Hate Poem Written With Love࿐

By --KO--

39.9K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[23]

367 14 0
By --KO--

[Unicode]

" ရှင်း "

တိမ်ယံဆင့် တိုးတိမ်စွာရေရွတ်လိုက်သည်။ ဝင်လာသူက လေပြေရှင်းပင်ဖြစ်သည်။ မျှော်လင့်နေသောသူမဟုတ်တဲ့အတွက် ဆင့်ကအနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း ဟန်မပျက်စကားပြောလိုက်သည်။

" မင်းဘယ်လိုလုပ်ပြီး ရောက်လာတာလဲ "

" တိမ်ယံဆင့်ကို လာကြိုတာပါဗျာ "

ရှင်းကပြောင်စပ်စပ်ဖြင့် ပြန်ဖြေလေသည်။ သို့သော်ဆင့်က သူငယ်ချင်းနှင့်အတူ မနောက်ပြောင်ချင်တဲ့အတွက် မရယ်ရသောဟာသကြောင့် နည်းနည်းလေးတောင် မပြုံးမိခဲ့ချေ။

" လာနောက်မနေနဲ့ "

" ဘာဖြစ်နေတာလဲ မှိုင်တိုင်တိုင်နဲ့ ဒါကငါသိတဲ့တိမ်ယံဆင့်ကော ဟုတ်ရဲ့လား "

" .......... "

" သွားမယ် စောင့်မနေနဲ့တော့ သူလာမှာမဟုတ်တော့ဘူး "

" ငါဘယ်သူ့ကိုစောင့်နေလို့လဲ "

ခဏအကြာတွင် တိမ်ယံဆင့်က တိုးဖွစွာပြန်ပြင်ပြောလေသည်။

" သူမလာတာမင်းက ဘယ်လိုသိလဲ "

" မင်းကို ဒီနေ့တစ်ရက် လာကြိုပေးဖို့အတွက်
ကိုပြဒါးရံကိုယ်တိုင် ဖုန်းဆက်ထားတာ "

" သူကမင်းကိုဖုန်းဆက်တာလား "

" လာ....ပြန်မယ် ဘယ်သူမှမရှိတော့ဘူး "

တုပ်တုပ်မလှုပ်ဘဲထိုင်နေသော တိမ်ယံဆင့်ကို ရှင်းကလက်ကနေဆွဲကာ ကားထဲထည့်လိုက်သည်။

" မင်းတို့ဆက်ဆံရေးပိုကောင်းလာကြတာပဲ အရင်ကဆိုမျက်နှာချင်းတောင် ဆိုင်လို့ရတာမဟုတ်ဘူး။ တွေ့လိုက်တာနဲ့ စကားများနေကြတာ "

ဆက်တိုက်ပြောနေသော လေပြေရှင်းစကားကို လျစ်လျူရှု၍ ဆင့်ကစကားလမ်းကြောင်းလွှဲလိုက်သည် ။

" မင်းလည်းကိုးလ်နဲ့ တော်တော်မဆင်ပြေနေတာပဲ မဟုတ်ဘူးလား "

" ငါတို့ကသူငယ်ချင်းတွေပါ "

လေပြေရှင်းက ချက်ခြင်းပင်အဖြေပြန်ပေးလေသည်။ သူနှင့်ကိုးလ်ဟာ သူငယ်ချင်းတွေသာဖြစ်ပါကြောင်း။ ထို့ထက်အဆင့်မပိုကာ ဘယ်တော့မှလည်း ထပ်မလွန်လာမည့် ပုံသဏ္ဍာန်ဖြင့်။ ဒီစကားဝိုင်းတွင် ဆင့်က သူကိုယ်သူရှုံးသွားကြောင်း သိနေလေပြီ။ အကြောင်းမှာ သူ့ထံတွင် ပြန်ခွန်းတုန့်ပြန်စရာ စကားမရှိပါသောကြောင့်ဖြစ်သည်။ လေပြေရှင်းနှင် ကိုးလ်က သူငယ်ချင်းတွေ။ ရှင်းကထိုအရာကို တွန့်ဆုတ်ခြင်းမရှိပြန်ဖြေနိုင်သည်။ ဒါဆိုသူနှင့် ပြဒါးရံကကော ဒီတိုင်းသူငယ်ချင်းတွေပါပဲလား။ သို့သော် ရှင်းအပေါ်ခံစားရသည့် ခံစားချက်နှင့် ပြဒါးရံနှင့်အတူရှိနေရသည့်ခံစားချက်က နည်းနည်းလေးမှမတူတာကိုတော့ တိမ်ယံဆင့် ခွဲခြားသိလေသည်။ ဆင့်ကခေါင်းကိုထပ်ခါလိုက်ပြီး တိတ်တဆိတ်သာနေလိုက်တော့သည်။

လေပြေရှင်းက condoသို့ရောက်လျှင် တိမ်ယံဆင့်ကို ပျာပျာသလဲဆင်းခိုင်းပြီး နှုတ်ပင်မဆက်ကာ ချက်ချင်းလှည့်ပြန်သွားသည်။

" စောက်ကောင်စုတ်လေး အခုတလောခြေလှမ်းတွေ အရမ်းပျက်နေတယ် "

ဆင့်ကကြိမ်ဆဲလိုက်သော်လည်း ရှင်းကဂရုပင်မစိုက်ကာ တစ်ဟုန်ထိုးမောင်းထွက်သွားသည်။ မသိလျှင် ချစ်သူနှင့်တွေ့ရမည်ကို မစောင့်နိုင်သည့် ခပ်ပိန်းပိန်းတောသားလို အလောတကြီးဖြစ်နေသည့်ပုံစံမျိုးပင်။ တိမ်ယံဆင့်က မျက်နှာကိုမှုန်ကုပ်နေအောင် ဖြစ်တည်သွားရင်း ခြေထောက်ဆောင့်ကာ condo ထဲသို့ဝင်လာခဲ့သည်။ ရေခဲသေတ္တာထဲက အသင့်စား အစားအစာကို ထုတ်ယူပြီး TVရှေ့တွင် တစ်နာရီလောက်ကြာအောင် ထိုင်စားနေလိုက်သည်။ ဟာသရှိုးဖြစ်သော်လည်း မရီရသောစိတ်အခြေအနေကြောင့် မြင်ရတာတောင် ဒေါသထွက်လာရသည်။ TVကိုထပိတ်လိုက်ကာ ဖုန်းကြည့်နေစဉ်တွင် မြင်လိုက်ရသည့် Notiပေါင်းသောင်းခြောက်ထောင်ကြောင့် သက်ပြင်းချမိသည်။ သို့သော်ထိုထဲတွင် သူမျှော်လင့်နေသည့် notiကတော့ရှိမနေပါ။ ဆွဲဆောင်နိုင်သည့်အကြောင်းအရာမရှိတာကြောင့် ဆင့်တစ်ယောက် ဖုန်းကြည့်ရင်းအိပ်ပျော်လာသည်။

ပြန်လည်နိုးလာချိန်တွင် အလင်းရောင်ကို အမှောင်ဖုံးလျက် ညအချိန်ကိုရောက်နေပြီဖြစ်သည်။ မပွင့်တပွင့်ဖြစ်နေသည့် အညိုဖျော့သန်းနေသော မျက်ဝန်းတစ်စုံကို ပွတ်သပ်လိုက်ကာ အားတင်းထထိုက်လိုက်သည်။ ဘယ်နှစ်နာရီလောက် အိပ်ပျော်သွားမှန်း မသိသော်လည်း နာရီကြည့်မိသည့်အခါတွင် 8နာရီကျော်ကျော်ဖြစ်နေသည်။ ဆင့်ကသမ်းဝေလိုက်ပြီး ပုံမကျတော့သည့် နူးညံ့သည့်ကေသာတို့က နဖူးထက်တွင်ဝဲနေသည်။ အချိန်အနည်းငယ်ကြာသွားသော်လည်း မျက်လုံးတစ်စုံမှာ ရောင်ကိုင်းနေကာ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရဆဲပင်။ ထိုကြောင့်ဆင့်က မတ်တပ်ရပ်လိုက်ပြီး ရေချိုးခန်းထဲဝင်ကာ ထပ်မံအချိန်ဖြုန်းနေလိုက်သည်။ တိမ်ယံဆင့်ရေချိုးပြီးချိန်တွင် အချိန်က 10နာရီထိုးရန်အနည်းငယ်သာလိုတော့သည်။ ဖုန်းကိုကောက်ကိုင်လိုက်ချိန်တွင် ဖွင့်မဖတ်ရသေးသော massageတစ်စောင်က နေရာယူနေသည်။

" အိပ်နေပြီလား "

" ........ "

ထိုစာက ပြဒါးရံဆီကဝင်လာခြင်းဖြစ်ပေသည်။ တိမ်ယံဆင့်က ဘာမှမပြောသော်လည်း တစ်ဖက်လူကစာထပ်ပို့လာသည်။

" ကိုယ့်ကိုစိတ်ဆိုးနေလား "

" ......... "

" ကိုယ်တောင်းပန်ပါတယ်....ဒီနေ့အစည်းအဝေးရှိနေလို့။ ပြီးတော့ဖုန်းအားကလည်း ကုန်သွားတယ် "

" ခင်ဗျားလာမကြိုလည်း ကိုယ့်ဘာသာပြန်တတ်တယ် ကျွန်တော်ကလေးမဟုတ်ဘူး "

" ဒါပေမယ့် ကိုယ်ဘာလို့မကောင်းတဲ့အငွေ့အသက်တွေရနေတာလဲ။တစ်ယောက်ယောက်တော့ သူ့ဒေါသတွေပေါက်ကွဲနေပြီထင်တယ် "

" ကျွန်တော်စိတ်မဆိုးဘူး "

" ကိုယ်မယုံဘူး ဆင့်စိတ်ဆိုးနေတယ် "

" မယုံလည်း မတတ်နိုင်ဘူး ကျွန်တော်တကယ်ပြောနေတာ "

" ကိုယ့်
ကို

လိမ်
ပါ
နဲ့ "

တိမ်ယံဆင့် - " ....... "

ပြဒါးရံပို့လာသောစာကြောင့် ဆင့်ဟာအဖြေပြန်ပေးရန်တွန့်ဆုတ်နေမိသည်။ သူတို့နှစ်ဦးက မငယ်တော့တဲ့အရွယ်‌တွေဖြစ်သည်။ ဘာကြောင့်များ ကလေးဆန်လွန်းစွာ စာကိုဒီလိုတစ်လုံးချင်း ပို့လာရလဲ မသိပါ။ seenပြပြီး အတိတ်မေ့နေသောသူ့ကို ပြဒါးရံက ‌နောက်ထပ်စာထပ်ပို့လာသည်။

" ကိုယ်
နောက်
ခါ
ကျ
ရင်
ဘယ်
လောက်

ရေး
ကြီး
တဲ့
ကိစ္စ
ရှိ
ရှိ
လာ
ကြို
ပါ့
မယ် "

ကလေးဆန်လိုက်တာဟု တိမ်ယံဆင့်ကတွေးလိုက်ပြီး replyပြန်လိုက်သည်။

" ကောင်း
ပြီ
ခင်
ဗျား
ပြော
တာ
နော် "

" အင်း ကိုယ်ပြောတာ ။ နောက်ကျနေပြီ စောစောအိပ်တော့ "

ထိုစာဝင်လာပြီး မကြာခင်တိမ်ယံဆင့် line outသွားလေသည်။ ဆင့်တစ်ယောက် ပြဒါးရံစကားတွေကို ဘယ်ချိန်ကစ‌နားထောင်နေမိလဲ မမှတ်မိသော်လည်း အချိန်အတိုင်းအတာ တစ်ခုထိတော့ ရှိလောက်ပြီထင်သည်။ နေ့လည်တုန်းကအိပ်ထားသော်လည်း တိမ်ယံဆင့်ကခေါင်းချလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားပြန်သည်။ နောက်နေ့မနက် ၇နာရီထိ ဆင့်ကမနိုးသေးပေ။ shootingလည်းနားသည့်ရက်မို့ ဆင့်ကစိတ်လွတ်လက်လွတ်အိပ်နေခဲ့သည်။

သို့သော် တိမ်ယံဆင့်ဘဝကို ကမောက်မကဖြစ်အောင်လုပ်မည့် နတ်ဆိုးတစ်ကောင်ကတော့ ရှိစမြဲပင်။ မကြိုဆိုသည့်လူနှင့်အတူ တစ်ဆက်ထဲပါလာသည့် ဘဲလ်သံက တိမ်ယံဆင့် အိပ်စက်နေသည်ကို အနှောက်အယှက်ပေးနေသည်။ ဆင့်ကတစ်ဖက်ကိုစောင်းလိုက်ပြီး နာရီက alarmမြည်နေသည်ဟုထင်မှတ်ကာ ကုတင်ဘေးကနာရီကို ကိုင်ပေါက်လိုက်သည်။ သို့သော်ထိုအသံက နားထဲစီးဝင်နေဆဲပင်။ မသိလျှင် နှလုံးသားတံခါးဖွင့်‌ရန် ခွင့်တောင်းနေသည့် ဘဲလ်သံအလား။ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာဟု ရေရွတ်လိုက်ပြီး ဖရိုဖရဲဖြစ်နေသည့် ဆံပင်နှင့်အတူ မရွှင်လန်းသည် မျက်နှာဖြင့်တံခါးသွားဖွင့်လိုက်သည်။

သင်းပျံ့တဲ့ရနံ့၏ အဆက်မပြတ်တိုးဝင်လာမှုနှင့်အတူ သပ်ရပ်တဲ့ဝတ်စားဆင်ယင်မှုနဲ့ ပြဒါးရံက တိမ်ယံဆင့်ရှေ့တွင် ရပ်နေသည်။ပြဒါးရံ အဆုံးထိတောင် မရယ်ပြလိုက်ခင်မှာတင် အံ့ဩနေသည့်မျက်လုံးအဝိုင်းသားဖြင့် တိမ်ယံဆင့်တစ်ယောက် တံခါးကိုချက်ခြင်းပြန်ပိတ်သွားသည်။

" ဂျိမ်း "

" ဆင့် ကိုယ့်ကိုတံခါးဖွင့်ပေးပါဦး ခုထိစိတ်ဆိုးနေတုန်းလား "

သို့သော် တိမ်ယံဆင့်တွေးပူနေသည့်အရာက ‌ပြဒါးရံပြောနေသည့်အရာနှင့် လုံးလုံးလျားလျားဆန့်ကျင်နေသည်။

" သွားပြီ သွားပြီ ငါမျက်နှာတောင်မသစ်ရသေးဘူး၊ သွားလည်းမတိုက်ရသေးဘူး၊ ခေါင်းလည်းမဖြီးရသေးဘူး ပြီးတော့ညအိပ်ဝတ်စုံကြီးနဲ့။ သူကဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ "

" ဆင့် ကိုယ့်ကိုတံခါးဖွင့်ပေးဦး "

" ကျွန်တော်မအားသေးဘူး ခဏစောင့် "

ခဏအကြာတွင်တံခါးက ပြန်ဝင်လာပြီး တိမ်ယံဆင့်က နတ်ဘုရားလိုအသွင်အပြင်မျိုး ထွန်းတောက်နေကာ ပြဒါးရံ၏မျက်ဝန်းတစ်စုံကို လွှမ်းမိုးချုပ်ကိုင်ထားတော့သည်။ တောင့်တင်းစွာ ကျောက်သားနှယ်ရပ်နေသော ပြဒါးရံကို ဆင့်အသာလှုပ်နှိုးကာ အထဲဝင်ရန်ဖိတ်လိုက်သည်။

" ကိုရံ အထဲဝင်လေ "

" ဪ....အင်းအင်း "

" မနက်အစောကြီး ဘယ်လိုရောက်လာတာလဲ "

" မနေ့ကဆင့်ကို အဖော်မပြုပေးလိုက်ရဘူးလေ ဒါကြောင့်ဒီနေ့အစားပြန်ပေးမလို့ "

" အဟွတ်.....ဟွတ် "

တိမ်ယံဆင့်က ချောင်းအနည်းငယ်ဟန့်လိုက်ပြီး မျက်နှာလွှဲလိုက်သည်။

" ကျွန်တော် အပြင်သွားချင်စိတ်မရှိဘူး "

ပြဒါးရံက လေသံကိုအတတ်နိုင်ဆုံးလျော့ကာ သန်မာတဲ့လက်တစ်ဖက်က တိမ်ယံဆင့် ပါးပြင်ကိုထိတွေ့လားရင်း နှုတ်ခမ်းသားက နားဆီကပ်ကာ နူးနူးညံ့ညံ့ဆက်ပြောလာသည်။

" ကိုယ်လည်းအပြင်သွားဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ဆင့်ရဲ့ပါးတွေအရမ်းနီနေတယ် "

စကားပြောရင်းထွက်ပေါ်လာသော လေထုနွေးနွေးက တိမ်ယံဆင့်၏နူးညံ့တဲ့ အစိတ်အပိုင်းတွေကို ပွတ်တိုက်သွားကာ ခန္ဓာကိုယ်အပူချိန်ကို ပိုမိုမြှင့်တင်ပေးလျက်ရှိသည်။ ပြဒါးရံ၏အာငွေ့နှင့် ထိတွေ့လိုက်သော နေရာတိုင်းသည် တိမ်ယံဆင့်ကို သိသိသာသာပူလောင်စေသည်။ အထူးအဖြင့် ထိုသူထိတွေ့ရန်အနည်းငယ်သာ လိုခဲ့သော နားရွက်နှင့် လည်ပင်းတစ်ဝိုက်အပြင် သူဆုပ်ကိုင်ခဲ့သော ပါးပြင်တို့ကအဆိုးဆုံးဖြစ်သည်။ သို့သော်တိမ်ယံဆင့်ဆိုသည်မှာ ပြသနာအတိုင်းအတွက် အဖြေရှိမြဲပင်။ ပြဒါးရံကို တွန်းလိုက်ပြီး သူဟာချက်ချင်းအဖြေပြန်ပေးလိုက်သည်။

" နေအရမ်းပူနေလို့ ကျွန်တော်က အပူဒဏ်မခံနိုင်ဘူး "

" ဟင်......ခုမှ7နာရီကျော်ကျော်ပဲရှိသေးတာ နေတောင်ကောင်းကောင်းမထွက်သေးဘူး။ အဲကွန်းကလည်း မတရားအေးနေတာ ကိုယ်တောင်ရေခဲရုပ်ထုဖြစ်တော့မယ်။ "

ပြဒါးရံက ဆင့်ကိုသေချာစိုက်ကြည့်လာပြီး နှုတ်ခမ်းသားကနှစ်လိုဖွယ်ပြုံးကာ ထပ်စလာပြန်သည်။

" ကောင်လေး မင်းဘာတွေပူနေတာလဲ ကိုယ့်ကိုပြောစမ်းပါ "

" ကိုပြဒါးရံ "

" အမ် ဒီအနေအထားက ဒေါသထွက်နေပြီပဲ "

" ထပ်ပြောနေမယ်ဆိုရင် ပြန်လိုက်တာ အကောင်းဆုံးပဲ "

" ကောင်းပြီ ကောင်းပြီ ကိုယ်ထပ်မပြောတော့ဘူး။ ဘာလို့အဲ့လောက် ဒေါသထွက်နေရတာလဲ "

" ဘယ်သူအရင်လာစတာလဲ "

" ဒါနဲ့ ကိုယ်စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုတွေ့ထားတယ် "

ပြဒါးရံပြောလာသော ထိုစကားသည် တိမ်ယံဆင့်အလွန်ရင်းနှီးကျွမ်းဝင်ခဲ့သောကြောင့် ထိတ်လန့်မိသည်။ တစ်ပုံစံထဲပင် တစ်ထေရာထဲ ထိုသူဟာKKရဲ့ CEO ရုံးခန်းထဲမှာ သူ့လက်ကိုဆွဲကိုင်ပြီး ပြောခဲ့ဖူးသည်။ ထိုချိန်က သူဟာမျက်စိ‌ရှေ့က ကြည့်ကောင်းသောလူ၏ စကားထဲ၌ အလှည့်စားခံလိုက်ရလေသည်။

" ကိုယ်နဲ့အတူစိတ်ဝင်စားဖို့ကောင်းတာ သွားလုပ်ကြရအောင် "

နောက်ဆုံးပြန်ရလိုက်သည့်အရာမှာ ဦးစိုးလွင်၏‌သေနတ်နှင့် အပစ်ခံရလုဆဲဆဲမှာတောင် ဂရုစိုက်ပုံမပြခဲ့သော ပြဒါးရံ၏သွေးအေးတဲ့ မျက်နှာပင်ဖြစ်သည်။ ဆင့်အတွက်တော့ ဟန်ဆောင်ထားသည့် အတုအယောင်ပင်ဖြစ်နေပါစေ နောက်တစ်ကြိမ် မျက်လုံးမှိတ်ယုံရန် ခဲယင်းလွန်းလှသည်။ ပြဒါးရံ၏စကားနှင့် မကိုက်ညီသောအဆိုတစ်ခုကို ဆင့်က မျက်လွှာချထားလျက် အားတင်းကာ မေးလိုက်သည်။

" ဘာလို့မပြောခဲ့တာလဲ "

" ဆင့်ဘာကိုပြောချင်တာလဲ ကိုယ်နားမလည်....."

" ဦးစိုးလွင်ရဲ့သေနတ်ထဲမှာ ကျည်မရှိတာ ဘာလို့မပြောခဲ့တာလဲ "

" ဪ....အရေးမကြီးလို့လေ "

" အဲ့ဒါအရေးမကြီးတဲ့ကိစ္စလား "

" ဘာပဲဖြစ်ဖြစ် ကိုယ်ကဆင့်ကိုထိခိုက်အောင် လုပ်မဲ့သူမဟုတ်ဘူးလေ ။အရမ်းလျှောက်တွေးမနေပါနဲ့ ။ ဒီလိုကိစ္စမျိုး နောက်တစ်ကြိမ် ထပ်မရှိစေရဘူးလို့ ကိုယ်ကတိပေးတယ်။ တိမ်ယံဆင့်ကို ဘယ်သူမှလက်ဖျားနဲ့ မထိစေရဘူး "

တိမ်ယံဆင့်က ဘယ်လိုတုန့်ပြန်ရမလဲ မဝေခွဲတတ်တော့သည့်အတွက် စကားလမ်းကြောင်းလွှဲလိုက်သည်။

" ကျွန်တော်TVကြည့်တော့မယ် ကိုရံနေချင်သလိုသာနေတော့ "

" TVမကြည့်နဲ့ ကိုယ်ဂီတာတီးမယ် ဆင့်နားထောင်လေ။ ဒီနေ့တစ်နေ့လုံး စက္ကန့်တိုင်းကို ဆင့်နဲ့အတူဖြတ်သန်းမယ်။ "

" ......... "

တိမ်ယံဆင့်က ဘာမှပြန်မပြောခဲ့သော်လည်း နှစ်ယောက်လုံးက သူမတူတဲ့ကျက်သရေဖြာဖြာနှင့် ထွက်လက်စနေမင်းကိုတောင် မှေးမှိန်သွားအောင် ပြုံးရွှင်နေကြသည်။ ငြိမ့်ညောင်းတဲ့ ဂီတာသံက ပတ်ဝန်းကျင်ကို အသက်ဝင်အောင်ဖြည့်စွက်နေပြီး တစ်ခဏတွင်းမှာတင် ပူလောင်နေတဲ့စိတ်အခြေအနေကို မေတ္တာရေစင်နှယ်အေးချမ်းစေသည်။ ဖန်တစ်ရာထပ်အောင် ပဲ့တင်ထပ်နေခဲ့သည့်အပြင် သာယာသည်ထက်ပိုသော ထိုအသံက တီးခတ်နေသော ပဲ့ကိုင်ရှင်နှင့်ယဉ်တွဲကာ တိမ်ယံဆင့်မျက်ဝန်းထဲ မြဲမြံစွာနေရာယူ ဌာနေတည်ထားသည်။ အသက်ရှုနေသည့် ဝင်သက်ထွက်သက်တောင် ရပ်တံ့သွားနိုင်သည်အထိ ပြဒါးရံ၏ ပုံပန်းသဏ္ဍာန်သည် မျက်ဝန်းတစ်ဝိုက်ကစူးရှနက်ရှိုင်းလျက်ရှိပြီး စီချယ်ထားသည့်သွားတန်းလေးများက အတုအယောင်မပါသည့်အပြုံးကို ပိုမိုဆွဲဆောင်အားကောင်းအောင် အထောက်အကူပြုနေသည်။ သန်မာသည့်တိုင် ရှည်သွယ်သည့် လက်ချောင်းများက ဂီတာပေါ်မှာပြေးလွှားဆော့ကစားနေပြီး ရှုမငြီးသည့် သံစဉ်အဖြာဖြာကို ထုတ်လွှင့်ပေးနေသည်။ ခြေချိတ်ထိုင်နေသော ခြေထောက်များနှင့် ပေါင်ပေါ်လှပစွာ နေရာယူနေသော ဂီတာတို့သည် လှပသည့်ကောင်းကင်နှင့် တောက်ပသည့်ကြယ်တို့လို လိုက်ဖက်လွန်းလှသည်။

ပျော့ပြောင်းသည့်သံစဉ်သည် ဆင့်၏အကြားအာရုံထဲ ပိတ်ပင်ခြင်းမရှိ ဝင်ရောက်နေသည်။ လေနှင်ရာအလိုက် ဝဲပါနေသော ငှက်မွှေးလေးသဖွယ် အောက်စီဂျင်ကိုအထောက်အကူပြု၍ လွတ်လပ်စွာပျံသန်းနေတော့သည်။ ဆင့်ဟာ သံစဉ်ကိုနားထောင်နေရင်း ထိုငှက်မွှေးလို လွတ်လပ်သည့်အရသာကိုပါ ခံစားနေရသည်။ ပြဒါးရံသည်ကား သူ၏ထူးချွန်လှသော အနုပညာကို ဘာကြောင့်ဖုံးကွယ်ထားရသလဲပင်။ ဤသည်မှာ ကြားရသူတိုင်းကို စိတ်ကျေနပ်မှုအပြည့်ပေးနိုင်သော လက်ရာကောင်းတစ်ခုဖြစ်သည်။ သံစဉ်ကတစ်ဖြည်ဖြည်း ပျောက်ဆုံးလုဖြစ်နေသည့်အချိန်တွင် ဆင့်ကဖမ်းဆွဲထားပြီး ထွက်မပြေးသွားပါရန် တောင်ဆိုချင်မိသည်။ သို့သော်အပြင်ဘက် လက်တွေ့တွင်မူ လှုပ်ရှားမှုကင်းမဲ့နေဆဲ ဖြစ်သည်။ နောက်ဆုံးတွင်တော့ လုံးဝရပ်တန့်သွားခဲ့လေပြီ။ ပြဒါးရံက ဂီတာကိုကြမ်းပြင်ပေါ်ထောင်လိုက်ပြီး အစွန်ဖျား‌ပေါ်မေးတင်ကာ တိမ်ယံဆင့်ကိုငုံ့ကြည့်လာခဲ့သည်။ ထိုအခါမှဆင့်ကသတိရလာခဲ့ပေသည်။ ပြဒါးရံကတစ်ချိန်လုံး ထိုင်‌ခုံပေါ်တွင်တီးခတ်နေခဲ့ကာ သူကတော့ ကြမ်းပြင်ပေါ်တွင် ငေးကြည့်နေခဲ့ခြင်းဖြစ်သည်။ တိမ်ယံဆင့်ဆိုသည်မှာကတော့ အပေါ်တက်ထိုင်ရန်အတွက်တောင် မေ့လျော့နေခဲ့ခြင်းဖြစ်သည်။ သူ့အဖြစ်ကိုပြန်တွေးရင်း ရယ်လည်းရယ်ချင် ရှက်လည်းရှက်ဖြစ်နေသည့်အတွက် ဆင့်က အပြင်ဘက်တွေတော့ မျက်နှာသေဖြင့် ခပ်တည်တည်ပင် ခုံပေါ်တက်ထိုင်လိုက်သည်။

" ‌ဘယ်လိုနေလဲ ကောင်းလား "

ပြဒါးရံက မေးလာခဲ့လေသည်။ ထိုသူ တီးပြသွားသည်မှာ နားထောင်ကောင်းသည်ထက်ကို ပိုလေသည်။ ဆင့်အတွက်တော့ ၎င်းက ပြီးပြည့်စုံသည့် ပန်းပုလက်ရာလို အနာအဆာကင်းမဲ့လွန်းလှသည်။ သို့သော်ဆင့်က သူ၏ခံစားချက်ဟူသမျှကို ထုတ်ပြရန်ခဲယင်းလှသည့် လူတစ်မျိုးဖြစ်သည်။ အနည်းငယ်တွန့်ဆုတ်နေပြီး သူဟာပြန်ဖြေလိုက်သည်။

" အင်း.....ဒါပေမယ့် ကျွန်တော့်ကိုမှီဖို့ အဝေးကြီးလိုသေးတယ် "

" ဟား...ဟား... ကိုယ်လက်ခံပါတယ် မင်းနဲ့ပက်သက်လာရင် ကိုယ်ကအမြဲရှုံးနေပြီးသားပါ "

" ဒါနဲ့ဂီတာတီးတတ်တာ ဘာလို့မပြောတာလဲ မမဟေမီတောင် ကိုရံအဲ့တာတွေစိတ်မဝင်စားဘူးလို့ ပြောဖူးတယ် "

" ကိုယ်ဂီတာတီးတာ မင်းတစ်ယောက်ထဲအတွက်လေ "

ပြဒါးရံက အလေးအနက်ထား၍ ဆက်ပြောလာခဲ့သည်။

" ဒီကမ္ဘာ‌ပေါ်မှာ မင်းကလွဲပြီး ကိုယ့်ဂီတာသံကိုနားထောင်နိုင်တဲ့ ဒုတိယလူမရှိဘူး "

" အဟွတ် ဟွတ်...ကျွန်တော် ကစားနည်းတစ်ခုသိထားတယ် ကိုရံ စမ်းကြည့်ချင်လား "

" အရင်ဆုံး ဂိမ်းအကြောင်းရှင်းပြမယ်။ကျွန်တော် နဲ့ ကိုရံကတစ်ချိန်ထဲမှာ postတစ်ခုတင်ရမယ်။ Commentလာမန့်တဲ့လူတွေထဲက မေးထားတာတွေကို ပြန်ဖြေပြရမယ်။ မဖြေနိုင်တဲ့လူက ဟိုစင်ပေါ်ကဝိုင်ကိုသောက်ရမယ် "

" ကိုယ်သဘောတူတယ် "

" ကောင်းပြီ ဒါဆိုကစားပွဲစပြီ "

ပြဒါးရံက သူစဉ်းစားမိသော စာသားတချို့တလေကို Facebookပေါ်စတင်လိုက်သည်။

" ငြိမ့်ညောင်းသံသာ ဂီတာသံအား
လေပြေသွေးက ဆောင်နှင်းယူလို
ကြယ်ရောင်ထွန်းတောက် မီးပျတောက်လည်း
အကြင်သူအား အပ်နှင်းဗဟို ပြုစေလို "

(နားမလည်မှာဆိုးလို့ ဒီနားနည်းနည်းရှင်းမယ်နော် ပထမနှစ်ကြောင်းက ငြိမ့်ညောင်းတဲ့ ဂီတာသံကို လေပြေက သယ်ဆောင်ယူနေတယ်လို့ ပြောချင်တာပါ။ နောက်ဆုံးနှစ်ကြောင်းကတော့ ကြယ်လိုတောက်ပနေတဲ့ မီးရောင်လေးကိုလည်း ချစ်သူကိုဗဟိုပြုပြီး ပေးချင်ပါတယ်။ အကြင်သူဆိုတာက ချစ်သူကိုပြောချင်တာပါ ။ ဆိုလိုချင်တဲ့အဓိပ္ပါယ်ကတော့ သာယာတဲ့ ဂီတသံရယ် တောက်ပတဲ့အလင်းရောင်ရယ်ကို သူ့ချစ်သူကိုပေးချင်ပါတယ်တဲ့ )

ပြဒါးရံ၏ ထိုကဗျာစာသားလေးသည် ဂိမ်းစတင်သည် ဆိုသည်နှင့် သူ၏ Facebook accountတွင် တည်တည်တံ့တံ့နေရာယူလာလေသည်။ အဓိပ္ပါယ်များစွာ ပျော်ဝင်နေသော ထိုစာသားသည် ဘယ်အရာကို ရည်ညွှန်းချင်နေသလဲ ပြဒါးရံကိုယ်တိုင်ပဲ သိပါလိမ့်မည်။ ထိုသိုဆိုလျှင် တိမ်ယံဆင့်သည်လည်း ဘယ်လိုအရာကို တင်ထားနိုင်ပါသနည်း။ သူတို့နှစ်ဦးမှာ စိတ်ချင်းဆက်နေသည်ဟုပင် ထင်မှားရလောက်အောင် ပြဒါးရံနှင့် သိပ်မကွဲပါသော ကဗျာအတိုလေးတစ်ပုဒ်ကို တိမ်ယံဆင့်ကလည်း တင်ထားခဲ့လေသည်။

" သာယာချိုအေး လေထုနွေးနှင့်
ပဲ့တင်ထပ်ကာ ဂီတာသံမှာ
ကြိုဆိုခွင့်တောင်း မပြုလောင်းဘဲ
နက်ရှိုင်းတိုးဝင် ကျွန်ုပ်ရင်ခွင် "

ထိုစာသားမှာသေချာပေါက် ဂီတာသံမှာ လေထုထဲတွင် ပဲ့တင်ထပ်နေရင်း ခွင့်တောင်းအဆိုမပြုပါဘဲနှင့် နားထောင်သူ၏ ရင်ခွင်တွင်းထိအောင် နက်နက်ရှိုင်းရှိုင်း တိုးဝင်နေသည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။ ဆင့်ကသူရေးသားခဲ့သော စာသားကလေးမှာ အမှန်တစ်ကယ်ပင် သူခံစားခဲ့ရသော အကြောင်းအရာများ ဖြစ်လေသည်။ ပြဒါးရံတွင် အံ့ဩဖို့ကောင်းသည့် ဂီတာတီးနိုင်စွမ်းရှိသည်။ ထိုအသံကို စကြားလိုက်ခြင်းမှာပင် ဆင့်ဟာ အနားရှိအရာဝတ္ထုများ ရပ်တန့်သွားပြီး သူနှင့်ပြဒါးရံနှစ်ယောက်သာ အသက်ဝင်နေသည်ဟု ခံစားခဲ့ရသည်။ လက်မခံချင်သော်လည်း သူဟာဤမျှညှို့ယူနိုင်သော သံစဉ်ကိုပထမဆုံး နားထောင်ဖူးခြင်းပင်။ ထို့ကြောင့် ထိုအရာမှာ ခွင့်မတောင်းပါဘဲနှင့် သူ့နှလုံးသား၌ နေရာယူနေပြီဖြစ်သည်။ တိုင်ပင်ထားခြင်းမရှိပါဘဲနှင့် ကဗျာနှစ်ခုမှာလည်း စပ်ဆက်နေခဲ့လေသည်။

နှစ်ယောက်လုံးသည် တစ်ပြိုင်နက် postတင်ခဲ့ကြသော်လည်း Commentများက နှစ်တစ်ရာလောက် ဖတ်မကုန်နိုင်သည်အထိ တစ်စထက်တစ်စများပြားလာကြသည်။ ပြဒါးရံဘက်ကစတင်ကာ တိမ်ယံဆင့် post အောက်က commentတွေထဲကတစ်ခုကို ရွေးချယ်၍မေးမြန်းလိုက်သည်။

" ကဗျာရဲ့ဆိုလိုရင်းကဘာလဲ "

" ကျွန်တော် ဂီတာသံ နားထောင်ရတာ ကြိုက်တယ်လို့ပြောချင်တာ "

" အဲ့တာက ကိုယ်တီးပြတာ ကြိုက်တယ်လို့ပြောချင်တာလား "

" စိတ်မကောင်းစရာပဲ ကိုရံ မေးခွန်းကတစ်ခါပဲ မေးခွင့်ရှိတာ ကျွန်တော့်အလှည့်ရောက်ပြီ "

တိမ်ယံဆင့်က ပြဒါးရံ၏ မိနစ်ပိုင်းအတွင်း ထောင်ချီနေသောမန့်ထဲမှ တစ်ခုကိုရွေးချယ်လိုက်သည်။

" တစ်ကယ်လို့ KKရဲ့ CEOသာဖြစ်မလာခဲ့ဘူးဆိုရင် ကိုရံခုချိန်ဘာလုပ်နေလောက်လဲ "

" မပြောတတ်ဘူး ဒါပေမယ့် အရက် barပိုင်ရှင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် "

" ကိုယ်မေးမယ်......ဘာလို့ရည်းစားမထားတာလဲ "

" ကျွန်တော်ကြိုက်တဲ့ မိန်းကလေးမမွေးသေးလို့ "

" ကိုရံကကော ဘာလို့ရည်းစားမထားတာလဲ "

" ကိုယ်သောက်မယ် "

ပြဒါးရံကစားပွဲပေါ်က ဝိုင်ခွက်ကို တွန့်ဆုတ်ချင်းမရှိ တစ်ခါထဲမော့သောက်လိုက်သည်။

" ရှင်းနဲ့က သူငယ်ချင်းဆက်ဆံရေးပဲလား "

" အဲ့တာ commentထဲမှာမေးထားလို့လား "

" ကိုယ်မေးတာပဲဖြေ "

" အင်း "

ဘာကြောင့်မှန်းမသိသော်လည်း ပြဒါးရံက ဆင့်အဖြေကြောင့်အနည်းငယ် စိတ်သပ်သာရာ ရသွားလေသည်။

" KKရဲ့ modelအဖြစ်ဘာလို့ ကျွန်တော့်ကို ရွေးချယ်တာလဲ "

" ဆင့်ကလွဲပြီး အဲ့နေရာနဲ့သင့်တော်တဲ့လူ မရှိလို့ "

" ဟိုနေ့က fan meetingမှာ ဆင့်ကိုနမ်းသွားတာဘယ်သူလဲ "

" ကျွန်တော့်ဖန် "

ပြဒါးရံ၏ အကြည့်များကကြေနပ်ဟန်မပေါ်သောကြောင့် ဆင့်ကထပ်တိုးဖြေးလိုက်သည်။

" ကျွန်တော်တို့က အဲ့ဒါထက်မပိုဘူး "

ထို့နောက်တိမ်ယံဆင့်က သူမေးရမည့်အလှည့်ရောက်လာသည့်အတွက် တစ်ချိန်လုံးသိချင်နေသည့်မေးခွန်းကိုမေးလိုက်သည်။ commentထဲကိုတော့ သူတို့နှစ်ယောက်လုံး ဝင်မကြည့်ဘဲမေးနေခဲ့သည်မှာ အချိန်အနည်းငယ်ကြာပြီဖြစ်သည်။ သနားစဖွယ်ဖုန်းလေးနှစ်ခုသည် ဝိုင်ခွက်များဘေး၌ တိတ်ဆိတ်စွာငြိမ်သက်နေပြီး ထိုလူသားနှစ်ယောက်ကတော့ မျက်နှာချင်းဆိုင်ကာ အမေးအဖြေပြုနေသည်။ ဘယ်သူမှ မန့်ထားချင်းမျိုးမဟုတ်ဘဲ သူ့တို့စိတ်ထဲ၌ အချိန်အတော်ကြာ ကိမ်းအောင်းနေသည့် မေးခွန်းများဖြစ်သည်။

" ကျွန်တော့်ကို ဘာလို့ kiss scene တွေ မရိုက်ဖို့ တားမြစ်ထားတာလဲ "

" ကိုယ်သောက်မယ် "

" ဆင့်အချစ်ဆုံးလူတစ်ယောက်ရဲ့ နာမည်ကိုပြော မိသားစုထဲက မဟုတ်ဘူး "

" ကျွန်တော်သောက်မယ် "

" Clover Tower မှာအဲ့ဒီ့နေ့က ကျွန်တော့်ကို ပြောခဲ့တဲ့စကားကဘာလဲ "

တိမ်ယံဆင့်က ထိုအကြောင်းအရာကို တစ်ဖန်ပြန်မေးလာလိမ့်မည်ဟု ပြဒါးရံမမျှော်လင့်ခဲ့ပေ။ ထိုအမေးပုစ္ဆာကြောင့် အဲ့ဒီ့နေ့ကဖြစ်ခဲ့သော အကြောင်းအရာများက ပြဒါးရံ၏အမြင်အာရုံအတွင်း၌ ပြန်လည်ပုံပေါ်လာသည်။ လွန်ခဲ့တဲ့ ၃ပါတ်လောက်က သူတို့နှစ်ယောက်ဟာ မြို့ထဲတွင် အလွန်နာမည်ကြီးလှပါသော Unicorn ဆိုတဲ့နေရာဆီသွားခဲ့သည်။ ထိုနေရာမှာ ကျယ်ပြန့်တဲ့ မြက်ခင်းပြင်နှင့် စိမ်းလန်းတဲ့သစ်ပင်အမြောက်အများလည်း ရှိသည့်အပြင် အင်မတန်လှပသည်ဟု ဆိုနိုင်သောနေရာဖြစ်သည်။ သစ်ပင်တိုင်းတွင် သစ်ရွက်တို့အစား အရောင်စုံကာ လင်းလက်နေသည့် မီးသီးအသေးလေးများက စနစ်တကျနေရာယူနေသည်။ Unicorn ရဲ့တောင်ဘက်ခြမ်းတွင် အလွန်ကြီးမားတဲ့ လူလုပ်လိုဏ်ဂူရှိပြီး ထိုအထဲတွင် ကြမ်းပြင်မှအစ၊ နံရံနှင့်မျက်နှာကျက်အဆုံး ဖန်များဖြင့်ကာရံထားပြီး ရေနေသတ္တဝါ အမျိုးပေါင်းထောင်ချီကို ငါးပြတိုက်နှယ် ပြသထားသည်။

မြောက်ဘက်ပိုင်းတွင်တော့ အကြည့်လွှဲရန်ခက်ခဲ့သည့် ရေဗန်းများစွာနှင့် နိဗ္ဗာန်ဘုံသဖွယ် ပြိုးပြိုးပြက်ပြက်တောက်လဲ့နေသော မီးရောင်စုံတို့ဖြင့် အလှဆင်ထားသည့်အပြင် အင်မတန်ကျယ်ဝန်းသည့် ပန်းခြံတစ်ခုလည်းရှိသည်။ ထို့ပြင်ရှားပါးပန်းမလာတို့ဖြင့် အလှဆင်ထားသည့် လူသွားလမ်းလေးလမ်းရှိပြီး မောလျှင်အနားယူရန်အတွက် နွယ်ပင်တို့ကို စနစ်တကျပုံသွင်းထားသည့် ထိုင်ခုံအမြောက်အများလည်းရှိသည်။

အရှေ့ဘက်တွင် ရှေးဟောင်းပန်းပုလက်ရာနှင့် တန်ဖိုးမဖြတ်နိုင်သော သမိုင်းဝင်အမွေအနှစ်များစွာကို ခင်းကျင်းပြသထားသည်။ ထိုနေရာကလုံခြုံရေး အင်မတန်တင်းကြပ်သည့်အပြင် သာမာန်လူဝင်ခွင့်မရှိဘဲ အထူးပုဂ္ဂိုလ်များအတွက်သာဖြစ်သည်။ အနောက်ဘက်ကပို၍ အေးချမ်းသာယာသည်ဟု ပြောရပေမည်။ စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်သည့် ကြိုးတံတားအပြင် ရေတံခွန်နှင့် ကျယ်ပြန့်တဲ့ရေအိုင်ကျယ်ကြီးလည်း ရှိသည်။ စိမ်းစိုတဲ့သစ်တောအတွင်း ရောက်ရှိသွားသလိုခံစားရစေပြီး ကျေးငှက်အများစုကိုလည်း ထိုနေရာ၌သာ အဓိကထားတွေ့မြင်ရသည်။ unicornသည်အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်သောနေရာပင် ဖြစ်သော်ငြား ညဘက်ကပို၍အသက်ဝင် လျက်ရှိပေသည်။

သို့သော်ပြဒါးရံတို့နှစ်ယောက်မှာ ထိုလှပသာလွန်သည့် နေရာများထက် အလယ်ဗဟိုတွင်တည်ရှိနေသော Clover Towerကိုရွေးချယ်လိုက်လေသည်။ ထို Towerကတစ်နိုင်ငံလုံးရှိ အမြင့်ဆုံး အဆောက်အဦးဖြစ်ပြီး အဝေးကြည့်မှန်ပြောင်း တစ်ခုလည်း ၎င်းတွင်ပါရှိသည်။ ထိုနေရာတွင်ရပ်နေပါက unicorn၏ အစိတ်အပိုင်းအားလုံးအပြင် ရန်ကုန်တစ်မြို့လုံးကိုပါ အပေါ်စီးကမြင်ရသည်။ဒီနေရာသည် လည်ပတ်ရန်အလွန်ခက်ခဲလှပြီး လူချမ်းသာ အသိုင်းအဝိုင်းအတွက်သာ သီးသန့်ဖြစ်လေသည်။ သို့သော်ပြဒါးရံကတော့ shootingကိစ္စတွေနဲ့ ပင်ပန်းနေသည့်တိမ်ယံဆင့်အတွက် ထိုတစ်နေရာလုံးကို တစ်ရက်ငှားရမ်းထားလိုက်သည်။ တိမ်ယံဆင့်နှင့်အတူ စိတ်အပန်းဖြေရန် တစ်ခုထဲအတွက် ပြဒါးရံဟာ သာမာန်လူတွေတစ်သက်စားမကုန်သော ငွေကြေးကိုတစ်ရက်ထဲနဲ့ သုံးဖြုန်းလိုက်သည်။ ထိုညကသူတို့နှစ်ဦးသည် Clover၏ပေါ်ဆုံးထပ်၌ ရှိနေခဲ့ကြပြီး ဒဏ္ဍာရီထဲလို မှော်ဝင်နေတဲ့ညတစ်ညကို အပြည့်အဝခံစားကြည့်ရှုနေခဲ့ကြသည်။ညက အချိန်အတိုင်းအတာ တစ်ခုထိရောက်သည့်အခါတွင် တဖြည်းဖြည်းအေးလာသော ရာသီဥတုကြောင့် ပြဒါးရံက တိမ်ယံဆင့်လက်ကို ဆုပ်ကိုင်လိုက်ပြီး အနွေးဓာတ်ပေးနေခဲ့လေသည်။ ထိုပြင်သူဟာ အေးနေမည်ဆိုးသည့်အတွက် တစ်ဖက်လူကိုမေးမြန်လိုက်ပါသေးသည်။

" အရမ်းအေးနေရင် ကိုယ်တို့ဆင်းကြရအောင်လေ "

" ရတယ် ကျွန်တော်ဆက်နေချင်သေးတယ် "

" မင်းနေမကောင်း ဖြစ်သွားလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ့်စကားကို မင်းအမြဲနားထောင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ် "

" ကိုရံအတွေးလွန်နေပါပြီ ကျွန်တော်ကဒီပုံစံအတိုင်းလေးဘဲ ဆက်နေချင်သေးလို့ပါ။ ဖြစ်နိုင်ရင် အချိန်တွေကို ခဏလောက်ရပ်တန့်ထားချင်တယ်။ ကျွန်တော် လွတ်လွတ်လပ်လပ် အပန်းမဖြေရတာ အတော့်ကိုကြာနေပြီ "

" ဆင့် ကိုယ်ပြောတာကို သေချာနားထောင်နော် ဒီစကားကိုကြားပြီး မင်းကိုယ့်ကိုမုန်းမသွားဖို့တော့ မျှော်လင့်မိတယ် "

ထိုချိန်ကပြဒါးရံမှာ ပုံမှန်ထက်အလေးအနက်ထားခဲ့ပြီး သူ၏ပုလဲနက်ရောင် မျက်ဝန်းတို့က တိမ်ယံဆင့်၏ အညိုဖျော့သန်းနေသော မျက်ဝန်းတို့ကို စိုက်ကြည့်ကာ ပါးလွှာသောနှုတ်ခမ်းသားက သူ၏တစ်ဘဝလုံးကို ပုံအပ်ထားသည့်နှယ် စာတစ်ကြောင်းကို ထုတ်ပြောလာခဲ့သည်။

" ဆင့် ကိုယ်မင်းကို....."

" ဝှီး......ဝှီး...... "

ပြဒါးရံ၏ နောက်ထပ်ထွက်ကျလာသော စကားတို့သည် တိမ်ယံဆင့်ဆီမရောက်မီ သေးငယ်လှသောအကွာအဝေးကြား လေပြေတစ်ခုထံမှာ တိုက်စားသယ်ဆောင်ခြင်း ခံသွားရသည့်အတွက် ပြိုပျက်လွင့်ပျယ်သွားရလေသည်။ လေပြေကသူတို့နှစ်ဦးကြား မွှေနှောက်ကျီစယ်ခြင်း ပြီးသွားသည့်အခါတွင် ပြဒါးရံတစ်ယောက် ဆင့်ကိုပြံးပြနေခဲ့ပြီး ထိုစာသားကိုထပ်ပြောရန် အစီအစဉ်မရှိတော့သည်မှာ သေချာနေခဲ့သည်။ အမြင်အာရုံဟာ အဖုံးလွှမ်းခံလိုက်ပြီး ပြန်လည်ကြည်လင်လာသည့်အခိုက်တွင် ပြဒါးရံတစ်ယောက် တိမ်ယံဆင့်၏ မေးခွန်းအတွက် အဖြေပြန်ပေးရန် အသင့်ရှိနေခဲ့သည်။

" အချို့စကားတွေက တစ်ခါပဲပြောခွင့်ရှိတယ် "

" ကျွန်တော်မေးတာကိုဖြေ "

" ကိုယ်သောက်မယ် "

ဆင့် အမှန်တစ်ကယ်ကို သိချင်လှပေသည်။ ထိုချိန်ကပြဒါးရံ အလေးအနက်ထားကာ ပြောခဲ့သောစကားတို့မှာ ဘယ်လိုမျိုးလဲဆိုတာ သူအမှန်တစ်ကယ်သိချင်လှသည်။ သို့သော်ထိုသူဟာ ယခုအခါတွင်တော့ ထုတ်ပြောရန်ငြင်းဆန်နေဆဲပင်။ မသိလျှင် ဖွင့်ပြောလိုက်ပါက အရာအားလုံး လက်လွှတ်ဆုံးရှုံး ရတော့မည့်အလား။ ထိုအချိန်ကတိုက်ခတ်ခဲ့သော လေကိုလည်း သူအလွန်အပြစ်တင်မိသည်။ အခွင့်အရေးကိုအသုံးချချက် မေးမြန်းခဲ့သော်လည်း ဖြေရန်ငြင်းဆိုနေသည့် ပြဒါးရံကြောင့် ထိုစကားကို သူနောက်တစ်ခါ ဘယ်တော့မှ ထပ်ကြားခွင့်မရှိမှာတောင် ဆင့်သံသယဝင်မိသည်။ အမှန်တစ်ကယ်ကိုပင် ထိုနေ့က ပြဒါးရံဘာကိုပြောခဲ့ပါသနည်း။

________________________________

[Zawgyi ]

" ရွင္း "

တိမ္ယံဆင့္ တိုးတိမ္စြာေရ႐ြတ္လိုက္သည္။ ဝင္လာသူက ေလေျပရွင္းပင္ျဖစ္သည္။ ေမွ်ာ္လင့္ေနေသာသူမဟုတ္တဲ့အတြက္ ဆင့္ကအနည္းငယ္ စိတ္ဓာတ္က်သြားေသာ္လည္း ဟန္မပ်က္စကားေျပာလိုက္သည္။

" မင္းဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ "

" တိမ္ယံဆင့္ကို လာႀကိဳတာပါဗ်ာ "

ရွင္းကေျပာင္စပ္စပ္ျဖင့္ ျပန္ေျဖေလသည္။ သို႔ေသာ္ဆင့္က သူငယ္ခ်င္းႏွင့္အတူ မေနာက္ေျပာင္ခ်င္တဲ့အတြက္ မရယ္ရေသာဟာသေၾကာင့္ နည္းနည္းေလးေတာင္ မၿပဳံးမိခဲ့ေခ်။

" လာေနာက္မေနနဲ႕ "

" ဘာျဖစ္ေနတာလဲ မွိုင္တိုင္တိုင္နဲ႕ ဒါကငါသိတဲ့တိမ္ယံဆင့္ေကာ ဟုတ္ရဲ႕လား "

" .......... "

" သြားမယ္ ေစာင့္မေနနဲ႕ေတာ့ သူလာမွာမဟုတ္ေတာ့ဘူး "

" ငါဘယ္သူ႕ကိုေစာင့္ေနလို႔လဲ "

ခဏအၾကာတြင္ တိမ္ယံဆင့္က တိုးဖြစြာျပန္ျပင္ေျပာေလသည္။

" သူမလာတာမင္းက ဘယ္လိုသိလဲ "

" မင္းကို ဒီေန႕တစ္ရက္ လာႀကိဳေပးဖို႔အတြက္
ကိုျပဒါးရံကိုယ္တိုင္ ဖုန္းဆက္ထားတာ "

" သူကမင္းကိုဖုန္းဆက္တာလား "

" လာ....ျပန္မယ္ ဘယ္သူမွမရွိေတာ့ဘူး "

တုပ္တုပ္မလႈပ္ဘဲထိုင္ေနေသာ တိမ္ယံဆင့္ကို ရွင္းကလက္ကေနဆြဲကာ ကားထဲထည့္လိုက္သည္။

" မင္းတို႔ဆက္ဆံေရးပိုေကာင္းလာၾကတာပဲ အရင္ကဆိုမ်က္ႏွာခ်င္းေတာင္ ဆိုင္လို႔ရတာမဟုတ္ဘူး။ ေတြ႕လိုက္တာနဲ႕ စကားမ်ားေနၾကတာ "

ဆက္တိုက္ေျပာေနေသာ ေလေျပရွင္းစကားကို လ်စ္လ်ဴရႈ၍ ဆင့္ကစကားလမ္းေၾကာင္းလႊဲလိုက္သည္ ။

" မင္းလည္းကိုးလ္နဲ႕ ေတာ္ေတာ္မဆင္ေျပေနတာပဲ မဟုတ္ဘူးလား "

" ငါတို႔ကသူငယ္ခ်င္းေတြပါ "

ေလေျပရွင္းက ခ်က္ျခင္းပင္အေျဖျပန္ေပးေလသည္။ သူႏွင့္ကိုးလ္ဟာ သူငယ္ခ်င္းေတြသာျဖစ္ပါေၾကာင္း။ ထို႔ထက္အဆင့္မပိုကာ ဘယ္ေတာ့မွလည္း ထပ္မလြန္လာမည့္ ပုံသ႑ာန္ျဖင့္။ ဒီစကားဝိုင္းတြင္ ဆင့္က သူကိုယ္သူရႈံးသြားေၾကာင္း သိေနေလၿပီ။ အေၾကာင္းမွာ သူ႕ထံတြင္ ျပန္ခြန္းတုန႔္ျပန္စရာ စကားမရွိပါေသာေၾကာင့္ျဖစ္သည္။ ေလေျပရွင္းႏွင္ ကိုးလ္က သူငယ္ခ်င္းေတြ။ ရွင္းကထိုအရာကို တြန႔္ဆုတ္ျခင္းမရွိျပန္ေျဖနိုင္သည္။ ဒါဆိုသူႏွင့္ ျပဒါးရံကေကာ ဒီတိုင္းသူငယ္ခ်င္းေတြပါပဲလား။ သို႔ေသာ္ ရွင္းအေပၚခံစားရသည့္ ခံစားခ်က္ႏွင့္ ျပဒါးရံႏွင့္အတူရွိေနရသည့္ခံစားခ်က္က နည္းနည္းေလးမွမတူတာကိုေတာ့ တိမ္ယံဆင့္ ခြဲျခားသိေလသည္။ ဆင့္ကေခါင္းကိုထပ္ခါလိုက္ၿပီး တိတ္တဆိတ္သာေနလိုက္ေတာ့သည္။

ေလေျပရွင္းက condoသို႔ေရာက္လွ်င္ တိမ္ယံဆင့္ကို ပ်ာပ်ာသလဲဆင္းခိုင္းၿပီး ႏႈတ္ပင္မဆက္ကာ ခ်က္ခ်င္းလွည့္ျပန္သြားသည္။

" ေစာက္ေကာင္စုတ္ေလး အခုတေလာေျခလွမ္းေတြ အရမ္းပ်က္ေနတယ္ "

ဆင့္ကႀကိမ္ဆဲလိုက္ေသာ္လည္း ရွင္းကဂ႐ုပင္မစိုက္ကာ တစ္ဟုန္ထိုးေမာင္းထြက္သြားသည္။ မသိလွ်င္ ခ်စ္သူႏွင့္ေတြ႕ရမည္ကို မေစာင့္နိုင္သည့္ ခပ္ပိန္းပိန္းေတာသားလို အေလာတႀကီးျဖစ္ေနသည့္ပုံစံမ်ိဳးပင္။ တိမ္ယံဆင့္က မ်က္ႏွာကိုမႈန္ကုပ္ေနေအာင္ ျဖစ္တည္သြားရင္း ေျခေထာက္ေဆာင့္ကာ condo ထဲသို႔ဝင္လာခဲ့သည္။ ေရခဲေသတၱာထဲက အသင့္စား အစားအစာကို ထုတ္ယူၿပီး TVေရွ႕တြင္ တစ္နာရီေလာက္ၾကာေအာင္ ထိုင္စားေနလိုက္သည္။ ဟာသရွိုးျဖစ္ေသာ္လည္း မရီရေသာစိတ္အေျခအေနေၾကာင့္ ျမင္ရတာေတာင္ ေဒါသထြက္လာရသည္။ TVကိုထပိတ္လိုက္ကာ ဖုန္းၾကည့္ေနစဥ္တြင္ ျမင္လိုက္ရသည့္ Notiေပါင္းေသာင္းေျခာက္ေထာင္ေၾကာင့္ သက္ျပင္းခ်မိသည္။ သို႔ေသာ္ထိုထဲတြင္ သူေမွ်ာ္လင့္ေနသည့္ notiကေတာ့ရွိမေနပါ။ ဆြဲေဆာင္နိုင္သည့္အေၾကာင္းအရာမရွိတာေၾကာင့္ ဆင့္တစ္ေယာက္ ဖုန္းၾကည့္ရင္းအိပ္ေပ်ာ္လာသည္။

ျပန္လည္နိုးလာခ်ိန္တြင္ အလင္းေရာင္ကို အေမွာင္ဖုံးလ်က္ ညအခ်ိန္ကိုေရာက္ေနၿပီျဖစ္သည္။ မပြင့္တပြင့္ျဖစ္ေနသည့္ အညိုေဖ်ာ့သန္းေနေသာ မ်က္ဝန္းတစ္စုံကို ပြတ္သပ္လိုက္ကာ အားတင္းထထိုက္လိုက္သည္။ ဘယ္ႏွစ္နာရီေလာက္ အိပ္ေပ်ာ္သြားမွန္း မသိေသာ္လည္း နာရီၾကည့္မိသည့္အခါတြင္ 8နာရီေက်ာ္ေက်ာ္ျဖစ္ေနသည္။ ဆင့္ကသမ္းေဝလိုက္ၿပီး ပုံမက်ေတာ့သည့္ ႏူးညံ့သည့္ေကသာတို႔က နဖူးထက္တြင္ဝဲေနသည္။ အခ်ိန္အနည္းငယ္ၾကာသြားေသာ္လည္း မ်က္လုံးတစ္စုံမွာ ေရာင္ကိုင္းေနကာ ပတ္ဝန္းက်င္ကို သဲသဲကြဲကြဲမျမင္ရဆဲပင္။ ထိုေၾကာင့္ဆင့္က မတ္တပ္ရပ္လိုက္ၿပီး ေရခ်ိဳးခန္းထဲဝင္ကာ ထပ္မံအခ်ိန္ျဖဳန္းေနလိုက္သည္။ တိမ္ယံဆင့္ေရခ်ိဳးၿပီးခ်ိန္တြင္ အခ်ိန္က 10နာရီထိုးရန္အနည္းငယ္သာလိုေတာ့သည္။ ဖုန္းကိုေကာက္ကိုင္လိုက္ခ်ိန္တြင္ ဖြင့္မဖတ္ရေသးေသာ massageတစ္ေစာင္က ေနရာယူေနသည္။

" အိပ္ေနၿပီလား "

" ........ "

ထိုစာက ျပဒါးရံဆီကဝင္လာျခင္းျဖစ္ေပသည္။ တိမ္ယံဆင့္က ဘာမွမေျပာေသာ္လည္း တစ္ဖက္လူကစာထပ္ပို႔လာသည္။

" ကိုယ့္ကိုစိတ္ဆိုးေနလား "

" ......... "

" ကိုယ္ေတာင္းပန္ပါတယ္....ဒီေန႕အစည္းအေဝးရွိေနလို႔။ ၿပီးေတာ့ဖုန္းအားကလည္း ကုန္သြားတယ္ "

" ခင္ဗ်ားလာမႀကိဳလည္း ကိုယ့္ဘာသာျပန္တတ္တယ္ ကြၽန္ေတာ္ကေလးမဟုတ္ဘူး "

" ဒါေပမယ့္ ကိုယ္ဘာလို႔မေကာင္းတဲ့အေငြ႕အသက္ေတြရေနတာလဲ။တစ္ေယာက္ေယာက္ေတာ့ သူ႕ေဒါသေတြေပါက္ကြဲေနၿပီထင္တယ္ "

" ကြၽန္ေတာ္စိတ္မဆိုးဘူး "

" ကိုယ္မယုံဘူး ဆင့္စိတ္ဆိုးေနတယ္ "

" မယုံလည္း မတတ္နိုင္ဘူး ကြၽန္ေတာ္တကယ္ေျပာေနတာ "

" ကိုယ့္
ကို

လိမ္
ပါ
နဲ႕ "

တိမ္ယံဆင့္ - " ....... "

ျပဒါးရံပို႔လာေသာစာေၾကာင့္ ဆင့္ဟာအေျဖျပန္ေပးရန္တြန႔္ဆုတ္ေနမိသည္။ သူတို႔ႏွစ္ဦးက မငယ္ေတာ့တဲ့အ႐ြယ္ေတြျဖစ္သည္။ ဘာေၾကာင့္မ်ား ကေလးဆန္လြန္းစြာ စာကိုဒီလိုတစ္လုံးခ်င္း ပို႔လာရလဲ မသိပါ။ seenျပၿပီး အတိတ္ေမ့ေနေသာသူ႕ကို ျပဒါးရံက ေနာက္ထပ္စာထပ္ပို႔လာသည္။

" ကိုယ္
ေနာက္
ခါ
က်
ရင္
ဘယ္
ေလာက္

ေရး
ႀကီး
တဲ့
ကိစၥ
ရွိ
ရွိ
လာ
ႀကိဳ
ပါ့
မယ္ "

ကေလးဆန္လိုက္တာဟု တိမ္ယံဆင့္ကေတြးလိုက္ၿပီး replyျပန္လိုက္သည္။

" ေကာင္း
ၿပီ
ခင္
ဗ်ား
ေျပာ
တာ
ေနာ္ "

" အင္း ကိုယ္ေျပာတာ ။ ေနာက္က်ေနၿပီ ေစာေစာအိပ္ေတာ့ "

ထိုစာဝင္လာၿပီး မၾကာခင္တိမ္ယံဆင့္ line outသြားေလသည္။ ဆင့္တစ္ေယာက္ ျပဒါးရံစကားေတြကို ဘယ္ခ်ိန္ကစနားေထာင္ေနမိလဲ မမွတ္မိေသာ္လည္း အခ်ိန္အတိုင္းအတာ တစ္ခုထိေတာ့ ရွိေလာက္ၿပီထင္သည္။ ေန႕လည္တုန္းကအိပ္ထားေသာ္လည္း တိမ္ယံဆင့္ကေခါင္းခ်လိဳက္သည္ႏွင့္ ခ်က္ခ်င္းအိပ္ေပ်ာ္သြားျပန္သည္။ ေနာက္ေန႕မနက္ ၇နာရီထိ ဆင့္ကမနိုးေသးေပ။ shootingလည္းနားသည့္ရက္မို႔ ဆင့္ကစိတ္လြတ္လက္လြတ္အိပ္ေနခဲ့သည္။

သို႔ေသာ္ တိမ္ယံဆင့္ဘဝကို ကေမာက္မကျဖစ္ေအာင္လုပ္မည့္ နတ္ဆိုးတစ္ေကာင္ကေတာ့ ရွိစၿမဲပင္။ မႀကိဳဆိုသည့္လူႏွင့္အတူ တစ္ဆက္ထဲပါလာသည့္ ဘဲလ္သံက တိမ္ယံဆင့္ အိပ္စက္ေနသည္ကို ​အေႏွာက္အယွက္ေပးေနသည္။ ဆင့္ကတစ္ဖက္ကိုေစာင္းလိုက္ၿပီး နာရီက alarmျမည္ေနသည္ဟုထင္မွတ္ကာ ကုတင္ေဘးကနာရီကို ကိုင္ေပါက္လိုက္သည္။ သို႔ေသာ္ထိုအသံက နားထဲစီးဝင္ေနဆဲပင္။ မသိလွ်င္ ႏွလုံးသားတံခါးဖြင့္ရန္ ခြင့္ေတာင္းေနသည့္ ဘဲလ္သံအလား။ စိတ္ရႈပ္ဖို႔ ေကာင္းလိုက္တာဟု ေရ႐ြတ္လိုက္ၿပီး ဖရိုဖရဲျဖစ္ေနသည့္ ဆံပင္ႏွင့္အတူ မ႐ႊင္လန္းသည္ မ်က္ႏွာျဖင့္တံခါးသြားဖြင့္လိုက္သည္။

သင္းပ်ံ့တဲ့ရနံ႕၏ အဆက္မျပတ္တိုးဝင္လာမႈႏွင့္အတူ သပ္ရပ္တဲ့ဝတ္စားဆင္ယင္မႈနဲ႕ ျပဒါးရံက တိမ္ယံဆင့္ေရွ႕တြင္ ရပ္ေနသည္။ျပဒါးရံ အဆုံးထိေတာင္ မရယ္ျပလိုက္ခင္မွာတင္ အံ့ဩေနသည့္မ်က္လုံးအဝိုင္းသားျဖင့္ တိမ္ယံဆင့္တစ္ေယာက္ တံခါးကိုခ်က္ျခင္းျပန္ပိတ္သြားသည္။

" ဂ်ိမ္း "

" ဆင့္ ကိုယ့္ကိုတံခါးဖြင့္ေပးပါဦး ခုထိစိတ္ဆိုးေနတုန္းလား "

သို႔ေသာ္ တိမ္ယံဆင့္ေတြးပူေနသည့္အရာက ျပဒါးရံေျပာေနသည့္အရာႏွင့္ လုံးလုံးလ်ားလ်ားဆန႔္က်င္ေနသည္။

" သြားၿပီ သြားၿပီ ငါမ်က္ႏွာေတာင္မသစ္ရေသးဘူး၊ သြားလည္းမတိုက္ရေသးဘူး၊ ေခါင္းလည္းမၿဖီးရေသးဘူး ၿပီးေတာ့ညအိပ္ဝတ္စုံႀကီးနဲ႕။ သူကဘာလို႔ ႐ုတ္တရက္ႀကီး ေရာက္လာတာလဲ "

" ဆင့္ ကိုယ့္ကိုတံခါးဖြင့္ေပးဦး "

" ကြၽန္ေတာ္မအားေသးဘူး ခဏေစာင့္ "

ခဏအၾကာတြင္တံခါးက ျပန္ဝင္လာၿပီး တိမ္ယံဆင့္က နတ္ဘုရားလိုအသြင္အျပင္မ်ိဳး ထြန္းေတာက္ေနကာ ျပဒါးရံ၏မ်က္ဝန္းတစ္စုံကို လႊမ္းမိုးခ်ဳပ္ကိုင္ထားေတာ့သည္။ ေတာင့္တင္းစြာ ေက်ာက္သားႏွယ္ရပ္ေနေသာ ျပဒါးရံကို ဆင့္အသာလႈပ္ႏွိုးကာ အထဲဝင္ရန္ဖိတ္လိုက္သည္။

" ကိုရံ အထဲဝင္ေလ "

" ဪ....အင္းအင္း "

" မနက္အေစာႀကီး ဘယ္လိုေရာက္လာတာလဲ "

" မေန႕ကဆင့္ကို အေဖာ္မျပဳေပးလိုက္ရဘူးေလ ဒါေၾကာင့္ဒီေန႕အစားျပန္ေပးမလို႔ "

" အဟြတ္.....ဟြတ္ "

တိမ္ယံဆင့္က ေခ်ာင္းအနည္းငယ္ဟန့္လိုက္ၿပီး မ်က္ႏွာလႊဲလိုက္သည္။

" ကြၽန္ေတာ္ အျပင္သြားခ်င္စိတ္မရွိဘူး "

ျပဒါးရံက ေလသံကိုအတတ္နိုင္ဆုံးေလ်ာ့ကာ သန္မာတဲ့လက္တစ္ဖက္က တိမ္ယံဆင့္ ပါးျပင္ကိုထိေတြ႕လားရင္း ႏႈတ္ခမ္းသားက နားဆီကပ္ကာ ႏူးႏူးညံ့ညံ့ဆက္ေျပာလာသည္။

" ကိုယ္လည္းအျပင္သြားဖို႔ စိတ္ကူးမရွိပါဘူး။ ဒါေပမယ့္ ဆင့္ရဲ႕ပါးေတြအရမ္းနီေနတယ္ "

စကားေျပာရင္းထြက္ေပၚလာေသာ ေလထုေနြးေနြးက တိမ္ယံဆင့္၏ႏူးညံ့တဲ့ အစိတ္အပိုင္းေတြကို ပြတ္တိုက္သြားကာ ခႏၶာကိုယ္အပူခ်ိန္ကို ပိုမိုျမႇင့္တင္ေပးလ်က္ရွိသည္။ ျပဒါးရံ၏အာေငြ႕ႏွင့္ ထိေတြ႕လိုက္ေသာ ေနရာတိုင္းသည္ တိမ္ယံဆင့္ကို သိသိသာသာပူေလာင္ေစသည္။ အထူးအျဖင့္ ထိုသူထိေတြ႕ရန္အနည္းငယ္သာ လိုခဲ့ေသာ နား႐ြက္ႏွင့္ လည္ပင္းတစ္ဝိုက္အျပင္ သူဆုပ္ကိုင္ခဲ့ေသာ ပါးျပင္တို႔ကအဆိုးဆုံးျဖစ္သည္။ သို႔ေသာ္တိမ္ယံဆင့္ဆိုသည္မွာ ျပသနာအတိုင္းအတြက္ အေျဖရွိၿမဲပင္။ ျပဒါးရံကို တြန္းလိုက္ၿပီး သူဟာခ်က္ခ်င္းအေျဖျပန္ေပးလိုက္သည္။

" ေနအရမ္းပူေနလို႔ ကြၽန္ေတာ္က အပူဒဏ္မခံနိုင္ဘူး "

" ဟင္......ခုမွ7နာရီေက်ာ္ေက်ာ္ပဲရွိေသးတာ ေနေတာင္ေကာင္းေကာင္းမထြက္ေသးဘူး။ အဲကြန္းကလည္း မတရားေအးေနတာ ကိုယ္ေတာင္ေရခဲ႐ုပ္ထုျဖစ္ေတာ့မယ္။ "

ျပဒါးရံက ဆင့္ကိုေသခ်ာစိုက္ၾကည့္လာၿပီး ႏႈတ္ခမ္းသားကႏွစ္လိုဖြယ္ၿပဳံးကာ ထပ္စလာျပန္သည္။

" ေကာင္ေလး မင္းဘာေတြပူေနတာလဲ ကိုယ့္ကိုေျပာစမ္းပါ "

" ကိုျပဒါးရံ "

" အမ္ ဒီအေနအထားက ေဒါသထြက္ေနၿပီပဲ "

" ထပ္ေျပာေနမယ္ဆိုရင္ ျပန္လိုက္တာ အေကာင္းဆုံးပဲ "

" ေကာင္းၿပီ ေကာင္းၿပီ ကိုယ္ထပ္မေျပာေတာ့ဘူး။ ဘာလို႔အဲ့ေလာက္ ေဒါသထြက္ေနရတာလဲ "

" ဘယ္သူအရင္လာစတာလဲ "

" ဒါနဲ႕ ကိုယ္စိတ္ဝင္စားဖို႔ေကာင္းတာ တစ္ခုေတြ႕ထားတယ္ "

ျပဒါးရံေျပာလာေသာ ထိုစကားသည္ တိမ္ယံဆင့္အလြန္ရင္းႏွီးကြၽမ္းဝင္ခဲ့ေသာေၾကာင့္ ထိတ္လန႔္မိသည္။ တစ္ပုံစံထဲပင္ တစ္ေထရာထဲ ထိုသူဟာKKရဲ႕ CEO ႐ုံးခန္းထဲမွာ သူ႕လက္ကိုဆြဲကိုင္ၿပီး ေျပာခဲ့ဖူးသည္။ ထိုခ်ိန္က သူဟာမ်က္စိေရွ႕က ၾကည့္ေကာင္းေသာလူ၏ စကားထဲ၌ အလွည့္စားခံလိုက္ရေလသည္။

" ကိုယ္နဲ႕အတူစိတ္ဝင္စားဖို႔ေကာင္းတာ သြားလုပ္ၾကရေအာင္ "

ေနာက္ဆုံးျပန္ရလိုက္သည့္အရာမွာ ဦးစိုးလြင္၏ေသနတ္ႏွင့္ အပစ္ခံရလုဆဲဆဲမွာေတာင္ ဂ႐ုစိုက္ပုံမျပခဲ့ေသာ ျပဒါးရံ၏ေသြးေအးတဲ့ မ်က္ႏွာပင္ျဖစ္သည္။ ဆင့္အတြက္ေတာ့ ဟန္ေဆာင္ထားသည့္ အတုအေယာင္ပင္ျဖစ္ေနပါေစ ေနာက္တစ္ႀကိမ္ မ်က္လုံးမွိတ္ယုံရန္ ခဲယင္းလြန္းလွသည္။ ျပဒါးရံ၏စကားႏွင့္ မကိုက္ညီေသာအဆိုတစ္ခုကို ဆင့္က မ်က္လႊာခ်ထားလ်က္ အားတင္းကာ ေမးလိုက္သည္။

" ဘာလို႔မေျပာခဲ့တာလဲ "

" ဆင့္ဘာကိုေျပာခ်င္တာလဲ ကိုယ္နားမလည္....."

" ဦးစိုးလြင္ရဲ႕ေသနတ္ထဲမွာ က်ည္မရွိတာ ဘာလို႔မေျပာခဲ့တာလဲ "

" ဪ....အေရးမႀကီးလို႔ေလ "

" အဲ့ဒါအေရးမႀကီးတဲ့ကိစၥလား "

" ဘာပဲျဖစ္ျဖစ္ ကိုယ္ကဆင့္ကိုထိခိုက္ေအာင္ လုပ္မဲ့သူမဟုတ္ဘူးေလ ။အရမ္းေလွ်ာက္ေတြးမေနပါနဲ႕ ။ ဒီလိုကိစၥမ်ိဳး ေနာက္တစ္ႀကိမ္ ထပ္မရွိေစရဘူးလို႔ ကိုယ္ကတိေပးတယ္။ တိမ္ယံဆင့္ကို ဘယ္သူမွလက္ဖ်ားနဲ႕ မထိေစရဘူး "

တိမ္ယံဆင့္က ဘယ္လိုတုန႔္ျပန္ရမလဲ မေဝခြဲတတ္ေတာ့သည့္အတြက္ စကားလမ္းေၾကာင္းလႊဲလိုက္သည္။

" ကြၽန္ေတာ္TVၾကည့္ေတာ့မယ္ ကိုရံေနခ်င္သလိုသာေနေတာ့ "

" TVမၾကည့္နဲ႕ ကိုယ္ဂီတာတီးမယ္ ဆင့္နားေထာင္ေလ။ ဒီေန႕တစ္ေန႕လုံး စကၠန႔္တိုင္းကို ဆင့္နဲ႕အတူျဖတ္သန္းမယ္။ "

" ......... "

တိမ္ယံဆင့္က ဘာမွျပန္မေျပာခဲ့ေသာ္လည္း ႏွစ္ေယာက္လုံးက သူမတူတဲ့က်က္သေရျဖာျဖာႏွင့္ ထြက္လက္စေနမင္းကိုေတာင္ ေမွးမွိန္သြားေအာင္ ၿပဳံး႐ႊင္ေနၾကသည္။ ၿငိမ့္ေညာင္းတဲ့ ဂီတာသံက ပတ္ဝန္းက်င္ကို အသက္ဝင္ေအာင္ျဖည့္စြက္ေနၿပီး တစ္ခဏတြင္းမွာတင္ ပူေလာင္ေနတဲ့စိတ္အေျခအေနကို ေမတၱာေရစင္ႏွယ္ေအးခ်မ္းေစသည္။ ဖန္တစ္ရာထပ္ေအာင္ ပဲ့တင္ထပ္ေနခဲ့သည့္အျပင္ သာယာသည္ထက္ပိုေသာ ထိုအသံက တီးခတ္ေနေသာ ပဲ့ကိုင္ရွင္ႏွင့္ယဥ္တြဲကာ တိမ္ယံဆင့္မ်က္ဝန္းထဲ ၿမဲၿမံစြာေနရာယူ ဌာေနတည္ထားသည္။ အသက္ရႈေနသည့္ ဝင္သက္ထြက္သက္ေတာင္ ရပ္တံ့သြားနိုင္သည္အထိ ျပဒါးရံ၏ ပုံပန္းသ႑ာန္သည္ မ်က္ဝန္းတစ္ဝိုက္ကစူးရွနက္ရွိုင္းလ်က္ရွိၿပီး စီခ်ယ္ထားသည့္သြားတန္းေလးမ်ားက အတုအေယာင္မပါသည့္အၿပဳံးကို ပိုမိုဆြဲေဆာင္အားေကာင္းေအာင္ အေထာက္အကူျပဳေနသည္။ သန္မာသည့္တိုင္ ရွည္သြယ္သည့္ လက္ေခ်ာင္းမ်ားက ဂီတာေပၚမွာေျပးလႊားေဆာ့ကစားေနၿပီး ရႈမၿငီးသည့္ သံစဥ္အျဖာျဖာကို ထုတ္လႊင့္ေပးေနသည္။ ေျခခ်ိတ္ထိုင္ေနေသာ ေျခေထာက္မ်ားႏွင့္ ေပါင္ေပၚလွပစြာ ေနရာယူေနေသာ ဂီတာတို႔သည္ လွပသည့္ေကာင္းကင္ႏွင့္ ေတာက္ပသည့္ၾကယ္တို႔လို လိုက္ဖက္လြန္းလွသည္။

ေပ်ာ့ေျပာင္းသည့္သံစဥ္သည္ ဆင့္၏အၾကားအာ႐ုံထဲ ပိတ္ပင္ျခင္းမရွိ ဝင္ေရာက္ေနသည္။ ေလႏွင္ရာအလိုက္ ဝဲပါေနေသာ ငွက္ေမႊးေလးသဖြယ္ ေအာက္စီဂ်င္ကိုအေထာက္အကူျပဳ၍ လြတ္လပ္စြာပ်ံသန္းေနေတာ့သည္။ ဆင့္ဟာ သံစဥ္ကိုနားေထာင္ေနရင္း ထိုငွက္ေမႊးလို လြတ္လပ္သည့္အရသာကိုပါ ခံစားေနရသည္။ ျပဒါးရံသည္ကား သူ၏ထူးခြၽန္လွေသာ အႏုပညာကို ဘာေၾကာင့္ဖုံးကြယ္ထားရသလဲပင္။ ဤသည္မွာ ၾကားရသူတိုင္းကို စိတ္ေက်နပ္မႈအျပည့္ေပးနိုင္ေသာ လက္ရာေကာင္းတစ္ခုျဖစ္သည္။ သံစဥ္ကတစ္ျဖည္ျဖည္း ေပ်ာက္ဆုံးလုျဖစ္ေနသည့္အခ်ိန္တြင္ ဆင့္ကဖမ္းဆြဲထားၿပီး ထြက္မေျပးသြားပါရန္ ေတာင္ဆိုခ်င္မိသည္။ သို႔ေသာ္အျပင္ဘက္ လက္ေတြ႕တြင္မူ လႈပ္ရွားမႈကင္းမဲ့ေနဆဲ ျဖစ္သည္။ ေနာက္ဆုံးတြင္ေတာ့ လုံးဝရပ္တန႔္သြားခဲ့ေလၿပီ။ ျပဒါးရံက ဂီတာကိုၾကမ္းျပင္ေပၚေထာင္လိုက္ၿပီး အစြန္ဖ်ားေပၚေမးတင္ကာ တိမ္ယံဆင့္ကိုငုံ႕ၾကည့္လာခဲ့သည္။ ထိုအခါမွဆင့္ကသတိရလာခဲ့ေပသည္။ ျပဒါးရံကတစ္ခ်ိန္လုံး ထိုင္ခုံေပၚတြင္တီးခတ္ေနခဲ့ကာ သူကေတာ့ ၾကမ္းျပင္ေပၚတြင္ ေငးၾကည့္ေနခဲ့ျခင္းျဖစ္သည္။ တိမ္ယံဆင့္ဆိုသည္မွာကေတာ့ အေပၚတက္ထိုင္ရန္အတြက္ေတာင္ ေမ့ေလ်ာ့ေနခဲ့ျခင္းျဖစ္သည္။ သူ႕အျဖစ္ကိုျပန္ေတြးရင္း ရယ္လည္းရယ္ခ်င္ ရွက္လည္းရွက္ျဖစ္ေနသည့္အတြက္ ဆင့္က အျပင္ဘက္ေတြေတာ့ မ်က္ႏွာေသျဖင့္ ခပ္တည္တည္ပင္ ခုံေပၚတက္ထိုင္လိုက္သည္။

" ဘယ္လိုေနလဲ ေကာင္းလား "

ျပဒါးရံက ေမးလာခဲ့ေလသည္။ ထိုသူ တီးျပသြားသည္မွာ နားေထာင္ေကာင္းသည္ထက္ကို ပိုေလသည္။ ဆင့္အတြက္ေတာ့ ၎က ၿပီးျပည့္စုံသည့္ ပန္းပုလက္ရာလို အနာအဆာကင္းမဲ့လြန္းလွသည္။ သို႔ေသာ္ဆင့္က သူ၏ခံစားခ်က္ဟူသမွ်ကို ထုတ္ျပရန္ခဲယင္းလွသည့္ လူတစ္မ်ိဳးျဖစ္သည္။ အနည္းငယ္တြန႔္ဆုတ္ေနၿပီး သူဟာျပန္ေျဖလိုက္သည္။

" အင္း.....ဒါေပမယ့္ ကြၽန္ေတာ့္ကိုမွီဖို႔ အေဝးႀကီးလိုေသးတယ္ "

" ဟား...ဟား... ကိုယ္လက္ခံပါတယ္ မင္းနဲ႕ပက္သက္လာရင္ ကိုယ္ကအၿမဲရႈံးေနၿပီးသားပါ "

" ဒါနဲ႕ဂီတာတီးတတ္တာ ဘာလို႔မေျပာတာလဲ မမေဟမီေတာင္ ကိုရံအဲ့တာေတြစိတ္မဝင္စားဘူးလို႔ ေျပာဖူးတယ္ "

" ကိုယ္ဂီတာတီးတာ မင္းတစ္ေယာက္ထဲအတြက္ေလ "

ျပဒါးရံက အေလးအနက္ထား၍ ဆက္ေျပာလာခဲ့သည္။

" ဒီကမၻာေပၚမွာ မင္းကလြဲၿပီး ကိုယ့္ဂီတာသံကိုနားေထာင္နိုင္တဲ့ ဒုတိယလူမရွိဘူး "

" အဟြတ္ ဟြတ္...ကြၽန္ေတာ္ ကစားနည္းတစ္ခုသိထားတယ္ ကိုရံ စမ္းၾကည့္ခ်င္လား "

" အရင္ဆုံး ဂိမ္းအေၾကာင္းရွင္းျပမယ္။ကြၽန္ေတာ္ နဲ႕ ကိုရံကတစ္ခ်ိန္ထဲမွာ postတစ္ခုတင္ရမယ္။ Commentလာမန႔္တဲ့လူေတြထဲက ေမးထားတာေတြကို ျပန္ေျဖျပရမယ္။ မေျဖနိုင္တဲ့လူက ဟိုစင္ေပၚကဝိုင္ကိုေသာက္ရမယ္ "

" ကိုယ္သေဘာတူတယ္ "

" ေကာင္းၿပီ ဒါဆိုကစားပြဲစၿပီ "

ျပဒါးရံက သူစဥ္းစားမိေသာ စာသားတခ်ိဳ႕တေလကို Facebookေပၚစတင္လိုက္သည္။

" ၿငိမ့္ေညာင္းသံသာ ဂီတာသံအား
ေလေျပေသြးက ေဆာင္ႏွင္းယူလို
ၾကယ္ေရာင္ထြန္းေတာက္ မီးပ်ေတာက္လည္း
အၾကင္သူအား အပ္ႏွင္းဗဟို ျပဳေစလို "

(နားမလည္မွာဆိုးလို႔ ဒီနားနည္းနည္းရွင္းမယ္ေနာ္ ပထမႏွစ္ေၾကာင္းက ၿငိမ့္ေညာင္းတဲ့ ဂီတာသံကို ေလေျပက သယ္ေဆာင္ယူေနတယ္လို႔ ေျပာခ်င္တာပါ။ ေနာက္ဆုံးႏွစ္ေၾကာင္းကေတာ့ ၾကယ္လိုေတာက္ပေနတဲ့ မီးေရာင္ေလးကိုလည္း ခ်စ္သူကိုဗဟိုျပဳၿပီး ေပးခ်င္ပါတယ္။ အၾကင္သူဆိုတာက ခ်စ္သူကိုေျပာခ်င္တာပါ ။ ဆိုလိုခ်င္တဲ့အဓိပၸါယ္ကေတာ့ သာယာတဲ့ ဂီတသံရယ္ ေတာက္ပတဲ့အလင္းေရာင္ရယ္ကို သူ႕ခ်စ္သူကိုေပးခ်င္ပါတယ္တဲ့ )

ျပဒါးရံ၏ ထိုကဗ်ာစာသားေလးသည္ ဂိမ္းစတင္သည္ ဆိုသည္ႏွင့္ သူ၏ Facebook accountတြင္ တည္တည္တံ့တံ့ေနရာယူလာေလသည္။ အဓိပၸါယ္မ်ားစြာ ေပ်ာ္ဝင္ေနေသာ ထိုစာသားသည္ ဘယ္အရာကို ရည္ၫႊန္းခ်င္ေနသလဲ ျပဒါးရံကိုယ္တိုင္ပဲ သိပါလိမ့္မည္။ ထိုသိုဆိုလွ်င္ တိမ္ယံဆင့္သည္လည္း ဘယ္လိုအရာကို တင္ထားနိုင္ပါသနည္း။ သူတို႔ႏွစ္ဦးမွာ စိတ္ခ်င္းဆက္ေနသည္ဟုပင္ ထင္မွားရေလာက္ေအာင္ ျပဒါးရံႏွင့္ သိပ္မကြဲပါေသာ ကဗ်ာအတိုေလးတစ္ပုဒ္ကို တိမ္ယံဆင့္ကလည္း တင္ထားခဲ့ေလသည္။

" သာယာခ်ိဳေအး ေလထုေနြးႏွင့္
ပဲ့တင္ထပ္ကာ ဂီတာသံမွာ
ႀကိဳဆိုခြင့္ေတာင္း မျပဳေလာင္းဘဲ
နက္ရွိုင္းတိုးဝင္ ကြၽႏု္ပ္ရင္ခြင္ "

ထိုစာသားမွာေသခ်ာေပါက္ ဂီတာသံမွာ ေလထုထဲတြင္ ပဲ့တင္ထပ္ေနရင္း ခြင့္ေတာင္းအဆိုမျပဳပါဘဲႏွင့္ နားေထာင္သူ၏ ရင္ခြင္တြင္းထိေအာင္ နက္နက္ရွိုင္းရွိုင္း တိုးဝင္ေနသည္ဟု ဆိုလိုျခင္းျဖစ္ေပသည္။ ဆင့္ကသူေရးသားခဲ့ေသာ စာသားကေလးမွာ အမွန္တစ္ကယ္ပင္ သူခံစားခဲ့ရေသာ အေၾကာင္းအရာမ်ား ျဖစ္ေလသည္။ ျပဒါးရံတြင္ အံ့ဩဖို႔ေကာင္းသည့္ ဂီတာတီးနိုင္စြမ္းရွိသည္။ ထိုအသံကို စၾကားလိုက္ျခင္းမွာပင္ ဆင့္ဟာ အနားရွိအရာဝတၳဳမ်ား ရပ္တန႔္သြားၿပီး သူႏွင့္ျပဒါးရံႏွစ္ေယာက္သာ အသက္ဝင္ေနသည္ဟု ခံစားခဲ့ရသည္။ လက္မခံခ်င္ေသာ္လည္း သူဟာဤမွ်ညွို႔ယူနိုင္ေသာ သံစဥ္ကိုပထမဆုံး နားေထာင္ဖူးျခင္းပင္။ ထို႔ေၾကာင့္ ထိုအရာမွာ ခြင့္မေတာင္းပါဘဲႏွင့္ သူ႕ႏွလုံးသား၌ ေနရာယူေနၿပီျဖစ္သည္။ တိုင္ပင္ထားျခင္းမရွိပါဘဲႏွင့္ ကဗ်ာႏွစ္ခုမွာလည္း စပ္ဆက္ေနခဲ့ေလသည္။

ႏွစ္ေယာက္လုံးသည္ တစ္ၿပိဳင္နက္ postတင္ခဲ့ၾကေသာ္လည္း Commentမ်ားက ႏွစ္တစ္ရာေလာက္ ဖတ္မကုန္နိုင္သည္အထိ တစ္စထက္တစ္စမ်ားျပားလာၾကသည္။ ျပဒါးရံဘက္ကစတင္ကာ တိမ္ယံဆင့္ post ေအာက္က commentေတြထဲကတစ္ခုကို ေ႐ြးခ်ယ္၍ေမးျမန္းလိုက္သည္။

" ကဗ်ာရဲ႕ဆိုလိုရင္းကဘာလဲ "

" ကြၽန္ေတာ္ ဂီတာသံ နားေထာင္ရတာ ႀကိဳက္တယ္လို႔ေျပာခ်င္တာ "

" အဲ့တာက ကိုယ္တီးျပတာ ႀကိဳက္တယ္လို႔ေျပာခ်င္တာလား "

" စိတ္မေကာင္းစရာပဲ ကိုရံ ေမးခြန္းကတစ္ခါပဲ ေမးခြင့္ရွိတာ ကြၽန္ေတာ့္အလွည့္ေရာက္ၿပီ "

တိမ္ယံဆင့္က ျပဒါးရံ၏ မိနစ္ပိုင္းအတြင္း ေထာင္ခ်ီေနေသာမန႔္ထဲမွ တစ္ခုကိုေ႐ြးခ်ယ္လိုက္သည္။

" တစ္ကယ္လို႔ KKရဲ႕ CEOသာျဖစ္မလာခဲ့ဘူးဆိုရင္ ကိုရံခုခ်ိန္ဘာလုပ္ေနေလာက္လဲ "

" မေျပာတတ္ဘူး ဒါေပမယ့္ အရက္ barပိုင္ရွင္တစ္ေယာက္ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္ "

" ကိုယ္ေမးမယ္......ဘာလို႔ရည္းစားမထားတာလဲ "

" ကြၽန္ေတာ္ႀကိဳက္တဲ့ မိန္းကေလးမေမြးေသးလို႔ "

" ကိုရံကေကာ ဘာလို႔ရည္းစားမထားတာလဲ "

" ကိုယ္ေသာက္မယ္ "

ျပဒါးရံကစားပြဲေပၚက ဝိုင္ခြက္ကို တြန႔္ဆုတ္ခ်င္းမရွိ တစ္ခါထဲေမာ့ေသာက္လိုက္သည္။

" ရွင္းနဲ႕က သူငယ္ခ်င္းဆက္ဆံေရးပဲလား "

" အဲ့တာ commentထဲမွာေမးထားလို႔လား "

" ကိုယ္ေမးတာပဲေျဖ "

" အင္း "

ဘာေၾကာင့္မွန္းမသိေသာ္လည္း ျပဒါးရံက ဆင့္အေျဖေၾကာင့္အနည္းငယ္ စိတ္သပ္သာရာ ရသြားေလသည္။

" KKရဲ႕ modelအျဖစ္ဘာလို႔ ကြၽန္ေတာ့္ကို ေ႐ြးခ်ယ္တာလဲ "

" ဆင့္ကလြဲၿပီး အဲ့ေနရာနဲ႕သင့္ေတာ္တဲ့လူ မရွိလို႔ "

" ဟိုေန႕က fan meetingမွာ ဆင့္ကိုနမ္းသြားတာဘယ္သူလဲ "

" ကြၽန္ေတာ့္ဖန္ "

ျပဒါးရံ၏ အၾကည့္မ်ားကေၾကနပ္ဟန္မေပၚေသာေၾကာင့္ ဆင့္ကထပ္တိုးေျဖးလိုက္သည္။

" ကြၽန္ေတာ္တို႔က အဲ့ဒါထက္မပိုဘူး "

ထို႔ေနာက္တိမ္ယံဆင့္က သူေမးရမည့္အလွည့္ေရာက္လာသည့္အတြက္ တစ္ခ်ိန္လုံးသိခ်င္ေနသည့္ေမးခြန္းကိုေမးလိုက္သည္။ commentထဲကိုေတာ့ သူတို႔ႏွစ္ေယာက္လုံး ဝင္မၾကည့္ဘဲေမးေနခဲ့သည္မွာ အခ်ိန္အနည္းငယ္ၾကာၿပီျဖစ္သည္။ သနားစဖြယ္ဖုန္းေလးႏွစ္ခုသည္ ဝိုင္ခြက္မ်ားေဘး၌ တိတ္ဆိတ္စြာၿငိမ္သက္ေနၿပီး ထိုလူသားႏွစ္ေယာက္ကေတာ့ မ်က္ႏွာခ်င္းဆိုင္ကာ အေမးအေျဖျပဳေနသည္။ ဘယ္သူမွ မန႔္ထားခ်င္းမ်ိဳးမဟုတ္ဘဲ သူ႕တို႔စိတ္ထဲ၌ အခ်ိန္အေတာ္ၾကာ ကိမ္းေအာင္းေနသည့္ ေမးခြန္းမ်ားျဖစ္သည္။

" ကြၽန္ေတာ့္ကို ဘာလို႔ kiss scene ေတြ မရိုက္ဖို႔ တားျမစ္ထားတာလဲ "

" ကိုယ္ေသာက္မယ္ "

" ဆင့္အခ်စ္ဆုံးလူတစ္ေယာက္ရဲ႕ နာမည္ကိုေျပာ မိသားစုထဲက မဟုတ္ဘူး "

" ကြၽန္ေတာ္ေသာက္မယ္ "

" Clover Tower မွာအဲ့ဒီ့ေန႕က ကြၽန္ေတာ့္ကို ေျပာခဲ့တဲ့စကားကဘာလဲ "

တိမ္ယံဆင့္က ထိုအေၾကာင္းအရာကို တစ္ဖန္ျပန္ေမးလာလိမ့္မည္ဟု ျပဒါးရံမေမွ်ာ္လင့္ခဲ့ေပ။ ထိုအေမးပုစ္ဆာေၾကာင့္ အဲ့ဒီ့ေန႕ကျဖစ္ခဲ့ေသာ အေၾကာင္းအရာမ်ားက ျပဒါးရံ၏အျမင္အာ႐ုံအတြင္း၌ ျပန္လည္ပုံေပၚလာသည္။ လြန္ခဲ့တဲ့ ၃ပါတ္ေလာက္က သူတို႔ႏွစ္ေယာက္ဟာ ၿမိဳ႕ထဲတြင္ အလြန္နာမည္ႀကီးလွပါေသာ Unicorn ဆိုတဲ့ေနရာဆီသြားခဲ့သည္။ ထိုေနရာမွာ က်ယ္ျပန႔္တဲ့ ျမက္ခင္းျပင္ႏွင့္ စိမ္းလန္းတဲ့သစ္ပင္အေျမာက္အမ်ားလည္း ရွိသည့္အျပင္ အင္မတန္လွပသည္ဟု ဆိုနိုင္ေသာေနရာျဖစ္သည္။ သစ္ပင္တိုင္းတြင္ သစ္႐ြက္တို႔အစား အေရာင္စုံကာ လင္းလက္ေနသည့္ မီးသီးအေသးေလးမ်ားက စနစ္တက်ေနရာယူေနသည္။ Unicorn ရဲ႕ေတာင္ဘက္ျခမ္းတြင္ အလြန္ႀကီးမားတဲ့ လူလုပ္လိုဏ္ဂူရွိၿပီး ထိုအထဲတြင္ ၾကမ္းျပင္မွအစ၊ နံရံႏွင့္မ်က္ႏွာက်က္အဆုံး ဖန္မ်ားျဖင့္ကာရံထားၿပီး ေရေနသတၱဝါ အမ်ိဳးေပါင္းေထာင္ခ်ီကို ငါးျပတိုက္ႏွယ္ ျပသထားသည္။

ေျမာက္ဘက္ပိုင္းတြင္ေတာ့ အၾကည့္လႊဲရန္ခက္ခဲ့သည့္ ေရဗန္းမ်ားစြာႏွင့္ နိဗၺာန္ဘုံသဖြယ္ ၿပိဳးၿပိဳးျပက္ျပက္ေတာက္လဲ့ေနေသာ မီးေရာင္စုံတို႔ျဖင့္ အလွဆင္ထားသည့္အျပင္ အင္မတန္က်ယ္ဝန္းသည့္ ပန္းၿခံတစ္ခုလည္းရွိသည္။ ထို႔ျပင္ရွားပါးပန္းမလာတို႔ျဖင့္ အလွဆင္ထားသည့္ လူသြားလမ္းေလးလမ္းရွိၿပီး ေမာလွ်င္အနားယူရန္အတြက္ ႏြယ္ပင္တို႔ကို စနစ္တက်ပဳံသြင္းထားသည့္ ထိုင္ခုံအေျမာက္အမ်ားလည္းရွိသည္။

အေရွ႕ဘက္တြင္ ေရွးေဟာင္းပန္းပုလက္ရာႏွင့္ တန္ဖိုးမျဖတ္နိုင္ေသာ သမိုင္းဝင္အေမြအႏွစ္မ်ားစြာကို ခင္းက်င္းျပသထားသည္။ ထိုေနရာကလုံၿခဳံေရး အင္မတန္တင္းၾကပ္သည့္အျပင္ သာမာန္လူဝင္ခြင့္မရွိဘဲ အထူးပုဂၢိုလ္မ်ားအတြက္သာျဖစ္သည္။ အေနာက္ဘက္ကပို၍ ေအးခ်မ္းသာယာသည္ဟု ေျပာရေပမည္။ စိတ္လႈပ္ရွားမႈအျပည့္ေပးနိုင္သည့္ ႀကိဳးတံတားအျပင္ ေရတံခြန္ႏွင့္ က်ယ္ျပန႔္တဲ့ေရအိုင္က်ယ္ႀကီးလည္း ရွိသည္။ စိမ္းစိုတဲ့သစ္ေတာအတြင္း ေရာက္ရွိသြားသလိုခံစားရေစၿပီး ေက်းငွက္အမ်ားစုကိုလည္း ထိုေနရာ၌သာ အဓိကထားေတြ႕ျမင္ရသည္။ unicornသည္အခ်ိန္အကန႔္အသတ္ျဖင့္ ဖြင့္လွစ္ေသာေနရာပင္ ျဖစ္ေသာ္ျငား ညဘက္ကပို၍အသက္ဝင္ လ်က္ရွိေပသည္။

သို႔ေသာ္ျပဒါးရံတို႔ႏွစ္ေယာက္မွာ ထိုလွပသာလြန္သည့္ ေနရာမ်ားထက္ အလယ္ဗဟိုတြင္တည္ရွိေနေသာ Clover Towerကိုေ႐ြးခ်ယ္လိုက္ေလသည္။ ထို Towerကတစ္နိုင္ငံလုံးရွိ အျမင့္ဆုံး အေဆာက္အဦးျဖစ္ၿပီး အေဝးၾကည့္မွန္ေျပာင္း တစ္ခုလည္း ၎တြင္ပါရွိသည္။ ထိုေနရာတြင္ရပ္ေနပါက unicorn၏ အစိတ္အပိုင္းအားလုံးအျပင္ ရန္ကုန္တစ္ၿမိဳ႕လုံးကိုပါ အေပၚစီးကျမင္ရသည္။ဒီေနရာသည္ လည္ပတ္ရန္အလြန္ခက္ခဲလွၿပီး လူခ်မ္းသာ အသိုင္းအဝိုင္းအတြက္သာ သီးသန႔္ျဖစ္ေလသည္။ သို႔ေသာ္ျပဒါးရံကေတာ့ shootingကိစၥေတြနဲ႕ ပင္ပန္းေနသည့္တိမ္ယံဆင့္အတြက္ ထိုတစ္ေနရာလုံးကို တစ္ရက္ငွားရမ္းထားလိုက္သည္။ တိမ္ယံဆင့္ႏွင့္အတူ စိတ္အပန္းေျဖရန္ တစ္ခုထဲအတြက္ ျပဒါးရံဟာ သာမာန္လူေတြတစ္သက္စားမကုန္ေသာ ေငြေၾကးကိုတစ္ရက္ထဲနဲ႕ သုံးျဖဳန္းလိုက္သည္။ ထိုညကသူတို႔ႏွစ္ဦးသည္ Clover၏ေပၚဆုံးထပ္၌ ရွိေနခဲ့ၾကၿပီး ဒ႑ာရီထဲလို ေမွာ္ဝင္ေနတဲ့ညတစ္ညကို အျပည့္အဝခံစားၾကည့္ရႈေနခဲ့ၾကသည္။ညက အခ်ိန္အတိုင္းအတာ တစ္ခုထိေရာက္သည့္အခါတြင္ တျဖည္းျဖည္းေအးလာေသာ ရာသီဥတုေၾကာင့္ ျပဒါးရံက တိမ္ယံဆင့္လက္ကို ဆုပ္ကိုင္လိုက္ၿပီး အႏြေးဓာတ္ေပးေနခဲ့ေလသည္။ ထိုျပင္သူဟာ ေအးေနမည္ဆိုးသည့္အတြက္ တစ္ဖက္လူကိုေမးျမန္လိုက္ပါေသးသည္။

" အရမ္းေအးေနရင္ ကိုယ္တို႔ဆင္းၾကရေအာင္ေလ "

" ရတယ္ ကြၽန္ေတာ္ဆက္ေနခ်င္ေသးတယ္ "

" မင္းေနမေကာင္း ျဖစ္သြားလိမ့္မယ္။ တစ္ခါတစ္ေလ ကိုယ့္စကားကို မင္းအၿမဲနားေထာင္ရင္ သိပ္ေကာင္းမွာပဲလို႔ ေတြးမိတယ္ "

" ကိုရံအေတြးလြန္ေနပါၿပီ ကြၽန္ေတာ္ကဒီပုံစံအတိုင္းေလးဘဲ ဆက္ေနခ်င္ေသးလို႔ပါ။ ျဖစ္နိုင္ရင္ အခ်ိန္ေတြကို ခဏေလာက္ရပ္တန႔္ထားခ်င္တယ္။ ကြၽန္ေတာ္ လြတ္လြတ္လပ္လပ္ အပန္းမေျဖရတာ အေတာ့္ကိုၾကာေနၿပီ "

" ဆင့္ ကိုယ္ေျပာတာကို ေသခ်ာနားေထာင္ေနာ္ ဒီစကားကိုၾကားၿပီး မင္းကိုယ့္ကိုမုန္းမသြားဖို႔ေတာ့ ေမွ်ာ္လင့္မိတယ္ "

ထိုခ်ိန္ကျပဒါးရံမွာ ပုံမွန္ထက္အေလးအနက္ထားခဲ့ၿပီး သူ၏ပုလဲနက္ေရာင္ မ်က္ဝန္းတို႔က တိမ္ယံဆင့္၏ အညိုေဖ်ာ့သန္းေနေသာ မ်က္ဝန္းတို႔ကို စိုက္ၾကည့္ကာ ပါးလႊာေသာႏႈတ္ခမ္းသားက သူ၏တစ္ဘဝလုံးကို ပုံအပ္ထားသည့္ႏွယ္ စာတစ္ေၾကာင္းကို ထုတ္ေျပာလာခဲ့သည္။

" ဆင့္ ကိုယ္မင္းကို....."

" ဝွီး......ဝွီး...... "

ျပဒါးရံ၏ ေနာက္ထပ္ထြက္က်လာေသာ စကားတို႔သည္ တိမ္ယံဆင့္ဆီမေရာက္မီ ေသးငယ္လွေသာအကြာအေဝးၾကား ေလေျပတစ္ခုထံမွာ တိုက္စားသယ္ေဆာင္ျခင္း ခံသြားရသည့္အတြက္ ၿပိဳပ်က္လြင့္ပ်ယ္သြားရေလသည္။ ေလေျပကသူတို႔ႏွစ္ဦးၾကား ေမႊေႏွာက္က်ီစယ္ျခင္း ၿပီးသြားသည့္အခါတြင္ ျပဒါးရံတစ္ေယာက္ ဆင့္ကိုၿပံးျပေနခဲ့ၿပီး ထိုစာသားကိုထပ္ေျပာရန္ အစီအစဥ္မရွိေတာ့သည္မွာ ေသခ်ာေနခဲ့သည္။ အျမင္အာ႐ုံဟာ အဖုံးလႊမ္းခံလိုက္ၿပီး ျပန္လည္ၾကည္လင္လာသည့္အခိုက္တြင္ ျပဒါးရံတစ္ေယာက္ တိမ္ယံဆင့္၏ ေမးခြန္းအတြက္ အေျဖျပန္ေပးရန္ အသင့္ရွိေနခဲ့သည္။

" အခ်ိဳ႕စကားေတြက တစ္ခါပဲေျပာခြင့္ရွိတယ္ "

" ကြၽန္ေတာ္ေမးတာကိုေျဖ "

" ကိုယ္ေသာက္မယ္ "

ဆင့္ အမွန္တစ္ကယ္ကို သိခ်င္လွေပသည္။ ထိုခ်ိန္ကျပဒါးရံ အေလးအနက္ထားကာ ေျပာခဲ့ေသာစကားတို႔မွာ ဘယ္လိုမ်ိဳးလဲဆိုတာ သူအမွန္တစ္ကယ္သိခ်င္လွသည္။ သို႔ေသာ္ထိုသူဟာ ယခုအခါတြင္ေတာ့ ထုတ္ေျပာရန္ျငင္းဆန္ေနဆဲပင္။ မသိလွ်င္ ဖြင့္ေျပာလိုက္ပါက အရာအားလုံး လက္လႊတ္ဆုံးရႈံး ရေတာ့မည့္အလား။ ထိုအခ်ိန္ကတိုက္ခတ္ခဲ့ေသာ ေလကိုလည္း သူအလြန္အျပစ္တင္မိသည္။ အခြင့္အေရးကိုအသုံးခ်ခ်က္ ေမးျမန္းခဲ့ေသာ္လည္း ေျဖရန္ျငင္းဆိုေနသည့္ ျပဒါးရံေၾကာင့္ ထိုစကားကို သူေနာက္တစ္ခါ ဘယ္ေတာ့မွ ထပ္ၾကားခြင့္မရွိမွာေတာင္ ဆင့္သံသယဝင္မိသည္။ အမွန္တစ္ကယ္ကိုပင္ ထိုေန႕က ျပဒါးရံဘာကိုေျပာခဲ့ပါသနည္း။

Continue Reading

You'll Also Like

30.4K 5.9K 26
"تەنها خۆشەویستی بەم جۆرە ئازاری هەیە" " وشەی 'سارد' بەرامبەر جۆنگ هۆسۆک کەمە بۆ پێناسەکردنی هەستەکانی" درۆیـــــ یــــەکـــیــ نـــیـــســـانــ ↓ـ د...
236K 27.2K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
47.2K 2K 30
​သေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်​သန်​​စေခဲ့တဲ့ မင်းမျက်​ဝန်း လှလှ​လေး​တွေကို ကိုယ်​ချစ်​တယ်​ လွှမ်း..... ဒါ​ပေမယ့် အဲဒီမျက်​ဝန်းကို မြင်​တို...
40.7K 866 11
ဒီရေနဲ့ Rhyme တို့ရဲ့marriage life လေးကိုသီးသန့်ပြောပြပေးမှာဖြစ်ပါတယ် ။ ကကလေး ဘယ်လိုရောက်လာတယ် ဘယ်လိုဒုက္ခတွေကြုံရတယ် ဆိုတာ တွေ့ရမှာဖြစ်ပါတယ် 😁🙆