LOVER = LO$ER //Complete//

By Taro_Bao

47.3K 3.9K 57

"ဂိမ်းတစ်ခုလောက်ဆော့ကြမလား Jeon" "စိန်လိုက်လေ...." "ဂိမ္းတစ္ခုေလာက္ေဆာ့ၾကမလား Jeon" "စိန္လိုက္ေလ...." Start D... More

Prologue
Chapter I
Chapter II
Chapter III
Chapter IV
JFF
Chapter VI
Chapter VII
Chapter VIII
Chapter IX [Final]

Chapter V

3.5K 353 8
By Taro_Bao

မနက်မိုးလင်းတော့ အိပ်ရာနံဘေးကအေးစက်စက် ကြည့်ရတာတော့ ဂျီမင်ထသွားပြီထင်တယ် ။ အချိန်ကိုကြည့်တော့ မနက် ၈ နာရီ...ပထမဆုံးအလုပ်စ၀င်မယ့်ရက်မှာ မနောက်ကျချင်တာကြောင့် ခပ်သွက်သွက်ဘဲ ရေမိုးချိုးလိုက်တယ် ။ အကုန်ပြင်ဆင်ကာ နောက်ဆုံးတစ်ခေါက်မှန်ကြည့်ပြီး အခန်းထဲကထွက်လာတော့ တစ်အိမ်လုံးသူတစ်ယောက်ထဲခြောက်ကပ်ကပ် ။ မီးဖိုချောင်ရောက်တော့ အသင့်ပြင်ဆင်ထားတဲ့ နံနက်စာ ၊ နွားနို့ခွက်အောက်ကစာရွက်ကိုယူကြည့်လိုက်တော့ ပတ်ဂျီမင်လက်ရေးဖြစ်ဟန်တူတဲ့ ၀ိုင်းစက်စက်လက်ရေးလေး....

**ကိုယ်ဒီနေ့အရေးကြီး meeting တစ်ခုရှိလို့ မနက်စာပြင်ပေးခဲ့တယ် အေးတာမကြိုက်ရင်နွှေးစားနော် Have a nice day Jeon**

သူပြုံးမိသွားတယ်ထင်တယ် ။ မာမီဆုံးပြီးကတည်းစိတ်လွတ်လက်လွတ်ပြုံးမိတာဒါပထမဆုံး ဂျွန်အိမ်တော်မှာ သူ့အတွက်ဆိုပြီးဘာမှသီးသန့်မရှိခဲ့ပေမယ့် ပတ်ဂျီမင်နဲ့အတူနေတဲ့အိမ်မှာတော့ အရာရာဟာသူ့အတွက်သီးသန့် ။ အလောင်းအစားကိစ္စခေါင်းထဲရောက်လာတော့ လှောင်ပြုံးအဖြစ်ကူးပြောင်းသွားရပြန်တယ် ။ ပတ်ဂျီမင်ပြင်ပေးတဲ့မနက်စာကိုစားပြီး ကုမ္ပဏီကိုထွက်လာတော့ ၈:၄၅ ။ အင်း....အလုပ်သင်အနေနဲ့စ၀င်ပြီး ၃ လကြာရင်မန်နေဂျာချုပ်ရာထူးပေးမယ်ပြောထားတဲ့ ဒယ်ဒီ့ကြောင့်သူဟာအခုချိန်မှာအလုပ်သင် ။ အပြန်အလှန်အနေနဲ့သူဟာ ဥက္ကဌသားဖြစ်ကြောင်း ရေငုံနှုတ်ပိတ်နေရမည် ။

မိသားစုပိုင်ကုမ္ပဏီကိုကြည့်တော့ခမ်းခမ်းနားနား ။ ညှပ်ထားတဲ့ဆံပင်တွေကို ဂျယ်နဲ့သပ်တင်ထားပြီး လောလောလတ်လတ်ဖောက်ထားတဲ့ မျက်ခုံးက piercing ကသူနဲ့လိုက်ဖက်စွာတည်ရှိလျက် ။ တံတောင်ထိခေါက်တင်ထားတဲ့ ရှပ်အင်္ကျီအောက်ပေါ်ထွက်လာတဲ့ တက်တူးတွေနဲ့အကြောစိမ်းစိမ်းလက်တစ်စုံဟာ မိန်းကလေးတချို့အဖို့ ထိုလူသားအောက်ရူးပစ်ချင်စရာကောင်းလောက်အောင် ညှို့ချက်တွေ ။ သို့သော်အခုချိန်မှာသူဟာအိမ်ထောင်သည် စောင့်ထိန်းသင့်တဲ့စည်းတွေရှိတယ်ဆိုတာ သူဟာသိပြီးသား ။ သူတာ၀န်ကျတဲ့ဌာနဆီသွားတော့ အကုန်လုံးကနွေးနွေးထွေးထွေးကြိုဆိုလျက်....ထိုထဲကသူ့ကိုတပ်မက်တဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့မျက်၀န်းတစ်စုံကို သူသတိမမူမိချေ ။

"ကဲ....ဒါငါတို့ဌာနကိုအလုပ်သင်အနေနဲ့အသစ်ရောက်လာတဲ့ ဂျွန်ဂျောင်ဂု ။ နှုတ်ဆက်လိုက်ကြပါဦး"

"တွေ့ရတာ၀မ်းသာပါတယ် ဂျွန်ဂျောင်ဂုပါ ။ ရှေ့လျှောက်တူတူလက်တွဲအလုပ်လုပ်ကြရအောင်"

"အား...ချောလိုက်တာ ကြွေပါပြီ"

"လုံး၀ငါ့ type"

တစ်မျိုးတစ်ဖုံပြောနေကြတဲ့စကားသံတွေကကျယ်ကျယ်လောင်လောင်

"ဂျောင်ဂုမှာရည်းစားရှိလား"

"ကျွန်တော်အိမ်ထောင်သည်ပါခင်ဗျ"

"ငယ်ငယ်လေးနဲ့နှမြောစရာ..."

စသည်ဖြင့်စိတ်ပျက်လက်ပျက်အသံများထွက်ပေါ်လာသည်ကို ဟန့်တားသည့်အနေဖြင့် ဌာနမှူးမှ

"ဂျောင်ဂု မင်းနေရာကဟိုနားမှာ မသိတာရှိရင်မေးလို့ရတယ်"

"ဒါဆိုခွင့်ပြုပါဦး"

သူ့နေရာမှာ၀င်ထိုင်ပြီးအလုပ်လုပ်နေလိုက်တာ နေ့လယ်စာစားချိန်ရောက်လို့ ဌာနတူစီနီယာတွေသတိပေးမှသတိရတဲ့အဖြစ်

"ဟေ့ အလုပ်သင်လေးကြိုးစားလှချည်လား"

"နေ့လယ်စာသွားစားရအောင်"

"နေပါစေ အစ်မချယ်ဟီး ကျွန်တော်ဒါလေးလက်စသတ်ပြီးမှဘဲစားတော့မယ်"

"အခုမှပထမရက်ဘဲရှိသေးတယ် အလုပ်သင်လေးကတော့အမှတ်တွေယူနေပြီဟေ့"

အသီးသီးထွက်သွားကြတဲ့သူတွေကြား ကျန်ခဲ့တာဆိုလို့သူတစ်ယောက်တည်း စာရင်းတွေကိုအာရုံစိုက်နေတဲ့အချိန် ခုံပေါ်ရောက်လာတဲ့ ကော်ဖီတစ်ခွက်

"ကျွန်မနာမည်က ရှင်းဂျီအွန်းပါ"

"ဂျွန်ဂျောင်ဂုပါ"

"ဘာမှထမစားတာတွေ့လို့ တို့ကကော်ဖီ၀ယ်လာပေးလိုက်တာ"

"ကျေးဇူးပါ ရှင်းဂျီအွန်းရှီး"

"ဂျီအွန်းလို့ခေါ်လို့ရပါတယ် ဂျောင်ဂု"

"ဒါဆိုနောက်မှမိတ်ဆက်လို့ရမလား ကျွန်တော်စာရင်းတွေလက်စသတ်စရာရှိသေးတယ်"

"အနှောင့်အယှက်ဖြစ်သွားရင်ဆောရီး မရည်ရွယ်ပါဘူး"

"ဒါဆို တို့ကိုခွင့်ပြုဦး"

ခေါင်းတစ်ချက်ငြိတ်ပြလိုက်ပြီး စာရင်းကိုသာပြန်အာရုံစိုက်လိုက်တယ် ။ ရှုပ်ရှုပ်ရှက်ရှက် ချောတာတွေ့တာနဲ့ အိမ်ထောင်သည်တောင်မရှောင် အရော၀င်နေလိုက်ကြတာ ထိုစဥ်ဖုန်းထဲ၀င်လာတဲ့ message တစ်စောင် ၊ နာမည်ကိုကြည့်လိုက်တော့ဂျီမင်ဆီက

**ပထမဆုံးရုံးတက်ရက်အတွက်ဂုဏ်ပြုပါတယ် ။**

သူကိုယ်တိုင်တောင်သတိမထားမိဘဲပြုံးမိသွားပြန်တယ် ။ စာလေးတစ်ကြောင်းကြောင့်ပြုံးမိဖို့လိုလို့လားဆိုတဲ့ အဖြေဆိုမရှာချင်သလိုမရှာခဲ့ ။ သူ့ကိုကြည့်နေတဲ့တစ်စုံတစ်ယောက်ကတော့

"ရှင်ကမက်မောစရာဘဲ ဘာဘဲဖြစ်ဖြစ်နေနေ ဂျွန်ဂျောင်ဂုက နောက်ဆုံးမှာငါ့အပိုင်ဘဲဖြစ်ရမယ်"
_____________

"ဂျီမင်ဒီတိုင်းဘဲဆက်နေသွားတော့မှာလား"

"မျှော်လင့်ချက်တောင်မရှိတော့တာကိုဘာကိုဆက်မျှော်လင့်နေရမှာလဲ"

"ဟိုကောင်လေးရောသိလား"

"သူလား ။ သူသိဖို့မလိုပါဘူး"

"သေချာစဥ်းစားပါဦး"

"ကျွန်တော်ကဆုံးဖြတ်ပြီးရင်မပြင်တတ်တာ သိတယ်မလား ။ ဖြောင်းဖြလည်းအပိုဘဲ"

"ခေါင်းမာလိုက်တာ ပတ်ဂျီမင်ရာ"

"သနားသလိုလာမကြည့်နဲ့ Hyung ။ ဒါကျွန်တော်ရွေးချယ်ထားတာ"

"ဒါပေမယ့်...."

"ဒါဘဲဆက်ပြောနေမယ်ဆိုသွားတော့မယ် ။ ဒယ်ဒီတောင်ပြောမရတော့လို့ ဒီတိုင်းထားထားတာလေ hyung ရယ်"

"မင်းအခြေအနေက...."

"သိတယ် သိတာမလို့ထပ်မပြောနဲ့တော့ ။ ဒီကိစ္စဂျောင်ဂုမသိစေနဲ့ သိသွားလို့ကတော့ hyung နဲ့ ကျွန်တော်အပြတ်ဘဲ"

"အဲ့ကလေးကိုအဲ့လောက်တောင်ချစ်တာလား ဂျီမင်"

"သိသာနေတာလား"

"သူ့အကြောင်းပြောရင် မင်းမျက်လုံးကအချစ်တွေလျှံထွက်မတက်ဖြစ်နေတာမသိစရာလား"

"ရယ်တော့ရယ်ရသား hyung တို့ကသိနေတာတောင် ကောင်ဆိုးလေးကမသိဘူး hyung ရဲ့"

"တစ်နေ့နေ့တော့မြင်လာမှာပါကွာ"

"ကျွန်တော်မရှိတော့မှလား"

"နမိတ်မရှိတာတွေလျှောက်မပြောနဲ့စမ်း"

"ဟားဟား....စတာပါ hyung ရာ ဒါဘဲမလား ပြန်တော့မယ်"

"ဂရုစိုက်နော်ဂျီမင် ၁ ပတ် ၁ ခါမှန်မှန်လာ"

"နားလည်ပြီ ဒါဆိုသွားပြီ hyung"

-Jkori

မနက္မိုးလင္းေတာ့ အိပ္ရာနံေဘးကေအးစက္စက္ ၾကည့္ရတာေတာ့ ဂ်ီမင္ထသြားၿပီထင္တယ္ ။ အခ်ိန္ကိုၾကည့္ေတာ့ မနက္ ၈ နာရီ...ပထမဆုံးအလုပ္စဝင္မယ့္ရက္မွာ မေနာက္က်ခ်င္တာေၾကာင့္ ခပ္သြက္သြက္ဘဲ ေရမိုးခ်ိဳးလိုက္တယ္ ။ အကုန္ျပင္ဆင္ကာ ေနာက္ဆုံးတစ္ေခါက္မွန္ၾကည့္ၿပီး အခန္းထဲကထြက္လာေတာ့ တစ္အိမ္လုံးသူတစ္ေယာက္ထဲေျခာက္ကပ္ကပ္ ။ မီးဖိုေခ်ာင္ေရာက္ေတာ့ အသင့္ျပင္ဆင္ထားတဲ့ နံနက္စာ ၊ ႏြားႏို႔ခြက္ေအာက္ကစာ႐ြက္ကိုယူၾကည့္လိုက္ေတာ့ ပတ္ဂ်ီမင္လက္ေရးျဖစ္ဟန္တူတဲ့ ဝိုင္းစက္စက္လက္ေရးေလး....

**ကိုယ္ဒီေန႔အေရးႀကီး meeting တစ္ခုရွိလို႔ မနက္စာျပင္ေပးခဲ့တယ္ ေအးတာမႀကိဳက္ရင္ေႏႊးစားေနာ္ Have a nice day Jeon**

သူၿပဳံးမိသြားတယ္ထင္တယ္ ။ မာမီဆုံးၿပီးကတည္းစိတ္လြတ္လက္လြတ္ၿပဳံးမိတာဒါပထမဆုံး ဂြၽန္အိမ္ေတာ္မွာ သူ႔အတြက္ဆိုၿပီးဘာမွသီးသန႔္မရွိခဲ့ေပမယ့္ ပတ္ဂ်ီမင္နဲ႔အတူေနတဲ့အိမ္မွာေတာ့ အရာရာဟာသူ႔အတြက္သီးသန႔္ ။ အေလာင္းအစားကိစၥေခါင္းထဲေရာက္လာေတာ့ ေလွာင္ၿပဳံးအျဖစ္ကူးေျပာင္းသြားရျပန္တယ္ ။ ပတ္ဂ်ီမင္ျပင္ေပးတဲ့မနက္စာကိုစားၿပီး ကုမၸဏီကိုထြက္လာေတာ့ ၈:၄၅ ။ အင္း....အလုပ္သင္အေနနဲ႔စဝင္ၿပီး ၃ လၾကာရင္မန္ေနဂ်ာခ်ဳပ္ရာထူးေပးမယ္ေျပာထားတဲ့ ဒယ္ဒီ့ေၾကာင့္သူဟာအခုခ်ိန္မွာအလုပ္သင္ ။ အျပန္အလွန္အေနနဲ႔သူဟာ ဥကၠဌသားျဖစ္ေၾကာင္း ေရငုံႏႈတ္ပိတ္ေနရမည္ ။

မိသားစုပိုင္ကုမၸဏီကိုၾကည့္ေတာ့ခမ္းခမ္းနားနား ။ ညႇပ္ထားတဲ့ဆံပင္ေတြကို ဂ်ယ္နဲ႔သပ္တင္ထားၿပီး ေလာေလာလတ္လတ္ေဖာက္ထားတဲ့ မ်က္ခုံးက piercing ကသူနဲ႔လိုက္ဖက္စြာတည္ရွိလ်က္ ။ တံေတာင္ထိေခါက္တင္ထားတဲ့ ရွပ္အက်ႌေအာက္ေပၚထြက္လာတဲ့ တက္တူးေတြနဲ႔အေၾကာစိမ္းစိမ္းလက္တစ္စုံဟာ မိန္းကေလးတခ်ိဳ႕အဖို႔ ထိုလူသား
ေအာက္႐ူးပစ္ခ်င္စရာေကာင္းေလာက္ေအာင္ ညႇိဳ႕ခ်က္ေတြ ။ သို႔ေသာ္အခုခ်ိန္မွာသူဟာအိမ္ေထာင္သည္ ေစာင့္ထိန္းသင့္တဲ့စည္းေတြရွိတယ္ဆိုတာ သူဟာသိၿပီးသား ။ သူတာဝန္က်တဲ့ဌာနဆီသြားေတာ့ အကုန္လုံးကေႏြးေႏြးေထြးေထြးႀကိဳဆိုလ်က္....ထိုထဲကသူ႔ကိုတပ္မက္တဲ့အၾကည့္ေတြနဲ႔ ၾကည့္ေနတဲ့မ်က္ဝန္းတစ္စုံကို သူသတိမမူမိေခ် ။

"ကဲ....ဒါငါတို႔ဌာနကိုအလုပ္သင္အေနနဲ႔အသစ္ေရာက္လာတဲ့ ဂြၽန္ေဂ်ာင္ဂု ။ ႏႈတ္ဆက္လိုက္ၾကပါဦး"

"ေတြ႕ရတာဝမ္းသာပါတယ္ ဂြၽန္ေဂ်ာင္ဂုပါ ။ ေရွ႕ေလွ်ာက္တူတူလက္တြဲအလုပ္လုပ္ၾကရေအာင္"

"အား...ေခ်ာလိုက္တာ ေႂကြပါၿပီ"

"လုံးဝငါ့ type"

တစ္မ်ိဳးတစ္ဖုံေျပာေနၾကတဲ့စကားသံေတြကက်ယ္က်ယ္ေလာင္ေလာင္

"ေဂ်ာင္ဂုမွာရည္းစားရွိလား"

"ကြၽန္ေတာ္အိမ္ေထာင္သည္ပါခင္ဗ်"

"ငယ္ငယ္ေလးနဲ႔ႏွေျမာစရာ..."

စသည္ျဖင့္စိတ္ပ်က္လက္ပ်က္အသံမ်ားထြက္ေပၚလာသည္ကို ဟန႔္တားသည့္အေနျဖင့္ ဌာနမႉးမွ

"ေဂ်ာင္ဂု မင္းေနရာကဟိုနားမွာ မသိတာရွိရင္ေမးလို႔ရတယ္"

"ဒါဆိုခြင့္ျပဳပါဦး"

သူ႔ေနရာမွာဝင္ထိုင္ၿပီးအလုပ္လုပ္ေနလိုက္တာ ေန႔လယ္စာစားခ်ိန္ေရာက္လို႔ ဌာနတူစီနီယာေတြသတိေပးမွသတိရတဲ့အျဖစ္

"ေဟ့ အလုပ္သင္ေလးႀကိဳးစားလွခ်ည္လား"

"ေန႔လယ္စာသြားစားရေအာင္"

"ေနပါေစ အစ္မခ်ယ္ဟီး ကြၽန္ေတာ္ဒါေလးလက္စသတ္ၿပီးမွဘဲစားေတာ့မယ္"

"အခုမွပထမရက္ဘဲရွိေသးတယ္ အလုပ္သင္ေလးကေတာ့အမွတ္ေတြယူေနၿပီေဟ့"

အသီးသီးထြက္သြားၾကတဲ့သူေတြၾကား က်န္ခဲ့တာဆိုလို႔သူတစ္ေယာက္တည္း စာရင္းေတြကိုအာ႐ုံစိုက္ေနတဲ့အခ်ိန္ ခုံေပၚေရာက္လာတဲ့ ေကာ္ဖီတစ္ခြက္

"ကြၽန္မနာမည္က ရွင္းဂ်ီအြန္းပါ"

"ဂြၽန္ေဂ်ာင္ဂုပါ"

"ဘာမွထမစားတာေတြ႕လို႔ တို႔ကေကာ္ဖီဝယ္လာေပးလိုက္တာ"

"ေက်းဇူးပါ ရွင္းဂ်ီအြန္းရွီး"

"ဂ်ီအြန္းလို႔ေခၚလို႔ရပါတယ္ ေဂ်ာင္ဂု"

"ဒါဆိုေနာက္မွမိတ္ဆက္လို႔ရမလား ကြၽန္ေတာ္စာရင္းေတြလက္စသတ္စရာရွိေသးတယ္"

"အေႏွာင့္အယွက္ျဖစ္သြားရင္ေဆာရီး မရည္႐ြယ္ပါဘူး"

"ဒါဆို တို႔ကိုခြင့္ျပဳဦး"

ေခါင္းတစ္ခ်က္ၿငိတ္ျပလိုက္ၿပီး စာရင္းကိုသာျပန္အာ႐ုံစိုက္လိုက္တယ္ ။ ရႈပ္ရႈပ္ရွက္ရွက္ ေခ်ာတာေတြ႕တာနဲ႔ အိမ္ေထာင္သည္ေတာင္မေရွာင္ အေရာဝင္ေနလိုက္ၾကတာ ထိုစဥ္ဖုန္းထဲဝင္လာတဲ့ message တစ္ေစာင္ ၊ နာမည္ကိုၾကည့္လိုက္ေတာ့ဂ်ီမင္ဆီက

**ပထမဆုံး႐ုံးတက္ရက္အတြက္ဂုဏ္ျပဳပါတယ္ ။**

သူကိုယ္တိုင္ေတာင္သတိမထားမိဘဲၿပဳံးမိသြားျပန္တယ္ ။ စာေလးတစ္ေၾကာင္းေၾကာင့္ၿပဳံးမိဖို႔လိုလို႔လားဆိုတဲ့ အေျဖဆိုမရွာခ်င္သလိုမရွာခဲ့ ။ သူ႔ကိုၾကည့္ေနတဲ့တစ္စုံတစ္ေယာက္ကေတာ့

"ရွင္ကမက္ေမာစရာဘဲ ဘာဘဲျဖစ္ျဖစ္ေနေန ဂြၽန္ေဂ်ာင္ဂုက ေနာက္ဆုံးမွာငါ့အပိုင္ဘဲျဖစ္ရမယ္"
_____________

"ဂ်ီမင္ဒီတိုင္းဘဲဆက္ေနသြားေတာ့မွာလား"

"ေမွ်ာ္လင့္ခ်က္ေတာင္မရွိေတာ့တာကိုဘာကိုဆက္ေမွ်ာ္လင့္ေနရမွာလဲ"

"ဟိုေကာင္ေလးေရာသိလား"

"သူလား ။ သူသိဖို႔မလိုပါဘူး"

"ေသခ်ာစဥ္းစားပါဦး"

"ကြၽန္ေတာ္ကဆုံးျဖတ္ၿပီးရင္မျပင္တတ္တာ သိတယ္မလား ။ ေျဖာင္းျဖလည္းအပိုဘဲ"

"ေခါင္းမာလိုက္တာ ပတ္ဂ်ီမင္ရာ"

"သနားသလိုလာမၾကည့္နဲ႔ Hyung ။ ဒါကြၽန္ေတာ္ေ႐ြးခ်ယ္ထားတာ"

"ဒါေပမယ့္...."

"ဒါဘဲဆက္ေျပာေနမယ္ဆိုသြားေတာ့မယ္ ။ ဒယ္ဒီေတာင္ေျပာမရေတာ့လို႔ ဒီတိုင္းထားထားတာေလ hyung ရယ္"

"မင္းအေျခအေနက...."

"သိတယ္ သိတာမလို႔ထပ္မေျပာနဲ႔ေတာ့ ။ ဒီကိစၥေဂ်ာင္ဂုမသိေစနဲ႔ သိသြားလို႔ကေတာ့ hyung နဲ႔ ကြၽန္ေတာ္အျပတ္ဘဲ"

"အဲ့ကေလးကိုအဲ့ေလာက္ေတာင္ခ်စ္တာလား ဂ်ီမင္"

"သိသာေနတာလား"

"သူ႔အေၾကာင္းေျပာရင္ မင္းမ်က္လုံးကအခ်စ္ေတြလွ်ံထြက္မတက္ျဖစ္ေနတာမသိစရာလား"

"ရယ္ေတာ့ရယ္ရသား hyung တို႔ကသိေနတာေတာင္ ေကာင္ဆိုးေလးကမသိဘူး hyung ရဲ႕"

"တစ္ေန႔ေန႔ေတာ့ျမင္လာမွာပါကြာ"

"ကြၽန္ေတာ္မရွိေတာ့မွလား"

"နမိတ္မရွိတာေတြေလွ်ာက္မေျပာနဲ႔စမ္း"

"ဟားဟား....စတာပါ hyung ရာ ဒါဘဲမလား ျပန္ေတာ့မယ္"

"ဂ႐ုစိုက္ေနာ္ဂ်ီမင္ ၁ ပတ္ ၁ ခါမွန္မွန္လာ"

"နားလည္ၿပီ ဒါဆိုသြားၿပီ hyung"

-Jkori

Continue Reading

You'll Also Like

61.3K 5K 19
မင်းရဲ့ ဆံချည်မျှင်လေးကအစ မုန်းတာ...မင်းရဲ့ အရာရာကို...မုန်းတာ....မင်းရဲ့အရင်လူဆိုတာကိုပါ မုန်းတာ... ...
134K 12.2K 30
JJK 💫PJM 🌫️Own Creation🌫️ Start ★10.12.2020★ End ★13.4.2021★
48.6K 2.8K 18
‌မောင်သေချာစဉ်းစားနော်... မင်စိတ်ဆိုးမှချော့တာထက် မင်စိတ်မဆိုးခင်အလိုလိုက် ပေးလိုက်ရင် မင့်အတွက်ရော မောင့်အတွက်ရော ပိုပြီးအဆင်မပြေ‌ပေဘူးလား...
614K 9.6K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...