แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

360K 57.5K 2.4K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แ‡

4.8K 929 43
By PannKhattWaiio

I always published both Zawgyi and Unicode.So every parts'll  have both of this.Thanks lovelys❤️

အပိုင်း ၇ ကျော်ကြားမှုက မိုးထိုးပြီ

ပါဆယ် သုံးခု ပို့ခိုင်းပြီးသည်နှင့် ယွမ့်ထန်း အပျင်းကြောဆန့်လိုက်သည်။ သူ အာလူးနှင့် ဝက်ဗိုက်သားခေါက်ဆွဲကို ခပ်အေးအေး စားပြီးသည်နှင့် ပိုက်ဆံကို ရေကာ အကောင့်ထဲ ဖြည့်သည်။

ပိုက်ဆံ ပမာဏ များပြားလာခြင်းက အရသာ၇ှိသည့် ဟင်းလျာတွေကို ပိုပြီး အရသာ၇ှိအောင် လုပ်နိုင်လာစေသည်။

ယွမ့်ထန်းက အားလပ်သည့်အခါ အင်တာနက်ပေါ် ကြည့်လေ့မ၇ှိပေ။ ထို့အပြင် သူ့ခန္ဓာကိုယ်က အားနည်းကာ အနားယူရန် လိုအပ်သည့်အတွက ်အိပ်ယာ စောစောဝင်လိုက်လေသည်။ထို့ကြောင့် သူနှင့်ပက်သတ်ပြီး ဖြစ်ပျက်သွားခဲ့သည့် ဖြစ်ရပ်တွေကို လွဲသွားတော့ပေသည်။

ည ၇နာရီဆိုတာဟာ ကြယ်နက်ဝေါ့တွင် လူအရှုပ်ဆုံး အချိန်ဖြစ်သည်။

ထိုအခိုက် ပိုစ့်အသစ်တစ်ခုက ပြည်သူပြည်သားတွေ၏ အာရုံကို ဆွဲဆောင်သွားသည်။

"@ ရှားမီ v နတ်ဘုရားမက ပိုစ့်အသစ် တင်လိုက်ပြီ"

ချုံလင်းသည် အစားအသောက် အလွန်ရွေးကာ ကြီးကျယ်သည့်သူမျိုး ဖြစ်သည်။ သူမ၏ မိသားစုက အနည်းငယ် ချမ်းသာရုံမျှသာ ဖြစ်လေကာ သူမသည်လည်း အားဖြည့် ဆေးရည်တွေ သောက်ရသည်။ သို့တိုင်အောင် သူမ၏ စားစရာတွေအပေါ် ထားသည့် စိတ်ဆန္ဒကိုမူ မပြည့်ဝစေပေ။ အရသာမဲ့ အားဖြည့် ဆေးရည်တွေနှင့် သဘာ၀ စားဖွယ်တွေ၏ ကွာခြားချက်က နှိုင်းယှဉ်လို့ပင် မရပေ။ ပလက်ဖောင်းရှိ တိုက်ရိုက် ထုတ်လွင့်မှုတွေက သူမကို ပိုက်ဆံ မကုန်စေဘဲ အရသာတိုင်းကို အလကားမြည်းခွင့် ရစေသည်။ထို့နောက်တွင်မူ သဘာ၀ စားဖွယ်တွေ၏ ပရိတ်သတ်စစ်စစ်ဖြစ်သွားကာ ကျရှုံးသွားတော့လေသည်။

သူမက အစားအသောက် တင်ဆက်သူများစွာကို followထားပြီး ကြယ်အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေတွင်လည်း မြည်းစမ်းကြည့်လေ့ရှိပေသည်။သူမက သုံးဖက်မြင် ဖန်သားပြင် ပုံရိပ်မှသာ ကြည့်ခြင်းဖြစ်သည့်တိုင် သဘာဝစားဖွယ်၏ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လုနီးနီး အဆင့်ကို ရောက်လာခဲ့သည်။ သူမ မည်သို့သော အစားအသောက်တွေကို စားပါပစေ မည်မျှ နာမည်ကြီးသော ဆိုင်တွေကို သွားပါပစေ တစ်စုံတစ်ရာက လိုအပ်နေသည်ဟု ခံစားနေခဲ့၇ပေသည်။

သို့ရာတွင် သူမကသာ ထိုသို့ထုတ်ပြောလျှင်အားလုံးက ဝိုင်းကာ အပြစ်တင်ကြပေလိမ့်မည်။ သူများတွေပြောကြသလိုပင် အားဖြည့် ဆေးရည် အသောက်များသည့်အခါ အရသာခံ အဖုလေးတွေ၏ လုပ်ဆောင်နိုင်စွမ်းက ကျဆင်းလာတတ်သည်ပင်။ သူမက ရှားမီကိုလည်း followထားသူ တစ်ယောက်ဖြစ်သည်။ သူမတစ်ယောက်တည်း ထိုသို့တွေးသည်သာ မဟုတ်လေဘဲ အင်ပါယာ၏ နတ်ဘုရားမသည်လည်း ထိုသို့တွေးပေသည်။

အင်ပါယာ၏ ပန်းပွင့်လေးဟု လူသိများသော ရှားမီသည် ရုပ်ရည်သာ ထင်ပေါ်သည်မဟုတ်လေဘဲ သူမ၏ ပါရမီကပင် အင်ပါယာ၏ ထိပ်တန်း အဆင့်ဖြစ်သည်။ သူမ၏ ပြောင်မြောက်သော မိသားစု နောက်ခံသာ မကလေဘဲ သူမ၏ ကြီးမားသော အင်တာနက် အဆက်အသွယ်တွေနှင့် ထက်၇ှ ထည့်တိုးဆန်ကာ ပွင့်လင်းသည့် စရိုက်ကိုလည်း လူတွေက နှစ်ခြိုက်ကြသည်။

ရှားစန်( သုံးရဲ့စန်း မဟုတ်)၏ သမီးဖြစ်သည့်သူမဟာ ဖခင် အင်ပါယာ မာ၇ှ့်မာစတာနည်းတူ ဖခင်၏ ပါရမီတွေကို အမွှေရပြီး ထိုနယ်ပယ်တွင် အလွန် ထူးချွန်ပေသည်။ သည်လောက် ငယ်ရွယ်သည့် အသက်နှင့်ပင် သူမက အက်စ်အဆင့် မာရှ့်ကို ဒီဇိုင်း ဆွဲနိုင်နေလေပြီ။ ဒါဟာ လက်ရွေးစင်တွေထဲမှ ထိပ်တန်းအဆင့် လက်ရွေးစင်အဖြစ်  သတ်မှတ်နိုင်တာထက်ပင် ပိုသည့် အရည်အချင်း ဖြစ်သည်။ ထို့အပြင် သူမ၏ ခင်ပွန်းလောင်း ပိုင်ချီဟာ သိပ္ပံ အကယ်ဒမီမှ ဒုဥက္ကဌဖြစ်သည့်အတွက် သူမကလည်း မကြာခဏဆိုသလို အသစ် ထုတ်ပြန်မည့် သဘာ၀ လက်ဆောင် အစားအသောက်ကုန်ကြမ်းတွေကို ဦးစွာ သိ၇ှိခွင့် ရသူလည်း ဖြစ်သည်။

သူမ၏ အင်အားကြီးသော မိသားစု နောက်ခံကြောင့် သူမက အဆင့်အတန်းမြင့် စားသောက်ဆိုင်တိုင်းကို မကြာခဏ သွားလေ့ရှိသည်။ သူမက လျှာစောင်းထက်သည်၊ အာရုံခံစားနိုင်စွမ်းအား မြင့်၏။သူမက ဝေ့ပေါ် ကွန်းမန့်ဆက်၇ှင်ကို သွားကာ ဆိုင်တွေ၏ စားဖွယ်စာရင်းတွေကို ကြည့်တတ်သည်။ သူမ၏ ချီးကျူးမှုက ရှားကာ များသောအားဖြင့် ထိုဆိုင်တွေ အဆဲခံရသည်က များသည်။သူမ၏ ကျိန်ဆဲမှုတွေထဲ အမှန်တရားက များနေသဖြင့် အများစုက ပြန်မငြင်းနိုင်ကြပေ။ ထို့ကြောင့် သူမဆိုလျှင ်ကြယ်အဆင့် ဆိုင်ကြီးတွေမှာ ချစ်လည်းချစ်သလို မုန်းလည်းမုန်းနေတော့သည်။

သို့ရာတွင် ပြည်သူပြည်သားတွေဟာ သူမ၏ မှတ်ချက်တွေကို စိတ်ဝင်စားကြပေသည်။ လက်၇ှိအချိန်တွင် သူမသည် သန်းနှင့်ချည်သော ဖန်တွေ၏ အစားအသောက် ဝေဖန်ရေး သမား ဖြစ်နေတော့သည်။

ရှားမီကဲ့သို့ ကျေနပ်အောင် လုပ်ပေးရခက်သော လူတစ်ယောက်က ချီးကျူးထားကာ ထိုတင်ဆက်သူ ချက်ခဲ့သော ဟင်းနှစ်ပွဲ၏ ကောင်းခြင်းတွေကို ဆက်တိုက် ညွှန်းဆိုနေပေ၏။ထို့အပြင် ထိုထဲမှ တစ်ပွဲမှာ စာဖိုမှူး အစည်းအရုံးမှ ဟင်းချက်နည်းတောင် တက်မလာသေးသည့် အာလူးနှင့် ဝက်ဗိုက်သားကို ပေါင်းကာ ခေါက်ဆွဲဆိုသည့် အရာမျိုးကို ချက်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် ပရိတ်သတ်တွေမှာမူ သူတို့၏ နတ်ဘုရား လူစားထိုးခံရပြီဟု ထင်နေကြတော့သည်။

ချုံလင်းလည်း မနေနိုင်တော့လေဘဲ ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

" မင်္ဂလာ နံနက်ခင်းပါ အားလုံးပဲ ကိုယ်က မင်းတို့ရဲ့ တင်ဆက်သူ ယွမ့်ထန်းပါ။ ကိုယ်က...."

သူမ followထားသည့် အခြားသော တင်ဆက်သူတွေနှင့် ယှဉ်လျှင် သည်တင်ဆက်သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု ခန်းမက သနားစဖွယ်ပင် ကောင်းနေသေးပေသည်။

ပျင်းစရာ ကောင်းလိုက်တာ

သူမက စားပွဲကို မီကာ တဖက်က ချက်နေသမျှကို ထိုင်ကြည့်နေလိုက်သည်။

တင်ဆက်သူက ငါးကို သာမန်ပုံစံလေးဖြင့် ထုတ်လိုက်ကာ ဘုတ်ပြားပေါ် တင်သည်။ သူက ဓားကို ပုံမှန်အတိုင်းလေး ကိုင်၏။

နေပါဦး သူ ဘာလုပ်တာလဲ

သူမ ထိတ်လန့်သွားကာ ထပင် ခုန်မိသည်။သူက ငါးကို ပိုင်းကာ ဗိုက်ထဲမှ သည်းခြေကို ထုတ်သည်။ သူမမှာ ဒီလိုရက်စက်သည့် သတ်ဖြတ်နည်းမျိုးကို ဆက်ပင် မကြည့်ရဲရှာတော့ပေ။ သူမ မျက်မှောင် ကြုတ်ပြီး ဘားတန်းဖော်ကာ အကွာအဝေးကို ခြားလိုက်သည်။

ဒီရက်စက်တဲ့ အကောင်ကတော့ အရသာရှိတဲ့ စားစရာကို အခု ဘာလုပ်ပြနေတာလဲ။ငါတောင် တစ်ခါမှ ငါး မစားပေမယ့် ဒီလောက် နှိပ်စက်ဖို့တော့ တွေးတောင် မတွေးဖူးဘူး ။

" ကဲ အခု ကိုယ်တို့ အတူ စားရအောင်၊ အရင်ဆုံး ကြက်ဥကိတ်ကို စားမယ်။ပြီးရင် ယာဂုကို သောက်မယ်။ ဒါက ကြက်ဥကိတ်က ဆီကြောင့် အီတာကို ပြေပျောက်စေပြီး လန်းဆန်းစေတယ်"

ဒီညံ့ဖျင်းတဲ့ တနာရူးက ဘယ်လို လိမ်ရမလဲ ကောင်းကောင်းသိနေတာပဲ ။ အရသာက ဘယ်လိုခံစားရမှာလဲ

ချုံလင်း၏ အမူအယာက ရုတ်တရက် အေးခဲသွားတော့သည်။

တင်ဆက်သူက အဖုံးကို ဖွင့်လိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်သည့် ခန်းမ တစ်ခုလုံး မွှေးပျံ့သော ရနံ့တို့ဖြင့် ပြည့်သွားတော့ပေသည်။အိုး၏ အပေါ်ယံတွင် တပွက်ပွက်ဖြစ်နေသည်။ ထမင်း၏ မွှေးပျံ့သည့် အနံ့နှင့် အသားဓာတ်၏ ဆွဲဆောင်မှု ပြင်းသော ရနံ့တို့က အလွန် အရသာရှိမည့်ပုံရသည်။ သူမ ငါးညှီနံ့ကိုတောင် မရပေ။

သူမမှာ တံတွေးတွေ မထိန်းနိုင်၇ှာတော့ပေ။

ထို့နောက် လက်လေး ဆန့်ထုတ်ကာ ယာဂု ပန်းကန်ကိုဆွဲသည်။ သူမသည် ရက်စက်စွာ အသတ်ခံရသည့်ဖြစ်စဉ်ကိုပင် မေ့လျော့သွားချေပြီ။

" အရမ်း မွှေးတာပဲ"

တစ်နာရီ ကြာပြီးနောက် ထိုဗီဒီယိုတင်ထားသော ဝေ့ပေါ်ပိုစ့်၏ အောက်တွင် ကွန်းမန့်တွေ ပေါက်ကွဲကုန်တော့ပေသည်။

[ @စီစီ: မားက မေးနေတယ်၊ ငါ ဘာလို့ ဗီဒီယို ကြည့်ရင်း ငိုနေတာလဲတဲ့]

[ @ရွှေပြားတွေ ကျလာပြီ: ငါ ထင်တယ်၊ ငါ နည်းနည်း ရူးသွားပြီ။ ငါ ဒါကို မြိုချလို့ မရမှန်း သိနေပေမယ့် ပါးစပ်ထဲ အသားကုန် ထိုးထည့်နေတုန်းပဲ]

[ @ ဖေဖော်ဝါရီ ၁၅: အပေါ်က တစ်ယောက် တကယ်တော့ မင်းက ပုံမှန်ပါပဲ သိလား၊ ငါဆိုရင် ဘာမှ မ၇ှိတဲ့ ပန်းကန်လုံးကို လျက်နေပြီ]

[ @မော့မိသားစုရဲ့ ကျောက်စိမ်းတုံး: တင်ဆက်သူရဲ့ လက်ရာက တကယ် ကောင်းတာပဲ။ အမေးဇင်း ငါ followလိုက်ပြီ]

[ @ရွှေပြားတွေ ကျလာပြီ: ငါလည်း followပြီကွာ။ အပေါင်းတစ်ပဲ။ တင်ဆက်သူရဲ့ စကေးက နတ်ဘုရားလိုပဲ။ ဘယ်လိုလူကမှ ဒါမျိုး တစ်ခါမှ ချက်မပြဘူး။ စာဖိုမှူး အစည်းအရုံးမှာတောင် ဒီလိုလူ မ၇ှိဘူး။ သူက လျှို့ဝှက် သင်ကြားပေးခံထား၇တဲ့ ကြယ်ငါးပွင့် စာဖိုမှူး များလား]

အားလုံးက တင်ဆက်သူ အသစ်အကြောင်း ဆွေးနွေးနေကြသည်။ သူက စာဖိုမှူး အစည်းအရုံးက ပုဂ္ဂိုလ်ကြီးတစ်ယောက်ဟုတောင် ဆိုနေကြ၏။ သို့သော် ထိုအစည်းအရုံးကမူ မည်းမှောင်သည့်မျက်နှာ အမူအယာဖြင့် ကြည့်နေကြလေသည်။

" ငါတို့က အာလူးကို ဘယ်လို ချက်ရမလဲဆိုတာကို စမ်းသပ်နေတုန်းရှိသေးတယ် ဒီတင်ဆက်သူက ငါတို့ရဲ့ လုပ်ပိုင်ခွင့်ကို ခိုးသွားတယ်။သူ့ရဲ့ န ည်းလမ်းက ငါတို့ထက်တောင် သာနေသေးတယ်။ မင်းတို့ ဘာပြောမလဲ"

စားပွဲရှည်ကြီး၏ ထိပ်ဆုံးတွင် ထိုင်နေသည့် သက်လတ်ပိုင်းလူ၏ မျက်နှည
ာက မည်းမှောင်နေသည်။သူ့နှုတ်ခမ်းထက်တွင်လည်း ထူထဲသည့် နှုတ်ခမ်းမွှေး မည်းမည်းကြီးတွေရှိသဖြင့် ပုံစံက ပိုပြီး ခက်ထန်ကာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

သူ့အကြည့်က တစ်ခန်းလုံးအနှံ့ ရောက်သွားသည်။ အားလုံးက ခေါင်းတွေ ငုံ့ထားကာ စကားတစ်ခွန်းမှ မဆိုရဲကြောင်းလည်း မြင်လိုက်ရလေသည်။သူ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

" မင်းတို့ကိုယ် မင်းတို့ အင်ပါယာရဲ့ ထိပ်တန်းအဆင့် စာဖိုမှူးတွေလို့ ပြောရဲသေးတာလား။ အိုး ဒီလောက် ရန်ပုံငွေတွေ သုံးထားတာတောင်မှ အခြားဘယ်ကမှန်း မသိတဲ့ကောင်ကမှ မင်းတို့ထက် ပိုတတ်နေသေးတယ်။ အရမ်း ကောင်းတယ် အရမ်းကို ကောင်းတယ်"

သူက စားပွဲကို လက်ဝါးဖြင့် ရိုက်ချသည်။သူ့နှုတ်ခမ်းမွှေးတွေပင် ဒေါသကြောင့် တုန်သွားသည်။

" မနက်ကျရင် အကယ်ဒမီက ပစ္စည်းသစ် ထပ် ကြေငြာလိမ့်မယ်။ ဒါက ငါတို့ရဲ့ အခွင့်အရေးပဲ။ တစ်ပတ်အတွင်း ချက်နည်းကို ရအောင် ၇ှာရင်ရှာ မဟုတ်ရင်တော့...."

" သူ့ကို တိုက်ရိုက် မထုတ်လွှင့်နိုင်အောင် တားကြတော့"

---------

တစ်ချိန်တည်းတွင်ပင် ပထမအဆင့် စစ်တပ် ဌာနချုပ်တွင် တပ်ရေး ဗိုလ်ကြီးလီအတွက် ပါဆယ်ဘူး ရောက်နေလေသည်။

လီခိုင်သည် သည်တစ်ကြိမ်တွင် ဉာဏ်ကောင်းသွားချေပြီ။သူက ဧည့်ကြိုကောင်တာမှ ပါဆယ်ဘူး ရသည်နှင့် ဒုတိယထပ်၇ှိ နားနေခန်းကို တန်းပြေးတော့သည်။ စစ်တပ်က သည်အခန်းကို ကိုယ်ပိုင် နားနေခန်းအဖြစ်သာ အသုံးပြုသည်။ မည်သို့ပင်ဆိုစေ လူစိမ်းတွေက သည်ထဲ တော်တန်ရုံ ဝင်ခွင့် မ၇ှိပါပေ။ သည်အခန်းဟာ အိမ်မှ နေ့လည်စာတွေ လက်ခံံရရှိသည့် အချို့သော စစ်သားများ ခိုးဝင်ကာ အနားယူရာအခန်းဖြစ်လာသည်။

နေ့လည်စာ စားချိန်က ပြီးသွားတာကြာပြီဆိုတော့ ကောင်စုတ်လေးတွေက လေ့ကျင့်ဖို့ ထွက်သွားလောက်ပြီ။ ဒီတော့ စစ်တပ် တစ်ခုလုံးမှာ သူ တစ်ယောက်ထဲပဲ ဒီလိုအချိန်မှာ လျှောက်သွားနေတာဖြစ်မယ်။ မာ၇ှယ်ကလည်း အနံ့မခံနိုင်လို့ လာမှာ မဟုတ်ဘူး။ဒီနေရာက သူ ကောင်းကောင်းစားလို့ရမယ့် နေရာပဲ။ သူ ခိုးစားပြီးတာနဲ့ ခိုးပြန်သွားလိုက်မယ်။ ဝိုး လုံးဝကို ဟာကွက် မ၇ှိဘူးပဲ

ထိုသို့သော အတွေးတွေဖြင့် လီခိုင်၏ မျက်နှာတွင် အပြုံးက ပေါ်လာတော့ကာ ခြေလှမ်းတွေကို သွက်လိုက်သည်။

ပါဆယ်ဘူးကို လက်က ကိုင်ရင်း အခန်းတံခါးကို ခပ်ကျယ်ကျယ် တွန်းဖွင့်လိုက်သည်။

ထိုအခါ ပြင်းထန်သော ရနံ့က သူ့ထံ တိုးဝင်လာတော့ကာ သူ မော့ကြည့်လိုက်မိသည်။ မာရှယ်ဟော်ဟာ နားနေခန်း ထိပ်ဆုံးခုံတွင် သူ့ကို မျက်နှာမူကာ ထိုင်နေသည်။ သူ၏ ထက်၇ှသော သိန်းဌက်လို အကြည့်တွေက သူ့ထံ ရောက်လာ၏။

လီခိုင်၏ လက်တွေ တုန်ယင်သွား၇ချေပြီ။သူ ခပ်မြန်မြန် တောင်းပန်ရန် ပြင်ပြီးမှ မာ၇ှယ်၏ ရှေ့တွင် စားစရာ ပါဆယ်ဘူးတွေ အပြည့်၇ှိနေကြောင်း မြင်လိုက်ရလေသည်။

နေ့လည်စာဘူးမှ ရွှေရောင် နှင်းဆီကို လှမ်းမြင်ရသည်။ဒါက အင်ပါယာ၏ အကြီးကျယ်ဆုံး ရွှေနှင်းဆီ စားသောက်ဆိုင်၏ တံဆိပ်ဖြစ်၏။ထိုဆိုင်မှ စာဖိုမှူးတွေဟာ စာဖိုမှူး အစည်းအရုံးမှ ကြယ်သုံးပွင့်နှင့်အထက်တွေသာ ဖြစ်ကြသည်။ ဘူးကပင် အလွန် ခမ်းနားပေ၏။သူက ထိုဆိုင်မှ ဈေးအပေါဆုံး ပွဲကို မှာခဲ့တာကပင် သူ၏ လစာ တဝက်ကျော် ကုန်သွားခဲ့ရသည်။ မျိုးရိုးမြင့် မိသားစုကြီးတွေနှင့် တော်ဝင်မိသားစုလောက်သာ ထိုဆိုင်မှ မှာစားနိုင်ကြသည်။ သာမန်လူတွေက ထိုမျှ မကြွယ်ဝပါပေ။

သို့သော် ထိုမျှ ခမ်းနားကာ ကောင်းမွန်သည့် နေ့လည်စာဘူးတွေ၏ ရှေ့တွင် ထိုင်နေသော ဟော်ယွင်ချန်းက မျက်မှောင်ကို ကြုတ်ထားလေသည်။ သေချာကြည့်မည်ဆိုလျှင် မျက်နှာကပင် အနည်းငယ် ဖြူဖျော့နေကြောင်း မြင်ရမည်ဖြစ်သည်။

" မာရှယ်"

လီခိုင် အလန့်တကြား​ေခါ်ကာ အနားသို့ ေ ပြးသွားပြီး ပါဆယ်ဘူးတွေကို ပိတ်လိုက်သည်။ ထို့နောက် ပြတင်းတွေကို လိုက်ဖွင့်ကာ အခန်းကို လေဝင်လေထွက်ရစေပြီး အနံ့ဆိုးတွေကို ထွက်သွားစေ၏။အားလုံးပြီးမှသာ မာ၇ှယ်ကို စိုးရိမ်စိတ်အပြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

မာရှယ်၏ တပ်ရေး ဗိုလ်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုကြာ လုပ်ခဲ့ပြီးသည့်နောက် မာရှယ်အပေါ် နားလည်သဘောပေါက်မှုဟာ သူ့ကိုယ်သူ နားလည်ထားမှုထက်ပင် မြင့်နေခဲ့ချေပြီ။

မာ၇ှယ်ဟာ စစ်တပ်မှ မည်သူ့ကိုမှ သူ့ရှေ့တွင် သည်သဘာ၀ ထုတ်ကုန် ဟင်းပွဲတွေ စားခွင့်မပြုထားပေ။ သူက ဒီစားစရာတွေဆိုလျှင် ခေါင်းမာမာဖြင့်သာ ငြင်းလေ့ရှိသည်။သူ၏ ဒီလို လွန်ကျူးသည့် အပြုအမူကြောင့် သူ့ကို သဘောမကျသူ မည်မျှ၇ှိကြောင်း ဘုရားသာ သိလိမ့်မည်။

သို့ရာတွင် လီခိုင်ကမူ မာရှယ်က လူသားမဆန်တာ မဟုတ်ဘဲ ဒီလို အရာတွေက သူ့အတွက် အဆိပ်လို ဖြစ်နေကြောင်း နားလည်နေပေသည်။

ခံတွင်းပျက်နေတဲ့ လူတွေထက် မာရှယ်ရဲ့ အခြေအနေက ထူးခြားတယ်။ သူ့ရဲ့ အာရုံခံစားနိုင်စွမ်းက ပြင်းထန်လွန်းလို့ ဒီလို သဘာ၀ စားစရာအချို့ရဲ့ ခါးတူးတဲ့ အရသာတင်မကဘဲ မသန့်ရှင်းတဲ့ အချို့ အရာတွေအတွက် သူ့အပေါ် သက်ရောက်မှုက ပိုပြင်းတယ်။အဆိုးဆုံးမှာ ဒီလို အနံ့တွေရတာနဲ့ သူ့ကိုယ်ရဲ့ တုန့်ပြန်မှုက ပြင်းထန်နေတာပဲ

ဒါမျိုးသာ စစ်တိုက်နေတုန်း ဖြစ်လာရင် သူတော့ ဒုက္ခရောက်ပြီပဲ

ဒါ့အပြင် သူက အင်ပါယာရဲ့ စစ်နတ်ဘုရားဖြစ်လို့ အင်ပါယာကို ကာကွယ်ရတယ်။ဒါကြောင် ဒီကိစ္စကို လူအများကို ထုတ်ပြောလို့ မရနိုင်ခဲ့ဘူး။

အင်ပါယာရဲ့ စစ်နတ်ဘုရားမှာ အားနည်းချက် ၇ှိလို့ မရဘူး။ နောက်ပြီး အခုလို အသေးစားကိစ္စကြောင့်နဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်တာမျိုးဆို ပိုတောင် ဆိုးသေးတယ်။

ဒါကြောင့် သူ့မှာ အမြဲတမ်း ဖုံးကွယ်ထားပြီး ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။ နောက်ပြီး ဒါက အင်ပါယာက လူအများအကျိုးအတွက် လုပ်ပေးနေတဲ့ ကိစ္စဖြစ်လို့ သူ ကန့်ကွက်တာမျိုးလည်း မလုပ်ခဲ့ဘူး။ သူက ဒီအတိုင်း သူ့ရှေ့မှာ ပေါ်မလာရင်ပြီးရော ခွင့်ပြုပေးထားခဲ့တယ်

လီခိုင် အံ့သြရဆုံးက ဒါတွေကို မုန်းတဲ့ မာ၇ှယ်က ဘယ်လိုဖြစ်ပြီး အရသာခံဖို့ ဆုံးဖြတ်လိုက်သလဲ ဆိုတာပဲ

ဟော်ယွင်ချန်းလည်း မသက်မသာ အနေအထားမှ လွတ်မြောက်သွားသည့်အခါ မျက်နှာ၏ ဖြူစုတ်နေမှုမှ သွေးရောင် ပြန်လွှမ်းလာသည်။သူက နဂိုအတိုင်း အေးစက်သည့် အကြည့်ကို ပေးလာသည့်တိုင် မျက်မှောင်က ကြုတ်နေသေးပေသည်။

သူက ခပ်ဖြေးဖြေး ပြောသည်။
" မနေ့က ကြက်ဥကိတ်ရဲ့ အရသာမျိုး ငါ မရဘူး"

လီခိုင်း ချက်ချင်း နားလည်သွားသည်။
မာ၇ှယ်က မနေ့က ကြက်ဥကိတ်က သူ့အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်မလာစေတာကို နားမလည်နိုင် ဖြစ်နေတာကိုး။ မာ၇ှယ်က သူ ဒီစားစရာတွေအပေါ် အလွန်အကျူး တုန့်ပြန်ာ
တာမျိုးကနေ ပြန်ကောင်းသွားပြီထင်ပြီး ဆိုင်ကနေ မှာခဲ့လိမ့်မယ်

ဒါပေမယ့် သူ မေ့မျောလုမတတ်တောင် ဖြစ်သွားသလိုပဲ

ဖြစ်နိုင်တာက တင်ဆက်သူရဲ့ ဟင်းချက်စကေးကြောင့်ပေါ့

လီခိုင့်လို ပါးစပ်က အကောင်းအတိုင်းရှိနေတဲ့ သူတောင် ဆိုင်တွေက အကောင်းစားဟင်းပွဲတွေက တင်ဆက်သူရဲ့ ဟင်းပွဲလေးတွေကို မယှဉ်နိုင်မှန်း ခံစားမိတယ်။ ဆိုတော့ တင်ဆက်သူက မာ၇ှယ်အတွက် ချွင်းချက်ဖြစ်နေတာလား
မဟုတ်ဘူး တင်ဆက်သူရဲ့ ဟင်းပွဲက ချွင်းချက်ဖြစ်နေတာလား

လီခိုင်၏ ပါဆယ်ဘူးကို ကိုင်ထားသည့် လက်တွေက တင်းကျပ်သွားလေသည်။

ဒီ ဝက်ဗိုက်သား ခေါက်ဆွဲက မာရှယ်အတွက် အသက်ကယ်ဆေး ဖြစ်နေတယ်။

ရုတ်တရက် ဒီဘူးက အလွန် လေးလံလာသလို ခံစားလိုက်ရလေသည်။

ဟော်ယွင်ချန်းက ပြောလာသည်။
" ငါ ဒီနေ့ မေးကြည့်လိုက်တာ ။ မနေ့က ကြက်ဥကိတ်က စာဖိုမှူး အစည်းအရုံးက ပို့လိုက်တာ မဟုတ်ဘူးတဲ့လေ။ ငါ နားလည်းမှု လွဲသွားတဲ့အတွက် တောင်းပန်ပါတယ်။ မင်း ဝယ်လာတာကို ငါ စားမိလိုက်တဲ့ပုံပဲ။ အဲ့ဒါ ဘယ်လောက်ကျလဲ ငါ ပြန်လွှဲပေးလိုက်မယ်"

" မာ၇ှယ် ကျွန်တော် ပိုက်ဆံ မလိုပါဘူး"

လီခိုင်က ဆက်ပြောသည်။
" မာရှယ် ကြိုက်တယ်ဆို၇င်ပဲ အဆင်ပြေပါပြီ။ ပြီးတော့ ကျွန်တော်  ဝယ်ခဲ့ရတာလည်း မဟုတ်ပါဘူး"

နှစ်များစွာ ကြာသည်အထိ မာ၇ှယ်ဟာ စစ်သည်တိုင်းကို ညီအကိုအရင်းတွေလို ဆက်ဆံပေသည်။သူက ခပ်တင်းတင် နေတတ်ကာ အမူအယာက အမြဲ အေးစက်နေသည့်အတွက် သူ့ရှေ့တွင် အသက်တောင် မ၇ှူရဲသည် တပ်သားသစ်တွေ မည်မျှရှိမည်ဖြစ်ကြောင်း ဘုရားသာ သိပေလိမ့်မည်။သို့သော် သူနှင့်သာ နှစ်များစွာ အတူရှိပြီးသည့်အါ မာရှယ်ဟာ မည်သို့သော လူမျိုးဖြစ်ကြောင်း သိလာကြပေသည်။

မကောင်းကြံသည့် သူတွေ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြသည့် အဖွဲ့တွေ တစ်ခါမှပင် မ၇ှိဖူးပေ။ စစ်တိုက်ရမယ်ဆိုတိုင်း မာ၇ှယ်ကသာ ဦးဆောင်ပေသည်။ သူက စစ်သည်တစ်ယောက် ပျောက်၇ှနေလျှင်ပင် တွေ့အောင် ၇ှာပြီးမှသာ ပြန်လာတတ်လေ့၇ှိ၏။ သူကသာ ဦးဆောင်သည့်အတွက် သေ၇မည်ဆိုလျှင်ပင် သူကသာ အရင်သေပေလိမ့်မည်။

ကံဆိုးပြီး ကျိုးကန်းသွားသူတွေ၊ အငြိမ်းစားယူသွားသူတွေ၊ သေသွားရသူတွေ အများအပြားရှိသည်။ သို့သော် ထိုသူတွေနှင့် မိသားစုကို မာရှယ်က ဆက်လက် ထောက်ပံ့ပေး၏။မာ၇ှယ်၏ စကားအရဆိုလျှင် ထိုသူတွေအားလုံး ယခုလို အခြေအနေ ရောက်သွားရသည်မှာ တစ်ချိန်က အင်ပါယာအတွက် အသက်ကို စတေးခဲ့သဖြင့် ဟုဆိုသည်။ ထို့ကြောင့် သူက ရဲဝင့်စွာ ထောက်ပံ့ပေးခဲ့သည်။

မာရှယ်၏ သည်လို ကောင်းမွန်သည့် ဘက်ခြမ်းက စစ်သည်တိုင်းကို စိတ်လှုပ်၇ှားစေကာ နတ်ဘုရားလို ကိုးကွယ်မိစေသည်။

သူက လက်ထဲတွင် ကိုင်ထားသော ဝက်ဗိုက်သား ခေါက်ဆွဲဘူးကို စားပွဲပေါ်တင်လိုက်သည်။ သူက ပြောလိုက်သည်။

" ဒီနေ့လည်း ကျွန်တော့်မှာ ပါတယ်။နှစ်ခုလုံးက တစ်ယောက်ထဲက လုပ်ပေးထားတာပဲ။ မာရှယ်ဘာလို့ ဒီအာဘူး ဝက်ဗိုက်သား ခေါက်ဆွဲကို မမြည်းကြည့်တာလဲ။ တကယ်လို့ အဆင်ပြေရင် မာ၇ှယ် စားလို့ရပါတယ်"

သူက မာ၇ှယ်၏ မျက်နှာကို ကြည့်ပြီးဘူးကို ဖြေးညင်းစွာ ဖွင့်သည်။ မာ၇ှယ်သာ မျက်နှာပျက်လျှင် သူ ချက်ချင်း ပြန်ပိတ်လိုက်မည်။

သို့သော် အားလုံး ဖွင့်ပြီးသည့်တိုင် မာ၇ှယ်က မျက်နှာ မပျက်ပေ။ထိုအပြင် မျက်နှာက ပိုပြီးပင် သွေးရောင် လွှမ်းလာသေးပေသည်။ သူက တူကို ကမ်းပေးလိုက်သည်။

"မာရှယ် မြည်းကြည့်ပါ"

ဟော်ယွင်ချန်းက မတုန့်ပြန်ပေ။ ဒါက သူ့ရဲ့ ပထမဆုံးအကြိမ် ဒီလို ခံစား၇တာပဲ။ ကြက်ဥကိတ်ကိုတော့ ထည့်မတွက်နဲ့တော့။ အဲ့ဒါကိုသာ ထည့်တွက်ရင် ဒါ ဒုတိယ အကြိမ်ပဲ။

သဘာ၀ စားစရာမှ ထွက်လာသည့် မွှေးပျံ့သည့် ရနံ့က သိပ်သည်းလာသည်။ သူ့ခန္ဓာကိုယ်မှ မည်သည့် မကောင်းသည့် တုန့်ပြန်မှုမှ မပြဘဲ အားအင်ပင် ပြည့်လာသည်ဟု ခံစားလိုက်ရသည်။ ထိုခံစားချက်ဟာ အနံ့ဆိုးသည့် ဆိုင်ကြီးတွေက ဟင်းတွေနှင့် အားဖြည့် ဆေးရည်တွေထက် များစွာ သာသည်။ထိုမျှ မွှေးသည့် ရနံ့ကြောင့် မာရှယ်၏ မျက်နှာပင် ကူကယ်ရာမဲ့သလိုဖြစ်လာလေသည်။

သူက တူကို ယူကာ ခေါက်ဆွဲ နည်းနည်း ယူသည်။ နီရဲနေသော အချဉ်ရည်တို့ကို ခေါက်ဆွဲကို ပံ့ပိုးပေးထားသည်။ ခေါက်ဆွဲကို မယူလိုက်သည့်အခါ အရည်တွေက စီးကျသည်။ သူက အားလုံးကို ပါးစပ်ထဲ ထည့်ကာ အရသာ ခံသည်။

ဆိုတော့ ဒါက လျှာကိုတောင် ပျော်ကျစေတယ်ဆိုတဲ့ အရသာဆိုတာမျိုးပေါ့..

" ဘယ်သူလုပ်တာလဲလို့ ငါ မေးလို့ရမလား"

ဟော်ယွင်ချန်းသည် နှစ်လုပ်အပြည့် စားပြီးနောက် တူကို ချကာ လီခိုင်ကို ပြန်ပေးသည်။သူ့စိတ်ထဲတွင်မူ စာဖိုမှူး အစည်းအရုံးတွင်လည်း ဒီလိုလူမျိုးမ၇ှိဘဲ လီခိုင်ကိုလည်း တဖက်သူက ဟင်းတွေထည့်ပေးလိုက်သဖြင့် သူ့မိသားစုဝင်လို့ ထင်သွားသည်။

သို့ရာတွင် လီခိုင်က ကျောမတ်သွားကာ ရှက်ရွံ့စွာ ပြုံးသည်။
" ဒါက ကြယ်နက်ဝေါ့က တင်ဆက်သူ ချက်ထားတာပါ"

ဟော်ယွင်ချန်း မျက်ခုံးပင့်ကာ အံ့သြတကြီးပြောသည်။
" ကြယ်နက်ဝေါ့က တင်ဆက်သူ ဟုတ်လား"

သူ့အကြည့်တွေက လီခိုင့်ထံ စူးရှစွာ ကျရောက်လာသည်။
"ငါ သေချာ ပြန်သုံးသပ်ရတော့မှာပဲ။ ငါ မင်းကို လုံလောက်တဲ့ အလုပ်တွေ မပေးထားမိဘူးပဲ"

" မဟုတ်ပါဘူး မဟုတ်ပါဘူး။ ကျွန်တော်က အကျိုးရှိအောင် ကြည့်တာပါ"

လီခိုင်က တောင်းပန်သလို ပြုံးသည်။
" မဟုတ်ရင် ကျွန်တော်က ဒီလို တင်ဆက်သူကို ရှာပြီး မာရှယ်ကို သူ့ရဲ့ လက်ရာတွေ ဘယ် မိတ်ဆက်ပေးလို့ရမှာလဲ"

" ဒါဆို မာ၇ှယ် ဒီ အပြစ်သားကို သက်သက် ညှာညှာလေး ဆုံးဖြတ်ပေးပါ"

ဟော်ယွင်ချန်းက အပြုံးမမည်သည့် အပြုံးကို ပြုံးသည်။
" နောက် မဖြစ်စေနဲ့"

" ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါပေါ့"

သူ့ကို လွယ်လွယ် လွှတ်ပေးလိုက်သဖြင့် အံ့သြသွားကာ စိတ်ချမ်းသာ သွားသည်။ သူက ကြယ်နက်ဝေါ့ထဲ ဝင်ပြီး တက်ဆက်သူရဲ့ ချန်နယ်ကို ရှာသည်။
" ဒီ တင်ဆက်သူပါ။ ယွမ့်ထန်းတဲ့။ ချန်နယ် နံပါတ် အာလ် ၂၁၃၁၄ပါ"

ယွမ့်ထန်းတဲ့လား။

ဟော်ယွင်ချန်း ခေါင်းငြိမ့်လိုက်သည်။ သူ့အကြည့်က ထိုနာမည်ထံ ကျရောက်သွားသည့်အခါ ပိုပြီး လေးနက်သွားတော့သည်။

ထိုညတွင် ယွမ့်ထန်း၏ ချန်နယ်တွင် ပရိတ်သတ်တွေ ထိုးတက်သွားတော့ပြန်သည်။မရေမတွက်နိုင်သည့် အသုံးပြုသူတွေ ပြည့်နေတော့ကာ ပရိတ်သတ်တွေအပြင် အစားအသောက်အတွက်နှင့် အခြားသော မကောင်းသည့် ရည်ရွယ်ချက်တွေရှိသော လူပေါင်းများစွာဟာ ရောနှောလျက် ၇ှိနေတော့သည်။

-----------

အပိုင္း ၇ ေက်ာ္ၾကားမႈက မိုးထိုးၿပီ

ပါဆယ္ သုံးခု ပို႔ခိုင္းၿပီးသည္ႏွင့္ ယြမ့္ထန္း အပ်င္းေၾကာဆန႔္လိုက္သည္။ သူ အာလူးႏွင့္ ဝက္ဗိုက္သားေခါက္ဆြဲကို ခပ္ေအးေအး စားၿပီးသည္ႏွင့္ ပိုက္ဆံကို ေရကာ အေကာင့္ထဲ ျဖည့္သည္။

ပိုက္ဆံ ပမာဏ မ်ားျပားလာျခင္းက အရသာ၇ွိသည့္ ဟင္းလ်ာေတြကို ပိုၿပီး အရသာ၇ွိေအာင္ လုပ္နိုင္လာေစသည္။

ယြမ့္ထန္းက အားလပ္သည့္အခါ အင္တာနက္ေပၚ ၾကည့္ေလ့မ၇ွိေပ။ ထို႔အျပင္ သူ႕ခႏၶာကိုယ္က အားနည္းကာ အနားယူရန္ လိုအပ္သည့္အတြက ္အိပ္ယာ ေစာေစာဝင္လိုက္ေလသည္။ထို႔ေၾကာင့္ သူႏွင့္ပက္သတ္ၿပီး ျဖစ္ပ်က္သြားခဲ့သည့္ ျဖစ္ရပ္ေတြကို လြဲသြားေတာ့ေပသည္။

ည ၇နာရီဆိုတာဟာ ၾကယ္နက္ေဝါ့တြင္ လူအရႈပ္ဆုံး အခ်ိန္ျဖစ္သည္။

ထိုအခိုက္ ပိုစ့္အသစ္တစ္ခုက ျပည္သူျပည္သားေတြ၏ အာ႐ုံကို ဆြဲေဆာင္သြားသည္။

"@ ရွားမီ v နတ္ဘုရားမက ပိုစ့္အသစ္ တင္လိုက္ၿပီ"

ခ်ဳံလင္းသည္ အစားအေသာက္ အလြန္ေ႐ြးကာ ႀကီးက်ယ္သည့္သူမ်ိဳး ျဖစ္သည္။ သူမ၏ မိသားစုက အနည္းငယ္ ခ်မ္းသာ႐ုံမွ်သာ ျဖစ္ေလကာ သူမသည္လည္း အားျဖည့္ ေဆးရည္ေတြ ေသာက္ရသည္။ သို႔တိုင္ေအာင္ သူမ၏ စားစရာေတြအေပၚ ထားသည့္ စိတ္ဆႏၵကိုမူ မျပည့္ဝေစေပ။ အရသာမဲ့ အားျဖည့္ ေဆးရည္ေတြႏွင့္ သဘာ၀ စားဖြယ္ေတြ၏ ကြာျခားခ်က္က ႏွိုင္းယွဥ္လို႔ပင္ မရေပ။ ပလက္ေဖာင္းရွိ တိုက္ရိုက္ ထုတ္လြင့္မႈေတြက သူမကို ပိုက္ဆံ မကုန္ေစဘဲ အရသာတိုင္းကို အလကားျမည္းခြင့္ ရေစသည္။ထို႔ေနာက္တြင္မူ သဘာ၀ စားဖြယ္ေတြ၏ ပရိတ္သတ္စစ္စစ္ျဖစ္သြားကာ က်ရႈံးသြားေတာ့ေလသည္။

သူမက အစားအေသာက္ တင္ဆက္သူမ်ားစြာကို followထားၿပီး ၾကယ္အဆင့္ျမင့္ စားေသာက္ဆိုင္ႀကီးေတြတြင္လည္း ျမည္းစမ္းၾကည့္ေလ့ရွိေပသည္။သူမက သုံးဖက္ျမင္ ဖန္သားျပင္ ပုံရိပ္မွသာ ၾကည့္ျခင္းျဖစ္သည့္တိုင္ သဘာဝစားဖြယ္၏ ကြၽမ္းက်င္ပညာရွင္တစ္ေယာက္ ျဖစ္လုနီးနီး အဆင့္ကို ေရာက္လာခဲ့သည္။ သူမ မည္သို႔ေသာ အစားအေသာက္ေတြကို စားပါပေစ မည္မွ် နာမည္ႀကီးေသာ ဆိုင္ေတြကို သြားပါပေစ တစ္စုံတစ္ရာက လိုအပ္ေနသည္ဟု ခံစားေနခဲ့၇ေပသည္။

သို႔ရာတြင္ သူမကသာ ထိုသို႔ထုတ္ေျပာလွ်င္အားလုံးက ဝိုင္းကာ အျပစ္တင္ၾကေပလိမ့္မည္။ သူမ်ားေတြေျပာၾကသလိုပင္ အားျဖည့္ ေဆးရည္ အေသာက္မ်ားသည့္အခါ အရသာခံ အဖုေလးေတြ၏ လုပ္ေဆာင္နိုင္စြမ္းက က်ဆင္းလာတတ္သည္ပင္။ သူမက ရွားမီကိုလည္း followထားသူ တစ္ေယာက္ျဖစ္သည္။ သူမတစ္ေယာက္တည္း ထိုသို႔ေတြးသည္သာ မဟုတ္ေလဘဲ အင္ပါယာ၏ နတ္ဘုရားမသည္လည္း ထိုသို႔ေတြးေပသည္။

အင္ပါယာ၏ ပန္းပြင့္ေလးဟု လူသိမ်ားေသာ ရွားမီသည္ ႐ုပ္ရည္သာ ထင္ေပၚသည္မဟုတ္ေလဘဲ သူမ၏ ပါရမီကပင္ အင္ပါယာ၏ ထိပ္တန္း အဆင့္ျဖစ္သည္။ သူမ၏ ေျပာင္ေျမာက္ေသာ မိသားစု ေနာက္ခံသာ မကေလဘဲ သူမ၏ ႀကီးမားေသာ အင္တာနက္ အဆက္အသြယ္ေတြႏွင့္ ထက္၇ွ ထည့္တိုးဆန္ကာ ပြင့္လင္းသည့္ စရိုက္ကိုလည္း လူေတြက ႏွစ္ၿခိဳက္ၾကသည္။

ရွားစန္( သုံးရဲ႕စန္း မဟုတ္)၏ သမီးျဖစ္သည့္သူမဟာ ဖခင္ အင္ပါယာ မာ၇ွ႔္မာစတာနည္းတူ ဖခင္၏ ပါရမီေတြကို အေမႊရၿပီး ထိုနယ္ပယ္တြင္ အလြန္ ထူးခြၽန္ေပသည္။ သည္ေလာက္ ငယ္႐ြယ္သည့္ အသက္ႏွင့္ပင္ သူမက အက္စ္အဆင့္ မာရွ႔္ကို ဒီဇိုင္း ဆြဲနိုင္ေနေလၿပီ။ ဒါဟာ လက္ေ႐ြးစင္ေတြထဲမွ ထိပ္တန္းအဆင့္ လက္ေ႐ြးစင္အျဖစ္  သတ္မွတ္နိုင္တာထက္ပင္ ပိုသည့္ အရည္အခ်င္း ျဖစ္သည္။ ထို႔အျပင္ သူမ၏ ခင္ပြန္းေလာင္း ပိုင္ခ်ီဟာ သိပၸံ အကယ္ဒမီမွ ဒုဥကၠဌျဖစ္သည့္အတြက္ သူမကလည္း မၾကာခဏဆိုသလို အသစ္ ထုတ္ျပန္မည့္ သဘာ၀ လက္ေဆာင္ အစားအေသာက္ကုန္ၾကမ္းေတြကို ဦးစြာ သိ၇ွိခြင့္ ရသူလည္း ျဖစ္သည္။

သူမ၏ အင္အားႀကီးေသာ မိသားစု ေနာက္ခံေၾကာင့္ သူမက အဆင့္အတန္းျမင့္ စားေသာက္ဆိုင္တိုင္းကို မၾကာခဏ သြားေလ့ရွိသည္။ သူမက လွ်ာေစာင္းထက္သည္၊ အာ႐ုံခံစားနိုင္စြမ္းအား ျမင့္၏။သူမက ေဝ့ေပၚ ကြန္းမန႔္ဆက္၇ွင္ကို သြားကာ ဆိုင္ေတြ၏ စားဖြယ္စာရင္းေတြကို ၾကည့္တတ္သည္။ သူမ၏ ခ်ီးက်ဴးမႈက ရွားကာ မ်ားေသာအားျဖင့္ ထိုဆိုင္ေတြ အဆဲခံရသည္က မ်ားသည္။သူမ၏ က်ိန္ဆဲမႈေတြထဲ အမွန္တရားက မ်ားေနသျဖင့္ အမ်ားစုက ျပန္မျငင္းနိုင္ၾကေပ။ ထို႔ေၾကာင့္ သူမဆိုလွ်င ္ၾကယ္အဆင့္ ဆိုင္ႀကီးေတြမွာ ခ်စ္လည္းခ်စ္သလို မုန္းလည္းမုန္းေနေတာ့သည္။

သို႔ရာတြင္ ျပည္သူျပည္သားေတြဟာ သူမ၏ မွတ္ခ်က္ေတြကို စိတ္ဝင္စားၾကေပသည္။ လက္၇ွိအခ်ိန္တြင္ သူမသည္ သန္းႏွင့္ခ်ည္ေသာ ဖန္ေတြ၏ အစားအေသာက္ ေဝဖန္ေရး သမား ျဖစ္ေနေတာ့သည္။

ရွားမီကဲ့သို႔ ေက်နပ္ေအာင္ လုပ္ေပးရခက္ေသာ လူတစ္ေယာက္က ခ်ီးက်ဴးထားကာ ထိုတင္ဆက္သူ ခ်က္ခဲ့ေသာ ဟင္းႏွစ္ပြဲ၏ ေကာင္းျခင္းေတြကို ဆက္တိုက္ ၫႊန္းဆိုေနေပ၏။ထို႔အျပင္ ထိုထဲမွ တစ္ပြဲမွာ စာဖိုမႉး အစည္းအ႐ုံးမွ ဟင္းခ်က္နည္းေတာင္ တက္မလာေသးသည့္ အာလူးႏွင့္ ဝက္ဗိုက္သားကို ေပါင္းကာ ေခါက္ဆြဲဆိုသည့္ အရာမ်ိဳးကို ခ်က္ျပထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ပရိတ္သတ္ေတြမွာမူ သူတို႔၏ နတ္ဘုရား လူစားထိုးခံရၿပီဟု ထင္ေနၾကေတာ့သည္။

ခ်ဳံလင္းလည္း မေနနိုင္ေတာ့ေလဘဲ ၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။

" မဂၤလာ နံနက္ခင္းပါ အားလုံးပဲ ကိုယ္က မင္းတို႔ရဲ႕ တင္ဆက္သူ ယြမ့္ထန္းပါ။ ကိုယ္က...."

သူမ followထားသည့္ အျခားေသာ တင္ဆက္သူေတြႏွင့္ ယွဥ္လွ်င္ သည္တင္ဆက္သူ၏ တိုက္ရိုက္ထုတ္လႊင့္မႈ ခန္းမက သနားစဖြယ္ပင္ ေကာင္းေနေသးေပသည္။

ပ်င္းစရာ ေကာင္းလိုက္တာ

သူမက စားပြဲကို မီကာ တဖက္က ခ်က္ေနသမွ်ကို ထိုင္ၾကည့္ေနလိုက္သည္။

တင္ဆက္သူက ငါးကို သာမန္ပုံစံေလးျဖင့္ ထုတ္လိုက္ကာ ဘုတ္ျပားေပၚ တင္သည္။ သူက ဓားကို ပုံမွန္အတိုင္းေလး ကိုင္၏။

ေနပါဦး သူ ဘာလုပ္တာလဲ

သူမ ထိတ္လန႔္သြားကာ ထပင္ ခုန္မိသည္။သူက ငါးကို ပိုင္းကာ ဗိုက္ထဲမွ သည္းေျခကို ထုတ္သည္။ သူမမွာ ဒီလိုရက္စက္သည့္ သတ္ျဖတ္နည္းမ်ိဳးကို ဆက္ပင္ မၾကည့္ရဲရွာေတာ့ေပ။ သူမ မ်က္ေမွာင္ ၾကဳတ္ၿပီး ဘားတန္းေဖာ္ကာ အကြာအေဝးကို ျခားလိုက္သည္။

ဒီရက္စက္တဲ့ အေကာင္ကေတာ့ အရသာရွိတဲ့ စားစရာကို အခု ဘာလုပ္ျပေနတာလဲ။ငါေတာင္ တစ္ခါမွ ငါး မစားေပမယ့္ ဒီေလာက္ ႏွိပ္စက္ဖို႔ေတာ့ ေတြးေတာင္ မေတြးဖူးဘူး ။

" ကဲ အခု ကိုယ္တို႔ အတူ စားရေအာင္၊ အရင္ဆုံး ၾကက္ဥကိတ္ကို စားမယ္။ၿပီးရင္ ယာဂုကို ေသာက္မယ္။ ဒါက ၾကက္ဥကိတ္က ဆီေၾကာင့္ အီတာကို ေျပေပ်ာက္ေစၿပီး လန္းဆန္းေစတယ္"

ဒီညံ့ဖ်င္းတဲ့ တနာ႐ူးက ဘယ္လို လိမ္ရမလဲ ေကာင္းေကာင္းသိေနတာပဲ ။ အရသာက ဘယ္လိုခံစားရမွာလဲ

ခ်ဳံလင္း၏ အမူအယာက ႐ုတ္တရက္ ေအးခဲသြားေတာ့သည္။

တင္ဆက္သူက အဖုံးကို ဖြင့္လိုက္သည္ႏွင့္ တိုက္ရိုက္ထုတ္လႊင့္သည့္ ခန္းမ တစ္ခုလုံး ေမႊးပ်ံ့ေသာ ရနံ႕တို႔ျဖင့္ ျပည့္သြားေတာ့ေပသည္။အိုး၏ အေပၚယံတြင္ တပြက္ပြက္ျဖစ္ေနသည္။ ထမင္း၏ ေမႊးပ်ံ့သည့္ အနံ႕ႏွင့္ အသားဓာတ္၏ ဆြဲေဆာင္မႈ ျပင္းေသာ ရနံ႕တို႔က အလြန္ အရသာရွိမည့္ပုံရသည္။ သူမ ငါးညွီနံ႕ကိုေတာင္ မရေပ။

သူမမွာ တံေတြးေတြ မထိန္းနိုင္၇ွာေတာ့ေပ။

ထို႔ေနာက္ လက္ေလး ဆန႔္ထုတ္ကာ ယာဂု ပန္းကန္ကိုဆြဲသည္။ သူမသည္ ရက္စက္စြာ အသတ္ခံရသည့္ျဖစ္စဥ္ကိုပင္ ေမ့ေလ်ာ့သြားေခ်ၿပီ။

" အရမ္း ေမႊးတာပဲ"

တစ္နာရီ ၾကာၿပီးေနာက္ ထိုဗီဒီယိုတင္ထားေသာ ေဝ့ေပၚပိုစ့္၏ ေအာက္တြင္ ကြန္းမန႔္ေတြ ေပါက္ကြဲကုန္ေတာ့ေပသည္။

[ @စီစီ: မားက ေမးေနတယ္၊ ငါ ဘာလို႔ ဗီဒီယို ၾကည့္ရင္း ငိုေနတာလဲတဲ့]

[ @ေ႐ႊျပားေတြ က်လာၿပီ: ငါ ထင္တယ္၊ ငါ နည္းနည္း ႐ူးသြားၿပီ။ ငါ ဒါကို ၿမိဳခ်လိဳ႕ မရမွန္း သိေနေပမယ့္ ပါးစပ္ထဲ အသားကုန္ ထိုးထည့္ေနတုန္းပဲ]

[ @ ေဖေဖာ္ဝါရီ ၁၅: အေပၚက တစ္ေယာက္ တကယ္ေတာ့ မင္းက ပုံမွန္ပါပဲ သိလား၊ ငါဆိုရင္ ဘာမွ မ၇ွိတဲ့ ပန္းကန္လုံးကို လ်က္ေနၿပီ]

[ @ေမာ့မိသားစုရဲ႕ ေက်ာက္စိမ္းတုံး: တင္ဆက္သူရဲ႕ လက္ရာက တကယ္ ေကာင္းတာပဲ။ အေမးဇင္း ငါ followလိုက္ၿပီ]

[ @ေ႐ႊျပားေတြ က်လာၿပီ: ငါလည္း followၿပီကြာ။ အေပါင္းတစ္ပဲ။ တင္ဆက္သူရဲ႕ စေကးက နတ္ဘုရားလိုပဲ။ ဘယ္လိုလူကမွ ဒါမ်ိဳး တစ္ခါမွ ခ်က္မျပဘူး။ စာဖိုမႉး အစည္းအ႐ုံးမွာေတာင္ ဒီလိုလူ မ၇ွိဘူး။ သူက လွ်ို႔ဝွက္ သင္ၾကားေပးခံထား၇တဲ့ ၾကယ္ငါးပြင့္ စာဖိုမႉး မ်ားလား]

အားလုံးက တင္ဆက္သူ အသစ္အေၾကာင္း ေဆြးေႏြးေနၾကသည္။ သူက စာဖိုမႉး အစည္းအ႐ုံးက ပုဂၢိဳလ္ႀကီးတစ္ေယာက္ဟုေတာင္ ဆိုေနၾက၏။ သို႔ေသာ္ ထိုအစည္းအ႐ုံးကမူ မည္းေမွာင္သည့္မ်က္ႏွာ အမူအယာျဖင့္ ၾကည့္ေနၾကေလသည္။

" ငါတို႔က အာလူးကို ဘယ္လို ခ်က္ရမလဲဆိုတာကို စမ္းသပ္ေနတုန္းရွိေသးတယ္ ဒီတင္ဆက္သူက ငါတို႔ရဲ႕ လုပ္ပိုင္ခြင့္ကို ခိုးသြားတယ္။သူ႕ရဲ႕ န ည္းလမ္းက ငါတို႔ထက္ေတာင္ သာေနေသးတယ္။ မင္းတို႔ ဘာေျပာမလဲ"

စားပြဲရွည္ႀကီး၏ ထိပ္ဆုံးတြင္ ထိုင္ေနသည့္ သက္လတ္ပိုင္းလူ၏ မ်က္ႏွည
ာက မည္းေမွာင္ေနသည္။သူ႕ႏႈတ္ခမ္းထက္တြင္လည္း ထူထဲသည့္ ႏႈတ္ခမ္းေမႊး မည္းမည္းႀကီးေတြရွိသျဖင့္ ပုံစံက ပိုၿပီး ခက္ထန္ကာ ေၾကာက္မက္ဖြယ္ ေကာင္းေနေတာ့သည္။

သူ႕အၾကည့္က တစ္ခန္းလုံးအႏွံ႕ ေရာက္သြားသည္။ အားလုံးက ေခါင္းေတြ ငုံ႕ထားကာ စကားတစ္ခြန္းမွ မဆိုရဲေၾကာင္းလည္း ျမင္လိုက္ရေလသည္။သူ ႏွာေခါင္းရႈံ႕ကာ ေျပာလိုက္သည္။

" မင္းတို႔ကိုယ္ မင္းတို႔ အင္ပါယာရဲ႕ ထိပ္တန္းအဆင့္ စာဖိုမႉးေတြလို႔ ေျပာရဲေသးတာလား။ အိုး ဒီေလာက္ ရန္ပုံေငြေတြ သုံးထားတာေတာင္မွ အျခားဘယ္ကမွန္း မသိတဲ့ေကာင္ကမွ မင္းတို႔ထက္ ပိုတတ္ေနေသးတယ္။ အရမ္း ေကာင္းတယ္ အရမ္းကို ေကာင္းတယ္"

သူက စားပြဲကို လက္ဝါးျဖင့္ ရိုက္ခ်သည္။သူ႕ႏႈတ္ခမ္းေမႊးေတြပင္ ေဒါသေၾကာင့္ တုန္သြားသည္။

" မနက္က်ရင္ အကယ္ဒမီက ပစၥည္းသစ္ ထပ္ ေၾကျငာလိမ့္မယ္။ ဒါက ငါတို႔ရဲ႕ အခြင့္အေရးပဲ။ တစ္ပတ္အတြင္း ခ်က္နည္းကို ရေအာင္ ၇ွာရင္ရွာ မဟုတ္ရင္ေတာ့...."

" သူ႕ကို တိုက္ရိုက္ မထုတ္လႊင့္နိုင္ေအာင္ တားၾကေတာ့"

---------

တစ္ခ်ိန္တည္းတြင္ပင္ ပထမအဆင့္ စစ္တပ္ ဌာနခ်ဳပ္တြင္ တပ္ေရး ဗိုလ္ႀကီးလီအတြက္ ပါဆယ္ဘူး ေရာက္ေနေလသည္။

လီခိုင္သည္ သည္တစ္ႀကိမ္တြင္ ဉာဏ္ေကာင္းသြားေခ်ၿပီ။သူက ဧည့္ႀကိဳေကာင္တာမွ ပါဆယ္ဘူး ရသည္ႏွင့္ ဒုတိယထပ္၇ွိ နားေနခန္းကို တန္းေျပးေတာ့သည္။ စစ္တပ္က သည္အခန္းကို ကိုယ္ပိုင္ နားေနခန္းအျဖစ္သာ အသုံးျပဳသည္။ မည္သို႔ပင္ဆိုေစ လူစိမ္းေတြက သည္ထဲ ေတာ္တန္႐ုံ ဝင္ခြင့္ မ၇ွိပါေပ။ သည္အခန္းဟာ အိမ္မွ ေန႕လည္စာေတြ လက္ခံံရရွိသည့္ အခ်ိဳ႕ေသာ စစ္သားမ်ား ခိုးဝင္ကာ အနားယူရာအခန္းျဖစ္လာသည္။

ေန႕လည္စာ စားခ်ိန္က ၿပီးသြားတာၾကာၿပီဆိုေတာ့ ေကာင္စုတ္ေလးေတြက ေလ့က်င့္ဖို႔ ထြက္သြားေလာက္ၿပီ။ ဒီေတာ့ စစ္တပ္ တစ္ခုလုံးမွာ သူ တစ္ေယာက္ထဲပဲ ဒီလိုအခ်ိန္မွာ ေလွ်ာက္သြားေနတာျဖစ္မယ္။ မာ၇ွယ္ကလည္း အနံ႕မခံနိုင္လို႔ လာမွာ မဟုတ္ဘူး။ဒီေနရာက သူ ေကာင္းေကာင္းစားလို႔ရမယ့္ ေနရာပဲ။ သူ ခိုးစားၿပီးတာနဲ႕ ခိုးျပန္သြားလိုက္မယ္။ ဝိုး လုံးဝကို ဟာကြက္ မ၇ွိဘူးပဲ

ထိုသို႔ေသာ အေတြးေတြျဖင့္ လီခိုင္၏ မ်က္ႏွာတြင္ အၿပဳံးက ေပၚလာေတာ့ကာ ေျခလွမ္းေတြကို သြက္လိုက္သည္။

ပါဆယ္ဘူးကို လက္က ကိုင္ရင္း အခန္းတံခါးကို ခပ္က်ယ္က်ယ္ တြန္းဖြင့္လိုက္သည္။

ထိုအခါ ျပင္းထန္ေသာ ရနံ႕က သူ႕ထံ တိုးဝင္လာေတာ့ကာ သူ ေမာ့ၾကည့္လိုက္မိသည္။ မာရွယ္ေဟာ္ဟာ နားေနခန္း ထိပ္ဆုံးခုံတြင္ သူ႕ကို မ်က္ႏွာမူကာ ထိုင္ေနသည္။ သူ၏ ထက္၇ွေသာ သိန္းဌက္လို အၾကည့္ေတြက သူ႕ထံ ေရာက္လာ၏။

လီခိုင္၏ လက္ေတြ တုန္ယင္သြား၇ေခ်ၿပီ။သူ ခပ္ျမန္ျမန္ ေတာင္းပန္ရန္ ျပင္ၿပီးမွ မာ၇ွယ္၏ ေရွ႕တြင္ စားစရာ ပါဆယ္ဘူးေတြ အျပည့္၇ွိေနေၾကာင္း ျမင္လိုက္ရေလသည္။

ေန႕လည္စာဘူးမွ ေ႐ႊေရာင္ ႏွင္းဆီကို လွမ္းျမင္ရသည္။ဒါက အင္ပါယာ၏ အႀကီးက်ယ္ဆုံး ေ႐ႊႏွင္းဆီ စားေသာက္ဆိုင္၏ တံဆိပ္ျဖစ္၏။ထိုဆိုင္မွ စာဖိုမႉးေတြဟာ စာဖိုမႉး အစည္းအ႐ုံးမွ ၾကယ္သုံးပြင့္ႏွင့္အထက္ေတြသာ ျဖစ္ၾကသည္။ ဘူးကပင္ အလြန္ ခမ္းနားေပ၏။သူက ထိုဆိုင္မွ ေဈးအေပါဆုံး ပြဲကို မွာခဲ့တာကပင္ သူ၏ လစာ တဝက္ေက်ာ္ ကုန္သြားခဲ့ရသည္။ မ်ိဳးရိုးျမင့္ မိသားစုႀကီးေတြႏွင့္ ေတာ္ဝင္မိသားစုေလာက္သာ ထိုဆိုင္မွ မွာစားနိုင္ၾကသည္။ သာမန္လူေတြက ထိုမွ် မႂကြယ္ဝပါေပ။

သို႔ေသာ္ ထိုမွ် ခမ္းနားကာ ေကာင္းမြန္သည့္ ေန႕လည္စာဘူးေတြ၏ ေရွ႕တြင္ ထိုင္ေနေသာ ေဟာ္ယြင္ခ်န္းက မ်က္ေမွာင္ကို ၾကဳတ္ထားေလသည္။ ေသခ်ာၾကည့္မည္ဆိုလွ်င္ မ်က္ႏွာကပင္ အနည္းငယ္ ျဖဴေဖ်ာ့ေနေၾကာင္း ျမင္ရမည္ျဖစ္သည္။

" မာရွယ္"

လီခိုင္ အလန႔္တၾကား​ေခၚကာ အနားသို႔ ေ ျပးသြားၿပီး ပါဆယ္ဘူးေတြကို ပိတ္လိုက္သည္။ ထို႔ေနာက္ ျပတင္းေတြကို လိုက္ဖြင့္ကာ အခန္းကို ေလဝင္ေလထြက္ရေစၿပီး အနံ႕ဆိုးေတြကို ထြက္သြားေစ၏။အားလုံးၿပီးမွသာ မာ၇ွယ္ကို စိုးရိမ္စိတ္အျပည့္ျဖင့္ ျပန္ၾကည့္လိုက္သည္။

မာရွယ္၏ တပ္ေရး ဗိုလ္ႀကီးအျဖစ္ ဆယ္စုႏွစ္တစ္ခုၾကာ လုပ္ခဲ့ၿပီးသည့္ေနာက္ မာရွယ္အေပၚ နားလည္သေဘာေပါက္မႈဟာ သူ႕ကိုယ္သူ နားလည္ထားမႈထက္ပင္ ျမင့္ေနခဲ့ေခ်ၿပီ။

မာ၇ွယ္ဟာ စစ္တပ္မွ မည္သူ႕ကိုမွ သူ႕ေရွ႕တြင္ သည္သဘာ၀ ထုတ္ကုန္ ဟင္းပြဲေတြ စားခြင့္မျပဳထားေပ။ သူက ဒီစားစရာေတြဆိုလွ်င္ ေခါင္းမာမာျဖင့္သာ ျငင္းေလ့ရွိသည္။သူ၏ ဒီလို လြန္က်ဴးသည့္ အျပဳအမူေၾကာင့္ သူ႕ကို သေဘာမက်သဴ မည္မွ်၇ွိေၾကာင္း ဘုရားသာ သိလိမ့္မည္။

သို႔ရာတြင္ လီခိုင္ကမူ မာရွယ္က လူသားမဆန္တာ မဟုတ္ဘဲ ဒီလို အရာေတြက သူ႕အတြက္ အဆိပ္လို ျဖစ္ေနေၾကာင္း နားလည္ေနေပသည္။

ခံတြင္းပ်က္ေနတဲ့ လူေတြထက္ မာရွယ္ရဲ႕ အေျခအေနက ထူးျခားတယ္။ သူ႕ရဲ႕ အာ႐ုံခံစားနိုင္စြမ္းက ျပင္းထန္လြန္းလို႔ ဒီလို သဘာ၀ စားစရာအခ်ိဳ႕ရဲ႕ ခါးတူးတဲ့ အရသာတင္မကဘဲ မသန႔္ရွင္းတဲ့ အခ်ိဳ႕ အရာေတြအတြက္ သူ႕အေပၚ သက္ေရာက္မႈက ပိုျပင္းတယ္။အဆိုးဆုံးမွာ ဒီလို အနံ႕ေတြရတာနဲ႕ သူ႕ကိုယ္ရဲ႕ တုန႔္ျပန္မႈက ျပင္းထန္ေနတာပဲ

ဒါမ်ိဳးသာ စစ္တိုက္ေနတုန္း ျဖစ္လာရင္ သူေတာ့ ဒုကၡေရာက္ၿပီပဲ

ဒါ့အျပင္ သူက အင္ပါယာရဲ႕ စစ္နတ္ဘုရားျဖစ္လို႔ အင္ပါယာကို ကာကြယ္ရတယ္။ဒါေၾကာင္ ဒီကိစၥကို လူအမ်ားကို ထုတ္ေျပာလို႔ မရနိုင္ခဲ့ဘူး။

အင္ပါယာရဲ႕ စစ္နတ္ဘုရားမွာ အားနည္းခ်က္ ၇ွိလို႔ မရဘူး။ ေနာက္ၿပီး အခုလို အေသးစားကိစၥေၾကာင့္နဲ႕ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္တာမ်ိဳးဆို ပိုေတာင္ ဆိုးေသးတယ္။

ဒါေၾကာင့္ သူ႕မွာ အၿမဲတမ္း ဖုံးကြယ္ထားၿပီး ဘယ္သူ႕ကိုမွ မေျပာျပခဲ့ဘူး။ ေနာက္ၿပီး ဒါက အင္ပါယာက လူအမ်ားအက်ိဳးအတြက္ လုပ္ေပးေနတဲ့ ကိစၥျဖစ္လို႔ သူ ကန႔္ကြက္တာမ်ိဳးလည္း မလုပ္ခဲ့ဘူး။ သူက ဒီအတိုင္း သူ႕ေရွ႕မွာ ေပၚမလာရင္ၿပီးေရာ ခြင့္ျပဳေပးထားခဲ့တယ္

လီခိုင္ အံ့ၾသရဆုံးက ဒါေတြကို မုန္းတဲ့ မာ၇ွယ္က ဘယ္လိုျဖစ္ၿပီး အရသာခံဖို႔ ဆုံးျဖတ္လိုက္သလဲ ဆိုတာပဲ

ေဟာ္ယြင္ခ်န္းလည္း မသက္မသာ အေနအထားမွ လြတ္ေျမာက္သြားသည့္အခါ မ်က္ႏွာ၏ ျဖဴစုတ္ေနမႈမွ ေသြးေရာင္ ျပန္လႊမ္းလာသည္။သူက နဂိုအတိုင္း ေအးစက္သည့္ အၾကည့္ကို ေပးလာသည့္တိုင္ မ်က္ေမွာင္က ၾကဳတ္ေနေသးေပသည္။

သူက ခပ္ေျဖးေျဖး ေျပာသည္။
" မေန႕က ၾကက္ဥကိတ္ရဲ႕ အရသာမ်ိဳး ငါ မရဘူး"

လီခိုင္း ခ်က္ခ်င္း နားလည္သြားသည္။
မာ၇ွယ္က မေန႕က ၾကက္ဥကိတ္က သူ႕အေပၚ ဆိုး႐ြားတဲ့ သက္ေရာက္မႈေတြ ျဖစ္မလာေစတာကို နားမလည္နိုင္ ျဖစ္ေနတာကိုး။ မာ၇ွယ္က သူ ဒီစားစရာေတြအေပၚ အလြန္အက်ဴး တုန႔္ျပန္ာ
တာမ်ိဳးကေန ျပန္ေကာင္းသြားၿပီထင္ၿပီး ဆိုင္ကေန မွာခဲ့လိမ့္မယ္

ဒါေပမယ့္ သူ ေမ့ေမ်ာလုမတတ္ေတာင္ ျဖစ္သြားသလိုပဲ

ျဖစ္နိုင္တာက တင္ဆက္သူရဲ႕ ဟင္းခ်က္စေကးေၾကာင့္ေပါ့

လီခိုင့္လို ပါးစပ္က အေကာင္းအတိုင္းရွိေနတဲ့ သူေတာင္ ဆိုင္ေတြက အေကာင္းစားဟင္းပြဲေတြက တင္ဆက္သူရဲ႕ ဟင္းပြဲေလးေတြကို မယွဥ္နိုင္မွန္း ခံစားမိတယ္။ ဆိုေတာ့ တင္ဆက္သူက မာ၇ွယ္အတြက္ ခြၽင္းခ်က္ျဖစ္ေနတာလား
မဟုတ္ဘူး တင္ဆက္သူရဲ႕ ဟင္းပြဲက ခြၽင္းခ်က္ျဖစ္ေနတာလား

လီခိုင္၏ ပါဆယ္ဘူးကို ကိုင္ထားသည့္ လက္ေတြက တင္းက်ပ္သြားေလသည္။

ဒီ ဝက္ဗိုက္သား ေခါက္ဆြဲက မာရွယ္အတြက္ အသက္ကယ္ေဆး ျဖစ္ေနတယ္။

႐ုတ္တရက္ ဒီဘူးက အလြန္ ေလးလံလာသလို ခံစားလိုက္ရေလသည္။

ေဟာ္ယြင္ခ်န္းက ေျပာလာသည္။
" ငါ ဒီေန႕ ေမးၾကည့္လိုက္တာ ။ မေန႕က ၾကက္ဥကိတ္က စာဖိုမႉး အစည္းအ႐ုံးက ပို႔လိုက္တာ မဟုတ္ဘူးတဲ့ေလ။ ငါ နားလည္းမႈ လြဲသြားတဲ့အတြက္ ေတာင္းပန္ပါတယ္။ မင္း ဝယ္လာတာကို ငါ စားမိလိုက္တဲ့ပုံပဲ။ အဲ့ဒါ ဘယ္ေလာက္က်လဲ ငါ ျပန္လႊဲေပးလိုက္မယ္"

" မာ၇ွယ္ ကြၽန္ေတာ္ ပိုက္ဆံ မလိုပါဘူး"

လီခိုင္က ဆက္ေျပာသည္။
" မာရွယ္ ႀကိဳက္တယ္ဆို၇င္ပဲ အဆင္ေျပပါၿပီ။ ၿပီးေတာ့ ကြၽန္ေတာ္  ဝယ္ခဲ့ရတာလည္း မဟုတ္ပါဘူး"

ႏွစ္မ်ားစြာ ၾကာသည္အထိ မာ၇ွယ္ဟာ စစ္သည္တိုင္းကို ညီအကိုအရင္းေတြလို ဆက္ဆံေပသည္။သူက ခပ္တင္းတင္ ေနတတ္ကာ အမူအယာက အၿမဲ ေအးစက္ေနသည့္အတြက္ သူ႕ေရွ႕တြင္ အသက္ေတာင္ မ၇ႉရဲသည္ တပ္သားသစ္ေတြ မည္မွ်ရွိမည္ျဖစ္ေၾကာင္း ဘုရားသာ သိေပလိမ့္မည္။သို႔ေသာ္ သူႏွင့္သာ ႏွစ္မ်ားစြာ အတူရွိၿပီးသည့္အါ မာရွယ္ဟာ မည္သို႔ေသာ လူမ်ိဳးျဖစ္ေၾကာင္း သိလာၾကေပသည္။

မေကာင္းႀကံသည့္ သူေတြ၊ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းၾကသည့္ အဖြဲ႕ေတြ တစ္ခါမွပင္ မ၇ွိဖူးေပ။ စစ္တိုက္ရမယ္ဆိုတိုင္း မာ၇ွယ္ကသာ ဦးေဆာင္ေပသည္။ သူက စစ္သည္တစ္ေယာက္ ေပ်ာက္၇ွေနလွ်င္ပင္ ေတြ႕ေအာင္ ၇ွာၿပီးမွသာ ျပန္လာတတ္ေလ့၇ွိ၏။ သူကသာ ဦးေဆာင္သည့္အတြက္ ေသ၇မည္ဆိုလွ်င္ပင္ သူကသာ အရင္ေသေပလိမ့္မည္။

ကံဆိုးၿပီး က်ိဳးကန္းသြားသူေတြ၊ အၿငိမ္းစားယူသြားသူေတြ၊ ေသသြားရသူေတြ အမ်ားအျပားရွိသည္။ သို႔ေသာ္ ထိုသူေတြႏွင့္ မိသားစုကို မာရွယ္က ဆက္လက္ ေထာက္ပံ့ေပး၏။မာ၇ွယ္၏ စကားအရဆိုလွ်င္ ထိုသူေတြအားလုံး ယခုလို အေျခအေန ေရာက္သြားရသည္မွာ တစ္ခ်ိန္က အင္ပါယာအတြက္ အသက္ကို စေတးခဲ့သျဖင့္ ဟုဆိုသည္။ ထို႔ေၾကာင့္ သူက ရဲဝင့္စြာ ေထာက္ပံ့ေပးခဲ့သည္။

မာရွယ္၏ သည္လို ေကာင္းမြန္သည့္ ဘက္ျခမ္းက စစ္သည္တိုင္းကို စိတ္လႈပ္၇ွားေစကာ နတ္ဘုရားလို ကိုးကြယ္မိေစသည္။

သူက လက္ထဲတြင္ ကိုင္ထားေသာ ဝက္ဗိုက္သား ေခါက္ဆြဲဘူးကို စားပြဲေပၚတင္လိုက္သည္။ သူက ေျပာလိုက္သည္။

" ဒီေန႕လည္း ကြၽန္ေတာ့္မွာ ပါတယ္။ႏွစ္ခုလုံးက တစ္ေယာက္ထဲက လုပ္ေပးထားတာပဲ။ မာရွယ္ဘာလို႔ ဒီအာဘူး ဝက္ဗိုက္သား ေခါက္ဆြဲကို မျမည္းၾကည့္တာလဲ။ တကယ္လို႔ အဆင္ေျပရင္ မာ၇ွယ္ စားလို႔ရပါတယ္"

သူက မာ၇ွယ္၏ မ်က္ႏွာကို ၾကည့္ၿပီးဘူးကို ေျဖးညင္းစြာ ဖြင့္သည္။ မာ၇ွယ္သာ မ်က္ႏွာပ်က္လွ်င္ သူ ခ်က္ခ်င္း ျပန္ပိတ္လိုက္မည္။

သို႔ေသာ္ အားလုံး ဖြင့္ၿပီးသည့္တိုင္ မာ၇ွယ္က မ်က္ႏွာ မပ်က္ေပ။ထိုအျပင္ မ်က္ႏွာက ပိုၿပီးပင္ ေသြးေရာင္ လႊမ္းလာေသးေပသည္။ သူက တူကို ကမ္းေပးလိုက္သည္။

"မာရွယ္ ျမည္းၾကည့္ပါ"

ေဟာ္ယြင္ခ်န္းက မတုန႔္ျပန္ေပ။ ဒါက သူ႕ရဲ႕ ပထမဆုံးအႀကိမ္ ဒီလို ခံစား၇တာပဲ။ ၾကက္ဥကိတ္ကိုေတာ့ ထည့္မတြက္နဲ႕ေတာ့။ အဲ့ဒါကိုသာ ထည့္တြက္ရင္ ဒါ ဒုတိယ အႀကိမ္ပဲ။

သဘာ၀ စားစရာမွ ထြက္လာသည့္ ေမႊးပ်ံ့သည့္ ရနံ႕က သိပ္သည္းလာသည္။ သူ႕ခႏၶာကိုယ္မွ မည္သည့္ မေကာင္းသည့္ တုန႔္ျပန္မႈမွ မျပဘဲ အားအင္ပင္ ျပည့္လာသည္ဟု ခံစားလိုက္ရသည္။ ထိုခံစားခ်က္ဟာ အနံ႕ဆိုးသည့္ ဆိုင္ႀကီးေတြက ဟင္းေတြႏွင့္ အားျဖည့္ ေဆးရည္ေတြထက္ မ်ားစြာ သာသည္။ထိုမွ် ေမႊးသည့္ ရနံ႕ေၾကာင့္ မာရွယ္၏ မ်က္ႏွာပင္ ကူကယ္ရာမဲ့သလိုျဖစ္လာေလသည္။

သူက တူကို ယူကာ ေခါက္ဆြဲ နည္းနည္း ယူသည္။ နီရဲေနေသာ အခ်ဥ္ရည္တို႔ကို ေခါက္ဆြဲကို ပံ့ပိုးေပးထားသည္။ ေခါက္ဆြဲကို မယူလိုက္သည့္အခါ အရည္ေတြက စီးက်သည္။ သူက အားလုံးကို ပါးစပ္ထဲ ထည့္ကာ အရသာ ခံသည္။

ဆိုေတာ့ ဒါက လွ်ာကိုေတာင္ ေပ်ာ္က်ေစတယ္ဆိုတဲ့ အရသာဆိုတာမ်ိဳးေပါ့..

" ဘယ္သူလုပ္တာလဲလို႔ ငါ ေမးလို႔ရမလား"

ေဟာ္ယြင္ခ်န္းသည္ ႏွစ္လုပ္အျပည့္ စားၿပီးေနာက္ တူကို ခ်ကာ လီခိုင္ကို ျပန္ေပးသည္။သူ႕စိတ္ထဲတြင္မူ စာဖိုမႉး အစည္းအ႐ုံးတြင္လည္း ဒီလိုလူမ်ိဳးမ၇ွိဘဲ လီခိုင္ကိုလည္း တဖက္သူက ဟင္းေတြထည့္ေပးလိုက္သျဖင့္ သူ႕မိသားစုဝင္လို႔ ထင္သြားသည္။

သို႔ရာတြင္ လီခိုင္က ေက်ာမတ္သြားကာ ရွက္႐ြံ႕စြာ ၿပဳံးသည္။
" ဒါက ၾကယ္နက္ေဝါ့က တင္ဆက္သူ ခ်က္ထားတာပါ"

ေဟာ္ယြင္ခ်န္း မ်က္ခုံးပင့္ကာ အံ့ၾသတႀကီးေျပာသည္။
" ၾကယ္နက္ေဝါ့က တင္ဆက္သူ ဟုတ္လား"

သူ႕အၾကည့္ေတြက လီခိုင့္ထံ စူးရွစြာ က်ေရာက္လာသည္။
"ငါ ေသခ်ာ ျပန္သုံးသပ္ရေတာ့မွာပဲ။ ငါ မင္းကို လုံေလာက္တဲ့ အလုပ္ေတြ မေပးထားမိဘူးပဲ"

" မဟုတ္ပါဘူး မဟုတ္ပါဘူး။ ကြၽန္ေတာ္က အက်ိဳးရွိေအာင္ ၾကည့္တာပါ"

လီခိုင္က ေတာင္းပန္သလို ၿပဳံးသည္။
" မဟုတ္ရင္ ကြၽန္ေတာ္က ဒီလို တင္ဆက္သူကို ရွာၿပီး မာရွယ္ကို သူ႕ရဲ႕ လက္ရာေတြ ဘယ္ မိတ္ဆက္ေပးလို႔ရမွာလဲ"

" ဒါဆို မာ၇ွယ္ ဒီ အျပစ္သားကို သက္သက္ ညွာညွာေလး ဆုံးျဖတ္ေပးပါ"

ေဟာ္ယြင္ခ်န္းက အၿပဳံးမမည္သည့္ အၿပဳံးကို ၿပဳံးသည္။
" ေနာက္ မျဖစ္ေစနဲ႕"

" ဟုတ္ကဲ့ ဟုတ္ကဲ့ ဒါေပါ့"

သူ႕ကို လြယ္လြယ္ လႊတ္ေပးလိုက္သျဖင့္ အံ့ၾသသြားကာ စိတ္ခ်မ္းသာ သြားသည္။ သူက ၾကယ္နက္ေဝါ့ထဲ ဝင္ၿပီး တက္ဆက္သူရဲ႕ ခ်န္နယ္ကို ရွာသည္။
" ဒီ တင္ဆက္သူပါ။ ယြမ့္ထန္းတဲ့။ ခ်န္နယ္ နံပါတ္ အာလ္ ၂၁၃၁၄ပါ"

ယြမ့္ထန္းတဲ့လား။

ေဟာ္ယြင္ခ်န္း ေခါင္းၿငိမ့္လိုက္သည္။ သူ႕အၾကည့္က ထိုနာမည္ထံ က်ေရာက္သြားသည့္အခါ ပိုၿပီး ေလးနက္သြားေတာ့သည္။

ထိုညတြင္ ယြမ့္ထန္း၏ ခ်န္နယ္တြင္ ပရိတ္သတ္ေတြ ထိုးတက္သြားေတာ့ျပန္သည္။မေရမတြက္နိုင္သည့္ အသုံးျပဳသူေတြ ျပည့္ေနေတာ့ကာ ပရိတ္သတ္ေတြအျပင္ အစားအေသာက္အတြက္ႏွင့္ အျခားေသာ မေကာင္းသည့္ ရည္႐ြယ္ခ်က္ေတြရွိေသာ လူေပါင္းမ်ားစြာဟာ ေရာေႏွာလ်က္ ၇ွိေနေတာ့သည္။

Continue Reading

You'll Also Like

220K 15.4K 72
" แ€›แ€พแ€„แ€บแ€€ แ€แ€”แ€บแ€€แ€ผแ€ฎแ€ธแ€แ€ปแ€ฏแ€•แ€บ แ€–แ€ผแ€…แ€บแ€แ€šแ€บ แ€†แ€ญแ€ฏแ€แ€ญแ€ฏแ€„แ€บแ€ธ แ€€แ€ปแ€ฝแ€”แ€บแ€™แ€€ แ€€แ€ผแ€ฑแ€ฌแ€€แ€บแ€›แ€™แ€พแ€ฌแ€œแ€ฌแ€ธ " " แ€Ÿแ€„แ€ทแ€บแ€กแ€„แ€บแ€ธ แ€™แ€€แ€ผแ€ฑแ€ฌแ€€แ€บแ€›แ€•แ€ซแ€˜แ€ฐแ€ธแ‹แ€œแ€ฏแ€ถแ€ธแ€แ€€แ€ญแ€ฏ แ€€แ€ผแ€ฑแ€ฌแ€€แ€บแ€…แ€›แ€ฌแ€™แ€œแ€ญแ€ฏแ€แ€ฌแ‹แ€‘แ€€แ€บแ€žแ€ฌ แ€€แ€žแ€ฌ แ€™แ€€แ€ผแ€ฎแ€ธแ€€แ€ญแ€ฏ แ€žแ€€แ€บแ€†แ€ฏแ€ถแ€ธแ€แ€ญแ€ฏแ€„แ€บ แ€แ€ปแ€…...
6.6M 432K 94
Hanary Victor + Loon Tar Nay San
3.3M 210K 52
แ€แ€แ€นแ€แ€ฌ แ€†แ€ญแ€ฏแ€แ€ฒแ€ทแ€แ€ฑแ€ฌแ€›แ€ญแ€ฏแ€„แ€บแ€ธแ€•แ€”แ€บแ€ธแ€œแ€ฑแ€ธแ€›แ€ฒแ€ทแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€แ€แ€นแ€แ€ฌแ€€ แ€™แ€ญแ€”แ€บแ€ธแ€™แ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ทแ€กแ€œแ€พ แ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€šแ€บ แ€แ€แ€นแ€แ€ฌแ€€ แ€…แ€ฌแ€™แ€แ€แ€บแ€•แ€ซแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€€แ€ญแ€ฏแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€แ€ฑแ€ฌแ€ทแ€กแ€›แ€™แ€บแ€ธแ€แ€ปแ€…แ€บแ€แ€šแ€บ
138K 14.2K 58
แ€œแ€พแ€•แ€€แ€ผแ€ฑแ€ฌแ€ทแ€›แ€พแ€„แ€บแ€ธแ€žแ€ฑแ€ฌ แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€™แ€ฑแ€แ€นแ€แ€ฌแ€žแ€Šแ€บ แ€กแ€™แ€ฏแ€”แ€บแ€ธแ€แ€›แ€ฌแ€ธแ€™แ€พ แ€…แ€แ€„แ€บแ€•แ€ฑแ€ซแ€€แ€บแ€–แ€ฝแ€ฌแ€ธแ€œแ€ฌแ€แ€ผแ€„แ€บแ€ธแ€–แ€ผแ€…แ€บแแ‹ Own Creation by Moe(JE Rain)