အကိုတော်ဂျွန်မြောင်ပြောတဲ့စကားများကိုနားထဲစွဲနေကာ လီယောလ်ကပုလ္လင်ပေါ်မှာ ငိုင်ငိုင်ကြီးထိုင်နေမိသည်မှာ အတော်ကြာတဲ့အထိ...
စိတ်ပြေလိုပြေညားပြတင်းပေါက်ကို ထွက်ကြည့်မိတော့ညနေလေပြည်က ရင်ထဲကိုအေးကနဲ။ ကြင်ယာတော်ဗြောင်ပြန်ချစ်ဖို့အရေး တွေးတောနေရသည်မှာခေါင်းတွေပင်ကိုက်သည်။ ဗြောင်လေးက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ထဲကအတိုင်း ခေါင်မာမာနဲ့ ခပ်ဆိုးဆိုးလေးအတိုင်းရှိနေတုန်းပင်။
ညနေက ပေတလူးကြင်ယာတော်လေးကို ချန်းယောလ်ကအချစ်ပိုတိုးရသည်။ ပေလူးနေလဲ ကြင်ယာတော်လေးက တစ်မျိုးချစ်စရာကောင်းသည်။
ရုတ်တရက် မိုးတွေရွာချလာတာကြောင့် မိူးဖွားလေးတွေကချန်းယောလ်မျက်နှာကိုလာစင်သည်။
ဗြောင်နဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်ကလဲ မိုးရေထဲ
ဆော့ကစားခဲ့ဖူးသည်ကိုရုတ်တရက်အမှတ်ရမိသည်။
ဗြောင်လေးက မိူးရေထဲဆော့ရသည်ကိုတအားသဘောကျသည်မဟုတ်ပါလား..
"မင်းကြီး မင်းကြီး.."
ရုတ်တရက်အော်ပြီးပြေးဝင်လာတဲ့ အထိန်းတော်ကြောင့်လီယောလ် မျက်ခုံးတို့ပင့်တတ်သွားရသည်။
"ဘာတွေများအလောတကြီး ဖြစ်နေတာလဲ အထိန်းတော်ကြီး"
"ဟိုဟာ ဟို ကြင်ယာတော်လေး မိူးရေထဲမှာ စာအုပ်တွေတစ်အုပ်ပြီး တစ်အုပ်ပစ်ချပြီး ဖားလိုခုန်ဆွခုန်ဆွလုပ်နေပါတယ်"
"ဟေ"
မိုးရွာကြီးထဲ ထီးမဆောင်းနိုင်ပဲလီယောလ်တို့ဝတ်ရုံကြီးမ,ကာပြေးရတော့သည်။ ကြင်ယာတော်လေးက
မျောက်မူးလဲသလိုဆော့ပြန်ပြီထင်တယ်။
"ဟိတ် ဟိတ် ဒါမဟုတ်သေးဘူး နောက်စာအုပ်တစ်အုပ်
ထပ်ချပေး"
"ကြင်ယာတော်လေး ဝင်ပါတော့ ဖျားပါလိမ့်မယ်"
"ကျွန်တော်ပြောတဲ့အတိုင်း မလုပ်ပေးရင် ခင်ဗျားတိူ့
အကုန်လုံးကို မင်းကြီးနဲ့တိုင်ပြောမယ်"
မိုးရေတွေကြောင့် ဆံပင်တွေအကုန်ပိပြားကပ်ကာ
နှုတ်ခမ်းတွေတုန်လို့ ကြွက်စုတ်ရေနစ်သလိုလေး
ဖြစ်နေသော်လဲ ဘတ်ဟျွန်းကလက်မလျော့သေး
ရခဲလှတဲ့ အခွင့်အရေးမှာစာအုပ်ကိုမိုးရေထဲပစ်ပစ်ချပြီး ဘေးနားကခုန်ခုန်ပြီး ပစ်လှဲပစ်တာ ခုဆိုလက်ဖဝါးတွေ တံတောင်းဆစ်ဖြူဖြူတို့မှာ သွေးတွေရဲနေတာအထင်းသား။ အဆင်ပြေရင်ဟိုဘက်ကိုပြန်ရောက်နိုင်တယ်မလား
"ချချ စာအုပ်"
ဒီတစ်ခါလဲနှစ်ချက်လောက်ခုန်ပြီး ဘေးကိုပစ်လှဲပစ်ပြန်သည်။
"အားလုံးထွက်သွားကြစမ်း"
နောက်ဘက်က အသံခပ်ကျယ်ကျယ်ကြောင့်
ဘတ်ဟျွန်းပါတုန်တတ်သွားရသည်။
"ကိုယ်တော့်ကို အဲ့လောက်မုန်းနေသလား ဟမ်"
ခပ်တိုးတိုးအသံဖြင့်မေးရင်း သွေးစို့နေတဲ့ဘတ်ဟျွန်းရဲ့လက်ဖဝါးတွေကိုခပ်ဖွဖွဆုပ်ကိုင်လာတယ်
"ကိုယ်တော့်ကိုမုန်းရင်တောင် ကိုယ့်ဘာသာကိုယ်
ဒဏ်ရာတွေမရအောင်မလုပ်ပါနဲ့လား"
လက်ဖဝါးနဲ့ အကျီမှာကပ်ပေနေတဲ့ရွံဗွက်တွေကိုခါထုတိပေးရင်း လီယောလ်ကမျက်ရည်ကျလာတယ်။
အသံခပ်တိုးတိုးပြောရင်း မျက်ရည်တွေကျနေတဲ့
လီယောလ်ကြောင့် ဘတ်ဟျွန်းကရင်ဘတ်တွေပါအောင့်တတ်လာရတယ်။ ဒီတိုင်းဘတ်ဟျွန်းက လီယောလ်နဲ့သိတာတောင်မဟုတ်ပဲ သူငိုတာမြင်ရုံလေးတင် ရင်တွေနာလာရတယ်။ ဟိုဘက်ပြန်ရောက်ရင်လဲ ဘာအလုပ်မှရှိမှာမဟုတ်ပေမဲ့ ဒီဘက်မှာလဲမနေချင်ပြန်ဘူး
"မငိုပါနဲ့"
မိုးရေနဲ့ရောနေတဲ့မျက်ရည်တွေကို ဘတ်ဟျွန်းက
မှဲ့နက်နက်ပါတဲ့လက်မလေးနဲ့ဖိသုတ်ပေးလာတယ်။
"စိတ်မကောင်းဖြစ်တာမလို့ မငိုပါနဲ့"
စိတ်ထဲမှာအများကြီးတွေးမိနေပေမဲ့ဘတ်ဟျွန်းပါးစပ်ကထွက်ကျလာတာက စကားလေးတစ်ခွန်းထဲ။
ရုတ်တရက်မျက်ရည်တွေသုတ်ပေးမိတာ ဘာကြောင့်မှန်းတော့မသိပေမဲ့ လီယောလ်ငိုနေတာကိုလဲ သူမမြင်ချင်ပြန်ဘူး။အနီရောင်မင်းကြီးဝတ်ရုံရှည်က ဘတ်ဟျွန်းကိုယ်ပေါ်ရောက်လာတယ်။
"ကိုယ်တော့် အဆောင်တော်ပြန်ကြရအောင်"
"ပြန်မမှတ်မိနိုင်ပေမဲ့ နှလုံးသွေးနဲ့ပြန်အသက်ဆက်ထားတာမလို့ မချစ်သေးပေမဲ့ကြင်ယာတော်ဗြောင်လေးကထပ်တူခံစားရလိမ့်မယ်။ ဦးနှောက်ကမမှတ်မိပေမဲ့သူ့နှလုံးသားကမင်းတို့ချစ်ခဲ့တာကိုအမှတ်ရနေလိမ့်မယ်"
ရေနွေးထဲအဝတ်စဖြူတွေကိုနှစ်ပြီး လီယောလ်ကကိုယ်တိုင် ဘတ်ဟျွန်းကိုသန့်ရှင်းပေးလာတယ်။
ဖြူနုနေတဲ့ကောင်လေးကို ဘယ်သူ့ကိုမှပေးမထိချင်ဘူး။သွေးစို့နေတဲ့ဒူးတွေ တံတောင်ဆစ်တွေ လက်ဖဝါးလေးတွေကိုမြင်တော့ လီယောလ်ကမျက်နှာမကောင်း
"မနာဘူး ဘာမှမဖြစ်ဘူး"
"မကျေနပ်တာရှိရင် ကိုယ့်ကိုရိုက်ပါ နောက်တစ်ခါဆိုကိုယ်တော်ခွင့်မလွှတ်ဘူး"
"နယ်နှင်ဒဏ်တို့ သေဒဏ်တို့ပေးမလို့လား"
"ဟုတ်တယ် နယ်နှင်ဒဏ်
နှင်မဲ့နေရာက ကိုယ်တော့်ရင်ခွင်ထဲကိုအပြီးတိုင်"
"ကျွန်တော်အဲ့လောက်ဆိုးတာ ဘာလို့အသည်းအသန်ကြိုက်နေတာလဲ"
"ဗြောင်က ကိုယ်တော်နဲ့လက်ဆတ်ပြီးသား"
"မဖြစ်နိုင်တာမပြောပါနဲ့ ခင်ဗျားမှာမိဖုရားတွေ
နည်းတာမဟုတ်ဘူး "
"တိုင်းပြည်ကိစ္စအရယူခဲ့ရတာ ဗြောင်ကသူတို့မရှိခင်ထဲက ကိုယ်တော်နဲ့ချစ်နေခဲ့တာ"
"ကျွန်တော်ဖတ်ခဲ့ရတဲ့စာအုပ်ထဲက အဲ့လိုမဟုတ်ဘူး
အဲ့ထဲမှာကျွန်တောိမပါဝင်ဘူး"
"ဗြောင်ကိုပြန်ရဖို့ဆို ကိုယ်တော်က ကမ္ဘာကြီးကိုပါ
ဇောက်ထိုးလုပ်ပစ်နိုင်တယ်"
မာန်ပါပါပြောနေတဲ့လီယောလ်ရဲ့မျက်လုံးမှာ စိန်တစ်ပွင့်လို မျက်လုံးတွေထဲအပြာရောင်ဖြတ်ကနဲပြေးသွားတယ်။
"ကျွန်တော်က စာအုပ်ထဲအတင်းအဓမ္မအခေါ်ခံရတဲ့သူလေ ။အမှန်တရားကိုဘယ်လိုသိနိုင်မှာတဲ့လဲ ကျွန်တော်က
ပစ်တော့မဲ့စာအုပ်ကိုအိမ်ကိုယူလာခဲ့ရုံလေးပဲရှိတာ"
"ကိုယ်တော့်ကိုနမ်းရင် သိရအောင်လုပ်ပေးမယ်
ကိုယ်တော့််ကိုနမ်းပါ ဗြောင်.."