Tannie In Love [ Completed ]

Galing kay cuttiehsumindooly

28.9K 3.3K 2.3K

Tannie ပြောပြမဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကို သိချင်တယ်ဆိုရင်တော့ မင်းကို ဒီစာအုပ်လေးကနေ စောင့်မျှော်နေပါတယ်... Higit pa

1. What is my name?
2. My Boss
3. His Love
4. His Soulmate
5. His Dating
6. His Enemy
7. Missing
8. Come Back Home (Final)
Author Note
Surprise💜
10. Unforgettable (Tae's Pov )
11. Never Ending (Tae's Pov)
12. TANNIE
Special Thanks 💜

9. Memories (Tae's Pov)

1.1K 131 170
Galing kay cuttiehsumindooly

Unicode ❤️

ရိုးရှင်းအေးချမ်းစွာ ဖြတ်သန်းလိုတဲ့
ကမ္ဘာငယ်လေးထဲမှာ

ဂျွန်ဂျောင်ကုဆိုတဲ့
နှလုံးသည်းပွတ်သဖွယ်
ဘဝကြင်ဖော်လေးရယ် ...

ယွန်းတန်နီး ဆိုတဲ့
မြတ်နိုးရာ ခွေးလိမ္မာလေးရယ်ကတော့
မရှိမဖြစ် အလိုအပ်ဆုံးပါ။

:•*:•*: Tannie In Love :•*:•*:

❣️(1) ပျော်ရွှင်ခြင်းဆိုတာ ဒါလား❣️

16 နှစ်ပြည့် မွေးနေ့မှာ မိဘနှစ်ပါးထံမှ အမှတ်တရ မွေးနေ့လက်ဆောင်အဖြစ် မြတ်နိုးရာလေးတစ်ခုအား ကျွန်တော်လက်ခံရရှိခဲ့သည်။

ထိုအရာကတော့ ခွေးပေါက်လေးတစ်ကောင်။

ကျွန်တော့်အချစ်လေး။

သူ့နာမည်က

"Tannie"

မှတ်မှတ်ရရ ထိုနေ့က သင်တန်းမှာ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂျီမင်းနဲ့တောင် "နှစ်တိုင်းမွေးနေ့လက်ဆောင် ပေးနေကျ မိဘတွေဆီက ဒီနှစ်ရော ဘာလက်ဆောင်ရမလဲဆိုတာ ရင်ခုန်မိတဲ့အကြောင်း" ပြောဖြစ်ခဲ့သေးသည်။

"ဂိမ်းစက် လက်ဆောင် ပေးလောက်သည်" ဟု သူက ဆိုတော့ ဖြစ်နိုင်တယ် ဟုသာ မှတ်ချက်ချမိခဲ့သည်။

အဲ့သလိုကနေ ကျွန်တော့်အခန်းထဲက ကုတင်ပေါ်ဝယ် ခွေးအိမ်ငယ်လေးတစ်ခုကို တင်ထားပြီး ထိုအိမ်လေးထဲကနေ ကျွန်တော့်အား မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေခဲ့တဲ့ခွေးပေါက်လေးကို မြင်လိုက်ရချိန်မှာတော့

"သားအတွက် မွေးနေ့လက်ဆောင်က ပါပီလေးလား"

ဟု အော်ရင်း ထိုအရာဆီသို့ ကစုန်ပေါက်ပြေးသွားကာ အပျော်လုံးတွေ ထကြွခဲ့ရသည်။

တကယ်တမ်း လက်ဆောင်ရသည့် အရာမှာ ထိုခွေးပေါက်လေး ဖြစ်နေခဲ့တော့ ကျွန်တော့်ပျော်ရွှင်ခြင်းတွေဟာ အတိုင်းအဆမဲ့။ မွေးနေ့သက်တမ်းတလျှောက် 16 နှစ်ပြည့်မွေးနေ့လေးက အပျော်ဆုံးဆိုတာယုံ ။

ဒါ့အပြင် ခွေးလေးအား စွေ့ကနဲ ကောက်ယူပွေ့ချီပြီး ဖက်ထားလိုက်တော့လဲ အစပိုင်းခပ်စိမ်းစိမ်းဖြစ်ဟန်ရှိတယ်လို့ ထင်ခဲ့မိတဲ့ ထိုပါပီလေးက တကယ်တမ်း ကျွန်တော့်လက်လေးအား သူလျှာဖျားလေးနဲ့ ပွတ်သပ်ပြီး ရင်းနှီးသမှုပြုလာလေတော့ ဟောဒီကလူရဲ့ချစ်ခြင်းအစုံက ချက်ချင်း ကြွေဆင်းပြီးသား။

ငယ်စဉ်ကထဲက ခွေးသိပ်ချစ်တတ်ခဲ့သူမို့ ပါပီလေးတွေ မွေးချင်လို့ပါဟု ပူဆာခဲ့ဖူးသော်လည်း မိဘနှစ်ပါးက ခွေးမွေးရတာ လွယ်တာမဟုတ်ဘူး အလုပ်ရှုပ်တယ် ဘာညာသာဓကာ ပြောပြီး ပိတ်ပင်တားမြစ်ခဲ့ကြသည်။

သို့သော် အခုချိန်မှာတော့ မိဘတွေကကို လိုလိုလားလားနဲ့ ၁၆ နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် ပါပီလေးအား ပေးလာသောအခါ တကယ့်ကို အံ့သြဖွယ်ရာ အတိ ။

အလိုချင်ဆုံးအရာလေးကို ပိုင်ဆိုင်ရတဲ့အခါ
အပျော်ရွှင်ရဆုံးပဲမဟုတ်လားလေ။

နောက်ဆုံးမှာတော့ မွေးနေ့လက်ဆောင်အဖြစ် Tannie ဆိုတဲ့ ခွေးပေါက်လေးဟာ ကျွန်တော်ဘဝထဲကိုစတင်ဝင်ရောက်လာခဲ့ပါတော့တယ်။

==========

❣️(2) ရင်ခုန်တာဟာ အချစ်လား❣️

တစ်ကြိမ်တစ်ခါမှမရင်းနှီးခဲ့ဖူးသော သူစိမ်းတစ်ယောက်အပေါ် ချစ်မေတ္တာတွေ ပေးအပ်လိုက်မိတာကတော့ တက္ကသိုလ်တက်ပြီး တတိယနှစ်ရောက်တဲ့အခါမှာပေါ့။

တက္ကသိုလ်ရောက်တဲ့အခါ တယောက်နဲ့ တယောက် အမှတ်တမဲ့ တိုက်မိရာကစလို့ အချစ်ဇာတ်လမ်းတွေ ဖြစ်သွားနိုင်တယ်။ အဲ့သလိုမျိုး ဖူးစာရှင်လေး တစ်ယောက်လောက် ဖန်ဆင်းပေးပါ ဆိုပြီး Facebook မှာ ခေတ်စားလွန်းတဲ့ ထိုစကားတွေကြားစဉ်ကတော့ ဟာသတစ်ခုလိုသာ ရယ်မောခဲ့ဖူးသည်။

တကယ်တမ်း မိမိရဲ့ မြတ်နိုးရာလေးအစစ်ကို တွေ့ရှိခဲ့မိတာက ထိုကဲ့သို့ လှေကားမှာ အမှတ်တမဲ့ဝင်တိုက်မိချိန်မှာပဲ ဖြစ်နေခဲ့လေတော့ အမှတ်တမဲ့ကနေ အမှတ်တရအဖြစ် နှလုံးသားလေးတစ်ခုလုံးအား
"ဂျွန်ဂျောင်ကု" ဆိုတဲ့သူလေးကသာ ဖမ်းစားသွားဖို့ နိဒါန်းအစပျိုးခဲ့တော့သည်။

ဖုန်းထဲမှာ တခုခုအား အသည်းအသန်ကြည့်နေရင်းကနေ ခပ်သုပ်သုပ်လျှောက်လှမ်းလာပုံရခဲ့တဲ့သူနဲ့ လှေကားက အဆင်း ကော်ရစ်တာ ထောင့်ချိုးဘက်ကို အလျင်စလို ကွေ့ချိုးလိုက်မိတဲ့ ကျွန်တော် ။

ခန္ဓာကိုယ်နှစ်ခုက ဗြုန်းကနဲ ထိပ်တိုက်ဝင်တိုက်လိုက်မိတော့ အင့်ကနဲ ဖြစ်သွားသလို Professor ထံအပ်ဖို့ လက်ထဲဝယ် အထပ်လိုက်သယ်လာခဲ့တဲ့ Assignment စာရွက်တွေကလဲ ဖွာခနဲ လွင့်ထွက် ပြုတ်ကျသွားတယ်။

"ဟာ .... ကျွန်တော် .... ကျွန်တော်
တောင်းပန်ပါတယ်နော်"

ပါးစပ်က ပြောလဲပြောရင်း စာရွက်တွေကို ပြာပြာသလဲ ကုန်းကောက်ပေးနေတဲ့ ကောင်လေး။

"မဟုတ်တာ ... သတိမထားလိုက်မိတဲ့
ကိုယ့်အမှားလဲ ပါပါတယ်"

နှစ်ကိုယ်ကြားယုံလောက် ခပ်တိုးတိုးရေရွတ်ပြောဆိုပြီး သူ့ကို ယောင်ရမ်းကာ ငေးကြည့်နေခဲ့မိတာ စက္ကန့် ၃၀ လောက်ကြာသွားသလားပဲလေ။

အခုမှ ပထမဆုံး ဆုံတွေ့ဖူးတဲ့ သူလေး။

ပတ်ဝန်းကျင်စူးစမ်းလေ့လာမှု အားနည်းလွန်းတဲ့ ကျွန်တော့်အတွက် ဒီကျောင်းရှိ လူပေါင်းများစွာထဲမှာ သူလေး ရှိနေပါတယ်ဆိုတာကို သတိထားမိသွားစေဖို့ လုံလောက်သွားတဲ့ တွေ့ဆုံမှုလေး။

မျက်လုံးဝိုင်းဝိုင်းလေးတွေ ပိုင်ဆိုင်ထားပြီး ချောမောတဲ့ ရုပ်အဆင်းအင်္ဂါရှိတဲ့ ထိုကောင်လေးက စာရွက်တွေကို ကောက်ယူသိမ်းဆည်းနေရင်းကနေ သူ့ရှေ့ဝယ် တုတ်တုတ်မျှမလှုပ်ဘဲ မတ်တပ်ရပ်နေမိတဲ့ ကိုယ့်ကို ရုတ်တရက် မျက်လုံးလေးလှန်ပြီး မော့ကြည့်လာတော့ အယောင်ယောင်အမှားမှားနဲ့တောင် ပြုံးပြလိုက်မိတယ် ထင်ရဲ့။ နည်းနည်းတော့ ကြောင်စီစီနိုင်ပေမဲ့။

တစုံတယောက်အား ပထမဆုံး တွေ့ဆုံခြင်းမှာကို မစိမ်းသော ရင်းနှီးမှုတွေ တနင့်တသီးကြီး ခံစားမိနေတာ ထူးဆန်းလွန်းတယ် မဟုတ်လား ။ အတိတ်ဘဝက နက်နက်ရှိုင်းရှိုင်း ရင်းနှီးခဲ့ဖူးသူအား ပြန်ဆုံတွေ့လိုက်ရသလိုမျိုး။ အထူးသဖြင့် ဖြူစင်လွန်းတဲ့ မျက်လုံးဝိုင်းလေးတွေအား စိမ်းသက်မနေခဲ့။

သေချာတာကတော့ စာရွက်တွေ ကောက်ကာ
မိမိလက်ထဲအား သေချာထည့်ပေး၍ ဦးညွန့်တောင်းပန်မှုတွေအပြီး

သူ့ဖုန်းမှ ရုတ်တရက်ဖုန်းဝင်လာသည်မို့

"ဟုတ် ဒယ်ဒီ သား အခုလာနေပြီ အမြန်ဆုံး ပြန်လာပြီနော်"

ဟု ဖြေရင်း အလောတကြီး ထွက်သွားတဲ့ ထိုကောင်လေးကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်တိုင် လိုက်ငေးကြည့်နေမိခဲ့ခြင်းပင်။

သို့သော် ထိုစဉ်ကတော့ သူ့နာမည်အားလဲ မသိ။ သူဘယ်မေဂျာကဆိုတာလဲ မသိ။ မေးဖို့မြန်းဖို့ အခွင့်အရေးလဲမရှိ။

ထို့အတူ ဘာလို့ သူ့အကြောင်းကို အရမ်းသိချင်မိသွားတဲ့ ကိုယ့်စိတ်ကိုလဲ နားမလည်။

ဒီအတိုင်း... ဒီအတိုင်း ခင်မင်ရင်းနှီးချင်သွားယုံပါ။
ထိုကဲ့သို့သာ သတ်မှတ်ထားလိုက်မိပါသည်။

အဲ့နောက် များမကြာခင်ရက်အတွင်းမှာပဲ ကံတရားက ဖေးမနေခဲ့လေတော့ ကိုယ်တွေ့ချင်နေတဲ့သူ့အား
အထူးတလယ် ထပ်ရှာစရာမလိုလောက်အောင် ကျောင်းကန်တင်းဝယ် ထိပ်တိုက်ထပ်မံတွေ့ဆုံမိပြန်တယ်။

မျက်နှာချင်းဆိုင်ရှိ စားပွဲဝိုင်းမှာထိုင်နေပြီး အပေါင်းအပါတွေနဲ့ ရယ်မောပျော်ရွှင်နေတဲ့ သူ။ သူကတော့ ကျွန်တော်အား မြင်ပုံမပေါ်။ မြင်လဲ မှတ်မိမယ် မထင်။

သူ့အားကြည့်နေရင်းမှ ကျွန်တော့်ဘေးကသူငယ်ချင်းတွေထံ သူ့ကိုများ သိမလား စပ်စုမေးကြည့်မိတော့

"အကမေဂျာ ပထမနှစ်က King ဂျွန်ဂျောင်ကု"

ဆိုတဲ့ သူ့ကိုတောင် မသိရကောင်းလားဆိုပြီး ပြစ်တင်ပြောဆိုမှုတွေကိုသာ အလုံးအရင်းခံလိုက်ရသည်။

အနုပညာတက္ကသိုလ် တကျောင်းလုံးရဲ့ အတွင်းသတင်း အပြင်သတင်းသာမက အပ်ကျတာကအစ သိတဲ့ ချစ်သူငယ်ချင်းကြီး ဂျွန်ဟိုဆော့က အဲ့လိုအချိန်မျိုးဆို လူကို အပီအပြင်ဖဲ့တော့သာ။

အမြဲသွက်လက်ပြီး ပျော်ပျော်နေတတ်တာကတော့ သူ့ရဲ့ ချစ်စရာအကျင့်။

တက္ကသိုလ်ရောက်မှ ပေါင်းမိခဲ့သည့် နောက်ထပ်သူငယ်ချင်းကတော့ မင်ယွန်းဂီ ။ သူကတော့ ခပ်အေးအေးသမား။ စကားသိပ်မပြောဘဲ နားထောင်သူသပ်သပ်။ ဒါပေမဲ့ ပြောပြီဟေ့ဆိုလဲ တလုံးတခဲ ထိထိမိမိ။ လက်ပစ်ဗုံးနဲ့ ပစ်ချလိုက်သလို အုန်းကနဲ ဒဲ့ထိတာ။

ပတ်ဂျီမင်းကတော့ ငယ်ကထဲကနေ တက္ကသိုလ်ထိ အတူတူဖြစ်ပြီး အချစ်ရဆုံးသော ငယ်ပေါင်းကြီးဖော် သူငယ်ချင်းကြီး။ ဒါပေမဲ့ သူကလဲ ဟိုဆော့
နည်းတူစွာ ကင်ထယ်ယောင်းကို ဖဲ့ဖို့ဆို လာထား ။

ထို ၃ ယောက်လုံးကတော့ ပြောမနာဆိုမနာ သူငယ်ချင်းတွေပါ။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူတို့အားလုံး သိကြတဲ့ ဂျွန်ဂျောင်ကု ဆိုတဲ့ ထိုလူသားလေးအား မိမိတယောက်သာ မသိခဲ့မိခြင်း။

ကင်ထယ်ယောင်းဆိုတဲ့ ကျွန်တော်ကလဲ ဆံပင်ကောက်ကောက်လေးနဲ့ မျက်မှန်အဝိုင်းလေးတပ်ထားတတ်ပြီး စာကြမ်းပိုးလိုလို ဘာလိုလို ပုံတုံးတုံးဒီဇိုင်းရယ် ၊ အနေအေးတဲ့ ရေခဲတုံးစတိုင်ရယ် ၊ အပေါင်းအသင်းဆိုလဲ သူတို့ ၃ ယောက်ကလွဲပြီးမရှိတော့ လူရာဝင်ဆန့်ခြင်းမှ သိပ်မရှိခဲ့တာ။ ဘယ်အရာကိုမှ သိပ်စိတ်မဝင်စားတတ်သူပီပီ အရာအားလုံးကို ပလစ်ထားခဲ့တာ မဟုတ်လား။

အခုတော့ သူလေးနဲ့ တွေ့မှသာ တစုံတစ်ယောက်ကို စိတ်ဝင်တစားလိုက်ကြည့်နေရတာကိုက ပျော်စရာကောင်းမှန်း နားလည်ခဲ့တာ။

အဲ့သလိုကနေ အချိန်ကာလအားဖြင့် တစ်ပတ် ၊ ထို့နောက် တစ်လ မှသည် တစ်နှစ်ကြာသွားသည်အထိ ကျွန်တော့် Crush ဟု သတ်မှတ်ထားလိုက်ပြီးဖြစ်သည့် ဂျွန်ဂျောင်ကု ဆိုတဲ့ ကောင်လေးအား တိတ်တိတ်လေး ကြည့်ငေးလို့ကောင်းဆဲ။

သူအကလေ့ကျင့်ရာ Dancing Room ၊ သူဝါသနာပါသော Boxing ထိုးသည့်နေရာ ၊ Boxing အပျော်ကစားသည့်သူများ စုဝေးပြီး ပြုလုပ်နေကျ လက်ဝှေ့ယှဉ်ပြိုင်ပွဲများ ၊ သူအပေါင်းအသင်းများနဲ့ လာနေကျ မြစ်ကမ်းနဘေး စသဖြင့် နေရာတိုင်းကို ကျွန်တော်ရောက်ပါသည်။

ဒါတွေကို သူမသိလဲဖြစ်သည်။ ကျွန်တော့်ကို သူမသိလဲ ရသည်။ တဖတ်သတ်မြတ်နိုးခြင်းမှာ အပေးသာရှိပြီး အယူမရှိလဲ နေတတ်ခဲ့ပြီးသား။

သူပြုံးရယ်နေတာလေးကအစ ၊
သူ့ရဲ့ နှုတ်ခမ်းလေးအောက်က မှည့်နက်လေးအဆုံး ။
သူ့ရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ငေးရတာကိုက ကိုယ့်ရဲ့ ပျော်ရွှင်မှုလို့ သဘောထားသလို
သူ့လှုပ်ရှားမှုအကုန်အစုံကို လိုက်ပြီး ကြည့်ရှုရတာကိုက ကိုယ့်ရဲ့ ရင်ခုန်မှုပင် ။

ထိုအရာကို အချစ်လို့ ​ခေါင်းစဉ်တပ်မည်ဆိုရင်တော့
ဂျွန်ဂျောင်ကု ကို ကျွန်တော် ချစ်သည်။

ရယူလိုခြင်းဖြင့် ချစ်မြတ်နိုးခဲ့တာမဟုတ်
ပေးဆပ်ယုံသပ်သပ်သာ။

ကျွန်တော့ကို မသိတဲ့သူ
ကျွန်တော့ကို သတိထားမိခြင်းမရှိတဲ့သူ့ကို ငေးကြည့်နေရယုံကလွဲပြီး ဒီထက်အဆင့်တက်ဖို့ဆိုတာတော့ ဟိုးအဝေးကြီးမှာ။ တဖတ်သတ်အချစ်ဆိုတာ နည်းနည်းတော့ ရင်နာစရာကောင်းသည်။ ဒါပေမဲ့ Crush ကမသိဘဲ တိတ်တိတ်လေး ချစ်မြတ်နိုးနေရတာကို ကျွန်တော် ခုံမင်နေမိဆဲပဲ ။

သို့သော်ငြား တစ်နှစ်​ကျော်ကြာသွားသည့် တဖက်သတ်အချစ်ဇာတ်လမ်းကို အဆုံးသတ်ပေးဖို့ ကံကြမ္မာက ဖန်ဆင်းပေးလိုက်လေတော့ ထိုနေရာမှာ မြှားနတ်မောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူက ကျွန်တော့်ရဲ့ အချစ်ကလေး တန်နီး ။

တန်နီး ကို ခေါ်ပြီး ဂျောင်ကု ရဲ့ လှုပ်ရှားမှု မှန်သမျှ လိုက်ကြည့်ခဲ့ဖူးတော့ တန်နီး လေးက ဂျောင်ကုကိုမှတ်မိနေခဲ့ပြီ ထင်ပါသည်။

ဒါ့ကြောင့်လဲ ဂျောင်ကု နဲ့ နီးစပ်ပြီး ခင်မင်ရင်းနှီးဖို့ အခွင့်အရေးရအောင် တန်နီးလေးက လုပ်ဆောင်ပေးခဲ့သည်ဟု ကျွန်တော်ယူဆသည်။ ထိုအရာကတော့ သူ့သဘောနဲ့သူ ဂျောင်ကုရှိရာဆီသို့ ရုတ်တရက် အပြေးသွားကာ ဂျောင်ကု ကိုယ်ပေါ်သို့ ခုန်တက်လိုက်ရာမှ စတင်ခဲ့သည်။

ထိုစဉ်ကတော့ မိမိခွေးလေးရဲ့ လုပ်ရက်ကြောင့်
ဂျောင်ကုခဗျာ လန့်ဖြန့်ပြီး လက်ထဲက အချိုရေဗူးက ခန္ဓာကိုယ်ပေါ်သို့ မှောက်ကျကာ အဖြူစွတ်စွတ်အကျီလေးပါ ပေကျံသွားရှာပြီဖြစ်သည်။ သူ့ရဲ့ပုံစံအား ကြည့်ရင်း အားနာစိတ်က တရိပ်ရိပ် ။ ဘာလုပ်ပေးလို့ ပေးရမည်မှန်းမသိ။

ဒါပေမဲ့ ထိုနေရာမှာပဲ သိခဲ့လိုက်ရသည့် အမှန်တရားက ဂျောင်ကု က မိမိအား ကောင်းကောင်းကြီး ရင်းနှီးနေခဲ့ပါသတဲ့ ။ ကင်ထယ်ယောင်းဆိုတဲ့ကျွန်တော့်နာမည်ကအစ သူကစားတဲ့ လက်ဝှေ့ပွဲတိုင်း ကျွန်တော်လိုက်ကြည့်ခဲ့ဖူးတာအဆုံး အားလုံး သူသိနေခဲ့သည်။

နောက်ပြီး သူ့ရဲ့ မျက်ဝန်းညိုတွေ ။ ထိုမျက်ဝန်းတွေထဲမှာ နူးညံ့တဲ့ အကြင်နာအရိပ်တွေ ပါနေခဲ့သည်ကတော့ ကင်ထယ်ယောင်းတို့ ဂျွန်ဂျောင်ကုအားအဆုံးစွန်အထိ ရူးသွပ်ဖို့ လုံလောက်နေခဲ့သည်မလားလေ။

အဲ့သလိုကနေ မြှားနတ်မောင်လေး လုပ်ပေးခဲ့တဲ့ တန်နီးကျေးဇူးကြောင့် နှစ်ဦးနှစ်ဖက် ရင်ခုန်သံတွေ ဖလှယ်ဖို့ ညစဉ်ညတိုင်း ဖုန်းဆက်တတ်တဲ့
ကောင်လေးတစ်ယောက် ကျွန်တော့် ဘဝထဲကို ဝင်ရောက်လာခဲ့ပါတော့တယ် ။

=========

❣️(3) အချစ်က ကိုယ့်ကို ချစ်တယ်တဲ့လား❣️

ကိုယ့်ဘက်ကပဲ တဖတ်သတ် ချစ်ခဲ့ရတာလို့ ထင်ခဲ့ပေမဲ့ သူကလဲ ကိုယ့်ကို ပြန်ပြီး ချစ်နေခဲ့တယ်ဆိုတာ ကတော့ လုံးဝထင်မှတ်မထားတဲ့ အလှဆုံးသော ဇာတ်လမ်းတစ်ပုဒ်ဟု ဆိုရမည်။

ကိုယ့် Crush က သူဖြစ်ပြီး
သူ့ရဲ့ Crush ကလဲ ကိုယ်တဲ့လေ။

အဲ့ဒါကြောင့်လဲ ဂျောင်ကု ဘက်ကပဲ စတင်ပြီး
ကျွန်တော့်ကို Purpose လုပ်ခဲ့တာကတော့ သူ့ရဲ့လက်ဝှေ့ပြိုင်ပွဲလေးတစ်ခုမှာ အနိုင်ရခဲ့တဲ့နေ့တုန်းကပေါ့ ။

ပွဲလာကြည့်ကြတဲ့ ပရိတ်သတ် အပေါင်းအသင်းအားလုံးရှေ့ ။ သူကတော့ လက်ဝှေ့စင် ကြိုးဝိုင်းထဲမှာ ရပ်နေပြီး ရှေ့ဆုံးတန်းမှာ အားပေးနေတဲ့
ကျွန်တော့်ကို ချစ်ရည်ရွှန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ကာ အော်ပြောခဲ့တာက

"ထယ်ယောင်း Sunbae ....
အရမ်းချစ်တယ်
ကျွန်တော်ရဲ့ ချစ်သူကောင်လေး
ဖြစ်ပေးနိုင်မလား" တဲ့ ။

ထိုနေ့က ကျွန်တော့်ကမ္ဘာလေး အလှဆုံးဖြစ်ခဲ့တယ်။ ဂျောင်ကု ပေးတဲ့ အချစ်တွေကြောင့်။

"ဒါဆို ဒီနေ့က စပြီး တစ်ရက်လို့
သတ်မှတ်လိုက်လို့ရပြီမလား
ကိုယ်လဲ မင်းကို ချစ်တယ်"

မူနေစရာ ၊ စဉ်းစားစရာမလိုဘဲ ချက်ချင်း အဖြေပြန်ပေးလိုက်တော့ ဒီလူ့ရင်ထဲမှာလဲ
သူ့အတွက် အချစ်တွေ ဘယ်လောက်ပြည့်သိပ်နေခဲ့တယ် ဆိုတာ မြင်သာလောက်ပါရဲ့။

ထပ်မံအချိန်တွေဆွဲနေရအောင်ကလဲ တဖက်သတ်ချစ်ခဲ့မိတာတင် တနှစ်ကျော်ပြီလေ။

ကျွန်တော့်အဖြေကြားတော့ ပရိတ်သတ်တွေထံမှ
ဝိုးကနဲ ၊ ဝါးကနဲ အသံတွေနဲ့အတူ ချီးကျူးဂုဏ်ပြုလက်ခုပ်သံတွေက မြိုင်မြိုင်ဆိုင်ဆိုင် ။

တခုတ်တရ ပြုံးနေတဲ့သူ့မျက်နှာလေးကိုကတော့ ပြေးဖက်နမ်းချင်စိတ်ပေါက်မိသည်အထိ ။

ကိုယ်ကအတွေးမဆုံးသေး။ စင်ပေါ်က ချက်ချင်းပြေးဆင်းလာပြီး လူကို ဆွဲပွေ့ဖက်လိုက်တဲ့သူ့ကြောင့် အံ့သြတကြီး။

သူ့ရင်ခွင်နွေးနွေးနဲ့ မိမိရင်ခွင် နှစ်ခုကတော့ ချက်ချင်းမိတ်ဆက်ပြီးသား။

ရင်ခုန်သံတွေက ဝုန်းဒိုင်းကြဲနေခဲ့မိပြီ ။ သေချာနားထောင်ကြည့်ရင် တဒိတ်ဒိတ်နဲ့ ရင်ခုန်သံတွေကိုတောင် ကြားနိုင်လောက်သည်အထိ။

ဖက်ထားတဲ့အခိုက် နီးကပ်ထိစပ်နေတဲ့ သူ့နားရွက်ဖျားလေးကိုတော့ နှာခေါင်းလေးနဲ့ အသာတို့ထိကာ နမ်းလိုက်မိတယ်။ သိပ်မြတ်နိုးတဲ့ ကောင်လေးမို့ ။

နောက်ပြီး ဆံနွယ်ပျော့ပျော့လေးကိုလဲ တရှိုက်မက်မက် နမ်းလိုက်မိပြီးသား။ ခပ်သင်းသင်း Shampoo အနံ့က နှလုံးသားထဲအထိ တိုးဝှေ့သွားတယ်။

ပွေ့ဖက်ထားတဲ့ ကိုယ်ချင်းခွာလိုက်တော့
နူးနူးညံ့ညံ့အကြည့်တွေနဲ့အတူ မျက်လုံးချင်းဆုံရင်းမှ
"အရမ်းချစ်တာပဲ ယောင်းရယ်"
ဆိုတဲ့ သူ့နှုတ်ထွက် စကားလေးက အပိုဆုအဖြစ် ထပ်မံရရှိခဲ့ပြန်တယ်။

ကျွန်တော် သိပ်ပျော်တာပဲ ။

နောက်ရက်မှာတော့

"အကမေဂျာမှ King ဂျွန်ဂျောင်ကုက
ဂီတမေဂျာမှ စီနီယာအကိုကြီး ကင်ထယ်ယောင်း ကို ချစ်ခွင့်ပန်"

ဆိုတဲ့ သတင်းက ကျောင်းရဲ့ Cele တွေအကြောင်းတင်တဲ့ Page အထိ ပေါက်ရောက်ပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တယ်။

အဲ့သလိုမျိုးကနေ
ကျွန်တော့ရဲ့ Crush ကလေး
ကျွန်တော့်ရဲ့ အသက်ကလေးဖြစ်တဲ့
ဂျောင်ကု နဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်လာခဲ့တယ် ဆိုပါတော့ ....။

===========

To Be Continued ~~~

A/N Extra အဖြစ် ဒီဇာတ်လမ်းလေးကို ထပ်မံဖန်တီးပေးမယ်လို့ စဉ်းစားလိုက်တော့ Tannie ပြောပြသမျှကိုပဲ ဖတ်ရှုခံစားလာခဲ့တဲ့ စာဖတ်သူလေးတွေအတွက် ထယ်ယောင်းဘက်က သူ့ခံစားချက် သူ့ဇာတ်ကြောင်းလေးကိုပါ ပြန်ပြောပြတဲ့ ပုံစံမျိုးလေးနဲ့ ရေးဦးမယ်လို့ တွေးခဲ့ပါတယ်။

ဒါ့ကြောင့် အခုရေးခဲ့တဲ့ အပိုင်းလေးကို သဘောကျမယ်လို့လဲ မျှော်လင့်မိပါတယ်။

ဆက်လက်ပြီး Extra နောက်ထပ် (၂) ပိုင်းကျန်သေးတာမို့ တဝကြီး ခံစားပေးပါဦးလို့လဲ မေတ္တာရပ်ခံပါရစေ ။

ချစ်ခြင်းများစွာဖြင့်

Cuttiehsumindooly


🌹🌹🌹

Zawgyi ❤️

ရိုးရွင္းေအးခ်မ္းစြာ ျဖတ္သန္းလိုတဲ့
ကမ႓ာငယ္ေလးထဲမွာ

ဂြၽန္ေဂ်ာင္ကုဆိုတဲ့
ႏွလံုးသည္းပြတ္သဖြယ္
ဘဝၾကင္ေဖာ္ေလးရယ္ ...

ယြန္းတန္နီး ဆိုတဲ့
ျမတ္ႏိုးရာ ေခြးလိမၼာေလးရယ္ကေတာ့
မရိွမျဖစ္ အလိုအပ္ဆံုးပါ။

:•*:•*: Tannie In Love :•*:•*:

❣️(1) ေပ်ာ္ရႊင္ျခင္းဆိုတာ ဒါလား❣️

16 ႏွစ္ျပည့္ ေမြးေန့မွာ မိဘႏွစ္ပါးထံမွ အမွတ္တရ ေမြးေန့လက္ေဆာင္အျဖစ္ ျမတ္ႏိုးရာေလးတစ္ခုအား ကြၽန္ေတာ္လက္ခံရရိွခဲ့သည္။

ထိုအရာကေတာ့ ေခြးေပါက္ေလးတစ္ေကာင္။

ကြၽန္ေတာ့္အခ်စ္ေလး။

သူ႔နာမည္က

"Tannie"

မွတ္မွတ္ရရ ထိုေန့က သင္တန္းမွာ အခ်စ္ဆံုးသူငယ္ခ်င္းျဖစ္သူ ဂ်ီမင္းနဲ႔ေတာင္ "ႏွစ္တိုင္းေမြးေန့လက္ေဆာင္ ေပးေနက် မိဘေတြဆီက ဒီႏွစ္ေရာ ဘာလက္ေဆာင္ရမလဲဆိုတာ ရင္ခုန္မိတဲ့အေၾကာင္း" ေျပာျဖစ္ခဲ့ေသးသည္။

"ဂိမ္းစက္ လက္ေဆာင္ ေပးေလာက္သည္" ဟု သူက ဆိုေတာ့ ျဖစ္ႏိုင္တယ္ ဟုသာ မွတ္ခ်က္ခ်မိခဲ့သည္။

အဲ့သလိုကေန ကြၽန္ေတာ့္အခန္းထဲက ကုတင္ေပၚဝယ္ ေခြးအိမ္ငယ္ေလးတစ္ခုကို တင္ထားၿပီး ထိုအိမ္ေလးထဲကေန ကြၽန္ေတာ့္အား မ်က္လံုးအဝိုင္းသားေလးနဲ႔ ၾကည့္ေနခဲ့တဲ့ေခြးေပါက္ေလးကို ျမင္လိုက္ရခ်ိန္မွာေတာ့

"သားအတြက္ ေမြးေန့လက္ေဆာင္က ပါပီေလးလား"

ဟု ေအာ္ရင္း ထိုအရာဆီသို႔ ကစုန္ေပါက္ေျပးသြားကာ အေပ်ာ္လံုးေတြ ထႂကြခဲ့ရသည္။

တကယ္တမ္း လက္ေဆာင္ရသည့္ အရာမွာ ထိုေခြးေပါက္ေလး ျဖစ္ေနခဲ့ေတာ့ ကြၽန္ေတာ့္ေပ်ာ္ရႊင္ျခင္းေတြဟာ အတိုင္းအဆမဲ့။ ေမြးေန့သက္တမ္းတေလ်ွာက္ 16 ႏွစ္ျပည့္ေမြးေန့ေလးက အေပ်ာ္ဆံုးဆိုတာယံု ။

ဒါ့အျပင္ ေခြးေလးအား ေစြ့ကနဲ ေကာက္ယူေပြ့ခ်ီၿပီး ဖက္ထားလိုက္ေတာ့လဲ အစပိုင္းခပ္စိမ္းစိမ္းျဖစ္ဟန္ရိွတယ္လို႔ ထင္ခဲ့မိတဲ့ ထိုပါပီေလးက တကယ္တမ္း ကြၽန္ေတာ့္လက္ေလးအား သူလ်ွာဖ်ားေလးနဲ႔ ပြတ္သပ္ၿပီး ရင္းႏွီးသမႈျပဳလာေလေတာ့ ေဟာဒီကလူရဲ့ခ်စ္ျခင္းအစံုက ခ်က္ခ်င္း ေႂကြဆင္းၿပီးသား။

ငယ္စဉ္ကထဲက ေခြးသိပ္ခ်စ္တတ္ခဲ့သူမို႔ ပါပီေလးေတြ ေမြးခ်င္လို႔ပါဟု ပူဆာခဲ့ဖူးေသာ္လည္း မိဘႏွစ္ပါးက ေခြးေမြးရတာ လြယ္တာမဟုတ္ဘူး အလုပ္ရႈပ္တယ္ ဘာညာသာဓကာ ေျပာၿပီး ပိတ္ပင္တားျမစ္ခဲ့ၾကသည္။

သို႔ေသာ္ အခုခ်ိန္မွာေတာ့ မိဘေတြကကို လိုလိုလားလားနဲ႔ ၁၆ ႏွစ္ျပည့္ေမြးေန့လက္ေဆာင္အျဖစ္ ပါပီေလးအား ေပးလာေသာအခါ တကယ့္ကို အံ့ၾသဖြယ္ရာ အတိ ။

အလိုခ်င္ဆံုးအရာေလးကို ပိုင္ဆိုင္ရတဲ့အခါ
အေပ်ာ္ရႊင္ရဆံုးပဲမဟုတ္လားေလ။

ေနာက္ဆံုးမွာေတာ့ ေမြးေန့လက္ေဆာင္အျဖစ္ Tannie ဆိုတဲ့ ေခြးေပါက္ေလးဟာ ကြၽန္ေတာ္ဘဝထဲကိုစတင္ဝင္ေရာက္လာခဲ့ပါေတာ့တယ္။

==========

❣️(2) ရင္ခုန္တာဟာ အခ်စ္လား❣️

တစ္ႀကိမ္တစ္ခါမွမရင္းႏွီးခဲ့ဖူးေသာ သူစိမ္းတစ္ေယာက္အေပၚ ခ်စ္ေမတၲာေတြ ေပးအပ္လိုက္မိတာကေတာ့ တကၠသိုလ္တက္ၿပီး တတိယႏွစ္ေရာက္တဲ့အခါမွာေပါ့။

တကၠသိုလ္ေရာက္တဲ့အခါ တေယာက္နဲ႔ တေယာက္ အမွတ္တမဲ့ တိုက္မိရာကစလို႔ အခ်စ္ဇာတ္လမ္းေတြ ျဖစ္သြားႏိုင္တယ္။ အဲ့သလိုမ်ိဳး ဖူးစာရွင္ေလး တစ္ေယာက္ေလာက္ ဖန္ဆင္းေပးပါ ဆိုၿပီး Facebook မွာ ေခတ္စားလြန္းတဲ့ ထိုစကားေတြၾကားစဉ္ကေတာ့ ဟာသတစ္ခုလိုသာ ရယ္ေမာခဲ့ဖူးသည္။

တကယ္တမ္း မိမိရဲ့ ျမတ္ႏိုးရာေလးအစစ္ကို ေတြ့ရိွခဲ့မိတာက ထိုကဲ့သို႔ ေလွကားမွာ အမွတ္တမဲ့ဝင္တိုက္မိခ်ိန္မွာပဲ ျဖစ္ေနခဲ့ေလေတာ့ အမွတ္တမဲ့ကေန အမွတ္တရအျဖစ္ ႏွလံုးသားေလးတစ္ခုလံုးအား
"ဂြၽန္ေဂ်ာင္ကု" ဆိုတဲ့သူေလးကသာ ဖမ္းစားသြားဖို႔ နိဒါန္းအစပ်ိဳးခဲ့ေတာ့သည္။

ဖုန္းထဲမွာ တခုခုအား အသည္းအသန္ၾကည့္ေနရင္းကေန ခပ္သုပ္သုပ္ေလ်ွာက္လွမ္းလာပံုရခဲ့တဲ့သူနဲ႔ ေလွကားက အဆင္း ေကာ္ရစ္တာ ေထာင့္ခ်ိဳးဘက္ကို အလ်င္စလို ေကြ့ခ်ိဳးလိုက္မိတဲ့ ကြၽန္ေတာ္ ။

ခႏၶာကိုယ္ႏွစ္ခုက ျဗဳန္းကနဲ ထိပ္တိုက္ဝင္တိုက္လိုက္မိေတာ့ အင့္ကနဲ ျဖစ္သြားသလို Professor ထံအပ္ဖို႔ လက္ထဲဝယ္ အထပ္လိုက္သယ္လာခဲ့တဲ့ Assignment စာရြက္ေတြကလဲ ဖြာခနဲ လြင့္ထြက္ ျပဳတ္က်သြားတယ္။

"ဟာ .... ကြၽန္ေတာ္ .... ကြၽန္ေတာ္
ေတာင္းပန္ပါတယ္ေနာ္"

ပါးစပ္က ေျပာလဲေျပာရင္း စာရြက္ေတြကို ျပာျပာသလဲ ကုန္းေကာက္ေပးေနတဲ့ ေကာင္ေလး။

"မဟုတ္တာ ... သတိမထားလိုက္မိတဲ့
ကိုယ့္အမွားလဲ ပါပါတယ္"

ႏွစ္ကိုယ္ၾကားယံုေလာက္ ခပ္တိုးတိုးေရရြတ္ေျပာဆိုၿပီး သူ႔ကို ေယာင္ရမ္းကာ ေငးၾကည့္ေနခဲ့မိတာ စကၠန္႔ ၃၀ ေလာက္ၾကာသြားသလားပဲေလ။

အခုမွ ပထမဆံုး ဆံုေတြ့ဖူးတဲ့ သူေလး။

ပတ္ဝန္းက်င္စူးစမ္းေလ့လာမႈ အားနည္းလြန္းတဲ့ ကြၽန္ေတာ့္အတြက္ ဒီေက်ာင္းရိွ လူေပါင္းမ်ားစြာထဲမွာ သူေလး ရိွေနပါတယ္ဆိုတာကို သတိထားမိသြားေစဖို႔ လံုေလာက္သြားတဲ့ ေတြ့ဆံုမႈေလး။

မ်က္လံုးဝိုင္းဝိုင္းေလးေတြ ပိုင္ဆိုင္ထားၿပီး ေခ်ာေမာတဲ့ ရုပ္အဆင္းအဂၤါရိွတဲ့ ထိုေကာင္ေလးက စာရြက္ေတြကို ေကာက္ယူသိမ္းဆည္းေနရင္းကေန သူ႔ေရ႔ွဝယ္ တုတ္တုတ္မ်ွမလႈပ္ဘဲ မတ္တပ္ရပ္ေနမိတဲ့ ကိုယ့္ကို ရုတ္တရက္ မ်က္လံုးေလးလွန္ၿပီး ေမာ့ၾကည့္လာေတာ့ အေယာင္ေယာင္အမွားမွားနဲ႔ေတာင္ ၿပံဳးျပလိုက္မိတယ္ ထင္ရဲ့။ နည္းနည္းေတာ့ ေၾကာင္စီစီႏိုင္ေပမဲ့။

တစံုတေယာက္အား ပထမဆံုး ေတြ့ဆံုျခင္းမွာကို မစိမ္းေသာ ရင္းႏွီးမႈေတြ တနင့္တသီးႀကီး ခံစားမိေနတာ ထူးဆန္းလြန္းတယ္ မဟုတ္လား ။ အတိတ္ဘဝက နက္နက္ရိႈင္းရိႈင္း ရင္းႏွီးခဲ့ဖူးသူအား ျပန္ဆံုေတြ့လိုက္ရသလိုမ်ိဳး။ အထူးသျဖင့္ ျဖဴစင္လြန္းတဲ့ မ်က္လံုးဝိုင္းေလးေတြအား စိမ္းသက္မေနခဲ့။

ေသခ်ာတာကေတာ့ စာရြက္ေတြ ေကာက္ကာ
မိမိလက္ထဲအား ေသခ်ာထည့္ေပး၍ ဦးၫြန္႔ေတာင္းပန္မႈေတြအၿပီး

သူ႔ဖုန္းမွ ရုတ္တရက္ဖုန္းဝင္လာသည္မို႔

"ဟုတ္ ဒယ္ဒီ သား အခုလာေနၿပီ အျမန္ဆံုး ျပန္လာၿပီေနာ္"

ဟု ေျဖရင္း အေလာတႀကီး ထြက္သြားတဲ့ ထိုေကာင္ေလးကို ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည့္တိုင္ လိုက္ေငးၾကည့္ေနမိခဲ့ျခင္းပင္။

သို႔ေသာ္ ထိုစဉ္ကေတာ့ သူ႔နာမည္အားလဲ မသိ။ သူဘယ္ေမဂ်ာကဆိုတာလဲ မသိ။ ေမးဖို႔ျမန္းဖို႔ အခြင့္အေရးလဲမရိွ။

ထို႔အတူ ဘာလို႔ သူ႔အေၾကာင္းကို အရမ္းသိခ်င္မိသြားတဲ့ ကိုယ့္စိတ္ကိုလဲ နားမလည္။

ဒီအတိုင္း... ဒီအတိုင္း ခင္မင္ရင္းႏွီးခ်င္သြားယံုပါ။
ထိုကဲ့သို႔သာ သတ္မွတ္ထားလိုက္မိပါသည္။

အဲ့ေနာက္ မ်ားမၾကာခင္ရက္အတြင္းမွာပဲ ကံတရားက ေဖးမေနခဲ့ေလေတာ့ ကိုယ္ေတြ့ခ်င္ေနတဲ့သူ႔အား
အထူးတလယ္ ထပ္ရွာစရာမလိုေလာက္ေအာင္ ေက်ာင္းကန္တင္းဝယ္ ထိပ္တိုက္ထပ္မံေတြ့ဆံုမိျပန္တယ္။

မ်က္ႏွာခ်င္းဆိုင္ရိွ စားပြဲဝိုင္းမွာထိုင္ေနၿပီး အေပါင္းအပါေတြနဲ႔ ရယ္ေမာေပ်ာ္ရႊင္ေနတဲ့ သူ။ သူကေတာ့ ကြၽန္ေတာ္အား ျမင္ပံုမေပၚ။ ျမင္လဲ မွတ္မိမယ္ မထင္။

သူ႔အားၾကည့္ေနရင္းမွ ကြၽန္ေတာ့္ေဘးကသူငယ္ခ်င္းေတြထံ သူ႔ကိုမ်ား သိမလား စပ္စုေမးၾကည့္မိေတာ့

"အကေမဂ်ာ ပထမႏွစ္က King ဂြၽန္ေဂ်ာင္ကု"

ဆိုတဲ့ သူ႔ကိုေတာင္ မသိရေကာင္းလားဆိုၿပီး ျပစ္တင္ေျပာဆိုမႈေတြကိုသာ အလံုးအရင္းခံလိုက္ရသည္။

အႏုပညာတကၠသိုလ္ တေက်ာင္းလံုးရဲ့ အတြင္းသတင္း အျပင္သတင္းသာမက အပ္က်တာကအစ သိတဲ့ ခ်စ္သူငယ္ခ်င္းႀကီး ဂြၽန္ဟိုေဆာ့က အဲ့လိုအခ်ိန္မ်ိဳးဆို လူကို အပီအျပင္ဖဲ့ေတာ့သာ။

အၿမဲသြက္လက္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တာကေတာ့ သူ႔ရဲ့ ခ်စ္စရာအက်င့္။

တကၠသိုလ္ေရာက္မွ ေပါင္းမိခဲ့သည့္ ေနာက္ထပ္သူငယ္ခ်င္းကေတာ့ မင္ယြန္းဂီ ။ သူကေတာ့ ခပ္ေအးေအးသမား။ စကားသိပ္မေျပာဘဲ နားေထာင္သူသပ္သပ္။ ဒါေပမဲ့ ေျပာၿပီေဟ့ဆိုလဲ တလံုးတခဲ ထိထိမိမိ။ လက္ပစ္ဗံုးနဲ႔ ပစ္ခ်လိုက္သလို အုန္းကနဲ ဒဲ့ထိတာ။

ပတ္ဂ်ီမင္းကေတာ့ ငယ္ကထဲကေန တကၠသိုလ္ထိ အတူတူျဖစ္ၿပီး အခ်စ္ရဆံုးေသာ ငယ္ေပါင္းႀကီးေဖာ္ သူငယ္ခ်င္းႀကီး။ ဒါေပမဲ့ သူကလဲ ဟိုေဆာ့
နည္းတူစြာ ကင္ထယ္ေယာင္းကို ဖဲ့ဖို႔ဆို လာထား ။

ထို ၃ ေယာက္လံုးကေတာ့ ေျပာမနာဆိုမနာ သူငယ္ခ်င္းေတြပါ။

ဘာပဲျဖစ္ျဖစ္ ေနာက္ဆံုးမွာေတာ့ သူတို႔အားလံုး သိၾကတဲ့ ဂြၽန္ေဂ်ာင္ကု ဆိုတဲ့ ထိုလူသားေလးအား မိမိတေယာက္သာ မသိခဲ့မိျခင္း။

ကင္ထယ္ေယာင္းဆိုတဲ့ ကြၽန္ေတာ္ကလဲ ဆံပင္ေကာက္ေကာက္ေလးနဲ႔ မ်က္မွန္အဝိုင္းေလးတပ္ထားတတ္ၿပီး စာၾကမ္းပိုးလိုလို ဘာလိုလို ပံုတံုးတံုးဒီဇိုင္းရယ္ ၊ အေနေအးတဲ့ ေရခဲတံုးစတိုင္ရယ္ ၊ အေပါင္းအသင္းဆိုလဲ သူတို႔ ၃ ေယာက္ကလြဲၿပီးမရိွေတာ့ လူရာဝင္ဆန္႔ျခင္းမွ သိပ္မရိွခဲ့တာ။ ဘယ္အရာကိုမွ သိပ္စိတ္မဝင္စားတတ္သူပီပီ အရာအားလံုးကို ပလစ္ထားခဲ့တာ မဟုတ္လား။

အခုေတာ့ သူေလးနဲ႔ ေတြ့မွသာ တစံုတစ္ေယာက္ကို စိတ္ဝင္တစားလိုက္ၾကည့္ေနရတာကိုက ေပ်ာ္စရာေကာင္းမွန္း နားလည္ခဲ့တာ။

အဲ့သလိုကေန အခ်ိန္ကာလအားျဖင့္ တစ္ပတ္ ၊ ထို႔ေနာက္ တစ္လ မွသည္ တစ္ႏွစ္ၾကာသြားသည္အထိ ကြၽန္ေတာ့္ Crush ဟု သတ္မွတ္ထားလိုက္ၿပီးျဖစ္သည့္ ဂြၽန္ေဂ်ာင္ကု ဆိုတဲ့ ေကာင္ေလးအား တိတ္တိတ္ေလး ၾကည့္ေငးလို႔ေကာင္းဆဲ။

သူအကေလ့က်င့္ရာ Dancing Room ၊ သူဝါသနာပါေသာ Boxing ထိုးသည့္ေနရာ ၊ Boxing အေပ်ာ္ကစားသည့္သူမ်ား စုေဝးၿပီး ျပဳလုပ္ေနက် လက္ေဝ႔ွယွဉ္ၿပိဳင္ပြဲမ်ား ၊ သူအေပါင္းအသင္းမ်ားနဲ႔ လာေနက် ျမစ္ကမ္းနေဘး စသျဖင့္ ေနရာတိုင္းကို ကြၽန္ေတာ္ေရာက္ပါသည္။

ဒါေတြကို သူမသိလဲျဖစ္သည္။ ကြၽန္ေတာ့္ကို သူမသိလဲ ရသည္။ တဖတ္သတ္ျမတ္ႏိုးျခင္းမွာ အေပးသာရိွၿပီး အယူမရိွလဲ ေနတတ္ခဲ့ၿပီးသား။

သူၿပံဳးရယ္ေနတာေလးကအစ ၊
သူ႔ရဲ့ ႏႈတ္ခမ္းေလးေအာက္က မွည့္နက္ေလးအဆံုး ။
သူ႔ရဲ့ မ်က္ႏွာေလးကို တစိမ့္စိမ့္ေငးရတာကိုက ကိုယ့္ရဲ့ ေပ်ာ္ရႊင္မႈလို႔ သေဘာထားသလို
သူ႔လႈပ္ရွားမႈအကုန္အစံုကို လိုက္ၿပီး ၾကည့္ရႈရတာကိုက ကိုယ့္ရဲ့ ရင္ခုန္မႈပင္ ။

ထိုအရာကို အခ်စ္လို႔ ​ေခါင္းစဉ္တပ္မည္ဆိုရင္ေတာ့
ဂြၽန္ေဂ်ာင္ကု ကို ကြၽန္ေတာ္ ခ်စ္သည္။

ရယူလိုျခင္းျဖင့္ ခ်စ္ျမတ္ႏိုးခဲ့တာမဟုတ္
ေပးဆပ္ယံုသပ္သပ္သာ။

ကြၽန္ေတာ့ကို မသိတဲ့သူ
ကြၽန္ေတာ့ကို သတိထားမိျခင္းမရိွတဲ့သူ႔ကို ေငးၾကည့္ေနရယံုကလြဲၿပီး ဒီထက္အဆင့္တက္ဖို႔ဆိုတာေတာ့ ဟိုးအေဝးႀကီးမွာ။ တဖတ္သတ္အခ်စ္ဆိုတာ နည္းနည္းေတာ့ ရင္နာစရာေကာင္းသည္။ ဒါေပမဲ့ Crush ကမသိဘဲ တိတ္တိတ္ေလး ခ်စ္ျမတ္ႏိုးေနရတာကို ကြၽန္ေတာ္ ခံုမင္ေနမိဆဲပဲ ။

သို႔ေသာ္ျငား တစ္ႏွစ္​ေက်ာ္ၾကာသြားသည့္ တဖက္သတ္အခ်စ္ဇာတ္လမ္းကို အဆံုးသတ္ေပးဖို႔ ကံၾကမၼာက ဖန္ဆင္းေပးလိုက္ေလေတာ့ ထိုေနရာမွာ ျမႇားနတ္ေမာင္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူက ကြၽန္ေတာ့္ရဲ့ အခ်စ္ကေလး တန္နီး ။

တန္နီး ကို ေခၚၿပီး ေဂ်ာင္ကု ရဲ့ လႈပ္ရွားမႈ မွန္သမ်ွ လိုက္ၾကည့္ခဲ့ဖူးေတာ့ တန္နီး ေလးက ေဂ်ာင္ကုကိုမွတ္မိေနခဲ့ၿပီ ထင္ပါသည္။

ဒါ့ေၾကာင့္လဲ ေဂ်ာင္ကု နဲ႔ နီးစပ္ၿပီး ခင္မင္ရင္းႏွီးဖို႔ အခြင့္အေရးရေအာင္ တန္နီးေလးက လုပ္ေဆာင္ေပးခဲ့သည္ဟု ကြၽန္ေတာ္ယူဆသည္။ ထိုအရာကေတာ့ သူ႔သေဘာနဲ႔သူ ေဂ်ာင္ကုရိွရာဆီသို႔ ရုတ္တရက္ အေျပးသြားကာ ေဂ်ာင္ကု ကိုယ္ေပၚသို႔ ခုန္တက္လိုက္ရာမွ စတင္ခဲ့သည္။

ထိုစဉ္ကေတာ့ မိမိေခြးေလးရဲ့ လုပ္ရက္ေၾကာင့္
ေဂ်ာင္ကုခဗ်ာ လန္႔ျဖန္႔ၿပီး လက္ထဲက အခ်ိဳေရဗူးက ခႏၶာကိုယ္ေပၚသို႔ ေမွာက္က်ကာ အျဖဴစြတ္စြတ္အက်ီေလးပါ ေပက်ံသြားရွာၿပီျဖစ္သည္။ သူ႔ရဲ့ပံုစံအား ၾကည့္ရင္း အားနာစိတ္က တရိပ္ရိပ္ ။ ဘာလုပ္ေပးလို႔ ေပးရမည္မွန္းမသိ။

ဒါေပမဲ့ ထိုေနရာမွာပဲ သိခဲ့လိုက္ရသည့္ အမွန္တရားက ေဂ်ာင္ကု က မိမိအား ေကာင္းေကာင္းႀကီး ရင္းႏွီးေနခဲ့ပါသတဲ့ ။ ကင္ထယ္ေယာင္းဆိုတဲ့ကြၽန္ေတာ့္နာမည္ကအစ သူကစားတဲ့ လက္ေဝ႔ွပြဲတိုင္း ကြၽန္ေတာ္လိုက္ၾကည့္ခဲ့ဖူးတာအဆံုး အားလံုး သူသိေနခဲ့သည္။

ေနာက္ၿပီး သူ႔ရဲ့ မ်က္ဝန္းညိုေတြ ။ ထိုမ်က္ဝန္းေတြထဲမွာ ႏူးညံ့တဲ့ အၾကင္နာအရိပ္ေတြ ပါေနခဲ့သည္ကေတာ့ ကင္ထယ္ေယာင္းတို႔ ဂြၽန္ေဂ်ာင္ကုအားအဆံုးစြန္အထိ ရူးသြပ္ဖို႔ လံုေလာက္ေနခဲ့သည္မလားေလ။

အဲ့သလိုကေန ျမႇားနတ္ေမာင္ေလး လုပ္ေပးခဲ့တဲ့ တန္နီးေက်းဇူးေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ ရင္ခုန္သံေတြ ဖလွယ္ဖို႔ ညစဉ္ညတိုင္း ဖုန္းဆက္တတ္တဲ့
ေကာင္ေလးတစ္ေယာက္ ကြၽန္ေတာ့္ ဘဝထဲကို ဝင္ေရာက္လာခဲ့ပါေတာ့တယ္ ။

=========

❣️(3) အခ်စ္က ကိုယ့္ကို ခ်စ္တယ္တဲ့လား❣️

ကိုယ့္ဘက္ကပဲ တဖတ္သတ္ ခ်စ္ခဲ့ရတာလို႔ ထင္ခဲ့ေပမဲ့ သူကလဲ ကိုယ့္ကို ျပန္ၿပီး ခ်စ္ေနခဲ့တယ္ဆိုတာ ကေတာ့ လံုးဝထင္မွတ္မထားတဲ့ အလွဆံုးေသာ ဇာတ္လမ္းတစ္ပုဒ္ဟု ဆိုရမည္။

ကိုယ့္ Crush က သူျဖစ္ၿပီး
သူ႔ရဲ့ Crush ကလဲ ကိုယ္တဲ့ေလ။

အဲ့ဒါေၾကာင့္လဲ ေဂ်ာင္ကု ဘက္ကပဲ စတင္ၿပီး
ကြၽန္ေတာ့္ကို Purpose လုပ္ခဲ့တာကေတာ့ သူ႔ရဲ့လက္ေဝ႔ွၿပိဳင္ပြဲေလးတစ္ခုမွာ အႏိုင္ရခဲ့တဲ့ေန့တုန္းကေပါ့ ။

ပြဲလာၾကည့္ၾကတဲ့ ပရိတ္သတ္ အေပါင္းအသင္းအားလံုးေရ႔ွ ။ သူကေတာ့ လက္ေဝ႔ွစင္ ႀကိဳးဝိုင္းထဲမွာ ရပ္ေနၿပီး ေရ႔ွဆံုးတန္းမွာ အားေပးေနတဲ့
ကြၽန္ေတာ့္ကို ခ်စ္ရည္ရႊန္းတဲ့ မ်က္လံုးေတြနဲ႔ ၾကည့္ကာ ေအာ္ေျပာခဲ့တာက

"ထယ္ေယာင္း Sunbae ....
အရမ္းခ်စ္တယ္
ကြၽန္ေတာ္ရဲ့ ခ်စ္သူေကာင္ေလး
ျဖစ္ေပးႏိုင္မလား" တဲ့ ။

ထိုေန့က ကြၽန္ေတာ့္ကမ႓ာေလး အလွဆံုးျဖစ္ခဲ့တယ္။ ေဂ်ာင္ကု ေပးတဲ့ အခ်စ္ေတြေၾကာင့္။

"ဒါဆို ဒီေန့က စၿပီး တစ္ရက္လို႔
သတ္မွတ္လိုက္လို႔ရၿပီမလား
ကိုယ္လဲ မင္းကို ခ်စ္တယ္"

မူေနစရာ ၊ စဉ္းစားစရာမလိုဘဲ ခ်က္ခ်င္း အေျဖျပန္ေပးလိုက္ေတာ့ ဒီလူ႔ရင္ထဲမွာလဲ
သူ႔အတြက္ အခ်စ္ေတြ ဘယ္ေလာက္ျပည့္သိပ္ေနခဲ့တယ္ ဆိုတာ ျမင္သာေလာက္ပါရဲ့။

ထပ္မံအခ်ိန္ေတြဆြဲေနရေအာင္ကလဲ တဖက္သတ္ခ်စ္ခဲ့မိတာတင္ တႏွစ္ေက်ာ္ၿပီေလ။

ကြၽန္ေတာ့္အေျဖၾကားေတာ့ ပရိတ္သတ္ေတြထံမွ
ဝိုးကနဲ ၊ ဝါးကနဲ အသံေတြနဲ႔အတူ ခ်ီးက်ူးဂုဏ္ျပဳလက္ခုပ္သံေတြက ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ။

တခုတ္တရ ၿပံဳးေနတဲ့သူ႔မ်က္ႏွာေလးကိုကေတာ့ ေျပးဖက္နမ္းခ်င္စိတ္ေပါက္မိသည္အထိ ။

ကိုယ္ကအေတြးမဆံုးေသး။ စင္ေပၚက ခ်က္ခ်င္းေျပးဆင္းလာၿပီး လူကို ဆြဲေပြ့ဖက္လိုက္တဲ့သူ႔ေၾကာင့္ အံ့ၾသတႀကီး။

သူ႔ရင္ခြင္ေနြးေနြးနဲ႔ မိမိရင္ခြင္ ႏွစ္ခုကေတာ့ ခ်က္ခ်င္းမိတ္ဆက္ၿပီးသား။

ရင္ခုန္သံေတြက ဝုန္းဒိုင္းႀကဲေနခဲ့မိၿပီ ။ ေသခ်ာနားေထာင္ၾကည့္ရင္ တဒိတ္ဒိတ္နဲ႔ ရင္ခုန္သံေတြကိုေတာင္ ၾကားႏိုင္ေလာက္သည္အထိ။

ဖက္ထားတဲ့အခိုက္ နီးကပ္ထိစပ္ေနတဲ့ သူ႔နားရြက္ဖ်ားေလးကိုေတာ့ ႏွာေခါင္းေလးနဲ႔ အသာတို႔ထိကာ နမ္းလိုက္မိတယ္။ သိပ္ျမတ္ႏိုးတဲ့ ေကာင္ေလးမို႔ ။

ေနာက္ၿပီး ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးကိုလဲ တရိႈက္မက္မက္ နမ္းလိုက္မိၿပီးသား။ ခပ္သင္းသင္း Shampoo အနံ႔က ႏွလံုးသားထဲအထိ တိုးေဝ႔ွသြားတယ္။

ေပြ့ဖက္ထားတဲ့ ကိုယ္ခ်င္းခြာလိုက္ေတာ့
ႏူးႏူးညံ့ညံ့အၾကည့္ေတြနဲ႔အတူ မ်က္လံုးခ်င္းဆံုရင္းမွ
"အရမ္းခ်စ္တာပဲ ေယာင္းရယ္"
ဆိုတဲ့ သူ႔ႏႈတ္ထြက္ စကားေလးက အပိုဆုအျဖစ္ ထပ္မံရရိွခဲ့ျပန္တယ္။

ကြၽန္ေတာ္ သိပ္ေပ်ာ္တာပဲ ။

ေနာက္ရက္မွာေတာ့

"အကေမဂ်ာမွ King ဂြၽန္ေဂ်ာင္ကုက
ဂီတေမဂ်ာမွ စီနီယာအကိုႀကီး ကင္ထယ္ေယာင္း ကို ခ်စ္ခြင့္ပန္"

ဆိုတဲ့ သတင္းက ေက်ာင္းရဲ့ Cele ေတြအေၾကာင္းတင္တဲ့ Page အထိ ေပါက္ေရာက္ၿပီး လူတိုင္းရဲ့ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့တယ္။

အဲ့သလိုမ်ိဳးကေန
ကြၽန္ေတာ့ရဲ့ Crush ကေလး
ကြၽန္ေတာ့္ရဲ့ အသက္ကေလးျဖစ္တဲ့
ေဂ်ာင္ကု နဲ႔ ကြၽန္ေတာ္ ခ်စ္သူေတြ ျဖစ္လာခဲ့တယ္ ဆိုပါေတာ့ ....။

===========

To Be Continued ~~~

A/N Extra အျဖစ္ ဒီဇာတ္လမ္းေလးကို ထပ္မံဖန္တီးေပးမယ္လို႔ စဉ္းစားလိုက္ေတာ့ Tannie ေျပာျပသမ်ွကိုပဲ ဖတ္ရႈခံစားလာခဲ့တဲ့ စာဖတ္သူေလးေတြအတြက္ ထယ္ေယာင္းဘက္က သူ႔ခံစားခ်က္ သူ႔ဇာတ္ေၾကာင္းေလးကိုပါ ျပန္ေျပာျပတဲ့ ပံုစံမ်ိဳးေလးနဲ႔ ေရးဦးမယ္လို႔ ေတြးခဲ့ပါတယ္။

ဒါ့ေၾကာင့္ အခုေရးခဲ့တဲ့ အပိုင္းေလးကို သေဘာက်မယ္လို႔လဲ ေမ်ွာ္လင့္မိပါတယ္။

ဆက္လက္ၿပီး Extra ေနာက္ထပ္ (၂) ပိုင္းက်န္ေသးတာမို႔ တဝႀကီး ခံစားေပးပါဦးလို႔လဲ ေမတၲာရပ္ခံပါရေစ ။

ခ်စ္ျခင္းမ်ားစြာျဖင့္

Cuttiehsumindooly







Ipagpatuloy ang Pagbabasa

Magugustuhan mo rin

890K 35K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...
1M 48.6K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️
133K 3.5K 53
This will be a blacktantwice fanfic... In which some mafia's keen to seek revenge for their parents death find themselves asking help from some ord...