"ကြင်ယာတော်မင်းသားလေး ထဖို့အချိန်ရောက်ပါပြီ"
တံခါးအပြင်ကထိုမိန်းမကြီးကအသံကိုပြဲလွန်းသည်။ဘာအလုပ်ရှိလို့ ဘတ်ဟျွန်းကထရမှာလဲ။ အတင်းအဓမ္မခေါ်ထားပြီးတော့ အလုပ်ပါခိုင်းမလို့လား။
"ထပြီဗျာ အဲ့အသံနဲ့ဆက်မအော်ပါနဲ့တော့ တောင်းပန်ပါတယ်"
"ဝင်ခွင့်ပြုပါ ကြင်ယာတော်မင်းသားလေး"
"ဝင်ဗျာ ဝင်"
ခန္ဓာကိုယ်မှာ နို့နှစ်ရောင်ပိုးသားအကျီလေးဝတ်ထားပေးတာမလို့ နဂိုအသားဖြူလွန်းတဲ့ဘတ်ဟျွန်းက ဖွေးဥနေပြီး မျက်နှာလေးကပူတင်းလေးလိုပြောင်ပြောင်တင်းတင်းလေးဖြစ်နေသည်။
ရွှေရောင် ရေဇလားနဲ့ အဖြူရောင်သပတ်စတွေ ကိုင်ထားတဲ့အပျိုတော်တွေနဲ့အတူ အသံပြဲတဲ့အထိန်းတော်ကြီးပါလိုက်ဝင်လာသည်။
"မျက်နှာသစ်ပေးပါမယ် ကြင်ယာတော်မင်းသားလေး"
"လက်ပါတယ် ကိုယ့်ဟာကိုသစ်မယ် ဖယ်ပေး"
"မင်းကြီးကကြင်ယာတော်လေးကို သေချာဂရုစိုက်ပေးဖို့မှာထားလို့ပါ ကြင်ယာတော်လေးကိုလက်မွှေးမီးမလောင် ခြေမွှေးမီးမလောင်အောင်ထားရပါမယ်တဲ့။တစ်ခုခုဆိုကျွန်တော်မျိုးမတို့ခေါင်းဖြတ်ခံရပါလိမ့်မယ်"
"ဘယ်အမွှေးပဲလောင်လောင် သူကကျွန်တော့်အမွှေး
တွေကိုလိုက်ရေတွက်ထားတာကျလို့ ဘဲကြီးကအပိုစာသားတွေ"
"မင်းကြီးကိုတိရစ္ဆာန်နဲ့နှိုင်းလိုက်တာပါလား ကြင်ယာတော်လေး သူများတွေကြားရင်ပြစ်ဒဏ်သင့်ပါလိမ့်မယ်"
တကယ့်ဘဲကြီးသာဆိုလို့ကတော့ချက်စားပစ်လိုက်တာကြာပြီ။ ညကလဲမတော်မတရားဖက်အိပ်မယ်လုပ်လို့ ငယ်ငယ်ကသင်ထားတဲ့တိုက်ကွမ်ဒိုခြေကန်ချက်နှစ်ချကိလောက်ပြလိုက်သေးသည်။
ဒီနန်းတွင်းနဲ့တော့ဘတ်ဟျွန်းနဲ့မဖြစ်ပါ။ဒီအာပြဲအထိန်းတော်ပွစိပွစိလုပ်တာနဲ့တင်တော်တော်စိတ်ကုန်နေပြီဖြစ်သည်။
"နေပါစေတော့ ဒါနဲ့မျက်နှာသစ်ဆပ်ပြာလေး ဘာညာမရှိဘူးလား"
"ဆပ်ပြာကိုပြောတာပါလား ကြင်ယာတော်လေး"
"မျက်နှာသစ်တဲ့ဆပ်ပြာလေဗျာ facial foam"
ဘတ်ဟျွန်းရဲ့စကားကြောင့်အထိန်းတော်တွေနဲ့အပျိုတော်တွေပါရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။တကယ်တော့ဘတ်ဟျွန်းပြောလိူက်တာသူတို့တစ်ယောက်မှ နားမလည်ကျ
"အမျက်တော်မရှပါနဲ့ ခုပဲကျွန်တော်မျိုးမသွားယူပေးပါ့မယ်"
အပြေးထွက်သွားတဲ့အထိန်းတော်အာပြဲကိုကြည့်ပြီး
စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်ရသည်။
"ရပါပြီ ကြင်ယာတော်လေး"
"ဟင် ဒါကမျက်နှာသစ်ဆပ်ပြာ"
လက်ထဲကိုထည့်ပေးလာတာက ငယ်ငယ်ကအဝတ်လျှော်ရင်သုံးတဲ့ ရွှေဝါလိုဆပ်ပြာခဲဝါဝါကြီး။
ဘာမှဆက်မပြောတော့ပဲရေနဲ့သာမျက်နှာသစ်ချလိုက်တော့သည်။
ခဏအကြာတော့ စားပွဲဝိုင်းကြီးမှာဟင်းအမျိုးအမည်ပေါင်းစုံနဲ့ထမင်းပါချပေးလာသည်။ မနက်စာကို ပေါင်မုန့်လောက်နဲ့ပဲဖြေရှင်းတတ်တဲ့ဘတ်ဟျွန်းက အခုတော့အရသာရှိရှိစားရတော့မယ်ထင်ပါသည်။တူကိုကိုင်လိုက်မှမနေ့ကဝယ်လာတဲ့ခေါက်ဆွဲဘူးနဲ့တော့ပိုကီကိုသတိရသွားရသည်။
"အထိန်းတော်ကြီး ဒီနားခဏလာပါဦး"
အာပြဲအထိန်းတော်ကြီးလဲဘတ်ဟျွန်းနားတစ်ရွေ့ရွေ့သွားပြီးခပ်ကုပ်ကုပ်လေးထိုင်လိုက်သည်။
"မနေ့ကလေ ကျွန်တော်ဒီရောက်လာတုန်းက လွယ်အိတ်နဲ့မုန့်ထုပ်လေးများတွေ့မိသေးလား"
"ကြင်ယာတော်မင်းသား သတိလစ်နေတုန်းက
ဘေးမှာစာအုပ်တစ်အုပ်ရယ် အထုပ်လေးတစ်ထုပ်ရယ်ပါပါတယ်။ စာအုပ်ကမင်းကြီးယူသွားပြီး အထုပ်လေးကိုတော့ မင်္သကာဖွယ်အရာတွေဆိုပြီး လွှင့်ပစ်ဖို့စေခိုင်းခဲ့ပါတယ်"
"အထုပ်ကအသေးလား အကြီးလား"
"အသေးပါ အထဲမှာဘူးလိုမျိုးပစ္စည်းနှစ်ခုပါပါတယ်
ကြင်ယာတော်လေး"
"ဘာ ငါ့ခေါက်ဆွဲဘူးနဲ့တော့ပိုကီဘူးကို ဘဲကြီးက
လွှင့်ပစ်လိုက်တယ်ပေါ့"
"မသင်္ကာဖွယ်အရာတွေမလို့ပါတဲ့"
"ဘယ်ကိုလွှင့်ပစ်လိုက်တာလဲ"
"ပစ္စည်းအဟောင်းတွေထားတဲ့ အဆောင်နောက်မှာ
ရှိမယ်ထင်ပါတယ်"
ဒီမင်းကြီးကတစ်ပွဲတစ်လမ်းအကဲစမ်းလိုက်တာဖြစ်သည်။ အဲ့တော့ပိုကီကနာမည်ကြီးတံဆိပ်ထဲကမို့
ပုံမှန်ထက်စျေးနည်းနည်းပိုကြီးသည်။ခေါက်ဆွဲကလဲဘတ်ဟျွန်းအကြိုက်ဆုံးဘူးခေါကိဆွဲ။ ပုံမှန်ဆို စျေးအပေါဆုံး ခေါက်ဆွဲပဲဝယ်စားတတ်သူက မနေ့ကတစ်ခါတစ်လေဆိုပြီး စျေးအကြီးဆုံးတွေကိုပဲရွေးယူလာခဲ့တာ
နဖူးမှာပတ်ပေးထားတဲ့ အပြာနုရောင်နဖူးစည်းကို
ဆံပင်ပေါ်ပင့်တင်လိုက်ပြီး လမ်းလျှောက်ရင်ခလုတ်တိုက်မိမလိုဖြစ်နေသော အကျီရှည်စကိုဒူးခေါင်းအောက်ထိဆွဲဖြဲပစ်လိုက်သည်။ အကျီကိုလဲလက်မောင်းရင်းမှဆွဲစုတ်ပစ်လိုက်သေးသည်။အခုမှဝတ်ထားရတာသက်တောင့်သက်သာဖြစ်သွားတာဖြစ်သည်။
"မင်းသားလေး အဲ့တာဟန်နိုင်ငံက အကောင်းဆုံးပိုးထည်စ.."
"ပါးစပ်ကိုပိတိပြီး လမ်းသာပြ"
စွန့်ပစ်ဆောင်အနောက်မှာပုံထားတဲ့ အထုပ်တွေကမနည်းမနော။ စာအုပ်တွေ အကျီတွေ ပန်းကန်ဟောင်းတွေစသဖြင့်အစီအရီ။ ပိတ်စတွေနဲ့သေချာထုပ်ထားတာကြောင့် တစ်ထုပ်ချင်းစီလိုက်ရှာမှတွေ့မဲ့သဘော။
အမှိုက်ပုံကြီးလိုထင်ထားပေမဲ့ စင်တွေနဲ့အသေအချာတင်ထားတာကြောင့်ပစ္စည်းတွေကသပ်သပ်ရပ်ရပ်သာ။
"ကြင်ယာတော်လေး အဲ့အထုပ်တွေကမရှိတော့လောက်ပါဘူး"
အထိန်းတော်ပြောသည့်စကားကိုဂရုမစိုက်စွာ
စီးထားတဲ့ဖိနပ်ကိုပါချွတ်ပစ်ပြီးခပ်လှမ်းလှမ်းကိုတစ်ဖက်စီလွှင့်ပစ်လိုက်သေးသည်။ စားချင်တာမဟုတ်ပေမဲ့ ဘတ်ဟျွန်းအစီအစဉ်က မင်းကြီးကိုစိတ်ပျက်သွားစေရန်သာဖြစ်သည်။ စင်ပေါ်ကတစ်ထုပ်ချင်းကိုဖွင့်ကြည့်လိုက် မတွေ့ရင်ပစ်ချလိုက် တစ်ခါတစ်လေခပ်ဝေးဝေးကိုပင်လွှင့်ပစ်သေးသည်။အချိန်တော်တော်ကြာပြီးတဲ့နောကိမှာတော့ထိုနေရာကအတော်ပင်ရှုပ်ပွသွားရသည်။ ဘတ်ဟျွန်းနဖူးပြင်နဲ့ ပါးမို့မို့မှာလဲ ဖုန်မဲမဲတွေပင်ကပ်တွယ်နေပြီဖြစ်သည်။
"ကြင်ယာတော်လေး ပြန်ရအောင်ပါ မင်းကြီးတွေ့ရင်
အမျက်သင့်ပါလိမ့်မယ်"
"ဗြောင်..."
"မင်းကြီးကိုဂါဝရပြုပါတယ်"
ဘေးမှအထိန်းတော်များနှင့်အပျိုတော်များကကြောက်စိတ်ကြောင့်အသံတို့ကတုန်ရီရီ..
"မင်းကြီး ကြင်ယာတော်လေးက ဒီနေရာကိုလိုက်ပြခိုင်းလို့ကျွနိတော်မျိုးမတို့က.."
"ရပြီသွားတော့"
"အမိန့်တော်တိုင်းပါ မင်းကြီး"
အထိန်းတော်ကြီးခပ်ဝေးဝေးရောက်မှ လီယောလ်က
ဘတ်ဟျွန်းနားတိုးကပ်လာသည်။
"ဗြောင်"
"ဘာလဲ ဆူမလို့လား မကျေနပ်ရင်ပြန်ပို့လိုက်"
လီယောလ်ကခပ်တိုးတိုးရယ်ပြီး မျက်နှာပေါ်က ခပ်ညစ်ညစ်ဖုန်တွေကို နဂါးဝတ်ရုံတော်နဲ့ဖိသုတ်ပေးလာတယ်။ စိတ်ပျက်သွားမယ်လို့ထင်ခဲ့ပေမဲ့ လီယောလ်က မျက်နှာမှာ ပေနေတာလေးတွေကို သုတ်ပေးပြီးရယ်ပါရယ်နေသေးတယ်။
"အကျီတွေလဲပြဲလို့ပါလား ဗြောင်လေး ဝတ်ရုံတော်တွေကိုသဘောမတွေ့လိူ့လား "
ဘတ်ဟျွန်းကမျက်စောင်းထိုးကာ နှာခေါင်းထဲမှလေကိုဟွန့်ကနဲတစ်ချက်မှုတ်ထုတ်လိုက်သည်။
"ဟွန့်"
"ဒီကိုဘာလာရှာလာတာလဲ ဗြောင် ကိုယ်တော်ဘာလုပ်ပေးရမလဲ"
"စာအုပ်ပြန်ပေးပါ။ကျွန်တော်ပါလာတုန်းကပါလာတဲ့စာအုပ်။အတိအကျပြောရရင် ခင်ဗျားမျက်နှာပါတဲ့ဝါကျင့်ကျင့်ရောင်စာအုပ်"
"အဲ့တာတော့ကိုယ်တော် မပေးနိုင်ဘူးဗြောင်"
"အဲ့တာရှိမှ ကျွန်တော်ပြန်လို့ရမှာ
ဒီထဲကိုရောက်လာတာ အဲ့ထူးဆန်းတဲ့စာအုပ်ကြောင့်"
"ကိုယ်တော်နဲ့နေရတာ မပျော်လို့လား"
ပြုံးစစမျက်နှာကချက်ချင်းပင်မျက်နှာတည်ကာ
မျက်မှောင်တို့ကုပ်လာသည်။
"ခင်ဗျားနဲ့ကျွန်တော်က ကမ္ဘာခြားနေတာလေ
ကျွန်တော်ကခင်ဗျားရဲ့ကြင်ယာတော်မဟုတ်ဘူး
ပြန်ပို့ပေးပါ"
"ဗြောင်ကလီယောလ်ရဲ့ကြင်ယာတော်အဖြစ်
မွေးဖွားလာထဲက ကံကြမ္မာကသတ်မှတ်ပြီးသား
မနည်းပြန်ရယူခဲ့တဲ့အရာမလို့ ကိုယ်တော့်နားက
ထွက်သွားဖို့နောက်တစ်ကြိမ်မပြောပါနဲ့"
ဖိနပ်မရှိတော့တဲ့ဘတ်ဟျွန်းကိုချန်းယောလ်က
စွေ့ကနဲပွေ့ချီလိုက်သည်။
"ငြိမ်ငြိမ်မနေရင် စာအုပ်အကြောင်းဘာမှပြောပြမှာ
မဟုတ်လို့ငြိမ်ငြိမ်လိုက်ခဲ့"
ဘတ်ဟျွန်းကလီယောလ်လက်ထဲအရုပ်လေးလို
ငြိမ်ငြိမ်လေးပါသွားသည်။
"ဒီလိုကျ ဗြောင်လေးကလိမ္မာသား"
နဖူးပြေပြေကိုနှုတ်ခမ်းထူထူနဲ့ခပ်သာသာဖိကပ်နမ်းပစ်လိုက်သည်။
"ခင်ဗျား.."
"ငြိမ်ငြိမ်နေဆိုတဲ့ထဲမှာ ဒါလဲပါတယ်ဗြောင်"
"ရုပ်လေးပဲချောတာ စိတ်ကပုပ်တာ စိတ်ပုပ်မင်းကြီး"
ခပ်တိုးတိုးကျိန်ဆဲသံကြောင့်လီယောလ်ကအော်ရီမိတော့သည်။
"လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာထဲက ဗြောင့်ကို ကိုယ်တော့်ကလက်ထပ်ယူပြီးသား.."