ဘုရင့် သည်းဦးပန် (Completed)...
By Eaint_Shin_Sitt
159K 6K 525
မင်းပြန်လည်ရှင်သန်လာဖို့ ငါဘယ်လောက်တောင် စောင့်ခဲ့ရသလဲ မင်းရဲ့မာယာတွေကြောင့် ဖြစ်လာတဲ့ ကျိန်စာကို ဖြေဖျောက်ဖ... More
ဒါလေးကို အရင်ဖတ်ပေးပါ
အပိုင်း (1) Uni/Zawgyi
အပိုင်း (2) Uni/Zawgyi
အပိုင်း (3) Uni/Zawgyi
အပိုင်း (4) Uni/Zawgyi
အပိုင်း (5) Uni/Zawgyi
အပိုင်း (6) Uni/Zawgyi
အပိုင်း (7) Uni/Zawgyi
အပိုင်း (8) Uni/Zawgyi
အပိုင်း (9) Uni/Zawgyi
အပိုင်း (10) Uni/Zawgyi
အပိုင်း (11) Uni/Zawgyi
အပိုင်း (12) Uni/Zawgyi
အပိုင်း (13) Uni/Zawgyi
အပိုင်း (14) Uni/Zawgyi
အပိုင်း (15) Uni/Zawgyi
အပိုင်း (16) Uni/Zawgyi
အပိုင်း (18) Uni/Zawgyi
ဇာတ်သိမ်းပိုင်း Uni/Zawgyi
အပိုင်း (17) Uni/Zawgyi
6.2K 234 29
By Eaint_Shin_Sitt
ဘုရင့် သည်းဦးပန်
အပိုင်း (17)
အိမ်ပြန်ရောက်လာခဲ့ပြီး သည်းလည်း အိပ်ခါနီးမှ အေးအေးဆေးဆေး ဒီဂရီ ပေးသော လက်ဆောင်အိတ်ကိုဖွင့်ကြည့်သည်။
"ဘာတွေများထည့်ထားလည်းမသိဘူး "
သည်းသည် Shopping Bagထဲကနေ လက်ဆောင်ဘူးလေးအပြာရောင်လေးကို ထုတ်လိုက်သည်။
"ဘူးလေးကလှလိုက်တာ "
စည်းထားသော ဖဲကြိုးအဖြူရောင်လေးကိုဖြေလိုက်ပြီး ဘူးလေးကိုဖွင့်ကြည့်လိုက်လျှင်
"ဟင်!"
မိုးပြာရောင်ဂါဝန်လေးတစ်ထည်
သည်းဖြန့်ကြည့်လိုက်လျှင် လည်ပင်းပေါက်မှာ ပုလဲလုံးလေးတွေသီထားပြီး လက်ဖောင်းဂါဝန်ဝဲဝဲလေးဟာ သည်းနဲ့ဆိုတကယ်လိုက်ဖက်မှာ
"ဒီဂရီ ရွေးတတ်လိုက်တာ ငါ့အကြိုက်ကိုသိနေတယ် "
သည်းက ဂါဝန်လေးကို ကိုယ်မှာကပ်ကြည့်ပြီး မှန်ကြည့်နေရင်း လက်ဆောင်ဘူးထဲက စာတစ်စောင်ကိုပါ တွေ့လိုက်သည်။
အလှစက္ကူအပြာခေါက်လေးအား သည်းလှမ်းယူ ဖွင့်ဖြန့်လိုက်သည့်အခါ အလယ်တန်းတုန်းကတည်းက လက်ရေးသိပ်လှသော ဒီဂရီလက်ရေးစစ်စစ်။
'သည်း....
မနက်ဖြန် ၃နာရီ ငါပေးတဲ့ဂါဝန်လေးဝတ်ပြီး Dream Hotal ကိုလာခဲ့ပါ
လာဖြစ်အောင်လာနော် နင်မလာမချင်း ငါ Hotalရှေ့မှာ စောင့်နေမှာ ´
သည်းဖတ်ကြည့်ရင်း
"သူကဘာအရူးထပြန်တာလဲ "
သည်းသည် သူငယ်ချင်းတစ်ယောက်အနေနဲ့သာ ရိုးရိုးသားသား စဉ်းစားလိုက်ပြီး
"နေပါဦး အဲ့ဒီတော့ သင်တန်း ငါ့သင်တန်းဘယ်လိုလုပ်မလဲ"
ကလင်>>
ဖုန်းက Messageဝင်လာသည်အား ဖွင့်ကြည့်လိုက်သည်။
'စိတ်ပူပါနဲ့ နင့်ရဲ့ အလုပ်ရော သင်တန်းရော ငါခွင့်ယူထားတယ် ´
"ဟာ အန်တီချိုနေမကောင်းပါဘူးဆို "
သည်းက ဒီဂရီဖုန်းခေါ်လိုက်သည်။
"ဟယ်လို"
"ဘာလဲ "
"ဟဲ့ နင့်ကိုဘယ်သူကလာမယ်ပြောလို့ သင်တန်းတွေ အလုပ်တွေပါ ခွင့်ယူထားရတာလဲ"
"မလာလို့မရဘူးနော် လာကိုလာရမှာ "
"ငါအလုပ်က အန်တီချိုနေမကောင်းဘူးဟ"
"အဲ့တာကြောင့် လူစားထိုးထားခဲ့တယ် နင့်အစား"
"ဘယ်သူ့ကိုလဲ "
"ငါ့ ဘောဒီဂတ်ကို စိတ်မပူနဲ့ သူက နင့်ထက်တောင် အလုပ်အကိုင်သပ်ရပ်သေးတယ်"
"ကောင်စုတ် အေး တွေ့မှ သေမယ်"
"အဲ့တာဆိုလာမယ်ပေါ့ ဟုတ်လား "
"စဉ်းစားလိုက်ဦးမယ် ဒါနဲ့ လွန်းပြည့်ရော..."
"မပါဘူး နင်တစ်ယောက်တည်း ငါအိပ်တော့မယ် ဖုန်းချလိုက်ပြီ လာဖြစ်အောင်လာခဲ့"
ထပ်မေးပြီး မလာဖို့ဆင်ခြေပေးမည်စိုး၍ ဒီဂရီ ဖုန်းချပစ်လိုက်၏။သည်းက သက်ပြင်းချပြီး
"ကျစ် ဒီဂရီ ခေါင်းမာ ပုံနဲ့တော့ ကိုကိုက လွှတ်ပါ့မလားမသိဘူး"
××××××××××××××××××××××××××××××
သည်းမနက်စာစားဖို့ဆင်းလာခဲ့သော်လည်း
အလုပ်သွားဖို့ပြင်ဆင်ထားခြင်းမရှိ ။လိုင်းယ(န်)လိမ္မော်ရည်တစ်ခွက်မော့သောက်ရင်း
"ဒီနေ့အလုပ်မသွားဘူးလား"
သည်းခေါင်းညိတ်လိုက်၍
"ဘာဖြစ်လို့လဲ မနေ့ကတော့ ဆိုင်ရှင်နေမကောင်းဘူးဆို"
"သည်း အလုပ်ခွင့်ယူထားတာ"
သည်းပြောရမှာ ကြောက်တာတော့အမှန်ပဲ တကယ်ဘယ်လိုပြောရမလဲ မပြောရဲဘူး ကိုကို စိတ်ဆိုးမှာသေချာတယ်။
သည်းအောက်နှုတ်ခမ်းလေးကို ဖိကိုက်ပြီး
"သည်း သွားစရာရှိလို့"
"ကိုယ့်ကိုလည်းပြောမထားပါလား ဘယ်ကိုလဲ"
သည်း လက်သည်းတွေကိုသာအကြောင်းမဲ့ ကုပ်ခြစ်ရင်း
"ဒီဂရီ ဆီကို"
"ဘယ်သူ့ဆီ?"
လက်ထဲကလိမ္မော်ရည်ခွက်ကို စားပွဲပေါ်သို့ ဂွတ်ကနဲမြည်အောင်ချလိုက်ရာ သည်းရှေ့က အစားမပြတ်တဲ့ ခရစ် ပင်လန့်သွားရသည်။
"ဟို....သင်တန်းတွေရော သူကခွင့်ယူထားပြီးပြီ အဲ့တာ ....."
"အဲ့ဒီတော့ မင်းကသွားမယ်ပေါ့!"
သည်းသည် စိတ်တိုနေသော လိုင်းယ(န်)ရဲ့အရမ်းတည်နေသည့်မျက်နှာကို မျက်နှာငယ်လေးနဲ့လှမ်းကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့ သူလည်း ပြောစရာရှိလို့ ခေါ်ရုံတင်ပါ သူကခေါင်းမာတယ် "
"အဲ့ဒီတော့ကိုယ်က လွှတ်ပေးရမယ်ပေါ့ ဟုတ်လား!"
လိုင်းယ(န်)မတ်တပ်ထရပ်လိုက်သည့်အခါ
သည်း အခြားလူတွေလည်းရှိနေသေးသဖြင့် လိုင်းယ(န်)ရဲ့ လက်ကို ဆွဲခေါ်သွားသည်။
"ဘာလုပ်တာလဲ"
"လာပါ ကိုကို "
ကောင်မလေးဆွဲခေါ်ရာနောက်သို့ မလိုက်ချင်လိုက်ချင်ပါသွားသော လိုင်းယ(န်)အားကြည့်ပြီး ခရစ်နှင့် မစ္စဆွေတို့ ရယ်မိကြသည်။
"ဘာလဲ ဘာလို့ဆွဲခေါ်လာတာလဲ"
"ကိုကိုက ဆူတာကိုး သူတို့ကကြည့်နေကြတာ"
"အဲ့တော့ ကိုယ်က မင်းတခြား ကောင်လေးနဲ့သွားတွေ့ကို ဒီတိုင်းလွှတ်ပေးလိုက်ရမှာလား "
"ကိုကို စိတ်ဆိုးမှာသိပါတယ် ပြီးတေ့ာ ဒီဂရီ ဘာပြောချင်လို့ ခေါ်တာလဲဆိုတာလည်း သည်းသိတယ် "
"အဲ့တာကို မင်းက သွားဦးမယ်ပေါ့ဟုတ်လား"
"သည်းမှာကိုကိုရှိတဲ့အကြောင်း ပြီးတော့ သည်းကိုမမျှော်လင့်ဖို့ ဒါတွေသွားပြောမလို့ပါ သည်းနဲ့ဒီဂရီ ကသူငယ်ချင်းတွေလေ အဲ့ဒီတော့ သွားတော့သွားသင့်တာပေါ့အကျိုးအကြောင်းတော့ပြောပြရမှာပေါ့ ကိုကိုကလည်း "
လိုင်းယ(န်)လည်း သူမပြောတာ သဘာဝကျနေသည်မို့ ဆက်မပြောဘဲ ငြိမ်နေလိုက်သည်။
"ကိုကို သည်းကိုသွားခွင့်ပြုမယ်မဟုတ်လား"
"ကိုယ်လိုက်ပို့မယ် "
မလျော့ချင်တဲ့လိုင်းယ(န်)သူမ ခေါင်းလေးကို ကိုင်ကာပြောလိုက်သည်။
"သည်းဟာသည်းပဲသွားပါမယ် လုပ်ပါနော် ကိုကိုနော် !"
"သည်းငယ် ကကွာ!"
"ကိုကိုက သည်းကိုအလိုလိုက်ပါတယ်နော် နော်"
"သည်းကဘာနဲ့သွားမှာလဲ"
"Busကားနဲ့"
"Bus မှတ်တိုင်ထိအဝေးကြီးကို Driverတစ်ယောက်ကိုပို့ခိုင်းလိုက်!"
သည်းလည်း ထပ်မငြင်းတော့ဘဲ ခေါင်းညိတ်လိုက်၏။
"ဒါဆိုသည်း ရေသွားချိုးလိုက်ဦးမယ်နော်"
"အကြာကြီးမချိုးနဲ့"
"ဟုတ်!"
သူလုပ်ချင်ရာ လုပ်ရရင် ပြုံးနေတာပဲ ဒီကောင်မလေးကတော့။
လိုင်းယ(န်)ကိုယ်တိုင်လည်း ဒီနေ့ ခရစ်နှင့်အတူ ကုမ္ပဏီလိုက်ရမည်မို့ အတင်းအကြပ်မပြောတေ့ာပေ။
××××××××××××××××××××××××××
သည်းကို တစ်ခုခုဆိုတာနဲ့ဖုန်းဆက်ဖို့
အကြာကြီးမနေဖို့ ဒီဂရီ့ကိုသေချာငြင်းဖို့ လမ်းမှာ ဘယ်သူခေါ်ခေါ်မလိုက်ဖို့တဲ့လေ။
ကလေးကျနေတာပဲ မှာကြားသွားတာ
သည်း ဒီဂရီပေးသောဂါဝန်အပြာလေးကို ဝတ်ဆင်လိုက်ရာ ဒူးအထက် သာရှိပြီး မှန်ရှေ့မှာတစ်ပတ်လှည့်လိုက်ရာ ဝဲသွားသောဂါဝန်လေးနှင့်အပြိုင် သူမလှပနေလိုက်တာများ
ဖုန်းနှင့်ပိုက်ဆံအနည်းငယ်သာဆန့်သော အိတ်ကလေးကိုလွယ်ကာ ဆံပင်တွေကို မစည်းဘဲဖြန့်ထားပြီး သည်းအခန်းထဲကထွက်လာခဲ့သည်။
သည်းထွက်လာတေ့ာ ကိုကိုမရှိတော့ပေ ။
ကံကောင်းတာပဲပြောရမလား မဟုတ်ရင် သည်းကိုချက်ချင်းအဝတ်ပြန်လဲခိုင်းမှာ
"မမလေး ကားပေါ်တက်ပါ သခင် ကလိုက်ပို့ဖို့ပြောထားပါတယ်"
သည်း လည်း Driverဖွင့်ပေးသော ကားထဲဝင်ထိုင်လိုက်၏။
"သည်းကို Bus မှတ်တိုင်မှာပဲချပေးနော်"
"ဟုတ်ကဲ့ဗျ"
သည်း နောက်၁၀မိနစ်လောက်နေလျှင် ရောက်လာမည့် Busကားကိုစောင့်နေရင်း
ဘေးက မိန်းမ ယောက်ျားမရွေး သည်းကို လှည့်ကြည့်နေတာသတိထားမိပါသည်။
"ဒီနေ့ လှနေပါလား"
သည်းရဲ့ဘေးမှာလာရပ်သော အဖြူရောင်ဘောင်းဘီရှည်နှင့် ကုပ်အဖြူဝတ်ထားသော မိန်းမတစ်ယောက်။
"စကားလက်?"
နှုတ်ခမ်းနီနီတွေကပြုံးပြလိုက်ပြီး
"ဒီနေ့ မင်းဒီဂရီ့ကိုငြင်းဖို့သွားမှာမဟုတ်လား"
ကြိုသိနေသည့် စကားလက်ကြောင့် သည်းမျက်လုံးပြူးအံ့သြသွားသည်။
"ဘယ်လိုလုပ်?"
"ငါကစုန်းမတစ်ယောက်ဆိုတာမေ့နေပြီလား"
သည်း နားနားလေးကိုတိုးတိုးကပ်ပြောလိုက်၍
"ဒီနေ့ မင်းသေချာပေါက်သိရမယ့် ကိစ္စတွေရှိတယ်"
"ရှင်? သည်းက ဒီဂရီနဲ့ချိန်းထားတယ် ဘယ်လိုလုပ်မလဲ"
"ရိုင်ယန်လိုင်းယ(န်)အတွက်ရော ဒီဂရီအတွက်ရော သိပ်တန်ဖိုးရှိတဲ့အကြောင်းတွေပါ မင်းမသိချင်လည်း နေခဲ့ပေါ့ ဒီနေ့မှမဟုတ်ရင် ဒီဂရီတစ်ခုခုဖြစ်လိမ့်မယ်"
စကားလက်သည် သည်းကိုကျောခိုင်းကာထွက်သွားလိုက်လျှင်သည်းက အောက်နှုတ်ခမ်းလေးကို ဖိကိုက်ပြီး
"ခဏ ဘယ်လောက်ကြာမှာလဲ"
စကားလက်က မသိဘူးဆိုသည့်အဖြေမျိုးကို ပုခုံးတွန့်ပြဖြေလိုက်သည်။သည်းလည်း သက်ပြင်းချကာစကားလက်ဖွင့်ပေးသောကားထဲသို့ဝင်လိုက်၏။ထို့နောက် စကားလက်လည်း ကားထဲဝင်လာပြီး ကားတံခါးကိုစောင့်ပိတ်လိုက်ရာရုတ်တရက် သည်းတို့ ခပ်မြင့်မြင့်အဆောက်အဦးတစ်ခုက တိုက်ခန်းထဲရောက်သွားသည်။
သည်း ထိုင်နေသော ဖန်နဲ့ပြုလုပ်ထားသည့် ထိုင်ခုံခပ်မြင့်မြင့်ရှေ့ကဖန်စားပွဲကြီးပေါ်မှာလည်း ဝိုင်ခွက်အစားစားတင်ထား၏။သည်းက မျက်လုံးနဲ့လှည့်ကြည့်လိုက်ရာ နံရံမှာကပ်ထားသော စကားလက်၏ အဖြူအမဲ sexyကျကျ ပုံ။သေချာပြီ ဒါဟာ စကားလက်၏အိမ်။
"ဘာလို့ သည်းကို ဒီခေါ်လာရတာလဲ"
"ဒီနေရာထက်လုံခြုံတဲ့နေရာမရှိဘူး"
စကားလက်က အပေါ်ကဝတ်ထားသောကုပ်အင်္ကျီကိုချွတ်ကာ ဆိုဖာအဖြူရောင်ကြီးပေါ်သို့ပစ်တင်လိုက်၏။ ရင်ဟိုက် ကြိုးတစ်လုံးအနက်ရောင်အင်္ကျီနှင့် စကားလက်က မော်ဒယ်လို့ပြောစရာမလိုအောင် ခန္ဓာကိုယ်က perfectဖြစ်လွန်းသည်။
"ရှင်ပြောတဲ့သည်း သိရမယ့်အကြောင်းတွေကဘာတွေလဲ"
စကားလက်က သည်းနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီး
"မင်းသိချင်တဲ့အကြောင်းတွေပေါ့ လိုင်းယ(န်)ရဲ့ကျိန်စာကဘယ်လိုဖြစ်လာသလဲ ဘယ်လိုဖြေရမလဲ ဆိုတာလေ!"
"သည်းမှာ အချိန်အများကြီးမရှိလို့ မြန်မြန်ပြောပြပါ"
စကားလက်တစ်ချက်ပြုံး၍
"နောက်က Dream bedမှာသွားထိုင်လိုက်"
သည်း စကားလက်ညွှန်ပြတဲ့ ထိုDream bedမှာသွားထိုင်လိုက်ရာ
"ငါ့မျက်လုံးတွေကို သေချာကြည့် "
သည်းသည် စကားလက်၏စူးရှပြင်းထန်သောအကြည့်တွေကိုရင်ဆိုင်လိုက်ရပြီးနောက်
စကားလက် လက်ဖျောက်တစ်ချက်တီးတာပဲကြားလိုက်ရ၍ သည်းအိပ်ပျော်သွားသည်။
##လွန်ခဲ့သောနှစ်၁၀၀၀ခန့်က##
အယ်လ်ဆာရာတိုင်းပြည်တွင်ငယ်ရွယ်ချောမောနုပျိုသော ဘုရင်တစ်ပါးမင်းပြု၏။
အနည်းငယ်လှိုင်းရှိသောဆံပင်တွေက ပုခုံးပေါ်မှတစ်ဆင့်ကျနေပြီး ဖြူဖွေးသောအသားအရေပေါ်တွင်ထိုအနက်ရောင်ဆံသားများကထင်းရှားလျှက်ရှိသည်။
ဘုရင်သည်ငယ်ရွယ်ချောမောသလောက် ထက်မြတ်ပြီးတိုက်ရည်ခိုက်ရည်လည်းအပြည့်အဝရှိသည်။
လူတိုင်းမှာအားနည်းချက်တစ်ခုရှိစမြဲမို့ အယ်လ်ဆာရာတိုင်းပြည်ရဲ့အရှင်သခင်လီယိုတွင်လည်း အမြတ်ကြီးဒေါသထွက်လွယ်သည်က သူ၏အားနည်းချက်သဖွယ်။
"အရှင်လီယို  အရှင်လီယို !"
ပြာယာခက်အောင်ပြေးလာသော ညာလက်ရုံးကြောင့် အမွှေးနံ့သာပေါင်းစုံနှင့်ရေကန်ထဲမှနှင်းဆီဖက်တွေကြားကနေ ထလာခဲ့ရာ
အစေအပါးတွေက ဝတ်ရုံအသင့်...
"အရှင်လီယို!"
"အဘယ်ကြောင့် အဲ့သလောက်ပြေးလာရသလဲ ငါကိုယ်တော် အနားယူနေတာကို မသိပြန်လော!"
"စိုးရွံ့မိပါတယ် အရှင်!"
ညာလက်ရုံးသည် အရှင်လီယို၏ရှေ့တွင်ဒူးထောက်လျှက်
"လျှောက်တင်တော်မူစမ်းပါဦး!"
"မှန်လှပါ အကျွနုပ်တို့တိုင်းပြည်အတွင်းသို့ နတ်မိမယ်တစ်ပါး ကြွေကျလာပါတယ်ဘုရား!"
"ဘယ်လိုအဓိပ္ပာယ်မရှိတဲ့စကားလဲ "
လီယိုက ညာလက်ရုံး၏ခါးမှာချိတ်ထားသောဓားကိုဆွဲယူပြီး လည်ပင်းသို့ထောက်လိုက်သည်။
"စိုးရွံ့မိပါတယ် အရှင် အကျွန်ုပ်တို့ ကိုယ်တိုင်မြင်ခဲ့ပါတယ်ဘုရား တိုင်းပြည်အစွန်ကနတ်ရေကန်ဆီသို့ အရှင့်ကို သက်သေလိုက်ပြခွင့်ပေးပါ ဘုရား!"
လီယို ဓားကိုပစ်ချလိုက်ပြီး
"အခုချက်ချင်း နတ်ရေကန်ကိုသွားဖို့ ပြင်ဆင်စမ်း!"
လီယိုသည် ရွှေရောင်နဂါးရုပ်တွေရေးထိုးထားသောမဟော်ဂနီရောင် ဘုရင်ဝတ်ရုံအားဆင်မြန်းလိုက်ပြီး မကြာမီတွင် အဆင်သင့်ပြင်ထားသော အဖြူရောင်မြင်းဖြူစွတ်စွတ်ပေါ်သို့တက်ခွလိုက်ပြီး နတ်ရေကန်သို့ အပြင်းနှင်ခဲ့၏။ ညာလက်ရုံးပြောတာမှန်မမှန်သေချာမသေးပေမဲ့ နတ်ရေကန်ဘေးမှာလူတွေအုံးအုံးကြွနေသည်။
"အရှင်လီယို ကြွမြန်းတော်မူလာပြီ အားလုံး ဘေးကပ်ကြ "
ကိုယ်ရံတော်အချို့က အရှေ့ကဦးဆောင်လမ်းရှင်းကြသည့်အခါ ပြည်သူပြည်သူတို့က အရိုအသေပေး ဦးညွှတ်ဒူထောက်ကြလေသည်။
လီယိုဟာ တစ်လှမ်းချင်းသွားနေသောမြင်းဖြူပေါ်ကနေ မြင်နေရသည့် ရေကန်ထဲက မိန်းကလေးတစ်ဦး။ဒါဟာ သူတို့ပြောနေကြသည့် နတ်မိမယ်လား။
ထူးထူးခြားခြား နို့နှစ်ရောင်ဆံပင်တွေပိုင်ဆိုင်ထားပြီး ရေလိုကြည်လင်ချောမွေ့လှသည့်သူမရဲ့အသာအရေ တစ်လဲ့လဲ့တောက်ပနေသောမျက်လုံးများ ထိုမိန်းကလေး၏အလှသည် လီယို့ကို မှင်သက်သွားစေသည်။ လိပ်ပြာတွေက သူမအနားမှာတဝဲဝဲလည်နေပြီး ရေစိုနေသောဂါဝန်အဖြူရောင်ကြီးနှင့် ကောင်းကင်ကိုတစ်လှည့် သူမကိုယ်တစ်ဝက်နစ်မြုပ်နေသော ကြည်လင်စိမ်းလဲ့နေသည့်ရေပြင်ကိုတစ်လှည့် ငေးကြည့်နေသည်။
"ဒီမိန်းကလေးကို နန်းတော်ခေါ်ယူပြီးစစ်ဆေးရမယ်"
လီယို၏ အမိန့်ကြားလျှင် ကြားချင်း ထိုမိန်းကလေးအား ကိုယ်ရံတော်အချို့သည် ရေထဲမှ ဆွဲခေါ်ဆောင်ယူလာသည်။ လီယိုဟာ မြင်းပေါ်နေဆင်းလာ၍ သူ၏ဝတ်ရုံကိုချွတ်ကာ သူမအား ခြုံပေးလိုက်လျှင်
"အရှင်...ဒါကမသင့်တော်ပါဘူးဘုရား"
ညာလက်ရုံး၏ အကြံပေးခြင်းအား လီယိုဟာ လက်ကာပြလိုက်သဖြင့် ဘယ်သူမှ ထပ်မပြောရဲကြတော့ပေ။ လီယိုသည် သူမကိုပွေ့ယူ၍ မြင်းပေါ်တက်လိုက်သည်။ အရှင်ဘုရင်တစ်ဦးတည်းသာစီးခွင့်ရသည့်မြင်းဖြူအား ပထမဆုံးစီးခွင့်ရသည့်မိန်းကလေးတစ်ဦးဖြစ်သည်။
"နန်းတော်ကိုပြန်ကြမယ်"
အပြင်းနှင်သောမြင်းပေါ်မှာ အရှင်လီယိုရဲ့ရင်ခွင်ထဲကသူမသည် တစ်ခွန်းတစ်စမှ ဟခြင်းမရှိဘဲ ပါလာခဲ့၏။ သူမအနားက မြက်သင်းနံ့အချို့ရပြီး လီယို၏မေးဖျားနှင့်ထိတွေ့နေသော အဖြူရောင်ဆံနွယ်အချို့ဟာလည်း ပျော့ပြောင်းလျှက်နူးညံ့လှသည်။ နန်းတော်သို့ ရောက်လျှင် ရောက်ချင်း လီယိုကိုယ်တိုင်မြင်းပေါ်ကနေချပေးခဲ့၍အထိန်းတော်တွေအား
"သူ့ကို သန့်ရှင်းပြီး ငါကိုယ်တော် ဆီခေါ်လာခဲ့!"
လီယိုသည် နှုတ်ခမ်းလေးကွေးရုံပြုံးပြီး သူ၏အိပ်ဆောင်သို့ပြန်ခဲ့၏။
မျက်လုံးထဲကမထွက်တဲ့ သူမရဲ့ပုံရိပ်တွေ တကယ်ပဲနတ်မိမယ်များလား။
တစ်ခါမှမချစ်ဖူးသည့်စစ်ပွဲနဲ့တိုင်းပြည်အရေးသာခေါင်းထဲရှိသော ဘုရင်တစ်ပါးအနေနဲ့ မြင်မြင်ချင်းအချစ်ဆိုတာ ဒါမျိုးလားဟု မေးလျှင်သင့်တော်ပါလေမလား။
"အရှင်.....မိန်းကလေး ရောက်လာပါပြီဘုရား"
"ဝင်လာခိုင်းလိုက်!"
တံခါးဖွင့်သံကြားပြီးနောက် ရလိုက်သည့် ရေချိုးဆီတွေထဲလို နှင်းဆီနံ့ခပ်သင်းသင်းလေးရလိုက်၍ လီယို လှည့်ကြည့်လိုက်လျှင်...
ဆံနွယ်အဖြူရောင်များအား ကျစ်ဆံမြီးခပ်ပြေပြေလေးကျစ်၍ ပုခုံးတစ်ဖက်မှာချထားသော အဖြူရောင်နတ်သမီးဟာ တောက်ပစွာဆီးကြိုလျှက်။
"ထိုင်!"
အမိန့်နောက်မှာ သူမဒူးထောက်ထိုင်လိုက်၏။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
"အိုလီဗီယာ!"
ခပ်တိုးတိုးသူမအသံဟာ လီယို့အား အနည်းငယ်စိတ်ထင့်စေခဲ့ပေမဲ့
"အိုလီဗီယာ....သိပ်လှတဲ့အမည်ပဲ"
လီယို တတွတ်တွတ်ရေရွတ်နေမိတဲ့သူမနာမည်ပင်ဖြစ်သည်။
"ဘာကြောင့် နတ်ရေကန်ထဲဆင်းခဲ့ရသလဲ မင်းကဘယ်ကလာသလဲ"
အိုလီဗီယာသည် ခေါင်းသာရမ်းခါ၍ တုန့်ပြန်ဖြေဆိုခြင်းမရှိ။
"မင်းရဲ့မှတ်ဉာဏ်တွေပျောက်ဆုံးနေသလား အိုလီဗီယာ!"
ဘုရင့်အိပ်ဆောင်မှာ ညနေဆောင်းအထိ ထိုနေရာကမထ မေးသမျှခေါင်းခါခဲ့ပြီးနောက် အိုလီဗီယာအား လီယို ပြန်ခွင့်ပေးလိုက်သည်။
ဘယ်ကလာ၍ ဘယ်မျိုးရိုးကဆင်းသက်လာသလဲ သူမအကြောင်းဟူ၍ နာမည်မှတစ်ပါးမသိရသော မိန်းကလေးကို ငါဘယ်လိုချစ်မိနေသလဲ သူမပြန်သွားပြီးနောက် လီယိုကိုယ့်ကိုယ်ကိုယ်မေခွန်းအထပ်အထပ်ပြန်မေးနေမိရင်း ညသန်းခေါင်ထိအိပ်မပျော်နိုင်သည့် ကိုယ့်စိတ်နှလုံးအားလုံးကို အိုလီဗီယာခေါ်သော မိန်းကလေးက အပိုင်သိမ်းထားသည်။
"အရာရာစစ ဘယ်သူမှန်းမသိတဲ့ မိန်းကလေးက ဘာကြောင့် ငါ့ခေါင်းထဲကမထွက်ရသလဲ"
လီယိုသည် ချက်ချင်း ဆိုလို အိပ်ဆောင်ကနေ ထွက်လာခဲ့လျှင်
"အရှင်....ဒီအချိန်ကြီးဘယ်ကို...."
"ပါးစပ်ပိတ်ထား တစ်ယောက်မှလိုက်မလာကြနဲ့"
လီယိုရဲ့ အမိန့်နောက်မှာ ပြားပြားဝပ်စွာကျန်ရစ်ခဲ့သော အထိန်းတော် ကိုယ်ရံတော်အသီးသီး.....
လီယို ရောက်ခဲ့သော ဒီနန်းဆောင် ဝုန်းကနဲပွင့်လာသည့် တံခါးကြောင့် အိုလီဗီယာသည် ကုတင်ပေါ်ကထလာပြီး သူမ၏ရှေ့၌ မတ်မတ်ရပ်တည်နေသော လီယိုကြောင့် ချက်ချင်း ဒူးထောက်လိုက်သည်။
"အရှင်လီယို!"
လီယိုဟာ သူမရဲ့ရှေ့မှာ မုဆိုးဒူးထောက်ထိုင်လိုက်၍
"ငါကိုယ်တော်ကို မော်ဖူးစမ်း!"
"မသင့်တော်တဲ့ အလုပ်မျိုးပါ အရှင်!"
ဘယ်သူမှမော့မကြည့်ရဲသော လီယိုရဲ့မျက်နှာကို သူမ မကြည့်ဘဲ ခေါင်းငုံ့နေဆဲမို့လီယိုဟာ သူမမျက်နှာကို ပါးနှစ်ဖက်မှညစ်ယူမော့စေခိုက် ဒီကြည်လင်နေသောမျက်ဝန်းတစ်စုံ မှ ဆေးမကူပဲပန်းနုရောင်သမ်းနေသည့်နှုတ်ခမ်းပါးများအဆုံး လီယို့ရဲ့စိတ်ရိုင်းတို့ကို ညှို့ယူဖမ်းစားနေသလော။
ရုတ်တရက် နမ်းရှိုက်စုပ်ယူလိုက်သော လီယိုကြောင့် အိုလီဗီယာ ရုန်းမထွက်ရဲသလို ဘုရင့်အနမ်းရိုင်းတွေအောက်မှာလည်းမနစ်မျောချင်ပါ။
သို့သော်လည်း အရှင်လီယိုက အနမ်းတစ်ချက်နှင့်ပြီးမသွားဘဲ တုန့်ပြန်ခြင်းမရှိတဲ့နှုတ်ခမ်းတွေဟာ နမ်းလို့မဝနိုင်သလို သူမအားပွေ့ယူပြီး ကုတင်ကြီးသို့ ​ညင်သာစွာချလိုက်ကာ သူမအပေါ်မှ အုပ်မိုးလျှက်ရှိသည်။
နေ့လည်က ကျစ်ထားသောဆံနွယ်အဖြူတွေဟာ ပြေလျော့ကျနေပြီး ကုတင်ပေါ်မှ အနီရောင်ကတ္တီပါအခင်းပေါ်မှာ သူမအဖြူရောင်ဆံနွယ်တွေက ထင်ရှားစွာတောက်ပလျှက်ရှိနေသည်။
အရှင်လီယို၏ခပ်ထန်သောအနမ်းများကြောင့် စိုရဲဖူးကြွနေသော နှုတ်ခမ်းတစ်စုံပိုင်ဆိုင်ထားသည့်သူမသည် ခပ်ဝိုင်းဝိုင်းမျက်လုံးတွေကနေ အသက်ရှူသံပြင်းပြင်းနှင့် အလွန်ပင်ပူလောင်နေဟန်ရှိသော အရှင်လီယိုအား စိုးရွံ့စွာငေးကြည့်နေခိုက် လီယိုသည် ခပ်ပါးပါး ဝတ်ရုံကလေးအောက်မှာ သူမ၏အသွေးအသား ခန္ဓာကိုယ်အား မြင်နေရသည်မှာ မထိတွေ့ပဲမနေနိုင်တော့သဖြင့် ခါးမှ ကြိုးကလေးအား အသာအယာဖြေဖွင့်လိုက်လျှင် ဖြူဖွေးဝင်းမွတ်သော အသားအရေနှင့် လုံးဝန်းမို့မောက်သောရင်သားတွေဟာ သူ့ကိုမိန်းမောသွားစေလျှက် ရင်သားအထက်မှ ခပ်ရဲရဲချယ်သီးတစ်လုံးလိုအဖုကလေးတွေကိုလည်း သူကြည့်မနေနိုင်တော့ဘဲ လက်တစ်ဖက်က ရင်သားများကိုထိတွေ့ပြီး တစ်ဖက်ကျန်သောရင်သားကို ငုံ့ရှိုးနမ်းရှိုက်ရင်း ငုံထွေစုပ်ယူလိုက်ရာအိုလီဗိယာမှာ ကတ္တီပါအခင်းကြီးကို ဆုပ်ကိုင်ထားပြီး ရှက်ရွံ့ထိတ်လန့်နေမိသည်။
လီယိုရဲ့ လက်တွေဟာ ငြိမ်မနေဘဲ သူမ၏ ခန္ဓာကိုယ်တစ်လျောက် ချော့မွေ့သောအသားအရေဆီမှာ နေရာလပ်မရှိအောင် ပွတ်သပ်ထိတွေနေသည်မှာ သူမ၏ခြေသလုံးနှင့် ပေါင်တံတွေပါမကျန် အခုဆိုသူမပိုင်နက်နေရာရပ်ဝန်းဆီသို့ပါ ကျူးကျော်နေပြီ။
" အ...အရှင်! "
သတိပေးလာသည့်သူမအသံခပ်တိုးတိုးဟာ လီယိုကို တားဆီးနိုင်မှာမဟုတ်သလို အရေးစိုက်ခြင်းလ​ည်းမရှိခဲ့ပါဘူး။
" အ... "
တစ်ခါတည်း လက်နှစ်ချောင်းလောက်ထည့်သွင်းလိုက်သည့် သူမပိုင်နက်ဟာ အရမ်းကြပ်နေပြီး လီယိုဟာ သူမဆီကလက်နှစ်ချောင်းကို အသွင်းအထုတ်လုပ်ပေးလျှက် သူ၏ ဝတ်ရုံတော်အား ကျန်သောလက်တစ်ဖက်ဖြင့် ချွတ်ချခဲ့လျှင် ဖြူဝင်းသော ရင်အုံနှင့်အတူ ဗိုက်ဆီက ကြွက်သားအမြှောင်းတွေကလည်း ရင်ခုန်လှိုက်ဖိုစရာကောင်းလှသည့်အပြင် သူမကို ရမ္မက်မီးတွေပူလောင်နေသော မျက်လုံးတွေနှင့်သူမအားစူးစိုက်ကြည့်နေသော အရှင်လီယိုဟာ သူ၏လက်နှစ်ချောင်းကို ဆွဲထုတ်ပြီးနောက်
သူမ၏ ခြေထောက်နှစ်ချောင်းအား ​ကားစေပြီးအလယ်တွင်နေရာယူလျှက် တားမြစ်ဖို့လှမ်းလာသောသူမရဲ့လက်နှစ်ဖက်လုံးကိုလည်း သူ၏ကြီးမားသောလက်တစ်ဖက်တည်းနှင့် ဆုပ်ကိုင်လိုက်ကာ သူ၏ဖွံ့ထွားလှသော ပစ္စည်းအား သူမပိုင်ဆိုင်မှုအတွင်းသို့ တိုးဝင်းလိုက်သည်။
" အား..."
သူမက ခပ်ဟဟ ငြီးလိုက်သည်။
၃ပုံ၁ပုံမျှသာဝင်သေးသော သူ့အရာအား တစ်ဝက်လောက်ထိဝင်အောင် ထပ်မံထိုးလိုက်ရာ သူမမှာ မျက်လုံးတွေဝေဝါးလျှက် နှုတ်ခမ်းကလေးက ဟသည်ထက် ပိုဟ သွား၏ ။
တစ်ချက်ငြီးလိုက်တိုင်း လီယိုဟာ သူမဆီသို့ ဇွတ်တိုးဝင်နေသည်မှာ သူ၏ ပိုင်ဆိုင်ခြင်းအားလုံးသူမအထဲသို့ရောက်သွားပြီဖြစ်ရာ
အောက်မှ ကြိတ်ခံထားရသည့် အိုလီဗီယာဟာ အသံမထွက်တော့ဘဲ နှုတ်ခမ်းကလေးဟလျှက် လီယို့ရဲ့လှုပ်ရှားမှုအတိုင်း သူမရဲ့ ရင်သားတွေက ယိမ်းခါနေသည်ကိုလည်း သဘောကျစွာမလွှတ်တမ်းကြည့်နေမိပြီး သူမရဲ့ခေါင်းပေါ်သို့လက်နှစ်ဖက်မြှောက်ကာ ထိန်းချုပ်ထားသည်အားလည်းလွှတ်ပေးလိုက်သည်။
ထို့နောက် အရှင်လီယို၏ ပုခုံးပေါ်က ခပ်တွန့်တွန့်ဆံပင်ရှည်တွေဟာလည်း ချွေးနှင့် ကပ်နေသည်အား လက်နှစ်ဖက်နှင့် နောက်သို့ထိုးသပ်လိုက်ပြီးနောက် အရှိန်ပြင်းပြင်းထိုးသွင်းမှုများကို အံတုနေသည့် အိုလီဗီယာခဗျာ ကတ္တီပါခင်းကြီးကိုသာ ဆွဆုပ်ထားရပြီး
" အင့်...အ...အဟင့်...အာ့...အား...."
မျက်ရည်တွေဝေ့ဝိုင်းနေသော သူမရဲ့ ခပ်ဟဟနှုတ်ခမ်းအတွင်းသို့ အရှင်လီယိုဟာ သူ၏ လက်နှစ်ချောင်းကို ထိုးထည့်လိုက်သည့်အခါ သူမရဲ့ အသံတွေတိတ်ကျသွားသည်။
အရှင်လီယိုသည် တစ်ချက်တစ်ချက် မျက်နှာမော့ထားကာ သူကိုယ်တိုင်ပင် တစ်ခါတစ်ရံ ငြီးငြူမိသည်အထိ မိန်းမောခံစားနေရသည်။
မောဟိုက်ပူလောင်ကာ အသက်ပြင်းပြင်းရှူနေသော အရှင်လီယိုဟာ သူမရဲ့မျက်နှာဆီသို့ ငုံ့လာကာ နှုတ်ခမ်းတွေကို ခပ်ကြမ်းကြမ်းဆွဲစုပ်နမ်းလိုက်ပြီးနောက် နားနားမှာ ခပ်တိုးတိုးပြောလိုက်သည်။
"မင်းကို မိဖုရားမြှောက်လိုက်ပြီ အိုလီဗီယာ"
×××××××××××××××××××××××××××××××
ဒေါသကြီးလှပါသည်ဆိုသော ရှင်ဘုရင်က ချစ်လှစွာသောမိဖုရားရှေ့တွင် ဘယ်လောက်ပင်နူးညံ့ပါစေ အိုလီဗီယာ ရယ်ခြင်းပြုံးခြင်းမရှိ။ ၂လဆိုသောအချိန်အတွင်းမှာ လီယို ဘယ်လောက်ကြိုစားပါစေ သူမရဲ့အချစ်ကိုမရှိခဲ့နိုင်။
"အိုလီဗီယာ.....ဒီညနေဆည်းဆာ မှာ ငါကိုယ်တော်နှင့်အတူ ဥယျာဉ်ထဲ သွားရအောင် မင်းအတွက် လက်ဆောင်ပြင်ဆင်ထားတယ် "
"စိုးရွံ့မိပါတယ်အရှင်...နေမကောင်းလို့ မလိုက်ပါရစေနဲ့"
လီယိုသည် မိဖုရားဆောင်မှ ထွက်လာခဲ့ပြီး
"တောက်!"
အမြဲတမ်း ငြင်းနေသည့် မိဖုရားကို စိတ်မဆိုးရက်ပေမဲ့ .....
"အရှင်...."
"ငါကိုယ်တော် စိတ်ကြည်နေတာမဟုတ်လို့ လျှောက်တင်စရာတွေကို ရွေးချယ်လျှောက်တင်ရလိမ့်မယ်"
"စိုးရွံ့မိပါတယ် အရှင်.... ကျွန်ုပ်တို့ ဂင်ဂါယာတိုင်းပြည်ကိုသိမ်းပိုက်ခြင်း နှောင့်နှေးမှုများတွေ့ကြုံနေရတာဟာ နယ်သာရာပြည်နယ်ကြောင့်ဖြစ်ပါတယ်"
"ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားလဲ နယ်သာရာဆိုတာ သေးနုပ်တဲ့အပြင် ဘုရင်တောင်မရှိတဲ့ပြည်နယ်တစ်ခု အဘယ်ကြောင့် ငါတို့စစ်သည်တော်တွေမတိုက်နိုင်ရသလဲ"
"စိုးရွံ့မိပါတယ် အရှင် ...နယ်သာရာပြည်နယ်ကို အုပ်ချုပ်တဲ့ စကားလက်ဆိုတဲ့မိန်းမပျိုဟာ စုန်းအတတ်ပညာကြောင့် သူ့ပိုင်နက်နယ်ကို အဘယ်မျှကျူးကျော်နိုင်ခြင်းမရှိနိုင်ပါဘူး အရှင်!"
"ဂင်ဂါယာတိုင်းပြည်ကို နှောင့်နှေးခြင်းမရှိ သိမ်းပိုက်နိုင်ဖို့ ရှင်းသင့်ရာ ရှင်းရမယ် မနက်ဖြန် နယ်သာရာကိုချီတက်ဖို့ ပြင်ဆင်ထား"
××××××××
လီယိုဟာသံချပ်ကာဝတ်ရုံအပြည့်ကိုဝတ်ဆင်ပြီး မိဖုရားကိုနှုတ်ဆက်ဖို့ ရောက်လာခဲ့သည်။
အိုလီဗီယာဟာ အဖြူရောင်ဂါဝန်ရှည်ကြီးအားမယူ၍ အရှင်လီယိုဆီသို့လှမ်းလာခဲ့၏။
"ငါကိုယ်တော် ခရီးသွားနေစဉ်မှာ ကျန်းမာအောင်နေရစ်ပါ အိုလီဗီယာ "
ထို့နောက် အထိန်းတော်တွေအားလည်း
"အိုလီဗီယာရဲ့ မည်သည့်ကိစ္စမဆို အရေးကြီးရင် ချက်ချင်း ဆက်သွယ်လိုက်ပါ"
ထို့နောက် လီယိုသည် ဘေးမှာရပ်နေသည့် ငယ်ရွယ်သွက်လက်သော ကိုယ်ရံတော်တစ်ဦးအား
"ကိုယ်ရံတော်လူးကပ်(စ်) မင်းက မိဖုရားအိုလီဗီယာနဲ့ပတ်သတ်ပြီးအရေးကြီးဆုံးတာဝန်ကိုထမ်းဆောင်ရမယ်.....  အိုလီဗီယာ သူက ဒီနေ့ကစပြီး မင်းရဲ့ ကိုယ်ရံတော်ဖြစ်သွားပြီ  လူးကပ်(စ်) ငါကိုယ်တော်ရဲ့ ချစ်လှစွာသောမိဖုရားကို အသက်နှင့်ထပ်တူစောင့်ရှောက်ပါ "
လီယိုသည် အိုလီဗီယာ၏ နှဖူးသို့ အနမ်းတစ်ပွင့်ခြွေ၍  လိုရာခရီးနှင်ခဲ့သည်။
××××××××××××××××××××××
ရက်အနည်းငယ်ကြာသည့်အခါ နယ်သာရာပြည်နယ်သို့ရောက်ခဲ့ကြပြီးညာလက်ရုံးပြောသည့် စကားလက်ဆိုသောမိန်းမပျိုနှင့် ဆွေးနွေးခဲ့သည် ။
"အရှင်က ကျွန်တော်မျိုးမရဲ့ပြည်နယ် ကို လိုချင်ပါလျှင် ကျွန်တော်မျိုးမကို မိဖုရားမြှောက်ရလိမ့်မယ် အရှင်လီယို!"
"ငါကိုယ်တော်ဘဝမှာ မိဖုရားဟူသည် အိုလီဗီယာ တစ်ဦးသာ !"
သို့သော် တိုင်းပြည်အရေးနှောင့်နှေးခြင်းကို မုန်းတီးသော ဘုရင်လီယိုသည် ကြာကြာမဆွေးနွေးတော့ဘဲ စကားလက်အား မိဖုရားမြှောက်ခဲ့၏။ ထို့နောက် ဂင်ဂါယာတိုင်းပြည်ကို ဆက်လက်သိမ်းပိုက်လျှင်လည်း လီယိုနှင့်အတူ စကားလက်လည်းလိုက်ပါလာခဲ့သဖြင့် ဂင်ဂါယာတိုင်းပြည်အား လွယ်လင့်တကူသိမ်းပိုက်နိုင်ခဲ့သည်။ စုန်းမတစ်ယောက်အား မိဖုရားမြှောက်ခြင်းအားဖြင့် ဤမျှလောက်အသုံးဝင်မည်မထင်ခဲ့သော ဘုရင်လီယို သည် စကားလက်အား အထင်သေးမိသည်ကို နောင်တအနည်းငယ်ရလိုက်သည်။
××××××××××××××××××××××××
၂ပတ်ကျော်ကြာခဲ့သော ခရီးမှ ပြန်လာခဲ့လျှင် လွမ်းဆွတ်တမ်းရနေရသော မိဖုရား အိုလီဗီယာအား အပြေးသွားတွေ့ခဲ့၏။ ဘယ်တော့မှနန်းဆောင်ထဲကမထွက်သော မိဖုရားဟာ ဥယျာဉ်ထဲမှာဆိုသောကြောင့် လီယို ထူးဆန်းသည်ဟု ယူဆကာ လိုက်လာခဲ့လျှင် ပို၍ထူးဆန်းစွာ သူမ ဟက်ဟက်ပက်ပက်ရယ်မောနေသည်အား တွေ့လိုက်ရ၏။
ရယ်ပြုံးခြင်းမရှိတဲ့မိဖုရားဟာ ရယ်မောနေသဖြင့်လီယို သဘောကျနှစ်သက်စွာ လိုက်ပြုံးမိရင်း သူမဘာကြောင့်ပြုံးနေသလဲ အသံတိတ်ချောင်းကြည့်မိလျှင် ပန်းတွေခူးပေးနေသည့် ကိုယ်ရံတော်လူးကပ်(စ်) ကြောင့် စိတ်ကသိကအောက်ဖြစ်သွားမိသည်။
"အဟမ်း!"
လီယိုရဲ့ အသံကြောင့် ကိုယ်ရံတော်လူးကပ်(စ်) ဟာချက်ချင်းဒူးထောက်၍ အိုလီဗီယာတစ်ယောက် မျက်နှာသည် ချက်ချင်းမဲ့ကျသွားလေသည်။
"အိုလီဗီယာ....ဒီဥယျာဉ်ကို နှစ်သက်တာပဲ"
လီယိုကဆိုလျှင် အိုလီဗီယာ ခေါင်းညိတ်ခြင်းမှအပ ငြိမ်သက်နေ၏။လီယိုရောက်လာပြီမို့ လူးကပ်(စ်) ရှောင်ပေးလိုက်သည်။
"ငါကိုယ်တော်မရှိသော နေ့ရက်အချို့မှာ ကောင်းကောင်းရှိနေရဲ့လား"
လီယို၏အမေးကို သူမ မဖြေနိုင်ဘဲ သူမမျက်လုံးတွေဟာ ဥယျာဉ် တံခါးမှ လူးကပ်(စ်)ဆီသို့သာ။
"စိုးရွံ့မိပါတယ် အရှင်....လေတိုက်လာပြီမို့ နန်းဆောင်ကိုပြန်ခွင့်ပြုပါ"
"ကိုယ်တော် လိုက်ပို့မယ်"
"အထ်ိန်းတော်တွေနဲ့ကိုယ်ရံတော်ရှိနေတာမို့ စိတ်ချလက်ချအနားယူပါ အရှင်!"
×××××××××××××××××××××××××
လီယိုပြန်ရောက်လာကတည်းက သူမဟာ အရင်ကထက်ပို၍ စ်ိမ်းကားလာခဲ့သည် ။ လူးကပ်(စ်)နှင့် မကြာခဏ တွဲလျှက် တွေ့ဖြစ်သော်လည်း ကိုယ်ရံတော်ဆိုတာ အမြဲ အနားမှာရှိနေရမည်မို့ လီယို သည်းခံ နေခဲ့ပေမဲ့  ထိုနေ့မှာတော့.....
"အရှင် လီယို မိဖုရား အိုလီဗီယာ ပျောက်နေတယ်"
ဆိုသည့် သတင်းကြားပြီးနောက်လီယိုသည် သွေးပွက်ပွက်ဆူလာကာ နေရာအနှံ့လိုက်ရာခဲ့ပါသည်။ နောက်ဆုံး နတ်ရေကန်ကိုသတိရကာ လီယို မြင်းကိုအပြင်းနှင်၍ရောက်လာခဲ့လျှင်
ထင်သည့်အတိုင်း ယုံကြည်ရသောကိုယ်ရံတော်နှင့် သိပ်ချစ်ရတဲ့ မိဖုရားဟာ အနမ်းခြွေနေကြသည့် ပုံရိပ်က လီယို့ ရဲ့ဒေါသ ဒီဂရီတွေကို အမြင့်ဆုံးသို့ ရောက်ရှိစေလျှက်
ချွှင်!!!!
ဓားကို ဆွဲထုတ်ကာ ခြေလှမ်းတို့ရှေ့ဆက်ခဲ့သော်....
"အရှင်လီယို!"
အိုလီဗီယာက ထိတ်လန့်ကြောက်ရွံ့စွာ
"အရာရာစစ မင်းဟာ သစ္စာမရှိတဲ့ မိန်းမပဲ အိုလီဗီယာ.... ငါ့နောက်ကွယ် ငါယုံကြည်ရတဲ့ ကိုယ်ရံတော်နဲ့ဖောက်ပြန်ရဲတယ်"
"စိုးရွံ့မိပါတယ် အရှင်....ကျွန်ုပ်ရဲ့အကြံအစည်ပါ မိဖုရားအိုလီဗီယာမှာ ဘာအပြစ်မှမရှိပါဘူး "
လူးကပ်(စ်) သည်အဆုံးထိ ကာကွယ်ပေးဖို့ ကြိုးစားမည့်ပုံစံ။ အိုလီဗီယာသည် ရေအိုင်ထဲမှ မတ်တပ်ရပ်လိုက်ပြီး
"ကျွန်မတို့ကို လွှတ်ပေးပါ အရှင်လီယို ကျွန်မ အရှင့်ကို ဘယ်တုန်းကမှမချစ်ခဲ့ပါဘူး  ကျွန်မ ချစ်တဲ့သူနဲ့ ထွက်သွားပါရစေ"
အိုလီဗီယာရဲ့စကားတိုင်းဟာ လီယိုရဲ့ နှလုံးသားကို ထိုးနှပ်လျှက်
"တောက်....မင်းတို့၂ယောက်ထဲက တစ်ယောက် သေရမယ် "
လီယိုက ဓားကို အရှိန်ဖြင့် လူးကပ်(စ်)ရင်ဝကို ထိုးစိုက်လိုက်လျှက်
"မလုပ်နဲ့......အား......"
အာခေါင်ခြစ်ကာ အော်လိုက်သော အိုလီဗီယာသည် လူးကပ်(စ်)ဘေးမှာ ဒူးထောက်လျှက် ထိုင်ချပြီး
"လူးကပ်(စ်) အီးဟီး ဟီး ဟီး....."
လီယိုဟာ မေးကြောတွေထောင်လာ၍
"မင်း ငါနဲ့အတူ နန်းတော်ကို ပြန်လိုက်ခဲ့ရမယ် အိုလီဗီယာ!"
အိုလီဗီယာသည် လီယို့ကို နီရဲနေသော မျက်လုံးတို့ဖြင့်စူးစူးနစ်နစ် ကြည့်လိုက်ပြီး
"ပြန်မလိုက်နိုင်ဘူး အရှင်လီယို.... ကျွန်မချစ်သူသေရင် ကျွန်မလည်း သေမယ်...."
အိုလီဗီယာသည် ခေါင်းပေါ်က နှင်းဆီပွင့်သဏ္ဌာန် ဆံထိုးကို ဖြုတ်၍
"ကောင်းကင်နဲ့မြေကြီး ဤနတ်ရေကန်ကို တိုင်တည်၍ ကျိန်ဆိုအပ်ပါသည် သူတစ်ပါး ချစ်ခြင်းကို ရက်စက်စွာ ခွဲအပ်ခဲ့တဲ့ အယ်လ်ဆာရာရဲ့အရှင်သခင်လီယို....ဤအချိန်မှစ၍ ခြင်္သေ့တစ်ကောင် အသွင်ဖြင့် အကျွန်ုပ် ပြန်လည်းမမွေးဖွားမချင်း မကျွတ်လွတ်စေအံ့ ... ချစ်မိသူမှန်သမျှနှင့်သေကွဲကွဲရစေအံ့.... အွတ်...."
သူမ၏ရင်ဘက် နှလုံးသားတည့်တည့်ကို သူမကိုယ်တိုင်ထိုးစိုက်၍ သွေးများလည်းနှုတ်ခမ်းထောင့်မှစီးကျလျှက်
"ဤနှလုံးသွေးနှင့် အကျွန်ုပ်အသက်ကို တိုင်တည်၍ ကျိန်ဆိုပါသည် အွန့်..."
ဓားတန်းလန်းနှင့်သေနှင့်ပြီးသော လူးကပ် (စ်) ၏ဘေးမှာ သူမဟာ ရုတ်ချည်း နှလုံးပေါက်ကာ ကျိန်စာတိုက်ရင်းသေဆုံးသွားခဲ့သည်အား
"အိုလီဗီယာ........."
လီယို သူမနာမည်ကို ရေရွတ်ရင်း မျက်လုံးနှင့်တပ်အပ်မြင်တွင့်လိုက်ရသည်မှာသူမတိုက်ခဲ့သော ကျိန်စာထက် နှလုံးသားထက်မှာ စူးအောင့်ကာ ကြွေမွသွားသကဲ့သို့ခံစားခဲ့ရပါသည်။
×××××××××××××××××××××××××××××××
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (18) ဆက်ရန်
Zawgyi Version
ဘုရင့် သည်းဦးပန်
အပိုင်း (17)
"ဘူးလေးကလှလိုက်တာ "
"ဟင်!"
'သည်း....
သည်းဖတ်ကြည့်ရင်း
"သူကဘာအရူးထပြန်တာလဲ "
ကလင်>>
"ဟယ်လို"
"ဘာလဲ "
"ဘယ်သူ့ကိုလဲ "
"သည်း သွားစရာရှိလို့"
"ဒီဂရီ ဆီကို"
"ဘယ်သူ့ဆီ?"
"ဘာလုပ်တာလဲ"
"လာပါ ကိုကို "
"ကိုကို စိတ်ဆိုးမှာသိပါတယ် ပြီးတော့ ဒီဂရီ ဘာပြောချင်လို့ ခေါ်တာလဲဆိုတာလည်း သည်းသိတယ် "
"ကိုယ်လိုက်ပို့မယ် "
"သည်းငယ် ကကွာ!"
"သည်းကဘာနဲ့သွားမှာလဲ"
"Busကားနဲ့"
"အကြာကြီးမချိုးနဲ့"
"ဟုတ်!"
လိုင်းယ(န်)ကိုယ်တိုင်လည်း ဒီနေ့ ခရစ်နှင့်အတူ ကုမ္ပဏီလိုက်ရမည်မို့ အတင်းအကြပ်မပြောတော့ပေ။
သည်းထွက်လာတော့ ကိုကိုမရှိတော့ပေ ။
"ဟုတ်ကဲ့ဗျ"
"ဒီနေ့ လှနေပါလား"
"စကားလက်?"
"ဘယ်လိုလုပ်?"
"ခဏ ဘယ်လောက်ကြာမှာလဲ"
"အရှင်လီယို!"
"စိုးရွံ့မိပါတယ် အရှင် အကြှနျုပျတို့ ကိုယ်တိုင်မြင်ခဲ့ပါတယ်ဘုရား တိုင်းပြည်အစွန်ကနတ်ရေကန်ဆီသို့ အရှင့်ကို သက်သေလိုက်ပြခွင့်ပေးပါ ဘုရား!"
"ဝင်လာခိုင်းလိုက်!"
"ထိုင်!"
"အိုလီဗီယာ!"
"အရှင်လီယို!"
" အ...အရှင်! "
" အ... "
" အား..."
" အင့်...အ...အဟင့်...အာ့...အား...."
"တောက်!"
"အရှင်...."
"စိုးရွံ့မိပါတယ် အရှင်.... ကြှနျုပျတို့ ဂင်ဂါယာတိုင်းပြည်ကိုသိမ်းပိုက်ခြင်း နှောင့်နှေးမှုများတွေ့ကြုံနေရတာဟာ နယ်သာရာပြည်နယ်ကြောင့်ဖြစ်ပါတယ်"
"ဘယ်လို အဓိပ်ပါယျမရှိတဲ့ စကားလဲ နယ်သာရာဆိုတာ သေးနုပ်တဲ့အပြင် ဘုရင်တောင်မရှိတဲ့ပြည်နယ်တစ်ခု အဘယ်ကြောင့် ငါတို့စစ်သည်တော်တွေမတိုက်နိုင်ရသလဲ"
"အဟမ်း!"
"အထ်ိန်းတော်တွေနဲ့ကိုယ်ရံတော်ရှိနေတာမို့ စိတ္ခ်လက္ခ်အနားယူပါ အရှင်!"
ချွှင်!!!!
"အရှင်လီယို!"
"စိုးရွံ့မိပါတယ် အရှင်....ကြှနျုပျရဲ့အကွံအစညျပါ မိဖုရားအိုလီဗီယာမှာ ဘာအပြစ်မှမရှိပါဘူး "
"မလုပ်နဲ့......အား......"
"ကောင်းကင်နဲ့မြေကြီး ဤနတ်ရေကန်ကို တိုင်တည်၍ ကျိန်ဆိုအပ်ပါသည် သူတစ်ပါး ချစ်ခြင်းကို ရက်စက်စွာ ခွဲအပ်ခဲ့တဲ့ အယ်လ်ဆာရာရဲ့အရှင်သခင်လီယို....ဤအချိန်မှစ၍ ခြင်္သေ့တစ်ကောင် အသွင်ဖြင့် အကြှနျုပျ ပြန်လည်းမမွေးဖွားမချင်း မကျွတ်လွတ်စေအံ့ ... ချစ်မိသူမှန်သမျှနှင့်သေကွဲကွဲရစေအံ့.... အွတ်...."
"ဤနှလုံးသွေးနှင့် အကြှနျုပျအသကျကို တိုင်တည်၍ ကျိန်ဆိုပါသည် အွန့်..."
"အိုလီဗီယာ........."
အပိုင်း (18) ဆက်ရန်
Continue Reading
You'll Also Like
58.4K 1.3K 13
အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာပြီးတဲ့နောက်မှာ အချစ်ဆိုတာကအရာရာမဟုတ်သလို ပျော်ရွှင်မှုတွေနဲ့ ချည်းပဲလဲ အမြဲပြီးပြည့်စုံနေတာမဟုတ်ဘူး...... အချစ်ရိပ် ကျွ...
142K 4.6K 42
Chanbaek & Chansoo -Normal 🔥Warning🔥20+ Don't Bash me!!
29.2K 1.7K 24
ရင်ခုန်ခြင်းဟာ အချစ်၏တမန်တော်များလား