Zawgyi
ေမာင္တစ္ေယာက္တည္းကားေမာင္းရင္း သစ္ေတာရပ္ကြက္ရဲ႕ ထ ၁ ေရွ႕လမ္းဆံုကေန ၿမိဳ႕ထဲကိုဂငယ္ေကြ႕ေကြ႕လာသည္။ရုတ္တရက္ ေရွ႕ကေျပးဝင္လာေသာကေလးေသးေသးေလးေၾကာင့္ ပရိပ္ေဆာင့္အုပ္လိုက္ရသည္။ကားလက္ကိုင္ကိုေခါင္းမွီၿပီးလန္႔ေနရင္းကေန သတိတရကားေပၚမွေျပးဆင္းလိုက္ေလသည္။
"အီး.."
"ဟယ္..ကေလးေလး ဘာျဖစ္သြားေသးလဲ"
"ကားကိုဘယ္လိုေမာင္းေနတာလဲဟ"
"ကားဆရာမမွားဘူး ကေလးက ျဖတ္ေျပးတာ"
တစ္ေယာက္တေပါက္ေအာ္သံနဲ႔လူေတြဝိုင္းအုံေနတဲ့ၾကားထဲသူတိုးဝင္လာသည္။အဝါေရာင္ဦးထုတ္ကေလးနဲ႔ ေက်ာပိုးအိတ္ေသးေသးေလးလြယ္ထားေသာ ပုတုတုေလးက သူ႔အားဘငိုမဲ့မဲ့ၾကည့္ေနသည္။
"သားသားေလး ဘာျဖစ္သြားေသးလဲဟင္။ဦးဦးေတာင္းပန္ပါတယ္ေနာ္.."
ကေလးက လန္႔သြားတာကလြဲလို႔ ဘာမွျဖစ္ပံုမရေပ။သူဖင္ထိုင္ရက္ ငိုေနေသာ ကေလးေလးကိုဆြဲထူကာ ဖုန္ေတြခါေပးလိုက္သည္။
"အရမ္းလန္႔သြားလား.."
"ဟင့္အင္း.."
"ဦးဦးတို႔ ဟိုဘက္အုပ္ခံုေလးဆီသြားထုိင္ရေအာင္။"
ဝိုင္းအံုေနေသာလူအုပ္မ်ားအသီးသီးထြက္သြားၿပီးမွ ကေလးေလးကိုခ်ီၿပီး ပလက္ေဖာင္းအုပ္ခံုေလးမွခ်လိုက္သည္။ကားကိုလမ္းေဘးကပ္လိုက္ၿပီးမွ ေဆးပံုးကို ယူကာ ကေလးေရွ႕ဒူးေထာက္ထိုင္ခ်လိုက္သည္။
"ျပစမ္းပါဦး..ဒူးနည္းနည္းပြန္းသြားတာဘဲ။"
အနာကပ္ပလာစတာေလးကပ္ေပးၿပီးမွ ထိုေကာင္ေလးကိုေမာ့ၾကည့္လိုက္ေတာ့ သူ႔အားျပဴးေၾကာင္ေၾကာင္ေလးၾကည့္ေနသည္။ႏုတ္ခမ္းခြၽန္ခြၽန္နဲ႔ မ်က္လံုးဝိုင္းဝိုင္းေလးက တစ္လက္လက္ေတာက္ပေနတာက စိန္ပြင့္ေလးလို။
"ဦးဦးလွလွဘဲ.."
"ဟမ္..!"
"ေဖေဖ့ဓာတ္ပံုထဲကဦးဦးလွလွ"
"ဦးဦးကုိေျမာက္ေနတာလား။အေမေလး ခ်စ္ဖို႔ေကာင္းတယ္။"
ေခါင္းလံုးလံုးေလးကိုဖြလိုက္ၿပီးေဘးဘယ္ညာၾကည့္လုိက္သည္။
"မူႀကိဳဆင္းလာတာလား။ေမေမက လာမႀကိဳဘူးလား။"
"ေမေမက သားဆီမျပန္လာဘူး။"
ပုတ္ခပ္ပုတ္ခပ္လုပ္လာေသာ မ်က္လံုးကေလးေၾကာင့္ ေမာင္သက္ပ်င္းခ်ကာ မေမးျဖစ္ေတာ့။ဘယ္လို မိဘမ်ိဳးမို႔ကေလးေက်ာင္းဆင္းအမွီ ေရာက္ေအာင္လာမႀကိဳရသလဲဟုသာအျပစ္တင္ေနမိျပန္သည္။ေရွ႕ကငိုမဲ့မဲ့ျဖစ္ေနတဲ့ကေလးကို သူဘယ္လိုေခ်ာ့ရမွန္းမသိ။
"ဦးဦးတို႔မုန္႔သြားစားၾကမလား။သားေဖေဖလာရင္ေလ.."
"တကယ္လား.."
မုန္႔ဟူသာစကားေၾကာင့္ ထိုေပါက္စေလးရဲ႕မ်က္နာက အေရာင္အဝါေတြဝင္းလက္လာသည္။ပါးေဖာင္းေဖာင္းကိုညစ္ယူၿပီး မ်က္စိတစ္ခ်က္မိုက္ျပလိုက္သည္။
"ေကာ္ရုပ္ေလး.."
ရင္းနွီးေနေသာ ေအာရွရွအသံေၾကာင့္ သူထက္ ေခါင္းတလံုးစာေလာက္ျမင့္မားေသာအသံပိုင္ရွင္ကိုေမာ့ၾကည့္လိုက္မိသည္။အုပ္ခံုေလးေပၚထိုင္ေနသည့္ ကေလးပုစိေလးကလည္း ေဖေဖဟုေအာ္ကာ ရွင္းရဲ႕ေျခတံရွည္ရွည္ကုိေျပးဖက္လိုက္သည္။
ရွင္းရဲ႕သားဆိုေတာ့ ပယင္းေရာင္ရဲ႕ကေလးေပါ့။ေမာင့္အသက္ရွဴသံတို႔ျပင္းလာသည္။ေဆးရံုေပၚကေမေမ့ရဲ႕ ပံုရိပ္ေတြသူ႔မ်က္လံုးထဲျပန္ျမင္ေယာင္ေနရင္း မင္သက္ေနမိျပန္သည္။
"ဦးဦး.."
အသံေသးေသးေလးေၾကာင့္သတိျပန္ဝင္လာၿပီး ေအာက္ငံု႔ၾကည့္လိုက္သည္။လက္ေမာင္းေလးကိုတြဲကာ သြားခ်ဲၿပီးရယ္ျပေနေသာ ထိုကေလးကခ်စ္ဖို႔ေကာင္းေသာ္လည္းေမာင့္အတြက္ စိတ္အဆင္မေျပခ်င္ေတာ့။
"ေနမေကာင္းေသးဘူးလား။
ဟိုတစ္ေန႔ကဒဏ္ကအခုထိမေပ်ာက္ေသးတာလား ေမာင္"
"ဟမ္.."
စိုးရိမ္တႀကီးလက္ေမာင္းကုိဆုတ္ကိုင္ကာ ေမးေနေသာရွင္းရဲ႕လက္ကို ဖယ္ထုတ္လိုက္သည္။ထို႔ေနာက္မ်က္နာထားျပန္တည္ကာ
"မဟုတ္ပါဘူး..ကေလးကားေရွ႕ျဖတ္ေျပးလို႔ နည္းနည္းလန္႔ေနတယ္ထင္တယ္။ဂရုစိုက္လိုက္ပါဦး"
သူလွည့္အထြက္ လက္ေသးေသးေလးက လာဆြဲထားျပန္သည္။
"ဦးဦး မုန္႔မစားေတာ့ဘူးလားဟင္။"
ေမာင္ေနရခက္ေနတာရွင္းရိပ္မိလိုက္သည္။ေမာင့္လက္ကိုဆြဲထားေသာကေလးေလးအား ဆြဲယူလိုက္ၿပီး သူ႔ဖက္လည့္လိုက္သည္။
"ဦးဦးကအလုပ္မ်ားတယ္ေလေနာက္မွစားၾကရေအာင္ေနာ္။
အခုေတာ့ ေဖေဖ့နဲ႔အတူသြားမယ္ေလ"
"သားက ဦးဦးနဲ႔ဘဲသြားခ်င္တာ.."
ရွင္းနဲ႔ေကာ္ရုပ္ေလးအျပန္အလွန္ေျပာေနသည့္စကားကိုေမာင္နားေထာင္ေနမိသည္။စိတ္ဆိုးသည့္အမူအရာနဲ႔ စကားေျပာပံုမွအစ ရွင္းနဲ႔တစ္ေထရာတည္းပင္။ရွင္းေရွ႕ကေန သူ႔ရဲ႕ေနာက္ေက်ာကိုလာၿပီး ပုန္းေနျပန္သည္။
"မရဘူး.."
"ေဖေဖ့မေကာင္းဘူး..ဟြင့္။"
"တီးတီး.."
ရုတ္တရက္ လက္ကိုင္ဖုန္းမွအခ်က္ေပးသံေၾကာင့္ သူထုတ္ၾကည့္လိုက္မိသည္။ခြန္ၾကာဆီမွဝင္လာေသာ SMSေၾကာင့္ ေဒါသတို႔လိုက္ခနဲတက္လာသည္။
"(ဓာတ္ပံုခိုးရိုက္တဲ့သူရွိေနတယ္..သတိထား)"
ပယင္းေရာင္..မင္းကမ်ားငါ့ကိုလာကစားတယ္ေပါ့။
ေဘးကေကာ္ရုပ္ေလးကိုေခ်ာ့ေမာ့ေနေသာရွင္းကိုတစ္ခ်က္ၾကည့္ၿပီး သူမဲ့ၿပံဳးၿပံဳးလိုက္သည္။
"သြားၾကမယ္။"
"ေမာင္..အဲဒါက"
"အ႐ြယ္ေရာက္ၿပီးသားလူႀကီးက ကေလးကိုလိမ္တာ
မေကာင္းဘူးေလ။"
ရွင္းေတြေဝေနတုန္း ေမာင္က ေကာ္ရုပ္ေလးကိုလက္ဆြဲကာလမ္းေလ်ာက္ထြက္သြားၿပီ။အနားမလာဖို႔တြန္းထုတ္ခဲ့တာလည္းေမာင္ျဖစ္သလို သူ႔အားသံေယာဇဥ္မျပတ္ေအာင္လုပ္ေနတာလည္းေမာင္ပင္။၅နွစ္ၾကာသြားတဲ့ေနာက္ အရင္ကလိုေမာင့္စိတ္ကိုသူမခန္႔မွန္းတတ္ျဖစ္ေနသည္။တကယ္ဘဲေမာင္ဘာျဖစ္ခ်င္ေနမွန္း သူစဥ္းစားလို႔မရေတာ့ေခ်။
သူေတြးရင္းေရွ႕က သားသားေလးနဲ႔ ေမာင့္ရဲ႕တီးတိုးရယ္ေမာသံေတြၾကားၿပံဳးမိလာသည္။ေရခဲမုန္႔ဆိုင္ႀကီးထဲလိုက္ဝင္ၿပီး ေမာင္နဲ႔ သားေလးေရွ႕မွာဝင္ထိုင္လိုက္သည္။
"ေကာ္ရုပ္ေလး ဘာအေရာင္ေလးစားမလဲ။
ဦးဦးဝယ္ေကြၽးမယ္"
"တကယ္လား..သားစားခ်င္တာစားလို႔ရလား။"
"ဒါေပါ့..ဦးဦးမွာ ပိုက္ဆံအမ်ားႀကီးဘဲ။"
"အကုန္စားမယ္..
သားက ice creamဆို အကုန္ၾကဳိက္တာ။"
"ဦးဦးလည္း ice creamဆိုအကုန္ႀကိဳက္တယ္။"
"ဟီးဟီး"
"တစ္ေယာက္တစ္ခုဘဲစား.."
နွစ္ေယာက္သားေျပာေနခိုက္ ေရွ႕ကလက္ပိုက္ၾကည့္ေနေသာရွင္းထံကေနထိုစကားထြက္လာသည္။
"သားသားကအကုန္စားမွာ"
"အရမ္းေအးတယ္ နွစ္ေယာက္စလံုးဗိုက္နာလိမ့္မယ္။"
"ထပ္ေျပာျပန္ျပီ မင္းနဲ႔ငါ့ျကားမွာစည္းထားသင့္တယ္။မင္းမစားခ်င္ရင္ အငတ္ေန။ငါနဲ႔ေကာ္ရုပ္ေလးဘဲစားမယ္"
ေမာင္သည္ ရွင္းအားဆူေဆာင့္ကာ ကေလးကို ေပြ႕ခ်ီၿပီးေကာင္တာဆီထသြားသည္။ကေလးေပါက္ကပါ ေမာင့္ပုခံုးေပၚကေန လ်ွာေလးထုတ္ျပသြားေသးသည္။သူဆက္မတားလိုေတာ့။ဒီလိုေပ်ာ္႐ြင္တဲ့အခိုက္အတန္႔ကို ရန္ျဖစ္ျငင္းခံုရင္းမကုန္ဆံုးခ်င္ေပ။လက္ထဲ ဘူးေရာင္စံုယူလာၿပီးသူတစ္လုတ္ကိုယ္တစ္လုတ္ခြံ႕ေနၾကေသာ ေရွ႕ကနွစ္ေယာက္ကိုသာၿပံဳးၿပီးထိုင္ၾကည့္ေနသည္။
"ေကာ္ရုပ္ေလး အာ..."
"အာ..."
"ကိုယ့္ကိုေရာမကြၽးေတာ့ဘူးလား။"
"မေကြၽးခ်င္ပါဘူး"
ရွင္းစေနာက္လိုက္ေတာ့ ေမာင္ကေအာက္ႏုတ္ခမ္းကိုကိုက္ကာၿငင္းဆန္သည္။ခရင္မ်ားေပေနေသာ ေအာက္ႏုတ္ခမ္းဖူးဖူးေလးကို လက္မနဲ႔ပင့္သုတ္ေပးလိုက္တာေၾကာင္ ေမာင့္မ်က္လံုးတို႔ၿပဴးက်ယ္လာသည္။ဆိုင္ထဲက ကေလးမေလးတြကလည္းကြက္ၾကည့္ကြက္ၾကည့္လုပ္ၿပီး ႀကိပ္ၿပံဳးေနၾကၿပီ။
"မင္း..လူေတြၾကားမွာ ရွက္လည္းမရွက္ဘူး"
"ကိုယ္အရွက္မရွိတာ အရင္ကတည္းကသိတယ္မလား။"
"ဒီမွာ စည္းမေက်ာ္နဲ႔လို႔ေျပာၿပီးသားေနာ္"
"စည္းမေက်ာ္ေစခ်င္ရင္ ေမာင့္ဘက္ကဂရုစိုက္ေနေလ။ေနာက္တစ္ခါဆို လက္နဲ႔မဟုတ္ေတာ့ဘူး.."
"ဘာ..ဒီေကာင္"
နည္းနည္းမ်က္နာသာေပးရင္ ရွင္းက အခ်ိဳးမေျပ။အသက္သာႀကီးလာတာ အရင္လိုရိသဲ့သဲ့ေျပာလို႔ေကာင္းတုန္း။သူမ်က္ေစာင္းထိုးလိုက္ေတာ့လည္း ရွင္းက အၿပံဳးမပ်က္ေပ။
ဆိုင္အျပင္ဘက္ထြက္လာခ်ိန္ေနာက္ေယာင္ခံသမားကရွိေနတုန္းပင္။ရွင္းသည္ ေကာ္ရုပ္ေလးကိုကားေပၚတင္လိုက္ၿပီးခပ္လွမ္းလွမ္းသို႔ ေမာင့္ကိုဆြဲေခၚလာသည္။
"ဘာလုပ္ရျပန္တာလဲ..ငါ့ကိုလြတ္"
ရုန္းကန္ေနရင္းပင္ အတင္းေပြ႕ဖက္လိုက္တာေၾကာင့္ ေမာင့္တစ္ကိုယ္လံုးေအးစက္ေတာင့္ခဲသြားသည္။
"ရွင္း.."
"ဟိုလူရွိေနတုန္းဘဲ။"
"ဘယ္သူ.."
"ဓာတ္ပံုရိုက္တဲ့သူေလ.."
"မင္း..မင္းသိေနတာလား။"
"အြန္း"
ေမာင္အေမးကို တစ္ကိုယ္လံုးတင္းေနေအာင္တိုးဖက္လိုက္ၿပီးမွေျဖလိုက္သည္။ေကာ္ရုပ္ေလးနဲ႔သူ႔ကို ၾကည္ၾကည္ျဖဴျဖဴဆက္ဆံခဲ့တ ပယင္းေရာင္လြတ္လိုက္တဲ့ဓာတ္ပံုသမားေၾကာင့္ဆိုတာ ေရခဲမုန္႔ဆိုင္ေလးထဲဝင္ကတည္းက ရွင္းသိလိုက္သည္။
ရင္ခြင္ထဲကေမာင့္ရဲ႕ လည္တိုင္ေလးကုိခိုးနမ္းလိုက္ရင္းမလြတ္တမ္းဖက္ထားေပမဲ့ ေမာင္မရုန္းလြန္႔ပဲၿငိမ္ေနသည္။
"ခုနတုန္းက ငါဆက္ဆံခဲ့တာေတြ"
"သိတယ္။ကိုယ္အားလံုးသိပါတယ္.."
"သိရဲ႕သားနဲ႔ဘာလို႔ၿငိမ္ေနတာလဲ။"
"မင္းလိုခ်င္တာ ဘာဘဲျဖစ္ျဖစ္ ကိုယ္ေပးနိုင္တယ္။"
ေပြ႕ဖက္ထားတဲ့ရွင္းကို ေမာင္တြန္းထုတ္လိုက္သည္။
"မင္းအေဖကို သတ္ပစ္ခ်င္တယ္..မင္းအဖြားကိုရူးသြားေစခ်င္တယ္။မင္းမိန္းမကုိ ပ်က္စီးသြားေစခ်င္တယ္ ငါလိုခ်င္တာက အဲဒါဆိုရင္ေရာ"
"အရမ္းခံျပင္းရင္ ကိုယ့္ကိုအသံုးခ်လိုက္လို႔ကိုယ္ေျပာထားၿပီးသားပါ။မင္းလိုခ်င္တာမရမခ်င္း ကိုယ့္ကိုခ်နင္းသြားလို႔ရတယ္"
ေမာင္ရွင္းရဲ႕ ရင္ဘတ္ကိုလက္သီးဆုတ္နဲ႔ထုလိုက္သည္။တစ္ဘုန္းဘုန္းထုကာ ငိုေနသည္။လက္ေကာက္ဝတ္ေလးနွစိဖက္စလံုးဆုတ္ကိုင္လိုက္ေတာ့ ေခါင္းကိုသူ႔ရင္ဘတ္က်ယ္ႀကီးဆီအပ္ၿပီးငိုျပန္သည္။
"မင္းမွာ မာနမရွိဘူးလား..ကိုယ့္အေဖ့ကိုျပန္တိုက္ရေလာက္ထိငါကမင္းကိုသားဆိုးသားမိုက္ျဖစ္ေအာင္လုပ္ရေတာ့မွာလား.."
"ေမာင္..ဒါကိုယ့္ဆံုးျဖတ္ခ်က္ပါ။ေမာင့္ေၾကာင့္မဟုတ္ဘူး"
"ေတာ္ၿပီ မင္းကိုအသံုးခ်ဖို႔လုပ္မွာမဟုတ္ဘူး။မင္းဆီကအကူအညီလည္းမယူဘူး။မင္းဒီလိုရူးနွမ္းတဲ့အေတြးေတြထပ္မေတြးနဲ႔.."
"ေမာင့္တစ္ေယာက္တည္း အေဖ့ကိုမနိုင္ဘူး"
"ေစာင့္ၾကည့္လိုက္ေလ။ဒါပထမဆံုးနဲ႔ေနာက္ဆံုးဘဲ..ဒီအႏၲရာယ္မ်ားတဲ့ျပသာနာေတြၾကားထဲ မင္းကုိပါေစခ်င္ဘူး။"
"ဒါဆို အနားမွာေနခြင့္ေပး"
"ေနရွင္း မင္းရူးေနလား။ငါ့အနားမွာေနရင္ မင္းဘဲထိခိုက္လိမ့္မယ္..ငါအဲလို႔အျဖစ္မခံနိုင္ဘူး"
"ထပ္မထြက္သြားပါနဲ႔..အရင္လိုျပန္မျဖစ္နိုင္ဘူးဆိုရင္ေတာင္ ထပ္ၿပီးကိုယ့္ကိုေရွာင္မပုန္းဘဲေနပါလား။အဲဒါေလးသာလိုက္ေလ်ာေပးရင္ ေမာင့္ကိုမတြယ္ကပ္ေတာ့ပါဘူး။ေမာင့္ေျပာသမ်ွလိုက္နာမယ္..ေနာ္
ခ်ိဳအီေနေသာအသံေၾကာင့္ ေမာင္ေနရခက္လာသည္။ေခါင္းေလးေစာင္းၿပီး သူ႔အားၿပံဳးကာေျပာေနေသာရွင္းကိုသူမျငင္းဆန္ခ်င္။
"ေနာ္လို႔..ဒီတိုင္း မိတ္ေဆြလိုေနၾကမယ္ေလ။အတူတူစကားေတြေျပာမယ္..အတူတူေျဖရွင္းၾကမယ္ေလ။ေနာ္.."
"အား မသိဘူး..ရူးေနတဲ့လူႀကီး။မင္း သေဘာသာလုပ္ေတာ့"
"တကယ္လား ကတိေနာ္။ေမာင္ထပ္ထြက္သြားတာမ်ိဳး ကိုယ့္ကိုေရွာင္တာမ်ိဳးလုပ္ရင္ ကိုယ္တစ္ကယ္ေသလိုက္မွာ"
"မင္းသေဘာလို႔။ ေသတာမေသတာစိတ္မဝင္စားဘူး"
နား႐ြက္ကေလးနဲ႔ပါးနွစ္ဖက္နီျမန္းေနေသာေမာင္သည္ သူ႔အား ျပတ္တိျပတ္ေတာင္းေအာ္ေျပာၿပီးထြက္သြားသည္။ညေနခင္းျမဴနွင္းေငြ႕ေငြ႕ေတြၾကားမွာ ရွင္းတစ္ေယာက္တည္းအေပ်ာ္တစ္ဝက္ေရာယွက္ကာ က်န္ရစ္ခဲ့ေလသည္။မာနဆိုတာဘာလဲလို႔ ေမးရေလာက္ထိ သူေမာင့္အေပၚ အားလံုးခဝါခ်ခဲ့ၿပီးၿပီ။ေမာင့္ရဲ႕မိသားစုေလးအေပၚ အေဖနဲ႔ဖြားနန္းရဲ႕အျပစ္ေႂကြးေတြၿမဴမႈန္တစ္မႈန္စာေလာက္ေက်မယ္ဆိုရင္ ဘာဘဲလုပ္ရလုပ္ရသူေက်နပ္သည္။
"ရူးေနတာမဟုတ္ဘူး..
ဒီဘဝမွာေမာင္မွမဟုတ္ရင္မျဖစ္ေတာ့လို႔ပါ"
__________________________
ေမာင္ကားေပၚတက္ၿပီး ဦးေခါင္းကိုလက္နဲ႔ထိုးဖြလိုက္သည္။သူဘာေတြလုပ္ခဲ့မိမွန္းမသိ။ပယင္းေရာင္ကိုေဒါသထြက္တာနဲ႔ဘဲ မဆိုင္တဲ့ သူကိုအသံုးခ်ခဲ့မိသည္။အခုလည္းရွင္းကို မေရွာင္ဘူးလို႔ ကတိေပးလိုက္မိျပန္ၿပီ။
"မင္းေတာ္ေတာ္ဆိုးတဲ့ေကာင္ဘဲ..
ေသာ္ကေမာင္မင္းရူးသြားၿပီ။ထပ္ၿပီး သူ႔ဘက္စိတ္ယိုင္သြားရင္ဘယ္လိုလုပ္မလဲ"
"ေဒါက္ေဒါက္!!"
သူ႔တစ္ေယာက္တည္းဘဝပ်က္ေနတုန္းကားမွန္တံခါးကိုလာေခါက္တဲ့ခြန္ၾကာေၾကာင့္ တံခါးဖြင့္ေပးလိုက္သည္။အေနာက္ခန္းကိုဝင္လာၿပီး သူ႔ကိုနားမလည္သလိုၾကည့္ေနသည္။
"ဘာျဖစ္လာတာလဲ။"
"ငါထပ္ၿပီးရွင္းနဲ႔ေတြ႕ခဲ့တယ္။ေတြ႕ခဲ့ရုံတင္မကဘူး ဖက္ပါဖက္ခဲ့တယ္။"
"ဖက္ရုံဘဲလား.."
Ice creamအတူတူစားခဲ့တယ္။သူ႔ကိုမေရွာင္ေတာ့ဘူးလို႔ကတိေပးခဲ့တယ္။ငါမလုပ္သင့္ဘူးမလား"
"ဒီေန႔ကိစၥ ပယင္းေရာင္မင္းကိုျပသာနာရွာလာနိုင္တယ္။"
ခြန္ၾကာေျပာေနရင္း ေမာင့္မ်က္နာကိုၾကည့္လိုက္သည္။ေမာင္က သူ႔အားစိုက္ၾကည့္ေနတာေၾကာင့္ လူေတာင္မလံုမလဲျဖစ္သြားရျပန္သည္။
"ဘာ ဘာၾကည့္တာလဲ။"
"ဒါနဲ႔ မင္းကဘာကိစၥငါ့ေနာက္လိုက္ေနရတာလဲ။"
"မလုိက္ပါဘူး"
"ဒါဆို ငါ့ေနာက္ကိုေနာက္ေယာင္ခံလိုက္ေနမွန္းဘယ္လိုသိတာလဲ။"
"ငါလည္းဒီနားျဖတ္လာရင္းေတြ႕လို႔ ေျပာေပးတာ။"
"မယံုဘူးလား.."
"အင္း မယံုဘူး"
"အဲဒီအေတြးျပင္ဦး စင္ကာပူေရာက္ၿပီးလူကိုသံသယဝင္စိတ္မ်ားလာတယ္။ၾကာရင္ေရာဂါရမယ္။"
ခြန္ၾကာထပ္ေျပာရင္ လူမိေတာ့မယ္ဆိုတာသိတာေၾကာင့္ကားေနာက္ခန္းမွမွီကာ မ်က္လံုးမိွက္လိုက္သည္။ေမာင္လည္း တုပေျပာမေနေတာ့ဘဲ ကားစက္နိုးလိုက္သည္။
"ငါ့ကားထဲပိုင္းစိုးပိုင္နင္းဝင္လာၿပီးမင္းကိုဘယ္လိုက္ပို႔ရမွာလဲ။"
"မင္းေမာ္ဆီကို"
ေမာင္ကားေမာင္းေနတုန္းအေနာက္ခန္းကိုၾကည့္လိုက္ေတာ့ ခြန္ၾကာကဖုန္းတစ္လံုးနဲ႔အလုပ္ရႈတ္ေနျပန္သည္။
"ရည္းစားရေနတာလား..စာဘဲပို႔ေနတယ္။"
"အထက္လူႀကီးဆီအစီရင္ခံစာတင္တာ။
အခုတေလာ ငါ့ကုိလစာနွစ္ဆနဲ႔လံုၿခံဳေရးတာဝန္ခ်ထားတယ္ေလ..ေဘာ္ဒီဂတ္လုပ္ေနတာ"
"မိုက္လိုက္တာ ဘယ္သူလဲ"
"ရည္းစားကထားသြားလို႔ ၂လေလာက္ေဆးရံုတက္လိုက္ရတဲ့သူေလ"
"ခြီ ဘယ္သူလဲမသိေပမဲ့စိတ္ဝင္စားသြားၿပီ။"
ခြန္ၾကာရဲ႕စိတ္ပ်က္လက္ပ်က္စကားေတြေၾကာင့္ ေမာင့္စိတ္ထဲမေပ်ာ္ေပမဲ့ အျပင္ဖက္မွာေတာ့ရယ္ေမာေနသည္။မွီေနရာကေန ရုတ္တရက္ႀကီးထထိုင္လိုက္ၿပီး
"ဦးေကာင္းေခတ္ကိုရင္ဆိုင္ဖို႔GMထဲဝင္လာတာကိုငါေလးစားတယ္။ဒါမဲ့တစ္ေယာက္တည္းလုပ္နိုင္ပါ့မလား.."
"ကိုကိုႀကီးက ကူညီေပးမယ္တဲ့။
ရွင္းလည္းေျပာေနေပမဲ့ငါကိုယ္တိုင္ကလက္မခံခဲ့တာ.."
"ကိုမာန္ဝင့္ထည္ကို သိပ္မယံုနဲ႔"
ခြန္ၾကာရဲ႕အတည္ေပါက္စကားေၾကာင့္ ေမာင္ေၾကာင္အအေလးျဖစ္သြားရသည္။ေမေမဆံုးၿပီးတဲ့ေနာက္ သူ႔ရဲ႕သူငယ္ခ်င္းေတြဟာ ေမေမ့အစားစိတ္အပူတတ္ဆံုးသူမ်ားျဖစ္လာသည္။ဒီထဲမွာ ခြန္ၾကာက စကားအနည္းဆံုး။သူ႔ကုိေတာ္ရံု နွစ္သိမ့္ေလ့မရွိတဲ့သူျဖစ္သည္။
"မဟုတ္တာလိုက္ၿပီးစိတ္ပူေနျပန္ၿပီ။ကိုကိုႀကီးက ၅နွစ္လံုးငါ့အတြက္ဘဲေတြးေပးခဲ့တဲ့သူပါ။"
"ငါကသတိေပးတာပါ။ေနရွင္းကလြဲၿပီး ဘယ္သူ႔ကိုမွမယုံနဲ႔။"
_______________________
Unicode
မောင်တစ်ယောက်တည်းကားမောင်းရင်း သစ်တောရပ်ကွက်ရဲ့ ထ ၁ ရှေ့လမ်းဆုံကနေ မြို့ထဲကိုဂငယ်ကွေ့ကွေ့လာသည်။ရုတ်တရက် ရှေ့ကပြေးဝင်လာသောကလေးသေးသေးလေးကြောင့် ပရိပ်ဆောင့်အုပ်လိုက်ရသည်။ကားလက်ကိုင်ကိုခေါင်းမှီပြီးလန့်နေရင်းကနေ သတိတရကားပေါ်မှပြေးဆင်းလိုက်လေသည်။
"အီး.."
"ဟယ်..ကလေးလေး ဘာဖြစ်သွားသေးလဲ"
"ကားကိုဘယ်လိုမောင်းနေတာလဲဟ"
"ကားဆရာမမှားဘူး ကလေးက ဖြတ်ပြေးတာ"
တစ်ယောက်တပေါက်အော်သံနဲ့လူတွေဝိုင်းအုံနေတဲ့ကြားထဲသူတိုးဝင်လာသည်။အဝါရောင်ဦးထုတ်ကလေးနဲ့ ကျောပိုးအိတ်သေးသေးလေးလွယ်ထားသော ပုတုတုလေးက သူ့အားငိုမဲ့မဲ့ကြည့်နေသည်။
"သားသားလေး ဘာဖြစ်သွားသေးလဲဟင်။ဦးဦးတောင်းပန်ပါတယ်နော်.."
ကလေးက လန့်သွားတာကလွဲလို့ ဘာမှဖြစ်ပုံမရပေ။သူဖင်ထိုင်ရက် ငိုနေသော ကလေးလေးကိုဆွဲထူကာ ဖုန်တွေခါပေးလိုက်သည်။
"အရမ်းလန့်သွားလား.."
"ဟင့်အင်း.."
"ဦးဦးတို့ ဟိုဘက်အုပ်ခုံလေးဆီသွားထိုင်ရအောင်။"
ဝိုင်းအုံနေသောလူအုပ်များအသီးသီးထွက်သွားပြီးမှ ကလေးလေးကိုချီပြီး ပလက်ဖောင်းအုပ်ခုံလေးမှချလိုက်သည်။ကားကိုလမ်းဘေးကပ်လိုက်ပြီးမှ ဆေးပုံးကို ယူကာ ကလေးရှေ့ဒူးထောက်ထိုင်ချလိုက်သည်။
"ပြစမ်းပါဦး..ဒူးနည်းနည်းပွန်းသွားတာဘဲ။"
အနာကပ်ပလာစတာလေးကပ်ပေးပြီးမှ ထိုကောင်လေးကိုမော့ကြည့်လိုက်တော့ သူ့အားပြူးကြောင်ကြောင်လေးကြည့်နေသည်။နုတ်ခမ်းချွန်ချွန်နဲ့ မျက်လုံးဝိုင်းဝိုင်းလေးက တစ်လက်လက်တောက်ပနေတာက စိန်ပွင့်လေးလို။
"ဦးဦးလှလှဘဲ.."
"ဟမ်..!"
"ဖေဖေ့ဓာတ်ပုံထဲကဦးဦးလှလှ"
"ဦးဦးကိုမြောက်နေတာလား။အမေလေး ချစ်ဖို့ကောင်းတယ်။"
ခေါင်းလုံးလုံးလေးကိုဖွလိုက်ပြီးဘေးဘယ်ညာကြည့်လိုက်သည်။
"မူကြိုဆင်းလာတာလား။မေမေက လာမကြိုဘူးလား။"
"မေမေက သားဆီမပြန်လာဘူး။"
ပုတ်ခပ်ပုတ်ခပ်လုပ်လာသော မျက်လုံးကလေးကြောင့် မောင်သက်ပျင်းချကာ မမေးဖြစ်တော့။ဘယ်လို မိဘမျိုးမို့ကလေးကျောင်းဆင်းအမှီ ရောက်အောင်လာမကြိုရသလဲဟုသာအပြစ်တင်နေမိပြန်သည်။ရှေ့ကငိုမဲ့မဲ့ဖြစ်နေတဲ့ကလေးကို သူဘယ်လိုချော့ရမှန်းမသိ။
"ဦးဦးတို့မုန့်သွားစားကြမလား။သားဖေဖေလာရင်လေ.."
"တကယ်လား.."
မုန့်ဟူသာစကားကြောင့် ထိုပေါက်စလေးရဲ့မျက်နာက အရောင်အဝါတွေဝင်းလက်လာသည်။ပါးဖောင်းဖောင်းကိုညစ်ယူပြီး မျက်စိတစ်ချက်မိုက်ပြလိုက်သည်။
"ကော်ရုပ်လေး.."
ရင်းနှီးနေသော အောရှရှအသံကြောင့် သူထက် ခေါင်းတလုံးစာလောက်မြင့်မားသောအသံပိုင်ရှင်ကိုမော့ကြည့်လိုက်မိသည်။အုပ်ခုံလေးပေါ်ထိုင်နေသည့် ကလေးပုစိလေးကလည်း ဖေဖေဟုအော်ကာ ရှင်းရဲ့ခြေတံရှည်ရှည်ကိုပြေးဖက်လိုက်သည်။
ရှင်းရဲ့သားဆိုတော့ ပယင်းရောင်ရဲ့ကလေးပေါ့။မောင့်အသက်ရှူသံတို့ပြင်းလာသည်။ဆေးရုံပေါ်ကမေမေ့ရဲ့ ပုံရိပ်တွေသူ့မျက်လုံးထဲပြန်မြင်ယောင်နေရင်း မင်သက်နေမိပြန်သည်။
"ဦးဦး.."
အသံသေးသေးလေးကြောင့်သတိပြန်ဝင်လာပြီး အောက်ငုံ့ကြည့်လိုက်သည်။လက်မောင်းလေးကိုတွဲကာ သွားချဲပြီးရယ်ပြနေသော ထိုကလေးကချစ်ဖို့ကောင်းသော်လည်းမောင့်အတွက် စိတ်အဆင်မပြေချင်တော့။
"နေမကောင်းသေးဘူးလား။
ဟိုတစ်နေ့ကဒဏ်ကအခုထိမပျောက်သေးတာလား မောင်"
"ဟမ်.."
စိုးရိမ်တကြီးလက်မောင်းကိုဆုတ်ကိုင်ကာ မေးနေသောရှင်းရဲ့လက်ကို ဖယ်ထုတ်လိုက်သည်။ထို့နောက်မျက်နာထားပြန်တည်ကာ
"မဟုတ်ပါဘူး..ကလေးကားရှေ့ဖြတ်ပြေးလို့ နည်းနည်းလန့်နေတယ်ထင်တယ်။ဂရုစိုက်လိုက်ပါဦး"
သူလှည့်အထွက် လက်သေးသေးလေးက လာဆွဲထားပြန်သည်။
"ဦးဦး မုန့်မစားတော့ဘူးလားဟင်။"
မောင်နေရခက်နေတာရှင်းရိပ်မိလိုက်သည်။မောင့်လက်ကိုဆွဲထားသောကလေးလေးအား ဆွဲယူလိုက်ပြီး သူ့ဖက်လည့်လိုက်သည်။
"ဦးဦးကအလုပ်များတယ်လေနောက်မှစားကြရအောင်နော်။
အခုတော့ ဖေဖေ့နဲ့အတူသွားမယ်လေ"
"သားက ဦးဦးနဲ့ဘဲသွားချင်တာ.."
ရှင်းနဲ့ကော်ရုပ်လေးအပြန်အလှန်ပြောနေသည့်စကားကိုမောင်နားထောင်နေမိသည်။စိတ်ဆိုးသည့်အမူအရာနဲ့ စကားပြောပုံမှအစ ရှင်းနဲ့တစ်ထေရာတည်းပင်။ရှင်းရှေ့ကနေ သူ့ရဲ့နောက်ကျောကိုလာပြီး ပုန်းနေပြန်သည်။
"မရဘူး.."
"ဖေဖေ့မကောင်းဘူး..ဟွင့်။"
"တီးတီး.."
ရုတ်တရက် လက်ကိုင်ဖုန်းမှအချက်ပေးသံကြောင့် သူထုတ်ကြည့်လိုက်မိသည်။ခွန်ကြာဆီမှဝင်လာသော SMSကြောင့် ဒေါသတို့လိုက်ခနဲတက်လာသည်။
"(ဓာတ်ပုံခိုးရိုက်တဲ့သူရှိနေတယ်..သတိထား)"
ပယင်းရောင်..မင်းကများငါ့ကိုလာကစားတယ်ပေါ့။
ဘေးကကော်ရုပ်လေးကိုချော့မော့နေသောရှင်းကိုတစ်ချက်ကြည့်ပြီး သူမဲ့ပြုံးပြုံးလိုက်သည်။
"သွားကြမယ်။"
"မောင်..အဲဒါက"
"အရွယ်ရောက်ပြီးသားလူကြီးက ကလေးကိုလိမ်တာ
မကောင်းဘူးလေ။"
ရှင်းတွေဝေနေတုန်း မောင်က ကော်ရုပ်လေးကိုလက်ဆွဲကာလမ်းလျောက်ထွက်သွားပြီ။အနားမလာဖို့တွန်းထုတ်ခဲ့တာလည်းမောင်ဖြစ်သလို သူ့အားသံယောဇဉ်မပြတ်အောင်လုပ်နေတာလည်းမောင်ပင်။၅နှစ်ကြာသွားတဲ့နောက် အရင်ကလိုမောင့်စိတ်ကိုသူမခန့်မှန်းတတ်ဖြစ်နေသည်။တကယ်ဘဲမောင်ဘာဖြစ်ချင်နေမှန်း သူစဉ်းစားလို့မရတော့ချေ။
သူတွေးရင်းရှေ့က သားသားလေးနဲ့ မောင့်ရဲ့တီးတိုးရယ်မောသံတွေကြားပြုံးမိလာသည်။ရေခဲမုန့်ဆိုင်ကြီးထဲလိုက်ဝင်ပြီး မောင်နဲ့ သားလေးရှေ့မှာဝင်ထိုင်လိုက်သည်။
"ကော်ရုပ်လေး ဘာအရောင်လေးစားမလဲ။
ဦးဦးဝယ်ကျွေးမယ်"
"တကယ်လား..သားစားချင်တာစားလို့ရလား။"
"ဒါပေါ့..ဦးဦးမှာ ပိုက်ဆံအများကြီးဘဲ။"
"အကုန်စားမယ်..
သားက ice creamဆို အကုန်ကြိုက်တာ။"
"ဦးဦးလည်း ice creamဆိုအကုန်ကြိုက်တယ်။"
"ဟီးဟီး"
"တစ်ယောက်တစ်ခုဘဲစား.."
နှစ်ယောက်သားပြောနေခိုက် ရှေ့ကလက်ပိုက်ကြည့်နေသောရှင်းထံကနေထိုစကားထွက်လာသည်။
"သားသားကအကုန်စားမှာ"
"အရမ်းအေးတယ် နှစ်ယောက်စလုံးဗိုက်နာလိမ့်မယ်။"
"ထပ်ပြောပြန်ပြီ မင်းနဲ့ငါ့ကြားမှာစည်းထားသင့်တယ်။မင်းမစားချင်ရင် အငတ်နေ။ငါနဲ့ကော်ရုပ်လေးဘဲစားမယ်"
မောင်သည် ရှင်းအားဆူဆောင့်ကာ ကလေးကို ပွေ့ချီပြီးကောင်တာဆီထသွားသည်။ကလေးပေါက်ကပါ မောင့်ပုခုံးပေါ်ကနေ လျှာလေးထုတ်ပြသွားသေးသည်။သူဆက်မတားလိုတော့။ဒီလိုပျော်ရွင်တဲ့အခိုက်အတန့်ကို ရန်ဖြစ်ငြင်းခုံရင်းမကုန်ဆုံးချင်ပေ။လက်ထဲ ဘူးရောင်စုံယူလာပြီးသူတစ်လုတ်ကိုယ်တစ်လုတ်ခွံ့နေကြသော ရှေ့ကနှစ်ယောက်ကိုသာပြုံးပြီးထိုင်ကြည့်နေသည်။
"ကော်ရုပ်လေး အာ..."
"အာ..."
"ကိုယ့်ကိုရောမကျွးတော့ဘူးလား။"
"မကျွေးချင်ပါဘူး"
ရှင်းစနောက်လိုက်တော့ မောင်ကအောက်နုတ်ခမ်းကိုကိုက်ကာငြင်းဆန်သည်။ခရင်များပေနေသော အောက်နုတ်ခမ်းဖူးဖူးလေးကို လက်မနဲ့ပင့်သုတ်ပေးလိုက်တာကြောင် မောင့်မျက်လုံးတို့ပြူးကျယ်လာသည်။ဆိုင်ထဲက ကလေးမလေးတွကလည်းကွက်ကြည့်ကွက်ကြည့်လုပ်ပြီး ကြိပ်ပြုံးနေကြပြီ။
"မင်း..လူတွေကြားမှာ ရှက်လည်းမရှက်ဘူး"
"ကိုယ်အရှက်မရှိတာ အရင်ကတည်းကသိတယ်မလား။"
"ဒီမှာ စည်းမကျော်နဲ့လို့ပြောပြီးသားနော်"
"စည်းမကျော်စေချင်ရင် မောင့်ဘက်ကဂရုစိုက်နေလေ။နောက်တစ်ခါဆို လက်နဲ့မဟုတ်တော့ဘူး.."
"ဘာ..ဒီကောင်"
နည်းနည်းမျက်နာသာပေးရင် ရှင်းက အချိုးမပြေ။အသက်သာကြီးလာတာ အရင်လိုရိသဲ့သဲ့ပြောလို့ကောင်းတုန်း။သူမျက်စောင်းထိုးလိုက်တော့လည်း ရှင်းက အပြုံးမပျက်ပေ။
ဆိုင်အပြင်ဘက်ထွက်လာချိန်နောက်ယောင်ခံသမားကရှိနေတုန်းပင်။ရှင်းသည် ကော်ရုပ်လေးကိုကားပေါ်တင်လိုက်ပြီးခပ်လှမ်းလှမ်းသို့ မောင့်ကိုဆွဲခေါ်လာသည်။
"ဘာလုပ်ရပြန်တာလဲ..ငါ့ကိုလွတ်"
ရုန်းကန်နေရင်းပင် အတင်းပွေ့ဖက်လိုက်တာကြောင့် မောင့်တစ်ကိုယ်လုံးအေးစက်တောင့်ခဲသွားသည်။
"ရှင်း.."
"ဟိုလူရှိနေတုန်းဘဲ။"
"ဘယ်သူ.."
"ဓာတ်ပုံရိုက်တဲ့သူလေ.."
"မင်း..မင်းသိနေတာလား။"
"အွန်း"
မောင်အမေးကို တစ်ကိုယ်လုံးတင်းနေအောင်တိုးဖက်လိုက်ပြီးမှဖြေလိုက်သည်။ကော်ရုပ်လေးနဲ့သူ့ကို ကြည်ကြည်ဖြူဖြူဆက်ဆံခဲ့တ ပယင်းရောင်လွတ်လိုက်တဲ့ဓာတ်ပုံသမားကြောင့်ဆိုတာ ရေခဲမုန့်ဆိုင်လေးထဲဝင်ကတည်းက ရှင်းသိလိုက်သည်။
ရင်ခွင်ထဲကမောင့်ရဲ့ လည်တိုင်လေးကိုခိုးနမ်းလိုက်ရင်းမလွတ်တမ်းဖက်ထားပေမဲ့ မောင်မရုန်းလွန့်ပဲငြိမ်နေသည်။
"ခုနတုန်းက ငါဆက်ဆံခဲ့တာတွေ"
"သိတယ်။ကိုယ်အားလုံးသိပါတယ်.."
"သိရဲ့သားနဲ့ဘာလို့ငြိမ်နေတာလဲ။"
"မင်းလိုချင်တာ ဘာဘဲဖြစ်ဖြစ် ကိုယ်ပေးနိုင်တယ်။"
ပွေ့ဖက်ထားတဲ့ရှင်းကို မောင်တွန်းထုတ်လိုက်သည်။
"မင်းအဖေကို သတ်ပစ်ချင်တယ်..မင်းအဖွားကိုရူးသွားစေချင်တယ်။မင်းမိန်းမကို ပျက်စီးသွားစေချင်တယ် ငါလိုချင်တာက အဲဒါဆိုရင်ရော"
"အရမ်းခံပြင်းရင် ကိုယ့်ကိုအသုံးချလိုက်လို့ကိုယ်ပြောထားပြီးသားပါ။မင်းလိုချင်တာမရမချင်း ကိုယ့်ကိုချနင်းသွားလို့ရတယ်"
မောင်ရှင်းရဲ့ ရင်ဘတ်ကိုလက်သီးဆုတ်နဲ့ထုလိုက်သည်။တစ်ဘုန်းဘုန်းထုကာ ငိုနေသည်။လက်ကောက်ဝတ်လေးနှစိဖက်စလုံးဆုတ်ကိုင်လိုက်တော့ ခေါင်းကိုသူ့ရင်ဘတ်ကျယ်ကြီးဆီအပ်ပြီးငိုပြန်သည်။
"မင်းမှာ မာနမရှိဘူးလား..ကိုယ့်အဖေ့ကိုပြန်တိုက်ရလောက်ထိငါကမင်းကိုသားဆိုးသားမိုက်ဖြစ်အောင်လုပ်ရတော့မှာလား.."
"မောင်..ဒါကိုယ့်ဆုံးဖြတ်ချက်ပါ။မောင့်ကြောင့်မဟုတ်ဘူး"
"တော်ပြီ မင်းကိုအသုံးချဖို့လုပ်မှာမဟုတ်ဘူး။မင်းဆီကအကူအညီလည်းမယူဘူး။မင်းဒီလိုရူးနှမ်းတဲ့အတွေးတွေထပ်မတွေးနဲ့.."
"မောင့်တစ်ယောက်တည်း အဖေ့ကိုမနိုင်ဘူး"
"စောင့်ကြည့်လိုက်လေ။ဒါပထမဆုံးနဲ့နောက်ဆုံးဘဲ..ဒီအန္တရာယ်များတဲ့ပြသာနာတွေကြားထဲ မင်းကိုပါစေချင်ဘူး။"
"ဒါဆို အနားမှာနေခွင့်ပေး"
"နေရှင်း မင်းရူးနေလား။ငါ့အနားမှာနေရင် မင်းဘဲထိခိုက်လိမ့်မယ်..ငါအဲလို့အဖြစ်မခံနိုင်ဘူး"
"ထပ်မထွက်သွားပါနဲ့..အရင်လိုပြန်မဖြစ်နိုင်ဘူးဆိုရင်တောင် ထပ်ပြီးကိုယ့်ကိုရှောင်မပုန်းဘဲနေပါလား။အဲဒါလေးသာလိုက်လျောပေးရင် မောင့်ကိုမတွယ်ကပ်တော့ပါဘူး။မောင့်ပြောသမျှလိုက်နာမယ်..နော်
ချိုအီနေသောအသံကြောင့် မောင်နေရခက်လာသည်။ခေါင်းလေးစောင်းပြီး သူ့အားပြုံးကာပြောနေသောရှင်းကိုသူမငြင်းဆန်ချင်။
"နော်လို့..ဒီတိုင်း မိတ်ဆွေလိုနေကြမယ်လေ။အတူတူစကားတွေပြောမယ်..အတူတူဖြေရှင်းကြမယ်လေ။နော်.."
"အား မသိဘူး..ရူးနေတဲ့လူကြီး။မင်း သဘောသာလုပ်တော့"
"တကယ်လား ကတိနော်။မောင်ထပ်ထွက်သွားတာမျိုး ကိုယ့်ကိုရှောင်တာမျိုးလုပ်ရင် ကိုယ်တစ်ကယ်သေလိုက်မှာ"
"မင်းသဘောလို့။ သေတာမသေတာစိတ်မဝင်စားဘူး"
နားရွက်ကလေးနဲ့ပါးနှစ်ဖက်နီမြန်းနေသောမောင်သည် သူ့အား ပြတ်တိပြတ်တောင်းအော်ပြောပြီးထွက်သွားသည်။ညနေခင်းမြူနှင်းငွေ့ငွေ့တွေကြားမှာ ရှင်းတစ်ယောက်တည်းအပျော်တစ်ဝက်ရောယှက်ကာ ကျန်ရစ်ခဲ့လေသည်။မာနဆိုတာဘာလဲလို့ မေးရလောက်ထိ သူမောင့်အပေါ် အားလုံးခဝါချခဲ့ပြီးပြီ။မောင့်ရဲ့မိသားစုလေးအပေါ် အဖေနဲ့ဖွားနန်းရဲ့အပြစ်ကြွေးတွေမြူမှုန်တစ်မှုန်စာလောက်ကျေမယ်ဆိုရင် ဘာဘဲလုပ်ရလုပ်ရသူကျေနပ်သည်။
"ရူးနေတာမဟုတ်ဘူး..
ဒီဘဝမှာမောင်မှမဟုတ်ရင်မဖြစ်တော့လို့ပါ"
__________________________
မောင်ကားပေါ်တက်ပြီး ဦးခေါင်းကိုလက်နဲ့ထိုးဖွလိုက်သည်။သူဘာတွေလုပ်ခဲ့မိမှန်းမသိ။ပယင်းရောင်ကိုဒေါသထွက်တာနဲ့ဘဲ မဆိုင်တဲ့ သူကိုအသုံးချခဲ့မိသည်။အခုလည်းရှင်းကို မရှောင်ဘူးလို့ ကတိပေးလိုက်မိပြန်ပြီ။
"မင်းတော်တော်ဆိုးတဲ့ကောင်ဘဲ..
သော်ကမောင်မင်းရူးသွားပြီ။ထပ်ပြီး သူ့ဘက်စိတ်ယိုင်သွားရင်ဘယ်လိုလုပ်မလဲ"
"ဒေါက်ဒေါက်!!"
သူ့တစ်ယောက်တည်းဘဝပျက်နေတုန်းကားမှန်တံခါးကိုလာခေါက်တဲ့ခွန်ကြာကြောင့် တံခါးဖွင့်ပေးလိုက်သည်။အနောက်ခန်းကိုဝင်လာပြီး သူ့ကိုနားမလည်သလိုကြည့်နေသည်။
"ဘာဖြစ်လာတာလဲ။"
"ငါထပ်ပြီးရှင်းနဲ့တွေ့ခဲ့တယ်။တွေ့ခဲ့ရုံတင်မကဘူး ဖက်ပါဖက်ခဲ့တယ်။"
"ဖက်ရုံဘဲလား.."
Ice creamအတူတူစားခဲ့တယ်။သူ့ကိုမရှောင်တော့ဘူးလို့ကတိပေးခဲ့တယ်။ငါမလုပ်သင့်ဘူးမလား"
"ဒီနေ့ကိစ္စ ပယင်းရောင်မင်းကိုပြသာနာရှာလာနိုင်တယ်။"
ခွန်ကြာပြောနေရင်း မောင့်မျက်နာကိုကြည့်လိုက်သည်။မောင်က သူ့အားစိုက်ကြည့်နေတာကြောင့် လူတောင်မလုံမလဲဖြစ်သွားရပြန်သည်။
"ဘာ ဘာကြည့်တာလဲ။"
"ဒါနဲ့ မင်းကဘာကိစ္စငါ့နောက်လိုက်နေရတာလဲ။"
"မလိုက်ပါဘူး"
"ဒါဆို ငါ့နောက်ကိုနောက်ယောင်ခံလိုက်နေမှန်းဘယ်လိုသိတာလဲ။"
"ငါလည်းဒီနားဖြတ်လာရင်းတွေ့လို့ ပြောပေးတာ။"
"မယုံဘူးလား.."
"အင်း မယုံဘူး"
"အဲဒီအတွေးပြင်ဦး စင်ကာပူရောက်ပြီးလူကိုသံသယဝင်စိတ်များလာတယ်။ကြာရင်ရောဂါရမယ်။"
ခွန်ကြာထပ်ပြောရင် လူမိတော့မယ်ဆိုတာသိတာကြောင့်ကားနောက်ခန်းမှမှီကာ မျက်လုံးမှိက်လိုက်သည်။မောင်လည်း တုပပြောမနေတော့ဘဲ ကားစက်နိုးလိုက်သည်။
"ငါ့ကားထဲပိုင်းစိုးပိုင်နင်းဝင်လာပြီးမင်းကိုဘယ်လိုက်ပို့ရမှာလဲ။"
"မင်းမော်ဆီကို"
မောင်ကားမောင်းနေတုန်းအနောက်ခန်းကိုကြည့်လိုက်တော့ ခွန်ကြာကဖုန်းတစ်လုံးနဲ့အလုပ်ရှုတ်နေပြန်သည်။
"ရည်းစားရနေတာလား..စာဘဲပို့နေတယ်။"
"အထက်လူကြီးဆီအစီရင်ခံစာတင်တာ။
အခုတလော ငါ့ကိုလစာနှစ်ဆနဲ့လုံခြုံရေးတာဝန်ချထားတယ်လေ..ဘော်ဒီဂတ်လုပ်နေတာ"
"မိုက်လိုက်တာ ဘယ်သူလဲ"
"ရည်းစားကထားသွားလို့ ၂လလောက်ဆေးရုံတက်လိုက်ရတဲ့သူလေ"
"ခွီ ဘယ်သူလဲမသိပေမဲ့စိတ်ဝင်စားသွားပြီ။"
ခွန်ကြာရဲ့စိတ်ပျက်လက်ပျက်စကားတွေကြောင့် မောင့်စိတ်ထဲမပျော်ပေမဲ့ အပြင်ဖက်မှာတော့ရယ်မောနေသည်။မှီနေရာကနေ ရုတ်တရက်ကြီးထထိုင်လိုက်ပြီး
"ဦးကောင်းခေတ်ကိုရင်ဆိုင်ဖို့GMထဲဝင်လာတာကိုငါလေးစားတယ်။ဒါမဲ့တစ်ယောက်တည်းလုပ်နိုင်ပါ့မလား.."
"ကိုကိုကြီးက ကူညီပေးမယ်တဲ့။
ရှင်းလည်းပြောနေပေမဲ့ငါကိုယ်တိုင်ကလက်မခံခဲ့တာ.."
"ကိုမာန်ဝင့်ထည်ကို သိပ်မယုံနဲ့"
ခွန်ကြာရဲ့အတည်ပေါက်စကားကြောင့် မောင်ကြောင်အအလေးဖြစ်သွားရသည်။မေမေဆုံးပြီးတဲ့နောက် သူ့ရဲ့သူငယ်ချင်းတွေဟာ မေမေ့အစားစိတ်အပူတတ်ဆုံးသူများဖြစ်လာသည်။ဒီထဲမှာ ခွန်ကြာက စကားအနည်းဆုံး။သူ့ကိုတော်ရုံ နှစ်သိမ့်လေ့မရှိတဲ့သူဖြစ်သည်။
"မဟုတ်တာလိုက်ပြီးစိတ်ပူနေပြန်ပြီ။ကိုကိုကြီးက ၅နှစ်လုံးငါ့အတွက်ဘဲတွေးပေးခဲ့တဲ့သူပါ။"
"ငါကသတိပေးတာပါ။နေရှင်းကလွဲပြီး ဘယ်သူ့ကိုမှမယုံနဲ့။"
_______________________