ချော်လဲထားတာကြောင့် လက်ကပွန်းထားတဲ့ဒဏ်ရာအချို့နဲ့ ခန္ဓာကိုယ်က ကိုင်ရိုက်ထားသလိုလေးလံနေသည်။မိုးရွာထဲမှာလဲကျနေခဲ့တာကြောင့် ခန္ဓာကိုယ်ကခပ်နွေးနွေးလေးဖြစ်နေပြီး ဖျားပြီတူပါရဲ့။ ဘတ်ဟျွန်းကလဲနေရာမှ မထနိုင်ပဲ အသာမှိန်းနေသည်။ နွေးနွေးအိအိအရာ တစ်ခုပေါ်မှာဖြစ်သည့်အတွက် တစ်စုံတစ်ယောက်ကဆေးရုံပို့ပေးထားဟန်တူသည်။ လခစားလေးဘတ်ဟျွန်းအဖို့ ဆေးရုံစရိတ်နဲ့ စုဆောင်းထားတဲ့ပိုက်ဆံလေးအချို့ကုန်တော့မယ်ထင်ပါရဲ့...
သက်ပြင်းကိုခပ်သာသာချလိုက်ပြီး မျက်လုံးကိုအားယူဖွင့်မိတော့ မျက်ခွံပေါ်ဖိကပ်လာတဲ့ခပ်နွေးနွေးနှုတ်ခမ်းတစ်စုံ..ဘယ်ဆရာဝန်ကများ လူနာကိုနမ်းပါသလဲ။ ဘတ်ဟျွန်းကခန့်ချောလေးမလို့ ဆရာဝန်ကခိုးနမ်းတာဖြစ်ရမည်။
သူချောတာမှန်ပေမဲ့ ဘလိုင်းကြီးလာနမ်းတာကြောင့် စိတ်ကထောင်းကနဲ ဒေါသထွက်သွားပြီး နာနေတဲ့ကြားထဲရုတ်တရက်ထထိုင်ကာ အားကုန်ထိုးပစ်လိုက်တော့ တစ်ဖက်လူကနှာခေါင်းမှ သွေးတွေကလျံကနဲ စီးကျလာသည်။
"မင်းကြီး အဆင်ပြေပါရဲ့လား သမားတော်ခေါ်ကြစမ်း"
ဘတ်ဟျွန်းကြားလိုက်ရတာက ဘာတွေမှန်းမသိ
အသံပြဲပြဲ အစိမ်းရောင်ဂါဝန်ဝတ်ထားတဲ့မိန်းမကြီးက
ဘေးနားကကောင်မလေးအချို့ကို ပြူးပြာပြာဖြင့်ညွှန်ကြားနေသည်။သူလှဲနေမိတဲ့အခန်းထဲမှာလူတွေကဝရုန်းသုန်းကား ရှေ့နောက်ပြေးလွှားနေကြသေးသည်။ ပြီးတော့ဘတ်ဟျွန်းအရှေ့မှာ နန်းတွင်းဝတ်စုံ နဲ့ခပ်ချောချောလူတစ်ဦး ကထိုင်နေသည်၌အတိအကျပြောရမည်ဆိုလျှင်
နဂါးပုံကိုရွှေချည်ထိုးထားသော အနီရောင်ဝတ်စုံနဲ့လူတစ်ယောက်က သူ့ကိုပြုံးပြကာ ထိုင်နေခြင်းပင်။
"ဟင် လီယောလ်က ဘယ်လိုလုပ်"
စီးကျနေတဲ့နှာခေါင်းသွေးတို့ကိုဖိသုတ်ပစ်လိုက်ပြီး
ဘတ်ဟျွန်းကိုပြုံးပြလာသည်။လက်အချမှာ မြင်လိုက်ရတာကနှာခေါင်းချွန်ချွန်ပေါ်က မှဲ့နက်လေးတစ်လုံး။
ပါးတစ်ဖက်မှာလဲ ပါးချိုင့်ခွက်ကြီးကထင်းကနဲ..
"ကိုယ်တော့်ကို မှတ်မိလား ဗြောင်"
ဘတ်ဟျွန်းထိုလူကိုစာအုပ်အဖုံးပေါ်မှာ မြင်ဖူးတာမှန်ပေမဲ့
လီယောလ်က ဖန်တီးထားတဲ့ဇာတ်ကောင် သက်သက်လေ။ဘာလို့သူက သက်ရှိထင်ရှားလူအတိုင်းဘတ်ဟျွန်းရှေ့မှာ လာပြုံးပြနေရပါသလဲ။ အိမ်မက်မက်နေသလားဆိုပြီးကိုယ်ဆံပင်ကိုဆွဲဆောင့်မိတော့ ဆံပင်မွှေးနှစ်မွှေးက အစစ် ကျွတ်ပါလာသေးသည်။ခဏတာ မြင်လိုက်ရသောနှာခေါင်းပေါ်ကမှဲ့နက်လေးကိုဘတ်ဟျွန်း အသေအချာကိုမှတ်မိနေပါ၏
"မူးလို့လား ဗြောင်လေး သမားတော်လာတော့မယ်
ခဏလေး လှဲနေပါလား"
"ကျွန်တော်က ဗြောင်လေးမဟုတ်ပါဘူး ဗြောင်ဘတ်ဟျွန်းပါ။ ဒါကအိမ်မက်မဟုတ်ဘူးဆို ခင်ဗျားတို့က နန်းတွင်းဇာတ်ကတဲ့အဖွဲ့လား ကျွန်တော့်ကိုလမ်းမပေါ်လဲနေလို့ကယ်လာတာလား"
"မေးခွန်းတွေများလိုက်တာ ဗြောင်လေးရယ် ဒါကဂျိုဆွန်းခေတ် မင်းကြီးလီယောလ်စိုးစံတဲ့သက္ကရာဇ် ။ရောက်နေတာကဂျိုဆွန်းတိုင်းပြည်ရဲ့ မင်းကြီးအဆောင်တော်မှာပဲ"
"ဗျာ..ကျွန်တော်ကဆိုးလ်ကပါ မနောက်ပါနဲ့ ဒါက၂၁ရာစုရောက်နေပြီလေ"
စာအုပ်အဖုံးပေါ်ကလူကို သက်ရှိထင်ရှားမြင်တွေ့ရထဲက
ဘတ်ဟျွန်းကတော်တော်လန့်နေပြီ။ နာမည်တူမရှား လူတူမရှားပေပဲမို့ သူ့အရှေ့ကထိုလူက လီယောလ်ဆိုတဲ့ဇာတ်ကောင်နဲ့ နာမည်လဲတူရုပ်ရည်လဲတူသည်။ သူပြောပုံအရဆိုဘတ်ဟျွန်းက Imaginary Sphere ဆိုတဲ့စာအုပ်ထဲရောက်နေတာများလား..ဒါပေမဲ့ဖြစ်မှမဖြစ်နိုင်တာ စာအုပ်ထဲကိုလူကရောက်စရာလား။ဘတ်ဟျွန်းကစာအုပ်တွေအဖတ်များပြီးအတွေးလွန်သွားပုံရသည်။
"ကိုယ်တော်ကလီယောလ် ဗြောင်ရဲ့ခင်ပွန်း"
"ဗျာ ကျွန်တော်ကယောက်ျားလေးလေ ဘာတွေပြောနေတာလဲ"
"ချစ်မိခဲ့ကတည်းက မဖြစ်နိုင်တဲ့အရာကိုဖြစ်လာအောင် လုပ်ယူခဲ့တာ။ဗြောင်ကကိုယ့်ရဲ့ကြင်ယာတော်ပဲ အချိန်တန်ပြီမလို့ ကိုယ်တော့်ရင်ခွင်ထဲကို ပြန်လာခဲ့ပေးပါတော့"
သူမေ့မလဲခင်ကကြားခဲ့ရတဲ့ ခပ်ဩရှရှအသံနဲ့တစ်ထေရာထဲပင်။ ဘတ်ဟျွန်းစာအုပ်တွေအများကြီးဖတ်ခဲ့ဖူးသည်။
Parallel universe, Multi universe အစရှိသဖြင့်..Parallel universe ဟုပြောရအောင်လဲ ဘတ်ဟျွန်းဆံပင်ကရှေးခေတ်ကလိုအရှည်မဟုတ် ခပ်တိုတိုသာ။ ခန္ဓာကိုယ်မှာဝတ်ပေးထားတာကတော့ စိမ်းဖျော့ရောင်ရှေးခေတ်ဝတ်စုံ။ စဉ်းစားတာခေါင်းတွေပင်ထိုးကိုက်လာရသည်။
လက်သွယ်သွယ်တွေနဲ့ခေါင်းကိုဖိညှစ်မိတော့ နဖူးပေါ်က
ခပ်နွေးနွေးအနမ်းတစ်ချက်နဲ့အတူ ကျယ်ပြန့်တဲ့ရင်ခွင်ကြီးထဲနစ်မြုပ်သွားရသည်။
"ဗြောင့်ကိုကိုယ်တော်ကစောင့်ပေးမှာပါ အများကြီးမစဉ်းစားပဲအနားယူလိုက် နှစ်ပေါင်း၁၀၀ကျော်တောင်စောင့်ခဲ့သေးတာပဲ ဗြောင်လေးရောက်လာပြီမလို့ ကိုယ်တော်ကထပ်စောင့်နိုင်ပါသေးတယ်"
နှစ်ပေါင်းတစ်ရာ..?အနှစ်တစ်ရာအသက်ရှိပြီလို့ပြောရအောင်လဲလီယောလ်ကခပ်ငယ်ငယ်ပဲရှိဦးမယ်။သူဘာတွေပြောနေလဲဘတ်ဟျွန်းကနားမလည်တော့..
"မင်းကြီး မယ်တော်ကြီးဆောလ်လီကြွလာပါပြီ"
ကြားလိုက်ရတဲ့စကားအဆုံးမှာဘတ်ဟျွန်းခေါင်းထဲ
ဒိန်းကနဲစောင့်တတ်သွားရသည်။ သူခဏလှန်လှောဖတ်မိတဲ့အထဲ ဆောလ်လီဆိုတဲ့ထိုနာမည်ကိုကောင်းကောင်းကြီးမှတ်မိသည်။လီယောလ်ရဲ့မယ်တော်ဖြစ်ပြီးစိတ်သဘောထားသိမ်မွေ့နူးညံသည်။ ဒါပေမဲ့မယ်တော်ကြီးကနန်းတော်ကြီးထဲပျင်းနေတာကြောင့် တစ်ခါတစ်ရံ
စိတ်မကြည်တဲ့အခါအကုန်ပတ်ရမ်းတတ်သည်။
"လီယောလ် နင်ကလေးကိုလွှတ်လိုက်စမ်း"
"မယ်မယ်ကြီးကလဲဗျာ သားတော်ကအဖြေတောင်းနေတာ"
"ဒီခေတ်ထိ မတရားသဖြင့်ခေါ်လာတာတောင် မင်းလွန်လှန်နေပြီ နှာခေါင်းထိထားတယ်ဆို ဆေးကုသလိုက်ဦး
နောက်မှာသမားတော်ပါတယ်"
စကားများနေတဲ့သားအမိနှစ်ယောက်ကြား ဘတ်ဟျွန်းကအူလည်လည်လေးနဲ့လိုက်ကြည့်နေသည်။ဒီလိုဆိုရင်ဘတ်ဟျွန်းကစာအုပ်ထဲရောက်နေတာဖြစ်သည်။လက်မခံချင်တဲ့အမှန်တရားပေမဲ့ ဘတ်ဟျွန်းကနောက်မှပြန်လမ်းကိုရှာကြည့်ရမည်။ဘာဖြစ်မှန်းမသိတဲ့ မရင်းနှီးတဲ့ဒီလိုနန်းတွင်းလိုနေရာမှာဘတ််ဟျွန်းမနေချငိဘူး။ နန်းတွင်းဆိုတာ မင်းကြီးရဲ့အချစ်ခံရတဲ့လူတွေအတွက်တော့ လူသတ်ကွင်းတစ်ခုသာ။
"ဗြောင်လေးတော်တယ် သတိရရခြင်းသားတော်ကို
လက်သီးနဲ့ထိုးလိုက်တာ နှာခေါင်းသွေးလျှံသွားတယ်ဆို"
"ဗျာ ကျွန်တော်မရည်ရွယ်.."
"မူးမေ့အောင်ထိုးပစ်လိုက်ရမှာ ဗြောင်လေးရဲ့"
"ဟာ မယ်မယ်ကဗျာ.."
ချန်းယောလ်ကစူးကနဲနေအောင်ထအော်သည်။
"ဗြောင်လေးကို အနိုင်ကျင့်ရင်မယ်မယ့်ကိုပြော လီယောလ်ကို မယ်မယ်ကိုယ်တိုင်ရိုက်မယ်"
"ဗျာ ဟုတ်ဟုတ်"
ဘုမသိဘမသိနဲ့ဘတ်ဟျွန်းက ဇက်ကလေးပုဝင်ကာ
ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလာသည်။
"ကိုယ့်တော့်ကိုချစ်ပေးမလား ဗြောင်"
"ကျွန်တော်ပြန်ချင်တယ် လီယောလ်.. မယ်တော်ကြီးပါပြောပုံအရဆို ကျွန်တော်ကဒီထဲကိုမတရားအခေါ်ခံခဲ့ရတာ"
"ပါးစပ်ပိတ်ထားစမ်းဗြောင် မင်းကိုကိုယ်တော်လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူး..နောက်တစ်ခါပြန်မဲ့စကား နှုတ်ကနေဘယ်တော့မှထွက်မလာမိစေနဲ့.."
အအော်ခံလိုက်ရတာဘတ်ဟျွန်းဖြစ်ပေမဲ့ လီယောလ်ကမျက်ရည်တွေစီးကျလာကာဘတ်ဟျွန်းကိုယ်လေးကိုပေါင်ပေါ်တင်ကာခပ်တင်းတင်းပွေ့ဖက်ထားသည်။စိုစွတ်လာတဲ့နောက်ကျောဘက်ကအကျီတွေအရ လီယောလ်ကငိုနေတုန်းထင်ပါရဲ့..
"ဗြောင်လေးကိုဒီသက္ကရာဇ်အပိုင်းအခြားထဲမှာ ကိုယ်တော်ကထာဝရချုပ်နှောင်ထားမှာ.."
__________________________
Notes: စိတ်ကူးယဉ်ပုံစံဖြစ်တဲ့အတွက်reality တော့မဆန်နိုင်ပါဘူး။ရှေးခေတ်အကြောင်းသိပ်မသိတဲ့အတွက်အမှားပါခဲ့ရင်အနူးအညွတ်တောင်းပန်ပါတယ်။