แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

365K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แแ‚

4.7K 948 85
By PannKhattWaiio

အပိုင်း ၁၂ စာဖိုမှူး အစည်းအရုံးမှ ဖိတ်ကြားလွှာ

ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ခြင်းက မြန်ဆန်လွန်းလှပေသည်။သို့သော် သူက  အခြားသူတွေနှင့် စကားဆက်မပြောချင်တော့၍ မဟုတ်လေဘဲ အလင်းဦးနှောက်ထံ ဖုန်းဝင်လာ၍ ဖြစ်သည်။

နံပါတ်က မရင်းနှီးသည့်အတွက် ယွမ့်ထန်း တုန့်ဆိုင်းသွားသည်။သို့သော် သူ လက်ခံ လိုက်၏။

" ဟယ်လို"

" ဟယ်လို လူကြီးမင်း ယွမ့်ထန်းပါလား"
တဖက်မှ ချိုမြိန်သည့် အမျိုးသမီးတစ်ယောက်၏ အသံ ထွက်လာသည်။

ယွမ့်ထန်း: "ဟုတ်ပါတယ် "

" ဟယ်လို လူကြီးမင်း ယွမ်ထန်း။ ကျွန်မက ဝမ်ရှားပါ။ ကျွန်မက ကျင်းကျန်း တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းက ဝန်ထန်းပါ။ကျွန်မရဲ့ ဝန်ထမ်းနံပါတ်က ၂၄၇၄၅၄ပါ"

" ဒီလိုပါ။ စာဖိုမှူး အစည်းအရုံးက ရှင်နဲ့ အဆက်အသွယ်ရဖို့ အကူအညီ တောင်းခံလာပါတယ်။ ဒါပေမယ့် ရှင်က ကျွန်မတို့ ပလက်ဖောင်းနဲ့ စာချုပ် ချုပ်ဆိုထားတာဆိုတော့ ရှင့်ဆန္ဒမပါဘဲ အခြားတဖက်ကို ရှင့်ရဲ့ အချက်အလက်တွေ ပို့ပေးလို့ အဆင်မပြေပါဘူး။ ဒါကြောင့် ၇ှင်ရဲ့ ခွင့်ပြုချက်ကို တောင်းခံတာပါ"

ဝမ်၇ှားက သူမတို့ဘက်မှ အခြေအနေကို ပြောပြသည်။
" ရှင့်ရဲ့ ကိုယ်ပိုင် ဖုန်းနံပါတ်ကို တဖက်သူကို ပေးစေချင်ပါသလား"

" ဟုတ်ကဲ့ ဒါပေမယ့် ဖုန်းနံပါတ်က လွဲပြီး ကျန်တဲ့ ကိုယ်ရေး အချက်အလက်တွေကိုတော့ ပလက်ဖောင်းက မထုတ်ဖော်ဖို့ မျှော်လင့်ပါတယ်"

ယွမ့်ထန်း ဖုန်းချပြီး ငါးမိနစ်တောင် မကြာသေးခင်အချိန်တွင် စာဖိုမှူး အစည်းအရုံးမှ ဖုန်းဝင်လာလေသည်။

" ဟယ်လို ကျွန်တော်က စာဖိုမှူး အစည်းအရုံးက ကျောက်ပင်းပါ။ကျွန်တော်တို့ လူကြီးမင်းရဲ့ ကျင်းကျန်း ပလက်ဖောင်းပေါ်က တိုက်ရိုက် ထုတ်လွှင့်မှုတွေကတဆင့် လူကြီးမင်းရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ချက်ပြုတ်တဲ့ နည်းစနစ်တွေကို သိခဲ့ရပါတယ်။ လူကြီးမင်းကို ကျွန်တော်တို့ရဲ့ ဥက္ကဌက အများကြီး သဘောကျနေပါတယ်။ ဒါကြောင့် လူကြီးမင်းကို စာဖိုမှူး အစည်းအရုံးထဲ ဝင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ။ လူကြီးမင်းမှာ လက်မှတ် မ၇ှိသေးရင်တော့ အရင် ယူထားစေချင်ပါတယ်"

စာဖိုမှူး အစည်းအရုံးက ဒီလောကမှ စာဖိုမှူးတွေ အားလုံး၏ ကောင်းကင်ဘုံဖြစ်သည်။ ဒီနှစ်အတွင်း ေပြောင်မြောက်သည့် ရလဒ်တွေ မထုတ်နိုင်သည့်တိုင်အောင် သူတို့၏ အဆင့်အတန်းက မြင့်မားသည်။ သိပ္ပံ အကယ်ဒမီက ပစ္စည်းအသစ်များစွာ ထုတ်ပြန်နေသည့်အတွက် အင်ပါယာနှင့် ဗဟိုအစိုးရက စာဖိုမှူး အစည်းအရုံးအတွက် ရန်ပုံငွေ များစွာ ပေးထားသည်။ထို့ကြောင့် စာဖိုမှူးတိုင်းက ထိုနေရာသို့ ဝင်နိုင်ရန် မျှော်လင့်ကြတော့သည်။

မင်းသာ ကြယ်အဆင့် လက်မှတ် ရသွားမည်ဆိုလျှင် စာဖိုမှူးတစ်ယောက်အဖြစ် ဂုဏ်အဆင့်အတန်းက မြင့်မားသွားတော့မည် ဖြစ်သည်။

စာဖိုမှူး လက်မှတ်အတွက်မူကား ယွမ့်ထန်းက နဂိုကတည်းက သွားယူရန် အစီအစဉ် ရှိပြီးသားဖြစ်သည်။သို့သော် စာဖိုမှူး အစည်းအရုံးထဲသို့ ဝင်ရန်အတွက်ကား အစီအစဉ် မ၇ှိပေ။ သူ့ခန္ဓာကိုယ်က အပြည့်အ၀ မသက်သာသေးသည့်အပြင် အခြားအကြောင်းပြချက်ကလည်း ရှိသေးသည်။ ဒါက မူလပိုင်၇ှင်၏ အဆင့်အတန်းကြောင့် ဖြစ်သည်။ သူက ငါးနှစ်လောက် ကိုမာ ဝင်ခဲ့ပြီး ဖျော်ဖြေရေး နယ်ပယ်မှ ထွက်ခဲ့ပြီး ဖြစ်သည့်တိုင် သူက တစ်ချိန်က ရုပ်၇ှင် အင်ပါယာ တစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် လူရှေ့ ကြိမ်ဖန်များစွာ ထွက်ခဲ့ရ၏။ ထို့ကြောင့် သူ့ကို မှတ်မိသွားနိုင်၏။ သူ၏ အနာဂတ်အတွက် သက်ရောက်မှုရှိသွားမည်ကို သူ စိုးရိမ်ပေသည်။

တွေးတောပြီးသည့်နောက် သူ ချင့်ချိန်ကာ နောင်တအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
"စိတ်မကောင်းပါဘူး ကျွန်တော် လောလောဆယ်တော့ စာဖိုမှူး အစည်းအရုံးထဲ ဝင်ဖို့ စိတ်ကူးမ၇ှိသေးဘူး။ လက်မှတ်အတွက်ကတော့ ကျွန်တော် အချိန်၇ှိမှပဲ လာဖြေပါ့မယ်"

" ကောင်းပါပြီ၊ ကျွန်တော် စောင့်မျှော်နေပါ့မယ်"

တဖက်က စိတ်ပျက်သွားဟန် မ၇ှိဘဲ ဆက်မေးလာသည်။
" နောက်အပတ် ဗုဒ္ဓဟူးနေ့ကျရင် စာဖိုမှူး အစည်းအရုံးက ဆွေးနွေးပွဲ ကျင်းပဖို့ ၇ှိပါတယ်။ အဲ့ဒိနေ့မှာ စာဖိုမှူး အများအပြား ရောက်လာပြီး အချင်းချင်း တိုင်ပင် ဆွေးနွေးကြမှာပါ။ လူကြီးမင်း စိတ်ဝင်စားရင် ကျွန်တော်တို့ ဖိတ်စာ ပို့ပေးလိုက်ပါမယ်။ လူကြီးမင်း အချိန်အားပါသလား"

သူ တစ်ချက် တွေးကြည့်လိုက်ပြီးနောက် ငြင်းလိုက်သည်။
" စိတ်မကောင်းပါဘူး။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ပြီး ပြန်ကောင်းကာစ ဖြစ်နေလို့ပါ။ ကျွန်တော် အပြင်ထွက်ဖို့ အဆင်မပြေသေးလို့ပါ။ စိတ်မကောင်းပါဘူး ကျွန်တော် လာနိုင်မှာ မဟုတ်ဘူး"

" တကယ် ကံဆိုးတာပါပဲ"

နှစ်ကြိမ်တိုင်တိုင် အငြင်းခံရသည့်တိုင် ကျောက်ပင်း၏ လေသံက မပြောင်းပေ။
" လူကြီးမင်း အမြန်ဆုံး ပြန်သက်သာလာဖို့ မျှော်လင့်ပါတယ်။ အခုလို ဆွေးနွေးပွဲကလည်း လတိုင်း ကျင်းပတာဖြစ်လို့ နောက်အကြိမ်တွေမှာ လူကြီးမင်း လာရောက်နိုင်ဖို့ မျှော်လင့်ပါတယ်"

" ဟုတ်ကဲ့ ကျေးဇူးပါပဲ"

နှစ်ယောက်သား စကားအနည်းငယ် ပြောပြီးနောက် ဖုန်း ချလိုက်သည်။

စာဖိုမှူး အစည်းအရုံးနှင့် ဆက်သွယ်လိုက်ရခြင်းက သူ့ကို မူလပိုင်၇ှင်အကြောင်း ပိုသိချင်လာစေသည်။

သူ ဒီပွဲကို မတက်ရသည့် အဓိက အကြောင်းပြချက်က မကျန်းမာသေးသည့် ခန္ဓာကြောင့်ဟု ဆိုသော်လည်း အခြားအကြောင်းပြချက်မှာ သူဟာ ဒီခန္ဓာကိုယ် ပိုင်၇ှင်အကြောင်း သေချာ မသိသေးသောကြောင့် ဖြစ်သည်။ထို့ကြောင့် မမျှော်လင့်ထားသည့် ပြဿနာတွေ ဖြစ်လာမှာ စိုးရသည်။

သို့သော် တိုက်ခန်းထဲတွင်သာ နေပြီး တစ်ချိန်လုံး တိုက်ရိုက် ထုတ်လွှင့်ပြီး ဘဝကို နစ်မြုပ်ထားမည်တော့မ ဟုတ်ပေ။ အချိန်ကျလာသည့်အခါ သူ့အကြောင်းက ပေါ်သွားလိမ့်မည်။ သူက မူလပိုင်၇ှင်၏ ဘဝအကြောင်းနှင့် အတိတ်အကြောင်းတွေကို မသိသည့်အတွက် မည်သို့သော ်အခြေအနေမျိုးကို ကြုံရမည်ကို မသိနိုင်ပေ။

ဒီလောကကို ပြောင်းလာပြီးနောက် ဆေးရုံတွင် ၇ှိနေစဉ်က ဆက်သွယ်လာသူက ရှားပေသည်။သူ ယခင် ပိုင်၇ှင်အကြောင်း သိထားသမျှကလည်း ယခင် အေးဂျင့်ဟောင်း ကွေ့လိုင်ထံမှသာ ဖြစ်သည်။သို့သော် ကွေ့လိုင်ကလည်း ယခင်ပိုင်၇ှင် ဖျော်ဖြေရေး လောကထဲသို့ မဝင်ခင်က အကြောင်းအရာတွေကို သေချာ မသိထားပေ။

တကယ်ပဲ သူ့မိသားစုက ဘာလဲ။ လတိုင်း ပိုက်ဆံ အများကြီး လွှဲနေတာက ဘယ်သူ့ဆီကိုလဲ။ သူ ဒါတွေကို သေချာပေါက် သိအောင် လုပ်ရမယ်။

အတိတ်မေ့နေခြင်းက ဖြေ၇ှင်းချက် တစ်ခုဖြစ်ပြီးေ ဆးရုံက အတည်ပြုပေးနိုင်သည့်တိုင် သူက ဒီနည်းကို မသုံးချင်ပေ။ဒါက အချို့သော သူတွေ သူ့ကို အခွင်အရေးယူဖို့ ပေးလိုက်သလို ဖြစ်နေလိမ့်မည်။

သူ ခေါင်းခါလိုက်ကာ မီးဖိုခန်းဘက် ပြန်လှည့်လိုက်သည်။

ရှောင်ပိုင်က မဲပေါက်သူတွေအတွက် ပါဆယ် ဘူးနှစ်ဆယ်ကိုတောင် ထုတ်ထားပြီးကာ ပစ္စည်းပို့ရန် ၀န်ဆောင်မှု ဌာနကို ခေါ်၇န်ပင် ပြင်နေလေပြီ။ လူတစ်ယောက်လျှင် ကြက်တောင်ပံ နှစ်ခုစီပါပြီး အာလူး ဇွန်းကြီး တစ်ဇွန်းစာ အပြည့် ထည့်ပေးထားသည့်အတွက် ထမင်းနှင့် ဗိုက်အပြည့်စားရန် လုံလောက်ပေသည်။

ကျန်သော ကြက်တောင်ပံ ဆယ်ခုအတွက်ကား ယွမ့်ထန်းက သူ့အတွက် လေးခုသာ ချန်ထားလိုက်ပြီး ကျန်သော ခြောက်ခုကို ဘူးထဲ ထည့်ကာ ဟော်အကောင့်ပိုင်၇ှင်ထံ ပို့ရန် ဆုံးဖြတ်လိုက်သည်။

အဲ့ဒိ အာဏာရှင်ကြီး မဲမပေါက်သွားဘူးပဲ။ နောက်ပြီး မနက်က ကိစ္စကလည်း သူ့အကူအညီကြောင့် အဆင်ပြေသွားတာ။ ဒါ့အပြင် အခု ကြက်တောင်ပံတွေကိုလည်း သူ့ပိုက်ဆံနဲ့ပဲ ဝယ်ထားတာဆိုတော့ သူ့ကို ပေးတာက ပုံမှန်ပါပဲလေ။

ယွမ့်ထန်းလည်း တဖက်သူက တိုက်ရိုက် ထုတ်လွှင့်မှု ပိတ်ကာနီးမှ ဥက္ကပျံမိုးကို ပို့လိုက်သေးကြောင်း သတိရသွားသည်။ သို့သော် သူ လိုချင်သည့် အဖြေကို ယွမ့်ထန်းက မ ပေးခဲ့ပေ။ တဖက်သူ၏ စွန့်ပစ်ခံရသလို ခံစားချက်ကို တွေးမိကာ ယွမ့်ထန်း ရယ်ချင်သွားသည်။

အင်း အရမ်း ချစ်ဖို့ ကောင်းနေမလား

-----

ကိုင်တွယ်ရမည့် အလုပ်တွေ ပြီးသွားသည့်အခါ ဟော်ယွင်ချန်းလည်း အားလပ်သွားတော့သည်။ကောင်းကင်က မှောင်နေလေပြီ။ သူ နဂိုက ဒီညနေတွင် တင်ဆက်သူထံမှ ပို့ပေးတာကိုပဲ စားမည်ဟု တွေးထားခြင်းဖြစ်သည်။ ထို့ကြောင့် အားဖြည့် ဆေးရည်တောင် မပြင်ထားမိပေ။ ယခုအခါတွင်မူ သူ့ဗိုက်က ဆာလောင်နေလေပြီ။

သေချာပေါက်ကို အဲ့ဒိ သဘာ၀ ထုတ်ကုန် စားစရာတွေက လူတစ်ယောက်ရဲ့စိတ်အင်အားကို ပျက်ပြားစေတာပဲ
ဟော်ယွင်ချန်း အေးစက်စွာ တွေးလိုက်သည်။

သူ ဓာတ်လှေကားထဲမှ ထွက်ပြီး စစ်တပ်ထဲမှ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် လုံခြုံရေး ဌာနမှ အရာ၇ှိက ခေါ်လာသည်။

" မာ၇ှယ် ပါဆယ် ရောက်နေပါတယ်"

သူ ကြောင်အစွာဖြင့် ဘူးကို ယူလိုက်သည်။ သို့သော် ဘူးအဖုံးတွင် စားစရာဆိုသည့် စကားလုံးကို မြင်လိုက်သည်နှင့် သူ၏ မျက်ခုံးထောင့်တွေက ကော့တက်သွားလေသည်။

" ကျေးဇူးပါပဲ"

သူက လုံခြုံရေး အရာ၇ှိကို ခေါင်းတစ်ချက် ငြိမ့်ပြပြီး စစ်တပ်ထဲမှ ထွက်ကာ ကားပျံပေါ် တက်လိုက်လေသည်။

( ဘာလို့ ကားပျံလဲဆိုတော့ မြေကို မထိလို့ ၊ အထပ်တွေကလည်း မြင့်တော့ ဝရူးဝရူးဆို လေထဲ ပျံတက်ပြီး ကိုယ်နေတဲ့ အထပ်ထိ လိုက်ပို့ပေးနိုင်တယ်။ ကိုယ့်အထပ်ကို ရောက်မှ ကားက ပြတင်းနားမှာ ရပ်ပေးလိမ့်မယ်။ အဲ့ဒိအခါ ပြတင်း တံခါးက ဝင်လိုက်ရုံပဲ။ ကဲ ဘယ်လောက်မိုက်သလဲ)

၁၅မိနစ်ခန့် ကြာပြီးနောက် ဟော်မိသားစုပိုင် စံအိမ်သို့ ရောက်သည်။

တံခါးကို ဖွင့်လိုက်သည်နှင့် မနှစ်မြို့ချင်စရာ အနံ့မျိုးကို ရလိုက်သည်။ သို့သော် ဘာကြောင့်ရယ်မသိ ရင်းနှီးသည် အနံ့ကိုလည်း ရလိုက်သေး၏။ ဒါက သူ့ကို မသက်မသာဖြစ်စေကာ ခန့်ညားသော မျက်နှာက မှုန်ကုပ်ကုပ် ဖြစ်သွားတော့သည်။

" ရှောင်ချန်းလား"

ရုတ်ရုတ်သဲသဲ ဖြစ်သံကို ကြားသည့်အခါ မီးဖိုခန်းမှ အေပရွန်ဝတ်ထားသည့် ရန်ကျင်းက ထွက်လာသည်။

" မားက သားစောစော ပြန်လာမယ် မထင်ထားဘူး။ မား အခု ရှောင်ရီအတွက် ချက်ပေးနေတာလေ။ သား သဘောမကျရင် အပေါ်ထပ် တက် နားပါလား"

ရန်ကျင်းက သူမ၏ သားငယ်ကို သေချာ လိုက်ကြည့်သည်။ အမေတစ်ယောက်ဖြစ်နေသဖြင့် ဒီသားငယ်က သဘာ၀ စားစရာတွေကို မည်မျှ မနှစ်မြို့ကြောင်း သေချာ နားလည်နေသည်။သူမ၏ ယောင်္ကျားလည်း အလားတူ ဖြစ်သဖြင့် အိမ်တွင် ချက်ခဲပေသည်။

သို့သော် ဒီနေ့က ပိတ်ရက်ဖြစ်ကာ သူမနှင့် သားကြီးတို့ အိမ်သို့ စောစောပြန်လာဖြစ်သဖြင့် ရိုးရှင်းတာလေးတွေ ချက်စားရန် တွေးထားခြင်းဖြစ်သည်။ ဒါကလည်း သားကြီးက တောင်းဆိုသဖြင့်သာ သူမ စီစဉ်မိခြင်းပါပေ။ သို့သော် မထင်ထားသည်မှာ သားငယ်ကလည်း စောစောပြန်လာသည်။

" ကိစ္စ မ၇ှိပါဘူး။ ကျွန်တော်လည်း စားစရာ ယူလာတယ်"
ဟော်ယွင်ချန်းက မုန့်ဘူး၏ အပြင်မှ အိတ်ကို ဖယ်ပြလိုက်သည်။

ဖောက်မြင်နေရသည့် ဘူးထဲမှ အရာကို မြင်လိုက်ရသည့်အခါ သူမ အံံ့သြသွားတော့ပေသည်။ သူမ၏ သားငယ်ဟာ တစ်နေ့တွင် သဘာ၀ စားစရာကို အိမ်သို့ ပြန်ယူလာမည်ဟု တစ်ခါမှပင် မတွေးထားဘူးပါပေ။

ထိုအချိန်တွင် ဟော်ယွင်ရီကလည်း ညအိပ်ဝတ်စုလဲကာ အောက်ထပ်သို့ ဆင်းလာသည်။သူ့ညီလက်ထဲမှ ဘူးကို မြင်သည့်အခါ အံ့သြသွားတော့သည်။

"အိုး ဒါကြက်တောင်ပံနဲ့ အားလူးနှပ် မဟုတ်လား။ ဘာလို့ ဒီလောက် များနေတာလဲ။ မင်း ဘယ်ဆိုင်က ဝယ်လာတာလဲ။ အဲ့ဒိဆိုင်တွေက ဘယ်တော့မှ အသစ်အဆန်းတွေ မချက်နိုင်ကြဘူး။ ငါတို့လို သိပ္ပံပညာရှင်တွေထက်တောင် သူတို့က နှေးကွေးနေကြသေးတယ်"

" ဝယ်လာတာ မဟုတ်ဘူး"

ဟော်ယွင်ချန်းက မုန့်ဘူးကို စားပွဲပေါ် တင်ရင်း ခပ်တိုးတိုး ပြောသည်။
" အတူ စားကြတာပေါ့"

" ဝယ်လာတာ မဟုတ်ဘူးလား။ တစ်ယောက်ယောက်က ပို့လိုက်တာလား"

ဟော်ယွင်ရီကမူ ဟော်ယွင်ချန်း၏ ပရိတ်သတ်တွေက ပို့လိုက်တာဟု ထင်လိုက်ပြီး ခေါင်းကို ခါသည်။
" ညီလေး မင်း ဒါကို မစားနဲ့ ။ လာ မင်းအကို ယူလာတာကို မြည်းကြည့်လိုက်"

ဟော်ယွင်ချန်းလည်း သူ့အကိုက ဖောက်မြင်နေရသော မုန့်ဘူးကို ရတနာ တစ်ပါးလို ကိုင်တွယ်နေခြင်းအား မြင်လိုက်လေသည်။ ထိုဘူးကလည်း သူ့ဘူးနှင့် တူသည်။ အထဲတွင်လည်း ကြက်တောင်ပံနှင့် အာလူးနှပ်ဖြစ်သည်။

" အခု နောက်ပိုင်း ပလက်ဖောင်းပေါ်မှာ အရမ်း ခေတ်စားနေတဲ့ တင်ဆက်သူ တစ်ယောက် ၇ှိတယ်။ရှားမိသားစုက မင်းသမီးလေးကို သိတယ် မဟုတ်လား။သူမက အခုတလော ဒီတင်ဆက်သူကို တော်တော် သဘောကျနေတယ်။ အချိန်တိုင်း ပိုင်ချီကို ဒီအကြောင်းတွေပဲ ပြောပြနေတာတဲ့။သူမက အဲ့ဒိ တင်ဆက်သူက ငါတို့ သိပ္ပံ အကယ်ဒမီက လူလို့တောင် ထင်နေတာလေ"

ဟော်ယွင်ရီက ခေါင်းခါကာ ကူကယ်ရာမဲ့စွာ ပြုံးသည်။
" ဒါပေမယ့် ပြောရရင် အဲ့ဒိ တင်ဆက်သူက စာဖိုမှူး အစည်းအရုံးက လူတွေထက်တောင် သဘောကျဖို့ ကောင်းနေသေးတယ်။ အ့ဒိက စာဖိုမှူးတွေက ငါတို့ထဲက အတွင်းလူရဲ့ အကူအညီနဲ့ ထုတ်ပြန်မယ့်ပစ္စည်းတွေကို ကြိုသိနေကြတယ်။ဒါပေမယ့် သူတို့ မထင်ထားတာက အဲ့ဒိတင်ဆက်သူက သူတို့ထက် စောပြီး ထွက်လာပြီး နှစ်နာရီအတွင်းမှာကို အကောင်းဆုံး အရသာထွက်အောင် ချက်ပြနိုင်လိုက်တာကိုပဲ"

ဟော်ယွင်ချန်း:"...."

သူက အရေးမပါတာတွေကို ဖယ်ပြီး အဓိက အချက်ကို ကောက်မေးလိုက်သည်။
" စာဖိုမှူး အစည်းအရုံးက သိပ္ပံ အကယ်ဒမီမှာ အတွင်းလူ ထည့်ထားတာလား"

" သူက အရေးပါတဲ့ အေးဂျင့်တော့ မဟုတ်ပါဘူး။ ရက်နည်းနည်းလောက် ကြိုပြီး ဘာထွက်လာမယ်ဆိုတာနဲ့ နမူနာ နည်းနည်းလောက် ပို့ပေးနိုင်ရုံပါပဲ"
ဟော်ယွင်ရီက လက် ရမ်းပြသည်။

သူ့အကို၏ မြေခွေးလို အပြုံးကို မြင်ပြီး ဟော်ယွင်ချန်း ပြောလိုက်သည်။
" အဲ့ဒိ အတွင်းလူဆိုတာကလည်း အကိုကြီးရဲ့ လူပဲ မဟုတ်လား"

ညီငယ်က သိသွားသည့်အတွက်လည်း ဟော်ယွင်ရီက စိတ်ထဲ မထားပေ။
" ငါတို့ သိပ္ပံ အကယ်ဒမီကလည်း ဝင်ငွေလိုတယ်လေကွာ ဒီလောက်ပါပဲ"

ညီအကိုနှစ်ယောက် စကားပြောစဉ်မှာပင် ရန်ကျင်းက ချက်ပြီးသား ဟင်းပွဲတွေနှင့် အတူထွက်လာသည်။သူမက သူတို့နှစ်ယောက်၏ စကားကို ကြားပြီး မေးလာသည်။

" သားတို့ ဘာတွေ လျှို့ဝှက်ပြီး ပြောနေကြတာလဲ"

ဟော်ယွင်ရီက အမေဖြစ်သူထံမှ ပန်းကန်ကို ကူသယ်ပေးကာ စားပွဲပေါ် တင်ပေးသည်။သူမအတွက် ခုံကိုပင် ဆွဲထုတ်ပေးကာ ထိုင်စေ၏။

" ကျွန်တော်တို့ လျှို့ဝှက်ပြီး ပြောနေကြတာ မဟုတ်ပါဘူး။ အခုနောက်ပိုင်း စာဖိုမှူး အစည်းအရုံးက တအား ဆိုးရွားလာတာလေ။ ဒါပေမယ့် မနေ့တနေ့ကပဲ တင်ဆက်သူ တစ်ယောက်ပေါ်လာတော့ သူတို့ကို ပါးဖြတ်ရိုက်သလို ဖြစ်သွားတာပေါ့"

သူက စားပွဲပေါ်ရှိ ကြက်တောင်ပွကို လက်ညိုး ထိုးပြသည်။
"ဒါက ကျွန်တော် ဒီနေ့ တင်ဆက်သူဆီကနေ မဲပေါက်လာတာ။မားလည်း မြည်းကြည့်ပါလား။ ကြိုက်မကြိုက် သိရတာပေါ့"

ထို့နောက် ဟော်ယွင်ချန်း၏ ဘူးကို ထိုးပြသည်။
" ဟိုမှာက ယွင်ချန်း ယူလာတာ။ အဲ့ဒါက ကူးထားတဲ့ ဗားရှင်းကြီး"

ဟော်ယွင်ရီ သူ့ညီကို ကြည့်လိုက်ကာ ပြောလိုက်သည်။
" မင်းက တစ်ခါမှ ဖျော်ဖြေရေး အစီအစဉ်တွေ မကြည့်ဘူး။ အခု အဲ့ဒါကြောင့် မင်း ခံလိုက်ရပြီ။ မင်း ယူလာတာ အတုကြီး သိလား"

" မဟုတ်ဘူး"
သူက ခပ်တိုးတိုး ပြောရင်း အကိုဖြစ်သူ၏ေ ရှ့တွင် ဝင်လိုက်သည်။ သူ့ခါးက မတ်နေ၏။

"ဒါကလည်း အဲ့ဒိ တင်ဆက်သူ ဆီကပဲ"

ဟော်ယွင်ရီ၏ ရှေ့တွင်ပင် နှုတ်ခမ်းတွေ ကော့တက်ကာဖြင့် အေးချမ်းနေသော ဝန်းကျင်နှင့်အညီ မုန့်ဘူးကို ခပ်ဖြေးဖြေး ဖွင့်ပြလိုက်လေသည်။ မွှေးကြိုင်သိပ်သည်းသည့် ရနံ့တို့က ပျံ့နှံ့ လာတော့သည်။

" ကျွန်တော်က တင်ဆက်သူရဲ့ အခန်း မန်နေဂျာလေ"

-----------

စာရေးသူမှာ ပြောစရာ ၇ှိပါတယ်

ပြဇာတ် ငယ်လေး

ဟော်ယွင်ချန်း : ကျွန်တော့်မိန်းမက တကယ် တော်တာ။ ဒီ gongက တကယ် ဂုဏ်ယူနေရပြီ

ဟော်ယွင်ရီ : အိုး ဟုတ်လား သူက မင်းကို သိတောင် သိလို့လား

--------

ဘာသာပြန်သူမှာ ပြောစရာ ၇ှိပါတယ်

ဟော်ယွင်ရီ(အမျိုးသား)က တကယ် ရယ်ရတယ်၊ သူ ရတာဖြင့် တောင်ပံလေး နှစ်ခုကို အကုန် ပတ်ကျွေးနေတာ၊သူတို့က တစ်ခုထဲကို ခွဲ ဖဲ့ စားမယ့် typeလည်း မဟုတ်ဘဲနဲ့လေ၊

ကြွေ အခြားတစ်ခု တင်ထားတာ သိတယ်ဟုတ်?
မသိဘူးလား မသိရင် သိအောင် လုပ်လေ .... စတာ

ဆိုတော့ အဲ့ဒါလေးကို လမ်းကြုံ၇င် အခုပဲ တကူးတက သွားဖတ်ကြည့်ပါနော်

အပိုင်း ၁က ခဏနေ ရမယ်...... အဟဲ အတည် ပြောတာ

ဆိုတော့ တာ့တာ

------

အပိုင္း ၁၂ စာဖိုမႉး အစည္းအ႐ုံးမွ ဖိတ္ၾကားလႊာ

ယြမ့္ထန္းက တိုက္ရိုက္ထုတ္လႊင့္မႈကို ပိတ္လိုက္ျခင္းက ျမန္ဆန္လြန္းလွေပသည္။သို႔ေသာ္ သူက  အျခားသူေတြႏွင့္ စကားဆက္မေျပာခ်င္ေတာ့၍ မဟုတ္ေလဘဲ အလင္းဦးေႏွာက္ထံ ဖုန္းဝင္လာ၍ ျဖစ္သည္။

နံပါတ္က မရင္းႏွီးသည့္အတြက္ ယြမ့္ထန္း တုန႔္ဆိုင္းသြားသည္။သို႔ေသာ္ သူ လက္ခံ လိုက္၏။

" ဟယ္လို"

" ဟယ္လို လူႀကီးမင္း ယြမ့္ထန္းပါလား"
တဖက္မွ ခ်ိဳၿမိန္သည့္ အမ်ိဳးသမီးတစ္ေယာက္၏ အသံ ထြက္လာသည္။

ယြမ့္ထန္း: "ဟုတ္ပါတယ္ "

" ဟယ္လို လူႀကီးမင္း ယြမ္ထန္း။ ကြၽန္မက ဝမ္ရွားပါ။ ကြၽန္မက က်င္းက်န္း တိုက္ရိုက္ ထုတ္လႊင့္မႈ ပလက္ေဖာင္းက ဝန္ထန္းပါ။ကြၽန္မရဲ႕ ဝန္ထမ္းနံပါတ္က ၂၄၇၄၅၄ပါ"

" ဒီလိုပါ။ စာဖိုမႉး အစည္းအ႐ုံးက ရွင္နဲ႕ အဆက္အသြယ္ရဖို႔ အကူအညီ ေတာင္းခံလာပါတယ္။ ဒါေပမယ့္ ရွင္က ကြၽန္မတို႔ ပလက္ေဖာင္းနဲ႕ စာခ်ဳပ္ ခ်ဳပ္ဆိုထားတာဆိုေတာ့ ရွင့္ဆႏၵမပါဘဲ အျခားတဖက္ကို ရွင့္ရဲ႕ အခ်က္အလက္ေတြ ပို႔ေပးလို႔ အဆင္မေျပပါဘူး။ ဒါေၾကာင့္ ၇ွင္ရဲ႕ ခြင့္ျပဳခ်က္ကို ေတာင္းခံတာပါ"

ဝမ္၇ွားက သူမတို႔ဘက္မွ အေျခအေနကို ေျပာျပသည္။
" ရွင့္ရဲ႕ ကိုယ္ပိုင္ ဖုန္းနံပါတ္ကို တဖက္သူကို ေပးေစခ်င္ပါသလား"

" ဟုတ္ကဲ့ ဒါေပမယ့္ ဖုန္းနံပါတ္က လြဲၿပီး က်န္တဲ့ ကိုယ္ေရး အခ်က္အလက္ေတြကိုေတာ့ ပလက္ေဖာင္းက မထုတ္ေဖာ္ဖို႔ ေမွ်ာ္လင့္ပါတယ္"

ယြမ့္ထန္း ဖုန္းခ်ၿပီး ငါးမိနစ္ေတာင္ မၾကာေသးခင္အခ်ိန္တြင္ စာဖိုမႉး အစည္းအ႐ုံးမွ ဖုန္းဝင္လာေလသည္။

" ဟယ္လို ကြၽန္ေတာ္က စာဖိုမႉး အစည္းအ႐ုံးက ေက်ာက္ပင္းပါ။ကြၽန္ေတာ္တို႔ လူႀကီးမင္းရဲ႕ က်င္းက်န္း ပလက္ေဖာင္းေပၚက တိုက္ရိုက္ ထုတ္လႊင့္မႈေတြကတဆင့္ လူႀကီးမင္းရဲ႕ ထူးခြၽန္ေျပာင္ေျမာက္တဲ့ ခ်က္ျပဳတ္တဲ့ နည္းစနစ္ေတြကို သိခဲ့ရပါတယ္။ လူႀကီးမင္းကို ကြၽန္ေတာ္တို႔ရဲ႕ ဥကၠဌက အမ်ားႀကီး သေဘာက်ေနပါတယ္။ ဒါေၾကာင့္ လူႀကီးမင္းကို စာဖိုမႉး အစည္းအ႐ုံးထဲ ဝင္ဖို႔ ဖိတ္ေခၚခ်င္လို႔ပါ။ လူႀကီးမင္းမွာ လက္မွတ္ မ၇ွိေသးရင္ေတာ့ အရင္ ယူထားေစခ်င္ပါတယ္"

စာဖိုမႉး အစည္းအ႐ုံးက ဒီေလာကမွ စာဖိုမႉးေတြ အားလုံး၏ ေကာင္းကင္ဘုံျဖစ္သည္။ ဒီႏွစ္အတြင္း ေေျပာင္ေျမာက္သည့္ ရလဒ္ေတြ မထုတ္နိုင္သည့္တိုင္ေအာင္ သူတို႔၏ အဆင့္အတန္းက ျမင့္မားသည္။ သိပၸံ အကယ္ဒမီက ပစၥည္းအသစ္မ်ားစြာ ထုတ္ျပန္ေနသည့္အတြက္ အင္ပါယာႏွင့္ ဗဟိုအစိုးရက စာဖိုမႉး အစည္းအ႐ုံးအတြက္ ရန္ပုံေငြ မ်ားစြာ ေပးထားသည္။ထို႔ေၾကာင့္ စာဖိုမႉးတိုင္းက ထိုေနရာသို႔ ဝင္နိုင္ရန္ ေမွ်ာ္လင့္ၾကေတာ့သည္။

မင္းသာ ၾကယ္အဆင့္ လက္မွတ္ ရသြားမည္ဆိုလွ်င္ စာဖိုမႉးတစ္ေယာက္အျဖစ္ ဂုဏ္အဆင့္အတန္းက ျမင့္မားသြားေတာ့မည္ ျဖစ္သည္။

စာဖိုမႉး လက္မွတ္အတြက္မူကား ယြမ့္ထန္းက နဂိုကတည္းက သြားယူရန္ အစီအစဥ္ ရွိၿပီးသားျဖစ္သည္။သို႔ေသာ္ စာဖိုမႉး အစည္းအ႐ုံးထဲသို႔ ဝင္ရန္အတြက္ကား အစီအစဥ္ မ၇ွိေပ။ သူ႕ခႏၶာကိုယ္က အျပည့္အ၀ မသက္သာေသးသည့္အျပင္ အျခားအေၾကာင္းျပခ်က္ကလည္း ရွိေသးသည္။ ဒါက မူလပိုင္၇ွင္၏ အဆင့္အတန္းေၾကာင့္ ျဖစ္သည္။ သူက ငါးႏွစ္ေလာက္ ကိုမာ ဝင္ခဲ့ၿပီး ေဖ်ာ္ေျဖေရး နယ္ပယ္မွ ထြက္ခဲ့ၿပီး ျဖစ္သည့္တိုင္ သူက တစ္ခ်ိန္က ႐ုပ္၇ွင္ အင္ပါယာ တစ္ေယာက္ျဖစ္ခဲ့သည္။ ထို႔ေၾကာင့္ လူေရွ႕ ႀကိမ္ဖန္မ်ားစြာ ထြက္ခဲ့ရ၏။ ထို႔ေၾကာင့္ သူ႕ကို မွတ္မိသြားနိုင္၏။ သူ၏ အနာဂတ္အတြက္ သက္ေရာက္မႈရွိသြားမည္ကို သူ စိုးရိမ္ေပသည္။

ေတြးေတာၿပီးသည့္ေနာက္ သူ ခ်င့္ခ်ိန္ကာ ေနာင္တအျပည့္ျဖင့္ ျပန္ေျဖလိုက္သည္။
"စိတ္မေကာင္းပါဘူး ကြၽန္ေတာ္ ေလာေလာဆယ္ေတာ့ စာဖိုမႉး အစည္းအ႐ုံးထဲ ဝင္ဖို႔ စိတ္ကူးမ၇ွိေသးဘူး။ လက္မွတ္အတြက္ကေတာ့ ကြၽန္ေတာ္ အခ်ိန္၇ွိမွပဲ လာေျဖပါ့မယ္"

" ေကာင္းပါၿပီ၊ ကြၽန္ေတာ္ ေစာင့္ေမွ်ာ္ေနပါ့မယ္"

တဖက္က စိတ္ပ်က္သြားဟန္ မ၇ွိဘဲ ဆက္ေမးလာသည္။
" ေနာက္အပတ္ ဗုဒၶဟူးေန႕က်ရင္ စာဖိုမႉး အစည္းအ႐ုံးက ေဆြးေႏြးပြဲ က်င္းပဖို႔ ၇ွိပါတယ္။ အဲ့ဒိေန႕မွာ စာဖိုမႉး အမ်ားအျပား ေရာက္လာၿပီး အခ်င္းခ်င္း တိုင္ပင္ ေဆြးေႏြးၾကမွာပါ။ လူႀကီးမင္း စိတ္ဝင္စားရင္ ကြၽန္ေတာ္တို႔ ဖိတ္စာ ပို႔ေပးလိုက္ပါမယ္။ လူႀကီးမင္း အခ်ိန္အားပါသလား"

သူ တစ္ခ်က္ ေတြးၾကည့္လိုက္ၿပီးေနာက္ ျငင္းလိုက္သည္။
" စိတ္မေကာင္းပါဘူး။ အမွန္အတိုင္း ေျပာရရင္ ကြၽန္ေတာ္ ျပင္းျပင္းထန္ထန္ ေနမေကာင္းျဖစ္ၿပီး ျပန္ေကာင္းကာစ ျဖစ္ေနလို႔ပါ။ ကြၽန္ေတာ္ အျပင္ထြက္ဖို႔ အဆင္မေျပေသးလို႔ပါ။ စိတ္မေကာင္းပါဘူး ကြၽန္ေတာ္ လာနိုင္မွာ မဟုတ္ဘူး"

" တကယ္ ကံဆိုးတာပါပဲ"

ႏွစ္ႀကိမ္တိုင္တိုင္ အျငင္းခံရသည့္တိုင္ ေက်ာက္ပင္း၏ ေလသံက မေျပာင္းေပ။
" လူႀကီးမင္း အျမန္ဆုံး ျပန္သက္သာလာဖို႔ ေမွ်ာ္လင့္ပါတယ္။ အခုလို ေဆြးေႏြးပြဲကလည္း လတိုင္း က်င္းပတာျဖစ္လို႔ ေနာက္အႀကိမ္ေတြမွာ လူႀကီးမင္း လာေရာက္နိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္"

" ဟုတ္ကဲ့ ေက်းဇူးပါပဲ"

ႏွစ္ေယာက္သား စကားအနည္းငယ္ ေျပာၿပီးေနာက္ ဖုန္း ခ်လိဳက္သည္။

စာဖိုမႉး အစည္းအ႐ုံးႏွင့္ ဆက္သြယ္လိုက္ရျခင္းက သူ႕ကို မူလပိုင္၇ွင္အေၾကာင္း ပိုသိခ်င္လာေစသည္။

သူ ဒီပြဲကို မတက္ရသည့္ အဓိက အေၾကာင္းျပခ်က္က မက်န္းမာေသးသည့္ ခႏၶာေၾကာင့္ဟု ဆိုေသာ္လည္း အျခားအေၾကာင္းျပခ်က္မွာ သူဟာ ဒီခႏၶာကိုယ္ ပိုင္၇ွင္အေၾကာင္း ေသခ်ာ မသိေသးေသာေၾကာင့္ ျဖစ္သည္။ထို႔ေၾကာင့္ မေမွ်ာ္လင့္ထားသည့္ ျပႆနာေတြ ျဖစ္လာမွာ စိုးရသည္။

သို႔ေသာ္ တိုက္ခန္းထဲတြင္သာ ေနၿပီး တစ္ခ်ိန္လုံး တိုက္ရိုက္ ထုတ္လႊင့္ၿပီး ဘဝကို နစ္ျမဳပ္ထားမည္ေတာ့မ ဟုတ္ေပ။ အခ်ိန္က်လာသည့္အခါ သူ႕အေၾကာင္းက ေပၚသြားလိမ့္မည္။ သူက မူလပိုင္၇ွင္၏ ဘဝအေၾကာင္းႏွင့္ အတိတ္အေၾကာင္းေတြကို မသိသည့္အတြက္ မည္သို႔ေသာ ္အေျခအေနမ်ိဳးကို ႀကဳံရမည္ကို မသိနိုင္ေပ။

ဒီေလာကကို ေျပာင္းလာၿပီးေနာက္ ေဆး႐ုံတြင္ ၇ွိေနစဥ္က ဆက္သြယ္လာသူက ရွားေပသည္။သူ ယခင္ ပိုင္၇ွင္အေၾကာင္း သိထားသမွ်ကလည္း ယခင္ ေအးဂ်င့္ေဟာင္း ေကြ႕လိုင္ထံမွသာ ျဖစ္သည္။သို႔ေသာ္ ေကြ႕လိုင္ကလည္း ယခင္ပိုင္၇ွင္ ေဖ်ာ္ေျဖေရး ေလာကထဲသို႔ မဝင္ခင္က အေၾကာင္းအရာေတြကို ေသခ်ာ မသိထားေပ။

တကယ္ပဲ သူ႕မိသားစုက ဘာလဲ။ လတိုင္း ပိုက္ဆံ အမ်ားႀကီး လႊဲေနတာက ဘယ္သူ႕ဆီကိုလဲ။ သူ ဒါေတြကို ေသခ်ာေပါက္ သိေအာင္ လုပ္ရမယ္။

အတိတ္ေမ့ေနျခင္းက ေျဖ၇ွင္းခ်က္ တစ္ခုျဖစ္ၿပီးေ ဆး႐ုံက အတည္ျပဳေပးနိုင္သည့္တိုင္ သူက ဒီနည္းကို မသုံးခ်င္ေပ။ဒါက အခ်ိဳ႕ေသာ သူေတြ သူ႕ကို အခြင္အေရးယူဖို႔ ေပးလိုက္သလို ျဖစ္ေနလိမ့္မည္။

သူ ေခါင္းခါလိုက္ကာ မီးဖိုခန္းဘက္ ျပန္လွည့္လိုက္သည္။

ေရွာင္ပိုင္က မဲေပါက္သူေတြအတြက္ ပါဆယ္ ဘူးႏွစ္ဆယ္ကိုေတာင္ ထုတ္ထားၿပီးကာ ပစၥည္းပို႔ရန္ ၀န္ေဆာင္မႈ ဌာနကို ေခၚ၇န္ပင္ ျပင္ေနေလၿပီ။ လူတစ္ေယာက္လွ်င္ ၾကက္ေတာင္ပံ ႏွစ္ခုစီပါၿပီး အာလူး ဇြန္းႀကီး တစ္ဇြန္းစာ အျပည့္ ထည့္ေပးထားသည့္အတြက္ ထမင္းႏွင့္ ဗိုက္အျပည့္စားရန္ လုံေလာက္ေပသည္။

က်န္ေသာ ၾကက္ေတာင္ပံ ဆယ္ခုအတြက္ကား ယြမ့္ထန္းက သူ႕အတြက္ ေလးခုသာ ခ်န္ထားလိုက္ၿပီး က်န္ေသာ ေျခာက္ခုကို ဘူးထဲ ထည့္ကာ ေဟာ္အေကာင့္ပိုင္၇ွင္ထံ ပို႔ရန္ ဆုံးျဖတ္လိုက္သည္။

အဲ့ဒိ အာဏာရွင္ႀကီး မဲမေပါက္သြားဘူးပဲ။ ေနာက္ၿပီး မနက္က ကိစၥကလည္း သူ႕အကူအညီေၾကာင့္ အဆင္ေျပသြားတာ။ ဒါ့အျပင္ အခု ၾကက္ေတာင္ပံေတြကိုလည္း သူ႕ပိုက္ဆံနဲ႕ပဲ ဝယ္ထားတာဆိုေတာ့ သူ႕ကို ေပးတာက ပုံမွန္ပါပဲေလ။

ယြမ့္ထန္းလည္း တဖက္သူက တိုက္ရိုက္ ထုတ္လႊင့္မႈ ပိတ္ကာနီးမွ ဥကၠပ်ံမိုးကို ပို႔လိုက္ေသးေၾကာင္း သတိရသြားသည္။ သို႔ေသာ္ သူ လိုခ်င္သည့္ အေျဖကို ယြမ့္ထန္းက မ ေပးခဲ့ေပ။ တဖက္သူ၏ စြန႔္ပစ္ခံရသလို ခံစားခ်က္ကို ေတြးမိကာ ယြမ့္ထန္း ရယ္ခ်င္သြားသည္။

အင္း အရမ္း ခ်စ္ဖို႔ ေကာင္းေနမလား

-----

ကိုင္တြယ္ရမည့္ အလုပ္ေတြ ၿပီးသြားသည့္အခါ ေဟာ္ယြင္ခ်န္းလည္း အားလပ္သြားေတာ့သည္။ေကာင္းကင္က ေမွာင္ေနေလၿပီ။ သူ နဂိုက ဒီညေနတြင္ တင္ဆက္သူထံမွ ပို႔ေပးတာကိုပဲ စားမည္ဟု ေတြးထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အားျဖည့္ ေဆးရည္ေတာင္ မျပင္ထားမိေပ။ ယခုအခါတြင္မူ သူ႕ဗိုက္က ဆာေလာင္ေနေလၿပီ။

ေသခ်ာေပါက္ကို အဲ့ဒိ သဘာ၀ ထုတ္ကုန္ စားစရာေတြက လူတစ္ေယာက္ရဲ႕စိတ္အင္အားကို ပ်က္ျပားေစတာပဲ
ေဟာ္ယြင္ခ်န္း ေအးစက္စြာ ေတြးလိုက္သည္။

သူ ဓာတ္ေလွကားထဲမွ ထြက္ၿပီး စစ္တပ္ထဲမွ ထြက္ခြာရန္ ျပင္လိုက္ခ်ိန္တြင္ လုံၿခဳံေရး ဌာနမွ အရာ၇ွိက ေခၚလာသည္။

" မာ၇ွယ္ ပါဆယ္ ေရာက္ေနပါတယ္"

သူ ေၾကာင္အစြာျဖင့္ ဘူးကို ယူလိုက္သည္။ သို႔ေသာ္ ဘူးအဖုံးတြင္ စားစရာဆိုသည့္ စကားလုံးကို ျမင္လိုက္သည္ႏွင့္ သူ၏ မ်က္ခုံးေထာင့္ေတြက ေကာ့တက္သြားေလသည္။

" ေက်းဇူးပါပဲ"

သူက လုံၿခဳံေရး အရာ၇ွိကို ေခါင္းတစ္ခ်က္ ၿငိမ့္ျပၿပီး စစ္တပ္ထဲမွ ထြက္ကာ ကားပ်ံေပၚ တက္လိုက္ေလသည္။

( ဘာလို႔ ကားပ်ံလဲဆိုေတာ့ ေျမကို မထိလို႔ ၊ အထပ္ေတြကလည္း ျမင့္ေတာ့ ဝ႐ူးဝ႐ူးဆို ေလထဲ ပ်ံတက္ၿပီး ကိုယ္ေနတဲ့ အထပ္ထိ လိုက္ပို႔ေပးနိုင္တယ္။ ကိုယ့္အထပ္ကို ေရာက္မွ ကားက ျပတင္းနားမွာ ရပ္ေပးလိမ့္မယ္။ အဲ့ဒိအခါ ျပတင္း တံခါးက ဝင္လိုက္႐ုံပဲ။ ကဲ ဘယ္ေလာက္မိုက္သလဲ)

၁၅မိနစ္ခန႔္ ၾကာၿပီးေနာက္ ေဟာ္မိသားစုပိုင္ စံအိမ္သို႔ ေရာက္သည္။

တံခါးကို ဖြင့္လိုက္သည္ႏွင့္ မႏွစ္ၿမိဳ႕ခ်င္စရာ အနံ႕မ်ိဳးကို ရလိုက္သည္။ သို႔ေသာ္ ဘာေၾကာင့္ရယ္မသိ ရင္းႏွီးသည္ အနံ႕ကိုလည္း ရလိုက္ေသး၏။ ဒါက သူ႕ကို မသက္မသာျဖစ္ေစကာ ခန႔္ညားေသာ မ်က္ႏွာက မႈန္ကုပ္ကုပ္ ျဖစ္သြားေတာ့သည္။

" ေရွာင္ခ်န္းလား"

႐ုတ္႐ုတ္သဲသဲ ျဖစ္သံကို ၾကားသည့္အခါ မီးဖိုခန္းမွ ေအပ႐ြန္ဝတ္ထားသည့္ ရန္က်င္းက ထြက္လာသည္။

" မားက သားေစာေစာ ျပန္လာမယ္ မထင္ထားဘူး။ မား အခု ေရွာင္ရီအတြက္ ခ်က္ေပးေနတာေလ။ သား သေဘာမက်ရင္ အေပၚထပ္ တက္ နားပါလား"

ရန္က်င္းက သူမ၏ သားငယ္ကို ေသခ်ာ လိုက္ၾကည့္သည္။ အေမတစ္ေယာက္ျဖစ္ေနသျဖင့္ ဒီသားငယ္က သဘာ၀ စားစရာေတြကို မည္မွ် မႏွစ္ၿမိဳ႕ေၾကာင္း ေသခ်ာ နားလည္ေနသည္။သူမ၏ ေယာကၤ်ားလည္း အလားတူ ျဖစ္သျဖင့္ အိမ္တြင္ ခ်က္ခဲေပသည္။

သို႔ေသာ္ ဒီေန႕က ပိတ္ရက္ျဖစ္ကာ သူမႏွင့္ သားႀကီးတို႔ အိမ္သို႔ ေစာေစာျပန္လာျဖစ္သျဖင့္ ရိုးရွင္းတာေလးေတြ ခ်က္စားရန္ ေတြးထားျခင္းျဖစ္သည္။ ဒါကလည္း သားႀကီးက ေတာင္းဆိုသျဖင့္သာ သူမ စီစဥ္မိျခင္းပါေပ။ သို႔ေသာ္ မထင္ထားသည္မွာ သားငယ္ကလည္း ေစာေစာျပန္လာသည္။

" ကိစၥ မ၇ွိပါဘူး။ ကြၽန္ေတာ္လည္း စားစရာ ယူလာတယ္"
ေဟာ္ယြင္ခ်န္းက မုန႔္ဘူး၏ အျပင္မွ အိတ္ကို ဖယ္ျပလိုက္သည္။

ေဖာက္ျမင္ေနရသည့္ ဘူးထဲမွ အရာကို ျမင္လိုက္ရသည့္အခါ သူမ အံံ့ၾသသြားေတာ့ေပသည္။ သူမ၏ သားငယ္ဟာ တစ္ေန႕တြင္ သဘာ၀ စားစရာကို အိမ္သို႔ ျပန္ယူလာမည္ဟု တစ္ခါမွပင္ မေတြးထားဘူးပါေပ။

ထိုအခ်ိန္တြင္ ေဟာ္ယြင္ရီကလည္း ညအိပ္ဝတ္စုလဲကာ ေအာက္ထပ္သို႔ ဆင္းလာသည္။သူ႕ညီလက္ထဲမွ ဘူးကို ျမင္သည့္အခါ အံ့ၾသသြားေတာ့သည္။

"အိုး ဒါၾကက္ေတာင္ပံနဲ႕ အားလူးႏွပ္ မဟုတ္လား။ ဘာလို႔ ဒီေလာက္ မ်ားေနတာလဲ။ မင္း ဘယ္ဆိုင္က ဝယ္လာတာလဲ။ အဲ့ဒိဆိုင္ေတြက ဘယ္ေတာ့မွ အသစ္အဆန္းေတြ မခ်က္နိုင္ၾကဘူး။ ငါတို႔လို သိပၸံပညာရွင္ေတြထက္ေတာင္ သူတို႔က ေႏွးေကြးေနၾကေသးတယ္"

" ဝယ္လာတာ မဟုတ္ဘူး"

ေဟာ္ယြင္ခ်န္းက မုန႔္ဘူးကို စားပြဲေပၚ တင္ရင္း ခပ္တိုးတိုး ေျပာသည္။
" အတူ စားၾကတာေပါ့"

" ဝယ္လာတာ မဟုတ္ဘူးလား။ တစ္ေယာက္ေယာက္က ပို႔လိုက္တာလား"

ေဟာ္ယြင္ရီကမူ ေဟာ္ယြင္ခ်န္း၏ ပရိတ္သတ္ေတြက ပို႔လိုက္တာဟု ထင္လိုက္ၿပီး ေခါင္းကို ခါသည္။
" ညီေလး မင္း ဒါကို မစားနဲ႕ ။ လာ မင္းအကို ယူလာတာကို ျမည္းၾကည့္လိုက္"

ေဟာ္ယြင္ခ်န္းလည္း သူ႕အကိုက ေဖာက္ျမင္ေနရေသာ မုန႔္ဘူးကို ရတနာ တစ္ပါးလို ကိုင္တြယ္ေနျခင္းအား ျမင္လိုက္ေလသည္။ ထိုဘူးကလည္း သူ႕ဘူးႏွင့္ တူသည္။ အထဲတြင္လည္း ၾကက္ေတာင္ပံႏွင့္ အာလူးႏွပ္ျဖစ္သည္။

" အခု ေနာက္ပိုင္း ပလက္ေဖာင္းေပၚမွာ အရမ္း ေခတ္စားေနတဲ့ တင္ဆက္သူ တစ္ေယာက္ ၇ွိတယ္။ရွားမိသားစုက မင္းသမီးေလးကို သိတယ္ မဟုတ္လား။သူမက အခုတေလာ ဒီတင္ဆက္သူကို ေတာ္ေတာ္ သေဘာက်ေနတယ္။ အခ်ိန္တိုင္း ပိုင္ခ်ီကို ဒီအေၾကာင္းေတြပဲ ေျပာျပေနတာတဲ့။သူမက အဲ့ဒိ တင္ဆက္သူက ငါတို႔ သိပၸံ အကယ္ဒမီက လူလို႔ေတာင္ ထင္ေနတာေလ"

ေဟာ္ယြင္ရီက ေခါင္းခါကာ ကူကယ္ရာမဲ့စြာ ၿပဳံးသည္။
" ဒါေပမယ့္ ေျပာရရင္ အဲ့ဒိ တင္ဆက္သူက စာဖိုမႉး အစည္းအ႐ုံးက လူေတြထက္ေတာင္ သေဘာက်ဖိဳ႕ ေကာင္းေနေသးတယ္။ အ့ဒိက စာဖိုမႉးေတြက ငါတို႔ထဲက အတြင္းလူရဲ႕ အကူအညီနဲ႕ ထုတ္ျပန္မယ့္ပစၥည္းေတြကို ႀကိဳသိေနၾကတယ္။ဒါေပမယ့္ သူတို႔ မထင္ထားတာက အဲ့ဒိတင္ဆက္သူက သူတို႔ထက္ ေစာၿပီး ထြက္လာၿပီး ႏွစ္နာရီအတြင္းမွာကို အေကာင္းဆုံး အရသာထြက္ေအာင္ ခ်က္ျပနိုင္လိုက္တာကိုပဲ"

ေဟာ္ယြင္ခ်န္း:"...."

သူက အေရးမပါတာေတြကို ဖယ္ၿပီး အဓိက အခ်က္ကို ေကာက္ေမးလိုက္သည္။
" စာဖိုမႉး အစည္းအ႐ုံးက သိပၸံ အကယ္ဒမီမွာ အတြင္းလူ ထည့္ထားတာလား"

" သူက အေရးပါတဲ့ ေအးဂ်င့္ေတာ့ မဟုတ္ပါဘူး။ ရက္နည္းနည္းေလာက္ ႀကိဳၿပီး ဘာထြက္လာမယ္ဆိုတာနဲ႕ နမူနာ နည္းနည္းေလာက္ ပို႔ေပးနိုင္႐ုံပါပဲ"
ေဟာ္ယြင္ရီက လက္ ရမ္းျပသည္။

သူ႕အကို၏ ေျမေခြးလို အၿပဳံးကို ျမင္ၿပီး ေဟာ္ယြင္ခ်န္း ေျပာလိုက္သည္။
" အဲ့ဒိ အတြင္းလူဆိုတာကလည္း အကိုႀကီးရဲ႕ လူပဲ မဟုတ္လား"

ညီငယ္က သိသြားသည့္အတြက္လည္း ေဟာ္ယြင္ရီက စိတ္ထဲ မထားေပ။
" ငါတို႔ သိပၸံ အကယ္ဒမီကလည္း ဝင္ေငြလိုတယ္ေလကြာ ဒီေလာက္ပါပဲ"

ညီအကိုႏွစ္ေယာက္ စကားေျပာစဥ္မွာပင္ ရန္က်င္းက ခ်က္ၿပီးသား ဟင္းပြဲေတြႏွင့္ အတူထြက္လာသည္။သူမက သူတို႔ႏွစ္ေယာက္၏ စကားကို ၾကားၿပီး ေမးလာသည္။

" သားတို႔ ဘာေတြ လွ်ို႔ဝွက္ၿပီး ေျပာေနၾကတာလဲ"

ေဟာ္ယြင္ရီက အေမျဖစ္သူထံမွ ပန္းကန္ကို ကူသယ္ေပးကာ စားပြဲေပၚ တင္ေပးသည္။သူမအတြက္ ခုံကိုပင္ ဆြဲထုတ္ေပးကာ ထိုင္ေစ၏။

" ကြၽန္ေတာ္တို႔ လွ်ို႔ဝွက္ၿပီး ေျပာေနၾကတာ မဟုတ္ပါဘူး။ အခုေနာက္ပိုင္း စာဖိုမႉး အစည္းအ႐ုံးက တအား ဆိုး႐ြားလာတာေလ။ ဒါေပမယ့္ မေန႕တေန႕ကပဲ တင္ဆက္သူ တစ္ေယာက္ေပၚလာေတာ့ သူတို႔ကို ပါးျဖတ္ရိုက္သလို ျဖစ္သြားတာေပါ့"

သူက စားပြဲေပၚရွိ ၾကက္ေတာင္ပြကို လက္ညိုး ထိုးျပသည္။
"ဒါက ကြၽန္ေတာ္ ဒီေန႕ တင္ဆက္သူဆီကေန မဲေပါက္လာတာ။မားလည္း ျမည္းၾကည့္ပါလား။ ႀကိဳက္မႀကိဳက္ သိရတာေပါ့"

ထို႔ေနာက္ ေဟာ္ယြင္ခ်န္း၏ ဘူးကို ထိုးျပသည္။
" ဟိုမွာက ယြင္ခ်န္း ယူလာတာ။ အဲ့ဒါက ကူးထားတဲ့ ဗားရွင္းႀကီး"

ေဟာ္ယြင္ရီ သူ႕ညီကို ၾကည့္လိုက္ကာ ေျပာလိုက္သည္။
" မင္းက တစ္ခါမွ ေဖ်ာ္ေျဖေရး အစီအစဥ္ေတြ မၾကည့္ဘူး။ အခု အဲ့ဒါေၾကာင့္ မင္း ခံလိုက္ရၿပီ။ မင္း ယူလာတာ အတုႀကီး သိလား"

" မဟုတ္ဘူး"
သူက ခပ္တိုးတိုး ေျပာရင္း အကိုျဖစ္သူ၏ေ ရွ႕တြင္ ဝင္လိုက္သည္။ သူ႕ခါးက မတ္ေန၏။

"ဒါကလည္း အဲ့ဒိ တင္ဆက္သူ ဆီကပဲ"

ေဟာ္ယြင္ရီ၏ ေရွ႕တြင္ပင္ ႏႈတ္ခမ္းေတြ ေကာ့တက္ကာျဖင့္ ေအးခ်မ္းေနေသာ ဝန္းက်င္ႏွင့္အညီ မုန့္ဘူးကို ခပ္ေျဖးေျဖး ဖြင့္ျပလိုက္ေလသည္။ ေမႊးႀကိဳင္သိပ္သည္းသည့္ ရနံ႕တို႔က ပ်ံ့ႏွံ႕ လာေတာ့သည္။

" ကြၽန္ေတာ္က တင္ဆက္သူရဲ႕ အခန္း မန္ေနဂ်ာေလ"

-----------

စာေရးသူမွာ ေျပာစရာ ၇ွိပါတယ္

ျပဇာတ္ ငယ္ေလး

ေဟာ္ယြင္ခ်န္း : ကြၽန္ေတာ့္မိန္းမက တကယ္ ေတာ္တာ။ ဒီ gongက တကယ္ ဂုဏ္ယူေနရၿပီ

ေဟာ္ယြင္ရီ : အိုး ဟုတ္လား သူက မင္းကို သိေတာင္ သိလို႔လား

--------

ဘာသာျပန္သူမွာ ေျပာစရာ ၇ွိပါတယ္

ေဟာ္ယြင္ရီ(အမ်ိဳးသား)က တကယ္ ရယ္ရတယ္၊ သူ ရတာျဖင့္ ေတာင္ပံေလး ႏွစ္ခုကို အကုန္ ပတ္ေကြၽးေနတာ၊သူတို႔က တစ္ခုထဲကို ခြဲ ဖဲ့ စားမယ့္ typeလည္း မဟုတ္ဘဲနဲ႕ေလ၊

ေႂကြ အျခားတစ္ခု တင္ထားတာ သိတယ္ဟုတ္?
မသိဘူးလား မသိရင္ သိေအာင္ လုပ္ေလ .... စတာ

ဆိုေတာ့ အဲ့ဒါေလးကို လမ္းႀကဳံ၇င္ အခုပဲ တကူးတက သြားဖတ္ၾကည့္ပါေနာ္

အပိုင္း ၁က ခဏေန ရမယ္...... အဟဲ အတည္ ေျပာတာ

ဆိုေတာ့ တာ့တာ

Continue Reading

You'll Also Like

3.5M 217K 52
แ€แ€แ€นแ€แ€ฌ แ€†แ€ญแ€ฏแ€แ€ฒแ€ทแ€แ€ฑแ€ฌแ€›แ€ญแ€ฏแ€„แ€บแ€ธแ€•แ€”แ€บแ€ธแ€œแ€ฑแ€ธแ€›แ€ฒแ€ทแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€แ€แ€นแ€แ€ฌแ€€ แ€™แ€ญแ€”แ€บแ€ธแ€™แ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ทแ€กแ€œแ€พ แ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€šแ€บ แ€แ€แ€นแ€แ€ฌแ€€ แ€…แ€ฌแ€™แ€แ€แ€บแ€•แ€ซแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€€แ€ญแ€ฏแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€แ€ฑแ€ฌแ€ทแ€กแ€›แ€™แ€บแ€ธแ€แ€ปแ€…แ€บแ€แ€šแ€บ
1.5M 68.7K 37
adult story(18+) แ€žแ€„แ€บแ€ทแ€žแ€แ€„แ€บร—แ€›แ€ฏแ€•แ€บแ€žแ€ฑแ€ธ 9.1.2023...
374K 37K 114
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ แ€›แ€ญแ€ฏแ€›แ€ญแ€ฏแ€แ€ปแ€ญแ€ฏแ€แ€ปแ€ญแ€ฏแ€”แ€ฒแ€ท แ€™แ€แ€ซแ€ธแ€แ€ฌแ€œแ€ฑแ€ธ แ€–แ€แ€บแ€แ€ปแ€„แ€บแ€›แ€„แ€บ แ€œแ€ฌแ€”แ€ฑแ€ฌแ€บ
923K 10.2K 100
แ€‘แ€ญแ€ฏแ€”แ€ฑแ€ทแ€Š แ€€ แ€™แ€พแ€ฌแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€ท แ€กแ€™แ€พแ€ฌแ€ธแ€แ€…แ€บแ€แ€ฏแ€€ แ€€แ€ปแ€ฝแ€”แ€บแ€™แ€˜แ€ แ€แ€…แ€บแ€แ€ฏแ€œแ€ฏแ€ถแ€ธแ€”แ€ฒแ€ท แ€•แ€แ€บแ€žแ€€แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€™แ€บแ€ทแ€™แ€šแ€บแ€œแ€ญแ€ฏแ€ท แ€™แ€‘แ€„แ€บแ€แ€ฒแ€ทแ€™แ€ญแ€˜แ€ฐแ€ธ....... แ€•แ€ผแ€ฎแ€ธแ€แ€ฑแ€ฌแ€ท แ€•แ€แ€บแ€žแ€แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€ทแ€žแ€ฐแ€€ แ€˜แ€ฌแ€œแ€ญแ€ฏแ€ท แ€žแ€ฐแ€–แ€ผแ€…แ€บแ€”...