ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 288K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

23

11.5K 2K 36
By Melinoe_Megami

Unicode

“တကယ်တော့ ကျွန်တော် ခင်ဗျားအတွက် ဟောကိန်းတစ်ခုပေးလို့ရတယ်၊ အခကြေးငွေမလိုဘူး.. ဘယ်လိုလဲ..?”

ရွှယ်ယို့ရှန်းခမျာ သူ့ကိုယ်သူ ဈေးဝယ်သူ ဝယ်ချင်လာအောင် မားကတ်တင်းဆင်းနေရတဲ့ ဈေးသည်ကြီးလို့ ထင်မြင်လာမိပြီ။ ရင်းဆုယဲ့ကို သူက ‘ရှေ့ဖြစ်ဟောသူ’ဆိုတာ အယုံသွင်းနိုင်ဖို့ သေချာသက်သေပြနိုင်မှ ဖြစ်မယ်။

“ပြော..”

အကြည့်တစ်ချက်နဲ့တင် ရွှယ်ယို့ရှန်းက စိတ်ထဲမှာ ထူးထူးဆန်းဆန်းတွေ လျှောက်တွေးနေပြီဆိုတာ ရင်းဆုယဲ့ သိလိုက်တယ်။ ဒါပေမဲ့ ထုတ်မပြောဘဲ ကောင်လေးပြောသမျှကို ရေလိုက်ငါးလိုက် နေပေးခဲ့တယ်။

ဒီလိုကြီးမားပြီး အရည်လဲ့နေတဲ့ မျက်ဝန်းတွေထဲက မျှော်လင့်မှုတွေနဲ့ တောင်းဆိုချက်ကို ဘယ်သူကများ ငြင်းဆန်နိုင်ပါ့မလဲ..?

“ရင်းဆုယဲ့.. ခင်ဗျားက အနာဂတ်မှာ အကြီးမြတ်ဆုံး ဘုရင်တစ်ပါး ဖြစ်လာလိမ့်မယ်..”

ရင်းဆုယဲ့ဆီက ခွင့်ပြုချက်ရတာနဲ့ ရွှယ်ယို့ရှန်းလည်း သူ့ရဲ့စွမ်းရည်ကို စိတ်အားထက်သန်စွာ သက်သေပြလိုက်တယ်။ ဒီပုဂ္ဂိုလ်ရဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အမြင့်အဆုံးအနေအထားကို ချက်ချင်း ပြောပြလိုက်တော့တယ်။

အကြီးမြတ်ဆုံးဘုရင်ဆိုတဲ့ စကားကို ပြောလိုက်ပြီးမှ တစ်စုံတစ်ရာကို သတိရသွားခဲ့တယ်။ ဒီကမ္ဘာရဲ့ စွမ်းရည်အဆင့်၊ အပိုင်းအခြားတွေကို သူကိုယ်တိုင် မတွေ့ရသေးဘူးပဲ။

ဇာတ်ကြောင်းကို စတင်စဉ်းစားခဲ့တုန်းက ‘ကောင်းကင်အဆင့်၊ မြေကြီးအဆင့်၊ ကနဦးအဆင့်၊ ရွှေရောင်အဆင့်’ ဆိုပြီး အဆင့်ကြီး ၄ ဆင့်နဲ့ အဆင့်ကြီးတစ်ခုစီမှာ အဆင့်ငယ် ၉ ဆင့်စီ ထည့်သွင်းဖန်တီးခဲ့တယ်။

ကောင်းကင်အဆင့်မှာ အဆင့်ငယ် ၉ ဆင့်အထိ ကျင့်ကြံနိုင်ခဲ့ရင် မြေကြီးအဆင့် ကျင့်ကြံသူအဖြစ် အဆင့်တက်နိုင်မယ်။ မြေကြီးအဆင့် ၉ အထိ ကျင့်ကြံပြီးရင် ကနဦးအဆင့်။ အလားတူပဲ ကနဦးအဆင့် ၉ အထိ ကျင့်ကြံပြီးရင် ရွှေရောင်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။ ဒီကမ္ဘာရဲ့ အဆင့်သတ်မှတ်ချက်အရ ရွှေရောင်အဆင့် ၉ ရောက်တာနဲ့ ထိုလူက ကြီးမြတ်သောဘုရင် ဖြစ်လာလိမ့်မယ်။

မျိုးနွယ်စုတစ်ခုတိုင်းမှာ ကြီးမြတ်သောဘုရင်တစ်ပါးစီသာ ပေါ်ထွက်လာနို်ငတယ်။

လူသားများရဲ့ ဦးဆောင်သူကို ကြီးမြတ်သော လူသားဘုရင်လို့‌ ခေါ်တွင်ကြတယ်။ မိစ္ဆာတွေရဲ့ ဦးဆောင်သူကိုလည်း ကြီးမြတ်သော မိစ္ဆာဘုရင်၊ နဂါးနဲ့ နတ်သူငယ်မျိုးနွယ်တွေရဲ့ ခေါင်းဆောင်တွေကိုလည်း ကြီးမြတ်သော နဂါးဘုရင်နဲ့ ကြီးမြတ်သော နတ်သူငယ်ဘုရင်လို့ အသီးသီး ခေါ်တွင်ကြတယ်။

ကြီးမြတ်သောဘုရင်တွေရဲ့ အဆင့်အတန်းကို ပိုမိုထူးခြားသွားအောင် ရွှယ်ယို့ရှန်းက နောက်ထပ်အခြေအနေတစ်ရပ် ထပ်မံရေးသားခဲ့တယ်။ ထိုအရာကတော့ မျိုးနွယ်စုတိုင်းမှာ ဘုရင်တစ်ပါးသာ ပေါ်ထွက်လာနိုင်ခြင်းပဲ။ လက်ရှိဘုရင် သေဆုံးသွားမှသာ နောက်ထပ်ဘုရင်တစ်ပါး ပေါ်ထွက်လာလိမ့်မယ်။

လူတစ်ယောက်က ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ ဒီစည်းမျဉ်းကို မချိုးဖောက်နိုင်သလို လက်ရှိဘုရင် မသေသေးဘဲ ရွှေရောင်အဆင့် ၉ အထိ တက်ရောက်နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။

ပြီးတော့ ဒါက ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဆိုတဲ့နာမည် ဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းလည်း ဖြစ်တယ်။

“အင်း..” အဆုံးမရှိတဲ့ စိတ်ခံစားချက်တွေက ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေထဲက အနက်ရှိုင်းဆုံးနေရာမှာ ဖြတ်ပြေးသွားခဲ့တယ်။ အကြီးမြတ်ဆုံးလူသားဘုရင်.. သိပ်ကို ရင်းနှီးနေတဲ့ နာမည်ပဲ..!

အတိတ်တုန်းက သူက အတုမရှိတဲ့ လူသားဘုရင် ဖြစ်ခဲ့ဖူးပြီးပြီ။ ဒါတောင် သစ္စာဖောက်ခံခဲ့ရတယ်။ အဆုံးထိ အဖော်မရှိဘဲ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတယ်။

“………”

ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ အကြောင်းအရာကို ပြောပြခဲ့တာတောင် ရင်းဆုယဲ့ရဲ့ မျက်နှာအမူအရာက တစ်ချက် မပြောင်းလဲသွားဘူး။ ထွေထွေထူးထူး တုံ့ပြန်မှုလည်း မရှိတော့ ရွှယ်ယို့ရှန်းမှာ ဆွံ့အသွားရတယ်။

ရင်းဆုယဲ့က ဘယ်လိုလုပ် ‘အင်း’ တစ်လုံးပဲ ပြန်ဖြေနိုင်ရတာလဲ..? ဒီတုံ့ပြန်မှုက လုံးဝပုံမှန်မဟုတ်ဘူး..!

သာမန်လူသာဆို ကြီးမြတ်တဲ့ဘုရင်အဆင့် ရောက်လိမ့်မယ်လို့ ကြားတာနဲ့ အရမ်းကို စိတ်လှုပ်ရှားနေလောက်ပြီ။ ရင်းဆုယဲ့လည်း အရမ်းဝမ်းသာသွားတဲ့ အမူအရာလောက်တော့ ပြသင့်တယ်မဟုတ်ဘူးလား..? ဒါမှမဟုတ် ဘဝင်မြင့်သွားတာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို နှိမ့်ချတာပဲဖြစ်ဖြစ်၊ တစ်ခုခု ပြန်ပြောသင့်တယ် မဟုတ်ဘူးလား..?

ဒီအခြေအနေမှာ ဘယ်လိုအမူအရာမျိုးပဲဖြစ်ဖြစ် ပြလို့ရတယ်၊ ကိစ္စမရှိဘူး။ ဘယ်လိုပဲပြောပြော လူသားတွေဆိုတာ စိတ်လှုပ်ရှားလာရင် သာမာန်အခြေအနေမှာ မလုပ်တတ်တဲ့ အမူအရာမျိုးတွေ လုပ်ကြတာပဲလေ။ အဲ့တော့ ဘာတုံ့ပြန်မှုမှမရှိတဲ့ ရင်းဆုယဲ့က လုံးဝကို ပုံမှန်မဟုတ်နေဘူး။

သူ သက်ပြင်းချသင့်ပြီလား..? ရင်းဆုယဲ့က တကယ်ပဲ မျက်နှာအမူအရာမပြနိုင်တဲ့ ရောဂါသည်များလား..?

ရင်းဆုယဲ့အပေါ် မကျေမနပ်အမူအရာမျိုး ဖော်ပြတော့မယ့်အချိန် ရင်းဆုယဲ့က သူ့ကို ဆောင့်ဆွဲလိုက်တယ်။

“ခင်ဗျား ဘာလုပ်တာလဲ..?”

ရင်းဆုယဲ့ရဲ့ အမူအရာက ရုတ်တရက်ကြီး အရမ်းကို တည်ကြည်လေးနက်နေတော့ ရွှယ်ယို့ရှန်းမှာ တုန်လှုပ်သွားရပြန်တယ်။

“မင်းအဆင်ပြေရဲ့လား.?”

ရင်းဆုယဲ့က ကောင်လေးကို သူ့အရှေ့တည့်တည့်မှာ မတ်တပ်ရပ်စေပြီး ရွှယ်ယို့ရှန်း၏ ခန္ဓာကိုယ်အနှံ့ကို စတင်စစ်ဆေးတော့တယ်။

“ကျွန်တော်က ဘာလို့ အဆင်မပြေဖြစ်ရမှာလဲ..?”

ရွှယ်ယို့ရှန်းခမျာ ရင်းဆုယဲ့ရဲ့ အပြုအမူကို အဖြေရှာရင်း အော်ပစ်ချင်လာတယ်။

အဆင်ပြေတယ်၊ အဲ့တာကြောင့် တွေ့ကရာ လျှောက်ကိုင်မနေနဲ့ OK..? မဟုတ်ရင် ကိုယ်ထိလက်ရောက် နှောင့်ယှက်နေပါတယ်ဆိုပြီး အော်ဟစ်ရလိမ့်မယ်..!

“မင်းက တကယ့်ကို အထူးလူသားလေးပဲ..”

ရွှယ်ယို့ရှန်းမှာ ဘာမှမဖြစ်မှန်း သေချာသွားတော့မှ ရင်းဆုယဲ့က လက်လွှတ်ပေးလိုက်တယ်။ တကယ်တော့ ရင်းဆုယဲ့က ဟွမ်ပေ့ချန်အနားမှာ အမြဲရှိနေတတ်တဲ့ ‘ရှေ့ဖြစ်ဟောသူ’ မိန်းကလေးကို တွေ့ဖူးတာကြောင့် ‘ရှေ့ဖြစ်ဟောသူ’တွေအကြောင်း အတော်လေး သိထားတယ်။

ဥပမာပြောရရင် ‘ရှေ့ဖြစ်ဟောသူ’တွေက အနာဂတ်အတွက် ဟောကိန်းထုတ်ချင်ရင် စွမ်းအားကြီးလေ၊ အကျိုးသက်ရောက်မှု ပိုပြီးပြင်းထန်လေ ဖြစ်တယ်။ ဟောကိန်းတစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ဆောင်ရပြီး ပေးဆပ်ရတဲ့ အဖိုးအခကလည်း အရမ်းကို ကြီးမားတယ်။ တစ်ခုခုမှားသွားတာနဲ့ တန်ပြန်သက်ရောက်မှုဒဏ်ကို ခံစားရပြီး အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်တယ်။

ထိုအကြောင်းအရင်းတွေကြောင့် ‘ရှေ့ဖြစ်ဟောသူ’တွေက လူတိုင်းကို လွယ်လွယ်ကူကူ ဟောကိန်းမထုတ်ပေးကြဘူး။

အစကတော့ ရင်းဆုယဲ့က ရွှယ်ယို့ရှန်း သူ့ကိုယ်သူ မထိခိုက်အောင် သာမာန်ဟောကိန်းလောက်ပဲ ပြောပြမယ်လို့ ထင်ထားခဲ့တယ်။ အဲ့တာကြောင့် ဟောကိန်းထုတ်ဖို့ သဘောတူလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ ရွှယ်ယို့ရှန်းရဲ့ ဟောကိန်းက သာမာန်ထက် ကျော်လွန်သွားမယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ။ တန်ကြေးအများဆုံး ပေးဆပ်ရမယ့် အမြင့်ဆုံးဟောကိန်းကိုမှ ထုတ်ပြောလာခဲ့တယ်။

ကမူးရှူးထိုးနိုင်လိုက်တာ..! မမျှော်လင့်ဘဲ ယုံကြည်မိခဲ့တဲ့ လူတစ်ယောက်ကို ဒီလိုမျိုး အဆုံးရှုံးမခံနိုင်ဘူး..!

“ဒါပေါ့..”

သူ့ကိုယ်သူ အမှုမဲ့အမှတ်မဲ့ ထုတ်ဖော်နေမိမှန်းမသိတဲ့ ရွှယ်ယို့ရှန်းကတော့ ရင်းဆုယဲ့ရဲ့ ချီးမွမ်းစကားကို အရှက်မရှိ လက်ခံလိုက်တယ်။

“အင်း..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို သေသေချာချာ စစ်ဆေးခဲ့ပြီး အနာဂတ်ဟောကိန်းအတွက် တန်ဖိုးတစ်စုံတစ်ရာ မပေးဆပ်ရမှန်း သေချာသွားတော့မှ စိတ်သက်သာရာ ရသွားခဲ့တယ်။ ရွှယ်ယို့ရှန်း ဘာတွေဖုံးကွယ်ထားမှန်း မသိသေးပေမယ့် သူ့အတွက် အထူးလူသားလေးဆိုတာ သေချာသွားခဲ့ပြီ။

“………”

ရင်းဆုယဲ့ရေ.. ခင်ဗျား ‘အင်း’ ဆိုတဲ့စကားလုံးပဲ တစ်ချိန်လုံး မပြောလို့မရဘူးလား.. ဟမ်..? တအား လိုရင်းတိုရှင်းဖြစ်လွန်းနေပြီ မဟုတ်ဘူးလား..?

အခုအချိန်ကစပြီး ဆုံးဖြတ်ချက်ချလိုက်ပြီ။ သူလည်း ဒီလိုနားမလည်နိုင်တဲ့ အဖြေမျိုးပဲ ပြန်ဖြေတော့မယ်..!

…………………………………….

Zawgyi

“တကယ္ေတာ့ ကြၽန္ေတာ္ ခင္ဗ်ားအတြက္ ေဟာကိန္းတစ္ခုေပးလို႔ရတယ္၊ အခေၾကးေငြမလိုဘူး.. ဘယ္လိုလဲ..?”

႐ႊယ္ယို႔ရွန္းခမ်ာ သူ႔ကိုယ္သူ ေဈးဝယ္သူ ဝယ္ခ်င္လာေအာင္ မားကတ္တင္းဆင္းေနရတဲ့ ေဈးသည္ႀကီးလို႔ ထင္ျမင္လာမိၿပီ။ ရင္းဆုယဲ့ကို သူက ‘ေရွ႕ျဖစ္ေဟာသူ’ဆိုတာ အယုံသြင္းႏိုင္ဖို႔ ေသခ်ာသက္ေသျပႏိုင္မွ ျဖစ္မယ္။

“ေျပာ..”

အၾကည့္တစ္ခ်က္နဲ႔တင္ ႐ႊယ္ယို႔ရွန္းက စိတ္ထဲမွာ ထူးထူးဆန္းဆန္းေတြ ေလွ်ာက္ေတြးေနၿပီဆိုတာ ရင္းဆုယဲ့ သိလိုက္တယ္။ ဒါေပမဲ့ ထုတ္မေျပာဘဲ ေကာင္ေလးေျပာသမွ်ကို ေရလိုက္ငါးလိုက္ ေနေပးခဲ့တယ္။

ဒီလိုႀကီးမားၿပီး အရည္လဲ့ေနတဲ့ မ်က္ဝန္းေတြထဲက ေမွ်ာ္လင့္မႈေတြနဲ႔ ေတာင္းဆိုခ်က္ကို ဘယ္သူကမ်ား ျငင္းဆန္ႏိုင္ပါ့မလဲ..?

“ရင္းဆုယဲ့.. ခင္ဗ်ားက အနာဂတ္မွာ အႀကီးျမတ္ဆုံး ဘုရင္တစ္ပါး ျဖစ္လာလိမ့္မယ္..”

ရင္းဆုယဲ့ဆီက ခြင့္ျပဳခ်က္ရတာနဲ႔ ႐ႊယ္ယို႔ရွန္းလည္း သူ႔ရဲ႕စြမ္းရည္ကို စိတ္အားထက္သန္စြာ သက္ေသျပလိုက္တယ္။ ဒီပုဂၢိဳလ္ရဲ႕ အနာဂတ္မွာ ျဖစ္လာႏိုင္တဲ့ အျမင့္အဆုံးအေနအထားကို ခ်က္ခ်င္း ေျပာျပလိုက္ေတာ့တယ္။

အႀကီးျမတ္ဆုံးဘုရင္ဆိုတဲ့ စကားကို ေျပာလိုက္ၿပီးမွ တစ္စုံတစ္ရာကို သတိရသြားခဲ့တယ္။ ဒီကမာၻရဲ႕ စြမ္းရည္အဆင့္၊ အပိုင္းအျခားေတြကို သူကိုယ္တိုင္ မေတြ႕ရေသးဘူးပဲ။

ဇာတ္ေၾကာင္းကို စတင္စဥ္းစားခဲ့တုန္းက ‘ေကာင္းကင္အဆင့္၊ ေျမႀကီးအဆင့္၊ ကနဦးအဆင့္၊ ေ႐ႊေရာင္အဆင့္’ ဆိုၿပီး အဆင့္ႀကီး ၄ ဆင့္နဲ႔ အဆင့္ႀကီးတစ္ခုစီမွာ အဆင့္ငယ္ ၉ ဆင့္စီ ထည့္သြင္းဖန္တီးခဲ့တယ္။

ေကာင္းကင္အဆင့္မွာ အဆင့္ငယ္ ၉ ဆင့္အထိ က်င့္ႀကံႏိုင္ခဲ့ရင္ ေျမႀကီးအဆင့္ က်င့္ႀကံသူအျဖစ္ အဆင့္တက္ႏိုင္မယ္။ ေျမႀကီးအဆင့္ ၉ အထိ က်င့္ႀကံၿပီးရင္ ကနဦးအဆင့္။ အလားတူပဲ ကနဦးအဆင့္ ၉ အထိ က်င့္ႀကံၿပီးရင္ ေ႐ႊေရာင္အဆင့္ကို တက္လွမ္းႏိုင္လိမ့္မယ္။ ဒီကမာၻရဲ႕ အဆင့္သတ္မွတ္ခ်က္အရ ေ႐ႊေရာင္အဆင့္ ၉ ေရာက္တာနဲ႔ ထိုလူက ႀကီးျမတ္ေသာဘုရင္ ျဖစ္လာလိမ့္မယ္။

မ်ိဳးႏြယ္စုတစ္ခုတိုင္းမွာ ႀကီးျမတ္ေသာဘုရင္တစ္ပါးစီသာ ေပၚထြက္လာႏို္ငတယ္။

လူသားမ်ားရဲ႕ ဦးေဆာင္သူကို ႀကီးျမတ္ေသာ လူသားဘုရင္လို႔‌ ေခၚတြင္ၾကတယ္။ မိစာၦေတြရဲ႕ ဦးေဆာင္သူကိုလည္း ႀကီးျမတ္ေသာ မိစာၦဘုရင္၊ နဂါးနဲ႔ နတ္သူငယ္မ်ိဳးႏြယ္ေတြရဲ႕ ေခါင္းေဆာင္ေတြကိုလည္း ႀကီးျမတ္ေသာ နဂါးဘုရင္နဲ႔ ႀကီးျမတ္ေသာ နတ္သူငယ္ဘုရင္လို႔ အသီးသီး ေခၚတြင္ၾကတယ္။

ႀကီးျမတ္ေသာဘုရင္ေတြရဲ႕ အဆင့္အတန္းကို ပိုမိုထူးျခားသြားေအာင္ ႐ႊယ္ယို႔ရွန္းက ေနာက္ထပ္အေျခအေနတစ္ရပ္ ထပ္မံေရးသားခဲ့တယ္။ ထိုအရာကေတာ့ မ်ိဳးႏြယ္စုတိုင္းမွာ ဘုရင္တစ္ပါးသာ ေပၚထြက္လာႏိုင္ျခင္းပဲ။ လက္ရွိဘုရင္ ေသဆုံးသြားမွသာ ေနာက္ထပ္ဘုရင္တစ္ပါး ေပၚထြက္လာလိမ့္မယ္။

လူတစ္ေယာက္က ဘယ္ေလာက္ပဲ စြမ္းအားႀကီးပါေစ၊ ဒီစည္းမ်ဥ္းကို မခ်ိဳးေဖာက္ႏိုင္သလို လက္ရွိဘုရင္ မေသေသးဘဲ ေ႐ႊေရာင္အဆင့္ ၉ အထိ တက္ေရာက္ႏိုင္ဖို႔ဆိုတာလည္း မျဖစ္ႏိုင္ဘူး။

ၿပီးေတာ့ ဒါက ‘ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္သခင္’ ဆိုတဲ့နာမည္ ျဖစ္လာရျခင္းရဲ႕ အေၾကာင္းအရင္းလည္း ျဖစ္တယ္။

“အင္း..” အဆုံးမရွိတဲ့ စိတ္ခံစားခ်က္ေတြက ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းေတြထဲက အနက္ရႈိင္းဆုံးေနရာမွာ ျဖတ္ေျပးသြားခဲ့တယ္။ အႀကီးျမတ္ဆုံးလူသားဘုရင္.. သိပ္ကို ရင္းႏွီးေနတဲ့ နာမည္ပဲ..!

အတိတ္တုန္းက သူက အတုမရွိတဲ့ လူသားဘုရင္ ျဖစ္ခဲ့ဖူးၿပီးၿပီ။ ဒါေတာင္ သစၥာေဖာက္ခံခဲ့ရတယ္။ အဆုံးထိ အေဖာ္မရွိဘဲ အထီးက်န္စြာ ျဖတ္သန္းခဲ့ရတယ္။

“………”

ဒီေလာက္ ထိတ္လန႔္စရာေကာင္းတဲ့ အေၾကာင္းအရာကို ေျပာျပခဲ့တာေတာင္ ရင္းဆုယဲ့ရဲ႕ မ်က္ႏွာအမူအရာက တစ္ခ်က္ မေျပာင္းလဲသြားဘူး။ ေထြေထြထူးထူး တုံ႔ျပန္မႈလည္း မရွိေတာ့ ႐ႊယ္ယို႔ရွန္းမွာ ဆြံ႕အသြားရတယ္။

ရင္းဆုယဲ့က ဘယ္လိုလုပ္ ‘အင္း’ တစ္လုံးပဲ ျပန္ေျဖႏိုင္ရတာလဲ..? ဒီတုံ႔ျပန္မႈက လုံးဝပုံမွန္မဟုတ္ဘူး..!

သာမန္လူသာဆို ႀကီးျမတ္တဲ့ဘုရင္အဆင့္ ေရာက္လိမ့္မယ္လို႔ ၾကားတာနဲ႔ အရမ္းကို စိတ္လႈပ္ရွားေနေလာက္ၿပီ။ ရင္းဆုယဲ့လည္း အရမ္းဝမ္းသာသြားတဲ့ အမူအရာေလာက္ေတာ့ ျပသင့္တယ္မဟုတ္ဘူးလား..? ဒါမွမဟုတ္ ဘဝင္ျမင့္သြားတာပဲျဖစ္ျဖစ္၊ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်တာပဲျဖစ္ျဖစ္၊ တစ္ခုခု ျပန္ေျပာသင့္တယ္ မဟုတ္ဘူးလား..?

ဒီအေျခအေနမွာ ဘယ္လိုအမူအရာမ်ိဳးပဲျဖစ္ျဖစ္ ျပလို႔ရတယ္၊ ကိစၥမရွိဘူး။ ဘယ္လိုပဲေျပာေျပာ လူသားေတြဆိုတာ စိတ္လႈပ္ရွားလာရင္ သာမာန္အေျခအေနမွာ မလုပ္တတ္တဲ့ အမူအရာမ်ိဳးေတြ လုပ္ၾကတာပဲေလ။ အဲ့ေတာ့ ဘာတုံ႔ျပန္မႈမွမရွိတဲ့ ရင္းဆုယဲ့က လုံးဝကို ပုံမွန္မဟုတ္ေနဘူး။

သူ သက္ျပင္းခ်သင့္ၿပီလား..? ရင္းဆုယဲ့က တကယ္ပဲ မ်က္ႏွာအမူအရာမျပႏိုင္တဲ့ ေရာဂါသည္မ်ားလား..?

ရင္းဆုယဲ့အေပၚ မေက်မနပ္အမူအရာမ်ိဳး ေဖာ္ျပေတာ့မယ့္အခ်ိန္ ရင္းဆုယဲ့က သူ႔ကို ေဆာင့္ဆြဲလိုက္တယ္။

“ခင္ဗ်ား ဘာလုပ္တာလဲ..?”

ရင္းဆုယဲ့ရဲ႕ အမူအရာက ႐ုတ္တရက္ႀကီး အရမ္းကို တည္ၾကည္ေလးနက္ေနေတာ့ ႐ႊယ္ယို႔ရွန္းမွာ တုန္လႈပ္သြားရျပန္တယ္။

“မင္းအဆင္ေျပရဲ႕လား.?”

ရင္းဆုယဲ့က ေကာင္ေလးကို သူ႔အေရွ႕တည့္တည့္မွာ မတ္တပ္ရပ္ေစၿပီး ႐ႊယ္ယို႔ရွန္း၏ ခႏၶာကိုယ္အႏွံ႔ကို စတင္စစ္ေဆးေတာ့တယ္။

“ကြၽန္ေတာ္က ဘာလို႔ အဆင္မေျပျဖစ္ရမွာလဲ..?”

႐ႊယ္ယို႔ရွန္းခမ်ာ ရင္းဆုယဲ့ရဲ႕ အျပဳအမူကို အေျဖရွာရင္း ေအာ္ပစ္ခ်င္လာတယ္။

အဆင္ေျပတယ္၊ အဲ့တာေၾကာင့္ ေတြ႕ကရာ ေလွ်ာက္ကိုင္မေနနဲ႔ OK..? မဟုတ္ရင္ ကိုယ္ထိလက္ေရာက္ ေႏွာင့္ယွက္ေနပါတယ္ဆိုၿပီး ေအာ္ဟစ္ရလိမ့္မယ္..!

“မင္းက တကယ့္ကို အထူးလူသားေလးပဲ..”

႐ႊယ္ယို႔ရွန္းမွာ ဘာမွမျဖစ္မွန္း ေသခ်ာသြားေတာ့မွ ရင္းဆုယဲ့က လက္လႊတ္ေပးလိုက္တယ္။ တကယ္ေတာ့ ရင္းဆုယဲ့က ဟြမ္ေပ့ခ်န္အနားမွာ အၿမဲရွိေနတတ္တဲ့ ‘ေရွ႕ျဖစ္ေဟာသူ’ မိန္းကေလးကို ေတြ႕ဖူးတာေၾကာင့္ ‘ေရွ႕ျဖစ္ေဟာသူ’ေတြအေၾကာင္း အေတာ္ေလး သိထားတယ္။

ဥပမာေျပာရရင္ ‘ေရွ႕ျဖစ္ေဟာသူ’ေတြက အနာဂတ္အတြက္ ေဟာကိန္းထုတ္ခ်င္ရင္ စြမ္းအားႀကီးေလ၊ အက်ိဳးသက္ေရာက္မႈ ပိုၿပီးျပင္းထန္ေလ ျဖစ္တယ္။ ေဟာကိန္းတစ္ခုအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ အမ်ားႀကီး လုပ္ေဆာင္ရၿပီး ေပးဆပ္ရတဲ့ အဖိုးအခကလည္း အရမ္းကို ႀကီးမားတယ္။ တစ္ခုခုမွားသြားတာနဲ႔ တန္ျပန္သက္ေရာက္မႈဒဏ္ကို ခံစားရၿပီး အသက္ေသဆုံးသည္အထိ ျဖစ္သြားႏိုင္တယ္။

ထိုအေၾကာင္းအရင္းေတြေၾကာင့္ ‘ေရွ႕ျဖစ္ေဟာသူ’ေတြက လူတိုင္းကို လြယ္လြယ္ကူကူ ေဟာကိန္းမထုတ္ေပးၾကဘူး။

အစကေတာ့ ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္း သူ႔ကိုယ္သူ မထိခိုက္ေအာင္ သာမာန္ေဟာကိန္းေလာက္ပဲ ေျပာျပမယ္လို႔ ထင္ထားခဲ့တယ္။ အဲ့တာေၾကာင့္ ေဟာကိန္းထုတ္ဖို႔ သေဘာတူလိုက္တာ ျဖစ္တယ္။ ဒါေပမဲ့ ႐ႊယ္ယို႔ရွန္းရဲ႕ ေဟာကိန္းက သာမာန္ထက္ ေက်ာ္လြန္သြားမယ္လို႔ ဘယ္သူထင္ထားခဲ့မွာလဲ။ တန္ေၾကးအမ်ားဆုံး ေပးဆပ္ရမယ့္ အျမင့္ဆုံးေဟာကိန္းကိုမွ ထုတ္ေျပာလာခဲ့တယ္။

ကမူးရႉးထိုးႏိုင္လိုက္တာ..! မေမွ်ာ္လင့္ဘဲ ယုံၾကည္မိခဲ့တဲ့ လူတစ္ေယာက္ကို ဒီလိုမ်ိဳး အဆုံးရႈံးမခံႏိုင္ဘူး..!

“ဒါေပါ့..”

သူ႔ကိုယ္သူ အမႈမဲ့အမွတ္မဲ့ ထုတ္ေဖာ္ေနမိမွန္းမသိတဲ့ ႐ႊယ္ယို႔ရွန္းကေတာ့ ရင္းဆုယဲ့ရဲ႕ ခ်ီးမြမ္းစကားကို အရွက္မရွိ လက္ခံလိုက္တယ္။

“အင္း..”

ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို ေသေသခ်ာခ်ာ စစ္ေဆးခဲ့ၿပီး အနာဂတ္ေဟာကိန္းအတြက္ တန္ဖိုးတစ္စုံတစ္ရာ မေပးဆပ္ရမွန္း ေသခ်ာသြားေတာ့မွ စိတ္သက္သာရာ ရသြားခဲ့တယ္။ ႐ႊယ္ယို႔ရွန္း ဘာေတြဖုံးကြယ္ထားမွန္း မသိေသးေပမယ့္ သူ႔အတြက္ အထူးလူသားေလးဆိုတာ ေသခ်ာသြားခဲ့ၿပီ။

“………”

ရင္းဆုယဲ့ေရ.. ခင္ဗ်ား ‘အင္း’ ဆိုတဲ့စကားလုံးပဲ တစ္ခ်ိန္လုံး မေျပာလို႔မရဘူးလား.. ဟမ္..? တအား လိုရင္းတိုရွင္းျဖစ္လြန္းေနၿပီ မဟုတ္ဘူးလား..?

အခုအခ်ိန္ကစၿပီး ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီ။ သူလည္း ဒီလိုနားမလည္ႏိုင္တဲ့ အေျဖမ်ိဳးပဲ ျပန္ေျဖေတာ့မယ္..!

…………………………………….

Continue Reading

You'll Also Like

52.6K 5.7K 28
Эрт урьдын цагт... Үлгэр бүхэн эрт урьдын цагт гэж эхэлдэг. Тэгээд амар сайхандаа жарган дуусна. Гэхдээ "эрт урьдын цагт" биш "одоо цагт" үлгэр эхэлв...
3.4M 277K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
128K 12.7K 59
မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......