แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

365K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แแ€

4.9K 917 37
By PannKhattWaiio


အပိုင်း ၁၀ ကွင်းဆက် ဖြစ်ပွားမှု

" တပ်ရေး ဗိုလ်ကြီး"

လုံခြုံရေး ဌာနမှ အရာ၇ှိက လီခိုင့်ကို ဘူးလေး ကမ်းပေးကာ တဖက်သူ၏ မျက်နှာ အခြေအနေကို ကြည့်ပြီး မေးလိုက်သည်။

" အကိုလီ ကောင်းတဲ့ ကိစ္စတွေများ ဖြစ်သွားလို့လား"

လီခိုင်က သူ့ကို တစ်ချက်ကြည့်သည်။ သူကမျက်နှာ၇ှိ အပြုံးကို ဖိနှိပ်လို့ မရသေးပေ။သူက တည်ငြိမ်စွာ ပြန်ဖြေနိုင်ရန် မနည်း ကြိုးစားလိုက်ရသည်။
" ကောင်းတဲ့ ကိစ္စဟုတ်လား။ အာ မင်း အဲ့ဒိလို ပြောနိုင်ပါတယ်"

ထို့နောက် ကြော့ရှင်းနေသော အမူအယာမျိုးဖြင့် ပြန်လှည့်သွားသည်။ သူက စတိုင်အပြည့်ဖြင့် ပြန်လျှောက်သွားခြင်း ဖြစ်သည်။

ကံကောင်းလိုက်တဲ့ နားချိန်ပဲ
သူ နားချိန်မှာရတာ ကောင်းလိုက်တာ

ဓာတ်လှေကားထဲ ဝင်ပြီး အထပ်နံပါတ် ၁၂ကို နှိပ်ပြီးနောက် လီခိုင် မနေနိုင်တော့ဘဲ ဘူးထောင့်နားလေးကို ဖောက်ကာ အထဲသို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ချစ်စဖွယ်ကောင်းသော သေးငယ်သည့် ဖက်ထုပ် ရှစ်ခုကို မြင်ရလေသည်။

လီခိုင်သည် မုန့်ဘူးကို ရင်ဘတ်နား ကပ်ထားကာ ကျေနပ်စွာ ပြုံးနေလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဓာတ်လှေကားထဲရှိ အဖြစ်အပျက်ကို ပြန်သတိရပြီး သူ့ရင်ထဲ အေးစက်သွားရလေသည်။

ဒီလိုအချိန်ဆို မာ၇ှယ်က ရုံးခန်းထဲမှာ အလုပ်လုပ်နေလိမ့်မယ်။ ဒါပေမယ့် သူကတော့ တင်ဆက်သူ ပို့ပေးထားတဲ့ ဖက်ထုပ် ရှစ်ခုကို တစ်ဝတစ်ပြဲ စားရတော့မယ်။သူက မာရှယ်ကို အရမ်း သစ္စာရှိပေမယ့် အခု အနည်းငယ်တော့ တုန့်ဆိုင်းနေမိတယ်။

ဘာပဲဖြစ်ဖြစ်ပါ ဖက်ထုပ်က ၇ှစ်ခု ရှိတာပဲ၊ မာ၇ှယ့်ကို လေးခုပေးလိုက်မယ်၊

မဟုတ်ဘူး နှစ်ခုပဲ တော်ပြီပေါ့

အဓိကက မာရှယ် မြည်းနိုင်ဖို့ပဲ

ဓာတ်လှေကား ရပ်သွားသည့်နောက် သူက မာရှယ်၏ ရုံးခန်းနားသွားကာ တံခါး နှစ်ချက် ခေါက်လိုက်သည်။

" ဝင်လာခဲ့ပါ"

မာရှယ်ထံမှ ခွင့်ပြုချက်ရသည်နှင့် သူ တံခါးကို ဖွင့်လိုက်သည်။
" မာ၇ှယ် ကျွန်တော်...."

ထိုစကားက တဝက်တပျက် ရပ်သွားသည်။ အခန်းထဲမှ မွှေးပျံ့သော ရနံ့ကြောင့် သူ မင်သက်သွားတော့သည်။ မာရှယ်၏ ရှေ့တွင်၇ှိသော စားပွဲပေါ် ဖွင့်ထားသည့် နှစ်ထပ် မုန့်ဘူးကို ကြောင်တောင်တောင် စိုက်ကြည့်လိုက်မိသည်။ ထိုဘူး၏ တစ်ထပ်ချင်းဆီတိုင်းတွင် သေသပ်စွာထည့်ထားသော ဖက်ထုပ် ၁၆ခုစီရှိသည်။ ဘေးဘက်တွင်လည်း ရှာလကာရည် ဘူးလေးနှင့် ပူနွေးနေသေးသည့် နို့တစ်ခွက်ကလည်း ပါသည်။

ဟော်ယွင်ချန်းက တိတ်ဆိတ်စွာ ပြောသည်။
" မင်း မနေ့က ငါ့ကို ကောင်းတယ်လို့ ညွှန်ပေးတဲ့ တင်ဆက်သူဆီကလေ။သူ ဒီနေ့ အသစ်တွေ လုပ်ထားတော့ ငါ့ကို အများကြီး ပို့ပေးလိုက်တယ်။ ထိုင်ပြီး စားပါဦး"

လီခိုင့်လက်မောင်းအတွင်း၇ှိ ရှစ်ခုသာ ပါသော ဖက်ထုပ်ဘူးက အလွန်တရာ ပေါ့ရွှတ်သွားတော့သည်။မျက်စိရှေ့က အဆင့်အတန်းမြင့် စားသောက်ပွဲနှင့် ယှဉ်လျှင် သူ၏ ဖက်ထုပ်ဘူးက သနားဖို့တောင် ကောင်းနေသည်။ သူ ပြောလိုက်သည်။

" မာ၇ှယ်လည်း တိုက်ရိုက် ထုတ်လွှင့်တာကို ကြည့်လိုက်တာလား"

သေစမ်း
ငါ့မျက်လုံးနာတယ်
ငါ့ ရင်နာတယ်

မနေ့ကညက ရုတ်တရက်ပေါ်လာသော အာဏာရှင်ကို သူ သတိရလိုက်သည်။
ဒါ သေချာပေါက် ဟော်ယွင်ချန်းပဲ ။ တဖက်လူရဲ့ အကောင့်နာမည်ကလည်း ဟော်လေ။ သူ ဘာလို့ သတိမထားမိရတာလဲ

သူက ဟော်ယွင်ချန်း၏ ရှေ့ရှိ အဆင့်အတန်းမြင့် နေ့လည်စာဘူးကို ကြည့်သည်။ဒါက အခြားသူတွေကို ပို့သည့် ဘူးတွေထက် တဝက်မက ကြီးသည်။

" ဘာဖြစ်လို့လဲ"

ဟော်ယွင်ချန်းလည်း သူ့တပ်ရေး ဗိုလ်ကြီးက အတန်ကြာအောင် မလှုပ်ဘဲ တောင့်တောင့်ကြီး ရပ်နေကြောင်း တွေ့ရသဖြင့် မေးလိုက်သည်။

" အာ ကျွန်တော့်မှာလည်း ဝေစုရှိပါတယ်..."
သူ ခပ်တိုးတိုး ပြောလိုက်သည်။

ဟော်ယွင်ချန်းက ခေါင်းတစ်ချက် ငြိမ့်သည်။
" ဒီလောက်နဲ့ မင်း ဘယ်ဝမှာလဲ။ လာ ထိုင် စား"

သူ့မာ၇ှယ်က သူ့ရဲ့ နည်းပါးတဲ့ ဖက်ထုပ်တွေကို ကြည့်ပြီး လှောင်ရယ်မယ်လို့တော့ မထင်ပေ။ နောက်ပြီး မာ၇ှယ်ကလည်း ဒီလို လူမျိုး မဟုတ်ဘူးလေ။ထို့ကြောင့် သူက တံခါးကို ပိတ်ကာ ဝင်ထိုင်လိုက်သည်။

ဟီးဟီး ဘာပဲဖြစ်ဖြစ် အများကြီး စားရပြီ

သူက တူဖြင့် သေးငယ်သော ဖက်ထုပ် တစ်ခုကို ယူစားလိုက်သည်။ အရွက်က ပါးသဖြင့် တချက် ကိုက်လိုက်ရုံမျှဖြင့် ပေါက်ထွက်သွားလေသည်။နှစ်ချက်ကိုက်ရုံဖြင့် တစ်ခု ကုန်သွားသည်။ ပါးစပ်ထဲ ကျန်ရစ်ခဲ့သည်က ကောင်းမွန်သည့်အ ရသာ သာ ဖြစ်၏။ ဖက်ထုပ်က တင်ဆက်သူ ပြောသလိုပဲ၊ ပါးလျတဲ့ အပြင်သားရယ်၊ နူးညံ့တဲ့ အသားနဲ့ အရည်ရွှမ်းတဲ့ အရသာက ပြီးပြည့်စုံတယ်။

" ကောင်းလိုက်တာ အရမ်း အရသာရှိတယ်"
သူက ထပ်ခါတလဲလဲ ရေရွတ်ကာ နောက်တစ်ခုကို လက်လှမ်းလိုက်သည်။

သူ ပုဇွန် ဖက်ထုပ်ကို စားလိုက်သည့်အခါ အမူအယာက စွဲလန်းသလိုပုံစံ ပြောင်းသွားလေသည်။
" ဝိုး ပုဇွန် ဖက်ထုပ်က ပိုကောင်းတာပဲ"

တစ်ခုပြီး တစ်ခု လောဘတကြီး ဆက်စားပြီးနောက် မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို သတိရသွားပြီး ပြောလိုက်သည်။
" မာရှယ် အဲ့ဒိလူတွေ ဘယ်က ရောက်လာတယ်ထင်လဲ။ နောက်ဆုံး သူတို့ ဘာလုပ်ချင်တာ ဖြစ်နိုင်လောက်လဲ"

ထိုသူတွေက တင်ဆက်သူကို ဒေါသထွက်အောင် လုပ်ရန် မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ရောက်လာကြသူတွေမှန်း သူ သိနေပေသည်။

ေဟော်ယွင်ချန်းက သူများကိစ္စကို ဝင်စွက်ဖက်ရခြင်းအားလုံး၀ သဘောမကျပေ။ သို့သော် ဒီတင်ဆက်သူက သူပုံမှန် စားသောက်နိုင်အောင် လုပ်ပေးနိုင်သူ ဖြစ်သည်။
ဆိုတော့ သူနဲ့ မပက်သတ်ဘူးလို ဘယ်ပြောလို့ရပါ့မလဲ။ နောက်ပြီး ဒါက ကျင်းကျန်း ပလက်ဖောင်း လက်အောက်ကလေ။

သူက စစ်တပ် ပြန်တမ်းဝင် အရာ၇ှိတောင် မဟုတ်သည့် အဆင့်မှ လက်၇ှိ ရာထူးအထိ ကိုယ်တိုင် ကြိုးစားပြီး ရလာခြင်းဖြစ်သည်။သူက မိသားစုနောက်ခံကြောင့် အမြင့်သို့ ရောက်လာသူ တစ်ယောက် မဟုတ်ပေ။သို့သော် သူ့မိသားစု နောက်ခံကလည်း အလွန် မြင့်မားပေ၏။

ဟော်မိသားစုဟာ မျိုးရိုးအဆက်ဆက် စစ်တပ်ထဲ ဝင်ခဲ့ကြကာ သူတို့၏ သွေးတွေဖြင့် အင်ပါယာကို ကာကွယ်ခဲ့ကြသည်။သူတို့မိသားစုမှ မာ၇ှယ်များစွာ ထွက်ပေါ်ခဲ့ကာ သူ့ဖခင်ကလည်း မာ၇ှယ်တစ်ယောက် ဖြစ်သည်။

သူ့အကို၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်စွမ်းအားက အက်စ်အဆင့် မဟုတ်သည့်တိုင် ဉာဏ်ရည်က မြင့်မားသည်။ လက်၇ှိတွင် အသက်၆၀သို့ ရောက်ပြီဖြစ်ကာ ရင့်ကျက်သည့် အရွယ်ဖြစ်ပြီး သိပ္ပံ အကယ်ဒမီ၏ ဥက္ကဌလည်း ဖြစ်သည်။

သူ့မိခင်ဆိုလျှင် ဖျော်ဖြေရေး နယ်ပယ်တွင်အလွန် ကျော်ကြားသော အင်တာတိန်းမန့် ကုမ္ပဏီကို တည်ထောင်ထားကာ ကျင်းကျန်းကလည်း သူမ၏ လက်အောက်မှဖြစ်သည်။ ခြုံပြောရလျှင် သူတို့ တစ်မိသားစုလုံးက အင်ပါယာ၏ ထောက်တိုင်တွေ ဖြစ်သည်။

" ငါ အမေနဲ့ ပြောပြီးပြီ၊ အမေက ကူညီပြီး စစ်ပေးလိမ့်မယ်"
ဟော်ယွင်ချန်းက ဖက်ထုပ် တစ်ခုကို ပါးစပ်ထဲ ထည့်ကာ ကောင်းမွန်လွန်းသည့် အရသာကို ခံစားသည်။

အခြားသူတွေ သဘာ၀ စားစရာတွေ ကြိုက်နေတာကို မအံ့သြတော့ဘူး

သူ့အမေလည်း ရှိနေတာဆိုတော့ ဒီတင်ဆက်သူကို တစ်ခုခု ဖြစ်သွားဖို့ သူ ခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ပြီး အဆိုးဆုံး အခြေအနေ ဖြစ်လာရင်လည်း အိမ်မှာ စာဖိုမှူး လုပ်ဖို့ ခေါ်ထားလိုက်မယ်။ အင်း ဒါကတောင် ပိုကောင်းမယ့်ပုံပဲ

ရုတ်တရက် လီခိုင်၏ အလင်းဦးနှောက်က ဖောက်ခနဲ နိုတီ မြည်သံကို ပေးလာသည်။ ဒါက သိပ္ပံ အကယ်ဒမီမှ ကြေငြာချက် ထုတ်ပြန်ခြင်းဖြစ်ကာ ထိုထုတ်ပြန်ချက်က ဖန်သားပြင် အထက်တွင် ပေါ်ထွက်လာလေသည်။

'သိပ္ပံ အကယ်ဒမီက ပုဇွန် ခေါင်းထဲမှာ အညစ်အကြေးတွေနဲ့ ပိုးမွှားတွေ ၇ှိတယ်လို့ အတည်ပြုပေးလိုက်ပါတယ်'

ထိုသတင်းက ဝေ့ပေါ်တွင်လည်း တက်လာလေသည်။

" @ရှားမီ v : လက်တွေ့လုပ်ပြတာက စကားများနေတာထက် သာတယ်။ ... ဗီဒီယို လင်ခ့်.. သိပ္ပံ အကယ်ဒမီက ပုဇွန်ရဲ့ ခေါင်းနဲ့ ကိုယ်တွင်းက ကလီစာအချို့ ဆက်စပ်မှုရှိနေကြောင်း အတည်ပြုပေးလိုက်တယ်။ ဥပမာ အစာအိမ်နဲ့ နှလုံးပေါ့။ အဲ့ဒိထဲမှာ အညစ်အကြေးတွေနဲ ပိုးမွှားတွေ ရှိနေတယ်။ ဒါပေမယ့် အသားကတော့ တကယ် အရသာရှိတယ်။ အားလုံးပဲ ချက်စားကြရင် ခေါင်းကို ဖယ်ပစ်ဖို့ ပြောချင်ပါတယ်...ဓာတ်ပုံ.... "

သူမက သိပ္ပံ အကယ်ဒမီမှ တင်ထားသော အသေးစိတ် ခွဲခြမ်း စိတ်ဖြာပြထားသည့် ပုံကိုပါ တွဲလျက် ပြထားသည်။ရှားမီက မနက်ပိုင်းက ချက်ပြုတ်ပြသည့် တိုက်ရိုက် ထုတ်လွင့်မှု လင့်ခ့်ကိုတောင် ထည့်ထားပေးသေးသည်။ ဒါက တင်ဆက်သူကို ပြင်းထန်စွာ သတ်ဖြတ်တတ်သူ၊ ရက်စက်ရတာကို နှစ်ခြိုက်သူဆိုပြီး စွပ်စွဲထားကြသူတိုင်းကို ပါးရိုက်လိုက်ခြင်း ဖြစ်သည်။

ထိုသတင်း ကြေငြာပြီးသည်နှင့် ပြန်လည် ဝေမျှကြသူတွေက တစ်နာ၇ီအတွင်းမှာတင် သန်းကျော်သွားသည်။ ခွဲခြမ်စိတ်ဖြာပြထားသည့် ပုံတွေကလည်း ဝေ့ပေါ်တွင် အဆင့်တက်လာသည်။ ကြည့်ရှုသူတွေကမူ ရန်စ စကားပြောခဲ့သူတွေကို ကြည့်ပြီး ပျော်ရွှင်နေကြသည်။ တချို့ဆိုလျှင် စာဖိုမှူး အစည်းအရုံးကို ဆွဲသွင်းလာကြသေးသည်။

" တင်ဆက်သူ အသစ်က နှစ်နာရီအတွင်း ပုဇွန် ချက်နည်း သိတဲ့အပြင် သိပ္ပံ အကယ်ဒမီကတောင် အဖြေမ၇ှာနိုင်သေးတာကကို ရှာနိုင်လိုက်တယ်။ စာဖိုမှူး အစည်းအရုံးမှာ ကျွမ်းကျင်ပညာရှင်တွေ အများကြီးရှိနေတယ်။ ဒါပေမယ့် လုပ်နိုင်စွမ်းက မမြင့်ဘူးပဲ။ ခင်များတို့ ယူထားတဲ့ ရန်ပုံငွေတွေက ဘယ်လောက်တောင် မြင့်လိုက်သလဲ။ ဘာလဲ ရုံးခန်းထဲမှာ ဇိမ်ခံစားနေပြီး အလုပ်ကျတော့ ကောင်းကောင်း မလုပ်ဘူးပေါ့လေ"

--------*

" အသုံးမကျတဲ့ အမှိုက်တွေ"

စာဖိုမှူး အစည်းအရုံး၏ ဒုဥက္ကဌ ရုံခန်းထဲရှိ ထိပ်ဆုံးနေရာတွင် မုတ်ဆိတ်မွှေးတွေနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က မည်းမှောင်သည့် အမူအယာနှင့်အတူ ရှိနေသည်။

အခန်းထဲတွင် ထိုင်နေသည့် လူငါးယောက် ခြောက်ယောက်လောက်၇ှိသေးကာ ပုဇွန်ပြုတ်ထားသည့် အိုးရှိရာ စားပွဲကို ဝိုင်းကာ ထိုင်နေကြသည်။

ယွမ့်ထန်းလုပ်သော ဖက်ထုပ်ကို သူတို့ ပိုက်ဆံ မည်မျှပင် သုံးစေကာမူ မရနိုင်ပေ။ ထို့ကြောင့် ဖန်သားပြင်မှ တဆင့်သာ မြည်းနိုင်ကြပေသည်။

မုတ်ဆိတ်နှင့်လူက စိတ်ကို ထိန်းကာ ပုဇွန်ကို ဆယ်ကာ ပါးစပ်ထဲ ထည့်သည်။ နှစ်ခါလောက် ဝါးပြီးသည်နှင့် ထွေးထုတ်လိုက်၏။

ယွမ့်ထန်းလုပ်သော ဖက်ထုပ်မှ ပုဇွန်သားက နူးညံ့ မွှေးပျံ့ကာ အရသာ၇ှိသည်။ သို့သော် သူတို့ လုပ်သော ပုဇွန်မှာမူ ညှီစို့ကာ နံစော်ပြီး ငံတူးနေသည်။ နှစ်ခုကို နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသည်။

သူ့မျက်နှာက အလွန် ကြည့်ရဆိုးနေကာ မဲ့ပြုံး ပြုံးနေသည်။
" ဒီတင်ဆက်သူပဲ ဖြစ်ပြန်ပြီ။ ပထမတစ်ခါ ငါတို့ရဲ့ အကြံကို ဖျက်ဆီးရုံတင် မကဘူး အခု နောက်တစ်ကြိမ် ဖြစ်ပြန်ပြီ။ အရမ်း ကောင်းတယ်။"

သူက ပုဇွန်တွေကို တံခါးဘက်သို့ ပစ်ထုတ်လိုက်ရာ ပန်းကန်က တိုက်မိပြီးကွဲသွားသည်။ ဒါက  စာဖိုမှူးတိုင်းကို အသံမထွက်ရဲလောက်အောင် ကြောက်လန့်စေပေသည်။

" ဥက္ကဌချီ ဒါ ကကျွန်တော်တို့ကိုတော့ အပြစ်တင်လို့ မရပါဘူး။ အဲ့ဒိကလေးရဲ့ နောက်ခံက အင်အားတောင့်နေတာ ဖြစ်မယ်။ ကျွန်တော်တို့က ရေတပ်ဌားပြီး တိုက်ခိုက်ခိုင်းထားပေမယ့် နောက်တော့ အာဏာ၇ှင် တစ်ယောက် ပေါ်လာပြီး မိနစ်ခြားပြီး ပိုက်ဆံ သောင်းကျော် ကြဲချနေတော့ ဘာမှ မတတ်နိုင်ဘူး ဖြစ်သွားတာပေါ့။ နောက်ပြီးသူတို့ အကောင့်တိုင်း အဘန်းခံလိုက်ရတယ်။ဒါက...."

ထိုသူက ဆက်ပြောသည်။
" ကြည့်ရတာ သိပ္ပံ အကယ်ဒမီမှာ သူနဲ့ ပက်သတ်သူ တစ်ယောက်ယောက်၊ ဒါမှမဟုတ် သူကိုယ်တိုင် ဆက်စပ်နေတာဖြစ်မယ်။ ပုဇွန်ကို ထုတ်ပြန်လိုက်တာ နှစ်နာရီပဲ ကြာသေးတဲ့အချိန်မှာ သူက ဘယ်လိုဖြစ်ပြီး ချက်နည်းကို သိနေရတာလဲ။ နောက်ပြီး သိပ္ပံ အကယ်ဒမီရဲ့ တုန့်ပြန်ပုံကလည်း ထူးဆန်းနေတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ"

မုတ်ဆိတ်နှင့်လူ၏ မျက်နှာက ထင်သလောက် ကြည့်ရမဆိုးတော့ပေ။

" ဖြစ်နိုင်တယ်။ သူက သိပ္ပံ အကယ်ဒမီက လူဖြစ်မယ်"

" ငါတို့ဘက်က ထည့်ထားတဲ့လူက အားနည်းတယ်။ ငါတို့က ပစ္စည်းအသစ်ထွက်တော့မယ်ဆိုရင် ရက်နည်းနည်းပဲ ကြိုသိရတယ်။ ဒါပေမယ့် အဲ့ကောင်ကိုယ်တိုင်က သိပ္ပံ အကယ်ဒမီက လူဆိုရင် အများကြီး ကြိုပြီး သိရဖို့က သေချာနေပြီ။ ဒါကြောင့် ကျွန်တော့်တို့အတွက် ခက်ခဲနေတာပေါ့"

သူက ချီကျောက်ကို ကြည့်ကာ ပြောသည်။
" ဥက္ကဌ ကျွန်တော်တို့ဘက်က မလုပ်နိုင်တာ မဟုတ်ဘဲ ရန်သူကကို အားသာလွန်းနေတာပါ"

သူပြောသွားသည့် စကားတွေက အကျိုးအကြောင်း သင့်လွန်းနေတာ မဟုတ်သော်လည်း ဥက္ကဌလို့ အခေါ်ခံလိုက်ရသဖြင့် ချီကျောက်၏ မျက်နှာကြောက လျော့သွားကာ လက်ကို စားပွဲအား တတာက်တောက် ခေါက်ရင်း ပြောလိုက်သည်။

" ဒီယွမ့်ထန်းက ငါတို့က ပုဇွန်ကို အားစိုက်နေတဲ့အချိန်မှာ အာလူးကို ချက်ပြတယ်။ အခု ငါတို့က ပုဇွန်ကို မိတ်ဆတ်ပြတော့မယ့်အချိန်မှာ သူက ပုဇွန်ကို အပေးအလွှား ချက်ပြတယ်။ နောက်ပြီး နည်းလမ်းက ငါတို့ထက် အများကြီး သာတယ်"

သူက လူအုပ်ကို အေးစက်စွာ ကြည့်ကာ ပြောသည်။
" ဥက္ကဌရဲ့ ရာထူးက တစ်နှစ်ပဲ ကျန်တယ်။ ဒီကြားထဲ ဘာ အမှားအယွင်းမှ မဖြစ်ရင် နောက်တက်မယ့် ဥက္ကဌက ငါပဲ"

" ဒါပေမယ့် ဆုံးဖြတ်ချက်က...ဟမ့်"

သူက လက်သီးတင်းတင် ဆုပ်ကာ ပြောသည်။
" အဲ့ဒိ အဘိုးကြီးတွေ ဒီတင်ဆက်သူကို မတွေ့စေနဲ့"

ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်လာသည်။

" ဘယ်သူလဲ"
ချီကျောက်က အသံကို မြင့်ပြီး မေးသည်။

" ဒုဥက္ကဌ ချီ ဥက္ကဌကုက အစည်းအဝေးခန်းထဲကို ခေါ်လိုက်ပါတယ်"

" ငါ သိပြီ မင်း သွားတော့"

တဖက်သူ ထွက်သွားပြီးနောက် သူက သူ့လူတွေကို ခပ်တိုးတိုး ပြောသည်။
" အခုတလောတော့ အဲ့ဒိ တင်ဆက်သူကို ၇န်မစနဲ့တော့။ သူ့နောက်ခံကိုသာ သေချာ စုံစမ်းနေ"

" ဟုတ်ကဲ့"

ချီကျောက် အစည်းအဝေးခန်းထဲသို့ ရောက်လာသည့်အခါ လူအပြည့် ၇ှိနေလေပြီ။ တဝက်လောက်က ယခင် အာဏာ၇ှိ အကြီးအကဲတွေ ဖြစ်ကြသည်။ သည်တစ်ကြိမ် ထိပ်ဆုံးနေရာတွင် ထိုင်နေသူမှာ ဖြူဖွေးနေသော မုတ်ဆိတ်မွှေးတွေကို ပိုင်ဆိုင်သည့် လူအိုကြီးတစ်ယောက်ဖြစ်သည်။ သူက စာဖိုမှူး အစည်းအရုံး၏ ဥက္ကဌ ကုလဲ့ကျီဖြစ်သည်။

သူက ချီကျောက်ကို ခေါင်းငြိမ့်ပြပြီး ထိုင်ခိုင်းသည်။
" ကဲ အားလုံး ရောက်ပြီဆိုမှတော့ အစည်းအဝေးကို စကြရအောင်။ မင်းတို့တွေ အခုတလော ပလက်ဖောင်းပေါ်က တိုက်ရိုက် ထုတ်လွှင့်မှုတွေကို ကြည့်ပြီးကြပြီလား"

အားလုံး ခေါင်းငြိမ့်ကြသည်။ စာဖိုမှူး အစည်းအရုံးမှ စားဖွယ်တွေကို သိပ္ပံ အကယ်ဒမီမှ ထုတ်ကုန်တွေဖြင့်သာ ချက်ပြုတ်ရသဖြင့် အားလုံးနီးပါး အကယ်ဒမီကို followထားကြပေသည်။ ချီကျောက်သာ ခုံအောက်တွင် လက်ကို တင်းတင်း ဆုပ်ထားပေ၏။ ဖြစ်ရပ်တွေက သူ မဖြစ်စေချင်သည့် ဘက်သို့ ဦးတည်နေသည်။

သေချာစွာပင် ဥက္ကဌက မေးလာသည်။
" ဒါဆိုရင် မင်းတို့တွေ ကျင်းကျန်းက နာမည်ကြီးနေတဲ့ တိုက်ရိုက် ထုတ်လွှင့်တဲ့ တင်ဆက်သူကို သိကြလား"

ဘုန်း

လူတိုင်း ချီကျောက်ကို ကြည့်လိုက်ကြသည်။ သူ့အပြုံးက တောင့်တင်းနေကာ သူ့ရှေ့ရှိ ရေခွက်က ကျကွဲသွားသည်။

" ငါတော့ သူက အတော် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တယ်။ သူက ချက်ပြုတ်ရေးနဲ့ ကုန်ကြမ်းတွေအပေါ် ထူးခြားတဲ့ အမြင်၇ှိတယ်။ "

ဥက္ကဌကုက စကားကို ရပ်ကာ ဆက်ပြောသည်။
" ငါတို့ အစည်းအရုံးမှာ ဒီလို လူမျိုးတွေ မရှိတာ ကြာပြီ။ သူ့ကို စည်းရုံးပြီး ဖိတ်ခေါ်လိုက်ရင်ရော မင်းတို့ ဘယ်လို သဘောရလဲ"

" ကျွန်တော် ကန့်ကွက်တယ်"
ချီကျောက်၏ အသံ ထွက်လာသည်။

" အိုး ဘာလို့လဲ"
ဥက္ကဌက သူ့ကို သံသယ အပြည့်ဖြင့် ကြည့်သည်။

ချီကျောက်က ဆို၏။
" သူက ဘယ်ကမှန်း မသိရဘူး။ ရုတ်တရက် ပေါ်လာပြီး ကုန်ကြမ်း အသစ်နှစ်မျိုးနဲ့ ချက်ပြသွားတယ်။ ဘယ်သူသိမှာလဲ သူက တစ်ယောက်ယောက်က ထောက်လှမ်းဖို့ လွှတ်ထားတဲ့ သူလည်း ဖြစ်နိုင်တာပဲ။ နောက်ပြီး သူ့မှာ လက်မှတ်တောင် ၇ှိပါ့မလား"

ဥက္ကဌက ခေါင်းငြိမ့်သည်။
" ဟုတ်တယ်။ ဒါပေမယ့် မင်း မပူပါနဲ့ ငါတို့ သူ့ကို အစည်းအရုံးထဲ ဝင်ခိုင်းတဲ့အခါ နောက်ကြောင်းက သိရမှာပါပဲ။ နောက်ပြီး လက်မှတ်အတွက်ကတော့ တစ်ရက်လောက် စာမေးပွဲ လာဖြေခိုင်းလိုက်မယ်"

ဥက္ကဌက ဒီလောက်အထိ ပြောနေကာ သူကိုယ်တိုင်လည်း ငြင်းရန် အကြောင်းပြချက် ၇ှာမရသဖြင့် လက်ခံလိုက်ရလေသည်။

-----------

ဘာသာပြန်သူမှာ တောင်းပန်စရာ ရှိပါတယ်

၂ပိုင်းလို့ ပြောမိသလားပဲ၊ဒါပေမယ့် ပြောပြီးခဏ ဖုန်းချထားလိုက်တာနဲ့ လုပ်စရာက ပေါ်လာပါတယ်၊ဆိုတော့ ခုတစ်ပိုင်းနဲ့တင် ရပ်ပါမယ်😆

ကောင်လေး မပါတော့ ပျင်းစရာကောင်းသွားတယ်၊စာလည်း နည်းနည်းတိုတယ်🤣

အပိုင္း ၁၀ ကြင္းဆက္ ျဖစ္ပြားမႈ

" တပ္ေရး ဗိုလ္ႀကီး"

လုံၿခဳံေရး ဌာနမွ အရာ၇ွိက လီခိုင့္ကို ဘူးေလး ကမ္းေပးကာ တဖက္သူ၏ မ်က္ႏွာ အေျခအေနကို ၾကည့္ၿပီး ေမးလိုက္သည္။

" အကိုလီ ေကာင္းတဲ့ ကိစၥေတြမ်ား ျဖစ္သြားလို႔လား"

လီခိုင္က သူ႕ကို တစ္ခ်က္ၾကည့္သည္။ သူကမ်က္ႏွာ၇ွိ အၿပဳံးကို ဖိႏွိပ္လို႔ မရေသးေပ။သူက တည္ၿငိမ္စြာ ျပန္ေျဖနိုင္ရန္ မနည္း ႀကိဳးစားလိုက္ရသည္။
" ေကာင္းတဲ့ ကိစၥဟုတ္လား။ အာ မင္း အဲ့ဒိလို ေျပာနိုင္ပါတယ္"

ထို႔ေနာက္ ေၾကာ့ရွင္းေနေသာ အမူအယာမ်ိဳးျဖင့္ ျပန္လွည့္သြားသည္။ သူက စတိုင္အျပည့္ျဖင့္ ျပန္ေလွ်ာက္သြားျခင္း ျဖစ္သည္။

ကံေကာင္းလိုက္တဲ့ နားခ်ိန္ပဲ
သူ နားခ်ိန္မွာရတာ ေကာင္းလိုက္တာ

ဓာတ္ေလွကားထဲ ဝင္ၿပီး အထပ္နံပါတ္ ၁၂ကို ႏွိပ္ၿပီးေနာက္ လီခိုင္ မေနနိုင္ေတာ့ဘဲ ဘူးေထာင့္နားေလးကို ေဖာက္ကာ အထဲသို႔ လွမ္းၾကည့္လိုက္သည္။ ထိုအခါ ခ်စ္စဖြယ္ေကာင္းေသာ ေသးငယ္သည့္ ဖက္ထုပ္ ရွစ္ခုကို ျမင္ရေလသည္။

လီခိုင္သည္ မုန႔္ဘူးကို ရင္ဘတ္နား ကပ္ထားကာ ေက်နပ္စြာ ၿပဳံးေနလိုက္သည္။

လြန္ခဲ့ေသာ ရက္အနည္းငယ္က ဓာတ္ေလွကားထဲရွိ အျဖစ္အပ်က္ကို ျပန္သတိရၿပီး သူ႕ရင္ထဲ ေအးစက္သြားရေလသည္။

ဒီလိုအခ်ိန္ဆို မာ၇ွယ္က ႐ုံးခန္းထဲမွာ အလုပ္လုပ္ေနလိမ့္မယ္။ ဒါေပမယ့္ သူကေတာ့ တင္ဆက္သူ ပို႔ေပးထားတဲ့ ဖက္ထုပ္ ရွစ္ခုကို တစ္ဝတစ္ၿပဲ စားရေတာ့မယ္။သူက မာရွယ္ကို အရမ္း သစၥာရွိေပမယ့္ အခု အနည္းငယ္ေတာ့ တုန႔္ဆိုင္းေနမိတယ္။

ဘာပဲျဖစ္ျဖစ္ပါ ဖက္ထုပ္က ၇ွစ္ခု ရွိတာပဲ၊ မာ၇ွယ့္ကို ေလးခုေပးလိုက္မယ္၊

မဟုတ္ဘူး ႏွစ္ခုပဲ ေတာ္ၿပီေပါ့

အဓိကက မာရွယ္ ျမည္းနိုင္ဖို႔ပဲ

ဓာတ္ေလွကား ရပ္သြားသည့္ေနာက္ သူက မာရွယ္၏ ႐ုံးခန္းနားသြားကာ တံခါး ႏွစ္ခ်က္ ေခါက္လိုက္သည္။

" ဝင္လာခဲ့ပါ"

မာရွယ္ထံမွ ခြင့္ျပဳခ်က္ရသည္ႏွင့္ သူ တံခါးကို ဖြင့္လိုက္သည္။
" မာ၇ွယ္ ကြၽန္ေတာ္...."

ထိုစကားက တဝက္တပ်က္ ရပ္သြားသည္။ အခန္းထဲမွ ေမႊးပ်ံ့ေသာ ရနံ႕ေၾကာင့္ သူ မင္သက္သြားေတာ့သည္။ မာရွယ္၏ ေရွ႕တြင္၇ွိေသာ စားပြဲေပၚ ဖြင့္ထားသည့္ ႏွစ္ထပ္ မုန႔္ဘူးကို ေၾကာင္ေတာင္ေတာင္ စိုက္ၾကည့္လိုက္မိသည္။ ထိုဘူး၏ တစ္ထပ္ခ်င္းဆီတိုင္းတြင္ ေသသပ္စြာထည့္ထားေသာ ဖက္ထုပ္ ၁၆ခုစီရွိသည္။ ေဘးဘက္တြင္လည္း ရွာလကာရည္ ဘူးေလးႏွင့္ ပူေႏြးေနေသးသည့္ နို႔တစ္ခြက္ကလည္း ပါသည္။

ေဟာ္ယြင္ခ်န္းက တိတ္ဆိတ္စြာ ေျပာသည္။
" မင္း မေန႕က ငါ့ကို ေကာင္းတယ္လို႔ ၫႊန္ေပးတဲ့ တင္ဆက္သူဆီကေလ။သူ ဒီေန႕ အသစ္ေတြ လုပ္ထားေတာ့ ငါ့ကို အမ်ားႀကီး ပို႔ေပးလိုက္တယ္။ ထိုင္ၿပီး စားပါဦး"

လီခိုင့္လက္ေမာင္းအတြင္း၇ွိ ရွစ္ခုသာ ပါေသာ ဖက္ထုပ္ဘူးက အလြန္တရာ ေပါ့႐ႊတ္သြားေတာ့သည္။မ်က္စိေရွ႕က အဆင့္အတန္းျမင့္ စားေသာက္ပြဲႏွင့္ ယွဥ္လွ်င္ သူ၏ ဖက္ထုပ္ဘူးက သနားဖို႔ေတာင္ ေကာင္းေနသည္။ သူ ေျပာလိုက္သည္။

" မာ၇ွယ္လည္း တိုက္ရိုက္ ထုတ္လႊင့္တာကို ၾကည့္လိုက္တာလား"

ေသစမ္း
ငါ့မ်က္လုံးနာတယ္
ငါ့ ရင္နာတယ္

မေန႕ကညက ႐ုတ္တရက္ေပၚလာေသာ အာဏာရွင္ကို သူ သတိရလိုက္သည္။
ဒါ ေသခ်ာေပါက္ ေဟာ္ယြင္ခ်န္းပဲ ။ တဖက္လူရဲ႕ အေကာင့္နာမည္ကလည္း ေဟာ္ေလ။ သူ ဘာလို႔ သတိမထားမိရတာလဲ

သူက ေဟာ္ယြင္ခ်န္း၏ ေရွ႕ရွိ အဆင့္အတန္းျမင့္ ေန႕လည္စာဘူးကို ၾကည့္သည္။ဒါက အျခားသူေတြကို ပို႔သည့္ ဘူးေတြထက္ တဝက္မက ႀကီးသည္။

" ဘာျဖစ္လို႔လဲ"

ေဟာ္ယြင္ခ်န္းလည္း သူ႕တပ္ေရး ဗိုလ္ႀကီးက အတန္ၾကာေအာင္ မလႈပ္ဘဲ ေတာင့္ေတာင့္ႀကီး ရပ္ေနေၾကာင္း ေတြ႕ရသျဖင့္ ေမးလိုက္သည္။

" အာ ကြၽန္ေတာ့္မွာလည္း ေဝစုရွိပါတယ္..."
သူ ခပ္တိုးတိုး ေျပာလိုက္သည္။

ေဟာ္ယြင္ခ်န္းက ေခါင္းတစ္ခ်က္ ၿငိမ့္သည္။
" ဒီေလာက္နဲ႕ မင္း ဘယ္ဝမွာလဲ။ လာ ထိုင္ စား"

သူ႕မာ၇ွယ္က သူ႕ရဲ႕ နည္းပါးတဲ့ ဖက္ထုပ္ေတြကို ၾကည့္ၿပီး ေလွာင္ရယ္မယ္လို႔ေတာ့ မထင္ေပ။ ေနာက္ၿပီး မာ၇ွယ္ကလည္း ဒီလို လူမ်ိဳး မဟုတ္ဘူးေလ။ထို႔ေၾကာင့္ သူက တံခါးကို ပိတ္ကာ ဝင္ထိုင္လိုက္သည္။

ဟီးဟီး ဘာပဲျဖစ္ျဖစ္ အမ်ားႀကီး စားရၿပီ

သူက တူျဖင့္ ေသးငယ္ေသာ ဖက္ထုပ္ တစ္ခုကို ယူစားလိုက္သည္။ အ႐ြက္က ပါးသျဖင့္ တခ်က္ ကိုက္လိုက္႐ုံမွ်ျဖင့္ ေပါက္ထြက္သြားေလသည္။ႏွစ္ခ်က္ကိုက္႐ုံျဖင့္ တစ္ခု ကုန္သြားသည္။ ပါးစပ္ထဲ က်န္ရစ္ခဲ့သည္က ေကာင္းမြန္သည့္အ ရသာ သာ ျဖစ္၏။ ဖက္ထုပ္က တင္ဆက္သူ ေျပာသလိုပဲ၊ ပါးလ်တဲ့ အျပင္သားရယ္၊ ႏူးညံ့တဲ့ အသားနဲ႕ အရည္႐ႊမ္းတဲ့ အရသာက ၿပီးျပည့္စုံတယ္။

" ေကာင္းလိုက္တာ အရမ္း အရသာရွိတယ္"
သူက ထပ္ခါတလဲလဲ ေရ႐ြတ္ကာ ေနာက္တစ္ခုကို လက္လွမ္းလိုက္သည္။

သူ ပုဇြန္ ဖက္ထုပ္ကို စားလိုက္သည့္အခါ အမူအယာက စြဲလန္းသလိုပုံစံ ေျပာင္းသြားေလသည္။
" ဝိုး ပုဇြန္ ဖက္ထုပ္က ပိုေကာင္းတာပဲ"

တစ္ခုၿပီး တစ္ခု ေလာဘတႀကီး ဆက္စားၿပီးေနာက္ မေန႕က တိုက္ရိုက္ထုတ္လႊင့္မႈကို သတိရသြားၿပီး ေျပာလိုက္သည္။
" မာရွယ္ အဲ့ဒိလူေတြ ဘယ္က ေရာက္လာတယ္ထင္လဲ။ ေနာက္ဆုံး သူတို႔ ဘာလုပ္ခ်င္တာ ျဖစ္နိုင္ေလာက္လဲ"

ထိုသူေတြက တင္ဆက္သူကို ေဒါသထြက္ေအာင္ လုပ္ရန္ မေကာင္းသည့္ ရည္႐ြယ္ခ်က္ျဖင့္ ေရာက္လာၾကသူေတြမွန္း သူ သိေနေပသည္။

ေေဟာ္ယြင္ခ်န္းက သူမ်ားကိစၥကို ဝင္စြက္ဖက္ရျခင္းအားလုံး၀ သေဘာမက်ေပ။ သို႔ေသာ္ ဒီတင္ဆက္သူက သူပုံမွန္ စားေသာက္နိုင္ေအာင္ လုပ္ေပးနိုင္သူ ျဖစ္သည္။
ဆိုေတာ့ သူနဲ႕ မပက္သတ္ဘူးလို ဘယ္ေျပာလို႔ရပါ့မလဲ။ ေနာက္ၿပီး ဒါက က်င္းက်န္း ပလက္ေဖာင္း လက္ေအာက္ကေလ။

သူက စစ္တပ္ ျပန္တမ္းဝင္ အရာ၇ွိေတာင္ မဟုတ္သည့္ အဆင့္မွ လက္၇ွိ ရာထူးအထိ ကိုယ္တိုင္ ႀကိဳးစားၿပီး ရလာျခင္းျဖစ္သည္။သူက မိသားစုေနာက္ခံေၾကာင့္ အျမင့္သို႔ ေရာက္လာသူ တစ္ေယာက္ မဟုတ္ေပ။သို႔ေသာ္ သူ႕မိသားစု ေနာက္ခံကလည္း အလြန္ ျမင့္မားေပ၏။

ေဟာ္မိသားစုဟာ မ်ိဳးရိုးအဆက္ဆက္ စစ္တပ္ထဲ ဝင္ခဲ့ၾကကာ သူတို႔၏ ေသြးေတြျဖင့္ အင္ပါယာကို ကာကြယ္ခဲ့ၾကသည္။သူတို႔မိသားစုမွ မာ၇ွယ္မ်ားစြာ ထြက္ေပၚခဲ့ကာ သူ႕ဖခင္ကလည္း မာ၇ွယ္တစ္ေယာက္ ျဖစ္သည္။

သူ႕အကို၏ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္စြမ္းအားက အက္စ္အဆင့္ မဟုတ္သည့္တိုင္ ဉာဏ္ရည္က ျမင့္မားသည္။ လက္၇ွိတြင္ အသက္၆၀သို႔ ေရာက္ၿပီျဖစ္ကာ ရင့္က်က္သည့္ အ႐ြယ္ျဖစ္ၿပီး သိပၸံ အကယ္ဒမီ၏ ဥကၠဌလည္း ျဖစ္သည္။

သူ႕မိခင္ဆိုလွ်င္ ေဖ်ာ္ေျဖေရး နယ္ပယ္တြင္အလြန္ ေက်ာ္ၾကားေသာ အင္တာတိန္းမန႔္ ကုမၸဏီကို တည္ေထာင္ထားကာ က်င္းက်န္းကလည္း သူမ၏ လက္ေအာက္မွျဖစ္သည္။ ၿခဳံေျပာရလွ်င္ သူတို႔ တစ္မိသားစုလုံးက အင္ပါယာ၏ ေထာက္တိုင္ေတြ ျဖစ္သည္။

" ငါ အေမနဲ႕ ေျပာၿပီးၿပီ၊ အေမက ကူညီၿပီး စစ္ေပးလိမ့္မယ္"
ေဟာ္ယြင္ခ်န္းက ဖက္ထုပ္ တစ္ခုကို ပါးစပ္ထဲ ထည့္ကာ ေကာင္းမြန္လြန္းသည့္ အရသာကို ခံစားသည္။

အျခားသူေတြ သဘာ၀ စားစရာေတြ ႀကိဳက္ေနတာကို မအံ့ၾသေတာ့ဘူး

သူ႕အေမလည္း ရွိေနတာဆိုေတာ့ ဒီတင္ဆက္သူကို တစ္ခုခု ျဖစ္သြားဖို႔ သူ ခြင့္ျပဳမွာ မဟုတ္ဘူး။ ေနာက္ၿပီး အဆိုးဆုံး အေျခအေန ျဖစ္လာရင္လည္း အိမ္မွာ စာဖိုမႉး လုပ္ဖို႔ ေခၚထားလိုက္မယ္။ အင္း ဒါကေတာင္ ပိုေကာင္းမယ့္ပုံပဲ

႐ုတ္တရက္ လီခိုင္၏ အလင္းဦးေႏွာက္က ေဖာက္ခနဲ နိုတီ ျမည္သံကို ေပးလာသည္။ ဒါက သိပၸံ အကယ္ဒမီမွ ေၾကျငာခ်က္ ထုတ္ျပန္ျခင္းျဖစ္ကာ ထိုထုတ္ျပန္ခ်က္က ဖန္သားျပင္ အထက္တြင္ ေပၚထြက္လာေလသည္။

'သိပၸံ အကယ္ဒမီက ပုဇြန္ ေခါင္းထဲမွာ အညစ္အေၾကးေတြနဲ႕ ပိုးမႊားေတြ ၇ွိတယ္လို႔ အတည္ျပဳေပးလိုက္ပါတယ္'

ထိုသတင္းက ေဝ့ေပၚတြင္လည္း တက္လာေလသည္။

" @ရွားမီ v : လက္ေတြ႕လုပ္ျပတာက စကားမ်ားေနတာထက္ သာတယ္။ ... ဗီဒီယို လင္ခ့္.. သိပၸံ အကယ္ဒမီက ပုဇြန္ရဲ႕ ေခါင္းနဲ႕ ကိုယ္တြင္းက ကလီစာအခ်ိဳ႕ ဆက္စပ္မႈရွိေနေၾကာင္း အတည္ျပဳေပးလိုက္တယ္။ ဥပမာ အစာအိမ္နဲ႕ ႏွလုံးေပါ့။ အဲ့ဒိထဲမွာ အညစ္အေၾကးေတြနဲ ပိုးမႊားေတြ ရွိေနတယ္။ ဒါေပမယ့္ အသားကေတာ့ တကယ္ အရသာရွိတယ္။ အားလုံးပဲ ခ်က္စားၾကရင္ ေခါင္းကို ဖယ္ပစ္ဖို႔ ေျပာခ်င္ပါတယ္...ဓာတ္ပုံ.... "

သူမက သိပၸံ အကယ္ဒမီမွ တင္ထားေသာ အေသးစိတ္ ခြဲျခမ္း စိတ္ျဖာျပထားသည့္ ပုံကိုပါ တြဲလ်က္ ျပထားသည္။ရွားမီက မနက္ပိုင္းက ခ်က္ျပဳတ္ျပသည့္ တိုက္ရိုက္ ထုတ္လြင့္မႈ လင့္ခ့္ကိုေတာင္ ထည့္ထားေပးေသးသည္။ ဒါက တင္ဆက္သူကို ျပင္းထန္စြာ သတ္ျဖတ္တတ္သူ၊ ရက္စက္ရတာကို ႏွစ္ၿခိဳက္သူဆိုၿပီး စြပ္စြဲထားၾကသူတိုင္းကို ပါးရိုက္လိုက္ျခင္း ျဖစ္သည္။

ထိုသတင္း ေၾကျငာၿပီးသည္ႏွင့္ ျပန္လည္ ေဝမွ်ၾကသူေတြက တစ္နာ၇ီအတြင္းမွာတင္ သန္းေက်ာ္သြားသည္။ ခြဲျခမ္စိတ္ျဖာျပထားသည့္ ပုံေတြကလည္း ေဝ့ေပၚတြင္ အဆင့္တက္လာသည္။ ၾကည့္ရႈသူေတြကမူ ရန္စ စကားေျပာခဲ့သူေတြကို ၾကည့္ၿပီး ေပ်ာ္႐ႊင္ေနၾကသည္။ တခ်ိဳ႕ဆိုလွ်င္ စာဖိုမႉး အစည္းအ႐ုံးကို ဆြဲသြင္းလာၾကေသးသည္။

" တင္ဆက္သူ အသစ္က ႏွစ္နာရီအတြင္း ပုဇြန္ ခ်က္နည္း သိတဲ့အျပင္ သိပၸံ အကယ္ဒမီကေတာင္ အေျဖမ၇ွာနိုင္ေသးတာကကို ရွာနိုင္လိုက္တယ္။ စာဖိုမႉး အစည္းအ႐ုံးမွာ ကြၽမ္းက်င္ပညာရွင္ေတြ အမ်ားႀကီးရွိေနတယ္။ ဒါေပမယ့္ လုပ္နိုင္စြမ္းက မျမင့္ဘူးပဲ။ ခင္မ်ားတို႔ ယူထားတဲ့ ရန္ပုံေငြေတြက ဘယ္ေလာက္ေတာင္ ျမင့္လိုက္သလဲ။ ဘာလဲ ႐ုံးခန္းထဲမွာ ဇိမ္ခံစားေနၿပီး အလုပ္က်ေတာ့ ေကာင္းေကာင္း မလုပ္ဘူးေပါ့ေလ"

--------*

" အသုံးမက်တဲ့ အမွိုက္ေတြ"

စာဖိုမႉး အစည္းအ႐ုံး၏ ဒုဥကၠဌ ႐ုံခန္းထဲရွိ ထိပ္ဆုံးေနရာတြင္ မုတ္ဆိတ္ေမႊးေတြႏွင့္ သက္လတ္ပိုင္းအ႐ြယ္ လူတစ္ေယာက္က မည္းေမွာင္သည့္ အမူအယာႏွင့္အတူ ရွိေနသည္။

အခန္းထဲတြင္ ထိုင္ေနသည့္ လူငါးေယာက္ ေျခာက္ေယာက္ေလာက္၇ွိေသးကာ ပုဇြန္ျပဳတ္ထားသည့္ အိုးရွိရာ စားပြဲကို ဝိုင္းကာ ထိုင္ေနၾကသည္။

ယြမ့္ထန္းလုပ္ေသာ ဖက္ထုပ္ကို သူတို႔ ပိုက္ဆံ မည္မွ်ပင္ သုံးေစကာမူ မရနိုင္ေပ။ ထို႔ေၾကာင့္ ဖန္သားျပင္မွ တဆင့္သာ ျမည္းနိုင္ၾကေပသည္။

မုတ္ဆိတ္ႏွင့္လူက စိတ္ကို ထိန္းကာ ပုဇြန္ကို ဆယ္ကာ ပါးစပ္ထဲ ထည့္သည္။ ႏွစ္ခါေလာက္ ဝါးၿပီးသည္ႏွင့္ ေထြးထုတ္လိုက္၏။

ယြမ့္ထန္းလုပ္ေသာ ဖက္ထုပ္မွ ပုဇြန္သားက ႏူးညံ့ ေမႊးပ်ံ့ကာ အရသာ၇ွိသည္။ သို႔ေသာ္ သူတို႔ လုပ္ေသာ ပုဇြန္မွာမူ ညွီစို႔ကာ နံေစာ္ၿပီး ငံတူးေနသည္။ ႏွစ္ခုကို ႏွိုင္းယွဥ္လွ်င္ ေကာင္းကင္ႏွင့္ ေျမႀကီးကဲ့သို႔ ကြာျခားသည္။

သူ႕မ်က္ႏွာက အလြန္ ၾကည့္ရဆိုးေနကာ မဲ့ၿပဳံး ၿပဳံးေနသည္။
" ဒီတင္ဆက္သူပဲ ျဖစ္ျပန္ၿပီ။ ပထမတစ္ခါ ငါတို႔ရဲ႕ အႀကံကို ဖ်က္ဆီး႐ုံတင္ မကဘူး အခု ေနာက္တစ္ႀကိမ္ ျဖစ္ျပန္ၿပီ။ အရမ္း ေကာင္းတယ္။"

သူက ပုဇြန္ေတြကို တံခါးဘက္သို႔ ပစ္ထုတ္လိုက္ရာ ပန္းကန္က တိုက္မိၿပီးကြဲသြားသည္။ ဒါက  စာဖိုမႉးတိုင္းကို အသံမထြက္ရဲေလာက္ေအာင္ ေၾကာက္လန႔္ေစေပသည္။

" ဥကၠဌခ်ီ ဒါ ကကြၽန္ေတာ္တို႔ကိုေတာ့ အျပစ္တင္လို႔ မရပါဘူး။ အဲ့ဒိကေလးရဲ႕ ေနာက္ခံက အင္အားေတာင့္ေနတာ ျဖစ္မယ္။ ကြၽန္ေတာ္တို႔က ေရတပ္ဌားၿပီး တိုက္ခိုက္ခိုင္းထားေပမယ့္ ေနာက္ေတာ့ အာဏာ၇ွင္ တစ္ေယာက္ ေပၚလာၿပီး မိနစ္ျခားၿပီး ပိုက္ဆံ ေသာင္းေက်ာ္ ႀကဲခ်ေနေတာ့ ဘာမွ မတတ္နိုင္ဘူး ျဖစ္သြားတာေပါ့။ ေနာက္ၿပီးသူတို႔ အေကာင့္တိုင္း အဘန္းခံလိုက္ရတယ္။ဒါက...."

ထိုသူက ဆက္ေျပာသည္။
" ၾကည့္ရတာ သိပၸံ အကယ္ဒမီမွာ သူနဲ႕ ပက္သတ္သူ တစ္ေယာက္ေယာက္၊ ဒါမွမဟုတ္ သူကိုယ္တိုင္ ဆက္စပ္ေနတာျဖစ္မယ္။ ပုဇြန္ကို ထုတ္ျပန္လိုက္တာ ႏွစ္နာရီပဲ ၾကာေသးတဲ့အခ်ိန္မွာ သူက ဘယ္လိုျဖစ္ၿပီး ခ်က္နည္းကို သိေနရတာလဲ။ ေနာက္ၿပီး သိပၸံ အကယ္ဒမီရဲ႕ တုန႔္ျပန္ပုံကလည္း ထူးဆန္းေနတယ္။ တစ္ခုခုေတာ့ တစ္ခုခုပဲ"

မုတ္ဆိတ္ႏွင့္လူ၏ မ်က္ႏွာက ထင္သေလာက္ ၾကည့္ရမဆိုးေတာ့ေပ။

" ျဖစ္နိုင္တယ္။ သူက သိပၸံ အကယ္ဒမီက လူျဖစ္မယ္"

" ငါတို႔ဘက္က ထည့္ထားတဲ့လူက အားနည္းတယ္။ ငါတို႔က ပစၥည္းအသစ္ထြက္ေတာ့မယ္ဆိုရင္ ရက္နည္းနည္းပဲ ႀကိဳသိရတယ္။ ဒါေပမယ့္ အဲ့ေကာင္ကိုယ္တိုင္က သိပၸံ အကယ္ဒမီက လူဆိုရင္ အမ်ားႀကီး ႀကိဳၿပီး သိရဖို႔က ေသခ်ာေနၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ့္တို႔အတြက္ ခက္ခဲေနတာေပါ့"

သူက ခ်ီေက်ာက္ကို ၾကည့္ကာ ေျပာသည္။
" ဥကၠဌ ကြၽန္ေတာ္တို႔ဘက္က မလုပ္နိုင္တာ မဟုတ္ဘဲ ရန္သူကကို အားသာလြန္းေနတာပါ"

သူေျပာသြားသည့္ စကားေတြက အက်ိဳးအေၾကာင္း သင့္လြန္းေနတာ မဟုတ္ေသာ္လည္း ဥကၠဌလို႔ အေခၚခံလိုက္ရသျဖင့္ ခ်ီေက်ာက္၏ မ်က္ႏွာေၾကာက ေလ်ာ့သြားကာ လက္ကို စားပြဲအား တတာက္ေတာက္ ေခါက္ရင္း ေျပာလိုက္သည္။

" ဒီယြမ့္ထန္းက ငါတို႔က ပုဇြန္ကို အားစိုက္ေနတဲ့အခ်ိန္မွာ အာလူးကို ခ်က္ျပတယ္။ အခု ငါတို႔က ပုဇြန္ကို မိတ္ဆတ္ျပေတာ့မယ့္အခ်ိန္မွာ သူက ပုဇြန္ကို အေပးအလႊား ခ်က္ျပတယ္။ ေနာက္ၿပီး နည္းလမ္းက ငါတို႔ထက္ အမ်ားႀကီး သာတယ္"

သူက လူအုပ္ကို ေအးစက္စြာ ၾကည့္ကာ ေျပာသည္။
" ဥကၠဌရဲ႕ ရာထူးက တစ္ႏွစ္ပဲ က်န္တယ္။ ဒီၾကားထဲ ဘာ အမွားအယြင္းမွ မျဖစ္ရင္ ေနာက္တက္မယ့္ ဥကၠဌက ငါပဲ"

" ဒါေပမယ့္ ဆုံးျဖတ္ခ်က္က...ဟမ့္"

သူက လက္သီးတင္းတင္ ဆုပ္ကာ ေျပာသည္။
" အဲ့ဒိ အဘိုးႀကီးေတြ ဒီတင္ဆက္သူကို မေတြ႕ေစနဲ႕"

ထိုအခ်ိန္တြင္ အျပင္ဘက္မွ တံခါးေခါက္သံ ထြက္လာသည္။

" ဘယ္သူလဲ"
ခ်ီေက်ာက္က အသံကို ျမင့္ၿပီး ေမးသည္။

" ဒုဥကၠဌ ခ်ီ ဥကၠဌကုက အစည္းအေဝးခန္းထဲကို ေခၚလိုက္ပါတယ္"

" ငါ သိၿပီ မင္း သြားေတာ့"

တဖက္သူ ထြက္သြားၿပီးေနာက္ သူက သူ႕လူေတြကို ခပ္တိုးတိုး ေျပာသည္။
" အခုတေလာေတာ့ အဲ့ဒိ တင္ဆက္သူကို ၇န္မစနဲ႕ေတာ့။ သူ႕ေနာက္ခံကိုသာ ေသခ်ာ စုံစမ္းေန"

" ဟုတ္ကဲ့"

ခ်ီေက်ာက္ အစည္းအေဝးခန္းထဲသို႔ ေရာက္လာသည့္အခါ လူအျပည့္ ၇ွိေနေလၿပီ။ တဝက္ေလာက္က ယခင္ အာဏာ၇ွိ အႀကီးအကဲေတြ ျဖစ္ၾကသည္။ သည္တစ္ႀကိမ္ ထိပ္ဆုံးေနရာတြင္ ထိုင္ေနသူမွာ ျဖဴေဖြးေနေသာ မုတ္ဆိတ္ေမႊးေတြကို ပိုင္ဆိုင္သည့္ လူအိုႀကီးတစ္ေယာက္ျဖစ္သည္။ သူက စာဖိုမႉး အစည္းအ႐ုံး၏ ဥကၠဌ ကုလဲ့က်ီျဖစ္သည္။

သူက ခ်ီေက်ာက္ကို ေခါင္းၿငိမ့္ျပၿပီး ထိုင္ခိုင္းသည္။
" ကဲ အားလုံး ေရာက္ၿပီဆိုမွေတာ့ အစည္းအေဝးကို စၾကရေအာင္။ မင္းတို႔ေတြ အခုတေလာ ပလက္ေဖာင္းေပၚက တိုက္ရိုက္ ထုတ္လႊင့္မႈေတြကို ၾကည့္ၿပီးၾကၿပီလား"

အားလုံး ေခါင္းၿငိမ့္ၾကသည္။ စာဖိုမႉး အစည္းအ႐ုံးမွ စားဖြယ္ေတြကို သိပၸံ အကယ္ဒမီမွ ထုတ္ကုန္ေတြျဖင့္သာ ခ်က္ျပဳတ္ရသျဖင့္ အားလုံးနီးပါး အကယ္ဒမီကို followထားၾကေပသည္။ ခ်ီေက်ာက္သာ ခုံေအာက္တြင္ လက္ကို တင္းတင္း ဆုပ္ထားေပ၏။ ျဖစ္ရပ္ေတြက သူ မျဖစ္ေစခ်င္သည့္ ဘက္သို႔ ဦးတည္ေနသည္။

ေသခ်ာစြာပင္ ဥကၠဌက ေမးလာသည္။
" ဒါဆိုရင္ မင္းတို႔ေတြ က်င္းက်န္းက နာမည္ႀကီးေနတဲ့ တိုက္ရိုက္ ထုတ္လႊင့္တဲ့ တင္ဆက္သူကို သိၾကလား"

ဘုန္း

လူတိုင္း ခ်ီေက်ာက္ကို ၾကည့္လိုက္ၾကသည္။ သူ႕အၿပဳံးက ေတာင့္တင္းေနကာ သူ႕ေရွ႕ရွိ ေရခြက္က က်ကြဲသြားသည္။

" ငါေတာ့ သူက အေတာ္ စိတ္ဝင္စားဖို႔ ေကာင္းတယ္လို႔ ထင္တယ္။ သူက ခ်က္ျပဳတ္ေရးနဲ႕ ကုန္ၾကမ္းေတြအေပၚ ထူးျခားတဲ့ အျမင္၇ွိတယ္။ "

ဥကၠဌကုက စကားကို ရပ္ကာ ဆက္ေျပာသည္။
" ငါတို႔ အစည္းအ႐ုံးမွာ ဒီလို လူမ်ိဳးေတြ မရွိတာ ၾကာၿပီ။ သူ႕ကို စည္း႐ုံးၿပီး ဖိတ္ေခၚလိုက္ရင္ေရာ မင္းတို႔ ဘယ္လို သေဘာရလဲ"

" ကြၽန္ေတာ္ ကန႔္ကြက္တယ္"
ခ်ီေက်ာက္၏ အသံ ထြက္လာသည္။

" အိုး ဘာလို႔လဲ"
ဥကၠဌက သူ႕ကို သံသယ အျပည့္ျဖင့္ ၾကည့္သည္။

ခ်ီေက်ာက္က ဆို၏။
" သူက ဘယ္ကမွန္း မသိရဘူး။ ႐ုတ္တရက္ ေပၚလာၿပီး ကုန္ၾကမ္း အသစ္ႏွစ္မ်ိဳးနဲ႕ ခ်က္ျပသြားတယ္။ ဘယ္သူသိမွာလဲ သူက တစ္ေယာက္ေယာက္က ေထာက္လွမ္းဖို႔ လႊတ္ထားတဲ့ သူလည္း ျဖစ္နိုင္တာပဲ။ ေနာက္ၿပီး သူ႕မွာ လက္မွတ္ေတာင္ ၇ွိပါ့မလား"

ဥကၠဌက ေခါင္းၿငိမ့္သည္။
" ဟုတ္တယ္။ ဒါေပမယ့္ မင္း မပူပါနဲ႕ ငါတို႔ သူ႕ကို အစည္းအ႐ုံးထဲ ဝင္ခိုင္းတဲ့အခါ ေနာက္ေၾကာင္းက သိရမွာပါပဲ။ ေနာက္ၿပီး လက္မွတ္အတြက္ကေတာ့ တစ္ရက္ေလာက္ စာေမးပြဲ လာေျဖခိုင္းလိုက္မယ္"

ဥကၠဌက ဒီေလာက္အထိ ေျပာေနကာ သူကိုယ္တိုင္လည္း ျငင္းရန္ အေၾကာင္းျပခ်က္ ၇ွာမရသျဖင့္ လက္ခံလိုက္ရေလသည္။

-----------

ဘာသာျပန္သူမွာ ေတာင္းပန္စရာ ရွိပါတယ္

၂ပိုင္းလို႔ ေျပာမိသလားပဲ၊ဒါေပမယ့္ ေျပာၿပီးခဏ ဖုန္းခ်ထားလိုက္တာနဲ႕ လုပ္စရာက ေပၚလာပါတယ္၊ဆိုေတာ့ ခုတစ္ပိုင္းနဲ႕တင္ ရပ္ပါမယ္😆

ေကာင္ေလး မပါေတာ့ ပ်င္းစရာေကာင္းသြားတယ္၊စာလည္း နည္းနည္းတိုတယ္🤣

Continue Reading

You'll Also Like

253K 9.1K 39
แ€–แ€ฎแ€ธแ€”แ€…แ€บแ€„แ€พแ€€แ€บแ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ท แ€›แ€„แ€บแ€€แ€ฝแ€ฒแ€™แ€แ€แ€บแ€กแ€ฑแ€ฌแ€บแ€Ÿแ€…แ€บแ€žแ€ถแ€Ÿแ€ฌ แ€œแ€ฑแ€ฌแ€„แ€บแ€€แ€ปแ€ฝแ€™แ€บแ€ธแ€กแ€ถแ€ทแ€†แ€ฒแ€†แ€ฒ แ€กแ€แ€ฑแ€ฌแ€„แ€บแ€•แ€ถแ€แ€ฝแ€ฑแ€”แ€ฒแ€ทแ€กแ€แ€ฐ แ€•แ€ปแ€ฑแ€ฌแ€€แ€บแ€€แ€ฝแ€šแ€บแ€•แ€ปแ€€แ€บแ€…แ€ฎแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€ฑแ€ฌแ€ทแ€™แ€šแ€บแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€™แ€พแ€ฌ แ€„แ€ซแ€Ÿแ€ฌ แ€™แ€„แ€บแ€ธแ€”แ€ฒแ€ทแ€”แ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€€แ€ผแ€ญแ€™แ€บ...
254K 6.7K 68
"แ€•แ€ฐแ€แ€„แ€บแ€ธแ€œแ€ฑแ€ธแ€€แ€˜แ€ฌแ€œแ€ฒ" "แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บ" "แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€แ€ญแ€ฏแ€ทแ€€แ€›แ€ฑแ€ฌแ€˜แ€ฌแ€œแ€ฒ " "แ€™แ€ฑแ€ฌแ€„แ€บแ€”แ€พแ€™" "แ€Ÿแ€ฌ..."
498K 33.2K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
324K 12.9K 40
แ€€แ€ญแ€ฏแ€šแ€บแ€Ÿแ€ฌ แ€€แ€ผแ€ญแ€ฏแ€ธแ€แ€ญแ€ฏแ€„แ€บแ€ธแ€‘แ€ฒแ€™แ€พแ€ฌ แ€€แ€ญแ€ฏแ€šแ€บแ€ทแ€€แ€ญแ€ฏแ€…แ€ญแ€”แ€บแ€แ€ฑแ€ซแ€บแ€œแ€ฌแ€žแ€™แ€ปแ€พแ€€แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€กแ€€แ€ฏแ€”แ€บ แ€‘แ€ญแ€ฏแ€ธแ€›แ€ฒแ€แ€šแ€บ แ€žแ€แ€บแ€›แ€ฒแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€”แ€ญแ€ฏแ€„แ€บแ€™แ€šแ€บแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€šแ€ฏแ€ถแ€€แ€ผแ€Šแ€บแ€™แ€พแ€ฏแ€›แ€พแ€ญแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€™แ€œแ€ฏแ€•แ€บแ€›แ€ฒแ€แ€ฌแ€˜แ€ฌแ€™แ€พแ€™แ€›แ€พแ€ญแ€˜แ€ฐแ€ธแ€œแ€ญแ€ฏแ€ทแ€‘แ€„...