~ပင်လယ်လို မောင်~(ပင္လယ္လိုေမ...

By lka__thv

202K 19.8K 3.7K

...မောင်က ပင်လယ်ကြီးနဲ့တူတယ်... ...ေမာင္က ပင္လယ္ႀကီးနဲ႔တူတယ္... Start Date-3. 7. 2021 End Date-21. 10. 2021 More

အပိုင်း-(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)-ဇာတ်သိမ်းပိုင်း
heyyy
Extra 1
Extra 2
! BOOK!

အပိုင်း(၂၂)

6.9K 855 141
By lka__thv

Unicode

ရုံးခန်းထဲမှာ စာရွက်စာတမ်းတွေကို တစ်ခုချင်းစီ ဂျီမင်းသေချာစစ်ဆေးနေမိသည်။ Smartကျတယ်၊ တိကျတယ်ဆိုတဲ့ဝေါဟာရနဲ့ ပတ်ဂျီမင်းဆိုတဲ့လူသားကို တွဲမြင်ရလောက်တဲ့အထိ ပတ်ဂျီမင်းကသိပ်ကိုသေသပ်ခဲ့တာ။

"Hyung...ဂျီမင်း"

လှည့်ကြည့်လိုက်​တော့ တံခါးကနေခေါင်းပြူနေတဲ့ သူ့လက်ထောက်လေးဂျောင်ဝူယောင်း။

"​​ေဩာ် ဝူယောင်းနီးပဲ လာလေ"

"ဟုတ်"

"ဘာပြောစရာရှိလို့လဲ"

"ဒီနေ့Jeonphoriaက ကိုယ်စားလှယ်လာမှာနော်hyung"

"​မင်းပဲသွားလိုက်​တော့ ကိုယ်မအားဘူး"

"ဗျာ ကျွန်တော့်ကိုhyungစိတ်ချလို့လား"

"နိုင်ငံခြားသားမဟုတ်လို့မင်းကိုလွှတ်တာပါ မဟုတ်ရင် ကိုယ်တိုင်သွားမှာပေါ့"

"ဟုတ်နားလည်ပါပြီ"

"မင်းကိုအားကိုးတယ်နော် သေချာလုပ် အလွဲလွဲအချော်ချော်ဖြစ်တာမျိုး ကိုယ်မကြားချင်ဘူး"

"ဟုတ်ကဲ့hyung..ဒါနဲ့ ဒီနေ့လည်းhyungအများကြီးကြည့်ကောင်းနေတယ် ဟီး.."

ဂျီမင်းပြုံးရုံသာပြုံးပြလိုက်သည်။ ဒီကလေးသူ့ကိုသဘောကျနေမှန်းသူသိတာပေါ့။ ဒါပေမယ့်သူ့အရှိန်အဝါတွေအောက် အသက်ရှူရပ်မတန့် တုန်လှုပ်ခဲ့ရတဲ့ ဂျောင်ဝူယောင်းက သူ့ကိုအစ်ကိုတစ်ယောက်လိုပဲ တစ်ရင်းတစ်နှီးဆက်ဆံခဲ့သည်။ ကလေးတစ်ယောက်က Super Heroတစ်ယောက်ကို သဘောကျသလိုလေးသာ သူ့အနားငြိမ်ငြိမ်လေးနေပေးခဲ့သည်။ သူ့ကိုစိတ်အနှောင့်အယှက်မပေးမချင်း ဒီကောင်လေးကိုလည်း သူကောင်းကောင်းပြန်ဆက်ဆံပေးမှာပါ။

ဝူယောင်းကနေဒါ ရုံးခွဲကိုစရောက်တဲ့နေ့က အတော်ကိုအဆင်မပြေဖြစ်ခဲ့ရသည်။ အသက်အရွယ်ငယ်သေးတာကတစ်ကြောင်း၊ ကိုယ်မသိတဲ့နေရာမှာ ကိုယ်မကျွမ်းကျင်တဲ့ဘာသာစကားနဲ့ပြောဆို ဆက်ဆံရမှာတွေက တစ်ကြောင်းနဲ့ သူ့ကိုယ်သူလုပ်နိုင်ပါ့မလားလို့တောင် စဥ်းစားယူခဲ့ရတဲ့အထိ။ ကံကောင်းထောက်မစွာနဲ့ မန်နေဂျာက ကိုရီးယားလူမျိုးဖြစ်နေခဲ့သည်တဲ့။

Airport မှာသူ့ကိုလာကြိုတဲ့ မန်နေဂျာဆိုတဲ့လူကို တွေ့တွေ့ချင်း သူ့အသက်ရှူသံတွေ ဗလောင်းဗလဲဖြစ်ကုန်တယ်တဲ့အထိကို ထိုလူကမိမိုက်​​နေခဲ့သည်။ အပြာရောင်အစင်းကြောင်းလေးတွေပါတဲ့ shirtကို ကြယ်သီးနှစ်လုံးခန့်ဖြုတ်ထားပြီး အောက်အနားစကို ဘောင်းဘီအနက်ထဲထည့်ထားကာ ဆံပင်ရွှေဝါရောင်တွေနဲ့ သူ့မျက်စိရှေ့ မတ်တပ်ရပ်နေတဲ့ဒီလူသားဟာ ဘယ်လောက်တောင်ခမ်းနားလိုက်သလဲ။

အဲ့နေ့ကစပြီး သူရူးရူးမူးမူးကိုစွဲလန်းခဲ့တာ။ အလုပ်ထဲခေါင်းစိုက်ရမှာ အလွန်ငြီးငွေ့တဲ့ သူ့လိုအသက်နှစ်ဆယ်စွန်းကာစလူငယ်လေးက အသက်သုံးဆယ်ထဲဝင်နေပြီဖြစ်တဲ့ ပတ်ဂျီမင်းရဲ့အနားကြာကြာလေးပိုနေရဖို့ Over time တွေတောင် အလွန်အကျွံဆင်းမိတဲ့အထိ။

အမြဲတင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းဖူးဖူးတို့ဆီကနေ အပြုံးရိပ်လေးကိုမြင်ချင်မိတာကြောင့် ပြက်လုံးတွေပြောပြခဲ့ပေမယ့် ပြန်ရခဲ့တာက လဲသေနိုင်လောက်တဲ့ အကြည့်စူးစူးတွေ။ အဲ့မျက်လုံးတွေရဲ့အရှိန်အဝါကပြောမပြတတ်အောင်ကိုပဲ။ အလိုလိုနေရင်း ခြေတော်အောက်ဒူးပြေးထောက်ချင်စရာ အငွေ့အသက်တွေနဲ့။

အလုပ်လုပ်ရင်း သူ့ကိုနားလည်လာရတာက ဝန်ထမ်းတွေကိုအရမ်းအရေးပေးတယ်။ သူ့ကိုတော့ပိုအရေးပေးတယ်ပြောရမလား။ နှစ်ယောက်တည်းရှိချိန်ဆို Hyungလို့ခေါ်လို့ရတယ် ဆိုတဲ့ဆုလာဘ်တစ်ခုကိုပါ အပိုပေးသွားလေသည်။ နှုတ်ခမ်းဖူးဖူးတို့ကနေ ဝူယောင်းနီးလို့အခေါ်ခံလိုက်ရတုန်းက သူ့မှာငုတ်တုပ်ကြီးသတိမေ့တဲ့အထိ။

အမြဲတည်တင်းနေတဲ့မျက်နှာက တစ်ခါတစ်လေ သူ့ကိုတော့စိတ်လိုလက်ရ ပြုံးပြတတ်သေးတာ။မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ၊ သွားတန်းလေးတွေပေါ်လာတဲ့အထိ။ အဲ့အချိန်တွေဆို စကြာဝဠာကြီးရဲ့ ဖြစ်တည်မှုတွေပျောက်ဆုံးသွားသလိုမျိုး အားလုံးကိုမေ့ပြစ်လိုက်မိတာ။ ပတ်ဂျီမင်းဆိုတဲ့နာမည်လေး ကြားရရုံနဲ့တင် ဘယ်ဘက်ရင်အုံကနေ လှိုင်းကလေးဖြတ်ပြေးသွားတဲ့အထိကို ဂျောင်ဝူယောင်းက တစ်ငြိမ့်ငြိမ့်နဲ့ရင်ခုန်တတ်သေးတာ။

တစ်ခါတစ်လေ လမ်းလျှောက်သွားတာ မြင်နေရရင်တောင် ခြေလှမ်းတွေကိုလိုက်ရေတွက်မိတဲ့အထိ ဂျောင်ဝူယောင်းက ပတ်ဂျီမင်းကို အရိုးရှင်းဆုံးချစ်မိခဲ့တာပါ။ ဘာအလိုဆန္ဒ၊ ဘာအတ္တမှမပါတဲ့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ရဲ့ ရိုးရိုးရှင်းရှင်းအချစ်လေးရယ်ပါ။
____________________~_________________

ဂျောင်ကုတစ်ယောက် ကနေဒါကSerendipity Jiရုံးခွဲကို ရောက်လာခဲ့သည်။ လုပ်ငန်းကိစ္စဘာဆိုဘာမှ ခေါင်းထဲမရှိဘဲ ဂျီမင်းဒီမှာ ရှိ၊မရှိ အတည်ပြုချင်တဲ့ အချက်လေးနဲ့သာ သွင်းကုန်ထုတ်ကုန် စစ်ဆေးရန်ရှိသည်ဆိုတဲ့ အချက်လေးကိုဗန်းပြပြီး ညတွင်းချင်းလေယာဥ်နဲ့ရောက်ချလာခဲ့သည်။

အခုလည်း ရုံးထဲကိုသာရောက်လာတာ မျက်လုံးတွေကမသေချာတဲ့ လူကိုရှာနေမိတာ ရှေ့ကလူကိုတောင်မမြင်တဲ့အထိပဲ။

"မဂ်လာပါ ကျွန်တော်ကဒီကလက်ထောက်မန်နေဂျာ ဂျောင်ဝူယောင်းပါ"

"ဟမ်..အာ ဂျွန်ဂျောင်ကုပါ"

အတန်ငယ်ကြောင်သွားပြီးမှ သတိပြန်ဝင်လာကာ လက်ဆွဲနှုတ်ဆက်လိုက်မိသည်။

"ဟင် ဥက္ကဠ"

ကြားလိုက်ရတဲ့နာမည်ကြောင့် ဝူယောင်းလန့်သွားမိသည်။ ဒီလူကJeonphoriaရဲ့ ဥက္ကဋ္ဌ မဟုတ်လား။ ဘာကိစ္စနဲ့ဒီအထိ...။ မဖြစ်ဘူး ဂျီမင်းhyungကိုပဲပြန်လွှဲပေးလိုက်တာအဆင်ပြေမည်။

"မန်နေဂျာကြီးက ရုံးခန်းထဲမှာပါဗျ ကျွန်တော့်အနောက်ကနေလိုက်ခဲ့ပါ"

ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီးသူ့အနောက်လိုက်ဖို့ ​​​ခြေလှမ်းအပြင်...

ဘုတ်...

"အင့်"

ဒီနေ့တော့ ကိုကို့ရုံးခန်းကိုသေချာပေါက် လာလည်မယ်လို့ ဂျီအာဆုံးဖြတ်ထားမိသည်။ ဒါကြောင့်လည်း busလေးတိုးစီးလာကာ ကုမ္ပဏီရှေ့ရောက်လာခဲ့မိသည်။ ကိုကိုသိရင် ကောင်းကောင်းကြီးဆူမှာ။ ပြီးမှပဲအဆူခံတော့မယ် အခုတော့ကိုကို့ဆီအရင်သွားမယ်။ ဒီကိုခဏခဏလာဖူးပေမယ့် ကိုကို့ရုံးခန်းကိုတော့ သူမ မသိ။ တစ်ယောက်တည်းယောင်လည်လည် ဖြစ်နေစဥ် ကိုကို့ရဲ့လက်ထောက်ကောင်လေးကို ဂျီအာလှမ်းတွေ့လိုက်ရသည်။

"ဟာ ဝူယောင်းရေ..."

သူမပြေးခေါ်ဖို့သွားလိုက်ပေမယ့် လူတစ်ယောက်နဲ့တိုက်မိပြီး အင့်ခနဲပင်အသံမြည်ကာ လဲကျသွားခဲ့ရသည်။

"ဒီကမိန်းကလေးအဆင်ပြေ...ဟင် ယွန်း ယွန်းဂျီအာ.."

လဲကျသွားတဲ့ မိန်းကလေးကိုထူဖို့လှမ်းလိုက်တဲ့ လက်တွေဟာ မြင်လိုက်ရတဲ့မျက်နှာကြောင့် လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားရသည်။ ဒါယွန်းဂျီအာလား။ မဖြစ်နိုင်လိုက်တာ။ သူကသေသွားပြီမလား။

ဂျီအာလည်းဆံပင်တွေကိုသေချာ ပြန်သပ်လိုက်ပြီး သူ့ကိုလက်ကမ်းပေးလာတဲ့လူကို ပြန်ကြည့်မိလိုက်သည်။ ဟင်..... အဲ့မျက်နှာကိုကြည့်လိုက်ရတဲ့အချိန်အတွင်း လောကကြီးကရပ်တန့်သွားသလို။ ဒီမျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းပါးပါးတွေကို တစ်နေရာမှာမြင်ဖူးနေသလို။ ယောကျာ်းပီသတဲ့ဒီအသံကိုလည်း ရင်းနှီးနေသလို။ နှစ်ယောက်သားဘာမှမပြောနိုင်ပဲ ဒီအတိုင်းကြည့်နေမိကြသည်။

မဟုတ်ဘူး ဒီလူ့ကိုမြင်ရတာ ဘာလို့ရင်ဘတ်ကြီးကအောင့်တက်လာရတာလဲ။ ပိုင်ဆိုင်ခါနီးကျမှ လက်လွှတ်လိုက်ရသလို အောင့်သက်သက်ခံစားချက်ကြီးကရော ဘာကြီးလဲ။ ဘာလို့သူကမ်းပေးထားတဲ့လက်ကို ကြည့်ပြီးငိုချင်လာရတာလဲ။ ဘာတွေလဲ။

"ဟာ ဂျီအာ..."

ထိုအခြေအနေကိုဖြိုခွင်းလိုက်သူကဝူယောင်း။ ဝူယောင်းကသူမကို အသည်းအသန်ပြေးထူသည်။

"ဂျီမင်းhyungကိုလာတွေ့တာလား"

"အင်း"

"ကိုယ်တို့လည်း hyungဆီသွားမှာ တစ်ခါတည်းလိုက်ခဲ့လေ"

ဂျီမင်းhyungဆီသွားမယ်။ ဒါဆိုကိုကုိဒီမှာရှိနေတာသေချာပြီပေါ့။ ဂျောင်ကုမျက်လုံးတွေ လက်ခနဲဖြစ်သွားသည်။

"မြန်မြန်သွားရအောင်လေ အချိန်မလင့်ခင်လေး"

"သွားကြတာပေါ့ ဒီဘက်ပါ"

စက္ကန့်သုံးဆယ်လောက် ဓာတ်လှေကားစီးအပြီး လက်ထောက်မန်နေဂျာလေးရဲ့နောက်မှလိုက်လာခဲ့လိုက်သည်။ လမ်းအနည်းငယ်လျှောက်မပြီးမှာတော့ တံခါးတစ်ခုအရှေ့ရောက်လာခဲ့သည်။

ဒေါက်...ဒေါက်

"Hyung ကျွန်တော်ဝင်ခဲ့မယ်နော်"

"ဝင်ခဲ့လေ"

ပြန်ကြားလိုက်ရတဲ့အသံကြောင့် ဂျောင်ကုသွေးတွေပွက်ခနဲ။ ဒါသေချာပေါက်ကိုကို့အသံ။ ဘယ်ကမ္ဘာ၊ဘယ်ဘဝရောက်ရောက် အရိုးစွဲနေအောင်မှတ်မိနေမယ့် အသံလှလှလေး။

တံခါးဖွင့်သံကြားလိုက်တော့ ဘာများဖြစ်လို့ပါလိမ့်ဆိုတဲ့ စိတ်ကူးနဲ့လှည့်အကြည့်မှာ မြင်လိုက်ရတဲ့မျက်နှာချောချောကြောင့် ဂျီမင်းအယောင်ယောင်အမှားမှား လက်ထဲကဖောင်တိန်
ပင် လွတ်ကျသွားရသည်။ မောင်...သူသိပ်တမ်းတနေရပေမယ့် ရှောင်ပြေးချင်နေခဲ့တဲ့လူသား။

ဆံပင်တွေအကုန်လုံးကို အနောက်ကိုစုသိမ်းထားတာကြောင့် မြင်နေရင်တဲ့ နှဖူးပြင်ကျယ်ကြီးက ရူးပြစ်ချင်စရာ။ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ပြီး တစ်လှမ်းချင်းလျှောက်လာလေသည်။ သူကိုသေသေချာချာကြည့်နေတာကြောင့် လက်တွေကခပ်တင်းတင်းဆုပ်မိလျက်သား။ အရှိန်အဝါကြီးလှပါတဲ့ပတ်ဂျီမင်းတောင် ထိုအကြည့်တွေအောက် ကြောက်ရွံ့မိတာ။ မောင်ဟာသူ့ထက်ငယ်ရွယ်သလောက် သူ့ထက်ပိုပြီးအင်အားကြီးတယ်။

"ဥက္ကဋ္ဌကိုယ်တိုင်ရောက်လာတာဆိုတော့ မန်နေဂျာကြီး ရှင်းလိုက်ရင် ပိုအဆင်ပြေမယ်ထင်ပြီး ကျွန်တော်ခေါ်လာတာ.."

အခုထိဂျီမင်းမျက်လုံးအပြူးသားနဲ့ ကြောင်နေမိတုန်း။

"မန်နေဂျာကြီး"

နောက်တစ်ခါပြန်ခေါ်မှ အသိပြန်ဝင်လာသည်။

"အာ သိပြီ မင်းတို့အပြင်ထွက်လို့ရ...ဟင် ညီမလေး"

ဂျီမင်းခေါင်းတွေကျိမ်းသွားရသည်။ ဂျောင်ကုနဲ့ညီမလေးတွေ့ပြီးသွားပြီပေါ့။ ဂျောင်ကုကြည့်ရတာ သူကလွဲလို့ဘာကိုမှ စိတ်မဝင်စားတဲ့ပုံစံ။ ညီမလေးကလည်း တစ်ခုခုကိုမမှတ်မိတဲ့ပုံစံ။

"လက်ထောက်ဂျောင်က ညီမလေးကိုအပြင်ပြန်ခေါ်သွားလိုက်ပါ ကျန်တဲ့ကိစ္စကိုယ်ပဲ ဆက်လုပ်လိုက်တော့မယ်"

"ဟုတ်ကဲ့ သိပါတယ်"

"မင်းတို့လည်းသွားကြတော့"

"ဟုတ်ကဲ့ဥက္ကဠ"

ဂျောင်ကုကလည်း သူနဲ့အတူပါလာတဲ့ လူနှစ်ယောက်ကို အပြင်ပထုတ်လိုက်တာဖြစ်သည်။ ဂျောင်ကုရဲ့စကားကြောင့် ဝူယောင်းရဲ့အကြည့်တို့ဟာလည်း စူးခနဲ။ ဒါပေမယ့်hyungစကားနားထောင်ပြီး အပြင်သာထွက်လာခဲ့သည်။

"ဟိုဥက္ကဠကလည်း တစ်မျိုးကြီးပဲနော် hyungနဲ့တစ်ခုခုပတ်သက်နေပုံပဲ"

ဝူယောင်းကသာ ဘေးကနေယှဥ်လျှောက်နေတဲ့ ဂျီအာ့ကိုစကားတွေပြောနေပေမယ့် ဂျီအာကသူ့အားစကားပြန်မလာချေ။

"ပတ်ဂျီအာ"

လက်မောင်းနဲ့တိုက်ကာခေါ်လိုက်မှ သတိဝင်လာဟန်ဖြင့် သူ့အားအဖက်လုပ်လာသည်။

"ဟမ် ဟမ် ဘာလဲ"

"ဟိုဥက္ကဠကတစ်မျိုးပဲလို့"

"အင်း....တစ်မျိုးပဲ"

ပြောရင်းနဲ့သူမအသံက ပြန်လည်တိုးကျသွားပြန်သည်။ ထိုလူ့ကိုမြင်မြင်ချင်းခံစားလိုက်ရဲ့ ခံစားချက်ကြီးကို ပြောပြဖို့ အခုထိစကားလုံးရှာမတွေ့သေး။

ရုံးခန်းထဲနှစ်ယောက်တည်း ကျန်ခဲ့တဲ့အပြင် စူးစူးရဲရဲကြီးစိုက်ကြည့်ခံနေရတာကြောင့် ဂျီမင်းမနေတတ်တော့။

"ကဲ အလုပ်ကိစ္စဆွေးနွေး.... အင့်!!"

စကားစရုံရှိသေး လက်မြန်ခြေမြန်ရှိတဲ့ဂျောင်ကုက သူ့အားတင်ပါးမှကောက်ချီကာ အလုပ်စားပွဲပေါ်ပြစ်တင်လိုက်သည်။ ခန္ဓာကိုယ်ချင်းမယှဥ်သာလို စွေ့ခနဲပါသွားရတယ်ဆိုပေမယ့် သူကလည်း အရင်လို နူးနူးညံ့ညံ့ပတ်ဂျီမင်းမှမဟုတ်တာ။ အဖုအထစ်တွေနဲ့ ရင်အုပ်ကျယ်ကြီးကို ဖြောင်းခနဲအားရပါးရရိုက်ချပြီးမှ

"ငါ့ရုံးခန်းထဲလာပြီး ငါ့ကိုမလေးမစားနဲ့ အခုဖယ်စမ်း"

"ဖယ်စရာလား"

ပြန်လည်တွေ့ဆုံမှုမျိုးက ဒီလိုအရိုက်အနှက်ခံပြီး စရလိမ့်မယ်လို့ ဂျောင်ကုလုံးဝမထင်ထားမိ။ စတွေ့ကတည်းက ဒီလူ့ကိုသေချာကြည့်နေမိတာ။ အရင်ကပန်းရောင်ဆံပင်လုံးလုံးလေးတွေ​ေနရာမှာ ပုံပေါ်ထားတဲ့ ရွှေဝါရောင်ဆံပင်တွေကို သေချာဖြီးသင်ထားတာကြောင့် နှဖူးကျယ်ကျယ်က ရှင်းရှင်းလင်းလင်း။

အရင်ချိုချိုသာသာလေသံလေးက အခုတော့အရှိန်အဝါတွေပါနေလို့။ ပြောင်းလဲသွားခဲ့ပြီ။ ဒါပေမယ့်လှတုန်းပဲ။ အရင်ကနူးနူးညံ့ညံ့လေးလှခဲ့တယ်ဆိုရင် အခုကကြောက်စရာကောင်းအောင် သန်မာပြီးတော့ လှလာတာ။

ငါ့မှာတော့အရူးတစ်ပိုင်းရှာနေလိုက်ရတာ သူကျတော့ဒီမှာအေးဆေးနေနိုင်တယ် ဆိုပြီးတွေးလိုက်မိတော့ ဘာမှမလုပ်ချင်တော့ဘူး။ ပြေးပဲရိုက်ချင်တော့တာ။ ခုလည်းစကားစတာနဲ့ ပြေးချီပြီးခုံပေါ်တင်ပေးထားလိုက်သည်။ သူကိုယ်တိုင်လည်း ထိုင်နေတာကြောင့်တွဲလောင်းကျနေတဲ့ ထိုလူ့ခြေထောက်နှစ်ချောင်းကြားဝင်ရပ်ကာ လက်နှစ်ဖက်ကိုလည်း ဘေးတစ်ချက်စီမှာထောက်ထားလိုက်သည်။ ရအောင်ရုန်းစမ်း။

"ဂျွန်ဂျောင်ကု ငါပြောနေတယ်ဖယ်စမ်း"

"ဘယ်လိုတောင် အေးအေးဆေးဆေးနေနိုင်ရတာလဲ မောင်ဘယ်လောက်စိတ်ပူနေရလဲ ကိုကိုသိလား။ ညညတွေလည်းလွမ်းလို့အိပ်လို့တောင်မရဘူး တစ်ခါတစ်လေမျက်ရည်ပါကျတယ် မောင်ကိုကို့ ကိုအရမ်းလွမ်းနေတာ။
စက္ကန့်မလပ်ရှာခဲ့တာ ရူးမတတ်ပါပဲကိုကိုရယ် မောင်ရူးမတတ်ပဲ"

"ငါအစတည်းကပြောခဲ့တယ်လေ မင်းနဲ့မပတ်သက်ချင်တော့လို့ ဝေးရာကိုထွက်လာတာလို့ လိုက်မရှာဖို့လည်းပြောပြီးသားပဲ ငါကြောက်တာမို့လို့ငါ့ကိုလွှတ်ပေးပါတော့ ဂျောင်ကုရယ် ငါတစ်ကယ်ကြောက်သွားလို့ပါမင်းတို့ကို"

"မောင်လိုက်ရှာခဲ့တာ လွှတ်ပေးဖို့မှမဟုတ်တာ ပြန်လာခဲ့ပါနော် မောင့်ဆီပြန်လာခဲ့"

"ဟင့်အင်း မင်းရဲ့အသိုင်းအဝိုင်းက ငါ့အတွက်တော့အိပ်မက်ဆိုးပဲ ငါအေးဆေးနေပါရစေ"

"မောင်မိသားစုထဲကထွက်လိုက်ရင်ရော... မောင့်မိသားစုထဲကထွက်လိုက်ပြီး ပတ်မျိုးရိုးထဲပဲမောင်ဝင်လိုက်မယ်လေ အဲ့လိုဆိုရင်ရောအဆင်ပြေလား"

"မင်းဘာသာအေးဆေးနေ"

"မနေဘူး မောင်နဲ့ပြန်လိုက်ခဲ့"

"လဲသေ"

"ဘယ်လိုတွေပြန်ခံပြောနေတာလဲ ဂျွန်ဂျီမင်း"

"မင်းကရောဘာဖြစ်ချင်နေတာလဲ"

"ကိုကို့ကို အိမ်ပြန်ခေါ်ချင်နေတာလေ"

"မလိုက်ဘူးလို့ပြောနေတယ်လေ"

"ကိုယ့်ယောကျာ်းအိမ်မှာမနေပဲ ခင်ဗျားကဘယ်မှာနေချင်နေတာလဲ"

"ဘာ​ယောကျာ်းလဲ မင်းနဲ့ငါအနေသာကြီး"

"ကွာရှင်းစာချုပ်မှာ မောင့်လက်မှတ်မထိုးရသေးဘူး"

"အဲ့တာမင်းကိစ္စ ငါ့ဘက်ကရှင်းစရာရှိတာအကုန်ရှင်းပြီးပြီ"

"ပြန်လာခဲ့ပါကိုကိုရယ် မောင့်ကိုအကုန်လုံးကဝိုင်းကြဥ်နေတာ ထယ်ယောင်းhyungတို့ရော ဦးလေးပတ်တို့ရော အကုန်လုံးပဲ မောင်တစ်ယောက်တည်းဘယ်လောက်အားငယ်ရတယ်ထင်လဲဟင် မောင့်ကိုနည်းနည်းမှမသနားဘူးလား"

ခါးကနေဆွဲဖက်ကာ ရင်ခွင်ထဲခေါင်းတိုးရင်းချွဲလာတဲ့ ဂျွန်ဂျောင်ကုမှာ နောက်ထပ်အပီချုပ်စရာအကွက်ဘယ်နှစ်ခု ရှိသေးလဲမသိ။

"ဖယ်စမ်းပါ မင်းဒီကိုအလုပ်ကိစ္စနဲ့လာတာမလား"

"ဟင့်အင်း မောင်ကကိုကို့ကို ရှာဖို့ပဲလာခဲ့တာ ကျန်တာဘာမှမသိဘူး"

"ဆိုးလိုက်တာ"

"မောင်လိမ္မာနေပါပြီ မောင်နဲ့အတူပြန်လိုက်ခဲ့နော်"

"အလွယ်မပြောနဲ့ ငါပြန်လိုက်ခဲ့ရင်ဒီအလုပ်တွေကို ဘယ်သူနဲ့ထားခဲ့ရမှာလဲ"

"ထားခဲ့ချင်တဲ့သူနဲ့ထားခဲ့"

"မင်းဖယ်တော့ သူများတွေမြင်ရင်မကောင်းဘူး"

"အခုကိုကိုနဲ့မောင်နှစ်ယောက်တည်းလေ ဘယ်သူမှမမြင်ဘူး အဲ့တော့ရင်ခုန်စရာလေးတွေဖန်တီးကြည့်ကြမလား"

"မင်း........."

ဒေါသထွက်လာချိန်မှာတော​့ ဘာမှမစဥ်းစားမိတော့ပဲ ရှေ့ကလူကိုသာ ကော်လံစကနေ
ဆောင့်ဆွဲပြီး လည်တိုင်အားကုန်းကိုက်လိုက်သည်။

"အား....ကိုကိုလွှတ်"

ဟိုကရုန်းလေ၊ သူကအားပိုထည့်လေ။ ရှေ့သွားတွေနဲ့သေချာဆွဲပြီး နှုတ်ခမ်းနှစ်လွှာနဲ့ပါဖိစုပ်ပေးလိုက်သည်။

"မောင်တစ်ကယ်နာနေပြီ လွှတ်တော့"

အသံကပုံမှန်ထက် အနည်းငယ်မာလာတာကြောင့် သူလွှတ်ပေးလိုက်ရသည်။

ဝုန်းးးး

"အင့်"

ကိုက်ထားတာလွှတ်လွှတ်ချင်း လက်နှစ်ဖက်ကိုချုပ်ပြီး ဆွဲလှန်ချလိုက်တာကြောင့် နဂိုစားပွဲပေါ်ထိုင်လျက်အနေအထားကပင် စားပွဲနဲ့ကျောပြင်မိတ်ဆက်သွားရသည့်အနေအထားသို့ ရောက်သွားလေသည်။

"ဘာလုပ်တာလဲ ဖယ်စမ်း"

"တစ်ယောက်တစ်လှည့်လေ"

"ဘာကိုတစ်ယောက်တစ်လှည့် ဟင့်အင်းးး မ..မလုပ်နဲ့ဂျောင်..အ့"

စကားပင်မဆုံးလိုက် necktieကိုအကြမ်းပတမ်းဆွဲချွတ်ကာ shirtအကျီ ်မှကြယ်သီးတွေကို ဆွဲဖြုတ်ပြီး လည်တိုင်အားသွားနဲ့ တစ်တိတိကိုက်လာသည်။ လက်နှစ်ဖက်က ခေါင်းအထက်မှာကြက်ခြေခတ်သဏ္ဍာန် အချုပ်ခံထားရတာကြောင့်ရုန်းမရ။

မေးရိုးတွေကိုခပ်ဖွဖွကိုက်သည်။ လည်ဇလုတ်ကိုအသာအယာစုပ်ပြီး ညှပ်ရိုးတွေအထိတိုက်ခိုက်ပြန်သည်။ ကျွမ်းကျင်စွာကစားပြသွားတဲ့ လျှာဖျားကြောင့် လေဟုန်စီးနေသလိုရင်ထဲလှပ်ခနဲ။

ထို့နောက်မျက်နှာချောချောက လည်တိုင်ကနေဆုတ်ခွာကာ မျက်နှာနားကပ်လာတာ
ကြောင့် ခေါင်းကိုလွှဲကာရှောင်လိုက်ပေမယ်​့ လမ်းတစ်ဝက်မှာတင် သူ့လက်ဖဝါးခပ်ကြီးကြီးနဲ့ထိန်းကိုင်တာကိုခံလိုက်ရပြီး နှုတ်ခမ်းတစ်ခုလုံးဝါးမြိုခံလိုက်ရသည်။ ချုပ်ထားတဲ့လက်တွေကိုလွှတ်ပြီး သူ့လည်ပင်းအားသိုင်းဖက်စေခဲ့သည်။

ဂျီမင်းလည်းရုန်းကန်တာတွေကို ရပ်တန့်ပြီး ဂျောင်ကုအားသိုင်းဖက်ကာ အနမ်းယဥ်ကြောမှာစီးမြောတော့သည်။ ရုန်းစရာလား။ ဒီအထိအတွေ့တွေ၊ ဒီအနမ်းအရှိုက်တွေကို သူဘယ်လောက်လွမ်းဆွတ်ခဲ့ရလဲ။ နေ့တိုင်းတမ်းတခဲ့ရတာ။

ဂျောင်ကုမွတ်မွတ်သိပ်သိပ်ကိုနမ်းနေမိသည်။ စတွေ့လိုက်ရကတည်းက ဒီရွှေဝါရောင်ဆံနွယ်တွေလွင့်ခါသွားတဲ့အထိ နမ်းပြစ်ချင်စိတ်ကပြင်းပြင်းပြပြ။ အရင်ဆုံးပြန်ချော့မယ်လို့စိတ်ကူးထားပေမယ့် လည်ပင်းသားကိုလာတိုက်ခိုက်တဲ့ နှုတ်ခမ်းတို့ကြောင့် စိတ်ကဘယ်လိုမှမရတော့။ နှုတ်ခမ်းတွေပေါက်ထွက်တဲ့အထိ ကြမ်းကြမ်းတမ်းတမ်းကိုနမ်းချင်လာသည်။

လှဲလျက်အနေအထားမှထကာ ထိုင်လျက်အနေအထားသို့ပြောင်းပြီးဆက်နမ်းနေမိသည်။ ပုံစံတွေသာပြောင်းသွားတာ အနမ်းတွေကပြတ်တောက်မသွား။

ဂျီမင်းရဲ့နှုတ်ခမ်းနှစ်လွှာလုံးကို ဂျောင်ကုကိုက်ဆွဲပြစ်လိုက်သည်။ နာကျင်မှုကြောင့်ထွက်လာတဲ့ အသံသေးသေးလေးနဲ့ ကော့တက်လာတဲ့ခါးသွယ်သွယ်က ဂျွန်ဂျောင်ကုကို စုံလုံးကန်းအောင်လုပ်နေတာ။ နမ်းနေရင်းနဲ့ငံကျိကျိအရသာ ရလာတာကြောင့် ဂျီမင်းနှုတ်ခမ်းသူ့လက်ချက်နဲ့ ပေါက်သွားပြီဆိုတာသိလိုက်ရသည်။ အနမ်းတွေကိုအရှိန်လျှော့လိုက်ပြီး သွေးစို့နေတဲ့အောက်နှုတ်ခမ်းလေးကို လျှာလေးနဲ့လျှက်ကာ ရပ်တန့်ပေးလိုက်ရသည်။

နှုတ်ခမ်းချင်းဆက်သွယ်မှုကို ဖြတ်တောက်လိုက်တော့ လုံးဝအားအင်ကုန်သွားပြီဖြစ်တဲ့ ပတ်ဂျီမင်းက သူ့ရင်ခွင်ထဲပြိုကျလာလေသည်။ ကြယ်သီးပြုတ်နေတဲ့အကျီ ်၊ လည်ပင်းကစလို့ရင်ဘတ်အထိ နီရဲနေတဲ့အမှတ်အသားတွေ၊ ဖူးယောင်ပြီးတံတွေးစိုနေတဲ့နှုတ်ခမ်းတွေ၊ ရှုပ်ပွပြီးဖရိုဖရဲဖြစ်နေတဲ့ရွှေရောင်ဆံပင်တွေ၊ နောက်ဆုံးချွေးစို့နေတဲ့နှဖူးပြင်တို့ကအစ သေလောက်အောင်လှသည်။ အခြေအနေတစ်ခုကိုရောက်တော့မလိုပင်။

ခါးလေးကနေအသာထိန်းကိုင်လိုက်ပြီး နှဖူးလေးကိုနမ်းလိုက်ကာ

"ဒီမှာအဆင်မပြေရင်toiletထဲသွားရအောင်"

"ငါ့ကိုလွှတ်စမ်း အရိုင်းအစိုင်းကောင်"

"အခုထိအရှိန်မလျှော့သေးပါလားကိုကို ဘာလဲဒူးတွေခွေကျတဲ့အထိ မောင်နမ်းပေးရမှာလား"

ရင်ခွင်ထဲမှီထားရာမှရုန်းထွက်လိုက်ပြီး ဂျီမင်း ဂျောင်ကုကိုအတင်းနှင်ထုတ်မိသည်။

"မင်းသွားတော့"

"ကိုကို မောင့်ကိုပြန်မခေါ်မချင်းမသွားဘူး"

"ငါစဥ်းစားပေးမှာမို့လို့ မင်းသွားလိုက်တော့"

"သေချာတယ်နော် ယောကျာ်းကတိပဲ ပြောပြီးမှလုပ်ချင်တာလုပ်လို့မရဘူး"

"သိတယ် အခုတော့မင်းအရင်သွားတော့"

"ချစ်တယ်နော် တာ့တာ"

သူ့အားလက်ပြကာ ရုံးခန်းထဲမှထွက်သွားလေသည်။ မသွားခင်ပါးနှစ်ဖက်ကိုလည်း ဖျစ်ညှစ်ကာနမ်းသွားသေးသည်။ ဂျီမင်းကတော့shirtကို ကြယ်သီးတွေပြန်တပ်ပြီး sofaပေါ်မှီထိုင်လိုက်ရလေသည်။ နှုတ်ခမ်းထောင့်စွန်းကို ထိမိလိုက်တော့... ကျစ်! နာလိုက်တာဆိုတာ။ နှုတ်ခမ်းတွေကိုနမ်းနေတာလား ဝါးစားနေတာလားမသဲကွဲဘူး။

"ကိုကို..."

ဂျောင်ကုကရုံးခန်းထဲရုတ်တရက်ကြီး ပြန်ဝင်ချလာလေသည်။

"မင်းမပြန်နိုင်သေးဘူးလား ဂျွန်ဂျောင်ကု"

ပိတ်အော်လိုက်တော့ သွားလေးဖြဲကာphလေးထောင်ပြပြီး

"Phနံပါတ်ပေးဦးအသစ်ပြောင်းထားတာမလား"

"ပေး မင်းph"

သူ့phကိုဆွဲယူလိုက်ပြီး နံပါတ်အချို့ကိုနှိပ်ပေးလိုက်သည်။

"ရော့ အဲ့တာငါ့နံပါတ်"

"အဲ့တာဆိုမောင်သွားပြီနော် တာ့တာ"

"ကြွ"

ဒီတိုင်းသာဆို ဒီကလေးသူ့ဆီနေ့တိုင်းလာနှောင့်ယှက်ဖို့အလားအလာရှိတယ်။ သေစမ်းပတ်ဂျီမင်းရေ နှစ်နှစ်လုံးရှောင်နေနိုင်ခဲ့ပြီး အခုကျမှ။ ဒီယောကျာ်းနဲ့တွေ့ရင် သူဘယ်လိုမှမတွန်းလှန်နိုင်။ အမြဲလုပ်ချင်ရာလုပ်ဆိုပြီးနေပေးရစမြဲ။ ဒါအတိတ်ကဂျီမင်းအတွက် မထူးဆန်းပေမယ့် ပစ္စုပ္ပန်ကဂျီမင်းအတွက်တော့ အတော်လေးနစ်နာလေသည်။ ရုံခန်းထဲအထိမရှောင်သူ့ကိုရမ်းကားသွားတာ။ တစ်ယောက်ယောက်များ တွေ့သွားခဲ့ရင် သူ့သိက္ခာကျမှာ။ ဂျီမင်းဒေါသတွေကို သက်ပြင်းခဏခဏချခြင်းနဲ့သာ ဖြေဆည်နေရသည်။

အမျိုးသားငယ်လေးဟာ
အတိတ်တွေကနေရုန်းထွက်ပြီး
ပြောင်းလဲနိုင်ခဲ့ပေမယ့်
မောင်ကတော့
အရင်ကနဲ့မခြားနားစွာ
ဆိုးမြဲဆိုးဆဲ.....။

( Viwerသေးသေး Voteသေးသေးလေးနဲ့ စတင်ခဲ့တဲ့ ကျွန်တော့်ရဲ့မကောင်းမကန်းficသေးသေးလေးက အခုတော့viwer 12kနဲ့ vote 2k ကျော်သွားခဲ့ပါပြီ ဖတ်ပေးကြတဲ့sl readerတွေကိုရော voteပေးဖတ်ကြတဲ့သူတွေကိုရော RLထဲထည့်ပေးတဲ့သူတွေကိုရော follower 200 ကျော်ကိုရော ကျေးဇူးအများကြီးပါဗျာ )

..........

Zawgyi

႐ုံးခန္းထဲမွာ စာ႐ြက္စာတမ္းေတြကို တစ္ခုခ်င္းစီ ဂ်ီမင္းေသခ်ာစစ္ေဆးေနမိသည္။ Smartက်တယ္၊ တိက်တယ္ဆိုတဲ့ေဝါဟာရနဲ႔ ပတ္ဂ်ီမင္းဆိုတဲ့လူသားကို တြဲျမင္ရေလာက္တဲ့အထိ ပတ္ဂ်ီမင္းကသိပ္ကိုေသသပ္ခဲ့တာ။

"Hyung...ဂ်ီမင္း"

လွည့္ၾကည့္လိုက္​ေတာ့ တံခါးကေနေခါင္းျပဴေနတဲ့ သူ႕လက္ေထာက္ေလးေဂ်ာင္ဝူေယာင္း။

"​​ေဩာ္ ဝူေယာင္းနီးပဲ လာေလ"

"ဟုတ္"

"ဘာေျပာစရာ႐ွိလို႔လဲ"

"ဒီေန႔Jeonphoriaက ကိုယ္စားလွယ္လာမွာေနာ္hyung"

"​မင္းပဲသြားလိုက္​ေတာ့ ကိုယ္မအားဘူး"

"ဗ်ာ ကြၽန္ေတာ္႕ကိုhyungစိတ္ခ်လို႔လား"

"ႏိုင္ငံျခားသားမဟုတ္လို႔မင္းကိုလႊတ္တာပါ မဟုတ္ရင္ ကိုယ္တိုင္သြားမွာေပါ့"

"ဟုတ္နားလည္ပါၿပီ"

"မင္းကိုအားကိုးတယ္ေနာ္ ေသခ်ာလုပ္ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္တာမ်ိဳး ကိုယ္မၾကားခ်င္ဘူး"

"ဟုတ္ကဲ့hyung..ဒါနဲ႔ ဒီေန႔လည္းhyungအမ်ားႀကီးၾကည့္ေကာင္းေနတယ္ ဟီး.."

ဂ်ီမင္းျပဳံး႐ုံသာျပဳံးျပလိုက္သည္။ ဒီကေလးသူ႕ကိုသေဘာက်ေနမွန္းသူသိတာေပါ့။ ဒါေပမယ့္သူ႕အ႐ွိန္အဝါေတြေအာက္ အသက္႐ွဴရပ္မတန္႔ တုန္လႈပ္ခဲ့ရတဲ့ ေဂ်ာင္ဝူေယာင္းက သူ႕ကိုအစ္ကိုတစ္ေယာက္လိုပဲ တစ္ရင္းတစ္ႏွီးဆက္ဆံခဲ့သည္။ ကေလးတစ္ေယာက္က Super Heroတစ္ေယာက္ကို သေဘာက်သလိုေလးသာ သူ႕အနားၿငိမ္ၿငိမ္ေလးေနေပးခဲ့သည္။ သူ႕ကိုစိတ္အေႏွာင့္အယွက္မေပးမခ်င္း ဒီေကာင္ေလးကိုလည္း သူေကာင္းေကာင္းျပန္ဆက္ဆံေပးမွာပါ။

ဝူေယာင္းကေနဒါ ႐ုံးခြဲကိုစေရာက္တဲ့ေန႔က အေတာ္ကိုအဆင္မေျပျဖစ္ခဲ့ရသည္။ အသက္အ႐ြယ္ငယ္ေသးတာကတစ္ေၾကာင္း၊ ကိုယ္မသိတဲ့ေနရာမွာ ကိုယ္မကြၽမ္းက်င္တဲ့ဘာသာစကားနဲ႔ေျပာဆို ဆက္ဆံရမွာေတြက တစ္ေၾကာင္းနဲ႔ သူ႕ကိုယ္သူလုပ္ႏိုင္ပါ့မလားလို႔ေတာင္ စဥ္းစားယူခဲ့ရတဲ့အထိ။ ကံေကာင္းေထာက္မစြာနဲ႔ မန္ေနဂ်ာက ကိုရီးယားလူမ်ိဳးျဖစ္ေနခဲ့သည္တဲ့။

Airport မွာသူ႕ကိုလာႀကိဳတဲ့ မန္ေနဂ်ာဆိုတဲ့လူကို ေတြ႕ေတြ႕ခ်င္း သူ႕အသက္႐ွဴသံေတြ ဗေလာင္းဗလဲျဖစ္ကုန္တယ္တဲ့အထိကို ထိုလူကမိမိုက္​​ေနခဲ့သည္။ အျပာေရာင္အစင္းေၾကာင္းေလးေတြပါတဲ့ shirtကို ၾကယ္သီးႏွစ္လုံးခန္႔ျဖဳတ္ထားၿပီး ေအာက္အနားစကို ေဘာင္းဘီအနက္ထဲထည့္ထားကာ ဆံပင္ေ႐ႊဝါေရာင္ေတြနဲ႔ သူ႕မ်က္စိေ႐ွ႕ မတ္တပ္ရပ္ေနတဲ့ဒီလူသားဟာ ဘယ္ေလာက္ေတာင္ခမ္းနားလိုက္သလဲ။

အဲ့ေန႔ကစၿပီး သူ႐ူး႐ူးမူးမူးကိုစြဲလန္းခဲ့တာ။ အလုပ္ထဲေခါင္းစိုက္ရမွာ အလြန္ၿငီးေငြ႕တဲ့ သူ႕လိုအသက္ႏွစ္ဆယ္စြန္းကာစလူငယ္ေလးက အသက္သုံးဆယ္ထဲဝင္ေနၿပီျဖစ္တဲ့ ပတ္ဂ်ီမင္းရဲ႕အနားၾကာၾကာေလးပိုေနရဖို႔ Over time ေတြေတာင္ အလြန္အကြၽံဆင္းမိတဲ့အထိ။

အၿမဲတင္းတင္းေစ့ထားတဲ့ ႏႈတ္ခမ္းဖူးဖူးတို႔ဆီကေန အျပဳံးရိပ္ေလးကိုျမင္ခ်င္မိတာေၾကာင့္ ျပက္လုံးေတြေျပာျပခဲ့ေပမယ့္ ျပန္ရခဲ့တာက လဲေသႏိုင္ေလာက္တဲ့ အၾကည့္စူးစူးေတြ။ အဲ့မ်က္လုံးေတြရဲ႕အ႐ွိန္အဝါကေျပာမျပတတ္ေအာင္ကိုပဲ။ အလိုလိုေနရင္း ေျခေတာ္ေအာက္ဒူးေျပးေထာက္ခ်င္စရာ အေငြ႕အသက္ေတြနဲ႔။

အလုပ္လုပ္ရင္း သူ႕ကိုနားလည္လာရတာက ဝန္ထမ္းေတြကိုအရမ္းအေရးေပးတယ္။ သူ႕ကိုေတာ့ပိုအေရးေပးတယ္ေျပာရမလား။ ႏွစ္ေယာက္တည္း႐ွိခ်ိန္ဆို Hyungလို႔ေခၚလို႔ရတယ္ ဆိုတဲ့ဆုလာဘ္တစ္ခုကိုပါ အပိုေပးသြားေလသည္။ ႏႈတ္ခမ္းဖူးဖူးတို႔ကေန ဝူေယာင္းနီးလို႔အေခၚခံလိုက္ရတုန္းက သူ႕မွာငုတ္တုပ္ႀကီးသတိေမ့တဲ့အထိ။

အၿမဲတည္တင္းေနတဲ့မ်က္ႏွာက တစ္ခါတစ္ေလ သူ႕ကိုေတာ့စိတ္လိုလက္ရ ျပဳံးျပတတ္ေသးတာ။မ်က္လုံးေလးေတြမွိတ္က်သြားတဲ့အထိ၊ သြားတန္းေလးေတြေပၚလာတဲ့အထိ။ အဲ့အခ်ိန္ေတြဆို စၾကာဝဠာႀကီးရဲ႕ ျဖစ္တည္မႈေတြေပ်ာက္ဆုံးသြားသလိုမ်ိဳး အားလုံးကိုေမ့ျပစ္လိုက္မိတာ။ ပတ္ဂ်ီမင္းဆိုတဲ့နာမည္ေလး ၾကားရ႐ုံနဲ႔တင္ ဘယ္ဘက္ရင္အုံကေန လိႈင္းကေလးျဖတ္ေျပးသြားတဲ့အထိကို ေဂ်ာင္ဝူေယာင္းက တစ္ၿငိမ့္ၿငိမ့္နဲ႔ရင္ခုန္တတ္ေသးတာ။

တစ္ခါတစ္ေလ လမ္းေလွ်ာက္သြားတာ ျမင္ေနရရင္ေတာင္ ေျခလွမ္းေတြကိုလိုက္ေရတြက္မိတဲ့အထိ ေဂ်ာင္ဝူေယာင္းက ပတ္ဂ်ီမင္းကို အ႐ိုး႐ွင္းဆုံးခ်စ္မိခဲ့တာပါ။ ဘာအလိုဆႏၵ၊ ဘာအတၱမွမပါတဲ့ ဆယ္ေက်ာ္သက္လူငယ္ေလးတစ္ေယာက္ရဲ႕ ႐ိုး႐ိုး႐ွင္း႐ွင္းအခ်စ္ေလးရယ္ပါ။
____________________~_________________

ေဂ်ာင္ကုတစ္ေယာက္ ကေနဒါကSerendipity Ji႐ုံးခြဲကို ေရာက္လာခဲ့သည္။ လုပ္ငန္းကိစၥဘာဆိုဘာမွ ေခါင္းထဲမ႐ွိဘဲ ဂ်ီမင္းဒီမွာ ႐ွိ၊မ႐ွိ အတည္ျပဳခ်င္တဲ့ အခ်က္ေလးနဲ႔သာ သြင္းကုန္ထုတ္ကုန္ စစ္ေဆးရန္႐ွိသည္ဆိုတဲ့ အခ်က္ေလးကိုဗန္းျပၿပီး ညတြင္းခ်င္းေလယာဥ္နဲ႔ေရာက္ခ်လာခဲ့သည္။

အခုလည္း ႐ုံးထဲကိုသာေရာက္လာတာ မ်က္လုံးေတြကမေသခ်ာတဲ့ လူကို႐ွာေနမိတာ ေ႐ွ႕ကလူကိုေတာင္မျမင္တဲ့အထိပဲ။

"မဂ္လာပါ ကြၽန္ေတာ္ကဒီကလက္ေထာက္မန္ေနဂ်ာ ေဂ်ာင္ဝူေယာင္းပါ"

"ဟမ္..အာ ဂြၽန္ေဂ်ာင္ကုပါ"

အတန္ငယ္ေၾကာင္သြားၿပီးမွ သတိျပန္ဝင္လာကာ လက္ဆြဲႏႈတ္ဆက္လိုက္မိသည္။

"ဟင္ ဥကၠဠ"

ၾကားလိုက္ရတဲ့နာမည္ေၾကာင့္ ဝူေယာင္းလန္႔သြားမိသည္။ ဒီလူကJeonphoriaရဲ႕ ဥကၠ႒ မဟုတ္လား။ ဘာကိစၥနဲ႔ဒီအထိ...။ မျဖစ္ဘူး ဂ်ီမင္းhyungကိုပဲျပန္လႊဲေပးလိုက္တာအဆင္ေျပမည္။

"မန္ေနဂ်ာႀကီးက ႐ုံးခန္းထဲမွာပါဗ် ကြၽန္ေတာ္႕အေနာက္ကေနလိုက္ခဲ့ပါ"

ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္ၿပီးသူ႕အေနာက္လိုက္ဖို႔ ​​​ေျခလွမ္းအျပင္...

ဘုတ္...

"အင့္"

ဒီေန႔ေတာ့ ကိုကို႔႐ုံးခန္းကိုေသခ်ာေပါက္ လာလည္မယ္လို႔ ဂ်ီအာဆုံးျဖတ္ထားမိသည္။ ဒါေၾကာင့္လည္း busေလးတိုးစီးလာကာ ကုမၸဏီေ႐ွ႕ေရာက္လာခဲ့မိသည္။ ကိုကိုသိရင္ ေကာင္းေကာင္းႀကီးဆူမွာ။ ၿပီးမွပဲအဆူခံေတာ့မယ္ အခုေတာ့ကိုကို႔ဆီအရင္သြားမယ္။ ဒီကိုခဏခဏလာဖူးေပမယ့္ ကိုကို႔႐ုံးခန္းကိုေတာ့ သူမ မသိ။ တစ္ေယာက္တည္းေယာင္လည္လည္ ျဖစ္ေနစဥ္ ကိုကို႔ရဲ႕လက္ေထာက္ေကာင္ေလးကို ဂ်ီအာလွမ္းေတြ႕လိုက္ရသည္။

"ဟာ ဝူေယာင္းေရ..."

သူမေျပးေခၚဖို႔သြားလိုက္ေပမယ့္ လူတစ္ေယာက္နဲ႔တိုက္မိၿပီး အင့္ခနဲပင္အသံျမည္ကာ လဲက်သြားခဲ့ရသည္။

"ဒီကမိန္းကေလးအဆင္ေျပ...ဟင္ ယြန္း ယြန္းဂ်ီအာ.."

လဲက်သြားတဲ့ မိန္းကေလးကိုထူဖို႔လွမ္းလိုက္တဲ့ လက္ေတြဟာ ျမင္လိုက္ရတဲ့မ်က္ႏွာေၾကာင့္ လမ္းတစ္ဝက္မွာတင္ ရပ္တန္႔သြားရသည္။ ဒါယြန္းဂ်ီအာလား။ မျဖစ္ႏိုင္လိုက္တာ။ သူကေသသြားၿပီမလား။

ဂ်ီအာလည္းဆံပင္ေတြကိုေသခ်ာ ျပန္သပ္လိုက္ၿပီး သူ႕ကိုလက္ကမ္းေပးလာတဲ့လူကို ျပန္ၾကည့္မိလိုက္သည္။ ဟင္..... အဲ့မ်က္ႏွာကိုၾကည့္လိုက္ရတဲ့အခ်ိန္အတြင္း ေလာကႀကီးကရပ္တန္႔သြားသလို။ ဒီမ်က္လုံးဝိုင္းဝိုင္း၊ ႏႈတ္ခမ္းပါးပါးေတြကို တစ္ေနရာမွာျမင္ဖူးေနသလို။ ေယာက်ာ္းပီသတဲ့ဒီအသံကိုလည္း ရင္းႏွီးေနသလို။ ႏွစ္ေယာက္သားဘာမွမေျပာႏိုင္ပဲ ဒီအတိုင္းၾကည့္ေနမိၾကသည္။

မဟုတ္ဘူး ဒီလူ႕ကိုျမင္ရတာ ဘာလို႔ရင္ဘတ္ႀကီးကေအာင့္တက္လာရတာလဲ။ ပိုင္ဆိုင္ခါနီးက်မွ လက္လႊတ္လိုက္ရသလို ေအာင့္သက္သက္ခံစားခ်က္ႀကီးကေရာ ဘာႀကီးလဲ။ ဘာလို႔သူကမ္းေပးထားတဲ့လက္ကို ၾကည့္ၿပီးငိုခ်င္လာရတာလဲ။ ဘာေတြလဲ။

"ဟာ ဂ်ီအာ..."

ထိုအေျခအေနကိုၿဖိဳခြင္းလိုက္သူကဝူေယာင္း။ ဝူေယာင္းကသူမကို အသည္းအသန္ေျပးထူသည္။

"ဂ်ီမင္းhyungကိုလာေတြ႕တာလား"

"အင္း"

"ကိုယ္တို႔လည္း hyungဆီသြားမွာ တစ္ခါတည္းလိုက္ခဲ့ေလ"

ဂ်ီမင္းhyungဆီသြားမယ္။ ဒါဆိုကိုကုိဒီမွာ႐ွိေနတာေသခ်ာၿပီေပါ့။ ေဂ်ာင္ကုမ်က္လုံးေတြ လက္ခနဲျဖစ္သြားသည္။

"ျမန္ျမန္သြားရေအာင္ေလ အခ်ိန္မလင့္ခင္ေလး"

"သြားၾကတာေပါ့ ဒီဘက္ပါ"

စကၠန္႔သုံးဆယ္ေလာက္ ဓာတ္ေလွကားစီးအၿပီး လက္ေထာက္မန္ေနဂ်ာေလးရဲ႕ေနာက္မွလိုက္လာခဲ့လိုက္သည္။ လမ္းအနည္းငယ္ေလွ်ာက္မၿပီးမွာေတာ့ တံခါးတစ္ခုအေ႐ွ႕ေရာက္လာခဲ့သည္။

ေဒါက္...ေဒါက္

"Hyung ကြၽန္ေတာ္ဝင္ခဲ့မယ္ေနာ္"

"ဝင္ခဲ့ေလ"

ျပန္ၾကားလိုက္ရတဲ့အသံေၾကာင့္ ေဂ်ာင္ကုေသြးေတြပြက္ခနဲ။ ဒါေသခ်ာေပါက္ကိုကို႔အသံ။ ဘယ္ကမ႓ာ၊ဘယ္ဘဝေရာက္ေရာက္ အ႐ိုးစြဲေနေအာင္မွတ္မိေနမယ့္ အသံလွလွေလး။

တံခါးဖြင့္သံၾကားလိုက္ေတာ့ ဘာမ်ားျဖစ္လို႔ပါလိမ့္ဆိုတဲ့ စိတ္ကူးနဲ႔လွည့္အၾကည့္မွာ ျမင္လိုက္ရတဲ့မ်က္ႏွာေခ်ာေခ်ာေၾကာင့္ ဂ်ီမင္းအေယာင္ေယာင္အမွားမွား လက္ထဲကေဖာင္တိန္
ပင္ လြတ္က်သြားရသည္။ ေမာင္...သူသိပ္တမ္းတေနရေပမယ့္ ေ႐ွာင္ေျပးခ်င္ေနခဲ့တဲ့လူသား။

ဆံပင္ေတြအကုန္လုံးကို အေနာက္ကိုစုသိမ္းထားတာေၾကာင့္ ျမင္ေနရင္တဲ့ ႏွဖူးျပင္က်ယ္ႀကီးက ႐ူးျပစ္ခ်င္စရာ။ ေဘာင္းဘီအိတ္ကပ္ထဲ လက္ထည့္ၿပီး တစ္လွမ္းခ်င္းေလွ်ာက္လာေလသည္။ သူကိုေသေသခ်ာခ်ာၾကည့္ေနတာေၾကာင့္ လက္ေတြကခပ္တင္းတင္းဆုပ္မိလ်က္သား။ အ႐ွိန္အဝါႀကီးလွပါတဲ့ပတ္ဂ်ီမင္းေတာင္ ထိုအၾကည့္ေတြေအာက္ ေၾကာက္႐ြံ႕မိတာ။ ေမာင္ဟာသူ႕ထက္ငယ္႐ြယ္သေလာက္ သူ႕ထက္ပိုၿပီးအင္အားႀကီးတယ္။

"ဥကၠ႒ကိုယ္တိုင္ေရာက္လာတာဆိုေတာ့ မန္ေနဂ်ာႀကီး ႐ွင္းလိုက္ရင္ ပိုအဆင္ေျပမယ္ထင္ၿပီး ကြၽန္ေတာ္ေခၚလာတာ.."

အခုထိဂ်ီမင္းမ်က္လုံးအျပဴးသားနဲ႔ ေၾကာင္ေနမိတုန္း။

"မန္ေနဂ်ာႀကီး"

ေနာက္တစ္ခါျပန္ေခၚမွ အသိျပန္ဝင္လာသည္။

"အာ သိၿပီ မင္းတို႔အျပင္ထြက္လို႔ရ...ဟင္ ညီမေလး"

ဂ်ီမင္းေခါင္းေတြက်ိမ္းသြားရသည္။ ေဂ်ာင္ကုနဲ႔ညီမေလးေတြ႕ၿပီးသြားၿပီေပါ့။ ေဂ်ာင္ကုၾကည့္ရတာ သူကလြဲလို႔ဘာကိုမွ စိတ္မဝင္စားတဲ့ပုံစံ။ ညီမေလးကလည္း တစ္ခုခုကိုမမွတ္မိတဲ့ပုံစံ။

"လက္ေထာက္ေဂ်ာင္က ညီမေလးကိုအျပင္ျပန္ေခၚသြားလိုက္ပါ က်န္တဲ့ကိစၥကိုယ္ပဲ ဆက္လုပ္လိုက္ေတာ့မယ္"

"ဟုတ္ကဲ့ သိပါတယ္"

"မင္းတို႔လည္းသြားၾကေတာ့"

"ဟုတ္ကဲ့ဥကၠဠ"

ေဂ်ာင္ကုကလည္း သူနဲ႔အတူပါလာတဲ့ လူႏွစ္ေယာက္ကို အျပင္ပထုတ္လိုက္တာျဖစ္သည္။ ေဂ်ာင္ကုရဲ႕စကားေၾကာင့္ ဝူေယာင္းရဲ႕အၾကည့္တို႔ဟာလည္း စူးခနဲ။ ဒါေပမယ့္hyungစကားနားေထာင္ၿပီး အျပင္သာထြက္လာခဲ့သည္။

"ဟိုဥကၠဠကလည္း တစ္မ်ိဳးႀကီးပဲေနာ္ hyungနဲ႔တစ္ခုခုပတ္သက္ေနပုံပဲ"

ဝူေယာင္းကသာ ေဘးကေနယွဥ္ေလွ်ာက္ေနတဲ့ ဂ်ီအာ့ကိုစကားေတြေျပာေနေပမယ့္ ဂ်ီအာကသူ႕အားစကားျပန္မလာေခ်။

"ပတ္ဂ်ီအာ"

လက္ေမာင္းနဲ႔တိုက္ကာေခၚလိုက္မွ သတိဝင္လာဟန္ျဖင့္ သူ႕အားအဖက္လုပ္လာသည္။

"ဟမ္ ဟမ္ ဘာလဲ"

"ဟိုဥကၠဠကတစ္မ်ိဳးပဲလို႔"

"အင္း....တစ္မ်ိဳးပဲ"

ေျပာရင္းနဲ႔သူမအသံက ျပန္လည္တိုးက်သြားျပန္သည္။ ထိုလူ႕ကိုျမင္ျမင္ခ်င္းခံစားလိုက္ရဲ႕ ခံစားခ်က္ႀကီးကို ေျပာျပဖို႔ အခုထိစကားလုံး႐ွာမေတြ႕ေသး။

႐ုံးခန္းထဲႏွစ္ေယာက္တည္း က်န္ခဲ့တဲ့အျပင္ စူးစူးရဲရဲႀကီးစိုက္ၾကည့္ခံေနရတာေၾကာင့္ ဂ်ီမင္းမေနတတ္ေတာ့။

"ကဲ အလုပ္ကိစၥေဆြးေႏြး.... အင့္!!"

စကားစ႐ုံ႐ွိေသး လက္ျမန္ေျချမန္႐ွိတဲ့ေဂ်ာင္ကုက သူ႕အားတင္ပါးမွေကာက္ခ်ီကာ အလုပ္စားပြဲေပၚျပစ္တင္လိုက္သည္။ ခႏၶာကိုယ္ခ်င္းမယွဥ္သာလို ေစြ႕ခနဲပါသြားရတယ္ဆိုေပမယ့္ သူကလည္း အရင္လို ႏူးႏူးညံ့ညံ့ပတ္ဂ်ီမင္းမွမဟုတ္တာ။ အဖုအထစ္ေတြနဲ႔ ရင္အုပ္က်ယ္ႀကီးကို ေျဖာင္းခနဲအားရပါးရ႐ိုက္ခ်ၿပီးမွ

"ငါ့႐ုံးခန္းထဲလာၿပီး ငါ့ကိုမေလးမစားနဲ႔ အခုဖယ္စမ္း"

"ဖယ္စရာလား"

ျပန္လည္ေတြ႕ဆုံမႈမ်ိဳးက ဒီလိုအ႐ိုက္အႏွက္ခံၿပီး စရလိမ့္မယ္လို႔ ေဂ်ာင္ကုလုံးဝမထင္ထားမိ။ စေတြ႕ကတည္းက ဒီလူ႕ကိုေသခ်ာၾကည့္ေနမိတာ။ အရင္ကပန္းေရာင္ဆံပင္လုံးလုံးေလးေတြ​ေနရာမွာ ပုံေပၚထားတဲ့ ေ႐ႊဝါေရာင္ဆံပင္ေတြကို ေသခ်ာၿဖီးသင္ထားတာေၾကာင့္ ႏွဖူးက်ယ္က်ယ္က ႐ွင္း႐ွင္းလင္းလင္း။

အရင္ခ်ိဳခ်ိဳသာသာေလသံေလးက အခုေတာ့အ႐ွိန္အဝါေတြပါေနလို႔။ ေျပာင္းလဲသြားခဲ့ၿပီ။ ဒါေပမယ့္လွတုန္းပဲ။ အရင္ကႏူးႏူးညံ့ညံ့ေလးလွခဲ့တယ္ဆိုရင္ အခုကေၾကာက္စရာေကာင္းေအာင္ သန္မာၿပီးေတာ့ လွလာတာ။

ငါ့မွာေတာ့အ႐ူးတစ္ပိုင္း႐ွာေနလိုက္ရတာ သူက်ေတာ့ဒီမွာေအးေဆးေနႏိုင္တယ္ ဆိုၿပီးေတြးလိုက္မိေတာ့ ဘာမွမလုပ္ခ်င္ေတာ့ဘူး။ ေျပးပဲ႐ိုက္ခ်င္ေတာ့တာ။ ခုလည္းစကားစတာနဲ႔ ေျပးခ်ီၿပီးခုံေပၚတင္ေပးထားလိုက္သည္။ သူကိုယ္တိုင္လည္း ထိုင္ေနတာေၾကာင့္တြဲေလာင္းက်ေနတဲ့ ထိုလူ႕ေျခေထာက္ႏွစ္ေခ်ာင္းၾကားဝင္ရပ္ကာ လက္ႏွစ္ဖက္ကိုလည္း ေဘးတစ္ခ်က္စီမွာေထာက္ထားလိုက္သည္။ ရေအာင္႐ုန္းစမ္း။

"ဂြၽန္ေဂ်ာင္ကု ငါေျပာေနတယ္ဖယ္စမ္း"

"ဘယ္လိုေတာင္ ေအးေအးေဆးေဆးေနႏိုင္ရတာလဲ ေမာင္ဘယ္ေလာက္စိတ္ပူေနရလဲ ကိုကိုသိလား။ ညညေတြလည္းလြမ္းလို႔အိပ္လို႔ေတာင္မရဘူး တစ္ခါတစ္ေလမ်က္ရည္ပါက်တယ္ ေမာင္ကိုကို႔ ကိုအရမ္းလြမ္းေနတာ။
စကၠန္႔မလပ္႐ွာခဲ့တာ ႐ူးမတတ္ပါပဲကိုကိုရယ္ ေမာင္႐ူးမတတ္ပဲ"

"ငါအစတည္းကေျပာခဲ့တယ္ေလ မင္းနဲ႔မပတ္သက္ခ်င္ေတာ့လို႔ ေဝးရာကိုထြက္လာတာလို႔ လိုက္မ႐ွာဖို႔လည္းေျပာၿပီးသားပဲ ငါေၾကာက္တာမို႔လို႔ငါ့ကိုလႊတ္ေပးပါေတာ့ ေဂ်ာင္ကုရယ္ ငါတစ္ကယ္ေၾကာက္သြားလို႔ပါမင္းတို႔ကို"

"ေမာင္လိုက္႐ွာခဲ့တာ လႊတ္ေပးဖို႔မွမဟုတ္တာ ျပန္လာခဲ့ပါေနာ္ ေမာင့္ဆီျပန္လာခဲ့"

"ဟင့္အင္း မင္းရဲ႕အသိုင္းအဝိုင္းက ငါ့အတြက္ေတာ့အိပ္မက္ဆိုးပဲ ငါေအးေဆးေနပါရေစ"

"ေမာင္မိသားစုထဲကထြက္လိုက္ရင္ေရာ... ေမာင့္မိသားစုထဲကထြက္လိုက္ၿပီး ပတ္မ်ိဳး႐ိုးထဲပဲေမာင္ဝင္လိုက္မယ္ေလ အဲ့လိုဆိုရင္ေရာအဆင္ေျပလား"

"မင္းဘာသာေအးေဆးေန"

"မေနဘူး ေမာင္နဲ႔ျပန္လိုက္ခဲ့"

"လဲေသ"

"ဘယ္လိုေတြျပန္ခံေျပာေနတာလဲ ဂြၽန္ဂ်ီမင္း"

"မင္းကေရာဘာျဖစ္ခ်င္ေနတာလဲ"

"ကိုကို႔ကို အိမ္ျပန္ေခၚခ်င္ေနတာေလ"

"မလိုက္ဘူးလို႔ေျပာေနတယ္ေလ"

"ကိုယ့္ေယာက်ာ္းအိမ္မွာမေနပဲ ခင္ဗ်ားကဘယ္မွာေနခ်င္ေနတာလဲ"

"ဘာ​ေယာက်ာ္းလဲ မင္းနဲ႔ငါအေနသာႀကီး"

"ကြာ႐ွင္းစာခ်ဳပ္မွာ ေမာင့္လက္မွတ္မထိုးရေသးဘူး"

"အဲ့တာမင္းကိစၥ ငါ့ဘက္က႐ွင္းစရာ႐ွိတာအကုန္႐ွင္းၿပီးၿပီ"

"ျပန္လာခဲ့ပါကိုကိုရယ္ ေမာင့္ကိုအကုန္လုံးကဝိုင္းၾကဥ္ေနတာ ထယ္ေယာင္းhyungတို႔ေရာ ဦးေလးပတ္တို႔ေရာ အကုန္လုံးပဲ ေမာင္တစ္ေယာက္တည္းဘယ္ေလာက္အားငယ္ရတယ္ထင္လဲဟင္ ေမာင့္ကိုနည္းနည္းမွမသနားဘူးလား"

ခါးကေနဆြဲဖက္ကာ ရင္ခြင္ထဲေခါင္းတိုးရင္းခြၽဲလာတဲ့ ဂြၽန္ေဂ်ာင္ကုမွာ ေနာက္ထပ္အပီခ်ဳပ္စရာအကြက္ဘယ္ႏွစ္ခု ႐ွိေသးလဲမသိ။

"ဖယ္စမ္းပါ မင္းဒီကိုအလုပ္ကိစၥနဲ႔လာတာမလား"

"ဟင့္အင္း ေမာင္ကကိုကို႔ကို ႐ွာဖို႔ပဲလာခဲ့တာ က်န္တာဘာမွမသိဘူး"

"ဆိုးလိုက္တာ"

"ေမာင္လိမၼာေနပါၿပီ ေမာင္နဲ႔အတူျပန္လိုက္ခဲ့ေနာ္"

"အလြယ္မေျပာနဲ႔ ငါျပန္လိုက္ခဲ့ရင္ဒီအလုပ္ေတြကို ဘယ္သူနဲ႔ထားခဲ့ရမွာလဲ"

"ထားခဲ့ခ်င္တဲ့သူနဲ႔ထားခဲ့"

"မင္းဖယ္ေတာ့ သူမ်ားေတြျမင္ရင္မေကာင္းဘူး"

"အခုကိုကိုနဲ႔ေမာင္ႏွစ္ေယာက္တည္းေလ ဘယ္သူမွမျမင္ဘူး အဲ့ေတာ့ရင္ခုန္စရာေလးေတြဖန္တီးၾကည့္ၾကမလား"

"မင္း........."

ေဒါသထြက္လာခ်ိန္မွာေတာ​့ ဘာမွမစဥ္းစားမိေတာ့ပဲ ေ႐ွ႕ကလူကိုသာ ေကာ္လံစကေန
ေဆာင့္ဆြဲၿပီး လည္တိုင္အားကုန္းကိုက္လိုက္သည္။

"အား....ကိုကိုလႊတ္"

ဟိုက႐ုန္းေလ၊ သူကအားပိုထည့္ေလ။ ေ႐ွ႕သြားေတြနဲ႔ေသခ်ာဆြဲၿပီး ႏႈတ္ခမ္းႏွစ္လႊာနဲ႔ပါဖိစုပ္ေပးလိုက္သည္။

"ေမာင္တစ္ကယ္နာေနၿပီ လႊတ္ေတာ့"

အသံကပုံမွန္ထက္ အနည္းငယ္မာလာတာေၾကာင့္ သူလႊတ္ေပးလိုက္ရသည္။

ဝုန္းးးး

"အင့္"

ကိုက္ထားတာလႊတ္လႊတ္ခ်င္း လက္ႏွစ္ဖက္ကိုခ်ဳပ္ၿပီး ဆြဲလွန္ခ်လိုက္တာေၾကာင့္ နဂိုစားပြဲေပၚထိုင္လ်က္အေနအထားကပင္ စားပြဲနဲ႔ေက်ာျပင္မိတ္ဆက္သြားရသည့္အေနအထားသို႔ ေရာက္သြားေလသည္။

"ဘာလုပ္တာလဲ ဖယ္စမ္း"

"တစ္ေယာက္တစ္လွည့္ေလ"

"ဘာကိုတစ္ေယာက္တစ္လွည့္ ဟင့္အင္းးး မ..မလုပ္နဲ႔ေဂ်ာင္..အ့"

စကားပင္မဆုံးလိုက္ necktieကိုအၾကမ္းပတမ္းဆြဲခြၽတ္ကာ shirtအက်ီ ္မွၾကယ္သီးေတြကို ဆြဲျဖဳတ္ၿပီး လည္တိုင္အားသြားနဲ႔ တစ္တိတိကိုက္လာသည္။ လက္ႏွစ္ဖက္က ေခါင္းအထက္မွာၾကက္ေျခခတ္သ႑ာန္ အခ်ဳပ္ခံထားရတာေၾကာင့္႐ုန္းမရ။

ေမး႐ိုးေတြကိုခပ္ဖြဖြကိုက္သည္။ လည္ဇလုတ္ကိုအသာအယာစုပ္ၿပီး ညႇပ္႐ိုးေတြအထိတိုက္ခိုက္ျပန္သည္။ ကြၽမ္းက်င္စြာကစားျပသြားတဲ့ လွ်ာဖ်ားေၾကာင့္ ေလဟုန္စီးေနသလိုရင္ထဲလွပ္ခနဲ။

ထို႔ေနာက္မ်က္ႏွာေခ်ာေခ်ာက လည္တိုင္ကေနဆုတ္ခြာကာ မ်က္ႏွာနားကပ္လာတာ
ေၾကာင့္ ေခါင္းကိုလႊဲကာေ႐ွာင္လိုက္ေပမယ္​့ လမ္းတစ္ဝက္မွာတင္ သူ႕လက္ဖဝါးခပ္ႀကီးႀကီးနဲ႔ထိန္းကိုင္တာကိုခံလိုက္ရၿပီး ႏႈတ္ခမ္းတစ္ခုလုံးဝါးၿမိဳခံလိုက္ရသည္။ ခ်ဳပ္ထားတဲ့လက္ေတြကိုလႊတ္ၿပီး သူ႕လည္ပင္းအားသိုင္းဖက္ေစခဲ့သည္။

ဂ်ီမင္းလည္း႐ုန္းကန္တာေတြကို ရပ္တန္႔ၿပီး ေဂ်ာင္ကုအားသိုင္းဖက္ကာ အနမ္းယဥ္ေၾကာမွာစီးေျမာေတာ့သည္။ ႐ုန္းစရာလား။ ဒီအထိအေတြ႕ေတြ၊ ဒီအနမ္းအ႐ိႈက္ေတြကို သူဘယ္ေလာက္လြမ္းဆြတ္ခဲ့ရလဲ။ ေန႔တိုင္းတမ္းတခဲ့ရတာ။

ေဂ်ာင္ကုမြတ္မြတ္သိပ္သိပ္ကိုနမ္းေနမိသည္။ စေတြ႕လိုက္ရကတည္းက ဒီေ႐ႊဝါေရာင္ဆံႏြယ္ေတြလြင့္ခါသြားတဲ့အထိ နမ္းျပစ္ခ်င္စိတ္ကျပင္းျပင္းျပျပ။ အရင္ဆုံးျပန္ေခ်ာ့မယ္လို႔စိတ္ကူးထားေပမယ့္ လည္ပင္းသားကိုလာတိုက္ခိုက္တဲ့ ႏႈတ္ခမ္းတို႔ေၾကာင့္ စိတ္ကဘယ္လိုမွမရေတာ့။ ႏႈတ္ခမ္းေတြေပါက္ထြက္တဲ့အထိ ၾကမ္းၾကမ္းတမ္းတမ္းကိုနမ္းခ်င္လာသည္။

လွဲလ်က္အေနအထားမွထကာ ထိုင္လ်က္အေနအထားသို႔ေျပာင္းၿပီးဆက္နမ္းေနမိသည္။ ပုံစံေတြသာေျပာင္းသြားတာ အနမ္းေတြကျပတ္ေတာက္မသြား။

ဂ်ီမင္းရဲ႕ႏႈတ္ခမ္းႏွစ္လႊာလုံးကို ေဂ်ာင္ကုကိုက္ဆြဲျပစ္လိုက္သည္။ နာက်င္မႈေၾကာင့္ထြက္လာတဲ့ အသံေသးေသးေလးနဲ႔ ေကာ့တက္လာတဲ့ခါးသြယ္သြယ္က ဂြၽန္ေဂ်ာင္ကုကို စုံလုံးကန္းေအာင္လုပ္ေနတာ။ နမ္းေနရင္းနဲ႔ငံက်ိက်ိအရသာ ရလာတာေၾကာင့္ ဂ်ီမင္းႏႈတ္ခမ္းသူ႕လက္ခ်က္နဲ႔ ေပါက္သြားၿပီဆိုတာသိလိုက္ရသည္။ အနမ္းေတြကိုအ႐ွိန္ေလွ်ာ့လိုက္ၿပီး ေသြးစို႔ေနတဲ့ေအာက္ႏႈတ္ခမ္းေလးကို လွ်ာေလးနဲ႔လွ်က္ကာ ရပ္တန္႔ေပးလိုက္ရသည္။

ႏႈတ္ခမ္းခ်င္းဆက္သြယ္မႈကို ျဖတ္ေတာက္လိုက္ေတာ့ လုံးဝအားအင္ကုန္သြားၿပီျဖစ္တဲ့ ပတ္ဂ်ီမင္းက သူ႕ရင္ခြင္ထဲၿပိဳက်လာေလသည္။ ၾကယ္သီးျပဳတ္ေနတဲ့အက်ီ ္၊ လည္ပင္းကစလို႔ရင္ဘတ္အထိ နီရဲေနတဲ့အမွတ္အသားေတြ၊ ဖူးေယာင္ၿပီးတံေတြးစိုေနတဲ့ႏႈတ္ခမ္းေတြ၊ ႐ႈပ္ပြၿပီးဖ႐ိုဖရဲျဖစ္ေနတဲ့ေ႐ႊေရာင္ဆံပင္ေတြ၊ ေနာက္ဆုံးေခြၽးစို႔ေနတဲ့ႏွဖူးျပင္တို႔ကအစ ေသေလာက္ေအာင္လွသည္။ အေျခအေနတစ္ခုကိုေရာက္ေတာ့မလိုပင္။

ခါးေလးကေနအသာထိန္းကိုင္လိုက္ၿပီး ႏွဖူးေလးကိုနမ္းလိုက္ကာ

"ဒီမွာအဆင္မေျပရင္toiletထဲသြားရေအာင္"

"ငါ့ကိုလႊတ္စမ္း အ႐ိုင္းအစိုင္းေကာင္"

"အခုထိအ႐ွိန္မေလွ်ာ့ေသးပါလားကိုကို ဘာလဲဒူးေတြေခြက်တဲ့အထိ ေမာင္နမ္းေပးရမွာလား"

ရင္ခြင္ထဲမွီထားရာမွ႐ုန္းထြက္လိုက္ၿပီး ဂ်ီမင္း ေဂ်ာင္ကုကိုအတင္းႏွင္ထုတ္မိသည္။

"မင္းသြားေတာ့"

"ကိုကို ေမာင့္ကိုျပန္မေခၚမခ်င္းမသြားဘူး"

"ငါစဥ္းစားေပးမွာမို႔လို႔ မင္းသြားလိုက္ေတာ့"

"ေသခ်ာတယ္ေနာ္ ေယာက်ာ္းကတိပဲ ေျပာၿပီးမွလုပ္ခ်င္တာလုပ္လို႔မရဘူး"

"သိတယ္ အခုေတာ့မင္းအရင္သြားေတာ့"

"ခ်စ္တယ္ေနာ္ တာ့တာ"

သူ႕အားလက္ျပကာ ႐ုံးခန္းထဲမွထြက္သြားေလသည္။ မသြားခင္ပါးႏွစ္ဖက္ကိုလည္း ဖ်စ္ညႇစ္ကာနမ္းသြားေသးသည္။ ဂ်ီမင္းကေတာ့shirtကို ၾကယ္သီးေတြျပန္တပ္ၿပီး sofaေပၚမွီထိုင္လိုက္ရေလသည္။ ႏႈတ္ခမ္းေထာင့္စြန္းကို ထိမိလိုက္ေတာ့... က်စ္! နာလိုက္တာဆိုတာ။ ႏႈတ္ခမ္းေတြကိုနမ္းေနတာလား ဝါးစားေနတာလားမသဲကြဲဘူး။

"ကိုကို..."

ေဂ်ာင္ကုက႐ုံးခန္းထဲ႐ုတ္တရက္ႀကီး ျပန္ဝင္ခ်လာေလသည္။

"မင္းမျပန္ႏိုင္ေသးဘူးလား ဂြၽန္ေဂ်ာင္ကု"

ပိတ္ေအာ္လိုက္ေတာ့ သြားေလးၿဖဲကာphေလးေထာင္ျပၿပီး

"Phနံပါတ္ေပးဦးအသစ္ေျပာင္းထားတာမလား"

"ေပး မင္းph"

သူ႕phကိုဆြဲယူလိုက္ၿပီး နံပါတ္အခ်ိဳ႕ကိုႏွိပ္ေပးလိုက္သည္။

"ေရာ့ အဲ့တာငါ့နံပါတ္"

"အဲ့တာဆိုေမာင္သြားၿပီေနာ္ တာ့တာ"

"ႂကြ"

ဒီတိုင္းသာဆို ဒီကေလးသူ႕ဆီေန႔တိုင္းလာေႏွာင့္ယွက္ဖို႔အလားအလာ႐ွိတယ္။ ေသစမ္းပတ္ဂ်ီမင္းေရ ႏွစ္ႏွစ္လုံးေ႐ွာင္ေနႏိုင္ခဲ့ၿပီး အခုက်မွ။ ဒီေယာက်ာ္းနဲ႔ေတြ႕ရင္ သူဘယ္လိုမွမတြန္းလွန္ႏိုင္။ အၿမဲလုပ္ခ်င္ရာလုပ္ဆိုၿပီးေနေပးရစၿမဲ။ ဒါအတိတ္ကဂ်ီမင္းအတြက္ မထူးဆန္းေပမယ့္ ပစၥဳပၸန္ကဂ်ီမင္းအတြက္ေတာ့ အေတာ္ေလးနစ္နာေလသည္။ ႐ုံခန္းထဲအထိမေ႐ွာင္သူ႕ကိုရမ္းကားသြားတာ။ တစ္ေယာက္ေယာက္မ်ား ေတြ႕သြားခဲ့ရင္ သူ႕သိကၡာက်မွာ။ ဂ်ီမင္းေဒါသေတြကို သက္ျပင္းခဏခဏခ်ျခင္းနဲ႔သာ ေျဖဆည္ေနရသည္။

အမ်ိဳးသားငယ္ေလးဟာ
အတိတ္ေတြကေန႐ုန္းထြက္ၿပီး
ေျပာင္းလဲႏိုင္ခဲ့ေပမယ့္
ေမာင္ကေတာ့
အရင္ကနဲ႔မျခားနားစြာ
ဆိုးၿမဲဆိုးဆဲ.....။

( Viwerေသးေသး Voteေသးေသးေလးနဲ႔ စတင္ခဲ့တဲ့ ကြၽန္ေတာ္႕ရဲ႕မေကာင္းမကန္းficေသးေသးေလးက အခုေတာ့viwer 12kနဲ႔ vote 2k ေက်ာ္သြားခဲ့ပါၿပီ ဖတ္ေပးၾကတဲ့sl readerေတြကိုေရာ voteေပးဖတ္ၾကတဲ့သူေတြကိုေရာ RLထဲထည့္ေပးတဲ့သူေတြကိုေရာ follower 200 ေက်ာ္ကိုေရာ ေက်းဇူးအမ်ားႀကီးပါဗ်ာ )

Continue Reading

You'll Also Like

34.2K 5.6K 16
အကယ်၍ စက္ကူကြိုးကြာတွေ မြေခခဲ့ရင်ရော။ အကယ္၍ စကၠဴႀကိဳးၾကာေတြ ေျမခခဲ့ရင္ေရာ။ Start date - 22. 10. 2021 End date - 4. 11. 2021
117K 10.4K 27
လူကြီးကို စတွေ့တုန်းက.... တက္ကသိုလ်...ကျောင်းဝန်းထဲက... မေဘယ်လ် ပင်ကြီးအောက်မှာ.....🍁
257K 28.5K 35
Cover by @AL2LUKAR ~~မီး​ေတာက္​မီးလွ်ံ​ေတြလို ပူျပင္​းတဲ့မာန​ေတြကို ​ေ႐ွ႕တန္​းတင္​ၿပီး တည္​​ေဆာက္​ခဲ့တဲ့ အိမ္​​ေထာင္​​ေရးတစ္​ခုဟာ........... ခ်စ္​ျခင...
276K 31.1K 31
(Unicode +Zawgyi) Unicode; တကယ်သာ နောင်ဘဝဆိုတာ ရှိခဲ့မယ်ဆိုရင် Jungkook နဲ့ အတူ ချယ်ရီပန်းတွေ တူတူထိုင်ကြည့်ချင်သေးတယ်....။ ဒီ Fic လေးက ပထမဆုံး ရှေးခ...