แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...
By PannKhattWaiio
365K 57.9K 2.5K
fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More
แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰
แ…
4.9K 925 90
By PannKhattWaiio
အပိုင်း ၅ ဒါက ငါ့ရဲ့ ကြက်ဥကိတ်လေ
ကြယ်ပြာအင်ပါယာ၏ ပထမအဆင့် စစ်တပ်ဌာနချုပ်။
“တပ်ရေးဗိုလ်ကြီးလီ၊ ဗိုလ်ကြီးအတွက် ပါဆယ် ရောက်နေပါတယ်။”
ရုံးခန်း၏ စက်သွယ်ရေးစက်က မြည်လာသည့်အခါ လီခိုင်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“အရမ်းကောင်းတယ်၊ ငါ အဲ့ဒီကို အခုချက်ချင်း ရောက်လာခဲ့မယ်။”
ထို့နောက် သူက ခပ်မြန်မြန်ပင် ရုံးခန်းထဲက ပြေးထွက်သည်။ သူ၏ လမ်းတွင် လူအများအပြားက သူ့ကို နှုတ်ဆက်သည့်တိုင်အောင် သူ ချက်ချင်း အမြန်သာ ပြန်လည်နှုတ်ဆက်ပြီးသည့်နောက် ဓါတ်လှေကားထဲသို့ ဝင်လိုက်သည်။ ထို့နောက် ပထမထပ်သို့ နှိပ်လိုက်လေတော့၏။
လီခိုင်က သည်အင်ပါယာ၏ အငယ်ဆုံးမာရှယ်ဟော်ယွင်ချန်း၏ တပ်ရေးဗိုလ်ကြီး ဖြစ်ပေသည်။ ပြောကြသည်မှာ အရာရှိတွေထဲတွင် အဆင့် ၇ စာရင်းဝင်သည့် ဝန်ကြီး၏ အစောင့်အရှောက်နှင့် အဆင့်တူသည်ဟု ဆိုကြသည်။ သူက မာရှယ်ဟော်၏ တပ်ရေးဗိုလ်ကြီးဖြစ်သည့်တိုင်အောင် သူက ရုံးတွင်းလုပ်ငန်းပိုင်းတွင် တာဝန်ယူရလေပြီး  အလယ်အလတ်အဆင့် အရာရှိတစ်ယောက်လည်း ဖြစ်နေသေးပေ၏။ အခြေစိုက်စခန်းတွင်ဆိုလျှင် သူ၏ အဆင့်အတန်းက မာရှယ်ပြီးလျှင် ဒုတိယအဆင့် လိုက်ပေသည်။
ဓါတ်လှေကားတံခါးက တင်ခနဲအသံနှင့် ပွင့်သွားသည့်အခါ လီခိုင်က ချက်ချင်းပင် ထွက်လိုက်သည်။ ပတ်ဝန်ကျင်းတွင် မည်သူမှ မရှိတော့ပေ။
မည်သို့ပင်ဆိုစေ ပစ္စည်းပို့သည့် ဌာနမှ လူတွေက ဌာနချုပ်ထဲအထိ မဝင်ရဲကြပေ။ ထို့ကြောင့် ဌာနချုပ်မှ ပစ္စည်းအားလုံးကို လက်ခံပေးသည့် လုံခြုံရေးစောင့်ထံတွင်သာ ထားခဲ့ရပေသည်။ သူသည်လည်း ထိုနေရာတွင် သွားယူရမည်ဖြစ်၏။ သူက တည်ငြိမ်စွာဖြင့်ပင် ထိုပစ္စည်းကို သွားယူလိုက်သည်။
လုံခြုံရေးဌာနမှလူတွေမှာ လီခိုင်၏ အေးစက်သော မျက်နှာကို သူတို့၏ တံခါးဝတွင် မြင်လိုက်သည့်အခါ ချက်ချင်းပင် ပစ္စည်းကို ကမ်းပေးလာသည်။ လီခိုင်ဘာမှ မပြောရသေးခင်အချိန်မှာပင် သူတို့က ပြောလာ၏။
“တပ်ရေးဗိုလ်ကြီးလီ  ပစ္စည်းက ဒီမှာပါ။”
“ကျေးဇူးပါပဲ။”
လီခိုင်က ခေါင်းငြိမ့်ပြီးသည့်နောက် သူ့ပါဆယ်ထုပ်နှင့်အတူ ထွက်သွားသည်။
“ငါပဲ အမြင်မှားတာလား၊ တပ်ရေးဗိုလ်ကြီးလီက ပြုံးလိုက်သလားလို့။”
ထိုနေရာရှိ တာဝန်ကျဝန်ထမ်းက ပြောသည်။
“သူ ပစ္စည်းလာယူရင်း ပထမဆုံးအကြိမ် ပြုံးတာကို မြင်ဖူးတာပဲ၊ ကြည့်ရတာ သူ အရမ်းပျော်နေတဲ့ ပုံပဲ၊ သူ့ရဲ့ ရည်းစားဆီကများလား။”
“ရှူး”
ဘေးမှ လုပ်ဖော်ကိုင်ဖက်က ကြောက်လန့်တကြားပြောသည်။ သူက အသင့်အနေအထားဖြင့် လှည့်ကြည့်လိုက်သည့်အခါ တစ်ဖက်သူကို မမြင်ရတော့မှသာ စိတ်ငြိမ်သွား၏။ သူက စိတ်ချမ်းသာသွားကာ ပြောသည်။
“တပ်ရေးဗိုလ်ကြီးရဲ့အခြေအနေကို အတင်းပြောရဲရအောင် မင်းကိုယ်မင်း ဘယ်အဆင့်လို့ ထင်နေတာလဲ၊ မင်းရဲ့အလုပ်ကနေ ထွက်ချင်နေတာလား။”
ထိုသို့ ပြောလိုက်ပြီးနောက် သူကိုယ်တိုင်ပင် အတင်းပြောချင်စိတ်ကို မနည်းဖိနှိမ့်နေရပေ၏။ ထို့နောက် တစ်ဖက်သူ့ကို ပြုံးကာ ပြောလိုက်သည်။
“ဒီပါကင်ပေါ်မှာ ရေးထားတဲ့စာ 'စားစရာ'ဆိုတဲ့ စာအတိုင်းဆိုရင် ဒါက သူ့အိမ်ကနေ လက်တွဲဖော်က ချက်ပေးလိုက်တဲ့ နေ့လည်စာဘူးဖြစ်ရမယ် ဟီး ဟီး။”
လီခိုင်သည် လက်ထဲတွင် ပါကင်ဘူးကို ကိုင်ကာ အေးစက်သည့် မျက်နှာအမူအရာဖြင့် ပြန်တက်သွားလိုက်သည်။ ဒါက ပုံမှန် မျက်နှာသေပင်ဖြစ်၏။ သူ အပြန်လမ်းတွင် တွေ့သည့် အရာရှိတစ်ယောက်က သူက သည်လိုပစ္စည်း ပို့လာသော ပါဆယ် သွားယူပြီး ပြန်တက်လာကြောင်း မြင်လိုက်ရသည်။ ထိုအရာရှိက သူ့မျက်လုံးသူ မယုံကြည်နိုင်တော့ပေ။
လီခိုင်ဆိုသူမှာ အခြားသူတွေနှင့် နီးနီးကပ်ကပ်နေလေ့ရှိသူ မဟုတ်ဘဲ အမြဲတမ်း လေးနက်တည်ငြိမ်စွာသာ နေလေ့ရှိသူ ဖြစ်ပေသည်။ သူ့ကို စစ်တပ်တွင် နှစ်များစွာ တွေ့လာပြီးသည့်နောက် ယခုအချိန်အထိ တစ်ခါမှ သည်လိုအပြင်မှ ပစ္စည်းပို့လာခြင်း၊ လက်ခံခြင်းမျိုး မတွေ့ဖူးသေးပါပေ။
“အို့ မင်းတောင်မှ ပစ္စည်းပို့တာတွေ လက်ခံနေပါလား၊ ဒါက ဘာလဲ။”
ထိုအရာရှိက အလွန်မင်သက်နေသည်။သူက မင်သက်နေရာမှ ရုတ်တရက် ထအော်သည်။
“ဒါက မာရှယ်အတွက် ရောက်လာတဲ့ ပါဆယ်မလား၊ သူ့ရဲ့ ပရိတ်သတ်တွေထဲက ကောင်မလေးတစ်ယောက် ပို့ပေးလိုက်တာ မဟုတ်လား၊ ဒါပေမယ့် မာရှယ်က ဒါတွေကို တစ်ခါမှ လက်မခံခဲ့ပါဘူး ဟုတ်တယ်မလား။”
လီခိုင်က သူ့ကို တစ်ချက်ကြည့်ပြီးသည့်နောက် သူ၏ ပါဆယ်ကို ကိုင်ထားသည့် လက်တွေက တင်းကြပ်သွားသည်။
“ဒါက ငါ့ဟာ ငါ့ အိမ်မှာ ဖိုင်တွေကျန်ခဲ့လို့ အိမ်ကနေ စမတ်အိမ်တော်ထိန်းက ပို့ပေးလိုက်တာ။”
ဓါတ်လှေကားတံခါး ပွင့်သွားကာ သူက ထိုသူကို ခပ်မြန်မြန်နှုတ်ဆက်လိုက်သည်။ သူက အထဲသို့ ဝင်သွားပြီးသည့်နောက် စိတ်မရှည်စွာဖြင့် တံခါးပိတ်မည့်အချိန်ကို စောင့်ဆိုင်းနေတော့ပေ၏။
သူ နောက်ဆုံးတစ်ယောက်တည်း ဖြစ်သွားသည့်အချိန်တွင် မနေနိုင်လေဘဲ ထိုပါဆယ်အိတ်လေးကို ဖွင့်ကြည့်လိုက်သည်။ ထိုအခါ ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသော မုန့်ဘူးလေးကိုမြင်ရ၏။ အထဲတွင် ရွှေရောင်ကြက်ဥကိတ်နှင့်အတူ  မွှေးပျံ့ချိုမြိန်သည့်ရနံ့တွေက ပျံ့လွင့်လာတော့ပေသည်။
လီခိုင်ဟာ ဖြတ်လျှောက်အကောင့်နာမည်ဖြင့် ထိုတိုက်ရိုက်ထုတ်လွင့်သည့် အစားအသောက်တင်ဆက်မှုကို ကြည့်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှာပင် သူ တံတွေးအနိုင်နိုင် မြိုချနေခဲ့ရပေ၏။
လက်ရှိ အင်ပါယာ၏အခြေအနေက တည်ငြိမ်နေသည်။ စစ်တပ်တွင်လည်း အချိန်ပိုတွေ ရလာခဲ့၏။ ထို့ကြောင့် လီခိုင်က သူ၏ အားလပ်ချိန်တွင် လျှို့ဝှက်စွာဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ကြည့်တတ်သည့် အကျင့်ကို ရလာခဲ့ပေသည်။
ပုံမှန်အားဖြင့် လီခိုင်က မာရှ့်တွေတိုက်ခိုက်သည့် တိုက်ရိုက်ထုတ်လွှင့်ခြင်းတွေကိုသာ ကြည့်လေ့ရှိပေသည်။ သည်နေ့မှသာ ရီကွန်မန့်ဒေးရှင်းတွင် ပြထားသော အစားအသောက် ပြင်ဆင်ချက်ပြုတ်ပြသည့် တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်တစ်ခုမှ ဗီဒီယိုတစ်ခုကို ကြည့်လိုက်မိခြင်းသာဖြစ်သည်။ သူ လုံးဝ မထင်ထားခဲ့မိသည်မှာ သူ တစ်ခါမှ မမြည်းစမ်းဖူးသည့် စားစရာမှ  အလွန်တရာ ကောင်းမွန်လွန်းသည့် အရသာမျိုးကို ရလိုက်ခြင်းဖြစ်သည်။
သည်ပါဆယ်က မဲပေါက်သည့်သူကို ပေးပို့လာခြင်းဖြစ်ပေသည်။
တင်
ဓါတ်လှေကားတံခါးက ရှစ်လွှာတွင် ရပ်သွားသည်။ လီခိုင်က ဒါကို ဂရုမထားလိုက်ပေ။
ထိုအခါ တံခါးကပွင့်သွားပြီး အရပ်ရှည်ကာ တောင့်တင်းသန်မာသည့် လူတစ်ယောက်က ဝင်လာသည်။
“မာရှယ်ဟော် မင်္ဂလာပါ ဆရာ။”
အနည်းငယ်ပွင့်နေသည့် ဘူးကို ကိုင်ထားသည့် လီခိုင်၏ မျက်နှာအမူအရာက ထိုနီးကပ်လာသည့် ထိုသူကို ကြည့်သည့်အချိန်တွင် လေးစားမှုတွေနှင့် ပြည့်နှက်သွားတော့ပေသည်။ သူက ရိုကျိုးစွာဖြင့် အလေးပြုလိုက်၏။ ထို့နောက် တစ်ဖက်သူ လျှောက်ဝင်လာပြီး ၁၂ ထပ်သို့ ခလုတ်နှိပ်လိုက်ခြင်းကို သေချာကြည့်နေလိုက်သည်။
သူ မနေနိုင်လေဘဲ သည်ဘူးကို ကျောဘက်သို့ပို့ကာ ကွယ်ထားလိုက်ရသည်။ သူ့ရှေ့တွင်ရှိသည့် လူငယ်ကို မျက်ဝန်းထောင့်မှ ကြည့်လေ၏။ မာရှယ်က ဝတ်စုံပြည့် ဝတ်ထားကာ လေးနက် တည်ကြည်နေသည်။
ဟော်ယွင်ချန်းဟာ ကြယ်ပြာအင်ပါယာ၏ အငယ်ဆုံးသော မာရှယ်ဖြစ်သည်။ သည်နှစ်တွင် သူက အသက် ၄၈ နှစ်ပြည့်မည် ဖြစ်သည်။
သို့သော် သည်သိပ္ပံခေတ်ကာလတွင် အသက် ၃၀ မှ အရွယ်ရောက်တာဖြစ်ပြီး သာမန်လူတွေပင် အသက် ၃၀၀ကျော် အထိ ရှင်သန်နိုင်ကြသည်။ ထို့ကြောင့် မာရှယ်ဟော်က အလွန်ငယ်ရွယ်သေးသည်ဟု ဆိုရပေမည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားပင်ဖြစ်စေ၊ စိတ်ဝိဉာဉ်စွမ်းအားပင်ဖြစ်စေ SS အဆင့် ဖြစ်​ေသည်။ သူက စစ် အကယ်ဒမီမှ ဘွဲ့ရပြီးသည့်နောက် တိုက်ပွဲနယ်မြေတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကာ မျက်စိကျိန်းမတတ်တောက်ပသည့် အောင်မြင်မှု လမ်းကြောင်းကို ပိုင်ဆိုင်ခဲ့သည်။ သူ့ကို အင်ပါယာမှ စစ်နတ်ဘုရားဟုတောင် ခေါ်ဆိုကြပေ၏။
သူ၏ ထူးချွန်သည့်အရည်အချင်းတွေနှင့် တည်ငြိမ်သည့် ပုံပန်းသွင်ပြင် အမူအရာ စသည်ဖြင့် အရာအားလုံးက လူတိုင်းက သူ့ကို ကိုးကွယ်ဆည်းကပ်ချင်စိတ် ဖြစ်လာစေလောက်အောင် ပြီးပြည့်စုံလွန်းနေခဲ့ပေသည်။ သို့ရာတွင် ထိုလူသားတွေ၏ ပြီးပြည့်စုံမှု ဂုဏ်ဆောင်ပြယုဂ်ကြီးဟာ သဘာဝစားစရာတွေကို စက်ဆုပ်ပေသည်။
ဓါတ်လှေကားတံခါး ပိတ်သွားသည့်အခါ လီခိုင်၏ နှလုံးခုန်နှုန်းတွေ မြန်သွားသည်။ သူက စိတ်ထဲတွင် ဆက်တိုက်ဆိုသလိုပင် အမည်မသိသည့်သူတွေကို ဆုတောင်းကာ ဘူးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရသည်။ ထိုထဲမှ မည်သည့်အနံ့မှ မထွက်လာစေရန် မျှော်လင့်နေမိတော့၏။ သို့ရာတွင်သူ၏ ဆုတောင်းက ပြည့်မသွားခဲ့ပေ။
မိနစ်ဝက်ပင် မကြာသေးခင်အချိန်တွင်ပင် မာရှယ်၏ အေးစက်သည့် အသံကို ကြားလိုက်ရသည်။
“မင်း ဘာကို ကိုင်ထားတာလဲ။”
လီခိုင်မှာ ချွေးစေးတွေပင်ပြန်လာသည်။ သူက ရိုးသားစွာပင် ပြောလာ၏။
“မာရှယ်ကို တင်ပြပါတယ်၊ ဒါက ကြက်ဥကိတ်ပါ။”
“ကြက်ဥကိတ် ဟုတ်လား။”
ဟော်ယွင်ချန်း၏ မျက်ခုံးတွေက ကြုတ်သွားပြီး ဆက်ပြောလာ၏။
“ဒါက စားဖိုမှူးအစည်းအရုံးက ထပ်ထုတ်လိုက်တဲ့  ဟင်းပွဲတစ်ခုလား။”
အင်ပါယာက အားဖြည့်ဆေးရည်တွေအစားသဘာဝဟင်းသီးဟင်းရွက်တွေ၊ ထုတ်ကုန်တွေကို အသုံးပြုပြီး ချက်ပြုတ်ပြင်ဆင်ခြင်းကို အထူးအားပေးလာခဲ့သည်။ ထိုဆေးရည်တွေကြောင့် လူသားတွေ၏ အစာစားချင်စိတ်က စစ်ပွဲအတွင်းတွင် ပျောက်ရှသွားခဲ့ရကာ ဆိုးယုတ်ခဲ့ရသဖြင့် တစ်ဖန်ပြန်လည်အသုံးဝင်နိုင်စေရန်အလို့ငှာ သည်အပေါ်ကို အလွန်အားစိုက်နေခဲ့ခြင်းဖြစ်သည်။ စားချင်စိတ်တွေ ပျောက်ကွယ်နေသည့်အခါ စိတ်ဓါတ်ကျခြင်း၊ ခံစားလွယ်ခြင်း စသည်ဖြင့် အရာအားလုံးက ဖြစ်လာနိုင်ကာ လူတို့၏ အာရုံခံစားမှုတွေ ပျောက်လုမတတ် ဖြစ်လာပေသည်။
အခုလိုမျိုး ငြိမ်းချမ်းသည့်ကာလကို ဝင်ရောက်လာပြီဖြစ်သဖြင့် သူတို့အနေဖြင့် အစားကောင်းကောင်းစားလိုသည့်စိတ်ဆန္ဒတွေကို ပြည့်ဝစေလိုပေသည်။
သို့ရာတွင် ဟော်ယွင်ချန်းကမူ အချိန်ဖြုန်းသည်ဟုသာ မြင်သည်။ SS အဆင့် ဝင်သည့် အဆင့်မြင့် မာရှ့် မောင်းနှင်ရသော စစ်သည်တော်တစ်ယောက်အနေဖြင့် သည်အာဟာရတွေက သူ့အပေါ် သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူ၏ အာရုံခံငါးပါးက အလွန်တရာကောင်းမွန်လှကာ သာမန်သူတွေထက် အဆများစွာ သာလွန်သည်။ ထို့ကြောင့် အရသာကလည်း အလားတူပင်ဖြစ်သည်။
စားဖိုးမှူးအစည်းအရုံးမှ ချက်ပြုတ်လိုက်သည့် ဟင်းပွဲတွေအားလုံး၏ အရသာက ဖယောင်းကို ဝါးနေရသကဲ့သို့သာ ခံစားရစေပြီး ရွံရှာဖွယ်ကောင်းလွန်းလှပေသည်။ ထို့ကြောင့် ထိုအရာတွေအစား အရောင်၊ အနံ့၊ အရသာမရှိသည့် အားဖြည့်ဆေးရည်ကို သောက်ရသည်ကမှ ပိုကောင်းမည်ဟုထင်သည်။ အနည်းဆုံး သူ့ကို သည်အားဖြည့်ဆေးရည်တွေက အန်ချင်စိတ်ဖြစ်မလာစေပေ။
ထိုသဘာဝဟင်းသီးဟင်းရွက်တွေ၊ ထုတ်ကုန်တွေကို အသုံးပြုသည့်အခါ စစ်တပ်ကဲ့သို့ လူအင်အား အလွန်များသည့်နေရာမျိုးတွင် ကန်တင်းတွေက လိုအပ်လာသည်။ ထိုအခါ သူတို့ကို နေ့တိုင်းစားချိန်ပေးရန်အတွက် တစ်နေ့ တစ်နာရီအချိန်က ပုပ်ဦးမည်ဖြစ်သည်။  ထိုအချိန်တွင်သာ သူတို့ တိုက်ခိုက်ရေး လေ့ကျင့်နေမည်ဆိုလျှင် ပို၍ အသုံးဝင်နိုင်မည်ဖြစ်ပေ၏။
ထို့ကြောင့် ဟော်ယွင်ချန်းက သဘောမကျခြင်းဖြစ်သည်။ သူတို့အနေဖြင့် သည်လိုငြိမ်ငြိမ်ထိုင်ပြီး စားသောက်နေသည့်အချိန်တွင် မည်သည့်အရာမဆို ဖြစ်ပျက်သွားနိုင်ကာ မတော်တဆမှုတွေ ဖြစ်လာနိုင်သဖြင့် သူက သဘောမကျပါပေ။ ကျူးကျော်သူတွေ ကိုလည်း လုပ်ကြံရန် ဝင်ရောက်ခွင့် ပေးလိုက်သလို ဖြစ်သွားနိုင်သေးပေ၏။
သို့ရာတွင် သူ့လူတွေ၏ စိတ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒတွေနှင့် ကိုယ်ပိုင် လွတ်လပ်စွာ စားသောက်ချင်စိတ်တွေကိုမူ သူ တားဆီးချင်စိတ်မရှိပါပေ။ မည်သို့ပင်ဆိုစေ သူတို့တွေလည်း သဘာဝစားသောက်ဟင်းလျာတွေကို စားသောက်ချင်စိတ်ရှိသည့်အခါ သူက တိုက်ရိုက်ကြီး ငြင်းဆန်ရန်မသင့်ပေ။ သည်အတိုင်း သူ့အရှေ့တွင် ပေါ်မလာရုံနှင့်ပင် အဆင်ပြေပေ၏။
သို့ရာတွင် သဘာဝဟင်းသီးဟင်းရွက်ပါဝင်ပစ္စည်း ဟင်းအမယ်တွေအားလုံးကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ရန်အလို့ငှာ အကယ်ဒမီက လုပ်သားအင်အားများစွာ၊ အရင်းအမြစ်များစွာ အားစိုက်ထုတ်ထားလေပြီး စားဖိုမှူးအစည်းအရုံးနှင့်ပူးပေါင်းကာ အချိန်တိုင်း ဟင်းလျာသစ်တွေကို ထုတ်လာလေ့ရှိသည်။ ထိုသို့ ထုတ်လာသည့် အချိန်တိုင်း သူတို့တွေက နမူနာပွဲတွေအား တော်ဝင်မိသားစု၊ အဓိကအင်အားကြီး မိသားစုတွေသို့ ပို့ပေးလေ့ရှိသည်။ ဟော်မိသားစုဟာလည်း ထိုစာရင်းထဲတွင် ဝင်သည်။ ဟော်ယွင်ချန်းအတွက် သည်တစ်ကြိမ်တွင် စစ်တပ်အထိ ပေးပို့လာမည်ဟု မထင်ထားမိပါပေ။
“အခုယူပြီး လွှင့်ပစ်လိုက်။”
သူက မျက်မှောင်ကြုတ်ကာ တင်းကြပ်စွာဖြင့် ပြောလိုက်သည်။
“အနာဂါတ်မှာ ဒီလိုဟာမျိုးတွေ မင်းယူလာပေးစရာမလိုဘူး၊ ငါ့ဆီကိုတောင် ယူလာပေးစရာမလိုဘူး၊ မင်းဘာသာမင်း ကိုင်တွယ်လိုက်။”
“အာ ဒါက …”
လီခိုင်က ပြောသည်။ သူ၏ ဗိုလ်မှူးကြီးက နားလည်မှု လွဲနေပုံရသည်။ သူ၏ သည်ပါကင်ထုပ်ကို ကိုင်ထားသည့်လက်တွေက ပို၍တင်းကြပ်သွားတော့ပေသည်။
“မာရှယ် ဒါက ကျွန်တော့် …”
ထိုအခိုက် အထဲမှ ကြွပ်ဆတ်သည့်အသံမျိုးက ထွက်လာကာ ဘူးသံက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ လီခိုင်၏ အေအဆင့် ခွန်အား၏ တင်းကြပ်မှုကြောင့် ဘူးက အနည်းငယ်စောင်းသွားပြီး ပွင့်သွားခဲ့ခြင်း ဖြစ်၏။
“အဲ့ဒီအနံ့က …”
ဟော်ယွင်ချန်း၏ မျက်ခုံးတွေက ပင့်သက်သွားကာ ပြင်းထန်မွှေးပျံ့သည့်အနံ့က ဓါတ်လှေကားအခန်းထဲတွင် ပြည့်နှက်သွားတော့ပေသည်။ သူက အောက်သို့ တစ်ချက်ကြည့်ပြီးသည့်နောက် သူ၏ တပ်ရေးဗိုလ်ကြီး ကိုင်ထားသဖြင့် ပိန်ရှုံ့နေသည့်ဘူးထံ အကြည့် ရောက်သွားသည်။ အမွှေးနံ့က ထိုထဲမှ ထွက်လာခြင်းဖြစ်၏။
ပုံမှန်မဟုတ်သည့်အရာမှာ ထိုအမွှေးနံ့ဟာ သူ ယခင်က ရနေကျအနံ့တွေကဲ့သို့ ရွံစရာမကောင်းပေ။ ထို့အစား အလွန်တရာ မွှေးပျံ့၏။ထိုအနံ့ကို  မရင်းနှီးသည့်တိုင် စားချင်စိတ်ကို ဖြစ်လာစေပေသည်။အချိန်အကြာကြီး တိတ်ဆိတ်နေသည့် သူ၏အစာအိမ်ကပင် တုန့်ပြန်လာကာ ယခုမှ အသက်ရှင်လာသလိုမျိုး ခံစားချက်ကိုပေးလာသည်။ ချက်ချင်းပင် ပြောင်ရှင်းသွားတော့ကာ တစ်စုံတစ်ရာကို ဖြည့်ပေးရန် တောင်းခံလာ၏။
“နေဦး။”
ဟော်ယွင်ချန်းက လက်ကိုမြှောက်ကာ တားသည်။သူ  စိတ်ဆုံးဖြတ်လိုက်သည်။
“ငါ ဒါကို လက်ခံလိုက်မယ်။”
“အာ …”
လီခိုင်က ဟော်ယွင်ချန်းကို ကြောက်လန့်တကြား အမူအရာဖြင့် ကြည့်သည်။
ဟော်ယွင်ချန်း၏ နွေးထွေးမှု ကင်းသော အကြည့်ဖြင့် ရင်ဆိုင်ရသည့်အခါ လီခိုင့်မှာ တုန်ယင်လာတော့သည်။ သူ ခပ်မြန်မြန် ဘူးကို ကမ်းပေးလိုက်ရ၏။
ဓာတ်လှေကား တံခါး ပိတ်သွားမှသာ သူ မပြောလိုက်ရသည့် စကားကို သူ သတိရတော့သည်။
" မာရှယ် ဒါက ကျွန်တော့်ရဲ့ ကြက်ဥ ကိတ်ပါ"
" ကျွန်တော့်ရဲ့....."
..................
ယွမ့်ထန်းကမူ သူ ပို့ပေးလိုက်သည့် ကြက်ဥ ကိတ်တွေထဲမှ တစ်ခုက ဖိအားပြင်းစွာ အသိမ်းပိုက်ဆံလိုက်ရကြောင်း မသိရှာပေ။ သူ ကောင်းကောင်း စားသောက်ကာ ဗိုက်ဖြည့်ပြီးနောက် ကျေနပ်စွာ အိပ်တော့သည်။နေ့လည် သုံးနာ၇ီမှသာ သူ ပြန် နိုးသည်။ထို့နောက် ချက်ပြုတ်မည့် ပစ္စည်းတွေကို ကြည့်ရန် ထမင်းစားခန်းထဲ ၀င်သွားတော့သည်။
အရင်တစ်ခေါက်က ၀ယ်ထားတဲ့ အာလူးတွေက အပုံလိုက် ၇ှိနေသေးတာပဲ။
ရေခဲ သေတ္တာက ကောင်းမွန်လွန်းသည့်တိုင် အချိန်အကြာကြီး ထိန်းသိမ်းထားမည်ဆိုလျှင် အရသာကို သက်ရောက်မှုရှိနိုင်သည်။ပိုးစားထားသည့် အချို့နေရာတွေဆိုလျှင် သုံးလို့ရတော့မည့် မဟုတ်ပေ။
ယွမ့်ထန်းက မေးစေ့ပွတ်ရင်း ညစာကို အာလူးနှင့် ပက်သတ်တာ တစ်ခုခု လုပ်စား၇န် ဆုံးဖြတ်လိုက်သည်။
ဆိုရိုးစကားလိုပဲ မနက်မှာ ကောင်းကောင်းစား၊ နေ့လယ်မှာ ဗိုက်ပြည့်အောင် စား၊ ညဘက်မှာ လျှော့စားတဲ့။
သို့ရာတွင် သည်နေ့ခေတ်တွင် ညဘက်ကသာ လူတွေ ပိုများသည့်အတွက် ညစာအား လျှော့ချက်လိုက်ခြင်းက ထိုညဇီးကွက်တွေကို ပျော်စေမည် မထင်ပေ။
လက်တလောတွင် သူက အစောကြေလွယ်စေသော ဟင်းမျိုးကိုသာ စားနိုင်ေးသည်။ထိုကြောင့် ထမင်း စား မရသေးပေ။ သူကလည်း ဆန်ပြုတ်လည်း မစားချင်ပြန်ပေ။ထို့အတွက် ခေါက်ဆွဲသာ ရှိတော့သည်။
ဆုံးဖြတ်ချက် ချပြီးနောက် ယွမ့်ထန်းက တိုက်ရိုက် ထုတ်လွှင့်နိုင်သော ပလက်ဖောင်းထဲ လော့အင် ၀င်လိုက်သည်။ သူ ရှာထားသမျှအား အကောင့်ထဲ ပြောင်းထည့်ပြီး ဈေးဝယ်ရန် တွေးထား၏။ သို့သော် သူ ဖွင်ကြည့်ပြီးသည်နှင့် မင်သက်သွားရတော့ပေသည်။သူ၏ မနက်ခင်း တိုက်ရိုက် ထုတ်လွှင့်ခြင်းက ၁၉၀၀တောင် ရထားပေ၏။
ဒီအနာဂတ်က လူတွေက တအား ချစ်ဖို့ကောင်းတာပဲ
ယွမ့်ထန်း စိတ်ကောင်းဝင်သွားကာ ပိုက်ဆံတွေကို အကောင့်ထဲ ပြောင်းထည့်လိုက်သည်။ ထို့နောက် ​ေ၇ှာ့ပင်းဆိုက်သို့ သွားကာ ၀ယ်ရန် ပြင်သည်။ ကြည့်ရှုသူတွေ၏ စိတ်အားထက်သန်မှုကို ပြန်လည် ပေးဆပ်နိုင်ရန်အလို့ဌာ ညစာကို အသားထည့် ပြင်ရန် ဆုံးဖြတ်လိုက်သည်။
အသားမပါဘဲ မစားနိုင်ရင် ၀ါးတောအပြင်ဘက်မှာလည်း နေနိုင်မှာ မဟုတ်ဘူးတဲ့....
(သူတို့ရဲ့ စကားပုံလို့တော့ ပြောကြတယ်)
အသားမှ ပေးသော ပျော်ရွှင်မှုဟာ လူသားတွေအတွက် အစားထိုး မရနိုင်ပေ။ အာလူးနှင့် အသားရှိလျှင် သည်ည ညစာအား ၀က်သား အာလူးခေါက်ဆွဲ ချက်လို့ရနိုင်သည်။
သူက ၀က်ဗိုက်သားကို ၀ယ်သည်၊ ဗိုက်သားတွင် အဆီနှင့် အသားပါသည်။ ထိုအသားမှ အဆီအပြင် အသားအရသာပါ ရမည်ဖြစ်သည့်အတွက် စားသောက်ရ အလွန်ကောင်းပေသည်။ ထို့အပြင် ကြက်သွန်နီ၊ ဂျုံမှုန့်၊မုန်လာဥနီနှင့် ခရမ်းချဉ်သီး အချဉ်ရည်ကိုလည်း ၀ယ်လိုက်သည်။
ကံဆိုးသည်မှာ နာနတ်ပွင့်၊ သစ်ကြံပိုးပင်၊ ဟင်းချက် ၀ိုင်တို့ကို ရှော့ပင်းဆိုက်တွင် ၀ယ်လို့ မရနိုင်သေးပေ။ ထို့ကြောင့် နာနတ်ပွင့်တို့အစား ခ၇မ်းချဉ်သီးအချဉ်ဖြင့် ခပ်၇ွှဲရွှဲလေး ထည့်ပြီး နှပ်ရန် ဆုံးဖြတ်လိုက်သည်။ထိုအရသာကလည်း အလွန် ကောင်းပေလိမ့်မည်။
ခဏအကြာ သူ ၀ယ်ထားသမျှ ရောက်လာသည်။
အားလုံး ပြင်ဆင်ပြီးသည်နှင့် ယွမ့်ထန်းက မျက်ကပ်မှန်ကို တပ်ကာ တိုက်ရိုက် ထုတ်လွှင့်ရန် အဆင့်သင့်ပြင်လိုက်သည်။
သူ တိုက်ရိုက် ထုတ်လွှင့်တော့မည့် အချိန်တွင်ပင် ဘယ်ဘက်ခြမ်း အပေါ်ဘက်နားတွင် ​ေ၇ွှရောင် တဖျက်ဖျက် လက်နေသည့် နိုတီကို မြင်ရသည်။ဒါတွေက ၀က်ဆိုက်တွင်းမှ ပေးပို့သည့် စာတွေဖြစ်သည်။ အရေးကြီးသော သတင်းများ လွတ်သွားမည်စိုးသဖြင့် သူ ချက်ချင်း ဖွင့်ဖတ်လိုက်သည်။
စာက နှစ်စောင်၇ှိသည်။ တစ်စောင်သည် သူက အာလူးကို သုံးကာ ချက်ပြခဲ့သည့်အတွက် သူတို့၏ ရီကွန်မန့်ဒေးရှင်းေ ပးသည့် ချန်နယ်တွင် ဖော်ပြခံရမည်ဖြစ်ကြောင်း အကြောင်းကြားစာ ဖြစ်သည်။ ထိုချန်နယ်ဟာ သူ့ကို ကျော်ကြားစေခြင်းဖြစ်၏။
ဒုတိယ တစ်စောင်ကမူ သူ၏ အစီအစဉ် တင်ဆက်သူ အဆင့်က အဆင့်နှစ်သို့ ရောက်သွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ဖြစ်သည်။ ထိုအဆင့်တွေက သူ၏ ကျော်ကြားမှုကို တိုးတက်စေသည်။ ထိုကျော်ကြားမှုဟာ ကြည့်ရှုသူ တိုးလာခြင်းကို ကိုယ်စားပြုရုံသာ မကလေဘဲ သူ ရရှိမည့် လက်ဆောင်ပမာဏကိုလည်း တိုးစေနိုင်သည်။
ထိုသို့အဆင့်တက်ခြင်းက သူ့အတွက်အလွန် အဆင်ပြေပေသည်။ လမ်းညွှန် ဗီဒီယိုထဲတွင် ပါသည့် အချက်အလက်အရ သူသာ အဆင့်နှစ်သို့ ရောက်သွားလျှင် follow ဖန်၇ှင်ကို အသုံးပြုလာနိုင်မည်ဖြစ်သည်။ သူ့ကိုသာ followထားကြလျှင် သူ တိုက်ရိုက် ထုတ်လွှင့်သည်နှင့် ထိုသူတွေထံသို့ အလင်းဦးနှောက်မှတဆင့် အကြောင်းကြားစာတွေ အလိုအလျောက် ပေးပို့မည်ဖြစ်ကာ ထိုသူတွေ ပလက်ဖောင်းအတွင်း မ၇ှိလျှင်ပင် သိရှိနိုင်မည်ဖြစ်သည်။ဒါက ကျော်ကြားမှုအတွက် အလွန်အသုံးဝင်ပေသည်။
ယွမ့်ထန်းသည် တိုက်ရိုက် ထုတ်လွှင့်ခြင်းကို အလွန်ကောင်းမွန်သည့် စိတ်အခြေအနေဖြင့် ဖွင့်လိုက်သည်။
"အားလုံးပဲ မင်္ဂလာ ညနေခင်းပါ။ ကိုယ်က မင်းတို့ရဲ့ယွမ့်ထန်းပါ။ကိုယ် အခု မင်းတို့အတွက် ၀က်ဗိုက်သား အာလူး ခေါက်ဆွဲကို လုပ်ပြမှာ ဖြစ်ပါတယ်"
သူ၏ တိုက်ရိုက် ထုတ်လွှင့်ခြင်း စသည်နှင့် သူ့ကို followထားသူတိုင်းထံသို့ စာတွေ ရောက်တော့ကာ မယုံနိုင်စရာ အ၇ှိန်နှုန်းဖြင့် ကြည့်ရှုသူတွေ တက်လာတော့လေသည်။
--------
စာရေးသူမှာ ပြောစရာ ၇ှိပါတယ်
လီခိုင်: မာရှယ် အဲ့ဒါ ကျွန်တော့်၇ဲ့ နေ့လည်စာ ဘူးပါ။ အဲ့ဒါ ကျွန်တော့် ကြက်ဥ ကိတ်ပါ QwQ
ဟော်ယွင်ချန်း: ဟင်
ပေးပို့သူ နာမည်ကို တစ်ချက်ကြည့်ပြီး အနားက တပ်ရေး ဗိုလ်ကြီးကို လက်ညိုးထိုးပြ...
"ငါ့မိန်းမဟာက ငါ့ဟာပဲ"
-------
ဘာသာပြန်သူမှာ ပြောစရာ၇ှိပါတယ်
အပိုင်း၆က မသေချာပါဘူး၊ မသေချာတာက ဒီနေ့ သင်တန်းမှာ အားစိုက်ရတာနဲ့ စကားလုံးတွေ မေ့ကုန်လို့ မနည်းအားစိုက်ပြီး speakingပြောလိုက်ရတာ ပျိုင်းသွားလို့ပါ😁
အပိုင်း၆ တစ်ပိုင်းလုံးတော့ မပြီးလောက်ဘူး... ခွဲပြီးလည်း မတင်ချင်လို့ မနက်ဖန်နဲ့ပဲ ပေါင်းတော့မယ်နော်။ မားရဲ့ တစ်ချက်လွှတ် အမိန့်အရ သုံးနာ၇ီ နောက်ဆုံးထားပြီး အိပ်ယာပေါ် တက်ရမယ်တဲ့..... ၀ူး...၀ူး..၀ူး
“ကျေးဇူးပါပဲ။”
“ရှူး”
တင်
“ကြက်ဥကိတ် ဟုတ်လား။”
“အာ ဒါက …”
“မာရှယ် ဒါက ကျွန်တော့် …”
“အဲ့ဒီအနံ့က …”
“နေဦး။”
“အာ …”
" ကျွန်တော့်ရဲ့....."
..................
--------
ဟော်ယွင်ချန်း: ဟင်
"ငါ့မိန်းမဟာက ငါ့ဟာပဲ"
-------
Continue Reading
You'll Also Like
918K 10.1K 100
แ€‘แ€ญแ€ฏแ€”แ€ฑแ€ทแ€Š แ€€ แ€™แ€พแ€ฌแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€ท แ€กแ€™แ€พแ€ฌแ€ธแ€แ€…แ€บแ€แ€ฏแ€€ แ€€แ€ปแ€ฝแ€”แ€บแ€™แ€˜แ€ แ€แ€…แ€บแ€แ€ฏแ€œแ€ฏแ€ถแ€ธแ€”แ€ฒแ€ท แ€•แ€แ€บแ€žแ€€แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€™แ€บแ€ทแ€™แ€šแ€บแ€œแ€ญแ€ฏแ€ท แ€™แ€‘แ€„แ€บแ€แ€ฒแ€ทแ€™แ€ญแ€˜แ€ฐแ€ธ....... แ€•แ€ผแ€ฎแ€ธแ€แ€ฑแ€ฌแ€ท แ€•แ€แ€บแ€žแ€แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€ทแ€žแ€ฐแ€€ แ€˜แ€ฌแ€œแ€ญแ€ฏแ€ท แ€žแ€ฐแ€–แ€ผแ€…แ€บแ€”...
253K 9.1K 39
แ€–แ€ฎแ€ธแ€”แ€…แ€บแ€„แ€พแ€€แ€บแ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ท แ€›แ€„แ€บแ€€แ€ฝแ€ฒแ€™แ€แ€แ€บแ€กแ€ฑแ€ฌแ€บแ€Ÿแ€…แ€บแ€žแ€ถแ€Ÿแ€ฌ แ€œแ€ฑแ€ฌแ€„แ€บแ€€แ€ปแ€ฝแ€™แ€บแ€ธแ€กแ€ถแ€ทแ€†แ€ฒแ€†แ€ฒ แ€กแ€แ€ฑแ€ฌแ€„แ€บแ€•แ€ถแ€แ€ฝแ€ฑแ€”แ€ฒแ€ทแ€กแ€แ€ฐ แ€•แ€ปแ€ฑแ€ฌแ€€แ€บแ€€แ€ฝแ€šแ€บแ€•แ€ปแ€€แ€บแ€…แ€ฎแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€ฑแ€ฌแ€ทแ€™แ€šแ€บแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€™แ€พแ€ฌ แ€„แ€ซแ€Ÿแ€ฌ แ€™แ€„แ€บแ€ธแ€”แ€ฒแ€ทแ€”แ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€€แ€ผแ€ญแ€™แ€บ...
1.5M 68.6K 37
adult story(18+) แ€žแ€„แ€บแ€ทแ€žแ€แ€„แ€บร—แ€›แ€ฏแ€•แ€บแ€žแ€ฑแ€ธ 9.1.2023...
439K 23.1K 51
แ€กแ€แ€ผแ€ฑแ€กแ€”แ€ฑแ€แ€…แ€บแ€แ€ฏแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ท แ€œแ€€แ€บแ€‘แ€•แ€บแ€–แ€ผแ€…แ€บแ€แ€ฒแ€ทแ€€แ€ผแ€แ€šแ€บ แ€กแ€”แ€บแ€แ€ฎแ€€ แ€›แ€ญแ€ฏแ€ธแ€›แ€ฒแ€ท แ€‡แ€”แ€ฎแ€ธแ€™แ€šแ€ฌแ€ธแ€•แ€ซแ€•แ€ฒ... แ€กแ€ฑแ€ปแ€แ€กแ€ฑแ€”แ€แ€…แ€นแ€แ€ฏแ€ฑแพแ€€แ€ฌแ€„แ€นแ€ท แ€œแ€€แ€นแ€‘แ€•แ€นแ€ปแ€–แ€…แ€นแ€แ€ฒแ€ทแพแ€€แ€แ€šแ€น แ€กแ€”แ€นแ€แ€ฎแ€€ แ€›แ€ญแ€ฏแ€ธแ€›แ€ฒแ‚• แ€‡แ€”แ€ฎแ€ธแ€™แ€šแ€ฌแ€ธแ€•แ€ซแ€•แ€ฒ...