ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

858K 123K 11.4K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Intro
Arc.1.1
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Arc.1.6
Arc.1.7
Arc.1.8
Arc.1.9
Arc.1.10
Arc.1.11
Arc.1.12
Arc.1.13
Arc.1.14
Arc.1.15
Arc.1.16
Arc.1.17
Arc.1.18
Arc.1.19
Arc.1.20 End
Arc.2.1
Arc.2.2
Arc.2.3
Arc.2.4
Arc.2.5
Arc.2.6
Arc.2.7
Arc.2.8
Arc.2.9
Arc.2.10
Arc.2.11
Arc.2.12
Arc.2.13
Arc.2.14
Arc.2.15
Arc.2.16
Arc.2.17
Arc.2.18
Arc.2.19
Arc.2.20 End
Arc.3.1
Arc.3.2
Arc.3.3
Arc.3.4
Arc.3.5
Arc.3.6
Arc.3.7
Arc.3.8
Arc.3.9
Arc.3.10
Arc.3.11
Arc.3.12
Arc.3.13
Arc.3.14
Arc.3.15
Arc.3.16
Arc.3.17
Arc.3.18
Arc.3.19
Arc.3.20 End
Arc.4.1
Arc.4.2
Arc.4.3
Arc.4.4
Arc.4.5
Arc.4.6
Arc.4.7
Arc.4.8
Arc.4.9
Arc.4.10
Arc.4.11
Arc.4.12
Arc.4.13
Arc.4.14
Arc.4.15
Arc.4.16
Arc.4.17
Arc.4.18
Arc.4.20 End
Arc.5.1
Arc.5.2
Arc.5.3
Arc.5.4
Arc.5.5
Arc.5.6
Arc.5.7
Arc.5.8
Arc.5.9
Arc.5.10
Arc.5.11
Arc.5.12
Arc.5.13
Arc.5.14
Arc.5.15
Arc.5.16
Arc.5.17
Arc.5.18
Arc.5.19
Arc.5.20 End
Arc.6.1
Arc.6.2
Arc.6.3
Arc.6.4
Arc.6.5
Arc.6.6
Arc.6.7
Arc.6.8
Arc.6.9
Arc.6.10
Arc.6.11
Arc.6.12
Arc.6.13
Arc.6.14
Arc.6.15
Arc.6.16
Arc.6.17
Arc.6.18
Arc.6.19
Arc.6.20 End
Arc.7.1
Arc.7.2
Arc.7.3
Arc.7.4
Arc.7.5
Arc.7.6
Arc.7.7
Arc.7.8
Arc.7.9
Arc.7.10
Arc.7.11
Arc.7.12
Arc.7.13
Arc.7.14
Arc.7.15
Arc.7.16
Arc.7.17
Arc.7.18
Arc.7.19
Arc.7.20 End
Arc.8.1
Arc.8.2
Arc.8.3
Arc.8.4
Arc.8.5
Arc.8.6
Arc.8.7
Arc.8.8
Arc .8.9
Arc.8.10
Arc.8.11
Arc.8.12
Arc.8.13
Arc.8.14
Arc.8.15
Arc.8.16
Arc.8.17
Arc.8.18
Arc.8.19
Arc.8.20
Arc.8.21
Arc.8.22
Arc.8.23
Arc.8.24
Arc.8.25
Arc.8.26
Arc.8.27
Arc.8.28
Arc.8.29
Arc.8.30.End
Arc.9.1
Arc.9.2
Arc.9.3
Arc.9.4
Arc.9.5
Arc.9.6
Arc.9.7
Arc.9.8
Arc.9.9
Arc.9.10
Arc.9.11
Arc.9.12
Arc.9.13
Arc.9.14
Arc.9.15
Arc.9.16
Arc.9.17
Arc.9.19
Arc.9.18
Arc.9.20
Arc.9.21
Arc.9.22
Arc.9.23
Arc.9.24
Arc.9.25
Arc.9.26
Arc.9.27
Arc.9.28
Arc.9.29.End

Arc.4.19

3.1K 566 99
By devil61002

ရီဗဲလ္က သူ႔လက္ကို အသာဆြဲကာ ေရ႔ွမွသြားေနသၫ့္ ရိုမန္၏ ေက်ာျပင္ကို ၾကၫ့္လိုက္သည္ ။ တဖန္ သူ႔အၾကၫ့္က တျဖည္းျဖည္း ေသြးနီေရာင္ေျပာင္းေနသၫ့္ လကိုၾကၫ့္လိုက္သည္ ။ အနက္ေရာင္ဝတ္စံုနဲ႔လူသည္ လက္ေလ်ာ့မည္ မဟုတ္ေၾကာင္း သိေနခဲ့သျဖင့္ သူက ဒီအျဖစ္ကေနလြတ္ေျမာက္မည္လား မေသခ်ာေပ ။

သို႔ေသာ္ တျဖည္းျဖည္း ေဖာက္ထြင္းျမင္လာရသၫ့္ လက္ေၾကာင့္ မျဖစ္ႏိုင္ေၾကာင္းသိလိုက္ရသည္ ။ ရိုမန္က ရီဗဲလ္၏ အထိေတြ့ကို မခံစားမိေတာ့သျဖင့္ လွၫ့္ၾကၫ့္လိုက္ခ်ိန္တြင္ သူ႔အား အသာၿပံဳးျပေနသၫ့္ ရီဗဲလ္ကို ေတြ့လိုက္ရသည္။

" ၾကၫ့္ရတာ.. ဒီေန ့ ကြၽန္ေတာ္မလႊတ္ေျမာက္ႏိုင္ေတာ့ဘူးထင္တယ္... " ရီဗဲလ္က လည္ပင္းမွ လည္ဆြဲကို ဆြဲျဖဳတ္လိုက္ကာ ေျမျပင္ေပၚ ပစ္ခ်လိုက္သည္ ။ အနက္ေရာင္ဝတ္လူသည္ အေတာ္ထူးဆန္းကာ နည္းလမ္းေတာ္ေတာ္မ်ားမ်ားကို ပိုင္ဆိုင္ထားေၾကာင္း သိသျဖင့္ ရိုမန္အား မထိခိုက္ေစခ်င္ေပ။

သတိေပးခ်က္!!! သတိေပးခ်က္!!! ျပင္ပစြမ္းအား ကို ရွာေဖြ‌ေတြ့ရိွ...

ရိုမန္က လက္ပတ္မွ ျမည္လာသၫ့္ အသံနဲ႔အတူ ေပ်ာက္ကြယ္လုျဖစ္ေနသၫ့္ ရီဗဲလ္ေၾကာင့္ အၾကၫ့္သည္ နက္ေမွာင္သြားခဲ့သည္ ။ " ကိုယ္လာရွာမွာ .. ေစာင့္ေနေပး ..." သူ႔စကားဆံုးသည္ႏွင့္ ရီဗဲလ္သည္ ေပ်ာက္ကြယ္သြားခဲ့သည္ ။

ရိုမန္သည္ ရီဗဲလ္အား ေခၚေဆာင္သြားသၫ့္ စြမ္းအားမွာ ေမွာ္အစီအရင္လဲ မဟုတ္သလို ၊ ဂါထာလဲ မဟုတ္သည္ကို ခံစားမိသည္။ သူ႔ထံတြင္လည္း ထိုကဲ့သို႔ တူညီသၫ့္ စြမ္းအားမ်ိဳးရိွသည္ ။ ထိုအရာသည္ ရွင္သန္ျခင္း စြမ္းအင္ ပင္။ သူက ရွင္သန္ျခင္းစြမ္းအင္၏ အသံုးဝင္ပံုမ်ားကို မသိသည္လား မမွတ္မိသည္လား မသိေခ် ။ သို႔ေသာ္ တူညီသၫ့္အရာကိုေတာ့ ခံစားမိေပသည္ ။ လက္ပတ္က ထိုအရာကို အျပင္စြမ္းအားဟု သတ္မွတ္လိုက္ပံုပင္ ။

ဒါသည္ ေနာက္ကြယ္က လူက ဒီကမ႓ာက မဟုတ္ေၾကာင္းကို ေဖာ္ျပေနေလသည္ ။ ရိုမန္က အခ်ိန္မဆြဲဘဲ လက္ပတ္မွ ျပသၫ့္ တည္ေနရာသို႔ အလ်င္အျမန္ေျပးသြားလိုက္သည္ ။ ထိုေနရာသည္ အလြန္အႏၲရယ္မ်ားသၫ့္ ေနရာျဖစ္ကာ ဇာတ္လမ္းတြင္ ကပ္ေဘး စလာသၫ့္ ေနရာလဲ ျဖစ္ေလသည္ ။

လက္ရိွတြင္ ရိုမန္က ကပ္ေဘးသည္ ရီဗဲလ္နဲ႔ ဆက္စပ္ေနေၾကာင္း နားလည္သြားေလသည္ ။ အဓိက ဇာတ္လိုက္နဲ႔ တူညီသၫ့္ အရာပိုင္ဆိုင္ထားသၫ့္ သူတစ္ေယာက္အေနျဖင့္ ရီဗဲလ္အား ဇာတ္ေၾကာင္းက ရွင္သန္ခြင့္ မေပးသည္မွာ ျဖစ္ႏိုင္ေခ်ရိွေနသည္ ။ ရိုမန္က လက္ထဲက လည္ဆြဲေလးအား က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္မိလိုက္သည္ ။

" ကိုယ့္ကို ေစာင့္ေန.."

______________

" ေတာက္!!!  လည္ဆြဲက ဘာလို႔ က်န္ေနခဲ့တာလဲ .." က်ယ္ေလာင္သၫ့္ အသံေၾကာင့္ ရႈရားလ္က ေနာက္သို႔ ဆုတ္လိုက္ရသည္ ။ ပူေဇာ္ပြဲ စင္ျမင့္ထက္တြင္ ေမ့ေမ်ာေနသၫ့္ ရီဗဲလ္၏ ပံုရိပ္ကို ၾကၫ့္လိုက္သည္။ " သူက ရိုမန္ကို လာမကယ္ႏိုင္ေအာင္ လုပ္မယ္လို႔ မထင္ထားဘူး .. ရူးလိုက္တာ .. သူ႔ကို ကယ္ႏိုင္တာ ရိုမန္ တစ္ေယာက္တည္းဆိုတာ မသိဘူးလား .. အခုေတာ့ အစီအစဉ္ပ်က္သြားရၿပီ "

ရႈးရာလ္က ပတ္ဝန္းက်င္က အစီအရင္မ်ားကို ၾကၫ့္လိုက္သည္ ။ ထိုအရာမ်ားသည္ ရိုမန္ ကူးေျပာင္းလာသည္နဲ႔ ခ်ဳပ္ေနွာင္ရန္ ျပင္ထားခဲ့ျခင္း .. အခုေတာ့ အသံုးမဝင္ျဖစ္ရေခ်ၿပီ ။ ေမ့ေမ်ာေနသၫ့္ ရီဗဲလ္၏မ်က္နွာထက္တြင္ ႏူတ္ခမ္းေလးသည္ ၿပံဳးေယာင္သန္းေနခဲ့သည္ ။ သူက ဆင့္ေခၚခံရသည္နဲ႔ ေသမွာကို သိတာေတာင္ မမႈသၫ့္ပံုေပါက္ေနခဲ့သည္ ။ ရႈရားလ္က အံ့ဩသြားသည္ ။

အနက္ေရာင္ဝတ္လူ၏ စကားအရ ရီဗဲလ္သည္ ဒီပူေဇာ္ပြဲေၾကာင့္ ႂကြက္တစ္ေကာင္လို ပုန္းေအာင္းေနတတ္သည္ ။ သူမသည္ ဒီလူနဲ႔ မပူးေပါင္းခင္ စုန္းမ်ိဳးႏြယ္မွာ တုန္းက ရီဗဲလ္နဲ႔ေတြ့ဖူးေပသည္ ။ ရီဗဲလ္သည္ လူေၾကာက္တတ္သည္ကို ခန႔္မွန္းမိကာ ဒီလိုအေျခအေနမွာဆို ပိုေတာင္ ေၾကာက္ရြံ႔သင့္ေသးသည္ ။ သူမတို႔ ရိုမန္ကို ေထာက္ေခ်ာက္ဆင္ထားသည္ကို ရီဗဲလ္က ခန႔္မွန္းမိသည္မွာ မျဖစ္ႏိုင္ေပ ။

သို႔ေသာ္ ရိုမန္က သူ႔အား လာကယ္ပါက အနက္ေရာင္ဝတ္လူနဲ႔ ထိပ္တိုက္ရင္ဆိုင္ရမည္ကို ရီဗဲလ္က သိ‌ေပသည္ ။ အျခားသူမ်ား သတိမထားမိေသာ္လည္း တခ်ိန္လံုး ထိုသူလက္မွ ေျပးလႊားေနခဲ့ရသၫ့္ ရီဗဲလ္က အျခားအရာမ်ားကို မသိလ်ွင္ေတာင္ ထိုသူက အစြမ္းထက္ေၾကာင္း သိေပသည္ ။ အထူးသျဖင့္ ဆင့္ေခၚဂါထာလို ထူးထူးဆန္းဆန္းနည္းလမ္းမ်ိဳးေတြပင္ ။

အနက္ေရာင္ဝတ္လူက စိတ္ထိန္းလိုက္ၿပီး လက္ေဝ႔ွယမ္းလိုက္ကာ " မတတ္ႏိုင္ေတာ့ဘူး .. ရီဗဲလ္က ဒီလိုလုပ္လိမ့္မယ္လို႔ မတြက္ထားမိတာ ငါ့အမွားဘဲ .. ဒါေပမဲ့ သူ႔ႏွလံုးသားက ပိုသန႔္စင္သြားတာ အဆိုးထဲက အေကာင္းဘဲ ငါ့ကို စိတ္မပ်က္ေစဘူး " သူက အရင္ကတည္းက ရီဗဲလ္ကို ဖမ္းႏိုင္ေသာ္လည္း မဖမ္းရျခင္းမွာ ရိုးလ္ လို ျဖစ္သြားမည္စိုး၍ပင္။ အခက္အခဲမ်ားေၾကာင့္ ရီဗဲလ္သည္ ကိစၥ‌ေတာ္ေတာ္မ်ားကို လက္ခံႏိုင္ကာ ရိုးလ္လို ဆတ္ဆတ္ထိမခံ မျဖစ္လာႏိုင္ေပ ။ တကယ္တမ္း သူက ရိုမန္ကိုေတာင္ ေက်းဇူးတင္ရေပမည္ ။ ရီဗဲလ္ စိတ္ရိုင္းဝင္ကာနီးတိုင္း ရိုမန္ေၾကာင့္သာ ျပန္သတိဝင္လာခဲ့ျခင္းပင္ ။ မဟုတ္ပါက ရီဗဲလ္ သည္လည္း ရိုးလ္ကဲ့သို႔ သန႔္စင္မႈကို ၾကာၾကာထိန္းႏိုင္မည္ မဟုတ္ေပ ။

" ပူေဇာ္ပြဲကို အရင္လုပ္ၾကတာေပါ့ .. ၿပီးတာနဲ႔ ရိုမန္ကို သတ္ရမယ္ .." သူက ရိုမန္အား ရိုးလ္ နဲ႔ ရစ္ခ္်၏ ေပါင္းစည္းမႈတြင္ မပါဝင္ႏိုင္ေအာင္ လုပ္ရေပမည္ ။ ဒါ့အျပင္ အဓိက ဇာတ္လိုက္ႏွစ္ေယာက္ကို ဖ်က္ဆီးႏိုင္သည္အထိ အားႀကီးရေပမည္ ။

လသည္ ေသြးေရာင္လံုးလံုးေျပာင္းသြားဖို့ အခ်ိန္အနာ္းငယ္သာ လိုေတာ့ေလသည္။  အစီအရင္မ်ားသည္ ေတာက္ပလာခဲ့ကာ ေကာင္းကင္သို႔ ထိုးတက္သြားေတာ့သည္ ။ ပူေဇာ္ပြဲ စင္ျမင့္ထက္ရိွ ရီဗဲလ္ သည္ သူ႔ရင္ဘတ္က အမွတ္အသားသည္ ပူေလာင္လာသည္ကို ခံစားမိသျဖင့္ မ်က္ႏွာေလးသည္ တစ္ခ်က္ ရႈံ႔မဲ့သြားခဲ့သည္ ။

ရႈရားလ္က ထိုအျဖစ္အပ်က္ကို ၾကၫ့္ရင္း စိတ္လႈပ္ရွားလာေလသည္ ။ အနက္‌ေရာင္ဝတ္လူက ခပ္တည္တည္ပင္ စင္ေပၚသို႔ တက္သြားခဲ့သည္ ။ သူ႔ လက္ထဲတြင္ ဓားေျမာင္တစ္ခုကို ကိုင္ေဆာင္ထားခဲ့သည္။ ပထမဦးဆံုး သူက ရီဗဲလ္၏ လက္‌ဖ်ံအား ဓားျဖင့္ လွီးလိုက္‌ေလသည္ ။ ေသြးမ်ားအဆက္မျပတ္ထြက္လာခဲ့ကာ ရီဗဲလ္၏ မ်က္ႏွာေလးသည္ ျဖဴေဖ်ာ့လာေလသည္။ အခ်ိန္ေတာ္ေတာ္ၾကာအထိ ေသြးမ်ားသည္ မရပ္တန႔္သြားခဲ့ေသးေပ ။

ထိုအခ်ိန္တြင္ ရီဗဲလ္၏ မ်က္ဝန္းမ်ားသည္ ဆတ္ခနဲ ပြင့္လာခဲ့သည္ ။ ျပာလဲ့လဲ့ မ်က္ဝန္းမ်ားသည္ ေပ်ာက္ကြယ္ေနကာ လံုးဝ နီရဲေနေလသည္ ။ နီရဲေနသၫ့္ မ်က္ဝန္းမ်ားသည္ ရက္စက္မႈ ၊ ခံစားခ်က္မဲ့မႈတို႔ျဖင့္သာ ျပၫ့္ႏွက္ေနခဲ့သည္။ သူက ရုန္းကန္လိုက္ေသာ္လည္း ရႈပ္ေထြးသၫ့္ သ‌ေကၤတမ်ားသည္ ခႏၶာကိုယ္တြင္ေပၚလာကာ မလႈပ္ရွားႏိုင္ဘဲ မာန္ဖီရံုသာ တတ္ႏိုင္ေလသည္။

အနက္ေရာင္ဝတ္လူက ေသြးခြက္ကို ယူကာ ဂါထာမ်ား ဆက္တိုက္ရြတ္ေနခဲ့သည္ ။ သူက ဓားေျမာင္အား ထိုေသြးထဲသို႔ နစ္လိုက္သည္ ။ ရီဗဲလ္၏ မ်က္ဝန္းမ်ားသည္ ပိုလို ခံစားခ်က္မဲ့လာခဲ့ကာ ခႏၶာကိုယ္ေပၚရိွ ခ်ဳပ္ေနွာင္ထားသၫ့္အစီအရင္ ‌သေကၤတမ်ားပင္ ေပ်ာက္ကြယ္လာသည္။ 

" ရႈရားလ္!!! သူ႔ကို ျပန္ခ်ဳပ္ထား !! " အနက္ေရာင္ဝတ္လူက ဂါထာရြတ္ေနရာမွ ေအာ္လိုက္သျဖင့္ အံ့ဩေနသၫ့္ ရႈရားလ္က အသိျပန္ဝင္လာကာ ေမွာ္ဂါထာမ်ား ရြတ္ဖတ္လိုက္သည္။ သို႔ေသာ္ ရီဗဲလ္၏ ကိုယ္ေပၚတြင္ သက္ေရာက္မႈ မရိွေတာ့ေပ ။

ရႈရားလ္၏ မ်က္ႏွာသည္ ထိတ္လန႔္မႈအျပၫ့္ျဖစ္ေနခဲ့ကာ အနက္ေရာင္ဝတ္လူပင္ သတိအျပၫ့္ျဖစ္ေနခဲ့သည္ ။ ေနာက္ဆံုးတြင္ လသည္ ေသြးေရာင္လံုးလံုး ေျပာင္းသြားေတာ့သည္ ။

" အခုအခ်ိန္ဘဲ !!!! " အနက္ေရာင္ဝတ္လူသည္ ဓားေျမာင္ကို ယူလိုက္ကာ ရီဗဲလ္၏ ႏွလံုးသားထံသို႔ ထိုးစိုက္လိုက္ေတာ့သည္ ။

/ ဒင္!!! တြဲဖက္သည္ အသက္အႏၲရယ္နဲ႔ ႀကံဳေတြေနရပါသည္... တြဲဖက္သည္ ဤကမ႓ာတြင္ ေသဆံုးသြားပါက .. ပံုရိပ္ေယာင္ေလာကထဲမွ လံုးဝေပ်ာက္ကြယ္သြားမည္ ျဖစ္ပါသည္ ။။ /

____________________________
Unicode

ရီဗဲလ်က သူ့လက်ကို အသာဆွဲကာ ရှေ့မှသွားနေသည့် ရိုမန်၏ ကျောပြင်ကို ကြည့်လိုက်သည် ။ တဖန် သူ့အကြည့်က တဖြည်းဖြည်း သွေးနီရောင်ပြောင်းနေသည့် လကိုကြည့်လိုက်သည် ။ အနက်ရောင်ဝတ်စုံနဲ့လူသည် လက်လျော့မည် မဟုတ်ကြောင်း သိနေခဲ့သဖြင့် သူက ဒီအဖြစ်ကနေလွတ်မြောက်မည်လား မသေချာပေ ။

သို့သော် တဖြည်းဖြည်း ဖောက်ထွင်းမြင်လာရသည့် လက်ကြောင့် မဖြစ်နိုင်ကြောင်းသိလိုက်ရသည် ။ ရိုမန်က ရီဗဲလ်၏ အထိတွေ့ကို မခံစားမိတော့သဖြင့် လှည့်ကြည့်လိုက်ချိန်တွင် သူ့အား အသာပြုံးပြနေသည့် ရီဗဲလ်ကို တွေ့လိုက်ရသည်။

" ကြည့်ရတာ.. ဒီနေ ့ ကျွန်တော်မလွှတ်မြောက်နိုင်တော့ဘူးထင်တယ်... " ရီဗဲလ်က လည်ပင်းမှ လည်ဆွဲကို ဆွဲဖြုတ်လိုက်ကာ မြေပြင်ပေါ် ပစ်ချလိုက်သည် ။ အနက်ရောင်ဝတ်လူသည် အတော်ထူးဆန်းကာ နည်းလမ်းတော်တော်များများကို ပိုင်ဆိုင်ထားကြောင်း သိသဖြင့် ရိုမန်အား မထိခိုက်စေချင်ပေ။

သတိပေးချက်!!! သတိပေးချက်!!! ပြင်ပစွမ်းအား ကို ရှာဖွေ‌တွေ့ရှိ...

ရိုမန်က လက်ပတ်မှ မြည်လာသည့် အသံနဲ့အတူ ပျောက်ကွယ်လုဖြစ်နေသည့် ရီဗဲလ်ကြောင့် အကြည့်သည် နက်မှောင်သွားခဲ့သည် ။ " ကိုယ်လာရှာမှာ .. စောင့်နေပေး ..." သူ့စကားဆုံးသည်နှင့် ရီဗဲလ်သည် ပျောက်ကွယ်သွားခဲ့သည် ။

ရိုမန်သည် ရီဗဲလ်အား ခေါ်ဆောင်သွားသည့် စွမ်းအားမှာ မှော်အစီအရင်လဲ မဟုတ်သလို ၊ ဂါထာလဲ မဟုတ်သည်ကို ခံစားမိသည်။ သူ့ထံတွင်လည်း ထိုကဲ့သို့ တူညီသည့် စွမ်းအားမျိုးရှိသည် ။ ထိုအရာသည် ရှင်သန်ခြင်း စွမ်းအင် ပင်။ သူက ရှင်သန်ခြင်းစွမ်းအင်၏ အသုံးဝင်ပုံများကို မသိသည်လား မမှတ်မိသည်လား မသိချေ ။ သို့သော် တူညီသည့်အရာကိုတော့ ခံစားမိပေသည် ။ လက်ပတ်က ထိုအရာကို အပြင်စွမ်းအားဟု သတ်မှတ်လိုက်ပုံပင် ။

ဒါသည် နောက်ကွယ်က လူက ဒီကမ်ဘာက မဟုတ်ကြောင်းကို ဖော်ပြနေလေသည် ။ ရိုမန်က အချိန်မဆွဲဘဲ လက်ပတ်မှ ပြသည့် တည်နေရာသို့ အလျင်အမြန်ပြေးသွားလိုက်သည် ။ ထိုနေရာသည် အလွန်အန္တရယ်များသည့် နေရာဖြစ်ကာ ဇာတ်လမ်းတွင် ကပ်ဘေး စလာသည့် နေရာလဲ ဖြစ်လေသည် ။

လက်ရှိတွင် ရိုမန်က ကပ်ဘေးသည် ရီဗဲလ်နဲ့ ဆက်စပ်နေကြောင်း နားလည်သွားလေသည် ။ အဓိက ဇာတ်လိုက်နဲ့ တူညီသည့် အရာပိုင်ဆိုင်ထားသည့် သူတစ်ယောက်အနေဖြင့် ရီဗဲလ်အား ဇာတ်ကြောင်းက ရှင်သန်ခွင့် မပေးသည်မှာ ဖြစ်နိုင်ချေရှိနေသည် ။ ရိုမန်က လက်ထဲက လည်ဆွဲလေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိလိုက်သည် ။

" ကိုယ့်ကို စောင့်နေ.."

______________

" တောက်!!!  လည်ဆွဲက ဘာလို့ ကျန်နေခဲ့တာလဲ .." ကျယ်လောင်သည့် အသံကြောင့် ရှုရားလ်က နောက်သို့ ဆုတ်လိုက်ရသည် ။ ပူဇော်ပွဲ စင်မြင့်ထက်တွင် မေ့မျောနေသည့် ရီဗဲလ်၏ ပုံရိပ်ကို ကြည့်လိုက်သည်။ " သူက ရိုမန်ကို လာမကယ်နိုင်အောင် လုပ်မယ်လို့ မထင်ထားဘူး .. ရူးလိုက်တာ .. သူ့ကို ကယ်နိုင်တာ ရိုမန် တစ်ယောက်တည်းဆိုတာ မသိဘူးလား .. အခုတော့ အစီအစဉ်ပျက်သွားရပြီ "

ရှုးရာလ်က ပတ်ဝန်းကျင်က အစီအရင်များကို ကြည့်လိုက်သည် ။ ထိုအရာများသည် ရိုမန် ကူးပြောင်းလာသည်နဲ့ ချုပ်နှောင်ရန် ပြင်ထားခဲ့ခြင်း .. အခုတော့ အသုံးမဝင်ဖြစ်ရချေပြီ ။ မေ့မျောနေသည့် ရီဗဲလ်၏မျက်နှာထက်တွင် နူတ်ခမ်းလေးသည် ပြုံးယောင်သန်းနေခဲ့သည် ။ သူက ဆင့်ခေါ်ခံရသည်နဲ့ သေမှာကို သိတာတောင် မမှုသည့်ပုံပေါက်နေခဲ့သည် ။ ရှုရားလ်က အံ့ဩသွားသည် ။

အနက်ရောင်ဝတ်လူ၏ စကားအရ ရီဗဲလ်သည် ဒီပူဇော်ပွဲကြောင့် ကြွက်တစ်ကောင်လို ပုန်းအောင်းနေတတ်သည် ။ သူမသည် ဒီလူနဲ့ မပူးပေါင်းခင် စုန်းမျိုးနွယ်မှာ တုန်းက ရီဗဲလ်နဲ့တွေ့ဖူးပေသည် ။ ရီဗဲလ်သည် လူကြောက်တတ်သည်ကို ခန့်မှန်းမိကာ ဒီလိုအခြေအနေမှာဆို ပိုတောင် ကြောက်ရွံ့သင့်သေးသည် ။ သူမတို့ ရိုမန်ကို ထောက်ချောက်ဆင်ထားသည်ကို ရီဗဲလ်က ခန့်မှန်းမိသည်မှာ မဖြစ်နိုင်ပေ ။

သို့သော် ရိုမန်က သူ့အား လာကယ်ပါက အနက်ရောင်ဝတ်လူနဲ့ ထိပ်တိုက်ရင်ဆိုင်ရမည်ကို ရီဗဲလ်က သိ‌ပေသည် ။ အခြားသူများ သတိမထားမိသော်လည်း တချိန်လုံး ထိုသူလက်မှ ပြေးလွှားနေခဲ့ရသည့် ရီဗဲလ်က အခြားအရာများကို မသိလျှင်တောင် ထိုသူက အစွမ်းထက်ကြောင်း သိပေသည် ။ အထူးသဖြင့် ဆင့်ခေါ်ဂါထာလို ထူးထူးဆန်းဆန်းနည်းလမ်းမျိုးတွေပင် ။

အနက်ရောင်ဝတ်လူက စိတ်ထိန်းလိုက်ပြီး လက်ဝှေ့ယမ်းလိုက်ကာ " မတတ်နိုင်တော့ဘူး .. ရီဗဲလ်က ဒီလိုလုပ်လိမ့်မယ်လို့ မတွက်ထားမိတာ ငါ့အမှားဘဲ .. ဒါပေမဲ့ သူ့နှလုံးသားက ပိုသန့်စင်သွားတာ အဆိုးထဲက အကောင်းဘဲ ငါ့ကို စိတ်မပျက်စေဘူး " သူက အရင်ကတည်းက ရီဗဲလ်ကို ဖမ်းနိုင်သော်လည်း မဖမ်းရခြင်းမှာ ရိုးလ် လို ဖြစ်သွားမည်စိုး၍ပင်။ အခက်အခဲများကြောင့် ရီဗဲလ်သည် ကိစ္စ‌တော်တော်များကို လက်ခံနိုင်ကာ ရိုးလ်လို ဆတ်ဆတ်ထိမခံ မဖြစ်လာနိုင်ပေ ။ တကယ်တမ်း သူက ရိုမန်ကိုတောင် ကျေးဇူးတင်ရပေမည် ။ ရီဗဲလ် စိတ်ရိုင်းဝင်ကာနီးတိုင်း ရိုမန်ကြောင့်သာ ပြန်သတိဝင်လာခဲ့ခြင်းပင် ။ မဟုတ်ပါက ရီဗဲလ် သည်လည်း ရိုးလ်ကဲ့သို့ သန့်စင်မှုကို ကြာကြာထိန်းနိုင်မည် မဟုတ်ပေ ။

" ပူဇော်ပွဲကို အရင်လုပ်ကြတာပေါ့ .. ပြီးတာနဲ့ ရိုမန်ကို သတ်ရမယ် .." သူက ရိုမန်အား ရိုးလ် နဲ့ ရစ်ခ်ျ၏ ပေါင်းစည်းမှုတွင် မပါဝင်နိုင်အောင် လုပ်ရပေမည် ။ ဒါ့အပြင် အဓိက ဇာတ်လိုက်နှစ်ယောက်ကို ဖျက်ဆီးနိုင်သည်အထိ အားကြီးရပေမည် ။

လသည် သွေးရောင်လုံးလုံးပြောင်းသွားဖို့ အချိန်အနာ်းငယ်သာ လိုတော့လေသည်။  အစီအရင်များသည် တောက်ပလာခဲ့ကာ ကောင်းကင်သို့ ထိုးတက်သွားတော့သည် ။ ပူဇော်ပွဲ စင်မြင့်ထက်ရှိ ရီဗဲလ် သည် သူ့ရင်ဘတ်က အမှတ်အသားသည် ပူလောင်လာသည်ကို ခံစားမိသဖြင့် မျက်နှာလေးသည် တစ်ချက် ရှုံ့မဲ့သွားခဲ့သည် ။

ရှုရားလ်က ထိုအဖြစ်အပျက်ကို ကြည့်ရင်း စိတ်လှုပ်ရှားလာလေသည် ။ အနက်‌ရောင်ဝတ်လူက ခပ်တည်တည်ပင် စင်ပေါ်သို့ တက်သွားခဲ့သည် ။ သူ့ လက်ထဲတွင် ဓားမြောင်တစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။ ပထမဦးဆုံး သူက ရီဗဲလ်၏ လက်‌ဖျံအား ဓားဖြင့် လှီးလိုက်‌လေသည် ။ သွေးများအဆက်မပြတ်ထွက်လာခဲ့ကာ ရီဗဲလ်၏ မျက်နှာလေးသည် ဖြူဖျော့လာလေသည်။ အချိန်တော်တော်ကြာအထိ သွေးများသည် မရပ်တန့်သွားခဲ့သေးပေ ။

ထိုအချိန်တွင် ရီဗဲလ်၏ မျက်ဝန်းများသည် ဆတ်ခနဲ ပွင့်လာခဲ့သည် ။ ပြာလဲ့လဲ့ မျက်ဝန်းများသည် ပျောက်ကွယ်နေကာ လုံးဝ နီရဲနေလေသည် ။ နီရဲနေသည့် မျက်ဝန်းများသည် ရက်စက်မှု ၊ ခံစားချက်မဲ့မှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သူက ရုန်းကန်လိုက်သော်လည်း ရှုပ်ထွေးသည့် သ‌ငေ်္ကတများသည် ခန္ဓာကိုယ်တွင်ပေါ်လာကာ မလှုပ်ရှားနိုင်ဘဲ မာန်ဖီရုံသာ တတ်နိုင်လေသည်။

အနက်ရောင်ဝတ်လူက သွေးခွက်ကို ယူကာ ဂါထာများ ဆက်တိုက်ရွတ်နေခဲ့သည် ။ သူက ဓားမြောင်အား ထိုသွေးထဲသို့ နစ်လိုက်သည် ။ ရီဗဲလ်၏ မျက်ဝန်းများသည် ပိုလို ခံစားချက်မဲ့လာခဲ့ကာ ခန္ဓာကိုယ်ပေါ်ရှိ ချုပ်နှောင်ထားသည့်အစီအရင် ‌သငေ်္ကတများပင် ပျောက်ကွယ်လာသည်။ 

" ရှုရားလ်!!! သူ့ကို ပြန်ချုပ်ထား !! " အနက်ရောင်ဝတ်လူက ဂါထာရွတ်နေရာမှ အော်လိုက်သဖြင့် အံ့ဩနေသည့် ရှုရားလ်က အသိပြန်ဝင်လာကာ မှော်ဂါထာများ ရွတ်ဖတ်လိုက်သည်။ သို့သော် ရီဗဲလ်၏ ကိုယ်ပေါ်တွင် သက်ရောက်မှု မရှိတော့ပေ ။

ရှုရားလ်၏ မျက်နှာသည် ထိတ်လန့်မှုအပြည့်ဖြစ်နေခဲ့ကာ အနက်ရောင်ဝတ်လူပင် သတိအပြည့်ဖြစ်နေခဲ့သည် ။ နောက်ဆုံးတွင် လသည် သွေးရောင်လုံးလုံး ပြောင်းသွားတော့သည် ။

" အခုအချိန်ဘဲ !!!! " အနက်ရောင်ဝတ်လူသည် ဓားမြောင်ကို ယူလိုက်ကာ ရီဗဲလ်၏ နှလုံးသားထံသို့ ထိုးစိုက်လိုက်တော့သည် ။

/ ဒင်!!! တွဲဖက်သည် အသက်အန္တရယ်နဲ့ ကြုံတွေနေရပါသည်... တွဲဖက်သည် ဤကမ်ဘာတွင် သေဆုံးသွားပါက .. ပုံရိပ်ယောင်လောကထဲမှ လုံးဝပျောက်ကွယ်သွားမည် ဖြစ်ပါသည် ။။ /

____________________________



Continue Reading

You'll Also Like

1.3M 44.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...