ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 288K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

27

10.9K 1.9K 74
By Melinoe_Megami

Unicode

ရွှယ်ယို့ရှန်းရဲ့ စိုးရိမ်ပူပန်မှုကို ရင်းဆုယဲ့က လျစ်လျူရှုလိုက်ပြီး သိုလှောက်လက်စွပ်ထဲမှ အေးစက်စက် အလင်းတန်းတွေ ယှက်ဖြာနေတဲ့ ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်တယ်။

ရွှယ်ယို့ရှန်းရဲ့လက်ကို ဆုပ်ကိုင်ထားတော့ အကာအကွယ်စည်းကို လွယ်လင့်တကူ ဖြတ်ကျော်နိုင်ခဲ့တယ်။ ရင်းဆုယဲ့က အပြင်ကို ရောက်တာနဲ့ ကောင်လေးရဲ့လက်ကို လွှတ်ပေးလိုက်ပြီး လိုဏ်ဂူအထဲကို ပြန်ပို့ကာ အကာအကွယ်စည်းအတွင်းမှာပဲ နေစေလိုက်တယ်။ ထို့နောက်မှာတော့ ဝံပုလွေအုပ်ကြီးရှိရာ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့တယ်။

လှပသေသပ်တဲ့ ပန်းထိုးဖိနပ်တစ်စုံကို ဝတ်ဆင်ထားတဲ့ သူ့ရဲ့ခြေထောက်တွေက သူ့ဓားချက်အောက်မှာ သေဆုံးခဲ့ရတဲ့ အလောင်းတွေကြား၊ သွေးကွက်တွေအပေါ်မှ ဖြတ်ကျော်သွားရင်း ပေါ့ပါးတဲ့ ခြေသံကိုသာ ချန်ရစ်ထားခဲ့တယ်။

သူတို့ဆီကို လှမ်းလာနေတဲ့ ဒီလူသားက အန္တရာယ်များတယ်ဆိုတာ ခံစားမိလိုက်တော့ ဝံပုလွေတွေလည်း ကိုက်လက်စအလောင်းတွေကို ပစ်ချထားပြီး အုပ်စုဖွဲ့တိုက်ရန် ပြင်ဆင်လိုက်ကြတယ်။ ဝံပုလွေအုပ်ကြီးနဲ့ ရင်ဆိုင်နေရတာတောင် ရင်းဆုယဲ့ရဲ့ မျက်နှာက အမူအရာကင်းမဲ့နေဆဲပဲ။ ဓားကို အသာဝှေ့ယမ်းလိုက်ရင်း တစ်ချက်ခုတ်လိုက်တိုင်း ဝံပုလွေတစ်ကောင်ရဲ့ အသက်ကို နှုတ်ယူသွားခဲ့တယ်။

လုံးဝအပိုအလိုမရှိ၊ သူ့ရဲ့ တိုက်ခိုက်ပုံက ကြောက်စရာကောင်းပြီး သေသပ်လွန်းလှတယ်။ မနှေးမမြန် လမ်းလျှောက်နေပေမယ့် သူလျှောက်သွားတဲ့ နေရာတိုင်း အလောင်းပုံနေတော့တယ်။

ရင်းဆုယဲ့ရဲ့ သွေးအေးရက်စက်ပုံကို ကြည့်ရင်း အကာအကွယ်စည်းထဲက ရွှယ်ယို့ရှန်းခမျာ အမြင်မှားနေသလားတောင် ထင်မြင်နေတော့တယ်။ ရင်းဆုယဲ့ရဲ့ ပုံစံက ဝံပုလွေတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာနဲ့ လုံးဝမတူဘူး။ ‘ဖရဲသီးလှီးတဲ့ဂိမ်း’ ကစားနေသလိုပဲ။ မြင်ပါများတော့ ရင်းဆုယဲ့ရဲ့ သွေးလွှမ်းစေတဲ့ ဒီမြင်ကွင်းကို ကြောက်စရာကောင်းတယ်လို့ မခံစားရတော့ဘူး။

“သွားမယ်..”

နောက်ဆုံးဝံပုလွေကို အပြီးသတ်ပြီးတာနဲ့ ရင်းဆုယဲ့က အကာအကွယ်စည်းရှိရာ ပြန်လျှောက်လာပြီး ရွှယ်ယို့ရှန်းထံ လက်ကမ်းလိုက်တယ်။

“အို့..”

ရွှယ်ယို့ရှန်းက တစ်ခဏတော့ တွေဝေနေခဲ့သေးတယ်။ ဒါပေမဲ့ လက်ကို အကာအကွယ်စည်းအပြင်ဘက် ဆန့်ထုတ်လိုက်ပြီး ရင်းဆုယဲ့ရဲ့ လက်ထဲ ထည့်ပေးလိုက်တယ်။ သူ သိတယ်၊ ဒီလက်က အခုလေးတင် အသက်ပေါင်းများစွာကို နှုတ်ယူပစ်ခဲ့တာ။ ဒါပေမဲ့ ထူးထူးခြားခြားပဲ၊ သူ့မှာ ငြင်းပယ်လိုစိတ်မရှိဘူး..!

ရင်းဆုယဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာတောင် သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သွေးတစ်စက် မစွန်းခဲ့သလို ဒဏ်ရာလည်း မရခဲ့ဘူး။ သူ့ရဲ့ဟန်ပန်က တိုက်ပွဲမှာဆိုရင် တစ်လောကလုံးကို ထိန်းချုပ်ထားနိုင်တဲ့ နတ်ဘုရားလို့တောင် ညွှန်းဆိုနိုင်တယ်။

“နေမကောင်းဘူးလား..?”

ရင်းဆုယဲ့ ခေါင်းငုံ့ကြည့်လိုက်တော့ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေရှာတဲ့ ရွှယ်ယို့ရှန်းကိုမြင်ပြီး မျက်မှောင်ကြုတ်သွားခဲ့တယ်။

“အသားမကျသေးလို့ပါ..”

မော်ဒန်ခေတ်ကလာတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ စိတ်ပြင်ဆင်ထားပါစေ၊ ဒီလို သွေးပျက်ဖွယ် အနိဋဿဌာရုံ မြင်ကွင်းမျိုးကို ကြောက်လန့်ပြီး လက်မခံနိုင်တာ ထုံးစံပဲလေ။ သူက ဒီကမ္ဘာကို ဖန်တီးခဲ့တဲ့ စာရေးသူ၊ ဒီကမ္ဘာရဲ့ ကြီးနိုင်ငယ်ညှင်းဝါဒကို ရင်းနှီးထားပြီးသား၊ ပြီးတော့လည်း TV ဇာတ်လမ်းတွေ၊ ဝတ္ထုတွေထဲမှာ မရေမတွက်နိုင်အောင် ကြောက်မက်ဖွယ် လူသတ်ဇာတ်ကြောင်းတွေကို ကြည့်ဖူးတယ်၊ ဖတ်ဖူးတယ်ဆိုပေမယ့် သူကိုယ်တိုင်ကတော့ ကြက်တစ်ကောင်တောင် မသတ်ခဲ့ဖူးတဲ့ အိမ်တွင်းပုန်းလေးဆိုတာ ပြောင်းလဲလို့မရနိုင်တဲ့အချက်ပဲ..!

တောင်တစ်လုံးလုံး သူ့ရှေ့မှာ ပြိုကျသွားရင်တောင် အမူအရာထိန်းထားနိုင်တဲ့ သူ့ရဲ့ ပင်ကိုစွမ်းရည်ကို ကျေးဇူးတင်သင့်တယ်။ ဒီစွမ်းရည်ကြောင့်သာ သူ့ကိုယ်သူ ရုပ်ပျက်ဆင်းပျက်မဖြစ်စေပဲ သာမာန်အမူအယာအတိုင်း ထိန်းထားနိုင်ခဲ့တာ။ ဒီလိုပြိုင်ဖက်ကင်းစွမ်းရည်မျိုးရှိတဲ့ သူ့ကိုယ်သူ လက်မတွေအများကြီး ပြန်ပေးလိုက်သင့်ပြီ။

“အဲ့တာတွေကို မကြည့်နဲ့တော့..”

ပြောပြောဆိုဆိုနဲ့ ရင်းဆုယဲ့ရဲ့ လက်တစ်ဖက်က ရွှယ်ယို့ရှန်းရဲ့ မျက်လုံးတွေကို ဖုံးကွယ်ပစ်လိုက်ပြီး ကျန်လက်တစ်ဖက်နဲ့ ရွှယ်ယို့ရှန်းကို မရေမတွက်နိုင်တဲ့ အလောင်းတွေ၊‌ သွေးကွက်တွေကို ရှောင်တိမ်းရင်း တောအုပ်အပြင်ဘက်အထိ ခေါ်ထုတ်သွားခဲ့တယ်။

(TN: စာရေးဆရာ ညွှန်းထားတာကတော့ ရင်ခွင်ထဲပွေ့ထားပြီး လက်တစ်ဖက်ကခါးကိုဖက်၊ ကျန်လက်တစ်ဖက်က မျက်လုံးကိုပိတ်ပြီး ခေါ်ဆောင်သွားတာပါတဲ့၊ နိဂုံးချုပ်ရရင် ခွေးစာပါ HaHa)

“အမ်း..” ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ကို မငြင်းဆန်ခဲ့ဘူး။ ဒီလိုနေရာမျိုးမှာ တစ်စုံတစ်ယောက်အပေါ် အပြည့်အဝ မှီခိုအားထားလို့ရတာက သူ့ကို စိတ်သက်သာရာရစေတယ်လေ။

သူ့ရဲ့မျက်လုံးတွေကို ရင်းဆုယဲ့ရဲ့ လက်ဖဝါးကြီးက ကွယ်ထားတော့ ရွှယ်ယို့ရှန်းလည်း နေရခက်လာပြီး မျက်တောင်ခတ်လိုက်မိတယ်။ သူ့ရဲ့ မျက်တောင်ရှည်ကြီးတွေက ရင်းဆုယဲ့ရဲ့ လက်ဖဝါးပြင်ကို ပွတ်သပ်လိုက်သလို ဖြစ်သွားပြီး လက်ချောင်းလေးတွေက အမှုမဲ့အမှတ်မဲ့ ပွင့်ဟသွားခဲ့တယ်။

ရင်းဆုယဲ့ရဲ့ လက်ချောင်းကြားကနေ ရွှယ်ယို့ရှန်းလည်း ပြင်ပအခြေအနေကို ဖြတ်ခနဲ မြင်လိုက်ရလေတယ်။ ပထမဆုံး မြင်လိုက်ရတာက သူတို့ထွက်မသွားခင် ရင်းဆုယဲ့က နောက်လှည့်ပြီး ဝံပုလွေအသေတစ်ကောင်ကို သိုလှောင်လက်စွပ်ထဲ ထည့်ပစ်လိုက်တာပဲ။

ထိုအခိုက်အတန့်မှာ အသက်ခံရတဲ့လူ.. အာ.. မဟုတ်သေးပါဘူး၊ အသတ်ခံထားရတဲ့ အကောင်တွေကို မြင်လိုက်ရပြီး ရွှယ်ယို့ရှန်း ခံစားနေရတဲ့ ထိတ်လန့်မှုတွေအားလုံး ပျောက်ကွယ်သွားခဲ့တယ်။ ကျန်ခဲ့တာကတော့ ကူကယ်ရာမဲ့နေတဲ့ ခံစားချက်ပဲ။

ရင်းဆုယဲ့က ဝံပုလွေအသားကင်နဲ့ ပက်သက်ပြီး ဘာလို့ ဒီလောက်ဇွဲကောင်းနေရတာလဲဟ..?

…………………………………….

Zawgyi

႐ႊယ္ယို႔ရွန္းရဲ႕ စိုးရိမ္ပူပန္မႈကို ရင္းဆုယဲ့က လ်စ္လ်ဴရႈလိုက္ၿပီး သိုေလွာက္လက္စြပ္ထဲမွ ေအးစက္စက္ အလင္းတန္းေတြ ယွက္ျဖာေနတဲ့ ဓားရွည္တစ္ေခ်ာင္းကို ဆြဲထုတ္လိုက္တယ္။

႐ႊယ္ယို႔ရွန္းရဲ႕လက္ကို ဆုပ္ကိုင္ထားေတာ့ အကာအကြယ္စည္းကို လြယ္လင့္တကူ ျဖတ္ေက်ာ္ႏိုင္ခဲ့တယ္။ ရင္းဆုယဲ့က အျပင္ကို ေရာက္တာနဲ႔ ေကာင္ေလးရဲ႕လက္ကို လႊတ္ေပးလိုက္ၿပီး လိုဏ္ဂူအထဲကို ျပန္ပို႔ကာ အကာအကြယ္စည္းအတြင္းမွာပဲ ေနေစလိုက္တယ္။ ထို႔ေနာက္မွာေတာ့ ဝံပုေလြအုပ္ႀကီးရွိရာ ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္သြားခဲ့တယ္။

လွပေသသပ္တဲ့ ပန္းထိုးဖိနပ္တစ္စုံကို ဝတ္ဆင္ထားတဲ့ သူ႔ရဲ႕ေျခေထာက္ေတြက သူ႔ဓားခ်က္ေအာက္မွာ ေသဆုံးခဲ့ရတဲ့ အေလာင္းေတြၾကား၊ ေသြးကြက္ေတြအေပၚမွ ျဖတ္ေက်ာ္သြားရင္း ေပါ့ပါးတဲ့ ေျခသံကိုသာ ခ်န္ရစ္ထားခဲ့တယ္။

သူတို႔ဆီကို လွမ္းလာေနတဲ့ ဒီလူသားက အႏၲရာယ္မ်ားတယ္ဆိုတာ ခံစားမိလိုက္ေတာ့ ဝံပုေလြေတြလည္း ကိုက္လက္စအေလာင္းေတြကို ပစ္ခ်ထားၿပီး အုပ္စုဖြဲ႕တိုက္ရန္ ျပင္ဆင္လိုက္ၾကတယ္။ ဝံပုေလြအုပ္ႀကီးနဲ႔ ရင္ဆိုင္ေနရတာေတာင္ ရင္းဆုယဲ့ရဲ႕ မ်က္ႏွာက အမူအရာကင္းမဲ့ေနဆဲပဲ။ ဓားကို အသာေဝွ႔ယမ္းလိုက္ရင္း တစ္ခ်က္ခုတ္လိုက္တိုင္း ဝံပုေလြတစ္ေကာင္ရဲ႕ အသက္ကို ႏႈတ္ယူသြားခဲ့တယ္။

လုံးဝအပိုအလိုမရွိ၊ သူ႔ရဲ႕ တိုက္ခိုက္ပုံက ေၾကာက္စရာေကာင္းၿပီး ေသသပ္လြန္းလွတယ္။ မေႏွးမျမန္ လမ္းေလွ်ာက္ေနေပမယ့္ သူေလွ်ာက္သြားတဲ့ ေနရာတိုင္း အေလာင္းပုံေနေတာ့တယ္။

ရင္းဆုယဲ့ရဲ႕ ေသြးေအးရက္စက္ပုံကို ၾကည့္ရင္း အကာအကြယ္စည္းထဲက ႐ႊယ္ယို႔ရွန္းခမ်ာ အျမင္မွားေနသလားေတာင္ ထင္ျမင္ေနေတာ့တယ္။ ရင္းဆုယဲ့ရဲ႕ ပုံစံက ဝံပုေလြေတြကို ျပင္းျပင္းထန္ထန္ တိုက္ခိုက္ေနတာနဲ႔ လုံးဝမတူဘူး။ ‘ဖရဲသီးလွီးတဲ့ဂိမ္း’ ကစားေနသလိုပဲ။ ျမင္ပါမ်ားေတာ့ ရင္းဆုယဲ့ရဲ႕ ေသြးလႊမ္းေစတဲ့ ဒီျမင္ကြင္းကို ေၾကာက္စရာေကာင္းတယ္လို႔ မခံစားရေတာ့ဘူး။

“သြားမယ္..”

ေနာက္ဆုံးဝံပုေလြကို အၿပီးသတ္ၿပီးတာနဲ႔ ရင္းဆုယဲ့က အကာအကြယ္စည္းရွိရာ ျပန္ေလွ်ာက္လာၿပီး ႐ႊယ္ယို႔ရွန္းထံ လက္ကမ္းလိုက္တယ္။

“အို႔..”

႐ႊယ္ယို႔ရွန္းက တစ္ခဏေတာ့ ေတြေဝေနခဲ့ေသးတယ္။ ဒါေပမဲ့ လက္ကို အကာအကြယ္စည္းအျပင္ဘက္ ဆန႔္ထုတ္လိုက္ၿပီး ရင္းဆုယဲ့ရဲ႕ လက္ထဲ ထည့္ေပးလိုက္တယ္။ သူ သိတယ္၊ ဒီလက္က အခုေလးတင္ အသက္ေပါင္းမ်ားစြာကို ႏႈတ္ယူပစ္ခဲ့တာ။ ဒါေပမဲ့ ထူးထူးျခားျခားပဲ၊ သူ႔မွာ ျငင္းပယ္လိုစိတ္မရွိဘူး..!

ရင္းဆုယဲ့က အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့တာေတာင္ သူ႔ရဲ႕ခႏၶာကိုယ္ေပၚမွာ ေသြးတစ္စက္ မစြန္းခဲ့သလို ဒဏ္ရာလည္း မရခဲ့ဘူး။ သူ႔ရဲ႕ဟန္ပန္က တိုက္ပြဲမွာဆိုရင္ တစ္ေလာကလုံးကို ထိန္းခ်ဳပ္ထားႏိုင္တဲ့ နတ္ဘုရားလို႔ေတာင္ ၫႊန္းဆိုႏိုင္တယ္။

“ေနမေကာင္းဘူးလား..?”

ရင္းဆုယဲ့ ေခါင္းငုံ႔ၾကည့္လိုက္ေတာ့ ကိုယ့္ကိုယ္ကို တည္ၿငိမ္ေအာင္ ႀကိဳးစားရင္း မ်က္ႏွာတစ္ျပင္လုံး ျဖဴေဖ်ာ့ေနရွာတဲ့ ႐ႊယ္ယို႔ရွန္းကိုျမင္ၿပီး မ်က္ေမွာင္ၾကဳတ္သြားခဲ့တယ္။

“အသားမက်ေသးလို႔ပါ..”

ေမာ္ဒန္ေခတ္ကလာတဲ့ လူတစ္ေယာက္အေနနဲ႔ ဘယ္ေလာက္ပဲ စိတ္ျပင္ဆင္ထားပါေစ၊ ဒီလို ေသြးပ်က္ဖြယ္ အနိဋႆဌာ႐ုံ ျမင္ကြင္းမ်ိဳးကို ေၾကာက္လန္႔ၿပီး လက္မခံႏိုင္တာ ထုံးစံပဲေလ။ သူက ဒီကမာၻကို ဖန္တီးခဲ့တဲ့ စာေရးသူ၊ ဒီကမာၻရဲ႕ ႀကီးႏိုင္ငယ္ညႇင္းဝါဒကို ရင္းႏွီးထားၿပီးသား၊ ၿပီးေတာ့လည္း TV ဇာတ္လမ္းေတြ၊ ဝတၳဳေတြထဲမွာ မေရမတြက္ႏိုင္ေအာင္ ေၾကာက္မက္ဖြယ္ လူသတ္ဇာတ္ေၾကာင္းေတြကို ၾကည့္ဖူးတယ္၊ ဖတ္ဖူးတယ္ဆိုေပမယ့္ သူကိုယ္တိုင္ကေတာ့ ၾကက္တစ္ေကာင္ေတာင္ မသတ္ခဲ့ဖူးတဲ့ အိမ္တြင္းပုန္းေလးဆိုတာ ေျပာင္းလဲလို႔မရႏိုင္တဲ့အခ်က္ပဲ..!

ေတာင္တစ္လုံးလုံး သူ႔ေရွ႕မွာ ၿပိဳက်သြားရင္ေတာင္ အမူအရာထိန္းထားႏိုင္တဲ့ သူ႔ရဲ႕ ပင္ကိုစြမ္းရည္ကို ေက်းဇူးတင္သင့္တယ္။ ဒီစြမ္းရည္ေၾကာင့္သာ သူ႔ကိုယ္သူ ႐ုပ္ပ်က္ဆင္းပ်က္မျဖစ္ေစပဲ သာမာန္အမူအယာအတိုင္း ထိန္းထားႏိုင္ခဲ့တာ။ ဒီလိုၿပိဳင္ဖက္ကင္းစြမ္းရည္မ်ိဳးရွိတဲ့ သူ႔ကိုယ္သူ လက္မေတြအမ်ားႀကီး ျပန္ေပးလိုက္သင့္ၿပီ။

“အဲ့တာေတြကို မၾကည့္နဲ႔ေတာ့..”

ေျပာေျပာဆိုဆိုနဲ႔ ရင္းဆုယဲ့ရဲ႕ လက္တစ္ဖက္က ႐ႊယ္ယို႔ရွန္းရဲ႕ မ်က္လုံးေတြကို ဖုံးကြယ္ပစ္လိုက္ၿပီး က်န္လက္တစ္ဖက္နဲ႔ ႐ႊယ္ယို႔ရွန္းကို မေရမတြက္ႏိုင္တဲ့ အေလာင္းေတြ၊‌ ေသြးကြက္ေတြကို ေရွာင္တိမ္းရင္း ေတာအုပ္အျပင္ဘက္အထိ ေခၚထုတ္သြားခဲ့တယ္။

(TN: စာေရးဆရာ ၫႊန္းထားတာကေတာ့ ရင္ခြင္ထဲေပြ႕ထားၿပီး လက္တစ္ဖက္ကခါးကိုဖက္၊ က်န္လက္တစ္ဖက္က မ်က္လုံးကိုပိတ္ၿပီး ေခၚေဆာင္သြားတာပါတဲ့၊ နိဂုံးခ်ဳပ္ရရင္ ေခြးစာပါ HaHa)

“အမ္း..” ႐ႊယ္ယို႔ရွန္းလည္း ရင္းဆုယဲ့ကို မျငင္းဆန္ခဲ့ဘူး။ ဒီလိုေနရာမ်ိဳးမွာ တစ္စုံတစ္ေယာက္အေပၚ အျပည့္အဝ မွီခိုအားထားလို႔ရတာက သူ႔ကို စိတ္သက္သာရာရေစတယ္ေလ။

သူ႔ရဲ႕မ်က္လုံးေတြကို ရင္းဆုယဲ့ရဲ႕ လက္ဖဝါးႀကီးက ကြယ္ထားေတာ့ ႐ႊယ္ယို႔ရွန္းလည္း ေနရခက္လာၿပီး မ်က္ေတာင္ခတ္လိုက္မိတယ္။ သူ႔ရဲ႕ မ်က္ေတာင္ရွည္ႀကီးေတြက ရင္းဆုယဲ့ရဲ႕ လက္ဖဝါးျပင္ကို ပြတ္သပ္လိုက္သလို ျဖစ္သြားၿပီး လက္ေခ်ာင္းေလးေတြက အမႈမဲ့အမွတ္မဲ့ ပြင့္ဟသြားခဲ့တယ္။

ရင္းဆုယဲ့ရဲ႕ လက္ေခ်ာင္းၾကားကေန ႐ႊယ္ယို႔ရွန္းလည္း ျပင္ပအေျခအေနကို ျဖတ္ခနဲ ျမင္လိုက္ရေလတယ္။ ပထမဆုံး ျမင္လိုက္ရတာက သူတို႔ထြက္မသြားခင္ ရင္းဆုယဲ့က ေနာက္လွည့္ၿပီး ဝံပုေလြအေသတစ္ေကာင္ကို သိုေလွာင္လက္စြပ္ထဲ ထည့္ပစ္လိုက္တာပဲ။

ထိုအခိုက္အတန႔္မွာ အသက္ခံရတဲ့လူ.. အာ.. မဟုတ္ေသးပါဘူး၊ အသတ္ခံထားရတဲ့ အေကာင္ေတြကို ျမင္လိုက္ရၿပီး ႐ႊယ္ယို႔ရွန္း ခံစားေနရတဲ့ ထိတ္လန႔္မႈေတြအားလုံး ေပ်ာက္ကြယ္သြားခဲ့တယ္။ က်န္ခဲ့တာကေတာ့ ကူကယ္ရာမဲ့ေနတဲ့ ခံစားခ်က္ပဲ။

ရင္းဆုယဲ့က ဝံပုေလြအသားကင္နဲ႔ ပက္သက္ၿပီး ဘာလို႔ ဒီေလာက္ဇြဲေကာင္းေနရတာလဲဟ..?

…………………………………….

Continue Reading

You'll Also Like

52.6K 5.7K 28
Эрт урьдын цагт... Үлгэр бүхэн эрт урьдын цагт гэж эхэлдэг. Тэгээд амар сайхандаа жарган дуусна. Гэхдээ "эрт урьдын цагт" биш "одоо цагт" үлгэр эхэлв...
688K 30.7K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
3.4M 277K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...