Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[24]

412 15 0
By --KO--

[Unicode]

အချိန်ကထပ်မံကုန်နေပြီး ပြဒါးရံနှင့် တိမ်ယံဆင့်က ခေါင်းမာလွန်းစွာ အမေးအဖြေလုပ်နေကြဆဲပင်။ မရေမတွက်နိုင်အောင် အမေးအဖြေလုပ်ထားကြပြီး ဝိုင်ကိုနှစ်ယောက်လုံး မရေမတွက်နိုင်အောင် သောက်ထားကြတဲ့အတွက် အမြင်အာရုံတွေ တဖြည်းဖြည်း၏ဝေဝါးကာ အသံများကမပီမသဖြစ်လာကြသည်။ ပြဒါးရံက မူးနောက်နေသည့်ခေါင်းကို ပြင်းပြင်းထန်ထန် ခါထုတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိသမျှသော အားအင်တို့ကိုစုစည်းကာ ကောင်းမွန်စွာပင်မထိုင်နိုင်တော့သော တိမ်ယံဆင့်ကိုမေးလိုက်သည်။

" ကိုယ်ဝယ်ပေးထားတဲ့ အင်္ကျီကိုဘာလို့ခုချိန်ထိ သိမ်းထားတာလဲ "

တိမ်ယံဆင့်က အာလေးလျှာလေးဖြင့် ပြန်ဖြေလေသည်။

" ကျွန်တော်....လွှင့်ပစ်ဖို့မေ့နေလို့ "

" လိမ်နေတာ "

" ကျွန်တော်....တစ်ကယ်ပြောတာ "

" ကိုယ်မယုံဘူး.....သေချာအောင် စစ်ဆေးကြည့်ရမယ် "

ပြဒါးရံက အနောက်သို့လန်ကျလုဆဲဆဲ တိမ်ယံဆင့်ကို ရုတ်တရက်လှမ်းဆွဲလိုက်ကာ ခန္ဓာကိုယ်အချင်းချင်း နီးကပ်သွားစေသည်။ သူတို့နှစ်ဦးသားလုံး အသိစိတ်ကင်းမဲ့နေပြီဖြစ်ပြီး ဝိုင်ရဲ့အာနိသင်က အမြင်အာရုံကို ဝေခွဲမရအောင် လွှမ်းမိုးချုပ်ကိုင်နေသည်။ ပျော့ပြောင်းတဲ့လက်ချောင်းများက alcoholအရှိန်ကြောင့် ခရမ်းချဉ်သီးလိုနီဆွေးနေသော တိမ်ယံဆင့်မျက်နှာပေါ်တွင် နူးညံ့စွာထိတွေ့နေခဲ့သည်။ ထိုလူသားနှစ်ယောက် အတိုင်းထက်အလွန်မူးနေသည်မှာ ဘေးတွင်ဖရိုဖရဲဖြစ်နေသော ဝိုင်ပုလင်းများက သက်သေပင်ဖြစ်သည်။ ပြဒါးရံ၏လက်ချောင်းများက မျက်နှာပြင်အနှံ့ထိတွေ့နေပြီး နောက်ဆုံးနှုတ်ခမ်းနား တစ်ဝိုက်တွင်ရပ်တန့်သွားလေသည်။ လက်မက တိမ်ယံဆင့်၏ နှုတ်ခမ်းကို ပွတ်သပ်နေခဲ့ပြီး သူဟာအသိစိတ်ကင်းမဲ့စွာဖြင့် မသီမသပြောလာခဲ့သည်။

" ကိုယ်မယုံဘူး မင်းလိမ်နေတာ "

တစ်ဆက်ထဲမှာပင် နူးညံ့တဲ့အထိအတွေတစ်ခုကို တိမ်ယံဆင့်ခံစားလိုက်ရပေသည်။ ထိုခံစားချက်က သူ၏နှုတ်ခမ်းသားများမှာ အခြားတစ်ယောက်နှင့် ထပ်တူကျနေပြီး ပူလောင်နေသော အရက်ရှိန်ကြားမှ အေးစက်မှုကိုသိသိသာသာ ခံစားနေရခြင်းဖြစ်သည်။ စိတ်အာရုံများက ရှုပ်ထွေးနေပြီး သူတို့နှစ်ယောက် ဘာလုပ်နေလဲဆိုတာကိုပင် တိမ်ယံဆင့် ခွဲခွဲခြားခြား မသိနိုင်တော့ပေ။ ဝိုင်ထဲတွင်ပါဝင်သော alcohol အချို့က သူ့ကိုနေရခက်စေပြီး  ထိုအမည်ဖော်မရတဲ့ အထိအတွေ့ကိုပိုလို့ တောင့်တနေစေခဲ့သည်။ မကြာမီမှာပင် သည်းခံနိုင်သည့်အတိုင်းအတာကို ‌အလွန်အမင်း ကျော်လွန်နေသည့်အတွက် နှစ်ဦးသားလုံးမှာ ထိုနေရာ၌ပင်အိပ်ပျော်သွားကြသည်။ မိမိတို့နှစ်ယောက်မှာ မျက်နှာချင်းဆိုင်ပြီး နမ်းခဲ့ကြသည့်အဖြစ်ကို လက်မခံချင်သော ဦးနှောက်အစိတ်အပိုင်းများကြောင့် မရောရာသော မှတ်ဉာဏ်အပိုင်းအစလေးသည် လွင့်ပျယ်ဖျောက်ဖျက်ခြင်းခံလိုက်ရသည်။

မအီမသာဖြစ်နေသော ခံစားချက်ဖြင့် ဆင့်တစ်ယောက်မူးဝေနေရာမှထလာခဲ့သည်။ အပြင်းအထန်ထိုးကိုက်နေသော ခေါင်းပေါ်လက်တင်လိုက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ဘေးတွင်အိပ်ပျော်နေသော ပြဒါးရံနှင့် ပွစာကျဲနေသော ပစ္စည်းအတိုအထွာများအပြင် ၄ လုံး ၅လုံးခန့်ရှိမည့် ဝိုင်ပုလင်းခွံများကိုသာ တွေ့လိုက်ရလေသည်။ စိတ်ပျက်မှုက ယှဉ်တွဲလာပြီး ခေါင်းက အဆမတန်ထိုးကိုက်လာသည့်အတွက် မျက်မှောင်ကြုတ်ပြီး နာနာကျဉ်ကျဉ် ကြိမ်းမောင်းလိုက်သည်။

" အား.....ငါနောက်ဆိုဆင်ခြင်မှရတော့မယ် ခေါင်းကိုက်နေတာသေတော့မလိုပဲ "

ဆင့်က နာရီကိုလှမ်းကြည့်လိုက်သည့်အခါတွင် ည၈နာရီထိုးရန် အနည်းငယ်သာလိုတော့လေသည်။ အချိန်ကအတော်ပင် နောက်ကျသည့်အတွက် မနက်အစောပိုင်းထဲမှ ည၈နာရီလောက်ထိ မရပ်မနားအိပ်ပျော်လာသော မိမိကိုယ်ကို သံသယဝင်မိသည်။ မျက်လုံးမမှိတ်ခင်က လင်းထိန်သာယာနေသော ကောင်းကင်မှာ ယခုအခါတွင်တော့ အမှောင်အတိဖုံးနေပြီဖြစ်သည်။

" ငါဘယ်ချိန်တုန်းက အိပ်ပျော်သွားတာလဲ။ ဘာမှလည်း စဉ်းစားလို့မရဘူး ခေါင်းအရမ်းကိုက်နေတာပဲသိတယ် "

အနားတွင်လှုပ်လှုပ်ရွရွဖြစ်နေသော တိမ်ယံဆင့်ကြောင့် ပြဒါးရံပါနိုးလာခဲ့သည်။ ပြဒါးရံပုံစံသည်လည်း ဆင့်နဲ့ထူးခြားပြီး ကွဲပြားမနေပါချေ။ ထိုသူကထလာခြင်းမှာပင် ပြင်းပြင်းထန်ထန် ညည်းညူလိုက်သည်။

" အား.....ကျွတ်..! "

သူတို့နှစ်ယောက်လုံး အရက်ပင်လယ်ထဲ လက်ပစ်ကူးထားသလို နံစော်နေကြသည့်အပြင် အတော့်ပင်ပုံဆိုးပန်းဆိုးဖြစ်‌နေလေသည်။ အမှောင်ဖုံးနေသောကောင်းကင်ကို မြင်လိုက်ရသည့်အခါတွင် ပြဒါးရံက ကြောင်အစွာနားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။ ပထမဆုံးတွေးမိသည့်အရာမှာ " အချိန်က ဒီလောက်တောင် ဖြစ်သွားပြီလား " ဆိုတာပင်ဖြစ်သွားသည်။ ကြမ်းပြင်ပေါ်အိပ်နေခဲ့ကြသည့်အတွက် နှစ်ယောက်လုံး၏ နုနယ်လှသော ခြေဖျားလက်ဖျားလေးများက ရေခဲရိုက်ထားသလို အေးစက်နေကြပြီး ပြဒါးရံသည်လည်း သူဘယ်လိုအိပ်ပျော်သွားလဲ မမှတ်မိပါချေ။ နောက်ဆုံးမှတ်မိသည်က တစ်ယောက်တစ်လှည့် အမေးအဖြေလုပ်နေကြီး ဝိုင်ခွက်ကို အပြိုင်အဆိုင်သောက်နေကြခြင်းပေ။ ကျန်သည့်မှတ်ဉာဏ်များက ဖြတ်တောက်ခံလိုက်ရသည့်နှယ် ခြေရာကောက်ရန်အတွက် သဲစွန်စတောင် မကျန်ခဲ့ပေ။

" အရမ်းနောက်ကျနေပြီဆိုတော့ ကိုယ်ပြန်လိုက်တော့မယ် "

ညင်သာစွာပြောလာသော ပြဒါးရံစကားကို ပြန်မဖြေနိုင်သည်အထိ ခေါင်းကိုက်နေသည့်ဒဏ်က တိမ်ယံဆင့်ကို အငြိုးအတေးကြီးစွာ နှိပ်စက်နေလေသည်။ မျက်ခုံးနှစ်ဖက်က တွန့်ကွေးနေပြီး အားယူလိုက်သော်လည်း ဆင့်နှုတ်ဖျားထက်က ညည်းသံမှတပါး ကျန်သည့်အရာတို့ ထွက်ကျမလာပေ။ ခက်ခက်ခဲခဲရုန်းကန်နေရသော ဆင့်ကို ပြဒါးရံကြည့်ရင်း ထိတ်လန့်လာသဖြင့် မိမိ၏အမူအရာကိုတောင် မဆယ်နိုင်တော့ဘဲ ထိုလူသားကို စိုးရိမ်တကြီးမေးမြန်းမိသည်။

" ဆင့် ဘာဖြစ်တာလဲ "

" ခေါင်း.....ခေါင်းက.....အား "

" ခေါင်းကိုက်နေလို့လား အရမ်းနာနေလား "

" အင်း....နာတယ် "

" ဆေးရုံသွားရအောင် မကြောက်နဲ့ ကိုယ်ရှိတယ် "

ဆေးရုံသွားရန် ချက်ချင်းပြင်ဆင်နေသော ပြဒါးရံကို ဆင့်က အားကုန်သုံးပြီး လှမ်းတားလိုက်‌လေသည်။ ထိုရုပ်ချောသလောက် ခေါင်းမာသောကောင်လေး၏ဘဝတွင် အမုန်းဆုံးအရာတွေထဲက တစ်ခုမှာဆေးရုံတက်ရခြင်းပင်ဖြစ်သည်။ ထို့ပြင် ဆေးရုံလိုလူများတဲ့နေရာတစ်ခုက သူ့ကိုအလွယ်တကူမှတ်မိသွားနိုင်ပေသည်။ ထိုအခါမလိုအပ်သော သတင်းတွေ နာမည်ကြီးလာပြီး KKနဲ့ သူ့ပုံရိပ် ထိခိုက်သွားမှာကို အလွန်ပင်စိုးရိမ်မိသည်။

ဆင့်က တစ်ချက်ပြုံးလိုက်ပြီး ကိုယ့်ကိုကိုယ်လည်း အံဩမိသည်။ သူဟာသာမာန်လူတွေလို သွားချင်တိုင်း လွတ်လွတ်လပ်လပ်သွားလို့မရတဲ့အပြင် သူ့ကိုအမြဲတစေစောင့်ကြည့်နေသော မျက်လုံးပေါင်းများစွာကိုလည်း သတိထားနေရသည်။ သူသာ တစ်စုံတစ်ရာအမှားလုပ်လိုက်ပါက နောက်တစ်ကြိမ် ပြန်မထနိုင်အောင် မညှာမတာအနင်းခံရမည့် နုနယ်လှသည့်ပန်းလေးတစ်ပွင့်လို့ပင်ဖြစ်သည်။ အချိန်ကြာမြင့်လာလေ ဒီလောကထဲမှာ အဆုံးစွန်ထိနစ်ဝင်နေလေ သူဟာသူ့ကိုယ်သူမပိုင်တော့သလို ခံစားလာရသည်။ ထိုအရာများကို့ ထည့်သွင်းစဉ်းစား ဆင့်ဟာပြဒါးရံ၏ ဆေးရုံခေါ်သွားရန်အကြံအစဉ်ကို ဖျက်ဆီးလိုက်သည်။

" မသွားဘူး "

" ဆင့်ဆေးရုံသွားမှရမယ်လေ ခေါင်းမာမနေနဲ့တော့ "

" မသွားဘူး ကျွန်တော့်အခန်းထဲမှာ ဆေးသေတ္တာရှိတယ် အဲ့ဒါပဲသောက်မယ် "

" ကောင်းပြီ ကိုယ့်ကိုခဏစောင့် "

ပြဒါးရံကတိမ်ယံဆင့်အခန်းထဲ မွှေနှောက်ရှာနေခဲ့ပြီး နောက်ဆုံးတွင်တော့ ထိုအရာကိုတွေ့သွားခဲ့လေသည်။ အရွယ်အစားအရမ်းမကြီးသော boxလေးထဲတွင် ဆေးဘက်ဆိုင်ရာ ပစ္စည်အစုံတော့ရှိသည်။ ရုတ်တရက် ဒီကောင်လေးက ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်သေးသားပဲဟု ပြဒါးရံ တွေးထင်မိစေသည်။ ပြန်သတိဝင်လာချိန်တွင် သူဟာအလျင်အမြန် တိမ်ယံဆင့်ဆီယူသွားလိုက်ကာ ဖြူဖျော့နေသောအသွင်ဖြင့် အပြင်းအထန်ခံစားနေရသော ဆင့်ကို အချိန်မဆွဲဘဲ တိုက်ကျွေးလိုက်သည်။ ထို့ပြင်သူဟာ စိုးရိမ်တကြီး အားပေးလိုက်ပါသေးသည်။

" ဆေးအာနိသင်ပြလာရင် သက်သာသွားလိမ့်မယ် ကိုယ်ဆင့်အခန်းထဲခေါ်‌သွားပေးမယ် "

ခပ်အေးအေးကြမ်းပြင်ပေါ်တွင် ထိုင်နေသောဆင့်ကို ပြဒါးရံက ပွေ့ချီကာ အိမ်ခန်းဆီခေါ်သွားရန်ပြင်လိုက်သည်။ သို့သော် ထိုအမူအယာမှာ အိမ်ခန်းဆီခေါ်ဆောင်သွားခံရသည့် သတိုးသမီးငယ်လေးနှင့်တူနေသည့်အတွက် ဆင့် ဝေသနာကိုအန်တုရင်း ငြင်းဆန်လိုက်သေးသည်။

" ကိုရံ ကျွန်တော့်ဘာသာလျှောက်မယ် အောက်ချပေး "

" မလှုပ်နဲ့ ပြုတ်ကျသွားလိမ့်မယ် "

" ကျွန်တော်..... "

" ဘာမှမပြောနဲ့တော့ ကျေးဇူးပြုပြီး နေမကောင်းမဖြစ်လိုက်ပါနဲ့ "

" ကျွန်တော်ခေါင်းလေးပဲကိုက်တာပါ ခဏနေရင်ပျောက်သွားမှာပါ "

ပတ်ဝန်းကျင်က အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားပြီး လေထုကအနည်းငယ် ‌နွေးလာသည်ဟု ဆင့်ခံစားမိလေသည်။ သို့သော် ဤသည်မှာ ပူနွေးလာသော လေထုလား ပြဒါးရံ၏ ကိုယ်ငွေ့ပင်လား တိမ်ယံဆင့်ကိုယ်တိုင်ပဲ သိပေလိမ့်မည်။ ညင်သာစွာ ကုတင်ပေါ်ချပေးလာသော ပြဒါးရံသည် တစ်ဆက်ထဲစောင်ကိုပါ လွှမ်းခြုံပေးလာခဲ့သည်။ ပုလဲနက်ရောင်မျက်ဝန်းတစ်စုံတွင် ဝမ်းနည်းမှုတို့ခိုအောင်းနေသည်ကို ဆင့်မြင်လိုက်ရပြီး ပိတ်ပင်ထားသော နှုတ်ခမ်းသားဆီ အကြည့်ရောက်သွားချိန်တွင် သူမြင်မက်ခဲ့သော ယုတ္တိမတန်သည့်အိပ်မက်ကို သတိရသွားသည်။ ထိုအိမ်မက်ထဲတွင် သူဟာလူတစ်ယောက်နှင့် နမ်းရှိုက်နေခဲ့ကာ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးနေခဲ့သည်။ သို့သော် ထိုလူဟာဘယ်လိုပုံသဏ္ဍာန်‌တွေနဲ့ ဖွဲ့စည်းထားလဲတော့ သူမမြင်ရပါချေ။ သူတို့နှစ်ယောက်ဟာ နှုတ်ခမ်းသားချင်း ထပ်တူကျနေသော်လည်း တစ်ဖက်လူ၏ ပြင်းပြတဲ့စိတ်ခံစားမှုတွေက သူ့အပေါ်ပါ သက်ရောက်နေခဲ့သည်။ ထိုအဓိပ္ပါယ်မရှိသော အိမ်မက်ကိုဝိုင်ထဲတွင်ပါဝင်နေသော အရက်ရှိန်ကြောင့် ဂယောင်ခြောက်ခြား မြင်မက်ခြင်းဟုသာ ထင်ကြေးပေးလိုက်သည်။ ထို့နောက် ပြဒါးရံကို ဆက်လက်စူးစမ်းလိုက်ပြီး ရင်ထဲကမ‌လာသော စကားကိုပြောလိုက်သည်။

" ကိုရံမပြန်သေးဘူးလား "

" ကိုယ်မပြန်တော့ဘူး ဆင့်တစ်ယောက်ထဲ ကိုယ်စိတ်မချဘူး "

" ကျွန်တော်အဆင်ပြေပါတယ် စိတ်ပူစရာသိပ်မရှိဘူး ကိုရံပြန်လို့ရပါတယ် "

" စကားတွေအများကြီမပြောနဲ့ နားလိုက်ဦး။ ကိုယ်ဒီညဒီမှာနေဖို့ ဆုံးဖြတ်ပြီးသွားပြီ။ "

" အဲ့တာဆိုလည်း ကျွန်တော့်ဘေးခန်းမှာ အခန်းလွတ်ရှိတယ်။ ရှင်းကလည်း မကြာခဏညအိပ်တတ်တော့ အဲ့ထဲမှာ လိုအပ်တာအကုန်ရှိတယ် "

" အင်း ဆင့်လိုချင်တာရှိရင် ကိုယ့်ကိုလှမ်းခေါ်လိုက် "

ပြဒါးရံ ကုတင်ပေါ်ရှိလူသားကို စိတ်မချနိုင်သေးသည်မှန်သော်လည်း သူ့ခန္ဓာကိုယ်က ဝိုင်အိုးထဲကျထားသလို နံစော်နေသည့်အတွက် သူဟာတွန့်ဆုတ်မနေဘဲ ရေသွားချိုးရန်သာအလိုရှိနေခဲ့သည်။ တိမ်ယံဆင့်ကို နောက်မှာချန်ထားခဲ့ပြီး ပြဒါးရံက တစ်ဖက်ခန်းထဲတွင် ခန္ဓာကိုယ်ရှိအဝတ်အားလုံးကို ဖယ်ခွာလျက် ရေချိုးနေခဲ့သည်။ တိုက်ခန်းတွင်းမို့ အေးစက်နေသည့်လေထုကို အန်တုလျက် ရေအေးတို့ဖြင့်သာ ခန္ဓာကိုယ်တစ်လျှောက်စီးဆင်းစေသည်။ ရေဗန်းမှကြာလာသောရေတို့သည် တောင်ပေါ်မှ အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာသော ရေများနှယ် ပြဒါးရံ၏ ခေါင်းပေါ်မှ ဦးစွာသက်ဆင်းလာကာ မျက်နှာပြင်ပေါ်ဖြတ်ပြေးပြီး ကျော့ရှင်းသည့်လည်တိုင်တစ်လျှောက် အရှိန်မှန်စွာ သက်ဆင်းနေသည်။ သို့သော်၎င်းတို့က ထိုမျှ၌မရပ်တန့်သွားသေးပါချေ။ သန်မာတဲ့ရင်အုပ်ကနေ ကျစ်လစ်သော ဝမ်းဗိုက်တစ်လျှောက် ခရီးနှင်‌နေခဲ့ပြီး အချိုးကျရှည်သွယ်ခြေထောက်၌ အဆုံးသတ်သွားသည်။ ကြွက်သားအပြည့်ဖြင့် ကျစ်လစ်သောဝမ်းဗိုက်သားသည် ရေအကူအညီဖြင့် ပိုမိုကြည့်ရကောင်းနေခဲ့သည်။ ကုန်ကုန်ပြောရပါလျှင် ဤသည်မှာ sexy ဆန်သောမြင်ကွင်းဖြစ်ပြီး မြင်ရသူကို အကြည့်မလွှဲနိုင်အောင် စွမ်းဆောင်နိုင်သည့်အပြင် ကျိန်စာမိထားသလို တမ်းတမ်းစွဲဖြစ်သွားနိုင်ပေသည်။ ‌

ကြမ်းပြင်ကို ထိတွေ့နေသည့် ရေသံများကြောင့် ပြဒါးရံက တိမ်ယံဆင့်၏ အခန်းအပြင်ဘက်မှ အော်ခေါ်သံကို လုံးဝမကြားနိုင်ခဲ့ပေ။ ဆင့်ကအချိန်အတော်ကြာ ခေါ်နေခဲ့ပြီး ပြန်လည်အဖြေပေးခြင်းမရှိဘဲ တိတ်ဆိတ်နေသည့်အခန်းကြောင့် တံခါးကိုဖွင့်ကာ အခန်းအတွင်းဝင်လိုက်သည်။ ပထမဆုံးမြင်လိုက်ရသည့် ဗလာကျင်းနေသည့်အခန်းကြောင့် ဆင့်ကအနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း နေရာအနည်းငယ်လျှောက်ပတ်သွားကာ ပြဒါးရံကိုရှာနေခဲ့သည်။

" အခန်းထဲမှာမရှိဘူးတယ် ဘယ်များသွားနေတာလဲ "

ဆင့်တစ်ယောက်ထဲ ကိုယ့်ဘာသာရေရွတ်နေလိုက်ပြီး ပြန်ထွက်သွားရန်ပြင်နေချိန်မှာပင် ရုတ်တရက်ရေချိုးခန်းထဲမှ ထွက်လာသောလူတစ်ယောက်ကြောင့် ခြေထောက်များက တောင့်တင်းသွားခဲ့ပြီး မျက်လုံးများက ပြုစားခံလိုက်ရသည့်နှယ် ထိုသူ့ခန္ဓာကိုယ်ပေါ်၌သာ မြဲမြဲမြံမြံ နေရာယူနေသည်။ ထိုသူမှာ အပေါ်ပိုင်းဗလာဖြင့် ပုဝါတစ်ထည်သာပတ်ထားသည့် ပြဒါးရံသာဖြစ်ပေသည်။ တိမ်ယံဆင့်သိလိုက်သည်မှာ သူ့ခန္ဓာကိုယ်ကို သူမထိန်းချုပ်နိုင်တော့ဘူး ဆိုတာပင်ဖြစ်သည်။ နှုတ်ခမ်းသားများက ခမ်းခြောက်လာသည့် ရေဓာတ်ကြောင့် ခြောက်သွေ့လာခဲ့ပြီး မျက်လုံးများက ပြဒါးရံ၏ ညှပ်ရိုးပေါ်ကရေစက်ဆီသာ ရောက်နေလေသည်။ ထိုရေစက်ကညှပ်ရိုးပေါ်တင်ကျန်နေရာမှ ရွေ့လျားလိုက်သော ပြဒါးရံကြောင့် အောက်သို့လျောဆင်းသွားပြီး သန်မာသည့် ရင်အုပ်ထံမှ ကြွက်သားအပြည့်ဖြင့် တင်းမားနေသည့် ဝမ်းဗိုက်သားဆီရောက်သွားသည်။ ကံဆိုးစွာပင်ဆင့်က ထိုရေစက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည့်အပြင် ရေစက်သွားရာလမ်းကြောင်းတစ်လျှောက်ကိုလည်း ခံစားချက်မျိုးစုံဖြင့် ကြည့်နေခဲ့သည်။

ပူထူလာသောသော အခိုးငွေ့များကြောင့် ဆင့် သတိပြန်ဝင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က အငွေ့ပြန်လုမတတ်ပူထူနေခဲ့ပြီး မျက်နှာကအလွန်နီရဲနေခဲ့သည်။ စာစီထားခြင်းမရှိသော စကားများသည် ဖြောင့်ဖြူးခြင်းမရှိဘဲ ထွက်ကျလာကာ ပြဒါးရံဆီဦးတည်သွားသည်။

" ကျွန် ကျွန်တော် ကိုရံကိုခေါ်သေးတယ် ပြန်မထူးလို့ဝင်လာတာ "

" ကိုယ်ရေချိုးနေလို့ မကြားလိုက်တာထင်တယ်.... ဆင့်ဘာလိုချင်လို့လဲ "

"'ဟို....ဗီရိုထဲမှာ ရှင်းရဲ့အဝတ်အစားအသစ်တွေရှိတယ်။ ကိုရံယူဝတ်လို့ရတယ်လို့ လာပြောတာ ကျွန်တော်သွားပြီ "

" ခဏလေး အနောက်မှာတံခါး '

" ဒုန်း......အား "

ပြဒါးရံကိုတစ်ချက်မှပင်မကြည့်ဘဲ ဆင့်ချက်ချင်းလှည့်ပြေးသွားလေသည်။ သို့သော်ကံကြမ္မာကမျက်နှာမပေးသောကြောင့် ပိတ်ထားသော တံခါးကိုဝင်တိုက်မိကာ နှဖူးတစ်ခုလုံးကွဲသွားပြီဟု ထင်ရသောဝေသနာကိုသာ ခံစားလိုက်ရသည်။ နာကျင်နေသော နှဖူးကိုလက်နဲ့အုပ်ပြီး မျက်ရည်ထွက်ကျမလာအောင် ဟန်မပျက် အောင့်အီးသည်းခံထားရသည်မှာ အတော်ဆိုးသောဝဋ်ကြွေးဖြစ်သည်။ ဝင်တိုက်ချိန်က ထွက်ပေါ်လာသောအသံသည် အလွန်‌ကျယ်လောင်သည့်အတွက် ပြဒါးရံက ချက်ချင်းလက်ငြင်းပင် သူ့အနားရောက်လာသည်။

" ထပ်ပြီးကိုယ့်ကိုကိုယ် ဂရုမစိုက်ပြန်ဘူး။ အရမ်းနာနေလား ကိုယ်ခဏနေရင်လာခဲ့မယ် ဆင့်အခန်းကို အရင်ပြန်နှင့်လိုက်နော် "

ထပ်မံအရှက်မကွဲချင်တဲ့အတွက် ပြဒါးရံစကားကို နားထောင်ကာ အသာတကြည် ကိုယ့်အခန်းကိုယ် ပြန်သွားလိုက်လေသည်။ ဆင့်ကုတင်ပေါ်တွင် အသာတကြည်ထိုင်နေခဲ့ပြီး ခေါင်းထဲကမထွက်သော ပြဒါးရံ၏ခန္ဓာကိုယ်ကို မေ့ပြစ်နိုင်ရန်ကြိုးစားနေ‌ခဲ့သည်။ သို့သော် သူ့အခန်းတံခါးက ပွင့်လာပြီး ထိုခန္ဓာကိုယ်ပိုင်ရှင်က စီးနင်းဝင်ရောက်လာခဲ့သည်။ ပြဒါးရံမှာ တံခါးပင်မခေါက်တော့ပဲ စိတ်တိုင်းကျဆင့်အခန်းထဲ ဝင်ထွက်ခွင့်လက်မှတ်ရသွားတဲ့ လူတစ်ယောက်လို အမူအယာကတော့ လုံးဝအားနာခြင်းမရှိပေ။ ရှင်းနှင့် ခန္ဓာကိုယ်သိပ်မကွာသောထိုသူသည် မြင်နေကျအနက်ရောင်စေတန်ထက် ပိုမိုဆန်းသစ်နေကာ ယခုတွင်တော့အဖြူရောင်တို့ဖြင့် တန်ဆာဆင်ထားလေတော့သည်။ ပြဒါးရံမှာ မပြောင်းလဲသော အမူအယာဖြင့် ဆင့်ကုတင်ဘေးတွင်ဝင်ထိုင်လိုက်ပြီး လက်ထဲတွင်ပါလာသော အဝတ်တစ်ခုကို တံခါးတိုက်မိစဉ်က အဖုထွက်ခဲ့သောနေရာပေါ် ခပ်ဖွဖွတင်ပေးလာခဲ့သည်။

ခပ်နွေးနွေးခံစားချက်က ဆင့်ကိုအိပ်ချင်လာဆောင်ဆွဲဆောင်လျက်ရှိပြီး ထိုပူနွေးသောအရာသည် လစ်လပ်နေသောနှလုံးသားကို ဖြည့်တင်းပေးလျက် နွေးထွေးမှုကို အစွမ်းကုန်ပေးစွမ်းလျက်ရှိသည်။ ဆင့်ထင်တာမမှားဘူးဆိုလျှင် ဤအရာက ရေနွေးအိတ်ပင်ဖြစ်ရမည်။ ထို့ပြင်ပိုလို့သေချာသည်က သူ့အိမ်တွင်ရေနွေးအိတ်မရှိပေ။ ပြဒါးရံလာတုန်းကလည်း ရေနွေးအိတ်ပါမလာခဲ့။ ထိုသို့ဆိုလျှင် သူဘယ်ကရလာတာလဲ။ သွားဝယ်လိုက်တာများလား။ အတွေးလွန်နေသော တိမ်ယံဆင့်ထံ စိုးရိမ်ပူပန်နေသော အသံကနားထဲတိုးဝင်လာလေသည်။

" သက်သာရဲ့လား "

မှေးဆင်းလာသော မျက်လုံးများကြောင့် ဆင့်ကအလွန်အိပ်ချင်နေသည့်အတွက် ခေါင်းသာပြန်ငြိမ့်ပြလိုက်သည်။ သို့သော်ခံစားမိနေသော အထိအတွေ့အရ ထိုရေနွေးအိတ်လေးနှင့် အမည်ဖော်မရသော လက်တစ်ဖက်သည် သူ့ကိုယ်ပေါ်က လုံးဝဖယ်ကျဉ်သွားခြင်းမရှိပေ။

အလင်းရောင်မှိန်ပျပျမှာ လိုက်ကာကိုဖြတ်သန်းပြီး ဆင့်ထံ ထိတွေ့ကလူနေသည့်အခါတွင် မထချင်ထချင်နှင့် နိုးထလာရလေသည်။ ထိုပြင်ပုံမှန်နဲ့မတူသော အနံ့တစ်မျိုးကလည်း တိမ်ယံဆင့်ကို အလွန်အမင်းဆွဲဆောင်နေလေသည်။ ဆင့်အိပ်ယာကနေ ကမန်းကတန်းထကာ ထို မွှေးပျံ့နေသောအနံ့‌တို့ မြစ်ဖျားခံရာ မီးဖိုချောင်ဆီဦးတည်သွားလိုက်သည်။ မြင်လိုက်ရသည့်အရာမှာ မိမိကတောင် အိမ်မက်မက်နေသည်လားဟု ပြန်တွေးရသည်အထိ ပြဒါးရံမီးဖိုချောင်ထဲတွင် တစ်စုံတစ်ရာကို ချက်ပြုတ်နေသည်။ ဆင့်ကပါးစပ်အဟောင်းဖြင့် ရပ်ကြည့်နေခဲ့ပြီး မီးဖိုချောင်ထဲတွင်တောင် မိမိုက်နေသော ထိုသူ့ထံ၌နစ်မျောနေသည်။

" ဆင့်နိုးပြီလား "

ပြဒါးရံခေါ်သံကြောင့် ဆင့်အတွေးကမ္ဘာထဲမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

" ကိုရံ ဘာလုပ်နေတာလဲ "

" မျက်နှာသစ်ပြီးရင် လာခဲ့တော့ မနက်စာအဆင်သင့်ဖြစ်နေပြီ "

အလွန်တရာမွှေးနေသည့်အနံ့ကြောင့် ဆင့်က ချက်ချင်းပင် မျက်နှာပြေးသစ်လိုက်ကာ စားပွဲတွင်ဝင်ထိုင်လိုက်သည်။

" ဒါက ခေါက်ဆွဲပြုတ်လား "

" ဘာဖြစ်လို့လဲ ကိုယ်လုပ်ထားတာ ဆင့်မကြိုက်ဘူးလား .....ကိုယ်ပြန်ပြင်ပေးမယ်လေ "

ပန်းကန်ကိုပြန်ဆွဲယူနေသော ပြဒါးရံကိုလှမ်းတားလိုက်ကာ တိမ်ယံဆင့် ပြန်ပြောလိုက်သည်။

" ကျွန်တော်ပြောတာ အဲ့လိုဘောမျိုးမဟုတ်ဘူး။ ကျွန်တော်ခေါက်ဆွဲကို ပြုတ်စားတာရှားတယ်။ အမြဲတမ်းရေများသွားတာနဲ့ အရမ်းနည်းနေတာနဲ့  ပြီးတော့ ရေအခမ်းလွန်ပြီး တူးသွားတာတောင်ဖြစ်ဖူးတယ်။ အဲ့ကစပြီး ခေါက်ဆွဲခြောက်ကို မပြုတ်တော့ဘဲ ဒီတိုင်းထိုင်စားလိုက်တော့တာပဲ။ "

" ဒါပေမယ့် ကိုရံလုပ်ပေးတာကျတော့ ကျွန်တော်လုပ်တာနဲ့အရမ်းကွာတယ် ။ အက်မှိုရယ် ၊ကြက်ဥရယ် ၊ကန်စွန်းရွက်ရယ် ၊အမဲသားရယ် ထည့်ထားတာ အနံ့လည်းအရမ်းမွှေးပြီး ကျွန်တော်ကြိုက်တယ် ဟီးဟီး "

" ဒါဆို ဆင့်စားချင်ရင် ကိုယ်အမြဲလုပ်ကျွေးမယ်လေ "

" ကိုရံတစ်ကယ်ပြောတာနော် လိမ်ရင် KKမှာ ကိုရံပိုင်တဲ့ရှယ်ယာတွေထဲက တစ်ဝက်ပေးရမယ် "

" ကိုယ်ဆင့်ကို ဘယ်တော့မှလိမ်မှာ မဟုတ်ဘူး။ ကိုယ်လုပ်သမျှအားလုံးက စိတ်ရင်းမှန်‌တွေပဲ။ "

ထို့နောက် ပြဒါးရံမျက်လုံးတို့က တိမ်ယံဆင့်နှဖူးဆီအကြည့်ရောက်သွားပြီး ဒဏ်ရာကိုသတိရသွားသည်။ ပြဒါးရံကရှေ့သို့ကိုင်းကာ ဆင့်နှဖူးပေါ်ကပ်နေသော ဆံပင်တို့ကို နူးနူးညံ့ညံ့ဖယ်ရှားပေးလာပြီး ဒဏ်ရာကိုခပ်ဖွဖွထိတွေ့လာသည်။

" အယောင်ကျသွားပြီပဲ ဒဏ်ရာကနာနေသေးလား "

ထိုမေးခွန်းကို တိမ်ယံဆင့်ပြန်မဖြေနိုင်ပေ။ ရှေ့သို့ကိုင်းထားသောကြောင့် အဖြူရောင်အင်္ကျီက အလွန်အမင်းဟနေခဲ့ကာ ပြဒါးရံ၏ရင်အုပ်တို့ကို ဆင့် အတိုင်းသားမြင်နေရသည်။ ထို့ပြင်မနေ့ညကတွေ့ခဲ့သော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်အချိုးအစားကြောင့် ဆင့်က ပါးစပ်ထဲအပြည့်ဖြစ်နေသော ခေါက်ဆွဲတို့ကိုတောင် မမြိုချရဲတော့ပေ။ ထို့ကြောင့်၎င်းတို့က ပါးစပ်အပြည့်နေရာယူနေပြီး တိမ်ယံဆင့်၏ပါးများကို လေအပြည့်ဖြည့်ထားသော ပူပေါင်းလေးနှယ် လုံးဝန်းနေစေခဲ့သည်။

" ဆင့်.....ဆင့်.... "

" အမ် ......အမ် "

" ကိုပြောတာကြားရဲ့လား "

" ကိုရံဘာပြောလိုက်တာလဲ "

" ဒဏ်ရာက နာနေသေးလား "

" မနာတော့ဘူး အားလုံးကောင်းနေပြီ မယုံရင်ဒီမှာကြည့် "

သတိလက်လွတ်ဖြစ်‌နေခဲ့သည့်အတွက် မရပ်မနားပြန်ဖြေကာ ပြဒါးရံကို မနာတော့ကြောင်းပြချင်သည့်အတွက် နဖူးကိုလက်နှင့် ရိုက်ပြလိုက်လေသည်။ သို့သော်....

" အား....နာတယ် "

" ဖွီး...ဟား ဟား "

ပြဒါးရံက အောင့်အီးထားပါသော်လည်း တိမ်ယံဆင့်အမူအယာကြောင့် ရယ်မိသွားလေသည်။ ဤလူသားသည် အများသူငှာရှေ့တွင် သန်မာချင်ယောင်ဆောင်နေခဲ့တာ ကျင့်သားရနေခဲ့သဖြင့် မိမိကလူစွမ်းကောင်း ဟုတ်မနေတာကိုပင် မေ့လျော့သွားပုံရသည်။ ထိုနောက် တိမ်ယံဆင့်၏ ရှက်ရမ်းရမ်းကာ ရန်တွေ့သံက ပြဒါးရံဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေသည်။

" ရယ်ရလို့လား "

" ဆင့်ကလေ ကလေးလေးလိုပဲ "

" ကျွန်တော်ဘယ်မှာ ကလေးနဲ့တူလို့လဲ။ ကိုရံက ကျွန်တော့်ကို မရင့်ကျက်သေးဘူးလို့ ပြောချင်တာမလား။ ကျွန်တော့်အသက်နှစ်ဆယ် ရှိနေပြီ ။ကျွန်တော်ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်လည်း ချတတ်တယ်။ ဘယ်နားက ကလေးနဲ့တူလို့လဲ "

" ကိုယ်က ကလေးတစ်ယောက်လို ဖြူစင်တယ်လို့ပြောချင်တာ "

ပြဒါးရံက ခေါင်းငုံ့သွားသော တိမ်ယံဆင့်ကိုကြည့်လျက် ထပ်စလိုက်သည်။

" ဆင့်ကအများကြီးတွေးလိုက်တာပဲ "

ပိုဆိုးမလာခင် တိမ်ယံဆင့်က အစီအငေါ်မတည့်သော စကားတို့ဖြင့် လှမ်းကြောင်းလွှဲလိုက်သည်။

" ခေါက် .....ခေါက်ဆွဲတွေအေးကုန်တော့မယ် မြန်မြန်စားတော့ "

စားသောက်ပြီးသွားသည့်အခါတွင် ပန်းကန်အထပ်လိုက်ကြီးကိုလည်း KKရဲ့ CEOက တာဝန်ယူဆေးပေးနေရသေးသည်။ဆင့်တစ်‌ယောက်ကတော့ ဆိုဖာပေါ်ထိုင်နေလျက် TVလိုင်းကိုဟိုလှည့်ဒီလှည့်ဖြင့် အချိန်ကုန်နေခဲ့သည်။ ပန်းကန်ဆေးခြင်းအလုပ် ပြီးသွားသည့်အခါတွင် အိမ်ပိုင်ရှင် ကိုလူချောလေးအား ပြဒါးရံစကားစမြည်ပြောလိုက်သည်။

" အားလုံးလုပ်ပြီးသွားပြီ ကိုယ်ပြန်တော့မယ် "

" ပြန်တော့မို့လား အရေးကြီးကိစ္စရှိလို့လား "

" အဲ့လိုမျိုးတော့မရှိပါဘူး "

" ဒါဆိုကျွန်တော်နဲ့ အချိန်ထပ်ဖြုန်းပေးဦးလေ။ ကိုရံပြန်သွားရင် ကျွန်တော်တစ်ယောက်ထဲ ကျန်ခဲ့မှာ အဲ့တာကဘယ်လောက် အထီးကျန်ဖို့ ကောင်းလဲသိရဲ့လား "

" ကိုယ့်ကိုမပြန်စေချင်ဘူးလား "

ပြဒါးရံ တဖန်ပြန်မေးလာသောစကားကြောင့် တိမ်ယံဆင့် သူပြောလိုက်သည်မှာ အရမ်းလောသွားပြီး အဖော်မရှိသည့် သနားစရာအသွင်ကို ဖော်ထုတ်ပြလိုက်မိကြောင်း သတိထားမိသွားသဖြင့် ကိုယ့်ကိုကိုယ် ပြန်ထိန်းလိုက်သည်။

" အဲ့လိုလည်း မဟုတ်ဘူး ပြန်ချင်ပြန်တော့လေ "

" ဆင့် ကိုယ့်ကို ပြန်စေချင်တာလား မပြန်စေချင်တာလား "

" အဲ့တာ ကိုရံ့ရဲ့ဆုံးဖြတ်ပိုင်ခွင့်လေ ဘာလို့ကျွန်တော်လာမေးနေတာလဲ "

" ဆင့် မင်းကိုယ့်ကို ကစားနေတာလားကွာ "

"မဟုတ်ဘူး ကျွန်တော် ကိုရံ့ကိုစနေတာ  "

ဆင့်ပြန်ပြောလာသော ထိုစကားကိုကြားပြီး ပြဒါးရံအခြေအနေတစ်ခုကို ပြန်မြင်ယောင်လာခဲ့သည်။ နှစ်ခုလုံးမှာ ထပ်တူညီလုနီးပါးရှိနေပြီး လူတွေမှာလည်း သူတို့နှစ်ယောက်ထဲပင်။သို့သော် ထိုသို့ပြောလာသောသူမှာ တိမ်ယံဆင့်မဟုတ်ဘဲ ပြဒါးရံကိုယ်တိုင်ပင်ဖြစ်သည်။ ထိုပုံရိပ်ကို ပြန်မြင်နေရသလို ပြဒါးရံတောင့်တင်းနေခဲ့သည်။ ထိုထဲက တိမ်ယံဆင့်သည် စနပ်တံဖြုတ်ထားသည့် ဗုံးတစ်လုံးလို အန္တရာယ်များလွန်းလှကာ ပြဒါးရံကိုကြည့်နေသော အကြည့်တို့မှာလည်း လောက်မြိုက်ဖျက်ဆီးပစ်လိုခြင်းတို့ အတိပြီးနေခဲ့သည်။ တိမ်ယံဆင့်က ဒေါသသံစွက်လျက် မာမာထန်ထန်မေးလိုက်သည်။

" ကျွန်တော့်ကို ကစားရတာ ပျော်ဖို့ကောင်းနေလား "

ထိုအချိန်က သူပြန်ဖြေလိုက်သည့်အဖြေမှာ ယခုတိမ်ယံဆင့် ပြောလိုက်သောစကားနှင့် တစ်ထပ်တည်းတူနေခဲ့သော်လည်း ၎င်းတို့ကမတူညီသော လူနှစ်ယောက်ထံမှ ထွက်လာသောစကားများ ဖြစ်သည်။

" မဟုတ်ဘူး ကိုယ့်ဝါသနာက ဆင့်ကိုစရတာ "

ထိုစကားက တိမ်ယံဆင့်နှုတ်ခမ်းသားမှ တစ်ပုံစံထဲပြန်ထွက်ကျလာလေသည်။ ဆင့်က တမင်ရည်ရွယ်ပြောသလား မသိသော်လည်း ပြဒါးရံက ယွန်းဟေမီကို ဖုန်းခေါ်ကာ အမိန့်ပေးလိုက်သည်။

" ကျွန်တော်ဒီနေ့အလုပ်မလာတော့ဘူး အချိန်ဇယားတွေ ဖျက်လိုက်တော့ "

" အဲ့လိုလုပ်လို့မရဘူး ရံလေး။ ဒီနေ့ moon companyက အရေးကြီးပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ရှိတယ်။ "

" ဖျက်လိုက် "

" သူတို့နဲ့တွေ့ခွင့်ရဖို့ အရမ်းခက်ခဲတာ ။မြန်မာနိုင်ငံကိုလာရင်း KKကိုမျက်စိကျနေလို့သာ သူတို့ဘက်ကအရင် ကမ်းလှမ်းလာခဲ့တာ။ "

ယွန်းဟေမီက သူမမောင်ကို အဆုံးစွန်ထိ နားချလေသည်။

" ရံလေး ဒါကKKအတွက် အခွင့်အလမ်းကောင်းနော် "

" ကျွန်တော်နားလည်ပြီ  moon companyကလွဲလို့ ကျန်တဲ့အချိန်ဇယားတွေ အကုန်ဖျက်လိုက် "

" ဟို‌လေ ရံလေး လက်မှတ်ထိုးပေးစရာတွေ တစ်ပုံကြီး ......."

" တီ....တီ....တီ "

" ကျန်သေးတယ် "ဆိုသောစကားက ယွန်းဟေမီလည်ချောင်းဝ၌သာ ရပ်တန့်နေခဲ့ပြီး မပြောမဆိုဖုန်းချသွားသော ပြဒါးရံကြောင့် သူမမှာတစ်ဖက်တွင် တန်းလန်းကြီးသာကျန်ခဲ့သည်။

ဖုန်းချလိုက်ပြီး ပြဒါးရံတစ်‌ယောက် တိမ်ယံဆင့်ဘေးတွင် ဝင်ထိုင်လိုက်ကာ TVကြည့်ပြီး တိတ်တဆိတ်သာ အဖော်ပြုပေးနေလိုက်သည်။ တိတ်ဆိတ်စွာဖြင့် နှစ်ယောက်သား စိတ်ဝင်တစားဖြစ်နေကြသော်လည်း ရုတ်တရက် မူမမှန်သော ဇာတ်ဝင်ခန်းကြောင့် နှစ်ဦးသား၏ မျက်နှာရဲလာကြသည်။ ဤသည်မှာ ဇာတ်လမ်းထဲရှိ ဇာတ်လိုက်နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ငုံထားမတတ်နမ်းနေကြသောကြောင့် ဖြစ်သည်။ထိခပ်ပွတ်တိုက်နေသော နှုတ်ခမ်းများကြောင့် အသံများကတရဆက် ကြားနေရပြီး TVထပိတ်ရန်လည်း နှစ်ယောက်လုံး မရွေ့လျားမိသလို အကြည့်လွှဲလိုက်လျှင်လည်း မာနထိခိုက်သွားမည်ဆိုးသည့်အတွက် နှစ်ယောက်လုံး မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိကြသည်။

ပိုပိုဆိုးလာသော အခြေအနေတွင် မင်းသမီး၏အင်္ကျီအများစုမှာ ဇာတ်လိုက်မင်းသား၏ အလျင်လိုစွာ ဆုတ်ဖြဲထားမှုကြောင့် အပေါ်ပိုင်းလုံတယ်ဆိုရုံသာ ရှိတော့သည်။ ဆင့် ထိုနေရာကထွက်သွားလိုစိတ် အလွန်ပြင်းပြနေသော်လည်း မာနကခွင့်မပြုသည့်အတွက် ကျောက်ရုပ်လိုတောင့်တင်းနေခဲ့လေသည်။ လက်နှစ်ဖက်ကဘောင်းဘီကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်အတွက် လည်ချောင်းများတောင်နီရဲလာရပြီး အားထည့်ကာဖိကိုက်ထားသော နှုတ်ခမ်းတွင်လည်း သွားရာကအထင်းသား နေရာယူလာသည်။ ပြဒါးရံသည်လည်း တိမ်ယံဆင့်နှင့် မထူးခြားသော အခြေအနေပေ။ သူကတိမ်ယံဆင့်ထက်တောင် တောင့်တင်းနေပြီး အသက်ရှုဖို့ရန်တောင် မေ့နေပုံရသည်။ မြန်မြန်ပြီးသွားရန်သာ နှစ်ယောက်သားဆုတောင်းနေကြပြီး အနီရောင်သန်းနေသော ပါးနှစ်ဖက်ကို ဥပေက္ခာပြုကာ အဆမတန်ခုန်နေသော နှလုံးသားမီးကို တိတ်တဆိတ်ငြိမ်းသက်နေကြသည်။

တစ်အိမ်လုံးက အပ်ကျသံကြားနိုင်အောင် တိတ်ဆိတ်လျက်ရှိပြီး TVမှလာသောအသံနှင့် ပုံရိပ်များသာကြီးစိုးနေသည်။ နောက်ဆုံးပြီးသွားသည့်အခါတွင် နှစ်ယောက်လုံး တစ်ပြိုင်နက် မတ်တပ်ရပ်မိသွားကြလေသည်။ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံသွားကြပြီး ချက်ခြင်းအကြည့်ချင်း ပြန်လွှဲလိုက်ကြသည်။ ရာဇဝတ်မှုလုပ်ထားသောသူတွေလို နှစ်ဦးသားဟာ မျက်နှာချင်းမဆိုင်ရဲကြပေ။ ကျောပေးထားကြလျက် ဆင့်ကအရင်စကာ စကားပြောလိုက်သည်။

" ကျွန်တော် ဇာတ်ညွှန်းလေ့ကျင့်စရာရှိတာ အဲ့တာသွားလုပ်လိုက်ဦးမယ် "

ပြဒါးရံသည်လည်း ချက်ချင်းပြန်ပြောလေသည်။

" ကိုယ်လည်း အလုပ်ကိစ္စ mailပို့စရာရှိတယ် "

" အင်း ကျွန်တော်သွားပြီ "

" ကိုယ်လည်းတူတူပဲ "

နှစ်ယောက်လုံး လှည့်မကြည့်တော့ဘဲ ခပ်သွက်သွကလျှောက်ကာ ကိုယ့်အခန်းထဲ အသီးသီးဝင်သွားကြလေသည်။ လက်မခံချင်သော်လည်း သူတို့နှစ်ယောက်ဟာ မဖွယ်မရာနမ်းနေသော ဇာတ်ဝင်ခန်းကို အတူကြည့်ခဲ့ကြသည်မှာ မပြောင်းလဲနိုင်သော အမှန်တရားပေ။ ထိုသို့တွေးလိုက်တိုင်း ပိုမိုအိန္နြေမရဖြစ်ကာ တိမ်ယံဆင့်ဆိုလျှင် အခန်းအတွင်း ခေါက်တို့ခေါက်ပြန်လျှောက်နေခဲ့ပြီး ပြဒါးရံကတော့ ‌ခေါင်းကိုငုံ့လျက် မှင်သက်စွာထိုင်နေခဲ့သည်။ ထိုနောက်  ဇာတ်တိုက်ထားသလို တစ်လေသံထဲ ဆိုးဝါးလွန်းသော ကံကြမ္မာကိုအပြစ်တင်ကြသည်။

" ရှက်ဖို့ကောင်းလိုက်တာ "

" ရှက်ဖို့ကောင်းလိုက်တာ "

________________________________

[Zawgyi]

အခ်ိန္ကထပ္မံကုန္ေနၿပီး ျပဒါးရံႏွင့္ တိမ္ယံဆင့္က ေခါင္းမာလြန္းစြာ အေမးအေျဖလုပ္ေနၾကဆဲပင္။ မေရမတြက္ႏိုင္ေအာင္ အေမးအေျဖလုပ္ထားၾကၿပီး ဝိုင္ကိုႏွစ္ေယာက္လုံး မေရမတြက္ႏိုင္ေအာင္ ေသာက္ထားၾကတဲ့အတြက္ အျမင္အာ႐ုံေတြ တျဖည္းျဖည္း၏ေဝဝါးကာ အသံမ်ားကမပီမသျဖစ္လာၾကသည္။ ျပဒါးရံက မူးေနာက္ေနသည့္ေခါင္းကို ျပင္းျပင္းထန္ထန္ ခါထုတ္လိုက္ၿပီး ခႏၶာကိုယ္အတြင္းရွိသမွ်ေသာ အားအင္တို႔ကိုစုစည္းကာ ေကာင္းမြန္စြာပင္မထိုင္ႏိုင္ေတာ့ေသာ တိမ္ယံဆင့္ကိုေမးလိုက္သည္။

" ကိုယ္ဝယ္ေပးထားတဲ့ အက်ႌကိုဘာလို႔ခုခ်ိန္ထိ သိမ္းထားတာလဲ "

တိမ္ယံဆင့္က အာေလးလွ်ာေလးျဖင့္ ျပန္ေျဖေလသည္။

" ကြၽန္ေတာ္....လႊင့္ပစ္ဖို႔ေမ့ေနလို႔ "

" လိမ္ေနတာ "

" ကြၽန္ေတာ္....တစ္ကယ္ေျပာတာ "

" ကိုယ္မယုံဘူး.....ေသခ်ာေအာင္ စစ္ေဆးၾကည့္ရမယ္ "

ျပဒါးရံက အေနာက္သို႔လန္က်လုဆဲဆဲ တိမ္ယံဆင့္ကို ႐ုတ္တရက္လွမ္းဆြဲလိုက္ကာ ခႏၶာကိုယ္အခ်င္းခ်င္း နီးကပ္သြားေစသည္။ သူတို႔ႏွစ္ဦးသားလုံး အသိစိတ္ကင္းမဲ့ေနၿပီျဖစ္ၿပီး ဝိုင္ရဲ႕အာနိသင္က အျမင္အာ႐ုံကို ေဝခြဲမရေအာင္ လႊမ္းမိုးခ်ဳပ္ကိုင္ေနသည္။ ေပ်ာ့ေျပာင္းတဲ့လက္ေခ်ာင္းမ်ားက alcoholအရွိန္ေၾကာင့္ ခရမ္းခ်ဥ္သီးလိုနီေဆြးေနေသာ တိမ္ယံဆင့္မ်က္ႏွာေပၚတြင္ ႏူးညံ့စြာထိေတြ႕ေနခဲ့သည္။ ထိုလူသားႏွစ္ေယာက္ အတိုင္းထက္အလြန္မူးေနသည္မွာ ေဘးတြင္ဖ႐ိုဖရဲျဖစ္ေနေသာ ဝိုင္ပုလင္းမ်ားက သက္ေသပင္ျဖစ္သည္။ ျပဒါးရံ၏လက္ေခ်ာင္းမ်ားက မ်က္ႏွာျပင္အႏွံ႔ထိေတြ႕ေနၿပီး ေနာက္ဆုံးႏႈတ္ခမ္းနား တစ္ဝိုက္တြင္ရပ္တန႔္သြားေလသည္။ လက္မက တိမ္ယံဆင့္၏ ႏႈတ္ခမ္းကို ပြတ္သပ္ေနခဲ့ၿပီး သူဟာအသိစိတ္ကင္းမဲ့စြာျဖင့္ မသီမသေျပာလာခဲ့သည္။

" ကိုယ္မယုံဘူး မင္းလိမ္ေနတာ "

တစ္ဆက္ထဲမွာပင္ ႏူးညံ့တဲ့အထိအေတြတစ္ခုကို တိမ္ယံဆင့္ခံစားလိုက္ရေပသည္။ ထိုခံစားခ်က္က သူ၏ႏႈတ္ခမ္းသားမ်ားမွာ အျခားတစ္ေယာက္ႏွင့္ ထပ္တူက်ေနၿပီး ပူေလာင္ေနေသာ အရက္ရွိန္ၾကားမွ ေအးစက္မႈကိုသိသိသာသာ ခံစားေနရျခင္းျဖစ္သည္။ စိတ္အာ႐ုံမ်ားက ရႈပ္ေထြးေနၿပီး သူတို႔ႏွစ္ေယာက္ ဘာလုပ္ေနလဲဆိုတာကိုပင္ တိမ္ယံဆင့္ ခြဲခြဲျခားျခား မသိႏိုင္ေတာ့ေပ။ ဝိုင္ထဲတြင္ပါဝင္ေသာ alcohol အခ်ိဳ႕က သူ႔ကိုေနရခက္ေစၿပီး  ထိုအမည္ေဖာ္မရတဲ့ အထိအေတြ႕ကိုပိုလို႔ ေတာင့္တေနေစခဲ့သည္။ မၾကာမီမွာပင္ သည္းခံႏိုင္သည့္အတိုင္းအတာကို ‌အလြန္အမင္း ေက်ာ္လြန္ေနသည့္အတြက္ ႏွစ္ဦးသားလုံးမွာ ထိုေနရာ၌ပင္အိပ္ေပ်ာ္သြားၾကသည္။ မိမိတို႔ႏွစ္ေယာက္မွာ မ်က္ႏွာခ်င္းဆိုင္ၿပီး နမ္းခဲ့ၾကသည့္အျဖစ္ကို လက္မခံခ်င္ေသာ ဦးေႏွာက္အစိတ္အပိုင္းမ်ားေၾကာင့္ မေရာရာေသာ မွတ္ဉာဏ္အပိုင္းအစေလးသည္ လြင့္ပ်ယ္ေဖ်ာက္ဖ်က္ျခင္းခံလိုက္ရသည္။

မအီမသာျဖစ္ေနေသာ ခံစားခ်က္ျဖင့္ ဆင့္တစ္ေယာက္မူးေဝေနရာမွထလာခဲ့သည္။ အျပင္းအထန္ထိုးကိုက္ေနေသာ ေခါင္းေပၚလက္တင္လိုက္ကာ ပတ္ဝန္းက်င္ကို စူးစမ္းလိုက္သည္။ေဘးတြင္အိပ္ေပ်ာ္ေနေသာ ျပဒါးရံႏွင့္ ပြစာက်ဲေနေသာ ပစၥည္းအတိုအထြာမ်ားအျပင္ ၄ လုံး ၅လုံးခန႔္ရွိမည့္ ဝိုင္ပုလင္းခြံမ်ားကိုသာ ေတြ႕လိုက္ရေလသည္။ စိတ္ပ်က္မႈက ယွဥ္တြဲလာၿပီး ေခါင္းက အဆမတန္ထိုးကိုက္လာသည့္အတြက္ မ်က္ေမွာင္ၾကဳတ္ၿပီး နာနာက်ဥ္က်ဥ္ ႀကိမ္းေမာင္းလိုက္သည္။

" အား.....ငါေနာက္ဆိုဆင္ျခင္မွရေတာ့မယ္ ေခါင္းကိုက္ေနတာေသေတာ့မလိုပဲ "

ဆင့္က နာရီကိုလွမ္းၾကည့္လိုက္သည့္အခါတြင္ ည၈နာရီထိုးရန္ အနည္းငယ္သာလိုေတာ့ေလသည္။ အခ်ိန္ကအေတာ္ပင္ ေနာက္က်သည့္အတြက္ မနက္အေစာပိုင္းထဲမွ ည၈နာရီေလာက္ထိ မရပ္မနားအိပ္ေပ်ာ္လာေသာ မိမိကိုယ္ကို သံသယဝင္မိသည္။ မ်က္လုံးမမွိတ္ခင္က လင္းထိန္သာယာေနေသာ ေကာင္းကင္မွာ ယခုအခါတြင္ေတာ့ အေမွာင္အတိဖုံးေနၿပီျဖစ္သည္။

" ငါဘယ္ခ်ိန္တုန္းက အိပ္ေပ်ာ္သြားတာလဲ။ ဘာမွလည္း စဥ္းစားလို႔မရဘူး ေခါင္းအရမ္းကိုက္ေနတာပဲသိတယ္ "

အနားတြင္လႈပ္လႈပ္႐ြ႐ြျဖစ္ေနေသာ တိမ္ယံဆင့္ေၾကာင့္ ျပဒါးရံပါႏိုးလာခဲ့သည္။ ျပဒါးရံပုံစံသည္လည္း ဆင့္နဲ႔ထူးျခားၿပီး ကြဲျပားမေနပါေခ်။ ထိုသူကထလာျခင္းမွာပင္ ျပင္းျပင္းထန္ထန္ ညည္းညဴလိုက္သည္။

" အား.....ကြၽတ္..! "

သူတို႔ႏွစ္ေယာက္လုံး အရက္ပင္လယ္ထဲ လက္ပစ္ကူးထားသလို နံေစာ္ေနၾကသည့္အျပင္ အေတာ့္ပင္ပုံဆိုးပန္းဆိုးျဖစ္‌ေနေလသည္။ အေမွာင္ဖုံးေနေသာေကာင္းကင္ကို ျမင္လိုက္ရသည့္အခါတြင္ ျပဒါးရံက ေၾကာင္အစြာနားမလည္ႏိုင္ေအာင္ ျဖစ္သြားခဲ့သည္။ ပထမဆုံးေတြးမိသည့္အရာမွာ " အခ်ိန္က ဒီေလာက္ေတာင္ ျဖစ္သြားၿပီလား " ဆိုတာပင္ျဖစ္သြားသည္။ ၾကမ္းျပင္ေပၚအိပ္ေနခဲ့ၾကသည့္အတြက္ ႏွစ္ေယာက္လုံး၏ ႏုနယ္လွေသာ ေျခဖ်ားလက္ဖ်ားေလးမ်ားက ေရခဲ႐ိုက္ထားသလို ေအးစက္ေနၾကၿပီး ျပဒါးရံသည္လည္း သူဘယ္လိုအိပ္ေပ်ာ္သြားလဲ မမွတ္မိပါေခ်။ ေနာက္ဆုံးမွတ္မိသည္က တစ္ေယာက္တစ္လွည့္ အေမးအေျဖလုပ္ေနႀကီး ဝိုင္ခြက္ကို အၿပိဳင္အဆိုင္ေသာက္ေနၾကျခင္းေပ။ က်န္သည့္မွတ္ဉာဏ္မ်ားက ျဖတ္ေတာက္ခံလိုက္ရသည့္ႏွယ္ ေျခရာေကာက္ရန္အတြက္ သဲစြန္စေတာင္ မက်န္ခဲ့ေပ။

" အရမ္းေနာက္က်ေနၿပီဆိုေတာ့ ကိုယ္ျပန္လိုက္ေတာ့မယ္ "

ညင္သာစြာေျပာလာေသာ ျပဒါးရံစကားကို ျပန္မေျဖႏိုင္သည္အထိ ေခါင္းကိုက္ေနသည့္ဒဏ္က တိမ္ယံဆင့္ကို အၿငိဳးအေတးႀကီးစြာ ႏွိပ္စက္ေနေလသည္။ မ်က္ခုံးႏွစ္ဖက္က တြန႔္ေကြးေနၿပီး အားယူလိုက္ေသာ္လည္း ဆင့္ႏႈတ္ဖ်ားထက္က ညည္းသံမွတပါး က်န္သည့္အရာတို႔ ထြက္က်မလာေပ။ ခက္ခက္ခဲခဲ႐ုန္းကန္ေနရေသာ ဆင့္ကို ျပဒါးရံၾကည့္ရင္း ထိတ္လန႔္လာသျဖင့္ မိမိ၏အမူအရာကိုေတာင္ မဆယ္ႏိုင္ေတာ့ဘဲ ထိုလူသားကို စိုးရိမ္တႀကီးေမးျမန္းမိသည္။

" ဆင့္ ဘာျဖစ္တာလဲ "

" ေခါင္း.....ေခါင္းက.....အား "

" ေခါင္းကိုက္ေနလို႔လား အရမ္းနာေနလား "

" အင္း....နာတယ္ "

" ေဆး႐ုံသြားရေအာင္ မေၾကာက္နဲ႔ ကိုယ္ရွိတယ္ "

ေဆး႐ုံသြားရန္ ခ်က္ခ်င္းျပင္ဆင္ေနေသာ ျပဒါးရံကို ဆင့္က အားကုန္သုံးၿပီး လွမ္းတားလိုက္‌ေလသည္။ ထို႐ုပ္ေခ်ာသေလာက္ ေခါင္းမာေသာေကာင္ေလး၏ဘဝတြင္ အမုန္းဆုံးအရာေတြထဲက တစ္ခုမွာေဆး႐ုံတက္ရျခင္းပင္ျဖစ္သည္။ ထို႔ျပင္ ေဆး႐ုံလိုလူမ်ားတဲ့ေနရာတစ္ခုက သူ႔ကိုအလြယ္တကူမွတ္မိသြားႏိုင္ေပသည္။ ထိုအခါမလိုအပ္ေသာ သတင္းေတြ နာမည္ႀကီးလာၿပီး KKနဲ႔ သူ႔ပုံရိပ္ ထိခိုက္သြားမွာကို အလြန္ပင္စိုးရိမ္မိသည္။

ဆင့္က တစ္ခ်က္ၿပဳံးလိုက္ၿပီး ကိုယ့္ကိုကိုယ္လည္း အံဩမိသည္။ သူဟာသာမာန္လူေတြလို သြားခ်င္တိုင္း လြတ္လြတ္လပ္လပ္သြားလို႔မရတဲ့အျပင္ သူ႔ကိုအၿမဲတေစေစာင့္ၾကည့္ေနေသာ မ်က္လုံးေပါင္းမ်ားစြာကိုလည္း သတိထားေနရသည္။ သူသာ တစ္စုံတစ္ရာအမွားလုပ္လိုက္ပါက ေနာက္တစ္ႀကိမ္ ျပန္မထႏိုင္ေအာင္ မညႇာမတာအနင္းခံရမည့္ ႏုနယ္လွသည့္ပန္းေလးတစ္ပြင့္လို႔ပင္ျဖစ္သည္။ အခ်ိန္ၾကာျမင့္လာေလ ဒီေလာကထဲမွာ အဆုံးစြန္ထိနစ္ဝင္ေနေလ သူဟာသူ႔ကိုယ္သူမပိုင္ေတာ့သလို ခံစားလာရသည္။ ထိုအရာမ်ားကို႔ ထည့္သြင္းစဥ္းစား ဆင့္ဟာျပဒါးရံ၏ ေဆး႐ုံေခၚသြားရန္အႀကံအစဥ္ကို ဖ်က္ဆီးလိုက္သည္။

" မသြားဘူး "

" ဆင့္ေဆး႐ုံသြားမွရမယ္ေလ ေခါင္းမာမေနနဲ႔ေတာ့ "

" မသြားဘူး ကြၽန္ေတာ့္အခန္းထဲမွာ ေဆးေသတၱာရွိတယ္ အဲ့ဒါပဲေသာက္မယ္ "

" ေကာင္းၿပီ ကိုယ့္ကိုခဏေစာင့္ "

ျပဒါးရံကတိမ္ယံဆင့္အခန္းထဲ ေမႊေႏွာက္ရွာေနခဲ့ၿပီး ေနာက္ဆုံးတြင္ေတာ့ ထိုအရာကိုေတြ႕သြားခဲ့ေလသည္။ အ႐ြယ္အစားအရမ္းမႀကီးေသာ boxေလးထဲတြင္ ေဆးဘက္ဆိုင္ရာ ပစၥည္အစုံေတာ့ရွိသည္။ ႐ုတ္တရက္ ဒီေကာင္ေလးက ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္တတ္ေသးသားပဲဟု ျပဒါးရံ ေတြးထင္မိေစသည္။ ျပန္သတိဝင္လာခ်ိန္တြင္ သူဟာအလ်င္အျမန္ တိမ္ယံဆင့္ဆီယူသြားလိုက္ကာ ျဖဴေဖ်ာ့ေနေသာအသြင္ျဖင့္ အျပင္းအထန္ခံစားေနရေသာ ဆင့္ကို အခ်ိန္မဆြဲဘဲ တိုက္ေကြၽးလိုက္သည္။ ထို႔ျပင္သူဟာ စိုးရိမ္တႀကီး အားေပးလိုက္ပါေသးသည္။

" ေဆးအာနိသင္ျပလာရင္ သက္သာသြားလိမ့္မယ္ ကိုယ္ဆင့္အခန္းထဲေခၚ‌သြားေပးမယ္ "

ခပ္ေအးေအးၾကမ္းျပင္ေပၚတြင္ ထိုင္ေနေသာဆင့္ကို ျပဒါးရံက ေပြ႕ခ်ီကာ အိမ္ခန္းဆီေခၚသြားရန္ျပင္လိုက္သည္။ သို႔ေသာ္ ထိုအမူအယာမွာ အိမ္ခန္းဆီေခၚေဆာင္သြားခံရသည့္ သတိုးသမီးငယ္ေလးႏွင့္တူေနသည့္အတြက္ ဆင့္ ေဝသနာကိုအန္တုရင္း ျငင္းဆန္လိုက္ေသးသည္။

" ကိုရံ ကြၽန္ေတာ့္ဘာသာေလွ်ာက္မယ္ ေအာက္ခ်ေပး "

" မလႈပ္နဲ႔ ျပဳတ္က်သြားလိမ့္မယ္ "

" ကြၽန္ေတာ္..... "

" ဘာမွမေျပာနဲ႔ေတာ့ ေက်းဇူးျပဳၿပီး ေနမေကာင္းမျဖစ္လိုက္ပါနဲ႔ "

" ကြၽန္ေတာ္ေခါင္းေလးပဲကိုက္တာပါ ခဏေနရင္ေပ်ာက္သြားမွာပါ "

ပတ္ဝန္းက်င္က အပ္က်သံၾကားရေလာက္ေအာင္ တိတ္ဆိတ္သြားၿပီး ေလထုကအနည္းငယ္ ‌ေႏြးလာသည္ဟု ဆင့္ခံစားမိေလသည္။ သို႔ေသာ္ ဤသည္မွာ ပူေႏြးလာေသာ ေလထုလား ျပဒါးရံ၏ ကိုယ္ေငြ႕ပင္လား တိမ္ယံဆင့္ကိုယ္တိုင္ပဲ သိေပလိမ့္မည္။ ညင္သာစြာ ကုတင္ေပၚခ်ေပးလာေသာ ျပဒါးရံသည္ တစ္ဆက္ထဲေစာင္ကိုပါ လႊမ္းၿခဳံေပးလာခဲ့သည္။ ပုလဲနက္ေရာင္မ်က္ဝန္းတစ္စုံတြင္ ဝမ္းနည္းမႈတို႔ခိုေအာင္းေနသည္ကို ဆင့္ျမင္လိုက္ရၿပီး ပိတ္ပင္ထားေသာ ႏႈတ္ခမ္းသားဆီ အၾကည့္ေရာက္သြားခ်ိန္တြင္ သူျမင္မက္ခဲ့ေသာ ယုတၱိမတန္သည့္အိပ္မက္ကို သတိရသြားသည္။ ထိုအိမ္မက္ထဲတြင္ သူဟာလူတစ္ေယာက္ႏွင့္ နမ္းရႈိက္ေနခဲ့ကာ ၾကည္ၾကည္ျဖဴျဖဴ ခြင့္ျပဳေပးေနခဲ့သည္။ သို႔ေသာ္ ထိုလူဟာဘယ္လိုပုံသ႑ာန္‌ေတြနဲ႔ ဖြဲ႕စည္းထားလဲေတာ့ သူမျမင္ရပါေခ်။ သူတို႔ႏွစ္ေယာက္ဟာ ႏႈတ္ခမ္းသားခ်င္း ထပ္တူက်ေနေသာ္လည္း တစ္ဖက္လူ၏ ျပင္းျပတဲ့စိတ္ခံစားမႈေတြက သူ႔အေပၚပါ သက္ေရာက္ေနခဲ့သည္။ ထိုအဓိပၸါယ္မရွိေသာ အိမ္မက္ကိုဝိုင္ထဲတြင္ပါဝင္ေနေသာ အရက္ရွိန္ေၾကာင့္ ဂေယာင္ေျခာက္ျခား ျမင္မက္ျခင္းဟုသာ ထင္ေၾကးေပးလိုက္သည္။ ထို႔ေနာက္ ျပဒါးရံကို ဆက္လက္စူးစမ္းလိုက္ၿပီး ရင္ထဲကမ‌လာေသာ စကားကိုေျပာလိုက္သည္။

" ကိုရံမျပန္ေသးဘူးလား "

" ကိုယ္မျပန္ေတာ့ဘူး ဆင့္တစ္ေယာက္ထဲ ကိုယ္စိတ္မခ်ဘူး "

" ကြၽန္ေတာ္အဆင္ေျပပါတယ္ စိတ္ပူစရာသိပ္မရွိဘူး ကိုရံျပန္လို႔ရပါတယ္ "

" စကားေတြအမ်ားႀကီမေျပာနဲ႔ နားလိုက္ဦး။ ကိုယ္ဒီညဒီမွာေနဖို႔ ဆုံးျဖတ္ၿပီးသြားၿပီ။ "

" အဲ့တာဆိုလည္း ကြၽန္ေတာ့္ေဘးခန္းမွာ အခန္းလြတ္ရွိတယ္။ ရွင္းကလည္း မၾကာခဏညအိပ္တတ္ေတာ့ အဲ့ထဲမွာ လိုအပ္တာအကုန္ရွိတယ္ "

" အင္း ဆင့္လိုခ်င္တာရွိရင္ ကိုယ့္ကိုလွမ္းေခၚလိုက္ "

ျပဒါးရံ ကုတင္ေပၚရွိလူသားကို စိတ္မခ်ႏိုင္ေသးသည္မွန္ေသာ္လည္း သူ႔ခႏၶာကိုယ္က ဝိုင္အိုးထဲက်ထားသလို နံေစာ္ေနသည့္အတြက္ သူဟာတြန္႔ဆုတ္မေနဘဲ ေရသြားခ်ိဳးရန္သာအလိုရွိေနခဲ့သည္။ တိမ္ယံဆင့္ကို ေနာက္မွာခ်န္ထားခဲ့ၿပီး ျပဒါးရံက တစ္ဖက္ခန္းထဲတြင္ ခႏၶာကိုယ္ရွိအဝတ္အားလုံးကို ဖယ္ခြာလ်က္ ေရခ်ိဳးေနခဲ့သည္။ တိုက္ခန္းတြင္းမို႔ ေအးစက္ေနသည့္ေလထုကို အန္တုလ်က္ ေရေအးတို႔ျဖင့္သာ ခႏၶာကိုယ္တစ္ေလွ်ာက္စီးဆင္းေစသည္။ ေရဗန္းမွၾကာလာေသာေရတို႔သည္ ေတာင္ေပၚမွ အရွိန္အဟုန္ျပင္းစြာ စီးဆင္းလာေသာ ေရမ်ားႏွယ္ ျပဒါးရံ၏ ေခါင္းေပၚမွ ဦးစြာသက္ဆင္းလာကာ မ်က္ႏွာျပင္ေပၚျဖတ္ေျပးၿပီး ေက်ာ့ရွင္းသည့္လည္တိုင္တစ္ေလွ်ာက္ အရွိန္မွန္စြာ သက္ဆင္းေနသည္။ သို႔ေသာ္၎တို႔က ထိုမွ်၌မရပ္တန႔္သြားေသးပါေခ်။ သန္မာတဲ့ရင္အုပ္ကေန က်စ္လစ္ေသာ ဝမ္းဗိုက္တစ္ေလွ်ာက္ ခရီးႏွင္‌ေနခဲ့ၿပီး အခ်ိဳးက်ရွည္သြယ္ေျခေထာက္၌ အဆုံးသတ္သြားသည္။ ႂကြက္သားအျပည့္ျဖင့္ က်စ္လစ္ေသာဝမ္းဗိုက္သားသည္ ေရအကူအညီျဖင့္ ပိုမိုၾကည့္ရေကာင္းေနခဲ့သည္။ ကုန္ကုန္ေျပာရပါလွ်င္ ဤသည္မွာ sexy ဆန္ေသာျမင္ကြင္းျဖစ္ၿပီး ျမင္ရသူကို အၾကည့္မလႊဲႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္သည့္အျပင္ က်ိန္စာမိထားသလို တမ္းတမ္းစြဲျဖစ္သြားႏိုင္ေပသည္။ ‌

ၾကမ္းျပင္ကို ထိေတြ႕ေနသည့္ ေရသံမ်ားေၾကာင့္ ျပဒါးရံက တိမ္ယံဆင့္၏ အခန္းအျပင္ဘက္မွ ေအာ္ေခၚသံကို လုံးဝမၾကားႏိုင္ခဲ့ေပ။ ဆင့္ကအခ်ိန္အေတာ္ၾကာ ေခၚေနခဲ့ၿပီး ျပန္လည္အေျဖေပးျခင္းမရွိဘဲ တိတ္ဆိတ္ေနသည့္အခန္းေၾကာင့္ တံခါးကိုဖြင့္ကာ အခန္းအတြင္းဝင္လိုက္သည္။ ပထမဆုံးျမင္လိုက္ရသည့္ ဗလာက်င္းေနသည့္အခန္းေၾကာင့္ ဆင့္ကအနည္းငယ္ ဇေဝဇဝါျဖစ္သြားေသာ္လည္း ေနရာအနည္းငယ္ေလွ်ာက္ပတ္သြားကာ ျပဒါးရံကိုရွာေနခဲ့သည္။

" အခန္းထဲမွာမရွိဘူးတယ္ ဘယ္မ်ားသြားေနတာလဲ "

ဆင့္တစ္ေယာက္ထဲ ကိုယ့္ဘာသာေရ႐ြတ္ေနလိုက္ၿပီး ျပန္ထြက္သြားရန္ျပင္ေနခ်ိန္မွာပင္ ႐ုတ္တရက္ေရခ်ိဳးခန္းထဲမွ ထြက္လာေသာလူတစ္ေယာက္ေၾကာင့္ ေျခေထာက္မ်ားက ေတာင့္တင္းသြားခဲ့ၿပီး မ်က္လုံးမ်ားက ျပဳစားခံလိုက္ရသည့္ႏွယ္ ထိုသူ႔ခႏၶာကိုယ္ေပၚ၌သာ ၿမဲၿမဲၿမံၿမံ ေနရာယူေနသည္။ ထိုသူမွာ အေပၚပိုင္းဗလာျဖင့္ ပုဝါတစ္ထည္သာပတ္ထားသည့္ ျပဒါးရံသာျဖစ္ေပသည္။ တိမ္ယံဆင့္သိလိုက္သည္မွာ သူ႔ခႏၶာကိုယ္ကို သူမထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး ဆိုတာပင္ျဖစ္သည္။ ႏႈတ္ခမ္းသားမ်ားက ခမ္းေျခာက္လာသည့္ ေရဓာတ္ေၾကာင့္ ေျခာက္ေသြ႕လာခဲ့ၿပီး မ်က္လုံးမ်ားက ျပဒါးရံ၏ ညႇပ္႐ိုးေပၚကေရစက္ဆီသာ ေရာက္ေနေလသည္။ ထိုေရစက္ကညႇပ္႐ိုးေပၚတင္က်န္ေနရာမွ ေ႐ြ႕လ်ားလိုက္ေသာ ျပဒါးရံေၾကာင့္ ေအာက္သို႔ေလ်ာဆင္းသြားၿပီး သန္မာသည့္ ရင္အုပ္ထံမွ ႂကြက္သားအျပည့္ျဖင့္ တင္းမားေနသည့္ ဝမ္းဗိုက္သားဆီေရာက္သြားသည္။ ကံဆိုးစြာပင္ဆင့္က ထိုေရစက္ကို မ်က္ေတာင္မခတ္ဘဲ စိုက္ၾကည့္ေနခဲ့သည့္အျပင္ ေရစက္သြားရာလမ္းေၾကာင္းတစ္ေလွ်ာက္ကိုလည္း ခံစားခ်က္မ်ိဳးစုံျဖင့္ ၾကည့္ေနခဲ့သည္။

ပူထူလာေသာေသာ အခိုးေငြ႕မ်ားေၾကာင့္ ဆင့္ သတိျပန္ဝင္လာခဲ့သည္။ သူ႔ခႏၶာကိုယ္က အေငြ႕ျပန္လုမတတ္ပူထူေနခဲ့ၿပီး မ်က္ႏွာကအလြန္နီရဲေနခဲ့သည္။ စာစီထားျခင္းမရွိေသာ စကားမ်ားသည္ ေျဖာင့္ျဖဴးျခင္းမရွိဘဲ ထြက္က်လာကာ ျပဒါးရံဆီဦးတည္သြားသည္။

" ကြၽန္ ကြၽန္ေတာ္ ကိုရံကိုေခၚေသးတယ္ ျပန္မထူးလို႔ဝင္လာတာ "

" ကိုယ္ေရခ်ိဳးေနလို႔ မၾကားလိုက္တာထင္တယ္.... ဆင့္ဘာလိုခ်င္လို႔လဲ "

"'ဟို....ဗီ႐ိုထဲမွာ ရွင္းရဲ႕အဝတ္အစားအသစ္ေတြရွိတယ္။ ကိုရံယူဝတ္လို႔ရတယ္လို႔ လာေျပာတာ ကြၽန္ေတာ္သြားၿပီ "

" ခဏေလး အေနာက္မွာတံခါး '

" ဒုန္း......အား "

ျပဒါးရံကိုတစ္ခ်က္မွပင္မၾကည့္ဘဲ ဆင့္ခ်က္ခ်င္းလွည့္ေျပးသြားေလသည္။ သို႔ေသာ္ကံၾကမၼာကမ်က္ႏွာမေပးေသာေၾကာင့္ ပိတ္ထားေသာ တံခါးကိုဝင္တိုက္မိကာ ႏွဖူးတစ္ခုလုံးကြဲသြားၿပီဟု ထင္ရေသာေဝသနာကိုသာ ခံစားလိုက္ရသည္။ နာက်င္ေနေသာ ႏွဖူးကိုလက္နဲ႔အုပ္ၿပီး မ်က္ရည္ထြက္က်မလာေအာင္ ဟန္မပ်က္ ေအာင့္အီးသည္းခံထားရသည္မွာ အေတာ္ဆိုးေသာဝဋ္ေႂကြးျဖစ္သည္။ ဝင္တိုက္ခ်ိန္က ထြက္ေပၚလာေသာအသံသည္ အလြန္‌က်ယ္ေလာင္သည့္အတြက္ ျပဒါးရံက ခ်က္ခ်င္းလက္ျငင္းပင္ သူ႔အနားေရာက္လာသည္။

" ထပ္ၿပီးကိုယ့္ကိုကိုယ္ ဂ႐ုမစိုက္ျပန္ဘူး။ အရမ္းနာေနလား ကိုယ္ခဏေနရင္လာခဲ့မယ္ ဆင့္အခန္းကို အရင္ျပန္ႏွင့္လိုက္ေနာ္ "

ထပ္မံအရွက္မကြဲခ်င္တဲ့အတြက္ ျပဒါးရံစကားကို နားေထာင္ကာ အသာတၾကည္ ကိုယ့္အခန္းကိုယ္ ျပန္သြားလိုက္ေလသည္။ ဆင့္ကုတင္ေပၚတြင္ အသာတၾကည္ထိုင္ေနခဲ့ၿပီး ေခါင္းထဲကမထြက္ေသာ ျပဒါးရံ၏ခႏၶာကိုယ္ကို ေမ့ျပစ္ႏိုင္ရန္ႀကိဳးစားေန‌ခဲ့သည္။ သို႔ေသာ္ သူ႔အခန္းတံခါးက ပြင့္လာၿပီး ထိုခႏၶာကိုယ္ပိုင္ရွင္က စီးနင္းဝင္ေရာက္လာခဲ့သည္။ ျပဒါးရံမွာ တံခါးပင္မေခါက္ေတာ့ပဲ စိတ္တိုင္းက်ဆင့္အခန္းထဲ ဝင္ထြက္ခြင့္လက္မွတ္ရသြားတဲ့ လူတစ္ေယာက္လို အမူအယာကေတာ့ လုံးဝအားနာျခင္းမရွိေပ။ ရွင္းႏွင့္ ခႏၶာကိုယ္သိပ္မကြာေသာထိုသူသည္ ျမင္ေနက်အနက္ေရာင္ေစတန္ထက္ ပိုမိုဆန္းသစ္ေနကာ ယခုတြင္ေတာ့အျဖဴေရာင္တို႔ျဖင့္ တန္ဆာဆင္ထားေလေတာ့သည္။ ျပဒါးရံမွာ မေျပာင္းလဲေသာ အမူအယာျဖင့္ ဆင့္ကုတင္ေဘးတြင္ဝင္ထိုင္လိုက္ၿပီး လက္ထဲတြင္ပါလာေသာ အဝတ္တစ္ခုကို တံခါးတိုက္မိစဥ္က အဖုထြက္ခဲ့ေသာေနရာေပၚ ခပ္ဖြဖြတင္ေပးလာခဲ့သည္။

ခပ္ေႏြးေႏြးခံစားခ်က္က ဆင့္ကိုအိပ္ခ်င္လာေဆာင္ဆြဲေဆာင္လ်က္ရွိၿပီး ထိုပူေႏြးေသာအရာသည္ လစ္လပ္ေနေသာႏွလုံးသားကို ျဖည့္တင္းေပးလ်က္ ေႏြးေထြးမႈကို အစြမ္းကုန္ေပးစြမ္းလ်က္ရွိသည္။ ဆင့္ထင္တာမမွားဘူးဆိုလွ်င္ ဤအရာက ေရေႏြးအိတ္ပင္ျဖစ္ရမည္။ ထို႔ျပင္ပိုလို႔ေသခ်ာသည္က သူ႔အိမ္တြင္ေရေႏြးအိတ္မရွိေပ။ ျပဒါးရံလာတုန္းကလည္း ေရေႏြးအိတ္ပါမလာခဲ့။ ထိုသို႔ဆိုလွ်င္ သူဘယ္ကရလာတာလဲ။ သြားဝယ္လိုက္တာမ်ားလား။ အေတြးလြန္ေနေသာ တိမ္ယံဆင့္ထံ စိုးရိမ္ပူပန္ေနေသာ အသံကနားထဲတိုးဝင္လာေလသည္။

" သက္သာရဲ႕လား "

ေမွးဆင္းလာေသာ မ်က္လုံးမ်ားေၾကာင့္ ဆင့္ကအလြန္အိပ္ခ်င္ေနသည့္အတြက္ ေခါင္းသာျပန္ၿငိမ့္ျပလိုက္သည္။ သို႔ေသာ္ခံစားမိေနေသာ အထိအေတြ႕အရ ထိုေရေႏြးအိတ္ေလးႏွင့္ အမည္ေဖာ္မရေသာ လက္တစ္ဖက္သည္ သူ႔ကိုယ္ေပၚက လုံးဝဖယ္က်ဥ္သြားျခင္းမရွိေပ။

အလင္းေရာင္မွိန္ပ်ပ်မွာ လိုက္ကာကိုျဖတ္သန္းၿပီး ဆင့္ထံ ထိေတြ႕ကလူေနသည့္အခါတြင္ မထခ်င္ထခ်င္ႏွင့္ ႏိုးထလာရေလသည္။ ထိုျပင္ပုံမွန္နဲ႔မတူေသာ အနံ႔တစ္မ်ိဳးကလည္း တိမ္ယံဆင့္ကို အလြန္အမင္းဆြဲေဆာင္ေနေလသည္။ ဆင့္အိပ္ယာကေန ကမန္းကတန္းထကာ ထို ေမႊးပ်ံ႕ေနေသာအနံ႔‌တို႔ ျမစ္ဖ်ားခံရာ မီးဖိုေခ်ာင္ဆီဦးတည္သြားလိုက္သည္။ ျမင္လိုက္ရသည့္အရာမွာ မိမိကေတာင္ အိမ္မက္မက္ေနသည္လားဟု ျပန္ေတြးရသည္အထိ ျပဒါးရံမီးဖိုေခ်ာင္ထဲတြင္ တစ္စုံတစ္ရာကို ခ်က္ျပဳတ္ေနသည္။ ဆင့္ကပါးစပ္အေဟာင္းျဖင့္ ရပ္ၾကည့္ေနခဲ့ၿပီး မီးဖိုေခ်ာင္ထဲတြင္ေတာင္ မိမိုက္ေနေသာ ထိုသူ႔ထံ၌နစ္ေမ်ာေနသည္။

" ဆင့္ႏိုးၿပီလား "

ျပဒါးရံေခၚသံေၾကာင့္ ဆင့္အေတြးကမာၻထဲမွ ျပန္လည္လြတ္ေျမာက္လာခဲ့သည္။

" ကိုရံ ဘာလုပ္ေနတာလဲ "

" မ်က္ႏွာသစ္ၿပီးရင္ လာခဲ့ေတာ့ မနက္စာအဆင္သင့္ျဖစ္ေနၿပီ "

အလြန္တရာေမႊးေနသည့္အနံ႔ေၾကာင့္ ဆင့္က ခ်က္ခ်င္းပင္ မ်က္ႏွာေျပးသစ္လိုက္ကာ စားပြဲတြင္ဝင္ထိုင္လိုက္သည္။

" ဒါက ေခါက္ဆြဲျပဳတ္လား "

" ဘာျဖစ္လို႔လဲ ကိုယ္လုပ္ထားတာ ဆင့္မႀကိဳက္ဘူးလား .....ကိုယ္ျပန္ျပင္ေပးမယ္ေလ "

ပန္းကန္ကိုျပန္ဆြဲယူေနေသာ ျပဒါးရံကိုလွမ္းတားလိုက္ကာ တိမ္ယံဆင့္ ျပန္ေျပာလိုက္သည္။

" ကြၽန္ေတာ္ေျပာတာ အဲ့လိုေဘာမ်ိဳးမဟုတ္ဘူး။ ကြၽန္ေတာ္ေခါက္ဆြဲကို ျပဳတ္စားတာရွားတယ္။ အၿမဲတမ္းေရမ်ားသြားတာနဲ႔ အရမ္းနည္းေနတာနဲ႔  ၿပီးေတာ့ ေရအခမ္းလြန္ၿပီး တူးသြားတာေတာင္ျဖစ္ဖူးတယ္။ အဲ့ကစၿပီး ေခါက္ဆြဲေျခာက္ကို မျပဳတ္ေတာ့ဘဲ ဒီတိုင္းထိုင္စားလိုက္ေတာ့တာပဲ။ "

" ဒါေပမယ့္ ကိုရံလုပ္ေပးတာက်ေတာ့ ကြၽန္ေတာ္လုပ္တာနဲ႔အရမ္းကြာတယ္ ။ အက္မႈိရယ္ ၊ၾကက္ဥရယ္ ၊ကန္စြန္း႐ြက္ရယ္ ၊အမဲသားရယ္ ထည့္ထားတာ အနံ႔လည္းအရမ္းေမႊးၿပီး ကြၽန္ေတာ္ႀကိဳက္တယ္ ဟီးဟီး "

" ဒါဆို ဆင့္စားခ်င္ရင္ ကိုယ္အၿမဲလုပ္ေကြၽးမယ္ေလ "

" ကိုရံတစ္ကယ္ေျပာတာေနာ္ လိမ္ရင္ KKမွာ ကိုရံပိုင္တဲ့ရွယ္ယာေတြထဲက တစ္ဝက္ေပးရမယ္ "

" ကိုယ္ဆင့္ကို ဘယ္ေတာ့မွလိမ္မွာ မဟုတ္ဘူး။ ကိုယ္လုပ္သမွ်အားလုံးက စိတ္ရင္းမွန္‌ေတြပဲ။ "

ထို႔ေနာက္ ျပဒါးရံမ်က္လုံးတို႔က တိမ္ယံဆင့္ႏွဖူးဆီအၾကည့္ေရာက္သြားၿပီး ဒဏ္ရာကိုသတိရသြားသည္။ ျပဒါးရံကေရွ႕သို႔ကိုင္းကာ ဆင့္ႏွဖူးေပၚကပ္ေနေသာ ဆံပင္တို႔ကို ႏူးႏူးညံ့ညံ့ဖယ္ရွားေပးလာၿပီး ဒဏ္ရာကိုခပ္ဖြဖြထိေတြ႕လာသည္။

" အေယာင္က်သြားၿပီပဲ ဒဏ္ရာကနာေနေသးလား "

ထိုေမးခြန္းကို တိမ္ယံဆင့္ျပန္မေျဖႏိုင္ေပ။ ေရွ႕သို႔ကိုင္းထားေသာေၾကာင့္ အျဖဴေရာင္အက်ႌက အလြန္အမင္းဟေနခဲ့ကာ ျပဒါးရံ၏ရင္အုပ္တို႔ကို ဆင့္ အတိုင္းသားျမင္ေနရသည္။ ထို႔ျပင္မေန႔ညကေတြ႕ခဲ့ေသာ ၿပီးျပည့္စုံသည့္ ခႏၶာကိုယ္အခ်ိဳးအစားေၾကာင့္ ဆင့္က ပါးစပ္ထဲအျပည့္ျဖစ္ေနေသာ ေခါက္ဆြဲတို႔ကိုေတာင္ မၿမိဳခ်ရဲေတာ့ေပ။ ထို႔ေၾကာင့္၎တို႔က ပါးစပ္အျပည့္ေနရာယူေနၿပီး တိမ္ယံဆင့္၏ပါးမ်ားကို ေလအျပည့္ျဖည့္ထားေသာ ပူေပါင္းေလးႏွယ္ လုံးဝန္းေနေစခဲ့သည္။

" ဆင့္.....ဆင့္.... "

" အမ္ ......အမ္ "

" ကိုေျပာတာၾကားရဲ႕လား "

" ကိုရံဘာေျပာလိုက္တာလဲ "

" ဒဏ္ရာက နာေနေသးလား "

" မနာေတာ့ဘူး အားလုံးေကာင္းေနၿပီ မယုံရင္ဒီမွာၾကည့္ "

သတိလက္လြတ္ျဖစ္‌ေနခဲ့သည့္အတြက္ မရပ္မနားျပန္ေျဖကာ ျပဒါးရံကို မနာေတာ့ေၾကာင္းျပခ်င္သည့္အတြက္ နဖူးကိုလက္ႏွင့္ ႐ိုက္ျပလိုက္ေလသည္။ သို႔ေသာ္....

" အား....နာတယ္ "

" ဖြီး...ဟား ဟား "

ျပဒါးရံက ေအာင့္အီးထားပါေသာ္လည္း တိမ္ယံဆင့္အမူအယာေၾကာင့္ ရယ္မိသြားေလသည္။ ဤလူသားသည္ အမ်ားသူငွာေရွ႕တြင္ သန္မာခ်င္ေယာင္ေဆာင္ေနခဲ့တာ က်င့္သားရေနခဲ့သျဖင့္ မိမိကလူစြမ္းေကာင္း ဟုတ္မေနတာကိုပင္ ေမ့ေလ်ာ့သြားပုံရသည္။ ထိုေနာက္ တိမ္ယံဆင့္၏ ရွက္ရမ္းရမ္းကာ ရန္ေတြ႕သံက ျပဒါးရံဆီ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာေလသည္။

" ရယ္ရလို႔လား "

" ဆင့္ကေလ ကေလးေလးလိုပဲ "

" ကြၽန္ေတာ္ဘယ္မွာ ကေလးနဲ႔တူလို႔လဲ။ ကိုရံက ကြၽန္ေတာ့္ကို မရင့္က်က္ေသးဘူးလို႔ ေျပာခ်င္တာမလား။ ကြၽန္ေတာ့္အသက္ႏွစ္ဆယ္ ရွိေနၿပီ ။ကြၽန္ေတာ္ကိုယ့္ကိုကိုယ္ ထိန္းေက်ာင္းႏိုင္တယ္။ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္လည္း ခ်တတ္တယ္။ ဘယ္နားက ကေလးနဲ႔တူလို႔လဲ "

" ကိုယ္က ကေလးတစ္ေယာက္လို ျဖဴစင္တယ္လို႔ေျပာခ်င္တာ "

ျပဒါးရံက ေခါင္းငုံ႔သြားေသာ တိမ္ယံဆင့္ကိုၾကည့္လ်က္ ထပ္စလိုက္သည္။

" ဆင့္ကအမ်ားႀကီးေတြးလိုက္တာပဲ "

ပိုဆိုးမလာခင္ တိမ္ယံဆင့္က အစီအေငၚမတည့္ေသာ စကားတို႔ျဖင့္ လွမ္းေၾကာင္းလႊဲလိုက္သည္။

" ေခါက္ .....ေခါက္ဆြဲေတြေအးကုန္ေတာ့မယ္ ျမန္ျမန္စားေတာ့ "

စားေသာက္ၿပီးသြားသည့္အခါတြင္ ပန္းကန္အထပ္လိုက္ႀကီးကိုလည္း KKရဲ႕ CEOက တာဝန္ယူေဆးေပးေနရေသးသည္။ဆင့္တစ္‌ေယာက္ကေတာ့ ဆိုဖာေပၚထိုင္ေနလ်က္ TVလိုင္းကိုဟိုလွည့္ဒီလွည့္ျဖင့္ အခ်ိန္ကုန္ေနခဲ့သည္။ ပန္းကန္ေဆးျခင္းအလုပ္ ၿပီးသြားသည့္အခါတြင္ အိမ္ပိုင္ရွင္ ကိုလူေခ်ာေလးအား ျပဒါးရံစကားစျမည္ေျပာလိုက္သည္။

" အားလုံးလုပ္ၿပီးသြားၿပီ ကိုယ္ျပန္ေတာ့မယ္ "

" ျပန္ေတာ့မို႔လား အေရးႀကီးကိစၥရွိလို႔လား "

" အဲ့လိုမ်ိဳးေတာ့မရွိပါဘူး "

" ဒါဆိုကြၽန္ေတာ္နဲ႔ အခ်ိန္ထပ္ျဖဳန္းေပးဦးေလ။ ကိုရံျပန္သြားရင္ ကြၽန္ေတာ္တစ္ေယာက္ထဲ က်န္ခဲ့မွာ အဲ့တာကဘယ္ေလာက္ အထီးက်န္ဖို႔ ေကာင္းလဲသိရဲ႕လား "

" ကိုယ့္ကိုမျပန္ေစခ်င္ဘူးလား "

ျပဒါးရံ တဖန္ျပန္ေမးလာေသာစကားေၾကာင့္ တိမ္ယံဆင့္ သူေျပာလိုက္သည္မွာ အရမ္းေလာသြားၿပီး အေဖာ္မရွိသည့္ သနားစရာအသြင္ကို ေဖာ္ထုတ္ျပလိုက္မိေၾကာင္း သတိထားမိသြားသျဖင့္ ကိုယ့္ကိုကိုယ္ ျပန္ထိန္းလိုက္သည္။

" အဲ့လိုလည္း မဟုတ္ဘူး ျပန္ခ်င္ျပန္ေတာ့ေလ "

" ဆင့္ ကိုယ့္ကို ျပန္ေစခ်င္တာလား မျပန္ေစခ်င္တာလား "

" အဲ့တာ ကိုရံ႕ရဲ႕ဆုံးျဖတ္ပိုင္ခြင့္ေလ ဘာလို႔ကြၽန္ေတာ္လာေမးေနတာလဲ "

" ဆင့္ မင္းကိုယ့္ကို ကစားေနတာလားကြာ "

"မဟုတ္ဘူး ကြၽန္ေတာ္ ကိုရံ႕ကိုစေနတာ  "

ဆင့္ျပန္ေျပာလာေသာ ထိုစကားကိုၾကားၿပီး ျပဒါးရံအေျခအေနတစ္ခုကို ျပန္ျမင္ေယာင္လာခဲ့သည္။ ႏွစ္ခုလုံးမွာ ထပ္တူညီလုနီးပါးရွိေနၿပီး လူေတြမွာလည္း သူတို႔ႏွစ္ေယာက္ထဲပင္။သို႔ေသာ္ ထိုသို႔ေျပာလာေသာသူမွာ တိမ္ယံဆင့္မဟုတ္ဘဲ ျပဒါးရံကိုယ္တိုင္ပင္ျဖစ္သည္။ ထိုပုံရိပ္ကို ျပန္ျမင္ေနရသလို ျပဒါးရံေတာင့္တင္းေနခဲ့သည္။ ထိုထဲက တိမ္ယံဆင့္သည္ စနပ္တံျဖဳတ္ထားသည့္ ဗုံးတစ္လုံးလို အႏၲရာယ္မ်ားလြန္းလွကာ ျပဒါးရံကိုၾကည့္ေနေသာ အၾကည့္တို႔မွာလည္း ေလာက္ၿမိဳက္ဖ်က္ဆီးပစ္လိုျခင္းတို႔ အတိၿပီးေနခဲ့သည္။ တိမ္ယံဆင့္က ေဒါသသံစြက္လ်က္ မာမာထန္ထန္ေမးလိုက္သည္။

" ကြၽန္ေတာ့္ကို ကစားရတာ ေပ်ာ္ဖို႔ေကာင္းေနလား "

ထိုအခ်ိန္က သူျပန္ေျဖလိုက္သည့္အေျဖမွာ ယခုတိမ္ယံဆင့္ ေျပာလိုက္ေသာစကားႏွင့္ တစ္ထပ္တည္းတူေနခဲ့ေသာ္လည္း ၎တို႔ကမတူညီေသာ လူႏွစ္ေယာက္ထံမွ ထြက္လာေသာစကားမ်ား ျဖစ္သည္။

" မဟုတ္ဘူး ကိုယ့္ဝါသနာက ဆင့္ကိုစရတာ "

ထိုစကားက တိမ္ယံဆင့္ႏႈတ္ခမ္းသားမွ တစ္ပုံစံထဲျပန္ထြက္က်လာေလသည္။ ဆင့္က တမင္ရည္႐ြယ္ေျပာသလား မသိေသာ္လည္း ျပဒါးရံက ယြန္းေဟမီကို ဖုန္းေခၚကာ အမိန႔္ေပးလိုက္သည္။

" ကြၽန္ေတာ္ဒီေန႔အလုပ္မလာေတာ့ဘူး အခ်ိန္ဇယားေတြ ဖ်က္လိုက္ေတာ့ "

" အဲ့လိုလုပ္လို႔မရဘူး ရံေလး။ ဒီေန႔ moon companyက အေရးႀကီးပုဂၢိဳလ္ေတြနဲ႔ ေတြ႕ဖို႔ရွိတယ္။ "

" ဖ်က္လိုက္ "

" သူတို႔နဲ႔ေတြ႕ခြင့္ရဖို႔ အရမ္းခက္ခဲတာ ။ျမန္မာႏိုင္ငံကိုလာရင္း KKကိုမ်က္စိက်ေနလို႔သာ သူတို႔ဘက္ကအရင္ ကမ္းလွမ္းလာခဲ့တာ။ "

ယြန္းေဟမီက သူမေမာင္ကို အဆုံးစြန္ထိ နားခ်ေလသည္။

" ရံေလး ဒါကKKအတြက္ အခြင့္အလမ္းေကာင္းေနာ္ "

" ကြၽန္ေတာ္နားလည္ၿပီ  moon companyကလြဲလို႔ က်န္တဲ့အခ်ိန္ဇယားေတြ အကုန္ဖ်က္လိုက္ "

" ဟို‌ေလ ရံေလး လက္မွတ္ထိုးေပးစရာေတြ တစ္ပုံႀကီး ......."

" တီ....တီ....တီ "

" က်န္ေသးတယ္ "ဆိုေသာစကားက ယြန္းေဟမီလည္ေခ်ာင္းဝ၌သာ ရပ္တန႔္ေနခဲ့ၿပီး မေျပာမဆိုဖုန္းခ်သြားေသာ ျပဒါးရံေၾကာင့္ သူမမွာတစ္ဖက္တြင္ တန္းလန္းႀကီးသာက်န္ခဲ့သည္။

ဖုန္းခ်လိုက္ၿပီး ျပဒါးရံတစ္‌ေယာက္ တိမ္ယံဆင့္ေဘးတြင္ ဝင္ထိုင္လိုက္ကာ TVၾကည့္ၿပီး တိတ္တဆိတ္သာ အေဖာ္ျပဳေပးေနလိုက္သည္။ တိတ္ဆိတ္စြာျဖင့္ ႏွစ္ေယာက္သား စိတ္ဝင္တစားျဖစ္ေနၾကေသာ္လည္း ႐ုတ္တရက္ မူမမွန္ေသာ ဇာတ္ဝင္ခန္းေၾကာင့္ ႏွစ္ဦးသား၏ မ်က္ႏွာရဲလာၾကသည္။ ဤသည္မွာ ဇာတ္လမ္းထဲရွိ ဇာတ္လိုက္ႏွစ္ေယာက္မွာ တစ္ေယာက္ႏွင့္တစ္ေယာက္ ငုံထားမတတ္နမ္းေနၾကေသာေၾကာင့္ ျဖစ္သည္။ထိခပ္ပြတ္တိုက္ေနေသာ ႏႈတ္ခမ္းမ်ားေၾကာင့္ အသံမ်ားကတရဆက္ ၾကားေနရၿပီး TVထပိတ္ရန္လည္း ႏွစ္ေယာက္လုံး မေ႐ြ႕လ်ားမိသလို အၾကည့္လႊဲလိုက္လွ်င္လည္း မာနထိခိုက္သြားမည္ဆိုးသည့္အတြက္ ႏွစ္ေယာက္လုံး မ်က္ေတာင္မခတ္ဘဲ စိုက္ၾကည့္ေနမိၾကသည္။

ပိုပိုဆိုးလာေသာ အေျခအေနတြင္ မင္းသမီး၏အက်ႌအမ်ားစုမွာ ဇာတ္လိုက္မင္းသား၏ အလ်င္လိုစြာ ဆုတ္ၿဖဲထားမႈေၾကာင့္ အေပၚပိုင္းလုံတယ္ဆို႐ုံသာ ရွိေတာ့သည္။ ဆင့္ ထိုေနရာကထြက္သြားလိုစိတ္ အလြန္ျပင္းျပေနေသာ္လည္း မာနကခြင့္မျပဳသည့္အတြက္ ေက်ာက္႐ုပ္လိုေတာင့္တင္းေနခဲ့ေလသည္။ လက္ႏွစ္ဖက္ကေဘာင္းဘီကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားသည့္အတြက္ လည္ေခ်ာင္းမ်ားေတာင္နီရဲလာရၿပီး အားထည့္ကာဖိကိုက္ထားေသာ ႏႈတ္ခမ္းတြင္လည္း သြားရာကအထင္းသား ေနရာယူလာသည္။ ျပဒါးရံသည္လည္း တိမ္ယံဆင့္ႏွင့္ မထူးျခားေသာ အေျခအေနေပ။ သူကတိမ္ယံဆင့္ထက္ေတာင္ ေတာင့္တင္းေနၿပီး အသက္ရႈဖို႔ရန္ေတာင္ ေမ့ေနပုံရသည္။ ျမန္ျမန္ၿပီးသြားရန္သာ ႏွစ္ေယာက္သားဆုေတာင္းေနၾကၿပီး အနီေရာင္သန္းေနေသာ ပါးႏွစ္ဖက္ကို ဥေပကၡာျပဳကာ အဆမတန္ခုန္ေနေသာ ႏွလုံးသားမီးကို တိတ္တဆိတ္ၿငိမ္းသက္ေနၾကသည္။

တစ္အိမ္လုံးက အပ္က်သံၾကားႏိုင္ေအာင္ တိတ္ဆိတ္လ်က္ရွိၿပီး TVမွလာေသာအသံႏွင့္ ပုံရိပ္မ်ားသာႀကီးစိုးေနသည္။ ေနာက္ဆုံးၿပီးသြားသည့္အခါတြင္ ႏွစ္ေယာက္လုံး တစ္ၿပိဳင္နက္ မတ္တပ္ရပ္မိသြားၾကေလသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကည့္ခ်င္းဆုံသြားၾကၿပီး ခ်က္ျခင္းအၾကည့္ခ်င္း ျပန္လႊဲလိုက္ၾကသည္။ ရာဇဝတ္မႈလုပ္ထားေသာသူေတြလို ႏွစ္ဦးသားဟာ မ်က္ႏွာခ်င္းမဆိုင္ရဲၾကေပ။ ေက်ာေပးထားၾကလ်က္ ဆင့္ကအရင္စကာ စကားေျပာလိုက္သည္။

" ကြၽန္ေတာ္ ဇာတ္ၫႊန္းေလ့က်င့္စရာရွိတာ အဲ့တာသြားလုပ္လိုက္ဦးမယ္ "

ျပဒါးရံသည္လည္း ခ်က္ခ်င္းျပန္ေျပာေလသည္။

" ကိုယ္လည္း အလုပ္ကိစၥ mailပို႔စရာရွိတယ္ "

" အင္း ကြၽန္ေတာ္သြားၿပီ "

" ကိုယ္လည္းတူတူပဲ "

ႏွစ္ေယာက္လုံး လွည့္မၾကည့္ေတာ့ဘဲ ခပ္သြက္သြကေလွ်ာက္ကာ ကိုယ့္အခန္းထဲ အသီးသီးဝင္သြားၾကေလသည္။ လက္မခံခ်င္ေသာ္လည္း သူတို႔ႏွစ္ေယာက္ဟာ မဖြယ္မရာနမ္းေနေသာ ဇာတ္ဝင္ခန္းကို အတူၾကည့္ခဲ့ၾကသည္မွာ မေျပာင္းလဲႏိုင္ေသာ အမွန္တရားေပ။ ထိုသို႔ေတြးလိုက္တိုင္း ပိုမိုအိေျႏၷမရျဖစ္ကာ တိမ္ယံဆင့္ဆိုလွ်င္ အခန္းအတြင္း ေခါက္တို႔ေခါက္ျပန္ေလွ်ာက္ေနခဲ့ၿပီး ျပဒါးရံကေတာ့ ‌ေခါင္းကိုငုံ႔လ်က္ မွင္သက္စြာထိုင္ေနခဲ့သည္။ ထိုေနာက္  ဇာတ္တိုက္ထားသလို တစ္ေလသံထဲ ဆိုးဝါးလြန္းေသာ ကံၾကမၼာကိုအျပစ္တင္ၾကသည္။

" ရွက္ဖို႔ေကာင္းလိုက္တာ "

" ရွက္ဖို႔ေကာင္းလိုက္တာ "

Continue Reading

You'll Also Like

148K 15.9K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
78.4K 3.1K 17
မင်းဆက်ပိုင်-ငါ့ရဲ့နှလုံးသားကို တစ်ခါလောက်ပဲဖြစ်ဖြစ် မင်းမြင်အောင်ကြည့်ပေးပါလား မိုး​သောက်​ယံ-ကျွန်တော် အကို့ကို အသက်ထက် ပိုချစ်တယ် ခေတ်သစ်သွေး-နှလုံ...
35.5K 1.8K 42
ရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထား...
822K 69.6K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi