အပိုင္း ၁၅ အသားႏွပ္ေခါက္ဆြဲႏွင့္ ပဲနို႕
ႏြားနို႕ပူပူတစ္ခြက္ႏွင့္ အရသာရွိျပီး ၾကြပ္ရြေနသည့္ က်န္းပင္ေကာစစ္ကို စားျပီးေနာက္ ေက်နပ္စြာ တေရး အိပ္သည္။ေလးနာ၇ီခန္႕ အိပ္ျပီးေနာက္ ေရခ်ိဳးသည္။ မွန္မွ ပံုရိပ္ကို ၾကည့္ျပီး သူ ေက်နပ္စြာ ေခါင္းညိတ္လိုက္သည္။
သူ ရက္ေပါင္းမ်ားစြာ ခႏၶာကိုယ္ကို အားျဖည့္ျပီးေနာက္ သူ႕ကိုယ္က ယခင္ကႏွင့္မတူ ျပည့္လာေလသည္။သူ ပိန္ေနေသးေသာ္လည္း အသားေတြေတာ့ ရွိလာခဲ့ေခ်ျပီ။သူက သက္၇ွိ အရိုးေျခာက္ႏွင့္ မတူေတာ့ေလဘဲ အသားေရာင္ကပင္ ေသြးေရာင္ လႊမ္းလာေလသည္။သူ ဆယ္ရက္ၾကာျပီးေနာက္ စာေမးပြဲ သြားေျဖသည့္အခါ ေနေရာင္ေအာက္သို႕ ထြက္ခ်ိန္တြင္ အျပင္လူတို႕ သူ႕ကိုျမင္ျပီး ထိတ္လန္႕သြားမည္ကို စိုးရိမ္ရန္ မလိုေတာ့ပါေပ။
သူသည္ ေရစိမ္ထားေသာ ပဲႏွင့္ ျပဳတ္ထားေသာ အရိုးတို႕ကို စစ္ျပီး အဆင္သင့္ျဖစ္ျပီဟု ထင္မွ တိုက္ရိုက္ ထုတ္လႊင့္မႈကို စတင္လိုက္သည္။
" မဂၤလာ ညေနခင္းပါ အားလံုးပဲ ကိုယ္က မင္းတို႕ရဲ႕ တင္ဆက္သူယြမ့္ထန္းပါ။ ကိုယ္ ဒီည အသားႏွပ္ေခါက္ဆြဲနဲ႕ ပဲနို႕ လုပ္ျပမွာပါ"
[ ေျမာင္ေျမာင္က ဘိန္းမုန္႕စားရတာ ၾကိဳက္တယ္ : အား.. တိုက္ရိုက္ ထုတ္လႊင့္ေနျပီ၊ တိုက္ရိုက္ ထုတ္လႊင့္ေနျပီ။ ငါ ပထမဆံုးပဲ ေဟ့]
[ သစ္ပင္ မဖက္ဘဲ မေနနိုင္ဘူး: ငါ ဒီမွာ စခန္းခ်ျပီး တစ္ေန႕ခင္းလံုး ေစာင့္ေနတာ]
[ ေမာ့မိသားစုရဲ႕ ေက်ာက္စိမ္းေလး: ဘိန္းမုန္႕က တကယ္ အရသာရွိတယ္။ေက်းဇူးတင္ပါတယ္ တင္ဆက္သူ]
ေန႕လည္ခင္း တိုက္ရိုက္ ထုတ္လႊင့္မႈတြင္ ယြမ့္ထန္းက သူ သည္ညေန ခ်က္ျပမည့္ ဟင္းအမယ္တို႕ကို ၾကိဳေျပာျပခဲ့သည္။ထို႕ေၾကာင့္ ထိုအစားသူရဲေလးတို႕က တစ္ခ်ိန္လံုး စခန္းခ်ကာ ေစာင့္ေနခဲ့ၾကသည္ေပ။ သူ တိုက္ရိုက္ ထုတ္လႊင့္မႈ ဖြင့္လိုက္သည္ႏွင့္ ၾကည့္ရႈသူတို႕ အျပံဳလိုက္ ေရာက္လာေတာ့သည္။
" အခု ကိုယ္တို႕ မနက္က စိမ္ထားတဲ့ ပဲေတြကို ၾကည့္ၾကည့္ရေအာင္"
ယြမ့္ထန္းက ပဲပိစပ္တို႕ စိမ္ထားသည့္ ေဘစင္ကို ထုတ္ကာ ကင္မရာ ျမင္ရရန္ ေသခ်ာျပသည္။
" ပဲက ေရကို ေသခ်ာ စုပ္ယူခဲ့လို႕ အရြယ္အစားေတာင္ ၾကီးလာျပီ ေတြ႕ၾကလား။ ဆိုေတာ့ဒါက အဆင္သင့္ျဖစ္ျပီလို႕ ေျပာလို႕ရတယ္။အားလံုးပဲ ပဲေစ့ေတြကို ညစ္ၾကည့္ၾကပါ။ ဘယ္ေလာက္ ႏူးညံ့သလဲဆိုတာကို မင္းတို႕သိရလိမ့္မယ္"
[ ရတနာ ခုႏွစ္သြယ္: မွန္လိုက္တာ။ ညစ္လုိက္တာနဲ႕ အိထြက္သြားတာပဲ]
[ ထရန္စပါးရန္႕ေလး: ဟုတ္သားပဲ မနက္ကနဲ႕ မတူေတာ့ဘူးေနာ္]
" ကိုယ္တို႕ အခု ပဲနို႕လုပ္လို႕ရျပီ။ လြယ္ပါတယ္။ ၾကိတ္စက္၇ွိရင ္ရျပီ"
ယြမ့္ထန္းက ေရေတြ သြန္လိုက္ကာ ပဲေတြ စုပ္ထားသည့္ ေရေတြကို ညစ္ထုတ္သည္။ထိုအခါ ပဲေတြ ေျခာက္သြားသည္။ထို႕ေနာက္ ေဖ်ာ္စက္ထဲသို႕ သန္႕ရွင္းေသာ ေရအနည္းငယ္ႏွင့္အတူ ေရာၾကိတ္ကာ ေဖာ္လိုက္သည္။ သူ ထပ္ခါတလဲလဲ ၾကိတ္လိုက္သည့္အခါ ခပ္ျပစ္ျပစ္ အေနအထားျဖစ္သြားသည္။
[ ငါ့ေမြးရပ္ေျမက ရႈခင္း: ပဲပိစပ္ကေန ေဖ်ာ္ရည ္လုပ္လို႕ရမယ္ မထင္ထားဘူး။ ငါက တင္ဆက္သူတာ့ သစ္သီးေတြ ထည့္ေဖ်ာ္ေတာ့မယ္ ထင္ေနတာ]
" မွန္တယ္။ ဘယ္လိုသစ္သီးမဆို ေဖ်ာ္ရည္အျဖစ ္သံုးလို႕ရတယ္။ သခြားသီးနဲ႕ မုန္လာဥနီလည္း အလားတူပဲ။ ဒါေတြက မင္းတို႕ ခႏၶာကိုယ္အတြက ္ေကာင္းတယ္"
ပဲနို႕တြင္ အညစ္အေၾကးတို႕ ပါေနေသးသည့္အတြက္ ထူျပစ္ေနေလသည္။ယြမ့္ထန္းက ဂြမ္းသား အ၀တ္ျဖဴထဲ ၾကိတ္ထားေသာ ပဲေတြ ထည့္လိုက္ကာ ေဆးေၾကာျပီး အနယ္ေတြ ဖယ္ထုတ္သည္။ သူက ခပ္ၾကမ္းၾကမ္း ညစ္လိုက္ကာ အ၀တ္ထဲတြင ္ပဲအဖတ္ေတြ က်န္ေစျပီး ပဲနို႕ေတြကမူ အိုးထဲသို႕ က်ေစသည္။ ယြမ့္ထန္း၏ လက္က ထိုမွ် အားမသန္သည့္ အတြက ္သူက ဥပမာသာျပကာ ေနာက္ပိုင္းအား ေရွာင္ပိုင္ကသာ လုပ္ရေလသည္။ ေရွာင္ပိုင္၏ ဥာဏ္ရည္ျမင့္မားမႈေၾကာင့္ ခဏခ်င္းအ ိုးတ၀က္ ျပည့္သြားေလသည္။
[ ေအပရယ္ သိုးေမႊးအက်ႌေလးရဲ႕ လည္ပင္းေထာင္ကို သပ္ခ်လိုက္မယ္ : ကိုင္လို႕ေတာ့ ေကာင္းေပမယ့္ အနံ႕ၾကီးက ဘယ္လိုၾကီးလဲ]
[ လကြယ္: ငါဆို အရသာပါ ခံၾကည့္လုိက္တာ။ ခ်ဥ္စုပ္ေနတာပဲ စိတ္ပ်က္လိုက္တာ]
" အားလံုးပဲ စိတ္မ၇ွည္ မျဖစ္ၾကပါနဲ႕ေလ။ ပဲနို႕ၾကမ္းက ဘာအရသာမွ ရွိေနမွာ မဟုတ္ဘူး။ ေနာက္ျပီး ပဲရဲ႕ နဂို အနံ႕က ရွိေနမွာပါပဲ။ ကိုယ္တို႕ ဒါကို က်ိဳျပီးေတာ့မွ ေကာင္းမြန္တဲ့ အရသာကို ၇မွာပါ"
ထို႕ေနာက္ ယြမ့္ထန္းက မီးဖိုေပၚ အိုးကို တင္ကာ အပူခ်ိန္ကို ျမင့္သည္။ထို႕ေနာက္ က်ိဳလိုက္၏။ ထို႕ေနာက္ သၾကားထည့္သည္။အတန္ၾကာျပီးေနာက္ ...
ယြမ့္ထန္းသည္ ပူေႏြးေနေသာ ပဲနို႕ပူပူ တစ္ခြက္ ထည့္ကာ ဇြန္းျဖင့္ ေမႊသည္။
"ေကာင္းျပ ီအခု အားလံုးပဲ အရသာ ခံလို႕ရပါျပီ။ မွတ္ထားပါ မေသာက္ခင္မွာ အရင္မႈတ္္ပါ။ ဒါမွ မင္းတို႕ လွ်ာ အပူမေလာင္မွာ"
ပဲနို႕ေတြသည္ ယခုအခါတြင္ ဖန္ခြက္ထဲ ထည့္ထားကာ ေမႊးပ်ံ႕ေနျပီး ေသာက္ခ်င္စဖြယ ္ျဖစ္ေနသည္။ယြမ့္ထန္းက မတိုင္မီက သၾကားလည္း ထည့္ထားေသးသည္။ ပူေနြးျပီး ခ်ိဳျမသည့္ ပဲနို႕ တစ္ခြက္ ေသာက္ျခင္းက အစာအိမ္ကို ေႏြးေထြးေစသည္။
[ လကြယ္: ငါ ခုနက ေျပာတာကို ရုတ္သိမ္းပါတယ္။ တင္ဆက္သူ နင္ တကယ္ အံ့ၾသဖို႕ေကာင္းတယ္။ငါ့ရဲ႕ ခ်စ္ျခင္းေတြကို ေဖာ္ျပဖို႕ ၾကယ္ပန္းေတြ ပို႕ေပးလိုက္ျပီေနာ္]
[ေအပရယ္ သိုးေမႊးအက်ႌေလးရဲ႕ လည္ပင္းေထာင္ကို သပ္ခ်လိုက္မယ္ : ငါ အစက ေသာက္ခ်င္စိတ္ လံုး၀ မ၇ွိဘူး။ ဒါေပမယ့္ အရသာက တကယ္ေကာင္းတယ္ေနာ္]
[ ရတနာ မီးယင္ေကာင္ : အရသာလည္း ေကာင္း။ အနံလည္း ေကာင္း လုပ္လို႕လည္း လြယ္ ]
" ဟုတ္တယ္။ပဲနို႕က လုပ္ရလြယ္တယ္။ မနက္ခင္း ေစာေစာမွာ လုပ္ေသာက္ၾကပါ။ ဒါက အရသာလည္းရွိသလို က်န္းမာေရးအတြက္လည္း ေကာင္းတယ္။ အာဟာရ ျပည့္ေစတာေပါ့။အားလံုးပဲ လိုက္လုပ္ၾကည့္ၾကပါ။မင္းတို႕ ညဘက္ကတည္းက စိမ္ထားမယ္ဆိုရင္ မနက္ေစာေစာက်ရင္ ေဖ်ာ္ေသာက္လို႕ရျပီ"
.ယြမ့္ထန္းက အားလုံး ျမည္းျပီးသည္အထိ ေစာင့္ျပီးမွ ေျပာသည္။
" ကဲ အခု ကိုယ္တို႕ မနက္က ျပဳတ္ခဲ့တဲ့ အရိုးေတြကို တခ်က္ ၾကည့္ရေအာင္"
ယြမ့္ထန္း အဖံုးကို ဖြင့္လိုက္သည့္အခါ သိပ္သည္းေသာ အသားနံံ႕က စတင္ ပ်ံ႕ႏွံ႕လာသည္။ ဒါက လူတိုင္းကို သားရည္ယိုေစ၏။
" မင္းတို႕ စြပ္ျပဳတ္ကိုေတာ့ မေသာက္လိုက္ၾကဘူး မဟုတ္လား။ ကိုယ ္ဘာ အရသာမႈန္႕မွ မထည့္၇ေသးဘူး"
ယြမ့္ထန္းက သတိေပးလိုက္သည္။သို႕ေသာ ္တခ်ိဳ႕ေသာ ၾကည့္ရႈသူတို႕က သူ႕ထက္ပင္ ျမန္ဆန္ေနခဲ့ေပသည္။
[ ေျမာင္ေျမာင္က ဘိန္းမုန္႕စားရတာ ၾကိဳက္တယ္ :ငါ့လက္က ေတာ္ေတာ္ ျမန္တာပဲ ဟဲဟဲ]
[ သစ္ပင္ မဖက္ဘဲ မေနနိုင္ဘူး : ငါ ေတာ္ေတာ္ အသံုးမက်တာပဲ။ အခုထိ မမွတ္ဘူး ( ̄△ ̄) သက္ျပင္းခ် သက္ျပင္းခ်]
ယြမ္ထန္းက ဇြန္းခြက္ျဖင့္ အေပၚတြင္ စုေ၀းေနသည့္ အျမဳပ္ေတြကို ခပ္ထုတ္လိုက္သည္။ထို႕ေနာက္ အဖံုးကို ျပန္အုပ္လိုက္၏။
ယြမ့္ထန္းက မနက္က ၀ယ္ထားသည့္ ဘူးသီးတစ္စိတ္ကို ေရျဖင့္ ေသခ်ာေဆးကာ ဓားစေကး ေကာင္းေကာင္းျပရင္း လီွးေတာ့သည္။
ထို႕ေနာက္ အိုးထဲ ထည့္လိုက္သည္။ သူက သၾကား ဇြန္း တစ္၀က္ႏွင့္ ရွာလကာရည္ လက္ဖက္ရည္ဇြန္း ဇြန္းတစ္၀က္ ထည့္ကာ ဆက္ျပဳတ္ထားသည္။
ဘူးသီးထည့္လုိက္ျခင္းသည္ စြပ္ျပဳတ္ကို ပိုျပီး အရသာရွိေစလိမ့္မည္။ ဘူးသီး ႏူးသြားသည္ႏွင့္ ျဖဴေဖြးၾကည္လင္ကာ ႏူးအိလာမည္ျဖစ္ျပီး အလြန္ အရသာ၇ွိေပလိ္မ့္မည္။ အသားႏွင့္ ေပါင္းလိုက္သည့္အခါ ဘူးသီးက ညီွနံ႕ကို စုပ္ယူေလသည္။အရသာ၇ွိျပီး အာဟာရျပည့္၀သည့္အတြက ္ယြမ့္ထန္း အၾကိဳက္ဆံုးစြပ္ျပဳတ္လည္း ျဖစ္သည္။
သူ ဂ်ံဳမႈန္႕ယူကာ ေရထည့္ျပီး မုန္႕သားကို နယ္သည္။ထို႕ေနာက္ ဘူးထဲ ထည့္ကာ ခဏ အေအးခံထား၏။
" ကိုယ္တို႕အခု အသားႏွပ္ရမယ္"
ယြမ့္ထန္းက သူ ၀ယ္ထားသည့္ ၀က္ဗိုက္သားကို ထုတ္သည္။ထို႕ေနာက္ ဂရုတစိုက္ ေဆးေၾကာျပီးမွ အိုးအလြတ္ တစ္ခုထဲ ထည့္ကာ ေရၾကည့္ထည့္ျပီး မီးဖိုေပၚ တင္ထားသည္။ အပူခ်ိန္လည္း ျမင့္ထားကာ ႏွစ္မိနစ္ခန္႕ ဆူပြက္ေစ၏။ထို႕ေနာက္ ေရျဖင့္ တစ္ခါ ထပ္ေဆးသည္။ဒါက အညစ္အေၾကးေတြႏွင့္ အနံ႕ဆိုးကို ေျပာင္စင္ေစသည္။
၀က္ဗိုက္သားကို ေဆးေၾကာျပီး ေအးသြားသည့္အခါ ဓားထက္ထက္ျဖင့္ခပ္ပါးပါး လွီးသည္။ထို႕ေနာက္ အိုးအလြတ္ တစ္ခုထဲ ထည့္ကာ ေဆးေၾကာထားေသာ ၾကက္သြန္နီႏွင့္ ဂ်င္းအျပင္ ပဲငံျပာရည္ အၾကည္၊အေနာက္ႏွင့္ သၾကားတစ္ဇြန္းထည့္ကာ ေရၾကည္ထပ္ထည့္ျပီး ဆူပြက္ေစသည္။
ပြက္လာသည့္အခါ အပူခ်ိန္ကို ေလွ်ာ့ျပီး ႏွပ္ထားလိုက္သည္။
" ကိုယ္တို႕ မိနစ္ ႏွစ္ဆယ္ေလာက္ေတာ့ ႏွပ္ထား၇လိမ့္မယ္"
၀က္သားကို ခ်က္ထားခ်ိန္တြင္ ယြမ့္ထန္းက မုန္႕ႏွစ္တို႕ကို ယူကာ ေခါက္ဆြဲလုပ္သည္။သည္တစ္ၾကိမ္ သူလုပ္သည့္ ေခါက္ဆြဲက ပိုေသးသည္။ ၾကည့္ရႈသူေတြက တစ္ၾကိမ္ ျမင္ခဲ့ဖူးသည့္တိုင္ အံ့ၾသရေသးေပသည္။ တင္ဆက္သူ လြယ္ကူစြာ လုပ္ျခင္းကို ျမင္ရသည့္အခါ အခ်ိဳ႕ေသာ သူေတြဆိုလွ်င္ ကိုယ္တိုင္ ၾကိဳးစားၾကည့္ခဲ့ၾကေပသည္။ထိုအခါမွ ခက္ခဲေၾကာင္းသ ိၾကေလသည္။ ဂ်ံဳသားက ေပ်ာ့လွ်င္ လုပ္ေနရင္း အရည္ေတြက်ေလသည္။ မဟုတ္လွ်င္လည္း ျပတ္ထြက္တတ္ေပ၏။
ေခါက္ဆြဲလုပ္ျပီးေနာက္ သန္႕ရွင္းေသာ အိုးတစ္ခုထဲ ထည့္ကာ ျပဳတ္သည္။
ေခါက္ဆြဲသားက ေသးသျဖင့္ အက်က္ျမန္ကာ တခဏခန္႕ ၾကာျပီးေနာက္ ယြမ့္ထန္း ဆယ္လိုက္နိုင္သည္။
သူ ၾကိဳတင္ျပင္ဆင္ထားေသာ ပန္းကန္လံုးထဲသို႕ ေခါက္ဆြဲေတြကို ထည့္လိုက္သည္။သူကျပဳတ္ရည္ႏွင့္ ဘူးသီးအနည္းငယ္လည္း ဆမ္းလိုက္သည္။သူ အသားမထည့္ေသးသည့္တိုင ္ေမႊးပ်ံ႕သည့္ ရနံ႕က ထြက္ႏွင့္သည္။ယြမ့္ထန္းက ၀က္သားႏွပ္ထားသည့္ အိုးအဖံုးကို ဖြင့္လိုက္သည့္အခါ ေမႊးပ်ံ႕ေသာ အသားနံ႕က ထြက္လာသည္။ ၀က္ဗိုက္သားဟာ အညိဳေရာင္ ေျပာင္းေနျပီျဖစ္ကာ အရသာရွိေလာက္မည္ဟု ထင္ရေလျပီး ေတာက္ပေနေလသည္။သူက တူျဖင့္ တို႕ၾကည့္ကာ ႏူးညံ့မႈကို စစ္ေဆးျပီးေနာက္ ခ်လိုက္သည္။
သူက ေခါက္ဆြဲေပၚတြင္ အသားႏွစ္ဖက္ကို တင္သည္။ထို႕ေနာက္ ၾကက္သြန္ျမိတ္ျဖင့္ အလွဆင္သည္။ အႏွစ္အနည္းငယ္ကိုလည္း ထပ္ျဖည့္လိုက္ေသး၏။ ထိုသို႕ျဖင့္ အရသာရွိျပီး စားခ်င္စဖြယ္ အသားႏွပ္ ေခါက္ဆြဲကို ရသည္။
အျဖဴေရာင္ ေၾကြပန္းကန္လံုးထဲတြင္ အရိုးစြပ္ျပဳတ္ကို ထည့္ထားသည္။ထိုထဲတြင္ အသားဖတ္ေတြႏွင့္ နူးအ္ိေနေသာ အ၇ိုးတို႕ရွိသည္။ ေခါက္ဆြဲရွိေသာ ပန္းကန္လံုးထဲတြင္မူ ေသးငယ္ေသာ ေခါက္ဆြဲမွ်င္တို႕ႏွင့္ ခပ္ေဖ်ာ့ေဖ်ာ့ဘူူးသီးဖတ္တို႕က ၀ိုင္းပတ္ေနဟန္ျဖင့္ ပံုေဖာ္ထားေၾကာင္း ျမင္ရျပီး ၾကက္ေသြးေရာင္ သန္းသေယာင္၇ွိေသာ ၀က္ဗုိက္သားကိုမူ ေခါက္ဆြဲေပၚတြင္ ျမင္ရသည္။ တစ္ပန္းကန္လံုး လံုးတြင္ အဆီေ၀့သေယာင္ျဖစ္ေနေသာ္လည္း ထိုသို႕ေသာ ပ ံုစံကပင္ စ ားခ်င္စိတ္ကို တိုးေစသည္။ထို႕အျပင္ သားရည္ယိုေစေသာ ရနံ႕ကလည္း သိပ္သည္းလြန္းေပသည္။
သည္တစ္ၾကိမ္တြင္ မည္သူကမွ် ယြမ့္ထန္း အခ်က္ျပတာကို ေစာင့္မေနၾကေတာ့ပါေပ။
[ တိုက္ရိုက္ထုတ္လႊင့္မႈေတြ ၾကည့္ျပီး ခ်က္နည္းျပဳတ္နည္း သင္ေနသူ : အရမ္း အရသာ၇ွိတယ္။ စြပ္ျပဳတ္က အရသာကဲလိုက္တာ။ အသားကလည္း ႏူးညံ့ေနတာပဲ။ ေခါက္ဆြဲကလည္း စားလို႕ေကာင္းလိုက္တာ။ ငါ ထပ္ စားခ်င္ေသးတယ္]
[ေျမာင္ေျမာင္က ဘိန္းမုန္႕စား၇တာ ၾကိဳက္တယ္ : အရသာ ၇ွိတယ္။ အရသာ ၇ွိတယ္။ အရသာ ရွိတယ္ !/(ㄒoㄒ)/~~]
[သစ္ပင္ မဖက္ဘဲ မေနနိုင္ဘူး: တင္ဆက္သူေရ ဆိုင္မဖြင့္ခ်င္ဘူးလားဟင္။ ဒီေခါက္ဆြဲ တစ္ပန္းကန္ကို ၁၀၀၀ဆိုရင္ေတာင္ ငါ ၀ယ္စားမွာပါ]
[ ရတနာ ခုႏွစ္သြယ္ : ငါ ဒါစားရင္း မ်က္ရည္ က်ေနျပီ]
[ ထရန္စပါး၇န္႕ေလး : ၀ူး...၀ူး....၀ူး... ဒါက ဒီေလာက္ အရသာရွိေနမွေတာ့ ငါ ဘယ္လိုမ်ား အားျဖည့္ေဆးရည္ ေသာက္ရေတာ့မွာလဲလို႕]
[ ဂ်င္းေလး : တင္ဆက္သူ တင္ဆက္သူ ဒီေန႕ေရာ မဲေဖာက္ေပးမွာလားဟင္]
" ဒါေပါ့။ ကိုယ္ ဒီည သံုးေယာက္ကို မဲေဖာက္ေပးမယ္။ တစ္ေယာက္ကို ဒီေခါက္ဆဲြ တစ္ပန္းကန္လံုးဆီ ၇မယ္"
ယြမ့္ထန္းက ျပင္ဆင္ေနရင္း ေျပာသည္။
[ ေႏြဦး ပ်ားရည္ : မဲေပါက္ဖို႕ ဆုေတာင္းပါတယ္]
[ နဂါးေငြ႕တန္းနဲ႕ အေ၀း အေ၀း အေ၀းၾကီးမွာ : မဲေပါက္ဖို႕ ဆုေတာင္းပါတယ္ အေပါင္းတစ္]
[ ေျမာင္ေျမာင္က ဘိန္းမုန္႕စား၇တာ ၾကိဳက္တယ္ : မဲေပါက္ဖို႕ ဆုေတာင္းပါတယ္]
.....
ၾကည့္ရႈသူေတြက ဆုေတာင္းၾကေတာ့သည္။
" အသံုးျပဳသူ ေဟာ္က တင္ဆက္သူကို ဥကၠပ်ံမိုး ဆုခ်လိုက္ပါတယ္"
[ ေဟာ္ : ဆုေတာင္းပါတယ္]
[ သစ္ပင္ မဖက္ဘဲ မေနနိုင္ဘူး : ငါ လံုး၀ မထင္ထားတာက ငါတို႕ရဲ႕ အခန္းမန္ေနဂ်ာ အာဏာ၇ွင္ၾကီးလည္း ဆုေတာင္းေနရတာပဲ]
ကံဆိုးသည္မွာ ေဟာ္ယြင္ခ်န္း၏ဆုေတာင္းက အသံုးမ၀င္လိုက္ေပ။ ယခင္အတိုင္း သူ႕နာမည္ ပါမလာခဲ့ေပ။ ယြမ့္ထန္း ရယ္ခ်င္စိတ္ကို ထိန္းကာ အေလးအနက္ ပံုစံျဖင့္ ေျပာလိုက္သည္။
" ဂုဏ္ယူပါတယ္ ေၾကးနီေရာင္၊ ခ်ီက်ိဳ႕ေမာ့ရန္နဲ႕ နဂါးေငြ႕တန္းနဲ႕ အေ၀း အေ၀း အေ၀းၾကီးမွာတို႕ ကံေကာင္းသြားပါတယ္။ ကိုယ္ သိပ္မၾကာခင္မွာ ပို႕လိုက္မွာျဖစ္လို႕ အားလံုးပဲ အေၾကာင္းၾကားလာတာကို သတိျပဳေပးဖို႕ မေမ့ပါနဲ႕ "
[ သစ္ပင္ မဖက္ဘဲ မေနနိုင္ဘူး: အား.... ငါ မေပါက္ဘူး မေက်နပ္ဘူး အား.....]
[ေျမာင္ေျမာင္က ဘိန္းမုန္႕ၾကိဳက္တယ္: ဟူးဟူးဟူး ငါလည္း ေ၀စု မရဘူး]
[ ရတနာ ခုႏွစ္သြယ္ : ေ၀စုက နည္းလြန္းတယ္။ ဒါနဲ႕အဲ့ဒိမွာ စြပ္ျပဳတ္အိုးၾကီး ရွိေသးတယ္ မဟုတ္လား။ ေခါက္ဆြဲ မစား၇လည္း ေနပါေစ။ အရည္ေလးေတာ့ ေသာက္ပါရေစလား ေက်းဇူးျပဳျပီး....]
ငိုသံေတြက ျပည့္ႏွက္ေနသည့္အတြက္ ယြမ့္ထန္း ကူကယ္ရာမ့ဲသြားရသည္။
" ဒါဆိုလည္း ဘူးသီးနဲ႕ အရိုးစြပ္ျပဳတ္ကို သံုးေယာက္ မဲေဖာက္ေပးလုိက္မယ္"
သူ႕အသံ တိတ္သြားသည္ႏွင့္ ခ်က္ခန္းတစ္ခုလံုး ေပါက္ကြဲမတတ္ ဆူညံလာေတာ့သည္။
[ ထရန္စပါးရန္႕ေလး : တင္ဆက္သူ သက္ေတာ္ရာေက်ာ္ ရွည္ပါေစ]
[ ညလယ္ၾကီးေရေႏြးထေသာက္ေနတဲ့ ငါ : တင္ဆက္သူက သေဘာေကာင္းလုိက္တာ]
ယြမ့္ထန္း ကူကယ္ရာမဲ့စြာ ေခါင္းခါလိုက္သည္။ သူက နာမည္ေတြ ေရြးလိုက္ျပီး ေၾကျငာလိုက္သည္။
"ဂုဏ္ယူပါတယ္ အားခ်န္း၊ တိုက္ရိုက္ထုတ္လႊင့္မႈေတြ ၾကည့္ျပီးခ ်က္နည္းျပဳတ္နည္း သင္ယူေနတဲ့ငါနဲ႕ ေဟာ္တို႕ ကံေကာင္းပါတယ္။ ကိုယ္ ခဏေန ပို႕လိုက္မွာျဖစ္လို႕ အားလံုးပဲ စစ္ေဆးဖို႕ မေမ့ပါနဲ႕"
ဒီတစ္ၾကိမ္မွာေတာ့ သူ႕ရဲ႕ အခန္းမန္ေနဂ်ာက ကံေကာင္းစြာနဲ႕ မဲေပါက္သြားျပီပဲ။ ဒါက စြပ္ျပဳတ္ၾကီး သက္သက္ပဲဆိုေပမယ့္ မစားရတာနဲ႕စာရင္ေတာ့ ေကာင္းသားပဲ။
ယြမ့္ထန္း ျပံးေနျပီး တခဏခန္႕ၾကာမွ တိုက္ရိုက္ထုတ္လႊင့္မႈကို ပိတ္လိုက္သည္။
" ဒီေန႕ရဲ႕ တိုက္ရိုက္ ထုတ္လႊင့္မႈကေတာ့ ဒီေလာက္ပါပဲ။ မနက္ဖန္မွ ျပန္ေတြ႕ၾကရေအာင္"
ျပဇာတ္ငယ္ေလး
ေဟာ္ယြင္ခ်န္း : သူမ်ားေတြက ေခါက္ဆြဲစားေန၇တဲ့အခ်ိန္မွာ ငါက စြပ္ျပဳတ္ပဲ ေသာက္ေနရတယ္။ ငါ ဘယ္ေတာ့မ်ားမွ တင္ဆက္သူကို အိမ္ေခၚျပီး ဇနီး လုပ္ခိုင္းလို႕ရမွာလဲ
ေဟာ္ယြင္၇ီ : ေနာက္ဘ၀မွ ...
ဘာသာျပန္သူမွာ ေျပာစရာ ၇ွိပါတယ္။
ကိုယ္ ဒါကို မေန႕ညက ေရးထားတာေပမယ့္ မျပီးလို႕ အခုမွ ဆက္ေရးျပီး တင္လိုက္ရတယ္။
ကဲ စားေကာင္းၾကပါေစေနာ ္ဟဲဟဲ ျဖစ္နုိင္ရင္ ေက်ာ္လႊားျပီး ႏွစ္ေယာက္ေတြ႕ခ်ိန္ကို တင္ေပးခ်င္ေနပါျပီ။
ဒါေပမယ့္ သိပ္မၾကာေတာ့ပါဘူး ဟဲဟဲ
အပိုင်း ၁၅ အသားနှပ်ခေါက်ဆွဲနှင့် ပဲနို့
နွားနို့ပူပူတစ်ခွက်နှင့် အရသာရှိပြီး ကြွပ်ရွနေသည့် ကျန်းပင်ကောစစ်ကို စားပြီးနောက် ကျေနပ်စွာ တရေး အိပ်သည်။လေးနာရီခန့် အိပ်ပြီးနောက် ရေချိုးသည်။ မှန်မှ ပုံရိပ်ကို ကြည့်ပြီး သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူ ရက်ပေါင်းများစွာ ခန္ဓာကိုယ်ကို အားဖြည့်ပြီးနောက် သူ့ကိုယ်က ယခင်ကနှင့်မတူ ပြည့်လာလေသည်။သူ ပိန်နေသေးသော်လည်း အသားတွေတော့ ရှိလာခဲ့ချေပြီ။သူက သက်၇ှိ အရိုးခြောက်နှင့် မတူတော့လေဘဲ အသားရောင်ကပင် သွေးရောင် လွှမ်းလာလေသည်။သူ ဆယ်ရက်ကြာပြီးနောက် စာမေးပွဲ သွားဖြေသည့်အခါ နေရောင်အောက်သို့ ထွက်ချိန်တွင် အပြင်လူတို့ သူ့ကိုမြင်ပြီး ထိတ်လန့်သွားမည်ကို စိုးရိမ်ရန် မလိုတော့ပါပေ။
သူသည် ရေစိမ်ထားသော ပဲနှင့် ပြုတ်ထားသော အရိုးတို့ကို စစ်ပြီး အဆင်သင့်ဖြစ်ပြီဟု ထင်မှ တိုက်ရိုက် ထုတ်လွှင့်မှုကို စတင်လိုက်သည်။
" မင်္ဂလာ ညနေခင်းပါ အားလုံးပဲ ကိုယ်က မင်းတို့ရဲ့ တင်ဆက်သူယွမ့်ထန်းပါ။ ကိုယ် ဒီည အသားနှပ်ခေါက်ဆွဲနဲ့ ပဲနို့ လုပ်ပြမှာပါ"
[ မြောင်မြောင်က ဘိန်းမုန့်စားရတာ ကြိုက်တယ် : အား.. တိုက်ရိုက် ထုတ်လွှင့်နေပြီ၊ တိုက်ရိုက် ထုတ်လွှင့်နေပြီ။ ငါ ပထမဆုံးပဲ ဟေ့]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ငါ ဒီမှာ စခန်းချပြီး တစ်နေ့ခင်းလုံး စောင့်နေတာ]
[ မော့မိသားစုရဲ့ ကျောက်စိမ်းလေး: ဘိန်းမုန့်က တကယ် အရသာရှိတယ်။ကျေးဇူးတင်ပါတယ် တင်ဆက်သူ]
နေ့လည်ခင်း တိုက်ရိုက် ထုတ်လွှင့်မှုတွင် ယွမ့်ထန်းက သူ သည်ညနေ ချက်ပြမည့် ဟင်းအမယ်တို့ကို ကြိုပြောပြခဲ့သည်။ထို့ကြောင့် ထိုအစားသူရဲလေးတို့က တစ်ချိန်လုံး စခန်းချကာ စောင့်နေခဲ့ကြသည်ပေ။ သူ တိုက်ရိုက် ထုတ်လွှင့်မှု ဖွင့်လိုက်သည်နှင့် ကြည့်ရှုသူတို့ အပြုံလိုက် ရောက်လာတော့သည်။
" အခု ကိုယ်တို့ မနက်က စိမ်ထားတဲ့ ပဲတွေကို ကြည့်ကြည့်ရအောင်"
ယွမ့်ထန်းက ပဲပိစပ်တို့ စိမ်ထားသည့် ဘေစင်ကို ထုတ်ကာ ကင်မရာ မြင်ရရန် သေချာပြသည်။
" ပဲက ရေကို သေချာ စုပ်ယူခဲ့လို့ အရွယ်အစားတောင် ကြီးလာပြီ တွေ့ကြလား။ ဆိုတော့ဒါက အဆင်သင့်ဖြစ်ပြီလို့ ပြောလို့ရတယ်။အားလုံးပဲ ပဲစေ့တွေကို ညစ်ကြည့်ကြပါ။ ဘယ်လောက် နူးညံ့သလဲဆိုတာကို မင်းတို့သိရလိမ့်မယ်"
[ ရတနာ ခုနှစ်သွယ်: မှန်လိုက်တာ။ ညစ်လိုက်တာနဲ့ အိထွက်သွားတာပဲ]
[ ထရန်စပါးရန့်လေး: ဟုတ်သားပဲ မနက်ကနဲ့ မတူတော့ဘူးနော်]
" ကိုယ်တို့ အခု ပဲနို့လုပ်လို့ရပြီ။ လွယ်ပါတယ်။ ကြိတ်စက်၇ှိရင ်ရပြီ"
ယွမ့်ထန်းက ရေတွေ သွန်လိုက်ကာ ပဲတွေ စုပ်ထားသည့် ရေတွေကို ညစ်ထုတ်သည်။ထိုအခါ ပဲတွေ ခြောက်သွားသည်။ထို့နောက် ဖျော်စက်ထဲသို့ သန့်ရှင်းသော ရေအနည်းငယ်နှင့်အတူ ရောကြိတ်ကာ ဖော်လိုက်သည်။ သူ ထပ်ခါတလဲလဲ ကြိတ်လိုက်သည့်အခါ ခပ်ပြစ်ပြစ် အနေအထားဖြစ်သွားသည်။
[ ငါ့မွေးရပ်မြေက ရှုခင်း: ပဲပိစပ်ကနေ ဖျော်ရည ်လုပ်လို့ရမယ် မထင်ထားဘူး။ ငါက တင်ဆက်သူတာ့ သစ်သီးတွေ ထည့်ဖျော်တော့မယ် ထင်နေတာ]
" မှန်တယ်။ ဘယ်လိုသစ်သီးမဆို ဖျော်ရည်အဖြစ ်သုံးလို့ရတယ်။ သခွားသီးနဲ့ မုန်လာဥနီလည်း အလားတူပဲ။ ဒါတွေက မင်းတို့ ခန္ဓာကိုယ်အတွက ်ကောင်းတယ်"
ပဲနို့တွင် အညစ်အကြေးတို့ ပါနေသေးသည့်အတွက် ထူပြစ်နေလေသည်။ယွမ့်ထန်းက ဂွမ်းသား အဝတ်ဖြူထဲ ကြိတ်ထားသော ပဲတွေ ထည့်လိုက်ကာ ဆေးကြောပြီး အနယ်တွေ ဖယ်ထုတ်သည်။ သူက ခပ်ကြမ်းကြမ်း ညစ်လိုက်ကာ အဝတ်ထဲတွင ်ပဲအဖတ်တွေ ကျန်စေပြီး ပဲနို့တွေကမူ အိုးထဲသို့ ကျစေသည်။ ယွမ့်ထန်း၏ လက်က ထိုမျှ အားမသန်သည့် အတွက ်သူက ဥပမာသာပြကာ နောက်ပိုင်းအား ရှောင်ပိုင်ကသာ လုပ်ရလေသည်။ ရှောင်ပိုင်၏ ဉာဏ်ရည်မြင့်မားမှုကြောင့် ခဏချင်းအ ိုးတဝက် ပြည့်သွားလေသည်။
[ အေပရယ် သိုးမွှေးအကျႌလေးရဲ့ လည်ပင်းထောင်ကို သပ်ချလိုက်မယ် : ကိုင်လို့တော့ ကောင်းပေမယ့် အနံ့ကြီးက ဘယ်လိုကြီးလဲ]
[ လကွယ်: ငါဆို အရသာပါ ခံကြည့်လိုက်တာ။ ချဉ်စုပ်နေတာပဲ စိတ်ပျက်လိုက်တာ]
" အားလုံးပဲ စိတ်မ၇ှည် မဖြစ်ကြပါနဲ့လေ။ ပဲနို့ကြမ်းက ဘာအရသာမှ ရှိနေမှာ မဟုတ်ဘူး။ နောက်ပြီး ပဲရဲ့ နဂို အနံ့က ရှိနေမှာပါပဲ။ ကိုယ်တို့ ဒါကို ကျိုပြီးတော့မှ ကောင်းမွန်တဲ့ အရသာကို ၇မှာပါ"
ထို့နောက် ယွမ့်ထန်းက မီးဖိုပေါ် အိုးကို တင်ကာ အပူချိန်ကို မြင့်သည်။ထို့နောက် ကျိုလိုက်၏။ ထို့နောက် သကြားထည့်သည်။အတန်ကြာပြီးနောက် ...
ယွမ့်ထန်းသည် ပူနွေးနေသော ပဲနို့ပူပူ တစ်ခွက် ထည့်ကာ ဇွန်းဖြင့် မွှေသည်။
"ကောင်းပြ ီအခု အားလုံးပဲ အရသာ ခံလို့ရပါပြီ။ မှတ်ထားပါ မသောက်ခင်မှာ အရင်မှုတ်ပါ။ ဒါမှ မင်းတို့ လျှာ အပူမလောင်မှာ"
ပဲနို့တွေသည် ယခုအခါတွင် ဖန်ခွက်ထဲ ထည့်ထားကာ မွှေးပျံ့နေပြီး သောက်ချင်စဖွယ ်ဖြစ်နေသည်။ယွမ့်ထန်းက မတိုင်မီက သကြားလည်း ထည့်ထားသေးသည်။ ပူနွေးပြီး ချိုမြသည့် ပဲနို့ တစ်ခွက် သောက်ခြင်းက အစာအိမ်ကို နွေးထွေးစေသည်။
[ လကွယ်: ငါ ခုနက ပြောတာကို ရုတ်သိမ်းပါတယ်။ တင်ဆက်သူ နင် တကယ် အံ့သြဖို့ကောင်းတယ်။ငါ့ရဲ့ ချစ်ခြင်းတွေကို ဖော်ပြဖို့ ကြယ်ပန်းတွေ ပို့ပေးလိုက်ပြီနော်]
[အေပရယ် သိုးမွှေးအကျႌလေးရဲ့ လည်ပင်းထောင်ကို သပ်ချလိုက်မယ် : ငါ အစက သောက်ချင်စိတ် လုံး၀ မ၇ှိဘူး။ ဒါပေမယ့် အရသာက တကယ်ကောင်းတယ်နော်]
[ ရတနာ မီးယင်ကောင် : အရသာလည်း ကောင်း။ အနံလည်း ကောင်း လုပ်လို့လည်း လွယ် ]
" ဟုတ်တယ်။ပဲနို့က လုပ်ရလွယ်တယ်။ မနက်ခင်း စောစောမှာ လုပ်သောက်ကြပါ။ ဒါက အရသာလည်းရှိသလို ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ အာဟာရ ပြည့်စေတာပေါ့။အားလုံးပဲ လိုက်လုပ်ကြည့်ကြပါ။မင်းတို့ ညဘက်ကတည်းက စိမ်ထားမယ်ဆိုရင် မနက်စောစောကျရင် ဖျော်သောက်လို့ရပြီ"
.ယွမ့်ထန်းက အားလုံး မြည်းပြီးသည်အထိ စောင့်ပြီးမှ ပြောသည်။
" ကဲ အခု ကိုယ်တို့ မနက်က ပြုတ်ခဲ့တဲ့ အရိုးတွေကို တချက် ကြည့်ရအောင်"
ယွမ့်ထန်း အဖုံးကို ဖွင့်လိုက်သည့်အခါ သိပ်သည်းသော အသားနံံ့က စတင် ပျံ့နှံ့လာသည်။ ဒါက လူတိုင်းကို သားရည်ယိုစေ၏။
" မင်းတို့ စွပ်ပြုတ်ကိုတော့ မသောက်လိုက်ကြဘူး မဟုတ်လား။ ကိုယ ်ဘာ အရသာမှုန့်မှ မထည့်၇သေးဘူး"
ယွမ့်ထန်းက သတိပေးလိုက်သည်။သို့သော ်တချို့သော ကြည့်ရှုသူတို့က သူ့ထက်ပင် မြန်ဆန်နေခဲ့ပေသည်။
[ မြောင်မြောင်က ဘိန်းမုန့်စားရတာ ကြိုက်တယ် :ငါ့လက်က တော်တော် မြန်တာပဲ ဟဲဟဲ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး : ငါ တော်တော် အသုံးမကျတာပဲ။ အခုထိ မမှတ်ဘူး ( ̄△ ̄) သက်ပြင်းချ သက်ပြင်းချ]
ယွမ်ထန်းက ဇွန်းခွက်ဖြင့် အပေါ်တွင် စုဝေးနေသည့် အမြုပ်တွေကို ခပ်ထုတ်လိုက်သည်။ထို့နောက် အဖုံးကို ပြန်အုပ်လိုက်၏။
ယွမ့်ထန်းက မနက်က ဝယ်ထားသည့် ဘူးသီးတစ်စိတ်ကို ရေဖြင့် သေချာဆေးကာ ဓားစကေး ကောင်းကောင်းပြရင်း လှီးတော့သည်။
ထို့နောက် အိုးထဲ ထည့်လိုက်သည်။ သူက သကြား ဇွန်း တစ်ဝက်နှင့် ရှာလကာရည် လက်ဖက်ရည်ဇွန်း ဇွန်းတစ်ဝက် ထည့်ကာ ဆက်ပြုတ်ထားသည်။
ဘူးသီးထည့်လိုက်ခြင်းသည် စွပ်ပြုတ်ကို ပိုပြီး အရသာရှိစေလိမ့်မည်။ ဘူးသီး နူးသွားသည်နှင့် ဖြူဖွေးကြည်လင်ကာ နူးအိလာမည်ဖြစ်ပြီး အလွန် အရသာ၇ှိပေလိမ့်မည်။ အသားနှင့် ပေါင်းလိုက်သည့်အခါ ဘူးသီးက ညှီနံ့ကို စုပ်ယူလေသည်။အရသာ၇ှိပြီး အာဟာရပြည့်ဝသည့်အတွက ်ယွမ့်ထန်း အကြိုက်ဆုံးစွပ်ပြုတ်လည်း ဖြစ်သည်။
သူ ဂျုံမှုန့်ယူကာ ရေထည့်ပြီး မုန့်သားကို နယ်သည်။ထို့နောက် ဘူးထဲ ထည့်ကာ ခဏ အအေးခံထား၏။
" ကိုယ်တို့အခု အသားနှပ်ရမယ်"
ယွမ့်ထန်းက သူ ဝယ်ထားသည့် ဝက်ဗိုက်သားကို ထုတ်သည်။ထို့နောက် ဂရုတစိုက် ဆေးကြောပြီးမှ အိုးအလွတ် တစ်ခုထဲ ထည့်ကာ ရေကြည့်ထည့်ပြီး မီးဖိုပေါ် တင်ထားသည်။ အပူချိန်လည်း မြင့်ထားကာ နှစ်မိနစ်ခန့် ဆူပွက်စေ၏။ထို့နောက် ရေဖြင့် တစ်ခါ ထပ်ဆေးသည်။ဒါက အညစ်အကြေးတွေနှင့် အနံ့ဆိုးကို ပြောင်စင်စေသည်။
ဝက်ဗိုက်သားကို ဆေးကြောပြီး အေးသွားသည့်အခါ ဓားထက်ထက်ဖြင့်ခပ်ပါးပါး လှီးသည်။ထို့နောက် အိုးအလွတ် တစ်ခုထဲ ထည့်ကာ ဆေးကြောထားသော ကြက်သွန်နီနှင့် ဂျင်းအပြင် ပဲငံပြာရည် အကြည်၊အနောက်နှင့် သကြားတစ်ဇွန်းထည့်ကာ ရေကြည်ထပ်ထည့်ပြီး ဆူပွက်စေသည်။
ပွက်လာသည့်အခါ အပူချိန်ကို လျှော့ပြီး နှပ်ထားလိုက်သည်။
" ကိုယ်တို့ မိနစ် နှစ်ဆယ်လောက်တော့ နှပ်ထား၇လိမ့်မယ်"
ဝက်သားကို ချက်ထားချိန်တွင် ယွမ့်ထန်းက မုန့်နှစ်တို့ကို ယူကာ ခေါက်ဆွဲလုပ်သည်။သည်တစ်ကြိမ် သူလုပ်သည့် ခေါက်ဆွဲက ပိုသေးသည်။ ကြည့်ရှုသူတွေက တစ်ကြိမ် မြင်ခဲ့ဖူးသည့်တိုင် အံ့သြရသေးပေသည်။ တင်ဆက်သူ လွယ်ကူစွာ လုပ်ခြင်းကို မြင်ရသည့်အခါ အချို့သော သူတွေဆိုလျှင် ကိုယ်တိုင် ကြိုးစားကြည့်ခဲ့ကြပေသည်။ထိုအခါမှ ခက်ခဲကြောင်းသ ိကြလေသည်။ ဂျုံသားက ပျော့လျှင် လုပ်နေရင်း အရည်တွေကျလေသည်။ မဟုတ်လျှင်လည်း ပြတ်ထွက်တတ်ပေ၏။
ခေါက်ဆွဲလုပ်ပြီးနောက် သန့်ရှင်းသော အိုးတစ်ခုထဲ ထည့်ကာ ပြုတ်သည်။
ခေါက်ဆွဲသားက သေးသဖြင့် အကျက်မြန်ကာ တခဏခန့် ကြာပြီးနောက် ယွမ့်ထန်း ဆယ်လိုက်နိုင်သည်။
သူ ကြိုတင်ပြင်ဆင်ထားသော ပန်းကန်လုံးထဲသို့ ခေါက်ဆွဲတွေကို ထည့်လိုက်သည်။သူကပြုတ်ရည်နှင့် ဘူးသီးအနည်းငယ်လည်း ဆမ်းလိုက်သည်။သူ အသားမထည့်သေးသည့်တိုင ်မွှေးပျံ့သည့် ရနံ့က ထွက်နှင့်သည်။ယွမ့်ထန်းက ဝက်သားနှပ်ထားသည့် အိုးအဖုံးကို ဖွင့်လိုက်သည့်အခါ မွှေးပျံ့သော အသားနံ့က ထွက်လာသည်။ ဝက်ဗိုက်သားဟာ အညိုရောင် ပြောင်းနေပြီဖြစ်ကာ အရသာရှိလောက်မည်ဟု ထင်ရလေပြီး တောက်ပနေလေသည်။သူက တူဖြင့် တို့ကြည့်ကာ နူးညံ့မှုကို စစ်ဆေးပြီးနောက် ချလိုက်သည်။
သူက ခေါက်ဆွဲပေါ်တွင် အသားနှစ်ဖက်ကို တင်သည်။ထို့နောက် ကြက်သွန်မြိတ်ဖြင့် အလှဆင်သည်။ အနှစ်အနည်းငယ်ကိုလည်း ထပ်ဖြည့်လိုက်သေး၏။ ထိုသို့ဖြင့် အရသာရှိပြီး စားချင်စဖွယ် အသားနှပ် ခေါက်ဆွဲကို ရသည်။
အဖြူရောင် ကြွေပန်းကန်လုံးထဲတွင် အရိုးစွပ်ပြုတ်ကို ထည့်ထားသည်။ထိုထဲတွင် အသားဖတ်တွေနှင့် နူးအိနေသော အရိုးတို့ရှိသည်။ ခေါက်ဆွဲရှိသော ပန်းကန်လုံးထဲတွင်မူ သေးငယ်သော ခေါက်ဆွဲမျှင်တို့နှင့် ခပ်ဖျော့ဖျော့ဘူူးသီးဖတ်တို့က ဝိုင်းပတ်နေဟန်ဖြင့် ပုံဖော်ထားကြောင်း မြင်ရပြီး ကြက်သွေးရောင် သန်းသယောင်၇ှိသော ဝက်ဗိုက်သားကိုမူ ခေါက်ဆွဲပေါ်တွင် မြင်ရသည်။ တစ်ပန်းကန်လုံး လုံးတွင် အဆီဝေ့သယောင်ဖြစ်နေသော်လည်း ထိုသို့သော ပ ုံစံကပင် စ ားချင်စိတ်ကို တိုးစေသည်။ထို့အပြင် သားရည်ယိုစေသော ရနံ့ကလည်း သိပ်သည်းလွန်းပေသည်။
သည်တစ်ကြိမ်တွင် မည်သူကမျှ ယွမ့်ထန်း အချက်ပြတာကို စောင့်မနေကြတော့ပါပေ။
[ တိုက်ရိုက်ထုတ်လွှင့်မှုတွေ ကြည့်ပြီး ချက်နည်းပြုတ်နည်း သင်နေသူ : အရမ်း အရသာ၇ှိတယ်။ စွပ်ပြုတ်က အရသာကဲလိုက်တာ။ အသားကလည်း နူးညံ့နေတာပဲ။ ခေါက်ဆွဲကလည်း စားလို့ကောင်းလိုက်တာ။ ငါ ထပ် စားချင်သေးတယ်]
[မြောင်မြောင်က ဘိန်းမုန့်စား၇တာ ကြိုက်တယ် : အရသာ ၇ှိတယ်။ အရသာ ၇ှိတယ်။ အရသာ ရှိတယ် !/(ㄒoㄒ)/~~]
[သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: တင်ဆက်သူရေ ဆိုင်မဖွင့်ချင်ဘူးလားဟင်။ ဒီခေါက်ဆွဲ တစ်ပန်းကန်ကို ၁၀၀၀ဆိုရင်တောင် ငါ ဝယ်စားမှာပါ]
[ ရတနာ ခုနှစ်သွယ် : ငါ ဒါစားရင်း မျက်ရည် ကျနေပြီ]
[ ထရန်စပါး၇န့်လေး : ဝူး...ဝူး....ဝူး... ဒါက ဒီလောက် အရသာရှိနေမှတော့ ငါ ဘယ်လိုများ အားဖြည့်ဆေးရည် သောက်ရတော့မှာလဲလို့]
[ ဂျင်းလေး : တင်ဆက်သူ တင်ဆက်သူ ဒီနေ့ရော မဲဖောက်ပေးမှာလားဟင်]
" ဒါပေါ့။ ကိုယ် ဒီည သုံးယောက်ကို မဲဖောက်ပေးမယ်။ တစ်ယောက်ကို ဒီခေါက်ဆွဲ တစ်ပန်းကန်လုံးဆီ ၇မယ်"
ယွမ့်ထန်းက ပြင်ဆင်နေရင်း ပြောသည်။
[ နွေဦး ပျားရည် : မဲပေါက်ဖို့ ဆုတောင်းပါတယ်]
[ နဂါးငွေ့တန်းနဲ့ အဝေး အဝေး အဝေးကြီးမှာ : မဲပေါက်ဖို့ ဆုတောင်းပါတယ် အပေါင်းတစ်]
[ မြောင်မြောင်က ဘိန်းမုန့်စား၇တာ ကြိုက်တယ် : မဲပေါက်ဖို့ ဆုတောင်းပါတယ်]
.....
ကြည့်ရှုသူတွေက ဆုတောင်းကြတော့သည်။
" အသုံးပြုသူ ဟော်က တင်ဆက်သူကို ဥက္ကပျံမိုး ဆုချလိုက်ပါတယ်"
[ ဟော် : ဆုတောင်းပါတယ်]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး : ငါ လုံး၀ မထင်ထားတာက ငါတို့ရဲ့ အခန်းမန်နေဂျာ အာဏာ၇ှင်ကြီးလည်း ဆုတောင်းနေရတာပဲ]
ကံဆိုးသည်မှာ ဟော်ယွင်ချန်း၏ဆုတောင်းက အသုံးမဝင်လိုက်ပေ။ ယခင်အတိုင်း သူ့နာမည် ပါမလာခဲ့ပေ။ ယွမ့်ထန်း ရယ်ချင်စိတ်ကို ထိန်းကာ အလေးအနက် ပုံစံဖြင့် ပြောလိုက်သည်။
" ဂုဏ်ယူပါတယ် ကြေးနီရောင်၊ ချီကျို့မော့ရန်နဲ့ နဂါးငွေ့တန်းနဲ့ အဝေး အဝေး အဝေးကြီးမှာတို့ ကံကောင်းသွားပါတယ်။ ကိုယ် သိပ်မကြာခင်မှာ ပို့လိုက်မှာဖြစ်လို့ အားလုံးပဲ အကြောင်းကြားလာတာကို သတိပြုပေးဖို့ မမေ့ပါနဲ့ "
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: အား.... ငါ မပေါက်ဘူး မကျေနပ်ဘူး အား.....]
[မြောင်မြောင်က ဘိန်းမုန့်ကြိုက်တယ်: ဟူးဟူးဟူး ငါလည်း ဝေစု မရဘူး]
[ ရတနာ ခုနှစ်သွယ် : ဝေစုက နည်းလွန်းတယ်။ ဒါနဲ့အဲ့ဒိမှာ စွပ်ပြုတ်အိုးကြီး ရှိသေးတယ် မဟုတ်လား။ ခေါက်ဆွဲ မစား၇လည်း နေပါစေ။ အရည်လေးတော့ သောက်ပါရစေလား ကျေးဇူးပြုပြီး....]
ငိုသံတွေက ပြည့်နှက်နေသည့်အတွက် ယွမ့်ထန်း ကူကယ်ရာမဲ့သွားရသည်။
" ဒါဆိုလည်း ဘူးသီးနဲ့ အရိုးစွပ်ပြုတ်ကို သုံးယောက် မဲဖောက်ပေးလိုက်မယ်"
သူ့အသံ တိတ်သွားသည်နှင့် ချက်ခန်းတစ်ခုလုံး ပေါက်ကွဲမတတ် ဆူညံလာတော့သည်။
[ ထရန်စပါးရန့်လေး : တင်ဆက်သူ သက်တော်ရာကျော် ရှည်ပါစေ]
[ ညလယ်ကြီးရေနွေးထသောက်နေတဲ့ ငါ : တင်ဆက်သူက သဘောကောင်းလိုက်တာ]
ယွမ့်ထန်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ သူက နာမည်တွေ ရွေးလိုက်ပြီး ကြေငြာလိုက်သည်။
"ဂုဏ်ယူပါတယ် အားချန်း၊ တိုက်ရိုက်ထုတ်လွှင့်မှုတွေ ကြည့်ပြီးခ ျက်နည်းပြုတ်နည်း သင်ယူနေတဲ့ငါနဲ့ ဟော်တို့ ကံကောင်းပါတယ်။ ကိုယ် ခဏနေ ပို့လိုက်မှာဖြစ်လို့ အားလုံးပဲ စစ်ဆေးဖို့ မမေ့ပါနဲ့"
ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ အခန်းမန်နေဂျာက ကံကောင်းစွာနဲ့ မဲပေါက်သွားပြီပဲ။ ဒါက စွပ်ပြုတ်ကြီး သက်သက်ပဲဆိုပေမယ့် မစားရတာနဲ့စာရင်တော့ ကောင်းသားပဲ။
ယွမ့်ထန်း ပြံးနေပြီး တခဏခန့်ကြာမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။
" ဒီနေ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကတော့ ဒီလောက်ပါပဲ။ မနက်ဖန်မှ ပြန်တွေ့ကြရအောင်"
ပြဇာတ်ငယ်လေး
ဟော်ယွင်ချန်း : သူများတွေက ခေါက်ဆွဲစားနေ၇တဲ့အချိန်မှာ ငါက စွပ်ပြုတ်ပဲ သောက်နေရတယ်။ ငါ ဘယ်တော့များမှ တင်ဆက်သူကို အိမ်ခေါ်ပြီး ဇနီး လုပ်ခိုင်းလို့ရမှာလဲ
ဟော်ယွင်ရီ : နောက်ဘဝမှ ...
ဘာသာပြန်သူမှာ ပြောစရာ ၇ှိပါတယ်။
ကိုယ် ဒါကို မနေ့ညက ရေးထားတာပေမယ့် မပြီးလို့ အခုမှ ဆက်ရေးပြီး တင်လိုက်ရတယ်။
ကဲ စားကောင်းကြပါစေနော ်ဟဲဟဲ ဖြစ်နိုင်ရင် ကျော်လွှားပြီး နှစ်ယောက်တွေ့ချိန်ကို တင်ပေးချင်နေပါပြီ။
ဒါပေမယ့် သိပ်မကြာတော့ပါဘူး ဟဲဟဲ