ရှီရှန်း (႐ွီ႐ွန္း) Book 2...

By Hanpandora

817K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 10.34

2.7K 443 5
By Hanpandora

Unicode

BHA ဌာနချုပ်ရဲ့ အစည်းအဝေးခန်းမမှာ အရေးကြီးအဖွဲ့ဝင်တွေအားလုံး စုဝေးနေကြတယ်

တုကျွယ်က အဖွဲ့ခေါင်းဆောင်နေရာမှာ ထိုင်နေပြီး သူ့အနောက်က screenမှာတော့ စီမံကိန်းတစ်ခုကို liveလွှင့်ပြသနေတယ်..

လူတိုင်းက အသက်ဖြောင့်ဖြောင့် မရှူနိုင်ဘဲနဲ့   screenကိုပဲ မျက်ကစိဒေါက်ထောက်ကြည့်နေကြတယ်..ဒါပေမယ့် မကြာခင်မှာပဲ သူတို့ မျက်နှာတွေပေါ်မှာ  စိတ်ပျက်သွားတဲ့ အမူအရာတွေ ပေါ်လာကြတယ်...

"မစ္စတာတု..စီမံကိန်းက ကျဆုံးသွားပါတယ်.." သုတေသနခန်းထဲက အဖွဲ့သားတစ်ယောက်က သတင်းပို့လာတယ် တုကျွယ်က  မဲမှောင်နေတဲ့ အမူအရာနဲ့ သူသဘောပေါက်ကြောင်း အကြောင်းပြန်လိုက်တယ်

"အဖွဲ့ခေါင်းဆောင်..ကျွန်တော်တို့ လက်လျှော့လိုက်တာ ကောင်းမယ်ထင်တယ်..အခုတလော သူတို့တွေ စုံစမ်းလာကြပြီဗျ.." တကယ်လို့ ဒီကိစ္စသာပေါ်သွားရင် သူတို့တွေအကုန်လုံး ငါးပါးမှောက်လိမ့်မယ်....

"အဖြေကို သာမန်ဗန်ပိုင်းယားတွေကနေ ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး..အဲ့လိုဆိုပြီး သွေးသန့်ဗန်ပိုင်းယားတွေကို သွားဖမ်းလို့လည်း မရတော့ဘူး..အဖွဲ့ခေါင်းဆောင်..စီမံကိန်းကို လက်လျှော့လိုက်ဖို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်.."

"မင်းတို့အကုန်လုံး သွားတော့.." တုကျွယ်က ဘာအဖြေမှ ပြန်မပေးဘဲ သူတို့အကုန်လုံးကို အစည်းအဝေးခန်းထဲကနေ မောင်းထုတ်လိုက်တယ်

"အဖွဲ့ခေါင်းဆောင်..တစ်ယောက်ယောက်က ခေါင်းဆောင်ကို တွေ့ချင်တယ်လို့ ပြောနေပါတယ်.." အဖွဲ့သား တစ်ယောက်က သူ့ကို လာအကြောင်းကြားတယ်

"ငါ့ကိုတွေ့ချင်တယ်?..ဘယ်သူတဲ့လဲ.."

"မသိဘူးဗျ..သူ့ကြည့်ရတာတော့ အတော်ငယ်သေးတဲ့ပုံပဲ.."

တုကျွယ်က မျက်မှောင်ကျုတ်လိုက်တယ်

"ငါသိပြီ.."တုကျွယ်ကအစည်းဝေးခန်းထဲကနေထထွက်သွားပြီး ဧည့်တွေ့ခန်းကိုသွားလိုက်တယ်

လယ်သာဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူကိုတွေ့တော့ သူ့အကြည့်တွေ ကျဉ်းမြောင်းသွားတယ်

တံခါးဖွင့်လိုက်တဲ့အသံကိုကြားတော့ အမျိုးသားက ခေါင်းမော့ကြည့်တယ် မိန်းမဆန်တဲ့ မျက်နှာခပ်ချောချောမှာ အပြုံးတစ်ခုရှိနေတယ် " မစ္စတာ တု.."

တုကျွယ်က မျက်မှန်ကို ပင့်တင်လိုက်တယ် "ငါ့ကို ဘာလို့ရှာတာလဲ.."

သူက ဒီလူကို ဗန်ပိုင်းယားနယ်မြေထဲမှာတုန်းကတွေ့ဖူးပေမယ့် သူ့အကြောင်းကို သေချာမသိထားဘူး...သူက Rose Academyကကျောင်းသား စုန့်ကော်စန်းပဲ....ဒီလူက သူ့ကို မီနိုင်းရဲ့သတင်းကို တစ်ခါပေးဖူးတယ်..ဒါပေမယ့် တုကျွယ်က သူ့ကို ဗန်ပိုင်းယားမှန်း မသိခဲ့ဘူး...

'ကောင်းကောင်းဖုံးကွယ်ထားလို့ ငါတောင် သတိမထားမိလိုက်ဘူး...'

"မစ္စတာတုဆီမှာကျွန်တော်လိုချင်တာတစ်ခုခုရှိနေလို့ပေါ့.."စုန့်ကော်စန်းက ပြုံးလိုက်တယ် "ခင်ဗျား အသဲအသန်လိုချင်နေတဲ့ သုတေသနကုန်ကြမ်းကို ကျွန်တော်ပေးနိုင်တယ်..ဘယ်လိုလဲ..မစ္စတာတု..အပေးအယူကို စဉ်းစားကြည့်ချင်လား.."

တုကျွယ်က ရှုံးနိမ့်သွားတဲ့ စီမံကိန်းကြောင့် သိပ်ပြီး စိတ်အခြေအနေမကောင်းဘူး 'တကယ်လို့ ငါသာ သွေးသန့်ဗန်ပိုင်းယားတွေ ဖမ်းနိုင်မယ်ဆိုရင်....'

"မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ.." တုကျွယ်က အပေးအယူကသာ သူတတ်နိုင်တာမျိုးဆိုရင် တစ်ခါတည်းသဘောတူလိုက်မယ်လို့ တွေးထားတယ်...

"မပူပါနဲ့..ကျွန်တော်က အကူအညီသေးသေးလေးပဲလိုချင်တာပါ..ခင်ဗျားတတ်နိုင်တာမျိုးပေါ့.."

တုကျွယ်က စုန့်ကော်စန်းရဲ့ အပေးအယူကို နားထောင်ပြီးတဲ့နောက်မှာ ခနစဉ်းစားပြီးပြန်ဖြေလိုက်တယ် "ငါတွေးကြည့်ပါ့မယ်.."

"ဒါဆိုရင် ကျွန်တော် သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်.."

...............

ဒါပေမယ့် စုန့်ကော်စန်းက တုကျွယ်ဆီကနေ ဘာသတင်းမှ ပြန်မကြားရဘဲBHA ဌာနချုပ် ဗုံးခွဲခံလိုက်ရတယ်ဆိုတဲ့ သတင်းကိုသာ အစားထိုးသိလိုက်ရတယ်

တုကျွယ်က ကိုမာဝင်နေပြီး သေရေးရှင်ရေးလုနေရတဲ့ ဘဝကိုရောက်နေတယ်  ..

ကံကောင်းစွာနဲ့ပဲ အဲ့နေ့မှာ အရေးကြီးအဖွဲ့ဝင်တော်တော်များများက ဌာနချုပ်မှာ ရှိမနေဘူး..ဒါပေမယ့် သူတို့တွေ အဆောက်အဦကို ရှင်းလင်းတဲ့အချိန်မှာ မြေအောက်ခန်းမှာရှိနေတဲ့ လျှို့ဝှက်သုတေသနခန်းကို တွေ့သွားကြတယ် ထိတ်လန့်စရာကောင်းစွာနဲ့ပဲ တုကျွယ်က လူသားတွေနဲ့ ဗန်ပိုင်းယားတွေကို သုတေသနလုပ်နေမှန်းသိလိုက်ရတယ်..အဲ့ဒါက တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့ သုတေသနအမျိုးအစားဖြစ်တယ်..

BHAက ကိစ္စကို ထဲထဲဝင်ဝင်စုံစမ်းလာပြီး တာဝန်ရှိသူတွေနဲ့ ပါဝင်ပက်သတ်သူတွေအားလုံး အဖမ်းဆီးခံကြရတယ်..

BHAမှာ ဗန်ပိုင်းယားအဖွဲ့ဝင်တွေလည်းရှိတာကြောင့် ဒီကိစ္စကိုသိသိချင်း သူတို့မျိုးနွယ်ကို လှမ်းသတင်းပို့ကြတော့တယ်

ဗန်ပိုင်းယားတွေက ဗန်ပိုင်းယားမုဆိုးတွေ ဆီကနေ ဖြေရှင်းချက်တောင်းနေကြတယ်..ဒီကိစ္စမှာ ဗန်ပိုင်းယားတွေက နစ်နာသူတွေဖြစ်ပြီး လူသားတွေက ပြစ်မှုကျူးလွန်ထားတာဖြစ်လို့ သူတို့လည်း ဘာမှပြန်ဖြေရှင်းလို့မရဖြစ်နေတယ်

ပြီးတော့ အဓိက တရားခံကလည်း ကိုမာဝင်နေတော့ သူတို့က ကိစ္စကို ဘယ်သူ့ဆီ ပုံချရမှန်းမသိကြတော့ဘူး.. သူတို့က ဗန်ပိုင်းယားတွေကို စကားနဲ့ပဲ ချွေးသိပ်နေကြရတယ်

ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ ကိစ္စကြီးကို ဘယ်လိုလုပ်ပြီး လွယ်လွယ်လေး ကျော်သွားလို့ရမလဲ...  မျိုးနွယ်စုနှစ်ဖက်က စစ်ပွဲစလုဆဲဆဲဖြစ်နေကြပြီ...

ကိစ္စတစ်ခုလုံးရဲ့နောက်ကွယ်က တရားခံ ရှီရှန်းကလည်း ဗန်ပိုင်းယားမုဆိုးတွေကို ပိုပိုပြီး အခက်တွေ့ရအောင်လုပ်နေတယ်..သိပ်မကြာခင်မှာပဲ BHAပြိုလဲသွားပြီး သူတို့ရဲ့ စည်းမျဉ်းတွေကလည်း သုံးစားလို့မရတော့ဘူး...

နှစ်တစ်ရာငြိမ်းချမ်းရေးအပြီးမှာ စစ်ပွဲကန်လန့်ကာက မြှင့်တင်စပြုလာပြီး ကမ္ဘာအနှံ့မှာ လူသေဆုံးမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားလာတယ်

အစိုးရရဲ့ အထူးတပ်ဖွဲ့က မျိုးနွယ်စု နှစ်ခုကြားမှာ ညှိနှိုင်းဖို့ကြိုးစားပေမယ့် ဗန်ပိုင်းယားတွေက နစ်နာခဲ့ရတဲ့သက်သေပေါင်းများစွာကို ချပြလာတော့ သူတို့လည်း ဘာပြောရမှန်းမသိကြတော့ဘူး...

သူတို့မျိုးနွယ်စုကို အဲ့လိုနှိပ်စက်ခံထားရမှတော့ ဗန်ပိုင်းယားတွေ စိတ်မဆိုးဘူးဆိုရင်တောင် ထူးဆန်းနေလိမ့်အုံးမယ်...

ကိစ္စက ပိုပိုပြီး ရှုပ်ထွေးလာတယ်

အထူးအဖွဲ့က ဗန်ပိုင်းယားတွေဆီသွားပြီး ဘုရင်မနဲ့တွေ့ခွင့်ပေးဖို့ တောင်းဆိုကြည့်ကြတယ်..အံ့ဩစရာကောင်းစွာပဲ ဗန်ပိုင်းယားတွေကလည်း သူတို့တောင် ဘုရင်မဘယ်ရောက်နေမှန်းမသိတာကြောင့်  တွေ့ချင်ရင် ကိုယ့်ဘာသာကိုယ်သွားရှာဖို့ ပြောလွှတ်လိုက်ကြတယ်...

................

ရှီရှန်းတို့ပြန်ရောက်တော့ နယ်မြေက အရင်ကထပ်တောင်ပိုပြီး ခြောက်ကပ်လာတယ် ဗန်ပိုင်းယားအတော်များများက အပြင်ထွက်ပြီးအစာရှာတဲ့သူကရှာ..ကျန်တဲ့သူတွေကလည်း စစ်ပွဲအတွက်ပြင်ဆင်တဲ့သူကပြင်ဆင်နဲ့ ဖြစ်ကုန်ကြပြီ...

ရှီရှန်းပြန်ရောက်လာတာကိုမြင်တော့ အိမ်တော်ထိန်းက ပျော်လွန်းလို့ ငိုတောင်ငိုတယ်

"အရှင်မ...နောက်ဆုံးတော့ ပြန်လာပြီပေါ့..အရှင်ရှီရင်း..." ရှီရင်းကို မြင်တာနဲ့ အိမ်တော်ထိန်းက ခေါင်းငုံ့သွားတယ်..

"အင်း..ဘာတွေဖြစ်နေကြပြီလဲ.." ရှီရှန်းက ရဲတိုက်ထဲကို အေးအေးဆေးဆေးလျှောက်ဝင်သွားတယ်

"ဗန်ပိုင်းယားတွေနဲ့ လူသားတွေ.."

"အဲ့အကြောင်း ကျွန်မသိတယ်..ပြောမနေနဲ့တော့.." ရှီရှန်းက မြန်မြန်ဖြတ်ပြောလိုက်တယ်

အိမ်တော်ထိန်းက ခနလောက်ကြောင်သွားပေမယ့် ဧကရီနဲ့ အရှင်ရှီရင်းတို့က လူ့လောကထဲက ပြန်လာကြတာဖြစ်လို့ ဒီကိစ္စကို သိနေတာ သဘာဝကျတယ်လို့တွေးလိုက်တယ်..

"တခြားဘာတွေ ထူးသေးတလဲ.."

"ဟုတ်..အရှင်မထွက်သွားပြီးတော့.."

အိမ်တော်ထိန်းက သူမ မရှိတုန်းဖြစ်ခဲ့တဲ့ ကြီးကြီးမားမား ကိစ္စတွေအကုန်လုံးကို အတိုချုံးပြီး ပြောပြလိုက်တယ်

ရှီရှန်းက မင်းသားတွေဆီကနေ ဘယ်တုန်းကမှ အာဏာပြန်မသိမ်းခဲ့တာကြောင့် နယ်မြေက သိပ်ပြီးတော့ ကသောင်းကနင်းမဖြစ်ဘူး..ဒါပေမယ့် သူမ မထင်ထားတာက မင်းသားတွေက သူတို့ အာဏာကို အခြားသူဆီ စိတ်လိုလက်ရသွားအပ်လိုက်ကြတာကိုပဲ...ပြီးတော့ သူတို့ အာဏာသွားအပ်တဲ့သူက သူတော်စင်အမျိုးသမီး အိုက်ဝေကလွဲရင် အခြားဘယ်သူဖြစ်ရအုံးမှာလဲ

'ဇာတ်လိုက်မက ဘယ်တုန်းက ဒီလောက်ထိ ဉာဏ်ရှိသွားတာလဲ..'

အဲ့အချိန်မှာပဲ တစ်ယောက်ယောက်က သူမကို အိုက်ဝေဆီသွားတွေ့ဖို့ လာအကြောင်းကြားတယ် ..ဟုတ်တယ်..အမှန်ပဲ..မင်းတို့ ဖတ်လိုက်တာ မမှားဘူး..သူတို့က သူတို့ဘုရင်မကို သူတော်စင်အမျိုးသမီးဆီ သွားတွေ့ခိုင်းနေကြတာ...

'ကောင်းပြီလေ..ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေတယ်ပေါ့..ငါထွက်သွားတာမှ မကြာသေးဘူး..နင်က ငါ့နေရာကို လောဘတက်နေပြီ...'

"အရှင်မ..သူတော်စင်အမျိုးသမီးက ဒီည သူမဆီလာတွေ့ဖို့.."

ရှီရှန်းက အဲ့ဒီသူကို စကားဆုံးအောင် ပြောခွင့်မပေးဘဲ စားပွဲပေါ်က ပန်းအိုးနဲ့ပစ်ပေါက်လိုက်တယ် "ငါအုပ်ချုပ်နေတာမဟုတ်ဘူးဆိုတာနဲ့ပဲ မင်းတို့က စည်းမျဉ်းစည်းကမ်းကို မသိတော့ဘူးပေါ့..ဟုတ်လား.."

အစေခံက ကြောက်ရွံ့ထိတ်လန့်စွာနဲ့ ဒူးထောက်ချလိုက်တယ်..ပန်းအိုးနဲ့အပေါက်ခံရတာသိပ်မနာပေမယ့် ရှီရှန်းရဲ့ အရှိန်အဝါကြောင့် သူ့ကို တစ်ကိုယ်လုံးတုန်ရီနေစေတယ် အဲ့ဒီအခါမှပဲ သူ့အရှေ့မှာ ရှီနေတဲ့ အမျိုးသမီးကသာ သူတို့ရဲ့ ဧကရီအစစ်ဆိုတာ ပြန်သတိဝင်သွားတယ်

"အရှင်မ..ကျေးဇူးပြပြီး စိတ်မဆိုးပါနဲ့..ကျွန်တော်က အမိန့်အတိုင်းလိုက်နာရရုံပါ.." အစေခံကကြောက်လန့်စွာပြောတယ်

"ကောင်းလိုက်တဲ့ အမိန့်ကိုလိုက်နာတာပါလား.." ရှီရှန်းက အေးစက်စွာပြုံးလိုက်တယ်"အခုချက်ချင်းအိုက်ဝေကိုသွားပြောလိုက်..ငါ့ကိုတွေ့ချင်တယ်ဆိုရင် သူကိုယ်တိုင် ဖင်ကိုကြွပြီး ငါ့နန်းဆောင်ကို လာခစားစမ်းလို့..ပြီးရင် ကိုယ့်နေရာကိုယ်မမေ့ပါနဲ့ ဆိုတာရယ် အဲ့ဒီနေရာကိုဘယ်သူပေးထားတယ်ဆိုတာသတိရပါလို့ပါ ပြောလိုက်..အခု ထွက်သွားတော့.."

"ဟုတ်ကဲ့.." အစေခံက တုန်တုန်ရီရီနဲ့ အမြန်ထွက်သွားတယ်

တကယ်တော့ ရှီရှန်းက သူတို့ကို လုံးဝဂရုမစိုက်တာကြောင့် သူတို့အနေနဲ့ အိုက်ဝေကို ပိုလေးစားကြတာက သဘာဝပါပဲ..ရှီရင်းကြောင့်သာ မဟုတ်ရင် အိုက်ဝေက ဘုရင်မဖြစ်နေလောက်ပြီလေ..အဲ့တော့ ရှီရှန်းကို မကျေနပ်ကြတဲ့ ဗန်ပိုင်းယား အရေအတွက်က ခပ်များများပဲ..

ဒီရက်တွေအတွင်းမှာ အိုက်ဝေက သူမကို လူတိုင်းက နာခံနေကြတာကို အကျင့်ပါနေပြီ ဖေးချီရဲ့ထောက်ပံ့မှုကိုပါ ထည့်ပေါင်းလိုက်တော့ အိုက်ဝေက သူမကိုယ်သူမ ဘုရင်မအစစ်မဟုတ်မှန်းမေ့လျော့နေခဲ့တယ်

အစေခံဆီကနေတစ်ဆင့် အမိန့်တော်ကို ကြားလိုက်မှ အဲ့ဒီမိန်းမကသာ ဘုရင်မအစစ်ဆိုတာကို ပြန်သတိရသွားတယ်

အိုက်ဝေက အဝတ်စားလဲပြီး ချပ်ချောချောအမျိုးသားတစ်ယောက်နဲ့အတူ ရှီရှန်းရဲ့ရဲတိုက်ဆီထွက်လာခဲ့တယ်

အိမ်တော်ထိန်းက သူမကို စနစ်တကျ အရိုအသေပေးပြီး ကြိုဆိုတယ် သူ့အပြုအမူက စည်းကမ်းနဲ့ အညီဖြစ်လို့ ဘယ်နားမှာမှ အပြစ်ရှာလို့မရဘူး..တစ်ခုပဲရှိတယ်..သူမ မီနိုင်းရဲ့အရိပ်အယောင်ကို မတွေ့ရဘူး...

"မီ....ဘုရင်မ ဘယ်မှာလဲ.." အိုက်ဝေက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့လည်း သူမရှာနေတဲ့ သူကိုမတွေ့ရလို့ မျက်မှောင်ကျုတ်လိုက်မိတယ်

အိမ်တော်ထိန်းက ပလ္လင်အလွတ်ဘေးမှာ မတ်တပ်ရပ်နေၕရင်း တရိုတသေ ပြန်ဖြေတယ် "ကျေးဇူးပြုပြီး ခနလောက်စောင့်ပါ သူတော်စင်အမျိုးသမီး..ဧကရီ မကြာခင် ကြွလာပါလိမ့်မယ်.."

အိုက်ဝေက သူမဘေးက အမျိုးသားကို ကြည့်လိုက်တော့ သူက စိတ်ရှည်ရှည်ထားဖို့ ဖြောင်းဖြလိုက်တယ်

ဒါပေမယ့် အဲ့ဒီ မကြာခင်က နာရီပေါင်းများစွာသာကြာသွားတယ် မီနိုင်းကပေါ်မလာဘူး..သူမ မေးတိုင်းလည်း အိမ်တော်ထိန်းက "ဧကရီ မကြာခင် ကြွလာပါလိမ့်မယ်.. ကျေးဇူးပြုပြီး ခနလောက်စောင့်ပါ.."လို့ပဲ *တရိုတသေ*ပြောနေတယ်

အိုက်ဝေက စိတ်ထဲကနေ ရှီရှန်းရဲ့ ပုံတူအရုပ်ကို အပ်ပေါင်းများစွာနဲ့ ထပ်ခါထပ်ခါထိုးစိုက်နေတယ် 'ဒီမိန်းမက ငါ့ကို ကစားရဲတယ်..'

.................................

Translated by Dora 💜and Mia💙

Zawgyi

BHA ဌာနခ်ဳပ္ရဲ႕ အစည္းအေဝးခန္းမမွာ အေရးႀကီးအဖြဲ႕ဝင္ေတြအားလုံး စုေဝးေနၾကတယ္

တုကြၽယ္က အဖြဲ႕ေခါင္းေဆာင္ေနရာမွာ ထိုင္ေနၿပီး သူ႕အေနာက္က screenမွာေတာ့ စီမံကိန္းတစ္ခုကို liveလႊင့္ျပသေနတယ္..

လူတိုင္းက အသက္ေျဖာင့္ေျဖာင့္ မ႐ွဴႏိုင္ဘဲနဲ႔   screenကိုပဲ မ်က္ကစိေဒါက္ေထာက္ၾကည့္ေနၾကတယ္..ဒါေပမယ့္ မၾကာခင္မွာပဲ သူတို႔ မ်က္ႏွာေတြေပၚမွာ  စိတ္ပ်က္သြားတဲ့ အမူအရာေတြ ေပၚလာၾကတယ္...

"မစၥတာတု..စီမံကိန္းက က်ဆုံးသြားပါတယ္.." သုေတသနခန္းထဲက အဖြဲ႕သားတစ္ေယာက္က သတင္းပို႔လာတယ္ တုကြၽယ္က  မဲေမွာင္ေနတဲ့ အမူအရာနဲ႔ သူသေဘာေပါက္ေၾကာင္း အေၾကာင္းျပန္လိုက္တယ္

"အဖြဲ႕ေခါင္းေဆာင္..ကြၽန္ေတာ္တို႔ လက္ေလွ်ာ့လိုက္တာ ေကာင္းမယ္ထင္တယ္..အခုတေလာ သူတို႔ေတြ စုံစမ္းလာၾကၿပီဗ်.." တကယ္လို႔ ဒီကိစၥသာေပၚသြားရင္ သူတို႔ေတြအကုန္လုံး ငါးပါးေမွာက္လိမ့္မယ္....

"အေျဖကို သာမန္ဗန္ပိုင္းယားေတြကေန ႐ွာေတြ႕ဖို႔ မျဖစ္ႏိုင္ဘူး..အဲ့လိုဆိုၿပီး ေသြးသန္႔ဗန္ပိုင္းယားေတြကို သြားဖမ္းလို႔လည္း မရေတာ့ဘူး..အဖြဲ႕ေခါင္းေဆာင္..စီမံကိန္းကို လက္ေလွ်ာ့လိုက္ဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုခ်င္ပါတယ္.."

"မင္းတို႔အကုန္လုံး သြားေတာ့.." တုကြၽယ္က ဘာအေျဖမွ ျပန္မေပးဘဲ သူတို႔အကုန္လုံးကို အစည္းအေဝးခန္းထဲကေန ေမာင္းထုတ္လိုက္တယ္

"အဖြဲ႕ေခါင္းေဆာင္..တစ္ေယာက္ေယာက္က ေခါင္းေဆာင္ကို ေတြ႕ခ်င္တယ္လို႔ ေျပာေနပါတယ္.." အဖြဲ႕သား တစ္ေယာက္က သူ႕ကို လာအေၾကာင္းၾကားတယ္

"ငါ့ကိုေတြ႕ခ်င္တယ္?..ဘယ္သူတဲ့လဲ.."

"မသိဘူးဗ်..သူ႕ၾကည့္ရတာေတာ့ အေတာ္ငယ္ေသးတဲ့ပုံပဲ.."

တုကြၽယ္က မ်က္ေမွာင္က်ဳတ္လိုက္တယ္

"ငါသိၿပီ.."တုကြၽယ္ကအစည္းေဝးခန္းထဲကေနထထြက္သြားၿပီး ဧည့္ေတြ႕ခန္းကိုသြားလိုက္တယ္

လယ္သာဆိုဖာေပၚမွာ ထိုင္ေနတဲ့ သူကိုေတြ႕ေတာ့ သူ႕အၾကည့္ေတြ က်ဥ္းေျမာင္းသြားတယ္

တံခါးဖြင့္လိုက္တဲ့အသံကိုၾကားေတာ့ အမ်ိဳးသားက ေခါင္းေမာ့ၾကည့္တယ္ မိန္းမဆန္တဲ့ မ်က္ႏွာခပ္ေခ်ာေခ်ာမွာ အျပဳံးတစ္ခု႐ွိေနတယ္ " မစၥတာ တု.."

တုကြၽယ္က မ်က္မွန္ကို ပင့္တင္လိုက္တယ္ "ငါ့ကို ဘာလို႔႐ွာတာလဲ.."

သူက ဒီလူကို ဗန္ပိုင္းယားနယ္ေျမထဲမွာတုန္းကေတြ႕ဖူးေပမယ့္ သူ႕အေၾကာင္းကို ေသခ်ာမသိထားဘူး...သူက Rose Academyကေက်ာင္းသား စုန္႔ေကာ္စန္းပဲ....ဒီလူက သူ႕ကို မီႏိုင္းရဲ႕သတင္းကို တစ္ခါေပးဖူးတယ္..ဒါေပမယ့္ တုကြၽယ္က သူ႕ကို ဗန္ပိုင္းယားမွန္း မသိခဲ့ဘူး...

'ေကာင္းေကာင္းဖုံးကြယ္ထားလို႔ ငါေတာင္ သတိမထားမိလိုက္ဘူး...'

"မစၥတာတုဆီမွာကြၽန္ေတာ္လိုခ်င္တာတစ္ခုခု႐ွိေနလို႔ေပါ့.."စုန္႔ေကာ္စန္းက ျပဳံးလိုက္တယ္ "ခင္ဗ်ား အသဲအသန္လိုခ်င္ေနတဲ့ သုေတသနကုန္ၾကမ္းကို ကြၽန္ေတာ္ေပးႏိုင္တယ္..ဘယ္လိုလဲ..မစၥတာတု..အေပးအယူကို စဥ္းစားၾကည့္ခ်င္လား.."

တုကြၽယ္က ႐ႈံးနိမ့္သြားတဲ့ စီမံကိန္းေၾကာင့္ သိပ္ၿပီး စိတ္အေျခအေနမေကာင္းဘူး 'တကယ္လို႔ ငါသာ ေသြးသန္႔ဗန္ပိုင္းယားေတြ ဖမ္းႏိုင္မယ္ဆိုရင္....'

"မင္း ငါ့ကို ဘာလုပ္ေစခ်င္တာလဲ.." တုကြၽယ္က အေပးအယူကသာ သူတတ္ႏိုင္တာမ်ိဳးဆိုရင္ တစ္ခါတည္းသေဘာတူလိုက္မယ္လို႔ ေတြးထားတယ္...

"မပူပါနဲ႔..ကြၽန္ေတာ္က အကူအညီေသးေသးေလးပဲလိုခ်င္တာပါ..ခင္ဗ်ားတတ္ႏိုင္တာမ်ိဳးေပါ့.."

တုကြၽယ္က စုန္႔ေကာ္စန္းရဲ႕ အေပးအယူကို နားေထာင္ၿပီးတဲ့ေနာက္မွာ ခနစဥ္းစားၿပီးျပန္ေျဖလိုက္တယ္ "ငါေတြးၾကည့္ပါ့မယ္.."

"ဒါဆိုရင္ ကြၽန္ေတာ္ သတင္းေကာင္းကို ေစာင့္ေမွ်ာ္ေနပါ့မယ္.."

...............

ဒါေပမယ့္ စုန္႔ေကာ္စန္းက တုကြၽယ္ဆီကေန ဘာသတင္းမွ ျပန္မၾကားရဘဲBHA ဌာနခ်ဳပ္ ဗုံးခြဲခံလိုက္ရတယ္ဆိုတဲ့ သတင္းကိုသာ အစားထိုးသိလိုက္ရတယ္

တုကြၽယ္က ကိုမာဝင္ေနၿပီး ေသေရး႐ွင္ေရးလုေနရတဲ့ ဘဝကိုေရာက္ေနတယ္  ..

ကံေကာင္းစြာနဲ႔ပဲ အဲ့ေန႔မွာ အေရးႀကီးအဖြဲ႕ဝင္ေတာ္ေတာ္မ်ားမ်ားက ဌာနခ်ဳပ္မွာ ႐ွိမေနဘူး..ဒါေပမယ့္ သူတို႔ေတြ အေဆာက္အဦကို ႐ွင္းလင္းတဲ့အခ်ိန္မွာ ေျမေအာက္ခန္းမွာ႐ွိေနတဲ့ လွ်ိဳ႕ဝွက္သုေတသနခန္းကို ေတြ႕သြားၾကတယ္ ထိတ္လန္႔စရာေကာင္းစြာနဲ႔ပဲ တုကြၽယ္က လူသားေတြနဲ႔ ဗန္ပိုင္းယားေတြကို သုေတသနလုပ္ေနမွန္းသိလိုက္ရတယ္..အဲ့ဒါက တင္းတင္းၾကပ္ၾကပ္တားျမစ္ထားတဲ့ သုေတသနအမ်ိဳးအစားျဖစ္တယ္..

BHAက ကိစၥကို ထဲထဲဝင္ဝင္စုံစမ္းလာၿပီး တာဝန္႐ွိသူေတြနဲ႔ ပါဝင္ပက္သတ္သူေတြအားလုံး အဖမ္းဆီးခံၾကရတယ္..

BHAမွာ ဗန္ပိုင္းယားအဖြဲ႕ဝင္ေတြလည္း႐ွိတာေၾကာင့္ ဒီကိစၥကိုသိသိခ်င္း သူတို႔မ်ိဳးႏြယ္ကို လွမ္းသတင္းပို႔ၾကေတာ့တယ္

ဗန္ပိုင္းယားေတြက ဗန္ပိုင္းယားမုဆိုးေတြ ဆီကေန ေျဖ႐ွင္းခ်က္ေတာင္းေနၾကတယ္..ဒီကိစၥမွာ ဗန္ပိုင္းယားေတြက နစ္နာသူေတြျဖစ္ၿပီး လူသားေတြက ျပစ္မႈက်ဴးလြန္ထားတာျဖစ္လို႔ သူတို႔လည္း ဘာမွျပန္ေျဖ႐ွင္းလို႔မရျဖစ္ေနတယ္

ၿပီးေတာ့ အဓိက တရားခံကလည္း ကိုမာဝင္ေနေတာ့ သူတို႔က ကိစၥကို ဘယ္သူ႕ဆီ ပုံခ်ရမွန္းမသိၾကေတာ့ဘူး.. သူတို႔က ဗန္ပိုင္းယားေတြကို စကားနဲ႔ပဲ ေခြၽးသိပ္ေနၾကရတယ္

ဒါေပမယ့္ ဒီေလာက္ႀကီးမားတဲ့ ကိစၥႀကီးကို ဘယ္လိုလုပ္ၿပီး လြယ္လြယ္ေလး ေက်ာ္သြားလို႔ရမလဲ...  မ်ိဳးႏြယ္စုႏွစ္ဖက္က စစ္ပြဲစလုဆဲဆဲျဖစ္ေနၾကၿပီ...

ကိစၥတစ္ခုလုံးရဲ႕ေနာက္ကြယ္က တရားခံ ႐ွီ႐ွန္းကလည္း ဗန္ပိုင္းယားမုဆိုးေတြကို ပိုပိုၿပီး အခက္ေတြ႕ရေအာင္လုပ္ေနတယ္..သိပ္မၾကာခင္မွာပဲ BHAၿပိဳလဲသြားၿပီး သူတို႔ရဲ႕ စည္းမ်ဥ္းေတြကလည္း သုံးစားလို႔မရေတာ့ဘူး...

ႏွစ္တစ္ရာၿငိမ္းခ်မ္းေရးအၿပီးမွာ စစ္ပြဲကန္လန္႔ကာက ျမႇင့္တင္စျပဳလာၿပီး ကမ႓ာအႏွံ႔မွာ လူေသဆုံးမႈေတြ ဆက္တိုက္ဆိုသလိုျဖစ္ပြားလာတယ္

အစိုးရရဲ႕ အထူးတပ္ဖြဲ႕က မ်ိဳးႏြယ္စု ႏွစ္ခုၾကားမွာ ညႇိႏိႈင္းဖို႔ႀကိဳးစားေပမယ့္ ဗန္ပိုင္းယားေတြက နစ္နာခဲ့ရတဲ့သက္ေသေပါင္းမ်ားစြာကို ခ်ျပလာေတာ့ သူတို႔လည္း ဘာေျပာရမွန္းမသိၾကေတာ့ဘူး...

သူတို႔မ်ိဳးႏြယ္စုကို အဲ့လိုႏွိပ္စက္ခံထားရမွေတာ့ ဗန္ပိုင္းယားေတြ စိတ္မဆိုးဘူးဆိုရင္ေတာင္ ထူးဆန္းေနလိမ့္အုံးမယ္...

ကိစၥက ပိုပိုၿပီး ႐ႈပ္ေထြးလာတယ္

အထူးအဖြဲ႕က ဗန္ပိုင္းယားေတြဆီသြားၿပီး ဘုရင္မနဲ႔ေတြ႕ခြင့္ေပးဖို႔ ေတာင္းဆိုၾကည့္ၾကတယ္..အံ့ဩစရာေကာင္းစြာပဲ ဗန္ပိုင္းယားေတြကလည္း သူတို႔ေတာင္ ဘုရင္မဘယ္ေရာက္ေနမွန္းမသိတာေၾကာင့္  ေတြ႕ခ်င္ရင္ ကိုယ့္ဘာသာကိုယ္သြား႐ွာဖို႔ ေျပာလႊတ္လိုက္ၾကတယ္...

................
႐ွီ႐ွန္းတို႔ျပန္ေရာက္ေတာ့ နယ္ေျမက အရင္ကထပ္ေတာင္ပိုၿပီး ေျခာက္ကပ္လာတယ္ ဗန္ပိုင္းယားအေတာ္မ်ားမ်ားက အျပင္ထြက္ၿပီးအစာ႐ွာတဲ့သူက႐ွာ..က်န္တဲ့သူေတြကလည္း စစ္ပြဲအတြက္ျပင္ဆင္တဲ့သူကျပင္ဆင္နဲ႔ ျဖစ္ကုန္ၾကၿပီ...

႐ွီ႐ွန္းျပန္ေရာက္လာတာကိုျမင္ေတာ့ အိမ္ေတာ္ထိန္းက ေပ်ာ္လြန္းလို႔ ငိုေတာင္ငိုတယ္

"အ႐ွင္မ...ေနာက္ဆုံးေတာ့ ျပန္လာၿပီေပါ့..အ႐ွင္႐ွီရင္း..." ႐ွီရင္းကို ျမင္တာနဲ႔ အိမ္ေတာ္ထိန္းက ေခါင္းငုံ႔သြားတယ္..

"အင္း..ဘာေတြျဖစ္ေနၾကၿပီလဲ.." ႐ွီ႐ွန္းက ရဲတိုက္ထဲကို ေအးေအးေဆးေဆးေလွ်ာက္ဝင္သြားတယ္

"ဗန္ပိုင္းယားေတြနဲ႔ လူသားေတြ.."

"အဲ့အေၾကာင္း ကြၽန္မသိတယ္..ေျပာမေနနဲ႔ေတာ့.." ႐ွီ႐ွန္းက ျမန္ျမန္ျဖတ္ေျပာလိုက္တယ္

အိမ္ေတာ္ထိန္းက ခနေလာက္ေၾကာင္သြားေပမယ့္ ဧကရီနဲ႔ အ႐ွင္႐ွီရင္းတို႔က လူ႕ေလာကထဲက ျပန္လာၾကတာျဖစ္လို႔ ဒီကိစၥကို သိေနတာ သဘာဝက်တယ္လို႔ေတြးလိုက္တယ္..

"တျခားဘာေတြ ထူးေသးတလဲ.."

"ဟုတ္..အ႐ွင္မထြက္သြားၿပီးေတာ့.."

အိမ္ေတာ္ထိန္းက သူမ မ႐ွိတုန္းျဖစ္ခဲ့တဲ့ ႀကီးႀကီးမားမား ကိစၥေတြအကုန္လုံးကို အတိုခ်ံဳးၿပီး ေျပာျပလိုက္တယ္

႐ွီ႐ွန္းက မင္းသားေတြဆီကေန ဘယ္တုန္းကမွ အာဏာျပန္မသိမ္းခဲ့တာေၾကာင့္ နယ္ေျမက သိပ္ၿပီးေတာ့ ကေသာင္းကနင္းမျဖစ္ဘူး..ဒါေပမယ့္ သူမ မထင္ထားတာက မင္းသားေတြက သူတို႔ အာဏာကို အျခားသူဆီ စိတ္လိုလက္ရသြားအပ္လိုက္ၾကတာကိုပဲ...ၿပီးေတာ့ သူတို႔ အာဏာသြားအပ္တဲ့သူက သူေတာ္စင္အမ်ိဳးသမီး အိုက္ေဝကလြဲရင္ အျခားဘယ္သူျဖစ္ရအုံးမွာလဲ

'ဇာတ္လိုက္မက ဘယ္တုန္းက ဒီေလာက္ထိ ဉာဏ္႐ွိသြားတာလဲ..'

အဲ့အခ်ိန္မွာပဲ တစ္ေယာက္ေယာက္က သူမကို အိုက္ေဝဆီသြားေတြ႕ဖို႔ လာအေၾကာင္းၾကားတယ္ ..ဟုတ္တယ္..အမွန္ပဲ..မင္းတို႔ ဖတ္လိုက္တာ မမွားဘူး..သူတို႔က သူတို႔ဘုရင္မကို သူေတာ္စင္အမ်ိဳးသမီးဆီ သြားေတြ႕ခိုင္းေနၾကတာ...

'ေကာင္းၿပီေလ..ကိုယ့္ကိုယ္ကို သိပ္အထင္ႀကီးေနတယ္ေပါ့..ငါထြက္သြားတာမွ မၾကာေသးဘူး..နင္က ငါ့ေနရာကို ေလာဘတက္ေနၿပီ...'

"အ႐ွင္မ..သူေတာ္စင္အမ်ိဳးသမီးက ဒီည သူမဆီလာေတြ႕ဖို႔.."

႐ွီ႐ွန္းက အဲ့ဒီသူကို စကားဆုံးေအာင္ ေျပာခြင့္မေပးဘဲ စားပြဲေပၚက ပန္းအိုးနဲ႔ပစ္ေပါက္လိုက္တယ္ "ငါအုပ္ခ်ဳပ္ေနတာမဟုတ္ဘူးဆိုတာနဲ႔ပဲ မင္းတို႔က စည္းမ်ဥ္းစည္းကမ္းကို မသိေတာ့ဘူးေပါ့..ဟုတ္လား.."

အေစခံက ေၾကာက္႐ြံ႕ထိတ္လန္႔စြာနဲ႔ ဒူးေထာက္ခ်လိုက္တယ္..ပန္းအိုးနဲ႔အေပါက္ခံရတာသိပ္မနာေပမယ့္ ႐ွီ႐ွန္းရဲ႕ အ႐ွိန္အဝါေၾကာင့္ သူ႕ကို တစ္ကိုယ္လုံးတုန္ရီေနေစတယ္ အဲ့ဒီအခါမွပဲ သူ႕အေ႐ွ႕မွာ ႐ွီေနတဲ့ အမ်ိဳးသမီးကသာ သူတို႔ရဲ႕ ဧကရီအစစ္ဆိုတာ ျပန္သတိဝင္သြားတယ္

"အ႐ွင္မ..ေက်းဇူးျပၿပီး စိတ္မဆိုးပါနဲ႔..ကြၽန္ေတာ္က အမိန္႔အတိုင္းလိုက္နာရ႐ုံပါ.." အေစခံကေၾကာက္လန္႔စြာေျပာတယ္

"ေကာင္းလိုက္တဲ့ အမိန္႔ကိုလိုက္နာတာပါလား.." ႐ွီ႐ွန္းက ေအးစက္စြာျပဳံးလိုက္တယ္"အခုခ်က္ခ်င္းအိုက္ေဝကိုသြားေျပာလိုက္..ငါ့ကိုေတြ႕ခ်င္တယ္ဆိုရင္ သူကိုယ္တိုင္ ဖင္ကိုႂကြၿပီး ငါ့နန္းေဆာင္ကို လာခစားစမ္းလို႔..ၿပီးရင္ ကိုယ့္ေနရာကိုယ္မေမ့ပါနဲ႔ ဆိုတာရယ္ အဲ့ဒီေနရာကိုဘယ္သူေပးထားတယ္ဆိုတာသတိရပါလို႔ပါ ေျပာလိုက္..အခု ထြက္သြားေတာ့.."

"ဟုတ္ကဲ့.." အေစခံက တုန္တုန္ရီရီနဲ႔ အျမန္ထြက္သြားတယ္

တကယ္ေတာ့ ႐ွီ႐ွန္းက သူတို႔ကို လုံးဝဂ႐ုမစိုက္တာေၾကာင့္ သူတို႔အေနနဲ႔ အိုက္ေဝကို ပိုေလးစားၾကတာက သဘာဝပါပဲ..႐ွီရင္းေၾကာင့္သာ မဟုတ္ရင္ အိုက္ေဝက ဘုရင္မျဖစ္ေနေလာက္ၿပီေလ..အဲ့ေတာ့ ႐ွီ႐ွန္းကို မေက်နပ္ၾကတဲ့ ဗန္ပိုင္းယား အေရအတြက္က ခပ္မ်ားမ်ားပဲ..

ဒီရက္ေတြအတြင္းမွာ အိုက္ေဝက သူမကို လူတိုင္းက နာခံေနၾကတာကို အက်င့္ပါေနၿပီ ေဖးခ်ီရဲ႕ေထာက္ပံ့မႈကိုပါ ထည့္ေပါင္းလိုက္ေတာ့ အိုက္ေဝက သူမကိုယ္သူမ ဘုရင္မအစစ္မဟုတ္မွန္းေမ့ေလ်ာ့ေနခဲ့တယ္

အေစခံဆီကေနတစ္ဆင့္ အမိန္႔ေတာ္ကို ၾကားလိုက္မွ အဲ့ဒီမိန္းမကသာ ဘုရင္မအစစ္ဆိုတာကို ျပန္သတိရသြားတယ္

အိုက္ေဝက အဝတ္စားလဲၿပီး ခ်ပ္ေခ်ာေခ်ာအမ်ိဳးသားတစ္ေယာက္နဲ႔အတူ ႐ွီ႐ွန္းရဲ႕ရဲတိုက္ဆီထြက္လာခဲ့တယ္

အိမ္ေတာ္ထိန္းက သူမကို စနစ္တက် အ႐ိုအေသေပးၿပီး ႀကိဳဆိုတယ္ သူ႕အျပဳအမူက စည္းကမ္းနဲ႔ အညီျဖစ္လို႔ ဘယ္နားမွာမွ အျပစ္႐ွာလို႔မရဘူး..တစ္ခုပဲ႐ွိတယ္..သူမ မီႏိုင္းရဲ႕အရိပ္အေယာင္ကို မေတြ႕ရဘူး...

"မီ....ဘုရင္မ ဘယ္မွာလဲ.." အိုက္ေဝက ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္ေတာ့လည္း သူမ႐ွာေနတဲ့ သူကိုမေတြ႕ရလို႔ မ်က္ေမွာင္က်ဳတ္လိုက္မိတယ္

အိမ္ေတာ္ထိန္းက ပလႅင္အလြတ္ေဘးမွာ မတ္တပ္ရပ္ေနၕရင္း တ႐ိုတေသ ျပန္ေျဖတယ္ "ေက်းဇူးျပဳၿပီး ခနေလာက္ေစာင့္ပါ သူေတာ္စင္အမ်ိဳးသမီး..ဧကရီ မၾကာခင္ ႂကြလာပါလိမ့္မယ္.."

အိုက္ေဝက သူမေဘးက အမ်ိဳးသားကို ၾကည့္လိုက္ေတာ့ သူက စိတ္႐ွည္႐ွည္ထားဖို႔ ေျဖာင္းျဖလိုက္တယ္

ဒါေပမယ့္ အဲ့ဒီ မၾကာခင္က နာရီေပါင္းမ်ားစြာသာၾကာသြားတယ္ မီႏိုင္းကေပၚမလာဘူး..သူမ ေမးတိုင္းလည္း အိမ္ေတာ္ထိန္းက "ဧကရီ မၾကာခင္ ႂကြလာပါလိမ့္မယ္.. ေက်းဇူးျပဳၿပီး ခနေလာက္ေစာင့္ပါ.."လို႔ပဲ *တ႐ိုတေသ*ေျပာေနတယ္

အိုက္ေဝက စိတ္ထဲကေန ႐ွီ႐ွန္းရဲ႕ ပုံတူအ႐ုပ္ကို အပ္ေပါင္းမ်ားစြာနဲ႔ ထပ္ခါထပ္ခါထိုးစိုက္ေနတယ္ 'ဒီမိန္းမက ငါ့ကို ကစားရဲတယ္..'

.................................

Translated by Dora 💜and Mia💙

Continue Reading

You'll Also Like

2.1M 146K 104
Doctor Handsome & Medical Student
26.2K 4.3K 43
جۆنگکوک بۆ چەندین جار لەخەونیدا کچێک دەبینێ و ئاشقی دەبێ بەڕێکەوت هەمان کچ لەگەشتی ژاپۆندا دەبنیێ، کاڤیا و جۆنگکوک ئەکەونە دوای ململانێی نێوان ماف...
853K 107K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
857K 48K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...