ဘုရင့် သည်းဦးပန် (Completed)...
By Eaint_Shin_Sitt
159K 6K 525
မင်းပြန်လည်ရှင်သန်လာဖို့ ငါဘယ်လောက်တောင် စောင့်ခဲ့ရသလဲ မင်းရဲ့မာယာတွေကြောင့် ဖြစ်လာတဲ့ ကျိန်စာကို ဖြေဖျောက်ဖ... More
ဒါလေးကို အရင်ဖတ်ပေးပါ
အပိုင်း (1) Uni/Zawgyi
အပိုင်း (2) Uni/Zawgyi
အပိုင်း (3) Uni/Zawgyi
အပိုင်း (4) Uni/Zawgyi
အပိုင်း (5) Uni/Zawgyi
အပိုင်း (6) Uni/Zawgyi
အပိုင်း (7) Uni/Zawgyi
အပိုင်း (8) Uni/Zawgyi
အပိုင်း (9) Uni/Zawgyi
အပိုင်း (10) Uni/Zawgyi
အပိုင်း (11) Uni/Zawgyi
အပိုင်း (12) Uni/Zawgyi
အပိုင်း (13) Uni/Zawgyi
အပိုင်း (14) Uni/Zawgyi
အပိုင်း (15) Uni/Zawgyi
အပိုင်း (17) Uni/Zawgyi
အပိုင်း (18) Uni/Zawgyi
ဇာတ်သိမ်းပိုင်း Uni/Zawgyi
အပိုင်း (16) Uni/Zawgyi
5.9K 211 34
By Eaint_Shin_Sitt
ဘုရင့်သည်းဦးပန်
အပိုင်း(16)
"ဘာလို့ ကိုယ့်ကို ခဏခဏကြည့်ပြီး ပြုံးနေတာလဲ"
လိုင်းယ(န်)ကားမောင်းနေရင်း ဘေးက ချစ်သူကောင်မလေးရဲ့ အမူအယာကြောင့် မေးလိုက်သည်။
"သဘောကျလို့ပေါ့ "
သည်းလက်တစ်ဖက်ကို လာဆုပ်ကိုင်သော ကိုကို့လက်အပေါ်ကနေ နောက်တစ်ဖက်နှင့် ထပ်ကိုင်ထားလိုက်ကာ
"အခုလို သည်းကို ကယ်ထုတ်လာပေးတာ ကျေးဇူးတင်ပါတယ် "
"ကိုယ့်မိဖုရားကို ကယ်ထုတ်ရမှာပေါ့ မည်မည်ရရမဟုတ်ဘူး ရိုင်ယန်လိုင်းယ(န်)ရဲ့မိဖုရား "
"ကိုကို အရင်တုန်းက သည်းကိုကို့မိဖုရားဖြစ်တာကိုမကြိုက်ဘူးမဟုတ်လား ဘာဖြစ်လို့လဲ"
မီးပွိုင့်မှာမီးနီတုန်းခဏရပ်ထားသည့်အချိန်
လိုင်းယ(န်) အရမ်းသိချင်နေပုံရတဲ့သည်းရဲ့မျက်နှာလေးကိုကြည့်ပြီး
"ကိုယ်မင်းကိုမကြိုက်တဲ့အချိန်ဆိုတာမရှိပါဘူး သည်းငယ်"
"အဲ့တာဆိုဘာလို့ သည်းကိုမနှစ်သက်တဲ့ပုံကြီးနဲ့နေရတာလဲ"
"မင်းကိုယ့်အနားမှာနေရင် အန္တရာယ်တွေကြုံရမှာစိုးလို့အခုတော့ သည်းငယ် ဘယ်လိုအန္တရာယ်နဲ့ပဲကြုံကြုံ ကိုယ်ကပဲကာကွယ်ပေးမှာမို့ အနားကနေဘယ်ကိုမှမသွားပါနဲ့"
ကိုကိုဟာ သည်းကိုသူ့အနားကထွက်မသွားဖို့တောင်းဆိုရင်း သည်းရဲ့ မျက်ဝန်းတွေကို ငေးကြည့်သည့်အခါ ဘာမှတုန့်ဆိုင်းနေခြင်းမရှိဘဲ သည်းဟာ ခေါင်းညိတ်ပစ်လိုက်သည်။
ပေါ်တီအောက်မှာကားရပ်ပြီး သည်းသည် ကားအနောက်ခန်းထဲကနေ သူမ၏ Guitar အိတ်ကို ထုတ်၍ ပုခုံးကနေလွယ်လိုက်လျှင် ကိုကိုဟာ သည်းရဲ့ လက်ကို လာကိုင်၏ ။
သည်းသည် ဘာပြောမလို့ဆိုသလိုအကြည့်မျိုးနဲ့မော့ကြည့်လိုက်သည့်အခါ ကိုကိုက သည်းကို ပြုံးပြ ပြီး
" ကိုယ့်ကို မြဲမြဲကိုင်ထား လွတ်မသွားစေနဲ့ "
သည်းလည်း ကိုကိုပြောတဲ့အတိုင်း ကိုကို့လက်ကို လက်နှစ်ဖက်လုံးနဲ့ သေချာဆုပ်ကိုင်လိုက်သည်။
" မျက်လုံးမှိတ်ထား "
သည်းက မျက်လုံးကလေး အသာမှိတ်လိုက်သည့်အခါ ရုတ်တရက် ရင်ထဲမှာ အေးခနဲ ခံစားလိုက်ရပြီး ထူးဆန်းသော တစ်ကြိမ်တစ်ခါမှမထိတွေ့ဖူးသည့် ပတ်ဝန်ကျင်ရဲ့အငွေ့အသက်တစ်မျိုးကိုခံစားလိုက်ရ၏။
" မျက်လုံးဖွင့်ကြည့် လို့ရပြီ "
ကိုကိုစေခိုင်းသည့်အတိုင်း သည်းဟာ ရင်ခုန်စိတ်လှုပ်ရှားစွာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သည်းမှာ မယုံကြည်နိုင်စွာ မျက်လုံးတွေအပြူးသားနှင့် ကြက်သီးတွေတောင်ထသွားရ၏။
ကိုကို့ကိုတစ်လှည့် သူမရောက်နေသော ကြီးကျယ်လှပသည့် Cafe တစ်ခုရှေ့က လမ်းမပေါ်ရှိ အနောက်နိုင်သားများ စတိုင်မိုက်မိုက်နှင့် သွားလာနေကြသော အမေရိကန်လူမျိုးများကိုတစ်လှည့် ထို့နောက် ဘေးပတ်လည်မှာရှိသော ကျယ်ပြန့်လှသည့်လမ်းမကြီးများနှင့် အလွန်မြင့်မားလှပလှသည့်အဆောက်အဦးကြီးများကိုတစ်လှည့် သူမ မျက်စိတစ်ဆုံးလှည့်ငေးနေမိသည်မှာ ကိုကို့ကို စကားပြောဖို့ပင်မေ့လျော့စွာနေခဲ့သည်။
" ကို...ကိုကို...ဒါ ဒါ ဘယ်မှာလဲဟင်! "
" New York "
ကိုကိုဟာ သည်းကိုငုံ့ကြည့်ပြီး ပြုံးလျှက်ဖြေလိုက်သည့်အခါ သည်းဟာ ပါးစပ်တောင်မပိတ်နိုင်ဘဲ ကိုကို့ကို မော့ကြည့်နေမိသည့်ကြားမှာ ကိုကိုဟာ သည်းအနားသို့ ငုံ့လျှိုးလာပြီး သည်းရဲ့ ပုခုံးလေးကိုပုတ်ကာ မျက်နှာချင်းဆိုင်က Cafe ကို လှမ်းကြည့်ဖို့ မေးဆက်ပြလျှင် သည်းသည် အူလည်လည်နဲ့ ထို Cafe သို့ လှည့်ကြည့်လိုက်ပြီး သူမရဲ့ ခပ်ဟဟ ပါးစပ်ကလေးဟာ အကျယ်ဆုံးဟသွားလျှက်
" အား......"
လက်နှစ်ကို ပါးစပ်မှာ အုပ်ပြီး အကျယ်ဆုံးအော်ပစ်လိုက်၏ ။ လိုင်းယ (န်) ဟာ Suprise ဖြစ်သွားသည့် သူမပုံစံကို ပြုံးပြုံးကြီးကြည့်နေတုန်း သူမဟာ လမ်းရဲ့ တစ်ဖက် Cafe ထဲမှ ထွက်လာကြသော Coffee တစ်ဘူးစီကိုင်ထားကြသည့် Justin Bieber နှင့်သူ၏ ဇနီး Hailey Bieber ဆီ အပြေးသွားတော့သည်။
ဘေးမှာလည်း ပါပါရာဇီတစ်ချို့နှင့် ဘော်ဒီဂတ် အချို့လည်းရှိသည့်အပြင် အခြား Fan များလည်း ဘေးပတ်လည်မှာ အနည်းငယ်ရှိကြ၏။
" Justin. ...Justin....Oh my God Justin. .."
သည်းဟာ လမ်းကူးလာကတည်းက Justin ရဲ့ နာမည်ခေါ်ပြီး ပြေးလာသည်မို့ Justin ရော Hailey ရော သည်းကို သတိပြုကြသည်။ သူမသည် Drew ဝမ်းဆက်အဝါရောင်ဝတ်ထသော Justin အနားရောက်လာသည့်အခါ
" Hey "
Justin ဟာ သူ၏ အရူးအမူး Fan girl တစ်ယောက်ဆိုတာ မြင်ရုံနှင့်အတတ်သိနိုင်သော သည်းအား Hey ဟု စတင်နှုတ်ဆက်လိုက်လျှင်
" Oh my God. ..Is it Real? Oh my God!"
" ဘုရားရေ ဒါက တကယ်ကြီးလား ဘုရားရေ "
သည်းဟာ မျက်လုံးပြူးမျက်ဆံပြူးနှင့် ဆံပင်တွေကိုထိုးဖွလိုက်ပြီး
" I. ..I. ..can't believe it! Oh my god. ..I meet Justin Bieber Now! "
" သည်း... သည်း မယုံနိုင်ဘူး ဘုရားရေ အခု သည်းက Justin Bieber နှင့် တွေ့နေရတယ်တဲ့ "
စကားတောင်ကောင်းကောင်းမပြောနိုင်သော သည်းကို Justin ရော Hailey ရောက ပြုံးလျှက်ကြည့်နေပြီး Justin က ရယ်လိုက်ကာ
" Yeah! This is real,girl.You meet me! "
" ဟုတ်ပါတယ်ကောင်မလေး ဒါက တကယ်ပါ မင်းငါ့ကို တွေ့နေရတာပါ "
သည်းမှာ ငိုတော့မည့်မျက်နှာကလေးကြောင့် Justin ဟာ သူမကို ပွေ့ဖက်နှုတ်ဆက်လိုက်သည့်အခါ
" Justin. ..You know. ..I'm your belieber from Myanmar. You are my childhood first love. And...I love you.... I love you so much Justin! "
" Justin ရှင်သိလား သည်းက မြန်မာနိုင်ငံက ရှင့်ရဲ့ အမာခံပရိတ်တစ်ယောက်ပါ ရှင်က သည်းရဲ့ ကလေးဘဝအချစ်ဦးပါပဲ ပြီးတော့ အရမ်းချစ်တယ် Justin "
Justin ကိုတင်းကြပ်စွာပွေ့ဖက်ပြီး သူမအရမ်းပြောချင်ခဲ့ဖူးသော စကားအချို့ကိုပြောလိုက်သည်။
" Yeah I know girl. I love you too! "
" ငါ သိပါတယ်ကောင်မလေး ငါလည်း မင်းကို ချစ်ပါတယ် "
သည်းသည် Justin ပြောလိုက်တဲ့ I love you too ဆိုသည့်နေရာမှာတင် ထိုနေရာမှာ မေ့လဲသွားလိုက်ချင်ပါသည်။
Justin ရဲ့ ရွှေရောင်ဆံပင်တွေ အညိုရောင်မျက်လုံးတွေ သူမ အရမ်းပွေ့ဖက်ချင်ခဲ့ဖူးသည့် သူ၏ရင်ခွင်ထဲမှာအထိ သူမ အမှန်တကယ် မြင်ခဲ့ထိတွေ့ခွင့်ရခဲ့ပြီဖြစ်သည်။
ထို့နောက် သူမတို့ကို ဘေးမှာ ပြုံးကြည့်နေသည့် Hailey Bieber သည်လည်း သူမ အားအကျရဆုံး မိန်းကလေးတစ်ဦးဖြစ်လေရာ
" Hey!"
Hailey ကအရင် အရမ်းစိတ်လှုပ်ရှားနေသော သည်းကို ပွေ့ဖက်ဖို့ရာ လက်ကမ်းပေးသည်။
" Oh. ..Hailey You are so sweet. I love you so much too! "
" အို...Hailey ရယ် အစ်မက အရမ်း ချစ်ဖို့ကောင်းတာပဲ အစ်မကိုလည်း အရမ်း ချစ်တယ် "
ဂျင်းဝမ်းဆက်ဝတ်ထားသော Hailey ကိုလည်း သည်းဟာ တင်းကြပ်စွာပွေ့ဖက်ပြီး ပြောလိုက်သည်။
" And You know you are my idea type of woman and you're incredible.  Thank you so much for loving our Justin Bieber "
" ပြီးတော့ အစ်မသိလား အစ်မက သည်းအားကျရတဲ့ အမျိုးသမီးတစ်ဦးပါ ပြီးတော့ အစ်မက မယုံနိုင်လောက်အောင် အရမ်း စိတ်ထားကောင်းပါတယ် သည်းတို့ရဲ့ Justin Bieber ကို ချစ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် "
" Oh Girl You're so sweet I love you "
" အို ကောင်မလေးရယ် မင်းက သိပ်ချစ်စရာကောင်းတာပဲ တို့ မင်းကိုချစ်တယ် "
Hailey နဲ့စကားပြောပြီးနောက် သည်းသည် သူမလွယ်ထားသော Guitar အိတ်ထဲကနေ Guitar အပြာကလေးကို ထုတ်သည့်အခါ တစ်ယောက်တည်း ပြာယာခက်နေသောကြောင့် အနောက်မှာ ရပ်ကြည့်နေသည့် လိုင်းယ (န်) ဟာ Guitar အိတ်ကြီးကို သူကိုင်ထားပေးလိုက်သည်။
သည်းဟာ Guitar အိုးရဲ့ အစွန်မှာ Bieber ဆိုသော စာလုံးလေးရဲ့ အပေါ်ကို ပြပြီး ဆော့ပန် တစ်ချောင်းပေး၍ Justin အား Sign ထိုးပေးဖို့ ပြောသည်။Justin ဟာ Guitar မှ Bieber ဆိုတဲ့ စာတန်းကလေးအား မြင်ပြီး သူမကို ပြုံးပြကာ
" Oh Thank you for loving me "
" ငါ့ကိုချစ်ပေးတာ ကျေးဇူးတင်ပါတယ် "
Justin ဟာ Guitar ပေါ်မှာ Sign ထိုးပေးနေတုန်း
"Love yourself is my favorite song. And Your new song Stay too
Oh, I'll be fucked up if you can't be right here
Oh-oh-oh-whoa (oh-oh-whoa, oh-oh-whoa)
Oh-oh-oh-whoa (oh-oh-whoa, oh-oh-whoa)
Oh-oh-oh-whoa (oh-oh-whoa, oh-oh-whoa)
Oh, I'll be fucked up if you can't be right here  "
" Love yourself က သည်းရဲ့ အကြိုက်ဆုံးသီချင်းပါ ပြီးတော့ အခု ထွက်တဲ့ ရှင့်ရဲ့သီချင်းအသစ် Stay ကိုလည်း ကြိုက်တယ်
မင်းသာကိုယ့်အနားမှမရှိရင် ကိုယ့်ဘဝကြီးတော့ ရေစုံမျောပါပြီကွာ
(အို...အို....အို....ဝိုး....)4
မင်းသာကိုယ့်အနားမှာမရှိရင် ကိုယ့်ဘဝကြီးတော့ ရေစုံမျောပါပြီကွာ"
သည်းက Justin နဲ့ The Kid LAROI တို့ရဲ့ အခု Social မှာ Trend ဖြစ်နေသော Stay သီချင်းကို ဆိုပြတဲ့အခါ Justin ကလည်း ဟာမိုနီနောက်မှ ခပ်တိုးတိုးလေး လိုက်ဆိုပေးပြီး
" Oh. ..Haha I like that! "
" ဟား ဟား ငါ မင်းသီချင်းဆိုတာကို ကြိုက်တယ်"
ဟုလည်း ပြန်ပြောသည်။
ထိုအခါသည်းက
" You know I'm your biggest fan since 2009.
Baby Baby Baby Ooh. ..
Like Baby Baby Baby Ooh. ..
Like Baby Baby Baby Ooh. ..
Thought you'd always be mine,mine
" ရှင်သိလား သည်းက ၂၀၀၉ ခုနှစ်ကတည်းက ရှင့်ရဲ့ အမာခံပရိတ်တစ်ယောက်ဆိုတာလေ "
သည်းဟာ Justin ရဲ့ ဘယ်တော့မှမရိုးသော Baby သီချင်းကို အမူအယာအချို့နှင့်အတူ ထပ်ဆိုပြတဲ့အခါ Justin ရော Hailey ရော သဘောကျစွာနှင့်
" Oh You're really my belieber. I love you girl .Do you wanna selfile? "
" မင်းက တကယ့် ငါ့ရဲ့ အမာခံပရိတ်တစ်ယောက်ပဲ ငါမင်းကိုချစ်တယ် မင်း ဆယ်ဖီ ရိုက်ဦးမလား "
ဟု မေးတဲ့အခါ သည်းဟာ ခေါင်းအသွင်သွင်ညိတ်ပြီး သူမ၏ ဂျင်းဘောင်းဘီ အိတ်ထောင်ထဲကနေ ကိုကိုဝယ်ပေးထားသော ဖုန်းကို ဆွဲထုတ်အား နောက်လှည့်၍ သူမတို့ကို လက်ပိုက်ပြီး ကြည့်နေသော ကိုကို့အား
" ကိုကို သည်းတို့ကို ဓာတ်ပုံရိုက်ပေးပါဦး "
ဟု ဖုန်းကို ပေးလိုက်သည့်အခါ လိုင်းယ (န်) သည် သူမရဲ့ ဖုန်းတင်မကဘဲ သူမကိုင်ထားသည့်Guitar ကြီးကိုပါ လေးနေမည်စိုးရိမ်၍ လှမ်းယူလိုက်သည်။
ထို့နောက် သည်းဟာ Justin နှင့် ဓာတ်ပုံရိုက်ရန် အနားကိုကပ်တော့ Hailey ဟာ Justinရဲ့ Fan girl တွေအပေါ်မှာ လေးစားမှုရှိစွာနှင့် အလိုက်တသိ ဘေးသို့ရှောင်ပေးသည်။
Justin က သည်းရဲ့ ပုခုံးကိုဖက်ပြီး အချိုသာဆုံးပြုံးတော့ သည်းကလည်း Justin ရဲ့ ခါးကိုပြန်ဖက်လိုက်ကာ သွားဖွေးဖွေးတွေပေါ်တဲ့အထိ ဖြီးနေအောင်ပြုံးပြလိုက်လျှင် ကိုကိုသည် သည်းနှင့် Justin Bieber အား သည်းရဲ့ ဖုန်းနှင့် သေချာ ချိန်ပြီး ဓာတ်ပုံကောင်းကောင်းရိုက်ပေးသည်။
၂ပုံလောက်ရိုက်ပေးပြီးတော့ လိုင်းယ (န်) ကသည်းကို ဖုန်းပြန်ပေးမယ်လုပ်တော့
သည်းက Hailey ကိုရော ဓာတ်ပုံအတူရိုက်ဖို့တောင်းဆိုကာ
" ကိုကို နောက်တစ်ပုံ ရိုက်ပေးပါဦး "
ကိုကိုဟာ မငြီးမငြူနဲ့ Justin နဲ့ Hailey အလယ်က သည်းကို နောက်ထပ် ဓာတ်ပုံလှလှကလေးရအောင် ထပ်ရိုက်ပေးသည်။
ဓာတ်ပုံကိုအားရအောင်ရိုက်ပြီးတော့မှ သည်းဟာ
" Thank you so much Justin "
" Oh. .No need Thank you too "
ဟု ပြန်ပြောပြီး Hailey ဟာ သူမကို Bye Bye ဟု လက်ပြနှုတ်ဆက်ကာ သူတို့၏ ဘောဒီဂတ်အချို့နှင့်အတူ သည်းတို့ရှေ့ကနေ ပြန်သွားကြသည်။
သည်းဟာ အခုထိ ပါးစပ်မပိတ်နိုင်စွာ ပြုံးကျန်ရစ်ပြီး သည်းရဲ့ Idol အပေါ် ရူးသွပ်မှုနှင့်အဖြစ်သည်းနေမှုအပေါ်မှာ ကိုကိုဟာ ငြိုငြင်ခြင်းမရှိဘဲ စိတ်ရှည်စွာနှင့် စောင့်ပေးကာ
သည်းရဲ့ Guitar အိတ်ကြီးကိုလွယ်ထားပြီး လက်ပိုက်လျှက်
" ကဲ ကျေနပ်သွားပြီလား " ဟု မေးလာသည့်အခါ သည်းသည် ကိုကို့ရင်ခွင်ထဲဝင်ဖက်လိုက်သည်။
ထိုအခါ လိုင်းယ (န်) ကသည်းရဲ့ ပုခုံးကိုပြန်ဖက်ပြီး ဖုန်းထဲက သူရိုက်ပေးခဲ့သော ဓာတ်ပုံတွေအား ပြလိုက်သည်။
" ဝါး...ကိုကိုက ဓာတ်ပုံရိုက်တော်သားပဲ ဟီးဟီး ချစ်ဖို့ကောင်းလိုက်တာ "
" သည်းငယ် ကျေနပ်ရင် ပြီးတာပဲ "
သည်းနှင့် လိုင်းယ (န်) တို့ New York မြို့ကြီး
ထဲမှာ ခြေဦးတည့်ရာ လမ်းဆက်လျှောက်ကြရင်း သည်းက လိုင်းယ (န်) ရဲ့ ပါးကို ခြေဖျားထောက်ပြီး တစ်ချက်နမ်းလိုက်သည်။
" တန်ခိုးရှင်လို ချစ်သူမျိုး ပိုင်ဆိုင်ထားရတာ ပျော်စရာကောင်းလိုက်တာ ပက်စပို့စ် တောင်မလိုပဲ ကြိုက်တဲ့နိုင်ငံကို စက္ကန့်ပိုင်းအတွင်း သွားလို့ရတယ် ဟိဟိ "
ထိုအခါသည် လိုင်းယ (န်) က သည်းရဲ့ ပုခုံးလေးကို အသည်းယားစွာ ညှစ်ဖက်လိုက်သည်။
" ဒါနဲ့ ကိုကိုက သည်းကို Justin Bieber နဲ့တွေ့အောင်တမင်ခေါ်လာတာလား ဘယ်လိုလုပ်ပြီးသိတာလဲ Justin က အဲ့ဒီ Cafe မှာ ရှိနေတယ်ဆိုတာ "
Myanmar နဲ့ New York မြို့ဟာ အချိန်အားဖြင့်လည်း အရမ်းကွာခြားပါလျှက် ကိုကိုဘယ်လိုများမှန်းဆလာခဲ့ပါလိမ့်။
" အမှန်က ကိုယ်မင်းကို ဒီကိုခေါ်လာဖို့ ရည်ရွယ်ချက်ရှိရှိ စီစဥ်ထားတာ တစ်ရက်တော့ သည်းငယ်ကို သည်းငယ် Suprise ဖြစ်စေမယ့် အရာတစ်ခုခုလုပ်ပေးဖို့ စဥ်းစားနေတာ သည်းငယ်က Justin Bieber ရဲ့ ပရိတ်သတ်ဆိုတော့ ကိုယ်လည်း သူ့ကို Social media မှာရှာကြည့်ပြီး သူက New York မှာရောက်နေတယ်ဆိုတဲ့အကြောင်း တွေ့လိုက်လို့ သည်းငယ်ကို ပြချင်တာနဲ့ လာခေါ်တာ အချိန်မမှီမှာစိုးရိမ်နေတာ တော်သေးတယ် သူတို့ အပြန်နဲ့ ကွက်တိဖြစ်သွားလို့ "
" ကိုကို့ကိုလေ ဒီလောက်ထိ စိတ်ရှည်မယ်လို့မထင်ထားဘူး ဟီးဟီး "
" New York ကို ရောက်တုန်း သည်းငယ် ဘယ်ကိုသွားချင်လဲ "
" သည်းက ကိုကို သွားတဲ့နေရာ အကုန်လိုက်မှာ ဘယ်နေရာပဲ ဖြစ်ဖြစ် "
ထိုအခါ လိုင်းယ (န်) လည်း သူ့လက်ပတ်နာရီအား တစ်ချက်ကြည့်၍
" အင်း အချိန်ရပါသေးတယ် ကိုယ်မင်းကို ခေါ်သွားစရာရှိတယ် လောလောဆယ် သည်းငယ်ဗိုက်ဆာရင် တစ်ခုခု ဝင်စားကြမလား "
" အင်း နည်းနည်းတော့ဆာတယ် ဟီးဟီး "
" အိုခေ မင်း ဘဲသား ကြိုက်လား "
" အင်း သည်းက ဘာဖြစ်ဖြစ်စားပါတယ် "
ထိုအခါ သည်းကို ခေါ်သွားသည်မှာ New York ရဲ့ Romance အဖြစ်ဆုံး Restaurants ထဲကတစ်ခုဖြစ်သည့် The River Cafè သို့ ခေါ်သွားသည်။
ထို့နောက် တကယ် View ကောင်းတဲ့ ထို Restaurant ထဲတွင် မှန်နံရံကြီးကတစ်ဆင့်မြင်နေရသော မြစ်ကြီးနှင့် အဆောက်အဦးတွေ တံတားတွေကိုငေးနေတုန်း ကိုကိုဟာ သည်းအတွက်
" Duck Breast " ဆိုပြီး မှာပေးသည်။
" ဒီမှာက ဒီ Menu ကအရမ်းနာမည်ကြီးတာ သည်းငယ်စားကြည့် "
ဒီလို 5 stars Restaurant ကြီးမှာ နာမည်ကြီး ထိပ်တန်း Menu တစ်ခုကို New York ရဲ့ Brooklyn က နေ့ရှုခင်းကို ကြည့်ပြီး ချစ်တဲ့သူနဲ့ ညနေစာ စားရလိမ့်မည်ဟု အိပ်မက်တောင်မမက်ဖူးပါ။
အခုတော့ သည်း ကိုယ့်ကိုယ်ကိုပင်အိပ်မက်မက်နေသလားဟု ထင်ရလောက်အောင် ကိုကိုဟာ အံ့ဖွယ်ကောင်းလှသော အစွမ်းများပိုင်ဆိုင်ထားရုံမက သည်းကိုပါ သူ့၏ ကမ္ဘာထဲသို့ ဆွဲခေါ်သွားကာ သည်းကို အမှန်တကယ်ပင် Suprise ကြီးတစ်ခုပြီးတစ်ခု ဖြစ်စေသည့် အခြေအနေများကိုဖန်တီးပေးနေသည်။
သည်းဟာ ကိုကို့မျက်နှာကိုပြုံးကြည့်ပြီး အတွေးနယ်ချဲ့လို့မှမဆုံးသေး သည်းနှင့် ကိုကို့ဆီသို့ ကိုကိုမှာလိုက်တဲ့ Duck Breast ဆိုသော စားစရာရောက်လာသည်။ နာမည်ကြီးတယ်လို့ပြောမှာပေါ့ ရောက်လာရုံနဲ့ အနံ့ကလေးဟာ မွှေးအီအောင်ဆွဲဆောင်ရုံသာမက အသားတုံးရဲရဲကလေးနှစ်ခုဟာလည်း စားချင်စဖွယ်ပင်။
ဓားနှင့် ခရင်းကို ကိုင်ပြီး ထိလိုက်ရုံနှင့်ပဲ့သွားအောင် နူးညံ့လှသည့် ထိုအစားအစာမှာ တစ်ဖဲ့လောက်စားမိလိုက်တာနဲ့ အမှန်တကယ်ပင် လျှာလည်သွားအောင် စွဲသွားစေလောက်သည့်အရသာပင်ဖြစ်သည်။
ကိုကိုဟာ အမှန်တကယ်ပင် သည်းကို အရသာတွေ့စေမည့် အစားအသောက်မျိုး ရွေးချယ်မှာယူပေးခဲ့ပါလားဟု စိတ်ထဲကနေကျေးဇူးတင်နေမိ၏။
" ဘယ်လိုလဲ စားကောင်းရဲ့လား "
" အရမ်းကောင်းတာပေါ့ တစ်သက်လုံးစားဖူးသမျှထဲမှာ ဒီဟာကအကောင်းဆုံးပဲ "
ဟု ကိုကို့ကို လက်မထောင်ကာ မျက်လုံးကလေးပျောက်သွားသည်အထိ ရယ်ပြလိုက်သည်။
" သည်းငယ် ဘယ်သွားချင်သေးလဲ "
အဖြေပြန်မရသဖြင့် ကိုကိုဟာ The River Cafè ထဲမှ သည်းနှင့်အတူထွက်လာပြီး
နာရီကို တစ်ချက်ကြည့်ကာ အနည်းငယ်လည်း မှောင်ရည်ပျိုးစရှိနေသည်မို့
" ကိုယ်မင်းကို ခေါ်သွားချင်တဲ့နေရာက နည်းနည်းစောနေသေးတယ် အစာကြေအောင် လမ်းလျှောက်ကြမလား "
သည်းလည်း ဘေးက တံတားကြီးကို လက်ညှိုးထိုးကာ
"အဲ့ဒီကိုသွားကြမယ်လေ "
" အိုခေ "
သည်းရဲ့ Guitar အိတ်ကြီးကို လွယ်ပေးထားပြီး တင်ပါးဖုံးလောက်သည့် ကုပ်အင်္ကျီကိုဝတ်ထားတဲ့ ကိုကိုသည် လမ်းလျှောက်ရတာ ချွေးပြန်ပြီး အိုက်နေပြီထင်ပါရဲ့။ ထို ကုတ်ကို ချွတ်ပြီး သည်းလက်ကို ကိုင်မထားသော ကျန်လက်တစ်ဖက်ကနေ လုံးကိုင်ထားသည်။
ကိုကိုဟာ ရှပ်အင်္ကျီ အဖြူရောင်ကို ရင်ဘက်က ကြယ်သီး၂လုံးလောက်ဖြုတ်ထားပြီး လက်ကို ခေါက်တင်ထားသည်မှာ အရမ်းကြည့်လို့ကောင်းသည်။ သည်းသည် သူမ၏ ဂျင်းဘောင်းဘီအိတ်ထောင်ထဲကနေ ဖုန်းကလေးထုတ်ပြီး လေအနည်းငယ်တိုက်တဲ့ တံတာကြီးပေါ်မှာ Selfile  ရိုက်ဖို့ချိန်လိုက်၍
" ကိုကို ဒီကိုကြည့် "
သည်းက ဆွဲတော့ ကိုကိုဟာ သည်းမျက်နှာအနားငုံ့လာပြီး ဖုန်းကင်မရာထဲမှာပေါ်လာသည့်အခါ ကင်မရာထဲမှာ ဖွေးပြီး ပိုကြည့်ကောင်းနေသော ကိုကို့ကြောင့် နှာခေါင်းရှုံ့ကာ ဖုန်းကို ပြန်ပိတ်လိုက်လျှင် ကိုကိုက သည်းကို ငုံ့ပြီးမေးသည်။
" ဘာဖြစ်လို့လဲ မရိုက်တော့ဘူးလား "
" အခုလို မထင်မှတ်ထားပဲ နိုင်ငံခြားကို ရောက်တာက တစ်မျိုးကောင်းပေမဲ့ ကြိုပြောမထားတော့ သည်းက ဘာမှတောင်မပြင်ဆင်လိုက်ရဘူး ကြည့်ပါဦး သည်းပုံစံက ပုံတုံးတုံးကြီး "
သူမဝတ်ထားသည့် မနက်က အလုပ်သွားသော တီရှပ်ခရမ်းရောင်ကလေးနှင့် အပေါ်ဝတ်လက်ရှည်အညိုရောင်အကွက်ကလေးရယ် ဂျင်းဘောင်းဘီခပ်ကြပ်ကြပ်က ထသွားထလာစတိုင်မျိုးမို့ သူမကိုယ်သူမကျေနပ်ဟန်မတူ။
ဘာမှမလိမ်းရတဲ့အပြင် လေတိုင်ပြီး ဆံပင်တွေကပါ ဖရိုဖရဲလွင့်ကုန်သောကြောင့် ဆံပင်တွေကိုဖိ၍ ကိုကို့အား မျက်နှာငယ်လေးနှင့်ကြည့်သည်။
" ကိုယ်ကရော ဘာပြင်ဆင်လာလို့လဲ ဒီမှာ ချွေးတွေတောင်ထွက်နေပြီ "
" ဒါပေမဲ့ ကိုကိုက ဘယ်ချိန်နေနေ ချောနေတာကြီးကို အခုလည်း ကင်မရာထဲမှာ ကိုကိုပဲ ချောနေတာ သည်းက အရူးမကျနေတာပဲ "
ထိုအခါ ကိုကိုက ရယ်သည်။
" မရယ်နဲ့ ရယ်ရင် ပိုတောင်ချောသေးတယ် မနာလိုလာပြီ "
လိုင်းယ (န်) သည်သူမရဲ့ ပုခုံးကိုဖက်ကာ တံတားပေါ်ကနေမြင်နေရသော တစ်ဖက်က အဆောက်အဦးမှ ပရိုဂျက်တာဖြင့်ပြထားသည့် CK အတွင်းခံကြော်ညာသော မော်ဒယ် Kendall Jenner ပုံကို လှမ်းညွှန်ပြလိုက်၍
" ဟိုမှာမြင်လား ကိုယ့်သည်းငယ်က ကိုယ့်မျက်လုံးထဲမှာ အဲ့ဒီမော်ဒယ်မလေးထက်တောင်ပိုလှသေးတယ် "
ခန္ဓာကိုယ်ပိန်ပိန်ပါးပါးကလေးနှင့် ဆွဲဆောင်မှုရှိစွာ ညှို့အားပြင်းသော မျက်လုံးတွေနဲ့ ကြည့်နေသည့် မော်ဒယ်မလေးရဲ့ ပုံကိုလှမ်းကြည့်ပြီး သည်းဟာ ကိုကို့အား မျက်လုံးလေးမှေးဆင်းပြီး လိမ်နေတာဆိုသောအကြည့်မျိုးနှင့်ကြည့်တော့
" တကယ်ပြောတာ သည်းငယ်က ကိုယ့်အတွက် အလှဆုံးပဲ "
" အခုလို ပုံစံကတောင်မှလား "
" အင်း အခုလည်း သည်းငယ်ကလှတာပဲ အဲ့တာ​ကြောင့် လာ...ဓာတ်ပုံရိုက်ချင်တာ တွေဝေမနေနဲ့ ကိုယ်ရိုက်ပေးမယ် "
ဆိုပြီး သည်းရဲ့လက်ထဲက ဖုန်းကို ယူကာ သူကိုယ်တိုင် Selfile ချိန်၍ သည်းရဲ့ပုံခုံးကလေးကိုဖက်လိုက်သ​ည်။ သည်းတို့ Selfile တစ်ပုံရဖို့ လေတိုက်သဖြင့် Snap တွေခဏခဏမိကာ တဟားဟားရယ်နေကြရသည်။ ဒီလိုနှင့် တဖြည်းဖြည်းမှောင်သွားပြီး လိုင်းယ (န်) ကလည်း သူမှန်းထားသောအချိန်ကိုရောက်ပြီမို့
" သည်းငယ် မျက်လုံးမှိတ်ထား "
သည်းလည်း ကိုကို့လက်သေချာဆုပ်ကိုင်ပြီး
စက္ကန့်ပိုင်းအတွင်း လူတစ်ကိုယ်လုံးအေးစက်သွားပြီး မကြာခင်က တံတားပေါ်က လေးတွေနဲ့မတူသော ပတ်ဝန်းကျင်ရဲ့အရသာနှင့်အတူ မျက်လုံးဖွင့်လိုက်လျှင်သည်းတို့ရောက်နေသောနေရာဟာ ဘယ်နေရာလည်း သေချာမသိပေမဲ့ အတော်လေးမြင့်သောသောနေရာမှာဆိုတာကိုတော့သိလိုက်သည်။
ဘာကြောင့်ဆို သည်းတို့နှစ်ယောက်လုံးရဲ့ဆံပင်တွေဟာ လေထဲမှာလွင့်မြောနေသောကြောင့်ဖြစ်သည်။ ထို့အပြင်အောက်သို့ ငုံ့ကြည့်လိုက်ရာတွင်လည်း တကယ်ကို လက်ရာမြောက်လှသည့် အဆောက်အဦးကျယ်ကြီးတစ်ခု၏ ထိပ်ဆုံးမှာဖြစ်သည်။
" ကိုကို ဒါက...."
ကိုကိုဟာ သည်းနှင့်အတူ ထိုဟာလာဟင်းလင်းအဆောက်အဦးကြီး၏ အစွန်မှာ ​ထိုင်လိုက်ကာ
" ဟုတ်တယ် ဒါက Rome က Colosseum အပေါ်မှာ "
" ဟင်...ဒါ ဒါဆို သည်းတို့ Italy မှာပေါ့ "
မျက်လုံးပြူးကလေးနှင့် ထပ်ပြီးအံ့သြ သွားကာ မတ်တပ်ထရပ်တော့ Italy ရဲ့ သန်းခေါင်ယံအချိန် ညရှုခင်းကိုကောင်းကောင်းမြင်ရပြီး
" အမလေး !"
" ဟေ့... ဟေ့ လိမ့်ကျမယ် ပြန်ထိုင် "
လိုင်းယ (န်) ဟာ သည်းလိမ့်ကျမည်စိုးရိမ်စွာ လက်တကာကာနှင့် မို့ သည်းလည်း ကိုကို့ဘေးမှာ ပြန်ထိုင်လိုက်ပြီး
" ဒါဆို Colosseum အပေါ်မှာပေါ့ သည်းတို့က ဒါက တားမြစ်ထားတာမဟုတ်လား သည်းတို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ "
" မင်းရဲ့ချစ်သူက ဘယ်လိုစွမ်းအားတွေပိုင်ဆိုင်ထားလဲဆိုတာ မေ့နေပြီလား အေးဆေးပေါ့ ဒီနေရာကနေ စက္ကန့်ပိုင်းအတွင်း ကိုယ်တို့ ကမ္ဘာကြီးရဲ့ ဘယ်နေရာမဆို ပြေးထွက်သွားလို့ရတယ် "
ထိုအခါ သည်းက သဘောကျစွာ ရယ်သည်။
သည်းသည် ထို Colosseum ရဲ့နံရံတံတိုင်းကြီးပေါ်မှာ မတ်တပ်ပြန်ရပ်ကာ လမ်းလျောက်နေတုန်း အနောက်မှ အသံလွင်လွင် Guitar သံကလေးကြားရ၍ သည်းလှည့်ကြည့်လိုက်သည့်အခါ ကိုကိုဟာ သူ၏ လက်တံရှည်ရှည်တွေနှင့် Guitar ကြိုးကလေးတွေအပေါ်မှာပြေးလွှားဆော့ကစားနေပြီး Colosseum အပေါ်မှာ ခြေထောက်တွဲလဲချထိုင်နေသော ပေါင်ပေါ်မှာ သည်းရဲ့ Guitar လှလှကလေးက နေရာယူထားသည်။
လေတိုးတိုင်း ကိုကို့ဆံပင်တွေဟာ နှဖူးပေါ်ကနေ လန်သွားတာများ ဘယ်လောက်တောင်ကြည့်ကောင်းလိုက်သလဲ။
🎵Dance with me under the diamonds
တောက်ပတွေကြယ်တွေအောက်မှာ ကိုယ်နဲ့အတူ ကရအောင်
See me like breath in the cold
အေးစက်သောအချိန်မှာရှူထုတ်လိုက်တဲ့ ဝင်သက်ထွက်သက်တွေလိုမျိုး ကိုယ့်ကို မြင်အောင်ကြည့်ပါ 🎵
ကိုကိုဟာ အခု Justin Bieber ရဲ့ Anyone သီချင်းကို ကိုယ်တိုင် Guitar တီးလျှက် ဆိုပြနေတာလား။
🎵Sleep with me here in the silence
ကိုယ့်အနားမှာ တိတ်တိတ်ကလေး လာအိပ်ပါလား
Come kiss me, silver and gold
ရွှေလိုငွေလိုတန်ဖိုးရှိလှတဲ့ မင်းရဲ့အနမ်းတွေနဲ့ ကိုယ့်ကို နမ်းပါဦး 🎵
ကိုကို့ကို ခြေလှမ်း ၇လှမ်းလောက်အကွာအဝေးကနေ သည်း မလှုပ်မယှက် ငေးကြည့်နေမိသည်။
🎵  You say that I won't lose you
မင်းပြောခဲ့တယ် ကိုယ်မင်းကိုလုံးဝအဆုံးအရှုံးမခံနိုင်ဘူးဆိုတာ
But you can't predict the future
ဒါပေမဲ့ အနာဂတ်ကို မင်းမှန်းဆလို့မရနိုင်ပါဘူး🎵
ကိုကို့အသံက အမှန်တကယ်ပင် နားထောင်လို့ ကောင်းလွန်းနေသည်။
🎵So, just hold on like you will never let go
အဲ့တာကြောင့် ကိုယ့်ကိုဘယ်တော့မှထားမသွားပါနဲ့
Yeah, if you ever move on without me
တကယ်လို့ ကိုယ်မပါပဲ မင်းရှေ့ဆက်မယ်ဆိုရင်တော့
I need to make sure you know that
မင်းကိုသေချာသိအောင်ပြောပြစရာရှိတယ်🎵
ထို့နောက် ကိုကိုဟာ သည်းရဲ့မျက်နှာကိုလှမ်းကြည့်ပြီး သီချင်းကို ဆက်ဆိုလိုက်တာက
🎵You are the only one I'll ever love
မင်းပဲ....မင်းကသာ ကိုယ်အမြဲတမ်းထာဝရချစ်သွာမယ့် တစ်ဦးတည်းသောမိန်းကလေးပါ
(I gotta tell ya, gotta tell ya)
ကိုယ်ပြောပြရလိမ့်မယ်
Yeah, you, if it's not you, it's not anyone
မင်းပဲ...မင်းမှမဟုတ်ရင် ကိုယ်ဘယ်သူ့ကိုမှမချစ်နိုင်ဘူး
(I gotta tell ya, gotta tell ya)
ကိုယ်ပြောပြရလိမ့်မယ်🎵
ထိုအခါမှာ သည်း ရပ်မနေနိုင်တော့ဘဲ ကိုကိုရှိသောနေရာသို့ မြန်မြန်လှမ်းလာလိုက်ကာ ကိုကိုရဲ့ ဘေးမှာ လာထိုင်လိုက်သည်။
🎵Looking back on my life
ကိုယ့်ဘဝကိုပြန်ကြည့်လိုက်ရင်လည်း
You're the only good I've ever done
မင်းပဲ ကိုယ့်အပေါ်ကောင်းခဲ့တာ
Yeah, you, if it's not you, it's not anyone
မင်းပဲ...မင်းမှမဟုတ်ရင် ကိုယ်ဘယ်သူ့ကိုမှမချစ်နိုင်ဘူး🎵
သည်းသည် ကိုကို သီချင်းဆိုနေသည်အား တစ်စိမ့်စိမ့်ကြည့်ရာ နားထောင်နေသည်။
🎵Forever's not enough time to
ထာဝရဆိုရင်တောင် အချိန်ကမလုံလောက်နိုင်ပါဘူး
Love you the way that I want
ကိုယ်မင်းကို ဝအောင်ချစ်နိုင်ဖို့ဆိုတာလေ
'Cause every morning I find you
အဲ့တာကြောင့် မနက်တိုင်းကိုယ်မင်းကိုအရင်ရှာနေမိတယ်
I fear the day that I don't
မင်းကိုယ့်အနားမှာ မရှိတဲ့နေ့တွေကို တွေးပြီး ကိုယ်ကြောက်နေရတယ် 🎵
အဓိပ္ပါယ်တွေအများကြီးရှိတဲ့ သီချင်းဟာ သည်းကို မျက်ရည်တောင်ကျစေနိုင်တဲ့အထိ။
🎵You say that I won't lose you
မင်းပြောခဲ့တယ် ကိုယ်မင်းကိုလုံးဝအဆုံးအရှုံးမခံနိုင်ဘူးဆိုတာ
But you can't predict the future
ဒါပေမဲ့ အနာဂတ်ကို မင်းမှန်းဆလို့မရနိုင်ပါဘူး
'Cause certain things are out of our control
အချို့သောအရာတွေက ကိုယ်တို့ထိန်းချုပ်ထားလို့မှမရနိုင်တာ🎵
🎵Yeah, if you ever move on without me
တကယ်လို့ ကိုယ်မပါပဲ မင်းရှေ့ဆက်မယ်ဆိုရင်တော့
I need to make sure you know that
မင်းကိုသေချာသိအောင်ပြောပြစရာရှိတယ်
You are the only one I'll ever love
မင်းပဲ....မင်းကသာ ကိုယ်အမြဲတမ်းထာဝရချစ်သွာမယ့် တစ်ဦးတည်းသောမိန်းကလေးပါ
(I gotta tell ya, gotta tell ya)
ကိုယ်ပြောပြရလိမ့်မယ်
Yeah, you, if it's not you, it's not anyone
မင်းပဲ...မင်းမှမဟုတ်ရင် ကိုယ်ဘယ်သူ့ကိုမှမချစ်နိုင်ဘူး
(I gotta tell ya, gotta tell ya)
ကိုယ်ပြောပြရလိမ့်မယ်🎵
×××××××××××××××××××××××××××××××
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (17) ဆက်ရန်
ဒီအပိုင်းဟာ Fb မှာ လုံးဝ မပါပါဘူး
အခုမှ အသစ်စက်စက် ရေးထားတဲ့အပိုင်းပါ
တစ်နေကုန်ထိုင်ရေးနေတာမို့ ဒီနေ့တော့ ၅ ပိုင်း မ up နိုင်တော့ဘူး ဟောဒီအပိုင်းအသစ်ကလေးကိုပဲ ဖတ်ပေးကြပါလို့ ပြောချင်ပါတယ်
Zawgyi Version
ဘုရင့်သည်းဦးပန်
အပိုင်း(16)
"သဘောကျလို့ပေါ့ "
" မျက်လုံးမှိတ်ထား "
" New York "
" အား......"
" Hey "
" Hey!"
(အို...အို....အို....ဝိုး....)4
" Oh. ..Haha I like that! "
ဟုလည်း ပြန်ပြောသည်။
ထိုအခါသည်းက
Baby Baby Baby Ooh. ..
Like Baby Baby Baby Ooh. ..
Like Baby Baby Baby Ooh. ..
" Oh. .No need Thank you too "