"ရွင္းမန္ ထေတာ့ ငါတို ့ေရာက္ျပီ"
ဖူးယြမ္ အတင္းလွဳပ္နိုးခံလိုက္ရတာေျကာင့္ နိုးထလာရျပီး သူမ်ားေတြ ကားေပၚက ဆင္းေနတာေတြ ့တာေျကာင့္ ဖူးယြမ္လည္း ေပါင္ေပၚက ေက်ာပိုးအိတ္ကို လြယ္လိုက္ကာ ကားေပၚက လိုက္ဆင္းလိုက္ေလတယ္။
"ကဲ ငါတို ့ ဒီကေန ေက်ာက္က်ိဳး ကို ေျခလ်င္သြားရမယ္ "
ေခါင္းေဆာင္ လို အစ္ကိုအေျပာေျကာင့္ ဆယ္ေယာက္ေက်ာ္ အဖြဲ ့ေလးဟာ ရြာလမ္းကို ေလ်ာက္ျကေလေတာ့တယ္။
"ရွင္းမန္ ဟိုေရာက္ရင္ ငါ့တို့နားပဲ ေနေနာ္ ျကားလား"
ဖူးယြမ္လည္း သူ့လက္ေမာင္းကိုဖက္ကာ ေျပာလာတဲ့ မိန္းကေလးေျကာင့္ အင္းလို ့သာေျဖျပီး အခုအေျခအေနကို နားလည္ဖို ့ ဇာတ္ေျကာင္းဖတ္လိုက္ေလတယ္။
သူဝင္ထားကိုယ္ ဟာ ဟန္ရွင္းမန္ဆိုတဲ ့ ေရွးေဟာင္းသုတသီ ေပါက္စေလးပင္။ ခုသြားေနတဲ့ ေနရာဟာ သူ့တြင္ ပထမဆံုး ျဖစ္သလို ေနာက္ဆံုးလည္း ျဖစ္တယ္။ သူ့လက္ေမာင္းကို လာဖက္ထားတဲ့သူဟာ ရွင္းမန္ရဲ ့စီနီယာ လဲ့ဇူးခ်န္ ဆိုတဲ့ အစ္ကိုပင္။
*Wth လွခ်က္ ေယာက်္ားေလးလို ့ေတာင္ မထင္ရဘူး*
ေနာက္တစ္ေယာက္ကေတာ့ လဲ့ဇူးခ်န္ရဲ ့ သူငယ္ခ်င္း စူးလင္းရန္ ျဖစ္ေလတယ္။ဒီကမ႓ာရဲ ့ ဇာတ္လိုက္မက လဲ့ဇူးခ်န္ ျဖစ္ျပီး ဇာတ္လိုက္ စူးလင္းက်ိ ဆိုတဲ့ လင္းရန္ရဲ ့ အစ္ကိုပင္။ ဒီေလာက္ပါပဲ ဇာတ္ေျကာင္းက ဒီထိသာ ျပသထားေလတယ္။
ဖူးယြမ္ သေဘာေပါက္ပါတယ္ ။ ေနာက္ဆံုးကမ႓ာမို ့အဆံုးထိ ျကပ္ေတာ့မယ္ ဆိုတာ။
ရွင္းမန္ဆႏၵေလးကေတာ့ ေနာက္ဆံုးထိ အသက္ရွင္ခ်င္ပါသတဲ့
(ခုကစျပီး ဟန္ရွင္းမန္တို ့ပဲ သံုးပါေတာ့မယ္)
ရြာထဲ ေရာက္သြားေတာ့ ျမိဳ ့ျပနဲ ့မတူတဲ့ ေရွးေခတ္အိမ္ပံုစံေလးေတြနဲ ့ ရိုးရွင္းေလတယ္။ရွင္းမန္တို ့အဖြဲ ့ ရြာစြန္နားက လင္းရန္တို ့အိမ္တြင္ တည္းခိုျကေလတယ္။
"ရွင္းမန္လာ ငါအစ္ကိုနဲ ့မိတ္ဆက္ေပးမယ္ "
ေျပာရင္း ကင္မရာတစ္လံုးနဲ ့အလုပ္ရွဳပ္ေနတဲ့ ရွင္းမန္ကို ပုခံုးကေနဆြဲကာ ေခၚေလေတာ့တယ္။
"အစ္ကို ဒါ ကြ်န္ေတာ့္ ဂ်ဴနီယာ ဟန္ရွင္းမန္တဲ့ ဒီဘက္က သူငယ္ခ်င္း လဲ့ဇူးခ်န္ ရွင္းမန္ ဇူးခ်န္ ဒါ ငါအစ္ကို စူးလင္းက်ိ တဲ ့"
"ေတြ ့ရတာ ဝမ္းသားပါတယ္ အစ္ကို "
ဇာတ္လိုက္မ ျဖစ္တဲ့ဇူးခ်န္က လက္ေရွ ့ ထိုးလိုက္ေသာ္လည္း လင္းရန္အစ္ကိုက အဖက္မလုပ္ပဲ ထြက္သြားေလေတာ့တယ္။ ထိုအျပဳအမူေျကာင့္ လင္းရန္က ဇူးခ်န္ကို အားနာကာ
"ဇူးခ်န္ စိတ္ထဲမထားပါနဲ ့ အစ္ကိုက အဲ့လိုပဲ ေအးတိေအးစက္နဲ ့ "
ဇူးခ်န္က ထြက္သြားတဲ့ေက်ာျပင္ကို ျကည့္ကာ ျပံဳးလိုက္ေလတယ္။ျပီးမွ လင္းရန္ဘက္လွည့္ကာ
"ရပါတယ္ လင္းရန္ အစ္ကို လို ေအးတိေအးစက္ပံုစံကို ငါတကယ္သေဘာက်တယ္"
ဇူးခ်န္ တစ္ေယာက္ ျပံဳး၍ သူ တို့တြက္ ျပင္ထားတဲ့အခန္းကို ထြက္သြားေလေတာ့တယ္။ က်န္ခဲ့တဲ့ လင္းရန္မွာ ဝမ္းနည္းရိပ္ေတြ ျပည့္ေနေလတယ္။ ထိုအရာေတြကို ရွင္းမန္ ဂရုစိုက္မေနေတာ့ပါ။သို ့ေသာ္ ဇာတ္လိုက္ စူးလင္းက်ိ အေပၚ ရင္းႏွီးေနသလို ခံစားရတယ္။ ဒီဘာမွန္း မသိတဲ့ ခံစားခ်က္က သူ့တြက္ ေမးခြန္းတဖြယ္ျဖစ္ေနေလတယ္။
"လင္းရန္ေကာ ဒါဆို ကြ်န္ေတာ္လည္း သြားနားလိုက္ပါအံုးမယ္"
ရွင္းမန္ အခန္းထဲ ေရာက္တာနဲ ့ ျကမ္းျပင္ထက္ ခင္းထားတဲ့ ေမြ ့ရာေလးေပၚ ေက်ာပိုးအိတ္ကို ခ်လိုက္ျပီး မွတ္ညဏ္ကို စစ္ေဆးမိတယ္။ ရွင္းမန္တို ့ ဟာ ေက်ာက္က်ိဳးဆိုတဲ့ ရြာေနာက္ က ေတာင္တန္း ေတြ ေနာက္မွာ ရွိေနတဲ့ ေရွးေဟာင္း လက္ရာေတြနဲ ့ျပည့္ေနတဲ့ ဂူသခ်ၤ ိဳင္းကို လာေလ့လာျခင္းသာ။
ရွင္းမန္ သူဟာ ဒီကိုယ္ထဲ ဝင္ထားတဲ့ ဝိညာဥ္တစ္ခုမွန္း သိတယ္။ သို ့ေသာ္ သူ့နာမည္က လြဲရင္ ဘာကိုမ်ွ သူမမွတ္မိေပ။ စိတ္ထဲ တစ္စံုတစ္ခုကို လြမ္းဆြတ္ေနသလို တစ္ခုခုလိုေနသလို ခံစားေနရတာ ျဖစ္တယ္။
ထိုညေနဘက္တြင္ စူးအိမ္ေတာ္က ညီအစ္ကို နွစ္ေယာက္က သူတို့ကို ညစာတည္းခင္းေကြ်းေလတယ္။ စူးအိမ္ေတာ္ ေရာက္စက ပင္ပန္းလို ့ သိပ္မျကည့္ျဖစ္ေပမယ့္ ခု ျကည့္လိုက္ေတာ့ နံရံတစ္ခ်ိဳ ့မွာ သားေကာင္ေတြရဲ ့ အရိုးေတြ ေရွးေခတ္က သံုးတဲ့ ဓားနွစ္လက္ကို ျကက္ေျခခတ္ပံုစံ လုပ္ထားျပီး ေရွးေဟာင္းပစၥည္း တစ္ခ်ိဳ ့ကို အံ့ျသဖြယ္ေတြ ့ျမင္နိုင္ေလတယ္။
ရွင္းမန္ အံ့ျသလြန္းလို့ပါးစပ္ေတာင္ မစိနိုင္ေအာင္ ျဖစ္ေနတာျမင္ေတာ့ လင္းရန္က အနားေရာက္လာကာ
"ငါတို ့ဘိုးဘြားေတြက ဂူေဖာက္တဲ့ သူေတြေလ အဲ့တာက သူတို့ စုေဆာင္းထားတဲ့ အရာေတြ ငါတို့ အေဖ မေသခင္ထိ ဂူေဖာက္တဲ့အလုပ္လုပ္ခဲ့တယ္ေျပာတာပဲ ငါအရြယ္ေရာက္ေတာ့ အေဖက မရွိေတာ့ဘူးေလ ငါ့အစ္ကိုကေတာ့ အေဖနဲ ့အတူ သံုးျကိမ္ေလာက္ လိုက္ဖူးတယ္ ေနာက္ေတာ့ သူလည္း မလုပ္ျဖစ္ေတာ့ဘူး"
လင္းရန္ေကာ အေျပာကို ရွင္းမန္ ေခါင္းတျငိမ္ျငိမ့္နဲ ့ နားေထာင္ေလတယ္။
"လာေတာ့ ညစာ သြားစာျကမယ္ မဟုတ္ရင္ ငတ္ေနမယ္ "
ညစာကို စားတဲ့အခ်ိန္ အဖြဲ ့ကလူေတြဟာ စကားတေျပာေျပာနဲ ့ ရွင္းမန္ ကေတာ့ သူ ့ေဘးက ေရခဲလူသားေျကာင့္ တိတ္တဆိတ္ပင္ ထမင္းငံု ့စားေနမိတယ္။ ထို အခ်ိန္ သူ ့ထမင္းပန္းကန္ထဲ ဝက္သားဖက္ တစ္ခုကို ထည့္ေပးလာသူေျကာင့္ ရွင္းမန္ အံ့ျသသြားမိတယ္။
"ရွင္းမန္ ဟင္းမျကိဳက္လို ့ ထည့္မစားတာလား ငါ့အစ္ကို မင္းမထည့္စားလို ့ ထည့္ေပးမိတာ ျဖစ္မယ္ စိတ္အေနွာက္အယွက္ ျဖစ္သြားလား"
"ရပါတယ္ လင္းရန္ေကာ ေက်းဇူးပါ လင္းက်ိေကာ "
သူ့ေဘးက လူကို ျကည့္ကာ ေက်းဇူးတင္လိုက္တယ္။ထိုလူကေတာ့ ေအးစက္စြာပင္ ျပန္မေျပာပဲ လွည့္သြားေလတယ္။
ဒီလိုနဲ ့ ညဘက္ အသီးသီး အိပ္စက္အနားယူလိုက္ျကျပီး မနက္က် ေစာေစာထကာ ေတာထဲဝင္ဖို ့ျပင္ျကေလေတာ့တယ္။
ဟီး ပုျကဳတို ့ေတာ့ ေရးခ်င္တာ ေရးလိုက္ပါျပီဗ်။ဒီေန ့ေတာ့ ဒီေလာက္ပါပဲ ။ တစ္ေနကုန္ အိမ္အလုပ္ေတြနဲ ့ပိေနလို ့ စာမေရးလိုက္ရဘူး။ နက္ျဖန္မွ မ်ားျကီးတင္ေပးမယ္ေနာ္။
Unicode
"ရှင်းမန် ထတော့ ငါတို့ရောက်ပြီ"
ဖူးယွမ် အတင်းလှုပ်နိုးခံလိုက်ရတာကြောင့် နိုးထလာရပြီး သူများတွေ ကားပေါ်က ဆင်းနေတာတွေ့တာကြောင့် ဖူးယွမ်လည်း ပေါင်ပေါ်က ကျောပိုးအိတ်ကို လွယ်လိုက်ကာ ကားပေါ်က လိုက်ဆင်းလိုက်လေတယ်။
"ကဲ ငါတို့ ဒီကနေ ကျောက်ကျိုး ကို ခြေလျင်သွားရမယ် "
ခေါင်းဆောင် လို အစ်ကိုအပြောကြောင့် ဆယ်ယောက်ကျော် အဖွဲ့လေးဟာ ရွာလမ်းကို လျောက်ကြလေတော့တယ်။
"ရှင်းမန် ဟိုရောက်ရင် ငါ့တို့နားပဲ နေနော် ကြားလား"
ဖူးယွမ်လည်း သူ့လက်မောင်းကိုဖက်ကာ ပြောလာတဲ့ မိန်းကလေးကြောင့် အင်းလို့သာဖြေပြီး အခုအခြေအနေကို နားလည်ဖို့ ဇာတ်ကြောင်းဖတ်လိုက်လေတယ်။
သူဝင်ထားကိုယ် ဟာ ဟန်ရှင်းမန်ဆိုတဲ့ ရှေးဟောင်းသုတသီ ပေါက်စလေးပင်။ ခုသွားနေတဲ့ နေရာဟာ သူ့တွင် ပထမဆုံး ဖြစ်သလို နောက်ဆုံးလည်း ဖြစ်တယ်။ သူ့လက်မောင်းကို လာဖက်ထားတဲ့သူဟာ ရှင်းမန်ရဲ့စီနီယာ လဲ့ဇူးချန် ဆိုတဲ့ အစ်ကိုပင်။
*Wth လှချက် ယောကျ်ားလေးလို့တောင် မထင်ရဘူး*
နောက်တစ်ယောက်ကတော့ လဲ့ဇူးချန်ရဲ့ သူငယ်ချင်း စူးလင်းရန် ဖြစ်လေတယ်။ဒီကမ္ဘာရဲ့ ဇာတ်လိုက်မက လဲ့ဇူးချန် ဖြစ်ပြီး ဇာတ်လိုက် စူးလင်းကျိ ဆိုတဲ့ လင်းရန်ရဲ့ အစ်ကိုပင်။ ဒီလောက်ပါပဲ ဇာတ်ကြောင်းက ဒီထိသာ ပြသထားလေတယ်။
ဖူးယွမ် သဘောပေါက်ပါတယ် ။ နောက်ဆုံးကမ္ဘာမို့အဆုံးထိ ကြပ်တော့မယ် ဆိုတာ။
ရှင်းမန်ဆန္ဒလေးကတော့ နောက်ဆုံးထိ အသက်ရှင်ချင်ပါသတဲ့
(ခုကစပြီး ဟန်ရှင်းမန်တို့ပဲ သုံးပါတော့မယ်)
ရွာထဲ ရောက်သွားတော့ မြို့ပြနဲ့မတူတဲ့ ရှေးခေတ်အိမ်ပုံစံလေးတွေနဲ့ ရိုးရှင်းလေတယ်။ရှင်းမန်တို့အဖွဲ့ ရွာစွန်နားက လင်းရန်တို့အိမ်တွင် တည်းခိုကြလေတယ်။
"ရှင်းမန်လာ ငါအစ်ကိုနဲ့မိတ်ဆက်ပေးမယ် "
ပြောရင်း ကင်မရာတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ရှင်းမန်ကို ပုခုံးကနေဆွဲကာ ခေါ်လေတော့တယ်။
"အစ်ကို ဒါ ကျွန်တော့် ဂျူနီယာ ဟန်ရှင်းမန်တဲ့ ဒီဘက်က သူငယ်ချင်း လဲ့ဇူးချန် ရှင်းမန် ဇူးချန် ဒါ ငါအစ်ကို စူးလင်းကျိ တဲ့"
"တွေ့ရတာ ဝမ်းသားပါတယ် အစ်ကို "
ဇာတ်လိုက်မ ဖြစ်တဲ့ဇူးချန်က လက်ရှေ့ ထိုးလိုက်သော်လည်း လင်းရန်အစ်ကိုက အဖက်မလုပ်ပဲ ထွက်သွားလေတော့တယ်။ ထိုအပြုအမူကြောင့် လင်းရန်က ဇူးချန်ကို အားနာကာ
"ဇူးချန် စိတ်ထဲမထားပါနဲ့ အစ်ကိုက အဲ့လိုပဲ အေးတိအေးစက်နဲ့ "
ဇူးချန်က ထွက်သွားတဲ့ကျောပြင်ကို ကြည့်ကာ ပြုံးလိုက်လေတယ်။ပြီးမှ လင်းရန်ဘက်လှည့်ကာ
"ရပါတယ် လင်းရန် အစ်ကို လို အေးတိအေးစက်ပုံစံကို ငါတကယ်သဘောကျတယ်"
ဇူးချန် တစ်ယောက် ပြုံး၍ သူ တို့တွက် ပြင်ထားတဲ့အခန်းကို ထွက်သွားလေတော့တယ်။ ကျန်ခဲ့တဲ့ လင်းရန်မှာ ဝမ်းနည်းရိပ်တွေ ပြည့်နေလေတယ်။ ထိုအရာတွေကို ရှင်းမန် ဂရုစိုက်မနေတော့ပါ။သို့သော် ဇာတ်လိုက် စူးလင်းကျိ အပေါ် ရင်းနှီးနေသလို ခံစားရတယ်။ ဒီဘာမှန်း မသိတဲ့ ခံစားချက်က သူ့တွက် မေးခွန်းတဖွယ်ဖြစ်နေလေတယ်။
"လင်းရန်ကော ဒါဆို ကျွန်တော်လည်း သွားနားလိုက်ပါအုံးမယ်"
ရှင်းမန် အခန်းထဲ ရောက်တာနဲ့ ကြမ်းပြင်ထက် ခင်းထားတဲ့ မွေ့ရာလေးပေါ် ကျောပိုးအိတ်ကို ချလိုက်ပြီး မှတ်ညဏ်ကို စစ်ဆေးမိတယ်။ ရှင်းမန်တို့ ဟာ ကျောက်ကျိုးဆိုတဲ့ ရွာနောက် က တောင်တန်း တွေ နောက်မှာ ရှိနေတဲ့ ရှေးဟောင်း လက်ရာတွေနဲ့ပြည့်နေတဲ့ ဂူသချၤ ိုင်းကို လာလေ့လာခြင်းသာ။
ရှင်းမန် သူဟာ ဒီကိုယ်ထဲ ဝင်ထားတဲ့ ဝိညာဉ်တစ်ခုမှန်း သိတယ်။ သို့သော် သူ့နာမည်က လွဲရင် ဘာကိုမျှ သူမမှတ်မိပေ။ စိတ်ထဲ တစ်စုံတစ်ခုကို လွမ်းဆွတ်နေသလို တစ်ခုခုလိုနေသလို ခံစားနေရတာ ဖြစ်တယ်။
ထိုညနေဘက်တွင် စူးအိမ်တော်က ညီအစ်ကို နှစ်ယောက်က သူတို့ကို ညစာတည်းခင်းကျွေးလေတယ်။ စူးအိမ်တော် ရောက်စက ပင်ပန်းလို့ သိပ်မကြည့်ဖြစ်ပေမယ့် ခု ကြည့်လိုက်တော့ နံရံတစ်ချို့မှာ သားကောင်တွေရဲ့ အရိုးတွေ ရှေးခေတ်က သုံးတဲ့ ဓားနှစ်လက်ကို ကြက်ခြေခတ်ပုံစံ လုပ်ထားပြီး ရှေးဟောင်းပစ္စည်း တစ်ချို့ကို အံ့သြဖွယ်တွေ့မြင်နိုင်လေတယ်။
ရှင်းမန် အံ့သြလွန်းလို့ပါးစပ်တောင် မစိနိုင်အောင် ဖြစ်နေတာမြင်တော့ လင်းရန်က အနားရောက်လာကာ
"ငါတို့ဘိုးဘွားတွေက ဂူဖောက်တဲ့ သူတွေလေ အဲ့တာက သူတို့ စုဆောင်းထားတဲ့ အရာတွေ ငါတို့ အဖေ မသေခင်ထိ ဂူဖောက်တဲ့အလုပ်လုပ်ခဲ့တယ်ပြောတာပဲ ငါအရွယ်ရောက်တော့ အဖေက မရှိတော့ဘူးလေ ငါ့အစ်ကိုကတော့ အဖေနဲ့အတူ သုံးကြိမ်လောက် လိုက်ဖူးတယ် နောက်တော့ သူလည်း မလုပ်ဖြစ်တော့ဘူး"
လင်းရန်ကော အပြောကို ရှင်းမန် ခေါင်းတငြိမ်ငြိမ့်နဲ့ နားထောင်လေတယ်။
"လာတော့ ညစာ သွားစာကြမယ် မဟုတ်ရင် ငတ်နေမယ် "
ညစာကို စားတဲ့အချိန် အဖွဲ့ကလူတွေဟာ စကားတပြောပြောနဲ့ ရှင်းမန် ကတော့ သူ့ဘေးက ရေခဲလူသားကြောင့် တိတ်တဆိတ်ပင် ထမင်းငုံ့စားနေမိတယ်။ ထို အချိန် သူ့ထမင်းပန်းကန်ထဲ ဝက်သားဖက် တစ်ခုကို ထည့်ပေးလာသူကြောင့် ရှင်းမန် အံ့သြသွားမိတယ်။
"ရှင်းမန် ဟင်းမကြိုက်လို့ ထည့်မစားတာလား ငါ့အစ်ကို မင်းမထည့်စားလို့ ထည့်ပေးမိတာ ဖြစ်မယ် စိတ်အနှောက်အယှက် ဖြစ်သွားလား"
"ရပါတယ် လင်းရန်ကော ကျေးဇူးပါ လင်းကျိကော "
သူ့ဘေးက လူကို ကြည့်ကာ ကျေးဇူးတင်လိုက်တယ်။ထိုလူကတော့ အေးစက်စွာပင် ပြန်မပြောပဲ လှည့်သွားလေတယ်။
ဒီလိုနဲ့ ညဘက် အသီးသီး အိပ်စက်အနားယူလိုက်ကြပြီး မနက်ကျ စောစောထကာ တောထဲဝင်ဖို့ပြင်ကြလေတော့တယ်။
ဟီး ပုကြုတို့တော့ ရေးချင်တာ ရေးလိုက်ပါပြီဗျ။ဒီနေ့တော့ ဒီလောက်ပါပဲ ။ တစ်နေကုန် အိမ်အလုပ်တွေနဲ့ပိနေလို့ စာမရေးလိုက်ရဘူး။ နက်ဖြန်မှ များကြီးတင်ပေးမယ်နော်။