ချစ်တာလား .. သနားတာလား ? / Is...

By Kyaw272922

121K 11.8K 1K

" ငါ့ဘာသာ ငါတောင် ဖြစ်သလို နေနေတာ ဘယ်သူ့ကိုမှလည်း ငါဂရုစိုက်ပြီး နေတာ မဟုတ်ဘူး ဒါပေမဲ့ " Jane " ဆိုတဲ့ မင်းအ... More

PART - ( 1 )
PART - ( 2 )
PART - ( 3 )
PART - ( 4 )
PART - ( 5 )
PART - ( 6 )
PART - ( 7 )
PART - ( 8 )
PART - ( 9 )
PART - ( 10 )
PART - ( 11 )
PART - ( 12 )
PART - ( 13 )
PART - ( 14 )
PART - ( 15 )
PART - ( 16 )
PART - ( 17 )
PART - ( 18 )
PART - ( 19 )
PART - ( 20 )
PART - ( 21 )
PART - ( 22 )
PART - ( 23 )
PART - ( 24 )
PART - ( 25 )
PART - ( 26 )
PART - ( 27 )
PART - ( 28 )
PART - ( 29 )
PART - ( 30 )
PART - ( 31 )
PART - ( 32 )
PART - ( 33 )
PART - ( 35 )
PART - ( 36 )
PART - ( 37 )
PART - ( 38 )
PART - ( 39 )
PART - ( 40 )
PART - ( 41 )
PART - ( 42 )
PART - ( 43 )
PART - ( 44 )
PART - ( 45 )
PART - ( 46 )
PART - ( 47 )
PART - ( 48 )
PART - ( 49 )
PART - ( 50 )
PART - ( 51 )
PART - ( 52 )
PART - ( 53 )
PART - ( 54 )
PART - ( 55 )
PART - ( 56 )
PART - ( 57 )
PART - ( 58 )
PART - ( 59 )
PART - ( 60 )
PART - ( 61 )
PART - ( 62 )
PART - ( 63 )
PART - ( 64 )
PART - ( 65 )
PART - ( 66 )
PART - ( 67 )
PART - ( 68 )
PART - ( 69 )
PART - ( 70 )
PART - ( 71 )
PART - ( 72 ) The End
Announcement🚨

PART - ( 34 )

1.3K 129 8
By Kyaw272922

Unicode

             Lisa နဲ့ Jane တို့ အတူပြန်လာတဲ့လမ်းတစ်‌ေလျှာက်လုံး စကားမပြောဖြစ်ခဲ့
ကြ။ ညနေစောင်းအချိန်လေးမှာ လမ်းအတူ
လျှောက်လာပြီး အတွေးကိုယ်စီရှိ‌ေနတဲ့
သူတို့နှစ်ယောက်ကြား တိတ်ဆိတ်ခြင်း
တစ်ခုကသာ ကာခြားထားသည်။

      သူတို့အိမ်ရှိတဲ့ လမ်းထဲကို ချိုးဝင်လာပြီး
အဲ့တိတ်ဆိတ်ခြင်းကို စဖြိုခွဲလိုက်တာက Jane ...

" Lisa တောင် အများကြီး ပြောင်းလဲသွား
   တယ်နော်.."

            Jane စပြောလာတဲ့ စကားကို Lisa
က ကြားတော့ Jane ကို တစ်ချက်ကြည့်ပြီး
ပြုံးလိုက်ကာ

" ဟုတ်လား.."

" အင်း..."

       Jane က ခေါင်းညိတ်လာရင်း တစ်ဆက်
တည်းနဲ့

" Jane .. နည်းနည်းစပ်စုလို့ရမလား...
   Lisa အခုလို အများကြီးပြောင်းလဲသွား
   တာကိုလေ.."

          Lisa က Jane မေးလာတာကို စဉ်းစား
ပြီး နှုတ်ခမ်းလေး အပေါ်အောက်သပ်ရင်း

" အဲ့တာက .. အင်း ..ပြောရရင်တော့
   အများကြီးပဲ...
  အရာအားလုံးကြောင့်လို့ ပြောလို့ရပါတယ်"

          Jane က လျှောက်ရင်း Lisa ပြောတာကို နားထောင်နေသည်။

" အဓိကကတော့ မင်းကြောင့်ပေါ့..."

    Jane နားထောင်နေရင်း အဲ့လိုကြားရတော့
ဘေးက Lisa ကို ထပ်မော့ကြည့်မိသည်။
Lisa ကလည်း Jane ကို အပြုံးမျက်နှာနဲ့အတူ လေးနက်တဲ့ မျက်လုံးတစ်စုံနဲ့ သေချာစိုက်ကြည့်နေသည်။

         Jane မှာ Lisa ဆီက အဲ့လိုအကြည့်ခံရ တော့ ရင်တွေတောင် ပိုခုန်လာသည်။

Lisa အနားမှာ ဒီတိုင်း ရှိနေရရင်တောင်
Jane  ရင်ခုန်သံတွေက အဆက်မပြတ်
ဖြစ်နေတာ..
အခုလို Lisa ဆီက စိုက်ကြည့်ခံနေရတော့ Jane ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲနေတာ
မဆန်းကျယ်တော့။

____

           လမ်းမကြီးရဲ့ အလယ်မှာ ရပ်နေတဲ့
သူတို့နှစ်ယောက်ကြား ဆက်သွယ်မှုက
တစ်ယောက်ကို တစ်ယောက်ကြည့်ရင်းနဲ့ပဲ
ပြန်တိတ်ဆိတ်နေသည်။ အဲ့တာကိုပဲ Lisa က ခါးလေးကိုင်းပြီး Jane မျက်နှာနားကို
သူ့မျက်နှာလေး ကပ်လာကာ

" ဘာလို့ မင်းကြောင့် ဖြစ်ရတယ် ဆိုတာကို
   မစပ်စုတော့ဘူးလား... Jane "

         Jane က သူ့ကို အနီးကပ်ကြည့်နေတဲ့ Lisa  မျက်နှာ‌ေလးကို ကြည့်ပြီး တံတွေးတွေ
မြိုချခြင်းနဲ့ သူ့ရင်ခုန်သံတွေကို ထိန်းချုပ်နေ
ရသည်။

         Lisa နဲ့ Jane က မျက်လုံးချင်းဆုံနေမိ
လျက်နဲ့ Jane က

" Jane က ထပ်စပ်စုပြီး မေးခဲ့မယ်ဆိုရင် ...
   Lisa မှာ အဖြေရှိလို့လား.."

       Lisa က တစ်ချက်ရယ်လိုက်ပြီး ဘာမှ တော့ ထပ်မပြောပဲ Jane ကိုသာခပ်ကြာကြာ စိုက်ကြည့်နေသည်။ Jane အနေနဲ့ ပိုပြီး ရင်တုန်လာသည်။ Lisa က Jane ကို စိုက်ကြည့်နေတာထက် မျက်နှာနားကို ပိုပိုတိုးလာတာပင်။

Jane  ထင်တာ မမှားဘူးဆိုရင် အခု
Lisa က Jane ရဲ့ မျက်နှာထက် Jane ရဲ့
နှုတ်ခမ်းတွေကို ပိုစိုက်ကြည့်‌‌ေနပါတယ်...

Jane အဲ့တာကို တွေးမိတာနဲ့တင် နှုတ်ခမ်း
တွေ တုန်လာသည်။

_
_

" အ.. ဟို ကားက လှလိုက်တာ...."

             Jane ရုတ်တရက် ထပြောလာတာကြောင့် Lisa နောက်ကို တွန့်သွားသည်။

           Jane က Lisa ကို ကျော်ကြည့်ပြီး
လက်ညှိုးလေး ထိုးကာ ပြောလာတဲ့ စကား
ဆိုလည်း မှန်သည်။

Lisa က Jane ညွှန်ပြရာနောက်ကို လှည့်ကြည့်လိုက်သည်။

        ခပ်လှလှ အညိုရောင်ကားလေးတစ်စီး
က သူတို့နားတစ်ဝိုက်ကနေ ဖြတ်မောင်းသွား
သည်။

          Lisa က တစ်ခုခုကို သဘောပေါက်
သွားသလိုပင် ပြုံးလိုက်ပြီး Jane ကိုပြန်လှည့်ကြည့်ကာ
         

" ဟုတ်ပါ့နော်.. ကားလေးက လှတယ်.."

" အမ်..အင်း.."

 Jane တစ်ယောက် မျက်လုံးလေး
ကလယ်ကလယ်နဲ့ ဘာဆက်ပြောရမလဲ
ဆိုတာ စဉ်းစားနေတဲ့ပုံပင်။

       Lisa က Jane ကို ကြည့်ပြီး တစ်ချက်ရယ်လိုက်သည်။ ပြီးတော့မှ Lisa က Jane ရဲ့ ဘယ်လက်လေးကို လှမ်းဆွဲပြီး

" သွားရအောင်..အိမ်နဲ့တောင် နီးနေပြီ.."

" ဟုတ်.."

           Lisa က ဘာမှဆက်မပြောတော့ပဲရှေ့ကနေ Jane  လက်ကလေးကို ဆွဲပြီး
လျှောက်လာခဲ့သည်။ နောက်က Jane က
တော့ မျက်နှာပူနေရင်းနဲ့ပဲ Lisa လက်ကလေးကို ပြန်ကိုင်ကာ လိုက်လာရင်း
စိတ်ထဲကနေ ရေရွတ်မိသည်။

Lisa ကို သဘောကျပေမဲ့ ဒီလိုမျိုးကြီး
ကျတော့ ...
ဘာပဲဖြစ်ဖြစ် Lisa လည်း Jane ရဲ့ စိတ်ကို သိမယ် ထင်ပါတယ်...

_
_
_

          Jihyo ပြန်ရောက်လို့ ကားပေါ်က ဆင်းလာတာနဲ့ အိမ်ထဲကို ချက်ချင်းဝင်လာသည်။ အိမ်‌ေရှ့ပေါက်ဝမှာ အိမ်တော်ထိန်း ဦး‌ေလးကြီးနဲ့ အဒေါ်တို့ အပါအဝင် ကျန်တဲ့ အစေခံများက သူ့ကိုစောင့်ကြိုနေကြသည်။

       အိမ်တော်ထိန်း ဦးလေးကြီးက Jihyo ကို ခေါင်းလေးညွှတ်ပြလျက်နဲ့

" ကြိုဆိုပါတယ်..မမလေး.."

       Jihyo က ဘာမှမပြောပဲ ခေါင်းတစ်ချက်ညိတ်ပြရင်း အထဲကို တန်းလျှောက်သွားသည်။

_
_

          Jihyo က သူ့အခန်းကို ရောက်တော့
ဆိုဖာခုံပေါ် သူ့အိတ်ကို ပစ်ချပြီး လူပါထိုင်ချလိုက်သည်။ အဒေါ်က Jihyo အနားကနေ

" မမလေး.. ကျောင်းက ပြန်လာတာဆိုတော့
   ‌ပင်ပန်းနေမှာပဲ..
   တစ်ခုခုများ သောက်ချင်ပါသလား...? "

             Jihyo က မျက်လုံးလေးမှိတ်ကာ
ဆိုဖာခုံမှာ မှီနေရင်း

" ရတယ်..မလိုပါဘူး ..
   တစ်ယောက်တည်း နားချင်တယ် "

" ဟုတ်ကဲ့..ဒါဆို ကျွန်မကို ခွင့်ပြုပါအုံး "

             အဒေါ်က Jihyo ကို ဦးညွှတ်ပြီးမှ အခန်းထဲကနေ ထွက်သွားသည်။

အိမ်ကို ပြန်ရောက်လာပြီးကတည်းက
အဒေါ်လည်း ပြန်ပြောင်းလဲသွားပါပြီ..
Jisoo ရဲ့ အမေ အဖြစ်လည်း ဟန်ဆောင်
ကောင်းခဲ့သလို Jihyo ရဲ့အနီးကပ်စောင့်ရှောက်သူ အနေနဲ့လည်း
သူတာဝန်ကျေခဲ့ပါတယ်လေ...

____

        အဒေါ်ထွက်သွားမှ ပြန်ဖွင့်လာတဲ့ Jihyo ရဲ့ မျက်လုံးတစ်စုံ...

မျက်နှာကျက်မှာ ထိန်ထိန်လင်းနေတဲ့
အလှမီးဆိုင်းရယ်

လှပပြီးပြည့်စုံတယ် ထင်ရတဲ့
အခန်း ပရိ‌ေဘာဂအပြင်အဆင်တွေရယ်

နံရံပေါ်က တန်ဖိုးကြီးပန်းချီကားတွေရယ်

ကျွန်းသားစစ်စစ်နဲ့မှ လုပ်ထားတဲ့
အဝတ်ဗီဒိုကြီးရယ်

နူးညံ့အိမွှေးနေတဲ့ ကုတင်ကြီးရယ်..

ပြောမယ်ဆို ဒီအခန်းရဲ့ ထပ်မံပြင်ဆင်မှုအတွက် Korea ရဲ့ နာမည်အကြီးဆုံး
အိမ်တွင်းဒီဇိုင်းအလှဆင်သူ 2 ယောက်ကို ခေါ်ယူခဲ့ရပါတယ်

ပိုပြီး တိတိကျကျပြောရရင်တော့
ဒီအခန်းက အဖေ့ရဲ့ စိတ်ကြိုက် ပြင်ဆင်
ထားတဲ့ အခန်းပေါ့

ကျွန်မ အခန်းသာ ဖြစ်နေတာ
ဒီအခန်းကို ကျွန်မစိတ် ၊ ကျွန်မသဘောနဲ့ ပြင်ဆင်ထားတာ အပ်တိုတစ်ချောင်းတောင် မပါပါဘူး...

       Jihyo က တွေတွေလေးနဲ့ မျက်နှာကျက်
ကို မော့ငေး‌ေနရင်း သူ့နှုတ်ခမ်းလေးကို
ညာလက်လေးနဲ့ စမ်းကြည့်မိသည်။

ပထမဆုံး သူ့မျက်လုံးထဲကို ဝင်လာတဲ့
သူရဲ့ ပုံရိပ်က Chae  ...

Chae နဲ့ ခွဲလာခဲ့ရတာ အခု 5 ရက်ရှိလာပါပြီ
Chae ဘယ်လိုနေလဲ ကျွန်မ မသိဘူး
ဒါပေမဲ့ သေချာတာ တစ်ခုက
သူ အရမ်း အဆင်မပြေနေနိုင်ဘူး ဆိုတာပဲ...

ကျွန်မက မကောင်းပါဘူး...
Chae ကို အရမ်းရက်စက်ရာ ကျသွားတယ်
သူလည်း တွေးမှာပဲ..
သူ့မှာ ဘာအပြစ်မှမရှိပဲ ကျွန်မ သူ့ကိုထားခဲ့
တာကိုလေ...

Chae ကျွန်မကို မုန်းနေမှာကို မကြောက်ဘူး
သူ့ကိုယ်သူ အပြစ်တင်နေမှာပဲ စိုးရိမ်မိတယ်

Chae က အပြစ်ကင်းတဲ့သူလေ..
သူက ကျွန်မကို အဖြူစင်ဆုံး ချစ်‌ေပးခဲ့တာ
ကျွန်မကတော့ သူ့အပေါ် မရိုးရှင်းခဲ့ဘူး ...

          Jihyo က သူ့ဘေးမှာ ချထားတဲ့ အိတ်ထဲက စီးကရက်ဘူးနဲ့ ဖုန်းကို ထုတ်လိုက်ပြီးအပြင်ဝါရန်တာဘက်ကို တံခါးဖွင့်ကာ ထွက်လာလိုက်သည်။ နောက်ပြီး စီးကရက်
တစ်လိပ်ကို သူ့ရဲ့နှုတ်ခမ်းဖျားမှာ တေ့လိုက်ပြီး မီးညှိလိုက်သည်။

             စီးကရက်ငွေ့တွေကို  ရှိုက်ထုတ်ရင်း အပေါ်ကနေ အောက်ဘက်တစ်ဝှမ်းကို ကြည့်နေလိုက်သည်။
            ခြံထဲနဲ့ ခြံပြင် မှာကို ဒီအိမ်ကြီးလုံခြုံရေးအတွက် စောင့်ကြပ်နေတဲ့ လူ‌ေတွ
ရှိနေသည်။

Jihyo တို့အိမ် အနားတစ်ဝိုက် ပတ်ဝန်းကျင်က အရမ်းတိတ်ဆိတ်ပါတယ်...
ကိုယ်ကသာ မဆူညံရင် တစ်ခြား လာဆူညံ
မယ့်သူဆိုတာ မရှိပါဘူး
တစ်နည်းပြောရရင် ဒီအိမ်ကြီးနဲ့ ဒီခြံကြီးက
အပြင်လောကနဲ့ မတူတဲ့ သီးခြားကမ္ဘာကြီးတစ်ခုနဲ့ တူနေတာပါ...

____

             Jihyo ရပ်နေတဲ့ အနားတစ်ဝိုက်မှာ စီးကရက်ငွေ့တွေ လှပစွာ ပျံ့လွင့်နေသလို
သူ့အတွေးတွေကလည်း ပေါင်းစုံ ပျံ့လွင့်နေ
သည်။

            Jihyo က သူ့ဖုန်းကို ဖွင့်လိုက်ပြီး
Gallery ထဲ ဝင်လိုက်တော့ ‌တစ်ပုံတည်း
သော ရှိနေတဲ့ Chae နဲ့ သူ့ရဲ့ ပုံလေး...

အခုချိန်မှာတော့ ဒီပုံထဲက Chae နဲ့ သူ့ရဲ့
အပြုံးတွေက ဘယ်မှာမှ ရှာလို့မရအောင်
ပျောက်ကွယ်သွားပြီ ထင်ပါတယ်...

နောက်ဆုံးအနေနဲ့ ကျွန်မ ပြန်မပြုံးနိုင်ခဲ့ရင်
တောင် Chae ကိုတော့ ပြန်ပြုံးစေချင်ပါတယ်...
‌တကယ်ဆို Chae က အဲ့ထက်တောင်
ပိုထိုက်တန်သေးတယ်မလား...

         Jihyo က ပုံလေးကိုပဲ ကြည့်‌ေနရင်း
မျက်ရည်တွေ ဝဲတတ်လာတာကြောင့် ဖုန်းကို
ပြန်ပိတ်လိုက်သည်။

ခွဲခွာရတာ ဘယ်လောက်မှ မကြာသေးတာတောင် မျက်ရည်ကျနေရတာ
ဘယ်နှစ်ခါ ရှိနေပြီမှန်း မသိတော့ပါဘူး...
ရှေ့လာမယ့် နေ့ရက်တွေမှာလည်း သူ့ကို လွမ်းတဲ့စိတ်နဲ့ ကျွန်မ အကြိမ်ကြိမ်အခါခါ သေဆုံးရအုံးမယ် ထင်ပါရဲ့...

_
_
_

           Lisa က သူ့ကုတင်ပေါ်မှာ လှဲနေရင်း
နဖူးပေါ် လက်တင်ကာ စဉ်းစားနေမိသည်။
အခုဆို Jane နဲ့ ပတ်သတ်ပြီး သူ့မှာ စဉ်းစားစရာ တွေ အများကြီး ရှိလာသည်။

ဒီနေ့ ကိုယ်တိုင်မသိလိုက်ခင် Jane ကို
နမ်းဖို့ ကြိုးစားမိခဲ့တယ်..
Jane ကြောင့် ပြန်သတိဝင်သလိုဖြစ်သွားမှ
ငါ့ကိုယ်ငါ အဆင့်ကျော်သွားမှန်း
သိပါတယ်...

အင်းပေါ့...ရုတ်တရက် စိတ်ကူးပေါက်ပြီး
ပေးတဲ့ အနမ်းကို Jane ဘယ်လိုလို့ လိုချင်
မှာလဲ...
သူငယ်ချင်းအဆင့်ပဲ ရှိသေးတာမို့လို့
ငါ ဒီလိုလုပ်ဖို့ မကြိုးစားသင့်ဘူး...
အဲ့အစား အရင်ဆုံး ထုတ်ပြောရမှာမလား..
       
Jane ကို သဘောကျတယ်
ဟုတ်တယ် ဒါကို ဝန်ခံပါတယ်
ဒါပေမဲ့ သူ့ကို ဘယ်လိုထုတ်ပြောပြရမလဲ
တော့ မသိ‌ေသးဘူး...

Lisa က သက်ပြင်းလေးချလိုက်သည်။

ပြီးတော့ Lisa က တစ်ခြားလူတွေရဲ့
လာဖွင့်ပြောတာလောက်ပဲ ကြုံခဲ့ဖူးတာ..
သူဘယ်တုန်းကမှ လက်မခံခဲ့တဲ့ လူတွေပေါ့

ဒါပေမဲ့ အခုကတော့ သူကိုယ်တိုင်က
သဘောကျနေရတဲ့ အဖြစ်ကိုရောက်နေတော့
ဘာလုပ်လို့ လုပ်ရမလဲ ‌ေသချာတော့မသိ။

____

" စာ‌ေလးရေး ဖွင့်ပြောရင် ကောင်းမလား?
   အပြင်တစ်နေရာမှာ လူချင်းတွေ့ပြီး
   ဖွင့်ပြောရင် ‌ေကာင်းမလား ?
   ဒါမှမဟုတ် ..."

       Lisa က ကုတင်ပေါ်က ထပြီး ဘေးစားပွဲ ပေါ်က နာရီကိုကြည့်လိုက်တော့ ည 11 နာရီထိုးနေပြီ ဖြစ်သည်။ ကုတင်ပေါ် ပြန်လှဲရင်း
ပါးစပ်က‌နေ လေတစ်ချက် မှုတ်ထုတ်လိုက်သည်။

" လက်ဆောင်တစ်ခုခု ပေးရင်း ဖွင့်ပြောရင်
   ကောင်းမလား..? "

_
_

       ဒီဘက်အိမ်မှာလည်း Jane တစ်ယောက်
ခေါင်းအုံး‌ေလးဖက်ကာ အိပ်ရာပေါ် မှာပဲ
ဟိုဘက်လှည့် ဒီဘက်လှည့် နဲ့ပင်။

ဒီနေ့အဖြစ်အပျက်က Jane ကို အိပ်မပျော်
အောင် လုပ်ယူလိုက်တာဆို မှန်သည်။

        Jane က သူ့မျက်နှာပေါ် ခေါင်းအုံးလေး
တင်ရင်း စိတ်ထဲမှာသာ ရေရွတ်နေမိသည်။

Lisa က Jane ကို နမ်းဖို့ တကယ်လုပ်ခဲ့တာပဲ
လုံးဝမထင်ထားခဲ့ဘူး...ဒါမျိုးကို Lisa က
စလုပ်မယ် ဆိုတာကိုလေ...

Lisa က တကယ်ပဲ Jane ကို
ပြန်စိတ်ဝင်စားနေပြီလား..?
သူရဲ့ စိတ်ထဲမှာ Jane ကို တကယ်လက်ခံ  နေပြီလား..?

ဒါပေမဲ့ သူ နမ်းဖို့ လုပ်ခဲ့တာကို Jane
ရှောင်ငြင်းလိုက်မိတယ်
ဒါက Jane မှားတယ် လို့တော့ မထင်ဘူး
ဘာလို့ဆို Jane တို့က အခု ချစ်သူတွေလည်း
မဟုတ်ဘူး...
သူငယ်ချင်းတွေပဲ ဖြစ်နေ‌သေးတာလေ..
 
  
         Jane က သူ့မျက်နှာပေါ်က ခေါင်းအုံး
လေးကို ပြန်ဖယ်ကာ သက်ပြင်းလေးချရင်း
လေလေးတစ်ချက် မှုတ်ထုတ်လိုက်သည်။

Jane .. Lisa ကို ချစ်ပါတယ်..
ဒ‌ါပေမဲ့ Jane ဘဝရဲ့ ပထမဆုံးသောအနမ်းကိုတော့ ချစ်သူတစ်ယောက်အနေနဲ့ပဲ
လိုချင်မိတာ..
Lisa အပေါ်  Jane မျှော်လင့်ချက်ကြီးသွားလားတော့မသိပေမဲ့ ဒါက Jane ဖြစ်စေချင်တဲ့ အရိုးရှင်းဆုံး ဆန္ဒပါ ...

_
_

            Chae က သူ့အခန်းထဲက စားပွဲခုံမှာ
ထိုင်နေရင်း Soo ရဲ့ နောက်ဆုံးစာ‌ေစာင်လေး
ကို အထပ်ထပ်အခါခါပြန်ပြန်ဖတ်နေမိသည်။

ဪ .. Soo လက်ရေးလေးတွေက
အရမ်းလှသလောက် သူရေးထားတဲ့ အကြောင်းအရာတွေက Chae နှလုံးသားကို ဓားနဲ့မွှန်းနေသလိုပါလား ...

လမ်းခွဲစာတစ်စောင်ကို အဖန်ဖန်တလဲလဲ
ပြန်ဖတ်နေတဲ့ Chae က သူများတွေ အမြင်မှာ အရူးတစ်ယောက်လိုဖြစ်နေလိမ့်မယ်
ဒါပေမဲ့ ဒီစာက Chae အချစ်ရဆုံးမိန်းကလေး ရေးထားတဲ့စာတွေလေ

ဘယ်လိုပဲ ရက်ရက်စက်စက်ရေးထား
ပါစေအုံး..
ဒီစာပေါ်က Soo လက်နဲ့ ကိုယ်တိုင်ရေးထားတဲ့ လှပရက်စက်တဲ့ စကားလုံးလေးတွေကို Chae မျက်လုံးမလွှဲချင်မိဘူး...

____

               Chae ခြောက်ကပ်ကပ်အသံနဲ့ နာနာကျင်ကျင် တစ်ချက်ရယ်မိသည်။

လမ်းခွဲစာကို ဖုန်းကနေ Message အနေနဲ့
မပို့ပဲ လက်ရေးစာစောင် ထားခဲ့တာတောင်
Soo ကို ကျေးဇူးတင်ရမလိုပါပဲ...

ပြန်တွေးကြည့်ရင် Soo က Chae ဆီကို
လက်ရေးစာလေးတွေနဲ့ ရောက်လာခဲ့တာ
မလား...
အခုတော့ လက်ရေးစာတစ်စောင်နဲ့ပဲ
Chae ဆီက Soo ပြန်ထွက်သွားပြီ...

            Chae တစ်ယောက် ထိုစာ‌လေးကိုပဲ
ရင်ခွင်ထဲ ထည့်ကာ ကုတင်ပေါ်မှာလှဲချလိုက်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်သည်။

Soo က အိမ်မက်ထဲမှာ Chae ကို
ဂရုတောင် မစိုက်ဘူးလေ..
အဲ့တော့ အဲ့အိမ်မက်ဆိုး မက်မယ့်အတူ
Soo အငွေ့အသက်လေးပါနေတဲ့
အရာတစ်ခုကို ရင်ခွင်ထဲထည့်ထားရတာက Chae နာကျင်မှုကို နည်းနည်းသက်သာစေ
မယ် ထင်ပါတယ်...

          ************************
_
_
_

ခံယူချက်မတူတဲ့ သူတွေအတွက်တော့
အချစ်ဆိုတာ အဓိပ္ပာယ်အမျိုးမျိုးကွဲသွား
တယ်...

                                           Lisa & Jane
                                           Chae & Soo

_
_
_

Zawgyi

      Lisa နဲ့ Jane တို့ အတူပြန်လာတဲ့လမ်းတစ်လြှောကျလုံး စကားမပြောဖြစ်ခဲ့
ကြ။ ညနေစောင်းအချိန်လေးမှာ လမ်းအတူ
လျှောက်လာပြီး အတွေးကိုယ်စီရှိနေတဲ့
သူတို့နှစ်ယောက်ကြား တိတ်ဆိတ်ခြင်း
တစ်ခုကသာ ကာခြားထားသည်။

   သူတို့အိမ်ရှိတဲ့ လမ်းထဲကို ချိုးဝင်လာပြီး
အဲ့တိတ်ဆိတ်ခြင်းကို စဖြိုခွဲလိုက်တာက Jane ...

" Lisa တောင် အများကြီး ပြောင်းလဲသွား
တယ်နော်.."

     Jane စပြောလာတဲ့ စကားကို Lisa
က ကြားတော့ Jane ကို တစ်ချက်ကြည့်ပြီး
ပြုံးလိုက်ကာ

" ဟုတ်လား.."

" အင်း..."

   Jane က ခေါင်းညိတ်လာရင်း တစ်ဆက်
တည်းနဲ့

" Jane .. နည်းနည်းစပ်စုလို့ရမလား...
Lisa အခုလို အများကြီးပြောင်းလဲသွား
တာကိုလေ.."

     Lisa က Jane မေးလာတာကို စဉ်းစား
ပြီး နှုတ်ခမ်းလေး အပေါ်အောက်သပ်ရင်း

" အဲ့တာက .. အင်း ..ပြောရရင်တော့
အများကြီးပဲ...
အရာအားလုံးကြောင့်လို့ ပြောလို့ရပါတယ်"

     Jane က လျှောက်ရင်း Lisa ပြောတာကို နားထောင်နေသည်။

" အဓိကကတော့ မင်းကြောင့်ပေါ့..."

  Jane နားထောင်နေရင်း အဲ့လိုကြားရတော့
ဘေးက Lisa ကို ထပ်မော့ကြည့်မိသည်။
Lisa ကလည်း Jane ကို အပြုံးမျက်နှာနဲ့အတူ လေးနက်တဲ့ မျက်လုံးတစ်စုံနဲ့ သေချာစိုက်ကြည့်နေသည်။

   Jane မှာ Lisa ဆီက အဲ့လိုအကြည့်ခံရ တော့ ရင်တွေတောင် ပိုခုန်လာသည်။

Lisa အနားမှာ ဒီတိုင်း ရှိနေရရင်တောင်
Jane ရင်ခုန်သံတွေက အဆက်မပြတ်
ဖြစ်နေတာ..
အခုလို Lisa ဆီက စိုက်ကြည့်ခံနေရတော့ Jane ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲနေတာ
မဆန်းကျယ်တော့။

____

     လမ်းမကြီးရဲ့ အလယ်မှာ ရပ်နေတဲ့
သူတို့နှစ်ယောက်ကြား ဆက်သွယ်မှုက
တစ်ယောက်ကို တစ်ယောက်ကြည့်ရင်းနဲ့ပဲ
ပြန်တိတ်ဆိတ်နေသည်။ အဲ့တာကိုပဲ Lisa က ခါးလေးကိုင်းပြီး Jane မျက်နှာနားကို
သူ့မျက်နှာလေး ကပ်လာကာ

" ဘာလို့ မင်းကြောင့် ဖြစ်ရတယ် ဆိုတာကို
မစပ်စုတော့ဘူးလား... Jane "

    Jane က သူ့ကို အနီးကပ်ကြည့်နေတဲ့ Lisa မျက်နှာလေးကို ကြည့်ပြီး တံတွေးတွေ
မြိုချခြင်းနဲ့ သူ့ရင်ခုန်သံတွေကို ထိန်းချုပ်နေ
ရသည်။

    Lisa နဲ့ Jane က မျက်လုံးချင်းဆုံနေမိ
လျက်နဲ့ Jane က

" Jane က ထပ်စပ်စုပြီး မေးခဲ့မယ်ဆိုရင် ...
Lisa မှာ အဖြေရှိလို့လား.."

   Lisa က တစ်ချက်ရယ်လိုက်ပြီး ဘာမှ တော့ ထပ်မပြောပဲ Jane ကိုသာခပ်ကြာကြာ စိုက်ကြည့်နေသည်။ Jane အနေနဲ့ ပိုပြီး ရင်တုန်လာသည်။ Lisa က Jane ကို စိုက်ကြည့်နေတာထက် မျက်နှာနားကို ပိုပိုတိုးလာတာပင်။

Jane ထင်တာ မမှားဘူးဆိုရင် အခု
Lisa က Jane ရဲ့ မျက်နှာထက် Jane ရဲ့
နှုတ်ခမ်းတွေကို ပိုစိုက်ကြည့်နေပါတယျ...

Jane အဲ့တာကို တွေးမိတာနဲ့တင် နှုတ်ခမ်း
တွေ တုန်လာသည်။

_
_

" အ.. ဟို ကားက လှလိုက်တာ...."

      Jane ရုတ်တရက် ထပြောလာတာကြောင့် Lisa နောက်ကို တွန့်သွားသည်။

     Janeက Lisa ကို ကျော်ကြည့်ပြီး
လက်ညှိုးလေး ထိုးကာ ပြောလာတဲ့ စကား
ဆိုလည်း မှန်သည်။

Lisa က Jane ညွှန်ပြရာနောက်ကို လှည့်ကြည့်လိုက်သည်။

    ခပ်လှလှ အညိုရောင်ကားလေးတစ်စီး
က သူတို့နားတစ်ဝိုက်ကနေ ဖြတ်မောင်းသွား
သည်။

     Lisa က တစ်ခုခုကို သဘောပေါက်
သွားသလိုပင် ပြုံးလိုက်ပြီး Jane ကိုပြန်လှည့်ကြည့်ကာ
    

" ဟုတ်ပါ့နော်.. ကားလေးက လှတယ်.."

" အမ်..အင်း.."

Jane တစ်ယောက် မျက်လုံးလေး
ကလယ်ကလယ်နဲ့ ဘာဆက်ပြောရမလဲ
ဆိုတာ စဉ်းစားနေတဲ့ပုံပင်။

       Lisa က Jane ကို ကြည့်ပြီး တစ်ချက်ရယ်လိုက်သည်။ ပြီးတော့မှ Lisa က Jane ရဲ့ ဘယ်လက်လေးကို လှမ်းဆွဲပြီး

" သွားရအောင်..အိမ်နဲ့တောင် နီးနေပြီ.."

" ဟုတ်.."

         Lisa က ဘာမှဆက်မပြောတော့ပဲရှေ့ကနေ Jane လက်ကလေးကို ဆွဲပြီး
လျှောက်လာခဲ့သည်။ နောက်က Jane က
တော့ မျက်နှာပူနေရင်းနဲ့ပဲ Lisa လက်ကလေးကို ပြန်ကိုင်ကာ လိုက်လာရင်း
စိတ်ထဲကနေ ရေရွတ်မိသည်။

Lisa ကို သဘောကျပေမဲ့ ဒီလိုမျိုးကြီး
ကျတော့ ...
ဘာပဲဖြစ်ဖြစ် Lisa လည်း Jane ရဲ့ စိတ်ကို သိမယ် ထင်ပါတယ်...

_
_
_

     Jihyo ပြန်ရောက်လို့ ကားပေါ်က ဆင်းလာတာနဲ့ အိမ်ထဲကို ချက်ချင်းဝင်လာသည်။ အိမ်ရှေ့ပေါကျဝမှာ အိမ်တော်ထိန်းဦးလေးကွီးနဲ့ အဒေါ်တို့ အပါအဝင် ကျန်တဲ့ အစေခံများက သူ့ကိုစောင့်ကြိုနေကြသည်။

   အိမ်တော်ထိန်း ဦးလေးကြီးက Jihyo ကို ခေါင်းလေးညွှတ်ပြလျက်နဲ့

" ကြိုဆိုပါတယ်..မမလေး.."

   Jihyo က ဘာမှမပြောပဲ ခေါင်းတစ်ချက်ညိတ်ပြရင်း အထဲကို တန်းလျှောက်သွားသည်။

_
_

     Jihyo က သူ့အခန်းကို ရောက်တော့
ဆိုဖာခုံပေါ် သူ့အိတ်ကို ပစ်ချပြီး လူပါထိုင်ချလိုက်သည်။ အဒေါ်က Jihyo အနားကနေ

" မမလေး.. ကျောင်းက ပြန်လာတာဆိုတော့
ပင်ပန်းနေမှာပဲ..
တစ်ခုခုများ သောက်ချင်ပါသလား...? "

     Jihyo က မျက်လုံးလေးမှိတ်ကာ
ဆိုဖာခုံမှာ မှီနေရင်း

" ရတယ်..မလိုပါဘူး ..
တစ်ယောက်တည်း နားချင်တယ် "

" ဟုတ်ကဲ့..ဒါဆို ကျွန်မကို ခွင့်ပြုပါအုံး "

      အဒေါ်က Jihyo ကို ဦးညွှတ်ပြီးမှ အခန်းထဲကနေ ထွက်သွားသည်။

အိမ်ကို ပြန်ရောက်လာပြီးကတည်းက
အဒေါ်လည်း ပြန်ပြောင်းလဲသွားပါပြီ..
Jisoo ရဲ့ အမေ အဖြစ်လည်း ဟန်ဆောင်
ကောင်းခဲ့သလို Jihyo ရဲ့အနီးကပ်စောင့်ရှောက်သူ အနေနဲ့လည်း
သူတာဝန်ကျေခဲ့ပါတယ်လေ...

____

    အဒေါ်ထွက်သွားမှ ပြန်ဖွင့်လာတဲ့ Jihyo ရဲ့ မျက်လုံးတစ်စုံ...

မျက်နှာကျက်မှာ ထိန်ထိန်လင်းနေတဲ့
အလှမီးဆိုင်းရယ်

လှပပြီးပြည့်စုံတယ် ထင်ရတဲ့

နံရံပေါ်က တန်ဖိုးကြီးပန်းချီကားတွေရယ်

ကျွန်းသားစစ်စစ်နဲ့မှ လုပ်ထားတဲ့
အဝတ်ဗီဒိုကြီးရယ်

နူးညံ့အိမွှေးနေတဲ့ ကုတင်ကြီးရယ်..

ပြောမယ်ဆို ဒီအခန်းရဲ့ ထပ်မံပြင်ဆင်မှုအတွက် Korea ရဲ့ နာမည်အကြီးဆုံး
အိမ်တွင်းဒီဇိုင်းအလှဆင်သူ 2 ယောက်ကို ခေါ်ယူခဲ့ရပါတယ်

ပိုပြီး တိတိကျကျပြောရရင်တော့
ဒီအခန်းက အဖေ့ရဲ့ စိတ်ကြိုက် ပြင်ဆင်
ထားတဲ့ အခန်းပေါ့

ကျွန်မ အခန်းသာ ဖြစ်နေတာ
ဒီအခန်းကို ကျွန်မစိတ် ၊ ကျွန်မသဘောနဲ့ ပြင်ဆင်ထားတာ အပ်တိုတစ်ချောင်းတောင် မပါပါဘူး...

   Jihyo က တွေတွေလေးနဲ့ မျက်နှာကျက်
ကို မော့ငေးနေရငျး သူ့နှုတ်ခမ်းလေးကို
ညာလက်လေးနဲ့ စမ်းကြည့်မိသည်။

ပထမဆုံး သူ့မျက်လုံးထဲကို ဝင်လာတဲ့
သူရဲ့ ပုံရိပ်က Chae ...

Chae နဲ့ ခွဲလာခဲ့ရတာ အခု 5 ရက်ရှိလာပါပြီ
Chae ဘယ်လိုနေလဲ ကျွန်မ မသိဘူး
ဒါပေမဲ့ သေချာတာ တစ်ခုက
သူ အရမ်း အဆင်မပြေနေနိုင်ဘူး ဆိုတာပဲ...

ကျွန်မက မကောင်းပါဘူး...
Chae ကို အရမ်းရက်စက်ရာ ကျသွားတယ်
သူလည်း တွေးမှာပဲ..
သူ့မှာ ဘာအပြစ်မှမရှိပဲ ကျွန်မ သူ့ကိုထားခဲ့
တာကိုလေ...

Chae ကျွန်မကို မုန်းနေမှာကို မကြောက်ဘူး
သူ့ကိုယ်သူ အပြစ်တင်နေမှာပဲ စိုးရိမ်မိတယ်

Chae က အပြစ်ကင်းတဲ့သူလေ..
သူက ကျွန်မကို အဖြူစင်ဆုံး ချစ်ပေးခဲ့တာ
ကျွန်မကတော့ သူ့အပေါ် မရိုးရှင်းခဲ့ဘူး ...

   Jihyo က သူ့ဘေးမှာ ချထားတဲ့ အိတ်ထဲက စီးကရက်ဘူးနဲ့ ဖုန်းကို ထုတ်လိုက်ပြီးအပြင်ဝါရန်တာဘက်ကို တံခါးဖွင့်ကာ ထွက်လာလိုက်သည်။ နောက်ပြီး စီးကရက်
တစ်လိပ်ကို သူ့ရဲ့နှုတ်ခမ်းဖျားမှာ တေ့လိုက်ပြီး မီးညှိလိုက်သည်။

      စီးကရက်ငွေ့တွေကို ရှိုက်ထုတ်ရင်း အပေါ်ကနေ အောက်ဘက်တစ်ဝှမ်းကို ကြည့်နေလိုက်သည်။
      ခြံထဲနဲ့ ခြံပြင် မှာကို ဒီအိမ်ကြီးလုံခြုံရေးအတွက် စောင့်ကြပ်နေတဲ့ လူတှေ
ရှိနေသည်။

Jihyo တို့အိမ် အနားတစ်ဝိုက် ပတ်ဝန်းကျင်က အရမ်းတိတ်ဆိတ်ပါတယ်...
ကိုယ်ကသာ မဆူညံရင် တစ်ခြား လာဆူညံ
မယ့်သူဆိုတာ မရှိပါဘူး
တစ်နည်းပြောရရင် ဒီအိမ်ကြီးနဲ့ ဒီခြံကြီးက
အပြင်လောကနဲ့ မတူတဲ့ သီးခြားကမ္ဘာကြီးတစ်ခုနဲ့ တူနေတာပါ...

____

      Jihyo ရပ်နေတဲ့ အနားတစ်ဝိုက်မှာ စီးကရက်ငွေ့တွေ လှပစွာ ပျံ့လွင့်နေသလို
သူ့အတွေးတွေကလည်း ပေါင်းစုံ ပျံ့လွင့်နေ
သည်။

      Jihyo က သူ့ဖုန်းကို ဖွင့်လိုက်ပြီး
Gallery ထဲ ဝင်လိုက်တော့ တစ်ပုံတည်း
သော ရှိနေတဲ့ Chae နဲ့ သူ့ရဲ့ ပုံလေး...

အခုချိန်မှာတော့ ဒီပုံထဲက Chae နဲ့ သူ့ရဲ့
အပြုံးတွေက ဘယ်မှာမှ ရှာလို့မရအောင်
ပျောက်ကွယ်သွားပြီ ထင်ပါတယ်...

နောက်ဆုံးအနေနဲ့ ကျွန်မ ပြန်မပြုံးနိုင်ခဲ့ရင်
တောင် Chae ကိုတော့ ပြန်ပြုံးစေချင်ပါတယ်...
တကယ်ဆို Chae က အဲ့ထက်တောင်
ပိုထိုက်တန်သေးတယ်မလား...

    Jihyo က ပုံလေးကိုပဲ ကြည့်နေရငျး
မျက်ရည်တွေ ဝဲတတ်လာတာကြောင့် ဖုန်းကို
ပြန်ပိတ်လိုက်သည်။

ခွဲခွာရတာ ဘယ်လောက်မှ မကြာသေးတာတောင် မျက်ရည်ကျနေရတာ
ဘယ်နှစ်ခါ ရှိနေပြီမှန်း မသိတော့ပါဘူး...
ရှေ့လာမယ့် နေ့ရက်တွေမှာလည်း သူ့ကို လွမ်းတဲ့စိတ်နဲ့ ကျွန်မ အကြိမ်ကြိမ်အခါခါ သေဆုံးရအုံးမယ် ထင်ပါရဲ့...

_
_
_

     Lisa က သူ့ကုတင်ပေါ်မှာ လှဲနေရင်း
နဖူးပေါ် လက်တင်ကာ စဉ်းစားနေမိသည်။
အခုဆို Jane နဲ့ ပတ်သတ်ပြီး သူ့မှာ စဉ်းစားစရာ တွေ အများကြီး ရှိလာသည်။

ဒီနေ့ ကိုယ်တိုင်မသိလိုက်ခင် Jane ကို
နမ်းဖို့ ကြိုးစားမိခဲ့တယ်..
Jane ကြောင့် ပြန်သတိဝင်သလိုဖြစ်သွားမှ
ငါ့ကိုယ်ငါ အဆင့်ကျော်သွားမှန်း
သိပါတယ်...

အင်းပေါ့...ရုတ်တရက် စိတ်ကူးပေါက်ပြီး
ပေးတဲ့ အနမ်းကို Jane ဘယ်လိုလို့ လိုချင်
မှာလဲ...
သူငယ်ချင်းအဆင့်ပဲ ရှိသေးတာမို့လို့
ငါ ဒီလိုလုပ်ဖို့ မကြိုးစားသင့်ဘူး...
အဲ့အစား အရင်ဆုံး ထုတ်ပြောရမှာမလား..
   
Jane ကို သဘောကျတယ်
ဟုတ်တယ် ဒါကို ဝန်ခံပါတယ်
ဒါပေမဲ့ သူ့ကို ဘယ်လိုထုတ်ပြောပြရမလဲ
တော့ မသိသေးဘူး...

Lisa က သက်ပြင်းလေးချလိုက်သည်။

ပြီးတော့ Lisa က တစ်ခြားလူတွေရဲ့
လာဖွင့်ပြောတာလောက်ပဲ ကြုံခဲ့ဖူးတာ..
သူဘယ်တုန်းကမှ လက်မခံခဲ့တဲ့ လူတွေပေါ့

ဒါပေမဲ့ အခုကတော့ သူကိုယ်တိုင်က
သဘောကျနေရတဲ့ အဖြစ်ကိုရောက်နေတော့
ဘာလုပ်လို့ လုပ်ရမလဲ သေခြာတော့မသိ။

____

" စာလေးရေး ဖွင့်ပြောရင် ကောင်းမလား?
အပြင်တစ်နေရာမှာ လူချင်းတွေ့ပြီး
ဖွင့်ပြောရင် ကောငျးမလား ?
ဒါမှမဟုတ် ..."

   Lisa က ကုတင်ပေါ်က ထပြီး ဘေးစားပွဲ ပေါ်က နာရီကိုကြည့်လိုက်တော့ ည 11 နာရီထိုးနေပြီ ဖြစ်သည်။ ကုတင်ပေါ် ပြန်လှဲရင်း
ပါးစပ်ကနေ လေတစ်ချက် မှုတ်ထုတ်လိုက်သည်။

" လက်ဆောင်တစ်ခုခု ပေးရင်း ဖွင့်ပြောရင်
ကောင်းမလား..? "

_
_

   ဒီဘက်အိမ်မှာလည်း Jane တစ်ယောက်
ခေါင်းအုံးလေးဖကျကာ အိပ်ရာပေါ် မှာပဲ
ဟိုဘက်လှည့် ဒီဘက်လှည့် နဲ့ပင်။

ဒီနေ့အဖြစ်အပျက်က Jane ကို အိပ်မပျော်
အောင် လုပ်ယူလိုက်တာဆို မှန်သည်။

    Jane က သူ့မျက်နှာပေါ် ခေါင်းအုံးလေး
တင်ရင်း စိတ်ထဲမှာသာ ရေရွတ်နေမိသည်။

Lisa က Jane ကို နမ်းဖို့ တကယ်လုပ်ခဲ့တာပဲ
လုံးဝမထင်ထားခဲ့ဘူး...ဒါမျိုးကို Lisa က
စလုပ်မယ် ဆိုတာကိုလေ...

Lisa က တကယ်ပဲ Jane ကို
ပြန်စိတ်ဝင်စားနေပြီလား..?
သူရဲ့ စိတ်ထဲမှာ Jane ကို တကယ်လက်ခံ နေပြီလား..?

ဒါပေမဲ့ သူ နမ်းဖို့ လုပ်ခဲ့တာကို Jane
ရှောင်ငြင်းလိုက်မိတယ်
ဒါက Jane မှားတယ် လို့တော့ မထင်ဘူး
ဘာလို့ဆို Jane တို့က အခု ချစ်သူတွေလည်း
မဟုတ်ဘူး...
သူငယ်ချင်းတွေပဲ ဖြစ်နေသေးတာလေ..

    Jane က သူ့မျက်နှာပေါ်က ခေါင်းအုံး
လေးကို ပြန်ဖယ်ကာ သက်ပြင်းလေးချရင်း
လေလေးတစ်ချက် မှုတ်ထုတ်လိုက်သည်။

Jane .. Lisa ကို ချစ်ပါတယ်..
ဒါပေမဲ့ Jane ဘဝရဲ့ ပထမဆုံးသောအနမ်းကိုတော့ ချစ်သူတစ်ယောက်အနေနဲ့ပဲ
လိုချင်မိတာ..
Lisa အပေါ် Jane မျှော်လင့်ချက်ကြီးသွားလားတော့မသိပေမဲ့ ဒါက Jane ဖြစ်စေချင်တဲ့ အရိုးရှင်းဆုံး ဆန္ဒပါ ...

_
_

      Chae က သူ့အခန်းထဲက စားပွဲခုံမှာ
ထိုင်နေရင်း Soo ရဲ့ နောက်ဆုံးစာစောငျလေး
ကို အထပ်ထပ်အခါခါပြန်ပြန်ဖတ်နေမိသည်။

ဪ .. Soo လက်ရေးလေးတွေက
အရမ်းလှသလောက် သူရေးထားတဲ့ အကြောင်းအရာတွေက Chae နှလုံးသားကို ဓားနဲ့မွှန်းနေသလိုပါလား ...

လမ်းခွဲစာတစ်စောင်ကို အဖန်ဖန်တလဲလဲ
ပြန်ဖတ်နေတဲ့ Chae က သူများတွေ အမြင်မှာ အရူးတစ်ယောက်လိုဖြစ်နေလိမ့်မယ်
ဒါပေမဲ့ ဒီစာက Chae အချစ်ရဆုံးမိန်းကလေး ရေးထားတဲ့စာတွေလေ

ဘယ်လိုပဲ ရက်ရက်စက်စက်ရေးထား
ပါစေအုံး..
ဒီစာပေါ်က Soo လက်နဲ့ ကိုယ်တိုင်ရေးထားတဲ့ လှပရက်စက်တဲ့ စကားလုံးလေးတွေကို Chae မျက်လုံးမလွှဲချင်မိဘူး...

____

       Chae ခြောက်ကပ်ကပ်အသံနဲ့ နာနာကျင်ကျင် တစ်ချက်ရယ်မိသည်။

လမ်းခွဲစာကို ဖုန်းကနေ Message အနေနဲ့
မပို့ပဲ လက်ရေးစာစောင် ထားခဲ့တာတောင်
Soo ကို ကျေးဇူးတင်ရမလိုပါပဲ...

ပြန်တွေးကြည့်ရင် Soo က Chae ဆီကို
လက်ရေးစာလေးတွေနဲ့ ရောက်လာခဲ့တာ
မလား...
အခုတော့ လက်ရေးစာတစ်စောင်နဲ့ပဲ
Chae ဆီက Soo ပြန်ထွက်သွားပြီ...

      Chae တစ်ယောက် ထိုစာလေးကိုပဲ
ရင်ခွင်ထဲ ထည့်ကာ ကုတင်ပေါ်မှာလှဲချလိုက်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်သည်။

Soo က အိမ်မက်ထဲမှာ Chae ကို
ဂရုတောင် မစိုက်ဘူးလေ..
အဲ့တော့ အဲ့အိမ်မက်ဆိုး မက်မယ့်အတူ
Soo အငွေ့အသက်လေးပါနေတဲ့
အရာတစ်ခုကို ရင်ခွင်ထဲထည့်ထားရတာက Chae နာကျင်မှုကို နည်းနည်းသက်သာစေ
မယ် ထင်ပါတယ်...

            ************************
_
_
_

ခံယူချက်မတူတဲ့ သူတွေအတွက်တော့
အချစ်ဆိုတာ အဓိပ္ပာယ်အမျိုးမျိုးကွဲသွား
တယ်...

                                             Lisa & Jane
                                             Chae & Soo
_
_
_

Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
186K 12.7K 47
တစ်ဖက်သတ်ဆန်စွာ စွဲလန်းနေတဲ့ အရာမျိုးက အချစ်ဆိုတဲ့ ခေါင်းစဥ်ထက် ဝဋ်ကြွေး ဆိုရင် ပိုမှန်ပါလိမ့်မယ်.....
241K 18.2K 51
For Unicode လူတစ်​ယောက်ကို တကယ် အချစ်စစ်နဲ့သာ ချစ်ရင်... အချိန်​တွေ ဘယ်​လောက်ပဲ ​ပြောင်း​လဲပါ​စေ... အဲဒီအချစ်က မ​ပြောင်လဲဘူးလို့​တော့ ထင်တယ် ငယ်...
235K 38.5K 100
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .