ဘုရင့် သည်းဦးပန်
အပိုင်း(6)
"သည်း ဆိုင်ထဲဝင်တော့မယ်နော် နောက်ကျနေပြီ "
စကားတစ်ခွန်းမျှပြန်လည်တုန့်ပြန်ခြင်းမရှိဘဲ သူမ၏ မျက်နှာကိုသာ စိုက်ကြည့်နေသော လိုင်းယ(န်)ကြောင့်အနေခက်လာတာတော့အမှန်ပဲ။
သည်းသည် လိုင်းယ(န်)ကို လက်ပြနှုတ်ဆက်ရင်း ဆိုင်ထဲသို့ဝင်သွားခဲ့ပေမဲ့ သူကတော့ ထိုနေရာ၌သာ ဘာတွေတွေးနေသည်မသိ ငိုင်ငိုင်ကြီးရပ်နေသဖြင့်သည်းလည်း ကျောပိုးအိတ်ကလေးကို ဆိုင်ထဲမှာချထားခဲ့ပြီး ဆိုင်တံခါးကနေထွက်လာကာ
"ကိုကို!"
လှမ်းအော်လိုက်သည့် သည်းအသံစူးစူးကြောင့် လိုင်းယ(န်)အသိကပ်သွားကာ သည်းကိုလှည့်ကြည့်လိုက်လျှင်
"ညနေ ၆နာရီ သည်းကို လာကြိုလို့ရတယ်နော် ကိုကို ဆန္ဒရှိရင်ပေါ့ !"
ဆို၍ တုတ်ထိုးချိုချဉ် တစ်လုံးပစ်ပေးလိုက်ရာ
လိုင်းယ(န်)မိအောင်လှမ်းဖမ်းလိုက်သည်။
သည်းဆိုင်ထဲပြန်ဝင်သွားမှ လိုင်းယ(န်) ချိုချဉ်ကိုကြည့်ပြီး
"ဟက်....ချိုချဉ်ပေးပြီးလာကြိုခိုင်းရအောင် ငါက ကလေးလား "
×××××××××××××××××××××××××
"လိုင်းယ(န်)! လိုင်းယ(န်) ဘယ်ရောက်နေပြန်တာလဲ"
ခရစ် လိုင်းယ(န်)ကို စံအိမ်ဒုတိယထပ်တစ်ခုလုံးနှံ့နေအောင်ရှာသော်လည်း မတွေ့။
"မစ္စဆွေ !"
ခရစ်က ရှာမတွေ့တဲ့အဆုံး အိမ်တော်ထိန်းမစ္စဆွေကြည် ကိုသာလှမ်းခေါ်ရတော့သည်။
အသက်၅၀အရွယ်ဒေါ်ဆွေကြည် သည် ခရစ်အော်ခေါ်လိုက်သည်ကိုကြားသဖြင့်
"အန်တီဒီမှာ ခရစ် ဘာလိုချင်လို့လဲ "
မြေညီထပ်ကနေ အပေါ်သို့မော့ကြည့်လိုက်သည့်အခါ ခရစ်က အောက်ဆင်းလာလေပြီ။
"မစ္စဆွေလိုင်းယ(န်)ကိုတွေ့သေးလား မနက်စောစောစီးစီးဘယ်ပျောက်သွားမှန်းမသိဘူး"
"သခင်လား မနက်ကပဲသွားစရာရှိတယ်ဆိုပြီး ထွက်သွားတယ် "
"........."
"ဘာလဲ ငါဒီမှာ ခရစ် "
လိုင်းယ(န်) ဧည့်ခန်းက ကြီးကျယ်ခမ်းနားလှတဲ့ ဆိုဖာကြီးမှာထိုင်ရင်း ပြောလိုက်သည်။
"ဟင်....ဘယ်ကပြန်လာတာလဲ"
ခရစ်က လိုင်းယ(န်)အနားသို့လျောက်လာ၏။
"ဒီလိုပဲ သွားစရာရှိလို့ မင်းကဘာလို့ငါ့ကိုရှာနေတာလဲ"
"စကားလက် ပြန်လာတော့မယ်တဲ့ !"
လိုင်းယ(န်)သည် ဘေးနားကမတ်တပ်ရပ်နေသော ခရစ်ကို ဇက်ကနဲမော့ကြည့်လိုက်သည်။
"ဟုတ်တယ် သူနဲ့ချုပ်ထားတဲ့ USAကကုမ္ပဏီနဲ့က စာချုပ်က နှစ်ပြည့်သွားပြီ မနေ့ကပဲLiveမှာပြောသွားတယ် သူမြန်မာကိုပြန်လာမယ်တဲ့"
လိုင်းယ(န်)ဟာ ခေါင်းရှုပ်သွားသည့်အလား နားထင်သို့လက်ထောက်လိုက်ပြီး
"ဘယ်လောက်ကျန်သေးတယ် "
"သိပ်မကျန်တော့ဘူး အများဆုံး၁လပေါ့ "
ခဏတာတိတ်ဆိတ်သွား၍ ခရစ်လည်း လိုင်းယ(န်)ရဲ့ရှေ့က ဆိုဖာအိအိကြီးမှာထိုင်လိုက်သည်။
"အဲ့ဒီအကြောင်းနောက်မှစဉ်းစားတာပေါ့ ညနေ ငါ့အတွက်ကားတစ်စီးစီစဉ်ပေး"
"ဘယ်သွားဖို့လဲ မင်းကဘယ်နေရာနေနေ ကားမလိုပဲသွားနိုင်တာပဲ "
"လိုလို့ပေါ့ကွာ ငါ့အတွက်မဟုတ်လည်း သူ့အတွက် !"
လိုင်းယ(န်)ထိုင်နေရာကနေ ထထွက်သွားလျှင်
"အလုပ်ကိုရှုပ်တယ် "
ခရစ်က နှာခေါင်းရှုံ့ကာ ခပ်တိုးတိုးပြောလိုက်ပေမယ့် ကြားသွားသည့် လိုင်းယ(န်)သည် ပြန်လှည့်လာ၍
"လစာ ဖြတ်လိုက်ရမလား "
ခရစ်က သွားစိပြရင်း
"မလိုပါဘူး အလှဆုံးကားလေး အခုချင်ချင်း ထပ်ဝယ်လိုက်မယ် "
"အဟွန့် !"
လိုင်းယ(န်)လှေကားထစ်တွေတစ်ထစ်ချင်းတက်သွားသည့်အခါမှခရစ်လက်ထဲက Tabletနဲ့ပေါက်ကို လှမ်းရွယ်လိုက်သည်။
ကုမ္ပဏီမှာအကြောင်းကိစ္စတစ်ခုခုရှိလို့ ကားလေးနဲ့သွားပါဆိုရင်တောင် သူများမောင်းတာပဲထိုင်စီးတဲ့လူက အခုမှသူ့အတွက်ကားတစ်စီးတဲ့။
×××××××××××××××××××××××××
"သည်းဦးပန် ဒီနေ့ တစ်နေကုန် ရွှင်မြူးနေတာပါလား အခုထိ မမောသေးဘူး ကြည့်စမ်း "
ညနေသာရောက်လာခဲ့သည် အခုထိ စာအုပ်အဟောင်းတွေရှင်းပေးနေတာ မမောနိုင်မပန်းနိုင်။
"ဟင်း ဟင်း ဟင်း မမောပါဘူး မနက်ကပဲ သည်းကိုအားအင်တွေအပြည့်ပေးသွားတယ် အဟိ !"
ဆိုင်ရှင်ဒေါ်ချို သည်းအနားမှာမတ်တပ်လာရပ်ပြီး
"မနက်ကမြင်လိုက်ပါတယ်တော်....ညည်းရည်းစားလား မင်းသားကျလို့ ခန့်ချောကြီးပဲ"
"မဟုတ်သေးပါဘူး ဟင်း ဟင်း "
"အေးပေါ့အေ လူငယ်တွေပဲ ဟုတ်နေကြရော! ပြန်မှာဆိုလည်း သွား သွား ၆နာရီထိုးတော့မယ်"
သည်းသည် ခေါင်းပေါ်က တိုင်ကပ်နာရီကိုမော့ကြည့်၍ ဆိုင်ရှေ့သို့လည်း မျှော်ကြည့်လိုက်မိပါသည်။
ဟူး ဘာကိုမျှော်နေမိပါလိမ့်
သူကဘာလို့ငါ့ကိုလာကြိုရမှာလဲ မနက်က ငါပြောတာတောင်သူကြားရဲ့လား မသိပဲ။
"ဟဲ့ သည်းဦးပန် ဘာတွေငေးနေတာလဲ ဒီနေ့ ငါသွားစရာရှိလို့ ပြန်ခိုင်းတာ "
"သြော် sorry sorry အန်တီချို သည်း စိတ်နဲ့လူနဲ့မကပ်တော့လို့ "
"ညည်းလည်း အခုပဲ ပျော် အခုပဲ ဝမ်းနည်းနော် သွား သွား တံခါးတွေ မပိတ်နဲ့ ဧည့်သည်လာခေါ်ဦးမှာ ငါ့ကို "
"ဟုတ်ကဲ့ အဲ့တာဆို သည်းသွားတော့မယ်နော် "
သည်းက ကျောပိုးအိတ်လေးလွယ်ကာ ဆိုင်ထဲကထွက်ထွက်ချင်း ညာဘက်သို့ တစ်လှည့် ဘယ်ဘက်သို့တစ်လှည့် သူ့ကိုရှာနေပါသေး၏။
"ဟင်း!!"
မသိစိတ်ကနေ သူ့ကိုပဲတွေ့ချင်နေသည်။
မတွေ့သည့်အဆုံး Busကားမှတ်တိုင်သို့လမ်းလျှောက်ရင်း ကျောပိုးအိတ်ထဲက ဒုတ်ထိုးချိုချဉ်တစ်လုံး ဖောက်ပြီး ပါးစပ်ထဲငုံလိုက်သည်။
"ဟွန်း ဟွန်း မနက်က ချိုချဉ် သူကြိုက်လားမသိဘူး "
ချိုချဉ်စုပ်ရင်း ရယ်ကာ တစ်ယောက်တည်းစကားပြောနေပြန်တဲ့သူမကို လမ်းပေါ်ကနေ ကားတစ်စီးနှင့်လိုက်ချောင်းနေသူရှိတာ သူမ မသိ။
"ဒီကောင်မလေးကတော့!"
တီ.........!
ဟွန်းတီးလိုက်သဖြင့်
"အမေ့!"
သည်း ရင်ဘက်လေးဖိကာ နောက်လှည့်ကြည်
လိုက်လျှင်ကားမှန်ချထား၍ မြင်လိုက်ရသည့် သူ့မျက်နှာချောချော။
"ကိုကို!"
အနက်ရောင်ကားအကောင်းစားကြီးက အသစ်မှန်းသိသာချက်။ ကားကိုတစ်လှည့် ကားထဲကလူကိုတစ်လှည့် တအံ့တသြကြည့်နေပြန်တော့
"ဘာလုပ်နေတာလဲ လာလေ... ငါ့ကို ကားတံခါးပါဖွင့်ပေးစေချင်သေးတာလား"
လိုင်းယ(န်) လေသံခပ်မာမာဖြင့်ပြောလိုက်ရာ
"ဟင်...ဟင့်အင်း မဟုတ်ပါဘူး မဟုတ်ပါဘူး လာပြီ လာပြီ သည်းကိုလာခေါ်တယ်ဆိုတာသိမှမသိပဲ"
သည်းက ကားဆီသို့ပြေးလာပြီး အထဲဝင်ထိုင်ကာ
"ဟင်း ဟင်း ကိုကို သည်းကိုလာကြိုမယ်လို့ထင်တောင်မထားဘူး "
ချိုချဉ်ကို ပါးစောင်းမှာကပ်ထား၍ ခါးပတ်ကြိုးတပ်ရင်း ပြောလိုက်သည်။
"ဘယ်သူကမင်းကိုလာကြိုတယ်ပြောလဲ လမ်းကြုံလို့ လိုက်ပို့ပေးမလို့ "
"သြော် မနက်ကလည်း လမ်းကြုံတာ အခုလည်းလမ်းကြုံတာ ယုံချင်စရာကြီး"
လိုင်းယ(န်)ကားမောင်းရင်း သူ့ကို ပြောင်သလိုနောက်သလို ပြောနေပြန်တဲ့ ဒီကောင်မလေးကြောင့်
"မယုံလည်း ဘယ်တက်နိုင်မလဲ ငါလည်းမရှင်းပြနိုင်ဘူး "
"ဟုတ်ပါပြီ ဟုတ်ပါပြီ သည်းလည်းမရှင်းပြခိုင်းပါဘူး "
တစ်ခွန်းမကျန် လိုက်ပြောနေသဖြင့် လိုင်းယ(န်)ဆက်ပြီးစကားနိုင်မလုနိုင်တော့ပေ။
မီးပွိုင့်မီးနီမိသောအခါ ခေတ္တကားရပ်လိုက်ရပေမယ့် ၂ယောက်လုံးငြိမ်နေသဖြင့် တိတ်ဆိတ်လှစွာ။ သူမကပဲ လက်သွက်ခြေသွက် ဒတ်ရ်ဘုတ်က ခလုပ်တစ်ခုကိုနှိပ်လိုက်ကာ
"ပျင်းစရာကြီး သီချင်းလေးဘာလေးဖွင့်မှပေါ့ "
Mandalay FM ကသီချင်းတွေလာနေတာနဲ့ တိုက်ဆိုင်၏။
"ပုရိတ်သတ်တွေတောင်းဆိုထားတဲ့ သီချင်းကောင်းကောင်းလေးတွေကိုဖွင့်ပြနေတာဖြစ်ပါတယ် ဒီတစ်ခါမှာတော့ ဟေမာနေဝင်းသီဆိုထားတဲ့ ယုံလား ဆိုတဲ့သီချင်းလေးကို ဖွင့်ပြပေးလိုက်ပါတယ်နော် !"
သည်းက လိုင်းယ(န်)အားပြုံးပြကာ အသံအနည်းငယ်ချဲ့လိုက်ပြီး
"ကိုကို သေချာနားထောင်နော် !"
ဆို၍ ပါးစပ်ထဲကငုံထားတဲ့ချိုချဉ်ကို ကားဒတ်ရ်ဘုတ်ပေါက်ကတစ်ရှူးနှင့်လိပ်ကာ သူမလွယ်အိတ်ထဲထည့်လိုက်သည်။ လိုင်းယ(န်) သူမစကားကို မကြားဟန်ပြု၍ မီးစိမ်းသည်နှင့် ကားစတင်ထွက်ခွာလိုက်သည်။
🎼🎼🎙️
🎼ယုံလား....ယုံရင် ပြောပြဖို့ စိတ်ကူးပြီးသားကွယ်🎼
🎼ယုံလား....မယုံရင် နှုတ်ဆိတ်လို့ပိတ်ထားပါမယ်🎼
သီချင်းစကတည်းက လိုက်ဆိုနေတဲ့ သူမအသံက နားထောင်ရအခက်ကြီးတော့မဟုတ်ပေ ။
🎼ယုံလား.....ယုံရင် ရှေ့ဆက်ဖို့မျှော်လင့်ချက်ရှိတယ်🎼
🎼မယုံရင်တော့ အိပ်မက်ကလေးများ ပြိုကွဲသွားနိုင်တယ်🎼
သည်း ကိုကို့ဘက်သို့ အနည်းငယ်ငှဲ့စောင်းလိုက်ပြီး
🎼ကိုကိုရေ သိပ်ချစ်တယ် 🎼
ရုတ်တရက်သီချင်းသံနှင့်အတူသူမပါလိုက်ဆိုနေတာကြောင့် လိုင်းယ(န်) ကားမောင်းနေရင်း သူမကိုလည်းလှည့်မကြည့်နိုင် သီချင်းကိုလည်း မပိတ်ပစ်ရက်။
🎼အစွဲကြီးစွဲမိပြီရှင်.....ဟေမာနေဝင်းသီချင်းလေးထဲက အရဲစွံ့ပြောပြပါရစေ🎼
🎼ကိုကိုရေ သိပ်ချစ်တယ် 🎼
🎼အစွဲကြီးစွဲမိပြီရှင်.....#အသည်း ဆိုတဲ့သီချင်းလေးထဲက အရဲစွံ့ပြောပြပါရစေ🎼
နောက်တစ်ကြိမ်မှာ နာမည်နေရာ၌ သူမနာမည်သူမ အသည်းလို့ထည့်ဆိုသွားသဖြင့် လိုင်းယ(န်) ပြုံးချင်ပေမဲ့ မြိုသိပ်ထားရသည်။
သည်းသည် ကိုကို့ကိုကြည့်ကာ တည်လွန်းတဲ့သူ့မျက်နှာကြောင့် အရမ်းစချင်မိပြန်သည်။
🎼ယုံလား......ကိုကို ပြုံးတတ်တဲ့လှောင်ပြုံးလေးကြောက်တယ်🎼
🎼ယုံလား......ကိုကို စိမ်းကားမလား သိပ်စိုးရိမ်တယ်🎼
🎼ယုံလား.....ကိုကိုကလွဲလို့ ဘယ်သူ့မှမချစ်နိုင်🎼
🎼ယုံရဲ့လား....ကိုကို မုန်းလို့သေဆုံးသွားနိုင်တယ်🎼
🎼ကိုကိုရေ သိပ်ချစ်တယ်🎼
🎼အစွဲကြီးစွဲမိပြီရှင် ဟေမာနေဝင်းသီချင်းသီချင်းလေးထဲက အရဲစွံ့ပြောပြပါရစေ🎼
🎼ကိုကိုရေ သိပ်ချစ်တယ်🎼
🎼အစွဲကြီးစွဲမိပြီရင် #အသည်း ဆိုတဲ့သီချင်းလေးထဲက အရဲစွံ့ပြောပြပါရစေ🎼
လိုင်းယ(န်)မအောင့်နိုင်တော့ပဲ နှုတ်ခမ်းတွေကွေးညွတ်ပြုံးမိလိုက်ကာ သူမမမြင်အောင် ကားမှန်ဘက်သို့ ချက်ချင်းလှည့်ပစ်လိုက်သည်။
🎼ယုံစေချင်တယ် သိလား🎼
🎼ကိုကိုရေ ယုံရဲ့လား🎼
🎼နှလုံးသားနုနုက ရီဝေဝေအချစ်လေးများနဲ့🎼
လိုင်းယ(န်) အောက်နှုတ်ခမ်းကိုကိုက်လိုက်ကာ
ဒီကောင်မလေးကတော့ကွာ။
🎼ယုံစေချင်တယ် သိလား🎼
🎼 ယုံရဲ့လား🎼
🎼နှလုံးသားနုနုက မူးယစ်လို့ အချစ်စိတ်တက်နေ🎼
🎼ကိုကိုရေ သိပ်ချစ်တယ်🎼
🎼အစွဲကြီးစွဲမိပြီရှင် ဟေမာနေဝင်းသချင်းလေးထဲက အရဲစွံ့ပြောပြပါရစေ🎼
🎼ကိုကိုရေ သိပ်ချစ်တယ်🎼
🎼အစွဲကြီးစွဲမိပြီရှင် #အသည်း ဆိုတဲ့သီချင်းလေးထဲကနေ...ယုံကြည်အောင်ပြောပြချင်တယ်🎼
သီချင်းပြီးသွားသည့်အခါသူမက လိုင်းယ(န်)အနားသို့တိုးကပ်ကာ
"သည်း သီချင်းဆိုတာ ကောင်းလား"
"အဟင်း! မင်း နော် မင်း !"
"သည်းကို လိုက်ပို့တဲ့အတွက် ဆိုပြတာပါနော် ရှေ့နားလေးဆို ရပ်လိုက်တေ့ာ အ်ိမ်ရှေ့ထိကားနဲ့ပြန်လာရင် အန်တီသက်နဲ့ စကားများနေရဦးမယ် မေးနေရင်မဖြေချင်ဘူး"
ပြောလည်းပြော ခါးပတ်ကြိုးဖြုတ်ကာ လွယ်အိတ်လေးပြန်လွယ်ထားလိုက်ပြီး ဆင်းဖို့အသင့်ပြင်လေသည်။ လိုင်းယ(န်)သူမတို့အိမ်လမ်းကြားထဲမဝင်ခင် ထောင့်မှာ ရပ်ဖို့ ဘရိတ်အုပ်လိုက်သည်နှင့်
ဒုတ်!
ဘုတ်
"အမလေး..."
ကားဘီးရှေ့က ကျောက်ခဲကိုဝင်တိုက်မိသည်ထင်ပါရဲ့။ သူမနှဖူးနဲ့ကားဒတ်ရ်ှဘုတ်နှင့်စောင့်မိကာ
"နာသွားလား ပြစမ်း ဒီကို !"
လိုင်းယ(န်) သူမခေါင်းလေးကို လှမ်းကိုင်လိုက်၍ နှဖူးသို့သေချာကြည့်ရင်း
"တော်သေးတာပေါ့ ဘာမှမဖြစ်လို့ ဘာလို့ ကားမရပ်သေးဘဲ ခါးပတ်ဖြုတ်ရတာလဲ !"
သူမတစ်ခုခုဖြစ်တိုင်း အရင်ဆုံးသူမကို ဆူမိတဲ့ လိုင်းယ(န်) သူ့ကိုယ်သူလည်း သတိထားမိဟန်မတူ။ သည်းက နှုတ်ခမ်းလေးစူကာ မျက်လုံးလေးလှန်ကြည့်လာတော့
"နာလို့လား"
"ကိုကိုက ဆူတာကိုး သည်းလည်းဘယ်သိမလဲ တိုက်မိမယ်လို့ "
မဲ့တဲ့တဲ့အသည်းယားစရာမျက်နှာလေးနဲ့ ဒီကောင်မလေးက တကယ့်အချွဲလေးပဲ။
မျက်လုံးပြာပြာတွေနဲ့စိုက်ကြည့်နေပြန်တဲ့ ကိုကို့ကြောင့် သည်းဟာ အောက်နှုတ်ခမ်းလေးကို ကိုက်ပြီး မျက်စောင်းတစ်ချက်နှင့် သူ့ခေါင်းကိုလွှတ်ဖို့ ရုန်းပေးမဲ့ လွတ်မသွားဘဲ ချိုချဉ်စုပ်ထားတဲ့သူမနှုတ်ခမ်းက စတော်ဘယ်ရီနံ့သင်းသင်းလေးနှင့် ခုနက ကိုက်လိုက်သဖြင့်စိုရဲသွားတဲ့နှုတ်ခမ်းလေးကြောင့် လိုင်းယ(န်)တံတွေးမြိုချကာ တဖြည်းဖြည်းငုံ့ဆင်းလာတဲ့ ကိုကို့မျက်နှာက ဘာလုပ်တော့မလဲဆိုတာ သည်း ကြိုသိနေသဖြင့် မျက်လုံးတွေကိုအတင်းမှိတ်ချပစ်လိုက်ပြီး ရင်ထဲကနှလုံးသားကလည်း တဒုတ်ဒုတ်ခုန်နေတာ အပြင်ပင်ထွက်လာတော့မည့်အတိုင်း။
လိုင်းယ(န်)သူနှုတ်ခမ်းတွေကို ထိဖို့ကြိုးစားရင်း အသိစိတ်ပြန်ဝင်လာကာ သူမခေါင်းကိုထိန်းကိုင်ထားတဲ့လက်တွေဖယ်ပေးလိုက်ပြီး မျက်လုံးတွေအတင်းမှိတ်ထားတဲ့သူမကို
"Sorry ကိုယ် မလုပ်သင့်ဘူး "
ထိုအခါမှ သူမက မျက်လုံးဝိုင်းလေးနဲ့ ပြန်လာကြည့်၍
"သည်း သည်း သွားတော့မယ် "
ကယောင်ကယမ်း ကားထဲကနေ ထွက်ပြေးသွားလေ၏။
"ကျစ်.....ဘာတွေလုပ်မိပြန်တာလဲ တော်သေးတာပေါ့ သတိရလို့ !"
လိုင်းယ(န်)ဆံပင်တွေကို သပ်တင်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်လျှင် ကားရဲ့တစ်ဖက်ကနေပြန်လှည့်လာတဲ့သူမက
"ယုံလား.....ကိုကိုရေ သိပ်ချစ်တယ်
သီချင်းဆိုတာနော် ဟင်း ဟင်း ဟင်း "
ခုနကအခြေအနေကိုမကြောက်တာလား လူကိုပြန်လာနောက်သွားသေးတာ
"ဒီကောင်မလေးနဲ့တော့ ခက်နေပြီ..."
×××××××××××××××××××××××××
သည်းသည် အိမ်ပြန်ရောက်ရင် စိတ်ညစ်ရတော့မှာသိပေမဲ့ ကိုကိုနဲ့တွေ့ရတဲ့ အပျော်တွေက မကုန်နိုင်သေး။ အိမ်တံခါးဖွင့်ဝင်လာခဲ့တော့ သူတို့သားအမိ၂ယောက်လုံး ဧည့်ခန်းထဲ၌ရှိကြသည်။ ထူးထူးဆန်းဆန်း ဒီနေ့ သည်းကို ဘာစကားမှမပြောကြ။ မဟုတ်ရင် တစ်ခုခုခိုင်း မဟုတ်ရင် နှိပ်ကွက်တဲ့စကားကစပြောနေကျ။
သည်းလည်း ဗေဒင်ဟောထားသလို ကိုကို့ကြောင့် ဖြစ်မယ်လို့ယူဆလိုက်၍ ကိုယ့်အခန်းကိုယ်လာခဲ့သည့်အခါ အခန်းတံခါးဖွင့်လိုက်တာနဲ့ ရင်ထဲကအပျော်တွေအကုန် မှောက်ကျသကဲ့သို့ ဘာမှမရှိတော့အောင်ပျောက်ရှသွားကာ ဖြစ်ပျက်နေတဲ့ သည်းရဲ့အခန်းဗီရိုထဲကအဝတ်တွေလည်းအကုန် ကြမ်းပြင်မှာ ပွစာကျဲ
သည်းရဲ့ကျောင်းစာအုပ်တွေလည်း ပြန့်ကျဲကာ
သည်းခေါင်းအုံးတွေစောင်တွေ အိပ်ယာကစ ပျက်စီးနေကာ သည်းကပ်ထားတဲ့ Justin Bieberပုံတွေလည်း ၂ခြမ်းပြဲလျှက် သည်း ပါးစပ်မပိတ်နိုင်လောက်အောင်အံ့သြ၏။
သည်းရဲ့ Guiter chordတွေ ဂီတ noteတွေမှတ်ထားသောစာအုပ်တွေနဲ့ အရေးကြီးတဲ့ ပစ္စည်းတွေကို ရှာဖွေကောက်ပြီး ကျောပိုးအိတ်ထဲထည့်လိုက်သည်။ ထို့နောက် အမြဲတမ်းအနိုင်ကျင့်ခံနေရသည့်အတွေးကခေါင်းထဲဝင်လာပြန်ကာ မျက်ရည်လွယ်တဲ့သည်းအတွက် အသင့်စောင့်နေသော မျက်ရည်တွေက ပါးပြင်မှာတဖန်စီးကျလာပြန်သည်။ အင်္ကျီများကိုကောက်သိမ်းရင်း
"ဟင့် ...အင့် ......"
ခံရပါများတော့လည်း သည်းမခံနိုင်စွာ သည်း ချက်ချင်း အောက်ပြန်ဆင်းသွားကာ TVထိုင်ကြည့်နေကြသော သူတို့သားအမိရှေ့မှာပိတ်ရပ်လိုက်ပြီး
"သည်းအခန်းကိုဘယ်သူဖွလိုက်တာလဲ"
ထိုအခါ ဒေဝီကTV ရီမုကို စားပွဲပေါ်ပစ်တင်၍
"ငါ့လက်စွပ်ပျောက်လို့ မေမေနဲ့ငါနဲ့ဝင်ရှာထားတာ ဘာဖြစ်လဲ!"
"သည်းယူတယ်လို့ဆိုလိုချင်တာလဲ"
"မပြောတတ်ဘူးလေ နင်ခိုးချင်လည်းခိုးမှာပေါ့"
"ငါ့ကိုမစော်ကားနဲ့ဒေဝီ! "
"စော်ကားတယ်တဲ့ ဖြစ်ရတယ်ရှိသေး သည်းဦးပန်ရယ် ဒီမှာ နင့်အခန်းကို ငါ့သမီးလက်စွပ်ဝင်ရှာတယ် ဘာဖြစ်သွားလဲ ညည်းကဘာဖြစ်ချင်တာလဲ"
ဒေါ်သက်သခင်ကပါ ဝင်ပြောလာသဖြင့်
"သည်းကို နှိပ်စက်ရုံနဲ့မကျေနပ်လို့လား သည်းသိက္ခာထိပါလိုက် မဖျက်ဆီးသင့်ဘူး ပြီးတော့ လူမရှိတဲ့အခန်းထဲကို ဝင်ရှာတဲ့ အန်တီတို့သားအမိကမှ စည်းကမ်းမရှိတာ "
"ဘာ...ဘာ...ညည်းဘာပြောတယ် "
"ဟုတ်တယ်လေ သည်းမှားလို့လား ရှင်တို့သားအမိ၂ယောက်လုံး ဘာမှမသိတတ်ကြဘူး မူလတန်းကလေးတောင် ပိုင်ရှင်မရှိတုန်းသူများပစ္စည်းမကိုင်ရဘူးဆိုတာသိတယ် "
ဒေါ်သက်သခင် လက်ဖဝါးတစ်ဖက်က လေပေါ်ဝဲလာသဖြင့် သည်းက လှမ်းကိုင်ဖမ်းလိုက်ပြီး
"သည်း ဒါမျိုးတွေထပ်ခံမှာမဟုတ်တော့ဘူး "
"နင်ကများ လေကြီးလေကျယ်နဲ့ "
"သည်း ဒီအိမ်မှာလည်းဆက်မနေဘူး ထွက်သွားမယ် "
"သွားလေ သွားပေါ့ ငါတို့ကတားနေမှာမဟုတ်ဘူး ပြန်လာလို့ကတော့ sorryပဲ"
သည်းလည်း အိမ်ပေါ်သို့တဖန်ပြန်တက်သွား၍
ဘီးဆွဲအိတ်ခပ်သေးသေးထဲသို့ အဝတ်တွေပစ်ထည့်ကာ ပါးပေါ်ကမျက်ရည်တွေကိုလည်း နူးညံ့မှုမရှိသုတ်ပစ်လိုက်ပြီး လွန်းပြည့်ပေးသော ခေါင်းအုံးကို ပိုက်ကာ အိတ်ကိုဆွဲ၍ ခပ်သွက်သွက် အိမ်ပေါ်ကဆင်းလာသဖြင့် ဒေဝီက သူ့အမေအနားသို့ကပ်၍
"မေမေ သူတကယ် သွားတာလား ဘယ်သွားမှာလဲ"
"သူ့သူငယ်ချင်းဆီပေါ့ ဘယ်သူကသူ့ကိုခေါ်ထားမှာမို့လို့လဲ ဟွန့် "
×××××××××××××××××××××××××
လိုင်းယ(န်)အိမ်ပြန်ရောက်လျှင် ရောက်ချင်း
ရင်ဘက်ထဲကနေ ထိုးအောင့်လာကာ ပုံစံပြောင်းချင်လာသဖြင့် ဘယ်သူမှမမြင်ခင်
အိမ်ပေါ်သို့အမြန်ဆုံးပြေးတက်သွား၍ ရွှေတံခါးနှင့်အခန်းထဲသို့ဝင်ကြည့်လိုက်ရာ
အပြာရောင်မီးတောက်တွေကြားကာ နှင်းဆီဖူးသည် အပွင့်အဖြစ်သို့ပြောင်းနေသဖြင့်
လိုင်းယ(န်)စူးအောင့်လာတဲ့ရင်ဘက်ကို ဘယ်လက်ဖြင့်ဖိပြီး ချက်ချင်းပြန်ထွက်လာသည်။
ဒူးတွေညွတ်ခွေယိုင်သွားကာ
သူက...သည်း က ကိုယ့်မိဖုရားအစစ်တဲ့လား... ရက်စက်လိုက်တာ ကျိန်စာရယ် သည်းက ကိုယ့်မိဖုရားတဲ့....
×××××××××××××××××××××××××
သည်းသည် မာနနှင့်သာ ထိုအိမ်ကထွက်ခဲ့သည်။ မှောင်နေသော အခုလို ၈နာရီဆိုတဲ့ညမှာ ဘယ်ကိုသွားလို့ရမယ်မသိ။ လွန်းပြည့်လည်း ရွာကနေပြန်မလာသေး။ သည်းအားကိုးစရာလွန်းပြည့်သာရှိသည်မဟုတ်လား။
ကိုကို ဆိုတာ သည်းပိုင်ဆိုင်တဲ့သူမှမဟုတ်တာ
ဆုတောင်းတာကတော့ မနက်ကပြောသလို ကိုကို လာခေါ်ဖို့ပဲ။
သည်းသည် Busကားမှတ်တိုင်မှာ တအင့် အင့်ရှိုက်ငိုရင်း ဘာကိုစောင့်လို့ စောင့်နေမိသည်မသိ။
ကားမှတ်တိုင်မှာ ကားတွေသာ တစ်စီးပြီးတစ်စီး ပြောင်းသွားသည်။ သွားစရာလမ်းမရှိတဲ့သည်းမှာတော့ ထိုနေရာ၌သာ ခပ်ကုပ်ကုပ်ထိုင်ငိုနေမိရင်း...
"ဘာလို့ ဒီမှာငိုနေပြန်တာလဲ !"
ခပ်ရှရှဒီအသံက သဲကန္တာရမှာ အိုအေစစ်လေးရှာတွေ့သလိုပါပဲ။ သည်းသည် ခေါင်းအုံးလေးကိုပိုက်ထားရာကနေမော့ကြည့်ပြီး
"ကိုကို!"
"ယုံလား.... ကိုယ်မင်းကိုလာခေါ်တာ!"
××××××××××××××××××××××××××××××
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(7)ဆက်ရန်
Zawgyi Version
ဘုရင့္ သည္းဦးပန္
အပိုင္း(6)
"သည္း ဆိုင္ထဲဝင္ေတာ့မယ္ေနာ္ ေနာက္က်ေနၿပီ "
စကားတစ္ခြန္းမွ်ျပန္လည္တုန့္ျပန္ျခင္းမရွိဘဲ သူမ၏ မ်က္ႏွာကိုသာ စိုက္ၾကည့္ေနေသာ လိုင္းယ(န္)ေၾကာင့္အေနခက္လာတာေတာ့အမွန္ပဲ။
သည္းသည္ လိုင္းယ(န္)ကို လက္ျပႏႈတ္ဆက္ရင္း ဆိုင္ထဲသို႔ဝင္သြားခဲ့ေပမဲ့ သူကေတာ့ ထိုေနရာ၌သာ ဘာေတြေတြးေနသည္မသိ ငိုင္ငိုင္ႀကီးရပ္ေနသျဖင့္သည္းလည္း ေက်ာပိုးအိတ္ကေလးကို ဆိုင္ထဲမွာခ်ထားခဲ့ၿပီး ဆိုင္တံခါးကေနထြက္လာကာ
"ကိုကို!"
လွမ္းေအာ္လိုက္သည့္ သည္းအသံစူးစူးေၾကာင့္ လိုင္းယ(န္)အသိကပ္သြားကာ သည္းကိုလွည့္ၾကည့္လိုက္လွ်င္
"ညေန ၆နာရီ သည္းကို လာႀကိဳလို႔ရတယ္ေနာ္ ကိုကို ဆႏၵရွိရင္ေပါ့ !"
ဆို၍ တုတ္ထိုးခ်ိဳခ်ဥ္ တစ္လုံးပစ္ေပးလိုက္ရာ
လိုင္းယ(န္)မိေအာင္လွမ္းဖမ္းလိုက္သည္။
သည္းဆိုင္ထဲျပန္ဝင္သြားမွ လိုင္းယ(န္) ခ်ိဳခ်ဥ္ကိုၾကည့္ၿပီး
"ဟက္....ခ်ိဳခ်ဥ္ေပးၿပီးလာႀကိဳခိုင္းရေအာင္ ငါက ကေလးလား "
"လိုင္းယ(န္)! လိုင္းယ(န္) ဘယ္ေရာက္ေနျပန္တာလဲ"
ခရစ္ လိုင္းယ(န္)ကို စံအိမ္ဒုတိယထပ္တစ္ခုလုံးႏွံ႕ေနေအာင္ရွာေသာ္လည္း မေတြ႕။
"မစၥေဆြ !"
ခရစ္က ရွာမေတြ႕တဲ့အဆုံး အိမ္ေတာ္ထိန္းမစၥေဆြၾကည္ ကိုသာလွမ္းေခၚရေတာ့သည္။
အသက္၅၀အ႐ြယ္ေဒၚေဆြၾကည္ သည္ ခရစ္ေအာ္ေခၚလိုက္သည္ကိုၾကားသျဖင့္
"အန္တီဒီမွာ ခရစ္ ဘာလိုခ်င္လို႔လဲ "
ေျမညီထပ္ကေန အေပၚသို႔ေမာ့ၾကည့္လိုက္သည့္အခါ ခရစ္က ေအာက္ဆင္းလာေလၿပီ။
"မစၥေဆြလိုင္းယ(န္)ကိုေတြ႕ေသးလား မနက္ေစာေစာစီးစီးဘယ္ေပ်ာက္သြားမွန္းမသိဘူး"
"သခင္လား မနက္ကပဲသြားစရာရွိတယ္ဆိုၿပီး ထြက္သြားတယ္ "
"........."
"ဘာလဲ ငါဒီမွာ ခရစ္ "
လိုင္းယ(န္) ဧည့္ခန္းက ႀကီးက်ယ္ခမ္းနားလွတဲ့ ဆိုဖာႀကီးမွာထိုင္ရင္း ေျပာလိုက္သည္။
"ဟင္....ဘယ္ကျပန္လာတာလဲ"
ခရစ္က လိုင္းယ(န္)အနားသို႔ေလ်ာက္လာ၏။
"ဒီလိုပဲ သြားစရာရွိလို႔ မင္းကဘာလို႔ငါ့ကိုရွာေနတာလဲ"
"စကားလက္ ျပန္လာေတာ့မယ္တဲ့ !"
လိုင္းယ(န္)သည္ ေဘးနားကမတ္တပ္ရပ္ေနေသာ ခရစ္ကို ဇက္ကနဲေမာ့ၾကည့္လိုက္သည္။
"ဟုတ္တယ္ သူနဲ႕ခ်ဳပ္ထားတဲ့ USAကကုမၸဏီနဲ႕က စာခ်ဳပ္က ႏွစ္ျပည့္သြားၿပီ မေန႕ကပဲLiveမွာေျပာသြားတယ္ သူျမန္မာကိုျပန္လာမယ္တဲ့"
လိုင္းယ(န္)ဟာ ေခါင္းရႈပ္သြားသည့္အလား နားထင္သို႔လက္ေထာက္လိုက္ၿပီး
"ဘယ္ေလာက္က်န္ေသးတယ္ "
"သိပ္မက်န္ေတာ့ဘူး အမ်ားဆုံး၁လေပါ့ "
ခဏတာတိတ္ဆိတ္သြား၍ ခရစ္လည္း လိုင္းယ(န္)ရဲ႕ေရွ႕က ဆိုဖာအိအိႀကီးမွာထိုင္လိုက္သည္။
"အဲ့ဒီအေၾကာင္းေနာက္မွစဥ္းစားတာေပါ့ ညေန ငါ့အတြက္ကားတစ္စီးစီစဥ္ေပး"
"ဘယ္သြားဖို႔လဲ မင္းကဘယ္ေနရာေနေန ကားမလိုပဲသြားနိုင္တာပဲ "
"လိုလို႔ေပါ့ကြာ ငါ့အတြက္မဟုတ္လည္း သူ႕အတြက္ !"
လိုင္းယ(န္)ထိုင္ေနရာကေန ထထြက္သြားလွ်င္
"အလုပ္ကိုရႈပ္တယ္ "
ခရစ္က ႏွာေခါင္းရႈံ႕ကာ ခပ္တိုးတိုးေျပာလိုက္ေပမယ့္ ၾကားသြားသည့္ လိုင္းယ(န္)သည္ ျပန္လွည့္လာ၍
"လစာ ျဖတ္လိုက္ရမလား "
ခရစ္က သြားစိျပရင္း
"မလိုပါဘူး အလွဆုံးကားေလး အခုခ်င္ခ်င္း ထပ္ဝယ္လိုက္မယ္ "
"အဟြန့္ !"
လိုင္းယ(န္)ေလွကားထစ္ေတြတစ္ထစ္ခ်င္းတက္သြားသည့္အခါမွခရစ္လက္ထဲက Tabletနဲ႕ေပါက္ကို လွမ္း႐ြယ္လိုက္သည္။
ကုမၸဏီမွာအေၾကာင္းကိစၥတစ္ခုခုရွိလို႔ ကားေလးနဲ႕သြားပါဆိုရင္ေတာင္ သူမ်ားေမာင္းတာပဲထိုင္စီးတဲ့လူက အခုမွသူ႕အတြက္ကားတစ္စီးတဲ့။
"သည္းဦးပန္ ဒီေန႕ တစ္ေနကုန္ ႐ႊင္ျမဴးေနတာပါလား အခုထိ မေမာေသးဘူး ၾကည့္စမ္း "
ညေနသာေရာက္လာခဲ့သည္ အခုထိ စာအုပ္အေဟာင္းေတြရွင္းေပးေနတာ မေမာနိုင္မပန္းနိုင္။
"ဟင္း ဟင္း ဟင္း မေမာပါဘူး မနက္ကပဲ သည္းကိုအားအင္ေတြအျပည့္ေပးသြားတယ္ အဟိ !"
ဆိုင္ရွင္ေဒၚခ်ိဳ သည္းအနားမွာမတ္တပ္လာရပ္ၿပီး
"မနက္ကျမင္လိုက္ပါတယ္ေတာ္....ညည္းရည္းစားလား မင္းသားက်လိဳ႕ ခန့္ေခ်ာႀကီးပဲ"
"မဟုတ္ေသးပါဘူး ဟင္း ဟင္း "
"ေအးေပါ့ေအ လူငယ္ေတြပဲ ဟုတ္ေနၾကေရာ! ျပန္မွာဆိုလည္း သြား သြား ၆နာရီထိုးေတာ့မယ္"
သည္းသည္ ေခါင္းေပၚက တိုင္ကပ္နာရီကိုေမာ့ၾကည့္၍ ဆိုင္ေရွ႕သို႔လည္း ေမွ်ာ္ၾကည့္လိုက္မိပါသည္။
ဟူး ဘာကိုေမွ်ာ္ေနမိပါလိမ့္
သူကဘာလို႔ငါ့ကိုလာႀကိဳရမွာလဲ မနက္က ငါေျပာတာေတာင္သူၾကားရဲ႕လား မသိပဲ။
"ဟဲ့ သည္းဦးပန္ ဘာေတြေငးေနတာလဲ ဒီေန႕ ငါသြားစရာရွိလို႔ ျပန္ခိုင္းတာ "
"ေၾသာ္ sorry sorry အန္တီခ်ိဳ သည္း စိတ္နဲ႕လူနဲ႕မကပ္ေတာ့လို႔ "
"ညည္းလည္း အခုပဲ ေပ်ာ္ အခုပဲ ဝမ္းနည္းေနာ္ သြား သြား တံခါးေတြ မပိတ္နဲ႕ ဧည့္သည္လာေခၚဦးမွာ ငါ့ကို "
"ဟုတ္ကဲ့ အဲ့တာဆို သည္းသြားေတာ့မယ္ေနာ္ "
သည္းက ေက်ာပိုးအိတ္ေလးလြယ္ကာ ဆိုင္ထဲကထြက္ထြက္ခ်င္း ညာဘက္သို႔ တစ္လွည့္ ဘယ္ဘက္သို႔တစ္လွည့္ သူ႕ကိုရွာေနပါေသး၏။
"ဟင္း!!"
မသိစိတ္ကေန သူ႕ကိုပဲေတြ႕ခ်င္ေနသည္။
မေတြ႕သည့္အဆုံး Busကားမွတ္တိုင္သို႔လမ္းေလွ်ာက္ရင္း ေက်ာပိုးအိတ္ထဲက ဒုတ္ထိုးခ်ိဳခ်ဥ္တစ္လုံး ေဖာက္ၿပီး ပါးစပ္ထဲငုံလိုက္သည္။
"ဟြန္း ဟြန္း မနက္က ခ်ိဳခ်ဥ္ သူႀကိဳက္လားမသိဘူး "
ခ်ိဳခ်ဥ္စုပ္ရင္း ရယ္ကာ တစ္ေယာက္တည္းစကားေျပာေနျပန္တဲ့သူမကို လမ္းေပၚကေန ကားတစ္စီးႏွင့္လိုက္ေခ်ာင္းေနသူရွိတာ သူမ မသိ။
"ဒီေကာင္မေလးကေတာ့!"
တီ.........!
ဟြန္းတီးလိုက္သျဖင့္
"အေမ့!"
သည္း ရင္ဘက္ေလးဖိကာ ေနာက္လွည့္ၾကည္
လိုက္လွ်င္ကားမွန္ခ်ထား၍ ျမင္လိုက္ရသည့္ သူ႕မ်က္ႏွာေခ်ာေခ်ာ။
"ကိုကို!"
အနက္ေရာင္ကားအေကာင္းစားႀကီးက အသစ္မွန္းသိသာခ်က္။ ကားကိုတစ္လွည့္ ကားထဲကလူကိုတစ္လွည့္ တအံ့တၾသၾကည့္ေနျပန္ေတာ့
"ဘာလုပ္ေနတာလဲ လာေလ... ငါ့ကို ကားတံခါးပါဖြင့္ေပးေစခ်င္ေသးတာလား"
လိုင္းယ(န္) ေလသံခပ္မာမာျဖင့္ေျပာလိုက္ရာ
"ဟင္...ဟင့္အင္း မဟုတ္ပါဘူး မဟုတ္ပါဘူး လာၿပီ လာၿပီ သည္းကိုလာေခၚတယ္ဆိုတာသိမွမသိပဲ"
သည္းက ကားဆီသို႔ေျပးလာၿပီး အထဲဝင္ထိုင္ကာ
"ဟင္း ဟင္း ကိုကို သည္းကိုလာႀကိဳမယ္လို႔ထင္ေတာင္မထားဘူး "
ခ်ိဳခ်ဥ္ကို ပါးေစာင္းမွာကပ္ထား၍ ခါးပတ္ႀကိဳးတပ္ရင္း ေျပာလိုက္သည္။
"ဘယ္သူကမင္းကိုလာႀကိဳတယ္ေျပာလဲ လမ္းႀကဳံလို႔ လိုက္ပို႔ေပးမလို႔ "
"ေၾသာ္ မနက္ကလည္း လမ္းႀကဳံတာ အခုလည္းလမ္းႀကဳံတာ ယုံခ်င္စရာႀကီး"
လိုင္းယ(န္)ကားေမာင္းရင္း သူ႕ကို ေျပာင္သလိုေနာက္သလို ေျပာေနျပန္တဲ့ ဒီေကာင္မေလးေၾကာင့္
"မယုံလည္း ဘယ္တက္နိုင္မလဲ ငါလည္းမရွင္းျပနိုင္ဘူး "
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ သည္းလည္းမရွင္းျပခိုင္းပါဘူး "
တစ္ခြန္းမက်န္ လိုက္ေျပာေနသျဖင့္ လိုင္းယ(န္)ဆက္ၿပီးစကားနိုင္မလုနိုင္ေတာ့ေပ။
မီးပြိုင့္မီးနီမိေသာအခါ ေခတၱကားရပ္လိုက္ရေပမယ့္ ၂ေယာက္လုံးၿငိမ္ေနသျဖင့္ တိတ္ဆိတ္လွစြာ။ သူမကပဲ လက္သြက္ေျခသြက္ ဒတ္ရ္ဘုတ္က ခလုပ္တစ္ခုကိုႏွိပ္လိုက္ကာ
"ပ်င္းစရာႀကီး သီခ်င္းေလးဘာေလးဖြင့္မွေပါ့ "
Mandalay FM ကသီခ်င္းေတြလာေနတာနဲ႕ တိုက္ဆိုင္၏။
"ပုရိတ္သတ္ေတြေတာင္းဆိုထားတဲ့ သီခ်င္းေကာင္းေကာင္းေလးေတြကိုဖြင့္ျပေနတာျဖစ္ပါတယ္ ဒီတစ္ခါမွာေတာ့ ေဟမာေနဝင္းသီဆိုထားတဲ့ ယုံလား ဆိုတဲ့သီခ်င္းေလးကို ဖြင့္ျပေပးလိုက္ပါတယ္ေနာ္ !"
သည္းက လိုင္းယ(န္)အားၿပဳံးျပကာ အသံအနည္းငယ္ခ်ဲ့လိုက္ၿပီး
"ကိုကို ေသခ်ာနားေထာင္ေနာ္ !"
ဆို၍ ပါးစပ္ထဲကငုံထားတဲ့ခ်ိဳခ်ဥ္ကို ကားဒတ္ရ္ဘုတ္ေပါက္ကတစ္ရႉးႏွင့္လိပ္ကာ သူမလြယ္အိတ္ထဲထည့္လိုက္သည္။ လိုင္းယ(န္) သူမစကားကို မၾကားဟန္ျပဳ၍ မီးစိမ္းသည္ႏွင့္ ကားစတင္ထြက္ခြာလိုက္သည္။
ယုံလား....ယုံရင္ ေျပာျပဖို႔ စိတ္ကူးၿပီးသားကြယ္
ယုံလား....မယုံရင္ ႏႈတ္ဆိတ္လို႔ပိတ္ထားပါမယ္
သီခ်င္းစကတည္းက လိုက္ဆိုေနတဲ့ သူမအသံက နားေထာင္ရအခက္ႀကီးေတာ့မဟုတ္ေပ ။
ယုံလား.....ယုံရင္ ေရွ႕ဆက္ဖို႔ေမွ်ာ္လင့္ခ်က္ရွိတယ္
မယုံရင္ေတာ့ အိပ္မက္ကေလးမ်ား ၿပိဳကြဲသြားနိုင္တယ္
သည္း ကိုကို႔ဘက္သို႔ အနည္းငယ္ငွဲ႕ေစာင္းလိုက္ၿပီး
ကိုကိုေရ သိပ္ခ်စ္တယ္
႐ုတ္တရက္သီခ်င္းသံႏွင့္အတူသူမပါလိုက္ဆိုေနတာေၾကာင့္ လိုင္းယ(န္) ကားေမာင္းေနရင္း သူမကိုလည္းလွည့္မၾကည့္နိုင္ သီခ်င္းကိုလည္း မပိတ္ပစ္ရက္။
အစြဲႀကီးစြဲမိၿပီရွင္.....ေဟမာေနဝင္းသီခ်င္းေလးထဲက အရဲစြံ႕ေျပာျပပါရေစ
ကိုကိုေရ သိပ္ခ်စ္တယ္
အစြဲႀကီးစြဲမိၿပီရွင္.....#အသည္း ဆိုတဲ့သီခ်င္းေလးထဲက အရဲစြံ႕ေျပာျပပါရေစ
ေနာက္တစ္ႀကိမ္မွာ နာမည္ေနရာ၌ သူမနာမည္သူမ အသည္းလို႔ထည့္ဆိုသြားသျဖင့္ လိုင္းယ(န္) ၿပဳံးခ်င္ေပမဲ့ ၿမိဳသိပ္ထားရသည္။
သည္းသည္ ကိုကို႔ကိုၾကည့္ကာ တည္လြန္းတဲ့သူ႕မ်က္ႏွာေၾကာင့္ အရမ္းစခ်င္မိျပန္သည္။
ယုံလား......ကိုကို ၿပဳံးတတ္တဲ့ေလွာင္ၿပဳံးေလးေၾကာက္တယ္
ယုံလား......ကိုကို စိမ္းကားမလား သိပ္စိုးရိမ္တယ္
ယုံလား.....ကိုကိုကလြဲလို႔ ဘယ္သူ႕မွမခ်စ္နိုင္
ယုံရဲ႕လား....ကိုကို မုန္းလို႔ေသဆုံးသြားနိုင္တယ္
ကိုကိုေရ သိပ္ခ်စ္တယ္
အစြဲႀကီးစြဲမိၿပီရွင္ ေဟမာေနဝင္းသီခ်င္းသီခ်င္းေလးထဲက အရဲစြံ႕ေျပာျပပါရေစ
ကိုကိုေရ သိပ္ခ်စ္တယ္
အစြဲႀကီးစြဲမိၿပီရင္ #အသည္း ဆိုတဲ့သီခ်င္းေလးထဲက အရဲစြံ႕ေျပာျပပါရေစ
လိုင္းယ(န္)မေအာင့္နိုင္ေတာ့ပဲ ႏႈတ္ခမ္းေတြေကြးၫြတ္ၿပဳံးမိလိုက္ကာ သူမမျမင္ေအာင္ ကားမွန္ဘက္သို႔ ခ်က္ခ်င္းလွည့္ပစ္လိုက္သည္။
ယုံေစခ်င္တယ္ သိလား
ကိုကိုေရ ယုံရဲ႕လား
ႏွလုံးသားႏုႏုက ရီေဝေဝအခ်စ္ေလးမ်ားနဲ႕
လိုင္းယ(န္) ေအာက္ႏႈတ္ခမ္းကိုကိုက္လိုက္ကာ
ဒီေကာင္မေလးကေတာ့ကြာ။
ယုံေစခ်င္တယ္ သိလား
ယုံရဲ႕လား
ႏွလုံးသားႏုႏုက မူးယစ္လို႔ အခ်စ္စိတ္တက္ေန
ကိုကိုေရ သိပ္ခ်စ္တယ္
အစြဲႀကီးစြဲမိၿပီရွင္ ေဟမာေနဝင္းသခ်င္းေလးထဲက အရဲစြံ႕ေျပာျပပါရေစ
ကိုကိုေရ သိပ္ခ်စ္တယ္
အစြဲႀကီးစြဲမိၿပီရွင္ #အသည္း ဆိုတဲ့သီခ်င္းေလးထဲကေန...ယုံၾကည္ေအာင္ေျပာျပခ်င္တယ္
သီခ်င္းၿပီးသြားသည့္အခါသူမက လိုင္းယ(န္)အနားသို႔တိုးကပ္ကာ
"သည္း သီခ်င္းဆိုတာ ေကာင္းလား"
"အဟင္း! မင္း ေနာ္ မင္း !"
"သည္းကို လိုက္ပို႔တဲ့အတြက္ ဆိုျပတာပါေနာ္ ေရွ႕နားေလးဆို ရပ္လိုက္ေတ့ာ အ်ိမ်ရှေ့ထိကားနဲ့ပြန်လာရင် အန္တီသက္နဲ႕ စကားမ်ားေနရဦးမယ္ ေမးေနရင္မေျဖခ်င္ဘူး"
ေျပာလည္းေျပာ ခါးပတ္ႀကိဳးျဖဳတ္ကာ လြယ္အိတ္ေလးျပန္လြယ္ထားလိုက္ၿပီး ဆင္းဖို႔အသင့္ျပင္ေလသည္။ လိုင္းယ(န္)သူမတို႔အိမ္လမ္းၾကားထဲမဝင္ခင္ ေထာင့္မွာ ရပ္ဖို႔ ဘရိတ္အုပ္လိုက္သည္ႏွင့္
ဒုတ္!
ဘုတ္
"အမေလး..."
ကားဘီးေရွ႕က ေက်ာက္ခဲကိုဝင္တိုက္မိသည္ထင္ပါရဲ႕။ သူမနှဖူးနဲ့ကားဒတ်ရ်ှဘုတ်နှင့်စောင့်မိကာ
"နာသြားလား ျပစမ္း ဒီကို !"
လိုင္းယ(န္) သူမေခါင္းေလးကို လွမ္းကိုင္လိုက္၍ ႏွဖူးသို႔ေသခ်ာၾကည့္ရင္း
"ေတာ္ေသးတာေပါ့ ဘာမွမျဖစ္လို႔ ဘာလို႔ ကားမရပ္ေသးဘဲ ခါးပတ္ျဖဳတ္ရတာလဲ !"
သူမတစ္ခုခုျဖစ္တိုင္း အရင္ဆုံးသူမကို ဆူမိတဲ့ လိုင္းယ(န္) သူ႕ကိုယ္သူလည္း သတိထားမိဟန္မတူ။ သည္းက ႏႈတ္ခမ္းေလးစူကာ မ်က္လုံးေလးလွန္ၾကည့္လာေတာ့
"နာလို႔လား"
"ကိုကိုက ဆူတာကိုး သည္းလည္းဘယ္သိမလဲ တိုက္မိမယ္လို႔ "
မဲ့တဲ့တဲ့အသည္းယားစရာမ်က္ႏွာေလးနဲ႕ ဒီေကာင္မေလးက တကယ့္အခြၽဲေလးပဲ။
မ်က္လုံးျပာျပာေတြနဲ႕စိုက္ၾကည့္ေနျပန္တဲ့ ကိုကို႔ေၾကာင့္ သည္းဟာ ေအာက္ႏႈတ္ခမ္းေလးကို ကိုက္ၿပီး မ်က္ေစာင္းတစ္ခ်က္ႏွင့္ သူ႕ေခါင္းကိုလႊတ္ဖို႔ ႐ုန္းေပးမဲ့ လြတ္မသြားဘဲ ခ်ိဳခ်ဥ္စုပ္ထားတဲ့သူမႏႈတ္ခမ္းက စေတာ္ဘယ္ရီနံ႕သင္းသင္းေလးႏွင့္ ခုနက ကိုက္လိုက္သျဖင့္စိုရဲသြားတဲ့ႏႈတ္ခမ္းေလးေၾကာင့္ လိုင္းယ(န္)တံေတြးၿမိဳခ်ကာ တျဖည္းျဖည္းငုံ႕ဆင္းလာတဲ့ ကိုကို႔မ်က္ႏွာက ဘာလုပ္ေတာ့မလဲဆိုတာ သည္း ႀကိဳသိေနသျဖင့္ မ်က္လုံးေတြကိုအတင္းမွိတ္ခ်ပစ္လိုက္ၿပီး ရင္ထဲကႏွလုံးသားကလည္း တဒုတ္ဒုတ္ခုန္ေနတာ အျပင္ပင္ထြက္လာေတာ့မည့္အတိုင္း။
လိုင္းယ(န္)သူႏႈတ္ခမ္းေတြကို ထိဖို႔ႀကိဳးစားရင္း အသိစိတ္ျပန္ဝင္လာကာ သူမေခါင္းကိုထိန္းကိုင္ထားတဲ့လက္ေတြဖယ္ေပးလိုက္ၿပီး မ်က္လုံးေတြအတင္းမွိတ္ထားတဲ့သူမကို
"Sorry ကိုယ္ မလုပ္သင့္ဘူး "
ထိုအခါမွ သူမက မ်က္လုံးဝိုင္းေလးနဲ႕ ျပန္လာၾကည့္၍
"သည္း သည္း သြားေတာ့မယ္ "
ကေယာင္ကယမ္း ကားထဲကေန ထြက္ေျပးသြားေလ၏။
"က်စ္.....ဘာေတြလုပ္မိျပန္တာလဲ ေတာ္ေသးတာေပါ့ သတိရလို႔ !"
လိုင္းယ(န္)ဆံပင္ေတြကို သပ္တင္လိုက္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိဳက္လွ်င္ ကားရဲ႕တစ္ဖက္ကေနျပန္လွည့္လာတဲ့သူမက
"ယုံလား.....ကိုကိုေရ သိပ္ခ်စ္တယ္
သီခ်င္းဆိုတာေနာ္ ဟင္း ဟင္း ဟင္း "
ခုနကအေျခအေနကိုမေၾကာက္တာလား လူကိုျပန္လာေနာက္သြားေသးတာ
"ဒီေကာင္မေလးနဲ႕ေတာ့ ခက္ေနၿပီ..."
သည္းသည္ အိမ္ျပန္ေရာက္ရင္ စိတ္ညစ္ရေတာ့မွာသိေပမဲ့ ကိုကိုနဲ႕ေတြ႕ရတဲ့ အေပ်ာ္ေတြက မကုန္နိုင္ေသး။ အိမ္တံခါးဖြင့္ဝင္လာခဲ့ေတာ့ သူတို႔သားအမိ၂ေယာက္လုံး ဧည့္ခန္းထဲ၌ရွိၾကသည္။ ထူးထူးဆန္းဆန္း ဒီေန႕ သည္းကို ဘာစကားမွမေျပာၾက။ မဟုတ္ရင္ တစ္ခုခုခိုင္း မဟုတ္ရင္ ႏွိပ္ကြက္တဲ့စကားကစေျပာေနက်။
သည္းလည္း ေဗဒင္ေဟာထားသလို ကိုကို႔ေၾကာင့္ ျဖစ္မယ္လို႔ယူဆလိုက္၍ ကိုယ့္အခန္းကိုယ္လာခဲ့သည့္အခါ အခန္းတံခါးဖြင့္လိုက္တာနဲ႕ ရင္ထဲကအေပ်ာ္ေတြအကုန္ ေမွာက္က်သကဲ့သို႔ ဘာမွမရွိေတာ့ေအာင္ေပ်ာက္ရွသြားကာ ျဖစ္ပ်က္ေနတဲ့ သည္းရဲ႕အခန္းဗီရိုထဲကအဝတ္ေတြလည္းအကုန္ ၾကမ္းျပင္မွာ ပြစာက်ဲ
သည္းရဲ႕ေက်ာင္းစာအုပ္ေတြလည္း ျပန့္က်ဲကာ
သည္းေခါင္းအုံးေတြေစာင္ေတြ အိပ္ယာကစ ပ်က္စီးေနကာ သည္းကပ္ထားတဲ့ Justin Bieberပုံေတြလည္း ၂ျခမ္းၿပဲလွ်က္ သည္း ပါးစပ္မပိတ္နိုင္ေလာက္ေအာင္အံ့ၾသ၏။
သည္းရဲ႕ Guiter chordေတြ ဂီတ noteေတြမွတ္ထားေသာစာအုပ္ေတြနဲ႕ အေရးႀကီးတဲ့ ပစၥည္းေတြကို ရွာေဖြေကာက္ၿပီး ေက်ာပိုးအိတ္ထဲထည့္လိုက္သည္။ ထို႔ေနာက္ အၿမဲတမ္းအနိုင္က်င့္ခံေနရသည့္အေတြးကေခါင္းထဲဝင္လာျပန္ကာ မ်က္ရည္လြယ္တဲ့သည္းအတြက္ အသင့္ေစာင့္ေနေသာ မ်က္ရည္ေတြက ပါးျပင္မွာတဖန္စီးက်လာျပန္သည္။ အကၤ်ီမ်ားကိုေကာက္သိမ္းရင္း
"ဟင့္ ...အင့္ ......"
ခံရပါမ်ားေတာ့လည္း သည္းမခံနိုင္စြာ သည္း ခ်က္ခ်င္း ေအာက္ျပန္ဆင္းသြားကာ TVထိုင္ၾကည့္ေနၾကေသာ သူတို႔သားအမိေရွ႕မွာပိတ္ရပ္လိုက္ၿပီး
"သည္းအခန္းကိုဘယ္သူဖြလိုက္တာလဲ"
ထိုအခါ ေဒဝီကTV ရီမုကို စားပြဲေပၚပစ္တင္၍
"ငါ့လက္စြပ္ေပ်ာက္လို႔ ေမေမနဲ႕ငါနဲ႕ဝင္ရွာထားတာ ဘာျဖစ္လဲ!"
"သည္းယူတယ္လို႔ဆိုလိုခ်င္တာလဲ"
"မေျပာတတ္ဘူးေလ နင္ခိုးခ်င္လည္းခိုးမွာေပါ့"
"ငါ့ကိုမေစာ္ကားနဲ႕ေဒဝီ! "
"ေစာ္ကားတယ္တဲ့ ျဖစ္ရတယ္ရွိေသး သည္းဦးပန္ရယ္ ဒီမွာ နင့္အခန္းကို ငါ့သမီးလက္စြပ္ဝင္ရွာတယ္ ဘာျဖစ္သြားလဲ ညည္းကဘာျဖစ္ခ်င္တာလဲ"
ေဒၚသက္သခင္ကပါ ဝင္ေျပာလာသျဖင့္
"သည္းကို ႏွိပ္စက္႐ုံနဲ႕မေက်နပ္လို႔လား သည္းသိကၡာထိပါလိုက္ မဖ်က္ဆီးသင့္ဘူး ၿပီးေတာ့ လူမရွိတဲ့အခန္းထဲကို ဝင္ရွာတဲ့ အန္တီတို႔သားအမိကမွ စည္းကမ္းမရွိတာ "
"ဘာ...ဘာ...ညည္းဘာေျပာတယ္ "
"ဟုတ္တယ္ေလ သည္းမွားလို႔လား ရွင္တို႔သားအမိ၂ေယာက္လုံး ဘာမွမသိတတ္ၾကဘူး မူလတန္းကေလးေတာင္ ပိုင္ရွင္မရွိတုန္းသူမ်ားပစၥည္းမကိုင္ရဘူးဆိုတာသိတယ္ "
ေဒၚသက္သခင္ လက္ဖဝါးတစ္ဖက္က ေလေပၚဝဲလာသျဖင့္ သည္းက လွမ္းကိုင္ဖမ္းလိုက္ၿပီး
"သည္း ဒါမ်ိဳးေတြထပ္ခံမွာမဟုတ္ေတာ့ဘူး "
"နင္ကမ်ား ေလႀကီးေလက်ယ္နဲ႕ "
"သည္း ဒီအိမ္မွာလည္းဆက္မေနဘူး ထြက္သြားမယ္ "
"သြားေလ သြားေပါ့ ငါတို႔ကတားေနမွာမဟုတ္ဘူး ျပန္လာလို႔ကေတာ့ sorryပဲ"
သည္းလည္း အိမ္ေပၚသို႔တဖန္ျပန္တက္သြား၍
ဘီးဆြဲအိတ္ခပ္ေသးေသးထဲသို႔ အဝတ္ေတြပစ္ထည့္ကာ ပါးေပၚကမ်က္ရည္ေတြကိုလည္း ႏူးညံ့မႈမရွိသုတ္ပစ္လိုက္ၿပီး လြန္းျပည့္ေပးေသာ ေခါင္းအုံးကို ပိုက္ကာ အိတ္ကိုဆြဲ၍ ခပ္သြက္သြက္ အိမ္ေပၚကဆင္းလာသျဖင့္ ေဒဝီက သူ႕အေမအနားသို႔ကပ္၍
"ေမေမ သူတကယ္ သြားတာလား ဘယ္သြားမွာလဲ"
"သူ႕သူငယ္ခ်င္းဆီေပါ့ ဘယ္သူကသူ႕ကိုေခၚထားမွာမို႔လို႔လဲ ဟြန့္ "
လိုင္းယ(န္)အိမ္ျပန္ေရာက္လွ်င္ ေရာက္ခ်င္း
ရင္ဘက္ထဲကေန ထိုးေအာင့္လာကာ ပုံစံေျပာင္းခ်င္လာသျဖင့္ ဘယ္သူမွမျမင္ခင္
အိမ္ေပၚသို႔အျမန္ဆုံးေျပးတက္သြား၍ ေ႐ႊတံခါးႏွင့္အခန္းထဲသို႔ဝင္ၾကည့္လိုက္ရာ
အျပာေရာင္မီးေတာက္ေတြၾကားကာ ႏွင္းဆီဖူးသည္ အပြင့္အျဖစ္သို႔ေျပာင္းေနသျဖင့္
လိုင္းယ(န္)စူးေအာင့္လာတဲ့ရင္ဘက္ကို ဘယ္လက္ျဖင့္ဖိၿပီး ခ်က္ခ်င္းျပန္ထြက္လာသည္။
ဒူးေတြၫြတ္ေခြယိုင္သြားကာ
သူက...သည္း က ကိုယ့္မိဖုရားအစစ္တဲ့လား... ရက္စက္လိုက္တာ က်ိန္စာရယ္ သည္းက ကိုယ့္မိဖုရားတဲ့....
သည္းသည္ မာနႏွင့္သာ ထိုအိမ္ကထြက္ခဲ့သည္။ ေမွာင္ေနေသာ အခုလို ၈နာရီဆိုတဲ့ညမွာ ဘယ္ကိုသြားလို႔ရမယ္မသိ။ လြန္းျပည့္လည္း ႐ြာကေနျပန္မလာေသး။ သည္းအားကိုးစရာလြန္းျပည့္သာရွိသည္မဟုတ္လား။
ကိုကို ဆိုတာ သည္းပိုင္ဆိုင္တဲ့သူမွမဟုတ္တာ
ဆုေတာင္းတာကေတာ့ မနက္ကေျပာသလို ကိုကို လာေခၚဖို႔ပဲ။
သည္းသည္ Busကားမွတ္တိုင္မွာ တအင့္ အင့္ရွိုက္ငိုရင္း ဘာကိုေစာင့္လို႔ ေစာင့္ေနမိသည္မသိ။
ကားမွတ္တိုင္မွာ ကားေတြသာ တစ္စီးၿပီးတစ္စီး ေျပာင္းသြားသည္။ သြားစရာလမ္းမရွိတဲ့သည္းမွာေတာ့ ထိုေနရာ၌သာ ခပ္ကုပ္ကုပ္ထိုင္ငိုေနမိရင္း...
"ဘာလို႔ ဒီမွာငိုေနျပန္တာလဲ !"
ခပ္ရွရွဒီအသံက သဲကႏၱာရမွာ အိုေအစစ္ေလးရွာေတြ႕သလိုပါပဲ။ သည္းသည္ ေခါင္းအုံးေလးကိုပိုက္ထားရာကေနေမာ့ၾကည့္ၿပီး
"ကိုကို!"
"ယုံလား.... ကိုယ္မင္းကိုလာေခၚတာ!"
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း(7)ဆက္ရန္