15

178 10 0
                                    

Zawgyi

ပယင်းရောင်သည် ဒေါ်နန်းထိပ်ထားရှိရာ စံအိမ်ကို အပြုံးပန်းဝေလျက် ရောက်ရှိလာသည်။အိမ်ကြီးတဲ့ဝင်လိုက်တော့ ဧည့်ခန်းတွင်ထိုင်နေသော ဒေါ်နန်းထိပ်ထားကိုတွေ့ရသည်။

"ဖွားနန်း ယင်းလာတယ်။"

သူနုတ်ဆက်လိုက်ရင်း ဖွားနန်းအနားထိုင်ချလိုက်သည်။ထို့နောက် ဖွားနန်းလက်ကိုဆုပ်ကိုင်ရင်း

"ရှင်းအကြောင်း ယင်းကြားပြီးပါပြီ။ဖွားနန်းအဆင်ပြေပါတယ်နော်.."

ပယင်း အကဲခတ်လိုက်ပေမဲ့ ဖွားနန်းကတော့ တည်တည်ငြိမ်ငြိမ်ပင်။ဘာပြသာနာမှမရှိခဲ့သလို သူ့အားပြုံးပြနေသည်။

"အဆင်ပြပါတယ်ကွယ်။"

"ရှင်းကရော.."

"အဆောင်ဝင်သွားပြီလေ။ဖွားဆီကိုတော့ တစ်ပတ်တစ်ခါလာမယ်ပြောတယ်။"

ပယင်းရောင်စိတ်ထဲ ခံစားချက်မကောင်းသလိုဖြစ်နေသည်။ရှင်းနဲ့သော်ကမောင်အကြောင်းဟာ အိမ်ကသိရင် သေချာပေါက်ပြသာနာဖြစ်မဲ့ကိစ္စ။သို့သော် အားလုံးက တိတ်ဆိတ်နေသည်။

"ဖွား..!"

"သမီးလေး..!"

နှစ်ဦးသားကြားမှ ခေါ်သံသည်ပြိုင်တူထွက်လို့လာသည်။

"မြေးနဲ့ စေ့စပ်ပွဲကိစ္စလေ..ဘယ်လိုဘဲဖြစ်ဖြစ် နောက်ဆုတ်သင့်တယ်လို့ထင်တယ်။"

"ရှင်..!!!"

ဒေါ်နန်းထိပ်ထား ပါးစပ်ဖျားမှထွက်လာသောစကားက လုံဝမယုံနိုင်စရာ။အရင်ကသူ့ကိုဖူးဖူးမှုတ် တန်ဖိုးထားသည့် ဖွားနန်းနဲ့မတူဘဲ သူ့အား တောင်းဆိုနေသည်။

"ဖွား..သူတို့ကိုလက်ခံခဲ့တာလား။"

"မဟုတ်ပါဘူးကွယ်..ဖွားက စောင့်ကြည့်ချင်တာပါ။မြေးစိတ်မချမ်းသာတာမလုပ်ချင်လို့ပါ။"

"ဒါပေမဲ့.."

"သိပါတယ်..အဲဒီကောင်လေးက ဘယ်လိုကောင်လေးလဲဆိုတာ ဖွားနန်းသိမှဖြစ်မှာလေ။မြေးလုပ်တဲ့ပြသာနာကြောင့် ဖွားသမီးကို အားနာမိတယ်။ဖွားကိုနားလည်ပေးမယ်မလား.."

"ဟုတ်.."

ပယင်းသည် ဒေါသကြောင့် ထိုင်နေသည့် အခင်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။ပျက်ယွင်းနေသည့်မျက်နာထားကိုအတတ်နိုင်ဆုံးထိန်းရင်း ဟန်ဆောင်ပြုံးပြုံးနေလေသည်။

Diary of Poinciana: Blue JacarandaWhere stories live. Discover now