ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

Door devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... Meer

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.19
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.4.20 End

4.1K 618 134
Door devil61002

ဝုန္း!!!!

ဓားသြားအဖ်ားသည္ ရီဗဲလ္၏ ရင္ဘတ္သို႔ စိုက္ဝင္သြားခဲ့ၿပီး ႏွလံုးနဲ႔ အကြာအေဝးအနည္းငယ္ခန႔္အလိုတြင္ ပံုရိပ္တစ္ခုသည္ လြင့္ထြက္သြားခဲ့သည္။ ရီဗဲလ္ေအာက္တြင္ရိွေနသၫ့္ စင္ျမင့္သည္ က်ိဳးပ်က္သြားခဲ့ကာ ေမွာ္အစီအရင္မ်ားမွာလဲ ပ်က္ျပယ္လာခဲ့သည္ ။

အနက္ေရာင္ဝတ္လူက အပ်က္အစီးၾကားမွ ထလာသၫ့္ ရီဗဲလ္အား အလန႔္တၾကားၾကၫ့္လိုက္သည္ ။ ရီဗဲလ္၏ မ်က္ဝန္းမ်ားသည္ လံုးဝမနီရဲေနေတာ့ဘဲ မ်က္ဆံသာ ရဲေတာက္ေနသည္ ။ အနက္ေရာင္ဆံႏြယ္အိအိမ်ားသည္ ဝိုင္နီေရာင္သန္းေနၿပီး မ်က္ႏွာထက္တြင္ ၿပံဳးသည္ဆိုရံု တြန႔္ေကြးေနသၫ့္ ႏူတ္ခမ္းက လူတိုင္းကို စြဲမက္ေစႏိုင္သလို ၾကက္သီးျဖန္းျဖန္းထသြားေစႏိုင္သည္ ။

" မေကာင္းေတာ့ဘူး!!!! ရီဗဲလ္ရဲ့ ႏွလံုးသားသန႔္စင္မႈက အဆင့္ျမင့္သြားလို႔ ငါတို႔လုပ္ထားတဲ့ အစီအရင္ေတြနဲ႔ မလံုေလာက္ေတာ့တာ .." အနက္ေရာင္ဝတ္စံုနဲ႔ လူက အေနာက္သို႔ဆုတ္လိုက္ကာ ေျပာရင္း လက္မွ သ‌ေကၤတ အမ်ိဳးမ်ိဳးကို ျပဳလုပ္ေနခဲ့သည္ ။ က်ိဳးပ်က္သြားသၫ့္ အစီအရင္မ်ားသည္ ျပန္လည္ေကာင္းမြန္လာၿပီး ရီဗဲလ္အား ပိတ္ေလွာင္လိုက္သည္။

ရႈရားလ္ကလဲ သတိဝင္လာကာ ေမွာ္ဂါထာမ်ားရြတ္ကာ ကူညီလိုက္သည္ ။ အနက္ေရာင္ဝတ္လူသည္ သက္ေရာက္မခံရသလိုျဖစ္ေနသၫ့္ ရီဗဲလ္ေၾကာင့္ မ်က္ႏွာထက္တြင္ ဆံုးျဖတ္ခ်က္ျပတ္သားမႈ တခ်ိဳ႕ေပၚလာခဲ့သည္ ။ သူ႔လက္မွ အျဖဴေရာင္အလင္းတန္းမ်ား ထြက္လာကာ အစီအရင္ထဲသို႔ ထၫ့္လိုက္ေလသည္။ သူ႔လည္တိုင္တြင္ ဂဏန္းတခ်ိဳ႕ေပၚလာကာ 65 မွ 30 အထိ က်ဆင္းသြားေလသည္ ။

သို႔ေသာ္ ရလဒ္အေနျဖင့္ ရီဗဲလ္သည္ အစီအရင္၏ ဖိအားေၾကာင့္ ေသြးအန္လိုက္ရသည္ ။ သို႔တိုင္ေအာင္ အၿပံဳးသည္ ေပ်ာက္ကြယ္မသြားေသးဘဲ ႏူတ္ခမ္းမွ ေသြးမ်ားကို လက္မျဖင့္ သုတ္ရင္း အၿပံဳးသည္ ပိုပီျပင္လာေလသည္။ အသက္အႏၲရယ္ရိွေနတာေတာင္ မသိေတာ့သကဲ့သို႔ မ်က္ဝန္းထဲတြင္ ရက္စက္မႈတို႔သာ ရိွေနခဲ့သည္ ။

ထိုအခ်ိန္တြင္ အနက္ေရာင္အရိပ္တစ္ခုသည္ အစီအရင္၏ ေဘးဘက္တြင္ ေပၚလာခဲ့သည္ ။ ရိုမန္၏ အၾကၫ့္က ရီဗဲလ္၏ ရင္ဘတ္တြင္ စိုက္ဝင္ေနသၫ့္ ဓားတြင္သာ ရိွေနခဲ့သည္။ ရိုမန္ကို ျမင္လိုက္သၫ့္အခ်ိန္တြင္ အနက္ေရာင္ဝတ္လူသည္ ခပ္တည္တည္ပင္ရိွေနခဲ့သည္ ။ ရိုမန္က သူ႔အား မသတ္ႏိုင္ဟု ျမင္ေနသည္မွာ သိသာလွသည္။

ဘုန္း!!! ဘန္း!!!

ရိုမန္က စတင္တိုက္ခိုက္လိုက္သည္နဲ႔ သူက ထပ္မံအျဖဴေရာင္အလင္းတန္းမ်ားထုတ္ကာ ေအးေဆး ကာကြယ္လိုက္သည္ ။ သို႔ေသာ္ ရိုမန္၏ တိုက္ခိုက္မႈမ်ား သူ႔အေပၚသို႔ ေရာက္သၫ့္အခ်ိန္တိုင္း တစ္ခုခုက စုပ္ယူလိုက္သလို သူ႔ဝိညာဉ္သည္ အားနည္းလာသည္ဟု ခံစားေနရသျဖင့္ တုန္လႈပ္သြားသည္။ သူက အစီအရင္ကိုပင္ ဂရုမစိုက္ႏိုင္ေတာ့ဘဲ ေနာက္သို႔ ဆုတ္လိုက္သည္ ။

" မင္း!!!! မင္းဘယ္သူလဲ "

ရိုမန္က ဘာမွမေျပာခဲ့ဘဲ တိုက္ခိုက္ရန္ ေရ႔ွသို႔တက္လာခဲ့သည္ ။ ရိုမန္၏ လက္သီးအား ျပန္ကာလိုက္သၫ့္ အခ်ိန္တြင္ လက္မွ လက္ပတ္ကို ျမင္လိုက္ရသျဖင့္ အနက္ေရာင္ဝတ္လူက မတိုက္ခိုက္ရဲသၫ့္ပံုစံျဖစ္သြားကာ ဆက္တိုက္ဆုတ္ေတာ့သည္။

" အနက္ေရာင္လက္ပတ္!! " ေအာ္သံထဲတြင္ပါသၫ့္ ထိတ္လန႔္မႈကို ဖံုးကြယ္မထားႏိုင္ခဲ့ေပ ။ သူ အေၾကာက္ဆံုးသူကို ေျပာပါဆိုလ်ွင္ စက္ပစၥည္းကဲ့ သို႔ လက္ပတ္မ်ားဝတ္ထားသၫ့္ သူမ်ားပင္ ။ ထိုသူမ်ားသည္ သူတို႔လို ID အတုနဲ႔ လူမ်ားအား သတ္ျဖတ္ရန္ ျပဳလုပ္ထားေသာေၾကာင့္ပင္ ။

အနက္ေရာင္ဝတ္လူသည္ ရႈရားလ္အား ပစ္ခ်ထားခဲ့ကာ ေျပးရန္ျပင္ေတာ့သည္ ။ ရိုမန္က ရီဗဲလ္နဲ႔ ရႈရားလ္အား တစ္ခ်က္ၾကၫ့္လိုက္ၿပီး ထိုသူအေနာက္သို႔ လိုက္သြားခဲ့သည္ ။ တဖက္လူသည္ လင္ေရွာင္းရီ လို မ်ိဳးမဟုတ္ဘဲ ID အတုနဲ႔ လူ ျဖစ္ေနေသာေၾကာင့္ပင္ ။ စနစ္က အသိေပးခ်က္ ထြက္လာသည္မွာ မအံ့ဩေတာ့ေပ ။

ဘုန္း!!!

ပံုရိပ္တစ္ခုသည္ လြင့္ထြက္လာကာ ေက်ာက္ေဆာင္နဲ႔ ေဆာင့္မိၿပီးေနာက္ ျပဳတ္က်လာခဲ့သည္။ ရိုမန္က ဖရိုဖရဲ ျဖစ္ေနသၫ့္ လူအား မ်က္ခံုးပင့္ကာ ၾကၫ့္လိုက္သည္ ။ ဒီလူသည္ ဘယ္ေလာက္ပင္ျမန္ေနပါေစ ။ အခ်က္ျပစနစ္ေၾကာင့္ ခနသာၾကာသၫ့္အခ်ိန္တြင္ ဖမ္းမိသြားခဲ့သည္ ။

" ငါ ရန္ခ်ီက အသက္အတြက္တိုက္ခိုက္ေနတာ .. မင္းတို႔လို ရုပ္ေသးရုပ္ေတြရဲ့ သတ္ျဖတ္ျခင္းကို ခံရတာ ရင္နာစရာ‌ေကာင္းလိုက္တာ .." အနက္ေရာင္ဝတ္လူက နာက်င္စြာေရရြတ္လိုက္သည္ ။ ရိုမန္က ဒီလူသည္ ေခါင္းမာသၫ့္အမ်ိဳးအစားထဲကမွန္း ခန႔္မွန္းမိလိုက္သည္ ။ သူက ေမးခြန္းမ်ား‌ေမးလ်ွင္ ေျဖခ်င္မွေျဖေပလိမ့္မည္ ။ ေျဖလ်ွင္ေတာင္ ထိုအေျဖက အစစ္ဟုတ္မဟုတ္ မေျပာႏိုင္ေပ။

' သတ္လိုက္ရင္ တစ္ခုခုမ်ား က်လာမလား ' ထိုအေတြးေတြးမိလိုက္ၿပီးေနာက္ ရိုမန္၏ အမႈအရာတစ္ခ်က္ေျပာင္းသြားသည္။ ယခု သူက ဂိမ္းတစ္ခု ေဆာ့ေနသည္ဟု ထင္လိုက္မိသည္ ။

(A/N : ဂိမ္းထဲက Boss ကိုသတ္ရင္ အဆင့္ျမင့္ရင္ ျမင့္သလို item က်လာတာမ်ိဳး )

ဒိုင္း!!!

အနက္ေရာင္ဝတ္လူသည္ တုန္ျပန္ခ်ိန္ပင္မရလိုက္‌ေခ် ေသဆံုးသြားခဲ့သည္ ။ ရိုမန္က မ်က္ေတာင္မခတ္တမ္း ၾကၫ့္ေနခဲ့ေသာ္လည္း ေျပာင္းလဲမႈတစ္ခုတေလပင္ မေတြ့ခဲ့ရေပ ။ ဒီ‌တိုင္း လူတစ္ေယာက္ ေသသြားသၫ့္ ပံုစံမ်ိဳးသာ ။ ရိုမန္က ရီဗဲလ္၏ အေျခအေနအား ျပန္ၾကၫ့္ရဦးမည္ ျဖစ္သျဖင့္ ေခါင္းအသာ ယမ္းကာ ထြက္သြားရန္ျပင္လိုက္သည္ ။

/ ဒင္!!! စစ္ေဆးမႈၿပီးဆံုး ..။အခ်က္အလက္ေတြ ထုတ္ေပးေနပါၿပီ /

အဆင့္ျမင့္သြားၿပီးေနာက္ စက္တစ္ခုလိုသာ ျဖစ္သြားသၫ့္ system ထံမွ အသံထြက္လာခဲ့သျဖင့္ ေျခလွမ္းမ်ား ရပ္တန႔္သြားခဲ့သည္ ။ သူ႔အေရ႔ွတြင္ ေပၚလာသၫ့္ စခရင္ ကို ၾကၫ့္လိုက္သည္ ။

[ အမည္ : ရန္ခ်ီ

အသက္ : ၃၄

အလုပ္အကိုင္ : စက္ပစၥည္းအေသးစား တီထြင္သူ ]

ေျပာင္းလဲထားေသာ ID

[ အမည္ : ခန္းလန္

အသက္ : ၂၄

အလုပ္အကိုင္ : အႏုပညာရွင္

ရွင္သန္ျခင္းအမွတ္ : ၁၆

ေသဆံုးမႈ မွတ္တမ္း : ကားတိုက္၍ ေသဆံုး ]

ရိုမန္သည္ ရန္ခ်ီထံမွ အသံုးဝင္သၫ့္ မည္သၫ့္အခ်က္အလက္မွ မရရိွေခ် ။

" မဟုတ္ေသးဘူး !!! သူက အတိတ္ေမ့မေနဘူး .." ရိုမန္က ရန္ခ်ီ၏ အေလာင္းအား ၾကၫ့္လိုက္သည္ ။ ထိုသူမေသခင္ သူ႔နာမည္ အစစ္ကို ေျပာသြားသည္မွာေသခ်ာေပသည္ ။ ယခင္က သူသည္ ID အတုနဲ႔လူတိုင္း အတိတ္ေမ့ေနခဲ့သည္ဟု ထင္ထားခဲ့သည္ ။ ၾကၫ့္ရသည္မွာ ထိုသို႔ ဟုတ္ဟန္မတူ ...

သူက ရီဗဲလ္ထံသို႔ျပန္ေရာက္သၫ့္အခ်ိန္တြင္ ရႈရားလ္က ရီဗဲလ္ကို အသာၾကၫ့္လ်က္ ရပ္ေနခဲ့သည္ ။ သူမသည္ ဉာဏ္ေကာင္းသၫ့္ အမ်ိဳးသမီးျဖစ္သျဖင့္ ရိုမန္ကို ေတြ့လိုက္သည္နဲ႔ အေျဖကို သိေနၿပီးသားပင္ ။

" သခင္အက္စ္တြန္ .. ကြၽန္မရဲ့ ပညာကို အပ္ပါတယ္ " ေခါင္းငံု႔လ်က္ေျပာေနသၫ့္ ရႈရားလ္အား ရိုမန္က တစ္ခ်က္ၾကၫ့္လိုက္ၿပီး ေအးးက္စက္ေျပာလိုက္သည္ ။

" ဖ်က္စီးလိုက္!!! " သူမေၾကာင့္ သူက ရီဗဲလ္အား တစ္ခါကယ္ႏိုင္ခဲ့ေသာေၾကာင့္သာ မဟုတ္လ်ွင္ သူက ရႈရားလ္အား သတ္ပစ္လိမ့္မည္။ သူက ေၾကာင္ၾကၫ့္ေနသၫ့္ ရႈရားလ္ အား " ဖ်က္ဆီးမလား !! ေသမလား !! ေရြး "

ရႈရားလ္က ႏူတ္ခမ္းကို ကိုက္လိုက္သည္ ။ သူမသာ သူမ ပညာကို ဖ်က္ဆီးလိုက္ပါက သာမန္မိန္းကေလးနဲ႔ ျခားေတာ့မည္ မဟုတ္ေပ ။ သို႔ေသာ္ အသက္နဲ႔ဆိုင္လာခ်ိန္တြင္ သူမက မလြဲမေသြ အသက္ကို ေရြးခဲ့ရေလသည္ ။

ဘန္း!!!

ရိုမန္က အစီအရင္ကို ဖယ္လိုက္သည္နဲ႔ ေရာက္လာသၫ့္ တိုက္ခိုက္မႈေၾကာင့္ ေနာက္ဆုတ္လိုက္ရသည္။ သူ႔မ်က္စိေရ႔ွက ရီဗဲလ္သည္ အရင္က ရီဗဲလ္နဲ႔ မတူေတာ့ေပ ။ ရန္ခ်ီ၏ အစီအစဉ္က မေအာင္ျမင္ေသာ္လည္း ရီဗဲလ္၏ ၾကင္နာမႈ ၊ ျဖဴစင္မႈ ၊ သန့္စင္မႈ မ်ားသည္ ျမဳပ္ကြယ္သြားေလသည္ ။ သူက ေကာင္းကင္သို႔ အသာေမာ့ၾကၫ့္လိုက္ခ်ိန္ ေသြးနီေရာင္ လေအာက္တြင္ ၾကယ္တစ္စင္းကဲ့သို႔ လင္းလက္ေနသၫ့္ ခရစ္စတယ္ေလး တစ္ခုရိွေနခဲ့သည္ ။ မျပၫ့္စံုေသာ္လည္း သန႔္စင္ေနေသးသည္။ သူက ရီဗဲလ္အား အသိဝင္ေစခ်င္လ်ွင္ ထိုအရာကို ယူရေပလိမ့္မည္ ။

" ဒါက .. သန႔္စင္ႏွလံုးသားကေန ျဖစ္လာတဲ့ ၾကယ္သလင္း‌ေက်ာက္ဘဲ .!!!! " စူးရွသၫ့္ ေအာ္သံေၾကာင့္ ရိုမန္က ရီဗဲလ္နဲ႔ တိုက္ခိုက္ေနရင္း လွၫ့္ၾကၫ့္လိုက္သည္ ။ ရိုးလ္ သည္ ရစ္ခ္်၏ လက္ကို တြဲလ်က္ ေရာက္လာခဲ့သည္ ။

ရိုးလ္ က ထိုၾကယ္သလင္းေက်ာက္ကို ၾကၫ့္ရင္း ေလာဘအရိပ္အေယာင္မ်ားရိွေနခဲ့သည္။ သူသာ ထိုအရာကိုရလ်ွင္ သူ႔က အရင္ကလို သန႔္စင္ႏွလံုးသား ျပန္ပိုင္ဆိုင္သြားႏိုင္သည္။

" ရပ္စမ္း!!! " ရိုမန္၏ ေအာ္သံေၾကာင့္ ရိုးလ္‌က ရိုမန္အား ၾကၫ့္လိုက္ကာ ေလွာင္ၿပံဳးၿပံဳးလိုက္သည္ ။

" ဟမ့္.. ဒါက ငါ့ဟာဘဲ "

ၾကယ္သလင္းေက်ာက္သည္ တျဖည္းျဖည္းေအာက္ဆင္းလာသျဖင့္ ရိုးလ္နဲ႔ နီးကပ္လာသည္ ။ ရိုမန္က ရီဗဲလ္ အား ထိခိုက္မည္စိုး၍ ထိန္းကာ တိုက္ခိုက္ေနရသျဖင့္ သူက ေရ႔ွမတိုးသာ ေနာက္မဆုတ္သာ ျဖစ္ေနသည္ ။

သူက ရီဗဲလ္၏ လက္ႏွစ္ဖက္ကို ခ်ဳပ္ကိုင္ကာ " ရီ!!! ကိုယ္ေလ ..ကိုယ့္ကို ၾကၫ့္ အသိဝင္ပါေတာ့ .." ရီဗဲလ္သည္ အခုခ်ိန္တြင္ အလြန္အားႀကီးေနသျဖင့္ ခ်ဳပ္ကိုင္ထားမႈမွ လႊတ္သြားျပန္သည္။ တိုက္ခိုက္မႈမ်ားက ရက္စက္မႈ အျပၫ့္ပင္။

ထပ္ၿပီး ေဘးနားမွ ဝင္ေနွာက္ယွက္ေနသၫ့္ ရစ္ခ္်ေၾကာင့္ ရိုမန္သည္ ခ်က္ခ်င္းအေရးနိမ့္သၫ့္ ဘက္သို႔ ေျပာင္းသြားခဲ့သည္။

" ႀကီးျမတ္လွတဲ့ သခင္အက္စ္တြန္ က ဒီလိုေန့ေရာက္လာလိမ့္မယ္လို႔ မေတြးမိဘူးမလား .." ရစ္ခ္်က ရယ္ေမာကာ ေျပာလိုက္သည္ ။ ရိုမန္က သူတို႔၏ ေလွာင္ေျပာင္မႈမ်ားအား ဂရုမစိုက္ေခ် ။ သူ႔အၾကၫ့္ ရီဗဲလ္နဲ႔ ၾကယ္သလင္းေက်ာက္ ထဲတြင္ ေခါက္တံုေခါက္ျပန္ျဖစ္ေနကာ စိုးရိမ္လာသည္ ။

အာ့

ရိုမန္က ရစ္ခ္် ၏ တိုက္ခိုက္မႈကို ေရွာင္လိုက္သျဖင့္ ရီဗဲလ္၏ ရိုက္ခ်က္ကို ခံလိုက္ရသည္ ။ လည္ေခ်ာင္းတြင္ ေသြးအရသာကို ခံစားလိုက္ရၿပီး ေသြးတဗြက္ အန္လိုက္ရသည္ ။ သူက လည္ပင္းအား ဆုပ္ကိုင္ထားသၫ့္ ရီဗဲလ္ေၾကာင့္ လဲက်ေနရာမွ မထႏိုင္ေတာ့ေပ ။

ရစ္ခ္်နဲ႔ ရိုးလ္ သည္ စင္ျမင့္ထက္သို႔ ေရာက္သြားကာ ၾကယ္သလင္းေၾကာက္နဲ႔ ေပါင္းစပ္ရန္ႀကိဳးစားလိုက္ၾကသည္ ။ ၾကယ္အလင္းသည္ ထိုႏွစ္ေယာက္အား ပတ္သြားကာ ခႏၶာကိုယ္အတြင္းသို႔ ဝင္သြားေလသည္ ။ ရိုးလ္က သူသည္ အလြန္ စြမ္းအား ျပၫ့္လာသည္ ဟု ခံစားရလိုက္သည္။ ရစ္ခ္်သည္လည္း ထိုနည္းတူပင္ ။

' ဒီေဖ... ' ရိုမန္က ထိုအျဖစ္ကို ၾကၫ့္ရင္း ဆဲေရးမိေတာ့သည္ ။ ေသာက္အဓိပၸာယ္ေရာရိွေသးရဲ့လား ။ ရန္ခ်ီသာ သူ ခက္ခက္ခဲခဲ လုပ္ထားရသၫ့္အရာအား ယခုလို လြယ္လြယ္ရသြားျခင္းကို သိလ်ွင္ ေသြးအန္ေပလိမ့္မည္ ။ ကံေကာင္းသည္က ရန္ခ်ီ က ေသသြားၿပီပင္ ။

" မျဖစ္ဘူး .. ရီ!!! .." ရိုးလ္ နဲ႔ ရစ္ခ္် သည္ အင္အားႀကီးလာၿပီ ျဖစ္သျဖင့္ ေသခ်ာေပါက္ သူတို႔အား အလႊတ္ေပးမည္ မဟုတ္ေပ ။ သူသည္လည္း အားနည္းသၫ့္ အေျခအေန မျပယ္ေသးေပ ။ ရန္ခ်ီအား သတ္ႏိုင္ျခင္းမွာ သူပိုင္ဆိုင္ထားသၫ့္ အရာသည္ အစကတည္းက ရန္ခ်ီလို လူမ်ိဳးကို သတ္ရန္ လုပ္ထားျခင္းေၾကာင့္ပင္ ။ လက္ေတြ့တိုက္ခိုက္ပါက စြမ္းအားအရာတြင္ အားနည္းေနေသးသည္ ။

ရိုမန္က သူ႔လည္ပင္းကို ဆုပ္ကိုင္ထားသၫ့္ လက္အား ကိုင္လိုက္ကာ " ရီ!!! ကိုယ္ေျပာတာ ၾကားလား ... " မ်က္ဝန္းေသမ်ားက သူ႔အား ေလွာင္ေျပာင္ေနသၫ့္အလား တုန႔္ျပန္မႈမရိွေခ် ။ လည္ပင္းက လက္ကသာ ပိုတင္းၾကပ္လာေလသည္ ။

" အို .. ငါေတာင္ လႈပ္ရွားစရာ မလိုေတာ့ပါလား . " ရိုးလ္ က ရယ္ေမာရင္း ေျပာလိုက္သည္ ။ " ဒါေပမဲ့ .. ခမ်ားကို ကြၽန္ေတာ္ ကိုယ္တိုင္သတ္မွာ .."

ဘုန္း!!!

" ရီ!!! " လြင့္ထြက္သြားသၫ့္ ရီဗဲလ္ေၾကာင့္ ရိုမန္က ရိုးလ္အား ေအးစက္စက္ၾကၫ့္လိုက္သည္ ။ သူက ယိုင္ေနသၫ့္ ကိုယ္အား ထိန္းကာ ထလိုက္ၿပီး ႏူတ္ခမ္းမွ ေသြးအား သုတ္လိုက္သည္ ။

" ရိုမန္!! ရိုမန္ !! သန္မာခ်င္ေယာင္ေဆာင္မေနစမ္းပါနဲ႔ .." ရိုးလ္က ခပ္ဟဟ ရယ္ရင္း " ခမ်ားရဲ့ ေကာင္ေလးကို အရင္သတ္မယ္ ..ခ်စ္ရတဲ့သူ ေသဆံုးျခင္း အဲ့နာက်င္မႈက ကြၽန္ေတာ္ သန႔္စင္ျခင္း ေရကန္ထဲကိုဝင္ေတာ့ ရတဲ့ နာက်င္မႈနဲ႔ ယွဉ္ရင္ မေျပာပေလာက္ေသးဘူး !!!!! " ေျပာရင္း ရိုးလ္၏ အမႈအရာက ခက္ထန္လာသည္ ။

သူ၏ ႏွလံုးသားသည္ မျဖဴစင္ေတာ့သျဖင့္ ေရကန္သို႔ ဝင္ခ်ိန္တြင္ အဆမတန္ ပူေလာင္သၫ့္ နာက်င္မႈကို ခံစားခဲ့ရသည္။ သို႔ေသာ္ သူက မညီးၫူရဲခဲ့ေပ ။ သူသာ ေျပာခဲ့ပါက သူသည္ အသံုးမဝင္သူျဖစ္လာၿပီး သာမန္ လူသားတစ္ေယာက္သာ ျဖစ္လာလိမ့္မည္ ။

ထိုအရာအားလံုး၏ အစသည္ ရိုမန္ေၾကာင့္ပင္ ။ ' ဒီလူသာ မေျပာင္းလဲခဲ့ရင္ သူလည္း အဲ့လို ခံစားရမွာမဟုတ္ဘူး ။ ရိုမန္သာ ေစ့စပ္ပြဲ မဖ်က္ခဲ့ရင္ သူလဲ အရွက္ကြဲမႈကို ခံစားရမွာ မဟုတ္ဘူး ။ '

သူ႔အၾကၫ့္က ရီဗဲလ္ထံသို႔ ေရာက္သြားခဲ့သည္။ ရိုမန္သာ ရီဗဲလ္ကို မခ်စ္ခဲ့ရင္ သူလည္း မနာလို သဝန္တိုတဲ့ စိတ္ေတြ ျဖစ္စရာမလိုဘူး ..။

အေတြးမ်ားေလ ရိုးလ္၏ မ်က္ႏွာသည္ ခက္ထန္လာေလပင္ ။ သူ႔ပတ္ဝန္းက်င္တြင္ အနီေရာင္အေငြ့မ်ား ရစ္သန္းလာသည္ကို သတိမထားခဲ့ေပ ။ အနီေရာင္အေငြ့မ်ားသည္ ပိုမ်ားလာခဲ့သည္ ။

" ရိုးလ္!!! ရိုးလ္!!! စိတ္ထိန္း!! " ရစ္ခ္်က ရီဗဲလ္အား လြတ္လိုက္ကာ ရိုးလ္ ထံသို႔ ေျပးလာခဲ့သည္ ။ သို႔ေသာ္ တြန္းထုတ္ျခင္းသာ ခံလိုက္ရသည္။

" သတ္မွာ!!! အကုန္သတ္.... အားး!!! ပူတယ္..ပူတယ္ !!!" ရိုးလ္ က သူ႔ႏွလံုးအား ဖိလိုက္ကာ ေအာ္ဟစ္ေတာ့သည္ ။ " ဘာ .. ဘာျဖစ္တာလဲ .."

ရိုမန္က သတိျပန္ဝင္လာကာ ၿပံဳးလိုက္သည္ ။ " အင္အားႀကီးခ်င္တာလား .. ဒီသခင္က မင္းကို အင္အား အႀကီးဆံုးျဖစ္ေအာင္ လုပ္ေပးမယ္ .." သူက စင္ျမင့္ေပၚက ဓားေျမာင္ကို ေကာက္လိုက္ၿပီး သူ႔ လက္ေကာက္ဝတ္ကို လွီးလိုက္သည္။

ေသြးမ်ားသည္ က်ဆင္းလာေသာ္လည္း ေျမျပင္အစား ေကာင္းကင္ေပၚသို႔ တက္သြားခဲ့သည္ ။ ေသြးနီေရာင္လသည္ တဖန္လင္းလက္လာကာ အလင္းတန္းမ်ား ျဖစ္ေပၚလာေတာ့သည္ ။

အလင္းတန္းမ်ားသည္ ရိုးလ္နဲ႔ ရစ္ခ္်ထံသို႔ က်ဆင္းလာသည္ ။ သို႔ေသာ္ အင္အားႀကီးလာမၫ့္အသား အတိုင္းမဆ နာက်င္မႈက ပိုျပင္းထန္လာသည္ ။

ရိုးလ္ က ေခါင္းကို ယမ္းလိုက္ကာ " ဘယ္.. ဘယ္လိုျဖစ္ႏိုင္မွာလဲ .. မင္းမွာ သန္စင္တဲ့ ႏွလံုးသား မရိွဘူးေလ။ .အား!!!!! " ေသြးတစ္စက္တိုးေလ နာက်င္မႈက ပိုဆိုးေလပင္ ။ ရစ္ခ္်နဲ႔ ရိုးလ္သည္ တၿပိဳင္နက္ နာက်င္မႈကို ခံစားၾကရသည္။ သူတို႔ရဲ့ အသားမ်ားသည္ ေလာင္ကြၽမ္းလာခဲ့သည္ ။ ကုသႏိုင္စြမ္းျမင့္သၫ့္ ရစ္ခ္်သည္ပင္ ေလာင္ကြၽမ္းမႈမွ မေက်ာ္လြန္ႏိုင္ခဲ့ေပ ။

ရိုမန္၏ မ်က္ႏွာသည္ အလြန္ျဖဴေဖ်ာ့သြားခဲ့ေသာ္လည္း ေအးစက္စက္အၿပံဳးက ပီျပင္လာသည္ ။ " တစ္ေလာကလံုးသိခ်င္ေနတဲ့ စြမ္းရည္ဆိုတာ .. တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး .. ဒီသခင္က သန႔္စင္တဲ့ ေသြး ကို ပိုင္ဆိုင္ထားရံုဘဲ .. "

သူက နာက်င္မႈေၾကာင့္ ရႈံမဲ့ေနသၫ့္ ရိုးလ္အား ၾကၫ့္လိုက္ကာ " ဘယ္လိုလဲ အင္အားက လံုေလာက္ရဲ့လား " ရိုးလ္သည္ ရိုမန္အား ဘာမျွပန္မေျပာႏိုင္ခင္ပင္ ျပာအျဖစ္သို႔ ေျပာင္းလဲသြားခဲ့သည္ ။

မူလဇာတ္ေၾကာင္းတြင္ ရိုမန္၏ ေသြးက အားျဖၫ့္အစာလို ျဖစ္ခဲ့ျခင္းမွာ ရိုးလ္၏ စိတ္ထားသည္ ျဖဴစင္ေသာေၾကာင့္ပင္ ။ ၾကယ္သလင္းေက်ာက္၏ စြမ္းအင္ကို သန႔္စင္ႏွလံုးသားရိွသူသာ ပိုင္ဆိုင္ႏိုင္သည္ ။ အျခားသူဆိုလ်ွင္ ေလာင္ကြၽမ္းခံရမည္ပင္ ။ သူက ေသြးကိုအသံုးျပဳကာ ၾကယ္သလင္းေက်ာက္၏ စြမ္းအားကို အဆံုးထိ ျမင့္တင္ေပးလိုက္ျခင္းပင္ ။

ၾကယ္သလင္းေက်ာက္မွ အလင္းတန္း ႏွစ္ခုသည္ ရိုမန္နဲ႔ ေမ့ေမ်ာေနသၫ့္ရီဗဲလ္ထံသို႔ တိုးဝင္သြားခဲ့သည္ ။ သို႔တိုင္ေအာင္ ရိုမန္သည္ သူ႔ ခႏၶာကိုယ္ကို မထိန္းႏိုင္ေတာ့ဘဲ လွဲက်သြားခဲ့သည္ ။

ရီဗဲလ္ က သူ႔ေခါင္းကို ကိုင္ရင္း ထရပ္လိုက္သည္ ။ အနီ‌ေရာင္မ်က္ဝန္းအစား ျပာလဲ့လဲ့ မ်က္ဝန္းတို႔က အစားထိုးဝင္ေရာက္လာခဲ့သည္ ။ သူ႔အၾကၫ့္က ရိုမန္ထံသို႔ ေရာက္သြားခ်ိန္တြင္ ထိတ့္လန႔္သြားကာ အျဖစ္အပ်က္မ်ားကို ျပန္ျမင္ေယာင္လာေလသည္။ ရိုမန္ထံသို႔ ေျပးသြားလိုက္သည္ ။

အဟြတ္!! အဟြတ္!!

ေခ်ာင္းဆိုးလိုက္တာေတာင္ ေသြးမ်ားက အဆက္မျပတ္ထြက္ေနခဲ့ေသးသည္။ မႈလဇာတ္ေၾကာင္းတြင္ ရိုမန္ ေသဆံုးသြားရျခင္းမွာ မထူးဆန္းေတာ့ေပ ။

သူက အနားသို႔ေရာက္လာသၫ့္ ရီဗဲလ္၏ မ်က္ႏွာေလးအား လက္လွမ္းလိုက္ကာ " အဆင္ေျပသြားၿပီေနာ္.. မငိုနဲ႔ေနာ္ .. အဟြတ္.."

" ကြၽန္ေတာ့ေၾကာင့္ .. ကြၽန္ေတာ့္ေၾကာင့္ ..ေတာင္းပန္ပါတယ္..." ရီဗဲလ္သည္ စကားလံုးမ်ား ရင္ထဲတြင္ တစ္ဆို့‌ေနခဲ့သည္ ။ သူက ေမ့ေမ်ာသြားသၫ့္ ရိုမန္အား ေပြ့ထားရင္း ရိႈက္ငိုေနခဲ့သည္ ။

_______________
ဒက္စလင္ၿမိဳ႔တြင္ ႏွင္းမ်ားသည္ အဆက္မျပတ္က်ေနကာ လမ္းေပၚတြင္ ႏွင္းခဲထုႀကီးပင္ ျဖစ္ေပၚေနခဲ့သည္ ။ လမ္းမထက္တြင္ အနက္ေရာင္ဝတ္စံုေပၚတြင္ အသားေရာင္ ကုတ္အရွည္ဝတ္ဆင္ထားသၫ့္ ေကာင္ေလး တစ္ေယာက္သည္ ျဖည္းညင္းစြာ လမ္းေလ်ွာက္ေနခဲ့သည္ ။ ေကာင္ေလး၏ ဆံပင္မ်ားသည္ ဝိုင္နီေရာင္သန္းေနကာ ျပာလဲ့လဲ့မ်က္ဝန္းမ်ားက သမုဒၵရာအလား အဓိပၸာယ္ မ‌ေဖာ္ႏိုင္ေလာက္ေအာင္ နက္ရိႈင္းလွသည္။

ေကာင္ေလးသည္ ေခတၲမ်ွ ရပ္တန႔္လိုက္ကာ ႏွင္းပြင့္မ်ားကို ေငးေမာၾကၫ့္လိုက္သည္။

" ရီ!!!! "

ခပ္ဩဩအသံေၾကာင့္ ေကာင္ေလး၏ ခပ္တည္တည္ မ်က္ႏွာေလးတြင္ ျဖဴစင္သၫ့္ အၿပံဳးတစ္ခု ေပၚလာခဲ့သည္ ။ ေနာက္သို႔ လွၫ့္လာခဲ့သည္ ။ ခပ္လွမ္းလွမ္းတြင္ တစ္ကိုယ္လံုး အနက္ေရာင္ ဝတ္ဆင္ထားကာ ပုခံုးထက္က ႏွင္းပြင့္မ်ားကို ဖယ္ခါခ်ကာ လာေနသၫ့္ လူတစ္ေယာက္ ကို ေတြ့လိုက္ခ်ိန္ အၿပံဳးသည္ ပိုလို႔ အသက္ဝင္လာခဲ့သည္ ။

ေကာင္ေလးက ေပ်ာ္ရြင္စြာ လက္ေဝ႔ွယမ္းျပလိုက္သည္ ။

" သခင္!!! "

ရိုမန္၏ လက္အား တြဲကိုင္ထားရင္း လမ္းတစ္ေလ်ွာက္လံုး ရီဗဲလ္က ႏွစ္ၿခိဳက္စြာ ၿပံဳးေနခဲ့သည္ ။

" ဒါဆို အမွတ္အသားက ဘယ္နားမွာလဲ သိၿပီေပါ့ .." ခါးကို ဆြဲဖက္ရင္း ေမးလာသၫ့္ သူအား ျပန္ေမာ့ၾကၫ့္လိုက္သည္။ ၿပံဳးစစျဖင့္ မ်က္ႏွာနားသို႔ ကပ္လာသၫ့္ သူ၏ လည္တိုင္အား တြဲခိုလိုက္ကာ

" ဒါေပါ့ .." ရီဗဲလ္က ခပ္ဖြဖြ ရယ္လိုက္ၿပီး ရိုမန္အား နမ္းလိုက္သည္ ။

ႏွလံုးသားထဲမွာ ရိွတဲ့ အမွတ္အသားက တကယ္ရွာရခက္တယ္ .. သခင္ ..

ဒါေပမဲ့ .. အဲ့အမွတ္အသားက ဘယ္ေလာက္ၾကာၾကာ ... မေပ်ာက္ကြယ္ဘူးဆိုတာ .. ေသခ်ာတယ္..

__________________________
Arc.4.. End

12:00 အတိကြ ဟဟ 😝

______________
Unicode

ဝုန်း!!!!

ဓားသွားအဖျားသည် ရီဗဲလ်၏ ရင်ဘတ်သို့ စိုက်ဝင်သွားခဲ့ပြီး နှလုံးနဲ့ အကွာအဝေးအနည်းငယ်ခန့်အလိုတွင် ပုံရိပ်တစ်ခုသည် လွင့်ထွက်သွားခဲ့သည်။ ရီဗဲလ်အောက်တွင်ရှိနေသည့် စင်မြင့်သည် ကျိုးပျက်သွားခဲ့ကာ မှော်အစီအရင်များမှာလဲ ပျက်ပြယ်လာခဲ့သည် ။

အနက်ရောင်ဝတ်လူက အပျက်အစီးကြားမှ ထလာသည့် ရီဗဲလ်အား အလန့်တကြားကြည့်လိုက်သည် ။ ရီဗဲလ်၏ မျက်ဝန်းများသည် လုံးဝမနီရဲနေတော့ဘဲ မျက်ဆံသာ ရဲတောက်နေသည် ။ အနက်ရောင်ဆံနွယ်အိအိများသည် ဝိုင်နီရောင်သန်းနေပြီး မျက်နှာထက်တွင် ပြုံးသည်ဆိုရုံ တွန့်ကွေးနေသည့် နူတ်ခမ်းက လူတိုင်းကို စွဲမက်စေနိုင်သလို ကြက်သီးဖြန်းဖြန်းထသွားစေနိုင်သည် ။

" မကောင်းတော့ဘူး!!!! ရီဗဲလ်ရဲ့ နှလုံးသားသန့်စင်မှုက အဆင့်မြင့်သွားလို့ ငါတို့လုပ်ထားတဲ့ အစီအရင်တွေနဲ့ မလုံလောက်တော့တာ .." အနက်ရောင်ဝတ်စုံနဲ့ လူက အနောက်သို့ဆုတ်လိုက်ကာ ပြောရင်း လက်မှ သ‌ငေ်္ကတ အမျိုးမျိုးကို ပြုလုပ်နေခဲ့သည် ။ ကျိုးပျက်သွားသည့် အစီအရင်များသည် ပြန်လည်ကောင်းမွန်လာပြီး ရီဗဲလ်အား ပိတ်လှောင်လိုက်သည်။

ရှုရားလ်ကလဲ သတိဝင်လာကာ မှော်ဂါထာများရွတ်ကာ ကူညီလိုက်သည် ။ အနက်ရောင်ဝတ်လူသည် သက်ရောက်မခံရသလိုဖြစ်နေသည့် ရီဗဲလ်ကြောင့် မျက်နှာထက်တွင် ဆုံးဖြတ်ချက်ပြတ်သားမှု တချို့ပေါ်လာခဲ့သည် ။ သူ့လက်မှ အဖြူရောင်အလင်းတန်းများ ထွက်လာကာ အစီအရင်ထဲသို့ ထည့်လိုက်လေသည်။ သူ့လည်တိုင်တွင် ဂဏန်းတချို့ပေါ်လာကာ 65 မှ 30 အထိ ကျဆင်းသွားလေသည် ။

သို့သော် ရလဒ်အနေဖြင့် ရီဗဲလ်သည် အစီအရင်၏ ဖိအားကြောင့် သွေးအန်လိုက်ရသည် ။ သို့တိုင်အောင် အပြုံးသည် ပျောက်ကွယ်မသွားသေးဘဲ နူတ်ခမ်းမှ သွေးများကို လက်မဖြင့် သုတ်ရင်း အပြုံးသည် ပိုပီပြင်လာလေသည်။ အသက်အန္တရယ်ရှိနေတာတောင် မသိတော့သကဲ့သို့ မျက်ဝန်းထဲတွင် ရက်စက်မှုတို့သာ ရှိနေခဲ့သည် ။

ထိုအချိန်တွင် အနက်ရောင်အရိပ်တစ်ခုသည် အစီအရင်၏ ဘေးဘက်တွင် ပေါ်လာခဲ့သည် ။ ရိုမန်၏ အကြည့်က ရီဗဲလ်၏ ရင်ဘတ်တွင် စိုက်ဝင်နေသည့် ဓားတွင်သာ ရှိနေခဲ့သည်။ ရိုမန်ကို မြင်လိုက်သည့်အချိန်တွင် အနက်ရောင်ဝတ်လူသည် ခပ်တည်တည်ပင်ရှိနေခဲ့သည် ။ ရိုမန်က သူ့အား မသတ်နိုင်ဟု မြင်နေသည်မှာ သိသာလှသည်။

ဘုန်း!!! ဘန်း!!!

ရိုမန်က စတင်တိုက်ခိုက်လိုက်သည်နဲ့ သူက ထပ်မံအဖြူရောင်အလင်းတန်းများထုတ်ကာ အေးဆေး ကာကွယ်လိုက်သည် ။ သို့သော် ရိုမန်၏ တိုက်ခိုက်မှုများ သူ့အပေါ်သို့ ရောက်သည့်အချိန်တိုင်း တစ်ခုခုက စုပ်ယူလိုက်သလို သူ့ဝိညာဉ်သည် အားနည်းလာသည်ဟု ခံစားနေရသဖြင့် တုန်လှုပ်သွားသည်။ သူက အစီအရင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နောက်သို့ ဆုတ်လိုက်သည် ။

" မင်း!!!! မင်းဘယ်သူလဲ "

ရိုမန်က ဘာမှမပြောခဲ့ဘဲ တိုက်ခိုက်ရန် ရှေ့သို့တက်လာခဲ့သည် ။ ရိုမန်၏ လက်သီးအား ပြန်ကာလိုက်သည့် အချိန်တွင် လက်မှ လက်ပတ်ကို မြင်လိုက်ရသဖြင့် အနက်ရောင်ဝတ်လူက မတိုက်ခိုက်ရဲသည့်ပုံစံဖြစ်သွားကာ ဆက်တိုက်ဆုတ်တော့သည်။

" အနက်ရောင်လက်ပတ်!! " အော်သံထဲတွင်ပါသည့် ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ ။ သူ အကြောက်ဆုံးသူကို ပြောပါဆိုလျှင် စက်ပစ္စည်းကဲ့ သို့ လက်ပတ်များဝတ်ထားသည့် သူများပင် ။ ထိုသူများသည် သူတို့လို ID အတုနဲ့ လူများအား သတ်ဖြတ်ရန် ပြုလုပ်ထားသောကြောင့်ပင် ။

အနက်ရောင်ဝတ်လူသည် ရှုရားလ်အား ပစ်ချထားခဲ့ကာ ပြေးရန်ပြင်တော့သည် ။ ရိုမန်က ရီဗဲလ်နဲ့ ရှုရားလ်အား တစ်ချက်ကြည့်လိုက်ပြီး ထိုသူအနောက်သို့ လိုက်သွားခဲ့သည် ။ တဖက်လူသည် လင်ရှောင်းရီ လို မျိုးမဟုတ်ဘဲ ID အတုနဲ့ လူ ဖြစ်နေသောကြောင့်ပင် ။ စနစ်က အသိပေးချက် ထွက်လာသည်မှာ မအံ့ဩတော့ပေ ။

ဘုန်း!!!

ပုံရိပ်တစ်ခုသည် လွင့်ထွက်လာကာ ကျောက်ဆောင်နဲ့ ဆောင့်မိပြီးနောက် ပြုတ်ကျလာခဲ့သည်။ ရိုမန်က ဖရိုဖရဲ ဖြစ်နေသည့် လူအား မျက်ခုံးပင့်ကာ ကြည့်လိုက်သည် ။ ဒီလူသည် ဘယ်လောက်ပင်မြန်နေပါစေ ။ အချက်ပြစနစ်ကြောင့် ခနသာကြာသည့်အချိန်တွင် ဖမ်းမိသွားခဲ့သည် ။

" ငါ ရန်ချီက အသက်အတွက်တိုက်ခိုက်နေတာ .. မင်းတို့လို ရုပ်သေးရုပ်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံရတာ ရင်နာစရာ‌ကောင်းလိုက်တာ .." အနက်ရောင်ဝတ်လူက နာကျင်စွာရေရွတ်လိုက်သည် ။ ရိုမန်က ဒီလူသည် ခေါင်းမာသည့်အမျိုးအစားထဲကမှန်း ခန့်မှန်းမိလိုက်သည် ။ သူက မေးခွန်းများ‌မေးလျှင် ဖြေချင်မှဖြေပေလိမ့်မည် ။ ဖြေလျှင်တောင် ထိုအဖြေက အစစ်ဟုတ်မဟုတ် မပြောနိုင်ပေ။

' သတ်လိုက်ရင် တစ်ခုခုများ ကျလာမလား ' ထိုအတွေးတွေးမိလိုက်ပြီးနောက် ရိုမန်၏ အမှုအရာတစ်ချက်ပြောင်းသွားသည်။ ယခု သူက ဂိမ်းတစ်ခု ဆော့နေသည်ဟု ထင်လိုက်မိသည် ။

(A/N : ဂိမ်းထဲက Boss ကိုသတ်ရင် အဆင့်မြင့်ရင် မြင့်သလို item ကျလာတာမျိုး )

ဒိုင်း!!!

အနက်ရောင်ဝတ်လူသည် တုန်ပြန်ချိန်ပင်မရလိုက်‌ချေ သေဆုံးသွားခဲ့သည် ။ ရိုမန်က မျက်တောင်မခတ်တမ်း ကြည့်နေခဲ့သော်လည်း ပြောင်းလဲမှုတစ်ခုတလေပင် မတွေ့ခဲ့ရပေ ။ ဒီ‌တိုင်း လူတစ်ယောက် သေသွားသည့် ပုံစံမျိုးသာ ။ ရိုမန်က ရီဗဲလ်၏ အခြေအနေအား ပြန်ကြည့်ရဦးမည် ဖြစ်သဖြင့် ခေါင်းအသာ ယမ်းကာ ထွက်သွားရန်ပြင်လိုက်သည် ။

/ ဒင်!!! စစ်ဆေးမှုပြီးဆုံး ..။အချက်အလက်တွေ ထုတ်ပေးနေပါပြီ /

အဆင့်မြင့်သွားပြီးနောက် စက်တစ်ခုလိုသာ ဖြစ်သွားသည့် system ထံမှ အသံထွက်လာခဲ့သဖြင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည် ။ သူ့အရှေ့တွင် ပေါ်လာသည့် စခရင် ကို ကြည့်လိုက်သည် ။

[ အမည် : ရန်ချီ

အသက် : ၃၄

အလုပ်အကိုင် : စက်ပစ္စည်းအသေးစား တီထွင်သူ ]

ပြောင်းလဲထားသော ID

[ အမည် : ခန်းလန်

အသက် : ၂၄

အလုပ်အကိုင် : အနုပညာရှင်

ရှင်သန်ခြင်းအမှတ် : ၁၆

သေဆုံးမှု မှတ်တမ်း : ကားတိုက်၍ သေဆုံး ]

ရိုမန်သည် ရန်ချီထံမှ အသုံးဝင်သည့် မည်သည့်အချက်အလက်မှ မရရှိချေ ။

" မဟုတ်သေးဘူး !!! သူက အတိတ်မေ့မနေဘူး .." ရိုမန်က ရန်ချီ၏ အလောင်းအား ကြည့်လိုက်သည် ။ ထိုသူမသေခင် သူ့နာမည် အစစ်ကို ပြောသွားသည်မှာသေချာပေသည် ။ ယခင်က သူသည် ID အတုနဲ့လူတိုင်း အတိတ်မေ့နေခဲ့သည်ဟု ထင်ထားခဲ့သည် ။ ကြည့်ရသည်မှာ ထိုသို့ ဟုတ်ဟန်မတူ ...

သူက ရီဗဲလ်ထံသို့ပြန်ရောက်သည့်အချိန်တွင် ရှုရားလ်က ရီဗဲလ်ကို အသာကြည့်လျက် ရပ်နေခဲ့သည် ။ သူမသည် ဉာဏ်ကောင်းသည့် အမျိုးသမီးဖြစ်သဖြင့် ရိုမန်ကို တွေ့လိုက်သည်နဲ့ အဖြေကို သိနေပြီးသားပင် ။

" သခင်အက်စ်တွန် .. ကျွန်မရဲ့ ပညာကို အပ်ပါတယ် " ခေါင်းငုံ့လျက်ပြောနေသည့် ရှုရားလ်အား ရိုမန်က တစ်ချက်ကြည့်လိုက်ပြီး အေးးက်စက်ပြောလိုက်သည် ။

" ဖျက်စီးလိုက်!!! " သူမကြောင့် သူက ရီဗဲလ်အား တစ်ခါကယ်နိုင်ခဲ့သောကြောင့်သာ မဟုတ်လျှင် သူက ရှုရားလ်အား သတ်ပစ်လိမ့်မည်။ သူက ကြောင်ကြည့်နေသည့် ရှုရားလ် အား " ဖျက်ဆီးမလား !! သေမလား !! ရွေး "

ရှုရားလ်က နူတ်ခမ်းကို ကိုက်လိုက်သည် ။ သူမသာ သူမ ပညာကို ဖျက်ဆီးလိုက်ပါက သာမန်မိန်းကလေးနဲ့ ခြားတော့မည် မဟုတ်ပေ ။ သို့သော် အသက်နဲ့ဆိုင်လာချိန်တွင် သူမက မလွဲမသွေ အသက်ကို ရွေးခဲ့ရလေသည် ။

ဘန်း!!!

ရိုမန်က အစီအရင်ကို ဖယ်လိုက်သည်နဲ့ ရောက်လာသည့် တိုက်ခိုက်မှုကြောင့် နောက်ဆုတ်လိုက်ရသည်။ သူ့မျက်စိရှေ့က ရီဗဲလ်သည် အရင်က ရီဗဲလ်နဲ့ မတူတော့ပေ ။ ရန်ချီ၏ အစီအစဉ်က မအောင်မြင်သော်လည်း ရီဗဲလ်၏ ကြင်နာမှု ၊ ဖြူစင်မှု ၊ သန့်စင်မှု များသည် မြုပ်ကွယ်သွားလေသည် ။ သူက ကောင်းကင်သို့ အသာမော့ကြည့်လိုက်ချိန် သွေးနီရောင် လအောက်တွင် ကြယ်တစ်စင်းကဲ့သို့ လင်းလက်နေသည့် ခရစ်စတယ်လေး တစ်ခုရှိနေခဲ့သည် ။ မပြည့်စုံသော်လည်း သန့်စင်နေသေးသည်။ သူက ရီဗဲလ်အား အသိဝင်စေချင်လျှင် ထိုအရာကို ယူရပေလိမ့်မည် ။

" ဒါက .. သန့်စင်နှလုံးသားကနေ ဖြစ်လာတဲ့ ကြယ်သလင်း‌ကျောက်ဘဲ .!!!! " စူးရှသည့် အော်သံကြောင့် ရိုမန်က ရီဗဲလ်နဲ့ တိုက်ခိုက်နေရင်း လှည့်ကြည့်လိုက်သည် ။ ရိုးလ် သည် ရစ်ခ်ျ၏ လက်ကို တွဲလျက် ရောက်လာခဲ့သည် ။

ရိုးလ် က ထိုကြယ်သလင်းကျောက်ကို ကြည့်ရင်း လောဘအရိပ်အယောင်များရှိနေခဲ့သည်။ သူသာ ထိုအရာကိုရလျှင် သူ့က အရင်ကလို သန့်စင်နှလုံးသား ပြန်ပိုင်ဆိုင်သွားနိုင်သည်။

" ရပ်စမ်း!!! " ရိုမန်၏ အော်သံကြောင့် ရိုးလ်‌က ရိုမန်အား ကြည့်လိုက်ကာ လှောင်ပြုံးပြုံးလိုက်သည် ။

" ဟမ့်.. ဒါက ငါ့ဟာဘဲ "

ကြယ်သလင်းကျောက်သည် တဖြည်းဖြည်းအောက်ဆင်းလာသဖြင့် ရိုးလ်နဲ့ နီးကပ်လာသည် ။ ရိုမန်က ရီဗဲလ် အား ထိခိုက်မည်စိုး၍ ထိန်းကာ တိုက်ခိုက်နေရသဖြင့် သူက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည် ။

သူက ရီဗဲလ်၏ လက်နှစ်ဖက်ကို ချုပ်ကိုင်ကာ " ရီ!!! ကိုယ်လေ ..ကိုယ့်ကို ကြည့် အသိဝင်ပါတော့ .." ရီဗဲလ်သည် အခုချိန်တွင် အလွန်အားကြီးနေသဖြင့် ချုပ်ကိုင်ထားမှုမှ လွှတ်သွားပြန်သည်။ တိုက်ခိုက်မှုများက ရက်စက်မှု အပြည့်ပင်။

ထပ်ပြီး ဘေးနားမှ ဝင်နှောက်ယှက်နေသည့် ရစ်ခ်ျကြောင့် ရိုမန်သည် ချက်ချင်းအရေးနိမ့်သည့် ဘက်သို့ ပြောင်းသွားခဲ့သည်။

" ကြီးမြတ်လှတဲ့ သခင်အက်စ်တွန် က ဒီလိုနေ့ရောက်လာလိမ့်မယ်လို့ မတွေးမိဘူးမလား .." ရစ်ခ်ျက ရယ်မောကာ ပြောလိုက်သည် ။ ရိုမန်က သူတို့၏ လှောင်ပြောင်မှုများအား ဂရုမစိုက်ချေ ။ သူ့အကြည့် ရီဗဲလ်နဲ့ ကြယ်သလင်းကျောက် ထဲတွင် ခေါက်တုံခေါက်ပြန်ဖြစ်နေကာ စိုးရိမ်လာသည် ။

အာ့

ရိုမန်က ရစ်ခ်ျ ၏ တိုက်ခိုက်မှုကို ရှောင်လိုက်သဖြင့် ရီဗဲလ်၏ ရိုက်ချက်ကို ခံလိုက်ရသည် ။ လည်ချောင်းတွင် သွေးအရသာကို ခံစားလိုက်ရပြီး သွေးတဗွက် အန်လိုက်ရသည် ။ သူက လည်ပင်းအား ဆုပ်ကိုင်ထားသည့် ရီဗဲလ်ကြောင့် လဲကျနေရာမှ မထနိုင်တော့ပေ ။

ရစ်ခ်ျနဲ့ ရိုးလ် သည် စင်မြင့်ထက်သို့ ရောက်သွားကာ ကြယ်သလင်းကြောက်နဲ့ ပေါင်းစပ်ရန်ကြိုးစားလိုက်ကြသည် ။ ကြယ်အလင်းသည် ထိုနှစ်ယောက်အား ပတ်သွားကာ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားလေသည် ။ ရိုးလ်က သူသည် အလွန် စွမ်းအား ပြည့်လာသည် ဟု ခံစားရလိုက်သည်။ ရစ်ခ်ျသည်လည်း ထိုနည်းတူပင် ။

' ဒီဖေ... ' ရိုမန်က ထိုအဖြစ်ကို ကြည့်ရင်း ဆဲရေးမိတော့သည် ။ သောက်အဓိပ္ပာယ်ရောရှိသေးရဲ့လား ။ ရန်ချီသာ သူ ခက်ခက်ခဲခဲ လုပ်ထားရသည့်အရာအား ယခုလို လွယ်လွယ်ရသွားခြင်းကို သိလျှင် သွေးအန်ပေလိမ့်မည် ။ ကံကောင်းသည်က ရန်ချီ က သေသွားပြီပင် ။

" မဖြစ်ဘူး .. ရီ!!! .." ရိုးလ် နဲ့ ရစ်ခ်ျ သည် အင်အားကြီးလာပြီ ဖြစ်သဖြင့် သေချာပေါက် သူတို့အား အလွှတ်ပေးမည် မဟုတ်ပေ ။ သူသည်လည်း အားနည်းသည့် အခြေအနေ မပြယ်သေးပေ ။ ရန်ချီအား သတ်နိုင်ခြင်းမှာ သူပိုင်ဆိုင်ထားသည့် အရာသည် အစကတည်းက ရန်ချီလို လူမျိုးကို သတ်ရန် လုပ်ထားခြင်းကြောင့်ပင် ။ လက်တွေ့တိုက်ခိုက်ပါက စွမ်းအားအရာတွင် အားနည်းနေသေးသည် ။

ရိုမန်က သူ့လည်ပင်းကို ဆုပ်ကိုင်ထားသည့် လက်အား ကိုင်လိုက်ကာ " ရီ!!! ကိုယ်ပြောတာ ကြားလား ... " မျက်ဝန်းသေများက သူ့အား လှောင်ပြောင်နေသည့်အလား တုန့်ပြန်မှုမရှိချေ ။ လည်ပင်းက လက်ကသာ ပိုတင်းကြပ်လာလေသည် ။

" အို .. ငါတောင် လှုပ်ရှားစရာ မလိုတော့ပါလား . " ရိုးလ် က ရယ်မောရင်း ပြောလိုက်သည် ။ " ဒါပေမဲ့ .. ခများကို ကျွန်တော် ကိုယ်တိုင်သတ်မှာ .."

ဘုန်း!!!

" ရီ!!! " လွင့်ထွက်သွားသည့် ရီဗဲလ်ကြောင့် ရိုမန်က ရိုးလ်အား အေးစက်စက်ကြည့်လိုက်သည် ။ သူက ယိုင်နေသည့် ကိုယ်အား ထိန်းကာ ထလိုက်ပြီး နူတ်ခမ်းမှ သွေးအား သုတ်လိုက်သည် ။

" ရိုမန်!! ရိုမန် !! သန်မာချင်ယောင်ဆောင်မနေစမ်းပါနဲ့ .." ရိုးလ်က ခပ်ဟဟ ရယ်ရင်း " ခများရဲ့ ကောင်လေးကို အရင်သတ်မယ် ..ချစ်ရတဲ့သူ သေဆုံးခြင်း အဲ့နာကျင်မှုက ကျွန်တော် သန့်စင်ခြင်း ရေကန်ထဲကိုဝင်တော့ ရတဲ့ နာကျင်မှုနဲ့ ယှဉ်ရင် မပြောပလောက်သေးဘူး !!!!! " ပြောရင်း ရိုးလ်၏ အမှုအရာက ခက်ထန်လာသည် ။

သူ၏ နှလုံးသားသည် မဖြူစင်တော့သဖြင့် ရေကန်သို့ ဝင်ချိန်တွင် အဆမတန် ပူလောင်သည့် နာကျင်မှုကို ခံစားခဲ့ရသည်။ သို့သော် သူက မညီးညူရဲခဲ့ပေ ။ သူသာ ပြောခဲ့ပါက သူသည် အသုံးမဝင်သူဖြစ်လာပြီး သာမန် လူသားတစ်ယောက်သာ ဖြစ်လာလိမ့်မည် ။

ထိုအရာအားလုံး၏ အစသည် ရိုမန်ကြောင့်ပင် ။ ' ဒီလူသာ မပြောင်းလဲခဲ့ရင် သူလည်း အဲ့လို ခံစားရမှာမဟုတ်ဘူး ။ ရိုမန်သာ စေ့စပ်ပွဲ မဖျက်ခဲ့ရင် သူလဲ အရှက်ကွဲမှုကို ခံစားရမှာ မဟုတ်ဘူး ။ '

သူ့အကြည့်က ရီဗဲလ်ထံသို့ ရောက်သွားခဲ့သည်။ ရိုမန်သာ ရီဗဲလ်ကို မချစ်ခဲ့ရင် သူလည်း မနာလို သဝန်တိုတဲ့ စိတ်တွေ ဖြစ်စရာမလိုဘူး ..။

အတွေးများလေ ရိုးလ်၏ မျက်နှာသည် ခက်ထန်လာလေပင် ။ သူ့ပတ်ဝန်းကျင်တွင် အနီရောင်အငွေ့များ ရစ်သန်းလာသည်ကို သတိမထားခဲ့ပေ ။ အနီရောင်အငွေ့များသည် ပိုများလာခဲ့သည် ။

" ရိုးလ်!!! ရိုးလ်!!! စိတ်ထိန်း!! " ရစ်ခ်ျက ရီဗဲလ်အား လွတ်လိုက်ကာ ရိုးလ် ထံသို့ ပြေးလာခဲ့သည် ။ သို့သော် တွန်းထုတ်ခြင်းသာ ခံလိုက်ရသည်။

" သတ်မှာ!!! အကုန်သတ်.... အားး!!! ပူတယ်..ပူတယ် !!!" ရိုးလ် က သူ့နှလုံးအား ဖိလိုက်ကာ အော်ဟစ်တော့သည် ။ " ဘာ .. ဘာဖြစ်တာလဲ .."

ရိုမန်က သတိပြန်ဝင်လာကာ ပြုံးလိုက်သည် ။ " အင်အားကြီးချင်တာလား .. ဒီသခင်က မင်းကို အင်အား အကြီးဆုံးဖြစ်အောင် လုပ်ပေးမယ် .." သူက စင်မြင့်ပေါ်က ဓားမြောင်ကို ကောက်လိုက်ပြီး သူ့ လက်ကောက်ဝတ်ကို လှီးလိုက်သည်။

သွေးများသည် ကျဆင်းလာသော်လည်း မြေပြင်အစား ကောင်းကင်ပေါ်သို့ တက်သွားခဲ့သည် ။ သွေးနီရောင်လသည် တဖန်လင်းလက်လာကာ အလင်းတန်းများ ဖြစ်ပေါ်လာတော့သည် ။

အလင်းတန်းများသည် ရိုးလ်နဲ့ ရစ်ခ်ျထံသို့ ကျဆင်းလာသည် ။ သို့သော် အင်အားကြီးလာမည့်အသား အတိုင်းမဆ နာကျင်မှုက ပိုပြင်းထန်လာသည် ။

ရိုးလ် က ခေါင်းကို ယမ်းလိုက်ကာ " ဘယ်.. ဘယ်လိုဖြစ်နိုင်မှာလဲ .. မင်းမှာ သန်စင်တဲ့ နှလုံးသား မရှိဘူးလေ။ .အား!!!!! " သွေးတစ်စက်တိုးလေ နာကျင်မှုက ပိုဆိုးလေပင် ။ ရစ်ခ်ျနဲ့ ရိုးလ်သည် တပြိုင်နက် နာကျင်မှုကို ခံစားကြရသည်။ သူတို့ရဲ့ အသားများသည် လောင်ကျွမ်းလာခဲ့သည် ။ ကုသနိုင်စွမ်းမြင့်သည့် ရစ်ခ်ျသည်ပင် လောင်ကျွမ်းမှုမှ မကျော်လွန်နိုင်ခဲ့ပေ ။

ရိုမန်၏ မျက်နှာသည် အလွန်ဖြူဖျော့သွားခဲ့သော်လည်း အေးစက်စက်အပြုံးက ပီပြင်လာသည် ။ " တစ်လောကလုံးသိချင်နေတဲ့ စွမ်းရည်ဆိုတာ .. တကယ်တော့ ဘာမှမဟုတ်ပါဘူး .. ဒီသခင်က သန့်စင်တဲ့ သွေး ကို ပိုင်ဆိုင်ထားရုံဘဲ .. "

သူက နာကျင်မှုကြောင့် ရှုံမဲ့နေသည့် ရိုးလ်အား ကြည့်လိုက်ကာ " ဘယ်လိုလဲ အင်အားက လုံလောက်ရဲ့လား " ရိုးလ်သည် ရိုမန်အား ဘာမြှပန်မပြောနိုင်ခင်ပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည် ။

မူလဇာတ်ကြောင်းတွင် ရိုမန်၏ သွေးက အားဖြည့်အစာလို ဖြစ်ခဲ့ခြင်းမှာ ရိုးလ်၏ စိတ်ထားသည် ဖြူစင်သောကြောင့်ပင် ။ ကြယ်သလင်းကျောက်၏ စွမ်းအင်ကို သန့်စင်နှလုံးသားရှိသူသာ ပိုင်ဆိုင်နိုင်သည် ။ အခြားသူဆိုလျှင် လောင်ကျွမ်းခံရမည်ပင် ။ သူက သွေးကိုအသုံးပြုကာ ကြယ်သလင်းကျောက်၏ စွမ်းအားကို အဆုံးထိ မြင့်တင်ပေးလိုက်ခြင်းပင် ။

ကြယ်သလင်းကျောက်မှ အလင်းတန်း နှစ်ခုသည် ရိုမန်နဲ့ မေ့မျောနေသည့်ရီဗဲလ်ထံသို့ တိုးဝင်သွားခဲ့သည် ။ သို့တိုင်အောင် ရိုမန်သည် သူ့ ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ လှဲကျသွားခဲ့သည် ။

ရီဗဲလ် က သူ့ခေါင်းကို ကိုင်ရင်း ထရပ်လိုက်သည် ။ အနီ‌ရောင်မျက်ဝန်းအစား ပြာလဲ့လဲ့ မျက်ဝန်းတို့က အစားထိုးဝင်ရောက်လာခဲ့သည် ။ သူ့အကြည့်က ရိုမန်ထံသို့ ရောက်သွားချိန်တွင် ထိတ့်လန့်သွားကာ အဖြစ်အပျက်များကို ပြန်မြင်ယောင်လာလေသည်။ ရိုမန်ထံသို့ ပြေးသွားလိုက်သည် ။

အဟွတ်!! အဟွတ်!!

ချောင်းဆိုးလိုက်တာတောင် သွေးများက အဆက်မပြတ်ထွက်နေခဲ့သေးသည်။ မှုလဇာတ်ကြောင်းတွင် ရိုမန် သေဆုံးသွားရခြင်းမှာ မထူးဆန်းတော့ပေ ။

သူက အနားသို့ရောက်လာသည့် ရီဗဲလ်၏ မျက်နှာလေးအား လက်လှမ်းလိုက်ကာ " အဆင်ပြေသွားပြီနော်.. မငိုနဲ့နော် .. အဟွတ်.."

" ကျွန်တော့ကြောင့် .. ကျွန်တော့်ကြောင့် ..တောင်းပန်ပါတယ်..." ရီဗဲလ်သည် စကားလုံးများ ရင်ထဲတွင် တစ်ဆို့‌နေခဲ့သည် ။ သူက မေ့မျောသွားသည့် ရိုမန်အား ပွေ့ထားရင်း ရှိုက်ငိုနေခဲ့သည် ။

_______________
ဒက်စလင်မြို့တွင် နှင်းများသည် အဆက်မပြတ်ကျနေကာ လမ်းပေါ်တွင် နှင်းခဲထုကြီးပင် ဖြစ်ပေါ်နေခဲ့သည် ။ လမ်းမထက်တွင် အနက်ရောင်ဝတ်စုံပေါ်တွင် အသားရောင် ကုတ်အရှည်ဝတ်ဆင်ထားသည့် ကောင်လေး တစ်ယောက်သည် ဖြည်းညင်းစွာ လမ်းလျှောက်နေခဲ့သည် ။ ကောင်လေး၏ ဆံပင်များသည် ဝိုင်နီရောင်သန်းနေကာ ပြာလဲ့လဲ့မျက်ဝန်းများက သမုဒ္ဒရာအလား အဓိပ္ပာယ် မ‌ဖော်နိုင်လောက်အောင် နက်ရှိုင်းလှသည်။

ကောင်လေးသည် ခေတ္တမျှ ရပ်တန့်လိုက်ကာ နှင်းပွင့်များကို ငေးမောကြည့်လိုက်သည်။

" ရီ!!!! "

ခပ်ဩဩအသံကြောင့် ကောင်လေး၏ ခပ်တည်တည် မျက်နှာလေးတွင် ဖြူစင်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည် ။ နောက်သို့ လှည့်လာခဲ့သည် ။ ခပ်လှမ်းလှမ်းတွင် တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားကာ ပုခုံးထက်က နှင်းပွင့်များကို ဖယ်ခါချကာ လာနေသည့် လူတစ်ယောက် ကို တွေ့လိုက်ချိန် အပြုံးသည် ပိုလို့ အသက်ဝင်လာခဲ့သည် ။

ကောင်လေးက ပျော်ရွင်စွာ လက်ဝှေ့ယမ်းပြလိုက်သည် ။

" သခင်!!! "

ရိုမန်၏ လက်အား တွဲကိုင်ထားရင်း လမ်းတစ်လျှောက်လုံး ရီဗဲလ်က နှစ်ခြိုက်စွာ ပြုံးနေခဲ့သည် ။

" ဒါဆို အမှတ်အသားက ဘယ်နားမှာလဲ သိပြီပေါ့ .." ခါးကို ဆွဲဖက်ရင်း မေးလာသည့် သူအား ပြန်မော့ကြည့်လိုက်သည်။ ပြုံးစစဖြင့် မျက်နှာနားသို့ ကပ်လာသည့် သူ၏ လည်တိုင်အား တွဲခိုလိုက်ကာ

" ဒါပေါ့ .." ရီဗဲလ်က ခပ်ဖွဖွ ရယ်လိုက်ပြီး ရိုမန်အား နမ်းလိုက်သည် ။

နှလုံးသားထဲမှာ ရှိတဲ့ အမှတ်အသားက တကယ်ရှာရခက်တယ် .. သခင် ..

ဒါပေမဲ့ .. အဲ့အမှတ်အသားက ဘယ်လောက်ကြာကြာ ... မပျောက်ကွယ်ဘူးဆိုတာ .. သေချာတယ်..

__________________________
Arc.4.. End

12:00 အတိကွ ဟဟ 😝

______________

Ga verder met lezen

Dit interesseert je vast

1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
519K 34.4K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary