ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

849K 122K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.5.3

3.9K 642 169
By devil61002

အန္းဇယ္ရီက တစ္ခ်က္ေဝွ႔ၾကၫ့္လိုက္သည္ ။ မုန႔္ယိရွင္းမွ လြဲ၍ အကုန္လံုးက ေခါင္းငံုထားကာ သူ႔အား အရိုအေသေပးေနၾကတုန္းပင္ ။ သူက ေရ႔ွသို႔ အသာတိုးကာ ေလ်ွာက္လာခဲ့သည္။ မုန႔္ယိရွင္းသည္ထိုျမင္ကြင္းအား မ်က္လံုးေတာင့္မွ ျမင္လိုက္သျဖင့္ သူမ ၏ ႏူတ္ခမ္းတို႔သည္ လွပစြာ တြန႔္ေကြးသြားခဲ့သည္ ။

သူမက ေက်နပ္သြားဟန္ျဖင့္ ၿပံဳးကာ လွၫ့္ၾကၫ့္ၿပီး စကားေျပာရန္ျပင္လိုက္ေသာ္လည္း ႏူတ္ခမ္းဝတြင္ သာ ရပ္တန႔္သြားခဲ့သည္ ။

အန္းဇယ္ရီ သည္ သူမကို ေက်ာ္သြားကာ ႏွစ္ဖက္ကို ဆုပ္ကာ အရိုအေသေပးေနသၫ့္ လင္းယြီ႔ အေရ႔ွတြင္ ရပ္တန႔္လိုက္သည္ ။ အကုန္လံုး၏ အေရ႔ွမွာပင္ လက္ကို ဆန႔္ထုတ္လ်က္ လင္းယြီ႔အား အသာထူမလိုက္သည္ ။ လူတိုင္းသည္ သူတို႔ေမးရိုး ျပဳတ္က်သြားမတတ္ပင္ အံ့ဩသြားခဲ့ၾကသည္ ။

" ဘာလဲ .. ဝမ္ရယ္က ၾကင္ယာေတာ္ကို အျပစ္မေပးတဲ့အျပင္ ကိုယ္လုပ္ေတာ္မုန႔္ကို လစ္လ်ဳရႈလိုက္တာလား "

" ၾကၫ့္ရတာ ... မေန့ကအျဖစ္အပ်က္က ဝမ္ရယ္ကို ေတာ္ေတာ္ စိတ္တိုသြားေစပံုဘဲ "

တီးတိုးေျပာေနသၫ့္ အေစခံတစ္‌ေယာက္ေရရြတ္သံသည္ သိပ္မက်ယ္ေသာ္ျငား ဆယ္ေယာက္ .. အေယာက္ႏွစ္ဆယ္ ၏ ေရရြတ္သံကေတာ့ ကန္းမေနသေရြ့ လူတိုင္းၾကားရေလသည္။

လင္းယြီ႔က သူ႔လက္ကို ကိုင္ထားကာ မလႊတ္ေပးေသးသၫ့္ အန္းဇယ္ရီ ကို ၾကၫ့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။  ' ဒီလူ ဘာေတြႀကံစည္ေနျပန္တာလဲ ..'

အန္းဇယ္ရီက လင္းယြီ႔နဲ႔ ယွဉ္ရပ္လိုက္ကာ တိုင္ၾကားသၫ့္အေစခံကို ၾကၫ့္ကာ‌ေမးလိုက္သည္ ။ " သူက ဘယ္သူလဲ"

" စစ္သူႀကီးလင္းယြီပါ .." အေစခံသည္ ခ်က္ခ်င္းပင္ တစ္ခုခုမွားယြင္းေနသည္ကို သိလိုက္သည္။

" ၿပီးေတာ့ေရာ .." အန္းဇယ္ရီ က မ်က္ခံုးအသာပင့္လ်က္ ေျပာလိုက္ေသာ္လည္း သူ႔ေလသံသည္ တျဖည္းျဖည္း ေအးစက္လာခဲ့သည္။

အေစခံက ‌ဒူးမ်ားတုန္ယင္လာကာ ေျမျပင္ေပၚသို႔ ဒူးေထာက္ခ်လိုက္သည္ ။ " အရွင့္သားရဲ့ ၾကင္ယာေတာ္ပါ ..ဝမ္ရယ္!! .. ကြၽန္ေတာ္မ်ိဳးက ကိုယ္လုပ္ေတာ္မုန႔္ ခိုင္းလို႔ လုပ္ရတာပါ .. သက္ၫွာေပးပါ " သူက အန္းဇယ္ရီ မေျပာခင္ပင္ ဦးစြာ မုန႔္ယိရွင္းအား အျပစ္လြဲခ်လိုက္ေလသည္ ။

" နင္!! နင္!!! ေလ်ွာက္မေျပာနဲ႔ .. " မုန႔္ယိရွင္းက ‌အ‌ေသခံအား ကန္လိုက္ကာ ေဒါသတႀကီး ေအာ္ဟစ္လိုက္သည္ ။ "  လာၾကစမ္း.. သူ ့ကို ေသေအာင္ရိုက္သတ္လိုက္ၾက.."

အန္းဇယ္ရီက မုန႔္ယိရွင္း အား မ်က္ႏွာေသျဖင့္သာ ဆက္ၾကၫ့္ေနခဲ့သည္ ။ အေစာင့္မ်ားသည္ ေရာက္လာေသာ္လည္း ဘာမွဆက္မလုပ္ဘဲ အန္းဇယ္ရီ၏ အမိန႔္ကိုသာ တြန႔္ဆုတ္စြာ ေစာင့္ေနၾကသည္ ။

" ကိုယ္လုပ္ေတာ္မုန႔္ဆီက ေက်ာက္စိမ္းျပားကို ယူလာခဲ့ !! "  မတူညီသၫ့္ အမိန႔္ေၾကာင့္ အေစခံမ်ား ထပ္မံအံ့ဩရျပန္သည္ ။

" အန္းဇယ္ရီ!!! လုပ္ရဲတယ္.. ငါထြက္သြားမယ္ ဒီမွာမေနဘူး!! .." မုန႔္ယိရွင္းက ေက်ာက္စိမ္းျပားကို ေျမျပင္ေပၚသို႔ ပစ္ခ်လိုက္ကာ ေျပာလိုက္သည္ ။ ေအာက္တြင္ အုတ္မ်ားခင္းထားသျဖင့္ က်သြားသည္နဲ႔ ကြဲေၾကသြားမွာ ျဖစ္သည္ ။

အန္းဇယ္ရီ က ေျခေထာက္အား တစ္ခ်က္လႈပ္ရွားလိုက္ကာ အေပၚကို ျပန္ကန္လိုက္ၿပီး ဖမ္းယူလိုက္သည္ ။ သူ႔အၾကၫ့္ ေအးစက္သြားကာ " ကိုယ္လုပ္ေတာ္မုန႔္ က ၾကင္ယာေတာ္ကို မေလးမစားျပဳမႈတဲ့အျပင္ အေစခံကို ေကာင္းေကာင္းမသြန္သင္ခဲ့တဲ့အတြက္ သူမကို အိမ္ေတာ္ကေန ႏွင္ထုတ္လိုက္ !!! " သူသည္ မုန႔္ယိရွင္းအား ရာထူးအတိုင္းပင္ ႏွင္ထုတ္လိုက္ၿပီး မကြာရွင္းေပးခဲ့ေပ ။ ထို‌့ေၾကာင့္ မုန႔္ယိရွင္းသည္ ႏွင္ထုတ္ခံလိုက္ရေသာ္လည္း အျခားတစ္ေယာက္ကို လက္မထပ္ႏိုင္ေပ ။ လက္ထပ္တဲ့သူကလဲ ခ်ီဝမ္ရယ္ ကို ထိပါးသၫ့္သေဘာသက္ေရာက္လိမ့္မည္ ျဖစ္ကာ လက္ထပ္ရဲမည္မဟုတ္ေပ ။ သူတို႔က မုန႔္ယိရွင္းအား အလြန္ခ်စ္လြန္းလ်ွင္ေတာင္ လက္ထပ္ဖို႔ ႏွစ္ခါျပန္စဉ္းစားရေပမည္ ။

" နင္.. နင္... ရတယ္.. နင္ငါ့ကို ဒီလိုဆက္ဆံတဲ့အတြက္ ေနာင္တရေစရမယ္ " မုန႔္ယိရွင္းက အန္းဇယ္ရီအား လက္ညိုးေငါက္ေငါက္ထိုးကာ ေျပာလိုက္သည္ ။

" ခ်င္းရန္!! ဝမ္ရယ္ကို မေလးမစားေျပာရင္ ဘယ္လို အျပစ္ေပးရမလဲ " အန္းဇယ္ရီက သူ႔ေဘးနားက ကိုယ္ရံေတာ္အား ေမးလိုက္သည္ ။ ခ်င္းရန္သည္ သူ႔ဝမ္ရယ္၏ အျပဳအမႈေၾကာင့္ အံ့အားသင့္ေနဆဲပင္ ။ ေနာက္ဆံုးေတာ့ ဝမ္ရယ္က အသိဝင္လာၿပီဘဲ ။ သူက အရိုအေသေပးလ်က္ အလ်င္အျမန္ေျဖလိုက္သည္ ။

" ေသတဲ့အထိ ႀကိမ္ဒဏ္ အျပစ္ေပးခံရပါမယ္ .. " ခ်င္းရန္ က တစ္ခ်က္ေတြးလိုက္ၿပီး " ကိုယ္ထိလက္‌ေရာက္ ပစ္မွားရင္ ခႏၶာကိုယ္အစိတ္အပိုင္း ျဖတ္ေတာက္ခံရပါမယ္ "

" လာၾကစမ္း!! ကိုယ္လုပ္ေတာ္ ကို ႀကိမ္ဒဏ္ အခ်က္သံုးဆယ္ ေပးၿပီး ႏွင္ထုတ္လိုက္ .. " သူက လက္ေဝ႔ွယမ္းကာ ေျပာၿပီးေနာက္ လက္ႏွစ္ဖက္ကို အေနာက္ပစ္လ်က္ ထြက္သြားေတာ့သည္ ။ က်န္ခဲ့သၫ့္လူမ်ားမွာ အတင္းေျပာသူေျပာ ၊ သတင္းပို႔သူပို႔ ၊ ေၾကာင္အလ်က္ က်န္ေနခဲ့သၫ့္ လူမ်ားပင္ ရိွေသးသည္ ။ ေသခ်ာတာတစ္ခုကေတာ့ ခ်ီဝမ္ရယ္၏ အိမ္ေတာ္တြင္ မုန႔္ယိရွင္း၏ ပံုရိပ္ကို ေတြ့ရေတာ့မည္ မဟုတ္ေပ ။

" ငါေျပာသားဘဲ .. အခ်ိန္မၾကာပါဘူးဆို ..ေနာက္ဆံုးေတာ့ ပစ္ခံရတာဘဲ မလား .."

" ဒီတစ္ခါ .. ကိုယ္လုပ္ေတာ္မုန႔္ က ဝမ္ရယ္ကို ေတာ္ေတာ္ေဒါသထြက္ေအာင္ လုပ္လိုက္တာဘဲ "

" ဒီေန့ကစၿပီး ကိုယ္လုပ္ေတာ္မုန႔္ က ကံဆိုးၿပီဘဲ .. "

" အဲ့ဒါ သူကိုယ္တိုင္ လုပ္တာဘဲမလား .. ဝမ္ရယ္ ဂရုစိုက္တုန္းက အေလးမထားဘဲ .. ႀကိဳတင္မစီစဉ္ခဲ့ေတာ့ သြားၿပီေပါ့ .."

မုန႔္ယိရွင္း ႏွင္ထုတ္ခံရသၫ့္သတင္းသည္ လ်င္ျမန္စြာ ပ်ံ့ႏွံ႔သြားခဲ့ေလသည္ ။

" Huhuhuhu!!! သခင္ေလးယန္ wuuuuuh!!! သူက ကြၽန္မကို အႏိုင္က်င့္တယ္ .." မုန႔္ယိရွင္း က ပုဝါျဖင့္ မ်က္ရည္မ်ားကို သုတ္လိုက္ကာ ငိုေႂကြးလိုက္သည္ ။ သူမရဲ့ လွပသၫ့္ မ်က္ဝန္းဝိုင္းႀကီးမ်ားက အရည္လဲ့ေနခဲ့ကာ မ်က္ႏွာေလးသည္ နီရဲေနခဲ့သည္ ။ ဤခ်စ္စဖြယ္မိန္းကေလးတစ္ေယာက္အား ျမင္သူတိုင္း ရင္ခြင္ထဲ ထၫ့္ကာ ႏွစ္သိမ့္ေပးခ်င္စိတ္ျဖစ္ေပၚေစသလို တခ်ိန္ထဲမွာဘဲ ဒီျဖဴစင္တဲ့ မ်က္ႏွာနဲ႔ စြဲမက္ဖြယ္ ကိုယ္လံုးအား အပိုင္သိမ္းလိုစိတ္ျဖစ္ေပၚလာသည္။

ယန္ယုစစ္ က သူ႔ေရ႔ွက မိန္းမပ်ိဳေလးအား ‌ေပြ႕ဖက္လိုက္ကာ ေက်ာျပင္ေလးကို အသာပုတ္ေပးလိုက္သည္ ။ " ကိုယ္ရိွေသးတယ္.. မငိုပါနဲ႔ .. အရင္ဆံုး မုန႔္အိမ္ေတာ္ကို ျပန္လိုက္ေနာ္ .. ကိုယ္က မင္းရဲ့ ဂုဏ္သိကၡာအတြက္ ေျပာတာ .."

မုန႔္ယိရွင္းက ယန္ယုစစ္၏ ခါးကို ဖက္လိုက္ကာ ေခါင္းခါလိုက္သည္။ " ကြၽန္မ.. အိမ္မျပန္ခ်င္ဘူး .. အထင္ေသးတဲ့ မ်က္လံုးေတြကို မျမင္ခ်င္ဘူး .."

" မိန္းကေလးမုန႔္!! ဒီမွာေနရင္ ခ်ီဝမ္ရယ္ရဲ့ အမ်က္ေဒါသက ယန္အိမ္ကို ေရာက္လာပါလိမ့္မယ္.. ေက်းဇူးျပဳျပီး .. ျပန္ပါ " ‌ဣ‌ေႁႏၵရသိကၡာအျပၫ့္နဲ႔ ေလသံက ေနာက္မွ ထြက္လာခဲ့သည္ ။ အဝါေဖ်ာ့ေရာင္ ဝတ္ရံုကို ဝတ္ဆင္ထားကာ ေအးခ်မ္း သၫ့္အေငြ့အသက္မ်ားျပၫ့္ေနသၫ့္ အမ်ိဳးသမီးတစ္ေယာက္သည္ ဧၫ့္ခန္းသို႔ ဝင္လာခဲ့သည္ ။ အလွခ်င္းယွဉ္လ်ွင္ သူမသည္ မုန႔္ယိရွင္းအား မမွီေသာ္လည္း သူမကို ၾကၫ့္လိုက္သည္နဲ႔ လူကို စိတ္ေအးခ်မ္းသြားေစသည္။ ထိုအမ်ိဳးသမီးက ဝတ္ရံုကို အသာမလ်က္ အထက္တန္းက်သၫ့္ အျပဳအမႈအတိုင္း ခံုတြင္ ထိုင္လိုက္ကာ အေစခံ ငဲွ့‌ေပးသၫ့္လက္ဖက္ရည္ခြက္ကို ကိုင္လိုက္ၿပီး ညင္သာသၫ့္ ေလသံျဖင့္ ေျပာလိုက္သည္ ။

" ၿပီးေတာ့ မုန႔္မိန္းကေလးက .. စြန႔္ပစ္ခံထားရေပမဲ့ ဝမ္ရယ္က ကိုယ္လုပ္ေတာ္ရာထူးကို မပယ္ဖ်က္ေသးဘူး .. ဒီအမ်ိဳးသမီးရဲ့ ခင္ပြန္း‌နဲ႔ အျပဳအမႈေတြကို ထိန္းသိမ္းေစခ်င္ပါတယ္ .. " ထိုအမ်ိဳးသမီး၏ အၾကၫ့္က ယန္ယုစစ္ ထံေရာက္သြားကာ ခိုင္မာ ျပတ္သားသၫ့္ အသံျဖင့္ ေျပာလိုက္သည္။

" ခ်ီဝမ္ရယ္ရဲ့ အမ်က္ ကို ယန္အိမ္က မခံႏိုင္ဘူး!!! "
___________________________
ဒီ Novel သည္ own creation ျဖစ္ေၾကာင္း ခ်က္ခ်င္း ေကာက္ေရးလို႔ မရေၾကာင္း အရမ္းစဉ္းစားရေၾကာင္း သာသာ devil မွ ဒါဒါမ်ားအား ရွင္းျပေနပံု 🥴✌️


ရွင္းျပၿပီးေနာက္ ဒါဒါမ်ား 😌✌️

🤣ခ်စ္လို့ စတာေနာ္ စတာ စိတ္ဆိုးနဲ႔ 😌🖤

_______________________
Unicode

အန်းဇယ်ရီက တစ်ချက်ဝှေ့ကြည့်လိုက်သည် ။ မုန့်ယိရှင်းမှ လွဲ၍ အကုန်လုံးက ခေါင်းငုံထားကာ သူ့အား အရိုအသေပေးနေကြတုန်းပင် ။ သူက ရှေ့သို့ အသာတိုးကာ လျှောက်လာခဲ့သည်။ မုန့်ယိရှင်းသည်ထိုမြင်ကွင်းအား မျက်လုံးတောင့်မှ မြင်လိုက်သဖြင့် သူမ ၏ နူတ်ခမ်းတို့သည် လှပစွာ တွန့်ကွေးသွားခဲ့သည် ။

သူမက ကျေနပ်သွားဟန်ဖြင့် ပြုံးကာ လှည့်ကြည့်ပြီး စကားပြောရန်ပြင်လိုက်သော်လည်း နူတ်ခမ်းဝတွင် သာ ရပ်တန့်သွားခဲ့သည် ။

အန်းဇယ်ရီ သည် သူမကို ကျော်သွားကာ နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးနေသည့် လင်းယွီ့ အရှေ့တွင် ရပ်တန့်လိုက်သည် ။ အကုန်လုံး၏ အရှေ့မှာပင် လက်ကို ဆန့်ထုတ်လျက် လင်းယွီ့အား အသာထူမလိုက်သည် ။ လူတိုင်းသည် သူတို့မေးရိုး ပြုတ်ကျသွားမတတ်ပင် အံ့ဩသွားခဲ့ကြသည် ။

" ဘာလဲ .. ဝမ်ရယ်က ကြင်ယာတော်ကို အပြစ်မပေးတဲ့အပြင် ကိုယ်လုပ်တော်မုန့်ကို လစ်လျုရှုလိုက်တာလား "

" ကြည့်ရတာ ... မနေ့ကအဖြစ်အပျက်က ဝမ်ရယ်ကို တော်တော် စိတ်တိုသွားစေပုံဘဲ "

တီးတိုးပြောနေသည့် အစေခံတစ်‌ယောက်ရေရွတ်သံသည် သိပ်မကျယ်သော်ငြား ဆယ်ယောက် .. အယောက်နှစ်ဆယ် ၏ ရေရွတ်သံကတော့ ကန်းမနေသရွေ့ လူတိုင်းကြားရလေသည်။

လင်းယွီ့က သူ့လက်ကို ကိုင်ထားကာ မလွှတ်ပေးသေးသည့် အန်းဇယ်ရီ ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။  ' ဒီလူ ဘာတွေကြံစည်နေပြန်တာလဲ ..'

အန်းဇယ်ရီက လင်းယွီ့နဲ့ ယှဉ်ရပ်လိုက်ကာ တိုင်ကြားသည့်အစေခံကို ကြည့်ကာ‌မေးလိုက်သည် ။ " သူက ဘယ်သူလဲ"

" စစ်သူကြီးလင်းယွီပါ .." အစေခံသည် ချက်ချင်းပင် တစ်ခုခုမှားယွင်းနေသည်ကို သိလိုက်သည်။

" ပြီးတော့ရော .." အန်းဇယ်ရီ က မျက်ခုံးအသာပင့်လျက် ပြောလိုက်သော်လည်း သူ့လေသံသည် တဖြည်းဖြည်း အေးစက်လာခဲ့သည်။

အစေခံက ‌ဒူးများတုန်ယင်လာကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည် ။ " အရှင့်သားရဲ့ ကြင်ယာတော်ပါ ..ဝမ်ရယ်!! .. ကျွန်တော်မျိုးက ကိုယ်လုပ်တော်မုန့် ခိုင်းလို့ လုပ်ရတာပါ .. သက်ညှာပေးပါ " သူက အန်းဇယ်ရီ မပြောခင်ပင် ဦးစွာ မုန့်ယိရှင်းအား အပြစ်လွဲချလိုက်လေသည် ။

" နင်!! နင်!!! လျှောက်မပြောနဲ့ .. " မုန့်ယိရှင်းက ‌အ‌သေခံအား ကန်လိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည် ။ "  လာကြစမ်း.. သူ ့ကို သေအောင်ရိုက်သတ်လိုက်ကြ.."

အန်းဇယ်ရီက မုန့်ယိရှင်း အား မျက်နှာသေဖြင့်သာ ဆက်ကြည့်နေခဲ့သည် ။ အစောင့်များသည် ရောက်လာသော်လည်း ဘာမှဆက်မလုပ်ဘဲ အန်းဇယ်ရီ၏ အမိန့်ကိုသာ တွန့်ဆုတ်စွာ စောင့်နေကြသည် ။

" ကိုယ်လုပ်တော်မုန့်ဆီက ကျောက်စိမ်းပြားကို ယူလာခဲ့ !! "  မတူညီသည့် အမိန့်ကြောင့် အစေခံများ ထပ်မံအံ့ဩရပြန်သည် ။

" အန်းဇယ်ရီ!!! လုပ်ရဲတယ်.. ငါထွက်သွားမယ် ဒီမှာမနေဘူး!! .." မုန့်ယိရှင်းက ကျောက်စိမ်းပြားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ ပြောလိုက်သည် ။ အောက်တွင် အုတ်များခင်းထားသဖြင့် ကျသွားသည်နဲ့ ကွဲကြေသွားမှာ ဖြစ်သည် ။

အန်းဇယ်ရီ က ခြေထောက်အား တစ်ချက်လှုပ်ရှားလိုက်ကာ အပေါ်ကို ပြန်ကန်လိုက်ပြီး ဖမ်းယူလိုက်သည် ။ သူ့အကြည့် အေးစက်သွားကာ " ကိုယ်လုပ်တော်မုန့် က ကြင်ယာတော်ကို မလေးမစားပြုမှုတဲ့အပြင် အစေခံကို ကောင်းကောင်းမသွန်သင်ခဲ့တဲ့အတွက် သူမကို အိမ်တော်ကနေ နှင်ထုတ်လိုက် !!! " သူသည် မုန့်ယိရှင်းအား ရာထူးအတိုင်းပင် နှင်ထုတ်လိုက်ပြီး မကွာရှင်းပေးခဲ့ပေ ။ ထို‌့ကြောင့် မုန့်ယိရှင်းသည် နှင်ထုတ်ခံလိုက်ရသော်လည်း အခြားတစ်ယောက်ကို လက်မထပ်နိုင်ပေ ။ လက်ထပ်တဲ့သူကလဲ ချီဝမ်ရယ် ကို ထိပါးသည့်သဘောသက်ရောက်လိမ့်မည် ဖြစ်ကာ လက်ထပ်ရဲမည်မဟုတ်ပေ ။ သူတို့က မုန့်ယိရှင်းအား အလွန်ချစ်လွန်းလျှင်တောင် လက်ထပ်ဖို့ နှစ်ခါပြန်စဉ်းစားရပေမည် ။

" နင်.. နင်... ရတယ်.. နင်ငါ့ကို ဒီလိုဆက်ဆံတဲ့အတွက် နောင်တရစေရမယ် " မုန့်ယိရှင်းက အန်းဇယ်ရီအား လက်ညိုးငေါက်ငေါက်ထိုးကာ ပြောလိုက်သည် ။

" ချင်းရန်!! ဝမ်ရယ်ကို မလေးမစားပြောရင် ဘယ်လို အပြစ်ပေးရမလဲ " အန်းဇယ်ရီက သူ့ဘေးနားက ကိုယ်ရံတော်အား မေးလိုက်သည် ။ ချင်းရန်သည် သူ့ဝမ်ရယ်၏ အပြုအမှုကြောင့် အံ့အားသင့်နေဆဲပင် ။ နောက်ဆုံးတော့ ဝမ်ရယ်က အသိဝင်လာပြီဘဲ ။ သူက အရိုအသေပေးလျက် အလျင်အမြန်ဖြေလိုက်သည် ။

" သေတဲ့အထိ ကြိမ်ဒဏ် အပြစ်ပေးခံရပါမယ် .. " ချင်းရန် က တစ်ချက်တွေးလိုက်ပြီး " ကိုယ်ထိလက်‌ရောက် ပစ်မှားရင် ခန္ဓာကိုယ်အစိတ်အပိုင်း ဖြတ်တောက်ခံရပါမယ် "

" လာကြစမ်း!! ကိုယ်လုပ်တော် ကို ကြိမ်ဒဏ် အချက်သုံးဆယ် ပေးပြီး နှင်ထုတ်လိုက် .. " သူက လက်ဝှေ့ယမ်းကာ ပြောပြီးနောက် လက်နှစ်ဖက်ကို အနောက်ပစ်လျက် ထွက်သွားတော့သည် ။ ကျန်ခဲ့သည့်လူများမှာ အတင်းပြောသူပြော ၊ သတင်းပို့သူပို့ ၊ ကြောင်အလျက် ကျန်နေခဲ့သည့် လူများပင် ရှိသေးသည် ။ သေချာတာတစ်ခုကတော့ ချီဝမ်ရယ်၏ အိမ်တော်တွင် မုန့်ယိရှင်း၏ ပုံရိပ်ကို တွေ့ရတော့မည် မဟုတ်ပေ ။

" ငါပြောသားဘဲ .. အချိန်မကြာပါဘူးဆို ..နောက်ဆုံးတော့ ပစ်ခံရတာဘဲ မလား .."

" ဒီတစ်ခါ .. ကိုယ်လုပ်တော်မုန့် က ဝမ်ရယ်ကို တော်တော်ဒေါသထွက်အောင် လုပ်လိုက်တာဘဲ "

" ဒီနေ့ကစပြီး ကိုယ်လုပ်တော်မုန့် က ကံဆိုးပြီဘဲ .. "

" အဲ့ဒါ သူကိုယ်တိုင် လုပ်တာဘဲမလား .. ဝမ်ရယ် ဂရုစိုက်တုန်းက အလေးမထားဘဲ .. ကြိုတင်မစီစဉ်ခဲ့တော့ သွားပြီပေါ့ .."

မုန့်ယိရှင်း နှင်ထုတ်ခံရသည့်သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည် ။

" Huhuhuhu!!! သခင်လေးယန် wuuuuuh!!! သူက ကျွန်မကို အနိုင်ကျင့်တယ် .." မုန့်ယိရှင်း က ပုဝါဖြင့် မျက်ရည်များကို သုတ်လိုက်ကာ ငိုကြွေးလိုက်သည် ။ သူမရဲ့ လှပသည့် မျက်ဝန်းဝိုင်းကြီးများက အရည်လဲ့နေခဲ့ကာ မျက်နှာလေးသည် နီရဲနေခဲ့သည် ။ ဤချစ်စဖွယ်မိန်းကလေးတစ်ယောက်အား မြင်သူတိုင်း ရင်ခွင်ထဲ ထည့်ကာ နှစ်သိမ့်ပေးချင်စိတ်ဖြစ်ပေါ်စေသလို တချိန်ထဲမှာဘဲ ဒီဖြူစင်တဲ့ မျက်နှာနဲ့ စွဲမက်ဖွယ် ကိုယ်လုံးအား အပိုင်သိမ်းလိုစိတ်ဖြစ်ပေါ်လာသည်။

ယန်ယုစစ် က သူ့ရှေ့က မိန်းမပျိုလေးအား ‌ပွေ့ဖက်လိုက်ကာ ကျောပြင်လေးကို အသာပုတ်ပေးလိုက်သည် ။ " ကိုယ်ရှိသေးတယ်.. မငိုပါနဲ့ .. အရင်ဆုံး မုန့်အိမ်တော်ကို ပြန်လိုက်နော် .. ကိုယ်က မင်းရဲ့ ဂုဏ်သိက္ခာအတွက် ပြောတာ .."

မုန့်ယိရှင်းက ယန်ယုစစ်၏ ခါးကို ဖက်လိုက်ကာ ခေါင်းခါလိုက်သည်။ " ကျွန်မ.. အိမ်မပြန်ချင်ဘူး .. အထင်သေးတဲ့ မျက်လုံးတွေကို မမြင်ချင်ဘူး .."

" မိန်းကလေးမုန့်!! ဒီမှာနေရင် ချီဝမ်ရယ်ရဲ့ အမျက်ဒေါသက ယန်အိမ်ကို ရောက်လာပါလိမ့်မယ်.. ကျေးဇူးပြုပြီး .. ပြန်ပါ " ‌ဣ‌နြေ္ဒရသိက္ခာအပြည့်နဲ့ လေသံက နောက်မှ ထွက်လာခဲ့သည် ။ အဝါဖျော့ရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ အေးချမ်း သည့်အငွေ့အသက်များပြည့်နေသည့် အမျိုးသမီးတစ်ယောက်သည် ဧည့်ခန်းသို့ ဝင်လာခဲ့သည် ။ အလှချင်းယှဉ်လျှင် သူမသည် မုန့်ယိရှင်းအား မမှီသော်လည်း သူမကို ကြည့်လိုက်သည်နဲ့ လူကို စိတ်အေးချမ်းသွားစေသည်။ ထိုအမျိုးသမီးက ဝတ်ရုံကို အသာမလျက် အထက်တန်းကျသည့် အပြုအမှုအတိုင်း ခုံတွင် ထိုင်လိုက်ကာ အစေခံ ငဲ့ှ‌ပေးသည့်လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး ညင်သာသည့် လေသံဖြင့် ပြောလိုက်သည် ။

" ပြီးတော့ မုန့်မိန်းကလေးက .. စွန့်ပစ်ခံထားရပေမဲ့ ဝမ်ရယ်က ကိုယ်လုပ်တော်ရာထူးကို မပယ်ဖျက်သေးဘူး .. ဒီအမျိုးသမီးရဲ့ ခင်ပွန်း‌နဲ့ အပြုအမှုတွေကို ထိန်းသိမ်းစေချင်ပါတယ် .. " ထိုအမျိုးသမီး၏ အကြည့်က ယန်ယုစစ် ထံရောက်သွားကာ ခိုင်မာ ပြတ်သားသည့် အသံဖြင့် ပြောလိုက်သည်။

" ချီဝမ်ရယ်ရဲ့ အမျက် ကို ယန်အိမ်က မခံနိုင်ဘူး!!! "
___________________________
ဒီ Novel သည် own creation ဖြစ်ကြောင်း ချက်ချင်း ကောက်ရေးလို့ မရကြောင်း အရမ်းစဉ်းစားရကြောင်း သာသာ devil မှ ဒါဒါများအား ရှင်းပြနေပုံ 🥴✌️

ရှင်းပြပြီးနောက် ဒါဒါများ 😌✌️

🤣ချစ်လို့ စတာနော် စတာ စိတ်ဆိုးနဲ့ 😌🖤

________________

Continue Reading

You'll Also Like

555K 56.1K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
218K 5.8K 60
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...
209K 7.8K 36
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...