ဘုရင့် သည်းဦးပန် (Completed)...

By Eaint_Shin_Sitt

159K 6K 525

မင်းပြန်လည်ရှင်သန်လာဖို့ ငါဘယ်လောက်တောင် စောင့်ခဲ့ရသလဲ မင်းရဲ့မာယာတွေကြောင့် ဖြစ်လာတဲ့ ကျိန်စာကို ဖြေဖျောက်ဖ... More

ဒါလေးကို အရင်ဖတ်ပေးပါ
အပိုင်း (1) Uni/Zawgyi
အပိုင်း (2) Uni/Zawgyi
အပိုင်း (3) Uni/Zawgyi
အပိုင်း (4) Uni/Zawgyi
အပိုင်း (5) Uni/Zawgyi
အပိုင်း (6) Uni/Zawgyi
အပိုင်း (7) Uni/Zawgyi
အပိုင်း (8) Uni/Zawgyi
အပိုင်း (9) Uni/Zawgyi
အပိုင်း (10) Uni/Zawgyi
အပိုင်း (11) Uni/Zawgyi
အပိုင်း (12) Uni/Zawgyi
အပိုင်း (13) Uni/Zawgyi
အပိုင်း (14) Uni/Zawgyi
အပိုင်း (15) Uni/Zawgyi
အပိုင်း (16) Uni/Zawgyi
အပိုင်း (17) Uni/Zawgyi
ဇာတ်သိမ်းပိုင်း Uni/Zawgyi

အပိုင်း (18) Uni/Zawgyi

6.9K 255 17
By Eaint_Shin_Sitt

ဘုရင့် သည်းဦးပန်
အပိုင်း (18)

စကားလက်က လက်ဖျောက်တစ်ချက်တီးလိုက်သည့်အခါ သည်းအိပ်မက်ကနေနိုးထလာ၍ မျက်ရည်များအလိုလိုပါးပြင်မှာနေရာယူလျှက် မိမိကိုယ်ကိုယ်အံ့သြသမှုနှင့်

"သည်း က သည်းက အဲ့သလောက်တောင် ရက်စက်ခဲ့တာလား ဟင့်...ကိုကို့ ကျိန်စာကသည်းကိုယ်တိုင် တိုက်ခဲ့တဲ့ကျိန်စာပေါ့ ဟင် ဟုတ်လား ဟုတ်လား"

စကားလက် ခေါင်းတစ်ချက်ညိတ်ပြီး

"မင်း အိပ်မက်ထဲမှာမြင်ခဲ့ပြီးပြီမဟုတ်လား အဲ့တာကြောင့် လိုင်းယ(န်)က သစ္စာဖောက်တဲ့မိန်းမတွေကိုမုန်းတာ အထူးသဖြင့် မင်းကို"

သည်းသည် ငိုနေရုံမှအပမတတ်နိုင်ခဲ့။

"ဒါဆို သည်း သည်း ကျိန်စာဖြေပေးလို့ရတယ်မဟုတ်လား ဘယ်လို ဖြေပေးရမလဲဟင် ကိုကိုဒီလိုနှစ်၁၀၀၀လောက်ပေးဆပ်လာခဲ့ရတဲ့ ကျိန်စာဆိုးကြီးကိုသည်းဘယ်လို ဖြေပေးရဖြေပေးရ !"

"ဒါပေါ့ မင်းဖြေပေးရမှာပေါ့ ....ငါလည်း ဒီအဖြေလိုချင်တာ"

သည်းက စိတ်ဝင်တစား နားထောင်နေသည်။

"မင်းမြင်ဖူးမှာပါ ရိုင်ယန်အိမ်တော် ရွှေရောင်အခန်းထဲက မီးတောက်အပြာတွေနဲ့ဝန်းရံထားတဲ့ နှင်းဆီပန်း တစ်ပွင့်"

"သည်းမြင်ဖူးပါတယ် !"

"အဲ့ဒီနှင်းဆီပန်းကို ယူပေးရမယ် အဲ့တာ အိုလီဗီယာ သူ့နှလုံးသားကိုထိုးစိုက်ခဲ့တဲ့နှင်းဆီပွင့်ပုံဆံထိုးပဲ ကျိန်စာကြောင့်ရှင်သန်လာတာ လိုင်းယ(န်)က အဲ့ဒီနှင်းဆီပွင့်ကို မယူနိုင်ဘူး ဘေးမှာဝိုင်းထားတဲ့ အပြာရောင်မီးတောက်တွေက သူ့ကို လောက်မြိုက်စေတယ် အဲ့ဒီ ပန်းကို ယူပေးနိုင်တာ မင်းတစ်ယောက်ပဲရှိတယ် "

"ဒါဆိုရင် ကိုကို့ကျိန်စာ ခြင်္သေ့တစ်ကောင်အဖြစ်ကနေ လွတ်မယ်ပေါ့"

"အင်း .....သာမာန်လူတစ်ယောက်အဖြစ်နေထိုင်နိုင်လိမ့်မယ် ....ဒါပေမဲ့ အဲ့ဒီနှင်းဆီပွင့်ကို ယူတဲ့မင်းကတော့ သေရလိမ့်မယ် သည်းဦးပန်!"

"ရှင်!!"

"မင်းမယူပေးရင် မင်းအသက်အန္တရာယ်ကြုံရတိုင်းလိုင်းယ(န်)လာကယ်လိမ့်မယ် လိုင်းယ(န်)လာကယ်တိုင်း နှင်းဆီပွင့်ဖက်တွေက တစ်ဖက်ပြီးတစ်ဖက် ကြွေကျလိမ့်မယ် အဲ့လိုကြွေကျတိုင်းလိုင်းယ(န်)ရဲ့နှလုံးသားက မီးတောက်သလို ပူလောင်နာကျင်လိမ့်မယ် !"

ထိုအခါ သည်းကိုထိုအခန်းထဲခေါ်သွားတုန်းက ကိုကို့ရင်ဘက်ရဲပြီးအောင့်လာတာကို ပြန်သတိရမိသည်။

"ပြီးတော့ အဲ့ဒီနှင်းဆီပွင့်ဖက်တွေကုန်သွားရင် လိုင်းယ(န်) လူအသွင်ဆောင်တဲ့ခြင်္သေ့တစ်ကောင်အဖြစ်ကနေက ပြာကျပျောက်ကွယ်သွားလိမ့်မယ် "

သည်းဟာ အသားတွေပါ စက်စက်တုန်လာကာ ဘာလုပ်လို့လုပ်ရမှန်းမသိအောင်

"မင်းကြိုက်တဲ့လမ်းကိုရွေး မင်းကိုယ်တိုင် တိုက်ခဲ့တဲ့ကျိန်စာကြောင့် နှစ်၁၀၀၀ပေးဆပ်ခဲ့ရတဲ့ လိုင်းယ(န်)ကို ကယ်မလား မင်းကိုယ်မင်းပဲကယ်မလား တစ်ယောက်ကတော့ သေရမှာပဲ "

သည်းက လက်သီးဆုတ်လိုက်၍

"ကိုကို့ကိုရွေးမှာပါ သေချာပေါက် ကိုကို့ကိုပဲ..."

စကားလက် ပြုံးလိုက်ပြီး

"တော်တယ် သည်းဦးပန် နှင်းဆီပွင့်ဖက်က သိပ်မကျန်တော့ဘူးမင်းလုပ်စရာရှိတာမြန်မြန်လုပ်မှဖြစ်မယ် "

"ဒါဆို ဒီဂရီကရော! "

စကားလက်က သူမရှေ့က ဖန်ခွက်ကို ယူပြလိုက်ကာ ပေါ်လာသော Dream ဟိုတယ်ရှေ့က လမ်းမှာ စောင့်နေသည့် ဒီဂရီရဲ့ပုံရိပ်။

"မင်းအချိန်မှီသွားမှဖြစ်မယ် မဟုတ်ရင် ဒီဇာတ်လမ်းဟာ လွန်ခဲ့တဲ့နှစ်၁၀၀၀ကအတိုင်းပဲ ဒီဂရီလည်း လူးကပ်(စ်)လို သေရလိမ့်မယ်"

"ရှင်!!"

"မင်းကို လိုင်းယ(န်)ကသာ မြန်မြန်ပြောပြခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး အခု အချိန်တွေက နောက်ကျကုန်တေ့ာ မလိုအပ်တာတွေ ဆုံးရှုံးရတော့မယ် နောက် ၁၅မိနစ်မှာ ဒီဂရီ ကား အက်စီဒင့်ဖြစ်လိမ့်မယ် မင်းတားနိုင်ရင် ရအောင်တားပေါ့ "

သည်းက ချက်ချင်း စကားလက်ရဲ့တိုက်ခန်းကနေ အလျှင်စလိုပြေးထွက်လာခဲ့၏။၁၅မိနစ်ဆိုသော အချိန်အတွင်း ရောက်အောင် သည်း Taxiငှား၍လာခဲ့သော်လည်း မီးပွိုင့်မှာမီးနီမိသဖြင့် သည်း ချက်ချင်း ဆင်းပြေးရပါတော့သည်။

သည်းကြောင့်နဲ့ တခြားလူတွေမထိခိုက်စေချင်ဘူး မဖြစ်ဘူးယ

သည်း ပြေးရင်း ကုန်လာသည့် အချိန်တွေ

၅.. ၄....၃....၂...၁

သည်းသည် လမ်းတစ်ဖက်က ဒီဂရီကိုမြင်လျှင်
မောဟိုက်လာ၍ လှမ်းမအော်နိုင်သော်လည်း အချိန်မှီရောက်လို့တော်ပါသေးသည်။

"သည်း! "

ဒီဂရီက သည်းကိုမြင်လိုက်ရ၍ပျော်ရွှင်စွာ လမ်းတစ်ဖက်ကိုပြေးလာခဲ့လျှင်စကားလက်ပြောသည့်အတိုင်း ကုန်ကားတစ်စီးဟာ အရှိန်ပြင်းပြင်းမောင်းလာသည်နှင့်ကြုံသဖြင့်

"မလာနဲ့!!"

သည်းက အသံကုန်ဟစ်အော်ပြီး ဒီဂရီအား
ပြေးတွန်းလိုက်လျှင် ထိုကုန်ကားရှေ့ရောက်သွားတာဟာ သည်းဦးပန်ပင်။

သည်းမျက်စိစုံမှိတ်ထားလိုက်ချိန် ဟွန်းတီးသံတွေ ဆူပူနေသောစကားပြောသံတွေ ကားသံတွေမကြားရတော့ဘဲ လက်ဖျောက်တီးသံ တစ်ခုသာကြားလိုက်၍ သည်းခန္ဓာကိုယ်လည်း လေပေါ်ဝဲသွားသကဲ့သို့ ခံစားလိုက်ရကာ
ကားရှေ့ကနေ ပွေ့ခေါ်ခဲ့သည့် လိုင်းယ(န်)ကလမ်းဘေးသို့ကပ်လိုက်လျှင်ကပ်လိုက်ချင်း သည်းကားသံတွေ စကားပြောသံတွေအကုန်ပြန်ကြားလိုက်ရ၍

"ကိုကို!"

"ဘာဖြစ်သွားသေးလဲ ထိခိုက်မိသေးလား"

သည်းက ကိုကို့လည်ပင်းကို တင်းကြပ်စွာသိုင်းဖက်ထားလိုက်သည်။လိုင်းယ(န်)ကသူမခန္ဓာကိုယ်လေးကို အောက်ချပေးလိုက်၍

"ငိုထားတာလား သည်းငယ်! ဘာဖြစ်လို့လဲ ဒါကြောင့်ကိုယ်မသွားပါနဲ့လို့မပြောဘူးလား"

"ဟင့်အင်း အဲ့လိုမဟုတ်ပါဘူး "

သည်းတို့ကို ငေးကြည့်နေသည့် ဒီဂရီသည် အသက်မပါဘဲပြုံးပြလျှင် လိုင်းယ(န်)က

"သည်းငယ် ပြောစရာရှိတာပြောပြီးပြီလား "

"ဟင့်အင်း သည်းအခုမှရောက်တာ "

"ကိုယ်သွားပြောပေးရမလား သည်းငယ်အခု နေမကောင်းရင်"

"ဟင်အင်း သည်းကိုယ်တိုင်ပဲပြောချင်တယ် ကိုကို ခဏစောင့်ပါနော် သည်း စကားပြောလိုင်ဦးမယ်"

လိုင်းယ(န်)က သည်းရဲ့ခေါင်းလေးကိုပွတ်၍

"အင်း ကိုယ် ဒီနားက ကော်ဖီဆိုင်မှာစောင့်မယ် သိပ်မကြာစေနဲ့"

×××××

ဒီဂရီသည် သူ့ကို ကယ်လိုက်သော သည်း ကိုကြည့်ကာ စွံ့အ အံ့သြမိရင်း ပြောစရာစကားပျောက်ဆုံးသကဲ့သို့ လမ်းဘေးမှာ ငြိမ်သက်စွာရပ်တန့်နေခဲ့လျှင် သည်းက ဒီဂရီဆီသို့ လျှောက်လာခဲ့၍

"ဒီဂရီ !"

သည်း ကိုယ်တိုင်လည်းရင်တုန်စိတ်လှုပ်ရှားနေဆဲမို့ သက်ပြင်းအခါခါချမိသည်။

"ဟင်...သည်း ဘာဖြစ်သွားသေးလဲ တစ်ခုခု ထိခိုက်မိသေးလား "

အခုမှ အသိစိတ်ဝင်လာသော ဒီဂရီသည် သည်းရဲ့လက်နှစ်ဖက်ကို လှမ်းကိုင်လိုက်ပြီး
စိုးရ်ိမ်ကြီးစွာနှင့်။

"ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ရတာလဲ နင်တစ်ခုခုဖြစ်သွားရင် ငါ့ကိုယ်ငါခွင့်နိုင်မှာမဟုတ် သိရဲ့လား "

"ငါနင့်ကိုပြောစရာရှိတယ် ဒီဂရီ "

ဒီဂရီ လည်းခေါင်းညိတ်လိုက်ပြီး

"ငါလည်းပဲ ပြောစရာရှိတယ် အခုလိုဖြစ်သွားတော့ ငါပြောမယ့်စကားတွေကမသင့်တော်လောက်ပေမဲ့ နောက်ကျသွားမှာလည်း ကြောက်တယ် လာ...အထဲဝင်ရအောင်"

ဒီဂရီ ကြီးကျယ်လှသော ဟိုတယ်ကြီးထဲသို့ သူမကိုဆွဲခေါ်ပေမဲ့

"ငါတို့ ဒီတိုင်း ဟိုနားက မြစ်ကမ်းမှာဘဲစကားပြောရအောင်"

ဒီဂရီသည် ပြင်ဆင်ထားသော ဟိုတယ်ထဲမှ ကိတ်တွေ ပူပေါင်းတွေပန်းတွေဟာ အလကားဖြစ်သွားမလား စိုးရိမ်မနေဘဲ သူမ အလိုလိုက်ခဲ့၏။

"အင်း သွားတာပေါ့ "

မြစ်ကမ်းဘေးက နှစ်ယောက်ထိုင်ခုံမှာ တသုန်သုန်တိုက်ခက်နေသည့်လေညှင်းတွေကြားက

"သည်း!"

"ငါအရင်ပြောမယ် ဒီဂရီ"

သည်းက ဒီဂရီပြောမယ့်စကားကိုကြိုသိနေတာမို့ အရင်ပိတ်လိုက်ပြီး

"တောင်းပန်ပါတယ်....မဖြစ်နိုင်ဘူး "

"ငါ...."

"ငါ့မှာ ကိုကိုရှိတယ် သူက ရေစုန်မျောနေတဲ့ငါ့ဘဝကိုကယ်တင်ခဲ့တာ အကြိမ်ကြိမ် သေမလို့ဖြစ်ခဲ့တဲ့ အန္တရာယ်တွေကြားကနေကယ်ထုတ်ပေးခဲ့တာ ငါ့ရဲ့ကျေးဇူးရှင်ဆိုရင်လည်းမမှားဘူး ပြီးတော့...ငါ့ကြောင့် ...ဘယ်လောက်တောင်အကြာကြီး စောင့်ခဲ့ရသလဲ "

ဒီဂရီ သည်းပြောတဲ့စကားတွေကို နားလည်တစ်ဝက် နားမလည်တစ်ဝက်နှင့် သူမတကယ်ရင်ထဲကစကားတွေပြောနေတာကိုတော့ သေချာသိသည်။

"ငါ့ရဲ့ကျန်ဘဝကို ကိုကို့အတွက်ပဲရှင်သန်ချင်တယ် သူခံစားခဲ့ရတဲ့ဝေဒနာတွေအားလုံးကို ငါပဲကိုယ်စားခံလိုက်ချင်တယ်"

သည်းက မျက်ရည်တွေကို လက်ဖမိုးလေးဖြင့် သုတ်ဖယ်ကာ

"တောင်းပန်ပါတယ် ဒီဂရီ နင်ကငါ့အတွက်
အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါ နင့်လိုသူငယ်ချင်းမျိုးကို ငါမဆုံးရှုံးချင်ဘူး "

ဒီဂရီက သည်း ဘာကိုဆိုလိုသလဲဆိုတာ ကောင်းကောင်းကြီးနားလည်ပါသည်။ထို့ကြောင့်လည်း မပြုံးချင်တဲ့နှုတ်ခမ်းတွေအသေအချာ ပြုပြင်ရယ်လိုက်ကာ

"အဲ့တာ ဘာငိုစရာရှိလို့လဲ သည်း ရာ"

သူမမျက်ရည်တွေကို သုတ်ပေးရင်း ကိုယ့်မျက်လုံးထဲက ဝေ့ရစ်လာသော မျက်ရည်တို့ကို လျစ်လျှူရှုထားမိသည်။

"ငါကနင့်ရဲ့ထာဝရသူငယ်ချင်းပါ ဘယ်တော့မှ မဆုံးရှုံးပါဘူး မငိုပါနဲ့"

သည်းက ဒီဂရီ ပုခုံးပေါ်မှာ ငိုချမိပြီး
တစ်ယောက်ကို တစ်ယောက် နားလည်းစွာ နှစ်သိမ့်ပွေ့ဖက်ခြင်းဖြင့်

"တောင်းပန်ပါတယ် ဟင့် အဟင့် တောင်းပန်ပါတယ် လူးကပ်(စ်)!!"

ဒီဂရီက ထူးဆန်းတဲ့နာမည်ခေါ်နေသော သည်း ကိုလည်း ဘာကြောင့်ဟူ၍ မမေးမိဘဲ
နားကြားမှားတာဖြစ်မည်ဟုသာ အမှတ်တမဲ့နေလိုက်မိသည်။ အတန်ငယ်ကြာမှ သည်း တို့နှစ်ယောက်လုံး နှုတ်ဆက်ခဲ့ကြရင်း

"ခံစားချက်ကိုလက်မခံနိုင်ပေမဲ့ နင့်ရဲ့လက်ဆောင်ကိုတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ လက်ခံထားလိုက်မယ်"

သည်း ဒီဂရီပေးတဲ့ဂါဝန်လေးကို ငုံ့ကြည့်ရင်းပြောလိုက်သည်။

"ဟက်....ငါအရွေးတော်သားပဲ နင်နဲ့လိုက်တယ်"

သည်း ပြုံးလိုက်လျှင်

"ပြန်တော့လေ စောင့်တဲ့လူကစောင့်နေတယ်မဟုတ်လား ကြာရင် လိုက်လာလိမ့်မယ်"

ထိုအခါမှ သည်းလည်း ရယ်လိုက်မိပြီး
သူ ကိုကို့ကိုစောင်းပြောနေတာ သိနေတာမို့

"အင်းပါ သွားတော့မယ် သင်တန်းမှာတွေ့မယ်နော်"

သည်းထွက်သွားမှ ဒီဂရီ မျက်နှာရုပ်ချည်းမှိုင်တွေသွား၍ ကုတ်အင်္ကျီအိတ်ထောင်ထဲက ဖုန်းကိုထုတ်ဆက်လိုက်ရာ

"ဟယ်လို...အစ်ကိုလေး အားလုံးအဆင်သင့်ဖြစ်ပါပြီ ကိတ် ရော တေးဂီတအဖွဲ့ရော ...မီးရှုးမီးပန်း.."

"အားလုံး cancleလုပ်လိုက် အစီအစဉ်ဖျက်လိုက်တော့.....ငါ ကလပ် မှာရှိနေမယ် ပြန်မလာရင် လာခေါ်လှည့် "

"ဟယ်လို...အစ်ကိုလေး ဟယ်လို...."

×××××××××××××××××××××××××

ကိုကိုစောင့်နေတဲ့ ကော်ဖီဆိုင်ရောက်တော့
Driverအသင့် ကားအသင့်နဲ့စောင့်နေတဲ့ လိုင်းယ(န်)ကြောင့် သည်းက သူမရဲ့ ကြေကွဲဝမ်းနေသောမျက်နှာကို အရင်ဆုံးပြုပြင်လိုက်ကာ

"ကိုကို!"

"အဆင်ပြေခဲ့လား သည်းငယ်"

သည်းက လိုင်းယ(န်)ပုခုံးကို ဖက်တွယ်မှီလိုက်ပြီး"အင်း " ဟုသာဖြေလိုက်သည်။

"ပြန်ရအောင်လေ "

ကားနောက်ခန်းကနေ တစ်လမ်းလုံးစကားမပြောဘဲ လိုင်းယ(န်)ပုခုံးမှာမှီတွယ် လိုက်လာသော သူမကြောင့် လိုင်းယ(န်) သံသယဝင်လာမိသည်။

"နေမကောင်းဘူးလား"
"ဟင့်အင်း "

"ဘာလို့ငြိမ်နေတာလဲ ကိုယ့်ကို ကြည့်ပါဦး"

လိုင်းယ(န်)သူမ ပါးလေးကို စမ်းကြည့်လျှင်

"သည်းကိုဒီတိုင်းလေးပဲခဏလောက်နေခွင့်ပေးပါကိုကို!"

××××××××××

သည်းသည် ရိုင်ယန်အိမ်တော်သို့ရောက်လျှင် ရောက်ချင်းလည်း လိုင်းယ(န်)အား စကားမပြောဘဲ သူမအခန်းရှိရာသို့ လှေကားမှတက်သွားလေရာ လိုင်းယ(န်) အနောက်ကနေလိုက်သွားပြီး

"သည်း!"

ဒုတိယထပ် မှာ သူမအား အနောက်မှဆွဲလှည့်လိုက်၏။

"မင်းဘာဖြစ်နေတာလဲ ကိုယ့်ကို စိတ်ဆိုးနေတာလား "

သည်းက မျက်နှာကိုငုံ့ထားတာ ငိုချင်စိတ်က ထိန်းမရ။

"ကိုယ်မေးနေတယ်လေ သည်းငယ်!"

သည်းသည် လိုင်းယ(န်)ရဲ့ရင်ဘက်ကို တွန်းထုတ်လိုက်ပြီး

"ဟင့် အဟင့် ဘာလို့မပြောပြရတာလဲ
ကိုကို ဘာလို့ သည်းကို ဘာမှမပြောပြရတာလဲ"

လိုင်းယ(န်)အား အသားကုန်ထုရိုက်ကာ ရှိုက်ငိုလိုက်သဖြင့် လိုင်းယ(န်)လည်း စိတ်ပူသွားကာ

"ဘာဖြစ်လို့လဲ ကိုယ် သည်းကို ဘာမပြောတာရှိလို့လဲ"

"တကယ်ဆို ကိုကို ပြောပြသင့်တာ သည်း ရဲ့တာဝန်ကို ကိုကိုပြောသင့်တာ အဟင့် ဟင့် ဟင့် အိုလီဗီယာ ဘယ်လောက်ရက်စက်ခဲ့လည်းဆိုတာ သိရက်နဲ့ သည်းကို ဘာလို့ မမုန်းရတာလဲ သည်းကို ဘာလို့ အဆုံးထိလိုက်ကာကွယ်ပေးနေရတာလဲ ဟီး အီး "

"သည်းငယ် သိသွားပြီလား"

နောက်ဆုံးတော့ သူမသိသွားပြီ ကိုယ်ဘယ်လောက်ပဲ တားဆီး ပိတ်ပင်ထားထား အမှန်တရားကို သူမသိသွားခဲ့တာပဲ။ လိုင်းယ(န်) အရမ်းငိုနေသောသူမကြောင့် ထုရိုက်နေတဲ့ လက်တွေကို ချုပ်ကာ နံရံသို့ ကပ်ပစ်လိုက်ပြီး

"နားထောင် သည်းငယ် ကိုယ်ပျောက်ကွယ်သွားမှာထက် မင်းအခုလို ကြေကွဲဝမ်းနည်းနေတာမြင်ရတာကပိုပြီး ကိုယ်ရင်တွေကွဲမတက်နာကျင်ရတယ် "

သည်းက အောက်နှုတ်ခမ်းလေးကို ဖိကိုက်ကာ
ကိုကို့ကို သနားသောအကြည့်မျိုး လက်လွှတ်ဆုံးရှုံးမခံနိုင်သည့်အကြည့်မျိုး နဲ့ ရင်ဘက်တွေလည်းနိမ့်ချည်မြင့်ချည် ရှိုက်နေရသည်။

"ကိုကို့ ကျိန်စာကို သည်းဖြေပေးမယ် "

"မလိုဘူး သည်းငယ် အဲ့ဒီကျိန်စာကို ဖယ်ထားပြီး သိပ်မကျန်တော့တဲ့ မင်းနဲ့ကိုယ့်ရဲ့အချိန်တွေမှာ ပျော်ပျော်နေရအောင်"

သည်းရဲ့ လက်ကို ချုပ်ထားတဲ့ ကိုကို့ဆီကနေ မလွတ်သော်လည်းရုန်းပြန်၍

"ဟင့်အင်း ကိုကိုပျောက်ကွယ်သွားတာကို သည်းက ဒီတိုင်းကြည့်နေရမှာလား မရဘူး မဖြစ်ဘူး အိုလီဗီယာရက်စက်ခဲသမျှ ကြေအောင် သည်းပေးဆပ်....အွန်း...."

လိုင်းယ(န်)ငြင်းဆန်နေသော သူမကို လှုပ်မရအောင် ဖိချုပ်ကာ သူမနှုတ်ခမ်းတွေကို စုပ်ယူနမ်းရှိုက်ပစ်လိုက်သည်။

သည်းက နှုတ်ခမ်းတွေကို တင်းတင်းစေ့ပိတ်ကာ ဘယ်လိုပင် ရုန်းထွက်ပါစေ လိုင်းယ(န်)သူမလက်တွေကိုတစ်ဖက်တည်းနှင့်ချုပ်လိုက်၍ သူမအောက်နှုတ်ခမ်းလေးကို လက်မဖြင့်ဖိဆွဲကာ ပွင့်ဟစေပြီး ပြင်းရှသော အနမ်းမျိုးဖြင့် ပြန်လည်သိမ်းယူလိုက်ပြန်သည်။

မောဟိုက်တာကတစ်မျိုး အားမရှိတော့တာကတစ်မျိုးနှင့် သည်း ငြိမ်ကျသွားသည့်အခါ
လိုင်းယ(န်)သူမကို ခါးကနေမြှောက်ချီလိုက်သဖြင့် သည်းခြေထောက်တွေက လိုင်းယ(န်)ရဲ့ ခါးမှာချိတ်တွယ်လျှက် လိုင်းယ(န်)အနမ်းမပျက်စေဘဲ သူ၏အခန်းသို့ ရောက်လာခဲ့၏။

သူမနှင့်အတူ အိစက်ညက်ညောသည့် မွေ့ယာပေါ်သို့ ပစ်လှဲချလိုက်ကာ သူ့ကိုတုန့်ပြန်အနမ်းများပေးနေသည့် သည်း နှုတ်ခမ်းစိုစိုရဲရဲလေးတွေကို တစ်လှည့် အရည်ရွှန်းလဲ့နေသည့် ကြေကွဲရိပ်အချစ်ရိပ်တွေနဲ့ရီဝေနေသည့်မျက်လုံးဝိုင်းလေးတွေကိုတစ်လှည့် စူးနစ်နာကျင်စွာ ကြည့်နေမိရင်း

"မင်းအသက်ကိုအသုံးပြုပြီး ကိုယ်ဘယ်တော့မှ မရှင်သန်နိုင်ဘူး သည်းငယ် မင်းကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဖြစ်လာသမျှကို ကိုယ်ပဲ ကြည့်ရှင်းမယ် "

သည်းသည် ကိုကို့ရဲ့ အရောင်တောက်တောက်မျက်လုံးပြာတွေကို လှမ်းနမ်းလိုက်ပြီး

"တောင်းပန်ပါတယ် ကိုကို!"

လိုင်းယ(န်)သည် ခြင်္သေ့တစ်ကောင်မာန်ဖီသည့်အလား တောင့်မခံနိုင်တော့ဘဲ သူမကိုယ်ပေါ်ကအပြာနုရောင်ဂါဝန်လေးအား ဆွဲဖြဲလိုက်မိလျှင် ရုတ်တရက်မို့ သည်းလန့်သွားပြီး စောင်စကို တင်းတင်းစွဲထားမိရာ လိုင်းယ(န်) သည်းကိုဖက်ထားလိုက်သည်။

"မကြောက်ပါနဲ့ ဒီတိုင်းလေးပဲငြိမ်နေပေး!"

လည်တိုင်နားမှာ ကိုကို့ဝင်သက်ထွက်သက်တွေကရိုက်ခက်သလို အသက်ရှူသံတွေဟာလည်း နားထဲမှာကျယ်လောင်လျှက် သည်းခန္ဓာကိုယ်တစ်လျောက်အနမ်းတွေပေးနေတဲ့ ကိုကို့ကို ကြည်ဖြူစွာလက်ခံပြီး ကိုကို့ ဆံပင်တွေကို သူမရဲ့လက်သေးသေးကလေးနှင့် ထိုးဆွပေးနေမိသည်။

" အင်း...အင့်...ကိုကို "

လိုင်းယ (န်) ဟာ သူမရဲ့ပေါင်တံဖွေးဖွေးလေးတွေကအစလိုက်နမ်းနေပြီး သူမရဲ့ ပွင့်လွှာလိုပိုင်ဆိုင်မှုလေးကိုပါ နမ်းစုပ်လိုက်သောကြောင့် သည်းမှာ ရင်တွေအဆမတန်ခုန်ကာ ကိုကို့ဆံပင်တွေအား မလွှတ်တမ်းဆွဲထားမိပြီး ကျောကော့တဲ့အထိ ခံစားချက်တွေပြင်းထန်လျှက်ရှိသည်။

သူ၏နှုတ်ခမ်းထက်မှာ ပထမဆုံးအကြိမ်ပြီးမြောက်သွားသော သည်းသည် မောဟိုက်လျှက်ရှိလေရာ ကိုကိုဟာ သည်းကို အနားမပေးတော့ဘဲ သူ့ခန္ဓာကိုယ်က အဝတ်တွေကိုအလျင်မြန်ဆုံးချွတ်ဖယ်ပစ်လိုက်ကာ သူမအတွင်းပိုင်းထဲကို ထိုးသွင်းလိုက်ပါသည်။

" အ...ကိုကို... "

သည်းဟာ သူမဆီသို့ငုံ့လျှိုးလာရင်းမျက်နှာကလေးကို သူ၏လက်နှစ်ဖက်ဖြင့်လာကိုင်သော ကိုကို့ကို ခပ်တိုးတိုးလေးငြီးခေါ်လိုက်သည်။

" အင်း... "
ကိုကိုဟာ သည်းကို ပူလောင်စွာကြည့်ပြီး အရှိန်ပြင်းပြင်းနှင့် ထိုးသွင်းနေလေသည်။

" အ..အ..အာ့ ကိုကို လျော့..အင်း...လျော့ပါဦး"

သည်းက ကိုကို့ရဲ့ ရင်ဘက်တွေကို တွန်းဖယ်ကာ ပြောလိုက်လျှင် ကိုကိုဟာ သည်းကိုပြန်ကြည့်ပြီး သည်းရဲ့ခန္ဓာကိုယ်လေးကို ကျောကနေပွေ့ယူကာ တစ်ပတ်လှည့်လိုက်သဖြင့် အခု သည်းသည် ကိုကို့အပေါ်မှာ ခွလျှက်သားဖြစ်သွားသည်။

ရင်တွေလှိုက်လှိုက်ခုန်လာကာ ကိုကို့ကို စိုးရိမ်စွာငုံ့ကြည့်တော့ ကိုကိုက သည်းရဲ့ ခါးကလေးကို လှမ်းကိုင်ပြီး

" သည်းငယ်...အပေါ်မှနေ...မဟုတ်ရင် ကိုယ်အရမ်းကြမ်းမိသွားလိမ့်မယ် "

" ဟင်...သည်း...သည်းက... အင့်...အ... "

သည်းရဲ့စကားပင်မဆုံးသေး ကိုကိုဟာ သည်းရဲ့တင်ပါးကလေးကို ညှစ်ပြီးမကာ ပြန်ဆောင့်ချလိုက်သောကြောင့် သည်းမှာ တစ်ချက်တစ်ချက်မြောက်သွားပြီး အသည်းထဲထိအေးသွားအောင် ခံစားနေရသည်။

" ကိုယ်မထိန်းပေးတော့ဘူး သည်းငယ် ဆက်လုပ်လို့ဖြစ်မဟုတ်လား "

ကိုကိုဟာ သည်းရဲ့တင်ပါးပေါ်ကနေသူ့လက်တွေကိုရုတ်သိမ်းပြီး ပြောလိုက်သည်။ သည်းဟာ ကိုကို့ရဲ့ ရင်ဘက်အပေါ်မှာ လက်ထောက်ပြီး ခပ်ဖြေးဖြေးကလေး လှုပ်ရှားနေလိုက်တော့ ကိုကိုက ခပ်ပြုံးပြုံးနှင့် စည်းစိမ်ကိုခံစားနေသည်။

သည်းက တစ်ချက် တစ်ချက် ကိုကို့ရင်ဘက်နှင့်လည်ပင်း မျက်နှာတွေကို ငုံ့နမ်းတဲ့အခါမှာလည်း ကိုကိုဟာ အနမ်းရိုင်းတွေကို သည်းနှင့်အပြိုင်ပြန်ပေးသည်။

" အား...သည်းငယ်...နည်းနည်းလောက် မြန်လိုက်.."

" အင့်...ဟင့်...ကိုကို...သည်းလည်း... အား...."

သည်းသည် ကိုကို့စေခိုင်းမှုအတိုင်း အရှိန်ပြင်းပြင်းနှင့် ကျားလိုက်လို့ပြေးနေသော ယုန်ငယ်သဖွယ် လှုပ်ရှားပစ်လိုက်ရာ နှစ်ယောက်အတူ ခရီးဆုံးပြီးမြောက်ခြင်းဆီသို့ လျောလျောရှူရှူရောက်သွားပြီး သည်းဟာလည်း ကိုကို့ ရင်ခွင်ထဲသို့ မောဟိုက်စွာ အရုပ်ကြိုးပျက် မှောက်ကျလာသည်။

ကိုကိုဟာ သည်းကို အလိုက်သင့်ပွေ့ဖက်ထားပြီး သူမအတွင်းထဲက သူ၏ ပိုင်ဆိုင်ရာကို ဖြည်းဖြည်းချင်းဆွဲထုတ်သည်။

" ကိုကို့ကို အရမ်းချစ်တယ် "

ဟု သည်းက ကိုကို့ရဲ့ ရင်ခုန်သံကိုနားထောင်ပြီး မျက်နှာကိုမော့ကြည့်ကာပြောလျှင်

" ကိုယ်မင်းကိုချစ်တာ နှစ် ၁၀၀၀ ပါ သ​ည်းငယ် "

×××××××××××××××××××××××××
လှပတဲ့နံနက်ခင်းဆိုပေမဲ့ သည်းအတွက်တော့ နှုတ်ရမယ့်နံနက်ခင်း။

သည်းရဲ့လည်ပင်းကို အနောက်ကနေသိုင်းဖက်ထားသော ဖြူဖြူဖွေးဖွေးအကြောစိမ်းတို့ယှက်နွယ်နေတဲ့ ကိုကို့လက်တွေကို ငုံ့နမ်းလိုက်ကာ
ဖယ်လိုက်၍ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကိုကို့မျက်နှာချောချောကို နောက်ဆုံးဖြစ်မလားဆိုပြီး အဝကြည့်ကာ

"တောင်းပန်ပါတယ်ကိုကို သည်း ကိုကို့စကားကို နားမထောင်နိုင်ဘူး"

လိုင်းယ(န်)နှဖူးပေါ်သို့ နှုတ်ဆက်အနမ်းတစ်ပွင့်ခြွေလိုက်ပြီး ကိုကို့အင်္ကျီထဲက ဆွယ်တာတစ်ထည်အား ယူဝတ်လိုက်၍ထိုအခန်းထဲမှထွက်လာခဲ့သည်။

လွန်းပြည့် ဒီဂရီ ကိုခရစ် မစ္စဆွေ အန်တီသက် နဲ့ ဒေဝီပါမကျန် တစ်ယောက်ချင်းစီကို နှုတ်ဆက်ချင်ပေမဲ့ အခြေအနေအရ ဒီနေ့ဟာ နောက်ဆုံးနေ့ဖြစ်ပါလျှင်.....

သည်း ငိုနေရမယ့်အချိန်မဟုတ်ဘူး ဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိပေးပြီး နှင်းဆီပွင့်ရှိရာ အခန်းသို့ သွားခဲ့သည်။

ကိုကို့ လက်ဗွေရာနှင့်မှပွင့်သည့် ဒီအခန်းကို သည်းဘယ်လိုဖွင့်ရမလဲ။

လက်တွေလည်းတုန်လာကာ ကိုကိုမနိုးခင်ရ
အောင်ဖွင့်ရမှာမို့ သည်း ခြစ်ကုပ်စဉ်းစားရင်း စကားလက်ကို သတိရသွားကာ

"ဖုန်း ဖုန်း ဆက်ရမယ် !"

သည်းသည် ကိုကို့အခန်းထဲက ဖုန်းကိုပြန်သွားယူပြီး စကားလက်အား ဖုန်းအခေါ်မှာပင်
ရုတ်တရက် ဝရန်တာကနေရောက်လာသော စကားလက်။

"ဟင်!"

"သြော...မင်းရွေးချယ်မှုမှန်သားပဲ "

"အစ်မ ဘယ်လိုလုပ်!"

"အချိန်မရှိဘူး သည်းဦးပန် နှင်းဆီပွင့်ဖက်က တစ်ခုတည်းကျန်တော့တာ မင်းအချိန်မှီမယူနိုင်ရင် လိုင်းယ(န်) ပျောက်ကွယ်လိမ့်မယ်"

သည်းလည်း စိတ်လှုပ်ရှားလာပြီး

"ဘယ်လိုလုပ်ရမလဲ အစ်မ တံခါး က ကိုကို့လက်ဗွေရာနဲ့မှပွင့်မှာ အစ်မကို အခုပဲဖုန်းဆက်မလို့"

စကားလက် ထိုတံခါးကို လက်ဖဝါးဖြင့် တွန်းလိုက်ရာ အလွယ်နဲ့တော့မပွင့်။

"လော့ဖျက်မှဖြစ်မယ်ထင်တယ်"

"ရှင်!"

ရုတ်တရက် ပွင့်သွားသည့်တံခါးကြောင့်

"ဟင် ဘယ်လို!"

"မေ့သွားပြီလား ငါက စုန်းမဆိုတာ"

သည်းသည် ထိုအခန်းထဲကို ဝင်သွားလိုက်လျှင်
မီးတောက် အပြာတွေကြားထဲက နှင်းဆီပန်းကအရင်လိုမလှမပတော့ဘဲ ပွင့်ဖက်တစ်ခုသာကျန်သော အကျည်းတန်သည့်ပန်းပွင့်တစ်ပွင့်သဖွယ်။

သည်းသည် ထိုပန်းကို နာကျည်းစိတ်နှင့် မီးတောက်တွေကြားထဲကနေ ဖြတ်၍ လှမ်းအယူမှာ

"မလုပ်နဲ့!!"

ရုတ်တရက် သည်းလက်ကို ပုတ်ချ ဆွဲဖက်လိုက်ရာ ရင်ခွင်တစ်ခုထဲသို့

"ကိုယ် ပြောထားတယ်မလား ဒီပန်းကိုမထိပါနဲ့လို့"

စကားလက်သည် လိုင်းယ(န်)လက်ထဲက သည်းကိုဆွဲခေါ်ကာ

"ရှင် ဘယ်အချိန်ထိ ခေါင်းမာနေဦးမှာလဲ ဒီပွင့်ဖက်က အခုတစ်ခါ သည်းဦးပန်ကိုထပ်ကယ်လိုက်ရင် ကြွေကျပြီ ရှင့်ဘဝပြီးသွားပြီ လိုင်းယ(န်)"

သည်းသည် ထိုပန်းကို ယူဖို့ ထပ်ကြိုးစားလျှင်

"ကိုယ်ပြောနေတယ် သည်းငယ် မင်း ဒီလိုလုပ်စရာမလိုဘူး ဒီနှင်းဆီပွင့်ဖက်တစ်ခုက အချိန်ဘယ်လောက်တောင်ခံလဲသိလား မင်း သာကိုယ်နဲ့အတူ ရှိနေမယ်ဆိုရင် နောက်ထပ် လှပတဲ့အမှတ်တရအချို့တွေအများကြီးဖန်တီးလို့ရသေးတယ် အဲ့တာကြောင့် ကိုယ့်စကားနားထောင်ပါ"

"ဟင့်အင်း.... ဘယ်လောက်ထိခံမှာမို့လို့လဲ တစ်ရက်လား နှစ်ရက်လား အဲ့ဒီအချိန်အတွင်း ကိုကို တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ တောင်းပန်ပါတယ် ဒီကျန်စာကို ဖြေဖျောက်ခွင့်ပေးပါ "

ဆူညံသောမသံတွေကြောင့် ရုတ်တရက်ပေါ်လာတဲ့ ခရစ် မြင်လိုက်ရသည့်အခြေအနေ ကြောင့် မျက်လုံးပြူးသွားကာ နှင်းဆီပန်းကိုတစ်လှည့် တစ်ယောက်တစ်မျိုး ကြေကွဲနေသောမျက်နှာများနှင့် လူ၃ယောက်ကိုတစ်လှည့်ကြည့်ပြီး

"လိုင်းယ(န်) မင်း ....."

"ဟုတ်တယ် ကိုခရစ် ကိုကို့မှာအချိန်မကျန်တော့ဘူး ကျေးဇူးပြုပြီးဝိုင်းပြောပေးပါ သည်း အခုမှ ဒီပန်းကိုမယူရင် ကိုကို ပျောက်ကွယ်သွားတော့မှာ"

"ခရစ် သည်းကို ခေါ်သွား "

ခရစ် ဘာလုပ်ရမှန်းမသိ ရပ်နေရာမှ

"ခရစ် ငါပြောနေတယ်လေ သည်း ကိုခေါ်သွား"

အော်လိုက်သည့် လိုင်းယ(န်)ကြောင့် ခရစ်လည်း သည်းကိုပုခုံးကနေလှမ်းဆွဲလိုက်ရာ
စကားလက်က ပြန်ဆွဲသည်။

"ခရစ် ရှင် လိုင်းယ(န်)ကိုဒီတိုင်းအဆုံးအရှုံးခံမှာလား"

ထိုအခါ လိုင်းယ(န်)သည် သည်းကိုပွေ့လျှက် ထိုနေရာမှပျောက်သွားပြီး ရိုင်ယန်အိမ်တော်၏ ခေါင်းမိုးထပ်မှာ ထွက်ခွာစနေမင်းကြီးဆီ သည်းကိုအပ်နှင်းလို​က်သည်။

"ဒီမှာနေခဲ့ လုံးဝ လိုက်မလာနဲ့ ကိုယ်ပြန်လာခဲ့မယ်"

ချက်ချင်း ပြန်ပျောက်သွားသည့် ကိုကိုနောက်သို့ သည်းလိုက်သွားရန်ကြိုးစားပေမဲ အိမ်ထဲပြန်ဝင်ရမည့်တံခါးကို လုံးဝဖွင့်မရတော့ပေ။

"ကိုကို အဟင့်ဟင့်ဟင့် ကိုကို....တောင်းပန်ပါတယ် သည်း ကိုဝင်ခွင့်ပြုပါ"

××××

"လိုင်းယ(န်) ရှင်ဒီလို လုပ်ရုံနဲ့ ပြီးသွားမှာမဟုတ်ဘူး "

"ငါအဆုံးထိ သည်းဦးပန်ကို ကာကွယ်သွားမှာ သူ့ကိုစတေးပြီးမှ ရမယ့် အသက်မျိုးနဲ့ ငါမရှင်သန်နိုင်ဘူး "

စကားလက်က ခပ်မဲ့မဲ့ပြုံးလိုက်၍

"ရှင် ဒီဇာတ်သိမ်းကို နှစ်၁၀၀၀လောက်စောင့်နေပြီးတော့မှ အလကားအဖြစ်ခံတော့မှာလား "

"ငါ့ ဇာတ်သိမ်းက ငါ့စိတ်ကြိုက်ပဲ မင်းဝင်ပါစရာမလိုဘူး"

"ကျွန်မလည်းမတက်နိုင်ဘူး ဒီနှစ်၁၀၀၀ကိုရှင်နဲ့အတူ စောင့်နေရတဲ့ ကျွန်မကတော့ အလကားအဖြစ်မခံနိုင်ဘူး ရှင့်ကို ရအောင် ကယ်တင်မှာဘဲ"

စကားလက်က နှင်းဆီပန်းတင်ထားတဲ့ ဖန်ကပ်ကို လှမ်းယူပြီး ခေါင်မိုးထပ်သို့သွားသဖြင့်
လိုင်းယ(န်) အဆုံးသတ်အထိ အလျော့မပေးတဲ့ စကားလက်ကို စိတ်ပျက်မိသည်။

"သည်းဦးပန် မြန်မြန် ပန်းကိုလာယူ!"

လိုင်းယ(န်)က သည်းရဲ့ရှေ့သို့ ခြင်္သေ့တစ်ကောင်အသွင်နှင့် "ဝေါင်း" ခနဲဟိန်းလျှက် ထိုပန်းကိုခုန်အုပ်လိုက်သည့်အခါစကားလက်၏ လက်ထဲကနေ ပန်းဟာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ လိုင်းယ(န်)သည် မာန်ဖီလျှက် စကားလက် အပေါ်သို့ ခုန်အုပ်ချလိုက်ရာ

"အား...."

တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် သတ်နေစဉ် သည်းဟာ မကြာခင်က ရုတ်တရက် ပေါ်လာတဲ့ ခြင်္သေ့အသွင် ကိုကို့ကြောင့် လဲသွားသော ကြမ်းပြင်ကနေ ပြန်မထနိုင်ဘဲ ထိုပန်းကို မမှီတမှီလှမ်းယူဖို့ကြိုးစားသည်။

စကားလက်က ခြင်္သေ့လိုင်းယ(န်)ရဲ့အောက်ကနေ ပန်းကိုမမှီ မှီအောင်ယူနေသော သည်းကို မြင်လိုက်ကာ သူမလက်က အစွမ်းအချို့ဖြင့် သည်းလက်နှင့်မှီ​အောင် ​ပန်းကို နေရာရွှေ့ပေးဖို့ကြိုးစားလျှင် လိုင်းယ(န်) ဟာ စကားလက်၏ လည်ပင်းအား ကြီးမားချွန်ထက်သောအစွယ်အချို့ဖြင့် ကိုက်သတ်ပစ်လိုက်၏။

"အ....အား...."

အစိမ်းရောင်သွေးအချို့ဟာ လည်ပင်းမှပေါက်ထွက်လာပြီး သူမရဲ့လက်တွေလည်းလှုပ်မလာတော့ပါ ရုတ်ချည်းငြိမ်ကျသွားတဲ့ စကားလက် အသက်မရှိတော့တာကို သတိထားမိလိုက်တဲ့ သည်း ကိုယ်တိုင်လည်း စွံ့အ အံ့သြမိရင်း
စကားလက်ရဲ့ရုပ်အလောင်းဟာပြာတွေအဖြစ်ပျောက်ကွယ်သွား၍ လိုင်းယ(န်)ဟာ တိုက်ခိုက်ထားရလို့ပင်ပန်းနေသော်လည်း သည်းအနားသို့ တစ်လှမ်းချင်းဖြေးညှင်းစွာရောက်အောင်လာခဲ့သည်။

ဒီတစ်ကြိမ်မှာလည်း သည်းအသက်ကိုကယ်လိုက်ပြန်ပြီမို့ နှင်းဆီပွင့်ဖက် ကြွေကျသွားပြီ ဆိုတာ သည်းသိသလို ကိုကိုလည်းသိလိမ့်မည်။

လည်ဆံမွှေးအရှည်ကြီးတွေနဲ့ မျက်လုံးအပြာရောင်ခြင်္သေ့တစ်ကောင်အသွင် ချစ်ရပါသော ကိုကို့အား သည်းပွေ့ဖက်လိုက်ပြီး တဟီးဟီးရှိုက်ငိုကာ

"မသွားပါနဲ့ ပျောက်ကွယ်မသွားပါနဲ့ "

ခရစ်က နောက်ပြန်လဲကျသွား၍ ကြေကွဲစဖွယ် ချစ်သူနှစ်ဦး၏နှုတ်ဆက်မြင်ကွင်းကြောင့်
ကြက်သေသေသွားသည်။

"မသွားပါနဲ့ ကိုကို ဟီးအီး...ဟီး ကိုကို့ကိုချစ်တယ် သည်း ကိုကိုမရှိဘဲ မနေနိုင်ဘူး တောင်းပန်ပါတယ် မသွားပါနဲ့ ကိုကို မသွားပါနဲ့ ....."

သေချာပေါက်ပျောက်ကွယ်တော့မယ်ဆိုတာ သိနေသော်လည်း နှုတ်ကနေ မဖြစ်နိုင်တာကို အတင်းတောင်းဆိုနေမိသည်။

အမြှီးကနေတစ်ဆင့် ပြာမှုန်များအဖြစ်သို့တရိပ်ရိပ် လွင့်စင်နေပြီဖြစ်တာကြောင့်

"ကိုကို သည်းကိုထားမသွားပါနဲ့ သည်း ဘယ်လောက်ပဲပေးဆပ်ရပေးဆပ်ရ ကိုကိုမရှိဘဲ မနေနိုင်လို့ပါ ကိုကို မသွားပါနဲ့"

ထိုစကားအပြင်ထပ်မပြောနိုင်တဲ့ သည်းကို လိုင်းယ(န်)ကိုယ်တစ်ဝက် လွင့်စင်နေပြီဖြစ်၍ လူအသွင်ပြောင်းလဲသွားကာ လွတ်ထွက်မသွားအောင် တစ်ယောက်ကို တစ်ယောက် အတင်းဖက်ထားကြပြီး

"ကိုယ်မင်းကိုချစ်တယ်!"

နားထဲမှာတိုးသဲ့သဲ့ကို့ကို့အသံလေးကြားလိုက်ရပြီးနောက် သည်းလက်ထဲမှာ ဗလာကျင်းဖြစ်သွားကာ

"ဟင်...."

ကောင်းကင်သို့လွင့်စင်နေတဲ့ ကိုကို့အရိပ်အယောင် ပြာမှုန်တွေ။

သည်းသည် မတ်တပ်မရပ်နိုင်တဲ့ကြားက အန္တရာယ်များလှသည့် ခေါင်မိုးထပ်မှာ
အတင်းပြေးကာ ငယ်သံပါအောင် အော်ခေါ်မိရင်း

"ကိုကို....ဟီး အီး ကိုကို ပြန်လာခဲ့ပါ သည်း ကိုကိုမရှိရင် ဘယ်လိုနေရမလဲ ကိုကို အဟင့်....ဟင်.."

ခရစ်သည် ခေါင်မိုးထပ်ကနေပြုတ်ကျမည်စိုးသောကြောင့် သည်းအား နောက်ကနေ ပြန်ဆွဲထားပြီး

"သည်း သတိထားပါဦး သည်းဦးပန်.!!"

"ကိုကို...အဟင့် အ...အ..."

အသံလည်းမထွက်တော့ဘဲ ခရစ်လက်ထဲမှာ ပျော့ခွေကျသွားသော သည်းကြောင့်
ခရစ်လည်းပွေ့ချီကာ အောက်သို့ဆင်းခဲ့လျှင်
မစ္စဆွေလည်း ထိုနည်းတူစွာ ငိုနေသဖြင့်

"မစ္စဆွေ သည်းဦးပန် ကို ကူပါဦး ကျွန်တော်တို့ဆေးရုံသွားရလိမ့်မယ်"

လိုင်းယ(န်)ပျောက်ကွယ်သွားသည်ဖြစ်စေ လိုင်းယ(န်)သာကျိန်စာပြယ်၍သာမာန်လူတစ်ယောက်ဖြစ်လာလျှင်ဖြစ်စေ မစ္စဆွေနှင့်ခရစ်သည် အပစ်ပေးခံရတဲ့ဝိဉာဉ်အဖြစ်မုကင်းလွတ်ကာ သာမာန်လူတစ်ယောက်အဖြစ်ရှင်သန်နိုင်မည်ဖြစ်သည် ။ မစ္စဆွေနှင့်ခရစ်သည် လိုင်းယ(န်)အပေါ်မူတည်တာကြောင့်ဖြစ်၏။


××××××××××××××××××××××××××××××
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (19) ဆက်ရန်
အမှန်တော့ fb မှာက အပိုင်း (17) နဲ့ ဇာတ်သိမ်းခဲ့တာပါ
ဒီမှာဆို အခု အပိုင်း (18) ကဇာတ်သိမ်းဖြစ်မှာပေါ့ အပိုင်း (16) ကလည်း ဒီရောက်မှအသစ်ရေးတာဆိုတော့လေ ဒါပေမဲ့ fb ရဲ့ ဇာတ်သိမ်းက တစ်ဝက်တစ်ပျက်နဲ့ နားမလည်ကြဘူးဆိုလို့ အဲ့ဒီကနေ နည်းနည်းလေးပိုရေးပေးဖို့ ဆန္ဒရှိပါတယ် အဲ့တာကြောင့် အပိုင်း (18) ကို ဒီနေရာမှာတင်ရပ်လိုက်တာပါ

Zawgyi Version

ဘုရင့် သည်းဦးပန်
အပိုင်း (18)










"သည်းမြင်ဖူးပါတယ် !"




"ရှင်!!"










"ဒါဆို ဒီဂရီကရော! "



"ရှင်!!"

"မင်းကို လိုင်းယ(န်)ကသာ မြန်မြန်ပြောပြခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး အခု အချိန်တွေက နောက်ကျကုန်တော့ မလိုအပ်တာတွေ ဆုံးရှုံးရတော့မယ် နောက် ၁၅မိနစ်မှာ ဒီဂရီ ကား အက်စီဒင့်ဖြစ်လိမ့်မယ် မင်းတားနိုင်ရင် ရအောင်တားပေါ့ "




၅.. ၄....၃....၂...၁


"သည်း! "


"မလာနဲ့!!"



"ကိုကို!"













"ဒီဂရီ !"



စိုးရ်ိမ်ကြီးစွာနှင့်။








"အင်း သွားတာပေါ့ "


"သည်း!"

"ငါအရင်ပြောမယ် ဒီဂရီ"



"ငါ...."
















သည်း ပြုံးလိုက်လျှင်









"ကိုကို!"



"ပြန်ရအောင်လေ "


"နေမကောင်းဘူးလား"
"ဟင့်အင်း "





"သည်း!"










"သည်းငယ် သိသွားပြီလား"


















" အင်း...အင့်...ကိုကို "



" အ...ကိုကို... "


" အင်း... "





" ဟင်...သည်း...သည်းက... အင့်...အ... "




















"ဖုန်း ဖုန်း ဆက်ရမယ် !"


"ဟင်!"


"အစ်မ ဘယ်လိုလုပ်!"






"ရှင်!"


"ဟင် ဘယ်လို!"




"မလုပ်နဲ့!!"









"လိုင်းယ(န်) မင်း ....."


"ခရစ် သည်းကို ခေါ်သွား "



စကားလက်က ပြန်ဆွဲသည်။















"အား...."



"အ....အား...."





ကြက်သေသေသွားသည်။






"ကိုယ်မင်းကိုချစ်တယ်!"


"ဟင်...."






"ကိုကို...အဟင့် အ...အ..."




အပိုင်း (19) ဆက်ရန်

Continue Reading

You'll Also Like

530K 17.5K 47
မချစ်ကြပဲ လက်ထပ်ခဲ့ကြတဲ့ သူတို့နှစ်ဦး... ''မင်းကကိုယ့်ဇနီးပါမင်းနောက်မှာကိုယ်ရှိတယ်..ကိုယ်နောက်မှာ ငွေကြေးနဲ့အာဏာရှိတယ်.. မင်းအသုံးချပစ်လိုက်စမ်း...
854K 17.5K 40
မထင်မှတ်ထားတဲ့အမှားကြောင့် မင်းကိုလက်ထပ်လိုက်ရပေမဲ့ ရင်ထဲမှာတန်ဖိုးထားပြီး ချစ်ရတာပါဆိုတဲ့...ဦးနဲ့ချာတိတ်။
105K 4.8K 16
အင်မတန်မှ ကပ်စေးနှဲသည့် ကရင်လေး စောကလယ် နဲ့ မြို့သူစွာတေးလေး ရွှေသားပုဝါ တို့ရဲ့ ဘုဘောက် Funny Romance
29.2K 1.7K 24
ရင်ခုန်ခြင်းဟာ အချစ်၏တမန်တော်များလား