ရှီရှန်း (ရှီရှန်း) Book 2...

By Hanpandora

816K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 10.23

3.1K 495 14
By Hanpandora

Unicode

ရှီရှန်းက ရှီရင်းကို ဘာလို့ထွက်သွားတာလဲ လို့ မေးမနေဘူး..တချို့အရာတွေက မမေးတာပိုကောင်းတယ်လေ..

'အရင်တုန်းကဘာပဲဖြစ်ခဲ့ပါစေ..အခု လက်ရှိမှာ သူရှိနေရင် အရေးကြီးဆုံးပေါ့..'

ရှီရှန်းတို့ ပြန်လာတော့ ရဲတိုက်ရှေ့မှာ သူမတို့ကို တစ်ယောက်ယောက်စောင့်နေတာကို တွေ့ရတယ်

ရှီရှန်းကို မြင်တော့ သူက အရှေ့ကိုအမြန်တိုးလာတယ် " အရှင့်သမီး..မင်းသားကြီးက အရှင့်သမီးကို လောလောဆယ် မင်းသားရွေ့ရီရဲ့ အိမ်တော်မှာ သွားနေစေချင်ပါတယ်တဲ့.."

ရှီရှန်းက ခေါင်းငြိမ့်လိုက်တယ် "မွေးစားအဖေ အဆင်ပြေတယ်မလား.."

ခဲ့အာက အယောင်ဆောင်မဆီကနေ သတင်းနှိုက်ဖို့ ကြံစည်နေတာမှန်း သူမ သဘောပေါက်တယ်

"စိတ်မပူပါနဲ့..ဒါက မင်းသားမကိုင်တွယ်နိုင်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး.." အမျိုးသားအစေခံက ရှီရှန်းကိုရိုရိုသေသေဖြေနေရင်းနဲ့ ဘေးမှာရှိနေတဲ့ ရှီရင်းကို မြင်တော့ သူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ် "အမ်..အာ..ပြီးတော့ အရှင့်သမီး..မင်းသားကြီးက အရှင့်သမီး မင်းသားရွေ့ရီရဲ့စံအိမ်တော်ကို ရောက်ရင် သူ့ဆီဖုန်းဆက်ဖြစ်အောင်ဆက်ဖို့လည်း မှာလိုက်ပါတယ်.."

"ကောင်းပြီ..အဲ့ဒါဆိုငါတို့ သွားတော့မယ်.."

အစေခံက ရှီရှန်းတို့ ကားလှည့်ဖို့အတွက် နေရာဖယ်ပေးလိုက်ပြီး အရိုအသေပေးရင်းကျန်ခဲ့တယ်

‌ရွေ့ရီမှာ သူ့ကိုယ်ပိုင် စံအိမ်တော်ရှိတယ် အဲ့ဒါက ရဲတိုက်မဟုတ်ပေမယ့် ဗီလာငယ်လေးတစ်ခုပဲ..သူက စံအိမ်မှာ သိပ်ပြီးနေလေ့မရှိဘဲ အချိန်အများစုကို ရဲတိုက်မှာပဲ နေတယ်

ရွေ့ရီမရှိတာကြောင့် ရှီရှန်းလည်း ဗီလာထဲကို သက်တောင့်သက်သာဝင်သွားတယ်

ရှီရင်းက အိမ်ထဲကိုမဝင်ခင် သူ့ဖိနပ်တွေကို အိမ်တွင်းစီး ဖိနပ်တွေနဲ့ လဲနေတာမြင်တော့ ရှီရှန်းက ပြုံးပြီးမေးလိုက်တယ် "ရှင်ကျွန်မနဲ့ လိုက်နေမလို့လား.."

ရှီရင်းက မျက်နှာအမူအရာမပြောင်းသွားပေမယ့် သူ့ရဲ့နားရွက်လေးတွေနီသွားတာကို မြင်နေရတယ် "အင်း.."

"ကျွန်မရှင့်ကို တစ်ခုခုလုပ်မှာ မစိုးရိမ်ဘူးလား.." ရှီရှန်းက သူ့အနားကိုတိုးသွားပြီး ပြီတီတီလေသံနဲ့ ပြောလိုက်တယ်

ရှီရင်းက ခနတော့တွန့်သွားပေမယ့် သူမကိုပြန်ကြည့်ပြီး လေးလေးနက်နက်ပြောလိုက်တယ် "မင်းပျော်ရင် ကိုယ်လည်းပျော်တယ်.."

သူမသာအဲ့ဒါကိုလုပ်လို့ ပျော်မယ်ဆိုရင်သူလည်း ဆန္ဒရှိတယ်..

ရှီရှန်းက သူ့မျက်နှာလေးကို လက်နဲ့ အသာအယာဆိတ်ဆွဲလိုက်တယ် "ကြည့်ပါအုံး..စကားချိုချိုတွေပြောတတ်နေလိုက်တာ.."

ရှီရင်းကပြုံးနေပြီး သူ့မျက်နှာကို သူမကြိုက်သလို ဆိတ်ဆွဲခွင့်ပြုထားလိုက်တယ် သူ့မျက်ဝန်းထဲမှာလည်း နူးညံ့ငြင်သာမှုတွေ အပြည့်ဖြစ်နေတယ်

"ကျွန်မ အဖေ့ဆီဖုန်းဆက်လိုက်အုံးမယ် ရှင်အပေါ်ထပ်ကိုသွားပြီး ကြိုက်တဲ့ အခန်းရွေးထားနှင့်..အနီရောင်တံခါးနဲ့အခန်းကတော့ ရွေ့ရီရဲ့ အခန်းပဲ.." ရှီရှန်းက သူ့ကို လွှတ်ပေးလိုက်တယ်

ရှီရင်းက အပေါ်ထပ်ကို လိမ်လိမ်မာမာလေး တက်သွားတယ်

ရှီရှန်းက ဧည့်ခန်းမှာတွေ့တဲ့ ကြိုးဖုန်းနဲ့ ခဲ့အာရဲ့ စာကြည့်ခန်းဆီ ဖုန်းခေါ်လိုက်တယ်  ကြည့်ရတာ ခဲ့အာကလည်း သူမရဲ့ဖုန်းကို မျှော်နေပုံပေါ်ပြီး ချက်ချင်းကိုင်လိုက်တယ်

ရှီရှန်း ခဲ့အာရဲ့ ပေါက်ကွဲနေတဲ့ အသံနဲ့ မိတ်ဆက်လိုက်ရတယ် "ကောင်မစုတ်လေး.. မင်းက အရှင်ရှီရင်းနဲ့ ဘယ်လိုသိနေတာလဲ.."

ရှီရှန်းက ဖုန်းခွက်ကို  သူမနားနဲ့ ခပ်ဝေးဝေးကို အမြန်ရွှေ့လိုက်ရတယ်'အကျယ်ကြီးပဲ..'

"မွေးစားအဖေ..စိတ်လျှော့ပါအုံး.."

ရှီရှန်းက သူမအသေးစိတ်ပြင်ဆင်ထားတဲ့ ဇာတ်ကြောင်းအတုနဲ့ ခဲ့အာကို အရူးလုပ်လိုက်တယ် တစ်ဖက်လူက တကယ် ယုံသွားတာလား ဟန်ဆောင်ပေးနေတာလား ဆိုတာကိုတော့ ဘုရားပဲ သိမှာပဲ..

"မင်းက အရှင်ရှီရင်းနဲ့တဲ့လား.."

"အင်း..သမီး သူ့ကိုကြိုက်တယ် အဖေက သမီးတို့ ချစ်ခြင်းကိုတော့ မခွဲဘူးမလား.."

"အိုး...ငါတော့ စီစဉ်စရာရှိတာတွေ စီစဉ်ထားရတော့မှာပေါ့..ကောင်မလေး..ညည်းက ရွှေပေါင်လုံးတုတ်တုတ်ကြီးကို ဖက်မိထားပြီဆိုမှတော့ ငါတို့မိသားစုအတွက် အမြတ်ထုတ်ထားနော်.."

ရှီရှန်း "...." 'ဟေး..ဟေး..မဟုတ်သေးဘူးလေ..သူက ဘယ်လိုလုပ်ပြီး မျက်နှာပြောင်ပြောင်နဲ့ အကျိုးအမြတ်မျှော်နေရတာလဲ..ပြီးတော့ နေပါအုံး..ငါလေးက ရှီရင်းရဲ့ အဆင့်အတန်းကိုတောင် ဘာမှန်းမသိတာ ဘယ်လိုအမြတ်ထုတ်ပေးရမှာလဲ...'

"ဒီကအခြေအနေကိုစိတ်မပူနဲ့ အဖေ သူမဆီကနေ သတင်းအချက်အလက်တချို့ရအောင်နှိုက်ထားမယ်..ညည်းက အရှင်ရှီရင်းနဲ့သာကောင်းကောင်းနေပြီး ကလေးမြန်မြန်ရအောင် ကြိုးစားချေ. တော်ပြီ..တော်ပြီ..လုံလောက်ပြီ..ငါ ညည်းတို့ကို မနှောက်ယှက်တော့ဘူး ..ရွေ့ရီကို လက်တလော စံအိမ်ကို မသွားဖို့ မှာထားပေးမယ်..အဲ့ဒါမှာ ညည်းတို့လည်း လွတ်လွတ်လပ်လပ်နဲ့ အနှောက်အယှက်ကင်းကင်း တိုက်ပွဲဝင်ကြရမှာ..."

တီ..တီ..တီ..

ရှီရှန်း ".........." '..အဖေက ကိုယ့်သမီးကို ရောင်းစားနေတာပဲသိလား..ဒါကသိပ်တော့မကောင်းဘူး..ပြီးတော့ တိုက်ပွဲဝင်..အင်း.. ညစ်ညမ်းလိုက်တာ အဖေရယ်...ဒါပေမယ့် သမီးကြိုက်တယ်...'

ရှီရှန်းက ဖုန်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ သူ့နေရာသူပြန်ထားလိုက်တယ်

အဲ့ဒီညမှာ အိမ်တော်ထိန်းက အမျိုးသားဝတ် အဝတ်အစားတွေနဲ့ ရှီရင်းအတွက် သီးသန့်ပြင်ဆင်ပေးထားတဲ့ ပစ္စည်းတချို့ကိုလာပို့တယ်

"ဖိုက်တင်းနော် အရှင့်သမီး..သူ့ကို တစ်ခါတည်း အပိုင်ကြံပစ်လိုက်.." အိမ်တော်ထိန်းက သူထွက်မသွားခင် ရှီရှန်းကို စေတနာဗရပွနဲ့ အားပေးစကားပြောသွားသေးတယ်

ရှီရှန်း "........" 'ဒါကဘယ်နေရာလဲ..ဒီလူတွေကဘယ်သူလဲ..ငါကဘာလို့ ဒီကိုရောက်နေတာလဲ..'

ရှီရှန်းက အဝတ်တွေကို အပေါ်ထပ်ကို သယ်သွားတယ်

ရှီရင်းက စာအုပ်ဖတ်နေတာကြောင့် ရှီရှန်းက အဝတ်တွေကို သူမဘာသာ ဗီရိုထဲကို ထည့်နေလိုက်တယ် "ရှင် ဒါတွေကို ဝတ်ရတာ အဆင်ပြေပါ့မလား...ဒါမှမဟုတ် ကျွန်မအပြင်ကို တစ်ယောက်ယောက်လွှတ်ပြီး ရှင့်အတွက် အဝတ်တချို့ ချုပ်ခိုင်းလိုက်မယ်လေ.."

ရှီရင်းက စာအုပ်ကိုချလိုက်ပြီး မျက်နှာပူစွာပြောလိုက်တယ် "အဲ့တုန်းက တကယ်တော့ ကိုယ် မင်းကို တမင်အခက်တွေ့အောင်လုပ်ခဲ့တာပါ.."

ရှီရှန်းက သူ့ကို လှမ်းကြည့်လိုက်ပြီး အလေးအနက်ပြန်ပြောလေတယ် " ကျွန်မရဲ့ မိတ်ဖက်က အကောင်းဆုံးတွေ ဝတ်ဖို့ ထိုက်တန်တယ်.."

ရှီရင်း "....." 'ငါ့အမျိုးသမီးရဲ့ အတွေးအခေါ်က အတော်လေးကွဲပြားတာပဲ..'

"ဒီနေ့တွေ့ခဲ့တဲ့ မိန်းမ.." ရှီရင်းက သူမဆီကိုလျှောက်လာပြီး ဗီရိုထဲကို အင်္ကျီတစ်ထည်ချင်းထည့်ချိတ်နေတာကို ကြည့်နေတယ်

"အင်း?."

"သူမက မင်းအယောင်ဆောင်ပြီးသွားလာနေတာကို ခွင့်ပြုပေးထားတယ်ပေါ့.."  'သူမရဲ့ စိတ်နဲ့ဆိုရင် အဲ့ဒီ အယောင်ဆောင်ကို ဓါးနဲ့ ခုတ်သတ်ပြီးတာ ကြာနေလောက်ပြီ..'

"ပျင်းစရာကောင်းတယ်လေ..ကျွန်မက သူမဘာတွေကြံနေတယ်ဆိုတာကို ကြည့်ချင်သေးလို့ပါ.." ရှီရှန်းက ဗီရိုတံခါးကို ပိတ်ရင်းပြောလိုက်တယ် သူမရဲ့ အမူအရာက အတော်လေးအေးစက်နေတယ်

ရှီရင်းက သူမရဲ့ မျက်နှာကို လှမ်းထိလိုက်တယ် အဲ့ဒီအခါမှပဲ ရှီရှန်းရဲ့ မျက်နှာက ပြန်ပြီး နူးညံ့လာတယ် "မင်းသိထားဖို့က..မင်းဘာပဲ လုပ်ချင် လုပ်ချင် မင်းကိုတားရဲတဲ့လူမရှိစေရဘူး.."

ရှီရှန်းက သူမမျက်နှာကိုထိထားတဲ့ သူ့လက်ကို ပြန်အုပ်ကိုင်လိုက်တယ် "ရှင့်ရဲ့အဆင့်အတန်းက ဘာလဲ.."

မင်းသားတွေကိုတောင် အမိန့်ပေးနိုင်တဲ့ အဆင့်အတန်းက ဘုရင်ပဲ ရှိတော့တာလေ..ဒါပေမယ့် သူမတို့မှာ ဗန်ပိုင်းယား ဘုရင် မရှိတော့တာ ကြာခဲ့ပြီဖြစ်တယ်

ရှီရင်းက ပြုံးပြီး ဖြေးဖြေးချင်းပြောပြတယ် " ဗန်ပိုင်းယားတွေမှာ မျိုးဆက်ကွဲပြားမှုတွေ ရှိတယ် တတိယမျိုးဆက် ဗန်ပိုင်းယားတွေက စွမ်းအားအကြီးဆုံးဖြစ်ပြီး တစ်ဦးတစ်ယောက်ကိုမှမတွေ့ရတော့ဘူး..အခုချိန်မှာ စွမ်းအားအမြင့်ဆုံး မျိုးဆက်က ဆဌမမျိုးဆက်ပဲ.."

ဆဌမမျိုးဆက်တွေက မင်းသားတွေဖြစ်တယ်

"ကိုယ်က စတုတ္ထမျိုးဆက်.."

စတုတ္ထမျိုးဆက် ဗန်ပိုင်းယားတွေက ကြောက်ခမန်းလိလိအင်အားကြီးကြတယ်

ဘိုးဘေးတွေကလွဲလို့ စွမ်းအားအကြီးဆုံးဗန်ပိုင်းယားတွေက တတိယမျိုးဆက်တွေ ဖြစ်ကြပြီး စတုတ္ထမျိုးဆက်နဲ့ ပဥ္စမမျိုးဆက်တွေရဲ့ အင်အားကိုတော့ သိတဲ့လူ အတော်များများမရှိဘူး..

ဒါပေမယ့် အခုလက်ရှိဆဌမမျိုးဆက် မင်းသားကြီးတွေရဲ့ စွမ်းအားကြီးမားပုံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တတိယမျိုးဆက်နဲ့ ပိုနီးကပ်တဲ့ စတုတ္ထမျိုးဆက်နဲ့ ပဥ္စမမျိုးဆက်တွေက အားနည်းစရာအကြောင်း မရှိဘူး..

ဒါပေမယ့်.....

"စတုတ္ထမျိုးဆက်လား...ရှင်ကအတော်လေးအိုနေပြီပဲ.." ရှီရှန်းရဲ့မျက်နှာက စိတ်ပျက်သွားတဲ့ပုံပေါက်နေတယ် 'သူကဘာလို့ အမြဲတမ်း အသက်ကြီးနေရတာလဲ..ငါ့ထက် တစ်ကြိမ်လောက်ကလေးပဲ ငယ်ပေးလို့မရဘူးလား..'

ရှီရင်း "........" 'ငါကအိုနေပြီလား..အေးလေ ..သူမနဲ့ယှဉ်ရင်တော့ ငါကအတော်လေး အသက်ကြီးချင်ကြီးနေမှာပေါ့..ဒါပေမယ့် ဗန်ပိုင်းယားတွေအတွက် အသက်ကအရေးမှမကြီးတာ..'

ညနေခင်းမှာ ရှီရှန်းက ရှီရင်းနဲ့ အတူအိပ်ရာပေါ်မှာလှဲနေရင်း လက်ပ်တော့နဲ့ စာအသဲအသန်ရိုက်နေတယ် ရှီရင်းက လက်ပ်တော့စခရင်မ်မှာ ပေါ်လာတဲ့ စာလုံးတွေကို ကြည့်ရင်း မျက်နှာပူလာတယ်

နောက်ဆုံး စာလုံးကို ရိုက်ပြီးတာနဲ့ ရှီရှန်းက လက်ပ်တော့ကိုပိတ်လိုက်ပြီး ရှက်နေတဲ့ ရှီရင်းကို လှည့်ကြည့်လိုက်တယ်

ရှီရှန်း "........" 'ငါသူ့ကို ဘာမှမလုပ်ရသေးပါဘူးနော်..သူကဘာလို့ အဲ့လောက်ထိ ရှက်နေရတာလဲ..ဒါပေမယ့် အရမ်းချစ်ဖို့ကောင်းလွန်းတယ် ..ငါသည်းမခံနိုင်တော့ဘူး.. သူ့ကို အခုပဲ ခုန်အုပ်ပစ်ချင်လာပြီ..ခုန်အုပ်ပစ်ချင်လာပြီ...'

ဒါပေမယ့် အဆုံးမှာတော့ ရှီရှန်းက သူ့ကိုမစားနိုင်လိုက်ပါဘူး...ရွေ့ရီက အချိန်ကိုက် ရောက်လာပြီး ရှီရှန်းတို့ အခန်းတံခါးကို အင်ပြည့်အားပြည့် အဆက်မပြတ်ထုရိုက်နေလို့ပဲ ဖြစ်တယ်

'အဖေပြောတော့ ဒီသူတောင်းစားကို ပေးမလာဘူးဆို..'

"ထုမနေနဲ့တော့..ချီး.." ရှီရှန်းက တံခါးကို ခေါင်းအုံးတစ်လုံးနဲ့ ပစ်ပေါက်လိုက်တယ်

ရှီရင်းက ကပိုကရိုဖြစ်နေပြီး သူမရဲ့ ဆံပင်တွေနဲ့ ဆော့ကစားနေတယ် ရှီရှန်းက သူ့ကို နေရာလွတ်တစ်ခုမှမပေါ်အောင် စောင်နဲ့ သေချာဖုံးအုပ်ပေးပြီးမှ အိပ်ရာကနေထပြီး တံခါးသွားဖွင့်တယ်

ရှီရှန်းတံခါးဖွင့်လိုက်တဲ့ အချိန်မှာ ရွေ့ရီက ဘယ်ကရလာမှန်းမသိတဲ့ ပုဆိန်နဲ့ တံခါးကို ဖျက်ဖို့ကြံနေပြီ ဖြစ်တယ်

"ဟိုဘိုးတော် ဘယ်မှာလဲ...မင်းသမီးလေး..ယောက်ျားတွေ မြှူဆွယ်လှည့်စားတာကို မခံရစေနဲ့..တကယ်လို့ မင်းသမီးလေးက တစ်ယောက်ယောက်နဲ့ မိတ်ဖက်တော့မယ် ဆိုရင် အဲ့လူကို ဒီအစ်ကိုကြီးကို အရင်ဆုံးပေးကြည့်အုံး.."

ရှီရှန်းက ရွေ့ရီကို အိပ်ရာဆီမသွားနိုင်အောင် အင်္ကျီကော်လာကနေဆွဲပြီး အခန်းပြင်ကို တွန်းထုတ်ပစ်လိုက်တယ်

"မင်းသမီးလေး..မင်းက ဒီအစ်ကိုကြီးကို စွန့်ပစ်ရက်တယ်ပေါ့.." ရွေ့ရီရဲ့မျက်နှာ အမူအရာက စာအုပ်တစ်အုပ်ရဲ့စာမျက်နှာတွေထပ်တောင် ပိုပြီး အပြောင်းအလဲမြန်သေးတယ်

'အခုမင်းသမီးလေးမှာမိတ်ဖက်ရှိနေပြီဆိုတော့ ငါ့ကိုမလိုချင်တော့ဘူး...'  အဲ့ဒီအတွေးက ရွေ့ရီကို ခါးခါးသီးသီးဖြစ်သွားစေပြီး အခန်းထဲကို ခြေဖျားထောက်ပြီးလှမ်းကြည့်ဖို့ ကြိုးစားတော့တယ်

သူ့မင်းသမီးလေးကို မြှူဆွယ်လိုက်တဲ့ ဒီမျက်နှာဖြူကောင်စုတ်ကို သူသေချာတွေ့ရမှဖြစ်မယ်..

ရှီရှန်းက သွေးတိုးလာသလို ခံစားလိုက်ရတယ်

'ငါ ဒီအရူးကို သေအောင်ရိုက်သတ်လိုက်တာကောင်းမယ်ထင်တယ်..ဒီကောင်က အရိုက်မခံရသရွေ့ သင်ခန်းစာရမှာအဟုတ်ဘူး...'

ရှီရှန်းက သူ့ကို ရုပ်ျက်ဆင်းပျက်ဖြစ်အောင်တော့ မရိုက်လွှတ်လိုက်ပါဘူး..သူမက ရွေ့ရီကို  စံအိမ်အပြင်ကို မောင်းမထုတ်ခင် လေးငါးဆယ်ချက်လောက်သာ ထုထောင်းလွှတ်လိုက်တာ ဖြစ်တယ်

ရွေ့ရီကတော့ သူ့ကိုတစ်ယောက်ယောက်က လာလုပ်ကြံတဲ့အတိုင်း အော်ဟစ်ရင်း  စံအိမ်အပြင်ကိုရောက်သွားရှာတယ်

ရှီရှန်းက  အခန်းတံခါးကို မှီရင်း ရှီရင်းကို လှမ်းကြည့်လိုက်တယ် 'ငါလေးက ငါ့လူနဲ့ အတူအိပ်ချင်ရုံလေးပါ..ဘာလို့များ အရမ်းတွေ ခက်ခဲနေရတာလဲ..'

.........................

Translated by Dora💜 and Mia💙

Zawgyi































တီ..တီ..တီ..












"အင်း?."










ဘိုးဘေးတွေကလွဲလို့ စွမ်းအားအကြီးဆုံးဗန်ပိုင်းယားတွေက တတိယမျိုးဆက်တွေ ဖြစ်ကြပြီး စတုတ္ထမျိုးဆက်နဲ့ ပဉ္စမမျိုးဆက်တွေရဲ့ အင်အားကိုတော့ သိတဲ့လူ အတော်များများမရှိဘူး..

ဒါပေမယ့် အခုလက်ရှိဆဌမမျိုးဆက် မင်းသားကြီးတွေရဲ့ စွမ်းအားကြီးမားပုံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တတိယမျိုးဆက်နဲ့ ပိုနီးကပ်တဲ့ စတုတ္ထမျိုးဆက်နဲ့ ပဉ္စမမျိုးဆက်တွေက အားနည်းစရာအကြောင်း မရှိဘူး..

ဒါပေမယ့်.....





















.........................


Continue Reading

You'll Also Like

542K 71.3K 97
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 Eng Translator - FAERY Translation
852K 107K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
97.9K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)
853K 47.7K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...