" ရတနာလုပြဲလား ..?? " အန္းဇယ္ရီက သူ႔အား အကူအညီေတာင္းသၫ့္ မ်က္ႏွာျဖင့္ ၾကၫ့္ေနသၫ့္က်န္းနင္ အား ပံုမွန္အတိုင္းသာၾကၫ့္လိုက္သည္ ။ နက္ေမွာင္ေနသၫ့္ မ်က္ဝန္းမ်ားက သူ ဘာေတြးေနသည္ကို ခန႔္မွန္းမရႏိုင္ေပ ။
လတ္တေလာ သိုင္းေလာကတြင္ ထူးဆန္းသၫ့္ ရတနာတစ္ခု ေပၚလာခဲ့သည္ ။ ထိုရတနာကို လက္ဝယ္ပိုင္ဆိုင္သၫ့္ လူသည္ ဒ႑ာရီထဲက လူမ်ားကဲ့သို႔ ခ်ီက်င့္ႀကံသူမ်ား ျဖစ္ႏိုင္သည္ဟု ေျပာစမွတ္ျပဳေနၾကသည္ ။ ထိုရတနာေၾကာင့္ လက္ရိွ သိုင္းေလာကမွာ ရႈပ္ေထြးေနၿပီး ရတနာေပၚလာသည္ဟု ၾကားသၫ့္ေနရာတိုင္း ေျမအနက္ ဆယ္ေပမက်န္ လွန္ေလာရွာေဖြခံရသည္ ။
က်န္းနင္ သူ႔အားလာရွာရသၫ့္ အေၾကာင္းအရင္းမွာ ရတနာပိုင္ဆိုင္သူတစ္ေယာက္ ေပၚထြက္လာျခင္းေၾကာင့္ပင္ ။ သို႔ေသာ္ ထိုလူက တိတ္တဆိတ္မေနဘဲ ၿပိဳင္ပြဲတစ္ခုလုပ္ရန္ စီစဉ္ေနျခင္းျဖစ္ၿပီး အႏိုင္ရသူက ရတနာကို ရမည္ ျဖစ္သည္ ။ သိုင္းပညာကို ရူးသြပ္သူတစ္ေယာက္ျဖစ္သၫ့္ က်န္းနင္က သူ႔အား ထိုေနရာသို႔ သြားရန္အေဖာ္လာေခၚျခင္းပင္ ။
" အဲ့လူက သိုင္းေလာကကို ဖ်က္ဆီးဖို႔ ရည္ရြယ္ခ်က္ရိွတာ သိသာေနတာကို .. သြားခ်င္ေသးတာလား .."
က်န္းနင္က ေကာင္းကင္သို႔ေမာ့ၾကၫ့္ကာ လက္ႏွစ္ဖက္ကို ေခါင္းအေနာက္သို႔ ပို႔လိုက္ၿပီး တိုင္ကိုမွီလိုက္သည္ ။ " သိတာေပါ့.. အဲ့ဒါေၾကာင့္ ငါက အဲ့ပစၥည္းကို ဖ်က္ဆီးခ်င္လို႔ မင္းကို အကူအညီလာေတာင္းတာ .."
' ကြၽတ္.. ကြၽတ္.. လူငယ္ေလး မင္းက တေလာကလံုးနဲ႔ ဆန႔္က်င္ဖို႔ လုပ္ေနတာဆိုတာ သိရဲ့လား .. မင္းက ဒီမင္းသားကိုေတာင္ ေသေဖာ္ေသဖက္လာျငိေနေသးတယ္ .. '
အန္းဇယ္ရီ၏ ႏူတ္ခမ္းေတာင့္စြန႔္မ်ား ျမင့္တက္သြားခဲ့သျဖင့္ ေနဝန္းကဲ့သို႔ ေနြးေထြးသၫ့္ အၿပံဳးေလး ေပၚလာကာ ေလာကႀကီးပင္ အေရာင္မ်ားေမွးမိန္သြားသည္ဟု ထင္မွတ္သြားေစသည္ ။ ' တေလာကလံုးကို ရႈပ္ယွက္ခတ္ေအာင္လုပ္ဖို႔လား ?? ဟီးးဟီးး ဒီသခင္ေလးက ဒါမ်ိဳး ႀကိဳက္တယ္ '
က်န္းနင္က ထိုအၿပံဳးေၾကာင့္ ေခါင္းေမႊးမ်ား ေထာင္သြားခဲ့သည္ ။ သူ႔အား နတ္ဆိုးတစ္ေကာင္ၿပံဳးျပေနသည္ဟု ခံစားလိုက္ရၿပီး ေက်ာရိုးမ်ားစိမ့္တက္သြားေလသည္ ။ သူက သိုင္းေလာကကို ကယ္တင္ဖို႔ ရည္ရြယ္ခ်က္နဲ႔ဆိုလ်ွင္ သူ႔ေရ႔ွက လူက တမင္ဖ်က္ဆီးဖို႔ ရည္ရြယ္ေနသည္ဟု ထင္မွတ္မိသြားေလသည္။ သူက အန္းဇယ္ရီအား လာရွာျခင္းမွာ မွန္ေရာမွန္ရဲ့လားဟုပင္ ျပန္ေတြးေနမိေလသည္ ။
အခ်ိန္အနည္းငယ္ယူကာ ေဆြးေနြးၿပီးေနာက္ က်န္းနင္က သူမွားသြားၿပီျဖစ္ေၾကာင္းသိလိုက္ေလသည္ ။ သို႔ေသာ္ ေနာက္ဆုတ္ပါက ပိုမွားသြားမည္ ျဖစ္ေၾကာင္းလဲ သိေလသည္ ။ သူက စိတ္ဓာတ္က်စြာ ေကာင္းကင္ကိုအသာေမာ့ၾကၫ့္လ်က္ အသံတိတ္ေအာ္ဟစ္မိေတာ့သည္ ။ ' ေလာကႀကီးက ဒီလို ေသာက္က်င့္မေကာင္းတဲ့ေကာင္အား ဘာေၾကာင့္ ဒီလို ၿပီးျပၫ့္စံုေအာင္ ဖန္တီးခဲ့ရတာလဲ ' ဟူ၍။
က်န္းနင္က သူတို႔အစီအစဉ္အား ျပန္ေတြးကာ ကူကယ္ရာမဲ့စြာျဖင့္ အန္းဇယ္ရီအား လက္ညိုးထိုးကာ " က်စ္!! ရုပ္ေလးနဲ႔မွမလိုက္ မေကာင္းဆိုးရြားေကာင္ " ဟု ဆိုၿပီး ဖုန္ခါလ်က္ ထြက္ခြာသြားေတာ့သည္ ။
***
ေနာက္လတြင္ က်ေရာက္မၫ့္ ေနြဦးပြဲေတာ္အတြက္ လူတိုင္းအလုပ္ရႈပ္ေနၾကသည္ ။ အထူးသျဖင့္ မိန္းကေလးငယ္ေလးမ်ားပင္ ။ သူတို႔က ထိုေန့တြင္ သူတို႔ရဲ့ ကြၽမ္းက်င္ရာကို ထုတ္ေဖာ္ျပသရန္ အစြမ္းကုန္ေလ့က်င့္ျပင္ဆင္ေနၾကသည္။ သူတို႔သာ ရာထူးႀကီးတစ္ခုရဲ့ သခင္ေလးတစ္ေယာက္ေယာက္အား ဆြဲေဆာင္ႏိုင္ပါက အေကာင္းဆံုးပင္ ။ သူတို႔မိသားစုအတြက္ ေကာင္းမြန္သၫ့္ ေန့ရက္ေရာက္လာေပလိမ့္မည္ ။
မုန႔္ယိရွင္းသည္ ေႏြဦးပြဲေတာ္တြင္ ခ်ီဝမ္ရယ္၏ သေဘာက်နွစ္သက္ျခင္းကို ခံခဲ့ရသည့္ အေၾကာင္းသည္ သူတို႔အတြက္ နမူနာ တစ္ခုလိုပင္ ။ သူတို႔သည္လည္း မင္းသားတစ္ေယာက္ေယာက္ရဲ႕ ၾကင္ယာေတာ္မျဖစ္နိုင္ဟု မည္သူက ေျပာနိုင္မည္နည္း ။ ထိုအေၾကာင္းမ်ားေၾကာင့္ ဒီနွစ္ယွဥ္ၿပိဳင္ပြဲက ပိုလို႔ ျပင္းထန္လာၿပီး ၿမိဳ႕ေနေလထုကိုပင္ သက္ေရာက္သြားကာ ၿပိဳင္ပြဲ အေငြ႕အသက္မ်ားပင္ ျဖစ္ေပၚေနခဲ့သည္ ။
ကြၽီ!!!!
အန္းဇယ္ရီက ေခါက္ယပ္ေတာင္အား တျဖတ္ျဖတ္ခတ္ေနရာမွ လွၫ့္ၾကၫ့္လိုက္သည္ ။ အနက္ေရာင္ကိုယ္က်ပ္ဝတ္စံုကိုသာ ဝတ္ေလ့ရိွသၫ့္ လင္းယြီ႔သည္ အခုခ်ိန္တြင္ အစိမ္းေဖ်ာ့ေရာင္ ဝတ္ရံုရည္အား ဝတ္ဆင္ထားခဲ့သည္ ။ အေပၚဝတ္ရံုက ထိုသူရဲ့ ေသးသြယ္သၫ့္ ခါးတို႔အား ဖံုးကြယ္ထားခဲ့ေလသည္ ။ ခပ္ေျမာက္ေျမာက္စည္းထားေလ့ရိွသၫ့္ ဆံႏြယ္တို႔မွာလည္း ႀကိဳးတစ္ေခ်ာင္းျဖင့္ ခပ္ေလ်ာ့ေလ်ာ့စည္းေနွာင္ခံထားရေလသည္ ။
ေလတစ္ခ်က္အေဝ႔ွတြင္ ဝတ္ရံုစနဲ႔ ဆံႏြယ္မ်ားသည္ လူးလြင့္သြားကာ ထိုသူအား မေသမ်ိဳးတစ္ေယာက္ႏွယ္ ပံုသြင္းသြားေလသည္။ ဓားတစ္ေခ်ာင္းကဲ့သို႔ ထက္ရွသၫ့္ အသြင္အျပင္မွ ဤကဲ့သို႔ ေအးခ်မ္းသၫ့္ ပံုရိပ္ကို ေျပာင္းလဲသြားသၫ့္ လင္းယြီ႔ေၾကာင့္ အန္းဇယ္ရီက တိတ္တဆိတ္ တံေတြးတစ္ခ်က္မ်ိဳခ်လိုက္ရသည္။
လင္းယြီ႔က ခက္ထန္သၫ့္ ေအာ္ရာမ်ားကို ရုတ္သိမ္းထားတာေတာင္ သူ႔အနားသို႔ ခပ္ေဝးေဝးေနေစႏိုင္သၫ့္ ေအာ္ရာတစ္ခုကို ထုတ္လႊတ္ေနေသးသည္ ။ အဲ့လိုပံုစံေပါက္ေနေလေလ အန္းဇယ္ရီက ပိုအနားကပ္ခ်င္ေလေလကို မသိခဲ့ဘဲေပါ့ ..
နန္းေတာ္သို႔ ေရာက္သၫ့္တိုင္ အန္းဇယ္ရီသည္ လင္းယြီ႔အား စိုက္ ၾကၫ့္ေနသျဖင့္ အေလးမထားသၫ့္ လင္းယြီ႔ပင္ ေနရၾကပ္လာေလသည္ ။ အန္းဇယ္ရီ၏ အၾကၫ့္မ်ားသည္ ပံုမွန္အတိုင္း ေအးစက္ၿမဲ ေအးစက္ေနျခင္း ျဖစ္ေသာ္လည္း ထိုသူက သူ႔အား အေကာင္လိုက္မ်ိဳခ်ခ်င္ေနသကဲ့သို႔ ျပင္းထန္သၫ့္ စိတ္ဆႏၵကိုလဲ ခံစားမိေသာေၾကာင့္ပင္။
လင္းယြီ႔က သူရဲ့ရွည္သြယ္သြယ္လက္ေခ်ာင္းေလးမ်ားကို ခပ္တင္းတင္းဆုပ္မိလိုက္သည္ ။ ' ဝမ္ရယ္က .. ငါ့ကို တစစီလုပ္ပစ္ခ်င္ေလာက္ေအာင္ မုန္းေနတာလား ..'
အန္းဇယ္ရီက မိဖုရားႀကီးဆီသြားသၫ့္ လမ္းတြင္ အတတ္ႏိုင္ဆံုး လင္းယြီ႔နဲ႔ နီးကပ္စြာ ေလ်ွာက္ကာ ႏွစ္ေယာက္သား အေတာ္ေလးရင္းႏွီးသည္ဟူသၫ့္ အဓိပၸာယ္ကို ေဖာ္ေဆာင္ထားေလသည္ ။ ေနြဦးပြဲေတာ္အတြက္ အစီအစဉ္သည္ မိသားစုႀကီးမ်ား၏ တရားဝင္ဇနီးမ်ားျဖင့္ ေဆြးေနြးတိုင္ပင္ရျခင္းပင္ ။ လင္းယြီ႔သည္ အမ်ိဳးသားတစ္ေယာက္ ျဖစ္ေနတာေတာင္ သူ႔ရဲ့ ၾကင္ယာေတာ္ဆိုသၫ့္ အဆင့္အတန္းေၾကာင့္ မျဖစ္မေနတက္ေရာက္ရသည္ ။
အမ်ိဳးသမီးမ်ားၾကားတြင္ တစ္ဦးတည္းေသာ အမ်ိဳးသားၾကင္ယာေတာ္ ..
ေမာက္မာကာ တယူသန္သၫ့္ လူမ်ားမ်က္လံုးထဲတြင္ လင္းယြီ႔သည္ မ်က္စိစပါးေမႊးစူးစရာျဖစ္ေနေလသည္ ။ နဂိုကတည္းက နိမ္ခ်င္ေနသၫ့္ သူမ်ားသည္ လင္းယြီ႔က အန္းဇယ္ရီ၏ ခ်စ္ခင္မႈကို မရျခင္းေၾကာင့္ ပိုလို႔ပင္ ေလွာင္ေျပာင္ခ်င္စရာ ေကာင္းေနေလသည္ ။ လင္းယြီ႔သည္ ဘယ္ေလာက္ဘဲ အေလးမထား ဂရုမစိုက္ဘူးဆိုဆို အေနွာက္အယွက္မ်ားကေတာ့ ေနရာတိုင္းရိွေနဆဲပင္ ။
" ဝမ္ရယ္ !! " လင္းယြီက သူ႔လက္အား ဆုပ္ကိုင္ကာ တြဲေခၚလာသၫ့္ အန္းဇယ္ရီအား ၾကၫ့္လိုက္သည္ ။ သူက လက္ကိုျပန္ဆြဲထုတ္ကာ " အဲ့လိုလုပ္ေပးဖို႔ မလိုတာမို႔ . ဝမ္ရယ္ အဆင္ေျပသလို ေနပါ .." သူက ႏူးႏူးညံ့ညံ့ မိန္းမငယ္ေလးလဲ မဟုတ္သျဖင့္ ဒါမ်ိဳး အျပဳအမႈေတြ မလိုအပ္။
အန္းဇယ္ရီက ေအးစက္စက္အၾကၫ့္တစ္ခ်က္ေပးလိုက္ၿပီး " ၿငိမ္ၿငိမ္ေန!! " ဟု ေျပာလိုက္ကာ ဆုပ္ကိုင္ၿမဲ ဆုပ္ကိုင္ထားလိုက္သည္ ။ သူ႔ ခႏၶာကိုယ္က ပံုမွန္က်စြာပင္ ႀကီးစိုးလႊမ္းမိုးလိုသၫ့္ ေအာ္ရာမ်ား ထြက္လာၿပီး ပတ္ဝန္းက်င္ေလထုဖိအားပင္ က်ဆင္းလာေနသည္ ။ သူေျပာသၫ့္ စကားတစ္ခြန္းသည္ အမိန႔္တစ္ခုအလား .. မနာခံသၫ့္သူသည္ အဆံုးသတ္မေကာင္းဟု ေျပာေနသလို ...။
မိဖုရားနန္းေဆာင္သို႔ ေရာက္ခ်ိန္မွသာ လက္ကိုလႊတ္ေပးလိုက္ၿပီး မိဖုရားႀကီးအား အရိုအေသေပးလိုက္ေလသည္ ။ ပတ္ဝန္းက်င္တြင္ မူးမတ္ကေတာ္မ်ား ၊ စစ္သူႀကီးကေတာ္မ်ားလဲ ေရာက္ရိွေနၿပီ ျဖစ္ကာ ခ်ီဝမ္ရယ္သည္ ၾကင္ယာေတာ္အား လက္တြဲထားေၾကာင္းကို ေသခ်ာေပါက္ ေတြ့လိုက္ၾကရသည္ ။
ႏွစ္ေယာက္သားက အရမ္းအဆင္မေျပဘူးဆို ... တစ္ပတ္လံုးမွ စကားေလးလံုးကြဲေအာင္ေတာင္ မေျပာဖူးဘူးဆို .. ဒီအေျခအေနကို ဘယ္လိုယူဆရမလဲ ...
လင္းယြီ႔အားေလွာင္ေျပာင္ရန္ျပင္ထားသၫ့္ စကားမ်ားမွာလဲ လည္ဝတြင္တစ္ကာ ျပန္မ်ိဳက်သြားေတာ့သည္ ။ သူတို႔က ေလွာင္ေျပာင္ခ်င္လ်ွင္ေတာင္ အေျခအေနၾကၫ့္ရဦးမည္ ။
" ေနသာသလိုေန.." မိဖုရားႀကီးက ေခ်ာင္းအသာဟမ့္ကာ ဩဇာေညာင္းသၫ့္ အသံျဖင့္ ေျပာလိုက္သည္ ။ အေစခံက လင္းယြီ႔အား ခံုေနရာခ်ေပးရန္ စီစဉ္ခ်ိန္ အကုန္လံုး၏ အမႈအရာမ်ား ေျပာင္းလဲသြားေတာ့သည္ ။ လင္းယြီ႔အတြက္ ခံုေနရာသည္ အဆင့္နိမ့္ ၾကင္ယာေတာ္ တစ္ေယာက္၏ ေနာက္တြင္ရိွေနျခင္းပင္ ။
လင္းယြီ႔က အေလးမထားဟန္ျဖင့္ သြားထိုင္လိုက္ေတာ့သည္။ အန္းဇယ္ရီပါ ေဘးနားတြင္ လိုက္ထိုင္ခ်လိုက္သျဖင့္ ပတ္လည္က အဆင့္နိမ့္ၾကင္ယာေတာ္မ်ားသည္ မီးခဲေပၚ ထိုင္ထားရသၫ့္အလား အကုန္လံုး ထရပ္ကာ ဒူးေထာက္လိုက္ၾကေတာ့သည္။ မိဖုရားႀကီး၏ မ်က္ႏွာသည္ မည္းေမွာင္သြားခဲ့သည္ ။ သို႔တိုင္ေအာင္ အန္းဇယ္ရီသည္ ဘာအမွားမွ မလုပ္သျဖင့္ သူမက ဘာအျပစ္မွ ေျပာ၍မရေပ ။
သူကိုယ္တိုင္လိုက္လာမည္ဟု သိထားခဲ့ပါက သူတို႔က အျခားအစီအစဉ္ေျပာင္းေပလိမ့္မည္ ။ သည္အခ်ိန္တြင္ အနီေရာင္ပံုရိပ္ကေလးသည္ လူတိုင္း၏ မ်က္စိေရ႔ွတြင္ ေပၚလာေလသည္ ။
" ယိရွင္း!!! ကေလး.. လာလာ " မိဖုရားႀကီး၏ မ်က္ႏွာသည္ ၾကည္လင္သြားက မုန႔္ယိရွင္းအား သူ႔အနားက ခံုကို ေခၚလိုက္သည္ ။ အဆင့္နိမ့္ၾကင္ယာေတာ္မ်ားသည္ သူတို႔ေနရာတြင္ ဆက္မထိုင္ရဲသျဖင့္ ေနာက္ဆုတ္ေနၾကရာ အန္းဇယ္ရီတို႔ ပတ္လည္တြင္ ေနရာက်ယ္ႀကီး ရိွေနေလသည္ ။ သဘာဝက်စြာပင္ ထိုအေၾကာင္းအရာအား အန္းဇယ္ရီက ေခါင္းထဲမထၫ့္ေပ .. သူ႔ေခါင္းထဲတြင္ လင္းယြီ႔အား ဘယ္လို ဆြဲေဆာင္ရင္ေကာင္းမလဲသာ ေတြးေနေသာေၾကာင့္ပင္..
သူေျပာင္းလဲဖို႔ အေရးႀကီးသည္ ဇာတ္ကြက္တစ္ခုလိုေနသည္ .. သို႔မွသာ သူ႔ရဲ့ေျပာင္းလဲျခင္းသည္ ယုတၲိ ရိွမည္ျဖစ္ကာ လူအမ်ားက လက္ခံေပလိမ့္မည္ .. လူအမ်ားလက္ခံဖို႔မလိုေပ လင္းယြီ႔ လက္ခံရင္ အဆင္ေျပၿပီျဖစ္သည္။
တင္းမာေနသၫ့္ အေျခအေနသည္ ခနသာၾကာကာ ေနြဦးပြဲေတာ္အတြက္ အစီအစဉ္မ်ားကို စိတ္အားထက္သန္စြာ ေဆြးေနြးေနၾကေတာ့သည္ ။ ထိုအထဲတြင္ ေသခ်ာေပါက္ လင္းယြီ႔နဲ႔ အန္းဇယ္ရီ မပါေပ ။ ထိုႏွစ္ေယာက္သည္ အသက္ရႈေနသၫ့္ လႈပ္ရွားမႈကိုသာ ခပ္ေရးေရးမေတြ့ရပါက ထိုင္ရင္းေသဆံုးသြားၿပီဟုပင္ မွတ္ယူမိေပေတာ့မည္ ။
မုန႔္ယိရွင္းသည္ မိဖုရားႀကီးနဲ႔ ေပ်ာ္ရြင္စြာ စကားေျပာေနရင္း သူမအၾကၫ့္သည္ အန္းဇယ္ရီဘက္သို႔ တစ္ခ်က္တစ္ခ်က္ေရာက္သြားေလသည္။ အန္းဇယ္ရီသည္ သူမအား သူစိမ္းတစ္ေယာက္ကဲ့သို႔ လစ္လ်ဳရႈေနသည္ကို ေတြ့ရခ်ိန္တြင္ မေက်မနပ္ျဖစ္သြားေတာ့သည္ ။ ထိုအမႈအရာအား ဖမ္းမိလိုက္သၫ့္ မိဖုရားႀကီး၏ မ်က္ႏွာထက္တြင္ အဓိပၸာယ္ခန႔္မွန္းမရသၫ့္ အၿပံဳးေပၚလာခဲ့ကာ
" ခ်ီဝမ္ရယ္ နဲ႔ ယိရွင္းက ကေတာက္ကဆျဖစ္ထားၾကတယ္လို႔ ဒီမိဖုရားက ျကားတယ္ .. ဘယ္လိုျဖစ္ၾကတာတုန္း .."
မုန႔္ယိရွင္းက အန္းဇယ္ရီအား ခ်စ္စဖြယ္မ်က္ေစာင္းထိုးလိုက္ၿပီး ႏူတ္ခမ္းကိုက္လိုက္ၿပီး ဖြင့္ဟေျပာရန္ ျငင္းဆန္ေနေလသည္ ။ အႏိုင္က်င့္ခံရသၫ့္ သတၲဝါငယ္ေလးသဖြယ္ သနားစရာေကာင္းလွသည္ ။
အန္းဇယ္ရီက ေၾကာ့ရွင္းစြာ လက္ကိုဆန႔္ထုတ္လ်က္ လက္ဖက္ရည္ခြက္ကို ယူလိုက္သည္ ။ အျပဳအမႈ လႈပ္ရွားမႈတိုင္းသည္ အႏုပညာတစ္ခုအလား လြန္စြာ ၾကၫ့္ေကာင္းေနေလသည္ ။ ေတာ္ဝင္ဆန္ကာ ျမင့္ျမတ္သၫ့္ အရိွန္အဝါမ်ားပင္ ေတာက္ပလာသၫ့္ႏွယ္ ။ သို႔ေသာ္ ထြက္လာသၫ့္ ေအးစက္စက္အသံက ထိုပံုရိပ္ေလးအား ရက္ရက္စက္စက္ ရိုက္ခြဲသြားေလသည္ ။
" ကိုယ္လုပ္ေတာ္မုန႔္က .. ၾကင္ယာေတာ္ရဲ့ ေက်ာက္စိမ္းျပားကို ခိုးလို႔ .." ယတိျပတ္ေျပာလာပံုက တဖက္သားသည္ မိန္းကေလးဆိုသည္ကိုပင္ စာနာေထာက္ထားပံုမရေပ ။ သူတို႔က အန္းဇယ္ရီကိုသာ စိတ္ရိွတိုင္းေျပာလိုက္ခ်င္သည္ ။
ဒီမွာ .. ဒီမွာ မိန္းကေလးတစ္ေယာက္ကို လူၾကားထဲမွာ အဲ့သလို ေျပာရေလာက္ေအာင္ ေအးစက္လွခ်ည္လား .. ႏွလံုးသားမရိွဘူးလား .. ခံစားခ်က္ကင္းမဲ့လွခ်ည္လား
နဲနဲပါးပါးၾကၫ့္ေကာင္းေအာင္ .. မွားယူမိတာ ဒါမွမဟုတ္ အေကာက္ႀကံခံရလို႔ မလြဲသာဘဲ အျပစ္ေပးလိုက္ရတာတို႔ ဘာတို႔ ျဖစ္သင့္တယ္မလား ..
ခ်ီဝမ္ရယ္သည္ မုန႔္ယိရွင္းအား လြန္စြာ ခ်စ္ခင္ျမတ္ႏိုး ႏွစ္သက္ သေဘာက် သည္ဆိုသၫ့္ သတင္းက ဟာသတစ္ပုဒ္အလားပင္ ..
မိဖုရားႀကီးက ထိုအေပါက္ႀကီးအား စကားအနဲငယ္ျဖင့္ ဖာလိုက္ေလသည္ ။ " ဒါက .. အထင္လြဲမႈတစ္ခုျဖစ္မွာပါ .. ၾကင္ယာေတာ္ကလဲ အျပစ္မယူဘူးမလား .. ဒီလို အေျခအေနက မိန္းကေလးတစ္ေယာက္အတြက္ မေကာင္းဘူးေလကြယ္.."
မိဖုရားႀကီး၏ မုန႔္ယိရွင္းအား သူ႔အိမ္ေတာ္ထဲသို႔ ထၫ့္ရန္ ရည္ရြယ္ခ်က္ေၾကာင့္ အန္းဇယ္ရီက စိတ္ထဲတြင္ ႏွာေခါင္းရႈံလိုက္သည္ ။ ' ကစားခ်င္တယ္ေပါ့ .. '
အန္းဇယ္ရီ၏ ႏူတ္ခမ္းစြန္းမ်ားက မသိမသာတြန႔္ေကြးသြားခဲ့သည္ ။ ထိုအမႈအရာကို က်န္းနင္သာ ေတြ့ပါက တစ္စံုတစ္ေယာက္ ကံဆိုးမိုးေမွာင္ က်ေတာ့မည္မွန္း တမ္းသိေပလိမ့္မည္ ။
' ေကာင္းၿပီေလ.. ဒီသခင္က ပိုေပ်ာ္စရာေကာင္းေအာင္ လုပ္ေပးမယ္ ..'
မိဖုရားႀကီး၏ တြန္းအားေပးမႈေၾကာင့္ မုန႔္ယိရွင္းသည္ ဝမ္ရယ္အိမ္ေတာ္သို႔ တဖန္ျပန္လည္ ဝင္ေရာက္လာခဲ့ျပန္ေလသည္။ သို႔ေသာ္ အရင္တစ္ေခါက္နဲ႔ ဒီတစ္ေခါက္တြင္ ကြာျခားခ်က္က မိုးနဲ႔ေျမအလား ျဖစ္သြားေတာ့သည္ ။
" ငါ ..အန္းဇယ္.. " မုန႔္ယိရွင္းက ေျပာလက္စစကားအား ရုတ္သိမ္းလိုက္ကာ " ဝမ္ရယ္ .. နဲ႔ေတြ ့မယ္ သူဘာလို႔ ငါ့ကို ဒီလို မတရားဆက္ဆံႏိုင္ရတာလဲ .. "
" စိတ္မေကာင္းပါဘူး .. ကိုယ္လုပ္ေတာ္မုန႔္ .. ဝမ္ရယ္မရိွပါဘူး .." ရန္ဖူ သည္ အိမ္ေတာ္၏ ဘ႑ာထိန္းတစ္ေယာက္ျဖစ္သည္ ။ လင္းယြီ႔သည္ စစ္သူႀကီးတစ္ေယာက္ျဖစ္သည္နဲ႔အညီ အိမ္ေတာ္ကိစၥမ်ားကို စီမံခန႔္ခြဲဖို႔ အခ်ိန္မရိွေခ် ။ သို႔အတြက္ အရင္က အိမ္ေတာ္၏ အာဏာသည္ မုန႔္ယိရွင္း လက္တြင္းသို႔ က်ေရာက္ခဲ့သည္ ။ ယခုခ်ိန္တြင္ အိမ္ေတာ္စီမံဖို႔ သူ႔ေနရာနဲ႔သူ လူယံုမ်ားခန႔္အပ္ထားခဲ့ၿပီျဖစ္ကာ စည္းစနစ္က်စြာ လွည္ပတ္ေနၿပီး မုန႔္ယိရွင္းသည္ အိမ္ေတာ္၏ ေငြအနည္းငယ္ကိုပင္ ထိန္းသိမ္းရသၫ့္ အာဏာမရိွေတာ့ေပ ။
ထိုအခ်က္က ဝမ္ရယ္အိမ္ေတာ္သို႔ ျပန္ေရာက္လ်ွင္ အရင္အတိုင္းမေျပာင္းမလဲ ျဖစ္လိမ့္မည္ဟု ထင္မွတ္ေနသၫ့္ မုန႔္ယိရွင္းအတြက္ ထိုးႏွက္ခ်က္ႀကီးပင္ ။
' အဲ့ဒါ.. မိဖုရားႀကီးေၾကာင့္ဘဲ .. ေနြဦးပြဲေတာ္ေရာက္တဲ့အထိ ဘာေၾကာင့္ မေစာင့္ႏိုင္ရတာလဲ !!! ' မုန႔္ယိရွင္းက ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာကာ စိတ္ညစ္လြန္းသျဖင့္ အိမ္ေတာ္အျပင္သို႔ ေလ်ွာက္လည္ရန္ ထြက္သြားလိုက္သည္ ။
" နင္တို႔ ဘာလုပ္တာလဲ !!!! " မုန႔္ယိရွင္းက ေဒါသေၾကာင့္ ထခုန္လုမတတ္ျဖစ္ေနခဲ့သည္။ တံခါးေစာင့္မ်ားက အန္းဇယ္ရီ၏ အိမ္ေတာ္မွ လူမ်ားပီသစြာ မ်က္ႏွာေသျဖင့္ မုန႔္ယိရွင္းအား ျပန္ဆြဲသြင္းလိုက္ကာ အိမ္ေတာ္တံခါးအား ပိတ္ခ်လိုက္သည္ ။
" ဝမ္ရယ္ရဲ့ .. အမိန႔္အတိုင္းလုပ္တာပါ !!! ကိုယ္လုပ္ေတာ္က အျပင္ထြက္ခ်င္ရင္ ဝမ္ရယ္ ဒါမွမဟုတ္ ၾကင္ယာေတာ္ရဲ့ အမိန႔္ကို ယူလာေပးပါ .." တၿပိဳင္နက္ေျဖလာသၫ့္ အသံေၾကာင့္ မုန႔္ယိရွင္းက ေဒါသတႀကီး လက္ညိုးထိုးလိုက္ေသာ္ျငား ဘာမွေျပာမထြက္ႏိုင္ေပ ။ ကိုယ္လုပ္ေတာ္ တစ္ေယာက္သည္ ျဖစ္သလို အျပင္ထြက္ခြင့္မရိွေခ် ။ သူတို႔မွာ အေနာက္ေဆာင္တြင္ တိုက္ခိုက္ေနရံုမွလြဲကာ အျခားအရာမ်ားကို အာရံုစိုက္ႏိုင္ျခင္း မရိွၾကေသာေၾကာင့္ ထိုကိစၥအား ေရးႀကီးခြင္က်ယ္လုပ္သူမွာ ရွားပါးလွသည္ ။
ရွားပါးအမ်ိဳးအစား မုန႔္ယိရွင္းသည္ လက္ရိွတြင္ ၾကင္ယာေတာ္၏ အေဆာင္ေတာ္သို႔ ေရာက္ရိွေနေလသည္ ။ သူမသည္ ခံျပင္းေဒါသထြက္လြန္းသျဖင့္ စိတ္ထဲတြင္ ေဆြ့ေဆြ့ခုန္ေနခဲ့သည္ ။ သူမတစ္ေယာက္တည္း ဘာလို႔ ဒီလိုခံစားေနရတာလဲ ... ဒီလိုမ်ိဳး ခံစားရတာ မျဖစ္သင့္ဘူး!! တစ္ခုခုမွားေနတာဘဲ ျဖစ္ရမယ္ ..
သူမက ထိုမွားယြင္းမႈသည္ လင္းယြီ႔နဲ႔ မဆိုင္ဟု မယံုၾကည္ေပ ။ ထို အရွက္မရိွတဲ့ အမ်ိဳးသားက သူမမရိွတုန္း အခြင့္ေကာင္းယူၿပီး ဝမ္ရယ္ကို ဆြဲေဆာင္ထားတာ ျဖစ္ရမယ္ ။ မဟုတ္ရင္ အန္းဇယ္ရီရဲ့ ခံစားခ်က္က ရုတ္တရက္ႀကီး ေျပာင္းလဲသြားစရာအေၾကာင္း မရိွဘူး ..။ ေတြးရင္းနဲ႔ပင္ ထိုအေတြးသည္ ပိုခိုင္မာလာကာ အျဖစ္မွန္ဟု မွတ္ယူလိုက္ေတာ့သည္ ။
" အဲ့ဒီ ... ေကာက္က်စ္တဲ့အေကာင္ !! " ဝုန္းဒိုင္းႀကဲရန္ ဝင္လာသၫ့္ မုန႔္ယိရွင္းသည္ ထပ္မွန္တားျမစ္ခံလိုက္ရျပန္သည္ ။
" ဘာျဖစ္ျပန္ၿပီလဲ !!!! " ဒီရက္ပိုင္းအတြင္း သူမရူးသြပ္သြားေတာ့မလို အေျခအေနပင္ ။ အေစခံမေလးက တုန္ယင္သြားၿပီး အလ်င္အျမန္အရိုအေသေပးကာ " ဝမ္ရယ္က .. ကိုယ္လုပ္ေတာ္မုန႔္ကို ၾကင္ယာေတာ္ရဲ့ အေဆာင္ေတာ္ထဲ မဝင္ဖို႔ တားျမစ္ထားပါတယ္ .." ဤတားျမစ္ခ်က္သည္ သိသာစြာပင္ သူမအား သူခိုးဟု ဆဲေရးလိုက္သလိုပင္ ။
မုန႔္ယိရွင္းက ေလာကႀကီးသည္ သူမအေပၚကိုသာ ပစ္မွတ္ထားေနသည္ဟု ခံစားရလာသည္။ ထိုခံစားခ်က္ႀကီးထြားလာေလ သူမရဲ့ အျပင္ထြက္ခ်င္စိတ္မ်ား ၊သူမကို အလိုလိုက္သၫ့္ လူမ်ားနဲ႔ ေတြ ့ခ်င္စိတ္မ်ား ကို ထိန္းမရေတာ့ေခ် ။ ခိုးထြက္သၫ့္အခါတိုင္း ျပန္ျပန္ဆြဲေခၚလာခံရေလသည္ ။ တစ္ႀကိမ္တစ္ခါ မကသျဖင့္ လူတခ်ိဳ႕သည္ သတိထားမိလာကာ ေကာလဟာလမ်ား ထြက္လာေတာ့သည္ ။ ကိုယ္လုပ္ေတာ္မုန႔္သည္ ခ်ီဝမ္ရယ္၏ မ်က္ႏွာသာေပးမႈကို မရရိွေတာ့ ဆိုသၫ့္ သတင္းမ်ားပင္ ။
________________________
ရားးးးးးလိုင္းက ဘာလို႔မရေသးတာလဲ ... ဘယ္အခ်ိန္ထိ ျဖတ္ထားဦးမွာလဲ .. လူယုတ္မာေတြရဲ့ .. 🙂
/ သာသာရဲ့ စိတ္အေျခအေန မုန႔္ယိရွင္း version /🤕
ရြတ္.. ငါေလးက.. ဒါဒါေလးေတြကို အီစီကလီရိုက္ခ်င္ရံုပါ .. ေလာကႀကီးက ငါ့ကို ဘာလို႔ ဒီလိုလုပ္ရက္ရတာလဲ .. ပိုက္ဆံမရိွ လိုင္းမရိွ ရည္းစားမရိွတဲ့ ဘဝႀကီးကို ေပးထားရက္တယ္ .. 🥺 * သြယ္လ်သၫ့္ လက္ေခ်ာင္းေလးျဖင့္ မ်က္ရည္ေလးကို သုတ္ပစ္ *
" ဘာေၾကာင့္လဲ !!!! ဘာေၾကာင့္လဲ!!! "
______
Unicode
" ရတနာလုပွဲလား ..?? " အန်းဇယ်ရီက သူ့အား အကူအညီတောင်းသည့် မျက်နှာဖြင့် ကြည့်နေသည့်ကျန်းနင် အား ပုံမှန်အတိုင်းသာကြည့်လိုက်သည် ။ နက်မှောင်နေသည့် မျက်ဝန်းများက သူ ဘာတွေးနေသည်ကို ခန့်မှန်းမရနိုင်ပေ ။
လတ်တလော သိုင်းလောကတွင် ထူးဆန်းသည့် ရတနာတစ်ခု ပေါ်လာခဲ့သည် ။ ထိုရတနာကို လက်ဝယ်ပိုင်ဆိုင်သည့် လူသည် ဒဏ္႑ာရီထဲက လူများကဲ့သို့ ချီကျင့်ကြံသူများ ဖြစ်နိုင်သည်ဟု ပြောစမှတ်ပြုနေကြသည် ။ ထိုရတနာကြောင့် လက်ရှိ သိုင်းလောကမှာ ရှုပ်ထွေးနေပြီး ရတနာပေါ်လာသည်ဟု ကြားသည့်နေရာတိုင်း မြေအနက် ဆယ်ပေမကျန် လှန်လောရှာဖွေခံရသည် ။
ကျန်းနင် သူ့အားလာရှာရသည့် အကြောင်းအရင်းမှာ ရတနာပိုင်ဆိုင်သူတစ်ယောက် ပေါ်ထွက်လာခြင်းကြောင့်ပင် ။ သို့သော် ထိုလူက တိတ်တဆိတ်မနေဘဲ ပြိုင်ပွဲတစ်ခုလုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး အနိုင်ရသူက ရတနာကို ရမည် ဖြစ်သည် ။ သိုင်းပညာကို ရူးသွပ်သူတစ်ယောက်ဖြစ်သည့် ကျန်းနင်က သူ့အား ထိုနေရာသို့ သွားရန်အဖော်လာခေါ်ခြင်းပင် ။
" အဲ့လူက သိုင်းလောကကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိတာ သိသာနေတာကို .. သွားချင်သေးတာလား .."
ကျန်းနင်က ကောင်းကင်သို့မော့ကြည့်ကာ လက်နှစ်ဖက်ကို ခေါင်းအနောက်သို့ ပို့လိုက်ပြီး တိုင်ကိုမှီလိုက်သည် ။ " သိတာပေါ့.. အဲ့ဒါကြောင့် ငါက အဲ့ပစ္စည်းကို ဖျက်ဆီးချင်လို့ မင်းကို အကူအညီလာတောင်းတာ .."
' ကျွတ်.. ကျွတ်.. လူငယ်လေး မင်းက တလောကလုံးနဲ့ ဆန့်ကျင်ဖို့ လုပ်နေတာဆိုတာ သိရဲ့လား .. မင်းက ဒီမင်းသားကိုတောင် သေဖော်သေဖက်လာငြိနေသေးတယ် .. '
အန်းဇယ်ရီ၏ နူတ်ခမ်းတောင့်စွန့်များ မြင့်တက်သွားခဲ့သဖြင့် နေဝန်းကဲ့သို့ နွေးထွေးသည့် အပြုံးလေး ပေါ်လာကာ လောကကြီးပင် အရောင်များမှေးမိန်သွားသည်ဟု ထင်မှတ်သွားစေသည် ။ ' တလောကလုံးကို ရှုပ်ယှက်ခတ်အောင်လုပ်ဖို့လား ?? ဟီးးဟီးး ဒီသခင်လေးက ဒါမျိုး ကြိုက်တယ် '
ကျန်းနင်က ထိုအပြုံးကြောင့် ခေါင်းမွှေးများ ထောင်သွားခဲ့သည် ။ သူ့အား နတ်ဆိုးတစ်ကောင်ပြုံးပြနေသည်ဟု ခံစားလိုက်ရပြီး ကျောရိုးများစိမ့်တက်သွားလေသည် ။ သူက သိုင်းလောကကို ကယ်တင်ဖို့ ရည်ရွယ်ချက်နဲ့ဆိုလျှင် သူ့ရှေ့က လူက တမင်ဖျက်ဆီးဖို့ ရည်ရွယ်နေသည်ဟု ထင်မှတ်မိသွားလေသည်။ သူက အန်းဇယ်ရီအား လာရှာခြင်းမှာ မှန်ရောမှန်ရဲ့လားဟုပင် ပြန်တွေးနေမိလေသည် ။
အချိန်အနည်းငယ်ယူကာ ဆွေးနွေးပြီးနောက် ကျန်းနင်က သူမှားသွားပြီဖြစ်ကြောင်းသိလိုက်လေသည် ။ သို့သော် နောက်ဆုတ်ပါက ပိုမှားသွားမည် ဖြစ်ကြောင်းလဲ သိလေသည် ။ သူက စိတ်ဓာတ်ကျစွာ ကောင်းကင်ကိုအသာမော့ကြည့်လျက် အသံတိတ်အော်ဟစ်မိတော့သည် ။ ' လောကကြီးက ဒီလို သောက်ကျင့်မကောင်းတဲ့ကောင်အား ဘာကြောင့် ဒီလို ပြီးပြည့်စုံအောင် ဖန်တီးခဲ့ရတာလဲ ' ဟူ၍။
ကျန်းနင်က သူတို့အစီအစဉ်အား ပြန်တွေးကာ ကူကယ်ရာမဲ့စွာဖြင့် အန်းဇယ်ရီအား လက်ညိုးထိုးကာ " ကျစ်!! ရုပ်လေးနဲ့မှမလိုက် မကောင်းဆိုးရွားကောင် " ဟု ဆိုပြီး ဖုန်ခါလျက် ထွက်ခွာသွားတော့သည် ။
***
နောက်လတွင် ကျရောက်မည့် နွေဦးပွဲတော်အတွက် လူတိုင်းအလုပ်ရှုပ်နေကြသည် ။ အထူးသဖြင့် မိန်းကလေးငယ်လေးများပင် ။ သူတို့က ထိုနေ့တွင် သူတို့ရဲ့ ကျွမ်းကျင်ရာကို ထုတ်ဖော်ပြသရန် အစွမ်းကုန်လေ့ကျင့်ပြင်ဆင်နေကြသည်။ သူတို့သာ ရာထူးကြီးတစ်ခုရဲ့ သခင်လေးတစ်ယောက်ယောက်အား ဆွဲဆောင်နိုင်ပါက အကောင်းဆုံးပင် ။ သူတို့မိသားစုအတွက် ကောင်းမွန်သည့် နေ့ရက်ရောက်လာပေလိမ့်မည် ။
မုန့်ယိရှင်းသည် နွေဦးပွဲတော်တွင် ချီဝမ်ရယ်၏ သဘောကျနှစ်သက်ခြင်းကို ခံခဲ့ရသည့် အကြောင်းသည် သူတို့အတွက် နမူနာ တစ်ခုလိုပင် ။ သူတို့သည်လည်း မင်းသားတစ်ယောက်ယောက်ရဲ့ ကြင်ယာတော်မဖြစ်နိုင်ဟု မည်သူက ပြောနိုင်မည်နည်း ။ ထိုအကြောင်းများကြောင့် ဒီနှစ်ယှဉ်ပြိုင်ပွဲက ပိုလို့ ပြင်းထန်လာပြီး မြို့နေလေထုကိုပင် သက်ရောက်သွားကာ ပြိုင်ပွဲ အငွေ့အသက်များပင် ဖြစ်ပေါ်နေခဲ့သည် ။
ကျွီ!!!!
အန်းဇယ်ရီက ခေါက်ယပ်တောင်အား တဖြတ်ဖြတ်ခတ်နေရာမှ လှည့်ကြည့်လိုက်သည် ။ အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကိုသာ ဝတ်လေ့ရှိသည့် လင်းယွီ့သည် အခုချိန်တွင် အစိမ်းဖျော့ရောင် ဝတ်ရုံရည်အား ဝတ်ဆင်ထားခဲ့သည် ။ အပေါ်ဝတ်ရုံက ထိုသူရဲ့ သေးသွယ်သည့် ခါးတို့အား ဖုံးကွယ်ထားခဲ့လေသည် ။ ခပ်မြောက်မြောက်စည်းထားလေ့ရှိသည့် ဆံနွယ်တို့မှာလည်း ကြိုးတစ်ချောင်းဖြင့် ခပ်လျော့လျော့စည်းနှောင်ခံထားရလေသည် ။
လေတစ်ချက်အဝှေ့တွင် ဝတ်ရုံစနဲ့ ဆံနွယ်များသည် လူးလွင့်သွားကာ ထိုသူအား မသေမျိုးတစ်ယောက်နှယ် ပုံသွင်းသွားလေသည်။ ဓားတစ်ချောင်းကဲ့သို့ ထက်ရှသည့် အသွင်အပြင်မှ ဤကဲ့သို့ အေးချမ်းသည့် ပုံရိပ်ကို ပြောင်းလဲသွားသည့် လင်းယွီ့ကြောင့် အန်းဇယ်ရီက တိတ်တဆိတ် တံတွေးတစ်ချက်မျိုချလိုက်ရသည်။
လင်းယွီ့က ခက်ထန်သည့် အော်ရာများကို ရုတ်သိမ်းထားတာတောင် သူ့အနားသို့ ခပ်ဝေးဝေးနေစေနိုင်သည့် အော်ရာတစ်ခုကို ထုတ်လွှတ်နေသေးသည် ။ အဲ့လိုပုံစံပေါက်နေလေလေ အန်းဇယ်ရီက ပိုအနားကပ်ချင်လေလေကို မသိခဲ့ဘဲပေါ့ ..
နန်းတော်သို့ ရောက်သည့်တိုင် အန်းဇယ်ရီသည် လင်းယွီ့အား စိုက် ကြည့်နေသဖြင့် အလေးမထားသည့် လင်းယွီ့ပင် နေရကြပ်လာလေသည် ။ အန်းဇယ်ရီ၏ အကြည့်များသည် ပုံမှန်အတိုင်း အေးစက်မြဲ အေးစက်နေခြင်း ဖြစ်သော်လည်း ထိုသူက သူ့အား အကောင်လိုက်မျိုချချင်နေသကဲ့သို့ ပြင်းထန်သည့် စိတ်ဆန္ဒကိုလဲ ခံစားမိသောကြောင့်ပင်။
လင်းယွီ့က သူရဲ့ရှည်သွယ်သွယ်လက်ချောင်းလေးများကို ခပ်တင်းတင်းဆုပ်မိလိုက်သည် ။ ' ဝမ်ရယ်က .. ငါ့ကို တစစီလုပ်ပစ်ချင်လောက်အောင် မုန်းနေတာလား ..'
အန်းဇယ်ရီက မိဖုရားကြီးဆီသွားသည့် လမ်းတွင် အတတ်နိုင်ဆုံး လင်းယွီ့နဲ့ နီးကပ်စွာ လျှောက်ကာ နှစ်ယောက်သား အတော်လေးရင်းနှီးသည်ဟူသည့် အဓိပ္ပာယ်ကို ဖော်ဆောင်ထားလေသည် ။ နွေဦးပွဲတော်အတွက် အစီအစဉ်သည် မိသားစုကြီးများ၏ တရားဝင်ဇနီးများဖြင့် ဆွေးနွေးတိုင်ပင်ရခြင်းပင် ။ လင်းယွီ့သည် အမျိုးသားတစ်ယောက် ဖြစ်နေတာတောင် သူ့ရဲ့ ကြင်ယာတော်ဆိုသည့် အဆင့်အတန်းကြောင့် မဖြစ်မနေတက်ရောက်ရသည် ။
အမျိုးသမီးများကြားတွင် တစ်ဦးတည်းသော အမျိုးသားကြင်ယာတော် ..
မောက်မာကာ တယူသန်သည့် လူများမျက်လုံးထဲတွင် လင်းယွီ့သည် မျက်စိစပါးမွှေးစူးစရာဖြစ်နေလေသည် ။ နဂိုကတည်းက နိမ်ချင်နေသည့် သူများသည် လင်းယွီ့က အန်းဇယ်ရီ၏ ချစ်ခင်မှုကို မရခြင်းကြောင့် ပိုလို့ပင် လှောင်ပြောင်ချင်စရာ ကောင်းနေလေသည် ။ လင်းယွီ့သည် ဘယ်လောက်ဘဲ အလေးမထား ဂရုမစိုက်ဘူးဆိုဆို အနှောက်အယှက်များကတော့ နေရာတိုင်းရှိနေဆဲပင် ။
" ဝမ်ရယ် !! " လင်းယွီက သူ့လက်အား ဆုပ်ကိုင်ကာ တွဲခေါ်လာသည့် အန်းဇယ်ရီအား ကြည့်လိုက်သည် ။ သူက လက်ကိုပြန်ဆွဲထုတ်ကာ " အဲ့လိုလုပ်ပေးဖို့ မလိုတာမို့ . ဝမ်ရယ် အဆင်ပြေသလို နေပါ .." သူက နူးနူးညံ့ညံ့ မိန်းမငယ်လေးလဲ မဟုတ်သဖြင့် ဒါမျိုး အပြုအမှုတွေ မလိုအပ်။
အန်းဇယ်ရီက အေးစက်စက်အကြည့်တစ်ချက်ပေးလိုက်ပြီး " ငြိမ်ငြိမ်နေ!! " ဟု ပြောလိုက်ကာ ဆုပ်ကိုင်မြဲ ဆုပ်ကိုင်ထားလိုက်သည် ။ သူ့ ခန္ဓာကိုယ်က ပုံမှန်ကျစွာပင် ကြီးစိုးလွှမ်းမိုးလိုသည့် အော်ရာများ ထွက်လာပြီး ပတ်ဝန်းကျင်လေထုဖိအားပင် ကျဆင်းလာနေသည် ။ သူပြောသည့် စကားတစ်ခွန်းသည် အမိန့်တစ်ခုအလား .. မနာခံသည့်သူသည် အဆုံးသတ်မကောင်းဟု ပြောနေသလို ...။
မိဖုရားနန်းဆောင်သို့ ရောက်ချိန်မှသာ လက်ကိုလွှတ်ပေးလိုက်ပြီး မိဖုရားကြီးအား အရိုအသေပေးလိုက်လေသည် ။ ပတ်ဝန်းကျင်တွင် မူးမတ်ကတော်များ ၊ စစ်သူကြီးကတော်များလဲ ရောက်ရှိနေပြီ ဖြစ်ကာ ချီဝမ်ရယ်သည် ကြင်ယာတော်အား လက်တွဲထားကြောင်းကို သေချာပေါက် တွေ့လိုက်ကြရသည် ။
နှစ်ယောက်သားက အရမ်းအဆင်မပြေဘူးဆို ... တစ်ပတ်လုံးမှ စကားလေးလုံးကွဲအောင်တောင် မပြောဖူးဘူးဆို .. ဒီအခြေအနေကို ဘယ်လိုယူဆရမလဲ ...
လင်းယွီ့အားလှောင်ပြောင်ရန်ပြင်ထားသည့် စကားများမှာလဲ လည်ဝတွင်တစ်ကာ ပြန်မျိုကျသွားတော့သည် ။ သူတို့က လှောင်ပြောင်ချင်လျှင်တောင် အခြေအနေကြည့်ရဦးမည် ။
" နေသာသလိုနေ.." မိဖုရားကြီးက ချောင်းအသာဟမ့်ကာ ဩဇာညောင်းသည့် အသံဖြင့် ပြောလိုက်သည် ။ အစေခံက လင်းယွီ့အား ခုံနေရာချပေးရန် စီစဉ်ချိန် အကုန်လုံး၏ အမှုအရာများ ပြောင်းလဲသွားတော့သည် ။ လင်းယွီ့အတွက် ခုံနေရာသည် အဆင့်နိမ့် ကြင်ယာတော် တစ်ယောက်၏ နောက်တွင်ရှိနေခြင်းပင် ။
လင်းယွီ့က အလေးမထားဟန်ဖြင့် သွားထိုင်လိုက်တော့သည်။ အန်းဇယ်ရီပါ ဘေးနားတွင် လိုက်ထိုင်ချလိုက်သဖြင့် ပတ်လည်က အဆင့်နိမ့်ကြင်ယာတော်များသည် မီးခဲပေါ် ထိုင်ထားရသည့်အလား အကုန်လုံး ထရပ်ကာ ဒူးထောက်လိုက်ကြတော့သည်။ မိဖုရားကြီး၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည် ။ သို့တိုင်အောင် အန်းဇယ်ရီသည် ဘာအမှားမှ မလုပ်သဖြင့် သူမက ဘာအပြစ်မှ ပြော၍မရပေ ။
သူကိုယ်တိုင်လိုက်လာမည်ဟု သိထားခဲ့ပါက သူတို့က အခြားအစီအစဉ်ပြောင်းပေလိမ့်မည် ။ သည်အချိန်တွင် အနီရောင်ပုံရိပ်ကလေးသည် လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာလေသည် ။
" ယိရှင်း!!! ကလေး.. လာလာ " မိဖုရားကြီး၏ မျက်နှာသည် ကြည်လင်သွားက မုန့်ယိရှင်းအား သူ့အနားက ခုံကို ခေါ်လိုက်သည် ။ အဆင့်နိမ့်ကြင်ယာတော်များသည် သူတို့နေရာတွင် ဆက်မထိုင်ရဲသဖြင့် နောက်ဆုတ်နေကြရာ အန်းဇယ်ရီတို့ ပတ်လည်တွင် နေရာကျယ်ကြီး ရှိနေလေသည် ။ သဘာဝကျစွာပင် ထိုအကြောင်းအရာအား အန်းဇယ်ရီက ခေါင်းထဲမထည့်ပေ .. သူ့ခေါင်းထဲတွင် လင်းယွီ့အား ဘယ်လို ဆွဲဆောင်ရင်ကောင်းမလဲသာ တွေးနေသောကြောင့်ပင်..
သူပြောင်းလဲဖို့ အရေးကြီးသည် ဇာတ်ကွက်တစ်ခုလိုနေသည် .. သို့မှသာ သူ့ရဲ့ပြောင်းလဲခြင်းသည် ယုတ္တိ ရှိမည်ဖြစ်ကာ လူအများက လက်ခံပေလိမ့်မည် .. လူအများလက်ခံဖို့မလိုပေ လင်းယွီ့ လက်ခံရင် အဆင်ပြေပြီဖြစ်သည်။
တင်းမာနေသည့် အခြေအနေသည် ခနသာကြာကာ နွေဦးပွဲတော်အတွက် အစီအစဉ်များကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြတော့သည် ။ ထိုအထဲတွင် သေချာပေါက် လင်းယွီ့နဲ့ အန်းဇယ်ရီ မပါပေ ။ ထိုနှစ်ယောက်သည် အသက်ရှုနေသည့် လှုပ်ရှားမှုကိုသာ ခပ်ရေးရေးမတွေ့ရပါက ထိုင်ရင်းသေဆုံးသွားပြီဟုပင် မှတ်ယူမိပေတော့မည် ။
မုန့်ယိရှင်းသည် မိဖုရားကြီးနဲ့ ပျော်ရွင်စွာ စကားပြောနေရင်း သူမအကြည့်သည် အန်းဇယ်ရီဘက်သို့ တစ်ချက်တစ်ချက်ရောက်သွားလေသည်။ အန်းဇယ်ရီသည် သူမအား သူစိမ်းတစ်ယောက်ကဲ့သို့ လစ်လျုရှုနေသည်ကို တွေ့ရချိန်တွင် မကျေမနပ်ဖြစ်သွားတော့သည် ။ ထိုအမှုအရာအား ဖမ်းမိလိုက်သည့် မိဖုရားကြီး၏ မျက်နှာထက်တွင် အဓိပ္ပာယ်ခန့်မှန်းမရသည့် အပြုံးပေါ်လာခဲ့ကာ
" ချီဝမ်ရယ် နဲ့ ယိရှင်းက ကတောက်ကဆဖြစ်ထားကြတယ်လို့ ဒီမိဖုရားက ကြားတယ် .. ဘယ်လိုဖြစ်ကြတာတုန်း .."
မုန့်ယိရှင်းက အန်းဇယ်ရီအား ချစ်စဖွယ်မျက်စောင်းထိုးလိုက်ပြီး နူတ်ခမ်းကိုက်လိုက်ပြီး ဖွင့်ဟပြောရန် ငြင်းဆန်နေလေသည် ။ အနိုင်ကျင့်ခံရသည့် သတ္တဝါငယ်လေးသဖွယ် သနားစရာကောင်းလှသည် ။
အန်းဇယ်ရီက ကြော့ရှင်းစွာ လက်ကိုဆန့်ထုတ်လျက် လက်ဖက်ရည်ခွက်ကို ယူလိုက်သည် ။ အပြုအမှု လှုပ်ရှားမှုတိုင်းသည် အနုပညာတစ်ခုအလား လွန်စွာ ကြည့်ကောင်းနေလေသည် ။ တော်ဝင်ဆန်ကာ မြင့်မြတ်သည့် အရှိန်အဝါများပင် တောက်ပလာသည့်နှယ် ။ သို့သော် ထွက်လာသည့် အေးစက်စက်အသံက ထိုပုံရိပ်လေးအား ရက်ရက်စက်စက် ရိုက်ခွဲသွားလေသည် ။
" ကိုယ်လုပ်တော်မုန့်က .. ကြင်ယာတော်ရဲ့ ကျောက်စိမ်းပြားကို ခိုးလို့ .." ယတိပြတ်ပြောလာပုံက တဖက်သားသည် မိန်းကလေးဆိုသည်ကိုပင် စာနာထောက်ထားပုံမရပေ ။ သူတို့က အန်းဇယ်ရီကိုသာ စိတ်ရှိတိုင်းပြောလိုက်ချင်သည် ။
ဒီမှာ .. ဒီမှာ မိန်းကလေးတစ်ယောက်ကို လူကြားထဲမှာ အဲ့သလို ပြောရလောက်အောင် အေးစက်လှချည်လား .. နှလုံးသားမရှိဘူးလား .. ခံစားချက်ကင်းမဲ့လှချည်လား
နဲနဲပါးပါးကြည့်ကောင်းအောင် .. မှားယူမိတာ ဒါမှမဟုတ် အကောက်ကြံခံရလို့ မလွဲသာဘဲ အပြစ်ပေးလိုက်ရတာတို့ ဘာတို့ ဖြစ်သင့်တယ်မလား ..
ချီဝမ်ရယ်သည် မုန့်ယိရှင်းအား လွန်စွာ ချစ်ခင်မြတ်နိုး နှစ်သက် သဘောကျ သည်ဆိုသည့် သတင်းက ဟာသတစ်ပုဒ်အလားပင် ..
မိဖုရားကြီးက ထိုအပေါက်ကြီးအား စကားအနဲငယ်ဖြင့် ဖာလိုက်လေသည် ။ " ဒါက .. အထင်လွဲမှုတစ်ခုဖြစ်မှာပါ .. ကြင်ယာတော်ကလဲ အပြစ်မယူဘူးမလား .. ဒီလို အခြေအနေက မိန်းကလေးတစ်ယောက်အတွက် မကောင်းဘူးလေကွယ်.."
မိဖုရားကြီး၏ မုန့်ယိရှင်းအား သူ့အိမ်တော်ထဲသို့ ထည့်ရန် ရည်ရွယ်ချက်ကြောင့် အန်းဇယ်ရီက စိတ်ထဲတွင် နှာခေါင်းရှုံလိုက်သည် ။ ' ကစားချင်တယ်ပေါ့ .. '
အန်းဇယ်ရီ၏ နူတ်ခမ်းစွန်းများက မသိမသာတွန့်ကွေးသွားခဲ့သည် ။ ထိုအမှုအရာကို ကျန်းနင်သာ တွေ့ပါက တစ်စုံတစ်ယောက် ကံဆိုးမိုးမှောင် ကျတော့မည်မှန်း တမ်းသိပေလိမ့်မည် ။
' ကောင်းပြီလေ.. ဒီသခင်က ပိုပျော်စရာကောင်းအောင် လုပ်ပေးမယ် ..'
မိဖုရားကြီး၏ တွန်းအားပေးမှုကြောင့် မုန့်ယိရှင်းသည် ဝမ်ရယ်အိမ်တော်သို့ တဖန်ပြန်လည် ဝင်ရောက်လာခဲ့ပြန်လေသည်။ သို့သော် အရင်တစ်ခေါက်နဲ့ ဒီတစ်ခေါက်တွင် ကွာခြားချက်က မိုးနဲ့မြေအလား ဖြစ်သွားတော့သည် ။
" ငါ ..အန်းဇယ်.. " မုန့်ယိရှင်းက ပြောလက်စစကားအား ရုတ်သိမ်းလိုက်ကာ " ဝမ်ရယ် .. နဲ့တွေ ့မယ် သူဘာလို့ ငါ့ကို ဒီလို မတရားဆက်ဆံနိုင်ရတာလဲ .. "
" စိတ်မကောင်းပါဘူး .. ကိုယ်လုပ်တော်မုန့် .. ဝမ်ရယ်မရှိပါဘူး .." ရန်ဖူ သည် အိမ်တော်၏ ဘဏ္႑ာထိန်းတစ်ယောက်ဖြစ်သည် ။ လင်းယွီ့သည် စစ်သူကြီးတစ်ယောက်ဖြစ်သည်နဲ့အညီ အိမ်တော်ကိစ္စများကို စီမံခန့်ခွဲဖို့ အချိန်မရှိချေ ။ သို့အတွက် အရင်က အိမ်တော်၏ အာဏာသည် မုန့်ယိရှင်း လက်တွင်းသို့ ကျရောက်ခဲ့သည် ။ ယခုချိန်တွင် အိမ်တော်စီမံဖို့ သူ့နေရာနဲ့သူ လူယုံများခန့်အပ်ထားခဲ့ပြီဖြစ်ကာ စည်းစနစ်ကျစွာ လှည်ပတ်နေပြီး မုန့်ယိရှင်းသည် အိမ်တော်၏ ငွေအနည်းငယ်ကိုပင် ထိန်းသိမ်းရသည့် အာဏာမရှိတော့ပေ ။
ထိုအချက်က ဝမ်ရယ်အိမ်တော်သို့ ပြန်ရောက်လျှင် အရင်အတိုင်းမပြောင်းမလဲ ဖြစ်လိမ့်မည်ဟု ထင်မှတ်နေသည့် မုန့်ယိရှင်းအတွက် ထိုးနှက်ချက်ကြီးပင် ။
' အဲ့ဒါ.. မိဖုရားကြီးကြောင့်ဘဲ .. နွေဦးပွဲတော်ရောက်တဲ့အထိ ဘာကြောင့် မစောင့်နိုင်ရတာလဲ !!! ' မုန့်ယိရှင်းက ဗျစ်တောက်ဗျစ်တောက်ပြောကာ စိတ်ညစ်လွန်းသဖြင့် အိမ်တော်အပြင်သို့ လျှောက်လည်ရန် ထွက်သွားလိုက်သည် ။
" နင်တို့ ဘာလုပ်တာလဲ !!!! " မုန့်ယိရှင်းက ဒေါသကြောင့် ထခုန်လုမတတ်ဖြစ်နေခဲ့သည်။ တံခါးစောင့်များက အန်းဇယ်ရီ၏ အိမ်တော်မှ လူများပီသစွာ မျက်နှာသေဖြင့် မုန့်ယိရှင်းအား ပြန်ဆွဲသွင်းလိုက်ကာ အိမ်တော်တံခါးအား ပိတ်ချလိုက်သည် ။
" ဝမ်ရယ်ရဲ့ .. အမိန့်အတိုင်းလုပ်တာပါ !!! ကိုယ်လုပ်တော်က အပြင်ထွက်ချင်ရင် ဝမ်ရယ် ဒါမှမဟုတ် ကြင်ယာတော်ရဲ့ အမိန့်ကို ယူလာပေးပါ .." တပြိုင်နက်ဖြေလာသည့် အသံကြောင့် မုန့်ယိရှင်းက ဒေါသတကြီး လက်ညိုးထိုးလိုက်သော်ငြား ဘာမှပြောမထွက်နိုင်ပေ ။ ကိုယ်လုပ်တော် တစ်ယောက်သည် ဖြစ်သလို အပြင်ထွက်ခွင့်မရှိချေ ။ သူတို့မှာ အနောက်ဆောင်တွင် တိုက်ခိုက်နေရုံမှလွဲကာ အခြားအရာများကို အာရုံစိုက်နိုင်ခြင်း မရှိကြသောကြောင့် ထိုကိစ္စအား ရေးကြီးခွင်ကျယ်လုပ်သူမှာ ရှားပါးလှသည် ။
ရှားပါးအမျိုးအစား မုန့်ယိရှင်းသည် လက်ရှိတွင် ကြင်ယာတော်၏ အဆောင်တော်သို့ ရောက်ရှိနေလေသည် ။ သူမသည် ခံပြင်းဒေါသထွက်လွန်းသဖြင့် စိတ်ထဲတွင် ဆွေ့ဆွေ့ခုန်နေခဲ့သည် ။ သူမတစ်ယောက်တည်း ဘာလို့ ဒီလိုခံစားနေရတာလဲ ... ဒီလိုမျိုး ခံစားရတာ မဖြစ်သင့်ဘူး!! တစ်ခုခုမှားနေတာဘဲ ဖြစ်ရမယ် ..
သူမက ထိုမှားယွင်းမှုသည် လင်းယွီ့နဲ့ မဆိုင်ဟု မယုံကြည်ပေ ။ ထို အရှက်မရှိတဲ့ အမျိုးသားက သူမမရှိတုန်း အခွင့်ကောင်းယူပြီး ဝမ်ရယ်ကို ဆွဲဆောင်ထားတာ ဖြစ်ရမယ် ။ မဟုတ်ရင် အန်းဇယ်ရီရဲ့ ခံစားချက်က ရုတ်တရက်ကြီး ပြောင်းလဲသွားစရာအကြောင်း မရှိဘူး ..။ တွေးရင်းနဲ့ပင် ထိုအတွေးသည် ပိုခိုင်မာလာကာ အဖြစ်မှန်ဟု မှတ်ယူလိုက်တော့သည် ။
" အဲ့ဒီ ... ကောက်ကျစ်တဲ့အကောင် !! " ဝုန်းဒိုင်းကြဲရန် ဝင်လာသည့် မုန့်ယိရှင်းသည် ထပ်မှန်တားမြစ်ခံလိုက်ရပြန်သည် ။
" ဘာဖြစ်ပြန်ပြီလဲ !!!! " ဒီရက်ပိုင်းအတွင်း သူမရူးသွပ်သွားတော့မလို အခြေအနေပင် ။ အစေခံမလေးက တုန်ယင်သွားပြီး အလျင်အမြန်အရိုအသေပေးကာ " ဝမ်ရယ်က .. ကိုယ်လုပ်တော်မုန့်ကို ကြင်ယာတော်ရဲ့ အဆောင်တော်ထဲ မဝင်ဖို့ တားမြစ်ထားပါတယ် .." ဤတားမြစ်ချက်သည် သိသာစွာပင် သူမအား သူခိုးဟု ဆဲရေးလိုက်သလိုပင် ။
မုန့်ယိရှင်းက လောကကြီးသည် သူမအပေါ်ကိုသာ ပစ်မှတ်ထားနေသည်ဟု ခံစားရလာသည်။ ထိုခံစားချက်ကြီးထွားလာလေ သူမရဲ့ အပြင်ထွက်ချင်စိတ်များ ၊သူမကို အလိုလိုက်သည့် လူများနဲ့ တွေ ့ချင်စိတ်များ ကို ထိန်းမရတော့ချေ ။ ခိုးထွက်သည့်အခါတိုင်း ပြန်ပြန်ဆွဲခေါ်လာခံရလေသည် ။ တစ်ကြိမ်တစ်ခါ မကသဖြင့် လူတချို့သည် သတိထားမိလာကာ ကောလဟာလများ ထွက်လာတော့သည် ။ ကိုယ်လုပ်တော်မုန့်သည် ချီဝမ်ရယ်၏ မျက်နှာသာပေးမှုကို မရရှိတော့ ဆိုသည့် သတင်းများပင် ။
________________________
ရားးးးးးလိုင်းက ဘာလို့မရသေးတာလဲ ... ဘယ်အချိန်ထိ ဖြတ်ထားဦးမှာလဲ .. လူယုတ်မာတွေရဲ့ .. 🙂
/ သာသာရဲ့ စိတ်အခြေအနေ မုန့်ယိရှင်း version /🤕
ရွတ်.. ငါလေးက.. ဒါဒါလေးတွေကို အီစီကလီရိုက်ချင်ရုံပါ .. လောကကြီးက ငါ့ကို ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ .. ပိုက်ဆံမရှိ လိုင်းမရှိ ရည်းစားမရှိတဲ့ ဘဝကြီးကို ပေးထားရက်တယ် .. 🥺 * သွယ်လျသည့် လက်ချောင်းလေးဖြင့် မျက်ရည်လေးကို သုတ်ပစ် *
" ဘာကြောင့်လဲ !!!! ဘာကြောင့်လဲ!!! "
______