နတ်ဘုရားတို့ လျှောက်သောလမ်း P...

Da KoYei2

7K 291 9

Part-1 မှာ ဖတ်ပါ။ Altro

အခန်း(၂၀၁) ဓားခုနစ်ချောင်းဂိုဏ်း၏ မျက်နှာအစစ်ကို ခွာချခြင်း
အခန်း (၂၀၂) ဓားခုနစ်ချောင်းဂိုဏ်းနှင့် တိုက်ခိုက်ခြင်း
အခန်း (၂၀၃) ဓားစိတ်ဆန္ဒ
အခန်း (၂၀၅) ထိတ်လန့်မှုတို့ ကြီးစိုးနေသည့် မူလန်ယင်း
အခန်း (၂၀၆) လျှို့ဝှက်အခန်း
အခန်း (၂၀၇) နဂါးမိစ္ဆာ
အခန်း (၂၀၈) နဂါးမိစ္ဆာနှင့် ပြင်းထန်သည့် တိုက်ပွဲ
အခန်း (၂၀၉) ရဲ့လျှို ထွက်လာခြင်း
အခန်း (၂၁၀) မဏ္ဍိုင် ဆေးလုံး
အခန်း (၂၁၁) နတ်ဘုရား၏ အမွေအနှစ်
အခန်း (၂၁၂) နဂါးတစ်ကောင်နှင့် ဖီးနစ်နှစ်ကောင်
အခန်း (၂၁၃) ချင်းချမ်၏ အပြုအစုတွင် သာယာနေခြင်း
အခန်း (၂၁၄) နတ်သမီး နှစ်ယောက်၏ အနှိုးအဆွ
အခန်း (၂၁၅) မူလန်ယင်းကို သိမ်းပိုက်ခြင်း
အခန်း (၂၁၆) အသူရာ နဂါး၏ ရိုးတွင်း ချဉ်ဆီ
အခန်း (၂၁၇) ရတနာခန်းမ
အခန်း (၂၁၈) လျှို့ဝှက်ဆန်းကြယ်သော ဓား
အခန်း (၂၁၉) ဓားဝိညာဉ် မိန်းကလေး
အခန်း (၂၂၀) ယင်ယင်းအာ
အခန်း (၂၂၁) လင်းရို့ချီ၏ အကျပ်အတည်း
အခန်း (၂၂၂) ရှုပ်ထွေးနေသည့် အတွေးစများ
အခန်း (၂၂၃) အပန်းဖြေ ပန်းခြံဆီသို့
အခန်း (၂၂၄) အနောက်ဘက် မင်းသားက ပြဿနာ ရှာခြင်း
အခန်း (၂၂၅) အနက်ရောင် ဝမ်းဆက်နှင့် လူ
အခန်း (၂၂၆) ငွေရောင် သမန်း ဝံပုလွေ
အခန်း (၂၂၇) အမှောင်အမွေအနှစ်
အခန်း (၂၂၈) ဆေးပညာ လေ့ကျင့်ခြင်း
အခန်း (၂၂၉) အေးစိမ့်နတ်သမီးလေးဖော် ဒဏ်ရာရခြင်း
အခန်း (၂၃၀) မူနန်းစီ

အခန်း (၂၀၄) အေးစိမ့်ရေခဲဂိုဏ်း၏ နာမည်ကျော် စည်းကမ်းချက်များ

189 13 0
Da KoYei2

ရဲ့ချန်၏မီးတောက်က ထိုလူလေးယောက်၏ဒန်တျန်များကို ချက်ချင်း လောင်ကျွမ်းပြာချ ပစ်လိုက်လေသည်။ “ အား … “ ရဲ့ချန်၏တိုက်ခိုက်မှုကို ခံလိုက်ရသော ဓားခုနစ်ချောင်းဂိုဏ်းက အကြီးကဲသုံးယောက်သည် နာကျင်စွာ အော်ဟစ် မည်တမ်းနေလေသည်။
သူတို့အားလုံးသည် ရဲ့ချန်၏မီးတောက်နှင့် လောင်ကျွမ်းခံလိုက်ရသဖြင့် ဝေဒနာကြီးစွာ ခံနေရပေသည်။
ရဲ့ချန်သည် သူတို့၏ဒန်တျန်များကို လောင်ကျွမ်းပြီးနောက် ကြမ်းပြင်ပေါ်သို့ ပုံချလိုက်သည်။ ယခုတော့ ထိုလူသုံးယောက်သည် အသီးအရွက်များလို ဖြစ်သွားတော့သည်။
တိုက်ပွဲက အဆုံးသတ်သွားသည်ကို ကြည့်ရင်း ချင်းချမ်က ရဲ့ချန်၏ဘေးသို့ ပြေးလာခဲ့သည်။ “ ရဲ့ချန်၊ နင်က အရမ်းတော်တာပဲ၊ သေအောင် မိုက်တယ် “ ချင်းချမ်သည် ရဲ့ချန် တိုက်ခိုက်ခဲ့သော တိုက်ပွဲကို မြင်ပြီး တအံ့တသြ ဖြစ်နေလေသည်။
“ မီးတောင်ကြားဂိုဏ်းက လူတွေရော ဘယ်ရောက်ကုန်ပြီလဲ “ ရဲ့ချန်က ချင်းချမ်ကို အစောက လူနှစ်ယောက် မည်သည့်နေရာသို့ ရောက်သွားမှန်း မေးမြန်းလိုက်သည်။ ရဲ့ချန်က တိုက်ပွဲကိုသာ အာရုံစိုက်နေခဲ့သောကြောင့် မီးတောင်ကြားဂိုဏ်းက လူများ ထွက်ပြေးသွားသည်ကို သတိမထားမိလိုက်ပေ။
“ မီးတောင်ကြားဂိုဏ်းက လူတွေကလည်း ဓားခုနစ်ချောင်းဂိုဏ်းက လူတွေလို လူယုတ်မာတွေ၊ သူတို့က ငါတို့ကို ချောက်တွန်းခဲ့ကြတယ်လေ၊ အခုတော့ သူတို့က သူတို့ကိုယ်သူတို့ ကယ်တင်ဖို့ ထွက်ပြေးသွားကြပြီလေ “ ချင်းချမ်သည် မီးတောင်ကြားဂိုဏ်းက မိမိလုံခြုံရေးကိုသာ ဦးစားပေးသောကြောင့် အတော်လေး စိတ်ပျက်သွားလေသည်။
“ ကျုပ်သိပြီး၊ ဒီလိုမှန်း သိခဲ့မယ်ဆိုရင် ဓားခုနစ်ချောင်းဂိုဏ်းက လူတွေရဲ့လက်ချက်နဲ့ သေသွားတာကို ထိုင်ကြည့်နေတာကမှ ပိုကောင်းဦးမယ်၊ အဲဒီလူတွေက စေတနာနဲ့ လုံး၀ မထိုက်တန်တဲ့ လူတွေပဲ၊ သူတို့က သူတို့ကို ကယ်တင်လို့ ကျေးဇူးတင်မယ့်အစား ထွက်ပြေးဖို့ပဲ ရွေးချယ်သွားကြတယ် “
“ သူတို့ကို မေ့လိုက်တော့၊ ဒီလူလေးယောက်ရဲ့ ခန္ဓာကိုယ်မှာ ငါတို့ ရနိုင်တာ ဘာရှိလဲ သွားကြည့်ရအောင် “ ရဲ့ချန်သည် ထိုလူလေးယောက်၏ခန္ဓာကိုယ်တွင် အဖိုးတန်ပစ္စည်းတစ်ခုခု ရှိမရှိ သိလိုစိတ် ဖြစ်လာသည်။
ရဲ့ချန်သည် ထိုလူလေးယောက်၏ ခန္ဓာကိုယ်ကို နှံ့နှံ့စပ်စပ် ရှာဖွေလိုက်သည်။ အချိန်ခဏခန့် ရှာဖွေပြီးနောက် ရဲ့ချန်သည် အသုံးမ၀င်သည့် ဆေးလုံးအချို့နှင့် အလွန်တရာ သေးငယ်သော ဟင်းလင်းပြင် ဒိုင်မေးရှင်းများ ပါရှိသည့် သိုလှောင်လက်စွပ်လေးကွင်းကိုသာ ရှာတွေ့ခဲ့သည်။
ရဲ့ချန်သည် ပိုင်ရှင်၏စည်းတံဆိပ်ကို ဖျက်ဆီးပြီး ထိုလူလေးယောက်၏ လက်စွပ်ထဲသို့ စစ်ဆေးကြည့်လိုက်သည်။ သိုလှောင်လက်စွပ်ထဲကို လှန်လှောရှာဖွေပြီးနောက် ရဲ့ချန်သည် မည်သည့်အဖိုးတန် ပစ္စည်းမျှ ရှာမတွေ့ခဲ့ပေ။ ထိုအထဲတွင် အလွန်တရာ အဆင့်နိမ့်သော လက်နက်တစ်လက်နှင့် ကျင့်စဉ်စာအုပ် တစ်အုပ်သာ ရှိသည်။ ရဲ့ချန်အတွက် အူတိုင် သို့မဟုတ် ဆေးပင်လေးတစ်ခုတောင် လက်စွပ်ထဲတွင် ရှိမနေခဲ့ပေ။
“ တောက် … ဒီလူတွေက အတော် ဆင်းရဲတဲ့လူတွေပဲ “ ရဲ့ချန် အမှန်တကယ် စိတ်ပျက်သွားခြင်း ဖြစ်သည်။ သိုလှောင်လက်စွပ်ထဲတွင် မည်သည့်အဖိုးတန် ပစ္စည်းမျှ ရှိမနေဘူး မဟုတ်လား။ ထိုလူများက လက်စွပ်ထဲတွင် အမှိုက်များသာ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
“ ရဲ့ချန်၊ သိုလှောင် လက်စွပ်ထဲမှာ ဘာတွေပါလဲ “ ချင်းချမ်သည် ဓားခုနစ်ချောင်းဂိုဏ်းက အကြီးကဲများ ပိုင်ဆိုင်သည့် သိုလှောင်လက်စွပ်ထဲတွင် မည်သည့်အရာများပါမှန်း သိချင်စိတ် ပြင်းပြလာ၏။
“ ဘာဖြစ်လို့ ခင်ဗျားကိုခင်ဗျား စစ်မကြည့်တာလဲ “ ရဲ့ချန်က သိုလှောင်လက်စွပ်များကို ချင်းချမ်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
ချင်းချမ်က ရဲ့ချန် လှမ်းပေးသည့် လက်စွပ်များကို လက်ခံလိုက်သည်။ သူမက သိုလှောင်လက်စွပ်ထဲတွင် မည်သည့်အရာများပါမှန်း သိချင်နေသည် မဟုတ်ပါလား။
ချင်းချမ်တစ်ယောက် သိုလှောင်လက်စွပ်ထဲကို စစ်ဆေးကြည့်လိုက်သောအခါ အတော်လေး အံ့အားသင့်သွားလေသည်။ “ ဒီလူတွေက ဘာဖြစ်လို့ ဒီလောက်ထိ ဆင်းရဲရတာလဲ “ ချင်းချမ်သည် ဂိုဏ်းအကြီးကဲဆိုသော လူများက ထိုကဲ့သို့ ပစ္စည်းများက ပိုင်ဆိုင်သည့်အတွက် မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။
“ ဒီလူတွေက သူတို့အဖိုးတန် ပစ္စည်းတွေကိ တမင်သက်သက် ယူမလာတာပဲ ဖြစ်ရမယ် “ ရဲ့ချန်သည် ထိုလူများက အဖိုးတန်ပစ္စည်းများကို တမင်သက်သက် ယူမလာခြင်းသာ ဖြစ်ကြောင်း ကောက်ချက် ချလိုက်သည်။
“ ငါတို့ရဲ့ကြိုးစားမှုက အလကား ဖြစ်သွားပြီ၊ အဲဒီလူလေးယောက်ဆီက ငါတို့ ဘာမှ ရမှာ မဟုတ်ဘူး “ ချင်းချမ်သည် ဤကဲ့သို့ တိုက်ခိုက်ရပြီး မည်သည့်အရာမျှ ပြန်မရသောကြောင့် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။
“ သွားရအောင် “ ရဲ့ချန်က ချင်းချမ်ကို ဤနေရာမှ ထွက်ခွာရန် ခေါ်လိုက်သည်။
ရဲ့ချန်က အသီးအရွက်များလို ဖြစ်သွားသော လူလေးယောက်နှင့် ပက်သတ်ပြီး ဂရုမစိုက်ပေ။ သူက ရှေးဟောင်းရတနာသိုက်တည်ရှိရာ နေရာကိုသာ ချက်ချင်း သွားလိုနေသည်။
“ လာပါဦး “ ချင်းချမ်က ရဲ့ချန်၏လက်တစ်ဖက်ကို ဖက်ထားလိုက်သည်။ ထို့ကြောင့် သူမ၏တောင်ပို့ကြီးနှစ်လုံးက ရဲ့ချန်၏လက်မောင်းကို ဖိကပ်မိသွားလေသည်။
ရဲ့ချန်၏လက်တစ်ဖက်က အလွန်တရာ ကြီးမားပြီး နူးညံ့နေသည့် တောင်ပို့ကြီးနှစ်လုံးထဲက တစ်လုံးကို ဖျစ်ညှစ်လိုက်လေသည်။
“ အ … “ ချင်းချမ်သည် ရဲ့ချန်က သူမ၏တောင်ပို့တစ်လုံးကို ဖျစ်ညှစ်လိုက်သောအခါ ခပ်တိုးတိုး ညည်းညူလိုက်မိသည်။
“ ငါ့ကို ဆွနေတာ ရပ်လိုက်တော့၊ နို့မဟုတ်ရင် မနေ့ညကလို တစ်ခုခု ဖြစ်သွားလိမ့်မယ် “ တောင်ပို့ကြီးနှစ်လုံးကို အကြိမ်အတော်များ ဖျစ်ညှစ်ပြီးနောက် ရဲ့ချန်က လွှတ်ပေးလိုက်သည်။
ချင်းချမ်တစ်ယောက် အလွန်တရာ အားနည်းစွာဖြင့် ကြောက်ကြမ်းပြင်ပေါ်သို့ ထိုင်ကျသွားလေသည်။ ရဲ့ချန်၏လက်က အထိအတွေ့လေး တစ်ခုတည်းဖြင့်ပင် ချင်းချမ်ခများ တစ်ကိုယ်လုံး တစ်မုဟုတ်ခြင်း ပျော့ခွေသွားရှာသည်။
ချင်းချမ်တစ်ယောက် အနည်းငယ် ဘ၀င်မကျ ဖြစ်သွားလေသည်။ သူမက ရဲ့ချန်ကို စလိုသည့် အချိန်တိုင်း သူမသာလျှင် ဤကဲ့သို့ အဆုံးသတ်သွားရသည် မဟုတ်ပါလား။
မိနစ်အနည်းငယ်ခန့် အနားယူပြီးနောက် ချင်းချမ်တစ်ယောက် တဖြည်းဖြည်း အဆင်ပြေလာခဲ့သည်။ ထို့ကြောင့် သူမက ကြမ်းပြင်ပေါ်မှ ထရပ်လိုက်သည်။
“ သွားရအောင် “ ချင်းချမ်က သက်သက်သာသာ ဖြစ်လာသည်ကို မြင်ပြီး ရဲ့ချန်က ခရီးဆက်ရန် ခေါ်လိုက်သည်။
အကယ်၍ ရဲ့ချန်သာ ဤကဲ့သို့ မှတ်လောက်အောင် ပညာမပြခဲ့လျှင် ချင်းချမ်က လမ်းတစ်လျှောက်လုံး သူ့ကို အဆက်မပြတ် စနောက်နေမည် ဖြစ်သည်။
ချင်းချမ်က ခေါင်းကို လေးလေးပင်ပင် ညိတ်လိုက်သည်။ ဤအဖြစ်ပျက် ပြီးနောက် သူ ရဲ့ချန်ကို ထပ်မစရဲတော့ပေ။
ရဲ့ချန် နှင့် ချင်းချမ်တို့ လမ်းအတိုင်း ဆက်လျှောက်လာခဲ့ကြသည်။ လမ်းခရီးတွင်လည်း နောက်ထပ် မည်သူ့ကိုမျှ ထပ်မတွေ့ရတော့ပေ။
အချိန်အတော်ကြာ လမ်းလျှောက်လာပြီးသော် ရဲ့ချန်သည် လမ်းလယ်ခေါင်တွင် သတိလစ်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။
ရဲ့ချန်တစ်ယောက် ရှေ့သို့ ဆက်လက် လျှောက်လာသောအခါ သူနှင့် အလွန်တရာ ရင်းနှီးသည့် မျက်နှာလေးတစ်ခုကို မြင်လိုက်ရသည်။ သူမက နတ်သမီးချောလေး မူလန်ယင်းပင် ဖြစ်သည်။
“ သူ ဘာဖြစ်သွားတာလဲ “ ရဲ့ချန်က မူလန်ယင်း၏ခန္ဓာကိုယ်ကို စတင် စစ်ဆေးကြည့်လိုက်သည်။ သူမကို စစ်ဆေးလိုက်သောအခါ ရဲ့ချန်သည် သူမ၏ခန္ဓာကိုယ်တွင် မည်သည့်ဒဏ်ရာ သို့မဟုတ် မည်သည့် ထူးဆန်းသည့် အရာတစ်ခုခုကိုမျှ ရှာမတွေ့ခဲ့ပေ။
ရဲ့ချန်၏စစ်ဆေးမှု ရလဒ်အရ မူလန်ယင်း၏အခြေနေသည် လောလောဆယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းသာ ဖြစ်ပေသည်။
“ ရဲ့ချန်၊ ငါ့အမြင်အရတော့ အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးတစ်ယောက်ကို တိုက်ရိုက် မထိကိုင်သင့်ဘူး “ ချင်းချမ်သည် မူလန်ယင်းကို ထိကိုင်ခြင်းက အန္တရာယ်ရှိကြောင်း ရဲ့ချန်ကို သတိပေးလိုက်သည်။
“ ဘာဖြစ်လို့လဲ “ ရဲ့ချန်က မေးလိုက်သည်။
“ အိုက်ယား … နင် အေးစိမ့်ရေခဲဂိုဏ်းရဲ့ စည်းကမ်းတွေကို မသိဘူးလား “ ချင်းချမ်က ရဲ့ချန်ကို မယုံကြည့်နိုင်စွာ မေးလိုက်သည်။
အေးစိမ့်ရေခဲဂိုဏ်း၏ စည်းကမ်းများက ကျင့်ကြံသူတို့ လောကတွင် အတော်လေး ကျော်ကြားလှပေသည်။ ရဲ့ချန်က ထိုအရာများကို သတိမူခြင်းပေလော။
“ ဟင့်အင် … ဂိုဏ်းကြီးတွေနဲ့ ပတ်သက်ပြီး ကျုပ်ဘာမှ မသိဘူး “ ရဲ့ချန်က ဂိုဏ်းကြီးလေးဂိုဏ်းနှင့် တစ်ခါမျှ အဆက်အဆံ မလုပ်ဖူးခဲ့ပေ။ ထို့ကြောင့် သူက ဂိုဏ်းတိုင်းဂိုဏ်းတိုင်းက စည်းကမ်းများကို မသိခဲ့ပေ။
“ နင်က မသိဘူးဆိုတော့လည်း ငါဘက်က ရှင်းပြပေးရမှာပေါ့၊ ဒီလိုဟ အေးစိမ့်ရေခဲဂိုဏ်းက အပျိုစင်လေးတွေချည်း ရှိတဲ့ဂိုဏ်းလေ၊ အေးစိမ့်ရေခဲဂိုဏ်းရဲ့ ကျင့်စဉ်ကို လေ့ကျင်ဖို့ အပျိုစင် ယင်ချီတွေ ရှိနေမှ ရမယ်၊ မိန်းမတစ်ယောက်ရဲ့ အပျိုစင် ယင်ချီတွေကို ဆုံးရှုံးသွားတာနဲ့ သူမရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကလည်း အတော်လေး နှေးသွားလိမ့်မယ်၊ အဲဒါကြောင့် အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးတွေက သူတို့ရဲ့ခန္ဓာကိုယ်ကို ယောက်ျားလေးတွေ ထိဖို့ဆိုရင် တစ်လက်မလေးလောက်တောင် ခွင့်မပြုကြဘူး၊ တကယ်လို့ ယောက်ျားတစ်ယောက်က အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးတစ်ယောက်ကို ထိလိုက်မယ်ဆိုရင် သူမတို့က သူ့ကို မရရအောင် လိုက်သတ်ကြလိမ့်မယ် “ ချင်းချမ်သည် အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးများကို ထိမိလျှင် ဖြစ်လာမည့် အကျိုးဆက်များကို ရှင်းပြလိုက်သည်။
“ ဪ … ဟုတ်သားပဲ၊ နင့်ကို တစ်ခုပြောဖို့ မေ့နေတာပဲ၊ သူတို့က သူတို့ရဲ့မျက်နှာအစစ်ကို အပြင်လူတွေကို မမြင်စေချင်ကြဘူး၊ ငါလည်း အဲဒါရဲ့ အကြောင်းပြချက်ကို မသိဘူး၊ ဒါပေမဲ့ အဲဒီစည်းကမ်းက သူတို့ရဲ့ခန္ဓာကိုယ်ကို ထိကိုင်တာထက် ပိုပြီး ကြီးလေးတဲ့ ပြစ်မှုဆိုတာတော့ ငါသိတယ် “ ဤစည်းကမ်းတစ်ခုနှင့် ပတ်သက်ပြီး ချင်းချမ်လည်း ဂဃနဏ မသိပေ။ အဘယ်ကြောင့်ဆိုသော် ယခုချိန်ထိ အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးများ ၀တ်ဆင်ထားသည့် မျက်နှာဖုံးကို မည်သူမျှ မချွတ်နိုင်သေးသောကြောင့် ဖြစ်သည်။
ဤကဲ့သို့ အလွန်တရာ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကြောင့် အေးစိမ့်ရေခဲဂိုဏ်း၏ တပည့်များကို အနှောင့်အယှက် ပေးဝံ့သူလည်း များများစားစား မရှိပေ။ ခန္ဓာကိုယ်ကို ထိကိုင်ခြင်းကဲ့သို့ မပြောပလောက်သည့် ကိစ္စလေးတစ်ခုဖြင့် အေးစိမ့်ရေခဲဂိုဏ်း၏ တပည့်များက လိုက်လံသတ်ဖြတ်မည့်အဖြစ်မျိုး မည်သူမျှ ဖြစ်လိုမည် မဟုတ်ပေ။
ယခုတော့ ရဲ့ချန်သည် မူလန်ယင်းက မျက်နှာဖုံးကို ချွတ်လိုက်ခြင်းကဲ့သို့ မပြောပလောက်သည့် အရာတစ်ခုဖြင့် သူ့ကို အသေအလဲ သတ်ချင်နေရသည့် အကြောင်းရင်းကို နားလည်သွားပြီ ဖြစ်သည်။ ကြည့်ရသည်မှာ မျက်နှာဖုံးကို ချွတ်လိုက်ခြင်းသည် မူလန်ယင်းအတွက် ခွင့်မလွှတ်နိုင်လောက်အောင် စော်ကားလိုက်ပုံနှင့် အတူတူပင် ခံစားရပုံပေါ်၏။

***

Continua a leggere

Ti piacerà anche

34.6K 1.4K 11
Oc female Jackson x Hermes x Apollo x Ares
76.6K 8.5K 14
Dragonwall's queen no longer remembers who she is. Her magic is locked away at the hands of an evil sorcerer. Kane hoped to deal the drengr monarchy...
47.7K 752 17
DELULU & GUILT PLEASURE
260K 10.2K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚