နတ်ဘုရားတို့ လျှောက်သောလမ်း P...

By KoYei2

7K 291 9

Part-1 မှာ ဖတ်ပါ။ More

အခန်း(၂၀၁) ဓားခုနစ်ချောင်းဂိုဏ်း၏ မျက်နှာအစစ်ကို ခွာချခြင်း
အခန်း (၂၀၂) ဓားခုနစ်ချောင်းဂိုဏ်းနှင့် တိုက်ခိုက်ခြင်း
အခန်း (၂၀၃) ဓားစိတ်ဆန္ဒ
အခန်း (၂၀၄) အေးစိမ့်ရေခဲဂိုဏ်း၏ နာမည်ကျော် စည်းကမ်းချက်များ
အခန်း (၂၀၅) ထိတ်လန့်မှုတို့ ကြီးစိုးနေသည့် မူလန်ယင်း
အခန်း (၂၀၆) လျှို့ဝှက်အခန်း
အခန်း (၂၀၇) နဂါးမိစ္ဆာ
အခန်း (၂၀၈) နဂါးမိစ္ဆာနှင့် ပြင်းထန်သည့် တိုက်ပွဲ
အခန်း (၂၀၉) ရဲ့လျှို ထွက်လာခြင်း
အခန်း (၂၁၀) မဏ္ဍိုင် ဆေးလုံး
အခန်း (၂၁၁) နတ်ဘုရား၏ အမွေအနှစ်
အခန်း (၂၁၂) နဂါးတစ်ကောင်နှင့် ဖီးနစ်နှစ်ကောင်
အခန်း (၂၁၃) ချင်းချမ်၏ အပြုအစုတွင် သာယာနေခြင်း
အခန်း (၂၁၄) နတ်သမီး နှစ်ယောက်၏ အနှိုးအဆွ
အခန်း (၂၁၅) မူလန်ယင်းကို သိမ်းပိုက်ခြင်း
အခန်း (၂၁၆) အသူရာ နဂါး၏ ရိုးတွင်း ချဉ်ဆီ
အခန်း (၂၁၇) ရတနာခန်းမ
အခန်း (၂၁၈) လျှို့ဝှက်ဆန်းကြယ်သော ဓား
အခန်း (၂၁၉) ဓားဝိညာဉ် မိန်းကလေး
အခန်း (၂၂၀) ယင်ယင်းအာ
အခန်း (၂၂၁) လင်းရို့ချီ၏ အကျပ်အတည်း
အခန်း (၂၂၃) အပန်းဖြေ ပန်းခြံဆီသို့
အခန်း (၂၂၄) အနောက်ဘက် မင်းသားက ပြဿနာ ရှာခြင်း
အခန်း (၂၂၅) အနက်ရောင် ဝမ်းဆက်နှင့် လူ
အခန်း (၂၂၆) ငွေရောင် သမန်း ဝံပုလွေ
အခန်း (၂၂၇) အမှောင်အမွေအနှစ်
အခန်း (၂၂၈) ဆေးပညာ လေ့ကျင့်ခြင်း
အခန်း (၂၂၉) အေးစိမ့်နတ်သမီးလေးဖော် ဒဏ်ရာရခြင်း
အခန်း (၂၃၀) မူနန်းစီ

အခန်း (၂၂၂) ရှုပ်ထွေးနေသည့် အတွေးစများ

190 8 0
By KoYei2

“ ဖလူး … “ လင်းရို့ချီတစ်ယောက် သူမပါးစပ်ထဲက ရေများကို မှုတ်ထုတ်လိုက်ရသည်။ ချောင်ယမ်ယမ်က ဤကဲ့သို့ အရာများကို အတင့်ရဲစွာ ပြောဝံ့မည်ဟု သူမ လုံး၀ ထင်မထားခဲ့ပေ။
“ ယမ်ယမ်၊ နင် … နင်၊ ဒီလို အပေါစားဆန်တဲ့ စကားတွေ ပြောတတ်တဲ့ မိန်းမလို ဘာဖြစ်လို့ ပြုမူနေတာလဲ “ လင်းရို့ချီသည် ချောင်ယမ်ယမ်က အပေါစား စကားလုံးများကို ပြောနေသောကြောင့် ဆူပူလိုက်လေသည်။
“ အမပဲ ညီမလေးကို အစောက ပြောခိုင်းခဲ့တာပဲမို့လား၊ အဲဒါကြောင့် ညီမလေးက အမှန်တိုင်းလည်း ဖြေရသေးတယ်၊ ဒါကို အမက ဘာဖြစ်လို့ ဒေါသထွက်နေတာလဲ၊ ထူးတော့ ထူးဆန်းနေသလိုပဲနော် “ ချောင်ယမ်ယမ်က လင်းရို့ချီ၏စကားလုံးများကို အလွယ်တကူ ချေပလိုက်သည်။
လင်းရို့ချီသည် အစကတည်းက အလှအပဆိုင်ရာ လျှို့ဝှက်ချက်ကို မေးမြန်းခဲ့သူ ဖြစ်သောကြောင့် မည်သို့ဆိုစေ သူမအမှားသာ ဖြစ်နေသည်။
“ ငါ … “ လင်းရို့ချီ ခေါင်းတစ်ချက် ကုတ်လိုက်သည်။ ချောင်ယမ်ယမ် မေးလိုက်သည့် မေးခွန်းကိုလည်း မည်သို့ ပြန်ဖြေရမှန်း မသိတော့ပေ။
ထိုအချိန်တွင် လင်းရို့ချီ၏စိတ်ထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင်ဖြင့် ရှုပ်ယှက်ခတ်နေပြီ ဖြစ်၏။
ယင်းသည် ချောင်ယမ်ယမ်အတွက် ပထမဆုံးကြိမ်အဖြစ် ဤကဲ့သို့ လင်းရို့ချီ၏ရှက်နေသည့် မျက်နှာကို မြင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုချိန်တွင် ချောင်ယမ်ယမ်သည် လင်းရို့ချီကို အမှန်တိုင်းပြောရန် တိုက်တွန်းဖို့ လိုလာပြီ ဖြစ်သည်။
“ အမရို့ချီ၊ အမမှာ ရဲ့ချန်နဲ့ ဆက်ဆံရေးတစ်ခု ရှိနေတယ်မလား “ ချောင်ယမ်ယမ်က လင်းရို့ချီကို အသံပျော့ပျော့လေးဖြင့် မေးလိုက်သည်။
ထိုစကားကို ကြားပြီးနောက် လင်းရို့ချီ၏ခန္ဓာကိုယ်လေးက တုန်ယင်သွားလေသည်။ ကြည့်ရသည်မှာ သူမက ရဲ့ချန်ကို ၀န်ခံလိုက်သည့် အဖြစ်က ပေါ်သွားတော့မည့်ပုံ ပေါ်လေသည်။
ယခုတော့ သူမက ချောင်ယမ်ယမ် မေးလိုက်သည့် မေးခွန်းကို မည်သို့ ပြန်ဖြေရမှန်း မသိတော့ဘဲ တွေဝေနေမိတော့သည်။
“ ငါ … “ လင်းရို့ချီက ချောင်ယမ်ယမ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
လောလောဆယ် ချောင်ယမ်ယမ်ကလည်း လင်းရို့ချီကို မျှော်လင့်နေသည့် မျက်၀န်းများဖြင့် ငေးကြည့်နေလေသည်။ သူမက လင်းရို့ချီ ပြောပြမည့် အဖြစ်မှန်များကို သိလိုနေသည် မဟုတ်ပါလား။
လင်းရို့ချီသည်လည်း ချောင်ယမ်ယမ်က သူမကို မည်သို့ ငေးကြည့်နေမှန်း သတိထားမိ၏။ အခြေအနေက သူမအတွက် ဆုံးဖြတ်ချက်ချရန် အလွန်တရာ ခက်ခဲနေပေသည်။ သူမ၏စိတ်များကလည်း အစိုးမရတော့ပေ။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူမ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် မသိတော့ချေ။
သူမအနေနှင့် ချောင်ယမ်ယမ့်ကို အမှန်တိုင်း ပြောသင့်သည်လော၊ ဆက်လက် ဖုံးကွယ်ထားသင့်သည်လော။ သို့သော် သူမ ချောင်ယမ်ယမ့်ကို ဆက်လက် မလိမ်ညာရက်တော့ပေ။
လင်းရို့ချီသည် ချောင်ယမ်ယမ် နှင့် သူမတို့ကို တစ်ချိန်တည်း တွဲခဲ့သည့် ရဲ့ချန်ကိုသာ အပြစ်တင်ဖို့ တတ်နိုင်တော့သည်။
“ ယမ်ယမ်၊ နင် ငါပြောတဲ့စကားတွေကို ကြားပြီးရင် ငါ့ကို စိတ်မဆိုးဖို့ မျှော်လင့်ပါတယ် “ လင်းရို့ချီက စကားပလ္လင်ခံ လိုက်သည်။
“ ဟုတ်ကဲ့ပါ၊ ညီမလေး စိတ်မဆိုးပါဘူးလို့ ကတိပေးပါတယ် “ ချောင်ယမ်ယမ်က ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
ချောင်ယမ်ယမ်က ကတိပေးလိုက်သည်ကို ကြည့်ရင်း လင်းရို့ချီတစ်ယောက် အနည်းငယ် ယုံကြည်မှုရှိသလို ခံစားလိုက်ရသည်။
“ ဟုတ်ပါတယ်၊ ငါ့မှာ ရဲ့ချန်နဲ့ ဆက်ဆံရေးတစ်ခု ရှိနေပါတယ်၊ ရည်းစားရှိမှန်း သိသိကြီးနဲ့ အဲဒီယောက်ျားကို တွဲနေတဲ့ အရှက်မရှိတဲ့ မိန်းမတစ်ယောက်လို့ နင် ငါ့ကို ထင်လိုက ထင်နိုင်တယ်၊ အချစ်ဆိုတဲ့ ခံစားချက်က အဲလိုတွေ လုပ်ဖို့ ငါ့ကို တွန်းအားပေးခဲ့တာ “ လင်းရို့ချီက သူမ၏ရင်ထဲ ရှိသည့်အတိုင်း ပြောပြလိုက်သည်။ ထို့နောက် သူမ ချောင်ယမ်ယမ့်ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ ချောင်ယမ်ယမ်က ရဲ့ချန်၏သူမတို့ ဆက်ဆံရေးတစ်ခု ရှိနေသောကြောင့် ဒေါသတကြီး ပေါက်ကွဲမည်ကို စိုးရိမ်သွားသည် မဟုတ်ပါလား။
ထူးဆန်းစွာ ချောင်ယမ်ယမ်က သူမလုပ်ခဲ့သော အရာအတွက် လုံး၀ စိတ်ဆိုးခြင်း အလျဉ်း မရှိပေ။ ထိုအစား ချောင်ယမ်ယမ်က သူမကို ပြုံးပင် ပြုံးပြနေသေးသည်။
“ အမရို့ချီ၊ အမနဲ့ ရဲ့ချန်တို့ ဆက်ဆံရေးတစ်ခု ရှိနေတာ ဘယ်လောက်ကြာပြီလဲ “ ချောင်ယမ်ယမ်က လင်းရို့ချီအနား တိုးကပ်ပြီး စစ်ဆေးမေးမြန်းလိုက်သည်။
လင်းရို့ချီသည် ချောင်ယမ်ယမ်၏ အမူအရာနှင့် ပတ်သက်ပြီး ထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။ သာမန်မိန်းမ တစ်ယောက်သာဆိုလျှင် ယောက်ျားဖြစ်သူနှင့် မိန်းမတစ်ယောက် သူမ၏နောက်ကွယ်တွင် တွဲနေသည်ကိုသာ သိသွားမည် ဆိုပါက ဒေါသတကြီး ပေါက်ကွဲသွားမည်မှာ မုချမလွဲပင် ဖြစ်၏။ ထို့ထက်ပိုသည်ကား ယောက်ျားဖြစ်သူနှင့် တွဲနေသူက သူမ၏အစ်မရင်း တစ်ယောက်လို လက်ခံယုံကြည်ထားသူ ဖြစ်နေသည် မဟုတ်ပါလား။
“ ယမ်ယမ်၊ နင် ငါ့ကို စိတ်မဆိုးဘူးလားဟင် “ လင်းရို့ချီက မေးလိုက်သည်။
ချောင်ယမ်ယမ်က သူမ၏ခေါင်းကို ခါယမ်းပြီး “ ညီမလေးက ဘာဖြစ်လို့ အမရို့ချီကို စိတ်ဆိုးရမှာလဲ၊ ရဲ့ချန်ကို တစ်ယောက်ယောက်က မကောင်းလို့ရှိရင် အဲဒါ ညီမတို့ကို ပြောသလိုပဲ “ ချောင်ယမ်ယမ်က ပြောလိုက်သည်။
လင်းရို့ချီသည် ချောင်ယမ်ယမ်က သူမကို စိတ်မဆိုးကြောင်း ယုံကြည်သွားခဲ့သည်။ သူမ၏ရင်ထဲက လေးလံနေသည့် အရာများလည်း ခုတော့ အရည်ပျော်သွားပြီ ဖြစ်၏။ “ ယမ်ယမ်၊ ရဲ့ချန်မှာ တခြားမိန်းမတစ်ယောက် ရှိနေတာတောင် နင်က ဘာဖြစ်လို့ စိတ်မဆိုးတာလဲ “ ယင်းသည် လင်းရို့ချီအတွက် အလွန်တရာ ထူးဆန်းသော အရာပင် ဖြစ်၏။ ချောင်ယမ်ယမ်က သူမ၏အချစ်ဆုံး ယောက်ျားတွင် တခြားမိန်းမတစ်ယောက်ယောက် ရှိနေသည်ကို သိနေသည့်တိုင် အဘယ့်ကြောင့် စိတ်မဆိုးရသနည်း။
“ အမရို့ချီ၊ ရဲ့ချန်နဲ့ ဘာမှမလုပ်ရသေးဘူးလား “ ချောင်ယမ်ယမ်က မေးလိုက်သည်။
“ ဟင့်အင် … ငါတို့ အဲလောက်ထိ ခရီးမရောက်သေးဘူး “ လင်းရို့ချီက ချောင်ယမ်ယမ် ဆိုလိုသည့် အဓိပ္ပာယ်ကို သေသေချာချာ သိပေသည်။ ထို့နောက် သူမသည် ညတစ်ညက ချောင်ယမ်ယမ်၏အခန်းထဲ ချောင်းကြည့်ခဲ့သည့် အဖြစ်ကို ပြန်တွေးမိပြီး မျက်နှာက ရဲပလောင်းခတ်သွားလေသည်။
“ ဒီတော့ အမက ရဲ့ချန်နဲ့ အဲဒီအဆင့်ကို မရောက်သေးဘူးပဲ၊ ညီမ နည်းနည်း ပြောပြမယ်၊ ရဲ့ချန်ရဲ့အရည်အချင်းက အဲဒီနေရာမှာတော့ သေအောင် အားကောင်းတာ၊ အမ ရဲ့ချန်နဲ့ ဒချိဒချိ လုပ်မယ်ဆိုရင် ဒါကို သေချာ သိထားရလိမ့်မယ်၊ မိန်းမတစ်ယောက် နှစ်ယောက်လောက်နဲ့တော့ ရဲ့ချန်ကို ကိုင်တွယ်ဖို့ လုံလောက်မှာ မဟုတ်ဘူး “ ချောင်ယမ်ယမ်က လင်းရို့ချီ၏နားရွက်နားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
လင်းရို့ချီ၏မျက်နှာက ပို၍ပင် ရဲပလောင်းခတ်သွားလေသည်။ ချောင်ယမ်ယမ်က ဤကဲ့သို့ ရှက်စရာကောင်းသည့် ကိစ္စများကို ပြောမည်ဟု သူမ လုံး၀ ထင်မထားခဲ့ချေ။
လင်းရို့ချီသည် ချောင်ယမ်ယမ်က အချိန်စောပြီး အရွယ်ရောက်နေကြောင်း ခံစားလိုက်ရသည်။ လင်းရို့ချီပင် ချောင်ယမ်ယမ်၏ ရှုပ်ထွေးခက်ခဲသော အတွေးအမြင်များကို လိုက်မမှီတော့ဘူး မဟုတ်လား။
ယင်းသည် ချောင်ယမ်ယမ်၏ သူတော်စင် ခန္ဓာကိုယ် နိုးထလာသောကြောင့် ဖြစ်နိုင်၏။ ယခုချိန်တွင် ရဲ့ချန်ပင် ချောင်ယမ်ယမ်၏ ရှုပ်ထွေးသော အတွေးများအား အကဲဖြတ်ရန် ခက်ခဲသွားမည် ဖြစ်သည်။
“ ကောင်မလေး … နင်က ဘယ်လိုဖြစ်လို့ ဒီလို ရှက်စရာကောင်းတဲ့ ဟာတွေကို လုပ်နေရတာလဲ “ လင်းရို့ချီသည် ချောင်ယမ်ယမ်က ရဲ့ချန်နှင့် ရှက်စရာကောင်းသည့် ကိစ္စများကို လုပ်နေသောကြောင့် မာန်မဲလိုက်သည်။
“ ယောက်ျားဖြစ်သူနဲ့ အဲလိုလုပ်တာက ဘာများဖြစ်လို့လဲ၊ အမသာ တစ်ကြိမ်လောက် မြည်းကြည့်ဖူးရင် သေချာတယ်၊ အမလည်း ရဲ့ချန်အနားက ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး “ ချောင်ယမ်ယမ်က စနောက်လိုက်သည်။
ထိုအချိန်တွင် လင်းရို့ချီတစ်ယောက် ချောင်ယမ်ယမ့်ကို နိုင်အောင် မပြောနိုင်တော့ပေ။ ချောင်ယမ်ယမ့်လို အိမ်ထောင်သည် အတွေးအမြင်မျိုး ရှိနေသည့် မိန်းကလေးတစ်ယောက်နှင့် စကားပြောရာတွင် သူမအတွက် အမှန်တကယ် ခက်ခဲနေပြီ မဟုတ်ပါလား။
ချောင်ယမ်ယမ်က ရဲ့ချန်၏ဖွားတော်ကြီး အရသာကို မြည်းစမ်းကြည့်ပြီးပြီ ဖြစ်သသည်။ အနမ်းပေးနေရင်း ခန္ဓာကိုယ်ကို ပွတ်သပ်ပေးမှုများကိုလည်း လက်တွေ့ ခံစားရပြီးပြီ ဖြစ်သည်။ ထို့ကြောင့် လင်းရို့ချီက ချောင်ယမ်ယမ်နှင့် ဝေးကွာနေဆဲသာ ရှိသေးသည်။
“ အဟွတ် … ယမ်ယမ်၊ စကားမစပ် ရဲ့ချန်က ဘယ်ကိုသွားနေတာလဲ၊ သူ့မှာ လုပ်စရာတစ်ခုခု ရှိလို့လား “ လင်းရို့ချီက မေးလိုက်သည်။
“ ညီမလည်း ရဲ့ချန် ဘယ်ကိုသွားတာလဲဆိုတာ မသိဘူး၊ ဒါပေမဲ့ သူ အဆင်ပြေနေမယ်လို့တော့ ညီမ ယုံကြည်ပါတယ်၊ ကမ္ဘာပေါ်မှာ ရဲ့ချန်ကို အန္တရာယ်ပေးနိုင်တဲ့အရာက လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ် “ ချောင်ယမ်ယမ်က ရဲ့ချန် မည်သည့်နေရာသို့ သွားမှန်း မသိပေ။ အမှန်စင်စစ် သူမလည်း ရဲ့ချန်၏အခြေအနေနှင့် ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေဆဲသာ။
ချောင်ယမ်ယမ်က ချူးယွဲ့ချန်ကို ရဲ့ချန် ဘယ်သွားမှန်း အကြိမ်ကြိမ် မေးမြန်းခဲ့ဖူး၏။ သို့သော် ချူးယွဲ့ချန်က ရဲ့ချန်နှင့်ပတ်သက်ပြီး မည်သည့်အရာမျှ မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူမက ယခု ရဲ့ချန် အဆင်ပြေပြေ ရှိနေကြောင်း၊ အရေးကြီးကိစ္စများ လုပ်နေသောကြောင့် မအားလပ်ကြောင်းသာ ပြောပြခဲ့၏။
Nt: ရဲ့ချန်က မအားလပ်နိုင်အောင် အလုပ်လုပ်နေတယ်လို့ ချူးယွဲ့ချန် ဆိုလိုတဲ့ ဆိုလိုရင်းကို ခင်ဗျားတို့ သဘောပေါက်မှာပါ။
ချောင်ယမ်ယမ်က ရဲ့ချန်ရှိနေသည့် နေရာကို မသိသောကြောင့် လင်းရို့ချီက ဆက်မမေးတော့ပေ။ “ ဒါနဲ့ ရဲ့ချန်မှာ မိန်းမ ဘယ်နယောက် ရှိလဲ “ လင်းရို့ချီက မေးလိုက်သည်။ ထိုမေးခွန်းနှင့် ပတ်သက်ပြီး သူမ၏စိတ်ထဲတွင် အလွန် ထူးဆန်းနေ၏။ ထို့ကြောင့် သူမ ရဲ့ချန်တွင် မိန်းမမည်မျှ ရှိမှန်း သိချင်စိတ် ဖြစ်လာ၏။
“ ရဲ့ချန်ရဲ့အိမ်မှာတော့ သုံးယောက်ရှိတယ်၊ အမရို့ချီကိုပါ ပေါင်းထည့်လိုက်မယ်ဆိုရင် စုစုပေါင်း ငါးယောက်ပေါ့ “ ချောင်ယမ်ယမ်က လက်ငါးချောင်းကို ဖြန့်ကားပြီး ထောင်ပြလိုက်သည်။
“ ငါးယောက် … “ လင်းရို့ချီသည် ရဲ့ချန်တွင် မိန်းမများ ထိုမျှ ရှိမည်ဟု မျှော်လင့်မထားချေ။ ရဲ့ချန်တွင် မိန်းမချောလေး ချောင်ယမ်ယမ် တစ်ယောက်လုံး ရှိနေပြီ မဟုတ်သည်လော။ သို့တိုင်အောင် အခြားမိန်းမများကို အဘယ်ကြောင့် ထပ်ရှာနေရသနည်း။
လင်းရို့ချီ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ ရဲ့ချန် ပြန်လာလျှင် ကျပ်ကျပ်မတ်မတ် ပညာပေးရမည်။
ချောင်ယမ်ယမ်က လင်းရို့ချီ မည်သို့ တွေးနေကြောင်း မသိပေ။ သူမသာ လင်းရို့ချီ၏အတွေများကို သိလျှင် သေချာပေါက် ရယ်မောနေမည် ဖြစ်၏။
“ အမရို့ချီ စားစရာတစ်ခုခု ချက်ကြရအောင်၊ အမရဲ့လက်ရာလေး မစားရတာ ကြာနေပြီ “ ချောင်ယမ်ယမ်က လင်းရို့ချီကို မီးဖိုချောင်ထဲ ခေါ်လိုက်သည်။
ထိုအဖြစ်အပျက် ပြီးနောက် လင်းရို့ချီ နှင့် ချောင်ယမ်ယမ်တို့၏ ဆက်ဆံရေးက ယခင်ကထက်ပင် နီးကပ်သွားတော့သည် မဟုတ်ပါလား။

***

Continue Reading

You'll Also Like

46.4K 754 11
This story is based on village story with lots of smut...
74.6K 1.9K 69
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...
126K 483 35
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...
96.6K 8.5K 53
What if Arnav gets a chance to rectify all his mistakes? What if he gets a chance to avoid such situations? What if he gets to know Khushi is his wou...