ဘုရင့် သည်းဦးပန်
အပိုင်း(2)
"ဟေ့ ဟေ့ ဒါက ဘယ်လဲ "
သည်းက ကျောပိုးအိတ်ကိုလွယ်ကာ အိမ်ရှေ့တွင်ဖိနပ်စီးနေစဉ် အနောက်ကနေအော်လိုက်သော ဒေါ်သက်သခင်၏အသံကြောင့် ခန္ဓာကိုယ်လေးတွန့်သွားပြီး မော့ကြည့်လိုက်ရာ
"ငါမေးနေတယ်လေ ဘယ်လဲလို့"
မျက်နှာကျောတင်းတင်းနှင့် သည်းကို ငေါက်လိုက်တာများ သိပ်ကြောက်ဖို့ကောင်းသည်။
"သည်း...အလုပ်သွားမလို့ပါ... စာမေးပွဲလည်းနီးပြီဆိုတော့ ဒီနေ့က ကျူရှင်နောက်ဆုံးနေ့မို့လို့.."
"အဲ့ဒီတော့ အလုပ်သွားပြီး ကျူရှင်လခပေးမလို့ပေါ့ "
"ဟုတ်...ဒီနေ့မှမသွားရင် လစာ တစ်ဝက်လျော့သွားမှာ"
"ဟုတ်လား...အဲ့တာဆိုလည်း မသွားနဲ့လေ "
"ရှင်!"
"ညည်းက စာမေးပွဲဖြေလည်းအောင်မှာမှမဟုတ်တာ "
"အဲ့လို မဖြစ်ဘူး သည်း ဒီနေ့ ကျူရှင်ရော အလုပ်ရော သွားမှဖြစ်မယ်"
"ပြန်ဝင်ခဲ့ အိမ်ထဲကို!"
သည်းသည် ကျောပိုးလွယ်အိတ်ကြိုးလေးကို တင်းနေအောင်ဆုပ်ကိုင်ထားပြီးအိမ်ပေါက်ဝမှာခြေစုံရပ်နေ၏။ ဒေါ်သက်သခင်သည် သူ့နောက်သို့ လိုက်မလာသော သူမကိုလှည့်ကြည့်ကာ
" ဘာလုပ်နေတာလဲ မြန်မြန်လာလေ အလုပ်တင်မကဘူး ကျူရှင်ပါနောက်ကျချင်လို့လား"
သည်းသည် အောက်နှုတ်ခမ်းဖူးဖူးလေးကို မသိမသာ ကြိတ်ကိုက်ရင်း ဖိနပ်ပြန်ချွတ်၍ ဝင်လာ၏ ။ သည်း ဝင်လာလျှင်လာချင်း ညီမဖြစ်သူ သက်ထားဒေဝီက အဝတ်တွေကိုအလုံးလိုက် သူမအားထိုးပေး၏။
"အမလေး!"
သည်းသည် ထိုအဝတ်တွေကိုအောက်မကျအောင် မနိုင်မနင်းပွေ့ပိုက်ထားရင်း
"ဒါတွေက..."
"မီးပူတိုက်လေ...ဒီတစ်ပတ်စာ ငါဝတ်ဖို့အဝတ်အစားတွေ "
ဒေါ်သက်သခင်မှာလည်း သူ့သမီးအတွက် မနက်စာလုပ်ပေးရင်းနှင့်
"သည်းဦးပန်...ငါ့သမီးပြောနေတာမကြားဘူးလား အဲ့ဒီအဝတ်အစားတွေအကုန် မီးပူတိုက်ပြီးမှ ညည်းအလုပ်သွားရမယ် "
သည်းလည်း နံရံမှာကပ်ထားသော နာရီအားလှမ်းကြည့်လိုက်ကာ မိနစ်၃၀သာလိုတော့သည်မို့ လွယ်အိတ်ကိုဘေးမှာချ၍
စားပွဲပေါ်မှာ အခင်းခင်းပြီး ဒေါ်သက်သခင်၏ အခန်းထဲမှ မီးပူအားသွားယူခဲ့သည်။
ထို့နောက် ဒေဝီပေးသွားသည့် အဝတ်ပုံထဲမှာ တစ်ထည်ပြီးတစ်ထည် ခပ်သွက်သွက် တိုက်ပေးခဲ့၏။ ၄၅မိနစ်အကြာမှာအကုန်ပြီးသွားပြီး
"အန်တီ...အဝတ်တွေအကုန် မီးပူတိုက်ခဲ့ပါပြီ သည်း သွားလို့ရပြီမဟုတ်လား "
သားအမိနှစ်ယောက်လုံး ပြန်မဖြေကြသဖြင့် သည်းလည်း ကိုယ့်ဟာကိုယ်ပြန်ထွက်လာခဲ့သည်။ ၁၅မိနစ်တောင်နောက်ကျနေပြီဖြစ်သဖြင့် Busကားကိုမစောင့်နိုင်တော့ ခြေချင်ပင်ပြေးလာခဲ့ရသည်။ သူမအလုပ်လုပ်သည့် ကဖေးသို့ ရောက်သည့်အခါ အလုပ်ချိန်ထက် ၄၅မိနစ်နီးပါးနောက်ကျနေပြီဖြစ်သည်။
အရောင်မွဲမွဲဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီအကွက်ကိုဝတ်ဆင်ထားသောသူမက ဆိုင်အနောက်ကိုခပ်သွက်သွက်ပြေးဝင်သွားသည်။ ဆိုင်ရှင်လူကြီး၏ မကြည်သောအကြည့်ကိုလည်း ရိပ်မိပါသည်။ စကပ်အညိုရောင်နှင့် တီရှပ်အဖြူကို လဲလာခဲ့ပြီး
"တောင်းပန်ပါတယ် ဦးလေး သည်း အိမ်မှာ...."
"ဆင်ခြေတွေမကြားချင်ဘူး သွား အလုပ်မြန်မြန်သွားလုပ် လစာထုတ်မယ့်နေ့ကျတော့ ရေသာခိုချင်သေးတာ "
"ဟုတ်....ဟုတ်ကဲ့!"
သည်းမှာ ခေါင်းငိုက်စိုက်နှင့် ဆိုင်ထဲသို့ဝင်လာခဲ့သည်။ မနက်၈နာရီမှ ၃နာရီအထိသူမ၏အလုပ်ချိန်သည် ပြည့်ဖို့ မိနစ်၃၀မျှသာလိုတော့၏။ သည်းသည် ၃နာရီထိုးလျှင် ကျူရှင်သွားရမည်ဖြစ်သဖြင့် နာရီမကြာမကြာကြည့်ဖြစ်ပါသည်။
"သည်းဦးပန် နာရီပဲကြည့်နေမှာလား အလုပ်လာတာလည်းနောက်ကျသေးတယ် တာဝန်လည်းမကျေချင်ဘူး ရှေ့မှာဧည့်သည်လာနေတာမမြင်ဘူးလား "
အနည်းငယ်နွဲ့ချင်သောဆိုင်ရှင်ဦးလေးကြီးက မိန်းမလျှာဆိုတာသိပြီးသားမို့ စကားများတတ်တာကို သည်းခံရပါသည်။ သည်းလည်းဆိုင်ထဲဝင်လာသောအရပ်ရှည်ရှည်လူကြီး ထိုင်သည့် စားပွဲသို့ Menuစာအုပ်ကိုင်ကာ ရောက်လာခဲ့သည်။
"ဘာသုံးဆောင်မလဲရှင့် "
Menuစာအုပ်အားသူ့ရှေ့သို့ချပေးလိုက်ပေမယ့် ကိုင်တောင်မကြည့်သော ထိုဧည့်သည်က
"cappuccino !"
"ရှင်!"
ခပ်တိုးတိုးသူ့အသံကို မရေရာသောကြောင့် သည်းက အနည်းငယ်ငုံ့လာရင်းထပ်မေးလိုက်လျှင်သူက မော့ကြည့်လာသည့်အခါ ဖြူဖွေးလွန်းတဲ့သူ့မျက်နှာ....ထို့နောက် ပြာလဲ့လဲ့သူ့မျက်လုံးတွေ ခပ်ရဲရဲ နှုတ်ခမ်းပါးပါးကနေ
"cap puc ci no(ကာ...ပု...ချီ...နို) !"
တစ်လုံးချင်း ပြောလိုက်သည်အား သည်းမှာတော့ ချောမောလွန်းတဲ့သူ့မျက်နှာကြောင့် စွံ့အ အံ့သြလျှက်မျက်လုံးဝိုင်းလေးနှင့် ပြူးကြည့်နေမိသည်။
လိုင်းယ(န်) သူ့ကို တမေ့တဆွေးကြည့်နေသည့်သူမကြောင့် မျက်ခုံးရှုံ့သွားရင်း
ဖြောက်!
သူမမျက်နှာရှေ့ကနေ လက်ဖြောက်တစ်ချက်တီးလိုက်သည့်အခါ
"အဲ့...ရှင်.... ရှင်!"
လန့်ဖြန့်ပြီး ခန္ဓာကိုယ်လေးမတ်သွားကာ
အူတူတူနဲ့ သူ့ကိုထပ်မေးပြန်၏။
"ကာ....ပု....ချီ....နို ကြားပြီလား !"
"ဟုတ်....ဟုတ်ကဲ့ ခဏ စောင့်ပါနော် "
သူ့ရှေ့က menu စာအုပ်ကိုဆွဲယူကာ ပြန်လှည့်သွားသည့်အခါ လိုင်းယ(န်) ဆံပင်တွေမြှောက်စည်းထားပြီး ဒူးဖုံးစကပ်အညိုလေးနှင့် တီရှပ်ကိုစမတ်ကျကျဝတ်ထားသော သူမကိုလှမ်းကြည့်ရင်း
"ဘယ်လို အူတူတူ ဝန်ထမ်းမျိုးကို ခေါ်ခံ့ထားတာပါလိမ့် "
မကြာခင်မှာပဲ သူ့အတွက် ကာပုချီနို တစ်ခွက်သူမက လာချပေး၏။ ထို့နောက် သူမနာရီကြည့်ပြီး ၃နာရီထိုးနေပြီမို့ အနောက်သို့ခပ်သွက်သွက်ပြေး၍ ယူနီဖောင်းနဲ့ သူမရဲ့အဝတ်အစားကိုပြန်လဲပြီးထွက်လာသည်။
"ဦးလေး သည်း ကျူရှင်ရှိသေးလို့ ၃နာရီလည်းထိုးပြီဆိုတော့ သွားလိုက်ပါဦးမယ်"
ထိုအခါ ဆိုင်ရှင်ဦးလေးကြီးက သည်းအား ခပ်မဲ့မဲ့ကြည့်ကာ ၁သောင်းတန် 8ရွက်နှင့် ထောင်သာထုတ်ပေး၏။
"ရှင်....ဟို ၁သိန်းပေးရမှာမဟုတ်ဘူးလား တစ်လစာ"
"ညည်းက ဒီနေ့ နောက်ကျတယ်မလား ပြီးတော့ တခြားနောက်ကျတဲ့ရက်တွေကလည်းကျန်သေးတယ် ကျောင်းသူဆိုပြီးတော့ လစာမဖြတ်ဘူးမထင်နဲ့ "
"ဟို....ဒီနေ့ သည်း ကျူရှင်လခပေးရမှာမို့လို့ပါ နောက်ကျရင် ပိုလုပ်ပေးပါ့မယ် အချိန်ပိုဆင်းပါ့မယ် ဒီနေ့တော့ လစာအပြည့်ပေးလို့မရဘူးလားဟင် "
"အမလေး ဒါမျိုးတွေ ငါတို့ကရိုးနေပြီ ဒီလိုပြောပြောပြီးတော့ ပြန်မလာကြဘူး ပေးသလောက်ယူသွား "
"အခုချက်ချင်း ကျူရှင်သွားရမှာမို့ပါ ပိုက်ဆံပြည့်အောင်ရှာဖို့လည်းအချိန်မရတော့လို့ တကယ်တောင်းပန်ပါတယ် ဦးလေးရယ် "
"မရဘူးလို့ပြောနေတယ်မလား သွားသွားမြန်မြန် ဆိုင်ထဲမှာလူတွေရှုပ်တယ် "
သည်းကိုလည်း အခြားဆိုင်ဝန်ထမ်းများရော ဧည့်သည်များပါ ကြည့်နေကြသဖြင့် ရှက်လည်းရှက်မိကာ မျက်ရည်တို့ကပြည့်လျှံလာ၏။
အောက်နှုတ်ခမ်းလေးကို မသိမသာကိုက်ရင်း ခေါင်းလေးငုံ့လျှက် လက်ထဲကပိုက်ဆံတို့ကို ကျစ်ကျစ်ဆုတ်ထားလျှင်သူမကိုကျော်လွန်၍ လက်တံရှည်ရှည်က ဆိုင်ရှင်ဦးလေးရှေ့ကစားပွဲပေါ်သို့ တစ်သောင်းတန် ၃ရွက်ချပေးလိုက်သည်။ ထို့နောက် သူထိုင်ခဲ့သော စားပွဲသို့လက်ညှိုးထိုးကာ
"ကာပုချီနို တစ်ခွက်ဖိုးယူပြီးကျန်တဲ့ပိုက်ဆံကို ဒီကောင်မလေးကိုပေးလိုက် !"
ထိုသို့ပြောလိုက်တော့ သည်းက အံ့သြသွားကာ ချက်ချင်းလှည့်ကြည့်လိုက်ပေမဲ့ သူဟာ လှည့်ထွက်သွားလေပြီ။
ဘယ်သူလဲဆိုတာတောင်မသိလိုက်ရဘူး
ကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး
သည်း ထင်တာမမှားရင်တော့ ဟိုသိပ်ချောတဲ့လူများလား။
"အဟမ်း....ရော့ ၂သောင်း ၅ ထောင် !"
မကြည်မဖြူပေးသော ဆိုင်ရှင်ဆီက ပိုက်ဆံကို ပြုံးပြုံးလေးလက်ခံကာ
"ကျေးဇူးတင်ပါတယ် သွားလိုက်ပါဦးမယ် ဦးလေး!"
သည်းက ပိုက်ဆံတွေကို ကျောပိုးအိတ်ထဲထည့်ပြီး နောက်ကျနေပြန်တဲ့ကျူရှင်သို့ အပြေးသွားရပြန်၏။
တော်သေးတာပေါ့ သစ္စာရှိလှသောသူငယ်ချင်းက ကျူရှင်ရှေ့မှာ စောင့်နေသေးလို့။
"သည်းဦးပန် နင်ဟာလည်း ဘယ်တော့မှ ကျူရှင်အချိန်မှီတယ်ကိုမရှိဘူး အမြဲနောက်ကျတယ် မြန်မြန်လာ စာသင်နေပြီ"
ချွေးတရွှဲရွှဲနဲ့ မောဟိုက်နေသော သည်း ကို လွန်းပြည့်က တွဲခေါ်၏။
"Sorryဟာ ဆိုင်မှာ ပြဿနာနည်းနည်းရှိနေလို့ နင်ကလည်း ဝင်နှင့်တာမဟုတ်ဘူး "
"စောင့်နေကျဆိုတော့လည်း နင်မပါပဲမဝင်ချင်လို့ လာလာ သွားမယ်"
ဒီတလောကလုံးသူမအပေါ်ကောင်းတာဆိုလို့ လွန်းပြည့်တစ်ယောက်သာရှိသည်ဟု သည်း ထင်နေလျှင်မမှားနိုင်။ ၂ယောက်အတူ စာသင်နေပြီဖြစ်သော စာသင်ခန်းထဲဝင်လာကြပြီး လွတ်နေသော နောက်ဆုံးတန်း၌သာဝင်ထိုင်ဖြစ်ကြသည်။
"ဆိုင်မှာဘာပြဿနာဖြစ်တာလဲ"
"ရှူးး စာသင်နေတယ် နောက်တစ်ပတ်စာမေးပွဲဖြေရတော့မှာ လိုက်နားထောင် "
စာကိုသေချာနားထောင်နေသော သည်း ကြောင့် လွန်းပြည့် နှုတ်ခမ်းဆူသွားပြီး သူမပါ လိုက်နားထောင်ရတော့သည်။
×××××××××××××××
ကျူရှင်ဆင်းသည့်အခါ သည်းတို့သူငယ်ချင်း၂ယောက် Busကားမှတ်တိုင်အထိလမ်းလျှောက်ကြရင်း
"ဟူး.... စိတ်ထဲမှာပေါ့သွားတာပဲ လွန်းပြည့်ရယ် ဆရာမကို ကျူရှင်လခပေးလိုက်ရတာ ပျော်လိုက်တာ"
"အင်း.... နင်ဆိုင်မှာပြဿနာဆိုတာပြောပြဦးလေ "
"တအားသိချင်နေတာပေါ့ တစ်ချိန်လုံးလိုက်မေးနေတာပဲ "
သည်းက တုတ်ထိုးချိုချဉ်ကို ဖောက်စုပ်ရင်း
လွန်းပြည့်ကိုလည်း လွယ်အိတ်ထဲမှ တစ်လုံးထုတ်ပေးလိုက်သည်။
"သိချင်တာပေါ့ နင်တို့ဆိုင်ရှင် အခြောက်ကြီးက သိပ်စကားများတာ နင်ကတစ်ခါတစ်လေဆို အေးတိအေးစက်နဲ့ ငုံ့ခံလာလို့ကတော့ ငါသွားပြောပစ်မယ်"
"အဟွန်း ဟွန်း ဟွန်း....ဟုတ်တယ် အဲ့ဒီလူကြီးက ငါ့ကို ၈သောင်း၅ ထောင်ပဲပေးတယ်သိလား ငါလည်း ကျူရှင်လခပေးရမှာဘာညာပြောတာကိုမရဘူး ဒါပေမဲ့လေ လူတစ်ယောက်က ကာပုချီနိုတစ်ခွက်ကို ၁သောင်းတန်၃ရွက် နဲ့ရှင်းပြီးတော့ ပိုတဲ့ပိုက်ဆံကို ငါ့ကိုပေးဖို့ပြောတယ် "
"အံမယ် အံမယ် ကယ်တင်ရှင်ကြီးပေါ့ ဘယ်သူလဲသူက"
"ဘယ်သိမလဲ ငါဘာမှတောင်မပြောလိုက်ရဘူး "
"နင်ကလည်း တကယ်ပဲ "
"ကားလာပြီ သွားကြစို့ "
သည်းက လွန်းပြည့်ကိုဆွဲခေါ်ရင်း Busကားပေါ်တက်ခဲ့ကြသည်။
"လွန်းပြည့် စာမေးပွဲဖြေဖို့ တစ်ပတ်ပဲလိုတော့တာနော် စာလည်းကြည့်ဦး"
"အင်းပါ ဟင်း ဟင်း....နင်နဲ့ငါက ကျလည်းအတူအောင်လည်းအတူပဲကို ခစ် ခစ် "
"ဟေ့ ဟေ့ ဒီနှစ်ကျလို့မဖြစ်တော့ဘူးနော် ငါတို့၂ယောက်လုံး External ဖြစ်သွားမှာကျရင် "
"အင်း အင်းပါ နင်ကလည်း အောင်မှာပါငါတို့တွေတစ်နှစ်ကျခဲ့ပြီးပြီပဲ "
"အင်း ဒီတစ်ခါတော့ အောင်မှဖြစ်မယ် အရင်နှစ်ကလည်း မေဂျာဖြေမယ့်နေ့မှာ ငါလက်ကျိုးလို့ မဖြေလိုက်ရတာ နင် Zoologyမရလို့ဆိုပြီး ကျတယ် ဒီနှစ်တော့ ငါဘာပဲဖြစ်ဖြစ် နင်အောင်အောင်ဖြေခဲ့နော် "
သည်း ရဲ့စကားကြောင့် လွန်းပြည့် ချိုချဉ်ကိုငုံထားရာမှ
"နင့်စကားကဘယ်လိုကြီးလဲ မသိရင် နင်ကပဲစာမေးပွဲဖြေခါနီးတစ်ခုခုဖြစ်မယ့်ပုံနဲ့"
ထိုအခါ သည်းက တုတ်ထိုးချိုချဉ်လေးကို ကိုင်ထားရင်း နာကျင်မှုအချို့နှင့်ခပ်ရေးရေးလေးပြုံးကာ
"ပြောလို့မရဘူးလေ နင်သိသားနဲ့ ငါကဘယ်တော့မဆိုကံမကောင်းဘူး"
"ဒါနဲ့...နင့်မွေးနေ့က အောက်တိုဘာလထဲမှာနော်"
"ဘာလဲ နင်က ဟို ဗေဒင်ဆရာမပြောတာယုံဦးမလို့လား ငါအသက်၂၀ပြည့်ရင် လူတစ်ယောက်ကြောင့်ကံကောင်းလာမယ်ဆိုတာလေ "
"မသိတတ်ဘူးလေ နင်ကရော အဲ့တာကမဖြစ်နိုင်ဘူးလို့ ပြောနိုင်လို့လား "
"အဲ့ဒီဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထား ရှေ့က မှတ်တိုင်ဆိုရင် နင်ဆင်းရတော့မှာ "
"သြော်....အေး တော်သေးတယ် ကျော်မသွားတာ ဟဲဟဲ သွားပြီနော် "
"အင်းအိမ်ကောင်းကောင်းပြန်"
လွန်းပြည့်အား နှုတ်ဆက်ပြီးနောက် ကားမှန်တွေကတစ်ဆင့် ကားမီးရောင်တွေ လမ်းမီးရောင်တွေနဲ့တောက်ပနေသော မြို့မြင်ကွင်းကို ငေးကာ တွေးမိတွေးရာတွေးရင်း နေ့လည်က သူမရဲ့ကယ်တင်ရှင် သူ့ဆီရောက်သွားခဲ့သည်။
"ဘာလို့လွယ်လွယ်နဲ့ ပိုက်ဆံ ၃ သောင်းကိုချပေးခဲ့ရတာလဲ ....အင်းပေါ့လေ သူ့လို ဘောစိတစ်ယောက်အတွက်တော့ အဲ့ဒီပိုက်ဆံက ဘာမှမဟုတ်ဘူးနေမှာပေါ့ ဒါပေမဲ့ သူ ကူညီခဲ့တာကိုတော့ ကျေးဇူးတင်ပါတယ် လူကောင်းတစ်ယောက်ဖြစ်မှာပါ "
မျက်လုံးထဲမှာပြန်ပေါ်လာတဲ့ ကော်ဖီမှာ တုန်းကသူ့မျက်နှာကြောင့် ကိုယ့်ကိုယ်ကိုယ်မသိလိုက်ခင်မှာ ပြုံးနေမိခဲ့သည်။
×××××××××××××××××××××××××××××××
၁ပတ်ဆိုတဲ့အချိန်ဟာ တကယ်ခဏလေးပါ
သည်းတို့ စာမေးပွဲဖြေနေရပြီ။
စာမေးပွဲတွင်းမှာတောင် စာကောင်းကောင်းမကြည့်ရဘဲ ဒေါ်သက်သခင် ခိုင်းတိုင်းထလုပ်ပေးနေရသည်ကိုလည်း စိတ်ပျက်မိပါသည်။
ထို့ကြောင့်လည်းစာမေးပွဲကိုမြန်မြန်ပြီးချင်သည့် ဆန္ဒသည် ပြည့်ခဲ့သလားမသိ။ နောက်ဆုံးတစ်ရက်ဖြစ်သည့် Chemistryဖြေရမည့်နေ့သို့ရောက်ခဲ့ပြီ။
နေ့လည်နှင့်ညနေတို့တွင် တစ်ခုပြီးတစ်ခုခိုင်းတတ်သည့် ဟိုသားအမိကြောင့် ညနက်မှစာကြည့်ရပေမဲ့နောက်ဆုံးဖြေရမည့်ဘာသာမို့ အားတင်းထားပါသည်။ သည်းထင်တာမမှားရင် ဒီတစ်ခါတော့ သည်း စာမေးပွဲအောင်ပြီ။
မနက်ဖြန်ဆိုရင် သည်းပြီးချင်သည့်စာမေးပွဲကြီးပြီးပြီ။
သို့သော် သူမတွေးသလိုဖြစ်နိုင်ရဲ့လား။
အမြဲတမ်း ကံကြမ္မာရဲ့နှိပ်စက်မှုတွေခံလာခဲ့ရတာ နေသားကျနေပြီမို့ ဒီတစ်ခါရော နှိပ်စက်ဦးမှာလား။
စာမေးပွဲဖြေရမည့် ၈နာရီခွဲအချိန်မတိုင်ခင်
သည်း ၈နာရီမှာ အိမ်ကထွက်ဖို့ပြင်ဆင်ခဲ့၏။
လွယ်အိတ်လွယ်၍ သူမအခန်းထဲကထွက်လာလျှင် လှေကားသို့မဆင်းမီ ရှေ့ကလာပိတ်ရပ်သော ညီမဖြစ်သူဒေဝီ။၀တန်းဆိုသည့် ၁၆နှစ်နှင့်မလိုက်အောင် သည်းကိုသူ့ထက်အငယ်လိုအမြဲဆက်ဆံတတ်၏။
"ရော့"
ပိုက်ဆံ၁ထောင်တန်တစ်ရွက်ထုတ်ပေး၍
"လမ်းထိပ်က ရှမ်းခေါက်ဆွဲသွားဝယ်ပေး "
"ငါ စာမေးပွဲသွားဖြေရမယ် "
သည်းက ညာဘက်သို့တိမ်းလိုက်ပြီး လှေကားသို့ဆင်းရန်ပြင်ဆင်သည့်အခါ
"သွားဝယ်ပြီးမှသွား "
"၈နာရီထိုးနေပြီ မဖြစ်ဘူး "
"ငါနင့်ကိုသွားဝယ်လို့ပြောနေတယ်မလား "
သည်းဘယ်ဘက်သို့ တစ်ဖန် တိမ်းလိုက်လျှင်
သည်းရှေ့ကနေ လိုက်ပိတ်ပြန်၏။
"ဒေဝီ ငါတောင်းပန်ပါတယ် ပြန်လာရင်ခိုင်းချင်တာခိုင်းပါ အခု စာမေးပွဲဖြေမှဖြစ်မယ် "
"ဟက် First Yearကိုဘယ်နှခါဖြေနေမှာလဲ အောင်တာလည်းမဟုတ်ပဲနဲ့ စကားမများပဲ သွားဝယ်လိုက်စမ်းပါ "
"ကျစ်.."
သည်း ညာဘက်သို့ ရွှေ့ပြီး လှေကားတစ်ထစ်
ဆင်းသည့်အခါ ဒေဝီ အရှေ့ကနေလိုက်ပိတ်ရင်း
ဒုတ် ဒုတ် ဒုန်း
"အမလေး...အား..."
သည်း ရှေ့ကနေ ခြေချော်ကျသွားသည့် ဒေဝီသည် အောက်ဆုံးလှေကားထစ်မှာ ပက်လက်
သည်း မျက်လုံးပြူး ပါးစပ်ဟောင်းလောင်းနှင့်
ဦးခေါင်းမှသွေးသန်ရဲရဲတွေကိုမြင်ပြီး မလှုပ်မယှက်လန့်ဖြန့်ခဲ့ရာ မီးဖိုခန်းဘက်ကနေ သူ့သမီးဆီပြေးလာသော ဒေါ်သက်သခင်က
"သမီး သမီးလေး ဒေဝီ ဒေဝီ ....သတိထားဦး !"
သူ့သမီးကို ကြည့်လိုက် လှေကားပေါ်က သည်းကိုကြည့်လိုက်နှင့်
"သည်းဦးပန်.....ငါ့သမီး တစ်ခုခုဖြစ်ရင်နင့်ကိုအရှင်မထားဘူး "
"ဟင့်အင်း သည်း သည်း တွန်းမချပါဘူး သူ့ဘာသူချော်ကျတာ အဟင့် ဟင့် "
"အခုချက်ချင်းဆင်းခဲ့ ညည်း စာမေးပွဲတွေဘာတွေမသိဘူး ငါကားသွားထုတ်မလို့ ဒေဝီ့ကို ခေါ်ခဲ့ "
"ဟို...တောင်းပန်ပါတယ် သည်း ဒီတစ်ခါကျရင် Externalဖြစ်သွားမှာ...."
ဒေါ်သက်သခင်က သည်း ရဲ့ဆံပင်ကိုဆွဲလိုက်သဖြင့်
"အ...အား"
"နင့်ညီမ ခေါင်းပေါက်သွားတာတောင် နင်က စာမေးပွဲအကြောင်းပြောချင်သေးတာပေါ့ အခုချက်ချင်း ကားပေါ်တက် ရဲစခန်းမသွားချင်ရင် ဆေးရုံရောက်မှ နင့်ဘာနင် ဖြေဖြေမဖြေဖြေ"
သည်းလည်းမလှုပ်နိုင်တဲ့ဒေဝီ့ကိုတွဲခေါ်ကာ
ဒေါ်သက်သခင်မောင်းတဲ့ကားနဲ့ဆေးရုံသို့လိုက်ခဲ့ရပြီး တစ်လမ်းလုံး မကုန်နိုင်တဲ့မျက်ရည်တို့နှင့်ငိုခဲ့ရ၏။ ဆေးရုံရောက်ခဲ့တော့ ၉နာရီထိုးဖို့၁၅မိနစ်သာလိုတော့၏။ စာမေးပွဲတောင်စနေလောက်ပြီ။
"ဒေဝီ ဘာဖြစ်လဲဆိုတာ မသိရသေးသ၍ နင် ဒီနားက ထဖို့မစဉ်းစားနဲ့ "
၉နာရီခွဲသည့်အခါမှ ဆရာဝန်ကပြန်ထွက်လာသည်။
"ဆရာ သမီး သမီးဘယ်လိုနေလဲ ဆရာ"
"မစိုးရိမ်ရပါဘူး ၅ချက်ချုပ်ထားရတယ် မကြာခင်သတိရလာမှာပါ "
ထိုစကားကြားသည့်အခါ သည်း ချက်ချင်း ထိုင်နေရာမှထပြီး
"ဟို...သည်း သွားလို့ရပြီမဟုတ်လားဟင် !"
ဒေါ်သက်သခင်က သည်းကိုတုန့်ပြန်စကားမဆိုဘဲ သူ့သမီးအခန်းထဲဝင်သွားသဖြင့် သည်းလည်း တင်ပါးနှင့် ခြေဖဝါးတစ်သားတည်းကျအောင် ပြေးရပါတော့သည်။ စာမေးပွဲခန်းရှေ့ရောက်ခဲ့ပေမယ့် ၁၀နာရီဆိုသည့်အချိန်အရ ၁နာရီနှင့်မိနစ်၃၀တောင်နောက်ကျနေပြီဖြစ်သဖြင့် ဖြေခွင့်မရတော့ပါ။
သည်းမှာ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ
ခေါင်းငိုက်စိုက်ကျ၍ ထိုမနက်၁၀နာရီကတည်းကခြေဦးတည့်ရာ လျှောက်လာခဲ့တာ
အခုဆိုလျှင် ဘယ်ရောက်လို့ရောက်နေမှန်းတောင်မသိ။ တစ်ခုသေချာတာကတော့ သူမရောက်နေတာ တံတားပေါ်တွင်ဖြစ်သည်။
ထိုတံတားပေါ်မှာ ထိုင်နေမိသည်မှာလည်း ညနေ၄နာရီကတည်းကဖြစ်ပြီး အခုဆိုနေဝင်နေပြီဖြစ်၏။
ကံကြမ္မာက ဘယ်လောက်ထိရက်စက်နေဦးမှာလဲ။
အခုဆို သည်း မလုပ်ခဲ့ပဲ သည်းကြောင့်ဆိုပြီး အခြားတစ်ယောက် သေမလိုဖြစ်ခဲ့ရပြန်ပြီ
မနှစ်ကဒီလိုချိန်မှာလည်း သည်း ကြောင့် အပြစ်မရှိတဲ့ကလေးပါ ခြေထောက်ကျိုးခဲ့တယ်။
စာမေးပွဲဖြေဖို့အလာမှာပဲ သည်း နှင့်အတူ
လမ်းကူးသည့် ကလေးပါ ကားအတိုက်ခံခဲ့ရ၏။
သည်း ရှိူက်ကြီးတငင်ငိုယိုရင်း
သည်း မရှိတော့ရင် ဘယ်သူမှဘာမှမဖြစ်တော့ပါဘူး။
ဘယ်သူ့ကိုမှအကျိုးမပေးတဲ့အပြင်
ကိုယ့်ဘက်မှာဘယ်သူမှမရှိပဲ ဒီဘဝကြီးမှာ နေရတာလည်း သိပ်ငြီးငွေ့ဖို့ကောင်းတယ်။
သည်းဦးပန် ဆိုပြီးစတင်ဖြစ်တည်လာကတည်းက ကံဆိုးခြင်းဆိုတဲ့ လောကရဲ့နှိပ်စက်မှုတွေကို တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ခံခဲ့ရပြီးပြီပဲ။
ဒီလောက်ဆိုရင် လုံလောက်ပြီမဟုတ်လား
သည်းအတွက် ဒီလောက်ဆိုရင် လုံလောက်နေပါပြီ။
သည်းထိုင်နေသော အုတ်ခုံလေးပေါ်သို့ မတ်တပ်ထရပ်လိုက်ကာတစ်ဖက်က တံတားလက်ကိုင်တွေပေါ်သို့ ခြေထောက်တစ်ဖက်ချင်း တက်ရပ်လိုက်ပြီး အသက်ကိုပြင်းပြင်းရှူ၍အောက်သို့တစ်ချက်ငုံ့ကြည့်လျှင် သွင်သွင်စီးနေသည့် မြစ်ရေတွေကြောင့် တံတွေးမြိုချကာ အောက်နှုတ်ခမ်းလေးကိုကိုက်ပြီး မျက်လုံးပြန်မှိတ်လိုက်သည်။
လက်နှစ်ဖက်ဆန့်တန်းပြီး ခုန်ချဖို့ အားယူလိုက်စဉ်ရုတ်တရက် ဆန့်တန်းထားသည့် လက်တစ်ဖက်ကို အားပါပါနှင့်အဆွဲခံလိုက်ရပြီး
တခဏအတွင်းမှာပဲ သည်းအရှိန်လွန်ပြီးဘေးသို့ယိမ်းယိုင်ကျလာသည့် ခန္ဓာကိုယ်ကို ပွေ့ယူဖမ်းလိုက်သည်။
"အား...."
ကိုယ့်ကိုယ်ကိုယ် ရေထဲကျပြီးသေတော့မည်ဟုထင်ထားတာ တကယ်တန်းကျတော့ သူ့ရင်ခွင်ထဲမှာ ခြေပစ်လက်ပစ်ဝင်သွားသည်။
လေထဲမှာဝဲပျံနေသလိုခံစားရတာကြောင့်
သည်း မျက်လုံးဖွင့်ကြည့်သည့်အခါ ရင်ဆိုင်လိုက်ရသည့် ပြာလဲ့လဲ့ သူ့မျက်လုံးတွေက အကြည့်စူးစူးတွေ
"ဒီတစ်ခါလည်း....ကျူရှင်လခပေးစရာမလောက်လို့ ရေထဲခုန်ချတာလား"
×××××××××××××××××××××××××××××××
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(2)ဆက်ရန်
Zawgyi Version
ဘုရင့္ သည္းဦးပန္
အပိုင္း(2)
"ေဟ့ ေဟ့ ဒါက ဘယ္လဲ "
သည္းက ေက်ာပိုးအိတ္ကိုလြယ္ကာ အိမ္ေရွ႕တြင္ဖိနပ္စီးေနစဥ္ အေနာက္ကေနေအာ္လိုက္ေသာ ေဒၚသက္သခင္၏အသံေၾကာင့္ ခႏၶာကိုယ္ေလးတြန့္သြားၿပီး ေမာ့ၾကည့္လိုက္ရာ
"ငါေမးေနတယ္ေလ ဘယ္လဲလို႔"
မ်က္ႏွာေက်ာတင္းတင္းႏွင့္ သည္းကို ေငါက္လိုက္တာမ်ား သိပ္ေၾကာက္ဖို႔ေကာင္းသည္။
"သည္း...အလုပ္သြားမလို႔ပါ... စာေမးပြဲလည္းနီးၿပီဆိုေတာ့ ဒီေန႕က က်ဴရွင္ေနာက္ဆုံးေန႕မို႔လို႔.."
"အဲ့ဒီေတာ့ အလုပ္သြားၿပီး က်ဴရွင္လခေပးမလို႔ေပါ့ "
"ဟုတ္...ဒီေန႕မွမသြားရင္ လစာ တစ္ဝက္ေလ်ာ့သြားမွာ"
"ဟုတ္လား...အဲ့တာဆိုလည္း မသြားနဲ႕ေလ "
"ရွင္!"
"ညည္းက စာေမးပြဲေျဖလည္းေအာင္မွာမွမဟုတ္တာ "
"အဲ့လို မျဖစ္ဘူး သည္း ဒီေန႕ က်ဴရွင္ေရာ အလုပ္ေရာ သြားမွျဖစ္မယ္"
"ျပန္ဝင္ခဲ့ အိမ္ထဲကို!"
သည္းသည္ ေက်ာပိုးလြယ္အိတ္ႀကိဳးေလးကို တင္းေနေအာင္ဆုပ္ကိုင္ထားၿပီးအိမ္ေပါက္ဝမွာေျခစုံရပ္ေန၏။ ေဒၚသက္သခင္သည္ သူ႕ေနာက္သို႔ လိုက္မလာေသာ သူမကိုလွည့္ၾကည့္ကာ
" ဘာလုပ္ေနတာလဲ ျမန္ျမန္လာေလ အလုပ္တင္မကဘူး က်ဴရွင္ပါေနာက္က်ခ်င္လို႔လား"
သည္းသည္ ေအာက္ႏႈတ္ခမ္းဖူးဖူးေလးကို မသိမသာ ႀကိတ္ကိုက္ရင္း ဖိနပ္ျပန္ခြၽတ္၍ ဝင္လာ၏ ။ သည္း ဝင္လာလွ်င္လာခ်င္း ညီမျဖစ္သူ သက္ထားေဒဝီက အဝတ္ေတြကိုအလုံးလိုက္ သူမအားထိုးေပး၏။
"အမေလး!"
သည္းသည္ ထိုအဝတ္ေတြကိုေအာက္မက်ေအာင္ မနိုင္မနင္းေပြ႕ပိုက္ထားရင္း
"ဒါေတြက..."
"မီးပူတိုက္ေလ...ဒီတစ္ပတ္စာ ငါဝတ္ဖို႔အဝတ္အစားေတြ "
ေဒၚသက္သခင္မွာလည္း သူ႕သမီးအတြက္ မနက္စာလုပ္ေပးရင္းႏွင့္
"သည္းဦးပန္...ငါ့သမီးေျပာေနတာမၾကားဘူးလား အဲ့ဒီအဝတ္အစားေတြအကုန္ မီးပူတိုက္ၿပီးမွ ညည္းအလုပ္သြားရမယ္ "
သည္းလည္း နံရံမွာကပ္ထားေသာ နာရီအားလွမ္းၾကည့္လိုက္ကာ မိနစ္၃၀သာလိုေတာ့သည္မို႔ လြယ္အိတ္ကိုေဘးမွာခ်၍
စားပြဲေပၚမွာ အခင္းခင္းၿပီး ေဒၚသက္သခင္၏ အခန္းထဲမွ မီးပူအားသြားယူခဲ့သည္။
ထို႔ေနာက္ ေဒဝီေပးသြားသည့္ အဝတ္ပုံထဲမွာ တစ္ထည္ၿပီးတစ္ထည္ ခပ္သြက္သြက္ တိုက္ေပးခဲ့၏။ ၄၅မိနစ္အၾကာမွာအကုန္ၿပီးသြားၿပီး
"အန္တီ...အဝတ္ေတြအကုန္ မီးပူတိုက္ခဲ့ပါၿပီ သည္း သြားလို႔ရၿပီမဟုတ္လား "
သားအမိႏွစ္ေယာက္လုံး ျပန္မေျဖၾကသျဖင့္ သည္းလည္း ကိုယ့္ဟာကိုယ္ျပန္ထြက္လာခဲ့သည္။ ၁၅မိနစ္ေတာင္ေနာက္က်ေနၿပီျဖစ္သျဖင့္ Busကားကိုမေစာင့္နိုင္ေတာ့ ေျခခ်င္ပင္ေျပးလာခဲ့ရသည္။ သူမအလုပ္လုပ္သည့္ ကေဖးသို႔ ေရာက္သည့္အခါ အလုပ္ခ်ိန္ထက္ ၄၅မိနစ္နီးပါးေနာက္က်ေနၿပီျဖစ္သည္။
အေရာင္မြဲမြဲဂ်င္းေဘာင္းဘီႏွင့္ ရွပ္အကၤ်ီအကြက္ကိုဝတ္ဆင္ထားေသာသူမက ဆိုင္အေနာက္ကိုခပ္သြက္သြက္ေျပးဝင္သြားသည္။ ဆိုင္ရွင္လူႀကီး၏ မၾကည္ေသာအၾကည့္ကိုလည္း ရိပ္မိပါသည္။ စကပ္အညိုေရာင္ႏွင့္ တီရွပ္အျဖဴကို လဲလာခဲ့ၿပီး
"ေတာင္းပန္ပါတယ္ ဦးေလး သည္း အိမ္မွာ...."
"ဆင္ေျခေတြမၾကားခ်င္ဘူး သြား အလုပ္ျမန္ျမန္သြားလုပ္ လစာထုတ္မယ့္ေန႕က်ေတာ့ ေရသာခိုခ်င္ေသးတာ "
"ဟုတ္....ဟုတ္ကဲ့!"
သည္းမွာ ေခါင္းငိုက္စိုက္ႏွင့္ ဆိုင္ထဲသို႔ဝင္လာခဲ့သည္။ မနက္၈နာရီမွ ၃နာရီအထိသူမ၏အလုပ္ခ်ိန္သည္ ျပည့္ဖို႔ မိနစ္၃၀မွ်သာလိုေတာ့၏။ သည္းသည္ ၃နာရီထိုးလွ်င္ က်ဴရွင္သြားရမည္ျဖစ္သျဖင့္ နာရီမၾကာမၾကာၾကည့္ျဖစ္ပါသည္။
"သည္းဦးပန္ နာရီပဲၾကည့္ေနမွာလား အလုပ္လာတာလည္းေနာက္က်ေသးတယ္ တာဝန္လည္းမေက်ခ်င္ဘူး ေရွ႕မွာဧည့္သည္လာေနတာမျမင္ဘူးလား "
အနည္းငယ္ႏြဲ႕ခ်င္ေသာဆိုင္ရွင္ဦးေလးႀကီးက မိန္းမလွ်ာဆိုတာသိၿပီးသားမို႔ စကားမ်ားတတ္တာကို သည္းခံရပါသည္။ သည္းလည္းဆိုင္ထဲဝင္လာေသာအရပ္ရွည္ရွည္လူႀကီး ထိုင္သည့္ စားပြဲသို႔ Menuစာအုပ္ကိုင္ကာ ေရာက္လာခဲ့သည္။
"ဘာသုံးေဆာင္မလဲရွင့္ "
Menuစာအုပ္အားသူ႕ေရွ႕သို႔ခ်ေပးလိုက္ေပမယ့္ ကိုင္ေတာင္မၾကည့္ေသာ ထိုဧည့္သည္က
"cappuccino !"
"ရွင္!"
ခပ္တိုးတိုးသူ႕အသံကို မေရရာေသာေၾကာင့္ သည္းက အနည္းငယ္ငုံ႕လာရင္းထပ္ေမးလိုက္လွ်င္သူက ေမာ့ၾကည့္လာသည့္အခါ ျဖဴေဖြးလြန္းတဲ့သူ႕မ်က္ႏွာ....ထို႔ေနာက္ ျပာလဲ့လဲ့သူ႕မ်က္လုံးေတြ ခပ္ရဲရဲ ႏႈတ္ခမ္းပါးပါးကေန
"cap puc ci no(ကာ...ပု...ခ်ီ...နို) !"
တစ္လုံးခ်င္း ေျပာလိုက္သည္အား သည္းမွာေတာ့ ေခ်ာေမာလြန္းတဲ့သူ႕မ်က္ႏွာေၾကာင့္ စြံ႕အ အံ့ၾသလွ်က္မ်က္လုံးဝိုင္းေလးႏွင့္ ျပဴးၾကည့္ေနမိသည္။
လိုင္းယ(န္) သူ႕ကို တေမ့တေဆြးၾကည့္ေနသည့္သူမေၾကာင့္ မ်က္ခုံးရႈံ႕သြားရင္း
ေျဖာက္!
သူမမ်က္ႏွာေရွ႕ကေန လက္ေျဖာက္တစ္ခ်က္တီးလိုက္သည့္အခါ
"အဲ့...ရွင္.... ရွင္!"
လန့္ျဖန့္ၿပီး ခႏၶာကိုယ္ေလးမတ္သြားကာ
အူတူတူနဲ႕ သူ႕ကိုထပ္ေမးျပန္၏။
"ကာ....ပု....ခ်ီ....နို ၾကားၿပီလား !"
"ဟုတ္....ဟုတ္ကဲ့ ခဏ ေစာင့္ပါေနာ္ "
သူ႕ေရွ႕က menu စာအုပ္ကိုဆြဲယူကာ ျပန္လွည့္သြားသည့္အခါ လိုင္းယ(န္) ဆံပင္ေတြျမႇောက္စည္းထားၿပီး ဒူးဖုံးစကပ္အညိုေလးႏွင့္ တီရွပ္ကိုစမတ္က်က်ဝတ္ထားေသာ သူမကိုလွမ္းၾကည့္ရင္း
"ဘယ္လို အူတူတူ ဝန္ထမ္းမ်ိဳးကို ေခၚခံ့ထားတာပါလိမ့္ "
မၾကာခင္မွာပဲ သူ႕အတြက္ ကာပုခ်ီနို တစ္ခြက္သူမက လာခ်ေပး၏။ ထို႔ေနာက္ သူမနာရီၾကည့္ၿပီး ၃နာရီထိုးေနၿပီမို႔ အေနာက္သို႔ခပ္သြက္သြက္ေျပး၍ ယူနီေဖာင္းနဲ႕ သူမရဲ႕အဝတ္အစားကိုျပန္လဲၿပီးထြက္လာသည္။
"ဦးေလး သည္း က်ဴရွင္ရွိေသးလို႔ ၃နာရီလည္းထိုးၿပီဆိုေတာ့ သြားလိုက္ပါဦးမယ္"
ထိုအခါ ဆိုင္ရွင္ဦးေလးႀကီးက သည္းအား ခပ္မဲ့မဲ့ၾကည့္ကာ ၁ေသာင္းတန္ 8႐ြက္ႏွင့္ ေထာင္သာထုတ္ေပး၏။
"ရွင္....ဟို ၁သိန္းေပးရမွာမဟုတ္ဘူးလား တစ္လစာ"
"ညည္းက ဒီေန႕ ေနာက္က်တယ္မလား ၿပီးေတာ့ တျခားေနာက္က်တဲ့ရက္ေတြကလည္းက်န္ေသးတယ္ ေက်ာင္းသူဆိုၿပီးေတာ့ လစာမျဖတ္ဘူးမထင္နဲ႕ "
"ဟို....ဒီေန႕ သည္း က်ဴရွင္လခေပးရမွာမို႔လို႔ပါ ေနာက္က်ရင္ ပိုလုပ္ေပးပါ့မယ္ အခ်ိန္ပိုဆင္းပါ့မယ္ ဒီေန႕ေတာ့ လစာအျပည့္ေပးလို႔မရဘူးလားဟင္ "
"အမေလး ဒါမ်ိဳးေတြ ငါတို႔ကရိုးေနၿပီ ဒီလိုေျပာေျပာၿပီးေတာ့ ျပန္မလာၾကဘူး ေပးသေလာက္ယူသြား "
"အခုခ်က္ခ်င္း က်ဴရွင္သြားရမွာမို႔ပါ ပိုက္ဆံျပည့္ေအာင္ရွာဖို႔လည္းအခ်ိန္မရေတာ့လို႔ တကယ္ေတာင္းပန္ပါတယ္ ဦးေလးရယ္ "
"မရဘူးလို႔ေျပာေနတယ္မလား သြားသြားျမန္ျမန္ ဆိုင္ထဲမွာလူေတြရႈပ္တယ္ "
သည္းကိုလည္း အျခားဆိုင္ဝန္ထမ္းမ်ားေရာ ဧည့္သည္မ်ားပါ ၾကည့္ေနၾကသျဖင့္ ရွက္လည္းရွက္မိကာ မ်က္ရည္တို႔ကျပည့္လွ်ံလာ၏။
ေအာက္ႏႈတ္ခမ္းေလးကို မသိမသာကိုက္ရင္း ေခါင္းေလးငုံ႕လွ်က္ လက္ထဲကပိုက္ဆံတို႔ကို က်စ္က်စ္ဆုတ္ထားလွ်င္သူမကိုေက်ာ္လြန္၍ လက္တံရွည္ရွည္က ဆိုင္ရွင္ဦးေလးေရွ႕ကစားပြဲေပၚသို႔ တစ္ေသာင္းတန္ ၃႐ြက္ခ်ေပးလိုက္သည္။ ထို႔ေနာက္ သူထိုင္ခဲ့ေသာ စားပြဲသို႔လက္ညွိုးထိုးကာ
"ကာပုခ်ီနို တစ္ခြက္ဖိုးယူၿပီးက်န္တဲ့ပိုက္ဆံကို ဒီေကာင္မေလးကိုေပးလိုက္ !"
ထိုသို႔ေျပာလိုက္ေတာ့ သည္းက အံ့ၾသသြားကာ ခ်က္ခ်င္းလွည့္ၾကည့္လိုက္ေပမဲ့ သူဟာ လွည့္ထြက္သြားေလၿပီ။
ဘယ္သူလဲဆိုတာေတာင္မသိလိုက္ရဘူး
ေက်းဇူးတင္စကားေတာင္မေျပာလိုက္ရဘူး
သည္း ထင္တာမမွားရင္ေတာ့ ဟိုသိပ္ေခ်ာတဲ့လူမ်ားလား။
"အဟမ္း....ေရာ့ ၂ေသာင္း ၅ ေထာင္ !"
မၾကည္မျဖဴေပးေသာ ဆိုင္ရွင္ဆီက ပိုက္ဆံကို ၿပဳံးၿပဳံးေလးလက္ခံကာ
"ေက်းဇူးတင္ပါတယ္ သြားလိုက္ပါဦးမယ္ ဦးေလး!"
သည္းက ပိုက္ဆံေတြကို ေက်ာပိုးအိတ္ထဲထည့္ၿပီး ေနာက္က်ေနျပန္တဲ့က်ဴရွင္သို႔ အေျပးသြားရျပန္၏။
ေတာ္ေသးတာေပါ့ သစၥာရွိလွေသာသူငယ္ခ်င္းက က်ဴရွင္ေရွ႕မွာ ေစာင့္ေနေသးလို႔။
"သည္းဦးပန္ နင္ဟာလည္း ဘယ္ေတာ့မွ က်ဴရွင္အခ်ိန္မွီတယ္ကိုမရွိဘူး အၿမဲေနာက္က်တယ္ ျမန္ျမန္လာ စာသင္ေနၿပီ"
ေခြၽးတ႐ႊဲ႐ႊဲနဲ႕ ေမာဟိုက္ေနေသာ သည္း ကို လြန္းျပည့္က တြဲေခၚ၏။
"Sorryဟာ ဆိုင္မွာ ျပႆနာနည္းနည္းရွိေနလို႔ နင္ကလည္း ဝင္ႏွင့္တာမဟုတ္ဘူး "
"ေစာင့္ေနက်ဆိဳေတာ့လည္း နင္မပါပဲမဝင္ခ်င္လို႔ လာလာ သြားမယ္"
ဒီတေလာကလုံးသူမအေပၚေကာင္းတာဆိုလို႔ လြန္းျပည့္တစ္ေယာက္သာရွိသည္ဟု သည္း ထင္ေနလွ်င္မမွားနိုင္။ ၂ေယာက္အတူ စာသင္ေနၿပီျဖစ္ေသာ စာသင္ခန္းထဲဝင္လာၾကၿပီး လြတ္ေနေသာ ေနာက္ဆုံးတန္း၌သာဝင္ထိုင္ျဖစ္ၾကသည္။
"ဆိုင္မွာဘာျပႆနာျဖစ္တာလဲ"
"ရႉးး စာသင္ေနတယ္ ေနာက္တစ္ပတ္စာေမးပြဲေျဖရေတာ့မွာ လိုက္နားေထာင္ "
စာကိုေသခ်ာနားေထာင္ေနေသာ သည္း ေၾကာင့္ လြန္းျပည့္ ႏႈတ္ခမ္းဆူသြားၿပီး သူမပါ လိုက္နားေထာင္ရေတာ့သည္။
က်ဴရွင္ဆင္းသည့္အခါ သည္းတို႔သူငယ္ခ်င္း၂ေယာက္ Busကားမွတ္တိုင္အထိလမ္းေလွ်ာက္ၾကရင္း
"ဟူး.... စိတ္ထဲမွာေပါ့သြားတာပဲ လြန္းျပည့္ရယ္ ဆရာမကို က်ဴရွင္လခေပးလိုက္ရတာ ေပ်ာ္လိုက္တာ"
"အင္း.... နင္ဆိုင္မွာျပႆနာဆိုတာေျပာျပဦးေလ "
"တအားသိခ်င္ေနတာေပါ့ တစ္ခ်ိန္လုံးလိုက္ေမးေနတာပဲ "
သည္းက တုတ္ထိုးခ်ိဳခ်ဥ္ကို ေဖာက္စုပ္ရင္း
လြန္းျပည့္ကိုလည္း လြယ္အိတ္ထဲမွ တစ္လုံးထုတ္ေပးလိုက္သည္။
"သိခ်င္တာေပါ့ နင္တို႔ဆိုင္ရွင္ အေျခာက္ႀကီးက သိပ္စကားမ်ားတာ နင္ကတစ္ခါတစ္ေလဆို ေအးတိေအးစက္နဲ႕ ငုံ႕ခံလာလို႔ကေတာ့ ငါသြားေျပာပစ္မယ္"
"အဟြန္း ဟြန္း ဟြန္း....ဟုတ္တယ္ အဲ့ဒီလူႀကီးက ငါ့ကို ၈ေသာင္း၅ ေထာင္ပဲေပးတယ္သိလား ငါလည္း က်ဴရွင္လခေပးရမွာဘာညာေျပာတာကိုမရဘူး ဒါေပမဲ့ေလ လူတစ္ေယာက္က ကာပုခ်ီနိုတစ္ခြက္ကို ၁ေသာင္းတန္၃႐ြက္ နဲ႕ရွင္းၿပီးေတာ့ ပိုတဲ့ပိုက္ဆံကို ငါ့ကိုေပးဖို႔ေျပာတယ္ "
"အံမယ္ အံမယ္ ကယ္တင္ရွင္ႀကီးေပါ့ ဘယ္သူလဲသူက"
"ဘယ္သိမလဲ ငါဘာမွေတာင္မေျပာလိုက္ရဘူး "
"နင္ကလည္း တကယ္ပဲ "
"ကားလာၿပီ သြားၾကစို႔ "
သည္းက လြန္းျပည့္ကိုဆြဲေခၚရင္း Busကားေပၚတက္ခဲ့ၾကသည္။
"လြန္းျပည့္ စာေမးပြဲေျဖဖို႔ တစ္ပတ္ပဲလိုေတာ့တာေနာ္ စာလည္းၾကည့္ဦး"
"အင္းပါ ဟင္း ဟင္း....နင္နဲ႕ငါက က်လည္းအတူေအာင္လည္းအတူပဲကို ခစ္ ခစ္ "
"ေဟ့ ေဟ့ ဒီႏွစ္က်လိဳ႕မျဖစ္ေတာ့ဘူးေနာ္ ငါတို႔၂ေယာက္လုံး External ျဖစ္သြားမွာက်ရင္ "
"အင္း အင္းပါ နင္ကလည္း ေအာင္မွာပါငါတို႔ေတြတစ္ႏွစ္က်ခဲ့ၿပီးၿပီပဲ "
"အင္း ဒီတစ္ခါေတာ့ ေအာင္မွျဖစ္မယ္ အရင္ႏွစ္ကလည္း ေမဂ်ာေျဖမယ့္ေန႕မွာ ငါလက္က်ိဳးလို႔ မေျဖလိုက္ရတာ နင္ Zoologyမရလို႔ဆိုၿပီး က်တယ္ ဒီႏွစ္ေတာ့ ငါဘာပဲျဖစ္ျဖစ္ နင္ေအာင္ေအာင္ေျဖခဲ့ေနာ္ "
သည္း ရဲ႕စကားေၾကာင့္ လြန္းျပည့္ ခ်ိဳခ်ဥ္ကိုငုံထားရာမွ
"နင့္စကားကဘယ္လိုႀကီးလဲ မသိရင္ နင္ကပဲစာေမးပြဲေျဖခါနီးတစ္ခုခုျဖစ္မယ့္ပုံနဲ႕"
ထိုအခါ သည္းက တုတ္ထိုးခ်ိဳခ်ဥ္ေလးကို ကိုင္ထားရင္း နာက်င္မႈအခ်ိဳ႕ႏွင့္ခပ္ေရးေရးေလးၿပဳံးကာ
"ေျပာလို႔မရဘူးေလ နင္သိသားနဲ႕ ငါကဘယ္ေတာ့မဆိုကံမေကာင္းဘူး"
"ဒါနဲ႕...နင့္ေမြးေန႕က ေအာက္တိုဘာလထဲမွာေနာ္"
"ဘာလဲ နင္က ဟို ေဗဒင္ဆရာမေျပာတာယုံဦးမလို႔လား ငါအသက္၂၀ျပည့္ရင္ လူတစ္ေယာက္ေၾကာင့္ကံေကာင္းလာမယ္ဆိုတာေလ "
"မသိတတ္ဘူးေလ နင္ကေရာ အဲ့တာကမျဖစ္နိုင္ဘူးလို႔ ေျပာနိုင္လို႔လား "
"အဲ့ဒီျဖစ္နိုင္တာ မျဖစ္နိုင္တာ အသာထား ေရွ႕က မွတ္တိုင္ဆိုရင္ နင္ဆင္းရေတာ့မွာ "
"ေၾသာ္....ေအး ေတာ္ေသးတယ္ ေက်ာ္မသြားတာ ဟဲဟဲ သြားၿပီေနာ္ "
"အင္းအိမ္ေကာင္းေကာင္းျပန္"
လြန္းျပည့္အား ႏႈတ္ဆက္ၿပီးေနာက္ ကားမွန္ေတြကတစ္ဆင့္ ကားမီးေရာင္ေတြ လမ္းမီးေရာင္ေတြနဲ႕ေတာက္ပေနေသာ ၿမိဳ႕ျမင္ကြင္းကို ေငးကာ ေတြးမိေတြးရာေတြးရင္း ေန႕လည္က သူမရဲ႕ကယ္တင္ရွင္ သူ႕ဆီေရာက္သြားခဲ့သည္။
"ဘာလို႔လြယ္လြယ္နဲ႕ ပိုက္ဆံ ၃ ေသာင္းကိုခ်ေပးခဲ့ရတာလဲ ....အင္းေပါ့ေလ သူ႕လို ေဘာစိတစ္ေယာက္အတြက္ေတာ့ အဲ့ဒီပိုက္ဆံက ဘာမွမဟုတ္ဘူးေနမွာေပါ့ ဒါေပမဲ့ သူ ကူညီခဲ့တာကိုေတာ့ ေက်းဇူးတင္ပါတယ္ လူေကာင္းတစ္ေယာက္ျဖစ္မွာပါ "
မ်က္လုံးထဲမွာျပန္ေပၚလာတဲ့ ေကာ္ဖီမွာ တုန္းကသူ႕မ်က္ႏွာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္မသိလိုက္ခင္မွာ ၿပဳံးေနမိခဲ့သည္။
၁ပတ္ဆိုတဲ့အခ်ိန္ဟာ တကယ္ခဏေလးပါ
သည္းတို႔ စာေမးပြဲေျဖေနရၿပီ။
စာေမးပြဲတြင္းမွာေတာင္ စာေကာင္းေကာင္းမၾကည့္ရဘဲ ေဒၚသက္သခင္ ခိုင္းတိုင္းထလုပ္ေပးေနရသည္ကိုလည္း စိတ္ပ်က္မိပါသည္။
ထို႔ေၾကာင့္လည္းစာေမးပြဲကိုျမန္ျမန္ၿပီးခ်င္သည့္ ဆႏၵသည္ ျပည့္ခဲ့သလားမသိ။ ေနာက္ဆုံးတစ္ရက္ျဖစ္သည့္ Chemistryေျဖရမည့္ေန႕သို႔ေရာက္ခဲ့ၿပီ။
ေန႕လည္ႏွင့္ညေနတို႔တြင္ တစ္ခုၿပီးတစ္ခုခိုင္းတတ္သည့္ ဟိုသားအမိေၾကာင့္ ညနက္မွစာၾကည့္ရေပမဲ့ေနာက္ဆုံးေျဖရမည့္ဘာသာမို႔ အားတင္းထားပါသည္။ သည္းထင္တာမမွားရင္ ဒီတစ္ခါေတာ့ သည္း စာေမးပြဲေအာင္ၿပီ။
မနက္ျဖန္ဆိုရင္ သည္းၿပီးခ်င္သည့္စာေမးပြဲႀကီးၿပီးၿပီ။
သို႔ေသာ္ သူမေတြးသလိုျဖစ္နိုင္ရဲ႕လား။
အၿမဲတမ္း ကံၾကမၼာရဲ႕ႏွိပ္စက္မႈေတြခံလာခဲ့ရတာ ေနသားက်ေနၿပီမို႔ ဒီတစ္ခါေရာ ႏွိပ္စက္ဦးမွာလား။
စာေမးပြဲေျဖရမည့္ ၈နာရီခြဲအခ်ိန္မတိုင္ခင္
သည္း ၈နာရီမွာ အိမ္ကထြက္ဖို႔ျပင္ဆင္ခဲ့၏။
လြယ္အိတ္လြယ္၍ သူမအခန္းထဲကထြက္လာလွ်င္ ေလွကားသို႔မဆင္းမီ ေရွ႕ကလာပိတ္ရပ္ေသာ ညီမျဖစ္သူေဒဝီ။၀တန္းဆိုသည့္ ၁၆ႏွစ္ႏွင့္မလိုက္ေအာင္ သည္းကိုသူ႕ထက္အငယ္လိုအၿမဲဆက္ဆံတတ္၏။
"ေရာ့"
ပိုက္ဆံ၁ေထာင္တန္တစ္႐ြက္ထုတ္ေပး၍
"လမ္းထိပ္က ရွမ္းေခါက္ဆြဲသြားဝယ္ေပး "
"ငါ စာေမးပြဲသြားေျဖရမယ္ "
သည္းက ညာဘက္သို႔တိမ္းလိုက္ၿပီး ေလွကားသို႔ဆင္းရန္ျပင္ဆင္သည့္အခါ
"သြားဝယ္ၿပီးမွသြား "
"၈နာရီထိုးေနၿပီ မျဖစ္ဘူး "
"ငါနင့္ကိုသြားဝယ္လို႔ေျပာေနတယ္မလား "
သည္းဘယ္ဘက္သို႔ တစ္ဖန္ တိမ္းလိုက္လွ်င္
သည္းေရွ႕ကေန လိုက္ပိတ္ျပန္၏။
"ေဒဝီ ငါေတာင္းပန္ပါတယ္ ျပန္လာရင္ခိုင္းခ်င္တာခိုင္းပါ အခု စာေမးပြဲေျဖမွျဖစ္မယ္ "
"ဟက္ First Yearကိုဘယ္ႏွခါေျဖေနမွာလဲ ေအာင္တာလည္းမဟုတ္ပဲနဲ႕ စကားမမ်ားပဲ သြားဝယ္လိုက္စမ္းပါ "
"က်စ္.."
သည္း ညာဘက္သို႔ ေ႐ႊ႕ၿပီး ေလွကားတစ္ထစ္
ဆင္းသည့္အခါ ေဒဝီ အေရွ႕ကေနလိုက္ပိတ္ရင္း
ဒုတ္ ဒုတ္ ဒုန္း
"အမေလး...အား..."
သည္း ေရွ႕ကေန ေျခေခ်ာ္က်သြားသည့္ ေဒဝီသည္ ေအာက္ဆုံးေလွကားထစ္မွာ ပက္လက္
သည္း မ်က္လုံးျပဴး ပါးစပ္ေဟာင္းေလာင္းႏွင့္
ဦးေခါင္းမွေသြးသန္ရဲရဲေတြကိုျမင္ၿပီး မလႈပ္မယွက္လန့္ျဖန့္ခဲ့ရာ မီးဖိုခန္းဘက္ကေန သူ႕သမီးဆီေျပးလာေသာ ေဒၚသက္သခင္က
"သမီး သမီးေလး ေဒဝီ ေဒဝီ ....သတိထားဦး !"
သူ႕သမီးကို ၾကည့္လိုက္ ေလွကားေပၚက သည္းကိုၾကည့္လိုက္ႏွင့္
"သည္းဦးပန္.....ငါ့သမီး တစ္ခုခုျဖစ္ရင္နင့္ကိုအရွင္မထားဘူး "
"ဟင့္အင္း သည္း သည္း တြန္းမခ်ပါဘူး သူ႕ဘာသူေခ်ာ္က်တာ အဟင့္ ဟင့္ "
"အခုခ်က္ခ်င္းဆင္းခဲ့ ညည္း စာေမးပြဲေတြဘာေတြမသိဘူး ငါကားသြားထုတ္မလို႔ ေဒဝီ့ကို ေခၚခဲ့ "
"ဟို...ေတာင္းပန္ပါတယ္ သည္း ဒီတစ္ခါက်ရင္ Externalျဖစ္သြားမွာ...."
ေဒၚသက္သခင္က သည္း ရဲ႕ဆံပင္ကိုဆြဲလိုက္သျဖင့္
"အ...အား"
"နင့္ညီမ ေခါင္းေပါက္သြားတာေတာင္ နင္က စာေမးပြဲအေၾကာင္းေျပာခ်င္ေသးတာေပါ့ အခုခ်က္ခ်င္း ကားေပၚတက္ ရဲစခန္းမသြားခ်င္ရင္ ေဆး႐ုံေရာက္မွ နင့္ဘာနင္ ေျဖေျဖမေျဖေျဖ"
သည္းလည္းမလႈပ္နိုင္တဲ့ေဒဝီ့ကိုတြဲေခၚကာ
ေဒၚသက္သခင္ေမာင္းတဲ့ကားနဲ႕ေဆး႐ုံသို႔လိုက္ခဲ့ရၿပီး တစ္လမ္းလုံး မကုန္နိုင္တဲ့မ်က္ရည္တို႔ႏွင့္ငိုခဲ့ရ၏။ ေဆး႐ုံေရာက္ခဲ့ေတာ့ ၉နာရီထိုးဖို႔၁၅မိနစ္သာလိုေတာ့၏။ စာေမးပြဲေတာင္စေနေလာက္ၿပီ။
"ေဒဝီ ဘာျဖစ္လဲဆိုတာ မသိရေသးသ၍ နင္ ဒီနားက ထဖို႔မစဥ္းစားနဲ႕ "
၉နာရီခြဲသည့္အခါမွ ဆရာဝန္ကျပန္ထြက္လာသည္။
"ဆရာ သမီး သမီးဘယ္လိုေနလဲ ဆရာ"
"မစိုးရိမ္ရပါဘူး ၅ခ်က္ခ်ဳပ္ထားရတယ္ မၾကာခင္သတိရလာမွာပါ "
ထိုစကားၾကားသည့္အခါ သည္း ခ်က္ခ်င္း ထိုင္ေနရာမွထၿပီး
"ဟို...သည္း သြားလို႔ရၿပီမဟုတ္လားဟင္ !"
ေဒၚသက္သခင္က သည္းကိုတုန့္ျပန္စကားမဆိုဘဲ သူ႕သမီးအခန္းထဲဝင္သြားသျဖင့္ သည္းလည္း တင္ပါးႏွင့္ ေျခဖဝါးတစ္သားတည္းက်ေအာင္ ေျပးရပါေတာ့သည္။ စာေမးပြဲခန္းေရွ႕ေရာက္ခဲ့ေပမယ့္ ၁၀နာရီဆိုသည့္အခ်ိန္အရ ၁နာရီႏွင့္မိနစ္၃၀ေတာင္ေနာက္က်ေနၿပီျဖစ္သျဖင့္ ေျဖခြင့္မရေတာ့ပါ။
သည္းမွာ မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ကာ
ေခါင္းငိုက္စိုက္က်၍ ထိုမနက္၁၀နာရီကတည္းကေျခဦးတည့္ရာ ေလွ်ာက္လာခဲ့တာ
အခုဆိုလွ်င္ ဘယ္ေရာက္လို႔ေရာက္ေနမွန္းေတာင္မသိ။ တစ္ခုေသခ်ာတာကေတာ့ သူမေရာက္ေနတာ တံတားေပၚတြင္ျဖစ္သည္။
ထိုတံတားေပၚမွာ ထိုင္ေနမိသည္မွာလည္း ညေန၄နာရီကတည္းကျဖစ္ၿပီး အခုဆိုေနဝင္ေနၿပီျဖစ္၏။
ကံၾကမၼာက ဘယ္ေလာက္ထိရက္စက္ေနဦးမွာလဲ။
အခုဆို သည္း မလုပ္ခဲ့ပဲ သည္းေၾကာင့္ဆိုၿပီး အျခားတစ္ေယာက္ ေသမလိုျဖစ္ခဲ့ရျပန္ၿပီ
မႏွစ္ကဒီလိုခ်ိန္မွာလည္း သည္း ေၾကာင့္ အျပစ္မရွိတဲ့ကေလးပါ ေျခေထာက္က်ိဳးခဲ့တယ္။
စာေမးပြဲေျဖဖို႔အလာမွာပဲ သည္း ႏွင့္အတူ
လမ္းကူးသည့္ ကေလးပါ ကားအတိုက္ခံခဲ့ရ၏။
သည္း ရွိူက္ႀကီးတငင္ငိုယိုရင္း
သည္း မရွိေတာ့ရင္ ဘယ္သူမွဘာမွမျဖစ္ေတာ့ပါဘူး။
ဘယ္သူ႕ကိုမွအက်ိဳးမေပးတဲ့အျပင္
ကိုယ့္ဘက္မွာဘယ္သူမွမရွိပဲ ဒီဘဝႀကီးမွာ ေနရတာလည္း သိပ္ၿငီးေငြ႕ဖို႔ေကာင္းတယ္။
သည္းဦးပန္ ဆိုၿပီးစတင္ျဖစ္တည္လာကတည္းက ကံဆိုးျခင္းဆိုတဲ့ ေလာကရဲ႕ႏွိပ္စက္မႈေတြကို တစ္မ်ိဳးၿပီးတစ္မ်ိဳး မရိုးရေအာင္ခံခဲ့ရၿပီးၿပီပဲ။
ဒီေလာက္ဆိုရင္ လုံေလာက္ၿပီမဟုတ္လား
သည္းအတြက္ ဒီေလာက္ဆိုရင္ လုံေလာက္ေနပါၿပီ။
သည္းထိုင္ေနေသာ အုတ္ခုံေလးေပၚသို႔ မတ္တပ္ထရပ္လိုက္ကာတစ္ဖက္က တံတားလက္ကိုင္ေတြေပၚသို႔ ေျခေထာက္တစ္ဖက္ခ်င္း တက္ရပ္လိုက္ၿပီး အသက္ကိုျပင္းျပင္းရႉ၍ေအာက္သို႔တစ္ခ်က္ငုံ႕ၾကည့္လွ်င္ သြင္သြင္စီးေနသည့္ ျမစ္ေရေတြေၾကာင့္ တံေတြးၿမိဳခ်ကာ ေအာက္ႏႈတ္ခမ္းေလးကိုကိုက္ၿပီး မ်က္လုံးျပန္မွိတ္လိုက္သည္။
လက္ႏွစ္ဖက္ဆန့္တန္းၿပီး ခုန္ခ်ဖိဳ႕ အားယူလိုက္စဥ္႐ုတ္တရက္ ဆန့္တန္းထားသည့္ လက္တစ္ဖက္ကို အားပါပါႏွင့္အဆြဲခံလိုက္ရၿပီး
တခဏအတြင္းမွာပဲ သည္းအရွိန္လြန္ၿပီးေဘးသို႔ယိမ္းယိုင္က်လာသည့္ ခႏၶာကိုယ္ကို ေပြ႕ယူဖမ္းလိုက္သည္။
"အား...."
ကိုယ့္ကိုယ္ကိုယ္ ေရထဲက်ၿပီးေသေတာ့မည္ဟုထင္ထားတာ တကယ္တန္းက်ေတာ့ သူ႕ရင္ခြင္ထဲမွာ ေျခပစ္လက္ပစ္ဝင္သြားသည္။
ေလထဲမွာဝဲပ်ံေနသလိုခံစားရတာေၾကာင့္
သည္း မ်က္လုံးဖြင့္ၾကည့္သည့္အခါ ရင္ဆိုင္လိုက္ရသည့္ ျပာလဲ့လဲ့ သူ႕မ်က္လုံးေတြက အၾကည့္စူးစူးေတြ
"ဒီတစ္ခါလည္း....က်ဴရွင္လခေပးစရာမေလာက္လို႔ ေရထဲခုန္ခ်တာလား"
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း(2)ဆက္ရန္