( သူကြီးသမက် ) Completed
By GeGeDiDimimi
1.6M 125K 2.5K
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡ More
ပြန်တင်ခြင်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
[ 27 ]
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
[ 25 ]
[ 26 ]
[ 28 ]
[ 29 ]
[ 30 ]
[ 31 ]
[ 32 ]
[ 33 ]
[ 34 ]
[ 35 ]
[ 36 ]
[ 37 ]
[ 38 ]
END - [ 39 ]
Extra
[ 18 ]
35.3K 2.9K 29
By GeGeDiDimimi
[ သူကြီးသမက် ]
ဆူညံနေတဲ့ကာလသားအဖွဲ့တွေကလူပျိုခေါင်းကိုစံပါဦးဆောင်ပြီး မင်္ဂလာမဏ္ဍပ်ထိုးနေကြသည်။
အပျိုအဖွဲ့ကတော့ အပျိုခေါင်းအပျိုကြီးမမသဇင်ဦးဆောင်လို့ ပန်းအလှဖဲကြိုးအလှတွေမဏ္ဍပ်ကိုလိုက်ဆင်နေသလို ရိုးနဲ့အရိပ်ရဲ့နာမည်အလှပန်းစာလုံးတွေလဲမဏ္ဍပ်မှာချိတ်ရန်ဖောက်နေကြသည်။
ရွာထဲကဦးလေးကြီးအန်တီကြီးတွေကတော့အချက်ပြုတ်တာဝန်ယူ၍ ကြက်တွန်အခွံနွှာသူကနွှာ ငါးကြော်ချက်ရန်ငါးကြော်သူကကြော် ဝက်သားရေဆေးသူကဆေးမနက်စောစောထထမင်းပေါင်းရန်ဆန်အိတ်တွေစစ်သူကစစ်နဲ့ရိုးတို့ခြံဝင်းထဲမှာသူ့နေရာနဲ့သူတာဝန်ကိုယ်စီအလုပ်ရှုပ်နေကြပြီးပင်ပန်းပေမဲ့ အပြုံးပန်းကိုယ်စီဖူးပွင့်နေကြသည်။
သူကြီးကတော်ရွာထဲကအရီးတို့အဖွဲ့နဲ့ကြက်သွန်းအခွံနွှာနေရင်းနေ မဏ္ဍပ်ထဲမှာယောကျ်ားလုပ်သူငရိုးကခုံနဲ့အပေါ်ကိုတက်ပြီးတိုင်မှာကြိုးချည်နေတာကိုအောက်ကနေခုံမလဲအောင်ထိန်းပေးနေတဲ့သားလုပ်သူကိုကြည့်၍ အော်ကာလှမ်းမေးလိုက်သည်။
" သားမနက်ကျမင်္ဂလာဆွမ်းကိုအာရုံဆွမ်းကပ်ဖို့ ဘုန်းကြီးကိုလျှောက်ထားပြီလား "
" မလျှောက်ရသေးဘူးမေမေ "
" ဒါဆိုသွားလျှောက်ထားရအောင် မနက်အာရုံဆွမ်းကိုမင်္ဂလာဆွမ်းကပ်မယ်လို့ "
" ဟုတ် မေမေသားလိုက်ခဲ့ရဦးမှာလား "
" လိုက်ရမှာပေါ့ "
အရိပ်မေမေစကားကြောင့် ရိုးကိုကြည့်လိုက်၍။
" ရိုးပါလိုက်ခဲ့သွားကြရအောင် "
ရိုးမဏ္ဍပ်တိုင်မှာဖဲစတွေချည်ခြင်းကိုလက်စသတ်လိုက်၍ ခုံပေါ်ကနေမြေပြင်ကိုဆင်းလိုက်ကာ။
" အရိပ်တို့သားမိပဲသွားလျှောက်လိုက်တော့လေ ကိုယ့်ဒီမှာလိုအပ်တာတွေကူရင်းနေခဲ့တော့မယ် "
" အင်း ဒါဆိုအရိပ်မေမေနဲ့ပဲရွာဦးဘုန်းဘုန်းကိုသွားလျှောက်လိုက်တော့မယ် "
အရိပ်ရိုးကိုပြော၍။
" မေမေသွားရအောင် "
" အေးနေဦး နင့်အဖေပါခေါ်ခဲ့ရအောင် သူ့ကလူကြီးဆိုတော့ ဘုန်းဘုန်းကိုသူ့ကိုယ်တိုင်လျှောက်တာပိုကောင်းတယ် "
သူကြီးကတော်ဒေါ်ခင်ရိပ်သားလုပ်သူကိုပြောလိုက်၍ ယောကျ်ားလုပ်သူကိုရှာလိုက်တော့ တွေ့ပါပြီ ဟိုနားယောင်ယောင် ဒီနားယောင်ယောင်ရပ်လိုက် ရေနွေးကြမ်းလေးသွားထိုင်သောက်လိုက်လုပ်နေတဲ့ သူကြီးဦးနွေအောင်ကို။
" ကိုနွေအောင် ကျုပ်တို့နဲ့ရွာဦးကျောင်းကိုလိုက်ခဲ့ဦး မနက်အာရုံဆွမ်းကပ်ဖို့ သွားလျှောက်မလို့ "
မိန်းမလုပ်သူအပြောကြောင့် ဦးနွေအောင်လက်ထဲကရေနွေးကြမ်းခွက်ကိုမော့သောက်လိုက်၍ ကွပ်ပျစ်ပေါ်ထိုင်နေရာကထလိုက်ကာလိုက်လာခဲ့ရသည်။
တစ်ရွာလုံးကိုအုပ်ချုပ်နေတဲ့သူကြီးဆိုပေမဲ့ သူကြီးဦးနွေအောင်ကိုပြန်အုပ်ချုပ်သူကတော့ သူကြီးကတော်ဆိုတာတစ်ရွာလုံးကသိကြသည်။
အရိပ်တို့ထွက်သွားမှ ရိုးလက်ထဲမှာဖဲစတွေချည်ဖို့ကိုင်ထားရင်းလူပျိုအဖွဲ့တွေအတွက်တည်ထားတဲ့ ဆေးလိပ်ဗန်းနားကပ်လာကာဆေးလိပ်တစ်လိပ်ယူသောက်လိုက်သည်။
" ဟား , ဟား ငရိုးတို့များအခုကြတော့ဆေးလိပ်လေးတစ်လိပ်သောက်ရဖို့ကိုယောကျ်ားအလစ်မှခိုးသောက်နေရပြီ "
" ဟား , ဟား "
အောင်သက်ရဲ့လှောင်ပြောင်စကားကြောင့် လူပျိုအဖွဲ့တင်မကပန်းအလှဆင်နေကြတဲ့အပျိုအဖွဲ့ကပါတခစ်ခစ်နဲရယ်လာကြတော့ မဏ္ဍပ်ထဲမှာရိုးကိုလှောင်ပြောင်ရယ်နေကြတာကဆူညံစွာထွက်ပေါ်လာသည်။
" ကိုကြီးရိုး ဆေးလိပ်ခိုးသောက်တာ ကိုကိုနဲ့တိုင်ပြောမယ် ခစ်ခစ် "
နှင်းနုကပါပန်းအလှတွေထိုးရင်း ရိုးကိုစနောက်လာတော့ ရိုးပြုံးလိုက်၍။
" လုပ်လိုက်လေ ဒါဆိုငါ့လည်းနင့်အောင်သက်နဲ့ကြိုက်နေပါတယ်ဆိုတာကို အရိပ်ကိုပြောပြလိုက်မယ်လေ ဘယ်လိုလဲ သဘောတူလား "
" ဟာ , အဲကိုကြီးရိုးကဘာမှန်းလဲမသိဘူး "
နှင်းနုကရိုးစကားကြောင့်ရှက်သွားပြီးမျက်နှာပန်းရောင်စွာဘာစကားမှမဆိုတော့ပဲသူ့အလုပ်သူဆက်လုပ်နေ၏ သူ့ဘေးကသူငယ်ချင်းအပျိုမအဖွဲ့ကလဲနှင်းနုနဲ့အောင်သက်ကိုဝိုင်းစနေကြသည်။
" ဟေ့ , ငါ့တို့တော့ပွဲဆက်တော့မယ်ထင်တယ်ဟေ့ ကိုကြီးရိုးနဲ့ကိုကြီးအရိပ်တို့ပြီးရင်ကိုကြီးအောင်သက်နဲ့တို့သူငယ်ချင်းမလေးနှင်းနု "
" ဟာ ၊ နင့်တို့နော် ငါ့စိတ်တိုလာပြီး မစကြနဲ့တော့လို့ !"
နှင်းနုသူ့ကိုစနေတဲ့ပန်းဝါတို့အဖွဲ့ကိုစိတ်ဆိုးသလိုအော်လိုက်ပေမဲ့ မျက်နှာထပ်မှာတော့ကျေနပ်စွာ ရှက်ပြုံးလေးများကဖူးပွင့်လျက်။
" ဟေ့ကောင် မမက ဆေးလိပ်သောက်ပြီးရင်းလဲ လှေကားလာထိန်းပေးထားဦး ငါ့အပေါ်တက်ချိတ်မလို့ !"
အောင်သက်ကသူ့လက်ထဲမှာဖဲပြာအဝါရောင်ကိုကိုင်ထား၍ ဆေးလိပ်ရပ်သောက်နေတဲ့ရိုးကိုကြည့်ကာအော်ပြောလာတော့။
" မင်းမေယဥကို မမကလား !"
" ငါ့အမေမှာယဥမပါဘူး မင်းအဖေမှာပဲပါတာ လာစမ်းပါ မမကရာ အမှန်တရားခေါ်တာကို "
" ယီး "
ရိုးစိတ်တိုတိုနဲ့အောင်သက်ကိုဆဲလိုက်တော့။
" ဪ , မှားလို့ မှားလို့ မင်းကမမကမဟုတ်ဘူး ယောကျ်ားကြောက်ရတာဆိုတော့ ယကက ဟား , ဟား၊"
ခုနကနှင်းနုကိုစလိုက်တဲ့ ရိုးကိုအောင်သက်ကသက်သက်မဲ့လိုက်ဖဲ့နေတာဖြစ်သလို မဏ္ဍပ်ထဲရှိလူပျိုတွေအပျိုတွေရဲ့ရယ်မောနေသံတွေကဆူညံနေသလို အချက်ပြုတ်ပိုင်းကဦးလေးတွေအန်တီတွေကလဲ မဏ္ဍပ်ထဲကလူငယ်တွေကိုကြည့်ကာ သူတို့ရဲ့ငယ်ဘဝကိုပြန်အောင့်မေ့သတိရသွားမိကြပြန်သည်။
ဒီလိုနဲ့သူ့အလုပ်ကိုယ့်အလုပ်တွေအားလုံးပြင်ဆင်ပြီးချိန်မှာတော့ ညနေသုံးနာရီတောင်ထိုးနေပြီဖြစ်၏ လူပျိုအပျိုတွေပြန်သွားကြပေမဲ့ အချက်ပြုတ်တွေကတော့ မနက်လေးနာရီထချက်ကြမှမို့အဆင်သင့်ဖြစ်ရန်ပြင်ဆင်နေကြတုန်းဖြစ်သည်။
ညဘက်ရောက်တော့ အားလုံးပြန်သွားကြချိန် ရိုးဖေဖေဦးရိုးဟန်က ရိုးနဲ့အရိပ်ကိုပြောစရာရှိတယ်ဆိုတာကြောင့် အိပ်ခန်းထဲမဝင်သေးပဲဘုရားခန်းရှေ့ကြမ်းပြင်ပေါ်မှာခင်းထားတဲ့သင်ဖြူးဖျာပေါ်မှာ ရိုးနဲ့အရိပ်ဝင်ထိုင်လိုက်ကြသည်။
" အဖေဘာပြောမလို့လဲ "
" အဟမ် , ငါ့ပြောမှာက မင်းတို့နှစ်ယောက်ကိုမင်္ဂလာလက်ဖွဲ့အဖြစ်စီးပွားခွဲပေးမလို့ "
ဦးရိုးဟန်စကားကြောင့် အရိပ်ရိုးကိုကြည့်လိုက်တော့ ရိုးလည်းသူ့အဖေကိုကြည့်လိုက်၍။
" ဘာစီးပွားခွဲပေးမှာလဲ အဖေ "
" ဘာစီးပွားရမှာလဲ ငါ့မှာရှိတဲ့ အင်းနဲ့လယ်ယာမြေတွေပေါ့ မင်းကဘယ်ဟာများရချင်သေးလို့လဲ !"
" မသိလို့မေးတာကို အဖေကလဲ သားကလယ်ယာမလုပ်ချင်ဘူး အင်းပဲပေး "
ဦးရိုးဟန်သားလုပ်သူစကားကြောင့် အမြင်ကပ်လွန်းစွာတစ်ချက်ကြည့်လိုက်ပြီး သားသမက်ဖြစ်သူအရိပ်ကိုတော့အပြုံးလေးနဲ့ကြည့်လိုက်ကာ။
" ဦးမှာကအင်းတစ်ခုနဲ့လယ်ယာမြေအကျယ်ကရှစ်ကွက်ရှိတယ် အခုအင်းကတော့ငရိုးကဦးစီးလုပ်နေတာဆိုတော့ အဲအင်းရယ် လယ်ယာရှစ်ကွက်ထဲက လေးကွက်ရယ်ကို မင်းတို့နှစ်ယောက်အတွက်မင်္ဂလာလက်ဖွဲ့အဖြစ်ပေးမယ် အဲဒီကရတဲ့ပိုက်ဆံမင်းတို့ဘာသာယူစုကြပေါ့ ကျန်တဲ့လယ်ယာလေးကွက်ကတော့ ငါ့ရွာထဲကလူတွေငှားပြီး ရတဲ့ပိုက်ဆံလေးနဲ့လှူရတန်းရဦးမယ် မင်းတို့လယ်ယာကွက်လဲ ငရိုးကမလုပ်ချင်ဘူးဆို ရွာထဲက
လယ်ယာမရှိတဲ့သူတွေကိုငှားစားပေါ့ "
အရိပ် ဦးရိုးစကားကြောင့်ပြုံးလိုက်၍။
" သူများကိုငှားရင်း ပိုက်ဆံနည်းနည်းပဲငှားခရမှာ ကိုယ်တိုင်ရာသီအလိုက်သီးနှံစိုက်ပျိုးရင်းအများကြီးစုမိမှာကိုယ်တိုင်ပဲလုပ်မယ် ဦးလေး "
" ကောင်းတာပေါ့ အဲလိုဆိုမင်းတို့နှစ်ယောက်ပိုက်ဆံများများစုမိတာပေါ့ "
ယောက္ခထီးနဲ့သားမက်အပေးယူတည်နေတာကို ဘေးကနေရိုးထိုင်နေရင်း အရိပ်ရဲ့လယ်ယာကိုယ်တိုင်စိုက်မယ်ဆိုတဲ့စကားကြောင့်။
" အရိပ် ကိုယ်တိုင်စိုက်ဖို့စိတ်ကူးတောင်မယဉ်နဲ့ ကိုယ့်နဲ့မင်္ဂလာဆောင်ပြီးသွားရင် အရင်လို့ကျောင်းမှာကလေးတွေစာပြန်သင်ပြီးကျောင်းဆရာပဲလုပ်ရမယ် "
" ဟွန်း "
အရိပ်ဆီကမကျေမနပ်နှာမှုတ်သံလေးကြောင့်။
" ဘာဟွန်းလဲ ကိုယ့်ငါးအင်းကအချိန်ပြည့်လုပ်နေရတာမဟုတ်ဘူး ငါးကြီးမှဆယ်ပြီးရောင်းလိုက်ရတယ် ကျန်တဲ့အချိန်လယ်ယာစာရင်းငှားတွေနဲ့ငှားပြီးလယ်ယာလုပ်လိုက်မယ် အရိပ်ကတော့ကျောင်းဆရာပဲပြန်လုပ်ရမယ် !"
" မလုပ်ချင်တော့ဘူး လစာနည်းနည်းလေးပဲရတာ လယ်ယာလုပ်ရင်အများကြီးရမှာ !"
" နွေလရိပ် ! မင်းဘယ်လိုစကားလာပြောနေတာလဲ ငွေအဲဒီလောက်မက်နေတာလား ဒီရွာကကလေးတွေစာသင်ရတာ လစာနည်းတာနဲ့မလုပ်ချင်တော့ဘူးပြောရအောင် ဒါကမင်းရွာမဟုတ်ဘူးလား မင်းလိုချင်တဲ့ငွေ ငါ့ရှာပေးမယ်ပြောနေတယ်လေ !"
" ဟွန်း "
ဒုန်း !
ဒုန်း !
ဒုန်း !
" နွေလရိပ် !"
ပျဉ်ကြမ်းခင်းကိုတဒုန်းဒုန်းမြည်အောင်ဆောင့်အောင့်နင်းပြီး အိပ်ခန်းထဲဝင်သွားတဲ့ အရိပ်ကြောင့် ရိုးစိတ်တိုတိုနဲ့အော်လိုက်တော့။
" ဟိတ်ကောင် သူလဲသူ့စိတ်သဘောနဲ့သူလေ တကယ်လို့ မင်းကအရိပ်ကိုကျောင်းဆရာ ပြန်လုပ်စေချင်တယ်ဆိုရင်လဲ နားဝင်အောင်ချော့ပြောလေ မင်းတို့ချစ်လို့ကြိုက်လို့ခိုးပြေးထားကြတာ ငါ့တို့မိဘတွေအတင်းပေးစားထားတာမဟုတ်ဘူး စကားကိုပြေလည်ရာပြေလည်ကြောင်းပြောမှပေါ့ မင်းကစကားပြောလိုက်ရင်အမြဲတမ်းစိတ်တိုတာနဲ့အော်ငေါက်နေတာ သူများသားသမီးကိုယူထားပြီးတော့  !"
ရိုး အဖေရဲ့ဆူငေါက်ခံလိုက်ရ၍။
" ကျွန်တော်ကသူ့ကိုအော်ငေါက်တာမဟုတ်ပါဘူးအဖေရာ သူကတစ်စိတ်ရှိငွေငွေဆိုတာပါးစပ်ကမချဘူး "
ဦးရိုးဟန်သားလုပ်ငရိုးကိုတစ်ချက်ကြည့်လိုက်ကာ။
" သွားအိပ်တော့ မနက်စောစောထလေးနာရီချက်တဲ့ပြုတ်တဲ့အဖွဲ့တွေလာမှာ "
ရိုးအဖေအပြောကြောင့် ထိုင်နေရာကထလိုက်၍ သူအိပ်ခန်းထဲဝင်လာတော့ အရိပ်ကအိပ်ရာထဲမှာ သူ့ဘက်ကိုကျော့ပေးပြီးစောင်ခြုံအိပ်နေသည်။ သီတင်းကျွတ်လပြည့်ကျော်လွန်း၍ တန်းဆောင်တိုင်းလပြည်ရောက်တော့မှာမို့ နေ့ဘက်ဆိုပူပေမဲ့ညဘက်ဆိုအအေးပိုလာပြီဖြစ်သည်။
အရိပ်ဘေးဝင်လှဲချလိုက်ပြီး အရိပ်စောင်ခြုံကိုအသာယာမဝင်လိုက်၍ အရိပ်ခါးကိုအနောက်ကနေဖက်လိုက်ပြီးပါးပြင်လေးကိုပါရိုးနှာခေါင်းထိပ်နစ်ဝင်တဲ့ထိဖိကပ်နမ်းကာမေးလိုက်သည်။
" ဒါကဘာလဲ ကိုယ့်ကိုစိတ်ကောက်နေတာလား "
" စိတ်ကောက်ရအောင် ကျွန်တော်ကမိန်းကလေးမှမဟုတ်တာ ဖယ် ! "
ရိုးဖက်ထားတဲ့လက်ကိုတွန်းဖယ်ကာပြောလာတဲ့အရိပ်ကကျွန်တော်တွေဘာတွေနဲ့ပြောလာတော့ ရိုးပြုံးလိုက်၍။
" ပြောပါဦး အဲကျွန်‌တော်လေးကစိတ်ကောက်တာမဟုတ်ဘူးဆိုတော့ စိတ်ဆိုးနေတာပေါ့ ဒီကယောကျ်ားကို ဟုတ်လား "
ရိုး အရိပ်ခါးကိုဖက်ထားတဲ့လက်ကိုအားထည့်၍ အရိပ်ကိုယ်လေးကိုဆွဲမပြီး သူ့ရင်ဘက်ပေါ်ထပ်လျက်တင်ကာခါးကနေအရိပ်ရုန်းမရအောင် ချုပ်ထားလိုက်သည်။
" ဖယ်စမ်းပါ ခင်ဗျားကိုစိတ်ကောက်နေတာလဲမဟုတ်ဘူး စိတ်ဆိုးနေတာလဲမဟုတ်ဘူး စိတ်တိုနေတာ ရှင်းလား ဖယ် ကျွန်တော်အသားကိုလာမထိနဲ့ !"
" ကိုယ့်ဘာအမှားလုပ်မိလို့လဲ ,ကွာ "
ရိုး အရိပ်ခါးလေးကိုကျစ်နေအောင်ဖက်ထား၍ သူ့ရင်ဘက်ပေါ်ကအရိပ်မျက်နှာလေးကိုကြည့်ကာမေးလိုက်တော့ အရိပ်ကလဲသူ့ကိုပြန်ငုံ့ကြည့်လာ၍။
" ဘာအမှားလဲ ဟုတ်လား ခင်ဗျားစကားပြောလိုက်ရင်အမြဲတမ်း ကျွန်တော်ကိုငွေမက်နေတဲ့ကောင်လို့ပြောပြောနေတာလေ ငွေမက်မှတော့မြို့မှကျောင်းသွားတတ်တုန်းက ကျွန်တော်ကိုအသေကြိုက်တဲ့သူဌေးသမီးကိုပဲယူခဲ့မှာပေါ့ ရွာကခင်ဗျားလိုအရက်သမားကိုပြန်လာယူပါမလား !"
" အားရား , ပြောပေးလိုက်တာ အရိပ်လေးရာ ယောကျ်ားကိုအရက်သမားတဲ့လား ကိုယ့်ကအရိပ်လေးကိုပင်ပန်းမှာစိုးရိမ်မိလို့ပါ အလုပ်ကြမ်းဟူသမျှကိုယ့်သာလုပ်လိုက်ချင်တာ အရိပ်ကိုတော့သက်တောင့်သက်သာအလုပ်တွေပဲ လုပ်စေချင်မိတာပါ "
" အွန်း , ကျွန်တော်ကခင်ဗျားကိုချစ်လို့လက်ထပ်ခဲ့ပေမဲ့ ကျွန်တော်ကယောကျ်ားတစ်ယောက်ဗျ အားနွဲ့တဲ့မိန်းမလှလေးတစ်ယောက်လိုလာမဆက်ဆံနဲ့ !"
ရိုး  အရိပ်အပြောကြောင်ပြုံးလိုက်၍ အရိပ်ခေါင်းကိုလက်နဲ့ထိန်းကာအပေါ်ကနေဖိချလိုက်ပြီး ရိုးနှုတ်ခမ်းလေးကိုအောက်ကနေစူထားလိုက်တော့ ထပ်လျက်ဖြစ်သွားတဲ့ အရိပ်နှုတ်ခမ်းသားလေးကနူးညံ့စွာထိကပ်လာသည်။
" အွန်း "
အရိပ် ရိုးအနမ်းကိုရှောင်ဖယ်ရုန်းဖြစ်လိုက်ပြီးနောက်။
" ဘယ်သူကနမ်းမယ်ပြောလို့လဲ !"
" ကိုယ့်နမ်းချင်လို့လေ "
အတင်းရုန်းနေတဲ့ အရိပ်ကိုယ်လေးကိုလွှတ်မပေးပဲရိုးအတင်းကျပ်ပွေ့ဖက်ထားတော့ အရိပ်ကလဲသူ့ရင်ဘက်ပေါ်ကနေမရမကရုန်းကန်နေသည်။
" မနမ်းဘူးဖယ်  ကျွန်တော်ကိုအားနွဲ့သူလို့အနိုင်လာမကျင့်နဲ့ရအောင်ရုန်းပြမယ် !"
အရိပ်စကားကြောင့် ရိုးပြုံးလိုက်၍ အရိပ်နားအနားလေးကပ်ကာ။
" အားနွဲ့တယ်လို့ မထင်ပါဘူးဗျာ ကိုယ့်ယောကျ်ားလေးဘယ်လောက်အားသန်လဲဆိုတာ ကိုယ့်သိတာပေါ့ ဟိုနေ့ညကဆိုကိုယ့်ဟာကျိုးတော့မယ်လို့တောင်ထင်မိတယ် "
" ရိုး !"
ရှက်သွားတဲ့အရိပ်ကမျက်နှာလေးရဲစွာ ရိုးကိုရန်တွေ့အော်လာတော့သည်။
" ပြွတ် "
" ရှူး အဖေအိပ်နေပြီး တိုးတိုး "
" ဖယ်တော့ မနက်စောစောထရမှာ အိပ်တော့မယ် !"
" အင်းပါ ကိုယ့်ကိုတစ်ချက်လောက်အနမ်းပေးပါဦး "
" ပြွတ် "
" ဖယ်တော့ လူညစ်ကြီး "
ရိုး သူ့ရင်ဘက်ပေါ်ကအရိပ်ကို သူ့နံဘေးအသာလျော့ချပေးလိုက်၍ ရင်ခွင်ထဲဆွဲပွေ့ဖက်ထားကာအိပ်လိုက်တော့သည်။
မနက်စောစောထရမှာဖြစ်လို့ ဒီညတော့ ရိုးအနေနဲ့ထက်ပြီးဥပုသ်စောင့်ရပြန်ဦးမည်။
< 9 . 10 . 2021 >
[ သူကြီးသမက် ]
သူကြီးကတော်ရွာထဲကအရီးတို့အဖွဲ့နဲ့ကြက်သွန်းအခွံနွှာနေရင်းနေ မဏ္ဍပ်ထဲမှာယောက်ျားလုပ်သူငရိုးကခုံနဲ့အပေါ်ကိုတက်ပြီးတိုင်မှာကြိုးချည်နေတာကိုအောက်ကနေခုံမလဲအောင်ထိန်းပေးနေတဲ့သားလုပ်သူကိုကြည့်၍ အော်ကာလှမ်းမေးလိုက်သည်။
" မလျှောက်ရသေးဘူးမေမေ "
" လိုက်ရမှာပေါ့ "
အရိပ်ရိုးကိုပြော၍။
" မေမေသွားရအောင် "
သူကြီးကတော်ဒေါ်ခင်ရိပ်သားလုပ်သူကိုပြောလိုက်၍ ယောက်ျားလုပ်သူကိုရှာလိုက်တော့ တွေ့ပါပြီ ဟိုနားယောင်ယောင် ဒီနားယောင်ယောင်ရပ်လိုက် ရေနွေးကြမ်းလေးသွားထိုင်သောက်လိုက်လုပ်နေတဲ့ သူကြီးဦးနွေအောင်ကို။
" ဟား , ဟား ငရိုးတို့များအခုကြတော့ဆေးလိပ်လေးတစ်လိပ်သောက်ရဖို့ကိုယောက်ျားအလစ်မှခိုးသောက်နေရပြီ "
" ဟား , ဟား "
" မင်းမေယဥကို မမကလား !"
" ယီး "
" ဪ , မှားလို့ မှားလို့ မင်းကမမကမဟုတ်ဘူး ယောက်ျားကြောက်ရတာဆိုတော့ ယကက ဟား , ဟား၊"
" အဖေဘာပြောမလို့လဲ "
" ဟွန်း "
" ဟွန်း "
ဒုန်း !
ဒုန်း !
ဒုန်း !
" နွေလရိပ် !"
" ပြောပါဦး အဲကျွန်‌တော်လေးကစိတ်ကောက်တာမဟုတ်ဘူးဆိုတော့ စိတ်ဆိုးနေတာပေါ့ ဒီကယောက်ျားကို ဟုတ်လား "
" အားရား , ပြောပေးလိုက်တာ အရိပ်လေးရာ ယောက်ျားကိုအရက်သမားတဲ့လား ကိုယ့်ကအရိပ်လေးကိုပင်ပန်းမှာစိုးရိမ်မိလို့ပါ အလုပ်ကြမ်းဟူသမျှကိုယ့်သာလုပ်လိုက်ချင်တာ အရိပ်ကိုတော့သက်တောင့်သက်သာအလုပ်တွေပဲ လုပ်စေချင်မိတာပါ "
" အွန်း , ကျွန်တော်ကခင်ဗျားကိုချစ်လို့လက်ထပ်ခဲ့ပေမဲ့ ကျွန်တော်ကယောက်ျားတစ်ယောက်ဗျ အားနွဲ့တဲ့မိန်းမလှလေးတစ်ယောက်လိုလာမဆက်ဆံနဲ့ !"
" အွန်း "
" အားနွဲ့တယ်လို့ မထင်ပါဘူးဗျာ ကိုယ့်ယောက်ျားလေးဘယ်လောက်အားသန်လဲဆိုတာ ကိုယ့်သိတာပေါ့ ဟိုနေ့ညကဆိုကိုယ့်ဟာကျိုးတော့မယ်လို့တောင်ထင်မိတယ် "
" ရိုး !"
" ပြွတ် "
" ပြွတ် "
" ဖယ်တော့ လူညစ်ကြီး "
< 9 . 10 . 2021 >
Continue Reading
You'll Also Like
16.5K 2.7K 53
කිරුළ නොපලන් රජෙකුගෙ කතාව
25.4K 875 25
အရာရာမှာတော်ပြီးထက်မြတ်ပေမဲ့ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ "The King"ကုမ္ပဏီရဲ့Ceo "ဝဏ္ဏမင်းမြတ်"က မိဘတွေမရှိတော့ပဲ ဘဝကိုလွတ်လပ်စွာဖြတ်သန်းပြီး ခပ်ချေ...
520K 96.1K 99
Non fiction BL මට පෙන්නන්න බැරි දේවල් තමයි වැඩියෙන්ම ඕනේ.
15.2K 538 23