10

319 14 1
                                    

Zawgyi

ရှင်း..

နွေဥသြတို့တေးဆိုကြပြီ။သင်္ကြန်နီးလာတာကြောင့် တောင်ကြီးမြို့တစ်ခွင် ငုဝါတွေလှိုင်နေပြန်တယ်။ဆိုင်လေးတွေကနေထွက် လာတဲ့ သင်္ကြန်သီချင်းသံတွေနဲ့ မြိုင်နေပြီ။

ဒီနေ့က ကျနော်နဲ့မောင် ချစ်သူဖြစ်တာ၂လပြည့်တဲ့နေ့လေး အမြဲအတူစာကျက်ရင်း..ညနေခင်းနေဝင်ချိန်ရောက်ရင် တောင်ကြီးတစ်မြို့လုံး ဆိုင်ကယ်လေးနဲ့ပတ်ရင်းနဲ့ ဂိမ်းအတူတူဆော့ရင်းကုန်ဆုံးဖြစ်ကြတယ်။ညအိပ်ရာမဝင်ခင် မောင်ပေးတဲ့အနမ်းတစ်ပွင့်အိပ်စက်ခဲ့သလို မနက်ခင်းရောက်ရင်ကို ကျနော်ပေးတဲ့အနမ်းလေးနဲ့ အိပ်ပုတ်ကလေးမောင် နိုးထခဲ့တယ်။မနက်စာကို မောင်ကြိုက်တဲ့ ဧရာဝတီကဖေးက ပဲပလာတာကိုအပြန်အလှန်ခွံကျွေးရင်း နေ့သစ်ကိုစတင်ခဲ့ကြတယ်။

အခုတော့ ကျနော်တို့ခဏတာခွဲရတော့မယ်။ကျောင်းတွေပိတ်ပြီမို့ မောင်က ကလောကိုပြန်တော့မယ်လေ။ဒီအတောအတွင်းမောင့်ကြောင့် ခေါင်းကိုက်တာမျိုးလည်းမရှိသလို..ဆေးလိပ်လည်းအမြဲမသောက်ဖြစ်တော့ဘူး..ကျောင်းတွေပိတ်လို့ကျောင်းသားအားလုံးပျော်နေကြပေမဲ့ ကျနော့်တစ်ယောက်သာစိတ်လေးလံနေခဲ့သလား...

"ရှင်း...အဝတ်တွေသိမ်းလေကွာ..။မနက်ဖြန်ပြန်ရတော့မယ်လေ.."

"မောင်...ရှင်းမပြန်ချင်ဘူး။မောင်နဲ့ဘဲနေချင်တာ.."

ကျနော် မောင့်ရဲ့ရင်ခွင်ထဲ တိုးဝေ့လိုက်တယ်။ကျနော့်ပြန်လာရင် ကြိုဆိုမဲ့သူရောရှိပါ့မလား..။ဖွားနန်းရဲ့အိမ်ကိုပြန်ရင် မဟုတ်တဲ့စေ့စပ်လမ်းကြောင်းကိစ္စဘဲကြားနေရမယ်။အဖေ့အိမ်ကိုပြန်ရင် ဒေါ်နန်းသက်နွယ်ရဲ့အာဘော်နဲ့အေးအေးဆးဆေးနေရမှာမဟုတ်ဘူး။

"ရှင်း မဆိုးနဲ့ကွာ..။ခဏလေးဘဲပြန်မှာလေ..တစ်သက်လုံးမှမဟုတ်တာ.."

"မောင်နဲ့ခွဲရရင် တစ်စက္ကန့်က တစ်ရက်လောက်ကြာတာသိရဲ့လား.."

မောင့်မျက်နာလေးကိုမော့ကြည့်ရင်း မှေးဖျားကိုမသိမသာထိကပ်လိုက်တယ်။နောက်ပြီး ကျနော်လွယ်အိတ်ထဲက ဘူးလေးနှစ်ဘူးက်ုထုတ်ယူလိုက်တယ်။

Diary of Poinciana: Blue JacarandaWhere stories live. Discover now