Unicode
"ကမ်ထယ်ယောင်း ကလေးကိုသေချာပွေ့ထားလေ"
ဟိုဆော့ရဲ့အသံကြောင့် ဆော့ဂျင်နိုးလာခဲ့သည်...
ဘေးမှာအိပ်ပျော်နေတဲ့ထိုလူသားကတော့ အေးချမ်းလိုက်တာ..
သူ့မှာတော့လှုပ်တောင်မလှုပ်ရဲ...
ခါးတလျှောက်နာကျင်မှုတွေက မနေ့ညကအချစ်စမ်းသည်ကိုပြန်ပီးအမှတ်ရစေလေသည်...
"ဟိတ် အကို ကိုယ့်ကိုဘာလို့အဲ့လောက်စိုက်ကြည့်နေရတာလဲ"
အတွေးတွေထဲနှစ်နေတုန်း လှဲအိပ်နေတဲ့ထိုလူသားဟာ မျက်လုံးဖွင့်ပီးမေးလာလေသည်...
"ချစ်စရာကောင်းလို့"
"အကို ကလည်းချစ်စရာကောင်းတယ်
ကျွန်တော့ကိုmorning kissလေးပေးပါဦး"
ဆော့ဂျင် ဂျန်းကုရဲ့အနည်းငယ်ရှည်နေတဲ့ ဆံပင်ကောက်ကော်လေးတွေကိုအသာလိပ်တင်ပေးလိုက်ပီး သူ့အလိုကျနှုတ်ခမ်းပါးပေါ်မှာ အနမ်းချွေလိုက်လေသည်...
အနမ်းတွေကိုဆက်ရင်း နယ်ကျွံလာတဲ့သူ့လက်ကို ဆော့ဂျင်အမြန်ပဲဟန့်တားလိုက်ရသည်..
"ကောင်လေး ကိုယ်က30ပြည့်တော့မှာ
မင်းလိုအမြဲဖျတ်လတ်သွက်လတ်နေတဲ့ လူငယ်လေးမဟုတ်တော့ဘူး"
ရီရင်းပြောလာတဲ့ ဆော့ဂျင်စကားကို ဂျန်းကုကသူ့အနမ်းတွေနဲ့ပြန်လည်ပိတ်ဆို့လိုက်လေသည်...
"အကိုကမအိုသေးပါဘူး
အခုထိနုပျိုနေတုန်းပဲ"
"အပိုတွေ"
"မပိုပါဘူးလိုတောင်လိုသေးတယ်
အကိုကအရမ်းနုနေလို့ ကျွန်တော့မှာစိတ်မချဖြစ်နေရတာအကိုသိရဲ့လား"
ဆော့ဂျင် ဂျန်းကုရဲ့အပိုစကားလုံးလှလှလေးတွေကိုနားထောင်ရင်း ရီလိုက်မိသော်လည်း နာကျင်မှုကြောင့် မျက်နှာအတော်ပင်ပျက်သွားလေသည်...
"အကိုထတော့မှာလား"
"အင်း ဟိုမိသားစုသုံးယောက်ကမနက်စာတောင်စားပီးပီထင်တယ်"
ဟိုဆော့တို့မိသားစုကိုပြောလိုက်ခြင်းဖြစ်ပေသည်..
ဟိုတော့နဲ့ထယ်ယောင်းလက်ထပ်ပီးမကြာခင်ပဲ အရမ်းချစ်စရာကောင်းတဲ့သားသားလေးတယောက် မွေးဖွားလာလေသည်...
ယွန်းဂီနဲ့ဂျီမင်ကတော့ အခုထိမေရရာေသးေသာ အဆင့်မှာသာရှိသေးလေသည်..
ဂျီမင့်အတွက် တယောက်သောသူ၏သေဆုံးမှုဟာ အတော်ပင်ထိခိုက်စရာဖြစ်ခဲ့လေသည်...
အခုအားလုံး စိတ်ပြေလက်ပျောက်အနေနဲ့ ကမ်းခြေက ဂျန်းကုပိုင်တဲ့အပန်းဖြေစံအိမ်တော်မှာ လာနေကြခြင်းပင်...
သူ(ဆော့ဂျင်)နဲ့ဂျန်းကုရဲ့အခြေအနေကရော ဘာထူးခြားမှုရှိပါသလဲ..?
အိပ်ရာဘေးကစားပွဲခုံပေါ်မှာတင်ထားတဲ့ အဖြူရောင်သတို့သား၀တ်စုံနဲ့ ကောင်လေးနှစ်ယောက်နဲ့ဓာတ်ပုံ..
သူတို့နှစ်ယောက်လုံးလက်မှာစွပ်ထားတဲ့ ငွေရောင်လက်စွပ်လေးတို့ကိုကြည့်ခြင်းဖြင့် ခန့်မှန်းသိနိုင်ပါသည်..
.
.
.
.
.
.
.
.
"ဒီနှစ်ယောက်အခုမှထလာကြတာလား"
အားလုံးကိုသိနေတယ်ဆိုပီးကြည့်နေတဲ့ ထယ်ယောင်းကို ဂျန်းကု ဂျိုကြည့်ကြည့်လိုက်လေသည်...
လက်ထဲကကလေးငယ်လေးကတော့သူမဟုတ်သည့်အတိုင်း ရွှင်လို့...
ထိုကလေးငယ်လေးသည် သူ့မိဘတွေလက်ပေါ်မှာ အသေဂျစ်သော်လည်း ဆော့ဂျင်နဲ့ဂျီမင်ကိုတွေ့သည်နှင့် သူ့ရဲ့ပါးချိုင့်များခွက်သည်အထိပြုံးရီတတ်ပါသေးသည်...
"ဂျင် ဂျင် ဂျင်"
ဆော့ဂျင်စီကိုလာချင်လွန်းလို့ မပီကလာပီကလာနဲ့ သူ့အဖေလက်ထဲကရုန်းနေတဲ့၀ဖြိုးဖြိုးကလေးငယ်ကို ဂျန်းကုကြည့်မရတော့ပေ...
"ဟိတ်ကောင် ကမ်ယောင်းဆော့
မင်းကိုအကိုဂျင့်ကိုမြင်တာနဲ့ စပ်စလူးထနေတော့တာပဲ
ဟိုမှာတွေ့လား သူ့ဘဲကိုမင်းကိုရိုက်လိမ့်မယ်"
ထယ်ယောင်းရဲ့ပြောသံအဆုံးမှာ ယောင်းဆော့တယောက် ဂျန်းကုကိုလက်ညှိုးတထိုးထိုးနှင့်အော်ငိုပါတော့သည်...
"ဘူး..ဘူး..."
"ကဲ ကဲ လာပါ ဦးဦးချီမယ်"
ဂျင်ပွေ့ချီလိုက်မှအငိုတိတ်သွားတဲ့ ယောင်းဆော့ဟာ ဆော့ဂျင်ရဲ့လည်ပင်းက အနီအမှတ်အသားတွေကိုတွေ့သည်နှင့် ပြန်လည်အော်ငိုပါတော့သည်...
"တိုးတိုးနေကြ ဂျီမင်နေမကောင်းဘူး"
မင်ယွန်းဂီရောက်လာသည်နှင့် အခန်းတခုလုံးတိတ်ဆိတ်သွားတော့လေသည်..
မင်ယွန်းဂီဟာ ထိုသို့ပင်ပတ်ဂျီမင်တယောက်တည်းအတွက်သာ နွေးထွေးသောလူသားဖြစ်ခဲ့လေသည်...
"တော်တော်ေနမေကောင်းဖြစ်နေတာလား"
"ခရီးပန်းသွားတာဖြစ်မယ် "
"ခနငါဆေးပေးလိုက်မယ်"
ဟိုဆော့ပေးတဲ့ဆေးကိုယူကာအပေါ်ကိုတက်သွားတဲ့ ယွန်းဂီကိုဆော့ဂျင်ကြည့်နေလိုက်သည်...
သူ့သူငယ်ချင်းရေခဲတုံးကြီးကိုပြောင်းခဲစေနိုင်တဲ့သူ ရှိပါသေးလားပေါ့...
ဂျီမင်လည်း နမ်ဂျွန်းစီကနေရုန်းထွက်လာနိုင်ခဲ့ရင်ကောင်းပေမယ်...
အတိတ်ထဲမှာထပ်ပီးကိုယ့်ကိုကိုယ်မပိတ်ထားသင့်တော့ပေ...
ဂျီမင်လည်း ယွန်းဂီအပေါ်ခံစားချက်ရှိနေတယ်ဆိုတာ ဘေးကလူတွေအကုန်လုံးရိပ်မိနေလေပီ...
.
.
.
.
.
.
.
"ဂျီမင် နေကောင်းပီလား"
"ဟုတ် သက်သာပါပီအကိုဟိုဆော့"
ဂျီမင်က အိပ်ယာထဲကထခါပြုံးရင်း ဖြေရှာလေသည်...
ဂျီမင့်ရဲ့အသားဖွေးဖွေးလေးဟာ စောင်ပုံထဲမှာမြုပ်နေပီး ဝါဂွမ်းဖြူလေးနှင့်သဏ္ဌာန်တူလှလေသည်...
"ရော့ ဒီဆန်ပြုတ်သောက်လိုက်ဦး"
ဆော့ဂျင် ဆန်ပြုတ်ဗန်းကိုကိုင်ကာ ၀င်လာတာမြင်တော့ အားနာဖြတ်ပြေးသွားတဲ့ ဂျီမင့်အမူအရာလေးဟာ တကယ်ကိုချစ်စရာကောင်းပါသည်...
"ကျွန်တော့ကြောင့်နဲ့အကိုတို့ဒုက္ခများရပီ
အပျော်ခရီးထွက်လာတာကိုကျွန်တော့ကြောင့်နဲ့..."
"ရှူး ဒါလေးအရင်ကုန်အောင်သောက် အကိုကိုယ်တိုင်ပြုတ်လာတာ"
ဆန်ပြုတ်ကို ဖြည်းဖြည်းချင်းသောက်နေတဲ့ ဂျီမင့်ရဲ့ခေါင်းလေးကို ဆော့ဂျင်ဖြည်းဖြည်းချင်းပုတ်လိုက်လေသည်...
"အမြဲကိုယ့်ကြောင့်လို့ပဲတွေးမနေနဲ့ဂျီမင်
အဲတာကမင်းကိုပင်ပန်းစေလိမ့်မယ်
ဒါနဲ့ကိုယ့်သူငယ်ချင်းကြီးကိုဘယ်တော့မှ အဖြေပြန်ပေးမှာလဲ"
"အဲတာက.."
ဂျီမင် သောက်လစဆန်ပြုတ်ကိုရပ်လိုက်မိသည်...
"အကိုသိပါတယ် ဂျီမင်သူ့ကိုမမေ့နိုင်သေးဘူးဆိုတာ
ဒါပေမဲ့ ဂျီမင် အတိတ်တွေထဲမှာပဲနစ်မြုပ်နေလို့မရဘူး
အကိုပြောတာနားလည်ရဲ့လား"
"ကျွန်တော်နားလည်ပါတယ်"
"ဒါဆို ဂျီမင် ယွန်းဂီကိုချစ်လား"
"ကျွန်တော်မသိဘူး
ကျွန်တော်တစ်တယောက်ကိုချစ်ပီးတဲ့အချစ်မှာ ထပ်ပီးချစ်ဖို့ကြောက်လာတယ်
မင် ကျွန်တော့ကိုဂရုစိုက်တာသိပါတယ်
ဒါပေမဲ့ ကျွန်တော်ထပ်ချစ်ရမှာကြောက်တယ်"
ဟိုဆော့ကပါ ဂျီမင်ဘေးကိုလာပီး ဖက်လိုက်လိုက်လေသည်...
"အကိုတို့ယုံတယ် မင်းအကောင်းဆုံးဆုံးဖြတ်နိုင်မယ်လို့"
ဆော့ဂျင်လည်း ဂျီမင့်ကိုအငြင်သာဆုံးသောအပြုံးလေး ပြုံးပြလိုက်လေသည်...
.
.
.
.
.
.
.
"ဂျီမင် ဘာလို့ထွက်လာတာလည်း နေကောင်းသေးတာလဲမဟုတ်ပဲနဲ့"
ပွစိပွစိပြောနေတဲ့ မင်ယွန်းဂီဟာသူ့ကိုစိတ်ပူလို့ဆိုတာ ဂျီမင်သိပါသည်...
ဂျီမင် ထိုသူ့အတွက်မျှတတဲ့ဆုံးဖြတ်ချက်တခုကို ချခဲ့လိုက်ပီ...
"မင် ကျွန်တော့ကိုချစ်သေးလားဟင်"
"ကိုယ့်အချစ်ကဘယ်တော့မှပြောင်းလဲမသွားဘူး ဂျီမင်"
"ကျွန်တော့ရဲ့အချစ်ရောပဲ
သူ့အပေါ်မှာချစ်တဲ့ကျွန်တော့ရဲ့အချစ်
အဲ့တာက လွယ်လွယ်ပြောင်းလဲလို့မရဘူး"
"ကိုယ်နားလည်ပါတယ် ဂျီမင်"
ဂျီမင် ယွန်းဂီရဲ့လက်တဖက်ကိုလှမ်းကိုင်လိုက်လေသည်...
"ဒါပေမဲ့ ကျွန်တောကြိုးစားကြည့်ပါ့မယ်
မင့်ကို ချစ်လာအောင် သင်ပေးမယ်မလား မင်"
ယွန်းဂီ ရုတ်ရပ်အံ့ဩသွားပီး ဂျီမင့်ကိုပွေ့ဖက်လိုက်သည်..
"ကိုယ့်ကိုအခုအဖြေပေးနေတာလား ဂျီမင်"
"အင်း ကျွန်တော် မင့်ကိုချစ်ကြည့်ဖို့ကြိုးစားပါ့မယ်"
ရှားပါးလှတဲ့ မင်ယွန်းဂီဆိုတဲ့ထိုလူသားရဲ့ လှပတဲ့အပြုံးလေးကို ဂျီမင်ငေးကြည့်နေမိသည်...
"ကိုယ်မင်းကိုအရမ်းချစ်တယ် ဂျီမင်"
"ကျွန်တော်လည်း မင့်ကို အရမ်းချစ်နိုင်အောင်ကြိုးစားပါ့မယ်"
"နမ်းလို့ရမလား ဂျီမင်"
"ရတာပေါ့ အခုကျွန်တော်က မင့်ရဲ့ကောင်လေးလေ"
ထပ်တူကျသွားတဲ့အနမ်းတခုရဲ့နောက်ကွယ်မှာ လှပတဲ့အချစ်တခုဟာပေါက်ဖွားလာခဲ့ပီး ရင်ခုန်သံနှစ်ခုဟာထပ်တူကြသွားခဲ့ပါသည်...
.
.
.
.
.
.
.
"နောက်ဆုံးတော့ ယွန်းဂီနဲ့ဂျီမင်နဲ့လည်းအဆင်ပြေသွားပီ
ဟိုဆော့နဲ့ထယ်ယောင်းကလည်းပျော်စရာဘ၀လည်း ပိုင်ဆိုင်ခဲ့ပီ"
ဂျန်းကု တော့ဂျင်ရဲ့နောက်ကကျောကို
သိုင်းဖက်လိုက်လေသည်...
"ကျွန်တော်တို့လည်း အခုပျော်ရွှင်နေတယ်မလား"
"ဒါပေါ့"
"အကိုရှိတဲ့နေရာက ကျွန်တော့အတွက် ပျော်ရွှင်မှုတွေရှိနေမဲ့နေရာပဲ"
"ငါရောပဲ မင်းနဲ့သာဆိုရင် ကမ္ဘာအဆုံးအထိသွားရဲတယ်"
ဂျန်းကု ဆော့ဂျင်ရဲ့ပါးဖောင်းဖောင်းလေးကို ဖြတ်ကနဲနမ်းလိုက်လေသည်...
"ငါ့ကိုရွေးချယ်ခဲ့လို့ နောင်တရခဲ့ဖူးလား ဂျန်းကု"
"ဟင့်အင် ဒီဘ၀မှာ ချစ်တယ်ဆိုတဲ့စကားကို
လူတယောက်အတွက်ပဲပြောခဲ့ဖူးတယ်
အဲဒီအတွက်လည်း နောင်တရစရာမရှိပါဘူး"
"ချစ်တယ် ဂျန်းကု
မင်းတယောက်တည်းကိုပဲ"
"အရမ်းချစ်တယ်အကို
အကို့တယောက်တည်းကိုပဲ"
နှစ်ယောက်မရှိတဲ့ ချစ်ခြင်းတွေဟာ လှပတဲ့ပန်းချီကားတချပ်လိုပဲထာ၀ရမပြောင်းလဲပဲ တည်ရှိနေမှာပါ..
ဆော့ဂျင်ရဲ့ဘ၀မှာ ချစ်ခဲ့ရတဲ့သူကတယောက်တည်းပါပဲ
ဒါပေမဲ့ အမုန်းနဲ့ထာ၀ရရင်ထဲမှာရှိနေမဲ့လူတယောက်လည်း ရှိပါသေးတယ်...
သူလည်းအခုချိန်လောက်ဆိုရာ အေားချမ်းတဲ့နေရာတနေရာမှာ သူ့ကိုချစ်တဲ့သူတစ်ဦးနဲ့အတူရှိနေလောက်ပါပီ...
သင်မမေ့ပါနဲ့ သင်ဟာဘလောက်ဆိုးဝါးတဲ့လူတယောက် နိမ့်ကျတဲ့လူတယောက်ဖြစ်နေပါစေ... သင့်ကိုချစ်ပေးမဲ့သူတယောက်လောက်တော့ အနည်းဆုံးရှိပါတယ်...
အမြဲတည်းသင်တယောက်တည်းလို့မတွေးလိုက်ပါနဲ့...
အချစ်ကိုအချစ်နဲ့ပဲထပ်တူကျနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
.
.
.
.
.
.
........................Jinkook.......................
AN
ကဲ တကယ်နှုတ်ဆက်ရမဲ့အချိန်ရောက်လာပါပီ...
ဘယ် characterလေးကိုသဘောကျတယ်ဆိုတာ အပန်းမကြီးရင်ဖြေသွားပေးကြပါဦး...
သာသာကတော့ ဂျီမင့်ရဲ့ကာရိုက်တာလေးပါ...
ချစ်သူအတွက်အရာရာကို ပေးဆပ်ရဲတဲ့ကာရိုက်တာလေးပေါ့...
ပီးတော့ဒီficထဲမှာ အပိုင်းအနည်းငယ်ပဲပါခဲ့တဲ့ ကမ်ဟယ်ဆူကိုလည်း သဘောကျပါတယ်
Ficထဲမှာမပါခဲ့တဲ့ အချစ်ဇာတ်ခမ်းတခုကိုလည်း အနည်းငယ်ပြောပေးမယ်နော်...
အကုန်လုံးမှတ်မိကြမယ်ထင်ပါတယ်...
ဟိုဆော့လေးကိုကယ်ပေးတဲ့ဆရာ၀န်မလေး ကမ်ယူရာလေ...
အဲ့တာသာသာ့နာမည်ပါ...
သူကတကယ်တော့ Kim RMကိုသဘောကျခဲ့တာပါ...
ငယ်ငယ်ကတည်းက နမ်ဂျွန်းနဲ့သိပီးခဲ့ပီးသားပါ...
ဒါပေမဲ့နမ်ဂျွန်းကိုတော့ရင်မခုန်ခဲ့ပါဘူး...
သူ့ရဲ့အမေက နမ်ဂျွန်းရဲ့စိတ်ရောဂါကုဆရာ၀န်ပါ...
အဲလိုနဲ့ Kim RMကိုသူတွေ့ပီး ချစ်မိသွားတယ်ပေါ့...
ဒါေပမဲ့နောက်ဆုံးမှာသူကိုယ်တိုင်ပဲ ဖျက်စီးဖို့အကူအညီပေးခဲ့ပါတယ်...
နှစ်တိုင်း နမ်ဂျွန်းရဲ့အုတ်ဂူဖြူလေးပေါ်မှာ RMကိုကိုယ်စားပြုတဲ့ နှင်းဆီပန်းနီနီလေးတွေရှိနေပါသတဲ့...
ဒီမှာပြောချင်တာကတော့ ဒါဒါလေးတို့လဲ ဘယ်တော့မှကိုယ့်ကိုချစ်တဲ့သူမရှိဘူးလို့မတွေးပါနဲ့...
ဒီထဲကဇာတ်ကောင်တွေလိုပေါ့..
ဆော့ဂျင်ကို နမ်ဂျွန်းနဲ့ ဂျန်းကုကချစ်သလို ဆော့ဂျင်ကလည်းဂျန်းကုကိုချစ်တယ်..
ဟိုဆော့နဲ့ထယ်ယောင်းနဲ့ကလည်း အပြန်အလှန်ချစ်ပီး
ဂျီမင်ဟာလည်း နမ်ဂျွန်းရဲ့အချစ်ဦးဖြစ်သလို ယွန်းဂီချစ်ရဲ့ချစ်ရသူပါပဲ...
နမ်ဂျွန်းကိုတော့ဟယ်ဆူနဲ့ဂျီမင်ကချစ်ပေးခဲ့တယ်...
ယွန်းဂီကိုလည်း ဂျီမင်ကိုပြန်ချစ်နိုင်မယ်လို့ယုံကြည်ပါတယ်...
နောက်ဆုံး အဆိုးဝါးဆုံးဇာကောင်ဖြစ်တဲ့ RMကိုတောင်ချစ်ပေးတဲ့သူတယောက်လောက်တော့ ရှိနေပါသေးတယ်...
အဲတာကြောင့် ဘယ်တော့မှအဲ့လိုအတွေးမတွေးလိုက်ပါနဲ့...
Love you all💗
Goodbye
ဒီအထိလိုက်ပါလာပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်
..................................................................
Zawgyi
"ချစ်စရာကောင်းလို့"
"အကိုကမအိုသေးပါဘူး
"အပိုတွေ"
"အကိုထတော့မှာလား"
ယွန်းဂီနဲ့ဂျီမင်ကတော့ အခုထိမရေရာသေးသော အဆင့်မှာသာရှိသေးလေသည်..
.
.
.
.
.
.
.
.
"ဂျင် ဂျင် ဂျင်"
"ဘူး..ဘူး..."
"ကဲ ကဲ လာပါ ဦးဦးချီမယ်"
"တော်တော်နေမေကောင်းဖြစ်နေတာလား"
"ခနငါဆေးပေးလိုက်မယ်"
.
.
.
.
.
.
.
"ဂျီမင် နေကောင်းပီလား"
"အဲတာက.."
"ကျွန်တော်မသိဘူး
.
.
.
.
.
.
.
"နမ်းလို့ရမလား ဂျီမင်"
.
.
.
.
.
.
.
သိုင်းဖက်လိုက်လေသည်...
"ဒါပေါ့"
"ချစ်တယ် ဂျန်းကု
မင်းတယောက်တည်းကိုပဲ"
"အရမ်းချစ်တယ်အကို
.
.
.
.
.
.
........................Jinkook.......................
AN
အဲ့တာသာသာ့နာမည်ပါ...
ဒါပေမဲ့နောက်ဆုံးမှာသူကိုယ်တိုင်ပဲ ဖျက်စီးဖို့အကူအညီပေးခဲ့ပါတယ်...
Love you all💗
Goodbye
ဒီအထိအကုန်လိုက်ပါပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်
..................................................................