ဘတ်ဟျွန်းကအဆောင်ကိုပြန်ပြီး အကျီတွေကို
ပိုးပိတ်စနဲ့ထုပ်တယ်။ အသားခြောက်တချို့နဲ့ ထမင်းလုံးတွေရေဘူးတွေပါ ပါတယ်။ ဖိနပ်အပိုတစ်ရံကိုပါယူပြီး ကောက်ရိုးလွယ်အိတ်မှာချည်တယ်။ ခုနကထုပ်ထားတဲ့အစားအစာနဲ့ ပစ္စည်းတွေကို ကောက်ရိုးလွယ်အိတ်ထဲထည့်တယ်။ နောက်ဆုံးကျန်တဲ့တစ်ချက်ကမယ်တော်ကြီးဆီသူခွင့်တောင်းရမယ်ဆိုတာပါပဲ။
"မယ်တော်ကြီး ကြင်ယာတော်လေး ဝင်ခွင့်တောင်းပါတယ်"
"ဝင်ခွင့်ပြုလိုက်ပါ"
ဆံထုံးကိုဖြေချထားပြီး အကျီအဖြူဝတ်ထားတဲ့မယ်တော်ကြီးက ခေါင်းမှာလဲပိတ်စဖြူဖြူကို စည်းထားသေးတယ်။ သူ့သားပုံစံကိုကြည့်ပြီး စိတ်မကောင်းလို့ နေမကောင်းဖြစ်နေပုံပဲ.
"ကျွန်တော်ကို နန်းပြင်ထွက်ခွင့်ပြုပါ မယ်မယ်"
"သားတော်က ဗြောင်လေးကို သိပ်ချစ်တာ"
မယ်တော်ကြီးက ပြောပြီးခေါင်းကိူတဖက်လှည့်ကာတရှုံ့ရှုံ့ငိုတော့သည်။
"သားတော်ကိုပြန်မချစ်နိုင်တော့ရင်တောင်
ထွက်မသွားပါနဲ့လားကွယ် သားငယ်လေးကဗြောင်လေးကိုတအားချစ်ရှာတာ ဟန်ဆောင်ပြီးဖြစ်ဖြစ်နေပေးရင်တောင်ဒီအမေအိုကြီးက ကျေးဇူးတင်လှပါပြီကွယ်"
"မင်းကြီးကိုကယ်တင်မဲ့နည်းလမ်းသွားရှာချင်လို့ပါ
ကျွန်တော် မင်းကြီးနားကထွက်သွားမှာမဟုတ်ပါဘူး
သာမန်ဆေးနည်းနဲ့ မင်းကြီးကိုမကယ်နိုင်ဘူးတဲ့"
"တစ်ယောက်ထဲ စိတ်မချဘူးကွယ်"
"ကျွန်တော်ဘေးကင်းကင်းနဲ့ပြန်လာခဲ့ပါမယ်။အတတ်နိုင်ဆုံးမြန်မြန်ပြန်ခဲ့ပါမယ်"
"မထိခိုက်စေနဲ့နော် ဗြောင်လေး မဟုတ်ရင်
သားငယ်က မယ်မယ့်ကိုအပြစ်တင်နေပါဦးမယ်"
"မှန်လှပါ ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါဦး"
မျက်စိရှေ့ကိုဖုံးလုလုဖြစ်နေတဲ့ဆံပင်တွေကိုနောက်ဘက်ကိုခပ်ကြမ်းကြမ်းသပ်တင်လိုက်တယ်။မင်းကြီးကိုနှုတ်ဆက်ဖို့သူသွားရဦးမယ်။
အဆောင်တော်ရှေ့မှာအပျိုတော်တွေအများကြီးစီတန်းရပ်နေတာမလို့ မိဖုရားတွေရောက်နေတာက်ိုသိလိုက်ရတယ်။ ချစ်တယ်လို့ဝန်မခံချင်ပေမဲ့ သဝန်တော့တိုချင်လာသလိုပဲ။ မိန်းမတွေအများကြီးယူပြီးအဲ့ဘောမင်းကြီးကဘာလုပ်တာလဲ။ စမ်းတမ်းတမ်းဖြစ်နေတဲ့မျက်ရည်စတွေတောင် ပျောက်သွားရတယ်။
ဘယ်လိုပဲအိပ်ဆောင်မဝင်ဘူးပြောပြော ချောတဲ့လှတဲ့ကောင်မလေးတွေရင်တော့ ငမ်းနေမှာအမှန်ပဲ။
သူ့ကိုကယ်ဖို့လုပ်နေတဲ့ကောင်ကတော့ ခုကျငပေါကြီးလိုပဲ။ ဘတ်ဟျွန်းကဟိုဘက်ကမ္ဘာမှာရည်းစားတောင်ရှိတာမဟုတ်ဘူး။ ဘောမင်းကြီးကတော့ရှိသမျှမိဖုရားတွေတန်းစီလှဲအိပ်ခိုင်းရင် တံတားတစ်စင်းလောက်ဆောက်လို့ရမယ်ထင်တယ်။
လောကကြီးကတရားကျဖို့ကောင်းလိုက်တာ။ ချောမောခန့်ညားတဲ့အပြင်ချစ်စရာကောင်းတဲ့ဘတ်ဟျွန်းလေးကျရည်းစားတစ်ယောက်မှမရဘူး။ ချောလွန်းတဲ့လူတွေကရည်းစားမရတတ်တာ လောကကြီးရဲ့နိယာမပင်ဖြစ်လိမ့်မယ်။
မိဖုရားတွေအများကြီးကြားမှာတော့ အမျိုးသားကြင်ယာတော်ဖြစ်တဲ့ဘတ်ဟျွန်းက အလွမ်းသယ်မနေချင်ဘူး။ ဘာပဲပြောပြော ယောက်ျားမာနဆိုတာလဲရှိတယ်မလား။ ယောက်ျားလေးတန်မဲ့ကြင်ယာတော်ဖြစ်နေတာ လူတွေကဘယ်လောက်တောင်တီးတိုးကဲ့ရဲ့နေကြလိမ့်မလဲ။ ဘတ်ဟျွန်းကမယ်တော်ကြီးကလွဲလို့နန်းပြင်ထွက်တာကိုဘယ်သူ့ကိုမှအသိမပေးခဲ့တော့ပါ။
တဆိတ်လူတစ်ယောက်ကိုကျောခိုင်းထွက်ခွါရတာကနာကျင်ရပါသလား..နှုတ်ဆက်ချင်ခဲ့ပေမဲ့ သူ့ကို
သည်းသည်းလှုပ်ချစ်နေကြတဲ့မိဖုရားတွေထဲထူးပြီးနှုတ်မဆက်နေချင်တော့ဘူး။ ချန်းယောလ်ရင်ထဲမှာဘတ်ဟျွန်းကနေရာရောတကယ်ရှိလို့လား။ ဒီတိုင်းဘတ်ဟျွန်းကမနှစ်မြို့တိုင်း နာကျင်ရမှာစိုးလို့ဟန်ဆောင်နေခဲ့တာလား။ ဒါဆိုကျောကအမှတ်နဲ့သူ့ရင်ဘတ်ကအမာရွတ်ကဘာတုန်း
"တော်ပြီ အချစ်ဆိုရင်စိတ်ကနာ ကိုယ့်ဘာသာနန်းပြင်ထွက်ပြီးမုန့်စားမယ် သူ့မိဖုရားတွေနမ်းပါစေ။အဆင်ပြေရင်ပြန်နိုးကောင်းနိုးမှာ မိဖုရားတွေတစ်လှေကြီးရှိတာ တစ်ယောက်မဟုတ်တစ်ယောက်နမ်းရင်တော့နိုးမှာပေါ့"
လွယ်အိတ်ကိုခပ်တင်းတင်းဆုပ်ရင်းနန်းပြင်သို့ခုန်ဆွခုန်ဆွလျှောက်မိသည်။
"ဒါနဲ့ နမ်းတာက နှုတ်ခမ်းချင်းထိရတာမလား
ဘောပဲ သွေးတတ်လိုက်တာ ငါပဲနမ်းတော့မယ်"
နမ်းပြီးရင် ခွက်ဝင်သွားတဲ့ပါးချိုင့်လေးကိုဘတ်ဟျွန်းကဘယ်သူ့ကိုမှမမြင်စေချင်ဘူး။ ပါးချိုင့်လေးကဘတ်ဟျွန်းရဲ့အပိုင်..
_____
အခုဆိုဂျွန်မြောင်က နတ်နန်းကထမင်းစားဖို့တောင်ထွက်မလာတော့ဘူး။ ဘယ်သူ့ကိုမှလဲအဝင်မခံတဲ့အပြင် အစောင့်တောင်မထားဘူး။ စွမ်းအင်မြင်တဲ့ နတ်ဆရာမလို့သွေးအန်တာလောက်ပဲ အပြစ်ဒဏ်က သက်ရောက်မှုရှိတယ်။ ရောဂါပြန်ကုနေရင်းမြင်တာက ဒီလောကဟာအရင်လိုမဟုတ်တော့ဘူးဆိုတာပဲ။
ချန်းယောလ်က စာအုပ်ထဲကကမ္ဘာကိုပြင်ပလူကိုဆွဲခေါ်ပြီးပြောင်းပစ်လိုက်တာမလို့ အနာဂတ်ဟာအရင်ကနဲ့မတူပဲပြောင်းလဲမှုတွေရှိလာတယ်။ ကြင်ယာတော်ဟာလွန်ခဲ့တဲ့နှစ်တစ်ရာမှာပါဝင်ခဲ့တာမှန်ပေမဲ့ လက်ရှိကမ္ဘာမှာတော့မပါဝင်သင့်တော့ဘူး။ ကြာလာရင်အတင်းအဓမ္မခေါ်ယူထားတဲ့ချန်းယောလ်အတွက်ရော ဘတ်ဟျွန်းအတွက်ပါအန္တရာယ်ရှိလာတယ်။ မိုးခေါင်ရေရှားမဲ့အပြင် အိမ်နီးချင်းနိူင်ငံတွေကပါကျူးကျော်လာနိုငိမှုကို အာရုံထဲမှာမြင်ရတယ်။
အရေးကြီးတာကဘတ်ဟျွန်းကပြန်ချစ်လာမယ်ဆိုရင်တောင် မသေမျိုးနဲ့သေမျိုးလူသားနှစ်ယောက်ဟာ
ဒီကမ္ဘာမှာပေါင်းဖက်လို့မရဘူး။ ဒါဟာဒီကမ္ဘာရဲ့
စည်းကမ်းတစ်ခုဆိုလဲမမှားဘူး။ မဖြစ်နိုင်တဲ့အရာကိုအသက်ရင်းပြီးခေါ်ထားရတဲ့ချန်းယောလ်က ဘတ်ဟျွန်းကိုထပ်အဆုံးရှုံးခံမှာလဲမဟုတ်ဘူး။
ဒီကမ္ဘာမှာ ပြင်ပလူကထာဝရနေနိုင်မှာမဟုတ်ဘူး။
ကန့်သတ်ချိန်ကျော်လွန်ခဲ့ရင်ဘတ်ဟျွန်းကဒီကမ္ဘာကပျောက်ကွယ်သွားမှာဖြစ်တယ်။ ဘတ်ဟျွန်းနဲ့ချန်းယောလ်ပေါင်းဖက်နိုင်မဲ့အဖြေက ဟိုဘက်ကမ္ဘာမှာပဲဖြစ်တယ်။ ဒါပေမဲ့ချန်းယောလ်ကိုဟိုဘက်ကမ္ဘာ ခေါ်သွားနိုင်ဖို့အဖြေကိုလဲဂျွန်မြောင်တောင်မသိဘူး
စစ်မှန်တဲ့ချစ်ခြင်းတွေကကွဲကွာရိုးထုံးစံမရှိပါဘူး။
ဘဝရောကမ္ဘာပါခြားနေတဲ့ လီယောလ်ကဘတ်ဟျွန်းတစ်ယောက်ထဲကိုပဲနှစ်ပေါင်းရာချီ ချစ်မြတ်နိုးနေခဲ့တာဖြစ်တယ်။