By Fair Means or Foul || Comp...

By dora_jaynyi

132K 12.3K 464

[ B J Y X ] The eternal triangle of WangYiBo, Xiao Zhan & Leo This is my very 1st work.I give the full credi... More

|| 1 || Unicode
|| 1 || Zawgyi
|| 2 || Unicode
|| 2 || Zawgyi
|| 3 || Unicode
|| 3 || Zawgyi
|| 4 || Unicode
|| 4 || Zawgyi
|| 5 || Unicode
|| 5 || Zawgyi
|| 6 || Unicode
|| 6 || Zawgyi
|| 7 || Unicode
|| 7 || Zawgyi
|| 8 || Unicode
|| 8 || Zawgyi
|| 9 || Unicode
|| 9 || Zawgyi
Gimme a second!
|| 10 || Unicode
|| 10 || Zawgyi
|| 11 || Unicode
|| 11 || Zawgyi
|| 12 || Zawgyi
|| 13 || Unicode
|| 13 || Zawgyi
|| 14 || Unicode
|| 14 || Zawgyi
|| 15 || Unicode
|| 15 || Zawgyi
|| 16 || Unicode
|| 16 || Zawgyi
|| 17 || Unicode
|| 17 || Zawgyi
|| 18 || Unicode
|| 18 || Zawgyi
|| 19 || Unicode
|| 19 || Zawgyi
|| 20 || Unicode
|| 20 || Zawgyi
|| 21 || Unicode
|| 21 || Zawgyi
|| 22 || Unicode
|| 22 || Zawgyi
|| 23 || Unicode
|| 23 || Zawgyi
|| 24 || Unicode
|| 24 || Zawgyi
|| 25 || Unicode
|| 25 || Zawgyi
|| 26 || Unicode
|| 26 || Zawgyi
|| 27 || Unicode
|| 27 || Zawgyi
|| 28 || Unicode
|| 28 || Zawgyi
|| 29 || Unicode
|| 29 || Zawgyi
|| The End || Unicode
|| The End || Zawgyi
Farewell Letter
|| Extra || Unicode
|| Extra || Zawgyi

|| 12 || Unicode

2.4K 308 10
By dora_jaynyi

"ရိပေါ် ဆေးလိမ်းရအောင်"

"ရတယ် မလိုဘူး"

"ဘာကိုမလိုတာလဲ မျက်နှာယောင်နေတာ မမြင်ဘူးလား"

"ရတယ်လို့"

"ပြပါဦး မျက်နှာချောချောလေးကို"

"မလိုဘူးလို့ပြောနေတယ်လေ ရှောင်းကျန့်"

ရှောင်းကျန့်က ရိပေါ်စကားကို မကြားချင်ယောင်ဆောင်ကာ မျက်နှာကိုဆွဲ၍ ဆေးလိမ်းပေးသည်။

"စပ်လား ရိပေါ်"

"မစပ်ဘူး"

"စပ်ရင် မှုတ်ပေးမလို့မေးတာ"

"စပ်တယ်"

"ခုနက မစပ်ဘူးဆို အမျိုးမျိုးပဲ "

"ခုနက မစပ်ဘူး ခု စပ်တယ်"

"ပြီးရော မင်းကလေ တကယ့်မျောက်စိတ်"

ရှောင်းကျန့်က ရိပေါ်မျက်နှာပေါ်က ဆေးထည့်ထားတဲ့ ဒဏ်ရာတွေကို လေဖွဖွလေးမှုတ်ပေးသည်။
ဆူဆူထွက်လာတဲ့ ရှောင်းကျန့်နှုတ်ခမ်းပါးပါးလေးဆီက ရိပေါ်အကြည့်မလွှဲနိုင်ပါ။

"ဝမ်ရိပေါ် ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ"

"ရှောင်းကျန့်"

"ဘာလဲ"

"နောက်တစ်ခါ မင်းနှုတ်ခမ်းကို အဲ့လိုဆူထွက်မထားနဲ့"

"မင်းပဲ စပ်တယ်ဆိုလို့ မှုတ်ပေးတာလေ
နှုတ်ခမ်းဆူပြီး မမှုတ်လို့ ပါးစပ်ပိတ်ပြီး မှုတ်ပေးရမှာလား"

"....."

"ပြီးပြီ ငါပြန်တော့မယ်"

"ဒီမှာအိပ်"

"အိပ်ချင်ဘူး ပြန်မှာ"

"ညကျ ဒဏ်ရာတွေက နာမှာ"

"နာနာပေါ့ မင်းတို့ဘာသာဖြစ်တာလေ"

"....."

"ရိပေါ် ငါ မင်းနဲ့လီယိုကို အဆင်ပြေစေချင်တယ်"

"ဒါပြောမယ်ဆို ပြန်တော့"

"ရန်ဖြစ်တာ မကောင်းဘူး ရိပေါ်"

"ငါ့ကိုမခေါ်ပဲ အပြင်သွားတာလဲမကောင်းဘူး ရှောင်းကျန့်"

"ဒါက..."

"တော်ပြီ ငါအိပ်ချင်ပြီ"

"အင်း နားလိုက်တော့"

ရှောင်းကျန့်က ရိပေါ်ကို စောင်ပါးပါးဆွဲခြုံပေးပြီး ပြန်ရန်ပြင်သည်။

"ဒါ ဘယ်လဲ"

"အိမ်ကိုလေ"

"မပြန်ရဘူး လာ​ခဲ့"

ရိပေါ်က ရှောင်းကျန့်လက်ကို ဆွဲကာ ကုတင်ပေါ်ဆွဲချသည်။ထိုမျှနှင့်မပြီး ရှောင်းကျန့်ကိုယ်ပေါ်ကို ခြေထောက်တစ်ဖက်ခွကာ ဖိထားသေးသည်။

"ရိပေါ် မင်း..."

"အိပ်ပြီ"

▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ရိပေါ်က တရှူးရှူးနဲ့အိပ်ပျော်သွားပေမယ့် မအိပ်နိုင်ပဲ အတွေးများနေတာက ရှောင်းကျန့််ရယ်ပါ။

လီယိုရဲ့ချစ်တယ်ဆိုတဲ့စကားအပေါ်  ဘယ်လို တုန့်ပြန်သင့်တယ် သူမသိပါ။
ဘယ်လိုခံစားရလဲမေးရင်တော့ သူ့ရင်ထဲမှာ အံ့သြတာရော၊ ရှက်တာရော၊ နွေးတေးတေးရှိန်းတိန်းတိန်းဖြစ်နေတာရော ရောပြွန်းနေတာတော့ အမှန်ပါ။

ဟိုးငယ်ငယ်ကတည်းက တရင်းတနှီးပေါင်းသင်းလာခဲ့တဲ့ ကလေးတစ်ယောက်က ကိုယ့်အပေါ်ကို  ဒီလိုခံစားချက်မျိိုးရှိနေတာက ရှောင်းကျန့်အတွက် တမျိုးဖြစ်နေပေမယ့်
လက်မခံနိုင်စရာတော့ မရှိပါ။

လီယိုက လိမ္မာပြီး ရှောင်းကျန့် အပေါ်ကောင်းတဲ့ကလေးတစ်ယောက်မို့ လီယို့ကို ရှောင်းကျန့်ယုံပါသည်။

အတွေးများရင်း ခန္ဓာကိုယ်ကို တစ်ဖက်လှည့်လိုက်တော့ ရိပေါ်ရဲ့ ဝင်လေထွက်လေနွေးနွေးက မျက်နှာကို လာရိုက်ခတ်သည်။
အိပ်ရာ​ဘေးက မီးအိမ်မှိန်မှိန်အောက်မှာ ရိပေါ်မျက်နှာကို အကြောင်းမဲ့ စိုက်ကြည့်နေမိသည်။

ရိပေါ်ပါးနုနုကို လက်ဖြင့် အသာအယာထိတွေ့လိုက်တော့ ကလေးဘဝက ပါးဖောင်းဖောင်းလေးကို သတိရမိပါသည်။
အပြုံးအရယ်နည်းပြီး မျက်နှာထားတည်တည်နဲ့ ကလေးလေးကို လွမ်းမိပါသည်။
အားအားရှိ ရှောင်းကျန့် ပါးကို တရွှတ်ရွှတ်လာနမ်းတတ်သည့် ကလေးလေးကို တော့ဖြင့် ရှောင်းကျန့် တကယ်လွမ်းမိပါသည်။

အခု လီယိုနဲ့ကိစ္စကိုလည်း ရှောင်းကျန့် ရိပေါ်ကို ကြိုမပြောချင်ပါ။ နဂိုကတည်းက မတည့်သည့်ကလေးနှစ်ယောက်ကို ရှောင်းကျန့် ပြဿနာထပ်မဖြစ်စေချင်ပါ။
ပြီးတော့ ရိပေါ်က ဒီလိုဆက်ဆံရေးမျိုးကို လက်ခံ မခံ ရှောင်းကျန့်မတွေးရဲပါ။

ရှောင်းကျန့် တစ်နေ့နေ့မှာ လီယိုကိုလက်ခံဖြစ်ခဲ့ရင်တော့ ရိပေါ်ကို အရင်ဆုံးပြောပြမယ်လို့ စိတ်ကူးထားပါသည်။ ထိုအခါကျ ရိပေါ် ဘယ်လိုတုန့်ပြန်မယ်မသိပါ။
စိတ်ဆိုးသွားလေမလား၊ စိတ်ပျက်သွားလေမလား ။

မားပြောနေကျ 'မင်း ရိပေါ်ကို နားမလည်နိုင်​သေးပါဘူး'ဆိုတဲ့စကားက တကယ်မှန်သည်။
ရိပေါ်ကို သူနားမလည်နိုင်သေးပါ။
ဒီလောက် နှစ်တွေအများကြီး အတူရှိခဲ့သော
ကောင်လေးကို ရှောင်းကျန့် ကောင်းကောင်းနားမလည်နိုင်သေးပါ။

ရှောင်းကျန့် လက်တစ်ဖက်ကို ရိပေါ်ခါးပေါ်လှမ်းတင်ကာ မျက်လုံးစုံမှိတ်၍အိပ်ပစ်လိုက်သည်။

ထိုနေ့ညက အိပ်မက်ထဲမှာ အရုပ်တွေနဲ့ ဆော့ ကစားနေတဲ့ကလေးလေးနှစ်ယောက်ကို ရှောင်းကျန့်  တွေ့ပါသည်။
ထိုနှစ်ယောက်ဘေးမှာ မကျေမနပ်နဲ့ ခါးထောက်ရပ်နေတဲ့ ပါးဖောင်းဖောင်းလေးကိုလည်း ရှောင်းကျန့်တွေ့ခဲ့ပါသေးသည်။

........................................................................

Hello! Long time no see ya
အားလုံးပဲ အဆင်ပြေကြရဲ့လားရှင်

ဒီမှာ​တော့ Octလ စကတည်းက စိတ်မောလူမောဖြစ်စရာcaseတွေချည်းပဲ ကြုံလိုက်ရတာဆိုတာ ခုထိပါပဲ။ ဖြစ်ပျက်သမျှကိုတော့ ခိုညည်း ညည်းမပြချင်တော့ပါဘူး။
အကြာကြီးပျောက်နေမိတဲ့အတွက်တော့ တောင်းပန်ပါတယ်နော် ။

နောက်updateတွေကိုလည်း အင်တာနက်ရရင်ရသလို ၊ အဆင်​ပြေရင်ပြေသလို တင်ပေးသွားပါမယ်ရှင့်။
အခုတော့ စစ်ဘေးရှောင်လုံးလုံးဖြစ်နေပါပြီ။
အားလုံးပဲ နေကောင်းကျန်းမာကြပါစေရှင်။ အစစအရာရာ ဂရုစိုက်ကြပါရှင့်။

Continue Reading

You'll Also Like

45.8K 1.6K 59
𝔗'𝔄𝔦𝔪𝔢𝔯: '𝔱𝔬 𝔩𝔬𝔳𝔢 𝔶𝔬𝔲...' (𝔗𝔞𝔢𝔨𝔬𝔬𝔨) ᴀ ꜱᴛᴏʀʏ ᴛʜᴀᴛ ᴍᴏᴠᴇꜱ ʙᴇᴛᴡᴇᴇɴ ᴛʜᴇ ᴘʀᴇꜱᴇɴᴛ ᴀɴᴅ ᴛʜᴇ ᴘᴀꜱᴛ, ᴀʙᴏᴜᴛ ᴀ ʙᴏʏ, ɴᴀᴍᴇᴅ ᴊᴜɴɢᴋᴏ...
11.6K 735 4
3.April.2023 Birthday present for sister ❤️🙆
15.6K 1.3K 5
𝑩𝑱𝒀𝑿 𝑭𝒂𝒏𝒇𝒊𝒄𝒕𝒊𝒐𝒏~♡︎ 𝒱𝒶𝓁ℯ𝓃𝓉𝒾𝓃ℯ 𝒹𝒶𝓎 𝓅𝓇ℯ𝓈ℯ𝓃𝓉 𝒷𝓎 ℳℴ𝓂ℯ𝓁ℴ𝓃_𝒴𝒾 Publish Date_14.2.2022
2.4K 111 8
အသက်ထက်ဝက်ကျော်ကွာတဲ့ ရှောင်းကျန့်နဲ့ ရိပေါ်တို့ရဲ့ ချစ်စရာ married life လေး အသက်ထက်ဝက်ကျော်ကွာတဲ့ ရှောင်းကျန့်နဲ့ ရိပေါ်တို့ရဲ့ ချစ်စရာ married life...