Unicode
“မင်းက ငါနဲ့ပက်သက်သမျှကို ရှင်းရှင်းလင်းလင်း သိနေသလိုပဲ.. ဘာလို့လဲ..?”
ရင်းဆုယဲ့ရဲ့ အရောင်မတူတဲ့ မျက်ဝန်းတစ်စုံက စူးရှထက်မြက်နေပြီး ရွှယ်ယို့ရှန်းရဲ့ မျက်လုံးထဲကို တစ်ခုခုရှာဖွေချင်နေသလိုမျိုး စိုက်ကြည့်လာခဲ့တယ်။
သူတို့စတွေ့တုန်းက သူ့ကိုမသိဘူးလို့ ရွှယ်ယို့ရှန်း ပြောခဲ့တာကို ကောင်းကောင်း မှတ်မိနေပါသေးတယ်။ ဒါပေမဲ့ သူ့နာမည်ကို ကြားလိုက်တာနဲ့ ရွှယ်ယို့ရှန်းရဲ့ ပုံစံက သူ့အကြောင်းတွေကို ရင်းရင်းနှီးနှီး သိနေသလိုပဲ။
ဒါက အရမ်းကို သံသယဖြစ်စရာ ကောင်းတယ်..!
“စိတ်မလှုပ်ရှားနဲ့.. ကျွန်တော်ရှင်းပြတာ အရင်နားထောင်ပါဦး..”
တကယ်တော့ ရင်းဆုယဲ့ရဲ့ ဖိအားအောက်မှာ အမှန်တကယ် စိတ်လှုပ်ရှားနေသူက ရွှယ်ယို့ရှန်းသာ ဖြစ်တယ်။ သူက တကယ့်ကို ‘သေတွင်းတူးတတ်တဲ့လူ’ပဲ။ ဒါမှမဟုတ် သူ့ရဲ့ အထူးစွမ်းရည်က ကိုယ့်သေတွင်းကိုယ် ပြန်တူးတတ်တာများလား..?
မဟုတ်ရင် အချက်အလက်တွေ လျှောက်ပြောပြီး ဘာလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံမိတာလဲ..? ရင်းဆုယဲ့က သူစိမ်းတွေအပေါ် အရမ်းသံသယများတတ်မှန်း သိနေလျက်သားနဲ့။ သူသာ အကြောင်းပြချက် မပေးနိုင်ရင် ရင်းဆုယဲ့က ဒီကိစ္စအပေါ် လုံးဝကျေလည်မှာ မဟုတ်တော့ဘူး..!
“အင်း..”
မေးခွန်းလေးတစ်ခု မေးလိုက်ရုံနဲ့ ဘာမှမပြောနိုင်အောင် ကြောက်လန့်သွားတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ပြီး ရင်းဆုယဲ့ရဲ့ မျက်ဝန်းအိမ်က အနည်းငယ် လှုပ်ရှားသွားခဲ့တယ်။ သူပြောလိုက်တဲ့ လေသံက အရမ်းပြင်းထန်သွားလို့လား..? ကောင်လေးကို ကြောက်ရွံ့သွားစေတာလား..?
ရွှယ်ယို့ရှန်းမှာ သံသယဖြစ်စရာအချက်တွေ အများကြီးရှိနေပေမယ့် သူကိုယ်တိုင်က ဒီကောင်လေးကို ယုံကြည်ပေးဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ သံသယမဝင်သင့်တော့ဘူး။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ကိုယ်တိုင် ယုံကြည်သင့်တယ်။ သူကိုယ်တိုင်မြင်နေရတဲ့ အရာတွေကိုပဲ ယုံကြည်ပေးရမယ်။
ပြီးတော့ ဒီကောင်လေးက ခံစားချက်ကိုတောင် ကောင်းကောင်း ဖုံးကွယ်တတ်တာမဟုတ်ဘူး။ သူ့ရဲ့မျက်နှာပေါ်မှာ အကုန်လုံး ပေါ်လွင်နေတာ။ ဒီလိုကောင်လေးကိုမှ မယုံကြည်နိုင်ရင် လောကကြီးမှာ ဘယ်သူ့ကိုများ ယုံကြည်ပေးနိုင်ဦးမှာလဲ။
တစ်ခုပဲ၊ သူမကျေနပ်တာက ရွှယ်ယို့ရှန်း သူ့အပေါ်မှာ တစ်ခုခု ဖုံးကွယ်ထားတယ်။ အဲ့တော့ ဒီအခွင့်အရေးကို အသုံးချပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ရမယ်။
သူက သူ့ရဲ့စိတ်ကို သေသေချာချာ မဖော်ပြတတ်တော့ ရွှယ်ယို့ရှန်း နားလည်မှုလွဲသွားတာထင်တယ်..? ညင်ညင်သာသာလေး ပြန်မေးလိုက်ရင် ကောင်းမလား..?
“ခင်ဗျားရဲ့အကြောင်းတင်မကဘူး.. တစ်ကမ္ဘာလုံးက ကိစ္စတွေအားလုံးကို ကျွန်တော်သိတယ်..” ရွှယ်ယို့ရှန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းကိုမော့ကာ ပြောလိုက်တယ်။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမူအရာမျိုး ပေါ်လွင်စေလိုက်တယ်။
အကောင်းဆုံး လိမ်လည်မှုကြီးလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ..!
ဒီကမ္ဘာကို ဖန်တီးခဲ့သူအနေနဲ့ လူတိုင်းမသိနိုင်တဲ့ လျှို့ဝှက်ချက်တော်တော်များများ သူ သိထားတယ်။ နောက်တစ်ခေါက်လည်း သူ့ကိုယ်သူဖော်ပြမိတဲ့ အမှားမျိုး ထပ်မလုပ်တော့ပါဘူးလို့ အာမ,မခံနိုင်ဘူးလေ။ အဲ့တာကြောင့် သူ့ရဲ့ အပြုအမူနဲ့ ပက်သက်ပြီး သင့်တော်တဲ့ ဖြေရှင်းချက်တစ်ခု ကြိုရှာထားမှဖြစ်မယ်။ ဒီလိုဆို တစ်ခါတည်းနဲ့ ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ အနာဂတ်မှာ ဒီလိုအခြေအနေမျိုး ထပ်ဖြစ်ခဲ့ရင်တောင် ကြောက်စရာမလိုတော့ဘူး။
“အင်း…?”
ရွှယ်ယို့ရှန်းရဲ့ ရှုပ်ထွေးဆန်းကြယ်နေတဲ့ အမူအယာက သူ့ရဲ့ အာရုံကို ဖမ်းစားသွားတော့ ရင်းဆုယဲ့လည်း ရွှယ်ယို့ရှန်းကို ဆက်ရှင်းပြခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
“ဘာလို့လဲဆိုတော့ ကျွန်တော်က ‘ရှေ့ဖြစ်ဟောသူ’ ဖြစ်နေလို့ပဲ..”
ရွှယ်ယို့ရှန်းက မဖြစ်မနေမို့သာ ပြောလိုက်ရတဲ့ ဟန်ပန်မျိုးနဲ့ သူ့ရဲ့လုပ်ဇာတ်ကို ယုံကြည်ချက်ရှိရှိ ချပြလိုက်တယ်။ စိတ်ထဲမှာတော့ စာမူကြမ်းတွေကို ပြန်စဉ်းစားရင်း သူ့ကိုယ်သူ ယုံကြည်ချက်ရှိအောင် ကြိုးစားနေရလေပြီ။
သို့သော်ငြား သူ့ကို ဘယ်သူကများ သေးကွေးနုနယ်တဲ့ အသွင်အပြင်မျိုး ရှိခိုင်းလို့လဲ..? အခုတော့ ချစ်စရာကောင်းတဲ့ အမူအရာမျိုး ဖြစ်နေတော့တယ်။
ရွှယ်ယို့ရှန်းက ဝတ္ထုစရေးကတည်းက အဓိကဇာတ်လိုက်ကို ကူညီနိုင်ဖို့အတွက် ‘ရှေ့ဖြစ်ဟောသူ’ ကောင်မလေးတစ်ယောက်ကို ထည့်သွင်းဖို့ တမင်စီစဉ်ထားခဲ့ခြင်း ဖြစ်တယ်။ အဓိကဇာတ်လိုက်ကို အလှလေးတွေနဲ့ ပိုမိုသိကျွမ်းလာအောင် အခွင့်အရေးတွေ ပေးပြီး အနောက်ဆောင်အင်အားကို ပြနိုင်မယ့် အလန်းစားဇာတ်ကွက်အဖြစ် ရည်ရွယ်ထားခဲ့တယ်။
ဒါပေမဲ့ စိတ်မကောင်းစရာပဲ။ ဇာတ်ကြောင်းထဲက ‘ရှေ့ဖြစ်ဟောသူ’ အလှလေးက လက်ရှိအချိန်မှာ ပေါ်မလာနိုင်သေးတော့ ဒီဂုဏ်ပုဒ်ကို သူ့အတွက် အရင်ယူသုံးထားရမယ်..!
“အဲ့တာကြောင့် ခင်ဗျားရဲ့အကြောင်းကို သိနိုင်ဖို့ဆိုတာ ကျွန်တော့်အတွက် မခက်ခဲပါဘူး.. ဒီကိစ္စနဲ့ပက်သက်ပြီး စိတ်ထဲမထားနဲ့တော့..”
အတော်ကြာတွေးတောပြီးနောက် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို အတိုချုပ်ရှင်းပြလိုက်တယ်။ သူ့ရဲ့ အားနည်းချက်ဖြစ်တဲ့ အရပ်ပုတာနဲ့ အားနည်းနေတာကြောင့်သာ မဟုတ်ဘူးဆိုရင် ရင်းဆုယဲ့ရဲ့ ပခုံးပေါ် လက်တင်ပြီး သူတို့ကြားက စိမ်းသက်နေတဲ့ အကွာအဝေးကို ပိုမိုနီးကပ်သွားရအောင် ဘော်ဒါတွေလို ပြုမူလိုက်ပြီးပြီ။
ရင်းဆုယဲ့ရဲ့ အရှိန်အဝါကို မကျော်နိုင်ရင်တောင် အရမ်းအားနည်းမနေရင် အဆင်ပြေတယ်။ သူ့ရဲ့ ဒီအားနည်းချက်တွေက အရွယ်ရောက်လာရင် ပျောက်ကွယ်သွားမှာဆိုတော့ အားနည်းချက်လို့တောင် ပြောမရပါဘူးလေ..!
…………………………………….
Zawgyi
“မင္းက ငါနဲ႔ပက္သက္သမွ်ကို ရွင္းရွင္းလင္းလင္း သိေနသလိုပဲ.. ဘာလို႔လဲ..?”
ရင္းဆုယဲ့ရဲ႕ အေရာင္မတူတဲ့ မ်က္ဝန္းတစ္စုံက စူးရွထက္ျမက္ေနၿပီး ႐ႊယ္ယို႔ရွန္းရဲ႕ မ်က္လုံးထဲကို တစ္ခုခုရွာေဖြခ်င္ေနသလိုမ်ိဳး စိုက္ၾကည့္လာခဲ့တယ္။
သူတို႔စေတြ႕တုန္းက သူ႔ကိုမသိဘူးလို႔ ႐ႊယ္ယို႔ရွန္း ေျပာခဲ့တာကို ေကာင္းေကာင္း မွတ္မိေနပါေသးတယ္။ ဒါေပမဲ့ သူ႔နာမည္ကို ၾကားလိုက္တာနဲ႔ ႐ႊယ္ယို႔ရွန္းရဲ႕ ပုံစံက သူ႔အေၾကာင္းေတြကို ရင္းရင္းႏွီးႏွီး သိေနသလိုပဲ။
ဒါက အရမ္းကို သံသယျဖစ္စရာ ေကာင္းတယ္..!
“စိတ္မလႈပ္ရွားနဲ႔.. ကြၽန္ေတာ္ရွင္းျပတာ အရင္နားေထာင္ပါဦး..”
တကယ္ေတာ့ ရင္းဆုယဲ့ရဲ႕ ဖိအားေအာက္မွာ အမွန္တကယ္ စိတ္လႈပ္ရွားေနသူက ႐ႊယ္ယို႔ရွန္းသာ ျဖစ္တယ္။ သူက တကယ့္ကို ‘ေသတြင္းတူးတတ္တဲ့လူ’ပဲ။ ဒါမွမဟုတ္ သူ႔ရဲ႕ အထူးစြမ္းရည္က ကိုယ့္ေသတြင္းကိုယ္ ျပန္တူးတတ္တာမ်ားလား..?
မဟုတ္ရင္ အခ်က္အလက္ေတြ ေလွ်ာက္ေျပာၿပီး ဘာလို႔ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံမိတာလဲ..? ရင္းဆုယဲ့က သူစိမ္းေတြအေပၚ အရမ္းသံသယမ်ားတတ္မွန္း သိေနလ်က္သားနဲ႔။ သူသာ အေၾကာင္းျပခ်က္ မေပးႏိုင္ရင္ ရင္းဆုယဲ့က ဒီကိစၥအေပၚ လုံးဝေက်လည္မွာ မဟုတ္ေတာ့ဘူး..!
“အင္း..”
ေမးခြန္းေလးတစ္ခု ေမးလိုက္႐ုံနဲ႔ ဘာမွမေျပာႏိုင္ေအာင္ ေၾကာက္လန႔္သြားတဲ့ ႐ႊယ္ယို႔ရွန္းကိုၾကည့္ၿပီး ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းအိမ္က အနည္းငယ္ လႈပ္ရွားသြားခဲ့တယ္။ သူေျပာလိုက္တဲ့ ေလသံက အရမ္းျပင္းထန္သြားလို႔လား..? ေကာင္ေလးကို ေၾကာက္႐ြံ႕သြားေစတာလား..?
႐ႊယ္ယို႔ရွန္းမွာ သံသယျဖစ္စရာအခ်က္ေတြ အမ်ားႀကီးရွိေနေပမယ့္ သူကိုယ္တိုင္က ဒီေကာင္ေလးကို ယုံၾကည္ေပးဖို႔ ဆုံးျဖတ္ထားၿပီးသားဆိုေတာ့ သံသယမဝင္သင့္ေတာ့ဘူး။ ကိုယ့္ရဲ႕ဆုံးျဖတ္ခ်က္ကို ကိုယ္တိုင္ ယုံၾကည္သင့္တယ္။ သူကိုယ္တိုင္ျမင္ေနရတဲ့ အရာေတြကိုပဲ ယုံၾကည္ေပးရမယ္။
ၿပီးေတာ့ ဒီေကာင္ေလးက ခံစားခ်က္ကိုေတာင္ ေကာင္းေကာင္း ဖုံးကြယ္တတ္တာမဟုတ္ဘူး။ သူ႔ရဲ႕မ်က္ႏွာေပၚမွာ အကုန္လုံး ေပၚလြင္ေနတာ။ ဒီလိုေကာင္ေလးကိုမွ မယုံၾကည္ႏိုင္ရင္ ေလာကႀကီးမွာ ဘယ္သူ႔ကိုမ်ား ယုံၾကည္ေပးႏိုင္ဦးမွာလဲ။
တစ္ခုပဲ၊ သူမေက်နပ္တာက ႐ႊယ္ယို႔ရွန္း သူ႔အေပၚမွာ တစ္ခုခု ဖုံးကြယ္ထားတယ္။ အဲ့ေတာ့ ဒီအခြင့္အေရးကို အသုံးခ်ၿပီး ကိစၥေတြကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ လုပ္ရမယ္။
သူက သူ႔ရဲ႕စိတ္ကို ေသေသခ်ာခ်ာ မေဖာ္ျပတတ္ေတာ့ ႐ႊယ္ယို႔ရွန္း နားလည္မႈလြဲသြားတာထင္တယ္..? ညင္ညင္သာသာေလး ျပန္ေမးလိုက္ရင္ ေကာင္းမလား..?
“ခင္ဗ်ားရဲ႕အေၾကာင္းတင္မကဘူး.. တစ္ကမာၻလုံးက ကိစၥေတြအားလုံးကို ကြၽန္ေတာ္သိတယ္..” ႐ႊယ္ယို႔ရွန္းက အသက္ျပင္းျပင္းရႉလိုက္ၿပီး ေခါင္းကိုေမာ့ကာ ေျပာလိုက္တယ္။ သူ႔ရဲ႕ မ်က္ႏွာေပၚမွာေတာ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အမူအရာမ်ိဳး ေပၚလြင္ေစလိုက္တယ္။
အေကာင္းဆုံး လိမ္လည္မႈႀကီးလုပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီ..!
ဒီကမာၻကို ဖန္တီးခဲ့သူအေနနဲ႔ လူတိုင္းမသိႏိုင္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတာ္ေတာ္မ်ားမ်ား သူ သိထားတယ္။ ေနာက္တစ္ေခါက္လည္း သူ႔ကိုယ္သူေဖာ္ျပမိတဲ့ အမွားမ်ိဳး ထပ္မလုပ္ေတာ့ပါဘူးလို႔ အာမ,မခံႏိုင္ဘူးေလ။ အဲ့တာေၾကာင့္ သူ႔ရဲ႕ အျပဳအမူနဲ႔ ပက္သက္ၿပီး သင့္ေတာ္တဲ့ ေျဖရွင္းခ်က္တစ္ခု ႀကိဳရွာထားမွျဖစ္မယ္။ ဒီလိုဆို တစ္ခါတည္းနဲ႔ ျပႆနာအားလုံး ေျဖရွင္းၿပီးသား ျဖစ္သြားလိမ့္မယ္။ အနာဂတ္မွာ ဒီလိုအေျခအေနမ်ိဳး ထပ္ျဖစ္ခဲ့ရင္ေတာင္ ေၾကာက္စရာမလိုေတာ့ဘူး။
“အင္း…?”
႐ႊယ္ယို႔ရွန္းရဲ႕ ရႈပ္ေထြးဆန္းၾကယ္ေနတဲ့ အမူအယာက သူ႔ရဲ႕ အာ႐ုံကို ဖမ္းစားသြားေတာ့ ရင္းဆုယဲ့လည္း ႐ႊယ္ယို႔ရွန္းကို ဆက္ရွင္းျပခြင့္ေပးဖို႔ ဆုံးျဖတ္လိုက္တယ္။
“ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ‘ေရွ႕ျဖစ္ေဟာသူ’ ျဖစ္ေနလို႔ပဲ..”
႐ႊယ္ယို႔ရွန္းက မျဖစ္မေနမို႔သာ ေျပာလိုက္ရတဲ့ ဟန္ပန္မ်ိဳးနဲ႔ သူ႔ရဲ႕လုပ္ဇာတ္ကို ယုံၾကည္ခ်က္ရွိရွိ ခ်ျပလိုက္တယ္။ စိတ္ထဲမွာေတာ့ စာမူၾကမ္းေတြကို ျပန္စဥ္းစားရင္း သူ႔ကိုယ္သူ ယုံၾကည္ခ်က္ရွိေအာင္ ႀကိဳးစားေနရေလၿပီ။
သို႔ေသာ္ျငား သူ႔ကို ဘယ္သူကမ်ား ေသးေကြးႏုနယ္တဲ့ အသြင္အျပင္မ်ိဳး ရွိခိုင္းလို႔လဲ..? အခုေတာ့ ခ်စ္စရာေကာင္းတဲ့ အမူအရာမ်ိဳး ျဖစ္ေနေတာ့တယ္။
႐ႊယ္ယို႔ရွန္းက ဝတၳဳစေရးကတည္းက အဓိကဇာတ္လိုက္ကို ကူညီႏိုင္ဖို႔အတြက္ ‘ေရွ႕ျဖစ္ေဟာသူ’ ေကာင္မေလးတစ္ေယာက္ကို ထည့္သြင္းဖို႔ တမင္စီစဥ္ထားခဲ့ျခင္း ျဖစ္တယ္။ အဓိကဇာတ္လိုက္ကို အလွေလးေတြနဲ႔ ပိုမိုသိကြၽမ္းလာေအာင္ အခြင့္အေရးေတြ ေပးၿပီး အေနာက္ေဆာင္အင္အားကို ျပႏိုင္မယ့္ အလန္းစားဇာတ္ကြက္အျဖစ္ ရည္႐ြယ္ထားခဲ့တယ္။
ဒါေပမဲ့ စိတ္မေကာင္းစရာပဲ။ ဇာတ္ေၾကာင္းထဲက ‘ေရွ႕ျဖစ္ေဟာသူ’ အလွေလးက လက္ရွိအခ်ိန္မွာ ေပၚမလာႏိုင္ေသးေတာ့ ဒီဂုဏ္ပုဒ္ကို သူ႔အတြက္ အရင္ယူသုံးထားရမယ္..!
“အဲ့တာေၾကာင့္ ခင္ဗ်ားရဲ႕အေၾကာင္းကို သိႏိုင္ဖို႔ဆိုတာ ကြၽန္ေတာ့္အတြက္ မခက္ခဲပါဘူး.. ဒီကိစၥနဲ႔ပက္သက္ၿပီး စိတ္ထဲမထားနဲ႔ေတာ့..”
အေတာ္ၾကာေတြးေတာၿပီးေနာက္ ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ကို အတိုခ်ဳပ္ရွင္းျပလိုက္တယ္။ သူ႔ရဲ႕ အားနည္းခ်က္ျဖစ္တဲ့ အရပ္ပုတာနဲ႔ အားနည္းေနတာေၾကာင့္သာ မဟုတ္ဘူးဆိုရင္ ရင္းဆုယဲ့ရဲ႕ ပခုံးေပၚ လက္တင္ၿပီး သူတို႔ၾကားက စိမ္းသက္ေနတဲ့ အကြာအေဝးကို ပိုမိုနီးကပ္သြားရေအာင္ ေဘာ္ဒါေတြလို ျပဳမူလိုက္ၿပီးၿပီ။
ရင္းဆုယဲ့ရဲ႕ အရွိန္အဝါကို မေက်ာ္ႏိုင္ရင္ေတာင္ အရမ္းအားနည္းမေနရင္ အဆင္ေျပတယ္။ သူ႔ရဲ႕ ဒီအားနည္းခ်က္ေတြက အ႐ြယ္ေရာက္လာရင္ ေပ်ာက္ကြယ္သြားမွာဆိုေတာ့ အားနည္းခ်က္လို႔ေတာင္ ေျပာမရပါဘူးေလ..!
…………………………………….