ကိုကြည့်လိုက်တော့
မသိတဲ့နံပါတ်။
"ဟင် ဘယ်သူ ပါလိမ့်"
"ဟယ်လို"
"မ"
"ငါ့ဖုန်းနံပါတ် ဘယ်တုန်းကရတာလဲ "
"မ အိပ်နေတုန်းက"
"ကျစ် မင်းတော့ မလွယ်ပါ့လား "
သူမ သူ့ပုခုံးပေါ်အိပ်ပျော်နေစဉ် ကြည့်ထားပုံရပါရဲ့
"ကျွန်တော် မ တို့လမ်းထိပ်မှာ စောင့်နေတယ်"
"ဘာကိစ္စ?"
"မ ကို ညက ကျွန်တော်လိုက်ပို့တာလေ ဘာနဲ့လာမှာလဲ ဒီမှာ လာစောင့်နေတာ"
"မင်းတော့လား ဒါနဲ့ပဲတေဇ သိတော့မယ်"
"အခု တေဇ အိပ်နေတာမလား "
ဪ သူငယ်ချင်းပီသပါပေတယ် ဘယ်အချိန်ဘာလုပ်တယ်ကစ သိနေတော့တာပဲ။
"လာပါ မြန်မြန်လာခဲ့ မဟုတ်ရင် ကျွန်တော် အိမ်ထိ လာခေါ်မှာ "
"ဘာ?"
ပြောချင်တာတွေပြောပြီး ဖုန်းချသွားတဲ့
သူ့ကို စိတ်ရှိလက်ရှိသာ ထုရိုက်ပစ်လိုက်ချင်သည် ။သို့သော်လည်း သူ့စကားတွေကိုမလွန်ဆန်နိုင် ချက်ချင်းပဲ မျက်နှာသစ် မိတ်ကပ်လိမ်းကာ အ၀တ်စားလဲ၍ ခပ်မြန်မြန်သာ ထွက်လာဖြစ်ခဲ့၏။
************************
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(10)ဆက်ရန်
Zawgyi Version
မင္းႀကိဳက္သလိုခ်စ္
အပိုင္း(9)
ရင္ခြင္ထဲတြင္ မွီကာ မ်က္ရည္ေတြနဲ႕သူမ အား ေခ်ာ့ျမႇူရင္း
"စိုေျပ မငိုနဲ႕ေလကြာ ခဏေနရင္ လင္းေယာင္ေရာက္လာေတာ့မွာပါ "
"ဟင့္ ဟင့္ ေတဇ ငါေခါင္းမူးတယ္"
ေတဇရဲ႕ ေခါင္းထဲသို႔ မီးခဲႀကီးက်သြားသလိုပင္စိတ္ပူသြားရ၏။
"က်စ္ ငါမေျပာဘူးလား နင္မနက္ကတည္းက ဘာမွမစားဘူး ေဆးလည္းမေသာက္ဘူး အခု ငိုေနမွေတာ့ ေခါင္းမူးေတာ့မွာေပါ့ လာပါ ငါခြံ႕ေကြၽးပါမယ္ စားရေအာင္ေနာ္ "
မွီထားသည့္သူမေခါင္းေလးကို ဆြဲေမာ့ယူလိုက္သည္ ။
"စားမယ္မဟုတ္လား "
"ဟင့္အင္း ငါမစားခ်င္ဘူး "
အခန္းေပါက္၀သို႔ေရာက္လာသည့္ လင္း
ေယာင္ မ်က္ႏွာတြင္ စိုးရိမ္မႈအခ်ိဳ႕။အိပ္ယာေပၚတြင္ထိုင္ေနတဲ့ ေတဇက ေနာက္လွည့္ၾကည့္လိုက္သည့္အခါလင္းေယာင္၀င္လာခဲ့သည္။
"လင္းေယာင္လာၿပီ"
ခ်က္ခ်င္းေမာ့ၾကည့္လိုက္သည့္စိုေျပက
တရႈံ႕ရႈံ႕ငိုရင္း
"မလာခဲ့နဲ႕ ဟင့္ သြား မလာနဲ႕"
ေခါင္းေတြလည္းမူးၿပီး ေနမေကာင္းတာမို႔ အရင္လိုေတာ့ ထုရိုက္၍ႏွင္မထုတ္နိုင္ခဲ့ပါ။လင္းေယာင္က သူတို႔၂ေယာက္ထိုင္ေနတဲ့ အိပ္ယာေဘးက ခုံတြင္၀င္ထိုင္လိုက္ၿပီး
"ကိုယ္ေတြအရမ္းပူေနလား"
သူမရဲ႕ ႏွဖူးေပၚသို႔ လင္းေယာင္လက္ကေလးေရာက္ရွိသည့္အခါက်လည္းသူမအေနနဲ႕ ဖယ္မပစ္ရက္ပါ။
"ကိုယ္ေတြေတာ္ေတာ္ပူေနတာပဲ အခုထိလည္းဘာမွမစားဘူးဆို"
"အဲ့ေတာ့ဘာျဖစ္လဲ နင္နဲ႕မဆိုင္ဘူး ဟင့္ ငါ့ကို ပစ္ထားတုန္းကပစ္ထားၿပီး မေတြ႕ခ်င္ဘူး သြား "
ေတဇ ထိန္းထားသည့္ၾကားက ႐ုန္းကန္ေနသည့္သူမအား လင္းေယာင္က
"နင္ကို ငါပစ္ထားတာမဟုတ္ပါဘူး နင္လည္းသိသားနဲ႕ ငါ ငါ့အဘိုး ကိုကတိေပးထားတဲ့အတိုင္း ငါအလုပ္ေတြေလ့လာေနရၿပီေလ "
"ဒါေပမဲ့ ဟင့္ ဒါေပမဲ့ နင္ ငါ့ကိုဂ႐ုမစိုက္ေတာ့တာအသိအသာႀကီး "
"စိုေျပရာ ကေလးလည္းမဟုတ္ေတာ့ဘူး မဆိုးပါနဲ႕ေတာ့ကြာ ငါတို႔ အလုပ္ေတြေတာင္၀င္ေနရၿပီေလကြာ အရင္ကလိုေတာ့ ဘယ္လြတ္လပ္ေတာ့မလဲ"
လင္းေယာင္က မ်က္ႏွာကိုလက္ဖဝါးျဖင့္အုပ္
ၿပီးေျပာလိုက္တဲ့အခါ
"အခု ဟင့္ အခု ငါေနမေကာင္းဘူးေလ အဲ့တာေတာင္ နင္ငါ့ကိုမေခ်ာ့ပဲ ဆူတယ္ေနာ္ တကယ္ အရင္ကလင္းေယာင္ ေပ်ာက္သြားၿပီ အခု နင္ နင္အရမ္းေျပာင္းလဲသြားၿပီ "
"ကဲ လင္းေယာင္ မင္းကလည္းေက်နပ္ေအာင္ေခ်ာ့လိုက္ပါကြာ မင္းလည္းသိသားနဲ႕ စိုေျပ အေခ်ာ့ႀကိဳက္မွန္း "
ေတဇ ၀င်ကာဖြန်ဖြေပေးလေရာ လင္းေယာင္က သူမ ရဲ႕ပုခုံးကေန ညင္သာစြာျဖင့္ ေခါင္းအုံးအားမွီေစၿပီး
"နင္ ေခါင္းေတြမူးေနၿပီမလား မနက္ကတည္းကလည္း ဘာမွမစားဘူးလို႔ၾကားတယ္ အခုေတာ့ စားလိုက္ပါ ေတဇ က နင့္အတြက္ ဖက္ထုပ္ေတြ၀ယ္လာတာ"
"လာလာ ငါခြံ႕ေပးမယ္"
ေတဇကတူ ေလးျဖင့္ ဖက္ထုပ္ ေလးအား ယူကာ သူမ ပါးစပ္အနား တိုးလာခဲ့လွ်င္
စိုေျပ ပါးစပ္ဟေပးလိုက္၏။သူမ ယခုထိ လင္းေယာင္ ရဲ႕အမိန့္ေတြကိုမလြန္ဆန္နိုင္ေသးပါ ။သူမရဲ႕ မ်က္ရည္ေတြကိုလည္း ေတဇကပဲညင္သာစြာ သုတ္ဖယ္ေပး၍
"ေရာ့ ေဆးလည္းေသာက္ေလ "
ျငင္းဖို႔ႀကိဳးစားေပမဲ့လင္းေယာင္က ေခါင္းညိတ္ျပေနသည္မို႔ သူမသည္ ေဆးလုံးေလးအား ပါးစပ္ထဲေကာက္ထည့္လိုက္သည္။
ေဆးေသာက္ၿပီးလွ်င္
"နင့္ အေမ ဘယ္သြားလဲ"
"ဘယ္တုန္းက ငါ့ကိုေျပာၿပီးသြားလို႔လဲ "
"အန္တီဒါလီ ကအခုထိျပန္မလာေသးဘူး လား နင္ေနမေကာင္းတာမသိလို႔လား"
ေတဇ အေမးကို သူမ မဲ့လိုက္ရင္း
"ငါေနေကာင္းလားမေကာင္းလား ဆိုတာ သူဘယ္တုန္းကဂ႐ုစိုက္လို႔လဲ နင္တို႔နဲ႕ေတြ႕ရင္ အလကား အရမ္းခံေနရဦးမယ္ သြားေတာ့"
"နင္အရင္အိပ္ေပ်ာ္ေအာင္အိပ္ပါ "
ေတဇ က သူမအားေစာင္ၿခဳံေပးေလ၏ ။
လင္းေယာင္ သည္ သူမ အိပ္ေပ်ာ္ခါနီးတြင္
"ေတဇ ငါသြားေတာ့မယ္ အိပ္ေပ်ာ္ေအာင္မင္းပဲေစာင့္လိုက္ေတာ့ ငါ ေဆး႐ုံျပန္သြားရဦးမွာ "
"ေအးပါ ငါ စိုေျပ အိပ္ေပ်ာ္မွျပန္မွာပါ "
"အင္း အန္တီဒါလီ ကိုလည္းသတိထားဦးေနာ္ "
အိပ္ေမာက်ေနသည့္ စိုေျပကေတာ့ မၾကားတစ္ခ်က္ၾကားတစ္ခ်က္ ဒါေပမဲ့ လင္းေယာင္ ျပန္သြားတာကိုေတာ့ သိပုံရ၏ ။ေတဇသည္ စိုေျပအား ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္သည္အထိေစာင့္ေပးခဲ့သည္ ။၁၀နာရီထိုးခါနီးၿပီျဖစ္၍ သူမလည္း အိပ္ေပ်ာ္သြားေလၿပီ။
"စိုေျပ နင္ တစ္ခုခုျဖစ္လို႔မျဖစ္ဘူး ငါ နင့္ကို ဒီထက္ပိုၿပီးဂ႐ုစိုက္မွျဖစ္မယ္ ငါတို႔သူငယ္ခ်င္း၃ေယာက္မွာ ၿမိဳသိပ္ထားတဲ့ခံစားခ်က္ကိုယ္စီရွိတာ ငါသိပါတယ္ နင့္အတြက္ လည္း ငါ့မွာခံစားခ်က္ရွိတာ နင္ရိပ္မိမွာပါ....."
*
*
*
လင္းေယာင္တစ္ေယာက္ ေဆး႐ုံသို႔ကားကိုအျပင္းေမာင္းလာခဲ့ၿပီး ဂ်ဴတီရွိသည့္ ဟန္ေခ ရဲ႕ ႐ုံးခန္းထဲကို အရင္ဆုံး၀င္လာခဲ့ရာ
ဆိုဖာေပၚကသူမက ေဖာင္တိန္ ေလးကိုင္ကာ ငိုက္ေနေလရဲ႕ ။
ဆံပင္ေတြစည္းထားသည္ကလည္း ဖရိုဖရဲ ျဖစ္ေနေပမဲ့ဘယ္လိုလိုၾကည့္ၾကည့္ လွသည္။
အခန္းေပါက္၀မွ ရႈမ၀ အၾကည့္ျဖင့္ ၾကည့္ေနေလရာ သူမေခါင္းေလးေစာင္းကာ ငိုက္က်ေတာ့မည္ျဖစ္တာေၾကာင့္ အေျပးေလး၀င္ကာ သူမေဘး၀င္ထိုင္လိုက္ၿပီး ေခါင္းေလးအား ပုခုံးေပၚတြင္ မွီေစခဲ့သည္ ။ပုခုံးေပၚမွာ အိပ္ေပ်ာ္သြားသည့္ သူမ အား ငုံ႕ၾကည့္ရင္း
"ကြၽန္ေတာ္ တကယ္ခ်စ္ေနၿပီ မ ဘက္က လက္မခံနိုင္ေသးဘူးဆိုတာ သိတယ္
ဒါေပမဲ့ မတက္နိုင္ဘူး မ ရယ္ သိပ္ခ်စ္မိသြားေတာ့လည္း မ ကိုရင္ခုန္ေအာင္ ခဏခဏလုပ္ရေတာ့မွာပဲ "
ႏွဖူးေလးအား ငုံ႕ နမ္းရင္း သူ႕ဖုန္းျဖင့္ ဓာတ္ပုံရိုက္ထားလိုက္ေသး၏ ။ထို႔ေနာက္ သူမေခါင္းေပၚသို႔ ျပန္မွီထားလိုက္သည္။
*
*
*
ဟန္ေခ မ်က္လုံးပြင့္လာေတာ့ နာရီအရင္ေကာက္ၾကည့္မိရာ
"ႏွစ္နာရီ "
မနက္၂နာရီ ပင္ေရာက္ၿပီ သူ႕ပုခုံးေပၚကပင္ ေခါင္းမေထာင္ရေသး ေဘးကိုၾကည့္မိေတာ့
"သူ? ငါ ဒီတိုင္းအိပ္ေပ်ာ္သြားတာလား "
တစ္ဖက္က ဆိုဖာ လက္ရန္း တြင္လက္ေထာက္ကာ အိပ္ေပ်ာ္ေနသည့္သူ႕ကို တစိမ့္စိမ့္ၾကည့္ရင္းပင္ ႏႈတ္ခမ္းမ်ားအလိုလိုၿပဳံးလာမိသည္ ။
"အပူအပင္မရွိ အိပ္ေပ်ာ္ေနလိုက္တာ အခုတထိ အိမ္မျပန္ဘူးလား ေကာင္ေလး ရယ္ ငါ့အတြက္ တစ္ညလုံးအပင္ပန္းခံစရာမလိုပါဘူး "
သူ႕ကိုၾကည့္ရင္ မ်က္လုံးမ်ားသူ႕ဆီက မခြာခ်င္ေလ ။
"တျဖည္းျဖည္း မင္း ကို ငါ ခ်စ္မိသြားလိမ့္မယ္ ငါ့မွာလည္း ခံစားခ်က္ေတြထိန္းခ်ဳပ္ရတာ ပင္ပန္းပါတယ္ကြာ မင္းကို ခပ္တင္းတင္းမဆက္ဆံရင္ တကယ္ ခ်စ္သြားမွာ မင္းနဲ႕ငါ မျဖစ္နိုင္ဘူးလို႔ထင္တယ္ ဒါေပမဲ့လည္း မင္းကို မပစ္ပယ္နိုင္ေသးဘူး "
ဟန္ေခ ထ လိုက္ကာ ဗီရိုထဲမွ ေစာင္ တစ္ထည္ လုပ္လာ၏ ။သူ႕ကို ၿခဳံေပးကာ လည္ပင္အနားထိ လုံေအာင္ ဆြဲၿခဳံေပးခ်ိန္၌ သူမရဲ႕ေက်ာေပၚသို႔ လက္တစ္စုံေရာက္လာၿပီး ဆြဲခ်ျခင္းခံလိုက္ရ၏ ။
သူမရဲ႕ မ်က္လုံးေလးေတြဝိုင္းသြားကာ
သူ႕ေပါင္ေပၚမွ ခ်က္ခ်င္းျပန္ထ၍ ႀကိဳးပမ္းေပမဲ့ အရာမေရာက္ အတင္းခ်ဳပ္ထား၏ ။မ်က္လုံးေတြပြင့္မလာပဲ ႏႈတ္ခမ္းေတြၿပံးလာေသာေၾကာင့္
"ဘာလဲ မင္း အိပ္ခ်င္ေယာင္ေဆာင္ ေနတာလား "
"ဘာလို႔အခုမွ အတင္း႐ုန္းေနတာလဲ ခုနကေတာ့ ကြၽန္ေတာ့္ကို အရည္ေပ်ာ္မတက္ ထိုင္ၾကည့္ၿပီးေတာ့ "
"ဟာ?"
ေအာက္ႏႈတ္ခမ္းေလးကိုအသာဖိကိုက္ၿပီး မ်က္ေစာင္းပစ္လိုက္ကာ
ငါေျပာတာေတြၾကားမ်ားသြားၿပီလား?
"မ႐ုန္းပါနဲ႕ အခုလိုဖက္ထားေတာ့မႏြေးဘူးလား "
"ဖယ္ပါ ငါမခ်မ္းဘူး"
"မခ်မ္းဘူးသာေျပာတာ လက္ေတြက ေအးေနၿပီ "
"အဲ့ဒီေတာ့ မင္းနဲ႕ဘာဆိုင္လဲ ငါ အလုပ္ေတြက်န္ေသးတယ္ "
လႊတ္မေပးသည့္ သူ႕ဆီကေန မ႐ုန္းပဲ ၅မိနစ္မွ်ၿငိမ္ေနျပန္၏ ။
"မ "
ထိုသို႔ေခၚၿပီးရင္ သူကနမ္းေလ့ရွိတယ္မဟုတ္လား အခုလည္း ရင္ေတြ တဒုန္းဒုန္းခုန္ေနၿပီ
သူ႕မ်က္ႏွာကိုလွည့္မၾကည့္ရဲေပ ။
"မလို႔ "
သူမ ရဲ႕ဆံပင္ေတြအား ခ်ည္ထားသည့္ ႀကိဳးကို
ျဖည္ခ်လိဳက္သည့္အခါမွ သူမ မ်က္လုံးအဝိုင္းသား ပါးစပ္ေလးအေဟာင္းသား နဲ႕ လွည့္လာသည့္အခါ ထို မပိတ္နိုင္တဲ့ႏႈတ္ခမ္းေလးအား သူကိုင္တိုင္ပိတ္ေပးလိုက္သည္။
ဒီတစ္ခါတြင္ အရင္လို ခဏတာမဟုတ္ သူမ အသိစိတ္၀င္လာသည့္အခ်ိန္ထိ သူလႊတ္မေပးတာမို႔ သူမႏႈတ္ခမ္းေတြ အတင္းစိပိတ္ကာ
သူ႕ကိုအားကုန္တြန္းဖယ္ၿပီး လက္ဖမိုးေလးျဖင့္ ကိုယ့္ႏႈတ္ခမ္းကိုပြတ္သပ္ကာ ထြက္ေျပးမည္ ႀကိဳးစားသည့္ သူမ လက္ကို ျပန္ဆြဲၿပီး
"ဒါနဲ႕ဆို ၃ခါရွိၿပီ ကြၽန္ေတာ့္ကို ရင္မခုန္ဘူးလား "
"ဟင့္အင္း "
"မ"
"ေတာ္ေတာ့ လင္းေယာင္ ငါ စိတ္မဆိုးခ်င္ဘူး လႊတ္ေတာ့ "
"မ"
ဟန္ေခ သူမရဲ႕ဆလင္းဘတ္အိတ္ကိုလြယ္ကာ
ထြက္သြားေလ၏ ။
"မ "
"မလို႔ "
" ကြၽန္ေတာ္ေခၚေနတယ္ေလ "
"မ "
သူမ ကားထုတ္ရန္ ျပင္ဆင္ပုံေထာက္ရင္ အိမ္ျပန္ေတာ့မည္ထင္ပါရဲ႕ မနက္၂ခြဲေလာက္သာရွိေသးသည္မို႔ မိုးမလင္းေသး။
"ဒီကိုလာ "
ကားေသာ့ဖြင့္ေနတဲ့ဟန္ေခ အား ခပ္ၾကမ္းၾကမ္းဆြဲေခၚရာ
"ဘာလုပ္တာလဲ"
"တစ္ေယာက္တည္းျပန္မွာကို ဘာလို႔ ဒီတိုင္းလႊတ္ရမွာလဲ "
"ငါ ကေလး မဟုတ္ဘူး မင္းထက္ေတာင္အသက္ႀကီးတယ္ ငါ့ဘာငါျပန္တတ္တယ္ "
"ကြၽန္ေတာ္ စိတ္မခ်ဘဴး အခုကားေပၚတက္ လိုက္ပို႔မယ္"
"မလိုဘူး "
"က်စ္ CCTVထဲမွာ ဥကၠဌႀကီးရဲ႕ေျမးက ဆရာ၀န္မအသစ္ေမဟန္ေခ ကို ဖက္နမ္းၿပီး ကားေပၚ ေပြ႕တင္ တာ ပါသြားခ်င္လို႔လား "
သူတို႔၂ေယာက္အေပၚက cctv camera အား လင္းေယာင္ မ်က္စပစ္ရင္းေျပာလိုက္လွ်င္
ဟန္ေခ သက္ျပင္းခ် ကာ သူတံခါးဖြင့္ရာ ကားအထဲသို႔၀င္ခဲ့ရ၏ ။လင္းေယာင္ ၿပဳံးလိုက္ကာ တစ္ဖက္မွ ကားေမာင္းသူေနရာအားယူလိုက္ၿပီးသူမစိတ္ဆိုးမွာကိုလည္းစိတ္ပူသည္ ။
သို႔ေပမဲ့ စကားေတြလည္းေျပာခ်င္သည္ ။
အထူးသျဖင့္ ကြၽန္ေတာ့္ကို ရင္ခုန္လား ?
အဲ့ဒီေမးခြန္းရဲ႕အေျဖကို သိပ္သိခ်င္လြန္းသည္။မ်က္ႏွာမေကာင္းတဲ့သူမ ကို မၾကာခဏလွည့္ၾကည့္ရင္းသာ သူမအိမ္ထိေမာင္းပို႔ခဲ့၏။
"ရပ္ ရပ္ ေတာ့ "
ဘာမွမေျပာပဲဆက္ေမာင္းတဲ့သူ႕ကို
"ရပ္လို႔ေျပာေနတယ္ေလ "
"ဘာျဖစ္လို႔လဲ ေမွာင္ေနတာကို လမ္းထိပ္တင္ဆင္းမလို႔လား မ အိမ္ေရာက္လည္း ေတဇ ရွိခ်င္မွရွိမွာ ရွိလည္း အိပ္ေပ်ာ္ေနေလာက္ၿပီ"
"ဟင္ ေတဇ ကဘာျဖစ္လို႔ မရွိရမွာလဲ"
"စိုေျပ ေနမေကာင္းလို႔"
"စိုေျပ? "
သူမၾကားဖူးသလိုေတာ့ရွိသည္ ။
"ေနာက္ေတာ့မွ ေတဇကို ေမးၾကည့္ေတာ့"
အိမ္ေပါက္၀တည့္တည့္အား ရပ္ေပးသည့္အခါ
သူမ ခ်က္ခ်င္းဆင္း၍ထြက္သြားေလသည္ ။
မင္း ေဆး႐ုံတုန္းက ကမန္းကတန္း ေျပးသြားတာ သူေနမေကာင္းလို႔လား ?မျမင္ဖူးေသးေပမဲ့ သံေယာဇဥ္ဘယ္ေလာက္ရွိေၾကာင္း ခံမွန္းနိုင္၏။သူမသည္ အိမ္အေပၚတက္လာေတာ့ ေတဇ အခန္းတံခါးဖြင့္ၾကည့္လွ်င္
"တကယ္မရွိဘူးပဲ"
"ေကာင္မေလးအေပၚမွာ ၂ေယာက္စလုံး သံေယာဇဥ္ရွိပုံရတယ္ ေတာ္ေတာ္ရင္းႏွီးမွာပဲ"
မနက္၈နာရီေလာက္ဆို သူမ ေဆး႐ုံျပန္သြားရမည္မဟုတ္လား ၃နာရီေလာက္ေတာ့အိပ္ခ်ိန္ရွိပါေသးတယ္ သူမ နာရီႏွိုးစက္ခ်ကာ အိပ္ေလ၏ ။
*
*
*
မနက္၆နာရီတြင္ သူမ နိုးသည့္အခ်ိန္မွ
အျပင္ကတံခါးဖြင့္သံၾကားသျဖင့္ သူမအခန္းထဲမွထြက္လာသည့္အခါေတဇ သူ႕အခန္းသူ၀င္ရန္ တံခါးဖြင့္ေနသည္ ။
"ဟင္ ေတဇ အခုမွျပန္လာတာလား "
"အင္း လင္းေယာင္ လိုက္ပို႔တာ "
"ဟင္ လင္းေယာင္?"
သူမ ထိုနာမည္ကိုၾကား႐ုံျဖင့္ပင္ ရင္ခုန္ မိေနပါၿပီ
"အင္း ဘာျဖစ္တာလဲ "
"ဟင့္အင္း "
"အိပ္ခ်င္ေနၿပီ ခုထိမအိပ္ရေသးဘူး တစ္ေရးမွ"
"ေအးေအး အိပ္ေလ "
ေတဇ အခန္းထဲ၀င္သြားသည္ႏွင့္ သူမ ၀ရံတာသို့ပြေးလေ၏ ။သူမ်ားရွိေနမလားေပါ့ ။
မေတြ႕တာေၾကာင့္ ဟန္ေခ ေဆး႐ုံသြားဖို႔ျပင္ဆင္ရန္ အခန္းထဲျပန္၀င္လာခဲ့ရာ ဖုန္းျမည္သျဖင့္ Screen ကိုၾကည့္လိုက္ေတာ့
မသိတဲ့နံပါတ္။
"ဟင္ ဘယ္သူ ပါလိမ့္"
"ဟယ္လို"
"မ"
"ငါ့ဖုန္းနံပါတ္ ဘယ္တုန္းကရတာလဲ "
"မ အိပ္ေနတုန္းက"
"က်စ္ မင္းေတာ့ မလြယ္ပါ့လား "
သူမ သူ႕ပုခုံးေပၚအိပ္ေပ်ာ္ေနစဥ္ ၾကည့္ထားပုံရပါရဲ႕
"ကြၽန္ေတာ္ မ တို႔လမ္းထိပ္မွာ ေစာင့္ေနတယ္"
"ဘာကိစၥ?"
"မ ကို ညက ကြၽန္ေတာ္လိုက္ပို႔တာေလ ဘာနဲ႕လာမွာလဲ ဒီမွာ လာေစာင့္ေနတာ"
"မင္းေတာ့လား ဒါနဲ႕ပဲေတဇ သိေတာ့မယ္"
"အခု ေတဇ အိပ္ေနတာမလား "
ဪ သူငယ္ခ်င္းပီသပါေပတယ္ ဘယ္အခ်ိန္ဘာလုပ္တယ္ကစ သိေနေတာ့တာပဲ။
"လာပါ ျမန္ျမန္လာခဲ့ မဟုတ္ရင္ ကြၽန္ေတာ္ အိမ္ထိ လာေခၚမွာ "
"ဘာ?"
ေျပာခ်င္တာေတြေျပာၿပီး ဖုန္းခ်သြားတဲ့
သူ႕ကို စိတ္ရွိလက္ရွိသာ ထုရိုက္ပစ္လိုက္ခ်င္သည္ ။သို႔ေသာ္လည္း သူ႕စကားေတြကိုမလြန္ဆန္နိုင္ ခ်က္ခ်င္းပဲ မ်က္ႏွာသစ္ မိတ္ကပ္လိမ္းကာ အ၀တ္စားလဲ၍ ခပ္ျမန္ျမန္သာ ထြက္လာျဖစ္ခဲ့၏။
************************
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း(10)ဆက္ရန္